Study with John @studywithjohn22110 Channel on Telegram

Study with John

@studywithjohn22110


Study with John (English)

Are you looking to improve your academic performance and boost your knowledge? Look no further than the 'Study with John' Telegram channel! Led by the experienced educator John, this channel is dedicated to helping students of all ages excel in their studies. Whether you need help with math, science, language arts, or any other subject, John is here to provide comprehensive study materials, practice exercises, and valuable tips to help you succeed. Join a community of eager learners and start your journey towards academic success today with 'Study with John' channel on Telegram!

Study with John

06 Jan, 13:39


Study with John One-on-One ကျောင်းသားလေးရဲ့ GED Math ရမှတ်လေးဖြစ်ပါတယ်။Congratulations ပါရှင့်။ရှေ့လျှောက်ပညာရေးလမ်းကြောင်းမှာ ဒီ့ထက်မက အောင်မြင်မှုတွေရရှိပါစေလို့ Study with John Team က ဆုတောင်းပေးပါတယ်ခင်ဗျ🎉

#studywithjohn #GED

Study with John

04 Jan, 12:25


GED ကျောင်းသားများအတွက် နှစ်သစ်လက်ဆောင် 🎁


နှစ်သစ်ကစလို့ အပီအပြင်ကြိုးစားဖို့ဆုံးဖြတ်ထားတဲ့ GED ကျောင်းသားတွေအတွက် GED Exam Booking တင်ရင်း GED Merchandise တွေ လက်ဆောင်ရယူနိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးပေးလိုက်ပါတယ် 😍✨️

Authorized Local GED Service Provider တစ်ခုဖြစ်တဲ့ SWJ မှာ GED Exam အတွက် တစ်ဘာသာ Booking ယူတိုင်း Coupon တစ်စောင်လက်ဆောင်ရရှိမှာဖြစ်ပါတယ်။ 

Coupon QR Code ကို မိမိတို့ရဲ့ GED account အီးမေးလ်စီကို (၇) ရက်အတွင်း အလိုအလျောက်အီးမေး (automated email) နဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ 

ကိုယ့်ရဲ့ ကူပွန်တွေရော၊ သူငယ်ချင်းရဲ့ ကူပွန်တွေရောကို စုပြီး အောက်ပါလက်ဆောင်တွေကို သတ်မှတ်ကူပွန်အရေအတွက်ပြည့်တာနဲ့ ဖေဖော်ဝါရီလကစပြီး လဲလှယ်ရယူနိုင်မှာ ဖြစ်ပါတယ်။ 

ကူပွန်တွေကို စုထားပြီး ပြန်ထုတ်ယူနိုင်မယ့် လက်ဆောင်တွေကတော့
     ▫️2 Gift Coupons = 1 Plastics Water Bottle
     ▫️3 Gift Coupons = 1 Stainless Steel Water Bottle
     ▫️4 Gift Coupons = 1 Premium Natural Tote Bag

ကူပွန်ရရှိနိုင်မည့် ပုံစံများ
     ▪️(၁) Taxila ၏ Authorized Local GED Service Providers များတွင် Exam Booking တင်ပြီးသောအခါ (၇) ရက်အတွင်း ကူပွန်ဖြစ်သော QR Code အား အလိုအလျောက်အီးမေးမှတဆင့် ရရှိပါမည်။  
     ▪️(၂) မိမိရရှိသော ကူပွန် QR Code များအား သိမ်းထားပြီး သတ်မှတ်အရေအတွက် ပြည့်မီသောအခါ မိမိကြိုက်နှစ်သက်ရာ လက်ဆောင်ပစ္စည်းတစ်ခုခုကို လဲလှယ်ရယူနိုင်ပါသည်။  
     ▪️(၃) ကူပွန် QR Code များ ရယူနိုင်သော ကာလမှာ ဇန်နဝါရီလ (၁) ရက်နေ့၊ (၂၀၂၅) ခုနှစ်မှ ဇန်နဝါရီလ (၃၁) ရက်နေ့၊ (၂၀၂၅) ခုနစ်အထိ ဖြစ်ပါသည်။ 
     ▪️(၄) လက်ဆောင်ပစ္စည်းများအား ထုတ်ယူနိုင်သော ကာလမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ (၂၀၂၅) ခုနှစ်မှ မတ်လ (၃၁) ရက်နေ့၊ (၂၀၂၅) ခုနှစ်အထိ ဖြစ်ပါသည်။ 

စည်းမျဉ်းများနှင့် သတ်မှတ်ချက်များ
     ▫️(၁) ဇန်နဝါရီလအတွင်း Taxila ၏ Authorized Local GED Service Providers များမှ GED စာမေးပွဲများအား ဘွတ်ကင်တင်သူများသာ လက်ဆောင်ကူပွန်များ ရရှိပါမည်။ 
     ▫️(၂) လက်ဆောင်ပစ္စည်းများကို လူကိုယ်တိုင် Taxila တွင်ဖြစ်စေ၊ အမြန်ချောပို့ဖြင့် အိမ်အရောက်ဖြစ်စေ ထုတ်ယူနိုင်သည်။ 
     ▫️(၃) လက်ဆောင်ပစ္စည်းများကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ပြီး ရုံးချိန်အတွင်း ထုတ်ယူနိုင်ပါသည်။ အိမ်အရောက် ပို့ဆောင်ပေးစေလိုပါက Royal Express မှ ကောက်ခံသော ကျသင့်ပါဆယ်ပို့ခအား Taxila ထံသို့ ကြိုတင်လွှဲပေးရမည်။ 
     ▫️(၄) လက်ဆောင်ပစ္စည်း အရေအတွက် အကန့်အသတ်ရှိသဖြင့် ပစ္စည်းလက်ကျန် ရှိသည်အထိသာ ရရှိပါမည်။ 
     ▫️(၅) အငြင်းပွါးဖွယ် တစ်စုံတစ်ရာ ရှိခဲ့ပါက GED Authorized Partner ဖြစ်သော Taxila ရဲ့ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။


#StudyWithJohn 
#GED #GEDexam
#GEDCoupon 

Study with John

31 Dec, 17:30


Cheers to the New Year from Study with John! 🌟🎉

May 2025 bring you endless opportunities, exciting challenges and great success in all your studies and goals. Wishing you a year ahead filled with new adventures, personal growth, and academic victories. Happy New Year 🎉

#StudyWithJohn 
#HappyNewYear 

Study with John

31 Dec, 13:28


အတန်းအားလုံးအတွက် promotion လေး မနက်ဖြန် ညအထိပဲ အချိန်ကျန်ပါတော့တယ်ခင်ဗျာ....
New year မှာ New resolution တွေ အမှန်တကယ်ဖြစ်မြောက်လာဖို့ Study with John မှာ အတန်းတွေတက်ပြီး စာလုပ်ကြမယ်နော်....

Study with John

30 Dec, 14:24


Our One-on-one student’s Achievement
ရှေ့ဆက် ပညာရေးလမ်းကြောင်းမှာ ဒီ့ထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးပါတယ် ခင်ဗျ။

#studywithjohn #GED

Study with John

29 Dec, 21:02


Study with John ရဲ့ အတန်းအားလုံးအတွက် 10% OFF promotion ကာလ ပြီးဆုံးဖို့ ၃ ရက်ပဲလိုတော့တာကြောင့် အမြန်ဆုံးအတန်းအပ်လိုက်ရအောင်နော်...

Study with John

27 Dec, 13:24


2025 မှာ GED ဖြေဖို့ သေချာပေါက်ဆုံးဖြတ်ထားပြီလား 


အထက်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ်တစ်ခုအနေနဲ့ဖြစ်စေ၊
နိုင်ငံခြားမှာကျောင်းတက်ရောက်ဖို့ ဝင်ခွင့်လိုအပ်ချက်ကြောင့်ဖြစ်စေ
GED ဖြေဆိုဖို့ဆုံးဖြတ်ထားပြီး တစ်ယောက်တည်းပဲ အတန်းတက်လိုတဲ့ ကျောင်းသားတွေအတွက် SWJ ရဲ့ GED One-on-One Class ရှိပါတယ်။ 

Group Learningထက် Personalized Learning ကို ပိုအားသန်ပြီး Instructor နဲ့ One-on-One သင်ယူချင်သူတွေအတွက် အထူးသင့်လျော်တဲ့အတန်းပဲဖြစ်ပါတယ်။ 

GED One-on-One Class မှာဆိုရင် GED နဲ့ပတ်သက်သမျှ လေ့လာစရာမေးခွန်းပုံစံ၊ Tips & Tricks, Test Taking Strategies တွေ ပြည့်ပြည့်စုံစုံသင်ကြားပေးမဲ့အပြင်
☆ မိမိ target ထားထားတဲ့ Score အတိုင်းရရှိအောင်ပြင်ဆင်လေ့ကျင့်ပေးခြင်း
☆ မေးခွန်းပုံစံ ပြောင်း၊ မပြောင်းစိုးရိမ်စရာမလိုအောင် အကောင်းဆုံးဖြေဆိုနိုင်ဖို့ပါ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။ 

GED One-on-One Class တက်ရောက်ဖို့ အကောင်းဆုံးသင်တန်းတစ်ခုကိုရှာဖွေနေတာဆိုရင်တော့ SWJ ကို ယုံကြည်စွာရွေးချယ်နိုင်ပါတယ်။ 

One-on-One class တက်ရောက်ရတဲ့အားသာချက်တွေက❓️

✅️ GED High score achiever Instructor များနှင့် အနီးကပ်သင်ယူလေ့ကျင့်နိုင်ခြင်း

✅️ စာသင်ကြားခြင်းအပြင် Exam tips & strategies များကို ရရှိနိုင်ခြင်း

✅️ မိမိနှစ်သက်ရာ အတန်းချိန်ကို ရယူနိုင်ခြင်း 

✅️ အားသာချက်၊ အားနည်းချက်အလိုက် ပြင်ဆင်ဖို့ Individual Feedback ရရှိနိုင်ခြင်း

✅️ Personalized Study Planနဲ့ ထိထိရောက်ရောက်လေ့ကျင့်ပြင်ဆင်ပေးခြင်း

ဒါကြောင့် ၂၀၂၅ မှာ GED ဖြေဖို့လိုအပ်နေပြီဆိုရင်တော့ January လကတည်းက စတင်ပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်။ 

SWJ မှာ Dec 25 ရင်နေ့ကနေ Jan 1 ရက်နေ့အထိ သင်တန်းအပ်နှံမယ်ဆိုရင် 𝟏𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 သင်တန်းကြေးသက်သာခွင့်ရမဲ့ "𝐘𝐨𝐮𝐫 𝐧𝐞𝐰-𝐲𝐞𝐚𝐫 𝐫𝐞𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐒𝐖𝐉” Promotion လည်းရှိလို့ အခုပဲ page cb မှာ စာရင်းသွင်းအပ်နှံနိုင်ပါတယ်နော် 🤗📲

"GED Class တွေအတွက် ယုံကြည်စိတ်ချရဆုံးနေရာ Study with John မှာ" 💯

#StudyWithJohn 
#GED #OneonOneClass

Study with John

27 Dec, 03:40


အခုရက်ပိုင်း GED ကျောင်းသားတွေကြားမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။

နောက်နှစ် မေးခွန်းပြောင်းမှာကို စိုးရိမ်ကြလို့ နှစ်မကုန်ခင် December ထဲမှာ ဖြေချင်ကြတဲ့ကျောင်းသားတွေအနေနဲ့ (Test Center တွေမှာ seat မကျန်တော့ပေမဲ့) booking ယူထားပြီးသား ကျောင်းသားများထံမှတဆင့် exam ရက်များကို အခကြေးငွေပေး၍ ရယူရန် ကြိုးစားလာကြပါတယ်။

ဒီဖြစ်ရပ်တွေကို အခွင့်ကောင်းယူကာ မသမာသူ အချို့က December exam date ရရှိထားသော ကျောင်းသားအဖြစ် ဟန်ဆောင်ကာ အမြန်ဖြေဆိုလိုကြတဲ့ ကျောင်းသားတွေကို ပစ်မှတ်ထားလာကြပါတယ်။

ဒီလိုအန္တရာယ်ကနေ ကာကွယ်ရန်အတွက် ကျောင်းသားများအနေနဲ့ လုပ်ဆောင်နိုင်တဲ့အရာတွေကတော့

(၁) နောက်နှစ်မေးခွန်းပြောင်းတယ်ဆိုတာ Exam format တစ််လုံး ပြောင်းသွားတာမဟုတ်ကြောင်းကို နားလည်သိရှိထားဖို့လိုပါတယ်။

(၂) ကိုယ်တိုင်က GED အတွက် သေချာပိုင်ပိုင်နိုင်နိုင် လေ့လာပြင်ဆင်ထားတယ်ဆိုရင် ဘယ်လိုမေးခွန်းလာလာ ဖြေဆိုနိုင်မှာဖြစ်တဲ့အတွက် ထိုသို့ ဖြေဆိုနိုင်ရန် ကိုယ်တိုင်ဖြစ်စေ၊ စိတ်ချယုံကြည့်ရသောသင်တန်းများတွင်ဖြစ်စေ စာမေးပွဲအတွက် ပြင်ဆင်ရပါမယ်။​ အထူးဂရုပြုရမှာကတော့ GED လေ့ကျင့်ရန်မေးခွန်းများ (Leak question) များကို အားကိုးပြီး ထိုအရာများကိုသာ လေ့ကျင့်သွားလျှင်တော့ ကျောင်းသားအနေနဲ့ စာမေးပွဲတွင်သာမက စာမေးပွဲအပြီး အမှတ်စာရင်းထုတ်ယူနိုင်မှုကိုပါ ထိခိုက်လာနိုင်မှာဖြစ်ပါတယ်။

(၃) Facebook ရှိ GED study group များ တွင်တွေ့ရသော အာမခံချက်မရှိသည့် exam date change ပေးမည်ဆိုသော သူများ၊ exam date ရအောင်လုပ်ပေးမည်ဆိုသောသူများကို သတိထားကြရပါမယ်။​ GED exam booking, ready test နှင့် flash များဝယ်ယူရာတွင် စိတ်ချယုံကြည်ရပြီး အာမခံချက်ရှိသော page များ channel များတွင်သာ ဝယ်ယူသင့်ပါတယ်။​

Study with John_Authorized Local GED Service Provider
#studywithjohn #GED #gedexam

Study with John

25 Dec, 13:31


GED နဲ့ SAT အတန်းအားလုံးအတွက် 10% OFF ပေးထားတာဖြစ်တဲ့အတွက် နောက်နှစ်မှာ အမှတ်တွေ အပီအပြင်သယ်ဖို့ အခုကတည်းက အတန်းအပ်လိုက်တော့နော်

Study with John

25 Dec, 13:15


New Yearမှာ သေချာပေါက်ကြိုးစားမဲ့သူတွေအတွက် SWJ ရဲ့ အထူး Promotion 🎉

နှစ်သစ်မှာ GED နဲ့ SAT မဖြစ်မနေလုပ်မယ်လို့သန္နိဌာန်ချထားရင်တော့ "𝐘𝐨𝐮𝐫 𝐧𝐞𝐰-𝐲𝐞𝐚𝐫 𝐫𝐞𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐒𝐖𝐉" Promotion က သင့်ကို စောင့်ကြိုနေပါတယ် 🤗

