The Forward Society @theforwardsociety Channel on Telegram

The Forward Society

@theforwardsociety


The Forward Society is a social enterprise organization led by youths of different backgrounds. Our vision is to teach youths employable and practical skills that can help advance their lives forward.

The Forward Society (English)

Are you a youth looking to advance your skills and make a positive impact on your future? Look no further than The Forward Society! Led by a group of passionate individuals from diverse backgrounds, The Forward Society is a social enterprise organization dedicated to empowering young people with practical and employable skills. At The Forward Society, our vision is clear - we want to help youths like you take control of their future and move forward in life. Through our various programs and initiatives, we provide opportunities for skill development, mentorship, and networking to help you succeed in today's competitive world. Whether you're interested in learning about business, technology, art, or any other field, The Forward Society has something for everyone. Our team of experienced professionals and mentors are here to guide you every step of the way, ensuring that you have the support and resources you need to reach your goals. Joining The Forward Society means becoming part of a community of like-minded individuals who are committed to personal growth and success. Through our workshops, events, and online resources, you'll have the chance to connect with others who share your passion for learning and self-improvement. Don't wait any longer to start building the future you want. Join The Forward Society today and take the first step towards a brighter tomorrow. Together, we can create a world where all young people have the skills and confidence they need to succeed. Let's move forward, together!

The Forward Society

20 Nov, 14:55


🚨 Media Partnership Announcement 🚨

The Forward Society X No Hunger Zone

ဟေ့..... သတင်းကောင်းလေးပါးစရာ ရှိပါတယ်ဗျို့။ No Hunger Zone က " Dream it, Claim it: Scholarships Await " ဆိုတဲ့ Webinar လေးကို ကျင်းပပြုလုပ်သွားဖို့ရှိပြီးတော့ အဲဒီပွဲလေးမှာ The Forward Society ကလည်း Media Partnership အနေနဲ့ ပါဝင်ကူညီအားဖြည့်ပေးထားပါတယ်။ 🫂

No Hunger Zone ဆိုတာကတော့ Zero Hunger ဆိုတဲ့ SDG 2 ကို ဦးတည်ကာ အရပ်ဒေသအသီးသီးက ပြည်သူလူထုတို့ ဆာလောင်မှုဒဏ်ကို မခံစားရလေအောင် ကြိုးစားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ စတင်တည်ထောင်ခဲ့တဲ့အချိန်ကစလို့ လက်ရှိအချိန်အထိ အစားအသောက်ပိုင်းရာ ‌ဗဟုသုတတွေကို အမြဲမပြတ်မျှဝေပေးလျက်ရှိပြီး အလှူအတန်းပြုတဲ့ ပွဲတွေ၊ အခက်အခဲဖြစ်နေတဲ့နေရာတွေအတွက် ရန်ပုံငွေကူရှာပေးတဲ့ ကမ်ပိန်းတွေ၊ လူငယ်တွေအတွက် အကျိုးရှိစေမဲ့ Webinar လေးတွေ စသဖြင့် လူထုအကျိုးပြုကိစ္စရပ်လေးတွေကို တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ 💛

ဒီPost‌ လေးကို ဖတ်ရှုနေတဲ့သူတွေထဲမှာ Scholarship တွေလျှောက်ဖို့ ရည်ရွယ်ချက်ရှိသူတွေ၊ Scholarship ကိုလျှောက်ချင်ပေမဲ့ ဘယ်လိုအရာတွေကို ပြင်ဆင်ထားသင့်သလဲ မသိရှိသေးတဲ့သူတွေပါတယ်ဆိုရင် ဒီWebinar လေးကို တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 👀

Webinar လေးကို နှစ်ရက်တိတိကျင်းပသွားမှာဖြစ်ပြီး

📌 Day 1: "Asian Maybank Scholarship"

- Overview of the Scholarship and Its Providers

- Explanation of Eligibility Criteria and Application Process

- Detailed Selection Criteria and Scholarship Benefits

- Recipients' Experiences and Resilience Strategies

အစရှိတဲ့အချက်တွေကို ပြောပြပေးသွားမဲ့အပြင် နောက်ဆုံးမှာ Q&A Section လေးလည်း ပါဝင်မှာဖြစ်ပါတယ်။ 👀

📌 Day 2: "Child's Dream Scholarship"

- Preparation for the Scholarship (Required Skills and Qualifications)

- How to Build a Strong Application Profile

- Sharing Challenges and Experiences

စတာတွေကိုပြောပြပေးမဲ့အပြင် မျှော်မှန်းထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမျိုးမှာ ကိုယ့်စိတ်ကို ဘယ်လိုကုသပြီး လိုရာပန်းတိုင်ဆီ အားတင်းဆက်လျှောက်သွားရမလဲဆိုတဲ့ Tips တွေကိုလည်း မျှဝေပေးသွားမှာဖြစ်ပါတယ်။ 🫂

Webinar အကြောင်းအသေးစိတ်ကို အောက်ပါလင့်ခ်လေးကတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/1JSRPvmrwy/

ဒီ Webinar လေးကို နိုဝင်ဘာလ ၂၃ နဲ့ ၂၄ရက်တို့မှာ ကျင်းပသွားမှာဖြစ်ပြီး အချိန်ကတော့ ည ၈နာရီကနေ ၉ နာရီခွဲအထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဒီလိုတန်ဖိုးရှိလှတဲ့ပွဲလေးကို Form လေးဖြည့်ရုံနဲ့ တက်ရောက်နိုင်မှာမို့ စိတ်ဝင်စားကြတဲ့သူ‌လေး‌တွေအနေနဲ့ အောက်ကလင့်ခ်လေးကတစ်ဆင့် စာရင်းပေးထားနိုင်ပါကြောင်း သတင်းပါးလိုက်ရပါတယ်။ အားလုံးပဲ ကိုယ်လိုရာပန်းတိုင်ဆီ အောင်မြင်စွာလျှောက်လှမ်းနိုင်ကြပါစေရှင်။ 💛

📌 Registration Form Link -
https://forms.gle/g3AK2Qcecai4iVM58

(နိုဝင်ဘာ ၂၂ရက်၊ ညနေ‌ ၆နာရီဆိုတာနဲ့ Formပိတ်သွားမှာဖြစ်လို့ မြန်မြန်လေး စာရင်းပေးထားလိုက်တော့နော်)

