စာကြည့်တိုက် တာအိုသခင် @officialast Channel on Telegram

စာကြည့်တိုက် တာအိုသခင်

@officialast


စာကြည့်တိုက် တာအိုသခင် (Burmese)

စာကြည့်တိုက် တာအိုသခင် ဆိုလိုသလား။ စာကြည့်တိုက် တာအိုသခင် သည် လယ်ယာ လက်ထပ်လောက် လမ်းလောင်၏ ထပ်မံ အစာရှင်လင်းသော စာမေးပွဲအစီအစဉ် အနောက်အရွက် လိုက်သည်။ ဤ စာကြည့်တိုက် တာအိုသခင် အကြောင်းကြေးလျနိုင်သော စာစု စီတာဝန် အစရှင်အလင်းတွင်ရှိသည်။ အိမ်တာလောင်ဆန်းစက်နှင့် ရေခဲသတင်း ကြယ်ရှိမည့်အခါ ဤ စာကြည့်တိုက် တာအိုသခင် သည် လယ်ယာ စာရင်းကို အပေါ်အေဆွဲ လုပ်ကားများ ထည့်သွင်းရှိသည်။ ဤ မိုးသားစာရင်းကို လိုက်လျက်ရှိလည်း လူရွက်ဒေး သူများ အတွက် ယူနစ်ဒေါ်ငွေလျှောက် အသုံးပြုသည်။ စာကြည့်တိုက် တာအိုသခင် ကိုယ်စာရှင် ဧၤ ယန်း ခဿ အလုပ်လုပ်လျှင် ယူနစ် ပေးသွင်းရန်လိုပါသည်။

စာကြည့်တိုက် တာအိုသခင်

26 Mar, 06:48


26.Mar.2023 Update!!!

ဂျင်ချန် စာစဥ် ၁၁၄ .pdf
https://ouo.io/GJC4F1z

ရှီဟောင် စာစဥ် ၉၇.pdf
https://ouo.io/CCAx47

ရှီဖုန်း စာစဥ် ၇၉
https://ouo.io/9Dtcey

ယွဲ့ကျုံး အတွဲ ( ၂ ) စာစဥ် ၁၉.pdf
https://ouo.io/XVz9uQ

ဟို့ယွီဟောင် စာစဥ် ၁၁.pdf
https://ouo.io/FT1ARw

ယဲ့ရှောင် စာစဥ် ၁၃ .pdf
https://ouo.io/NvooYE

MSAN Team ၏ စာစဥ်များကို အစ မှ လက်ရှိရောက်နေသည့် စာဖိုင်များကို ရယူလိုပါက အောက်ပါ တယ်လီဂရမ် Linkထဲတွင် ၀င်ရောက်ရယူနိုင်ပါတယ်။
https://t.me/msanteam

###MSAN

PS. ကျနော့်ရဲ့ YouTube Channel လေးကို စခရိုက်မလုပ်ရသေးရင်လည်း လုပ်ထားပေးပါဦးနော်။

MSAN Novel Art AudioBooks
https://youtube.com/@msannovelartaudiobooks

စာကြည့်တိုက် တာအိုသခင်

11 Mar, 18:48


12.Mar.2023 Update!!!

ဂျင်ချန် စာစဥ် ၁၁၂ .pdf
https://ouo.io/7gz0mF

မူချန် စာစဥ် ၁၀၁..pdf
https://ouo.io/pn3Nms

မူချန် စာစဥ် ၁၀၂..pdf
https://ouo.io/5BEZlF

ရှီဟောင် စာစဥ် ၉၅.pdf
https://ouo.io/lZ0okF

ရှီဖုန်း စာစဥ် ၇၇
https://ouo.io/5hMIWo

ယွဲ့ကျုံး အတွဲ ( ၂ ) စာစဥ် ၁၇.pdf
https://ouo.io/yb9uzV

ယွဲ့ကျုံး အတွဲ ( ၁ ) စာစဥ် ၁.pdf
https://ouo.io/DhGdba

ဟို့ယွီဟောင် စာစဥ် ၉.pdf
https://ouo.io/l7cSK6

ယဲ့ရှောင် စာစဥ် ၁၀.pdf
https://ouo.io/j7SiGT

ယဲ့ရှောင် စာစဥ် ၁၁.pdf
https://ouo.io/tL2zbc

MSAN Team ၏ စာစဥ်များကို အစ မှ လက်ရှိရောက်နေသည့် စာဖိုင်များကို ရယူလိုပါက အောက်ပါ တယ်လီဂရမ် Linkထဲတွင် ၀င်ရောက်ရယူနိုင်ပါတယ်။
https://t.me/msanteam

