နောက်ဆုံးရသတင်းများ @latestnews1727 Channel on Telegram

နောက်ဆုံးရသတင်းများ

@latestnews1727


နောက်ဆုံးရ သတင်းများ၊ သတင်းမှန်၊ သတင်းထူးများ ကြည့်ရှုနိုင်ပါတယ်...

နောက်ဆုံးရသတင်းများ (Burmese)

နောက်ဆုံးရသတင်းများဆိုတာကို နောက်ဆုံးအသုံးပြုသူလိုအပ်ရင် ယူရန်ခင်ဗျားနှင့် ပြင်ဆင်ပါ။ နောက်ဆုံးအသုံးပြုသူ အနှစ်သင့်က ဘာသာပြန်သူဖြစ်နိုင်သည် ရှင်ဆောင်မှုပြုလုပ်ရန်ရှိပါသည်။ "latestnews1727" အချက်အလက်တွေဖြစ်သည်ပဲ။ သတင်းများနှင့် သတင်းမှန်၊ သတင်းထူးများအားလုံး တိုင်းတာတွေကိုလည်း ဆောင်ရွက်ရန်လိုပါသည်။ နောက်ဆုံးရသတင်းများကတော့ အသုံးပြုသည့် နောက်ဆုံးတွင် ဖော်ပြထားသော အချက်အလက်တွေနဲ့ သတင်းများအား လိုက်နာရပါသည်။ ယင်းသတင်းနောက်ဆုံးရ သတင်းများ၊ သတင်းမှန်၊ သတင်းထူးများ သတင်းများ ကြည့်ရှုနိုင်ပါတယ်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

26 Oct, 12:17


မနေ့က လိုင်းပေါ်မှာတွေ့ရတဲ့ MNDAA ထုတ်ပြန်ချက်ဆိုတာ တရုတ် TikTok (Kuaishou) ပေါ်မှာ စပြီး တင်ထားတာပါ။ MNDAA က တရားဝင် မထုတ်တဲ့ဟာ ပေါက်ကြားလာတယ်လို့ ထင်တယ်။ တိုက်ဆိုင်တာက တိန့်ရှီးကျွင်းနဲ့ ဖုန်တာရွှင်တို့တွေ့ဆုံပြီး ရက်ပိုင်းအတွင်းမှာ ဖြစ်လာတာဆိုတော့ တရုတ်က ဘာတွေ ဖိအား ပေးလိုက်လည်း မသိ။
-
သူတို့ရေးထားတာကို ကြည့်မယ်ဆိုရင်
(၁) ထိုင်ဝမ်တရုတ်တွေဟာ ကိုးကန့်၊ ဝ ဒေသတွေမှာ စိမ့်ဝင်လှုပ်ရှားနေပြီး ဒါကို တရုတ်ကြီးက စိတ်ဆိုးနေလို့ ငြင်းချက်ထုတ်တဲ့သဘော။
(၂) စာအရ KIA ကတစ်ဆင့် CIA က မြောက် ၃ ကောင်ကို ချဉ်းကပ်နေတယ်ဆိုတာ ဝန်ခံရာရောက်ပြီး MNDAA ကတော့ CIA နဲ့ မပတ်သက်ကြောင်း ငြင်းဆိုထားလို့ TNLA/ AA ကတော့ CIA ရဲ့ အထောက်အပံ့တွေ ယူပြီး ပေါင်းနေတယ်ဆိုတဲ့သဘော။
(၃) မူးယစ်ဆေးဝါးထုတ်ဖို့ လိုတဲ့ ဓာတုဆေးဝါးတွေဟာ တရုတ်နယ်စပ်က ဖြတ်လာတာ တရုတ်အစိုးရမသိဘဲ မနေဘူးဆိုပြီး တရုတ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့လိုလို တရုတ်အစိုးရကို ချည်တိုင်လုပ်တဲ့သဘော။ MNDAA အနေနဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တယ်ဆိုတာ ဝန်ခံတဲ့သဘော။
-
စတဲ့အချက်တွေကို သွားတွေ့ရတယ်။ ပြီးတော့ အဲဒီစာဟာလည်း တရုတ်ကို လျှောက်လဲချက်(ဖြေရှင်းချက်) ပေးတဲ့ ပုံစံမျိုးဖြစ်နေတယ်။
-
အခုတော့ တရုတ်က သူပုန်တွေရဲ့ နယ်စပ်ဂိတ်တွေ အကုန်ပိတ်လိုက်လို့ “ဝ”ဒေသမှာတောင် ဆီနဲ့ ဆေးဝါး တွေ ပြတ်လပ်ကုန်ပြီ။
-
တရုတ်အစိုးရကလည်း အစိုးရအချင်းချင်းပဲ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး သူ့အတွက် အကျိုးအမြတ်မရနိုင်တဲ့ (ခဏသာ သာယာနေတဲ့) အကြမ်းဖက်သူပုန်ကိုတော့ နာမည်အပျက်ခံပြီး ခေါင်းထဲ ထည့်စဉ်းစားလိမ့်မယ် မထင်ပါဘူး။
KT