December 25 ရက်နေ့ကနေ January 1 ရက်နေ့အထိ Study with John ရဲ့ One-One-on-One Class ဖြစ်စေ၊ Group Class ဖြစ်စေ စာရင်းသွင်းအပ်နှံမယ်ဆိုပါက အထူး Promotion အနေနဲ့ 𝟏𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 ရရှိမှာပဲဖြစ်ပါတယ်။

GED ကျောင်းသားလား❓️
SAT ကျောင်းသားလား❓️

ဘယ်သူမဆို နှစ်သစ်မှာ Motivation အပြည့်နဲ့ကြိုးစားနိုင်ဖို့ အထောက်အကူဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့ သင်တန်းကြေး Discount ကိုပေးခြင်းဖြစ်ပါတယ်။

SWJ ရဲ့ One-on-One Class တွေဖြစ်တဲ့
✅️ Exam Ready
✅️ Credit Ready
✅️ Perfect Ready
အတန်း (၃) တန်းနဲ့

Group Class တွေဖြစ်တဲ့
✅️ GED Intensive - Batch 18
✅️ SAT - Batch 3
အတန်း (၂) တန်းလုံး "𝐘𝐨𝐮𝐫 𝐧𝐞𝐰-𝐲𝐞𝐚𝐫 𝐫𝐞𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐒𝐖𝐉" Promotion မှာပါဝင်ပါတယ်။

နှစ်သစ်မှာ ရည်မှန်းထားတဲ့ Study Goals တွေပြည့်မြောက်ဖို့ Promotion နဲ့အတူ အခုပဲအတန်းအပ်နှံလိုက်တော့နော် 🥳🎉

#StudyWithJohn
#GED #SAT #Promotion

Study with John

25 Dec, 05:18


We wish you a Merry Christmas 🎅 🎄 

Wishing you and your home a Christmas filled with joy, warmth and love. May your heart be light and your study goals shine as brightly as the Christmas lights. Merry Christmas to you all 😍❣️✨️

#StudyWithJohn 
#MerryChristmas 

Study with John

24 Dec, 13:39


IELTS ကျောင်းသားတိုင်း Free ဖြေလို့ရတဲ့ Familiarisation Test ✨️

IELTS Familiarisation Test ဆိုတာ Computer-delivered IELTS ဖြေဆိုမဲ့ ကျောင်းသားတိုင်းအတွက် Test structure တွေနဲ့ရင်းနှီးအောင် British Council က စီစဥ်ပေးထားတဲ့ Free Test တစ်ခုဖြစ်ပါတယ်။

Listening, Reading, Writing Skill သုံးခုလုံးအတွက် တကယ့် IELTS Exam အတိုင်း ၂နာရီခွဲကြာအောင် ဖြေဆိုနိုင်ဖို့ပြုလုပ်ပေးထားပါတယ်။

Academic ဖြေဆိုမဲ့ကျောင်းသားရော၊ General Training ဖြေဆိုမဲ့ကျောင်းသားတွေအတွက်ပါ (၂) မျိုးလုံးဖြေဆိုနိုင်ပါတယ်။

Listening & Reading အတွက် exam result ကိုပါ ထုတ်ပေးလို့ Real exam မဖြေခင် ကိုယ့်ရဲ့အခြေအနေကို ပြန်သုံးသပ်နိုင်ဖို့အထောက်အကူဖြစ်စေပါတယ်။

Free ဖြေဆိုလို့ရပြီး Register ပြုလုပ်ရုံပဲလိုတာမို့လို့ IELTS လေ့လာနေတဲ့ ကျောင်းသားတွေဆို ကိုယ့်ရဲ့ Score ကို ခန့်မှန်းခြေသိလို့ရနိုင်တာဖြစ်လို့ ဖြေဆိုကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။

အချိန်မရွေး နေရာမရွေးဖြေဆိုနိုင်လို့ မိမိအားတဲ့အချိန်မှာဝင်ရောက်ဖြေဆိုလို့ရပါတယ်။

Register ပြုလုပ်ရန်အတွက်
👉 https://cdielts.gelielts.com/?_gl=1*1e3wd3o*_gcl_au*MTE5NzM3MjcxOS4xNzM0OTIxNjY4*_ga*NTE2MjE5NTA5LjE3MjcwNjI2MDM.*_ga_X5M3D7HLQQ*MTczNDkzMTE0NC43LjEuMTczNDkzMjEwMi40NS4wLjA.*_ga_B26B1ZHS11*MTczNDkzMTE0NS4yLjEuMTczNDkzMjEwMi40NS4wLjA.

မြန်မာကျောင်းသားတွေအတွက် အသုံးဝင်တဲ့ Knowledge Sharing တွေနဲ့ Scholarship Opportunities တွေကို အမြဲမျှဝေပေးနေတာဖြစ်လို့ Study with John page ကို like & follow လုပ်ပြီး စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်နော် 🤗✨️

#StudyWithJohn #IELTS
#IELTSFreeTest
#IELTSFamiliarisationTest

Study with John

23 Dec, 13:14


SWJ One-on-one ကျောင်းသူလေးရဲ့ GED ရမှတ်လေးတွေဖြစ်ပါတယ်။Congratulations ပါခင်ဗျ ပညာရေးခရီးလမ်းမှာ ဒီ့ထက်မက အောင်မြင်မှုတွေရပါစေလို့ဆုတောင်းပေးပါတယ်။

Study with John ရဲ့ One-on-one class အကြောင်းတွေကို အသေးစိတ်သိလိုပါက page message ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

#studywithjohn #GED #oneonone

Study with John

22 Dec, 12:51


နောက်နှစ်မှာ GED မေးခွန်းပုံစံပြောင်းမယ်ဆိုတာက အခုလက်ရှိ GED လေ့လာနေတဲ့ကျောင်းသားတွေအတွက် စိုးရိမ်ပူပန်စရာဖြစ်နေပါတယ်။ 

မေးခွန်းပုံစံပြောင်းသည်ဖြစ်စေ၊ မပြောင်းသည်ဖြစ်စေ လိုချင်တဲ့ Score ရရှိဖို့ အကောင်းဆုံးဖြေဆိုနိုင်အောင် လေ့ကျင့်သင်ကြားပေးမဲ့ SWJ ရဲ့ GED Intensive Class - Batch 18 ကို January 5 ရက်နေ့မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်လို့ အခုကတည်းက ကြိုတင်အပ်နှံထားနိုင်ပါပြီ 😎✨️

SWJ ရဲ့ GED Intensive Class ဆိုတာ❓️

︎ GED Exam အတွက် ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဘာသာရပ်အလိုက်ထူးချွန်တဲ့ SWJ ရဲ့ အတွေ့အကြုံရှိ Instructor တွေကိုယ်တိုင် အနီးကပ်လေ့ကျင့်သင်ကြားပေးမဲ့ အတန်းတစ်ခုဖြစ်ပါတယ်။ 

ဘာတွေသင်ကြားပေးမှာလဲ❓️

SWJ ရဲ့ GED Intensive Class မှာတော့
✅️ Test Taking Strategies,
✅️ Question Analysing Tips and Tricks,
✅️ Exam Format, 
✅️ Practice Tests,
✅️ Flashcards တွေကို အဓိက လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး Real Exam မှာ  မေးလေ့ရှိတဲ့ Question Types တွေနဲ့ အနီးစပ်ဆုံးတူတဲ့ မေးခွန်းပုံစံတွေကိုပါ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် မေးခွန်းပုံစံပြောင်း၊မပြောင်း စိုးရိမ်စရာမလိုဘဲ အကောင်းဆုံးဖြေဆိုနိုင်ဖို့ ပြင်ဆင်လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ 

ဒါကြောင့် GED Exam နဲ့ပတ်သက်ပြီး ဘယ်လိုစိုးရိမ်ပူပန်စရာကိုမဆို လျော့ပါးစေပြီး Confidence တိုးတက်စေမှာ အသေအချာပါပဲ။ 

Study with John ဟာ GED ကျောင်းသားပေါင်း (၈၀၀) ကျော်ကို လေ့ကျင့်သင်ကြားပေးထားပြီးပြီဖြစ်တဲ့အပြင် High Score Achiever များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ 

SWJ ရဲ့ GED အတန်းတိုင်းကို Limited Seat နဲ့ပဲလက်ခံသင်ကြားပေးတာဖြစ်တဲ့အပြင် ကျောင်းသားဟောင်းတွေရဲ့ Review ကောင်းတွေကြောင့် လူပြည့်မြန်လို့ အမြန်ဆုံးအပ်နှံထားမှသာ စိတ်ချရမယ်နော်။ 

Jan 5 ရက်နေ့မှာ စတင်သင်ကြားပေးမှာဖြစ်ပြီး Batch 18 အကြောင်း timetable အသေးစိတ်နဲ့ Instructor Profile တွေကို တစ်ပုံချင်းစီမှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇

"GED Exam ကို ယုံကြည်မှုရှိရှိအကောင်းဆုံး ဖြေဆိုနိုင်ဖို့ SWJ ရဲ့ GED Intensive Class ကိုသာ Join လိုက်တော့နော်"

ထပ်မံပြီး သိလိုတာရှိလိုပါက Page Messenger နှင့် Viber နံပါတ် +959 452 022 110 ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။


#StudyWithJohn #SWJ #GED
#GEDExam #IntensiveClass #Batch18

Study with John

20 Dec, 12:57


SAT Exam မှာ လိုချင်တဲ့ score ရဖို့ ထိရောက်တဲ့ Class တစ်ခုရှာဖွေနေရင် SWJ ရဲ့ SAT Intensive Class ရှိတယ်နော် 😉✨️

March လ 8 ရက်နေ့အမီ SAT ဖြေဆိုလိုတဲ့ ကျောင်းသားတွေအတွက် နှစ်သစ်မှာ motivation အပြည့်နဲ့စတင်နိုင်ဖို့ SAT Intensive Class - Batch 3 ကို January 6 ရက်နေ့မှာ စတင်ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

✅️ SAT Maths & English နှစ်ဘာသာလုံးအတွက် ရှင်းလင်းထိရောက်တဲ့ သင်ကြားမှုပုံစံ
✅️ Test-taking strategies
✅️ နားလည်ရလွယ်ကူစေတဲ့ Study guides
✅️ Practice Test များအပြင်
✅️ ကျောင်းသားတစ်ဦးချင်းစီရဲ့အခြေအနေပေါ်မူတည်ပြီး Personalized Feedback များပေးပြီး စနစ်တကျလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်လို့ Exam Ready လုံးဝဖြစ်စေမှာပါ။

SWJ ရဲ့ SAT Intensive Class မှာ

🔺️ SAT ဖြေဆိုပြီးထားတဲ့ High Score Achiever ဆရာတွေကိုယ်တိုင် ကြပ်ကြပ်မတ်မတ်လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။

🔺️ Eng & Math နှစ်ဘာသာလုံးလည်းတက်ရောက်နိုင်သလို တစ်ဘာသာချင်းစီတက်ရောက်လို့လည်းရပါတယ်။

🔺️ Class တစ်ခုစီအတွက် Limited Seats ဖြင့်သာ လက်ခံသင်ကြားပေးတာဖြစ်ပါတယ်။

ဒါကြောင့် နှစ်သစ်မှာ အပီအပြင်ကြိုးစားပြီး SAT High Score နဲ့ Top Universities တွေမှာ ဝင်ခွင့်ရဖို့ SWJ ရဲ့ SAT Intensive Class - Batch 3 ကို အခုပဲ Register လုပ်လိုက်တော့နော် 🤗✨️

Registration Link🔗
https://forms.gle/EHhYPuUzEfJ99wDc8

Class Timetable အသေးစိတ်နဲ့ သင်ကြားပေးမဲ့ Instructor Profile ကို ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇

သင့်ရဲ့ပညာရေးခရီးလမ်းအတွက် စိတ်ကူးအိပ်မက်တိုင်းကိုအကောင်အထည်ဖော်နိုင်ဖို့ သိလိုသမျှကို Page Messenger နှင့် Viber နံပါတ် +959 452 022 110 ကို ဆက်သွယ်စုံစမ်းမေးမြန်းလိုက်ပါ❗️

#StudyWithJohn #SATexam #SAT
#SATIntensiveClass
#SATpreparation #Batch3

Study with John

20 Dec, 04:53


We are hiring
Study with John နှင့်အတူ လက်တွဲလိုသည့် Duolingo English Test Instructor များအား ဖိတ်ခေါ်လိုက်ပါတယ်။

DET one-on-one training session များနှင့် group class များတွင် လေ့ကျင့်သင်ကြားပေးနိုင်မည့် အတွေ့အကြုံရှိသူဖြစ်တယ်ဆိုရင်တော့ အခုပဲလျှောက်ထားလိုက်တော့နော်။

Competitive benefits တွေအပြင် တကယ့်ကို talented youths တွေနဲ့ အတူတူအလုပ်လုပ်ရမှာမို့ SWJ ကို join ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

စိတ်ဝင်စားရင်တော့ [email protected] မှတဆင့် 26 ရက်နေ့မတိုင်ခင် အထိ လျှောက်ထားနိုင်ပါတယ်။

အသေးစိတ်ကို ဒီလင့်လေးထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်။

https://drive.google.com/file/d/1hHUDepoyAk_YQ6nMXPybIhx0VBAWY7ID/view?usp=drivesdk

Study with John

17 Dec, 12:20


SAT ကျောင်းသားတွေသိထားသင့်တဲ့ SAT Scoring System 


SAT Exam ဟာ English (Evidence based Reading and Writing) နဲ့ Math ဆိုတဲ့ဘာသာနှစ်ခုကို ဖြေဆိုရတာဖြစ်ပြီး တစ်ဘာသာစီမှာ module 2 ခုစီနဲ့ မေးခွန်းပေါင်း ၄၀/၅၀ ကျော်ဖြေဆိုရတာဖြစ်ပါတယ်။ 

Multiple Choice Questions type နဲ့ဖြေဆိုရတာဖြစ်ပြီး SAT ရဲ့ Scoring System ကလည်း unique ဖြစ်ပါတယ်။ တစ်ဘာသာစီစီအတွက် Score 800 ထိပေးပြီး SAT Total Score က 1600 ဖြစ်ပါတယ်။ 

ဒါဆို SAT Score တွေကို ဘယ်လိုတွက်လဲ❓️

Standardized Test တစ်ခုဖြစ်တဲ့ SAT ဟာ တစ်နှစ်ကို ၇ကြိမ်စစ်လေ့ရှိပြီး Adaptative Testing system ဖြစ်ပါတယ်။ Adaptative Testing ရဲ့သဘောတရားအရ ကျောင်းသားဟာ ပထမပိုင်းမေးခွန်းတွေမှာ difficulty level မျိုးစုံရှိတဲ့ Question တွေကိုဖြေဆိုရပြီး မိမိဖြေဆိုတဲ့အဖြေအလိုက် ဒုတိယပိုင်းမှာတော့ ပိုပြီးခက်ခဲတဲ့ (သို့) ပိုပြီးလွယ်ကူတဲ့ Question တွေလာနိုင်ပါတယ်။ ဒုတိယပိုင်းမှာ ပိုပြီးခက်တဲ့ Question လာလို့ ကျောင်းသားအတွက်အခွင့်အရေးပိုရနိုင်တယ်ဆိုတာမျိုးတော့မရှိပါဘူး။ 