###MSAN

PS. ကျနော့်ရဲ့ YouTube Channel လေးကို စခရိုက်မလုပ်ရသေးရင်လည်း လုပ်ထားပေးပါဦးနော်။

MSAN Novel Art AudioBooks
https://youtube.com/@msannovelartaudiobooks

စာကြည့်တိုက် တာအိုသခင်

28 Feb, 05:21


စာကြည့်တိုက် တာအိုသခင် ( ယဲ့ရှောင် )
Page Link
https://www.facebook.com/AST-103888029048969/

Telegram Link
https://t.me/officialast

စာကြည့်တိုက် အတွဲ ၁.pdf
https://ouo.io/MdT1Ip

စာကြည့်တိုက် အတွဲ။ ၂.pdf
https://ouo.io/5v9aAu

စာကြည့်တိုက် အတွဲ ၃။.pdf
https://ouo.io/bh2hlD

စာကြည့်တိုက် အတွဲ ၄။.pdf
https://ouo.io/tbrZV1

စာကြည့်တိုက် စာစဥ် ၅.pdf
https://ouo.io/2y2XAs

စာကြည့်တိုက် စာစဥ် ၆.pdf
https://ouo.io/Jp3CfX

စာကြည့်တိုက် စာစဥ် ၇.pdf
https://ouo.io/s5OpHt

စာကြည့်တိုက် စာစဥ် ၈.pdf
https://ouo.io/1Bp2gS

စာကြည့်တိုက် စာစဥ် ၉.pdf
https://ouo.io/ZrkrZVj

စာကြည့်တိုက် တာအိုသခင်

29 Jan, 05:27


အခုလိုမျိုးပဲ WZ မှာ စာစဥ်သစ်ထွက်တိုင်း စာဖိုင်တစ်ခု ချပေးသွားပါမယ်။
MediaFire link: စာကြည့်တိုက် စာစဥ် ၆.pdf
https://ouo.io/Jp3CfX

စာကြည့်တိုက် တာအိုသခင် ( ယဲ့ရှောင် )
Page Link
https://www.facebook.com/AST-103888029048969/

Telegram Link
https://t.me/officialast

MediaFire link: စာကြည့်တိုက် အတွဲ ၁.pdf
https://ouo.io/MdT1Ip

MediaFire link: စာကြည့်တိုက် အတွဲ။ ၂.pdf
https://ouo.io/5v9aAu

MediaFire link: စာကြည့်တိုက် အတွဲ ၃။.pdf
https://ouo.io/bh2hlD

MediaFire link: စာကြည့်တိုက် အတွဲ ၄။.pdf
https://ouo.io/tbrZV1

MediaFire link: စာကြည့်တိုက် စာစဥ် ၅.pdf
https://ouo.io/2y2XAs

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


ယဲ့ရှောင်သည် သူ၏ လက်ကို ခါးပတ်ချိတ်ဆီသို့ လှည့်မိသွား၏။ သတ်ဖြတ်လိုစိတ်ဆန္ဒကို ခံစားမိပြီးနောက် ဟွမ်လျိုလီက ကြောက်လန့်လွန်းသောကြောင့် တုန်ယင်သွား၏။ သူမက ချက်ချင်းပင် ဂရုမစိုက်သည့် သွင်ပြင်ကို ဘေးချိတ်ထားလျက် ပိုက်ဆံကို ယူလိုက်သည်။

