Últimas Postagens de Western News (@thewesternnews) no Telegram

Postagens do Canal Western News

Western News
Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။
41,246 Inscritos
12,863 Fotos
505 Vídeos
Última Atualização 28.02.2025 17:35

Canais Semelhantes

PSLF/TNLA News
33,840 Inscritos
🦅Eagles News🦅
11,543 Inscritos
Kachin News Group
11,131 Inscritos

O conteúdo mais recente compartilhado por Western News no Telegram


■ စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂပြော
(သေဆုံးသူများထဲ ရခိုင်က အမျိုးသမီး ၃၉ ဦးပါဝင်)

Western News| ဖေဖော်ဝါရီ ၇

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် နေအိမ်များအား လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂၀၂၅ ဇန်နဝါရီလအတွင်း အမျိုးသမီး ၈၆ ဦးသေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက် ကျူးလွန်မှုများကြောင့် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာ အမျိုးသမီး ၈၆ ဦးသေဆုံးခဲ့ရသည်ဟု BWU က ထုတ်ပြန်ထားသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် ၇၃ ဦး၊ ပြည်သူများ၏ ရွာနှင့်နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၂ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ တို့ပါဝင်ကြောင်း သိရသည်။

ယင်းအထဲတွင် BWU ၏ အချက်အလက်အရ ရခိုင်က အမျိုးသမီး ၃၉ ဦး၊ ရှမ်းပြည်နယ် ၁၁ ဦး၊ စစ်ကိုင်းတိုင်းဒေသ ၁၀ ဦး၊ မန္တလေးက ၇ ဦး၊ မကွေးက ၅ ဦး၊ ကချင်က ၄ ဦး၊ ကရင်နီက ၄ ဦး၊ ကရင်က ၂ ဦး၊ ပဲခူးတိုင်းက ၂ ဦးနှင့် မွန်ပြည်နယ်က ၂ ဦးတို့ပါဝင်ပြီး ရခိုင်က အများဆုံးဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမျိုးသမီး ၇၇ ဦးမှာလည်း ဒဏ်ရာရရှိခဲ့ပြီး ယင်းအထဲမှ ၄၂ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခြင်း၊ ၃၁ ဦးမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခြင်း၊ ၃ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခြင်း၊ ၁ ဦးမှာ အကြောင်းမဲ့ ရိုက်နှက်ခံရခြင်းတို့ဖြစ်ကြောင်း BWU က ပြောသည်။

စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ (၄) နှစ်တာ ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်ဟု BWU က ဆိုသည်။

အဆိုပါ အချက်အလက်များမှာ သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU မှ ထုတ်ပြန်ထားသည်။

#WesternNews #WN #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #လက်နက်ကြီးပစ်ခတ်မှု #အမျိုးသမီးများသေဆုံး

ပုံစာ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ရန်သူ့စစ်သုံ့ပန်းထားရှိသည့်နေရာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ/ ဓါတ်ပုံ - AA

■ စစ်ကောင်စီက စစ်တွေမြို့မှာ ပြည်ထောင်စုနေ့ကို ခမ်းခမ်းနားနား ကျင်းပမယ်လို့ဆို

Western News| ဖေဖော်ဝါရီ ၇

#WesternNews #WN #စစ်ကောင်စီ #စစ်တွေမြို့ #ငြိမ်းချမ်းရေ #နိုင်ငံရေး #ပြည်ထောင်စုနေ့

YouTube: https://youtu.be/-dhQus2KFJQ
Website: https://westernnewsmm.com/news/9306/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

လက်ရှိတွင် ပြန်ပေးဆွဲသမား၏ ရိုက်နှက်မှုကြောင့် ၎င်းတို့အားလုံးကို CARC နှင့် ACR ရုံးတာဝန်ရှိသူများမှ HOSPITAL SHAH ALAM ဆေးရုံ၌ ဆေးကုသမှုပေးလျှက်ရှိပြီး လုံခြုံစွာ စောင့်ရှောက်ထားကြောင်း သိရသည်။

