The Convo @the_convo Channel on Telegram

The Convo

@the_convo


The Convo (English)

Welcome to The Convo, a Telegram channel dedicated to sparking meaningful conversations and connecting like-minded individuals. Are you tired of surface-level chats and meaningless interactions? Look no further, as The Convo is here to provide a platform for authentic dialogue and deep connections. Whether you're interested in discussing current events, sharing personal stories, or simply engaging in thought-provoking conversations, this channel is the perfect place for you.

Who is it? The Convo is for individuals who value genuine connections and enjoy engaging in stimulating discussions. It is for those who crave meaningful interactions and want to connect with others on a deeper level. If you're looking to expand your horizons, learn from others, and share your own perspectives, then The Convo is the ideal community for you.

What is it? The Convo is a platform where members can engage in conversations on a wide range of topics, from everyday life experiences to philosophical discussions. The channel fosters an environment where members can express themselves freely, listen to different viewpoints, and learn from one another. It is a space for building relationships, broadening perspectives, and cultivating a sense of community.

Join The Convo today and become part of a community that values meaningful connections and authentic conversations. Let's dive deep into discussions, share our stories, and connect on a deeper level. Together, we can create a space where real conversations thrive and genuine connections are formed. The Convo is waiting for you to join the conversation!

The Convo

15 Feb, 12:17


Valentine's Day: The Aftermath

ခုတစ်ခေါက်မှာတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်ပြီးအချစ်ငှက်ငယ်လေးတွေရဲ့ အမျှော်လင့်ရဆုံးရက်ဖြစ်တဲ့ Valentine's Day အကြောင်းကိုဆွေးနွေးကြမှာပဲဖြစ်ပါတယ်။

ခုလိုထူးခြားတဲ့ နေ့စွဲရဲ့ History, Fun Fact, လက်ဆောင်ပေးရခြင်းရဲ့ ရည်ရွယ်ချက် ဘာတွေလုပ်ကြတယ် Culture differences အရ အယူတွေဘယ်လိုကွဲလဲဆိုတာတွေကိုပါ ပြောပြဦးမှာပဲဖြစ်ပါတယ်။

V-Day အပြီးမှာ Recap ပြန်လုပ်ရင်း sweet memory တွေ share ကြမဲ့အပြင် Single သမားလေးတွေလည်း အဲ့နေ့မှာ ဘယ်လိုတွေဖြတ်သန်းခဲ့ပြီး ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာတွေကို တစ်ဝကြီး Discuss လုပ်နိုင်ဖို့အတွက် ခုလာမဲ့ Sunday Conversation Program ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ် 🩷

#Sunday_Conversation_Program
#The_Convo
#The_Paradise_for_Language_Lovers

The Convo

13 Feb, 15:13


Raya And The Last Dragon (2021) 1080p| @MKSVIPLINK2.mp4

Join Now :
@KPMOVIELIST
@MKSVIPLINK
@MKSVIPLINK2
@MKS_REQUESTGROUP

The Convo

13 Feb, 15:09


𝙈𝙤𝙫𝙞𝙚 𝙉𝙞𝙜𝙝𝙩 𝙞𝙨 𝙝𝙚𝙧𝙚! 🎬

ဒီတစ်ပတ်အတွက် special animation ရုပ်ရှင်ကောင်းတစ်ကားကို ရွေးချယ်ထားပါတယ်

🩵 မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှကို ကိုယ်စားပြုပြီး First SouthEast Asian Disney Princess ပါဝင်တဲ့ 𝐑𝐚𝐲𝐚 𝐚𝐧𝐝 𝐭𝐡𝐞 𝐥𝐚𝐬𝐭 𝐝𝐫𝐚𝐠𝐨𝐧 (2021)🐉 ဖြစ်ပါတယ်

🩵 ကိုယ်တွေ Culture ရဲ့ လွှမ်းမိုးမှုတွေအပြည့်နဲ့ Fantasy Adventure Action ဇာတ်လမ်းဖြစ်တာမို့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ Movie ပါ

ရုပ်ရှင်ကြည့်ရန် Movie link 👇🏻
https://t.me/The_Convo

🗣️ လာမယ့် စနေနေ့ည 𝐌𝐨𝐯𝐢𝐞 𝐍𝐢𝐠𝐡𝐭 စကားဝိုင်းမှာတော့ ဒီရုပ်ရှင်နဲ့အတူ ရိုးရာယဉ်ကျေးမှုတွေ၊ ယုံကြည်မှုနဲ့ ခြေလှမ်းအသစ် စတင်တာတွေ အကြောင်းကို ဆွေးနွေးသွားကြမှာပါ

ရုပ်ရှင်ကြည့်ပြီးသွားရင်တော့ English speaking လေ့ကျင့်ဖို့ လာ Join လှည့်နော်🫰🏻
Page Chat Box မှာ Meeting ID လာတောင်းနိုင်ပါတယ် 🗨️

See you on Saturday night!

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

12 Feb, 15:14


Throwback to an amazing week at Convo 📸

Convoers spent the weekends productively, engaging in thoughtful discussions on various interesting topics. 🗨️

🎬 At Saturday Movie Night, the deeply personal topic of "𝘥𝘦𝘱𝘳𝘦𝘴𝘴𝘪𝘰𝘯" from the short film "𝙄 𝙝𝙖𝙙 𝙖 𝙗𝙡𝙖𝙘𝙠 𝙙𝙤𝙜. 𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙬𝙖𝙨 𝙙𝙚𝙥𝙧𝙚𝙨𝙨𝙞𝙤𝙣." lead to a meaningful conversation, which transform the program into a therapy session.🫂

🗨️ At Sunday Conversation Club, we talked about an insightful and educational topic of "𝙈𝙞𝙨𝙩 𝙞𝙣 𝙩𝙝𝙚 𝙖𝙞𝙧? 𝙤𝙧 𝙒𝙝𝙖𝙩 𝙞𝙨 𝙩𝙝𝙖𝙩?", exchanging interesting ideas. ☁️

The Convo will return next weekend, with even more interesting topics.
So stay tuned! 😉🙌🏻

Our club is currently running 2 programs:
🎬 𝙎𝙖𝙩𝙪𝙧𝙙𝙖𝙮 𝙈𝙤𝙫𝙞𝙚 𝙉𝙞𝙜𝙝𝙩
🗨️ 𝙎𝙪𝙣𝙙𝙖𝙮 𝘾𝙤𝙣𝙫𝙚𝙧𝙨𝙖𝙩𝙞𝙤𝙣 𝘾𝙡𝙪𝙗

#The_Convo
#The_Paradise_for_Language_Lovers

The Convo

07 Feb, 12:34


☁️ ကောင်းကင်ကြီး မကြည်လင်နေတာကိုသတိထားမိကြသလား

🌨 ဒါဟာ မြူတွေ ဆီးနှင်းညတွေကြောင့်လို့ထင်မိသလား

ဒါမဟုတ် အခြားသော အကြောင်းတစ်ခုခုကြောင့်လို့ရောတွေးမိခဲ့ဖူးလား🌍

ဒီလို ဆီးနှင်းတွေမြူခိုးတွေကြောင့်မဟုတ်ပဲ ကောင်းကင်ကြီး နဲ့ လေထုကြီးမသန့်ရှင်းနေတာ
“Air Pollution” ကြောင့်ပါ💨

ဘာကြောင့် အခုလိုဖြစ်နေရတာလဲ 🌏 ဘာဆိုးကျိုးတွေ ဖြစ်နိုင်သလဲ
ဘယ်လို ပပျောက်‌ေအာင်လုပ်ကြမလဲ
အစရှိတဲ့ ဗဟုသုတရဖွယ်ရာ အကြောင်းတွေကို နားထောင်ရင်း အမြင်ချင်းဖလှယ်ရအောင် The Convo ရဲ့ "Sunday Conversation Club" ကို join ဖို့ အတွက် ဖိတ်ခေါ်လိုက် ရပါတယ်🌱

🌷 join မယ်ဆိုရင်တော့ chat box မှာ Zoom meeting link လာတောင်းလို့ ရပါတယ်နော်🌷

#The_Convo
#The_Paradise_for_Language_Lover
#Sunday_Conversation_Club

The Convo

06 Feb, 13:29


𝘐 𝘩𝘢𝘥 𝘢 𝘣𝘭𝘢𝘤𝘬 𝘥𝘰𝘨, 𝘩𝘪𝘴 𝘯𝘢𝘮𝘦 𝘸𝘢𝘴 𝘥𝘦𝘱𝘳𝘦𝘴𝘴𝘪𝘰𝘯🐾

ကဲ တစ်ပတ်တစ်ခါရဲ့ Movie Night Program လေး ရောက်လာတော့မယ်နော်။

ဒီတစ်ပတ် Movie Night အတွက် ထူးထူးခြားခြားလေး ဖြစ်အောင် Short Film လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။

🕳️ Depression ဆိုတာ လူတိုင်းနဲ့ မစိမ်းပါဘူး။ အထူးသဖြင့် လူငယ်တွေနဲ့ပေါ့။

လူတိုင်းမှာ အသက်အရွယ်တိုင်းမှာ မတူညီတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ Depression (Black dog) ကြီးဟာ ကိုယ့်ဘဝကို မထိန်းချုပ်သွားဖို့ အရမ်းကိုမှ အရေးကြီးပါတယ်။
အဲ့လို Depression ကို ကုစားဖို့ လိုအပ်လာပြီနော်။

ဒီအပတ်မှာ 𝘐 𝘩𝘢𝘥 𝘢 𝘣𝘭𝘢𝘤𝘬 𝘥𝘰𝘨, 𝘩𝘪𝘴 𝘯𝘢𝘮𝘦 𝘸𝘢𝘴 𝘥𝘦𝘱𝘳𝘦𝘴𝘴𝘪𝘰𝘯 ဆိုတဲ့ Short Film ကြည့်ပြီး ကိုယ်နဲ့ ကိုယ့် Black Dog အကြောင်းကို ပြောကြရအောင်။

Short Film ကြည့်ရန် Link 👇🏻
https://youtu.be/XiCrniLQGYc?si=21IY2TEFOPgSX-PN

English စကားဝိုင်းလေးကို လာမယ့် စနေနေ့ညမှာ လုပ်မှာမို့ Page chat box မှာ Zoom Link လာတောင်းလှည့်နော် 🗨️

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

04 Feb, 12:42


Memo time 📸

ဒီတစ်ပတ် The Convo ရဲ့ Weekend Conversation Programs နှစ်ခုမှာ အရမ်းကိုမှစိတ်ဝင်စားဖွယ်ရာ အပြင် သင်ယူစရာ Topics တွေနဲ့ စကားဝိုင်းမြိုင်ခဲ့ကြမယ် မျှော်လင့်ပါတယ်

🎬 Saturday ရဲ့ "Movie Night" မှာတော့ cinematographyလှလှလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ "At Eternity's Gate"🎨 ရုပ်ရှင်အကြောင်း ဆွေးနွေးခဲ့ကြပြီး

🗨️ Sunday Club မှာတော့ ဆိုတဲ့ ယ​နေ့ခေတ်မှာ လူတိုင်း သိထားသင့်တဲ့ "Attention Deficit Hyperactivity Disorder (ADHD)" အကြောင်း တဝကြီး ပြောခဲ့ကြပါတယ်

နောက်အပတ်လည်း ရုပ်ရှင် နဲ့ Topic ကောင်းကောင်းတွေနဲ့ အတူ Convo ပြန်လာခဲ့ပါမယ် 😉🙌🏻

#The_Convo
#The_Paradise_for_Language_Lovers

The Convo

31 Jan, 13:15


အာရုံစူးစိုက်ရခက်ခဲခြင်း နှင့် ADHD

🤔 လူအများစု ပြောပြောနေကြတဲ့ ADHD ဆိုတာဘာကြီးလဲ?
ဘယ်အသက်အရွယ်မှာ ဖြစ်တတ်တာလဲ
🦠 ရောဂါတစ်ခုလား?
🧬 မျိုးရိုးလိုက်တတ်တဲ့ အရာလား?
🧠 ဦးနှောက်ထဲက ဘာတွေ ပြောင်းလဲသွားလို့ဖြစ်သွားရတာလဲ?
🤔ADHD နဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေနဲ့ လက္ခဏာတွေက ဘာတွေလဲ?
💁🏼‍♀️ သင်ကိုယ်တိုင်ရော ADHD ဖြစ်နိုင်တယ်ဆိုတာသိပါသလား?

ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကို
လာမဲ့ Sunday Conversation Club မှာ ပြောပြပြီး တူတူဆွေးနွေးအဖြေရှာကြရဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🙆🏻‍♀️

You can ask for the meeting link if you are a new participant🤗

#The_Convo
#The_Paradise_for_Language_Lover
#Sunday_Conversation_Club

The Convo

29 Jan, 12:49


At Eternity's Gate ( 2018 )
https://t.me/Channel_X_Official

The Convo

29 Jan, 12:42


𝑨𝒕 𝑬𝒕𝒆𝒓𝒏𝒊𝒕𝒚'𝒔 𝑮𝒂𝒕𝒆 နှင့်အတူ ဗင်းဆင့်ဗန်ဂိုး တမ်းချင်း 𖦹 ˚.༄

"ကြယ်တွေစုံပြီလား... ဗင်းဆင့်အနားကိုလာကြတယ်..." ဆိုပြီး ထူးအိမ်သင် ဆိုခဲ့တဲ့ သီချင်းထဲက လူတစ်ယောက်

༄ The Starry Night, 🌻Sunflowers နဲ့ တစ်ခြားသော ပန်းချီကားများစွာ ရေးဆွဲခဲ့တဲ့ ကမ္ဘာကျော် Vincent Van Gogh ကိုတော့ လူတိုင်းသိကြမှာပါ

ဗင်းဆင့် ရဲ့ ပန်းချီကားတွေကို လူပေါင်းများစွာ ကူးယူဆွဲကြသလို သူ့ဘဝဇာတ်ကြောင်း အတ္ထုပ္ပတ္တိ ကိုလည်း ဖော်ပြကြတဲ့ စာအုပ်နဲ့ ရုပ်ရှင်တွေလည်း လက်ချိုးရေ မရနိုင်လောက်အောင်ပါပဲ

🌻 ဗင်းဆင့်အကြောင်း ရုပ်ရှင်တွေထဲကမှ stand out အဖြစ်ဆုံးကတော့ 𝑨𝒕 𝑬𝒕𝒆𝒓𝒏𝒊𝒕𝒚'𝒔 𝑮𝒂𝒕𝒆 (2018) ပါပဲ

༄ ငြိမ်းချမ်း ငြိမ်သက်လွန်းတဲ့ ရှုခင်းရိုက်ချက်တွေ
༄ ဝါရင့်မင်းသားကြီး William Dafoe ရဲ့ သရုပ်ဆောင်‌ကောင်းချက်တွေ
༄ လှပလွန်းတဲ့ နောက်ခံတီးလုံးတွေ နဲ့
༄ ပြဇာတ်ဆန်ဆန် biopic ရုပ်ရှင်အစား ဗင်းဆင့်ရဲ့ ဘဝကို pov ဆန်ဆန်၊ သူ့နေရာက ခံစား ရှုစားရမယ့် ရုပ်ရှင်တစ်ပုဒ်

ရုပ်ရှင်ကြည့်ရန် Movie link 👇🏻
https://t.me/The_Convo

🎨 ဒီရုပ်ရှင်နဲ့အတူ ပန်းချီ၊ အနုပညာ၊ ရသ နဲ့ သဘာဝ အကြောင်း ဆွေးနွေးကြမယ့် ကျွန်တော်တို့ရဲ့ Movie Night စကားဝိုင်းကို ဖိတ်ခေါ်ပါတယ်

🗨️ ရုပ်ရှင်ကြည့်ပြီးရင်တော့ လာမယ့် စနေနေ့ညမှာ စကားတွေ တစ်ဝကြီးထိုင်ပြောရအောင်

English လို ဆွေးနွေးကြပါမယ်နော် 🗣️
Chat Box မှာ Meeting ID လာတောင်းလှည့်ပါ

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

25 Jan, 11:49


“𝑭𝒓𝒊𝒆𝒏𝒅𝒔 𝒂𝒓𝒆 𝒕𝒉𝒆 𝒇𝒂𝒎𝒊𝒍𝒚
𝒘𝒆 𝒄𝒉𝒐𝒐𝒔𝒆 𝒇𝒐𝒓 𝒐𝒖𝒓𝒔𝒆𝒍𝒗𝒆𝒔”

😵ပိတ်ရက်မှာ ပျင်းနေလား?

ငယ်ငယ်သူငယ်ချင်းတွေအကြောင်းပြောရင်း ဆွေးရင်း သူငယ်ချင်းအသစ်တွေလိုချင်လား?💁‍♂️

"Friends" ဆိုတဲ့ topic လေးနဲ့ ပိတ်ရက်လေးမှာ ‌ဂိမ်း‌တွေကစား သူငယ်ချင်းအသစ်တွေရှာရင်း chill ချင်တာအပြင်
အတူတူသင်ယူစရာတွေကို ရှာဖွေချင်တယ်ဆိုရင်တော့ 𝙎𝙪𝙣𝙙𝙖𝙮 𝘾𝙤𝙣𝙫𝙚𝙧𝙨𝙖𝙩𝙞𝙤𝙣 𝘾𝙡𝙪𝙗 ကို လာခဲ့နော်🫶

PS: If you are new participants, you can ask the Zoom meeting link in our chat box🧚

#The_Convo
#The_Paradise_for_Language_Lover
#Sunday_Conversation_Club

The Convo

23 Jan, 14:29


Kabhi Khushi Kabhie Gham (2001)

The Convo

23 Jan, 13:59


𝗠𝗼𝘃𝗶𝗲 𝗡𝗶𝗴𝗵𝘁 ရဲ့ Bollywood week

ဒီတစ်ပတ်အတွက်တော့ Bollywood နဲ့ နာမည်အကြီးဆုံး stars တွေအစုံပါတဲ့ Classic film ‘’𝑲𝒂𝒃𝒉𝒊 𝑲𝒉𝒖𝒔𝒉𝒊 𝑲𝒂𝒃𝒉𝒊𝒆 𝑮𝒉𝒂𝒎" (2001) ကို ရွေးချယ်ထားပါတယ်

𝗠𝗼𝘃𝗶𝗲 𝗡𝗶𝗴𝗵𝘁 စကားဝိုင်းလေးကို အိန္ဒိယရုပ်ရှင်ရဲ့ မိသားစုချစ်ခြင်းနဲ့ နွေးထွေးမှုကို ခံစားရင်း စတင်လိုက်ရအောင် 🥳

🥹 အမေတစ်ယောက်ရဲ့ မိသားစုအပေါ် အနန္တချစ်ခြင်းကို ရင်ထဲနဲ့ခံစားဖူးသလို၊ အဖေတစ်ယောက်ရဲ့ အတ္တကြီးမှုကြောင့် မိသားစုနွေးထွေးမှုကို စွန့်လွှတ်ရဖူးပါသလား…?

🎬 ဇာတ်လမ်းအကျဉ်း
Raichand မိသားစုမှာ အဖေဖြစ်သူရဲ့ အတ္တကြီးမှုကြောင့် သားဖြစ်သူ Rahul ရဲ့ အချစ်ရေးကို လက်မခံနိုင်ပဲ မိသားစုကွဲသွားခဲ့တဲ့အခါ

💔 သံယောဇဉ်တွေ ပြတ်သွားတဲ့ မိသားစုတစ်စုအနေနဲ့ အမေဖြစ်သူ Nandini ရဲ့ ချစ်ခြင်းနဲ့ စိတ်မာနွေးမှုဟာ မိသားစုပြန်လည်ဆန်းသစ်မှုရဲ့ အဓိကအင်အားတစ်ခုဖြစ်လာခဲ့ပုံ...