" သခင် ဒေါသမထွက်ပါနဲ့။ ပြီးမှ လမ်းဘေးစျေးကို သွားပြီး အဝတ်အစားတချို့ ဝယ်လိုက်မယ် "
ဒီတော့မှ ယဲ့ရှောင်၏ အမူအယာက ပြေလျော့သွားပြီး စာကြည်တိုက်သို့ အလုပ်လုပ်ရန် ထွက်သွားတော့သည်။

သူ စာကြည်တိုက်သို့ ရောက်သည့်အချိန် ယနေ့တွင် နောက်ထပ် လူသစ်သုံးယောက်ရောက်လာ၏။ သူတို့က လေ့ကျင့်မှု ပြီးစီးပြီး အလုပ်စလုပ်နိုင်ပြီ ဖြစ်သည်။ အိုးရန်ယွင်ကျုံးက ယဲ့ရှောင်ဘက်၌ လူတစ်ယောက် စီစဥ်ပေးသည်။

သူမကလည်း အနားယူတော့မည် ဖြစ်၏။ ထို့ကြောင့် ယဲ့ရှောင်၏ လက်အောက်ငယ်သားများထဲမှ နေရာ စီစဥ်ပေးနိုင်သည့်အချက်ကို အခွင့်ကောင်းယူလျက် သူမ၏ နေရာတွင် ထားရှိခဲ့၏။
သို့မှသာ အသုံးပြုရန် တစ်စုံတစ်ယောက် ရှိမှာပဲ ဖြစ်သည်။ အနည်းဆုံးတော့ ယဲ့ရှောင်အဖို့ သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့ ညစ်ပတ်သော အလုပ်များလုပ်ရန် မလိုအပ်တော့ချေ။

ယဲ့ရှောင်က စတုတ္ထအလွှာသို့ ရောက်လာ၏။ သူ့နေရာသို့ ရောက်ရှိပြီးနောက် အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသမီးက သူ့ရှေ့ ချက်ချင်းရောက်လာပြီး မတ်မတ်ရပ်နေ၏။

သူမ၌ ဘဲဥပုံမျက်နှာ၊ ဆံပင်တိုတိုနှင့် အရပ်၅ပေ ၅လက်မခန့် ရှည်၏။ သူမက အလွန်အရည်အချင်းရှိပြီး မတ်မတ်ရပ်နေလေသည်။ အရှိန်အဝါက မလျော့ပေ။ သူမက ချင်ယွိယန်နှင့် ယှဥ်နိုင်ပေ၏။

" တွေ့ရတာ ဝမ်းသာပါတယ် ကြီးကြပ်သူ "

ယဲ့ရှောင်က ခေါင်းညိတ်ပြီး တစ်ဖက်သူကို တစ်ချက်ကြည့်လိုက်၏။ သူက အနည်းငယ် အံ့သြသွားတော့သည်။

ဟို့ထျန်းဆဌမအဆင့် ဟို့ထျန်းသတ္တမအဆင့်သို့ ရောက်ခါနီးပင် ဖြစ်သည်။ ထိုသူက အတော်လေး အရည်အချင်း ရှိပေ၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ထဲမှာ သတ်ဖြတ်လိုစိတ် ခပ်ဖျော့ဖျော့ ဖြာထွက်နေ၏။ သူမသည် ကြယ်တာရာသားရဲများစွာကို သတ်ခဲ့သည်။ သူမက ကြယ်ဆုံသော စစ်မြေပြင်က အနားယူခဲ့သူ ဖြစ်နေမည်လော။

မဟုတ်လောက်ပေ။ ယဲ့ရှောင်သည် သူမ သွေးထဲရှိ သွေးဆာလောင်မှုအရှိန်အဝါကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ ယင်းက သိပ်မများပေ။ ကျားနတ်ဆိုးနှင့် အနည်းငယ် တူပြီး ကျားနတ်ဆိုးတစ်ကောင် မဟုတ်ပေ။ ထိုခံစားချက်က သူမသည် ယခင်က ကြယ်တာရာအမြုတေတစ်ခုကို စားခဲ့တာ ဖြစ်၏။