#WesternNews #WN #မလေးရှား #ရခိုင်တိုင်းရင်းသား #ချင်းတိုင်းရင်းသား #ပြန်ပေးဆွဲခံရ #CARC #ACR #ပြန်လည်ကယ်ထုတ် #လုံခြုံစွာစောင့်ရှောက်ထား #ပြန်ပေးဆွဲသူများ #အမှုဖွင့်တိုင်ကြားထား

■ မလေးရှားတွင် ရခိုင် ၇ဦးနှင့် ချင်းတစ်ဦး ပြန်ပေးဆွဲခံရပြီး ငွေညှစ်ခံရ၊ အသက်လု ကယ်ထုတ်ခဲ့ရ

Western News| ဖေဖော်ဝါရီ ၇

မလေးရှားနိုင်ငံတွင် နေထိုင်သည့် ရခိုင်လူမျိုး ၇ဦးနှင့် ချင်းလူမျိုးသား တစ်ဦးတို့ကို အလုပ်ရမည်ဟုဆိုကာ ပွဲစားများက လိမ်လည် ခေါ်ယူခဲ့ပြီးနောက် ပြန်ပေးဆွဲခံရပြီး ၎င်းတို့ကို အသက်လု ကယ်ထုတ်ခဲ့ရကြောင်း Western News က စုံစမ်း သိရသည်။

မလေးရှားနိုင်ငံရှိ လူကုန်းကူး ဂိုဏ်းတစ်ခုက ရခိုင်လူမျိုး ၇ ဦးနှင့် ချင်းလူမျိုးတစ်ဦး စုစုပေါင်း ၈ ဦးကို ဇန်နဝါရီလ ၃၁ ရက်နေ့က အလုပ်ရမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်သွားပြီး ပြန်ပေးဆွဲသွားခဲ့ကြောင်း ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီရုံး CARC က ပြောသည်။

လုပ်အားခ တစ်ရက်လျှင် မလေးငွေ ၉၀ ရမည်ဟုဆိုကာ စက်ရုံတစ်ခုတွင် အလုပ်လုပ်ရန် ပွဲစားအယောင်ဆောင်၍ စည်းရုံးခေါ်ဆောင်ကာ အဆိုပါ ရှားလန်းမြို့ရှိ အခန်းတစ်ခု၌ ပိတ်လှောင်ထားကြောင်း CARC က ပြောသည်။

CARC ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးမြင့်ကျော်က "ပြန်ပေးဆွဲခံရတဲ့ အထဲက တစ်ဦးက ကျနော့်ဆီကို ဖုန်းဆက်လာတယ်။ ဘဏ်အကောင့်တစ်ခုပေးမယ် မလေးငွေ တစ်သောင်း လွှဲပေးပါလို့ ပြောလာတယ်။ ကျနော်ဆီက နှစ်ယောက်စာကို လွှဲပေးဖို့ တောင်းခံပါတယ်။ ကျနော်က ဘာအတွက်လဲဟု မေးမြန်းရာတွင် ဘာအတွက်လည်း မမေးနဲ့။ ငွေမပေးရန် ဒီလူကို သတ်ပစ်မယ် ခြိမ်းခြောက်ပါတယ်။ အဲဒါနဲ့ ကျနော်လည်း အဖွဲ့မှာ တိုင်ပင်ပြီးတော့ မလေးအာဏာပိုင်တွေကို တိုင်ကြားခဲ့ပါတယ်"ဟု ပြောသည်။

ပြန်ပေးဆွဲခံရသူများထဲတွင် အမျိုးသား ၆ ဦးမှာ အသက် ၂၅ နှစ်မှ အသက် ၃၀ ကျော်အရွယ်များပါဝင်ပြီး အမျိုးသမီးနှစ်ဦးမှာ အသက် ၃၅ နှစ်ပတ်ဝန်းကျင်ဖြစ်ကြောင်း ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီရုံး CARC က ပြောသည်။