SAT Scoring အတွက် Item Response Theory (IRT) ကိုအသုံးပြုထားတာဖြစ်လို့ ကျောင်းသားနှစ်ယောက်ဟာ မေးခွန်းတစ်ခုတည်းအတူတူဖြေဆိုပြီး အဖြေမှန်ရခဲ့ရင်တောင် Score တူတူထွက်မလာနိုင်ပါဘူး။ IRT နည်းအရ Score သတ်မှတ်တဲ့အခါ ကျောင်းသားဖြေဆိုလိုက်တဲ့ အဖြေမှန် မမှန်အပြင် ဒီမေးခွန်းရဲ့ difficulty level, ကျောင်းသားရဲ့ဖြေဆိုမှု skill, knowledge တွေအပေါ်မူတည်ပြီး အမှတ်ပေးတာကြောင့်ပဲဖြစ်ပါတယ်။ 

ဒါကြောင့် exam မှာ Module တစ်ခုစီအလိုက်စုစုပေါင်းဖြေဆိုခဲ့တဲ့မေးခွန်းတွေရဲ့ အဖြေမှန်အရေအတွက်ဟာ SAT Test Taker တစ်ယောက်ရဲ့ Raw Score ပါပဲ။ တကယ့် Scaled Score ကိုတော့ အဲဒီကျောင်းသားဖြေဆိုခဲ့တဲ့ မေးခွန်းတွေရဲ့ difficulty level အလိုက် Score ကိုထုတ်ပြန်ပေးတာပဲဖြစ်ပါတယ်။ SAT မှာ Negative Marking ကို အသုံးမပြုလို့ ကိုယ်မသေချာတဲ့မေးခွန်းတွေအတွက် ကွက်လပ်ချန်မထားခဲ့ဘဲ အနီးစပ်ဆုံးအဖြေကိုခန့်မှန်းထည့်ခဲ့တာက ကိုယ့်ရဲ့ Score အတွက် တစ်စိတ်တစ်ပိုင်းအထောက်အကူပြုစေပါလိမ့်မယ်။ 

SAT Scoring System ကိုသိထားတဲ့အခါ ကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေပေါ်မူတည်ပြီး Score ကောင်းကောင်းရဖို့ ဘယ်လိုမျိုးပြင်ဆင်လေ့ကျင့်သင့်လဲဆိုတာသိသွားစေနိုင်လို့ Study with John က အခုလိုမျှဝေပေးလိုက်တာဖြစ်ပါတယ်။ 

GED အတွက်တင်မကဘဲ SAT ကျောင်းသားတွေအတွက်ပါ အကျိုးရှိတဲ့အကြောင်းအရာတွေမျှဝေပေးသွားမှာဖြစ်လို့ SWJ Page ကို အမြဲစောင့်မျှော်ကြည့်ရှုဖို့မမေ့ပါနဲ့နော် 🤗✨️

#StudyWithJohn #SAT
#SATexam #SATScoring
#ScoringSystem 

Study with John

16 Dec, 12:59


Study with John is now an Authorized Local GED Service Provider ✨️


GED သင်တန်းတွေဖွင့်လှစ်ထားလျက်ရှိပြီး GED Exam Booking Service ပြုလုပ်ပေးလျက်ရှိတဲ့ SWJ ဟာ အခုဆိုရင် GED Official အသိအမှတ်ပြု Local Service Provider ဖြစ်လာပါပြီ 🤩👏

Local Service Provider ဖြစ်လာတဲ့အတွက်
☆ ကျောင်းသားတွေရဲ့ data တွေကို အရင်ကထက်ပိုပြီး process အစကနေ အဆုံးအထိ သေချာစွာလုံခြုံမှုပေးနိုင်ခြင်း၊
☆ scammer တွေ အန္တရာယ်ကနေ ကာကွယ်နိုင်ခြင်း၊
☆ အာမခံချက်မရှိသော page များ၊ Channel များ၌ ဖြစ်လာနိုင်သော ပြသနာများကိုကြိုတင်ကာကွယ်နိုင်ခြင်း။
☆ ပြဿနာတစုံတရာရှိလာလျှင် အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းပေးနိုင်ခြင်း 
စတဲ့ အရာတွေကို ပိုမိုကောင်းမွန်စွာ ပြုလုပ်လာနိုင်တော့မှာပဲဖြစ်ပါတယ်။ 

ဒါကြောင့် GED နဲ့ပတ်သက်ပြီး Exam Booking ပြုလုပ်ဖို့ ယုံကြည်စိတ်ချရတဲ့ Service ရယူလိုပါက SWJ သို့ အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ..🤗

#StudyWithJohn 
#SWJ #GED
#GEDServiceProvider

Study with John

06 Dec, 12:48


သင့်အတွက် Challenging ဖြစ်တဲ့ GED Subject တစ်ခုက…?

React လေးနှိပ်ပြီး ဖြေခဲ့ကြနော်🤩

#studywithjohn #GED

Study with John

04 Dec, 12:07


ဒီတစ်ခေါက် Batch ပြီးရင် ဒီတစ်နှစ်အတွက် ထပ်မဖွင့်တော့ပါဘူး❗️

Dec 8 ရက်နေ့မှာစမဲ့ GED Intensive Class - Batch 17 ဟာ ၂၀၂၄ အတွက် SWJ ရဲ့ နောက်ဆုံး GED Class ဖြစ်လို့ နှစ်မကုန်ခင် စာအသေအချာလုပ်ဖို့လိုနေတဲ့သူလေးတွေက ဒီ Batch ကို သေချာပေါက် join သင့်ပါတယ်နော် 🧐

ဒီတစ်Batchပြီးရင်တော့ ဖွင့်ပါဖွင့်ပါလို့တောင်းဆိုရင်တောင် မဖွင့်တော့ပါဘူး။ ၂၀၂၅ ဇန်နဝါရီလမှာမှသာ အတန်းတွေပြန်ဖွင့်မှာနော်🤭

ဒါကြောင့်

GED Subject လေးဘာသာလုံးကိုပဲ အားမရဖြစ်နေသလား❓️
စိတ်တိုင်းကျစာမပိုင်သေးဘူးလို့တွေးနေတဲ့ဘာသာရပ်တစ်ခုပဲရှိနေလား❓️

တစ်ဘာသာချင်းပဲယူယူ ဘာသာစုံပဲတက်တက် GED Exam နဲ့ပတ်သက်တဲ့ Stress တွေကို လုံးဝလျော့နည်းစေပြီး Exam အတွက် ယုံကြည်မှုတွေပိုမိုရရှိလာစေမဲ့ အတန်းလေးပဲဖြစ်လို့ အတန်းမစခင် အခုပဲ page cb မှာ လာရောက်စာရင်းသွင်းအပ်နှံလိုက်တော့နော် 🤩✨️

*GED Intensive Class - Batch 17 အကြောင်း အသေးစိတ်ကို comment က link ကနေတစ်ဆင့်ဝင်ကြည့်နိုင်ပါတယ်။*

#StudyWithJohn #GED
#GEDIntensiveClass #Batch17 

Study with John

03 Dec, 13:12


Duolingo လေ့လာနေသူတွေအတွက် အသုံးဝင်မဲ့ Self-study Resources 📚

Study Abroad ပြုလုပ်လိုသူတွေအတွက် English proficiency test ဆိုတာ မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ English Proficiency Test တွေအမျိုးမျိုးရှိတဲ့အထဲမှာမှ Duolingo ဖြေဖို့ ပြင်ဆင်နေတဲ့သူတွေအတွက် Self-Study လုပ်နိုင်ဖို့ရာ YouTube Channel Resources လေးတွေကို မျှဝေပေးလိုက်ပါတယ်။

1. Teacher Luke - Duolingo English Test

https://www.youtube.com/@TeacherLuke-DET

Duolingo ဖြေဆိုမဲ့သူတော်တော်များများ Teacher Luke ကို မသိသူမရှိကြလောက်ပါဘူး။ အလွန်အသုံးဝင်ပြီး essential tips တွေကို sharing လုပ်ပေးတဲ့ Channel ဖြစ်ပါတယ်။ Test ဖြေဆိုချိန် ဆောင်ရန်ရှောင်ရန်လေးတွေကအစ စနစ်တကျလေးရှင်းပြပေးထားပါတယ်။

2. Duolingo English Test

https://www.youtube.com/@DuolingoEnglishTest

ဒီ channel မှာတော့ Duolingo နဲ့ပတ်သက်တဲ့ English Skills အပြင် Test Tips, Question types စတဲ့ Knowledge Sharing ပိုင်းတွေပါ လေ့လာနိုင်ပါတယ်။

3. DET Help

https://m.youtube.com/@DEThelp/videos

ဒီ channel မှာဆိုရင် Duolingo English 4 Skills အပြင် အမှတ်ပေးစည်းမျဥ်းတွေနဲ့ အမှတ်ယူနည်းတွေကိုပါ သေချာရှင်းပြပေးထားပါတယ်။

4. English Idea by Rim Alam

https://www.youtube.com/@englishideabyrimalam

ဒီ channel ကလည်း English 4 Skills အပြင် Native Speakers တွေနဲ့ speaking ပြောဆိုပုံကအစ ရှင်းပြပေးထားတာဖြစ်လို့ Duolingo ဖြေဆိုမဲ့သူများ ရွေးချယ်လေ့လာသင့်တဲ့ channel တစ်ခုဖြစ်ပါတယ်။

တကယ်ကိုအသုံးဝင်တဲ့ Channel တွေမို့ Duolingo လေ့လာနေတဲ့ သူတိုင်းအတွက် အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ Study Abroad ပြုလုပ်လိုတဲ့ကျောင်းသားတွေအတွက် ပညာသင်ဆုအခွင့်အလမ်းတွေ၊ Knowledge Sharing တွေ အမြဲမပြတ်မျှဝေပေးသွားမှာမို့လို့ Study with John page ကို Like & Follow လုပ်ပြီး စောင့်ကြည့်ပေးကြပါဦးနော် 🤩✨️

#StudyWithJohn #Duolingo #SelfStudy #Resources #YouTube

Study with John

02 Dec, 12:18


Math One on one student လေးရဲ့ GED Math ရမှတ်ဖြစ်ပါတယ်။

Congratulationsပါ ရှေ့ဆက် အနာဂတ်ပညာရေးလမ်းကြောင်းမှာ ဒီ့ထက်မက အောင်မြင်မှုတွေရရှိပါစေလို့ Study with John Team က ဆုတောင်ပေးပါတယ်ခင်ဗျာ။
#studywithjohn #GEDSuccess #Score

Study with John

01 Dec, 12:49


GED အောင်လက်မှတ်နဲ့လျှောက်လို့ရတဲ့ Scholarship ပေါင်းချုပ် 💫


Study with John က မြန်မာကျောင်းသားတွေလျှောက်လို့ရတဲ့ Scholarship Opportunities တွေ မျှဝေပေးလာတာလည်းကြာပြီဖြစ်တဲ့အပြင် နောက်ထပ် Academic Year တစ်ခုလည်းစတင်တော့မှာဖြစ်လို့ GED ဖြေဆိုအောင်မြင်ထားတဲ့ ကျောင်းသားတွေအနေနဲ့ GED အောင်လက်မှတ်ကိုလက်ခံတဲ့ Scholarship တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

အများစုက ထိုင်းကျောင်းတွေဖြစ်လို့ ထိုင်းမဟုတ်ဘဲ တခြားနိုင်ငံက Scholarship တွေကို စိတ်ဝင်စားတယ်ဆိုရင်လည်း ဘယ်နိုင်ငံက Scholarship တွေအကြောင်း မျှဝေပေးစေချင်လဲဆိုတာ Comment မှာ ပြောခဲ့ပါဦးနော် 🤩❤️

Asia Pacific University Ritsumeikan
https://www.facebook.com/share/p/17rVFiKkpP/ 

KMUTT - MIS Scholarship 
https://www.facebook.com/share/p/12BEsqsrR3G/

Chulalongkorn University - ISE Scholarship 
https://www.facebook.com/share/p/1HGnJGZwJb/

Thammasat University - TISR Scholarship 
https://www.facebook.com/share/p/1ETCiV88HB/ 

SUNY Korea Scholarship 
https://www.facebook.com/share/p/19ThbJ9FhR/ 

SUT Royal Scholarship 
https://www.facebook.com/share/p/1DTKEheuhm/ 

UTCC - ASEAN Full Grant Scholarship 
https://www.facebook.com/share/p/12CnSr8CnS2/

Fairleigh Dickinson University - Partial Scholarship (U.S)
https://www.facebook.com/share/p/15diVb4Npt/

iTIM Scholarship 
https://www.facebook.com/share/p/15YcbHJphN/

Kasetsart University Sriracha Scholarship 
https://www.facebook.com/share/p/14dpAr4c7i/

King Mongkut's Institute of Technology Ladkrabang 
https://www.facebook.com/share/p/1AaCXjxBUK/ 

#StudyWithJohn #Scholarship 
#ScholarshipOpportunities 

Study with John

29 Nov, 13:12


💅🏻

Study with John

27 Nov, 13:11


Personal Tutoring အနေနဲ့စတင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ Study with John pageလေး 2024 November လမှာ (၃)နှစ်တိုင်ခဲ့ပါပြီ 🤩✨️

စတင်ခဲ့ချိန်ကနေ အခုချိန်ထိ GED သင်တန်းသားပေါင်း (၉၀၀) ကျော်အပါအဝင်၊ Webinar, Knowledge Sharing Session တွေမှတစ်ဆင့်လည်း ကျောင်းသားပေါင်းများစွာအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေမျှဝေပေးနိုင်ခဲ့ပါတယ်။ 

ကျောင်းသားတွေနဲ့မိဘတွေရဲ့ ယုံကြည်အားပေးမှုကြောင့်လည်း Personally စတင်ခဲ့ရာကနေ အခုဆို SWJ Organization အဖြစ် ရောက်ရှိလာခဲ့တဲ့အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ။ 

ဒီ (၃) နှစ်တာအတွင်း SWJ ရဲ့ Achievement တစ်ခုစီတိုင်းကို မှတ်တမ်းတင်ထားရင်း လာမယ့်အချိန်ကာလ၊ နှစ်ပေါင်းများစွာအတွက် မြန်မာနိုင်ငံကလူငယ်တွေရဲ့ ပညာရေးလမ်းကြောင်းမှာ တစ်ထောင့်တစ်နေရာကအထောက်အကူပြုနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။

SWJ ရဲ့ Instructorများ၊ Team Member တစ်ယောက်ချင်းစီတိုင်းနဲ့ စိတ်ချယုံကြည်စွာလာရောက်အပ်နှံသူ ကျောင်းသားကျောင်းသူတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့

(၃)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အကူအညီဖြစ်ခွင့်ရစေဖို့ ဆန္ဒပြုပါတယ်ခင်ဗျာ ❤️✨️