ကြယ်တာရာအမြုတေကို တိုက်ရိုက် မြိုချ၍ မရပေ။ ကြယ်တာရာအမြုတေက ကြယ်တာရာသားရဲ၏ အသားနှင့် မတူညီပေ။ အမြုတေက ကြယ်တာရာသားရဲ၏ အဆီအနစ် ဖြစ်သည်။ တစ်ချိန်တည်းတွင် ကြမ်းတမ်းသည့် ကြယ်တာရာသားရဲတစ်ကောင်၏ ကြမ်းတမ်းပြီး သွေးဆာလောင်သော ခံစားချက်လည်း ပါဝင်နေသည်။

၄င်းကို လူသားတစ်ယောက် စားသုံးသည်နှင့် လူသားစစ်စစ်သည် သွေးဆာသည့် ကြယ်တာရာသားရဲ အပြည့်အဝ မြိုတာ မခံရခင်အထိတဖြည်းဖြည်းချင်း သားရဲလူသားအဖြစ် ပြောင်းလဲသွားလိမ့်မည်။ နောက်ဆုံးတွင် ဆင်ခြင်တုံတရား ဆုံးရှုံးသွားသည့် ကြယ်တာရာသားရဲတစ်ကောင်အဖြစ် အပြည့်အဝ ပြောင်းလဲသွားလိမ့်မည်။

သူ့ရှေ့ရှိလူက ပြောပြရန် ဇာတ်ကြောင်းတစ်ခု ရှိနေပုံပေါ်၏။

" မင်းရဲ့ နာမည်ကဘာလဲ "

" ကြီးကြပ်သူကို အကြောင်းပြန်ပါတယ်။ ကျွန်မနာမည်က ယန်ရှီးပါ။ ကျွန်မက အငြိမ်းစား စစ်သည်ပါ "

ထင်သည့်အတိုင်း သူ၏ ခန့်မှန်းချက်က မှန်ပေ၏။

" စာကြည့်တိုက်မှာ အလုပ်သိပ်မများဘူး။ ညတိုင်း ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ရုံပဲ။ အလုပ်မဆင်းခင် စာအုပ်တွေ နေရာကျပြီလားဆိုတာ စစ်ကြည့်။ ပျက်စီးနေလား .. စစ်။ ငှားသွားတဲ့ စာအုပ်တွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း စာရင်းသွင်းရမယ်။ ကျန်တဲ့အချိန် လွတ်လွတ်လပ်လပ် နေလို့ရတယ်။ လွတ်လွတ်လပ်လပ်နေလို့ရတာက ငါတို့ရဲ့ နေရာလေးထဲမှာပဲ။ အလုပ်ချိန်အတွင်း ဒီနေရာကနေ အကြာကြီး ထွက်မသွားနဲ့ "

" ဟုတ်ကဲ့။ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ကြီးကြပ်သူ "

" ကောင်းပြီ ဘာမှမရှိတော့ဘူး။ မင်းက ဒီကို ရောက်ခါစပဲ။ စာအုပ်တွေ အရင်စီပြီး မင်းဘာ့သာမင်း အသားကျအောင် လုပ်လိုက်ဦး "

" ဟုတ်ကဲ့ "
ယန်ရှီးက စာအုပ်များကို သွားစီ၏။ သူမ၏ ပုံစံက အရည်အချင်းရှိပုံပေါ်သည်။ ကြယ်ဆုံသော စစ်မြေပြင်သို့ သွားခဲ့သည့် အငြိမ်းစား စစ်သားတစ်ဦးဟူသည် ထင်သည့်အတိုင်းပင် ထိုကဲ့သို့ အရည်အချင်း ရှိသည့်ပုံစံက သာမန် လူများ လုပ်နိုင်သည့် အရာမဟုတ်ပေ။

ယဲ့ရှောင်က အမျိုးသမီးကို အာရုံသိပ်မစိုက်ပေ။ သူက အမျိုးသမီးကို ကြည့်တောင်ကြည့်မနေပေ။ လက်ရှိစိတ်ဝင်စားမှုက ဖတ်မည် စားမည် အိပ်မည်။ ကြယ်တာရာသားရဲများကို တိုက်ခိုက်မည်။