ပြန်ပေးဆွဲသူများမှာ အဆိုပါ ၈ ဦးထံမှ ဖုန်းများကို သိမ်းကာ စက်ရုံသို့ မပို့ဘဲ အခန်းထဲ ပိတ်လှောင်ပြီး ဖေဖော်ဝါရီလ ၁ ရက်တွင် ပြန်ပေးဆွဲသူများထံမှ တစ်ယောက်ချင်းစီကို ငွေတောင်းခြင်းကို စတင်ကြသည်ဟု သိရသည်။

ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီရုံး CARC နှင့် မလေးရဲစခန်း ပူချွန်းဂျာယာ ရဲစခန်း၊ IPD ဆာဒါန်း ရဲစခန်းတို့ဖြင့် ပူးပေါင်းကာ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရှားလန်းမြို့က ပြန်ပေးဆွဲသူများရှိရာ အိမ်ကို ဝင်စီးပြီး ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CARC ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးမြင့်ကျော်က "ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်လှစ်တိုင်ကြားပြီးတော့ သွားကယ်ထုတ်ခဲ့တာပါ။ ပြန်ပေးဆွဲသူ ၇ ဦးစလုံးကိုလည်း ဖမ်းဆီးရမိထားပါတယ်။ နောက်ထပ် ဘယ်သူတွေ ပါဝင်သေးလဲတော့ မသိသေးဘူး။ ပြန်ပေးဆွဲခံရတဲ့ ရခိုင် ၇ ဦးနဲ့ ချင်းတစ်ဦးကိုတော့ ကျနော်ရုံးမှာ စောင့်ရှောက်ထားပါတယ်။ ကျနော်သတိပေးချင်တာက မလေးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပွဲစားတွေကို အယုံမလွယ်ဖို့ပါ" ဟု ပြောသည်။

ပြန်ပေးဆွဲခံရသူများမှာ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခံရမှုကြောင့် ရခိုင်အမျိုးသားတစ်ဦးမှာ နားလုံးမကြားသည့်အထိ ရိုက်နှက်ခံရပြီး တစ်ချို့မှာ ခန္ဓာကိုယ်အနှံ့မှာ ရိုက်နှက်ခံခဲ့ထားရကြောင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦးက Western News ကို ပြောသည်။

"ကျနော်တို့ကို စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတာပါ။ ဖုန်းတွေသိမ်းပြီးတော့ အခန်းထဲ ပိတ်လှောင်ထားပါတယ်။ လက်တွေကို ပူးပြီး ကြိုးနဲ့ချည်ထားပါတယ်။ တစ်ယောက်ချင်းစီကို စစ်ဆေးမေးမြန်းပါတယ်။ မိသားစုတွေရှိလား။ ပြီးတော့ ရိုက်နှက်ပါတယ်။ ပြန်လွတ်ချင်ရင် မလေးငွေ တစ်ယောက်ကို တစ်သောင်းစီ ပေးရမယ် ပြောပါတယ်။ ရိုက်နှက်တာ မခံနိုင်တဲ့သူက ငွေပေးကြပါတယ်။ မိသားစုတွေဆီ လှမ်းဆက်ပြီး ငွေတောင်းပြီး ပေးရပါတယ်" ဟု ပြောသည်။

ယခု ပြန်လည်လွတ်မြောက်လာသူများထဲမှ နှစ်ဦးမှာ ပြန်ပေးဆွဲသူများထံ မလေးငွေး တစ်သောင်းစီ ပေးခဲ့ရကြောင်းနှင့် အဆိုပါငွေများ ပြန်လည်ရရှိရေးနှင့် ပြန်ပေးဆွဲသူများအား အရေးယူဆောင်ရွက်နိုင်ရန် မလေးရှားနိုင်ငံ ရှားလန်းရဲစခန်းနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း CARC မှ တာဝန်ရှိသူများက ပြောသည်။