သားငယ်ရဲ့ ကြိုးပမ်းမှုနဲ့အတူ ချစ်ခြင်းနဲ့ နွေးထွေးမှုဟာ မိသားစုတစ်စုကို ပြန်လည်ဆက်သွယ်စေခဲ့ပုံကိုဖော်ပြသွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်

ရုပ်ရှင်ကြည့်ရန် Movie link 👇🏻
https://t.me/The_Convo

ရုပ်ရှင်ကြည့်ရင်းရတဲ့ Special Bonus ကတော့ 5 မိနစ်တစ်ခါ Bollywood သီချင်းတွေနဲ့ ထကနေရမှာပါ 💃🏻🕺🏻

ကဲ လာမယ့် စနေနေ့ညမှာတော့ ဒီရုပ်ရှင်ထဲက ‌အကြောင်းတွေနဲ့ အားရပါးရ ဆွေးနွေးရအောင်လေနော် 🗣️
🗨️ Zoom Link ကို Chat box မှာလာတောင်း လှည့်ပါ

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

22 Jan, 15:22


It's memo time! 📸

ဒီတစ်ပတ် Convo ရဲ့ Conversation Programs 2 ခုမှာ မတူညီတဲ့ Topics တွေနဲ့ စကားဝိုင်းမြိုင်ခဲ့ကြမယ် မျှော်လင့်ပါတယ်

🎬 Saturday Movie Night မှာတော့ Bollywood week အနေနဲ့ Chandu Champion 🥊 ရုပ်ရှင်အကြောင်း ဆွေးနွေးခဲ့ကြပြီး

🗨️ Sunday Club မှာတော့ Essential skills not taught in school 🏫 ဆိုတဲ့ ခေါင်းစဉ်အကြောင်း တဝကြီး ပြောခဲ့ကြပါတယ်

နောက်အပတ်လည်း ရုပ်ရှင် နဲ့ Topic ကောင်းကောင်းတွေနဲ့ အတူ Convo ပြန်လာခဲ့ပါမယ် 😉🙌🏻

#The_Convo
#The_Paradise_for_Language_Lovers

The Convo

17 Jan, 12:43


“𝚆𝚎 𝚊𝚛𝚎 𝚗𝚘𝚝 𝚝𝚊𝚞𝚐𝚑𝚝 𝚑𝚘𝚠 𝚝𝚘 𝚕𝚒𝚟𝚎,
𝚠𝚎 𝚊𝚛𝚎 𝚝𝚊𝚞𝚐𝚑𝚝 𝚑𝚘𝚠 𝚝𝚘 𝚙𝚊𝚜𝚜 𝚎𝚡𝚊𝚖𝚜.”

ဘ၀မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း ပင်ပန်းနေပြီလား..🤕

လုပ်သမျှ အရာမထင် ၊ ခရီးမရောက်သလို ခံစားနေရလား..🤧

အပြိုင်အဆိုင်တွေများတဲ့ လောကကြီးမှာ ရှင်သန်ရပ်တည်ဖို့အတွက် လိုအပ်တဲ့ skill တွေ အကုန်လုံးကို ကျောင်းကနေပဲ သင်ပေးတယ်လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်..😵

ယခုလို အလျှင်အမြန်တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ သူများနောက် မကျန်ခဲ့ချင်ရင် ၊ သူများတွေထက် သာချင်တယ်ဆိုရင်တော့ ဒီအပတ် 𝙎𝙪𝙣𝙙𝙖𝙮 𝘾𝙤𝙣𝙫𝙚𝙧𝙨𝙖𝙩𝙞𝙤𝙣 𝘾𝙡𝙪𝙗 မှာ "𝑬𝒔𝒔𝒆𝒏𝒕𝒊𝒂𝒍 𝑺𝒌𝒊𝒍𝒍𝒔 𝑵𝒐𝒕 𝑻𝒂𝒖𝒈𝒉𝒕 𝒂𝒕 𝑺𝒄𝒉𝒐𝒐𝒍"👀 ဆိုတဲ့ topic လေးနဲ့အတူ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😗

PS: If you are new participants, you can ask the Zoom meeting link in our chat box🧚

#The_Convo
#The_Paradise_for_Language_Lover
#Sunday_Conversation_Club

The Convo

17 Jan, 08:05


𝗥𝗲𝗺𝗶𝗻𝗱𝗲𝗿: 𝘊𝘩𝘦𝘤𝘬 𝘺𝘰𝘶𝘳 𝘦𝘮𝘢𝘪𝘭! 📣

The Convo ရဲ့ 2025 January ကနေစလို့ 4 Months term နဲ့ Volunteer လျှောက်ထားသူတွေဖို့

Interview Section အတွက် တစ်ယောက်ချင်းစီကို email ကနေဆက်သွယ်ထားပါတယ်ရှင့် 📩

Mail လေးတွေစစ်ပြီး Reply ပြန်ဖို့လည်း လိုမယ်နော် 🙌🏻

See you at the interview session! 😉🫶🏻

#The_Convo
#The_Paradise_for_Language_Lovers

The Convo

16 Jan, 14:26


Chandu Champion (2024) #ဇာတ်ကားသစ်ကြီး

The Convo

16 Jan, 12:46


𝙈𝙤𝙫𝙞𝙚 𝙉𝙞𝙜𝙝𝙩 𝙞𝙨 𝙗𝙖𝙘𝙠! 🎬🙌🏻

ဒီအပတ်အတွက်ကတော့ International films theme အောက်ကနေ Bollywood ရုပ်ရှင်ကောင်းတစ်ပုဒ်ရွေးချယ်ထားပါတယ် ❤️‍🔥

🥊 "𝘾𝙝𝙖𝙣𝙙𝙪 𝘾𝙝𝙖𝙢𝙥𝙞𝙤𝙣" (2024)

ကိုယ့်အိမ်မက် ပန်းတိုင် စီရောက်အောင်လျှောက်လှမ်းတဲ့ လမ်းမှာ လူတွေရဲ့လှောင်ပြောင်မှု၊ အထင်သေးမှုတွေ ခံရတဲ့အခါ ဘယ်လိုတုံ့ပြန်ဖြစ်ကြသလဲ?

~ ဒီ ကဲ့ရဲ့မှုတွေထဲ ကျရှုံးခံမလား?
~ မခံချင်စိတ်ထားပြီး ‌ပန်းတိုင်ကို အရောက်သွားမလား?

ဒီကားထဲမှာတော့ နိုင်ငံကိုယ်စားပြု Champion ဖြစ်ချင်နေတဲ့ ကောင်လေးတစ်ယောက်.
- မဖြစ်နိုင်ဘူး ထင်ရတဲ့ သမိုင်းတင်လောက်တဲ့ စံချိန်တွေနဲ့ ပန်းတိုင် ကို ‌ရောက်အောင်ကြိုးစားချင်သူ
- ကဲ့ရဲ့လှောင်ပြောင်မှုတွေနဲ့ ခက်ခဲလှတဲ့ ရင်ဆိုင်မှုတွေကြား သူဘယ်လို ကျော်ဖြတ်နိုင်ခဲ့သလဲ?

- အိန္ဒိယ အားကစားသမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို Biopic ရိုက်ကူးထားတာဖြစ်ပါတယ်

ရုပ်ရှင်ကြည့်ရန် Movie link 👇🏻
https://t.me/The_Convo

🙌🏻🗣️ လာမယ့် စနေနေ့ညမှာတော့ ဒီရုပ်ရှင်ကို အခြေခံပြီး ပြုလုပ်မယ့် ကျွန်တော်တို့ရဲ့ English ဆွေးနွေးဝိုင်းကို ဖိတ်ခေါ်ပါတယ်

Zoom Link ကို Page Chat Box မှာ လာတောင်းရုံပဲနော် 😉🗨️

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

15 Jan, 12:40


Another productive week at the Convo was over

and it's time to take a look back at our pretty memo pics 📸

We hope you have the time of our life joining our clubs and engaging in lively discussions last week 😉🫶🏻

The Convo will return with better International Film choices at Movie Night 🎬 and more interesting topics on Sunday club🗨️ 🙌🏻

So Stay tuned! 🙆🏻‍♀️

#The_Convo
#The_Paradise_for_Language_Lovers

The Convo

10 Jan, 15:42


𝒲𝑒 𝑔𝑜𝓉 𝒶 𝒷𝓊𝓇𝓃𝒾𝓃𝑔 𝒹𝑒𝓈𝒾𝓇𝑒 𝒻𝑜𝓇 𝓎𝑜𝓊!

လူတိုင်းမှာ ရူးရူးမူးမူးရချင်တာတွေ၊ ဖြစ်ချင်တာတွေ🧞‍♀️ အပြင် ရူးသွပ်လောက်တဲ့ အိမ်မက်တွေ၊ ပန်းတိုင်တွေ ကိုယ်စီ ရှိကြတယ်မလား

ဒါတွေမရှိဘဲ ရှင်သန်ရတဲ့ ဘဝကြီးက ပျင်းစရာကောင်းနေမှာကော တွေးမိကြလား

အဲ့လိုအရာတွေကို အမိအရဖမ်းမိဖို့ရာ 🔥Burning Desire🔥 ပြင်းပြတဲ့ စိတ်ဆန္ဒ ကလည်း အခြေခံလိုအပ်ချက်ဘဲနော်

Burning Desire နဲ့ ဆို ပုံမှန်ထပ်ပိုပြီး ကြံ့ကြံ့ခိုင်နိုင်တဲ့အပြင် အခက်အခဲတွေကိုလည်း အလွယ်တကူ ရင်ဆိုင်နိုင်တာကလည်း လက်တွေ့

အဲ့ဒါကြောင့် ဒီအပတ် 𝙎𝙪𝙣𝙙𝙖𝙮 𝘾𝙤𝙣𝙫𝙚𝙧𝙨𝙖𝙩𝙞𝙤𝙣 𝘾𝙡𝙪𝙗 မှာတော့ ပြိုင်ဆိုင်မှုတွေများပြားတဲ့ လောကကြီးမှာ survive နိုင်ဖို့ အတွက် “Burning Desire” အကြောင်းကို အပြန်အလှန် ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😗

PS: If you are new participants, you can ask the Zoom meeting link in our chat box🧚

#The_Convo
#The_Paradise_for_Language_Lover
#Sunday_Conversation_Club

The Convo

09 Jan, 12:37


Now and ever

The Convo

09 Jan, 12:37


“𝘐’𝘭𝘭 𝘵𝘢𝘬𝘦 𝘤𝘢𝘳𝘦 𝘰𝘧 𝘺𝘰𝘶 𝘶𝘯𝘵𝘪𝘭 𝘐 𝘥𝘪𝘦.“
ရိုးရှင်းတယ်ထင်ရပေမယ့် အရမ်းကိုမှ အဓိပ္ပာယ် နက်ရှိုင်းလှတဲ့ sentence လေးတစ်ကြောင်း...

🪢 ဒီတစ်ပတ်ရွေးချယ်ထားတဲ့ movie ကတော့ 2019 မှာထွက်ရှိခဲ့ပြီး အရမ်းကိုလူကြိုက်များခဲ့တဲ့ "𝑵𝒐𝒘 & 𝑬𝒗𝒆𝒓 ~ ထာဝရနှောင်ကြိုး“ ဖြစ်ပါတယ်

ရုပ်ရှင်ရုံထဲမှာ Tissue တစ်ထုပ်ကုန်ခဲ့ရတဲ့ကားလေးပေါ့ 🥹

~ ဘဝမှာ တစ်စုံတစ်ယောက်ကို နက်ရိူင်းစွာ ချစ်မိသွားတဲ့အခါ...
~ ကိုယ့်ချစ်ရတဲ့သူရဲ့ ကောင်းခြင်းဆိုးခြင်းတွေကိုရော...
~ လက်ခံနိုင်ပါ့မလား…?

ရုပ်ရှင်ကြည့်ရန် Movie link 👇🏻
https://t.me/The_Convo

ချစ်ခြင်းမေတ္တာတရားကို အကောင်းဆုံးသရုပ်ဖော်ကျူးထားနိုင်တဲ့ "𝑵𝒐𝒘 & 𝑬𝒗𝒆𝒓 ထာဝရနှောင်ကြိုး" ကို ပြန်လည်ကြည့်ရှုရင်း ~

💬 လာမယ့် စနေနေ့ည Movie Night program မှာအချစ်အကြောင်း၊ #movienight ပ်နားလည်မှုအကြောင်း၊စွန့်လွှတ်အနစ်နာခံမှု အကြောင်းတွေကို tissue ထုပ်လေးအားပြုရင်း အားရပါးရဆွေးနွေးကြရအောင် 🧻🗣️

👉🏻 English လို Speaking လေ့ကျင့်ရင်း ဆွေးနွေးကြပါမယ်နော်
🫶🏻 Meeting ID လေးကို Page Chat Box မှာ လာတောင်းလှည့်ပါ

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

07 Jan, 12:33


ကိုယ်ကြိုက်ရတဲ့ ရုပ်ရှင်တွေ ကြည့်ရင်းနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် English စာပါ လေ့လာချင်သလား? 👀

Convo ရဲ့ 𝙈𝙤𝙫𝙞𝙚 𝙉𝙞𝙜𝙝𝙩 𝙥𝙧𝙤𝙜𝙧𝙖𝙢 လေး ပြန်လာပါပြီ

ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ရုပ်ရှင်တွေထဲက နာမည်ကြီး ရုပ်ရှင်ကား 90% လောက်က Hollywood ရဲ့ လွှမ်းမိုးမှုအောက်ကနေ ထွက်လာတဲ့ English Movies (အထူးသဖြင့် အမေရိကန်ရုပ်ရှင်) တွေ ဖြစ်နေတာ သတိထားမိကြလား?

Public Attention ဟာ အမြဲလိုလို Mainstream media က Hollywood Blockbuster ရုပ်ရှင်ကားကြီးတွေစီတွေ ရောက်နေပေမယ့်လည်း နိုင်ငံတကာ ရုပ်ရှင်တွေလည်း တစ်ခါတစ်ခါ Popular ဖြစ်တာမျိုးလည်း တွေ့ဖူးမှာပါ

ဥပမာ - အခုလောလောဆယ် ရေပန်းအစားဆုံး Squid Game နဲ့ တစ်ခါက Oscars တွေအကုန် တက်သိမ်းနိုင်ခဲ့တဲ့ "Parasite(2019)" တို့လိုမျိူး

🎬 ဒီတစ်ခါ ကျွန်တော်တို့ 𝙈𝙤𝙫𝙞𝙚 𝙉𝙞𝙜𝙝𝙩 𝙥𝙧𝙤𝙜𝙧𝙖𝙢 ရဲ့ theme ကတော့ 𝘐𝘯𝘵𝘦𝘳𝘯𝘢𝘵𝘪𝘰𝘯𝘢𝘭 𝘍𝘪𝘭𝘮𝘴 ပဲ ဖြစ်ပါတယ်

🎬 နိုင်ငံ အသီးသီးက International ဇာတ်ကားကောင်းတွေကို ရွေးချယ်ပေးပြီး English လိုဆွေးနွေးကြမှာပဲ ဖြစ်ပါတယ်။🗣️

🧡 Program လေးကိုတော့ စနေနေ့ညတိုင်း 7 နာရီမှ 8:30 မှာ Zoom ကနေ လုပ်သွားမှာပါ

🫶🏻 ရုပ်ရှင်ကိုတော့ ကြိုကြည့်လာရမှာမို့ Page မှာ Update တွေ မလွတ်စေဖို့ Follow ထားဦးနော်

Telegram Channel လေးလည်း Subscribe ထားနိုင်ပါတယ်ဗျ 👇🏻👇🏻
https://t.me/The_Convo

Movie Lovers နဲ့ Passionate English Learners တို့ကို Welcome ပါ

ကဲ! ဒါဆို လာမယ့် စနေနေ့ညမှာ တွေ့ကြပါမယ်နော်

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

06 Jan, 12:41


𝑴𝒆𝒎𝒐𝒔 𝒐𝒇 𝒏𝒆𝒘 𝒃𝒆𝒈𝒊𝒏𝒏𝒊𝒏𝒈𝒔 📸

2025 ရဲ့ ပထမဦးဆုံးအပတ်မှာတော့ New Beginnings တွေနဲ့ အတူ Convo ရဲ့ Speaking Clubs လေးတွေလည်း ပြန်လာခဲ့ပါတယ်

☀️ Movie Night မှာတော့ 𝑯𝒆𝒂𝒓 𝒎𝒆: 𝑶𝒖𝒓 𝑺𝒖𝒎𝒎𝒆𝒓 နဲ့ အတူ ဘယ်လောက်ပြောပြောမရိုးလှတဲ့ အချစ်အကြောင်းတွေ တဝပြောခဲ့ကြပြီး

💬 Sunday Conversation Club မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ခေါင်းစဉ်အသစ် F.O.M.O အကြောင်း‌‌ေဆွး‌ေနွးကြရင်း Productive Weekend ရခဲ့ကြမယ်လို့ မျှော်လင့်ပါတယ် 🫶🏻

Have a productive week and we wish to see you all next weekend 😉

#The_Convo
#The_Paradise_for_Language_Lovers

The Convo

03 Jan, 15:45


တခြားသူတွေ 🦑 Squid Games Season (2) ကြည့်နေတဲ့အချိန် သင်ကော ကြည့်နေပြီလား...?

သူငယ်ချင်းတွေနဲ့ hang out လုပ်ပြီး ပုံတင်ရင် ကိုယ့်ပုံမပါလာရင်ကော ဘယ်လိုခံစားရလဲ 🌝...?

💆‍♂️သူများတွေက ဂျပန်စာ သင်နေတဲ့ အချိန်ကော သင်ဘာလုပ်နေလဲ....?

...အစရှိတဲ့ ဆင်တူရိုးမှား မေးခွန်းတွေက လူတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးမိကြလိမ့်မယ် ထင်ပါတယ်🙄

ပြန်မေးတဲ့ အချိန် ဖြစ်လာတဲ့ 🤕emotional feeling ကိုကော handle လုပ်နိုင်ပြီလား?👀

အဲ့ feeling ကို “𝖥𝖮𝖬𝖮” (Fear of Missing Out)👤 လို့ခေါ်ပြီး အခုလို social media ခေတ်ကြီးမှာ လူတိုင်း အနည်းနဲ့ အများ ခံစားမိကြမှာပါ🌱

ဒီအခြေအနေကို ကျော်လွှားဖို့ကော နည်းလမ်းတွေ ရှိပြီးသားလား 💫
ဒါမှမဟုတ် ရှာဖွေနေတုန်းလား🧐

မိမိအနေနဲ့ တခြားသူကို Sharing လုပ်ချင်သည်သော်လည်းကောင်း
တစ်ပါးသူရဲ့ advice ကို နားထောင်သိလိုချင်သူများအဖို့ အခုအပတ် 𝙎𝙪𝙣𝙙𝙖𝙮 𝘾𝙤𝙣𝙫𝙚𝙧𝙨𝙖𝙩𝙞𝙤𝙣 𝘾𝙡𝙪𝙗 ကို မဖြစ်မနေ join ဖို့ လိုမယ်နော် 🤗🤭

PS: If you are new participants, you can ask the Zoom meeting link in our chat box!🧚‍♂️

#The_Convo
#The_Paradise_for_Language_Lover
#Sunday_Conversation_Club

The Convo

02 Jan, 16:29


𝘾𝘼𝙇𝙇𝙄𝙉𝙂 𝙁𝙊𝙍 𝙑𝙊𝙇𝙐𝙉𝙏𝙀𝙀𝙍𝙎 📣

နှစ်သစ်ရဲ့ အစမှာ ကြိုးစားချင်တဲ့သူတွေအတွက် The Convo က Volunteer ခေါ်နေပါပြီ 🤗

လက်ရှိ The Convoမှာ လုပ်နေတဲ့
🎬 𝙈𝙤𝙫𝙞𝙚 𝙉𝙞𝙜𝙝𝙩 နဲ့
🗣️ 𝙎𝙪𝙣𝙙𝙖𝙮 𝘾𝙤𝙣𝙫𝙚𝙧𝙨𝙖𝙩𝙞𝙤𝙣 𝘾𝙡𝙪𝙗 တို့အတွက် Facilitator-Volunteer များ အလိုရှိပါတယ်

🙌🏻 အတွေ့အကြုံကောင်းတွေရယ်၊ Community ကို contribute လုပ်ချင်တဲ့ လူငယ်တွေကို အဓိကထား ဖိတ်ခေါ်ပါတယ်

🧡 𝙏𝙝𝙚 𝘾𝙤𝙣𝙫𝙤 ဟာ Educational Organization တစ်ခု ဖြစ်တဲ့အတွက် Skills တွေနဲ့ Network တစ်ခုပဲ ပေးနိုင်ပါတယ်

တကယ် အလုပ်လုပ်လိုတဲ့ လူငယ်တွေ၊ open-minded ဖြစ်တဲ့လူငယ်တွေကို welcome လုပ်ပါတယ်နော်

🧡 ကိုယ့်မှာ facilitator အတွေ့အကြုံ မရှိလို့လည်း မစိုးရိမ်ပါနဲ့နော်…. Facilitating Training ပေးမှာမို့ စိတ်အားထက်သန်မှုပဲ လိုပါတယ်

ကဲ! 𝙏𝙝𝙚 𝘾𝙤𝙣𝙫𝙤 volunteer ဖြစ်ချင်ရင်တော့
1️⃣ ဒီ application formလေးကို ဖြည့်ပါ
https://forms.gle/9R69MowysA3f3Dmh7

2️⃣ ရွေးချယ်ခံရသူများကို Interview အဆင့်အတွက် ထပ်မံခေါ်ယူသွားမှာ ဖြစ်ပါတယ်

3️⃣ Interview မှာ အရွေးခံရရင်တော့ Page ကနေတစ်ဆင့် ကြေငြာပြီး ဆက်သွယ်သွားမှာပါ

🔴 Deadline ကတော့ January 12 ရက်နေ့၊ ည 12နာရီ နော်

လိုအပ်တဲ့ criteria တွေကို form အစမှာ ရေးပေးထားလို့ သေချာလေးဖတ်ပြီး ဖြည့်ပါနော် 🫶🏻

ကဲ….See you and good luck!