သို့သော် သူသည် ယနေ့ရောက်ခါစ၌ သူမထင်ထားသည့်အရာတစ်ခု ရှိသည်။ သူက ပထမစာအုပ်ကို ဖတ်ခါစ၌ နောက်ဆုံးအခြေခံလက်ဝါးနည်းစနစ်ကို ရှာတွေ့သွားသည်။

" အမ်း "
ရွှေရောင်စာအုပ်၏ စိတ်လှုပ်ရှားမှုကို ခံစားမိပြီး ယဲ့ရှောင်က အနည်းငယ် မင်သက်သွားသည်။

" ယန်ရှီလား .. ဒါမှမဟုတ် ကံကောင်းစေတတ်တဲ့ ရွှေငါးလေးလား "

အပိုင်း ၁၄၅ ပြီး၏။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


ကြယ်တာရာအမြုတေများကို ဆေးလုံး ဖော်စပ်ရန်အတွက် အသုံးပြုနိုင်၏။ ကျင့်စဥ်များ ထုတ်ယူရန်အတွက်လည်း အသုံးပြုနိုင်သည်။ ကြယ်တာရာသားရဲအသားကိုလည်း စားနိုင်ကာ ၄င်းကို စားသုံးခြင်းဖြင့် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို အနည်းအကျင်းလည်း တိုးပေးနိုင်၏။

ကြယ်တာရာသားရဲ၏ အမွေး၊ ကြေးခွံ ၊ ဦးချို၊ အရိုး အားလုံးကို လက်နက်အဖြစ် သန့်စင်နိုင်သည်။

နောင်ကြ သူ့ခွန်အားသည် ရှန်းထျန်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်သည့်အချိန်၌ သူက ကြယ်ဆုံသည့် ကောင်းကင် စစ်မြေပြင်သို့ သွားရန် သေချာပေါက် တွေးထား၏။

ယဲ့ရှောင်က အောက်ထပ်သို့ဆင်းပြီး အလုပ်သွားရန် ပြင်ဆင်နေစဥ် သူက အနည်းငယ် မင်သက်သွား၏။ ဆိုဖာပေါ်၌ ၄ပေ ၇လက်မခန့်ရှိသော ကြောင်နှာရွက်ဖြင့် မိန်းကလေးတစ်ဦး လှဲနေသည်။ သူက ဟွမ်လျိုလီပဲ ဖြစ်၏။ သူမက အရပ်နည်းနည်း ပိုရှည်လာသည်။ ပိုအရေးကြီးသည်က ကျင့်ကြံဆင့် တက်သွား၏။

ရှန်းထျန်းစတုတ္ထအဆင့် မဟာချီရှန်းအဆင့် ဖြစ်သည်။

တုံ့ပြန်ပြီးနောက် ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွား၏။

မဆိုးဘူးပဲ။ နဂါးအမျိုးအစား သွေးမျိုးဆက်က ထင်တဲ့အတိုင်းပဲ။

အဆင့်မြင့် ကြယ်တာရာသားရဲအသားများစွာကို စားသုံးပြီးနောက် သူမက လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ လက်ရှိတိုးတက်မှုနှုန်းကို အခြေခံ ကြည့်လျှင် ဟွမ်လျိုလီက အံ့ဖွယ်ချီရှန်းသို့ တက်ရန် သိပ်မလိုတော့ပုံရ၏။ ထိုအချိန်ရောက်လျှင် ယဲ့ရှောင်အပါအဝင် အံ့ဖွယ်ချီရှန်းသိုင်းပညာရှင်နှစ်ဦး ရှိလာလိမ့်မည်။