The Forward Society

18 Nov, 13:35


The Hong Kong PhD Fellowship Scheme (HKPFS) အတွက် တက္ကသိုလ်တစ်ခုချင်းစီရဲ့ Specific Requirements တွေလည်း သိသွားပြီဆိုရင် မဖြစ်မနေထည့်လျှောက်ဖို့ လိုအပ်တဲ့ Documents တွေကရော ဘာတွေဖြစ်မလဲ ⁉️

1. Application Form

* HKPFS ရဲ့ Official Website မှာ Personal Details၊ University And Program Choices၊ Research Proposal Title ပါဝင်တဲ့ Application Form ကို ပထမဆုံးဖြည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ Form ထဲမှာပါဝင်မယ့်ကိုယ့်အတွက် HKPFS Reference Number ကို မှတ်သားထားပေးရမှာပဲဖြစ်ပါတယ်နော်။ TFSers တို့အနေနဲ့ Application Form ထဲမှာ တက္ကသိုလ်နှစ်ခု (သို့) တက္ကသိုလ်တစ်ခုတည်းမှာပဲ Program နှစ်ခုအထိ ဝင်ရောက်လျှောက်ထားလို့ရပါတယ်ရှင်။

2. Degree Certificates & Transcripts
* ဒုတိယအနေနဲ့ ကိုယ့်ရဲ့ Official Degree Certificate နဲ့အတူ Academic Transcripts တွေကိုပါ Notary ပြန်ပြီး Submit လုပ်ပေးရမှာဖြစ်ပါတယ်နော်။

3. CV & NRC Notary
* Academic Qualifications နဲ့အတူ TFSers တို့ရဲ့ Research Experiences တွေနဲ့ သက်ဆိုင်ရာ Professional Experiences တွေပါဝင်တဲ့ CV Form ကို Notary ပြန်ထားတဲ့ NRC (National Registration Card) နဲ့အတူ Submit လုပ်ပေးရမှာပါ။

4. English Proficiency
* နောက်ထပ်မဖြစ်မနေလိုအပ်တာကတော့ English Proficiency Test Score ဖြစ်ပြီး
* IELTS (Academic) ဆိုရင် အနည်းဆုံး Overall Score 6.5၊
* TOEFL ဆိုရင်တော့ 550 (Paper-based) နဲ့ 79 (Internet-based) ဆိုပြီး လိုအပ်ပါတယ်။
* IELTS ရော TOEFL ပါ နှစ်မျိုးလုံးမရှိဘူးဆိုရင်တော့ တခြားသော English Proficiency Test Score ကို တင်ပြပေးရမယ့်အပြင် အင်တာဗျူးတဲ့အချိန်မှာ အင်္ဂလိပ်လိုကောင်းစွာပြောနိုင်မယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာပဲဖြစ်ပါတယ်ရှင်။

5. Recommendation Letters
* TFSers တို့အတွက် HKPFS ကိုလျှောက်ထားနိုင်ဖို့ Recommendation Letter နှစ်စောင်လိုအပ်ပါတယ်နော်။ Application System ထဲမှာပဲ Professor (or) Employer ရဲ့ အသေးစိတ်အချက်အလက်ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ကိုယ့်ကို Recommendation Letter ရေးပေးမယ့် Professor (or) Employer က E-Mail လက်ခံရရှိသွားမှာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် တိုက်ရိုက်ရေးပေးသွားမှာပါ။

6. Research Proposal
* နောက်ထပ်လိုအပ်တာကတော့ TFSers တို့အနေနဲ့ ကိုယ်ရွေးချယ်လိုက်တဲ့နယ်ပယ်ပေါ်မူတည်ပြီး အသေးစိတ်ပြုလုပ်ထားတဲ့ Research Proposal ကို တင်ပြပေးရမှာပဲဖြစ်ပါတယ်နော်။ ကိုယ်တင်ပြထားတဲ့ Proposal ကို Supervisor တွေမှတစ်ဆင့် စစ်ဆေးပေးသွားမှာဖြစ်ပြီး Program နှစ်ခုလျှောက်ထားသူဆိုရင်တော့ Proposal နှစ်ခုလိုအပ်မှာဖြစ်ပါတယ်။

7. Supervisor Contact
* Application Form ကို Submit မလုပ်ရသေးခင်မှာ Research Proposal အတွက် Supervisor နှစ်ဦးကို ကိုယ့်ရဲ့ CV၊ Proposal၊ Publication List နဲ့အတူ ဆက်သွယ်ပေးရမှာပဲဖြစ်ပါတယ်ရှင်။

8. Application Fee
* HKPFS ကို လျှောက်ထားနိုင်ဖို့အတွက် HKD (500) ခန့်ကျသင့်မှာဖြစ်ပြီး Visa (or) Mastercard နဲ့လည်း ငွေပေးချေနိုင်ပါတယ်နော်။

ဒါဆိုရင် တက္ကသိုလ်တစ်ခုချင်းစီရဲ့ Specific Requirements တွေ၊ Application Form နဲ့အတူ လိုအပ်တဲ့ Requirements တွေအကုန်လုံးကို သိသွားပြီးတဲ့နောက်မှာ HKPFS ကို ဘယ်လိုလျှောက်ထားနိုင်မလဲ ⁉️

* Hong Kong PhD Fellowship Scheme - Research Grants Council မှာ Initial Application Form ကို December 1/2024 မတိုင်ခင် Submit လုပ်ပေးရမှာပဲဖြစ်ပါတယ်။
* Initial Application Form ထဲမှာဆိုရင် Personal Particulars, Choice of University(ies) and Programme(s) for PhD Study, Authorization and Declaration, Source of Information ဆိုပြီး Section လေးခုပါဝင်သွားမှာပါ။
* Initial Application Form ကို Submit လုပ်ပြီးတဲ့နောက်မှာရရှိလာမယ့် HKPFS Reference Number နဲ့အတူ ကိုယ်ရွေးချယ်ထားတဲ့ University ကို Full Application ပြုလုပ်သွားရမှာပဲ ဖြစ်ပါတယ်နော်။