#The_Convo
#The_Paradise_for_Language_Lovers
#volunteer

The Convo

02 Jan, 12:56


594. Hear Me Our Summer (2024)
====================

𝙼𝚊𝚒𝚗 𝙲𝚑𝚊𝚗𝚗𝚎𝚕 𝙻𝚒𝚗𝚔 -> Here
====================

‼️ Copyright Disclaimer
No copyright infringement intended. I do not own the video or music. It is used for entertainment purposes only under the principle of Fair Use. All copyright goes to its rightful owner.
———————————

The Convo

02 Jan, 12:56


2025 ရဲ့ ပထမဆုံး 𝗠𝗼𝘃𝗶𝗲 𝗡𝗶𝗴𝗵𝘁 လေး လာပါပြီ🎀

နှစ်သစ်မှာ "𝘕𝘦𝘸 𝘠𝘦𝘢𝘳, 𝘕𝘦𝘸 𝘔𝘦" လုပ်နေကြပေမယ့် "𝘕𝘦𝘸 𝘠𝘦𝘢𝘳, 𝘕𝘦𝘸 𝘓𝘰𝘷𝘦" လေးရော မဖြစ်ချင်ကြဘူးလား? 🫣💓

ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြား K Drama Film တစ်ခုရွေးထားပါတယ်
☀️ 𝑯𝒆𝒂𝒓 𝑴𝒆, 𝑶𝒖𝒓 𝑺𝒖𝒎𝒎𝒆𝒓 (2024) 💛 ပါ

☀️ Yong Jun ဆိုတဲ့ Delivery ပို့ကောင်လေးတစ်ယောက် "ဂါအူးလ်" ဆိုတဲ့ ဆွံ့အနားမကြား ကောင်မလေးရဲ့အစ်မ "ယောရွမ်း" ကို မြင်မြင်ချင်းသဘောကျမိသွားတဲ့အခါ~ သူတို့နှစ်ယောက်ကြား ဖြစ်လာတဲ့ relationship အကြောင်းပါ

☀️ ရေကူးအားကစားသမား ညီမလေးကို အရာအရာပုံအပ်ပြီး ကိုယ့်အိမ်မက်ကိုတောင် လက်လွှတ်ထားတဲ့ "ယောရွမ်း" ကိုမှ ချစ်မိတဲ့အခါ

☀️ သာမန် အပြောနဲ့ ဆက်သွယ်ကြမယ့်အစား စကားလုံးတွေ မပါပဲ ခြေဟန်လက်ဟန်တွေနဲ့ ရုပ်ရှင်တစ်ကားလုံး ကြည့်ရှုသူတွေကို အဆုံးထိ ဆွဲခေါ်နိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်

🎬 ရုပ်ရှင်ကြည့်ရန် Movie link 👇🏻
https://t.me/The_Convo

🙌🏻 ရုပ်ရှင်လေး ကြည့်ပြီးပြီဆိုရင်တော့ လာမယ့် စနေနေ့ညမှာ လုပ်မယ့် Movie Night စကားဝိုင်းကို လာ Join လှည့်နော်

💬 Meeting ID ကို Page Chat Box မှာ လာတောင်းနိုင်ပါတယ်ဗျ

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

31 Dec, 05:06


2025 အတွက် Ready ဖြစ်နေသူတွေ အိမ်စာအတူတူလုပ်ခဲ့ကြတဲ့ 𝘼𝙣 𝙀𝙣𝙙 𝙤𝙛 𝘼𝙣 𝙀𝙧𝙖 Team

The Convo ရဲ့ ပုံမှန် အစီအစဉ်တွေနဲ့ မတူဘဲ ဖန်တီးခဲ့တဲ့ 𝘼𝙣 𝙀𝙣𝙙 𝙤𝙛 𝘼𝙣 𝙀𝙧𝙖 မှာ စိတ်ပါဝင်စားစွာနဲ့ ပါဝင်ခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်နော် 🙆🏻‍♀️

🍀 နှစ်တစ်နှစ်ကို စတင်ဖို့ နှစ်တစ်နှစ်အဆုံးသတ်ဟာ အင်မတန်မှ အရေးကြီးပါတယ်

ဒါကို မနေ့ညက အတူတူ အိမ်စာလေးတွေ လုပ်ရင်း ကိုယ်စီ Vision Board လေးတွေ ပိုင်ဆိုင်သွားကြတဲ့ ဟုတ်? 👀

အထူးအစီအစဉ်နဲ့ အထူးညလေးတစ်ည ပိုင်ဆိုင်လိုက်ရလို့ ကျေနပ်ကြမယ်လို့ ထင်ပါတယ် 🫶🏻

မနေ့ညက Public Speaking မှာ ဝင်ပြိုင်ပြီး Convo ရဲ့ ၁လတာ Free join ခွင့် ရရှိသွားတဲ့ Koe ရေ Congratulations ပါနော် 🎊
အများကြီး ပျော်နေမယ်ဆိုတာ သိပါတယ်

အခု အားလုံးပါဝင်နိုင်တဲ့ အစီအစဉ်လေးတစ်ခုကို ထပ်ပြောပြမယ်နော်
ကိုယ်ရဲ့ Vision Board လေးတွေကို Comment ပြီး Reaction အများဆုံးရတဲ့သူကို The Convo ရဲ့ T-shirt လေး လက်ဆောင်ပေးမှာနော်! 👕👀

ကဲ…2025 မှာ အသစ်အသစ်တွေနဲ့ The Convo မှာ ပြန်ဆုံကြပါမယ် 🔜

#The_Convo
#The_Paradise_for_Language_Lovers

The Convo

28 Dec, 12:53


"အရမ်းတွေကြိုးစားချင်နေပြီ 2025က မရောက်သေးဘူးလား" ဆိုတဲ့သူတွေအတွက် 𝘼𝙣 𝙀𝙣𝙙 𝙤𝙛 𝘼𝙣 𝙀𝙧𝙖

🧡 မနက်ဖြန် ဒီဇင်ဘာလ 29 ရက်နေ့ (တနင်္ဂနွေနေ့) မှာတော့ The Convo ရဲ့ 𝘼𝙣 𝙀𝙣𝙙 𝙤𝙛 𝘼𝙣 𝙀𝙧𝙖 ပွဲလေးကို Zoom Platform မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

💭 ဒီ program မှာတော့ 2024 မှဖြတ်သန်းခဲ့တဲ့ momentတွေ၊ အတွေ့အကြုံတွေနဲ့ 2025 ရဲ့ အိပ်မက်တွေကို အိမ်စာ အတူတူလုပ်ချင်သူတွေ လှမ်းလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

အကယ်၍ Idea မရှိသေးလည်း လာခဲ့ပါ။ အတူတူ Brainstorm လုပ်ကြပါမယ် 🫶🏻

နှစ်တစ်နှစ်ရဲ့ အဆုံးသတ် ပြည့်စုံစေဖို့ဆိုရင်တော့ The Convo က မပါမဖြစ်ပဲနော်။

Page Chat Box မှာ Meeting ID ခာတောင်းလှည့်တော့ 🫵🏻😼

ကဲ….. မနက်ဖြန် ည 7 နာရီမှာ တွေ့ကြဖို့ Ready နော်! 🙆🏻‍♀️

#The_Convo
#The_Paradise_for_Language_Lovers

The Convo

26 Dec, 14:04


𝘼𝙣 𝙀𝙣𝙙 𝙤𝙛 𝘼𝙣 𝙀𝙧𝙖 🌟

ကဲ…ဒီနေ့မှာတော့ အားလုံးစောင့်မျှော်နေတဲ့ Program ၃ ခုပေါင်းပြီး ဘယ်လို run မလဲဆိုတာကို ပြောပြပေးသွားမယ်နော် 😎

𝘼𝙣 𝙀𝙣𝙙 𝙤𝙛 𝘼𝙣 𝙀𝙧𝙖 ရဲ့ Main Purpose ကတော့ ~

💡 2024 ကို 𝘙𝘦𝘧𝘭𝘦𝘤𝘵 လုပ်မယ်
~ ဘာတွေဖြစ်ပျက်ခဲ့လဲ?
~ ဘယ်သူတွေက ကိုယ့်ကို ချန်ရစ်ခဲ့လဲ?
~ ဘာတွေ ပိုင်ဆိုင်ခဲ့လဲ?

📝 𝘓𝘦𝘢𝘳𝘯 လုပ်မယ်
~ မှားခဲ့တဲ့အရာတွေကနေ ဘာတွေ သင်ယူခဲ့လဲ
~ ပိုကောင်းတဲ့ 2025 ကို ပိုင်ဆိုင်ဖို့ ဘယ်လို idea တွေရခဲ့လဲ

❤️‍🩹 𝘏𝘦𝘢𝘭 လုပ်မယ်
~ 2024 က လွယ်ကူခဲ့တဲ့ နှစ်တစ်နှစ်တော့ မဟုတ်ဘူးလေ…အတူတူ မျှဝေရင်း နာကျင်ခံစားခဲ့သမျှတွေကို ကုစားကြရအောင်နော်

2025 မှာတော့ ~
💭 𝘋𝘳𝘦𝘢𝘮 ~ အိပ်မက်တွေမက်ကြမယ်
🤞🏻𝘏𝘰𝘱𝘦 ~ မျှော်လင့်ချက်လေးတွေနဲ့ ရှေ့ဆက်ကြမယ်
📝 𝘗𝘭𝘢𝘯 ~ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ တကယ် ဖြစ်လာဖို့ plan ဆွဲကြမယ်

🧡 Agenda လေးကို အကြမ်းဖျင်းပြောပြမယ်နော်

➥ Convo ရောက်တာနဲ့ Host အချောလေးက ရင်းနှီးသွားအောင် မိတ်ဆက်ပေးမှာပါ
➥ ပြီးတာနဲ့ သွေးပူသွားအောင် Game Session လေးနဲ့ စမယ်နော်
➥ 𝗠𝗼𝘃𝗶𝗲 𝗡𝗶𝗴𝗵𝘁 ရဲ့ Program Lead 𝘛𝘩𝘪𝘳𝘪 နဲ့အတူ Topic နဲ့ဆိုင်တဲ့ Video လေးကြည့်ပြီး Vision Board အတူ ဖန်တီးကြပါမယ် (Discussion လည်းပါမယ်နော်)

➥ အထူးအစီအစဉ်အနေနဲ့ Convoရဲ့ Program Manager Amy ဦးဆောင်တဲ့ 𝗣𝘂𝗯𝗹𝗶𝗰 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 𝗦𝗲𝘀𝘀𝗶𝗼𝗻 မှာ မိမိတို့ရဲ့ 𝐕𝐢𝐬𝐢𝐨𝐧 𝐁𝐨𝐚𝐫𝐝 2025 ကို အပီအပြင်ချပြပြီး အနိုင်ရရှိခဲ့ရင်တော့ The Convo ရဲ့ Program တွေကို တစ်လစာ အခမဲ့ Join ခွင့်ကို ရရှိမှာပဲ ဖြစ်ပါတယ် 🤩

➥ နောက်ဆုံးမှာတော့ 𝗗𝗮𝗻𝗰𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝘁𝗵𝗲 𝗣𝗿𝗼𝗴𝗿𝗮𝗺 ရဲ့ Program Lead Maung Kaung ရဲ့ တင်ဆက်မှုနဲ့အတူ သီချင်းနားထောင်ပြီး 2025 ကို ရင်ဆိုင်ဖို့ ခွန်အားသစ်နဲ့ idea တွေကို ရယူလိုက်ပါနော်

ကဲ….ဒါဆို လာမယ့် 29th December (Sunday) ည 7 နာရီမှာ အကုန်လုံးနဲ့ အတူတူစုံကြမယ်နော် 🧡

#The_Convo
#The_Paradise_for_Language_Lovers

The Convo

24 Dec, 14:58


𝐀𝐍 𝐄𝐍𝐃 𝐎𝐅 𝐀𝐍 𝐄𝐑𝐀

New Year လည်း နီးလာပြီ ဆိုတော့ Convoကနေ taste အသစ်အဆန်းလေးလာဖို့ မျှော်နေကြပြီလား? 👀

Convoမှာ Program ၃ခုရှိတာ သိကြတယ် ဟုတ်?
အခုလုပ်မယ့် Program အဆန်းလေးကတော့ Convo ရဲ့ Program ၃ ခုကို တစ်ရက်တည်းမှာ run မှာပါ။

အမြင်မလွဲပါဘူး… ဟုတ်ပါတယ်

ဒီဇင်ဘာလ၂၉ ရက် (တနင်္ဂနွေနေ့) မှာ
~ Dancing with the Rhythm Program
~ Movie Night Program နဲ့
~ Sunday Conversation Program တို့ကို တစ်ရက်တည်း၊ တစ်ချိန်တည်း ပြုလုပ်သွားမှာပါ။

2024 ရဲ့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး Join ဖို့သာ ပြင်ထားလိုက်တော့နော်။

Program ၃ ခုလုံးကို တစ်ချိန်တည်း ဘယ်လို run မလဲဆိုတာကိုတော့ နောက် Post မှာ ပြောပြမှာဖြစ်လို့ stay tuned! 🤫

🎊 ဒီ Program လေးကိုတော့ 𝐀𝐍 𝐄𝐍𝐃 𝐎𝐅 𝐀𝐍 𝐄𝐑𝐀 လို့ အမည်ပေးထားတယ်နော်။

ဘာတွေလာမှာပါလိမ့်... 😎

#The_Convo
#The_Paradise_for_Language_Lovers

The Convo

23 Dec, 14:07


တစ်ပတ်တာ Convo ရဲ့ Program memo လေးတွေ ပြန်လာပါပြီဗျာ 💗👀

Holiday Season မှာ ဒီဇင်ဘာရဲ့ Christmas Spirit တွေကိုယ်စီနဲ့

~ You Belong With Me 💛

~ Last Christmas 💝

~ Delicacies evoke longing 🍝

စတဲ့ ခေါင်းစဉ်တွေ အောက်မှာ အားရပါးရ ဆွေးနွေးခဲ့ကြပါတယ်

နောက်လာမယ့် တစ်နှစ်တာ နောက်ဆုံးအပတ်မှာရော ဘာခေါင်းစဉ်တွေနဲ့ ပြန်လာခဲ့မလဲ ရင်ခုန်နေပါပြီ 🫣
So stay tuned!

For now, enjoy the Christmas holiday season! 🤗

#The_Convo
#The_Paradise_for_Language_Lovers

The Convo

22 Dec, 00:04


2025မှာ Convoကို Next Level တစ်ခုအနေနဲ့ ခရီးဆက်သွားဖို့ workaholic ၄ယောက် ဖန်တီးတဲ့ ခြေလှမ်းတစ်ခု စတင်တော့မှာ ဖြစ်ပါတယ် 🎄❤️

ဪ ဒါနဲ့ Convo ရဲ့ခြေလှမ်းအသစ်မှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက် မကြာခင်မှာ အခွင့်အရေးကြီးတစ်ခုသယ်ဆောင်လာမှာမို့ stay tuned 🤗

#The_Convo
#The_Late_Night_Meeting

The Convo

20 Dec, 14:28


Delicacies evoke longing

Hello!!!Hello!!!ဒီလရဲ့​လေးခု​မြောက် Sunday​ လေးကို​တော့အစားအ​သောက်အ​​ကြောင်း​တွေ​ပြောရင်းဖြတ်သန်းရ​အောင်။အစားအစာအ​ကြောင်း​တွေးရုံနဲ့​ပျော်ရွှင်လာတဲ့သူ​တွေရှိပါသလား။အဲ့ဒါ သင့်ဦး​နှောက်ကနေ 'Dopamine' လို့​ခေါ်တဲ့​ 'ပျော်ရွှင်ခြင်း' hormone ကိုထုတ်လွှတ်​ပေးလို့ပါ။အစားအ​သောက်က​နေ​ပျော်ရွှင်ခြင်းကိုသာမကခံစားချက်များစွာကိုခေါ်​ဆောင်​ပေးနိုင်ပါတယ်။
ရာသီ​ပေါ်အစားအ​သောက်များကိုမြင်ရုံဖြင့်ရာသီအကူးအ​ပြောင်းကိုသိရှိနိုင်သ​လို​ဒေသထွက်စားစရာများရဲ့ဆွဲ​ဆောင်မှုကြောင့်လည်းခရီးထွက်အပန်း​ဖြေချင်စိတ်များ​ပေါ်​ပေါက်လာ​နိုင်ပါသည်။တစ်ဦးနှင့်တစ်ဦးရင်းနှီးချစ်ခင်မှုကိုလည်းမိတ်ဆုံစားပွဲများနှင့်စားစရာဖလှယ်ခြင်းမှတဆင့်တည်​ဆောက်နိုင်ပါသည်။အစားအ​သောက်မှတဆင့်ပွဲ​တော်အ​ငွေ့အသက်၊ ယဥ်​ကျေးမှု၊ ရိုးရာဓ​လေ့များကိုခံစားနိုင်ရုံသာမက ပြန်မရနိုင်​တော့တဲ့ငယ်ဘဝမှတ်ဥာဏ်များ၊ ဘိုးဘွားများရဲ့အ​ငွေ့အသက်များကိုပါပြန်လည်​အောင်း​မေ့သတိရနိုင်ပါသည်။

သင့်ရဲ့အမှတ်ရဆုံးစားစရာအ​ကြောင်းကိုပေါ့​ပေါ့ပါးပါး​​ဆွေး​နွှေးရင်း လာမယ့်တနင်္ဂ​နွေ​နေ့​လေးကို​ပျော်​ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ The Convoက စောင့်​မျှော်​နေ​တယ်နော်။ Conversation Program အတွက် Zoom linkကို The Convo pageမှာ​လာ​ရောက်ရယူနိုင်ပါတယ်။