သူက နော့ဖစ်၏ ချိတ်ကို ဖယ်ရှားသင့်သည်လော။ တူးထုတ်ပြီး တစ်ခုလုံး စားလိုက်ရမည်လော။ ထိုသို့ဆိုလျှင် သူဖြစ်စေ ၊ ဟွမ်လျိုလီဖြစ်စေ နှစ်ယောက်လုံး၏ ကျင့်စဥ်က အနည်းငယ် ပိုတိုးလာလောက်သည်။ သို့သော် ထိုအကြောင်းကို စဥ်းစားပြီးနောက် ယဲ့ရှောင်က အကြံဉာဏ်ကို ငြင်းပယ်လိုက်၏။

နော့ဖစ်ကို ကျန်းဟိုင်တစ်မြို့လုံး၏ ဝိညာဥ်စွမ်းအင်မြင့်တင်ရန်အတွက် အသုံးပြုနေတာ ဖြစ်သည်။ သူက ၄င်းကို တူးထုတ်လိုက်လျှင် ကျန်းဟိုင်မြို့ထဲရှိ လူတိုင်းက ထိုအကြောင်းကြောင့် ဝိညာဥ်စွမ်းအင် ရရှိနိုင်တော့မှာ မဟုတ်ပေ။ ယင်းက အနည်းငယ် လွန်ကဲသွားလိမ့်မည်။

သို့သော်ငြား သိပ်ပြီး စိုးရိမ်ပူပန်နေစရာ မလိုချေ။ နောင်ခါလာ နောင်စျေးသာ ဖြစ်၏။ ယခုအခေါက်တွင် ကြယ်၇လုံးတန်းသောအခါ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများစွာ ထပ်ပြေးသွားသည်။ သူတို့ကို ဖမ်းပြီး အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအားလုံးကို စားခဲ့လျှင် သူတို့၏ ဝိညာဥ်စွမ်းအင်ကို တိုးမြင့်နိုင်မှာပဲ ဖြစ်သည်။

" အိုး သခင် ကျွန်မကို ဘာကြောင့် ကြည့်နေတာ
လဲ "

ဟွမ်လျိုလီသည် ဆိုဖာပေါ်ကနေ ကြောင်အစွာ ထလာလျက် ကျောဆန့်လိုက်၏။ ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ သူမ၏ အဝတ်အစားပေါ်ရှိ ကြယ်သီးများက လွင့်ထွက်သွား၏။ သူမက လူကောင်ထွားလာသောကြောင့် ဖြစ်သည်။

ယဲ့ရှောင်က သက်ပြင်းချလိုက်မိ၏။ ကြောင်ပေါက်လေးက ကြီးပြင်းလာလေသည်။ ပြီးနောက် သူက အိတ်ထဲကနေ ပိုက်ဆံတချို့ ထုတ်လိုက်၏။

" ငါ အလုပ်သွားဦးမယ်။ ဒါ့အပြင် အဝတ်အစားအသစ်တွေ ဝယ်သင့်ပြီ။ ဒီဝတ်စုံက သေးလွန်းတယ်။ မတော်တော့ဘူး "

ဟွမ်လျိုလီက ယဲ့ရှောင်လှမ်းပေးသည့် ပိုက်ဆံများကိုကြည့်ပြီး ၄င်းတို့ကို ယူရန် လက်ဆန့်မထုတ်ခဲ့ပေ။

" ဒေါ်လာရာချီလေးနဲ့ ဘယ်အဝတ်အစားကို ဝယ်နိုင်မှာလဲ။ ခြေအိတ်တစ်စုံဝယ်ဖို့တောင် မလုံလောက်ဘူး။ သခင်ဖာသာ သိမ်းထားလိုက်။ ကျွန်မအတွက် အဝတ်အစားဝယ်ဖို့ အွန်လိုင်းက မိတ်ဆွေတွေကိုပဲ ဝယ်ခိုင်းလိုက်မယ် "

ယဲ့ရှောင်၏ အမူအယာက အနည်းငယ် မကျေမနပ်ဖြစ်သွားလေ၏။

" မင်းအတွက် အဝတ်အစားဝယ်ဖို့ အွန်လိုင်းက သူစိမ်းတွေကို အမြဲတမ်း ခိုင်းမနေနဲ့။ မင်း ဘယ်သူ့ကိုမှ မသိဘူး။ ဘယ်သူ့ကိုမှ တွဲမှာလည်း မဟုတ်ဘူး။ တခြားသူတွေလည်း ပိုက်ဆံရဖို့ ရှာရတာလွယ်တာ မဟုတ်ဘူး။ အားလုံးက အလုပ်ကြိုးစားနေရတာ။ မင်းလုပ်နေတာက သိပ်ကို အကျင့်ပျက်လွန်း
တယ် "