ပြန်ပေးဆွဲသမားများသည် မြန်မာနိုင်ငံသား မွန်ပြည်နယ်မှ မွတ်ဆလင် တစ်ဦးပါဝင်ပြီး မလေးရှားနိုင်သားများအပြင် မလေးရှားနိုင်ငံက အိန္ဒိယလူမျိုး ၂ဦး စုစုပေါင်း ၇ ဦးထက်မနည်း ရှိကြောင်း နောက်ထပ် ဆက်စပ်သူများ ဖမ်းဆီး ရရှိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသူများကို CARC အပြင် ACR ရုံးတို့ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စုဝင်များအတွက် အကောင်းဆုံးကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောဆိုကြသည်။

ပြန်ပေးဆွဲခံရသူများထဲတွင် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာက တစ်ဦး၊ င/တက်ကျေးရွာက တစ်ဦး၊ တံခွန်တိုင်ကျေးရွာက တစ်ဦး၊ ကမ်းနီကျေးရွာက တစ်ဦး၊ မင်းဖူးကျေးရွာက တစ်ဦးနှင့် ရမ်းဗြဲမြို့နယ် သံချောင်းကျေးရွာက တစ်ဦး၊ အမ်းမြို့နယ် တပ်တောင်ကျေးရွာက တစ်ဦး စုစုပေါင်း ၇ ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ချင်းလူမျိုးတစ်ဦးဖြစ်သည်။

■ မြန်မာ မီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့များကို အမေရိကန်က ပေးမည့် ဒေါ်လာ ၃၉ သန်းကို ဒေါ်နယ်ထရမ့် ရပ်ဆိုင်း

Western News| ဖေဖော်ဝါရီ ၇

မြန်မာ မီဒီယာအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ဒီမိုကရေစီအင်အားစုများအတွက် လာမည့် ၃ နှစ်အတွင်းမှာ အမေရိကန်က ပေးအပ်မည့် ဒေါ်လာ ၃၉ သန်းကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံတကာတကာဖွံဖြိုးရေးအစီအစဉ် (USAID) ကို ဒေါ်နယ်ထရမ့်က ရပ်ဆိုင်းလိုက်ခြင်းကြောင့် တစ်ပါးတည်း ရပ်တည်းဆိုင်းခံလိုက်ရခြင်းဖြစ်သည်။

လူ့အခွင့်အရေးကာကွယ်ရေး ပရောဂျက် ၂ ခုအတွက် ဒေါ်လာ ၈ သန်း၊ ဒီမိုကရေစီမြှင့်တင်ရေး လုပ်ငန်း ၉ ခုအတွက် ဒေါ်လာ သန်း ၃၀ နှင့် မီဒီယာပံ့ပိုးမှု ပရောဂျက် ၂ ခုအတွက် ဒေါ်လာ ၁ သန်း တို့ကို ဒေါ်နယ်ထရမ့်က ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေများကို မည်သည့်အချိန်တွင် ပြန်လည်ပေးအပ်သွားမည်ကို ရှင်းရှင်းလင်း မသိရသေးကြောင်းနှင့် မြန်မာ့အရေးလှုပ်ရှားသူများ၊ အဖွဲ့အစည်းများအပေါ် များစွာ ထိခိုက်နစ်နာမှုရှိကြောင်း ထိုင်းနိုင်ငံ မဲဆောက်ရောက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

"ကျနော်တို့ရဲ့ လုပ်ငန်းကို ထိခိုက်တာက မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု အထူးသဖြင့် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်ရာမှာ အဓိက ထိခိုက်ပါတယ်။ စစ်ကောင်စီရဲ့ ပြည်သူအပေါ် မတရားအနိုင်ကျင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကို အချိန်ပြည့် စောင့်ကြည့် စုံစမ်းဖော်ထုတ်မှုတွေဟာ ဘတ်ဂျက်အခြေအနေအရ လျော့ကျသွားပါမယ်။ ဒါက ကျနော်တို့ ပြည်သူတွေရဲ့ ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေပါ” ဟု ပြောသည်။