#The_Convo
#The_Paradise_for_Language_Lovers
#Sunday_Conversation_Program

The Convo

19 Dec, 12:20


Last Christmas 2019 - 1080p [CM].mp4


Join Now :
@KPMOVIELIST
@MKSVIPLINK1
@MKS_REQUESTGROUP

Channel လေးတွေ Join ထားပေးနော်👇
https://t.me/addlist/TQm7djmGnhQ1YzM0

💢 English Series, Chinese Series, Thai Series, Anime & Animation Series များ Members ဝင်ဖို့ 👉 @kpautoreply_bot 👈 အသေးစိတ်ကြည့်လို့ရပါတယ်နော်။

The Convo

07 Dec, 00:16


Voices of Comfort
-The role of lyrics in emotional health-

Lyrics တွေက အထီးကျန်တဲ့စိတ် ဖြေဖျောက်ပေးနိုင်တယ်နော် 🎶
သီချင်းတစ်ပုဒ်ရဲ့ ဇာတ်လမ်း/ အဆိုတော်တွေဟာ သူတို့တိုက်ဆိုင်လာတဲ့အတိတ်က အဖြစ်အပျက်တွေနဲ့ နားထောင်သူကို ချိတ်ဆက်ပေးလေ့ရှိကြပါတယ်။တနည်းပြောရရင် လက်ရှိအခြေအနေကနေ စိတ်အားဖြင့် ခေတ္တအနားယူရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ သီချင်းရဲ့စာသားပေါ်မူတည်ပြီး စိတ်ခွန်အား တည်ငြိမ်မှု ပျော်ရွှင်မှု ကျေနပ်အားရမှု စတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်တွေရစေပါတယ်။ စိတ်ခွန်အားနဲ့ အားအင်ယူဖို့ အလွယ်ဆုံး အကောင်းဆုံး အရာဖြစ်တဲ့အပြင် စိတ်ထွက်ပေါက်ဖြစ်သလို အတွေးသစ် အမြင်သစ် ပေါ်ပေါက်စေပါတယ်။

ကဲ ဆွေးနွေးရင်ဖွင့်ကြရအောင် Page messenger မှာ Zoom link လာယူလိုက်နော်။

#The_Convo
#The_Paradise_for_Language_Lovers
#Sunday_Conversation_Program

The Convo

06 Dec, 13:30


ကဲ အားလုံးပဲ SAT စာမေးပွဲအတွက် အစအဆုံး အခမဲ့ပြင်ဆင်ခွင့်ရမယ့်အပြင် အိမ်စာတွေပါကူလုပ်ပေးမယ့် SAT Prep Camp လေးနဲ့ မိတ်ဆက်ပေးပါရစေ။

Simplexity အကြောင်း

Simplexity ဆိုတာကတော့ Standardized test တွေကို ကိုယ်တိုင်ဖြေဆိုခဲ့တဲ့ လူငယ်တွေ ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ရရှိခဲ့တဲ့အတွေ့အကြုံတွေကတစ်ဆင့် ပြီးပြည့်စုံတဲ့ Free Learning Platform တစ်ခု ဖန်တီးနိုင်ဖို့ အတွက် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။

အကောင်းဆုံး အတွေ့အကြုံတွေပေးမယ့် SAT Prep Camp

Simplexity ကနေပြီးတော့ Free SAT Camp တွေကို ဖွင့်လှစ်ပေးခဲ့တာ ခုဆိုရင် SAT Prep Camp လေးခုမြောက်ကိုရောက်ရှိ လာပြီပဲဖြစ်ပါတယ်။ ဒီတစ်ခေါက် ဖွင့်လှစ်မယ့် SAT Prep Camp (4) မှာဆိုရင် စာသင်ချိန်တွေအပြင်ကိုမှ စာဝိုင်းကူလုပ်ပေးမယ့် Recitation Session တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် Paid Class တွေမှာတောင်မရနိုင်တဲ့ ဒီလို အခွင့်အရေးမျိုးကို ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လက်လွှတ်မခံသင့်ပါဘူးနော်။

ဘယ်သူတွေသင်ပေးမှာလဲ။ စာကူလုပ်ပေးမယ်ဆိုတာကရောဘယ်လိုမျိုးလဲ။

SAT Prep Camp(4) မှာတော့ Math နဲ့ Reading & Writing instructor နှစ်ယောက်အပြင် အိမ်စာတွေကူလုပ်ပေးပြီး စာလည်းမေးလို့ရမယ့် Recitation Teacher တစ်ယောက်လည်းသီးသန့်ထပ်ပါမှာဖြစ်ပါတယ်။

SAT Reading & Writing ကိုသင်ကြားပေးမယ့် instructor ရဲ့နာမည်ကတော့ Phuu Pwint Thura ဖြစ်ပြီး SAT Reading & Writing မှာ (740) ရရှိထားတဲ့အပြင် စာသင်ကြားတဲ့အတွေ့အကြုံ သုံးနှစ်ကျော်ရှိသူလည်းဖြစ်ပါတယ်။

တစ်ဖန် SAT Math ကို သင်ကြားပေးမယ့် instructor ကတော့ Hsu Wutt Yee Lin ဖြစ်ပါတယ်။ Hsu Wutt Yee Lin ဟာ International Mathematical Olympiads (IMO) မှာ Honorable Mention နှစ်ကြိမ် ရရှိထားသူဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Recitation Teacher ကတော့ Min Thu Kha ဖြစ်ပါတယ်။ Min Thu Kha ဟာ Simplexity ရဲ့ SAT Prep Camp(2) မှာ တက်ရောက်သွားပြီး မကြာသေးခင်ကမှ SAT ကို အမှတ်ပေါင်း (1560) နဲ့ ထူးထူးချွန်ချွန်အောင်မြင်ထားသူလည်းဖြစ်ပါတယ်။ 

ဒီလိုထူးချွန်ပြီးအတွေ့အကြုံရှိတဲ့ ဆရာတွေနဲ့ SAT ကို စနစ်တကျ လေ့ကျင့်ပြင်ဆင်ခွင့်ရမှာ ဆိုတော့ကာ… ဘာလိုနေသေးလဲ။
 
How to Apply?

ဘယ်လို လျှောက်ထားရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အောက်ပါ ပို့စ်မှာ အသေးစိတ် သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

https://www.facebook.com/share/p/7CJtne2k3KVZjMLa/?mibextid=WC7FNe

Application Timeline

SAT Prep Camp(4) ရဲ့ Application Timeline ကတော့ December 4 ရက်နေ့မှ December 18 ရက်နေ့အထိဖြစ်ပြီး လျှောက်ထားသူများအနက်မှရွေးချယ်ခံရတဲ့ကျောင်းသား၊ ကျောင်းသူ စာရင်းကိုတော့ December 23 ရက်နေ့မှာကြေညာပေးသွားမှာဖြစ်ပါတယ်။

ကဲ အားလုံးပဲ ဒီလောက်ဆိုရင်တော့ Simplexity ကနေ ဖွင့်လှစ်မယ့် Free SAT Prep Camp အကြောင်း သတင်းကောင်းလေး သိရှိသွားပြီ ထင်ပါတယ်။ Simplexity အနေနဲ့လည်း Media Partnerships အနေနဲ့ ပါဝင်ပေးတဲ့ “The Convo” ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ “The Convo” မှ ပြုလုပ်တဲ့ နောက်လာမယ့် Project တွေမှာလည်း အထူးအောင်မြင်ပါစေလို့ Simplexity ကနေပြီး ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

#The_Convo
#mediapartnership
#simplexity
#SATPrepCamp
#The_Paradise_for_Language_Lovers

The Convo

05 Dec, 13:30


📣 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 💢

Hello Hello

〽️ ခုလာမဲ့ ဒီဇင်ဘာလ 7 ရက်နဲ့ 8 ရက်နေ့တွေမှာ 𝗠𝗘𝗟𝗜𝗦𝗦𝗔, Conversa Community, HEAA Foundation , တို့ပူးပေါင်းပြီးတော့ ❝ Together for A Change ❞ ဆိုတဲ့ Virtual Workshop Program လေးတစ်ခု ပြုလုပ်သွားမယ်ဆိုတာ သိပြီးပြီဟုတ်

Technology Facilitated Violence တွေ၊ Psychological and Emotional Abuse တွေ အကြောင်းအပါအဝင် နောက်ဆက်တွဲမှာ ဘယ်လိုမျိုး Resilience ကို တည်ဆောက်သွားသင့်သလဲဆိုတဲ့ အကြောင်းအရာတွေကို အကြောင်းအရာတွေကို မတူညီတဲ့ Session တွေနဲ့ ဆွေးနွေးသွားကြမဲ့ ဒီပွဲလေးကိုတော့ လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ ဓမ္မတာလာခြင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ ကျားမရေးရာလေ့လာမှု အကြောင်းအရာတွေကို လူထုဆီ မျှဝေပေးနေတဲ့ 𝗠𝗘𝗟𝗜𝗦𝗦𝗔, Scholarship Programs တွေအကြောင်း၊ Scholarship ရဖို့ အထောက်အကူဖြစ်စေမဲ့ အချက်တွေအပြင် အခြား ဗဟုသုတတွေကိုပါ မျှဝေပေးလျက်ရှိတဲ့ Conversa Community တို့အပါအဝင်လူမှုအသိုင်းအဝိုင်းရဲ့ အလုံးစုံသော Well-Being ကို ရှေးရှူပြီးတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားမှုဆိုင်ရာ ကျန်းမာရေးအကြောင်းအရာတွေကို မျှဝေပေးနေတဲ့ HEAA Foundation တို့အတူ ပူးပေါင်းပြီး ပြုလုပ်တဲ့ Online Program လေးမှာဆိုရင် လူငယ်တွေအတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာအရ အရပါ ကျန်းမာလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကို ကူညီတည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီးတော့ ကျွန်မတို့ရဲ့ Organization အပါအဝင် မတူညီတဲ့ နယ်ပယ်မျိုးစုံက Organization တွေဖြစ်တဲ့
Mental Heal
The Convo
Better Tomorrow
For the Future Myanmar
Lann
Talk with me
Youth Know-versity
𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗶
Transform With Me
The Bridge

စတဲ့ နယ်ပယ်အသီးသီးက Organization 10 ခုကနေ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 အနေနဲ့ ပါဝင် အားဖြည့်ပေးထားတာပဲဖြစ်ပါတယ်။ 💯

💢 အခုလို နှစ်ရက်တာ ကျင်းပသွားမဲ့ Event မှာဆိုရင် လူငယ်တွေအများစု ကြုံတွေ့နေရတဲ့ Digital ကတဆင့် အကြမ်းဖက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုတွေ အကြောင်းကို အချက်အလက်မှန်မှန်ကန်ကန် နဲ့ ပြည့်ပြည့်စုံစုံ ပြောကြားသွားမှာဖြစ်ပြီး အခြားသိချင်တဲ့ အကြောင်းအရာတွေကိုပါ Guest Speaker တွေနဲ့ လွတ်လပ်စွာ ဆွေးနွေးနိုင်မှာဆိုတော့ လုံးဝကို လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပဲနော်။

❝ Together for A Change ❞ Program လေးရဲ့ အသေးစိတ်အချက်အလက်တွေက
Date: 7th & 8th Dec , 2024 ( Sat & Sun )
Time: 7:00 PM to 9:00 PM
Venue: Virtual Zoom Platform

ဖြစ်ပြီးတော့ ပါဝင်ဆွေးနွေးသွားကြမဲ့ Guest Speaker တွေကို အောက်မှာဖော်ပြပေးထားတဲ့ Link ကနေ ဖတ်ကြည့်နိုင်ပါတယ်ရှင်။

Program Details 📌
Link : https://shorturl.at/k9ykL

💢 ပိတ်ရက်မှာ အချိန်ကိုလည်း အကျိုးရှိရှိအသုံးပြုနိုင်ပြီး ဘဝအတွက် အရေးကြီးတဲ့ ဗဟုသုတတွေကိုပါ ရချင်တယ်ဆိုရင်တော့ အခုပဲ အောက်က Registration Form မှာ စာရင်းပေးလိုက်တော့နော်...။

🖇️ Registration Link 🖇️
https://forms.gle/myMQ3thaa5fahjd98

ဒါ့အပြင် အခုပြုလုပ်သွားမဲ့ Program လေးအကြောင်းကိုပိုပြီး ပြည့်ပြည့်စုံစုံသိချင်တာမျိုးရှိရင် Host Organization တစ်ခုဖြစ်တဲ့ 𝗠𝗘𝗟𝗜𝗦𝗦𝗔 ရဲ့Facebook Page Chatbox မှာ သွားရောက်မေးမြန်းကြဖို့ကိုလည်း အကြံပြုလိုက်ပါတယ်ရှင်...။

#TheConvo
#theparadiseforlanguagelovers
#girlscantwhat
#melissagcwmyanmar
#HeAAF
#ConversaCommunity
#TogetherforAChange
#MediaPartnership

The Convo

05 Dec, 12:50


1105. Krampus (2015) Horror.mp4{Yangon Movie Store}


💢 English Series, Chinese Series, Thai Series, Anime & Animation Series များ Members ဝင်ဖို့ 👉 @kpautoreply_bot 👈 အသေးစိတ်ကြည့်လို့ရပါတယ်နော်။

The Convo

05 Dec, 12:50


❄️𝔏𝔢𝔱’𝔰 𝔟𝔢𝔤𝔦𝔫 𝔬𝔲𝔯 ℭ𝔥𝔯𝔦𝔰𝔱𝔪𝔞𝔰 𝔐𝔬𝔳𝔦𝔢 𝔑𝔦𝔤𝔥𝔱 𝔴𝔦𝔱𝔥 𝔞 𝔣𝔬𝔩𝔨𝔩𝔬𝔯𝔢 𝔱𝔞𝔩𝔢🍿

ကျွန်တော်တို့ အားလုံး ခရစ်စမတ်ကာလ
ရောက်ပြီဆိုတာနဲ့ 🎅🏻 Santa Clausကို ဦးဆုံးပြေးမြင်မိကြတယ်မလား

လိမ္မာတဲ့ ကလေးတွေကို လက်ဆောင်တွေ အမြဲပေးတတ်ပြီး မိသားစုတိုင်းအတွက်ပျော်စရာတွေဘဲ ယူဆောင်ပေးလာတဲ့ တစ်ယောက်ပေါ့ 🎁

အဲ့ဆို သူရဲ့လုံးဝကို ဆန့်ကျင်ဘက်ဖြစ်ပြီး ဆိုးသွမ်းတဲ့ကလေးတွေကို အပြစ်ပေးပြီး နာကျင်မှုတွေ ယူဆောင်လာပေးတဲ့ အရာကြီးကိုကော သတိထားမိကြရဲ့လား 👀

😈“Krampus” ဆိုတဲ့ ဆန်တာဖိုးဖိုးရဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ သတ္တဝါကြီးက အခုလို ကာလမှာရောက်လာမယ်ဆိုရင်ကော ဘယ်လောက်ထိဆိုးရွားတာတွေ ဖြစ်လာနိုင်မလဲ — ဆိုတာရယ်အပြင် တခြားသော စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာသစ်စွာများ ပါဝင်တဲ့ “Krampus (2015) ဇာတ်ကားကတော့ horror ဇာတ်ကားကောင်းလေးထဲက တစ်ကားပါ🤫

Movie ကတော့ PG-13 ပါ👺

Movie ကြည့်ရန် link 👇🏻
https://t.me/The_Convo

Movie ကြည့်ပြီးရင်လည်း စနေနေ့ ည(၇) နာရီမှာလည်း discussion လေးရှိသေးတဲ့ အတွက် join ကြဖို့ မမေ့ကြပါနဲ့ဦးဗျ👻

Meeting Link ကို page chat box ကနေတဆင့် တောင်းဆိုလို့ ရပါတယ်ဗျ

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

04 Dec, 14:05


𝑨𝒏𝒅 𝑰 𝒈𝒐 𝒃𝒂𝒄𝒌 𝒕𝒐 𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 𝒂𝒍𝒍 𝒕𝒉𝒆 𝒕𝒊𝒎𝒆 ꙳•❅* ︎ ⋆

🎼𝚃𝚑𝚎 𝚁𝚑𝚢𝚝𝚑𝚖𝚜 𝙰𝚛𝚎 𝙲𝚘𝚖𝚒𝚗𝚐 𝙱𝚊𝚌𝚔 𝙵𝚘𝚛 𝚃𝙶𝙸𝙵! 🎼

🕳️ တစ်စုံတစ်ယောက်ကို ဆုံးရှုံးပြီးမှ အဲ့လူရဲ့ တန်ဖိုးကို သိသွားခဲ့ဖူးလား?

💬 အဲ့ဒီ့ တစ်စုံတစ်ယောက်သော သူကို ပြန်ပြီးတောင်းပန်ဖြစ်မယ်လို့ တွေးထင်ရဲ့လား?

❤️‍🩹 ဒီလို အဖြစ်မျိုးကြုံခဲ့ရရင်တော့ Taylor ရဲ့ "Back To December" နဲ့ feel နိုင်ပြီနော်

🌬️ December ကို Taylor ရဲ့ Classic December anthem တစ်ပုဒ်နဲ့ ကြိုဆိုလိုက်ရအောင်

🙆🏻‍♀️ ဒီဇင်ဘာ ညနေခင်းလေးမှာ ဇာတ်လမ်းဟောင်းလေးတွေ ပြောပြချင်တယ်ဆိုရင်‌ေတာ့ လာမယ့် Friday ညမှာ လုပ်မယ့် စကားဝိုင်းကို Join ဖို့မမေ့နဲ့နော်!

💬 Conversation Club ကို Join ဖို့ Page Chat Box မှာ Meeting ID တောင်းဆိုပြီး Register လုပ်လှည့်ပါ

#The_Convo
#The_Paradise_for_Language_Lovers
#Dancing_with_the_Rhythm
#Taylorswift

The Convo

04 Dec, 11:40


Ready to get into Christmas Mood?🎄

🧣December ရောက်လာပြီဆိုတော့ Christmas Films လေးတွေကြည့်ရင်း Chill ချင်ကြပြီပေါ့

Christmas Movies တွေကြည့်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ် English စာပါ လေ့လာလို့ရမယ်ဆိုရင်ရော? 👀

🎬 Convo ရဲ့ Movie Night program မှာတော့ December တစ်လလုံး Christmas Movie တွေ ကြည့်ပြီး English speaking လေ့ကျင့်ရင်း ဆွေးနွေးကြမှာပါ

💬 အပတ်စဉ် စနေနေ့ညတိုင်း 7:00 PM - 8:40 PM မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်

🫶🏻 Movies lovers တွေနဲ့ Passionate English learners တွေကို အထူး ဖိတ်ခေါ်ပါတယ်

Stay tuned and stay warm!

#The_Convo
#The_Paradise_for_Language_Lovers
#movienight
#Christmas

The Convo

02 Dec, 13:50


💬 Sunday Conversation Club မှာဆိုရင်လည်း Artificial Intelligence (AI) ခေါင်းစဉ်အောက်မှာ အပြိုင်အဆိုင် ငြင်းခုံခဲ့ကြပါသေးတယ် 🗣

The Convo

02 Dec, 13:50


🎬 Saturday Movie Night မှာတော့ "Inside Out-2" နဲ့အတူ Emotions တွေအကြောင်း ပြောခဲ့ကြပါတယ်

The Convo

02 Dec, 13:50


💜 Friday ရဲ့ Dancing with the Rhythm club မှာတော့ T.S theme အောက်ကနေ Enchanted(Taylor's Version) နဲ့ ပွဲဦးထွက်ခဲ့ပါတယ်

The Convo

02 Dec, 13:49


well, well, well. It's time for memo pics! 📸

November လရဲ့ နောက်ဆုံးအပတ်မှာတော့ Convo ရဲ့ Program တွေမှာ ပျော်ခဲ့ကြမယ်မျှော်လင့်ပါတယ်

💜 Friday ရဲ့ Dancing with the Rhythm club မှာတော့ T.S theme အောက်ကနေ Enchanted(Taylor's Version) နဲ့ ပွဲဦးထွက်ခဲ့ပါတယ်

🎬 Saturday Movie Night မှာတော့ "Inside Out-2" နဲ့အတူ Emotions တွေအကြောင်း ပြောခဲ့ကြပါတယ်

💬 Sunday Conversation Club မှာဆိုရင်လည်း Artificial Intelligence (AI) ခေါင်းစဉ်အောက်မှာ အပြိုင်အဆိုင် ငြင်းခုံခဲ့ကြပါသေးတယ် 🗣

December မှာ‌‌ေတာ့ ဒီထပ်ပိုကောင်းတဲ့ Topics တွေနဲ့ ပြန်လာခဲ့ပါမယ်
For now, Happy December, Stay warm and cozy! 🫶🏻🧣

#The_Convo
#The_Paradise_for_Language_Lovers

The Convo

30 Nov, 00:55


Surviving in AI Revolution

AI နည်းပညာတွေ အရမ်းတိုးတတ်လာတဲ့ ခေတ်ကြီးမှာ AI ကသင့်ကို အစားထိုးသွားမှာ ကြောက်နေလား? သူများတွေ ပြောသလို AI က ကြောက်စရာကောင်းလား? AI ကို အသုံးချပီး ကိုယ့်ကိုယ်ကို ဘယ်လိုမြှင့်တင်မလဲ? AI Revolution မှာ နောက်မှာ ကျန်မနေခဲ့အောင် ဘယ်လိုပြင်ဆင်မလဲ?