နောက်ဆုံးရသတင်းများ

26 Oct, 12:16


*အောက်လမ်းနည်းသုံးတဲ့ အကြမ်းဖက် AA*
အကြမ်းဖက် AA ကတော့ နခခ(၅)ကို တိုက်နေတာ ကြာပြီ။ အကျအရှုံးများပြီး မရလို့ ထမိန်စ ဗုံးဆံမှာ ချည်ပြီး နခခ(၅)ကို အောက်လမ်းနည်းနဲ့ နာမ်နိမ်ပစ်ခတ်သတဲ့.. ပစ်တဲ့ ရှော့တိုက်ဒုံးသီးကလည်း ကျည် “အ”ဖြစ်သွား ပါတယ်။
-
အကြမ်းဖက် AA က ဗုဒ္ဓဘာသာကိုးကွယ်ပေမယ့် အဲဒီလို အောက်လမ်းနည်းတွေကို ဟိုးယခင်ကတည်းက သုံးနေကြတာ။ ကိုယ်တွေ ရခိုင်စစ်ဆင်ရေးဝင်တုန်းကဆို ကွမ်းယာတောင် ဝယ်မစားရဲဘူး .. (xxxမွှေးတွေ ထည့်လို့)။
-
အောက်လမ်းနည်းဆိုတာ နောက်ဆုံး သူတို့ဆီပဲ ပြန်အကျိုးပေးလိမ့်မယ် .. သူ့ဒဏ် သူခံရလိမ့်မယ် .. မယုံရင် စောင့်ကြည့်ကြပါခင်ဗျာ။
KT

နောက်ဆုံးရသတင်းများ

24 Oct, 14:18


ရွေးချယ်ခဲ့တဲ့လမ်းတွေ မမှားဖို့လို

လက်သုံးချောင်းထောင်ခဲ့ပေမယ့် အမြင်မှန်ရပြီး သဘင်ချစ်တဲ့ သဘင်ပညာရှင်ဖိုးချစ်က မြန်မာ့သဘင်ရိုးရာတိမ်ကောမှာစိုးလို့ နစကနဲ့ပူးပေါင်းလာပြီးတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြပြီ။

Normal Life အနေနဲ့လျှောက်လှမ်းနေကြတဲ့ အနုပညာရှင်တွေအနေနဲ့က ပြည်သူလူထုပုံမှန်ပြန်ဖြစ်နေတဲ့အချိန်မှာ သူ့ကျွမ်းကျင်ရာအနုပညာအလုပ်တွေ ဆက်လက်လုပ်နေကြပေမယ့် ဥပမာ… အဆိုတော် လင်းလင်း၊ ချစ်သုဝေ၊ အာဇာနည်တို့လိုမျိုး ကိုယ့်ယုံကြည်ချက်၊ ခံယူချက်နဲ့လျှောက်လှမ်းနေတဲ့သူတွေအနေနဲ့ကတော့ တောထဲမှာ(သို့မဟုတ်) ပြည်ပနိုင်ငံတွေမှာ ဂုဏ်ငယ်စွာနဲ့ ဘဝကိုရုန်းကန်လှုပ်ရှားနေကြရတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာကြော်ကြားတဲ့အဆိုတော်/အနုပညာရှင်တွေအားလုံးကိုတော့ ပြည်ပနိုင်ငံတွေအနေနဲ့မသိနိုင်ဘူး။ မြန်မာပြည်မှာဆိုရင်တော့ အနည်းဆုံးအနုပညာရှင်တစ်ယောက်ကိုတော့ လူအထင်ကြီးခံရမှာ။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။