ဒါနဲ့ ငါ ဖန်းယင်ကြားမှာ ဘာကွာခြားတော့မှာလဲ။ ယဲ့ရှောင်သည် ထိုကဲ့သော အမျိုးသမီးမျိုးကို သိပ်မုန်းတီး၏။ သူက ဟွမ်လျိုလီကို ထိုကဲ့သို့လူမျိုး မဖြစ်စေချင်ပေ။

သူက ကောင်းမွန်သည့် အကျင့်စာရိတ္တကို တွေ့ကြုံပြီး လူ့အသိုင်းအဝိုင်း၏ ပညာရပ်တို့ကို သိသည့်သူ ဖြစ်သည်။ သူ၏ လောက အမြင်က မှန်ကန်သော တန်ဖိုးကို လိုက်ရောညီထွေအောင် လုပ်ရမှာပဲ ဖြစ်သည်။

သူက ဤလောကသို့လာပြီး နှစ်နှစ်ကျော် ကျင့်ကြံခဲ့ပြီး သူက အံ့ဖွယ်ဂိုဏ်းသိုင်းပညာရှင်တစ်ဦးဖြစ်လာသောကြောင့် ဤကဲ့သို့ ပြောတာ မဟုတ်ပေ။ သူက အားနည်းသည့် သာမန်လူကို အနိုင်ကျင့်သည့်သူ ဖြစ်လာလိမ့်မည်။ သူနှင့် လူသားများကို ရန်လိုသည့် မိစ္ဆာကြား ကွာခြားချက် ရှိတော့မည်နည်း။ နောက်ထပ်တစ်ချက် ရှိသေး၏။ ဟွမ်လျိုလီက မပါးနပ်ပေ။ ဟွမ်လျိုလီ အညှာခံရမှာကို သူ စိုးရိမ်လွန်းလှ၏။

ဟွမ်လျိုလီက ပခုံးတွန့်လိုက်၏။

" စိတ်မပူပါနဲ့။ ကျွန်မ ပိုက်ဆံမရှိရင်တော့ ကျွန်မ ထုတ်ကုန်တွေရဲ့ ရောင်းချမှုက စိတ်ချရသေးတယ်။ ချမ်းသာတဲ့ ဒုတိယမျိုးဆက်ကလေးတွေနဲ့ပဲ စကားပြောတာ။ ကျွန်မ သာမန်လူတွေကို မလိမ်မှာ သေချာတယ်။ လူချမ်းသာတွေကိုပဲ လိမ်တာ "

" လူချမ်းသာတွေရဲ့ ပိုက်ဆံကလည်း အလုပ်ကြိုးစားပြီးမှ ရှာထားရတာတွေ။ မင်း သူတို့ကိုလည်း လိမ်လို့ မရဘူး "

" ဒါဆို ကျွန်မ သွားခိုးလိုက်မယ် "

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၅ နောက်ဆုံးအခြေခံ လက်ဝါးနည်းစနစ်။

" ဟမ်း စီနီယာ နော့ဖစ်။ ခမ်းနားတဲ့ သိုင်းပညာရှင်တစ်ယောက် "

ကျန်သည့် ကြယ်တာရာသားရဲများသည် တစ်ပြိုင်နက်တည်းနီးပါး အေးစက်သော လေထုများ ရှူရှိုက်မိသွား၏။

သူတို့မျက်လုံးထဲ၌ ပျော်ရွှင်မှုများ ပေါ်လာ၏။

" မဆိုးဘူး "

ကြက်မွေးဝတ်စုံကို ဝတ်ထားသည့် အမျိုးသမီး ကြယ်တာရာသားရဲတစ်ဦးက ပြုံးပြီး ခေါင်းညိတ်လိုက်၏။