AI က အစားထိုးမှာ ကြောက်နေတဲ့သူတွေကို မကြောက်ဖို့နဲ့
ဘာတွေလုပ်သင့်လဲဆိုတာတွေကို Presenterက ပြောပြပေးပြီး အတူတူဝိုင်းဖွဲ့ ဆွေးနွေးကြမှာမို့ Zoom link ကို Page messenger မှာ လာရောက်တောင်းယူလိုက်တော့နော်

#The_Convo
#Sunday_Conversation_Program
#The_Paradise_for_Language_Lovers

The Convo

28 Nov, 12:04


Inside out 2 - 2024

The Convo

28 Nov, 11:43


𝙈𝙖𝙠𝙚 𝙧𝙤𝙤𝙢 𝙛𝙤𝙧 𝙣𝙚𝙬 𝙚𝙢𝙤𝙩𝙞𝙤𝙣𝙨! 🧠💭

💜 ဒီအပတ်အတွက်တော့ အားလုံးသိကြမယ့် Pixar animation film "𝙄𝙣𝙨𝙞𝙙𝙚 𝙊𝙪𝙩-2" ကို ရွေးချယ်ထားပါတယ်

Inside Out (2015) ရဲ့ ဇာတ်လမ်းဆက် ဖြစ်ပြီး Riley ရဲ့ ခေါင်းထဲက Emotions လေးတွေ ပိုတိုးတက်လာတဲ့အခါ
🧡 Anxiety
🩷 Embarrassment
🩵 Envy
💜 Ennui
🤎Nostalgia ဆိုတဲ့ New Emotions အသစ်‌ေတွ ရောက်လာပါတော့တယ်။

🧠 ဒီ ခံစားချက်အသစ်တွေနဲ့ Riley ရဲ့ ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ ဆက်ဆံရေးတွေမှာ ဘယ်လိုသက်ရောက်လာမလဲ ကြည့်ရှုကြရမှာပါ

လူငယ်ဘဝရဲ့ ပြောင်းလဲမှုတွေကို နားလည်ပြီး သင်ခန်းစာယူစရာတွေများမယ့် ဇာတ်ကားကောင်းတစ်ကားပါ 🎬

Movie ကြည့်ရန် link 👇🏻
https://t.me/The_Convo

ဒီ Movie ကြည့်ရင်း ဆွေးနွေးကြမယ့် Convo ရဲ့ Movie Night စကားဝိုင်းကို လာ Join ဖို့မမေ့နဲ့နော်

💬 Meeting ID ကို Chat Box မှာလာတောင်းပြီး လာမယ့် Saturday ညမှာ ဆုံကြပါမယ် 🙆🏻‍♀️

#The_Convo
#The_Paradise_for_Language_Lovers
#movienight

The Convo

27 Nov, 11:33


"𝘗𝘭𝘦𝘢𝘴𝘦 𝘥𝘰𝘯'𝘵 𝘣𝘦 𝘪𝘯 𝘭𝘰𝘷𝘦 𝘸𝘪𝘵𝘩 𝘴𝘰𝘮𝘦𝘰𝘯𝘦 𝘦𝘭𝘴𝘦.
𝘗𝘭𝘦𝘢𝘴𝘦 𝘥𝘰𝘯'𝘵 𝘩𝘢𝘷𝘦 𝘴𝘰𝘮𝘦𝘣𝘰𝘥𝘺 𝘸𝘢𝘪𝘵𝘪𝘯𝘨 𝘰𝘯 𝘺𝘰𝘶."

Friday night တိုင်းလုပ်နေတဲ့ Convo ရဲ့ Conversation Club လေးပြန်လာပါပြီ 🎶

💜 ဒီအပတ်အတွက်တော့ T.S theme နဲ့အတူ Miss Tay Tay ရဲ့ 𝑬𝒏𝒄𝒉𝒂𝒏𝒕𝒆𝒅 (ᵀᵃʸˡᵒʳ'ˢ ⱽᵉʳˢⁱᵒⁿ) ကို ရွေးချယ်ထားပါတယ်

💝 Enchanted လေးနားထောင်ပြီး မြတ်နိုးရတဲ့သူလေးအကြောင်းကို English speaking လည်း လေ့ကျင့်ရင်း လာပြောပြချင်တယ်ဆိုရင်တော့ လာမယ့် Friday night မှာလုပ်မယ့် စကားဝိုင်းကို ဖိတ်ခေါ်ချင်ပါတယ် 👀

💬 Club join ရန် Meeting ID ကိုတော့ Page chat box မှာ register လုပ်ပြီး လာတောင်းလှည့်ပါ 🫶🏻

💌 We will be enchanted to meet you

#The_Convo
#The_Paradise_for_Language_Lovers
#Dancing_with_the_Rhythm
#taylorswift

The Convo

26 Nov, 13:33


𝑺𝒘𝒊𝒇𝒕 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 𝒘𝒊𝒕𝒉 𝑻.𝑺 is back!

Convo က 𝘋𝘢𝘯𝘤𝘪𝘯𝘨 𝘞𝘪𝘵𝘩 𝘛𝘩𝘦 𝘙𝘩𝘺𝘵𝘩𝘮 Program ရဲ့ New Era လေး လာပါပြီ 👀

နောက်အပတ်မှ စပြီး December တစ်လျှောက်လုံးကို Taylor's Theme လို့ သတ်မှတ်လိုက်ပါတယ် 🫶🏻

💟 ကျယ်ပြန့်တဲ့ topic တွေနဲ့ genre အမျိုးမျိုး စုံလင်လှတဲ့ Taylor ရဲ့ Discography ထဲက အကောင်းဆုံးသော သီချင်းတွေ ရွေးချယ်ပြီး English လိုဆွေးနွေးကြမှာပါ

🤍 Tay Tay ရဲ့ သီချင်းတွေထဲကနေ Lyrics Analysis Breakdown တွေနဲ့ English ပါ လေ့လာနိုင်မယ့် Presentation တွေကိုလည်း Facilitator တွေက တင်ဆက်သွားမှာပါ

💬 စကားဝိုင်းလေးကိုတော့ အပတ်စဉ် သောကြာနေ့ည 7:00 PM - 8:30 PM မှာ ပြုလုပ်မှာဖြစ်ပါတယ်

Passionate english learners တွေနဲ့ Swifties တို့ ကို လက်တို့လိုက်ကြပါဦး

We will be enchanted to meet you, so stay tuned! 🙆🏻‍♀️

#The_Convo
#The_Paradise_for_Language_Lovers
#Dancing_with_the_Rhythm
#taylorswift

The Convo

25 Nov, 14:17


💬 Sunday Conversation Club was a rollercoaster ride with the topic "𝘜𝘯𝘴𝘱𝘰𝘬𝘦𝘯 𝘞𝘰𝘳𝘥𝘴 𝘵𝘰 𝘵𝘩𝘦 𝘱𝘦𝘰𝘱𝘭𝘦 𝘺𝘰𝘶 𝘭𝘰𝘴𝘵".

The Convo

25 Nov, 14:16


🎬 Movie Night had a serious and insightful discussion with the film "𝘓𝘪𝘧𝘦 𝘰𝘧 𝘗𝘪"

The Convo

25 Nov, 14:16


🎶 Friday program was all about Dancing & shaking off the stress away with the song *𝘉𝘦𝘵𝘵𝘦𝘳 𝘞𝘩𝘦𝘯 𝘐'𝘮 𝘋𝘢𝘯𝘤𝘪𝘯'* 💃🏻

The Convo

25 Nov, 14:16


Memories recap is here! 💖👀

What a fun week we had with our three programs, each with diverse topics

🎶 Friday program was all about Dancing & shaking off the stress away with the song *𝘉𝘦𝘵𝘵𝘦𝘳 𝘞𝘩𝘦𝘯 𝘐'𝘮 𝘋𝘢𝘯𝘤𝘪𝘯'* 💃🏻

🎬 Movie Night had a serious and insightful discussion with the film "𝘓𝘪𝘧𝘦 𝘰𝘧 𝘗𝘪"

💬 Sunday Conversation Club was a rollercoaster ride with the topic "𝘜𝘯𝘴𝘱𝘰𝘬𝘦𝘯 𝘞𝘰𝘳𝘥𝘴 𝘵𝘰 𝘵𝘩𝘦 𝘱𝘦𝘰𝘱𝘭𝘦 𝘺𝘰𝘶 𝘭𝘰𝘴𝘵".

Hoping to see you all next week with more interesting topics

𝖬𝖾𝖺𝗇𝗐𝗁𝗂𝗅𝖾, 𝗍𝖺𝗄𝖾 𝖼𝖺𝗋𝖾 𝗈𝖿 𝗒𝗈𝗎𝗋𝗌𝖾𝗅𝖿 😚🫴🏻

#The_Convo
#The_Paradise_for_Language_Lovers

The Convo

19 Nov, 11:33


ဒီနေ့ရွေးချယ်ထားတဲ့ သီချင်းလေးကတော့ MARINA ရဲ့ 🎀𝓗𝓮𝓻𝓶𝓲𝓽 𝓽𝓱𝓮 𝓕𝓻𝓸𝓰”🎀 လေးဖြစ်ပါတယ်။

အခုသီချင်းမှာတော့

“𝐖𝐡𝐞𝐧 𝐦𝐲 𝐡𝐞𝐚𝐫𝐭 𝐣𝐮𝐬𝐭 𝐛𝐮𝐫𝐬𝐭, 𝐥𝐢𝐤𝐞 𝐚 𝐠𝐥𝐚𝐬𝐬 𝐛𝐚𝐥𝐥𝐨𝐨𝐧: 𝐈 𝐥𝐞𝐭 𝐢𝐭 𝐟𝐥𝐲 𝐭𝐨𝐨 𝐡𝐢𝐠𝐡, 𝐚𝐧𝐝 𝐢𝐭 𝐬𝐡𝐚𝐭𝐭𝐞𝐫𝐞𝐝 𝐭𝐨𝐨 𝐬𝐨𝐨𝐧”

ဆိုတဲ့ chorus အစပိုင်းလေးကို catch up ဖြစ်မိလောက်မှာပါ💃🏼

ဒီမှာဆိုရင်ဖြင့် နှူးညံ့တဲ့ နှလုံးသားကို “𝒈𝒍𝒂𝒔𝒔 𝒃𝒂𝒍𝒍𝒐𝒐𝒏 “❤️‍🩹 လိုမျိုး သေချာဂရုစိုက်ရပြီး fragile 😶‍🌫️ ဖြစ်တဲ့ ပစ္စည်းလေးနဲ့ ခိုင်းနှိုင်းရေးသားထားတဲ့ Simile လေး ဖြစ်ပါတယ်။

Chorus အပိုဒ်ကိုဘဲ ဆက်နားထောင်ကြည့်မယ်ဆိုရင်ဖြင့်

“𝙸 𝚋𝚛𝚘𝚔𝚎 𝚖𝚢 𝚐𝚕𝚊𝚜𝚜 𝚋𝚊𝚕𝚕𝚘𝚘𝚗
𝙸 𝚕𝚎𝚝 𝚐𝚘 𝚘𝚏 𝚖𝚢 𝚐𝚕𝚊𝚜𝚜 𝚋𝚊𝚕𝚕𝚘𝚘𝚗”

ဆိုပြီး နားဆင်မိမှာပါ။ အခုစာသားလေးကတော့ “I broke my heart.” ဆိုတဲ့ ပြောစကားလေးတစ်ခုကို artistic ဆန်ဆန် Metaphor ဟန်ဖြင့် တင်စားရေးသားထားတာဖြစ်ပါတယ်💫

မိမိကိုယ်တိုင်ကိုယ်ကျ ခံစားနားဆင်ချင်သူများအတွက် ဒီ link ကနေတဆင့် နားဆင်နိုင်ပါတယ်ဗျ

👇👇👇
https://youtu.be/gh8Yz7XbaRk?si=wOaWcKRvfFr5gYnE

The Convo

19 Nov, 11:33


အရင်ဆုံး “Simile” ဆိုတာကတော့ အကြောင်းအရာနှစ်ခုကို နှိုင်းယှဥ်တဲ့ အခါမှာ သုံးတဲ့ rhetorical device📜 တွေထဲက တစ်ခုပါဘဲ။

ဒါပေမဲ့ Simile ကတော့ comparison လုပ်တဲ့အခုမှာ “like” သို့မဟုတ် “as” ဆိုတဲ့ စကားလုံးတွေနဲ့ တွဲသုံးလေ့ရှိပါတယ်။

ဥပမာအားဖြင့်
~ “𝑯𝒊𝒔 𝒔𝒎𝒊𝒍𝒆 𝒊𝒔 𝒂𝒔 𝒘𝒂𝒓𝒎 𝒂𝒔 𝒔𝒖𝒏𝒔𝒉𝒊𝒏𝒆.”~ 🌞
(သူ့အပြုံးလေးက နေခြည်လိုဘဲ နွေးထွေးလိုက်တာ။)

Metaphor ကတော့ နှိုင်းယှဥ်ခိုင်းနှိုင်းချင်တဲ့ အရာနှစ်ခုကို တိုက်ရိုက်ချိတ်ဆက် ရေးသားပြောဆိုရုံသာပါ။

ဥပမာ “𝑯𝒊𝒔 𝒔𝒎𝒊𝒍𝒆 𝒊𝒔 𝒔𝒖𝒏𝒔𝒉𝒊𝒏𝒆.”

The Convo

19 Nov, 11:32


Welcome to "𝕌𝕟𝕝𝕠𝕔𝕜𝕚𝕟𝕘 𝕄𝕖𝕥𝕒𝕡𝕙𝕠𝕣𝕤 𝕚𝕟 𝕊𝕠𝕟𝕘 𝕃𝕪𝕣𝕚𝕔𝕤" { 2 }

ကျွန်တော်တို့ လွန်ခဲ့တဲ့ အပတ်က Metaphor ဆိုတဲ့ အရာလေးကို အမြည်းသဘောမျိုး သီချင်းတစ်ပုဒ်နဲ့ အတူတူလေ့လာခဲ့ကြပါပြီဗျ 😇

ပြန်လည်ဖတ်ချင်သူများအနေဖြင့် အခု link ကနေ တဆင့် လေ့လာနိုင်ပါတယ်
👇👇👇
https://web.facebook.com/share/p/159yEj87Ds/

ဒီနေ့မှာတော့ Metaphor နဲ့ ရံဖန်ရံခါမှားလေ့ ရှိတဲ့ “Simile” အကြောင်းအပါအဝင် သူတို့နှစ်ခုကြား ဘယ်လိုကွာခြားကြလဲဆိုတာကို နောက်ထပ်သီချင်းတစ်ပုဒ်နဲ့ အတူလေ့လာကြပါစို့🧐

#The_Convo
#The_Paradise_for_Language_Lovers

The Convo

18 Nov, 12:05


Wrap up for the week! ✌🏻

ဒီအပတ် Convo ရဲ့ Program 3 ခုလုံးရဲ့ Memory pics လှလှလေးတွေ လာပါပြီ 📸

🧡 Friday ရဲ့ Dancing With The Rhythm program မှာတော့ Waka Waka သီချင်းနဲ့ ငယ်ဘဝ memoriesတွေ နဲ့ အားကစားအကြောင်း ဆွေးနွေးခဲ့ကြပါတယ် 🕺🏻💃🏻

💌 Saturday Movie Night မှာတော့ "Crazy Little Thing Called Loved" နဲ့အတူ Highschool တုန်းက ဇာတ်လမ်းဟောင်း‌လေးတွေ နဲ့ ငယ်ချစ်ဦးအကြောင်း ပြောကြရင်း မျက်ရည်တစ်ဝဲဝဲပေါ့ 🤭

💙 Sunday Conversation Club မှာတော့ "The Art of Slow Living" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ရဲ့ Ideal life အကြောင်း အားရပါးရဆွေးနွေးခဲ့ကြပါတယ် 🛀🏻

💟 လာ Join ခဲ့ကြတဲ့ Convoers တို့လည်း insightful ဖြစ်တဲ့ စကားဝိုင်းတွေနဲ့ ပျော်ခဲ့ကြမယ် မျှော်လင့်ပါတယ်

နောက်အပတ်မှာလည်း ဒီထပ်ပိုကောင်းတဲ့ Topic တွေနဲ့ တစ်ဖန်ပြန်လာခဲ့ပါ့မယ်‌ဗျားးး 🫶🏻

Telegram channel မှာလည်း Update တင်ပေးတာမို့ Subscribe လုပ်ထားကြပါဦးနော် 👇🏻
https://t.me/The_Convo


#The_Convo
#The_Paradise_for_Language_Lovers

The Convo

16 Nov, 12:04


The Art of Slow Living

သင်ဟာ ဘဝကိုမြန်မြန်ဆန်ဆန်ဖြတ်သန်းနေသူလား?

နေ့စဉ်နေ့တိုင်း အချိန်ကုန်မှန်းမသိကုန်နေရပြီး အလုပ်ပြီးဖို့သာဇောကပ်နေရသူလား?

အတိတ်ကနောင်တရစရာတွေ အနာဂါတ်အရေးတွေးပူနေမှုတွေမှာ မွန်းကြပ်ပိတ်လှောင်ပြီး လက်ရှိမှာရှိနေတဲ့အရာတွေကိုတန်ဖိုးထားဖို့ မေ့လျော့နေမိ​နေပြီလား?