အနုပညာရှင်ဆိုပေမယ့်ဘာမှန်းမသိတဲ့/ ဘယ်သူမှန်းမသိတဲ့သူတစ်ယောက်အဖြစ် ပြည်ပရောက်နေရင်တော့ အနည်းဆုံး စားဝတ်နေရေးအတွက် ကိုယ်တိုင်ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်ရလိမ့်မယ်။

ဆိုတော့….. ကိုယ်ရွေးချယ်တဲ့လမ်း မမှားဖို့တော့လိုမယ်။

နှင်းမောင်

နောက်ဆုံးရသတင်းများ

24 Oct, 14:17


*ကိုယ့်လူသူ့ဘက်သား*
ယနေ့ခေတ်မီဒီယာမှာ မိမိဘက်ကလူ အသွင်ယူပြီး မိမိတို့တပ်မတော်သားတွေ စိတ်ဓာတ်ပျက်ပြားအောင် တိုက်လိုခိုက်လိုစိတ်လျော့ကျစေရန် သတင်းတုသတင်းမှားများနဲ့ လုပ်ကြံရေးသားလျက်ရှိပါတယ်။
-
တစ်ဖက်က တို/က်တောင်မတို/က်သေးဘူး .. လာလုံးနေပါပြီ .. အနီရောင်အဆင့်ပါ ..ဆုတ်တော့မယ်ပြောလာ .. တိုက်တဲ့အချိန် ဆုတ်ရပြီ လို့ နှပ်ကြောင်းပေး .. သတင်းတွေကို ယုံထင်ကြောင်ထင်ဖြစ်အောင်လုပ်။
-
ဒါတွေကဘာလဲဆိုတော့ တိုက်တဲ့သူတွေစိတ်ဓာတ်ကျအောင်နဲ့ မပြေးပြေးအောင်လုပ်တာ.. ဒီသတင်းတွေ ဖတ်မိတဲ့ နောက်ကသူတွေကလည်း ရှေ့ကသူတွေကို စိုးရိမ်စိတ်အမျိုးမျိုးဖြစ်အောင် ပြောမယ်ဆိုတာ သိတဲ့အတွက် စနစ်တကျကို ပြိုကွဲပျက်ဆီးအောင် လုပ်နေတာပါ။
-
အဓိကကဘာလဲဆိုတော့ စိတ်ဓာတ်ပဲ .. ဘယ်သူတွေဘာပြောပြော မိမိစိတ်ဓာတ်ကြံ့ခိုင်အောင်နေပြီး သတင်းအမှား/အမှန်ကို ခွဲခြားနိုင်ရင် အရာရာဆင်ခြင်နိုင်တယ်။
-
ကျနော်တစ်ချက်ထောက်ပြမယ် နခခ၅ ဝင်လုံးခံနေရပြီ.. ကျပြီ.. ဆုတ်ရပြီဆိုပြီး တင်လာတယ်၊ အခု နခခ ၅ ဘယ်လိုအခြေအနေဆိုတာ အားလုံးအသိပဲ။ နောက်ပြီးတောင်ခမ်းကိစ္စ.. အလားတူဖြစ်စဉ်တွေ အများကြီး.. အများစုက တစ်ဖက်မီဒီယာတွေကို မဖတ်တဲ့ ကိုယ်လူတွေကို ရန်သူ့သတင်းတွေ hight Light လုပ်ပြီး ကိုယ်လူတွေကြားထဲ သတင်းတွေထိုးထည့်နေတာ.. စိတ်ဓာတ်ရှိရှိတိုက်နေခိုက်နေတဲ့သူတွေကို စိတ်ဓာတ်ကျ ပြိုကွဲအောင်.. ပြန်မခံတိုက်အောင် မီဒီယာကနေ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာပါ။
-
လေကြောင်းတို/က်ခို/က်မှုဆိုတာ မသေချာရင် မလုပ်သလို ကင်းထောက်နဲ့ကြည့်ပြီးမှ လုပ်ဆောင်ရတဲ့ကိစ္စပါ။ တို/က်ခို/က်ခံရတဲ့နေရာဆိုတာ ဖုန်းလိုင်းမမိတဲ့နေရာ AA ဘာမှမဖြစ်ဘူးလို့ပြောနိုင်တယ်ဆိုတည်းက ပိုစ့်ရဲ့ ရည်ရွယ်ချက်က ထင်ရှားနေတာပဲလေမဟုတ်လား ..
-
သတင်းဖတ်နေသူတွေကို ပြောချင်တာကတော့ "အရင်ဆုံးတက်လာတိုင်း သတင်းမှန်လို မဆုံးဖြတ်ပါနဲ့" ကိုယ့်လူ သူ့ဘက်သားတွေကို သတိထားနိုင်ကြပါစေဗျ။