#StudyWithJohn #3rdAnniversary

Study with John

27 Nov, 04:04


December 8ရက်နေ့မှ ဖွင့်လှစ်မဲ့ GED Intensive Batch17အတွက် စာရင်းပေးပြီးပြီလား⁉️

https://www.facebook.com/share/p/fUhmjByweJPvYiEL/?mibextid=WC7FNe

Study with John

25 Nov, 14:32


SWJ ရဲ့ SAT Class ကျောင်းသူလေး ပြောပြတဲ့ Class Feedback 💭 SAT သင်တန်းများ စုံစမ်းလိုပါက Page Messenger ကနေတဆင့်မေးမြန်းနိုင်ပါတယ်ခင်ဗျ။
#studywithjohn #SAT #feedback

Study with John

22 Nov, 15:15


Vocabတွေအားလုံးရှာနိုင်ရင် ဆရာကြီးပဲနော်🤩

Study with John

20 Nov, 13:13


နိုင်ငံခြားမှာကျောင်းတက်ဖို့ GED အောင်လက်မှတ် မဖြစ်မနေပြဖို့လိုအပ်နေလား❓️

သိပ်မကြာခင်မှာ 2025-2026 Academic Year အတွက် Admission တွေစခေါ်တော့မှာဖြစ်လို့ High School ပြီးမြောက်ကြောင်း Certificate တစ်ခုအနေနဲ့ GED ဖြေဆိုဖို့ပြင်ဆင်ထားသူတွေအတွက် SWJ မှ အတွေ့အကြုံရှိ Instructor တွေကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမဲ့ GED Intensive Class - Batch 17 ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ 

ဘယ်သူတွေတက်ရောက်သင့်လဲ??
☆ GED ကို self-study ပြုလုပ်ထားသူဖြစ်စေ၊ သင်တန်းတက်ရောက်ပြီး လေ့လာထားသူဖြစ်စေ Exam ဖြေဆိုဖို့ မဝံ့မရဲဖြစ်ပြီးယုံကြည်ချက်အားနည်းနေသူတွေအတွက် အချိန်တိုအတွင်းထိထိရောက်ရောက်လေ့ကျင့်ပြင်ဆင်ပေးမဲ့ SWJ ရဲ့ GED Intensive Class ကိုတက်ရောက်ဖို့ အထူးသင့်လျော်ပါတယ်။ 

ဘာတွေသင်ကြားပေးမှာလဲ??

✅️ Test Taking Strategies,
✅️ Question Analysing Tips and Tricks,
✅️ Exam Format, 
✅️ Practice Tests တွေအပါအဝင်
✅️ Flashcards တွေနဲ့ပါ ပိုမိုမှတ်မိစေဖို့ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး တကယ့်စာမေးပွဲမှာ မေးလေ့ရှိတဲ့ Question Types တွေနဲ့ အနီးစပ်ဆုံးတူတဲ့ ပုံစံတူမေးခွန်းတွေနဲ့ပါ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။ ဒါကြောင့် စာမေးပွဲအတွက် များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။

GED ကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ထားတဲ့အခါ 

︎ မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်ပြည့်မီပြီး လွယ်လွယ်ကူကူဝင်ရောက်နိုင်ခြင်းအပြင်
︎ မိမိရဲ့ GED High Score အလိုက် Scholarship လည်း လျှောက်ထားနိုင်ပါသေးတယ်။ 

ကိုယ်တိုင် GED ဖြေဆိုဖူးထားပြီး Teaching Experience အပြည့်ရှိတဲ့ Instructor တွေကိုယ်တိုင် လူဦးရေအကန့်အသတ်နဲ့လေ့ကျင့်သင်ကြားပေးတာဖြစ်လို့ GED Exam Stress တွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ 

Batch - 17 အတွက် သင်ကြားပေးမဲ့ Instructor profile တွေနဲ့ သင်တန်းအချိန်ဇယားအသေးစိတ်ကို ပုံမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇

သင်တန်းအပ်နှံလိုပါက Page cb မှာ GED - B17 လို့ စာရိုက်ပို့လိုက်ရုံပါပဲ 🤩📲

ထပ်မံပြီးသိရှိလိုပါက Page Messenger နှင့် Viber နံပါတ် +959 452 022 110 ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။


#StudyWithJohn #SWJ #GED
#GEDExam #IntensiveClass #Batch17

Study with John

19 Nov, 15:03


SAT ကျောင်းသားတိုင်းအတွက် Essential Tips & Tricks 💯


SAT ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတိုင်းအတွက် အသုံးဝင်ပြီးအထောက်အကူဖြစ်တဲ့ SAT Tips & Tricks လေးတွေကို sharing လုပ်ပေးလိုက်ပါတယ်။

◇ SAT Structure ကို သေချာနားလည်နေပါစေ။
အခြေခံအကျဆုံးနဲ့ အရေးလည်းကြီးတဲ့ ပထမဆုံးတစ်ချက်က SAT Exam Structure ကို သေချာလေးနားလည်သိရှိထားဖို့လိုပါတယ်။ ဘယ်အပိုင်းတွေဖြေဆိုရမလဲ၊ ကြာချိန်ဘယ်လောက်လဲဆိုတာမျိုးက စလို့ ဘယ်လိုမေးခွန်း type တွေပါတတ်သလဲဆိုတာမျိုးကိုပါလေ့လာထားသင့်ပါတယ်။ ဒါမှသာ ကိုယ်လေ့လာရမဲ့အပိုင်းအားလုံးကို ခြုံငုံမိနိုင်ပါလိမ့်မယ်။ 

◇ Study Plan တစ်ခု ထားပါ။
အချိန်ဇယားအတိအကျနဲ့ မိမိလေ့လာမဲ့ section တစ်ခုစီအလိုက် plan အသေးစိတ်ပြင်ဆင်ထားသင့်ပါတယ်။ တစ်ပတ်အတွင်း topic ၃ ခုပြီးအောင်လေ့လာမယ်၊ တစ်နေ့ (၄) နာရီစာလုပ်မယ် စတဲ့ goal set သေးသေးလေးတွေကအစပါတဲ့ study plan တစ်ခုပြုလုပ်ထားတာက ကိုယ့်ရဲ့ progress ကို သိသာစေပါလိမ့်မယ်။ 

◇ Practice Test တွေ တတ်နိုင်သမျှများများ ဖြေဆိုလေ့ကျင့်ပါ။ 
Official SAT Practice Test တွေ များများဖြေဆိုကြည့်တာက real exam အတွေ့အကြုံကိုရရှိစေပြီး ကိုယ့်ရဲ့အားနည်းတဲ့အပိုင်းတွေကိုလည်း သိသာစေပါတယ်။ မိမိအားနည်းတဲ့အပိုင်းတွေကို focus သေချာလုပ်ပြီး improve ဖြစ်ဖို့ အမှားတွေကို အပြန်ပြန်အလှန်လှန် review လုပ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဘာလို့ ဒီမေးခွန်းကို မှားသွားရသလဲဆိုတဲ့အကြောင်းအရင်းကိုပါ ရှာတွေ့နိုင်ပါတယ်။ 

◇ Vocabulary ကြွယ်ဝအောင်လုပ်ပါ။
တွေ့သမျှစကားလုံးတိုင်း ကျက်နေ၊ မှတ်နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ SAT မှာက Eng တင်မက Math မှာလည်း Engလိုပဲဖြေဆိုရတာဖြစ်လို့ တချို့စကားလုံးတွေရဲ့အဓိပ္ပါယ်ကိုမသိရင်၊ မသဲမကွဲဖြစ်နေရင် အဖြေမှန်ရဖို့ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် Practice Test ထဲမှာတွေ့ရတတ်တဲ့ ကိုယ်မသိတဲ့စကားလုံးတွေ၊ SAT Essential Vocabs ဆိုတာမျိုးတွေကို အချိန်ပေးပြီးလေ့လာမှတ်သားထားဖို့အကြံပေးချင်ပါတယ်။ 

◇ တစိုက်မတ်မတ်လေ့လာပါ။ 
Exam ဖြေဆိုဖို့ဆုံးဖြတ်ပြီးချိန်ကစပြီး လိုချင်တဲ့ Score ရဖို့ရည်ရွယ်ထားသည်အထိ အမှန်တကယ်ရရှိအောင် တစိုက်မတ်မတ်လေ့လာသင့်ပါတယ်။ Study goal တွေချထားတယ်၊ လိုက်မလုပ်ဖြစ်ဘူး။ Resources တွေစုထားတယ်၊ စုထားတဲ့အတိုင်းပဲထားဖြစ်လိုက်တယ်။ ဒါမျိုးက ကျောင်းသားတိုင်းနဲ့မစိမ်းတဲ့အရာမို့လို့ ကိုယ်က တစိုက်မတ်မတ်လေ့လာပြီး motivation ကို ထိန်းသိမ်းထားမှသာ လိုချင်တဲ့ပန်းတိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်။ 

ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပြီး SATVExam မှာ အကောင်းဆုံး result ရရှိစေဖို့ ဒီအချက်တွေကအထောက်ကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဘယ်လောက်ပဲစာလုပ်လုပ် ကိုယ့်ဘာသာအားမရဖြစ်နေသူတွေအနေနဲ့ Personalized Teaching Method နဲ့ အကောင်းဆုံးကူညီသင်ကြားပေးမဲ့ ဆရာတစ်ယောက်ကို အလိုရှိတယ်ဆိုရင်တော့ Study with John ရဲ့ SAT Exam Ready Class တွေရှိတဲ့အကြောင်းလည်း တခါတည်းသတင်းကောင်းပါးလိုက်ပါတယ်နော် 🥰✨️

#StudyWithJohn #SATexam
#TipsandTricks #SATstudents

Study with John

18 Nov, 13:45


SWJမှာ GED Preparation class အပြင် One on one guide classရော တက်ခဲ့တဲ့ ကျောင်းသူလေးရဲ့ Feedback လေးဖြစ်ပါတယ်ဗျ🩷

GED အတန်းတွေစုံစမ်းလိုပါက Page Messenger ကတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#studywithjohn #GED

Study with John

17 Nov, 13:36


UK ကျောင်းတွေဆီ အလည်တစ်ခေါက် 🇬🇧


UK education system ဟာ ကမ္ဘာ့အကောင်းဆုံးပညာရေးစနစ်တွေထဲကတစ်ခုဖြစ်လို့ အနောက်နိုင်ငံတွေဘက်ကိုခြေဆန့်ပြီး ကျောင်းတက်ဖို့ပြင်ချင်တဲ့သူတွေအတွက် Study With John ကနေ University တစ်ခုအကြောင်းကို မျှဝေပေးချင်ပါတယ်။ 

Lancaster University 

England နိုင်ငံရဲ့ Vibrant Student City လို့ပင် ခေါ်ကြတဲ့ Lancaster မြို့မှာတည်ရှိပြီး UK ရဲ့ Top Universities တွေထဲက တစ်ခုဖြစ်ပါတယ်။ QS World University Rankings 2025 မှာ 141 နေရာမှာရှိနေပြီး UK နိုင်ငံတွင်း Top 10 နေရာမှာရှိနေတဲ့ တက္ကသိုလ်တစ်ခုပါ။ 

Academic Reputation ကောင်းမွန်ပြီး ဘွဲ့ရပြီးအလုပ်အကိုင်ရရှိမှုမြင့်မားတဲ့ တက္ကသိုလ်တစ်ခုဖြစ်တာကြောင့်လည်း နိုင်ငံတကာကျောင်းသားတွေ အတက်များကြပါတယ်။ 

🏅 Business and Management Studies 
🏅 Social Sciences 
🏅 Art and Humanities 
🏅 Environment Science 
🏅 Computer Science and Engineering 
စတဲ့ ဘာသာရပ်ပရိုဂရမ်တွေဟာ Lancaster University ရဲ့ အကောင်းဆုံးပရိုဂရမ်တွေဖြစ်ပြီး globally subject ranking လည်း ကောင်းမွန်တဲ့ပရိုဂရမ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ဘွဲ့ကြို၊ ဘွဲလွန်နဲ့ ဒေါက်တာဘွဲ့တွေအတွက် အခြားပရိုဂရမ်ပေါင်းများစွာလည်း သင်ကြားပေးလျက်ရှိပါတယ်။ 

Tuition Fees တွေအနေနဲ့ Program တစ်ခုချင်းစီအလိုက် မတူညီပေမဲ့ ပျမ်းမျှ £15,000-£23,000 ဝန်းကျင်ခန့်ရှိပါတယ်။ International Students တွေအတွက်သီးသန့်ပေးအပ်တဲ့ Partial Scholarship တွေလည်းရှိလို့ Scholarship ရရင်တော့ tuition fees က ဒီထက်နည်းနိုင်ပါသေးတယ်။ 

First year ကျောင်းသားတွေအတွက် On-Campus Accommodation တွေလည်းစီစဥ်ပေးထားပါတယ်။ Living expenses အနေနဲ့ ကျောင်းသားတစ်ယောက်ကို တစ်လ £1,000 ဝန်းကျင်ခန့်ကုန်ကျနိုင်ပေမဲ့ London တို့လိုမြို့ကြီးတွေနဲ့စာရင် အတော်လေး affordable ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ 

Lancaster University ကို ဝင်ခွင့်ရဖို့ Admission Requirements တွေအနေနဲ့ကတော့
⭐️ High School Certificate with strong grades
⭐️ English Proficiency 
⭐️ Personal Statement 
⭐️ Recommendation Letters စတာတွေလိုအပ်ပြီး UCAS (the UK’s centralized university application system) က တစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ 

ကျောင်းအကြောင်းအသေးစိတ်ကို ဒီလင့်ခ်ကတစ်ဆင့်ဝင်ရောက်ကြည့်နိုင်ပါတယ် 👇
http://www.lancaster.ac.uk/ 

Admission အတွက် ထပ်မံသိလိုရင်တော့ email ပိုပြီး စုံစမ်းကြည့်နိုင်ပါတယ်။
[email protected] 

Lancaster မြို့လေးက ယဥ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့မြို့လေးဖြစ်ပြီး Lancaster University ဟာလည်း UKတွင်းရော Worldwide မှာပါ Ranking ကောင်းတဲ့တက္ကသိုလ်တစ်ခုဖြစ်လို့ အနောက်နိုင်ငံတွေမှာ အခြေချဖို့စိတ်ကူးထားတဲ့သူတွေဆိုစင် ထည့်သွင်းစဥ်းစားသင့်တဲ့ တက္ကသိုလ်တစ်ခုလို့ အကြံပြုချင်ပါတယ်။ 

Asia က ထိပ်တန်းတက္ကသိုလ်တွေအပါအဝင် ကမ္ဘာတစ်ဝှမ်းက မြန်မာတွေလျှောက်လို့ရတဲ့ Scholarship Opportunities တွေ၊ University Sharing တွေကို အပတ်တိုင်းမျှဝေပေးသွားမှာဖြစ်လို့ Study with John page ကို Like & Follow လုပ်ပြီး စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်နော် 🥰✨️