ဒါဆိုရင်တော့ သင့်ဘဝကို slow down လုပ်သင့်နေပါပြီနော်။ ဘဝကို balance ဖြစ်ပြီး အဓိပ္ပါယ်ရှိရှိဖြစ်သန်းဖို့ slow living lifestyle အကြောင်းဒီနေ့ည The convo ရဲ့ ZOOM session မှာ ဆွေးနွေးကြရအောင်ပါ။

Zoom link ကို page messenger မှာလာရောက်တောင်းယူနိုင်ပါတယ်နော်။

#The_Convo
#Sunday_Conversation_Program
#The_Paradise_for_Language_Lovers

The Convo

15 Nov, 01:31


Crazy Little Thing Called Love (2010)

The Convo

15 Nov, 01:30


Let's talk about First Love 💌🌱

🎬 ဒီအပတ် Movie Night အတွက်တော့ ပရိတ်သတ်တွေကြားမှာရင်းနှီးပြီးသားဖြစ်တဲ့ Baifern နဲ့ Mario တို့ရဲ့ "𝙲𝚛𝚊𝚣𝚢 𝙻𝚒𝚝𝚝𝚕𝚎 𝚃𝚑𝚒𝚗𝚐 𝙲𝚊𝚕𝚕𝚎𝚍 𝙻𝚘𝚟𝚎 (2010)"
ကို ရွေးချယ်ထားပါတယ်။

💭 Nam နဲ့ Shone တို့ရဲ့ ပထမဆုံးအချစ်ဇာတ်လမ်းလေးက လူငယ်ဘဝရဲ့ အပြစ်ကင်းမှု၊ အိပ်မက်ဆန်မှုတွေနဲ့အတူ တစ်သက်တစ်ခါမှ မေ့မရတဲ့ First Love ရဲ့ အစွမ်းကို ထင်ဟပ်စွာ ဖော်ပြထားတာပါ။

💖 Nam ရဲ့ ခရီးလမ်းထဲမှာ မိတ်ဆွေတွေရဲ့ အားပေးမှုတွေအပြင်၊ သူမကိုယ်သူမ မျှော်လင့်ချက်တွေနဲ့ ပြောင်းလဲမှုအတွက် အာရုံစိုက်ပုံ တို့က သူ့ဘဝတစ်ခုလုံးကို ဘယ်လိုတိုးတက်စေခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ။

ဒီဇာတ်လမ်းလေးက လူတိုင်းရဲ့ လူငယ်ဘဝကို ပြန်ရှင်သန်စေမယ့် အမှတ်တရတွေကလည်း မျှော်လင့်ချက်နဲ့ မိမိကိုယ်ကို ချစ်မြတ်နိုးဖို့ သင်ခန်းစာတစ်ခုပေးပါလိမ့်မယ်။

Movie ကြည့်ရန် telegram channel link 👇🏻
https://t.me/The_Convo

ရုပ်ရှင်ကြည့်ပြီး Highschool တုန်းက အချစ်ဦးလေးအကြောင်း ပြောပြချင်ရင်တော့ လာမယ့် စနေနေ့ညမှာ ပြုလုပ်မယ့် Movie Night စကားဝိုင်းကို လာ Join လှည့်ပါ ✌🏻😗

Join ချင်ရင်တော့ messenger or telegram chat box မှာ Meeting ID လေး လာတောင်းရုံပါပဲနော် 👀💌

#The_Convo
#The_Paradise_for_Language_Lovers
#Movie_Night

The Convo

15 Nov, 00:30


🌕 မြန်မာတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေကြောင်း The Convo မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🏻

#The_Convo
#fullmoondayoftazaungdaing
#photocrd
#The_Paradise_for_Language_Lovers

The Convo

14 Nov, 15:07


🎵 The rhythms are coming back 🎵

အားကစားချစ်တဲ့ ဝါသနာရှင်တို့ရေ🏃

လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ World Cup ကို လူတိုင်းသိကြမှာပါ 👀

World Cup သီချင်းတွေထဲမှာမှ 2010 World Cup ကာလမှာ ထွက်ရှိခဲ့တဲ့ 💃🏼Shakira ရဲ့ Waka Waka ကတော့ မသိတဲ့လူ မရှိလောက်အောင် စိတ်ထဲမှာ စွဲကျန်ခဲ့ပြီး နားထောင်မိတိုင်း ငယ်ဘဝရဲ့အမှတ်တရတွေကို မြင်ယောင်မိမှာပါ ⭐️

ကမ္ဘာ့ဖလား သီချင်းဘုရင်မလို့တင်စားကြတဲ့ Shakira ရဲ့ Waka Waka (This Time for Africa) သီချင်းလေးကိုနားထောင်ရင်း ငယ်ဘဝက memories လေးတွေကိုပြန်ခေါ်ကြည့်ရင်း ဆွေးနွေးကြဖို့အတွက် မနက်ဖြန် သောကြာနေ့ည (၇)နာရီမှာ မဖြစ်မနေပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🌻

PS: အခုမှစ Join မယ်ဆိုရင် page ရဲ့ chat box မှာ zoom link လာရောက်တောင်းယူနိုင်ပါတယ်ဗျ။

#The_Convo
#The_Paradise_for_Language_Lovers
#Dancing_with_the_Rhythm
#Shakria #wakawaka

The Convo

14 Nov, 02:21


Happy Birthday to Our Princess 🎂🥳

ဒီနေ့ကတော့ The Convo ရဲ့ Co-founder
တစ်ဦးဖြစ်တဲ့ မအေမီရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။

မွေးနေ့မှာ ပျော်ရွှင်ပါစေရှင့်။

ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ပါစေ။

ချစ်သောသူတွေနဲ့ အမှတ်တရတွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့ The Convo ကနေ ဆုတောင်းပေးလိုက်ပါတယ် 🫶

Convoers တွေရော မအေမီကို မွေးနေ့ဆုတောင်းပေးလိုက်ကြပါဦးနော် 🎂

#The_Convo
#The_Paradise_for_Language_Lovers

The Convo

13 Nov, 14:38


📌 ဒီနေ့မှာတော့ Ethel Cain နဲ့ YAH WAVရဲ့ “K𝒏𝒖𝒄𝒌𝒍𝒆 V𝒆𝒍𝒗𝒆𝒕” ဆိုတဲ့ သီချင်းလေးကနေ စကြရအောင်ဗျ🎼

အခုသီချင်းထဲမှာဆိုရင်
🚨Toxic & Abusive Relationship🚨 တစ်ခုထဲမှာ ပိတ်မိနေတဲ့ protagonist ရဲ့ point of view ကနေပြီးတော့ နာကျင်မှုနဲ့ အရင်က အခြေအနေတွေကို ပြန်လည်တောင်းတနေတဲ့ storyline လေးနဲ့ ရေးဖွဲ့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

သီချင်း song title ကိုယ်တိုင်ကိုက Metaphor တစ်ခုဖြစ်နေခဲ့တာကိုရော သတိထားမိကြရဲ့လားဗျ 👀

“𝗄𝗇𝗎𝖼𝗄𝗅𝖾” 👊🏻 ဆိုတာကတော့ လက်ဆစ်၊ လက်ခေါက်ကို ပြောတာဖြစ်ပြီး၊
“𝚟𝚎𝚕𝚟𝚎𝚝” ဆိုတာကတော့ နူးညံ့တဲ့အရာတွေကို သုံးနှုန်းတဲ့ စကားလုံးပဲဖြစ်ပါတယ်။

“𝒌𝒏𝒖𝒄𝒌𝒍𝒆 𝒗𝒆𝒍𝒗𝒆𝒕” ကတော့ ထိလွယ်ရှလွယ်နူးညံ့လွန်းတဲ့ လက်ဆစ်လေးတွေလို့ တိုက်ရိုက်ပြန်ဆိုလို့ ရပါတယ်ဗျ။

Lyrics ဖြစ်တဲ့

“ꜱʜᴇᴅ ʏᴏᴜʀ ᴋɴᴜᴄᴋʟᴇ ᴠᴇʟᴠᴇᴛ ᴛᴏʀɴ ᴏɴ ᴍʏ ᴛᴇᴇᴛʜ”
ဆိုတာကလည်း “မင်းငါ့ကိုထိုးနှိပ်လွန်းလို နင့်လက်ဆစ်တွေလည်း စုတ်ပြတ်ကုန်ပြီ” လို့ Artist ကိုယ်တိုင်က သီချင်းရဲ့ main theme ဖြစ်တဲ့ abusive manner အကြောင်းကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ် 🚩🚩🚩

ကိုယ်တိုင် ခံစားနားဆင်ချင်သူတွေအတွက် ဒီ link ကနေတစ်ဆင့် နားဆင်နိုင်ပါတယ်ဗျ
👇👇👇👇👇👇👇👇👇👇

https://youtu.be/ii7t8sRrdis?si=V2ZXpSZMaBms_rTa

The Convo

13 Nov, 14:35


📌အကြောင်းအရာ အခြေအနေတစ်ခုကို တခြားသောဂုဏ်ရည်တူတစ်ခုခုနဲ့ ခိုင်းနှိုင်း တင်စားပြီး စိတ်ဝင်စားဖွယ်ကောင်းလာအောင် ပြောဆိုတဲ့အရာတွေက “Metaphor” တွေပါပဲ📌

စကားနဲ့ဖြစ်စေ 🗣
စာနဲ့ဖြစ်စေ 📜 ကျွန်တော်တို့ ပြောဆိုရေးသားနေတဲ့အရာတွေကို ပိုမိုသရုပ်ကြွ၊ ရုပ်လုံးပေါ်စေဖို့ရန် Metaphor တွေက မရှိမဖြစ် လိုအပ်တဲ့ Rhetorical Device တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ကျွန်တော်တို့နဲ့ နေ့စဥ်အတူရှိနေပေးတဲ့ သီချင်းတွေထဲမှာကော Metaphor တွေကို ဘယ်လိုပုံစံမျိုးနဲ့ ရေးသားသီကုံးထားတာကို တွေးမိဖူးကြမယ်ထင်ပါတယ် 🤫

The Convo

13 Nov, 14:33


နေ့စဉ်သုံးစကားလုံး၊ စာပေ၊ ကဗျာအပါအဝင် သီချင်းတွေမှာ တင်စားပြောဆိုနေကြတဲ့ အသုံးအနှုန်းတွေကို သတိထားမိကြရဲ့လားဗျ👁👄👁

Welcome to Unlocking Metaphors in Song Lyrics-1!

ဥပမာဆိုရင်ဖြင့် “𝐇𝐞𝐫 𝐞𝐲𝐞𝐬 𝐚𝐫𝐞 𝐬𝐩𝐚𝐫𝐤𝐥𝐢𝐧𝐠 𝐝𝐢𝐚𝐦𝐨𝐧𝐝𝐬.” (သူမမျက်လုံးလေးတွေက စိန်ပွင့်လေးလိုမျိုးအရောင်တောက်တောက်နဲ့ကွာ။)

“𝑰 𝒕𝒓𝒚 𝒕𝒐 𝒍𝒊𝒗𝒆 𝒊𝒏 𝒃𝒍𝒂𝒄𝒌 𝒂𝒏𝒅 𝒘𝒉𝒊𝒕𝒆, 𝒃𝒖𝒕 𝑰’𝒎 𝒔𝒐 𝒃𝒍𝒖𝒆.” 😓 (ငါဘာမှမခံစားရသလိုမျိုးနေချင်ပေမဲ့ အရမ်းဝမ်းနည်းနေတယ်။)
အစရှိတဲ့ စာကြောင်းတွေမျိုးပေါ့။

The Convo

11 Nov, 13:09


Join the Movement. Join the Conversation.

At The Convo, we believe that language is more than words—it’s a way to connect, express, and celebrate life. 🌍💬

Every week, we bring together a vibrant community to laugh, learn, and grow—one conversation at a time! 🔥 Here’s what’s waiting for YOU:

🕺 Friday Dancing with the Rhythm – Feel the beat, move your feet! No experience needed, just bring your energy and join the fun! 🎶

🍿 Saturday Movie Night – Relax, unwind, and watch a movie in English, followed by an engaging discussion with fellow members! 🎬

🗣 Sunday Conversation Program – Strengthen your English skills in a comfortable, friendly setting. No pressure—just people, talking, and learning together. 🗨

🔗 Why join?
Meet amazing people from all over the world 🌏
Improve your English in a supportive community 💡 Experience fun, interactive activities every week 🎉

Whether you’re looking to practice English, meet new friends, or just have a good time, The Convo is the place to be! 💬🌟

#The_Convo
#The_Paradise_for_Language_Lovers

The Convo

10 Nov, 13:26


Singles အပေါင်းတို့အတွက် ကျရောက်လာတဲ့ Special Program 11.11 😎

Only one or one & only eleven. အထီးကျန်ဆန်တဲ့ တဆယ့်တစ်လား? ​တကိုယ်ရည် ခရီးဆက်နေမယ့် တဆယ့်တစ် လား?

မနက်ဖြန်ဟာ အားလုံးသိကြတဲ့အတိုင်း 11.11 မြန်မာလိုလဲ ၁၁ရက် အင်္ဂလိပ်လိုရက်ကလဲ ၁၁ရက် ထူးခြားတဲ့ရက် ဖြစ်ပါတယ်။ The Convo မှာလည်း special event လေး အဖြစ် ည ၇နာရီမှ ၉နာရီအထိ online meet-up chit-chat လေး လုပ်ကြရအောင်ပါ။

Single day လို့ ပြောပေမယ့်. ဒီလို ထူခြားတဲ့ရက်မှာ. အပိုင်း ၃ပိုင်းနဲ့ ပြုလုပ်ကြမယ်။ Workshop flow လေးက​တော့..Explore. Express. Empower ပေါ့

🔛အချင်းချင်း ဆွေးနွေးရင်း ကိုယ့်ကိုယ်ကို မေးခွန်းတွေကြားမှာ ပိတ်မိနေသေးရင် အဖြေရှာတွေ့ဖို့

🔛 မပြောဖြစ်ခဲ့တဲ့စကားတွေ ရှိရင် ပြန်သင်ပုန်းချေပြီး ရှေ့ဆက်ဖို့

🔛 နောက်ဆုံးအပိုင်းကတော့ အချင်းချင်း အားပေးစကားပြောဆိုရင်း စိတ်ခွန်အားရစေဖို့

အေးအေးဆေးဆေး နွေးနွေးထွေးထွေး နဲ့ ပြောဆိုကြမှာ ဖြစ်လို့ Single ဖြစ်ဖြစ် တူနှစ်ကိုယ်ဖြစ်ဖြစ် Special event ကို လက်လွှတ်မခံဘဲ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါစေနော် 🫶 Join မယ့် link လေးကို Page messenger မှာ လာယူလိုက်ပါနော်

#The_Convo
#The_Paradise_for_Language_Lovers

The Convo

08 Nov, 14:08


Aquaman (2018)
@MoviesStore69

The Convo

08 Nov, 14:04


Shadow Work 👥

သင့်ရဲ့အရိပ်ကလေးကိုသတိပြုမိပါရဲ့လား ⁉️

လူတိုင်းမှာအကောင်းနဲ့အဆိုး၊အလင်းနဲ့အမှောင်ဆိုတဲ့ဆန့်ကျင်ဘက်ခြမ်းတွေရှိကြပါတယ် 👥

နေ့စဥ်ဘဝမှာအဆင်ပြေပြေနေထိုင်ရှင်သန်နိုင်ဖို့အတွက် မတူကွဲပြားတဲ့အလင်းနဲ့အမှောင်ခြမ်းတွေကိုမျှတစွာထိန်းညှိတတ်ဖို့လိုပါတယ် 👥

သင့်ရဲ့အရိပ်ကလေးကဘာတွေပြောနေပါသလဲ 🗣️

သူမောပန်းနေပြီလား🥺

ဒါဆိုရင်တော့သင့်ရဲ့အရိပ်ကလေးကိုဘယ်လိုပွေ့ဖက်နှစ်သိမ့်ကြမလဲဆိုတာကိုလာမယ့်Sundayမှာအတူတူဆွေးနွေးလိုက်ကြရအောင်လို့ Zoom Link လေးကို Page Messenger မှာလာယူပေးနော် 💛

#The_Convo
#The_Paradise_for_Language_Lovers
#Sunday_Conversation_Program

The Convo

07 Nov, 14:33


Welcome back to our movie night! 🎬💙

ဒီတစ်ပတ်အတွက် Convo က သိပ်‌မရွေးဖြစ်တဲ့ Superhero genre ထဲက "𝘼𝙦𝙪𝙖𝙢𝙖𝙣" 2018 ကို ရွေးချယ်ထားပါတယ် 🔱

Movie ဇာတ်လမ်းကတော့ အားလုံးသိကြတဲ့အတိုင်း Classic Superhero trope ဆန်ပါတယ်…

🌊 Atlantic Queen နဲ့ မီးပြတိုက်စောင့်လူသားတို့တွေဆုံချစ်ကြိုက်ပြီး လူသားလေးတစ်ယောက်မွေးဖွားလာတဲ့အခါ...

👑 ဒီလူသားလေးကို The next Atlantic King ဖြစ်ဖို့ရန် ကံကြမ္မာက မျက်နှာသာ ပေးလောက်ရဲ့လား?...

Superhero ဇာတ်လမ်းဆိုပေမယ့်လည်း သာမန်လူတွေအတွက် ရင်းနှီးကျွမ်းဝင်ကြမယ့် မိသားစုအချင်းချင်း ပရိပက္ခတွေ၊ အာဏာပါဝါကို လုယူကြတဲ့ လူမျိုးတွေ....စသဖြင့် ‌အကြောင်းအရာပေါင်းစုံကို ကြည့်ကြရမှာပါ…

ရုပ်ရှင်ကြည့်ချင်ရင် telegram page မှာ တင်ပေးထားပါတယ် 👇🏻
https://t.me/The_Convo

🗣️ ဒီရုပ်ရှင်ကို ကြည့်ပြီးတာပဲ ဖြစ်စေ၊ မကြည့်ရသေးပေမယ့် စိတ်ဝင်စားတာပဲ ဖြစ်စေ လာမယ့် Saturday Night မှာပြုလုပ်မယ့် Movie Night စကားဝိုင်းမှာ ဗိုလ်လိုမှုတ်ရင်း English speaking လေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ် 😗🫶🏻

#The_Convo
#The_Paradise_for_Language_Lovers
#Movie_Night

The Convo

07 Nov, 13:49


🎼Rhythm are coming back for another TGIF!!!!!🎼

🩷လူတိုင်းဟာ အချစ်နဲ့ ထိတွေ့တဲ့အခါ စိတ်ကူးယဥ်တတ်ကြပါတယ်🫠

စိတ်ကူးယဥ် ကမ္ဘာ ထဲက မျှော်လင့်ချက်တွေ... လက်တွေ့ဘဝမှာမှေးမှိန်လာပုံ ၊ တစ်ဖက်သက်အချစ်ရဲ့ သံယောစဥ်၊ ချစ်ခြင်းတရား တွေပေါက်ဖွားရာ...စတဲ့ အမှတ်တရတွေ ကို❤️‍🩹 ရည်ညွန်း ဖော်ကျူး ထားတဲ့ "To the Bone"💘 သီချင်းလေး🎧

🎶" 𝐼 𝓌𝒶𝓃𝓉 𝓎𝑜𝓊 𝓉𝑜 𝓉𝒽𝑒 𝒷𝑜𝓃𝑒"🎵 ဆိုတဲ့ စာသားက Pamungkas ရဲ့ ခံစားချက်တွေဟာ အပေါ်ယံ မဟုတ်ဘဲ နက်ရှိုင်းတယ်ဆိုတာကို ပြသနေတာမျက်မြင်ပါ🌞ဒီတော့ နားထောင်သူတွေအနေနဲ့ ဒီ သီချင်းနဲ့အတူတူ ရှင်သန်စီးမျော နိုင်ဖို့ အတွက် သောကြာနေ့ည (၇) နာရီ မဖြစ်မနေ join ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်🤗

#Pamungkas #TotheBone

#The_Convo
#The_Paradise_for_Language_Lovers
#Dancing_with_the_Rhythm

The Convo

04 Nov, 14:38


The Convo ရဲ့ တပတ်တာ memory လေးတွေ ကြည့်လို့ရပါပြီနော် 🍁 The Convo ရဲ့ Facilitator အသစ်လေးတွေနဲ့အတူ Program မှာ တက်တက်ကြွကြွ ပါဝင်ပေးသူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်နော်။ Thursday မှာ Dancing with the rhythm နဲ့ Movie night ရဲ့ Topic postလေးတွေကို တင်ပေးလေ့ရှိပါတယ်။ Friday မှာဆိုရင်တော့ Sunday Conversation Club ရဲ့ post တွေ တင်ပေးတာမို့ Page ရဲ့ update လေးတွေကိုလက်လွတ်မခံပါနဲ့နော်။

#The_Convo
#The_Paradise_for_Language_Lovers

The Convo

01 Nov, 14:06


Success in Modern Society 📈📉

ဒီအပတ်မှာတော့ Presenterအနေနဲ့ volunteer term အသစ်ရဲ့ Skylar လို့သိကြတဲ့ Su Wai Htetရဲ့ Success in Modern Society ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်လာပါပြီ။ အခု လာမယ့် Sunday မှာ အခုခေတ်မှာ ကြုံတွေ့နေရတဲ့ အမျိုးမျိုးသော အောင်မြင်မှုဆိုတဲ့ အဓိပ္ပါယ်တွေကို အိုင်ဒီယာထုတ် ဆွေးနွေးကြမှာမို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော်။