နောက်ဆုံးရသတင်းများ

18 Oct, 10:00


*နောင်ချိုသတင်း*
အောက်တိုဘာ ၁၇ ရက် (မနေ့) ညက နောင်ချိုမှာရှိတဲ့ TNLA ခိုအောင်းရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ပစ်မှတ်အပေါ် ထိချက် တော်တော်တိကျတယ်လို့ သိရပါတယ်။
-
အဓိက ထိတာကတော့ TNLA တွေ အများဆုံးခိုအောင်းနေတဲ့ ရဲစခန်း၊ စည်ပင်ဝန်းနဲ့ ၁၁၅ တပ် နေရာတွေပဲ ဖြစ်ပါတယ်။ TNLA အဖွဲ့ဟာ ပထမအကြိမ် ဗုံးကြဲခံရအပြီး နေရာပြောင်းဖို့ ကားတွေပေါ် တက်နေစဉ်မှာပဲ ဒုတိယ မြောက် ဗုံးကျလာလို့ ကား ၄ စီးလုံး မီးလောင်ပြီး TNLA ၂၀ ကျော်သေသွားပါတယ်။ အမြောက်တွေ တင်ထားတဲ့ သံသရာအေး စေတီကုန်းကလည်း ဗုံးကြဲခံရပြီး အမြောက်တွေ အားလုံး ပျက်စီးသွားပါတယ်။
-
မနေ့က ဗုံးကြဲတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင် တာအိုက်လျံ အပါအဝင် TNLA ၄၀ ခန့်သေဆုံးသွားပြီး ရဲပြေး တစ်ဦးလည်း သေဆုံး သွားပါတယ်။ ဒီနေ့မနက်မှာ တာအိုက်လျံကို အသုဘချဖို့အတွက် သဖန်းကိုင်းဘုန်းကြီးကျောင်းက ရွှေအခေါင်းကို ယူသွားပြီး အသုဘအခမ်းအနားပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။
-
တိုက်ပွဲသတင်းစုံ

