နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် မွန်ပြည်နယ်အစိုးရအဖွဲနှင့် ဌာနဆိုင်ရာအသီးသီးတိုက ငွေကျပ် သိန်း ၂၇၀ ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရပါတယ် ။
အဆိုပါ စားသောက်ဖွယ်ရာများကို ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ထုပ်ပိုးနေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝန်ကြီးများနှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲရုံး၊ ရာမညခန်းမ၌ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ် ။
#News