Official Website
Hong Kong PhD Fellowship Scheme | Research Grants Council

The Hong Kong PhD Fellowship Scheme (HKPFS) ကို နှစ်စဉ်နှစ်တိုင်း September (1) ရက်နေ့ကစလို့ December (1) ရက်အတွင်းလျှောက်ထားနိုင်တာမလို့ 2024အတွက် လျှောက်ထားဖို့ မမီလိုက်ရင်တောင် နောက်နှစ်အတွက်ပြင်ဆင်နိုင်တာကြောင့် အမြဲတမ်းကြိုးစားနေရင်းနဲ့ အောင်မြင်မှုအသီးအပွင့်တွေ ပိုင်ဆိုင်ကြပါစေနော်။

The Forward Society

18 Nov, 13:35


ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေရှိတဲ့ Hong Kong မှာ Fully Funded Scholarship နဲ့ PhD ရယူနိုင်မယ့် အခွင့်အရေး

Hello TFSers လေးတို့ရေ 💌

The Hong Kong PhD Fellowship Scheme ( HKPFS ) ကို 2009 ခုနှစ်မှာ Research Grant Council (RGC) က စတင်စီစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီ HKPFS မှာဆိုရင် Sciences၊ Medicine၊ Engineering၊ Technology၊ Humanities၊ Social Sciences၊ Business Studies စတဲ့ နယ်ပယ်မျိုးစုံမှာ Research မျိုးစုံပြုလုပ်နိုင်ပြီး PhD အရယူနိုင်ဖို့အတွက် Fully Funded Scholarship ကိုထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်နော်။ 🥳

Fully Funded Scholarship ထဲမှာဆိုရင် -

1. Annual Stipend Of HKD 337,200 (USD 43,230)
2. Conference And Research Related Travel Allowance of HKD 14,000 (USD 1,800)
3. Tuition Fee Waivers
4. Accomodation Support တို့ပါဝင်သွားမှာဖြစ်ပြီး PhD ရယူဖို့အတွက် သုံးနှစ်အထက် လေ့လာဖို့လိုအပ်ရင် ထပ်မံထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်ရှင်။

ဒါဆိုရင် HKPFS ထဲမှာ ဝင်ရောက်လျှောက်ထားနိုင်တဲ့ တက္ကသိုလ် (8) ခုက ဘာတွေဖြစ်မလဲ ⁉️

1. The University Of Hong Kong (HKU)
2. The Chinese University Of Hong Kong (CUHK)
3. Hong Kong University Of Science And Technology (HKUST)
4. City University Of Hong Kong (CityU)
5. Hong Kong Polytechnic University (PolyU)
6. Hong Kong Baptist University (HKBU)
7. Lingnan University (LU)
8. The Education University Of Hong Kong (EduHK) တို့ပဲ ဖြစ်ပါတယ်နော်။

တက္ကသိုလ်တစ်ခုချင်းစီမှာ သတ်မှတ်ထားတဲ့ လျှောက်ထားရမယ့် Documents အမျိုးမျိုးရှိပြီး HKPFS ကိုပေးဖို့ဆုံးဖြတ်တဲ့နေရာမှာ -
* Academic Excellence (65%)
* Research Ability and Potential (25%)
* Leadership Skills and Communication (10%) တို့အပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာပဲ ဖြစ်ပါတယ်ရှင်။

ဒါဆိုရင် တက္ကသိုလ်တစ်ခုချင်းစီအတွက်လိုအပ်တဲ့ Specific Requirements တွေကို အတူတူကြည့်လိုက်ရအောင်နော်။

1. The Chinese University of Hong Kong (CUHK)
* Online Application Form, Academic Qualifications, Additional Departmental Requirements

2. The University of Hong Kong (HKU)
* Specific Research Objectives, Methodology in the Proposal

3. The Hong Kong University Of Science And Technology (HKUST)
* Additional Specific Documents For Specific PhD Programs

4. City University of Hong Kong (CityU)
* Program Specific Requirements for the School of Graduate Studies

5. Hong Kong Baptist University (HKBU)
* Portfolio Submission for certain research areas

6. Lingnan University (LU)
* May have additional interview stages depending on the faculty

7. The Education University of Hong Kong (EDUHK)
* May have program-specific requirements in education-related disciplines

8. The Hong Kong Polytechnic University (PolyU)
* Additional requirements for submission of creative work for design and arts-related PhDs

The Forward Society

17 Nov, 13:06


📌 Relationship ကိုစိတ်မဝင်စားဘဲ Scholarship ကိုပဲ စိတ်ဝင်စားတယ်ဆိုတဲ့ TFSers လေးတို့အတွက် DISP Program

ဒီတစ်ခေါက်မှာတော့ USAID ကပေးတဲ့ DISP Scholarship အကြောင်းကို ပြောပြပေးပါမယ်နော်။

📗 DISP ရဲ့ Cohort 2 မှာဆိုရင်...
🔹 Associate Degree Program
🔹 Master’s Degree Program
🔹 Certificate Program
🔹 Graduate Diploma Program တွေအတွက် ပညာသင်ဆုပေးအပ်သွားမှာဖြစ်ပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ထိုင်းနိုင်ငံမှာနေထိုင်သူတွေအားလုံးအတွက် အခွင့်အရေးပေးထားပါတယ်။ ဒါ့အပြင် Program အလိုက်သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေလည်း ရှိပါသေးတယ်။

🔷 Associate Degree Program

▪️ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ ဒါမှမဟုတ် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသတွေမှာ လက်ရှိနေထိုင်သူဖြစ်ရပါမယ်။

▪️ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ထားပြီး အနည်းဆုံး တက္ကသိုလ်ပထမနှစ် ပြီးမြောက်ထားတဲ့သူ (ဒါမှမဟုတ်) GED Test လိုမျိုး အောင်လက်မှတ်ဖြင့်လျှောက်ထားနိုင်ပါသေးတယ်။ ဘာသာရပ်တစ်ခုချင်းစီမှာ အနည်းဆုံး (၁၄၅) မှတ်ရရှိထားဖို့တော့လိုအပ်ပါတယ်။

▪️ စေတနာ့ဝန်ထမ်းအတွေ့အကြုံ (ဒါမှမဟုတ်) ရပ်ရွာအကျိုးပြုလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး တစ်နှစ်ရှိသူဖြစ်ရပါမယ်။