နောက်ဆုံးရသတင်းများ

15 Oct, 01:28


Congratulations ပါ စစ်သည်တော်ကောင်းများ
-

နောက်ဆုံးရသတင်းများ

15 Oct, 01:27


Congratulations
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မီးလောင်ချောင်းက ကံ့ကော်တစ်ထောင်ဖြစ်စဉ်နဲ့ မောင်တောဖြစ်စဉ်တွေက တပ်မတော်ရဲ့အောင်မြင်မှု ရလဒ်များကို ကြည့်ချင်သူများ အောက်မှာပြထားတဲ့ telegram channel မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
-
ကံ့ကော်တစ်ထောင်မှာ ၁၂ (လ)၊ ၇ လက်ကျန်ခဲ့ပြီး ၃၀ ကျော်tay ၊ ၁၁ ယောက် miss ၊ ၅၀ ကျော် ဒန်းစီးတယ်လို့ သိရှိရတယ်။
-
မောင်တောမှာတော့ db တွေနဲ့ တုတ်တွေ ကောက်ဆဲ၊ ရေတွက်နေဆဲပါ။
-
ဝင်ရောက်ကြည့်ရှုရန် telechannel link >>
https://t.me/combatnews7723/5375
https://t.me/combatnews7723/5376
https://t.me/combatnews7723/5382

နောက်ဆုံးရသတင်းများ

02 Oct, 13:25


NUG ၊ PDF တွေရဲ့လူမဆန်တဲ့လုပ်ရပ်တွေသိဖို့

နောက်ဆုံးရသတင်းများ

02 Oct, 13:20


2-10-2024 post 3

👇👇👇

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်တာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီဥပဒေက ယခုမှထွင်ပြီး လုပ်ခဲ့တာမဟုတ်သလို ဥပဒေပါအကြောင်းအရာတွေကိုလည်း ယခု နစက အစိုးရလက်ထက်မှ လုပ်ခဲ့တာမဟုတ်ပါဘူး။

ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို ၁၉၇၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေဝင်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်အခါက တော်လှန်ရေးကောင်စီ အတွင်းရေးမှူးက ဦးကိုကိုဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေဝင်းထုတ်ပြန်ခဲ့တဲ့ ၁၉၇၂ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို သမ္မတကြီး ဦးသိန်းစိန်လက်ထက် ၂၉-၇-၂၀၁၃ ရက်နေ့မှာ ပယ်ဖျက်ခဲ့ပြီး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေအဖြစ်ပြောင်းလဲသတ်မှတ်တဲ့ ဥပေဒထုတ်ပြန် ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ သမ္မတကြီး ဦးသိန်းစိန် အတည်ပြုခဲ့တဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေမှှာအခန်း ၇ ခန်းပါဝင်ပါတယ်။ အခန်း ၁ က ပုဒ်မ ၂ ၊ပုဒ်မခွဲ (ခ၊ ဂ၊ ဃ ၊င) မှာ ဘာတွေပါဝင်သလဲ ဆိုတော့ ယခု လဝက အဖွဲ့တွေကလိုက်လံကောက်ခံနေတဲ့ လူ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်းဆိုင်ရာ အချက်အလက်တွေ၊ လူနေထိုင်ရာနေရာ၊ တိရစ္ဆာန်ထားရာနေရာ၊ ပစ္စည်းထားရာနေရာနှင့် အလုပ်လုပ်ရာနေရာတွေ အကုန်ပါဝင်ပါတယ်။

ပြောချင်တာက နစက အစိုးရလက်ထက်မှာ ဒီလို သန်းခေါင်စာရင်း လိုက်လံကောက်ခံနေတာဟာ ယခင် ဒီမိုကရေစီလက်ထက်က အတည်ပြုထားတဲ့ ဥပဒေပြဌာန်းချက်ပါအတိုင်း ကောက်ခံနေတာဖြစ်ပါတယ်။


ဒါကိုအကြမ်းဖက်အဖွဲ့တွေက ဥပဒေမသိနားမလည်တဲ့ ပြည်သူတွေကို သတင်းအမှားတွေတင်ပြီး စိုးရိမ်စိတ်တွေဖြစ်ပေါ်အောင် သတင်းအဆိပ်တွေ ခပ်နေကြတာ။ သူတို့ကိုယ်တိုင်လည်း ဥပေဒကို မသိတာလည်းဖြစ်ချင်ဖြစ်မှာပေါ့။