Join မယ်ဆို page messenger မှာ Sunday လို့ စာပို့ပြီး Zoom link ရယူနိုင်ပါပြီ။

#The_Convo
#The_Paradise_for_Language_Lovers
#Sunday_Conversation_Program

The Convo

01 Nov, 00:19


Hello Convoers တို့ 👀

🎬 ဒီအပတ် Movie Night program အတွက်တော့ Scarlett Johnsson ပါဝင်သရုပ်ဆောင်ထားတဲ့ 𝙏𝙝𝙚 𝙉𝙖𝙣𝙣𝙮 𝘿𝙞𝙖𝙧𝙞𝙚𝙨 (2007) ကို ရွေးချယ်ထားပါတယ်။

💭 ကျောင်းပြီးစ ဘာလုပ်ရမှန်းမသိခင်လမ်းပျောက်နေတုန်း ပန်းခြံထဲမှာထိုင်ရင်း ကလေးတစ်ယောက်ကို ကူညီလိုက်ရာကနေ Nanny အလုပ် လုပ်ဖြစ်သွားသူ ကောင်မလေး

ချမ်းသာတဲ့မိသားစုရဲ့ သားသမီးဆက်ဆံရေးနဲ့ ငယ်ရွယ်ချိန် မိဘရဲ့ဂရုစိုက်မှုအရေးကြီးပုံကို Nanny တစ်ယောက်အ‌ေနနဲ့လမ်းညွန်ပေးသွားတာလေးကိုကြည့်ရမှာပါ။

Nanny တစ်ယောက်အနေနဲ့ Duty တွေနဲ့ အချစ်ရေးကို Balance လုပ်သွားပုံ၊ သူ့ရဲ့ Career လမ်းစရှာတဲ့ Journey ကိုပါ လိုက်ပါ စီးမျောကြည့်ရှုကြရမှာပါ။

Movie ကြည့်ချင်ရင်တော့ Telegram channel မှာ တင်ပေးထားပါတယ် 👇🏻🎬

https://t.me/The_Convo

English speaking လည်း လေ့ကျင့်ရင်း ဒီရုပ်ရှင်အကြောင်း အတွေးအမြင်လေး ဝေမျှချင်တယ်ဆိုရင်တော့ လာမယ့် Saturday night မှာလုပ်မယ့် Movie Night ကို ဖိတ်ခေါ်ချင်ပါတယ် 🫶🏻

Zoom link ရယူဖို့ page messenger လာခဲ့လိုက်ပါနော်။

#The_Convo
#The_Paradise_for_Language_Lovers
#Movie_Night

The Convo

01 Nov, 00:18


သောကြာနေ့ညရဲ့ Dancing With the Rhythm ကတော့ အခုကာလမှာ မသိတဲ့သူမရှိတဲ့ “APT.” (အာဖာ့ထစ်)🫠 နဲ့ ပြန်လည်ရောက်ရှိလာပါပြီ🙆‍♂️

🎼သီချင်းလေးလည်း အရမ်း catchy ဖြစ်💃

နားထောင်လိုက်တိုင်းလည်း Young Energy💪 တွေကလည်းအပြည့်တွေကိုမှ

💿MV ကလည်း အရမ်းကိုမှ အာဘွားပေးချင်စရာကောင်းလွန်းတာအသိ😗💋

👀အခုလို သီချင်းအကြောင်းကို ဘယ်လိုမျိုးဆွေးနွေးကြမလဲ ဆိုတာ သိချင်နေကြပြီမလား🤔

ကိုယ်တိုင်ကြုံဖူး မျက်မြင်တွေ့ချင်ရင်တော့ သောကြာနေ့ ည ၇နာရီတိတိမှာ မဖြစ်မနေ join ဖို့ လိုမယ်နော် 🥸

P,S: Zoom Link ကိုတော့ The Convo ရဲ့ chat boxကနေ့ တဆင့်တောင်းဖို့ မမေ့ကြပါနဲ့ဦးဗျ🤗

#The_Convo
#The_Paradise_for_Language_Lovers

The Convo

30 Oct, 17:28


"𝑱𝒖𝒔𝒕 𝒃𝒆𝒕𝒘𝒆𝒆𝒏 𝒖𝒔 𝒅𝒊𝒅 𝒕𝒉𝒆 𝒍𝒐𝒗𝒆 𝒂𝒇𝒇𝒂𝒊𝒓 𝒎𝒂𝒊𝒎 𝒚𝒐𝒖 𝒕𝒐𝒐?"

🫶🏻 Welcome back to "𝑺𝒘𝒊𝒇𝒕 𝒍𝒆𝒂𝒓𝒏𝒊𝒏𝒈 𝒘𝒊𝒕𝒉 𝑻.𝑺"『4』

ဒီနေ့မှာတော့ "𝑱𝒖𝒔𝒕 𝒃𝒆𝒕𝒘𝒆𝒆𝒏 𝒖𝒔 𝒅𝒊𝒅 𝒕𝒉𝒆 𝒍𝒐𝒗𝒆 𝒂𝒇𝒇𝒂𝒊𝒓 𝒎𝒂𝒊𝒎 𝒚𝒐𝒖 𝒕𝒐𝒐?" ဆိုတဲ့ Lyrics လေးကို လေ့လာကြည့်ရအောင် 🧐

"Maim" ဆိုတဲ့ စာလုံးလေးရဲ့ အဓိပ္ပာယ်ကို သိကြလား?

Maim ရဲ့ literal meaning ကတော့ ~ ရုပ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ထိခိုက်ပြီး သေရာပါ ဒဏ်ရာ ရသွားခြင်းပါ။
~ permanently damaged or injured ပေါ့။ 🩻

for examples 👇🏻
- The accident maimed his arm, so he could no longer use it properly.
- သူဟာ မတော်တဆမှုမှာ သူ့လက်မောင်းကို ထိခိုက်သွားတဲ့အတွက် ကောင်းကောင်းအသုံးမပြုနိုင်တော့ဘူး။

❤️‍🩹 ~ Maim ကို ရုပ်ပိုင်းဆိုင်ရာတင် မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး နာကျင်တဲ့ အခါမှာလည်း တင်စားပြီး သုံးနိုင်ပါတယ်။

💔 - Each memory of their relationship maimed her with a fresh wave of pain.
- သူတို့ နှစ်ယောက်ရဲ့ ဆက်နွှယ်မှုကြားက အမှတ်တရတိုင်းဟာ သူ့ကို နာကျင်စေတယ်

❤️‍🩹 "𝑱𝒖𝒔𝒕 𝒃𝒆𝒕𝒘𝒆𝒆𝒏 𝒖𝒔 𝒅𝒊𝒅 𝒕𝒉𝒆 𝒍𝒐𝒗𝒆 𝒂𝒇𝒇𝒂𝒊𝒓 𝒎𝒂𝒊𝒎 𝒚𝒐𝒖 𝒕𝒐𝒐?"
ဆိုတဲ့ Lyrics ကတော့
ဒီလမ်းခွဲခဲ့တဲ့ ဖြစ်ရပ်ကနေ တစ်ဖက်လူလည်း ကိုယ်နာကျင်ရသလို နာကျင်ရသလား၊ ခံစားရသလားလို့ မေးခွန်းထုတ်ထားတာပါ။

🕳️ "𝘐'𝘥 𝘭𝘪𝘬𝘦 𝘵𝘰 𝘣𝘦 𝘮𝘺 𝘰𝘭𝘥 𝘴𝘦𝘭𝘧 𝘢𝘨𝘢𝘪𝘯 𝘣𝘶𝘵 𝘐'𝘮 𝘴𝘵𝘪𝘭𝘭 𝘵𝘳𝘺𝘪𝘯𝘨 𝘵𝘰 𝘧𝘪𝘯𝘥 𝘪𝘵." ဆိုတဲ့အတိုင်း ဖြစ်ရပ်တစ်စုံတစ်ရာေကြာင့် အရင်က old self ကို ပြန်မရနိုင်တော့ပဲ ဒဏ်ရာ‌ပေါက်ကြီးတွေ ဖြစ်ကျန်ခဲ့ခြင်းကို *Maim* ဆိုတဲ့ စာလုံးလေးနဲ့ သုံးထားတာပါ

ကဲကဲ All Too Well နဲ့ English စာ လေ့လာတာကတော့ ဒီမှာပဲ တစ်ပိုင်းဆုံးပါတယ်ရှင်။

စာဖတ်သူတို့လည်း *Maim* ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဟောင်းလေးများရှိခဲ့ရင် ဖြေဖျောက်နိုင်ကြပါစေ 🫂

#The_Convo
#The_Paradise_for_Language_Lovers

The Convo

30 Oct, 12:37


The Convoရဲ့ တပတ်တာ program ပေါင်းချုပ် 🎉

ဒီဇိုင်းအသစ်နဲ့ memory post လေး ရောက်လာပြီနော် 🫶
The Convoမှာ weekly program အနေနဲ့ အပတ်စဉ် သောကြာနေ့၊ စနေနေ့ နဲ့ တနင်္ဂနွေနေ့တိုင်း ည၇နာရီကနေ ည၈နာရီခွဲအထိ English Conversation Club ကို မတူညီတဲ့ ပုံစံတွေနဲ့ လာပြီးလေ့ကျင့်လို့ရပါတယ်။

Friday- Dancing with the Rhythm Program
Saturday- Movie Night Program
Sunday- Sunday Conversation Program

Programမှာ ဘာတွေ ဆွေးနွေးမလဲဆိုတဲ့ topic တွေကို Thursdayနဲ့ Friday ညတွေမှာ Page မှာ တင်ပေးပါတယ်နော်။ ဒီprogram တွေမှာ ပါဝင်ချင်တယ်ဆို Page Messenger မှာ program အမည်ပြောပြီး Zoom link လာရောက်ရယူနိုင်ပါတယ်။ Programတွေကို ၂ကြိမ် free joinလို့ရပါတယ်။ Free join ရမယ့် အရေအတွက် ပြည့်သွားရင်တော့ သက်သာတဲ့ Membership fees သွင်းပြီး member အနေနဲ့ join လို့ရပါတယ်နော်။

ကဲ အခုတော့ ဘာtopic တွေနဲ့ လေ့ကျင့်ခဲ့လဲဆိုတာ ရှုစားပေးပါဦးနော် 🫶😜

#The_Convo
#The_Paradise_for_Language_Lovers

The Convo

28 Oct, 15:37


အချိန်တွေ ရပ်တန့်သွားသလို ခံစားဖူးလား?

Welcome back to "𝑺𝒘𝒊𝒇𝒕 𝒍𝒆𝒂𝒓𝒏𝒊𝒏𝒈 𝒘𝒊𝒕𝒉 𝑻.𝑺"『3』

ဒီအပတ်မှာလည်း All Too Well lyrics ကနေ English စာလေ့လာကြည့်ရအောင် 🫶🏻

🍂 "𝑻𝒊𝒎𝒆 𝒘𝒐𝒏'𝒕 𝒇𝒍𝒚, 𝒊𝒕'𝒔 𝒍𝒊𝒌𝒆 𝑰'𝒎 𝒑𝒂𝒓𝒂𝒍𝒚𝒛𝒆𝒅 𝒃𝒚 𝒊𝒕"

ဒီထဲက " Paralyzed" ဆိုတဲ့ စကားလုံးလေးမှာ အဓိပ္ပာယ် ၂ မျိုးရှိပါတယ်။

1) Paralyze = အာရုံကြော ပြဿနာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မလှုပ်နိုင်တော့တာ၊ အကြောသေ တာ။

~ After the car accident, her father was paralyzed from the waist down.
ကား မတော်တဆမှု ဖြစ်အပြီးမှာ သူ့ အဖေဟာ ခါးအောက်ပိုင်း သေသွားခဲ့တယ်။

2) Paralyze = ကိစ္စ တစ်စုံတစ်ရာကြောင့် တုံ့ဆိုင်းရပ်တန့်သွားတာ၊ မလှုပ်ရှားနိုင်ပဲ ကြက်သေသေသွားတာ။

~ He was paralyzed for a full minute because of anxiety while doing a presentation.
သူဟာ စိတ်လှုပ်ရှားလွန်းတာကြောင့် Presentation လုပ်နေစဉ်အတွင်း မိနစ်ပိုင်းလောက် ကြက်သေသေ သွားတယ်။

Taylor ရဲ့ Lyrics ထဲမှာတော့ Paralyze ကို ဒုတိယ Meaning နဲ့ သုံးထားပါတယ်

"Paralyzed by time" ဆိုပြီး အချိန်တွေနဲ့အတူ သူပါ ရပ်တန့်သွားတယ်လို့ တင်စားပြောထားတာပါ

အတိတ်က အဖြစ်ဆိုးတွေကြောင့် ၊ဒါမှမဟုတ် အနာဂတ်ကို ‌ကြောက်ပြီး ရှေ့ဆက်မလှမ်းချင်တော့တဲ့အခါ ကျွန်တော်တို့ဟာ အချိန်ကာလ တစ်ခုမှာပဲ ရပ်တန့်သွားပြီး ပိတ်မိနေသလို feeling ကြီးနဲ့ ကြုံဖူးကြမှာပါ။

အသည်းကွဲတဲ့အခါ၊ ချစ်ရသူ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ၊ အတိတ်ကလို ပျော်ရွှင်စရာမကောင်းတော့တဲ့အခါ၊ မျှော်လင့်ချက်တွေ အကုန်အစအန မကျန်တော့တဲ့အခါ...စသဖြင့် စိတ်ပိုင်းဆိုင်ရာမှာ Move on မလုပ်၊ Growth မဖြစ်နိုင်ပဲ ပြီးခဲ့တဲ့ အတိတ်ကို ပြန်သွားနေမိကြမှာပါ။

အခုနောက်ပိုင်း Internet ပေါ်မှာ လူအများက 2019 ခုနှစ်ကို Nostalgic ပြန်ဖြစ်ကြတာ၊ 2019 ဟာ ၅ နှစ်တောင် ကြာခဲ့ပြီဆိုတာ လက်မခံနိုင်ပဲ ဖြစ်နေတာလည်း တွေ့ရင် တွေ့ရမှာပါ။ (အခုစာဖတ်နေသူတောင် ဒီထဲကတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)

2019 နောက်ပိုင်း COVID နဲ့အတူ နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးတွေကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းတွေနဲ့ အလှမ်းဝေးသွားကြတဲ့ ကျွန်တော်တို့ လူငယ်တော်တော်များများဟာ ဒီဖြစ်ရပ်ကနေ ပြေးမလွှတ်နိုင်ဖြစ်ကြမှာပါ။

___

🤎 Taylor ရဲ့ Right Where You Left Me ဆိုတဲ့ သီချင်းတစ်ပုဒ်မှာလည်း ဒီအလားတူဖြစ်ရပ်ကို တွေ့ရပါတယ်။

သီချင်းတစ်ပုဒ်လုံးဟာ အတိတ်ကနေ Move On မလုပ်နိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်း အခြေခံထားတာပါ။

သီချင်းထဲမှာ အတိတ်ဆိုတဲ့ အချိန်ကာလတစ်ခုကို စားသောက်ဆိုင်နဲ့ နှိုင်းယှဉ်ထားပါတယ်။

~ ဘေးပတ်ဝန်းကျင်ကလူတွေ ပုံမှန်အတိုင်း ပြောင်းလဲပြီး ရှေ့ဆက်သွားကြပေမယ့် ဒီကောင်မလေးကတော့ မပြောင်းလဲသွား
"Everybody moved on, but I stayed here."

~ ဒီစားသောက်ဆိုင်ရဲ့ ဒီထောင့်လေးက‌ေန မထွက်နိုင်ပဲ ပိတ်မိနေသူ။

🪑~ ဆံပင်ပေါ်က ညှပ်ကလစ်လေး ဖုန်တွေ တက်တဲ့အထိ၊ စားသောက်ဆိုင် ပိတ်သွားတဲ့အထိ တစ်စုံတစ်ယောက် ထားခဲ့တဲ့ ဒီထောင့်လေးမှာပဲ ထိုင်နေသူ တစ်ယောက်အကြောင်း။

~ 𝘋𝘪𝘥 𝘺𝘰𝘶 𝘦𝘷𝘦𝘳 𝘩𝘦𝘢𝘳 𝘢𝘣𝘰𝘶𝘵 𝘵𝘩𝘦 𝘨𝘪𝘳𝘭 𝘸𝘩𝘰 𝘨𝘰𝘵 𝘧𝘳𝘰𝘻𝘦𝘯?
𝘛𝘪𝘮𝘦 𝘸𝘦𝘯𝘵 𝘰𝘯 𝘧𝘰𝘳 𝘦𝘷𝘦𝘳𝘺𝘣𝘰𝘥𝘺 𝘦𝘭𝘴𝘦, 𝘴𝘩𝘦 𝘸𝘰𝘯'𝘵 𝘬𝘯𝘰𝘸 𝘪𝘵.
𝘚𝘩𝘦'𝘴 𝘴𝘵𝘪𝘭𝘭 23, 𝘪𝘯𝘴𝘪𝘥𝘦 𝘩𝘦𝘳 𝘧𝘢𝘯𝘵𝘢𝘴𝘺.

*highly recommended song of Taylor (in fact one of her best songs lyrically)

ဒီနေ့တော့ Swift Learning ကဒီလောက်ပါပဲ
စာဖတ်သူများလည်း အတိတ်ကနေ ရုန်းထွက်နိုင်ကြပါစေ 🫶🏻

#The_Convo
#The_Paradise_for_Language_Lovers

The Convo

26 Oct, 15:14


Luxurious Life

မွန်းကြပ်စရာကောင်းတဲ့ နေ့စဉ်ဘဝကြီးကို စိတ်ကုန်နေသူတွေရှိလား 🍂 Luxury လို့ပြောလိုက်ရင် ပိုက်ဆံအများကြီးသုံးရတဲ့ brand တွေကို မြင်မိမှာပါ။ ဘဝကို luxurious ဖြစ်ဖို့ အမြဲတမ်း ပိုက်ဆံသုံးဖို့ မလိုပါဘူး။ ဘဝကို အေးဆေးပြီး smart ဖြစ်စေဖို့ small thing လေးတွေက အရေးကြီးတာမို့ ခဏလောက်ဖြစ်ဖြစ် အချိန်ပေးပြီး လာဆွေးနွေးလိုက်တော့နော်။

မနက်ဖြန် Convoမှာ Luxurious Life အကြောင်းပြောမှာမို့ လာခဲ့တော့နော်။ Join မယ်ဆို page messenger မှာ Zoom link လာယူလို့ရပါတယ်။

#The_Convo
#The_Paradise_for_Language_Lovers

The Convo

25 Oct, 13:09


နှစ်သက်ရာကဗျာတစ်ပုဒ် ယူခဲ့ပါ 📝
ခံစားချက်တွေ ပြောကြရအောင် 🎶
နှလုံးသားတစ်စုံတော့ ပါအောင် သယ်လာခဲ့ပေးပါ 💌

အားလုံးစောင့်မျှော်နေတဲ့ The Convo ရဲ့ BOOK CLUB လေးဟာ ကဗျာ theme နဲ့ အတူ ပြန်လာခဲ့ပါပြီ။ စာဖတ်သူတွေက ကဗျာကိုလည်း ခံစားနိုင်စွမ်းရှိကြပါတယ်။ ကဗျာတွေဟာ စိတ်ပြတင်းပေါက်၊ ဖြစ်ရပ်တူဇာတ်လမ်းတွေရဲ့ စာတိုက်ဖြစ်ပါတယ်။ ဒီတပတ်ရဲ့ Sunday မှာ ကဗျာချစ်တဲ့သူတွေအတွက် ရင်ဖွင့်ကြမယ် ကဗျာနဲ့ကွယ် အစီအစဉ်မှာ စောင့်နေမယ်နော်။

ပါဝင်ဆွေးနွေးချင်ရင်တော့ Page Messenger မှာ ကဗျာလို့ ရေးပြီး Zoom link လေး လာယူနိုင်ပါတယ်နော်။

#The_Convo
#The_Paradise_for_Language_Lovers
#Book_Club

The Convo

24 Oct, 14:30


Are you ready to chill with another horror film? 😈

မကြာခင် ရောက်ရှိလာတော့မယ့် Halloween အတွက် watchlist တစ်ခုရှိကြပြီလား။ မရှိသေးတဲ့သူတွေအတွက်ကော ရှိပြီးသားသူတွေအတွက်ကော ဒီအပတ် Movie Night🎥 အတွက် ရွေးချယ်ထားတဲ့ “ParaNorman (2012)”💀 ဆိုတဲ့ stop motion animationလေးကို မဖြစ်မနေထည့်သွင်း ကြည့်ရှုဖို့ မမေ့ကြပါနဲ့ဗျ။ Horrorဆိုပေမယ့် တကယ့်ကြောက်စရာလေးတွေ သက်သက်ချည်းမဟုတ်ဘဲနှင့် joke လေးတွေနဲ့ တခြားသောစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ storyline လေးအပြင် ဇာတ်ကောင်များပါဝင်တဲ့အတွက် ဒီအပတ် စနေနေ့ည ၇ နာရီကျရင် ကျရင် အပြန်အလှန် ဝေမျှဖို့ရန် မဖြစ်မနေ join ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျ။👻 Join မယ်ဆို Page Messenger မှာ zoom link လာယူပြီး join နိုင်ပါတယ်နော်။

PS: This movie is rated as a PG one.