▪️ In-person ဖြစ်ပြီးတော့ Indonesia နဲ့ Philippines နိုင်ငံတွေမှာ သွားရောက်သင်ယူရမှာပဲ ဖြစ်ပါတယ်။

🔷 Master’s Degree Program

▪️ အရည်အချင်းပြည့်မီတဲ့ ပညာရေးမှတ်တမ်းရှိထားဖို့လိုအပ်ပြီးတော့ တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ကြိုလက်မှတ်ရရှိထားသူဖြစ်ရပါမယ်။

▪️ သက်ဆိုင်ရာနယ်ပယ်အလိုက် အချိန်အပြည့်ဝန်ထမ်းအတွေ့အကြုံ (ဒါမှမဟုတ်) ရပ်ရွာအကျိုးပြုလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအတွေ့အကြုံတစ်နှစ်မှ နှစ်နှစ်အတွင်းရှိထားရပါမယ်။

▪️ In-person - Cambodia, the Philippines and Thailand

အကယ်၍ ကိုယ်က Master's Degree ကိုမှ Online Program ကို ရွေးချယ်မယ်ဆိုရင်တော့ The University of Arizona, USA မှာ သက်ဆိုင်ရာဘာသာရပ်ကိုလေ့လာရမှာဖြစ်ပါတယ်။

🔷 Certificate and Graduate Courses

▪️ Short-term Certificate Courses နဲ့ Graduate Courses တွေကတော့ Online ကနေ တက်ရောက်ရမှာဖြစ်ပြီးတော့...

ကိုယ်တက်ရောက်လိုတဲ့သင်တန်းရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိဖို့လိုအပ်ပါတယ်။

Online ကနေ တက်ရောက်မဲ့သူတွေအတွက်လည်း The University of Arizona, USA နဲ့ချိတ်ဆက်လို့ အဆင်ပြေပြေနဲ့ လေ့လာနိုင်ဦးမှာပါ TFSers လေးတို့ရေ🎉

သတ်မှတ်ချက်တွေကိုလည်း သိပြီဆိုတော့ ဒီပညာသင်ဆုကို စိတ်ဝင်စားလို့လျှောက်ထားချင်တယ်ဆိုရင် လိုအပ်တဲ့စာရွက်စာတမ်းလေးတွေကိုလည်း သေချာပြင်ဆင်ထားဖို့ မှာချင်ပါတယ်နော်🎀

Application Process

1️⃣ Submit Application
( Personal Information, Contact Information, Education History, Professional Experience, Employment History & Volunteer Work, International Experiences, Academic Interests, Two Essays) လိုအပ်ပါတယ်။

Essay1 မှာဆိုရင်

Write a personal statement about what motivated you to choose your field of study, explaining your goals in academics and work. Make sure to explain how this scholarship would benefit your personal development and contribute to your community.

Essay 2 မှာဆိုရင်တော့
Describe a difficulty you faced - whether in an academic, professional, or social situation - and how you used your leadership skills to overcome the challenge.

ဆိုပြီး Essays (2) ပုဒ်လိုအပ်ပါတယ်။

2️⃣ Upload Supporting Documents
[Academic Records (Certificates & Transcripts) , NRC ကဒ်ရဲ့ ရှေ့ဘက်၊ ကျောဘက် မိတ္တူတွေကို တင်ပြပေးဖို့လိုအပ်ပြီးတော့...

In-Person Programs တွေအတွက်ဆိုရင် Passport ရဲ့ အရှေ့စာမျက်နှာ (If available) နဲ့ Recommendation Letters (2) စောင်လိုပါတယ်။

3️⃣ English Diagnostics Test
4️⃣ Interviews and Final Selection ဆိုပြီး အဆင့် (4) ဆင့်ကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။

DISP Application Formမှာ Recommendation Letter ဖြည့်သွင်းတဲ့အခါ ကိုယ့်အလုပ်က အလုပ်ရှင်တွေ၊ ဆရာတွေကို ကိုယ့်အကြောင်း Further Information တွေကိုဆက်သွယ်မေးမြန်းနိုင်တာမို့လို့ ကိုယ့်အကြောင်း တကယ်သိပြီး၊ ပြန်ပြောနိုင်တဲ့သူတွေကိုသာ Recommendation Letter တောင်းဖို့အကြံပြုချင်ပါတယ်။

📌 Application Deadline - Nov 22, 2024

Website link- https://www.usaiddisp.com/
FAQs link- https://bit.ly/3XQnXXT
Application link- https://myapp.iie.org/dispscholar
(*Recommended to open with VPN)

ဒါဆိုရင်တော့ DISP Scholarship နဲ့ပတ်သက်ပြီး အသေးစိတ်ကို သိသွားပြီလို့ထင်ပါတယ် TFSers လေးတို့ရေ😊
Deadline ကလည်း သိပ်မလိုတော့တာဖြစ်လို့ သေချာလေးပြင်ဆင်ပြီး လျှောက်ထားကြဖို့ ထပ်ပြီးတိုက်တွန်းချင်ပါတယ်နော်။

The Forward Society

16 Nov, 13:18


👩‍🎓TFS ရဲ့ Free Consulting Program ကိုရယူပြီး နိုင်ငံရပ်ခြားမှာ သွားရောက်ပညာသင်ကြားချင်တဲ့ အိပ်မက်တွေကို စတင်အကောင်အထည်ဖော်လိုက်ပါ‼️

🌱ကိုယ်က နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး ပညာသင်ချင်တဲ့ အိပ်မက်တစ်ခုရှိတယ်...🎓

🌱ဒါပေမဲ့ ဘယ်က‌ နေဘယ်လို စတင်ပြင်ဆင်ရမလဲဆိုတာ သေချာမသိပဲ ယောင်လည်လည်ဖြစ်နေတာမျိုး...