#StudyWithJohn #StudyInUK
#UniversitySharing #LancasterUniversity
#UK #Lancaster 

Study with John

12 Nov, 14:36


Duolingo English Test (DET) ဆိုတာ IELTS, TOEFL တို့လိုပဲ English Standardized Test တစ်ခုဖြစ်ပြီး Covid-19 နောက်ပိုင်း ကျောင်းသားလူငယ်တွေကြား မသိသူမရှိလောက်အောင် နာမည်ရလာတဲ့ test တစ်ခုလည်းဖြစ်ပါတယ်။ 

DET စတင်ခဲ့ကတည်းက Internet-based Test တစ်ခုအနေနဲ့စခဲ့ပြီး affordable & flexible ဖြစ်လို့လည်း ဖြေဆိုသူ ကျောင်းသားအများစုရှိခဲ့ပါတယ်။ 

Covid-19 ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ DET ကို နိုင်ငံတကာမှာဖြေဆိုသူများပြားလာရုံတင်မကဘဲ မြန်မာကျောင်းသားတွေလည်း အတော်များများဖြေဆိုလာကြပါတယ်။ 

ဒါကြောင့် Duolingo ဖြေဆိုဖို့စိတ်ကူးထားသူကျောင်းသားတွေအတွက် DET ရဲ့ အားသာချက်၊ အားနည်းချက်လေးတွေကို Study with John မှ အတွေ့အကြုံပေါ်မူတည်ပြီး မျှဝေပေးလိုက်ပါတယ်။ 

DET ရဲ့ အားသာချက်တွေက..❓️

🔼 Convenience & Flexibility
Internet နဲ့ Laptop ရှိရင် ဘယ်နေရာကမဆိုဖြေဆိုလို့ရနိုင်ပြီး မိမိအဆင်ပြေတဲ့အချိန်ကို ရွေးချယ်ဖြေဆိုနိုင်တာက DET ရဲ့အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ Test Center တွေမှာ သွားရောက်ဖြေဆိုစရာမလိုတဲ့အတွက် Transportation အတွက် အချိန်ကုန်လည်းသက်သာစေပါတယ်။

🔼 Affordability 
DET ရဲ့ အသိသာဆုံးအားသာချက်နောက်တစ်ခုကတော့ test fees သက်သာတာပဲဖြစ်ပါတယ်။ Standardized Test တစ်ခုဖြစ်ပေမဲ့ တခြား IELTS, TOEFL တို့နဲ့ယှဥ်လိုက်ရင် အတော်လေးသက်သာပါတယ်။ DET fees ဟာ $65 သာ ကျသင့်တာဖြစ်လို့ ကျောင်းသားအားလုံးနီးပါးအတွက် affordable price တစ်ခုလို့ဆိုနိုင်ပါတယ်။ April 2024 မတိုင်ခင်ကဆို exam fees ဟာ $49 ပဲ ကျသင့်ခဲ့တာဖြစ်ပါတယ်။

🔼 Quick Results
DET Result ဟာ မိမိ exam ဖြေဆိုပြီး ၄၈ နာရီအကြာမှာပဲ Official Result ရရှိတာဖြစ်လို့ Test Result အမြန်ပြဖို့ အလျင်လိုနေသူတွေအတွက် အားသာချက်ကောင်းတစ်ခုပါပဲ။ ဒီထက်စောပြီး ဖြေဆိုအပြီး ၁၂ နာရီအတွင်းရရှိလိုတယ်ဆိုရင်တော့ နောက်ထပ် $40 ထပ်မံပေးဆောင်ရပါတယ်။ 

🔼 Integrated Skills Assessment
DET Test ဟာ အချိန် တစ်နာရီအတွင်း Reading, Writing, Speaking, Listening 4 skills လုံးကို ဖြေဆိုရတဲ့ Single Test Format ဖြစ်လို့ အချိန်ကုန်သက်သာစေပါတယ်။ 

ဒီလိုကောင်းကျိုးတွေရှိသလို တစ်ဖက်မှာလည်း အားနည်းချက်လေးတွေရယ်လို့ ရှိပါသေးတယ်။ 

DET ရဲ့ အားနည်းချက်တွေက ဘာဖြစ်မလဲ❓️

🔻 Limited Acceptance
Harvard, Stanford, MIT စတဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တချို့ရဲ့ Undergraduate Admission တွေအတွက် DET Result ကို လက်ခံကြပေမဲ့လည်း အခုထိတော့ လက်ခံတဲ့တက္ကသိုလ်အရေအတွက်က limit ဖြစ်နေတုန်းပါပဲ။ တချို့တက္ကသိုလ်တွေမှာဆို program တိုင်းအတွက်တောင် DET Result ကို လက်ခံ မခံ ရှိတတ်ကြတာဖြစ်လို့ ကိုယ်က DET ဖြေပြီး ကျောင်းလျှောက်ဖို့လုပ်ထားရင် မဖြေဆိုခင် ကိုယ်တက်ချင်တဲ့ကျောင်း၊ program က DET Result ကို လက်ခံလားဆိုတာ အရင်ဆုံးစုံစမ်းထားဖို့ အကြံပြုချင်ပါတယ်။ 

🔻 Less Familiar Format
DET Test ဟာ အချိန်တစ်နာရီအတွင်း 4 Skills လုံးကို စစ်တာဖြစ်တဲ့အပြင် တချို့ question type တွေဟာ ပုံမှန်မြင်တွေ့နေကျ exam format တွေနဲ့ ကွဲပြားတာတွေရှိလို့ ကိုယ်က စာရရုံ၊ English ကို level တစ်ခုထိကျွမ်းကျင်ထားရုံနဲ့ အလျင်အမြန်ဖြေဆိုလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ DET Score မှာ မှန်းထားသလောက်မရတာမျိုးတွေဖြစ်တတ်လို့ သတိထားဖို့လိုပါမယ်။ 

🔻 Self-Administered Test Environment
ကျောင်းသားတိုင်းအတွက် အားနည်းချက်လို့ဆိုလို့မရနိုင်ပေမဲ့ DET Test ဟာ ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးနဲ့ဖြေဆိုလို့ရနိုင်တာဖြစ်လို့ တချို့ကျောင်းသားတွေမှာ မထင်မှတ်ထားတဲ့ technical issues လေးတွေလည်းရှိတတ်ပါတယ်။ ပတ်ဝန်းကျင်အသံဆူတာမျိုး၊ ကင်မရာမှုံဝါးဝါးဖြစ်ပြီး အလင်းရောင်ကောင်းစွာမရတဲ့အခါမျိုး၊ typing မကျွမ်းကျင်လို့ keyboard ကိုအားစိုက်လိုက်ရတဲ့အခါမျိုးတွေမှာ DET ဘက်က မသင်္ကာမှုနဲ့ Test Result မထုတ်ပေးဘဲ uncertified ဖြစ်တာမျိုးတွေ ကြုံရလေ့ရှိတတ်ပါတယ်။ 

🔻 Lack of Extensive Practice Materials
DET ကို Self-study လုပ်ပြီးလေ့လာဖြေဆိုလိုတဲ့ကျောင်းသားတွေအတွက် Resources က လုံလုံလောက်လောက်ရှိတယ်ဆိုပေမဲ့ IELTS, TOEFL တို့နဲ့ယှဥ်ရင်တော့ Practice Materials တွေ အတော်လေးနည်းတယ်လို့ဆိုလို့ရနိုင်ပါတယ်။ DET ဖြေဆိုတဲ့ကျောင်းသားအများစုက DET Ready ရဲ့ Founder ဖြစ်သူ Tr.Luke ရဲ့ instructions တွေလေ့လာရုံနဲ့ ရတယ်လို့ဆိုကြပေမဲ့လည်း practice များများလုပ်ရတာသဘောကျတဲ့ကျောင်းသားတွေအတွက်တော့ Materials တွေ ရှာရခက်နေတုန်းပါပဲ။ 

ဘယ်အရာမှာမဆို အကောင်းနဲ့အဆိုးက ဒွန်တွဲရှိနေတာဖြစ်လို့ ကိုယ့်အတွက် အားသာချက်ပိုများတယ်ဆို DET ဟာ ဖြေလို့သင့်တဲ့ test တစ်ခုဖြစ်တယ်လို့ personally အရ အကြံပြုချင်ပါတယ်။ 

DET ဖြေဆိုထားသူတွေအနေနဲ့လည်း ဘယ်လိုအားသာချက်တွေရခဲ့ပြီး ဘယ်လိုအခက်အခဲတွေကြုံတွေ့ရတယ်ဆိုတာ အခုမှစလေ့လာမဲ့သူတွေအတွက် comment မှာ မျှဝေပေးသွားနိုင်ပါတယ် 🤩👇

Study with John

12 Nov, 14:36


သိပ်မကြာခင် SWJ မှာလည်း Duolingo ကျောင်းသားတွေအတွက် အထူးအစီအစဥ်တွေလာဖို့ရှိလို့ Pageကို Like & Follow လုပ်ပြီး စောင့်ကြည့်ပါဦးနော် 🤗

#StudyWithJohn #Duolingo 
#Strengths #Weakness #DET 

Study with John

11 Nov, 13:40


Student’s feedback: Swj One on one ကျောင်းသူလေးတစ်ဦးရဲ့ class feedback လေးဖြစ်ပါတယ်။GED လမ်းကြောင်းကိုအအောင်မြင်ဆုံးနဲ့ အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျ။

GED One on one class များစုံစမ်းလိုပါက Page Cb မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#studywithjohn #GED #studentfeedback

Study with John

10 Nov, 15:36


January Intake အမီ လျှောက်လို့ရတဲ့ ထိုင်းတက္ကသိုလ်များ 🇹🇭


ထိုင်းနိုင်ငံက တက္ကသိုလ်တွေရဲ့ Undergraduate Program တွေဟာ August Intake မှာ စကြတာဖြစ်ပါတယ်။ တချို့တက္ကသိုလ်တွေဟာ Academic Year တစ်ခုမှာ Intake တစ်ခုပဲဖွင့်လေ့ရှိပြီး တချို့တက္ကသိုလ်တွေကတော့ Intake နှစ်ခု၊ သုံးခုဖွင့်လေ့လည်းရှိကြပါတယ်။ 

ဒီထဲကမှ အခုလာမယ့် January Intake မှာတက်ရောက်ဖို့ လျှောက်ထားလို့ရတဲ့ တက္ကသိုလ်တွေကို မျှဝေပေးလိုက်ပါတယ်။ January Intake က တက္ကသိုလ်တိုင်းမဖွင့်သလို ဖွင့်တဲ့တက္ကသိုလ်တွေမှာလည်း August Intake လောက် Major မစုံတာဖြစ်လို့ ကိုယ်စိတ်ဝင်စားတဲ့မေဂျာ ပါလား မပါလားဆိုတာကိုတော့ မလျှောက်ခင် သေချာလေးစုံစမ်းကြည့်ဖို့အကြံပြုလိုပါတယ်။ 

🔰 Rangsit University (RSU)
မြန်မာကျောင်းသားတွေကြား နာမည်ရတဲ့တက္ကသိုလ်တစ်ခုဖြစ်ပြီး International Students တွေကို welcome ဖြစ်တဲ့ Rangsit University က January Intake အတွက် Admission ခေါ်ယူနေပြီဖြစ်ပါတယ်။ Late Registration အနေနဲ့ Dec 18 ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။ 

တက်ရောက်နိုင်တဲ့ ပရိုဂရမ်တွေအကြောင်းအသေးစိတ်ကို Official Website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
👉 https://www.rsuip.org/programmes/undergraduate/ 

🔰 Bangkok University International (BUI)

Creative University လို့နာမည်ကြီးပြီး Modern Building တွေနဲ့ Campus လှလှလေးတွေလည်းရှိတဲ့ Bangkok University မှာလည်း Jan Intake အတွက် Admission လျှောက်ထားလို့ရပါတယ်။ BUမှာက တခြားတက္ကသိုလ်တွေထက် Jan Intake အတွက်လည်း ရွေးစရာ Major တွေ အနည်းငယ်ပိုများပါတယ်။ Dec 2nd week လောက်ထိ လျှောက်လို့ရတာဖြစ်လို့ အသေးစိတ်ကို Official Website မှာ ဝင်ယောက်ကြည့်ရှုနိုင်ပါတယ်။ 

👉 https://www.bu.ac.th/en/admission-info 

🔰 Asia-Pacific International University (APIU)

Teaching ပိုင်းမှာ နာမည်ကြီးတဲ့ APIU မှာလည်း Jan Intake အတွက် Admission လျှောက်မယ်ဆို December 2 ရက်နေ့ နောက်ဆုံးထားပြီးလျှောက်ထားနိုင်ပါတယ်။ Diverse Culture ဖြစ်တာကြောင့် International Students တွေကြား networking ကို ကောင်းကောင်းတည်ဆောက်နိုင်လို့ မြန်မာကျောင်းသားများလည်း တက်ရောက်သူများကြပါတယ်။ 

အသေးစိတ်ကို APIU ရဲ့ Official Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
👉 https://www.apiu.edu/ 

🔰 University of Thai Chamber Commerce (UTCC)

ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းကကြီးမှူးဖွင့်လှစ်ထားပြီး Business Program တွေနဲ့ပတ်သက်ရင် နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ UTCC မှာလည်း Jan Intake အတွက် Bachelor ရော Master Program တွေအတွက်ပါ Admission ခေါ်ယူနေပါတယ်။ December 15 ရက်နေ့အထိလျှောက်ထားနိုင်ပြီး Early bird discount တွေလည်းပေးထားသေးလို့ စိတ်ဝင်စားသူတွေအနေနဲ့ အောက်ကလင့်ခ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

👉 https://en.utcc.ac.th/ 

🔰 Assumption University 

Assumption University ဟာလည်း ထိုင်း Private University တွေထဲ နာမည်ကြီးကျောင်းတစ်ခုဖြစ်ပါတယ်။ AU ရဲ့ အဓိက Intake တွေကတော့ June နဲ့ November မှာဖြစ်ပေမဲ့ အခု Jan Intake အတွက်လည်း Program Admission ခေါ်ယူနေပါတယ်။ Business & Management Program က Assumption မှာ နာမည်အကြီးဆုံးဖြစ်ပေမဲ့လည်း တခြားရွေးချယ်စရာ Program တွေ အတော်များများရှိတာဖြစ်လို့ စိတ်ဝင်စားရင် December 27 ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။ 

👉 https://www.au.edu/ 

Scholarship အကြောင်းတွေ၊ Study Abroad ပြုလုပ်ချင်တဲ့သူတွေအတွက် information တွေကို အမြဲမျှဝေပေးနေတာဖြစ်လို့ Study with John page ကို Like & Follow လုပ်ထားပြီး စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်နော် 😍

#StudyWithJohn #StudyInThailand
#JanuaryIntake 

Study with John

09 Nov, 04:16


ဈေးကျတာစောင့်နေတဲ့သူတွေ အခုပဲလာဝယ်လို့ရပါပြီနော်
#GEDexam #dollarratetoday #GED #StudywithJohn

Study with John

04 Nov, 14:45


GED Intensive Batch-16 အတွက် စာရင်းပေးပြီးပြီလား❗️

လိုချင်တဲ့ Score ရဖို့ ဒီနှစ်မကုန်ခင်ပဲ သေသေချာချာပြင်ဆင်ပြီး စာမေးပွဲဖြေမယ်ဆိုတဲ့ ကျောင်းသားတိုင်းအတွက် ယုံကြည်မှုရှိရှိဖြေဆိုနိုင်ဖို့ SWJ ရဲ့ GED Intensive Class - Batch 16 ကို အခုပဲ အချိန်မီအပ်နှံလိုက်တော့နော်။ 