မြန်မာပြည်သူများ၏ နေ့စဉ် ခံစားနေရသော ဖိနှိပ်မှုများ၊ သတင်းသိပိုင်ခွင့်များနှင့် အကြမ်းဖက် သတ်ဖြတ်ခံရမှုများအပေါ် စုံစမ်းဖော်ထုတ်ခြင်းနှင့် စစ်ကောင်စီကျူးလွန်နေသော စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာက အရေးယူနိုင်ရေး လုပ်ငန်းများမှာ အမေရိကန်၏ ထောက်ပံ့မှုကူညီမှုက အလွန်အရေးပါကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် သတင်းသိပိုင်ခွင့် မရရှိကြသည့် ရခိုင်ပြည်အတွင်းက ပြည်သူများကို သတင်းသိပိုင်ခွင့် ရရှိရေး ကြိုးပမ်းဆောင်ရွက်နေသော အာရက္ခတိုင်းမ်စ် (Arakha Times) သတင်းဌာနမှာ အမေရိကန်၏ အကူအညီရပ်ဆိုင်းမှုကြောင့် ထိခိုက်နစ်နာနေရသည်ဟု ပြောသည်။

"ကျနော်တို့တွေ ရပ်တည်နေရတာက USAID က ပေးတဲ့ မီဒီယာထောက်ပံ့ရေး ပိုက်ဆံ ပေါ့လေ။ ကျနော်တို့က အများကြီးရတာတော့ မဟုတ်ပါဘူး။ ဒီ USAID အောက်က သွားတဲ့ အဖွဲ့တွေ၊ မီဒီယာ Development အဖွဲ့တွေက ပေးတဲ့ စတိုရီ grant လေးတွေ လျှောက်တယ်။ အဲဒါက ရတာနဲ့ ကျနော်တို့ လည်ပတ်တယ်။ အဲဒါရတာနဲ့ ပြည်တွင်း သတင်းထောက်တွေကို လစာရနိုင်အောင် ကြိုးစားတယ်ပေါ့လေ။ အခု လုံးလုံးကြီး ရပ်တန့်သွားတော့ ကျနော်တို့မှာ ဝန်ထမ်းပဲ မခန့်ရဘဲ ထားရမလား။ ဒီမီဒီယာ လုပ်ငန်းပဲ ရပ်တန့်ထားရမလားပေါ့လေ။ အဲလို ဖြစ်သွားတာပေါ့လေ။ ပိုဆိုးတာက ကျနော်က ဒီ စတိုရီ grant လေးက ရတဲ့ပိုက်ဆံတွေနဲ့ ရခိုင်မှာ လွတ်မြောက်နယ်မြေမှာ ရှိနေတဲ့ ပြည်သူတွေကို သတင်းအချက်အလက်ပေးနေတဲ့ စာစောင် ထုတ်ထားရတဲ့အခါ အဲဒီ စာစောင်ကိုရော ရပ်လိုက်ရမလား စဉ်းစားလာရတယ်ပေါ့။ လောလောဆယ်အထိတော့ ကျနော်တို့ ဆက်လက် ရုန်းကန်နေပါတယ်။ ရိုက်ခတ်မှုကတော့ အများကြီးပါ။ အရင်တုန်းက စာစောင် ၅၀ ထုတ်နိုင်ပေမယ့် အခု ဘတ်ဂျက်အခြေအနေအရ စာစောင် ၃၀ လောက်ပဲ ထုတ်နိုင်တော့မယ်" ဟု အာရက္ခတိုင်းမ်စ် တာဝန်ခံအယ်ဒီတာ ကိုတေဇာအောင်က ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ကြောင့် အမေရိကန် နိုင်ငံတကာတကာဖွံဖြိုးရေးအစီအစဉ် (USAID) သည် မြန်မာနိုင်ငံအတွက် စီမံကိန်း ၃၄ ခုမှ ရန်ပုံငွေများကို ရပ်ဆိုင်းထားသည်။