🌱ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်တဲ့အခါမှာလည်း တွေ့ကြုံလာရမယ့် အခက်အခဲတွေအများကြီးရှိနိုင်တာကြောင့် ဘယ်ကနေဘယ်လိုစရမှန်းကို မသိတော့တဲ့အခါမျိုးတွေ...🤷

🌱သိချင်တာတွေ၊ မရှင်းမလင်းဖြစ်နေတာတွေ အများကြီးရှိပေမယ့်လည်း ဘယ်သူ့ဆီကို သွားမေးလို့သွားမေးရမှန်းမသိဖြစ်‌နေတာမျိုးတွေကို ကြုံတွေ့နေတဲ့သူတွေ ရှိကြလားနော်...❓ ❓

💁ဒါဆိုရင်တော့ အခုကစပြီး စိတ်ပူစရာမလိုတော့ပါဘူးနော်...

⭐လမ်းစရှာရင်း လမ်းပျောက်‌နေသလို ဖြစ်နေတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန်မတို့ The Forward Society ကနေ ယူဆောင်လာတဲ့ Free Consulting Program လေးရှိနေလို့ပဲ ဖြစ်ပါတယ်။

🎓လစဉ် အခကြေးငွေတစ်ပြားတစ်ချပ်မှ မယူပဲ ဆွေးနွေးလမ်းပြပေးနေတဲ့ TFS ရဲ့ Free Consulting Program လေးမှာဆိုရင်တော့ နိုင်ငံခြားကျောင်းတွေမှာရနိုင်တဲ့ Scholarship တွေ၊ ကျောင်းဝင်ခွင့်ဘယ်လိုလျှောက်မလဲ၊ ဘာတွေလိုအပ်သလဲ စတဲ့မေးခွန်းတွေအပြင် one-by-one consulting ဖြစ်တဲ့အတွက် တခြားကိုယ်သိချင်တဲ့အကြောင်းအရာတွေကိုလည်း အားမနာတမ်း ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ပါတယ်နော် ✨

💁TFSers လေးတို့ Consultation ရယူနိုင်မဲ့ နိုင်ငံတွေကတော့...

🇱🇷 United States
🇬🇧 United Kingdom
🇨🇦 Canada
🇳🇿 Australia
🇭🇰 Hong Kong
🇹🇭 Thailand
🇯🇵 Japan
🇪🇺 European (6) countries
(Netherlands, Belgium, Italy, Czech Republic, Hungary, Germany) တို့ပဲဖြစ်ပါတယ်။

🎗️ဆွေးနွေးလမ်းပြပေးသွားမဲ့ Consultant တွေကလည်း လက်ရှိနိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့သူတွေ၊ Scholarship နဲ့ ပတ်သတ်တဲ့ Knowledge တွေ၊ Experience တွေ ရှိတဲ့ နယ်ပယ်အသီးသီးက ထူးချွန်တဲ့သူတွေပဲဖြစ်ပါတယ်။

📬ဒီလိုမျိုးအဖိုးတန်လှတဲ့ TFS ရဲ့ Free Consulting Program လေးမှာ ပါဝင်ဖို့အတွက်ဆိုရင်တော့...

✅ပထမဆုံးအနေနဲ့ The Forward Society ရဲ့ Facebook Page ကို Like and Follow လုပ်ရပါမယ်။

✅The Forward Society ရဲ့ Telegram Channel လေးကိုလည်း Join ပေးထားရပါမယ်။

✅‎ ပြီးရင်တော့ Page Messenger ကို လာရောက်ပြီး Consulting အတွက် Appointment ယူလို့ ရနိုင်မှာပဲဖြစ်ပါတယ်ရှင့်။

⭐ဒါကြောင့် ဒီလိုကိုယ့်ရဲ့ နိုင်ငံခြားမှာ သွားရောက်ပညာသင်ချင်တဲ့ အိပ်မက်တွေကို စတင်အကောင်အထည်ဖော်ဖို့အတွက် TFS ရဲ့ Free Consulation Program ကိုအခုပဲ Appoinment ယူလိုက်တော့နော်⭐

The Forward Society

15 Nov, 03:08


ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ည🌕🪔🕯️

🪔မြန်မာပြက္ခဒိန်ရဲ့ (၈) လမြောက်ဖြစ်တဲ့ တန်ဆောင်မုန်းလမှာ မြန်မာ့ဓလေ့အရကထိန်ပွဲတော်ကို အစဉ်ကျင်းပဖို့ မီးရှူး၊ မီးတိုင်၊ ဆီမီး‌တို့ထွန်းညှိပြီး မီးထွန်းပွဲကျင်းပကြပါတယ်။

🪔တန်ဆောင်မုန်းလမှာဆိုရင် ဆေးပေါင်းခတဲ့တန်ဆောင်မုန်းလပြည့်ည၊ သူခိုးကြီးညတွေရှိကြတဲ့အပြင် ပံ့သကူပစ်တာ၊ နိဗ္ဗာန်ဈေးပွဲတော်တွေလည်းကျင်းပကြတာမလို့ အရမ်းကိုပျော်စရာကောင်းပြီး ကျက်သရေအဖြာဖြာရှိတဲ့ အချိန်အခါသမယတစ်ခုဖြစ်ပါတယ်။

🌿တန်ဆောင်မုန်းလပြည့်ဆိုတာနဲ့ မြန်မာလူမျိုးတော်တော်များများက မယ်ဇလီပင်ကိုပြေးမြင်မိကြမှာပါ။ တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ညလို့လည်းတင်စားခေါ်ဝေါ်ကြပါသေးတယ်။

🌿တန်ဆောင်မုန်းလပြည့်အချိန်အခါသမယမှာ နက္ခတ်တွေအားလုံးညီတဲ့အတွက်ကြောင့် လပြည့်ညမှာစားတဲ့ဆေးရဲ့အာနိသင်ကနိုးကြားပြီး အစွမ်းထက်၊ အသက်ရောက်ဆုံးဖြစ်တယ်လို့ ယူဆကြတာကြောင့်ဖြစ်ပါတယ်။ ဒီအချိန်ကိုဆေးပေါင်းခတဲ့အချိန်လို့ခေါ်ပါတယ်။