SWJ ရဲ့ အတွေ့အကြုံများစွာရှိပြီး High Score Achiever ပေါင်းများစွာကို မွေးထုတ်ပေးထားတဲ့ Instructor တွေကိုယ်တိုင် လူဦးရေအကန့်အသတ်နဲ့ပဲ ဖိဖိစီးစီးလေ့ကျင့်သင်ကြားပေးတာဖြစ်လို့ စာတကယ်လိုက်လုပ်ဖို့တော့ လိုအပ်ပါမယ်။ 

Course တစ်ခုလုံးစာမှ တစ်ဘာသာချင်းစီကို ၉၀,၀၀၀ ကျပ်ပဲဆိုတော့ တစ်ဘာသာချင်းပဲတက်တက်၊ ဘာသာစုံပဲယူယူ သင့်တင့်တဲ့ဈေးနှုန်းနဲ့ Premium Quality GED Class ကို ရရှိမှာဆိုတော့ GED ဖြေဖို့ အခုထိမဝံ့မရဲဖြစ်နေသေးတဲ့သူတွေအနေနဲ့ ဒီအတန်းကို ယုံယုံကြည်ကြည်သာ စိတ်ချအပ်နှံလိုက်တော့နော် 🤩✨️

GED Intensive Class - Batch 16 ကို အပ်နှံလိုပါက Page cb မှာ 'GED - B16' လို့ ရိုက်ပို့လိုက်ရုံပါပဲ 💬

"အမှန်တကယ်ကြိုးစားလိုစိတ်လေးသာ ပါလာခဲ့မယ်ဆိုရင် High Score ရရှိဖို့ SWJ မှ တာဝန်ယူလေ့ကျင့်ပေးလိုပါတယ်"

#StudyWithJohn #GED 
#GEDexam #GEDIntensiveClass

Study with John

31 Oct, 16:37


Study with John pinned «အချိန်တိုအတွင်း targeted score ရရှိဖို့ ထိရောက်တဲ့လေ့ကျင့်မှုပုံစံတွေနဲ့ ကျွမ်းကျင် Instructor တွေကိုယ်တိုင် ဂရုတစိုက်လေ့ကျင့်သင်ကြားပေးမဲ့ SWJ ရဲ့ GED Intensive Class - Batch 16 ကို လာမဲ့ နိုဝင်ဘာလ (10)ရက်နေ့မှာ ထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတယ် 🤩 SWJ ဟာ GED…»

Study with John

31 Oct, 16:37


အချိန်တိုအတွင်း targeted score ရရှိဖို့ ထိရောက်တဲ့လေ့ကျင့်မှုပုံစံတွေနဲ့ ကျွမ်းကျင် Instructor တွေကိုယ်တိုင် ဂရုတစိုက်လေ့ကျင့်သင်ကြားပေးမဲ့ SWJ ရဲ့ GED Intensive Class - Batch 16 ကို လာမဲ့ နိုဝင်ဘာလ (10)ရက်နေ့မှာ ထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတယ် 🤩

SWJ ဟာ GED ကျောင်းသားပေါင်း (၈၀၀) ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီဖြစ်ပြီး GED Intensive Class ဟာဆိုရင်လည်း ကျောင်းသားဟောင်းတိုင်းရဲ့ Review ကောင်းများစွာကြောင့် GEDကျောင်းသားများစွာ ရွေးချယ်ကြတဲ့ အတန်းလေးလည်းဖြစ်ပါတယ် 💯

🔺️ SWJ ရဲ့ GED Intensive Class ဆိုတာ❓️

︎ GED Exam အတွက် ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဘာသာရပ်အလိုက်ထူးချွန်တဲ့ SWJ ရဲ့ အရည်အချင်းပြည့် Instructor တွေကိုယ်တိုင် အနီးကပ်လေ့ကျင့်သင်ကြားပေးတဲ့ Intensive အတန်းတစ်ခုဖြစ်ပါတယ်။

🔺️ ဘယ်သူတွေတက်ရောက်သင့်လဲ

︎ GED ကို လေ့လာထားဖူးပေမဲ့ ဖြေဆိုဖို့မဝံ့မရဲဖြစ်နေသူတွေ၊
︎ Question Types တွေကို အကောင်းမွန်ဆုံးဘယ်လိုချဥ်းကပ်ဖြေဆိုရမလဲမသိသူတွေ၊
︎ ဘယ်လောက်လေ့ကျင့်ထားထား လုံလောက်တယ်လို့မခံစားရသူတွေ၊
︎ အချိန်(၂)လအတွင်း လိုချင်တဲ့ Score ရရှိလိုသူတွေအတွက် အထူးသင့်လျော်ပါတယ်။


🔺️ GED Intensive Class က ဘာတွေသင်ပေးမှာလဲ

✅️ Test Taking Strategies,
✅️ Question Analysing Tips and Tricks,
✅️ Exam Format, 
✅️ Practice Tests,
✅️ Flashcards တွေနဲ့ လေ့ကျင့်သင်ကြားပေးမှာဖြစ်တဲ့အပြင် ကျောင်းသားတစ်ဦးချင်းစီရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး Personalized Teaching Method များကိုအသုံးပြုပြီး ထိထိရောက်ရောက် လေ့ကျင့်ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

ကျောင်းသားတိုင်းရဲ့အောင်မြင်မှုပန်းတိုင်ကို ကူညီခေါ်ဆောင်သွားပေးမဲ့ SWJ ရဲ့ Instructor Profile တွေကိုလည်း ပိုစတာတစ်ပုံချင်းစီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 🤩👇

တစ်ဘာသာချင်းပဲတက်တက်၊ ဘာသာစုံပဲတက်တက် လိုချင်တဲ့ Score ရဖို့ ထိရောက်တဲ့လေ့ကျင့်မှုကို လိုအပ်နေပြီဆိုရင်တော့ Study with John ရဲ့ GED Intensive Class - Batch 16 ကို အခုပဲစာရင်းသွင်းအပ်နှံလိုက်တော့နော် 😉

❗️SWJ ရဲ့ GED အတန်းများကို လူဦးရေအကန့်အသတ်ဖြင့်သာ လေ့ကျင့်သင်ကြားပေးပါတယ်။❗️

အတန်းအကြောင်း ထပ်မံသိရှိလိုပါက Page Messenger နှင့် Viber နံပါတ် +959 452 022 110 ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

#StudyWithJohn #SWJ #GED
#GEDExam #IntensiveClass #Batch16 

Study with John

31 Oct, 14:23


Happy Halloweenပါ ကျောင်းသားတို့ရေ 🎃သရဲထက်ကြောက်ဖို့ကောင်းတာ စာမေးပွဲဖြစ်တာကြောင့် ထွေထွေထူးထူး ရင်ခုန်စိတ်လှုပ်ရှားမနေဘဲ စာလုပ်ပြီး စောစောအိပ်လိုက်ပါတော့နော်

Study with John

30 Oct, 12:56


GED မေးခွန်းပြောင်းတယ်ဆိုတာ..❓️


အခုရက်ပိုင်း SWJ ရဲ့ကျောင်းသားတွေအပါအဝင် GED ကျောင်းသားအများစု ဇဝေဇဝါဖြစ်နေကြတဲ့ GED မေးခွန်းပြောင်းတယ်ဆိုတာ ဘယ်လိုမျိုးလဲ?? တကယ်ပဲမေးခွန်းပြောင်းတာလား?? ဆိုတာကို သိချင်နေကြမယ်ထင်ပါတယ်။ 

GED မေးခွန်းပြောင်းတယ်ဆိုတာ ဘာသာရပ် ၄ ခုလုံးရဲ့မေးခွန်းပုံစံ (Question Type) တွေ ပြောင်းသွားတာမဟုတ်ဘဲ မေးခွန်းတချို့ပြောင်းလဲသွားတာသာဖြစ်ပါတယ်။ 

ဒါကြောင့် ကိုယ်က စတင်လေ့လာကတည်းက Thinking ပိုင်းကိုအလေးထားပြီး ဘာသာရပ်တိုင်းကိုပိုင်ပိုင်နိုင်နိုင်လေ့လာထားရင်စိတ်ပူစရာမလိုဘဲ Exam ကို အေးအေးဆေးဆေးကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ 

အခု ဒီမေးခွန်းပြောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို မကြာခင်မှာ video တစ်ခုတင်ပေးသွားဖို့ရှိတာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ပါနဲ့နော် 🤗

#StudyWithJohn 
#GED #GEDexam #GEDstudents 

Study with John

29 Oct, 03:59


GED ဖြေပြီးသား အမှတ်တွေပျောက်ကုန်ပြီ 😱

GED Official ဘက်က Exam ဖြေဆိုပြီးသားကျောင်းသားအချို့ရဲ့ သံသယဖြစ်ဖွယ် Test Score တွေကို ဖျက်ချနေပါတယ်။ ဒါကြောင့် တချို့ကျောင်းသားတွေရဲ့ ဖြေဆိုပြီးသား အမှတ်တွေကို ကိုယ့်ရဲ့ test score မှာ မတွေ့ရတော့ပါဘူး။

ကျောင်းသားတွေဘက်ကိုလည်း စာပို့ထားပြီး ဖြေဆိုခွင့်ပိတ်ထားတာတွေလည်းရှိနေပါတယ်။ GED ရဲ့ Non-Disclosure Agreement နဲ့ Program policy တွေကိုချိုးဖောက်ရင် အခုလိုဖြစ်နိုင်ပါတယ်။ စာမေးပွဲပြန်လည်ဖြေဆိုခွင့်ကိုလည်း အနည်းဆုံး ၂ လမှစတင်ပြီး အပိတ်ခံရနိုင်ပါတယ်။

လောလောဆယ်မှာ ပျောက်သွားတဲ့ score တွေ၊ Cancel သွားတဲ့ Exam တွေနဲ့ပတ်သက်ပြီး တိကျသေချာတဲ့အကြောင်းရင်းကို မသိရသေးပေမယ့် error ကြောင့်သာမဟုတ်ဘူးဆိုရင် အဖြစ်နိုင်ဆုံးကတော့ GED exam board ကနေ ကျောင်းသားတွေရဲ့ scores တွေဟာ Test policy တွေကို ချိုးဖောက်ထားတယ်လို့ သံသယရှိတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။​

ဒီပြသနာကို ဖြေရှင်းဖို့အတွက် လက်ရှိမှာ ကျောင်းသားတွေဘက်က လုပ်နိုင်တာကတော့ GED student account ထဲက live chat မှာဖြစ်စေ [email protected] ကို email ပို့၍ဖြစ်စေ မေးမြန်းနိုင်ပါတယ်။

GED Test ရဲ့ Non-Disclosure Agreement ကို ဒီ Link မှာ ဝင်ရောက်ဖတ်ကြည့်နိုင်ပါတယ် 👇
https://www.ged.com/en/nda/

#StudyWithJohn #GED #GEDTest
#GEDexam #NonDisclosureAgreement

Study with John

29 Oct, 02:21


မင်္ဂလာပါဗျ
အခုဖြစ်ပေါ်နေတဲ့GED Score error /GED Test schedule Cancellation တွေဟာကျောင်းသားတွေတော်တော်များများမှာ ဖြစ်နေကြပါတယ်ဗျ။ ဒီcase လေးနဲ့ပတ်သတ်ပြီးဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းအရင်းတွေကိုကျွန်တော်တို့ရှာဖွေပေးနေပါတယ်ဗျ အတိကျတဲ့အကြောင်းအရာဘာကြောင့်ဖြစ်လဲဆိုတာကိုသိရတာနဲ့အချိန်နှင့်တပြေးညီ Study With John Facebook page မှာကြေညာပေးသွားပါမယ်ဗျ

Study with John

28 Oct, 06:33


Fb page က error တက်နေလို့ Page ထဲဝင်ကြည့်လို့မရဖြစ်နေပါတယ်။ exam booking ဝယ်ယူထားတဲ့ကျောင်းသားများ messenger or telegram ကနေဆက်သွယ်လို့ရပါတယ်။

Study with John

27 Oct, 14:19


ထိုင်းနိုင်ငံရဲ့ နံပါတ်(၁)တက္ကသိုလ် 


၁၉၁၇ ခုနှစ်ကတည်းကစတင်တည်ထောင်ထားခဲ့ပြီး ထိုင်းနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး၊ ဂုဏ်သိက္ခာအကြီးဆုံး၊ အကောင်းမွန်ဆုံးတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ Chulalongkorn University ဟာဆိုရင် မြန်မာကျောင်းသားအများစုလည်း ရင်းနှီးကြပါတယ်။ 

ထိုင်းနိုင်ငံတွင်း ၁၅ နှစ်ဆက်တိုက် နံပါတ် (၁)နေရာကရပ်တည်နေတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့အပြင် အာဆီယံမှာတင်မက World University Ranking လည်း ကောင်းမွန်တဲ့ကျောင်းတစ်ခုဖြစ်ပါတယ်။ 

☆ Academic Reputation 
☆ Campus & Facilities 
☆ Research & Innovation 
☆ Community Engagement 
☆ Employer Reputation 

ဒါတွေအားလုံး ပြည့်စုံကောင်းမွန်တဲ့ကျောင်းတစ်ခုဖြစ်တာကြောင့် ထိုင်းနိုင်ငံသားတွေတင်မကဘဲ International Students အများစုပါ Admission ရဖို့ နှစ်စဥ်အပြိုင်အဆိုင်ကြိုးစားလေ့ရှိကြပါတယ်။ Undergraduate, Postgraduate, Doctoral Programs တွေ စတဲ့ Degree Programs ကျောင်းသားတွေအပါအဝင် လက်ရှိ ကျောင်းသားပေါင်း ၃၇၀၀၀၀ ကျော်ခန့် တက်ရောက်လျက်ရှိပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့အချက်အချာကျတဲ့နေရာမှာတည်ရှိပြီး Siam, MBK Center လိုမျိုး နာမည်ကြီးကုန်တိုက်တွေနဲ့နီးလို့ ကျောင်းချိန်အပြီး chill လို့ကောင်းတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်နေပြန်ပါသေးတယ်။ 

Tuition Fees တွေအနေနဲ့ Program တစ်ခုစီလိုက်မတူညီတာဖြစ်လို့ မိမိတက်ရောက်လိုတဲ့ Program အကြောင်း အသေးစိတ်ကို Chulalongkorn University Official Website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ လစဥ်နေထိုင်စားသောက်စရိတ်အနေနဲ့ကတော့ ပျမ်းမျှ ဘတ် ၁၂၀၀၀ ခန့်ကနေ ၂၀၀၀၀ ဝန်းကျင်အထိကုန်ကျနိုင်ပါတယ်။ ကျောင်းကပေးတဲ့ Accommodation တွေမှာ နေမယ်ဆိုရင် ဘတ် ၃၀၀၀ ကျော်ကနေ ၈၀၀၀ ခန့်အထိရှိတတ်ပေမယ့် အပြင်မှာငှားရမ်းနေထိုင်မယ်ဆိုရင်တော့ Chula ဟာ အချက်အချာကျတဲ့နေရာမှာတည်ရှိတာဖြစ်လို့ အခန်းငှားခက On-Campus Accommodation ထက်တော့ ပိုပြီးကုန်ကျနိုင်ပါတယ်။