ယင်းအထဲမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး စီမံကိန်းများအပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီဒေါ်လာ ၂၂ သန်း၊ စိုက်ပျိုးရေးအတွက် ဒေါ်လာ ၃၆ သန်း၊ ကျန်းမာရေးအတွက် ဒေါ်လာ ၂၂ သန်းနှင့် ပညာရေးအတွက် ဒေါ်လာ သန်း ၃၀ တို့မှာလည်း ရပ်ဆိုင်းခံထားရသည်။

ဒေါ်နယ်ထရမ့်၏ မူဝါဒအပြောင်းအလဲကြောင့် မြန်မာ့နိုင်ငံအတွင်းက လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် မီဒီယာများအပြင် တစ်ကမ္ဘာလုံးက အမေရိကန်အကူအညီဖြင့် လုပ်ကိုင်နေကြသော လုပ်ငန်းများမှာလည်း ထိခိုက်နစ်နာမှုရှိနေကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်နယ်ထရမ့်အပါအဝင် အမေရိကန်အစိုးရအဖွဲ့၏ ဘတ်ဂျက်ကို ကြိုးကိုင်နေသော အီလွန်မက်စ် အား အတိုက်အခံ လွှတ်တော်အမတ်များက ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများ အမေရိကန်တွင် ဖြစ်ပေါ်နေသည်။

#WesternNews #WN #US #အကူအညီများရပ်တန့် #USAID #မြန်မာ့အရေးလှုပ်ရှားသူများအားထိခိုက် #မီဒီယာများရပ်တည်ရခက်ခဲနေ

ရန်ကုန်မြို့၊ အနော်ရထာလမ်းမပေါ်ရှိ ဒီမိုကရေစီအရေးတောင်းဆိုနေသည့် ဆန္ဒပြသူများအနီး အသင့်အနေထားဖြင့် ရပ်စောင့်နေသည့် ရဲတပ်ဖွဲ့ဝင်များကို သတင်းမှတ်တမ်းရယူနေသော ဓာတ်ပုံသတင်းထောက်နှစ်ဦးကို ဖေဖော်ဝါရီ၂၈ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

■ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

Western News| ဖေဖော်ဝါရီ ၇

တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုး စီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။

"မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိပါသည်" ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။

တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် နိုင်ငံရေးနည်းနှင့် တွေ့ဆုံဆွေးနွေးခြင်းနည်းများက သာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန် လာနိုင်မည်ဟု မင်းအောင်လှိုင်က ထပ်မံ ပြောသည်။

မြန်မာနိုင်ငံ၏ ရပ်တည်ရှင်သန်ရေးကို ကိုယ်စွမ်းကိုယ်စနှင့် မထိန်းသိမ်းနိုင်လျှင် နိုင်ငံ၏ အချုပ်အခြာအာဏာ အားနည်းပြီး သူတစ်ပါးလက်အောက်ခံ ဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုကြရမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားပြည်သူများ အနေဖြင့် ငြိမ်းချမ်းသာယာ အေးချမ်းပျော်ရွှင်စွာဖြင့် အသက်မွေးလိုသော ဆန္ဒရှိကြကြောင်းလည်း မင်းအောင်လှိုင်က ပြောနေသည်။

#WesternNews #WN #မင်းအောင်လှိုင် #အာဏာသိမ်းစစ်ခေါင်းဆောင် #ငြိမ်းချမ်းရေ #နိုင်ငံရေးနည်း #တွေ့ဆုံဆွေးနွေးရေး #ရှမ်းပြည်နယ်နေ့ #တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

■ ရေရှားပါးမှုနှင့်အတူ ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကြိုတင် ကာကွယ်ရန်လို