🌱မယ်ဇလီပင်ကို ရှေးရှေးတုန်းကတော့ မည်ဇီရီပင်လို့ခေါ်ကြပါတယ်။ မယ်ဇလီပင်ရဲ့အစိတ်အပိုင်းမှန်သမျှက အစွမ်းထက်တာမလို့ မဉ္ဇူရီ နတ်ပန်းလို့ပါတင်စားခေါ်​ဝေါ်ကြပါသေးတယ်။ မယ်ဇလီကိုသုပ်စား၊ ချက်စားလို့ရတာတင်မကဘဲ မယ်ဇလီရဲ့ အရွက်၊ အမြစ်၊ အဖုအဥ တွေက ရောဂါတွေကိုပျောက်ကင်းသက်သာစေပါတယ်။ ဒါကြောင့် ဆေးပေါင်းခတဲ့ညမှာမယ်ဇလီဖူးသုပ်စားရင် ပုံမှန်ထက်ဆေးအာနိသင်ပိုအစွမ်းထက်တယ်လို့ယူဆကြတာကြောင့် တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုပ်စားတာက အခုထက်ထိ ဓလေ့ထုံးစံတစ်ခုအနေနဲ့ရှိနေဆဲဖြစ်ပါတယ်။

🕯️🌕TFSers လေးတို့လည်း ကျက်သရေမင်္ဂလာရှိတဲ့ တန်ဆောင်မုန်းလပြည့်ညလေးမှာ မယ်ဇလီဖူးသုပ်စားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ဆေးပေါင်းခနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။💗🙆🏻‍♀️

The Forward Society

14 Nov, 13:39


ပံ့သကူပစ်ခြင်းရဲ့အမှတ်တရလေးတွေနဲ့ သူ့ရဲ့မြစ်ဖျားအစ 🎁

🎁 TFSer လေးတို့ရေ.. အခုလိုတန်ဆောင်မုန်းရာသီမှာ စိတ်ဝင်စားစရာအထိမ်းအမှတ်လှလှလေးတွေအများကြီးရှိတဲ့ထဲမှ အများပြောပြောနေကြတဲ့ “ပံ့သကူပစ်တယ်” ဆိုတာကလည်းတစ်ခုအပါအဝင်ပဲမဟုတ်လားနော်။

ဝိုင်းဝန်းရွှန်းလဲ့နေတဲ့လပြည့်ဝန်းကြီးရဲ့အလင်းရောင်အောက်မှာ တန်ဆောင်မုန်းလရဲ့ ခပ်အေးအေးဆောင်းလေပြေအငွေ့အသက်လေးတွေလွှမ်းခြုံထားတဲ့ လပြည့်ညရဲ့လွမ်းဆွတ်ဖွယ်ရာ ရနံ့ခပ်စိမ်းစိမ်းကြားကနေချစ်ခင်ရသူမိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူတူ လမ်းမတွေပေါ်၊ ချောင်ကြို​ချောင်ကြား ပန်းအိုးတွေကြားထဲအထိပါ “ပံ့သကူ” ဆိုတဲ့လှူဖွယ်ပစ္စည်းလက်ဆောင်တွေကိုရှာရတဲ့အပျော်က ဘယ်အပျော်နဲ့မှမတူတာတော့အမှန်ပဲလို့ဆိုရပါလိမ့်မယ်..။

အားလုံးနဲ့တရင်းတနှီးရှိလောက်မယ့် ယနေ့ခေတ်ပံ့သကူပစ်တယ်ဆိုတာကို TFSer လေးတို့သိဖို့အကြမ်းဖျင်းလေးပြန်ရှင်းပြရမယ်ဆိုရင်…. ကိုယ်ပေးကမ်းချင်စိတ်ရှိတဲ့ ဝတ္ထုပစ္စည်းတစ်ခုခုကို အိတ်လေးထဲထည့်ပြီး ဘယ်သူသိအောင်နေရာတစ်ခုမှာသွားထားလိုက်တာမျိုးပေါ့။ ဒါကိုမှ ပံ့သကူကောက်ကြတဲ့သူတွေထဲက ကံပါပြီးထိုက်တဲ့သူကရှာတွေ့၊ ပေးကမ်းတဲ့သူကိုကောင်းချီးမင်္ဂလာပေးပြီးတော့ နှစ်ဖက်လုံးပီတိကုသိုလ်ယူတတ်ကြတဲ့ ချစ်စရာထုံးတမ်းဓလေ့လေးပါရှင့်။

ဒါဆိုရင် အခုလိုနာမည်ကြီးလှတဲ့ပံ့သကူပစ်ခြင်းရဲ့မူလအစကဘယ်လိုများပါလိမ့်ဆိုပြီး TFSer လေးတို့အတွေးနယ်ချဲ့ပြီးသိချင်ခဲ့ဖူးတယ်ဟုတ်..🧐

ပံ့သကူရဲ့မြစ်ဖျားခံရာအစဆီပြန်သွားရမယ်ဆိုရင်တော့ဖြင့် “ပံ့သကူအစ ဇာလီနီက” ဆိုတဲ့ဆိုရိုးစကားလေးနဲ့ပဲအစချီရပါလိမ့်မယ်ရှင်။

ပံ့သကူဆိုတဲ့ဝေါဟာရလေးဟာဆိုရင် ပါဠိလို “ပံသူကုလ” ဆိုတဲ့စကားလေးကဆင်းသက်လာပြီးတော့အဓိပ္ပာယ်အားဖြင့်ဆိုရရင်တော့ “မြေပြင်မှအမှုန့်ကဲ့သို့ စက်ဆုပ်ရွံရှာစရာကောင်းသောအဝတ်” လို့အဓိပ္ပာယ်ရပါတယ်နော်။

ဟိုးရှေးရှေးတုန်းကဆိုရင် ယခုလိုမျိုး ဘုရားသားတော်ရဟန်းတွေအတွက်သင်္ကန်းလုံလုံလောက်လောက်မရှိတာကြောင့်မလို့ သံဃာတော်ရဟန်းတွေက အမှိုက်ပုံတွေ၊
သင်္ချိုင်းမြေတွေကနေ လူတွေမလိုတော့လို့စွန့်ထားတဲ့အဝတ်အစားတွေကိုပဲ သစ်ခေါက်ရည်ဆိုးပြီး သင်္ကန်းချုပ်ဖို့အတွက်ရှာဖွေခဲ့ကြရတာကြောင့်ကို။