ဧက ၅၀၀ ကျော်ကျယ်ဝန်းပြီး သစ်ပင်ကြီးတွေနဲ့ စိမ်းစိုပြီးလှပတဲ့တက္ကသိုလ်တစ်ခုဖြစ်လို့ Chula Campus ဟာ တကယ်ကိုအေးချမ်းတဲ့ vibe မျိုးသဘောကျတတ်တဲ့သူတွေအတွက်တော့ နေရာကောင်းလေးတစ်ခုဖြစ်စေမှာပါ။ 

Academic Reputation ကောင်းမွန်တဲ့ Chula မှာ ကျောင်းတက်ဖို့စိတ်ကူးထားရင်တော့ 2025 ပညာသင်နှစ်အတွက် Admission လည်း ခေါ်ယူတော့မှာဖြစ်လို့ update တွေအမြဲမပြတ်စောင့်ကြည့်နေဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်းထိပ်တန်းတက္ကသိုလ်တွေနဲ့ ပညာသင်ဆုအခွင့်အရေးတွေကို အမြဲမပြတ်မျှဝေပေးမှာဖြစ်လို့ Study with John ကို like & follow လုပ်ထားဖို့လည်း မမေ့ပါနဲ့ဦးနော်..😉✨️

နောက်ထပ်ရော ဘယ်နိုင်ငံက ဘယ်တက္ကသိုလ်အကြောင်းသိချင်တယ်ဆိုတာမျိုးရှိရင်လည်း comment မှာ မန့်ထားခဲ့နိုင်ပါတယ်ခင်ဗျာ 🤗

#StudyWithJohn #ChulalongkornUniversity 
#Sharing #Chula #Thailand 

Study with John

25 Oct, 12:39


စာသာမရတာ ယုံကြည်မှုတော့အပြည့်ရှိတယ်

Study with John

24 Oct, 13:56


GED Life science မှာ Cladogram လို့ခေါ်တဲ့ ပုံလေးတွေကို ကြည့်တတ်ကြလား

#studywithjohn #quiz

Study with John

23 Oct, 12:37


GED ဖြေပြီးပြီလား?? ဘယ်နှဘာသာဖြေပြီးပြီလဲ?? 

React လေးတွေပေးပြီး ပြောပြပေးသွားပါဦး 🤗

၂၀၂၄ ကုန်ဖို့ နှစ်လကျော်လောက်ပဲလိုတော့တယ်ဆိုတော့ ဒီနှစ်ထဲမှာ GED အပြီးဖြေဖို့ဆုံးဖြတ်ထားတဲ့သူလေးတွေအနေနဲ့ GED ဖြေပြီးကြပြီလား 🤔

မဖြေရသေးတဲ့သူတွေရော၊ တစ်ဘာသာ နှစ်ဘာသာဖြေဖို့ကျန်နေသေးတဲ့သူတွေရော 2024 အတွက် Achievement အဖြစ်ကျန်ခဲ့စေဖို့ စာသေချာလုပ်ပြီး နှစ်မကုန်ခင်ဖြေဆိုလိုက်တော့နော်။ 

စာလေ့လာထားပေမဲ့ ဖြေဖို့ အခုထိယုံကြည်ချက်အားနည်းနေသေးတဲ့ GED ကျောင်းသားလေးတွေက Novထဲမှာ ဖွင့်မဲ့ SWJ ရဲ့ GED Intensive Class ကို တက်ရောက်ပြီး အချိန်တိုအတွင်းပြင်ဆင်နိုင်တဲ့အကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်🤩✨️

SWJ ရဲ့ GED Intensive Class - Batch 16 အကြောင်း အသေးစိတ်သိနိုင်ဖို့ cmtက လင့်ခ်ကနေတစ်ဆင့် ဝင်ကြည့်နိုင်ပါတယ်နော် 👇

#StudyWithJohn #GED #GEDexam
#Engagement #GEDIntensiveClass

Study with John

22 Oct, 12:26


အချိန်တိုအတွင်း targeted score ရရှိဖို့ ထိရောက်တဲ့လေ့ကျင့်မှုပုံစံတွေနဲ့ ကျွမ်းကျင် Instructor တွေကိုယ်တိုင် ဂရုတစိုက်လေ့ကျင့်သင်ကြားပေးမဲ့ SWJ ရဲ့ GED Intensive Class - Batch 16 ကို လာမဲ့ နိုဝင်ဘာလ (10)ရက်နေ့မှာ ထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတယ် 🤩

SWJ ဟာ GED ကျောင်းသားပေါင်း (၈၀၀) ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီဖြစ်ပြီး GED Intensive Class ဟာဆိုရင်လည်း ကျောင်းသားဟောင်းတိုင်းရဲ့ Review ကောင်းများစွာကြောင့် GEDကျောင်းသားများစွာ ရွေးချယ်ကြတဲ့ အတန်းလေးလည်းဖြစ်ပါတယ် 💯

🔺️ SWJ ရဲ့ GED Intensive Class ဆိုတာ❓️

︎ GED Exam အတွက် ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဘာသာရပ်အလိုက်ထူးချွန်တဲ့ SWJ ရဲ့ အရည်အချင်းပြည့် Instructor တွေကိုယ်တိုင် အနီးကပ်လေ့ကျင့်သင်ကြားပေးတဲ့ Intensive အတန်းတစ်ခုဖြစ်ပါတယ်။

🔺️ ဘယ်သူတွေတက်ရောက်သင့်လဲ

︎ GED ကို လေ့လာထားဖူးပေမဲ့ ဖြေဆိုဖို့မဝံ့မရဲဖြစ်နေသူတွေ၊
︎ Question Types တွေကို အကောင်းမွန်ဆုံးဘယ်လိုချဥ်းကပ်ဖြေဆိုရမလဲမသိသူတွေ၊
︎ ဘယ်လောက်လေ့ကျင့်ထားထား လုံလောက်တယ်လို့မခံစားရသူတွေ၊
︎ အချိန်(၂)လအတွင်း လိုချင်တဲ့ Score ရရှိလိုသူတွေအတွက် အထူးသင့်လျော်ပါတယ်။


🔺️ GED Intensive Class က ဘာတွေသင်ပေးမှာလဲ

✅️ Test Taking Strategies,
✅️ Question Analysing Tips and Tricks,
✅️ Exam Format, 
✅️ Practice Tests,
✅️ Flashcards တွေနဲ့ လေ့ကျင့်သင်ကြားပေးမှာဖြစ်တဲ့အပြင် ကျောင်းသားတစ်ဦးချင်းစီရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး Personalized Teaching Method များကိုအသုံးပြုပြီး ထိထိရောက်ရောက် လေ့ကျင့်ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

ကျောင်းသားတိုင်းရဲ့အောင်မြင်မှုပန်းတိုင်ကို ကူညီခေါ်ဆောင်သွားပေးမဲ့ SWJ ရဲ့ Instructor Profile တွေကိုလည်း ပိုစတာတစ်ပုံချင်းစီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 🤩👇

တစ်ဘာသာချင်းပဲတက်တက်၊ ဘာသာစုံပဲတက်တက် လိုချင်တဲ့ Score ရဖို့ ထိရောက်တဲ့လေ့ကျင့်မှုကို လိုအပ်နေပြီဆိုရင်တော့ Study with John ရဲ့ GED Intensive Class - Batch 16 ကို အခုပဲစာရင်းသွင်းအပ်နှံလိုက်တော့နော် 😉

❗️SWJ ရဲ့ GED အတန်းများကို လူဦးရေအကန့်အသတ်ဖြင့်သာ လေ့ကျင့်သင်ကြားပေးပါတယ်။❗️

အတန်းအကြောင်း ထပ်မံသိရှိလိုပါက Page Messenger နှင့် Viber နံပါတ် +959 452 022 110 ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

#StudyWithJohn #SWJ #GED
#GEDExam #IntensiveClass #Batch16 

Study with John

22 Oct, 04:39


ဈေးကျသွားပြီမလို့ အခုပဲအမြန်လာဝယ်လိုက်နော်
#studywithjohn #GED #dollarratetoday #GEDexam

Study with John

21 Oct, 01:54


Exam Booking, Ready Test, Flash Card ပြန်လာဝယ်လို့ရပါပြီခင်ဗျာ

Study with John

19 Oct, 12:26


Join Zoom Meeting
Meeting ID: 837 1275 6339
Passcode: 256890

https://us06web.zoom.us/j/83712756339?pwd=e2dGjIo0GSHNKA746u9kVZfdDyo3od.1

Study with John

19 Oct, 09:36


https://www.facebook.com/share/yif9SN8rKEbUh7Zy/?mibextid=WC7FNe

Study with John

17 Oct, 12:24


အေးချမ်းတဲ့ သီတင်းကျွတ်ချိန်ခါဖြစ်ပါစေ 🪔

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ချစ်ရတဲ့မိသားစုဝင်တွေနဲ့အတူ အေးချမ်းစွာဖြတ်သန်းနိုင်ပါစေ။ ကြံစည်ထားသမျှအောင်မြင်ပြီး လိုရာပန်းတိုင်ကိုမဆုတ်မနစ်ကြိုးစားအားထုတ်နိုင်ပါစေလို့ Study with John team က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..🙏

အားလုံးပဲ ပျော်ရွှင်ဖွယ်သီတင်းကျွတ်အားလပ်ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ 💛✨️

#StudyWithJohn #ThadingyutFestival
#သီတင်းကျွတ်ပွဲတော်

Study with John

15 Oct, 14:46


သီတင်းကျွတ်ပိတ်ရက် ကြေညာခြင်း

မနက်ဖြန် (16)ရက်နေ့မှစပြီး(20)ရက်နေ့ထိ GED Service များရောင်းချခြင်းနဲ့ Page Reply ပြန်ခြင်း ခတ္တရပ်နားပါမယ်ခင်ဗျ။(21)နေ့မှစပြီး Service များကို ပုံမှန်အတိုင်းဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။သီတင်းကျွတ်အခါသမယမှာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအားလုံး ကျန်းမာပျော်ရွှင်ဖို့ Study with Johnက ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

#Studywithjohn #Thadingyut

Study with John

14 Oct, 03:59


Ready, Real, Flash အကုန်ပြန်ဝယ်လို့ရပါပြီခင်ဗျာ

Study with John

13 Oct, 13:30


Netherlands မှာ Fully Funded နဲ့ ကျောင်းတက်နိုင်မဲ့ အခွင့်အရေး 🎓


စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကျန်းမာရေးတွေအပါအဝင် ကမ္ဘာကြီးနဲ့ပတ်သက်သမျှအပြောင်းအလဲတိုင်းကိုစိတ်ဝင်စားပြီး ကိုယ်တိုင်က ဒီကမ္ဘာ့ရေစီးကြောင်းပေါ်မှာလိုက်ပါဖို့ဆန္ဒရှိတဲ့သူတွေအတွက် Maastricht University ရဲ့ Undergraduate Global Study Scholarship ကို လျှောက်ကြည့်ဖို့အကြံပြုချင်ပါတယ်။ 

Maastricht University ဟာဆိုရင် Netherlands မှာရှိတဲ့ Best Global Universities တွေထဲ နံပါတ် ၉ နေရာမှာရှိတဲ့တက္ကသိုလ်တစ်ခုဖြစ်ပြီး Global Studies ကို လေ့လာလိုတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် UM Global Studies Scholarship ကို ပေးအပ်လျက်ရှိပါတယ်။ 

Scholarship Benefits 
✅️ Full Tuition Fees 
✅️ Living expenses (€ 15,925  per academic year)
✅️ Health & liability insurance
✅️ Visa application costs
✅️ Pre-Academic Training costs
✅️ International StudentAmbassador Programme (ISAP) 

ဒီ Scholarship ကိုလျှောက်ထားဖို့အတွက် UM ရဲ့ Global Studies study programme 2025-2026 ကို Admission အရင်လျှောက်ဖို့လိုပါတယ်။ Programme Admission အတွက်ပေးရမဲ့ Handling fees £100 ကိုတော့ Scholarship အဖွဲ့အစည်းဘက်က Cover မလုပ်ထားပါဘူး။ ဒါပေမဲ့ UMမှာ စတက်ပြီဆိုတာနဲ့ handling fees က refund ပြန်ရမှာဖြစ်ပါတယ်။ 

Scholarship အတွက်လိုအပ်တဲ့ Documents တွေက
︎ Curriculum Vitae
︎ Letter of motivation 
︎ Proof of academic excellence
︎ Personal statement of financial needs
︎ A reference letter
︎ The contact details of one referee စတာတွေပဲဖြစ်ပါတယ်။ 

Fully Funded Scholarship တစ်ခုဖြစ်တဲ့အပြင် Global Studies နဲ့ပတ်သက်ပြီးလေ့လာရတာစိတ်ဝင်စားတဲ့သူသာဆိုရင်တော့ Feb 1, 2025 Deadline အမီသေချာပြင်ဆင်ပြီးလျှောက်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 

UM Global Studies Scholarship အကြောင်းအသေးစိတ်သိရှိနိုင်ဖို့👇

https://www.maastrichtuniversity.nl/support/financing-your-studies/scholarships/um-global-studies-scholarship#:~:text=The%20UM%20Global%20Studies%20Scholarship,admitted%20to%20the%20Global%20Studies 

ကမ္ဘာတစ်ဝှမ်းက မြန်မာတွေလျှောက်လို့ရတဲ့ Scholarship opportunity တွေကို မျှဝေပေးသွားမှာဖြစ်လို့ Study with John page ကို Like & Follow လုပ်ပြီး စောင့်မျှော်နိုင်ပါတယ်နော် 🥰✨️

#StudyWithJohn #MaastrichtUniversity 
#UMGlobalStudiesScholarship #FullyFunded #Netherlands 

Study with John

12 Oct, 12:22


SWJ ရဲ့ GED Class - Batch 1 မှာတက်ရောက်ခဲ့ပြီး လေးဘာသာလုံး ဖြေဆိုအောင်မြင်ပြီးသွားတဲ့ ကျောင်းသားလေး နှစ်ယောက်ရဲ့ GED ရမှတ်လေးတွေပဲဖြစ်ပါတယ်။ 

GED Score လေးတွေပို့လာရင်း SWJ မှာ အတန်းတက်ခဲ့တဲ့အကြောင်းကို အခုလိုလေး ပြောပြထားပါသေးတယ်ရှင်။ 

Aung Zaw Htet Paing - GED Batch 1 Student 

"SWJ မှာ အတော် အဆင်ပြေခဲ့ပါတယ်ဗျ့... သင်ကြားရေးရောပြီးတော့  ...စာမေးပွဲဖြေခါနီးမှာ.. သေချာ မေးခွန်းတွေ train ပေးတာရော.အကုန်အဆင်ပြေခဲ့ပါတယ်ဗျ့.. သူငယ်ချင်းတွေက ဒီမှာ exam preparation လုပ်သွားတာနဲ့ သူတို့ဆီက review ရယ်. ဆရာ john ကို အရင်ကတည်းက သိခဲ့တာကြောင့် SWJ မှာပဲတက်ဖြစ်ခဲ့တာပါဗျ့..🫡