ဥပဒေကို မသိနားမလည်တဲ့ ငတုံး နီပိတ်လော်ဘီတွေကလည်း စစ်ကောင်စီက လူစာရင်းတွေကောက်နေပြီ စစ်ထဲကိုဖမ်းထည့်တော့မှာ၊ သန်းခေါင်စာရင်း ကောက်တာ ဒါတွေလိုလို့လား စသည်ဖြင့် ပေါက်ပန်းလေးဆယ်တွေ လျှောက်ရေးတင်နေကြတော့ ကိုယ်ငတုံးမှန်း လူတွေကိုဖော်ပြနေသလိုပါပဲ။

နိုင်ငံတကာမှာလည်း ဒီလိုတွေအသေးစိတ်ကအစမေးပြီး စစ်တမ်းကောက်တာ ဖြစ်တယ်။ ဒါကို ငနီတစ်သိုက်နဲ့ မီဒီညာ တစ်အုပ်က ပြည်ပကဥပဒေကိုလည်း နားမလည်၊ ကိုယ့်နိုင်ငံရဲ့ ဥပဒေကိုမသိဘဲ နစက အစိုးရကပဲ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိပဲ လိုက်ကောက်ခိုင်းနေသလိုမျိုး သတင်းအမှားတွေနဲ့ ဝါဒဖြန့်နေကြတာ။

ဒါတွေကိုဘာကြောင့်ရေးပြနေသလဲဆိုတော့ ဥပဒေမသိတဲ့လူတွေအတွက် ရေးပြခြင်းဖြစ်ပါတယ်။ အမေမွေးကတည်းက ခေါင်းထဲမှာ ကိုယ်ပိုင်ပါလာတဲ့ ဦးနှောက်ကို ကောင်းကောင်းအသုံးချပါ။ သူများပါးစပ်ဖျားမှာ ဘဝမဆုံးစေပါနဲ့။



မှိုင်းဝေ

နောက်ဆုံးရသတင်းများ

02 Oct, 13:20


ပြည်သူတွေရဲ့ စစ်မှန်တဲ့ လိုလားချက်
-

နောက်ဆုံးရသတင်းများ

01 Oct, 13:46


ချည်တိုင်ပျောက်နေတဲ့ ဒေါင်း
***
အမည်အရင်းက - သူရအောင်၊ (ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှ ဇာတိ)၊ ၃၀-၃-၁၉၉၀ ခုနှစ်မွေးတယ်။ Southern Myanmar F.C ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သလို သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။
-
အကြမ်းဖက်စာရင်းဝင်သူဖြစ်လို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာ နိုင်ငံသားအဖြစ်မှ ရပ်ဆဲခြင်းခံရတယ်။ ထိုင်းနယ်စပ်ကို ပြေးတယ်။ ပြီးတော့ တတိယနိုင်ငံ (ချက်နိုင်ငံ) မှာ REFUGEE အနေနဲ့ ခိုလှုံနေတယ်။ ချက်နိုင်ငံက ထုတ်ပေးတဲ့ REFUGEE Passport နဲ့ ထိုင်းနိုင်ငံမှာ လှည့်လည်လိမ်လည်တောင်းရမ်းပြီး ဘဝတွေ ပျက်နေကာ နိုင်ငံမဲ့ဖြစ်နေတယ်။ Passport မှာပါတဲ့ မွေးသက္ကရာဇ်က ၁၉၉၂ ဆိုတာ လိမ်ထားတာ .. အမှန်က ၁၉၉၀ မွေးတာ။
-
ဒီလို အကြမ်းဖက်စာရင်းဝင်တွေကို အစိုးရအချင်းချင်း ညှိနှိုင်းပြီး ဖမ်းဆီးသင့်တယ်။ သူရောက်နေတဲ့ နိုင်ငံလည်း အေးချမ်းလိမ့်မယ် မထင်ပါနဲ့ (အကြမ်းဖက်အဖွဲ့ဝင်မို့)။
-
သူရအောင် (ခ) ဒေါင်း ဆိုသူဟာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေသမျှ၊ အားပေးနေသမျှ ဝရမ်းပြေး နိုင်ငံမဲ့ ဖြစ်နေပြီး နိုင်ငံပျောက်နေဦးမှာပါပဲ။ စိတ်တော့ မကောင်းပါဘူး။

KT