ဒါပေမဲ့ ဖြစ်ချင်တော့ တန်ဆောင်မုန်းလပြည့်တစ်ရက်မှာ အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီးတစ်ပါးတည်း သင်္ကန်းအရှာထွက်တုန်း ဘဝဟောင်းကကြင်ရာတော်ဖြစ်တဲ့ ဇာလီနီနတ်သမီးကနေ သူသာတိုက်ရိုက်လှူရင်လက်မခံမှာဆိုးလို့ အမှိုက်ပုံကြီးအနားမှာ နတ်ဝတ်နတ်စားအထည်တွေကိုစွန့်ပစ်ပြီးလှူပေးခဲ့ပါတယ်။

ထိုအခြင်းအရာလေးကိုပဲအစပြုပြီး ပံ့သကူဆိုတဲ့အလှူကပေါ်ပေါက်ခဲ့တာဖြစ်ပြီးတော့ နွေမိုးဆောင်းတဖြည်းဖြည်းပြောင်းလဲရင်း ရာစုနှစ်တွေကြာတဲ့အခါမှာတော့ အခု 21 ရာစုရဲ့ပုံစံတစ်ခုထဲရောက်ရှိလာတယ်လို့ပဲဆိုရပါလိမ့်မယ်ရှင်။

တွေးကြည့်မယ်ဆိုရင်.. အပူအပင်လောဘတွေနဲ့ပြည့်နှက်နေတဲ့ လောကလူ့ဘောင်ကြီးထဲမှာ အခုလိုမျိုး ဂုဏ်ဒြပ်ဖော်ပြခြင်းကင်းမဲ့ပြီး အသန့်စင်ဆုံးစေတနာတွေနဲ့ ပဲပေးကမ်းလှူဒါန်းကြရင်း အပျော်ပီတိတွေ၊ ကုသိုလ်တွေကို အားလုံးကဖြန့်ကျက်ခံစားနိုင်ခွင့်ရှိတဲ့ ပံ့သကူပစ်ကြရာတန်ဆောင်မုန်းလပြည့်နေ့လေးကဘယ်လောက်တောင်ကြည်နူးဖို့ကောင်းလိုက်ပါသလဲနော်..။

TFSer လေးတို့လည်း အခုဒီစာလေးကိုဖတ်ပြီးတော့သိချင်တဲ့မေးခွန်းရဲ့အဖြေလေးကိုရသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင့်။

💫 သာယာချမ်းမြေ့ဖွယ်ရာ တန်ဆောင်မုန်းလပြည့်ညလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

The Forward Society

11 Nov, 15:00


GED က ဘာကြောင့်ရွေးချယ်မှုများတာလဲ? GED Exam ဖြေဆိုအောင်မြင်ပြီးတဲ့အခါ ဘာတွေပြောင်းလဲသွားမှာလဲဆိုတဲ့မေးခွန်းတွေအားလုံးအတွက် ဒီ Content မှာ အဖြေရှိပါတယ်။

အဲ့ဒါကြောင့် ကိုယ့်ရဲ့ဘဝအနာဂတ်မှာ ကြုံတွေ့ရဦးမဲ့အပြောင်းအလဲတွေ၊ ပိုင်ဆိုင်ရမဲ့အခွင့်အလမ်းတွေကို ရင်ခုန်စွာနဲ့ ဖတ်ရှုလိုက်ပါနော်။🎉

https://www.facebook.com/share/p/h8BUS2YAwskUztFi/

The Forward Society

11 Nov, 14:59


ဒီတစ်ခါကတော့ GED Exam ဖြေဆိုဖို့ရာအတွက် အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Registration Process နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ အောက်က Link မှာ ဖတ်ရှုနိုင်ပါတယ်။💕

https://www.facebook.com/share/p/EtD3QTv35XfBDgoo/

Registration Process သာမကပဲ Exam Fees တွေနဲ့ Exam Centers တွေအကြောင်းပါ အသေးစိတ်ပြောပြပေးထားတာဖြစ်ပါတယ်ရှင်။💞

The Forward Society

11 Nov, 14:59


TFSers လေးတို့အနေနဲ့ GED Exam မှာ အမှတ်ကောင်းတွေရယူနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမဲ့ Learning Resources တွေကို စုစည်းပေးထားပါတယ်။

GED နဲ့ပတ်သက်ပြီး လေ့လာနိုင်မဲ့ Youtube Channels တွေနဲ့ Websites Link တွေကို TFSers လေးတို့အတွက် Sharing လုပ်ပေးလိုက်ပါတယ်နော်။🎈

https://www.facebook.com/share/p/EkQ4wwx5m5vVafMB/

The Forward Society

11 Nov, 14:59


Exam တွေဖြေဆိုတဲ့အခါမှာ အရေးကြီးဆုံးက ကိုယ်ဖြေမဲ့ Exam ရဲ့ Test Structure တွေပါပဲ။

စာတွေပိုင်နိုင်နေရုံသာမကပဲ Test Structure တွေကိုပါ သိထားမယ်ဆိုရင် Exam ရဲ့ သဘောတရားကိုနားလည်ပြီးတော့ အမှတ်တွေကို ပိုရယူနိုင်မှာပါ TFSers လေးတို့ရေ။

GED Exam မှာ ဘယ်လိုဘာသာရပ်တွေပါဝင်လဲ? ကိုယ့်အနေနဲ့ ဘာတွေကိုလေ့လာရမလဲဆိုတာတွေအပြင် Test Structure မေးခွန်သဘောတရားတွေကိုပါ သိရှိနိုင်ဖို့ဆိုရင် အောက်က Link သွားရောက်ဖတ်ရှုကြည့်ပါနော်။💙

https://www.facebook.com/share/p/ijYTRVaxMEaznByS/

The Forward Society

11 Nov, 14:58


GED ကိုရွေးချယ်သင့်တဲ့အကြောင်းအရင်း

GED Exam ဟာဆိုရင် လူငယ်တွေကြားမှာ ရေပန်းစားလာပြီးတော့ ရွေးချယ်မှုအများဆုံးဖြစ်တဲ့ Exam တွေထဲက တစ်ခုဖြစ်လာပါတယ်။