Khay - GED Batch 1 Student 

"SWJ မှာ တက်ဖြစ်တာက သူငယ်ချင်းအမေက recommend ပေးလို့ပါရှင့် gedတက်ချင်လို့ဘယ်မှာတက်ရမလဲဆိုတော့ဒီကကောင်းတယ်ဆိုလို့ပါရှင့်။ သင်ရတာဘာသာတိုင်းအဆင်ပြေပါတယ်ရှင့်" 

SWJ မှာ ယုံကြည်စွာသင်တန်းတက်ရောက်ခဲ့ပြီး အခုလိုအောင်မြင်မှုတွေရအောင်အတူကြိုးစားပေးနိုင်ခဲ့တဲ့အတွက် SWJ ဘက်ကလည်း များစွာဝမ်းသာမိပါတယ်။

ရှေ့ဆက်ပြီး ပညာရေးခရီးလမ်းမှာ အောင်မြင်မှုတွေဆက်လက်ရရှိနိုင်စေဖို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🥰🎉

#StudyWithJohn #GEDClass 
#GEDScore #StudentFeedback 

Study with John

11 Oct, 03:07


ဒီနေ့ည ၁၂ နာရီ GED Exam, Ready Test တွေ ဝယ်လို့ရပါသေးတယ်ခင်ဗျာ…

Study with John

10 Oct, 04:21


လာမည့် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အတွင်းတွင် GED Ready Test နှင့် flash card ဝယ်ယူခြင်း၊ Exam booking တင်ခြင်း၊​ cancel ခြင်း၊​ reschedule လုပ်ခြင်း များအားလုံးကို လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းကြိုတင်အသိပေးအပ်ပါတယ်။​

ထို့ကြောင့်ကြိုတင်ဝယ်ယူလိုသူများအနေနဲ့ ယခုကတည်းက ဝယ်ယူထားကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။​​ ​

၁၁ ရက်နေ့မှ ၁၃ ရက်နေ့အတွင်းတွင် GED Order များကို မတင်ပေးနိုင်သော်လည်း ဈေးမပြောင်းခင် ကြိုတင်ဝယ်ယူထားလိုသူများအနေနှင့် ထိုကာလအတွင်းတွင်် စာမေးပွဲကြေးများကို Study with John မှာပေးသွင်းထားနိုင်ပါတယ်။​ ကျွန်ုပ်တို့ ဘက်ကနေ ၁၄ ရက်နေ့မှာ website ပြန်အလုပ်လုပ်သည်နှင့် တပြိုင်နက် order များကို အစဉ်လိုက်တင်ပေးသွားမှာဖြစ်ပါတယ်။

#Studywithjohn #GED

Study with John

10 Oct, 04:21


မနက်ဖြန်က စပြီး ၃ ရက်လောက် ဘာမှဝယ်မရတော့မှာမို့ ဒီနေ့ ကတည်းက ဝယ်လို့ရတုန်းလာဝယ်လိုက်တော့နော်

Study with John

08 Oct, 14:52


US, UK, Canada မှာ Undergraduate တက်ရောက်မဲ့ကျောင်းသားတွေတင်မကဘဲ International University တွေမှာ Undergrad ဝင်ခွင့်ရဖို့ကြိုးစားနေသူကျောင်းသားတိုင်း ဖြေဆိုလေ့ရှိကြတဲ့ SAT Exam အကြောင်းကိုတော့ အားလုံးရင်းနှီးကြမယ်ထင်ပါတယ်။ 

SAT ဖြေဆိုဖို့ပြင်ဆင်နေတယ်၊ အခုလက်ရှိ Exam Format တွေကိုပါ ရှင်းရှင်းလင်းလင်းသိထားချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးက သေချာပေါက်အထောက်အကူဖြစ်စေပါလိမ့်မယ်။ 

SAT exam ဟာ ၂၀၂၄ မတ်လမှစပြီး Paper Test မရှိတော့ဘဲ Digital Test တစ်မျိုးတည်းကိုသာဖြေဆိုလို့ရတော့တာဖြစ်ပြီး English နဲ့ Math နှစ်ဘာသာဖြေဆိုရတာဖြစ်ပါတယ်။ 

Digital SAT 2024 ရဲ့ English မှာဆိုရင် Reading နဲ့ Writing ဆိုပြီး module 2 ခုပါဝင်ပါတယ်။ module 2 ခုလုံးအတွက် Multiple Choice Questions (MCQs) တွေကိုသာ ဖြေဆိုရမှာဖြစ်ပါတယ်။ 
︎ 1st Module - 27 questions 
   Duration - 32 minutes 
︎ 2nd Module - 27 questions 
   Duration - 32 minutes 

စုစုပေါင်း မေးခွန်း (၅၄) ခုနဲ့ ကြာချိန် (၆၄) မိနစ်တိတိဖြေဆိုရမှာဖြစ်ပါတယ်။ 

SAT English (Reading & Writing) အတွက် section areas တွေကတော့
◇ Craft and Structure
◇ Information and Ideas
◇ Standard English Conventions
◇ Expression of Ideas တွေပဲဖြစ်ပါတယ်။

ဖြေဆိုမဲ့ကျောင်းသားဟာ အပိုင်း လေးပိုင်းလုံးကို သေချာကြည့်ထားဖို့လိုအပ်ပါမယ်။ 

SAT Digital Math ဘာသာရပ်အတွက်လည်း module 2 ခုရှိပြီး MCQs 75% နဲ့ Student-produced response (SPR) 25% ဖြေဆိုရမှာဖြစ်ပါတယ်။ Module တစ်ခုစီအတွက် မေးခွန်းအရေအတွက်နဲ့ ကြာချိန်တွေကတော့
︎ 1st Module - 22 questions 
   Duration - 35 minutes
︎ 2nd Module - 22 questions 
   Duration - 35 minutes 
စုစုပေါင်း မေးခွန်း (၄၄) ခုကို မိနစ် (၇၀) အတွင်းဖြေဆိုရမှာဖြစ်ပါတယ်။ 

◇ Algebra
◇ Advanced Math
◇ Problem-solving and Data Analysis
◇ Geometry and Trigonometry စတဲ့ အပိုင်းတွေအားလုံးကို ကြည့်ထားဖို့လိုအပ်ပါတယ်။ Math အတွက် Calculator အသုံးပြုခွင့်ပေးထားပြီး Digital testing app မှ Calculator ကိုအသုံးပြုလို့ရသလို exam board က ခွင့်ပြုထားတဲ့ ကိုယ်ပိုင် Calculator ကို ယူဆောင်သွားလို့လည်းရပါတယ်။ 

SAT Score ဟာ English & Math နှစ်ဘာသာလုံးအတွက် 200-800 အထိဖြစ်ပြီး minimum 400 to maximum 1600 အထိရရှိနိုင်ပါတယ်။ 

SAT Score များရင်များသလို Admission ရနိုင်ချေပိုများပြီး ပညာသင်ဆုလျှောက်ထားလိုပါက ပညာသင်ဆုရနိုင်ချေလည်းများပါတယ်။ 

အကယ်၍ မိမိရဲ့အမှတ်ကိုသဘောမကျလို့ ပြန်ဖြေမယ်ဆိုရင်လည်း အကြိမ်ရေကန့်သတ်ထားတာမျိုးမရှိပါဘူး။ 

Top Universities တော်တော်များများက SAT Score ကို min 1300 ဝန်းကျင်ခန့်တောင်းလေ့ရှိတတ်လို့ မိမိတက်ရောက်မဲ့ တက္ကသိုလ်ရဲ့ဝင်ခွင့်လိုအပ်ချက်ကို SAT မဖြေဆိုခင်သေချာလေ့လာထားတာအကောင်းဆုံးပါပဲ။ 

SAT Exam နဲ့ပတ်သက်ပြီး Ready ဖြစ်တဲ့အထိပြင်ဆင်လိုပြီး လိုချင်တဲ့ Score တွေရဖို့ဆို Study with John ရဲ့ SAT Exam Ready Class တွေမှာ ဝင်ရောက် join နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် 🤩✨️

#StudyWithJohn #SAT #DigitalSAT
#ExamFormat #DigitalSAT2024 

Study with John

07 Oct, 13:35


KMITL လို့ မြန်မာကျောင်းသားတွေအသိများတဲ့ King Mongkut's Institute of Technology Ladkrabang ဟာဆိုရင် Engineering, IT ပိုင်းကိုစိတ်ဝင်စားပြီး မြန်မာနဲ့နီးနီးနားနားမှာကျောင်းတက်ချင်သူတွေအတွက် အသင့်လျော်ဆုံးကျောင်းတွေထဲ ထည့်စဥ်းစားသင့်တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ 

QS World University Ranking 2024 အရ Rank 1200 ဝန်းကျင်လောက်မှာရှိပြီး "School of Engineering"ဆိုပြီးလည်း Engineering Subject တွေနဲ့ပတ်သက်ရင် ထိုင်းနိုင်ငံတွင်းရော နိုင်ငံတကာအမြင်ပါ ကောင်းမွန်တဲ့ကျောင်းတစ်ခုဖြစ်ပါတယ်။ 

Engineering အပြင် Computer Science, Industrial Education Subject တွေနဲ့လည်း နာမည်ကျော်ကြားပါသေးတယ်။ ဒါ့အပြင် Business ကိုစိတ်ဝင်စားသူတွေအတွက် KMTIL Business School လည်းရှိပါသေးတယ်။

Academic Reputation ကောင်းမွန်တဲ့အပြင် Employer Reputation လည်း ကောင်းမွန်တာဖြစ်လို့ အခုနောက်ပိုင်း နိုင်ငံတကာကျောင်းသားအများစု KMITL ကို ပိုပြီးရွေးချယ်လာကြတာလည်းတွေ့ရပါတယ်။ 

Extracurricular Activities တွေကိုလည်း အလေးပေးပံ့ပိုးပေးတဲ့ကျောင်းဖြစ်တဲ့အလျောက်
︎ Library services
︎ Sport and Recreation facilities 
︎ Student Clubs တွေလည်းရှိလို့ မိမိနှစ်သက်ရာ activity တွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ 

နိုင်ငံတကာကျောင်းသားတွေကို welcome ဖြစ်တဲ့ကျောင်းဖြစ်လို့ International Students Scholarship တွေလည်း နှစ်စဥ်ပေးအပ်လျက်ရှိပါတယ်။ 2025 Academic Year အတွက် KMITL Engineering International Programs အတွက် Direct Admission (Early Round) စနေပြီဖြစ်လို့ Scholarship လျှောက်ထားလိုသူများအနေနဲ့ စတင်လျှောက်ထားနိုင်ပါပြီ။ 

Scholarship အကြောင်းအသေးစိတ်နဲ့ လိုအပ်တဲ့ Requirements တွေကို သိနိုင်ဖို့ အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇
https://se.kmitl.ac.th/admissions 

အာဆီယံဒေသတွင်းထိပ်တန်းတက္ကသိုလ်တွေရဲ့ University Information Sharing တွေအပြင် မြန်မာကျောင်းသားတွေလျှောက်လို့ရတဲ့ နိုင်ငံတကာပညာသင်ဆုတွေကိုပါအမြဲမပြတ်မျှဝေပေးနေတာဖြစ်လို့ Study Abroad အိပ်မက်ရှိသူတိုင်း Study with John page ကို Like & Follow လုပ်ပြီး စောင့်ကြည့်လိုက်တော့နော် 🥰✨️

#StudyWithJohn #KMITL 
#Scholarship #Academic2025 #FullScholarship

Study with John

07 Oct, 08:20


ဒီအတန်းလေး ဒီနေ့စပါပြီ

Study with John

07 Oct, 08:20


Dec 7 ရက်နေ့အမီ SAT ဖြေဆိုမဲ့ ကျောင်းသားတွေအတွက် SAT Exam Ready Class - Batch 2


Study with John မှာ GED အပြင် SAT Class ကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး Batch 1 မှာ သင်တန်းသားအပြည့်နဲ့ ကျောင်းသားတွေတက်ရောက်နေကြပါပြီ။ 

2024 ခုနှစ်အတွက် နောက်ဆုံး test date ဖြစ်တဲ့ Dec 7 ရက်နေ့အမီ SAT ဖြေဆိုလိုတဲ့ကျောင်းသားတွေအတွက် SWJ ရဲ့ SAT Exam Ready Class - Batch 2 ကို လာမဲ့ October 7 ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ 

✅️ SAT Math & English နှစ်ဘာသာလုံးအတွက် ရှင်းလင်းထိရောက်တဲ့ သင်ကြားမှုပုံစံ
✅️ Test-taking strategies
✅️ Practice Test များအပြင်
✅️ ကျောင်းသားတစ်ဦးချင်းစီရဲ့အခြေအနေပေါ်မူတည်ပြီး Personalized Feedback များပေးပြီး စနစ်တကျလေ့ကျင့်သင်ကြားပေးတဲ့ အတန်းလေးဖြစ်လို့ SAT Exam အတွက်ဆို နှစ်ခါမစဥ်းစားဘဲရွေးချယ်တက်ရောက်နိုင်ပါတယ်။ 

ဒါ့အပြင် SWJ ရဲ့ SAT Exam Ready Class ဟာဆိုရင်

🔺️ SAT ဖြေဆိုထားဖူးပြီး High Score ရရှိထားတဲ့ ဆရာတွေကိုယ်တိုင် ကြပ်ကြပ်မတ်မတ်လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။

🔺️ Eng & Math နှစ်ဘာသာလုံးလည်းတက်ရောက်နိုင်သလို တစ်ဘာသာချင်းစီတက်ရောက်လို့လည်းရပါတယ်။

🔺️ Class တစ်ခုစီအတွက် Limited Seats ဖြင့်သာ လက်ခံသင်ကြားပေးတာဖြစ်ပါတယ်။ 

ဒါကြောင့် 2025 Academic Intake အမီ

︎ Top Universities တွေမှာ ဝင်ခွင့်ရဖို့
︎ SAT Score နဲ့ Scholarship လျှောက်ထားနိုင်ဖို့
︎ Dec 7 ရက်နေ့အမီ SAT ဖြေဆိုနိုင်ဖို့

SWJ ရဲ့ SAT Exam Ready Class - Batch 2 မှာ အခုပဲ Register လုပ်လိုက်တော့နော် 🤗✨️

🖇 https://forms.gle/9DuUZg1NMrmhrrDj6

Class Timetable အသေးစိတ်နဲ့ သင်ကြားပေးမဲ့ Instructor Profile ကို ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇

သင့်ရဲ့ပညာရေးခရီးလမ်းအတွက် စိတ်ကူးအိပ်မက်တိုင်းကိုအကောင်အထည်ဖော်နိုင်ဖို့ သိလိုသမျှကို Page Messenger နှင့် Viber နံပါတ် +959 452 022 110 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော် 🥰

#StudyWithJohn #SATexam #SAT
#SATpreparation #Batch2