#The_Convo
#The_Paradise_for_Language_Lovers

The Convo

24 Oct, 13:23


🎼The rhythms are coming back!!!🎧

Relationships တွေကအရမ်းအရေးပါတယ်🫠 ဒါပေမယ့် အရမ်းအထိခိုက်လွယ်တယ်😶‍🌫️ ဆိုတာ ကျွန်တော်တို့ အသိပါ။ 🩷အချစ်ဆိုတာကလဲ တစ်ခါတစ်လေကျ ပျော်စရာလဲ ဖြစ်နိုင်သလို ၀မ်းနည်းစရာလဲဖြစ်နိုင်တယ်။ ဒီအပတ် Dancing With The Rhythm အတွက် 1980s vibe အပြင်ကိုမှ romantic ဆန်ဆန် သီချင်းလေးကို ခံစားချင်သူများအတွက် TV Girls ရဲ့ Lovers Rock ဆိုတဲ့ လူတိုင်းနဲ့ ရင်းနှီးတဲ့ သီချင်းလေးကို ရွေးချယ်ထားပါတယ်ဗျ။ မိမိအနေနဲ့ သီချင်းအကြောင်းအပြင် lyrics နဲ့ဆက်စပ်သော အကြောင်းအရာ theme တွေကို အချင်းချင်းမျှ‌ဝေ ဆွေးနွေးချင်ရင်တော့ သောကြာနေ့ ည၇နာရီ ကျရင် မဖြစ်မနေ joinပေးဖို့ လိုပါတယ်💐

Join မယ်ဆို page messenger ကို လာခဲ့တော့နော်။

#The_Convo
#The_Paradise_for_Language_Lovers

The Convo

22 Oct, 13:44


💬 Lost In Translation ဖြစ်ဖူးကြလား?

Welcome back to "𝑺𝒘𝒊𝒇𝒕 𝒍𝒆𝒂𝒓𝒏𝒊𝒏𝒈 𝒘𝒊𝒕𝒉 𝑻𝑺"『2』

All Too Well ထဲမှာ ပါတဲ့ "Lost In Translation" ဆိုတဲ့ Phrase ကို တော်တော်များများကြားဖူးကြမယ်ထင်ပါတယ်။

📖 Literal meaning ကတော့ Language တစ်ခုနဲ့ တစ်ခုကြား ဘာသာပြန်တဲ့အခါ language barrier ကြောင့် တိုက်ရိုက်ဘာသာမပြန်နိုင်ပဲ အဓိပ္ပာယ်ကောက်လွဲသွားတာ၊ ဘာသာမှားပြန်တာကို ဆိုလိုပါတယ်။

1) The message of the president's speech was lost in translation.
သမ္မတကြီးမိန့်ခွန်းရဲ့ အဓိက ဆိုလိုရင်းဟာ ဘာသာပြန်တဲ့ထဲ အဓိပ္ပာယ်‌လွဲသွားတယ်။

2) The humor of this Korean film was lost in the translation.
ဒီ ကိုရီးယားကားထဲက ဟာသတွေကို ဘာသာပြန်လိုက်တော့ အဓိပ္ပာယ်လွဲကုန်ရော။

💬 Lost In Translation ကို ဘာသာပြန်‌တဲ့ Content မှာမဟုတ်ပဲ အချင်းချင်း နားလည်မှု လွဲတဲ့ နေရာမှာလည်း သုံးနိုင်ပါတယ်။

~ ကိုယ်ပြောချင်တဲ့ ခံစားချက်တွေကို တစ်ဖက်လူက နားလည်မှုလွဲတဲ့အခါ၊ အဓိပ္ပာယ်ကောက်လွဲတဲ့အခါ သုံးနိုင်ပါတယ်။
For example 👇🏻

🗯 His compliment was lost in translation and came off as rude.
သူ့ရဲ့ ချီးမွမ်းစကားက နားလည်မှုလွဲသွားပြီး ရိုင်းပြသလို ဖြစ်သွားတယ်။

All Too Well ရဲ့ Iconic Bridge ထဲက "Lost In Translation" ကတော့ ဒုတိယ Meaning နဲ့ဆိုထားတာဖြစ်ပါတယ်

🧣 "𝑾𝒆𝒍𝒍, 𝒎𝒂𝒚𝒃𝒆 𝒘𝒆 𝒈𝒐𝒕 𝒍𝒐𝒔𝒕 𝒊𝒏 𝒕𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏.
𝑴𝒂𝒚𝒃𝒆 𝑰 𝒂𝒔𝒌𝒆𝒅 𝒇𝒐𝒓 𝒕𝒐𝒐 𝒎𝒖𝒄𝒉.
𝑩𝒖𝒕 𝒎𝒂𝒚𝒃𝒆 𝒕𝒉𝒊𝒔 𝒕𝒉𝒊𝒏𝒈 𝒘𝒂𝒔 𝒂 𝒎𝒂𝒔𝒕𝒆𝒓𝒑𝒊𝒆𝒄𝒆 '𝒕𝒊𝒍 𝒚𝒐𝒖 𝒕𝒐𝒓𝒆 𝒊𝒕 𝒂𝒍𝒍 𝒖𝒑."

"ကိုယ်တို့ နားလည်မှုတွေပဲ လွဲခဲ့ကြတာလား
ကိုယ်ဘက်ကပဲ တောင်းဆိုတာတွေ များခဲ့လို့လား
မင်းအားလုံးကို မဖျက်စီးလိုက်ခင်အထိ ကိုယ်တို့နှစ်ယောက် အရမ်းကို ပျော်ရွှင်ခဲ့ကြတာ"

__
🎬 Lost In Translation ဆိုလို့ ဒီ Title နဲ့ ရုပ်ရှင်ကောင်းတစ်ခု ရှိပါသေးတယ်။

Scarlett Johansson ပါဝင်သရုပ်ဆောင်ထားပြီး Original Screenplay နဲ့ Oscar ရထားတဲ့ Lost In Translation (2003) ကတော့ classic film တစ်ကားဖြစ်တာမို့ Highly recommend ပါ

#The_Convo
#The_Paradise_for_Language_Lovers

The Convo

20 Oct, 14:09


🧣 "𝒀𝒐𝒖 𝒌𝒆𝒑𝒕 𝒎𝒆 𝒍𝒊𝒌𝒆 𝒂 𝒔𝒆𝒄𝒓𝒆𝒕, 𝒃𝒖𝒕 𝑰 𝒌𝒆𝒑𝒕 𝒚𝒐𝒖 𝒍𝒊𝒌𝒆 𝒂𝒏 𝒐𝒂𝒕𝒉"

Hello Convoers တို့! 🙋🏻‍♀️

🎬 ပြီးခဲ့တဲ့ Convo ရဲ့ Movie Night မှာ ကြည့်ခဲ့ကြတဲ့ All Too Well Short Film ထဲက Vocabs လေးတွေ လေ့လာကြရအောင်။

ဒီ Chapter လေးကိုတော့ "𝑺𝒘𝒊𝒇𝒕 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑻. 𝑺" လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်
____

"𝒀𝒐𝒖 𝒌𝒆𝒑𝒕 𝒎𝒆 𝒍𝒊𝒌𝒆 𝒂 𝒔𝒆𝒄𝒓𝒆𝒕, 𝒃𝒖𝒕 𝑰 𝒌𝒆𝒑𝒕 𝒚𝒐𝒖 𝒍𝒊𝒌𝒆 𝒂𝒏 𝒐𝒂𝒕𝒉" ဆိုတဲ့ ဒီ Iconic lyrics က ဘာကို ဆိုလိုချင်တာလဲ?

အဓိက အားဖြင့် "Oath" ဆိုတဲ့ စကားလုံးလေး 🤔
~ Oath ရဲ့ Definition ကတော့

= "A solemn promise of loyalty, support, declaration, and obedience_ made in formal setting"

= ကတိသစ္စာစောင့်ထိန်းဖို့ ကျမ်းကျိန်ရခြင်း ကိုပြောတာပါ။
Informal daily usage word မဟုတ်ပဲ လေးနက်တဲ့ ဘာသာရေးအခမ်းအနားတွေနဲ့ တရားရုံးတွေမှာ ကျမ်းသစ္စာဆိုတဲ့အခါ သုံးရတာဖြစ်ပါတယ်။

Example sentences တွေ ကြည့်ကြည့်ရအောင်👇🏻

1) The witness took an oath to tell the truth in the court.

တရားရုံးမှာ အမှန်အတိုင်းပြောဖို့ မျက်မြင်သက်သေဟာ ကျမ်းကျိန်ဆိုလိုက်တယ်။

2) They took an oath to protect the country.

တိုင်းပြည်ကို ကာကွယ်ဖို့ သူတို့ ကတိသစ္စာပြုလိုက်ကြတယ်။

_

ဒါဆိုရင် ဒီ Lyrics မှာရော Taylor က ဘာကိုဆိုလိုတာလဲ?
Lovers နှစ်ယောက် တစ်ယောက်‌အပေါ်တစ်ယောက်ထားတဲ့ ခံယူချက်နှစ်ခုကို နှိုင်းယှဉ်ထားတာပါ

💌 "𝒀𝒐𝒖 𝒌𝒆𝒑𝒕 𝒎𝒆 𝒍𝒊𝒌𝒆 𝒂 𝒔𝒆𝒄𝒓𝒆𝒕"
~ မင်းဘက်က ငါ့ကို လျှို့ဝှက်ပြီးချစ်ခဲ့ပေမယ့်

💝 "𝒃𝒖𝒕 𝑰 𝒌𝒆𝒑𝒕 𝒚𝒐𝒖 𝒍𝒊𝒌𝒆 𝒂𝒏 𝒐𝒂𝒕𝒉"
~ ငါ့ဘက်ကတော့ ကျမ်းသစ္စာကျိန်လို့ အမြတ်တနိုး တန်ဖိုးထားခဲ့တာ

~ ကိုယ့်ဘက်ကတော့ တန်ဖိုးထားလွန်းပြီး ကျမ်းကျိန်သလို ကိုးကွယ်ခဲ့ရပေမယ့် သူ့အတွက်တော့ ကိုယ်ဟာ Secret လေး တစ်ခု‌ထပ် မပိုပဲ ချောင်ထိုးခံခဲ့ရသလို 🥹 ~

*editor note* (If you can relate to this particular lyrics, I'm SO SORRY for you)
လာပါ၊ အပယ်ခံလေးတွေ ဖက်ငိုကြရအောင်🫂

#The_Convo
#The _Paradise_for_Language_Lovers

The Convo

18 Oct, 13:48


သီတင်းကျွတ်ညလေးတစ်ညမှာ ပျော်ကြရဲ့လားဝေ….
Faci တွေကတော့ အပျော်လွန်နေလို့ အောက်က ပိုစတာထဲက စာလေးဖတ်ကြည့်ပေးပါဦး 😜🎶

The Convo

17 Oct, 02:46


အခုနှစ်မှာ ကျရောက်လာတဲ့ သီတင်းကျွတ်ကာလလေးမှာ မိမိတို့ ချစ်ခင်ရပါသော မိသားစုဝင်၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်အပါအဝင် မြတ်နိုးရသူတို့နှင့် အတူတကွ ပျော်ရွှင်ကြည်နူးဖွယ်ရာ အခိုက်အတန်များကို ဖန်တီးနိုင်စေကြောင်း THE CONVO မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အိမ်ရဲ့ အဝေးရောက်နေတဲ့ အိမ်ဝေးအိမ်ပြေးလေးတွေလည်း အိမ်ကို အမြန်ပြန်နိုင်ပါစေလို့ ထပ်ဆင့်ဆုတောင်းပေးပါတယ်နော်။

First and foremost, we, THE CONVO, wish every single human being to capture delightful moments with your beloved family members, friends, colleagues, or partners during Thadingyut Festival. May everyone who is away from home for any reason return home safely soon.

#The_Convo
#The_Paradise_for_Language_Lovers

The Convo

11 Oct, 15:26


Hey Presenter- May Phoo ကတော့ ဒီတစ်ပါတ်ရဲ့ Sunday လေးမှာ ခဏလောက်စိတ်ကူးယဉ်ကမ္ဘာငယ်‌လေးဆီကို အလည်သွားဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပြီနော် 🫶🏼

လူငယ်တိုင်းမှာဖြစ်ချင်တဲ့အရာတွေအများကြီးရှိကြပါတယ်။ တစ်ချို့အရာတွေကဖြစ်နိုင်သလို တစ်ချို့အရာတွေကမဖြစ်နိုင်‌တာတွေပါ။ ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးလိုက်ရတဲ့လူငယ်တွေလဲများစွာရှိပါတယ်။ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ အားလုံးကိုခဏမေ့ထားပြီး မွန်းကြပ်တဲ့ real life style ကနေခဏရုန်းထွက်ကာ ခဏတာလေး ကိုယ်ပိုင်ဘဝလေးစိတ်ကူးယဉ်ကြည့်ဖို့ convo ရဲ့ Sunday program ကို joinဖို့ဖိတ်ခေါ်ပါတယ်နော်။

Join ချင်ရင် Fantasy World သွားဖို့ Meeting link လေးကို Page messenger မှာ လာယူလို့ ရပြီနော် 💛

#The_Convo
#The_Paradise_for_Language_Lovers
#Sunday_Conversation_Program

The Convo

10 Oct, 13:35


သီချင်းတွေနဲ့ သောကြာညနေခင်းဟာ မကြာမီကျရောက်လာပါတော့မယ် 🎶🎼🎵

သင်က အရမ်းထူးချွန်ထက်မြတ်တဲ့ Artist တစ်ယောက် ဖြစ်ချင်ပါသလား။

အကယ်၍ Artist တစ်ယောက်လို့ ခံယူလိုက်သည်ဆိုပါက မိမိကိုယ်တိုင် ဖန်တီးထီထွင်ထုဆစ် လိုက်တဲ့ ကိုယ်ပိုင်အနုပညာဟန်ကို ပရိတ်သက်ဆီ ဘယ်လိုပုံစံမျိုးနဲ့ ချပြချင်ပါသလဲ။

အနုပညာလောကရဲ့ လှည့်ကွက်တွေနဲ့ ထိုးနှက်ဒဏ်ချက်တွေကိုကော ခံနိုင်ရည် ရှိရဲ့လား။

အခုလိုမျိုး Artist တစ်ယောက်ရဲ့ ရှုထောင့်ကနေဖြင့် လောကကြီးကို ဘယ်လိုမျိုး ဆက်လက် ရှင်သန် ဖြတ်သန်းသွားကြမလဲ ဆိုတဲ့ အကြောင်းတွေကို ဝေမျှဖို့အတွက် ဒီအပတ် The Convo ရဲ့ Dancing With The Rhythm မှ Florence + The Machine ဖန်တီးထားတဲ့ “Morning Elvis” ဆိုတဲ့ သီချင်းလေးကို ရွေးချယ်ထားပါတယ်ဗျ။

ဆွေးနွေးချင်ရင်တော့ သောကြာနေ့ည ၇နာရီ ကျရင် မပျက်မကွက် ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျ။

ဪ… Page Messengerမှာ Meeting IDနဲ့ Passcode ရယူပြီး joinနိုင်ပါပြီနော်။

#The_Convo
#The_Paradise_for_Language_Lovers
#Dancing_with_the_Rhythm

The Convo

09 Oct, 15:08


All Too Well (2021)

The Convo

09 Oct, 14:44


🍂 𝘢𝘶𝘵𝘶𝘮𝘯 𝘭𝘦𝘢𝘷𝘦𝘴 𝘧𝘢𝘭𝘭𝘪𝘯𝘨 𝘥𝘰𝘸𝘯 𝘭𝘪𝘬𝘦 𝘱𝘪𝘦𝘤𝘦𝘴 𝘪𝘯𝘵𝘰 𝘱𝘭𝘢𝘤𝘦🍂

༄ October လရဲ့ လေညင်းနဲ့အတူ ဆောင်းဦး ရောက်လာပြန်ပြီနော်

🧡 October အစမှာ "We Fell In Love In October" နဲ့ ကြိုပြီးပြီဆိုတော့ နောက်ထပ် Autumn anthem ဖြစ်တဲ့ All Too Well နဲ့ chill ကြရအောင်

🍁 မိတ်ဆက်ပေးစရာတောင်မလိုတဲ့ Taylor ရဲ့ best Songwriting & lyrics ပါတဲ့ All Too Well ဟာဆိုရင် "The Best Breakup Song of All Time" လို့ ပြောလို့ရပါတယ်

🎬 2021 မှာတော့ Taylor ကိုယ်တိုင် Self Directed လုပ်ထားတဲ့ All Too Well~The Short Film ကို ထုတ်လုပ်ခဲ့ပါတယ်။

🧣 Short Film လည်းကြည့်၊ English Speaking လည်း လေ့ကျင့်ပြီး ရုပ်ရှင်အကြောင်း ဆွေးနွေးချင်တယ်ဆိုရင်တော့ လာမယ့် စနေနေ့ညမှာလုပ်မယ့် Movie Night စကားဝိုင်းကို ဖိတ်ခေါ်ချင်ပါတယ် 🤗

🗣️ စိတ်ဝင်စားရင်တော့ Page Messenger မှာ Meeting ID လာတောင်းပြီး ပါဝင် join လို့ရပါပြီနော် 🫶🏼

#The_Convo
#The_Paradise_for_Language_Lovers
#Movie_Night

The Convo

08 Oct, 14:09


Movies are reflections of life! 🎬🎞️🍿

Movie ကြိုက်တဲ့သူတွေအတွက် နေရာကောင်းလေးတစ်ခု။ ရုပ်ရှင်ကြည့်ကြမယ်။ ခံစားမယ်။ ဆွေးနွေးမယ်။ English Speaking လေ့ကျင့်ကြမယ်။ စနေနေ့တိုင်း Movie lovers တွေအတွက် သုခဘုံလေးအဖြစ် ရှိနေလို့ လာ join လိုက်တော့နော်။ ပြီးခဲ့တဲ့ စနေနေ့တုန်းက မျက်ရည်မိုးတွေရွာခဲ့တဲ့ Freedom Writers အမှတ်တရလေးတွေ ကြည့်ပြီး လာမယ့် စနေနေ့အတွက် စောင့်မျှော်ပေးပါဦးနော်။

#The_Convo
#The_Paradise_for_Language_Lovers
#Movie_Night