Western News| ဖေဖော်ဝါရီ ၇

#WesternNews #WN #ရေရှားပါးမှုး #ဝမ်းရောဂါဖြစ် #AA #ပုဏ္ဏားကျွန်း #ကျန်းမာရေး

YouTube: https://youtu.be/-dhQus2KFJQ
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

■ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိတ်ဆို့အရေးယူ

(ထရမ့်လုပ်ရပ်သည် နိုင်ငံတကာ တရားစီရင်ရေးစနစ်ကို သစ္စာဖောက်ခြင်းဟု Amnesty International ပြော)

Western News| ဖေဖော်ဝါရီ ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် လက်မှတ်ရေးထိုးထားသည်။

ဂါဇာနှင့်စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးဝန်ကြီးချုပ်အား ဖမ်းဝရမ်းထုတ်ခဲ့သည့် အကြောင်းပြချက်ဖြင့် ICC ကို ဒေါ်နယ်ထရမ့်က ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ICC ၏ အရာရှိများကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ICC ၏ စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ခဲ့သော အမေရိကန်နိုင်ငံသားများနှင့် မဟာမိတ်များအပေါ်ကိုလည်း ၎င်းတို့၏ မိသားစုဝင်များကိုပါ ဗီဇာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် အရေးယူထားခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့် လုပ်ရပ်သည် နိုင်ငံတကာ တရားစီရင်ရေးစနစ်ကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု Amnesty International မှ အထွေထွေအတွင်းရေးမှူးချုပ် Agnès Callamard က ပြောသည်။

"ဒီမဆင်မခြင်လုပ်ရပ်က အစ္စရေးဟာ ဥပဒေအထက်မှာရှိနေတယ်။ သမ္မတ ထရမ့်ဟာ အစ္စရေးအစိုးရရဲ့ ရာဇ၀တ်မှုတွေကို ထောက်ခံနေတယ်" ဟု ဆိုသည်။

ဂါဇာက ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ယူကရိန်းအပေါ် ရုရှား၏ ရန်စမှုများသည် ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်ခံနေရသည်ဟု Amnesty International က ပြောသည်။

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သည် ဩဇာကြီးမားသော ပုဂ္ဂိုလ်များ ကျူးလွန်လေ့ရှိသည့် ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေးခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

ရာစုနှစ်များအတွင်း နိုင်ငံတကာအသိုင်းအဝန်းက ဝီရိယစိုက်စိုက်တည်ဆောက်ခဲ့သော တရားစီရင်ရေးစနစ်ကို ဖြိုခွဲဖျက်ဆီးပစ်ခြင်းသည် ရက်စက်ကြမ်းကြုတ်သော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု Amnesty International က ဆိုသည်။

#WesternNews #WN #အမေရိကန် #ICC #ပြည်ဝင်ခွင့်ပိတ်

■ AA ကို တိုက်ခိုက်ရန် မွတ်ဆလင်ဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေးက အထူး စစ်သင်တန်း ပေးနေ

Western News| ဖေဖော်ဝါရီ ၂

အာရက္ခတပ်တော် AA ကို တန်ပြန်ခိုက်ရန် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကော့ဘဇားရှိ ကုတူပလောင်ဒေသတွင် နေထိုင်သည့် မွတ်ဆလင်ဒုက္ခသည်များကို ပြောက်ကျား စစ်ဆင်ရေး သင်တန်းကို စတင်ပေးနေသည်။

ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် (DGFI) သည် မွတ်ဆလင် ဒုက္ခသည်များအတွက် "အထူးပြု" ပြောက်ကျား စစ်ဆင်ရေး သင်တန်းကို စတင်ခဲ့ကြောင်း အိန္ဒိယသတင်းဌာန Northeast News တွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) နှင့် ကော့ဘဇားခရိုင်ခွဲ Ukhia ခရိုင်ခွဲရှိ 1W ဒုက္ခသည်စခန်းတွင် လက်နက်များအသုံးပြုခြင်းနှင့် ထောက်လှမ်းရေး စုဆောင်းခြင်း အပါအဝင် လေ့ကျင့်မှုကို ပေးအပ်ရန် ဆုံးဖြတ်ချက် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) က ခေါ်ယူကျင်းပသည့် အဆိုပါ ဆွေနွေးပွဲကို အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေစဉ် မြန်မာစစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာစဉ် သိမ်းဆည်း ရရှိထားသော လက်နက်ခဲယမ်းမီးကျောက်များနှင့် လက်နက်ကြီးများ ကို ပြောက်ကျား တိုက်ခိုက်ရေး သမားများကို တပ်ဆင်ထားမည်ဖြစ်သည်။

ကုတူပလောင်ဒေသ ဒုက္ခသည်စခန်း ၃၃ ခုမှ အလားအလာရှိသော လက်ရွေးစင်ပြောက်ကျားစစ်သား ၇ ဦးစီ ရွေးချယ်ခဲ့ပြီး ရွေးချယ်ထားသူများကို စုစည်း၍ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ DGFIနှင့် ဆက်ဆံမည့် ပင်မကော်မတီတစ်ခု ဖွဲ့စည်းခြင်း ဖြစ်သည်။

ထို့အပြင် DGFI ၏ ကြီးကြပ်မှုအောက်တွင် လေ့ကျင့်သင်ကြားနေသည့် တိုက်ခိုက်ရေးသမားများကို ဦးဆောင်ရန် မွတ်ဆလင် အမျိုးသားတစ်ဦးကို Dil Mohammad အား ရွေးချယ်ခဲ့သည်။ လေ့ကျင့်မှုစတင်ရန် ဒုက္ခသည်စခန်းတစ်ခုစီမှ တိုက်ခိုက်ရေးသမား ၂၇ ဦးကို ပထမအသုတ်အဖြစ် ရွေးချယ်မည်ဖြစ်သည်။

အဆိုပါ လေ့ကျင့်မှု၏ ပထမရလဒ်မှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ဒဲလ်ဖာရာ နားရမ်းချောင်းတွင် ဇန်နဝါရီ ၂၄ ရက်က ARSA နှင့် RSO တိုက်ခိုက်ရေးသမားများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာနမှ ဖော်ပြသည်။

ရခိုင်ပြည်ကို ထိန်းချုပ်သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် သတ်မှတ်ခံထားရသည့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းထားကြောင်း သိရသည်။

AA ထိန်းချုပ်သိမ်းပိုက်ထားသည့် ဘူးသီးတောင်၊ မောင်တောဒေသကို ရယူနိုင်ရေးအတွက် စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့သည် Four Brothers Alliance (All Rohingya Army) ဖွဲ့စည်းထားသည်ဟု ၎င်း၏ ထုတ်ပြန်ရေးစာမျက်နှာများမှ ကြေညာထားကြသည်။

စုပေါင်းထားသော မွတ်ဆလင်များ၏ လက်နက်ကိုင်အဖွဲ့အစည်းများမှာ Rohingya Solidarity Organisation (RSO), Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army (ARA) နှင့် Rohingya Islami Mahaaz (Arakan) တို့ဖြစ်ကြသည်။

#AA #တိုက်ခိုက်ရန် #မွတ်ဆလင် #ဒုက္ခသည်များ #ဘင်္ဂလားဒေ့ရှ် #စစ်ထောက်လှမ်းရေး #အထူး #စစ်သင်တန်း #ပေးနေ

■ စစ်ရှုံး စစ်ကောင်စီက AA ကို အောင်နိုင်ရေး ယတြာယာလုပ်တိုက်ခဲ့

Western News| ဖေဖော်ဝါရီ ၁

#WesternNews #WN #အာရက္ခတပ်တော် # စစ်ကောင်စီ #ယတြာယာ #ပဋ္ဌာန်းစာသား #လက်နက်ခဲယမ်း

YouTube: https://youtu.be/Iq5s1yphuFE
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News