ပညာရေးခရီးလမ်းပြတ်တောက်သွားလို့ Academic ဘက်ပိုင်းကို ပြန်လည်ကူးပြောင်းချင်တဲ့လူငယ်တွေနဲ့ GED လမ်းကြောင်းကို အခုမှစတင်မှာဆိုတဲ့လူငယ်တွေအနေနဲ့ GED Exam ရဲ့ အားသာချက်တွေအပါအဝင် GED Exam နဲ့ပတ်သက်လို့ လူငယ်တွေရဲ့ စိတ်ဝင်စားမှုတွေဘာလို့မြင့်တက်နေလဲဆိုတဲ့အကြောင်းအရာတွေကို ဒီ Post လေးမှာ ဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။🤗

https://www.facebook.com/share/p/TAzjfGq81sNCVDfC/

The Forward Society

11 Nov, 14:58


❗ GED ဖြေဆိုမဲ့ TFSers လေးတို့အတွက် သိကောင်းစရာ

Hello..Hello TFSers လေးတို့ရေ🤗

GED Exam ဖြေဆိုကြမဲ့ TFSers လေးတို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ GED နဲ့ပတ်သက်တဲ့ Knowledge တွေနဲ့အတူ Exam ဖြေဆိုတဲ့အခါမှာ အသုံးဝင်တဲ့ Tips လေးတွေကို မျှဝေပေးခဲ့ပြီးတော့ “Your GED: Your Future ဆိုတဲ့ Webinar လေးကိုလည်း ပြုလုပ်ပေးခဲ့ပါသေးတယ်နော်။🎀

ဒီတစ်ခါမှာတော့ TFSers လေးတို့အနေနဲ့ GED Post
တွေကို တစ်နေရာတည်းမှာပဲပြန်ဖတ်လို့ရနိုင်အောင်အတွက် စုစည်းပေးထားတာဖြစ်လို့ ပုံတစ်ပုံချင်းစီအောက်မှာ ကိုယ်ပြန်ဖတ်ချင်တဲ့ Content ရဲ့ Link ကိုဝင်ပြီး အသေးစိတ်ပြန်ဖတ်လို့ရပါပြီနော်။🎀

The Forward Society

10 Nov, 03:00


Film Making ပိုင်း (ဒါမှမဟုတ်) Media Production ကို စိတ်ဝင်စားတဲ့သူတွေ လက်မလွှတ်သင့်တဲ့ Fully Funded Fellowship 🎞

Media Production ပိုင်းနဲ့ပတ်သက်ပြီး ကျောင်းတက်ရောက်နေတဲ့ TFSers လေးတို့အတွက် အခွင့်အရေးတစ်ခုလောက်ပြောပြမယ်ဆို စိတ်ဝင်စားကြမလား 🤩❔

အခုပြောပြပေးမယ့် Program လေးက Korea နိုင်ငံ၊ Busan မြို့အခြေစိုက်ဖြစ်ပြီး Film Producers အသစ်တွေမွေးထုတ်ပေးဖို့ ဒီ “Film Production Training” ကို ကြေညာခဲ့တာပါရှင်။ 💁‍♀️

Busan Asian Film School ကနေပြီး ဦးဆောင်ခေါ်ယူနေတာပဲဖြစ်ပြီး အယောက် (20) ပဲလက်ခံမှာမလို့ ကိုယ့်ဘက်ကအကောင်းဆုံးပြင်ဆင်သွားဖို့တော့လိုမယ်နော်။ Busan Asian Film School ဆိုတာကလည်း Film Studies အတွက် ထိပ်တန်းကျောင်းတွေထဲက တစ်ကျောင်းဖြစ်တာကြောင့် လက်မလွှတ်သင့်ပါဘူး။

⏳ Duration ကလည်း Fellowship ဖြစ်တာကြောင့် March (2025) ကနေပြီး October (2025) ထိ၊ (8) လတာ ကြာမြင့်မှာပါ။ ဒီ (8) လအတွင်းမှာလည် Semesters (2) ခုအပြင် (4) ပတ်တာ Vacation တစ်ခုလည်း ပါဝင်သေးတာမလို့ အလုပ်တွေတင်မကပဲ ကိုယ့်အတွက် အတွေ့အကြုံအသစ်တွေပါ ရနိုင်ပါသေးတယ်နော်။

‼️ Deadline ကတော့ November 13. 2024 ပဲ ဖြစ်ပါတယ်။ ‼️

Requirements တွေအနေနဲ့ကတော့

🔸 Asia နိုင်ငံသားဖြစ်ရပါမယ်

🔸 English စာကို ကျွမ်းကျင်တဲ့သူဖြစ်ရပါမယ်

🔸 Film making ပိုင်းကိုကျွမ်းဝင်ပြီး နောက်ခံဗဟုသုဗဟုသုတရှိထားရပါမယ်

🔸 Academic Qualifications နဲ့ အသက်ကန့်သတ်ထားခြင်းတော့မရှိပါဘူးရှင်။

လျှောက်ချင်တယ်ဆိုရင်တော့ ကိုယ့်ဘက်ကနေပြီး ပြင်ဆင်ထားရမယ့်အရာလေးတွေလည်း ရှိသေးပါတယ်နော်။

🔹 Proof of Enrollment

🔹 Curriculum Vitae

🔹 Recommendation Letter စတဲ့ ဒီ (3) ခုကို ပြင်ဆင်ထားသင့်ပါတယ်ရှင့်။

ဒီလောက်ဆိုရင်တော့ အားလုံးလည်း စုံလောက်ပြီမလို့ ကိုယ့်ဘက်က အခွင့်အရေးကိုအမိအရဆုတ်ကိုင်ဖို့ အခုပဲလျှောက်ဖို့တိုက်တွန်းပါရစေ။ 😉
အကယ်လို့ ဒီနှစ်မှာ လျှောက်ဖို့အတွက် မမှီဘူးဆိုရင်လည်း နောက်နှစ်အတွက်ကို အခုကတည်းက ပြင်ဆင်ထားဖို့ ပြောချင်ပါတယ်နော်။

Program အတွက် လျှောက်ချင်ရင်တော့ အောက်က Link လေးမှာ လျှောက်ထားနိုင်ပါတယ်နော်…👇🏼

https://academy.afis.ac/lms/aply/aplyGuid.do?baseMenuNo=118&_idxn=153

9,170

subscribers

413

photos

192

videos