" စီနီယာ နော့ဖစ်က နာမည်ကြီးခဲ့တာ အတော်ကြာပြီ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက သူက အံ့ဖွယ်ဂိုဏ်းရဲ့ နယ်မြေထဲ ခြေချနိုင်ခဲ့တာ။ နောက်ပိုင်းမှာ သူက အံ့ဖွယ်ဂိုဏ်းရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီး အဆင့်တက်ဖို့ တစ်လမ်းဖို့ လိုတော့တယ်။ သူ့ရဲ့ ခန္ဓာခွဲကို အရင်ကယ်တင်နိုင်ခဲ့မယ်ဆိုရင် ပင်မခန္ဓာကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုရှိလာမယ်။ အဲ့ဒီအချိန်ကြရင် အထွတ်အထိပ် အံ့ဖွယ်ဂိုဏ်းသိုင်းပညာရှင်တစ်ယောက်ရဲ့ အကူအညီနဲ့ အောင်မြင်နိုင်ချေက ပိုမြင့်သွားဦးမယ် "

ကြယ်တာရာသားရဲက နှုတ်ခမ်းကွေးတက်သွားပြီးနောက် သူတို့၏ မျက်နှာများ အထက်တွင် စိတ်လှုပ်ရှားသည့် အပြုံးများ စတင်ပေါ်လာတော့၏။

" ရူးမိုက်တဲ့ လူသားတွေက နော့ဖစ်လိုမျိုး အစွမ်းထက်တဲ့ အံ့ဖွယ်ချီရှန်းတစ်ယောက်ကို ချိတ်ပိတ်ဖို့အတွက် နေရာသစ်ဆီ တကယ်ရွှေ့ရဲတယ်ပေါ့။ သူတို့တွေက သူတို့အတွက် ဘာကကောင်းမှန်း တကယ်မသိကြတာပဲ "

" စီနီယာ နော့ဖစ်က ဘုရင်အေးအ်လို အမှိုက်ကောင်များ သူတို့ ထင်နေတာလား "

" တော်လောက်ပြီ။ အချိန်ဖြုန်းနေတာ ရပ်လိုက်တော့။ မင်းတို့ရဲ့ ခွန်အားတွေကို အမြန်ပြန်ဖြည့်။ စီနီယာ နော့ဖစ်ကို ကယ်ဖို့အတွက် ကျန်းဟိုင်မြို့ဆီ ငါကိုယ်တိုင် ခရီးတစ်ခေါက် ထွက်လိုက်မယ် "

" ဒီလိုဆိုမှတော့ ကျိဖုန်းကိုပဲ ဒုက္ခပေးရတော့မှာပဲ "

ကြယ်အလင်းရောင်အောက်၌ ဝါညိုရောင်အလင်းရောင်သည် ကျန်းဟိုင်မြို့၏ အရပ်မျက်နှာဆီသို့ ပျံသန်းသွား၏။

တစ်ညတာက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မျက်တောင်တစ်ခတ်အတွင်း မိုးသောက်ချိန်ရောက်လာတော့၏။

ယဲ့ရှောင်သည် နံနက်စောစော၌ နိုးလာ၏။ ဂွမ်းစောင်သည် ယခင်ကအတိုင်း တူညီနေသေးဆဲဖြစ်၏။ မြင့်မားလွန်းနေပြီး ပိုပြီး သန်မာသည်ထက် သန်မာလာကာ တဖြည်းဖြည်းချင်း ပိုမြင့်မားလာ၏။ ယခင်က ယဲ့ရှောင် လေ့ကျင့်နေစဥ် ၄င်း၏ အမြင်က အမှန်တကယ် တိုးမလာခဲ့ပေ။ အနည်းငယ်သာ တိုးလာ၏။

အနက်ရောင်ကြေးခွံမြွေ၊ သူတော်စင်တမန်တော်၊ လိပ်နက်၊ ဘုရင်အေးအ်တို့ကို စားပြီးနောက် ပိုပိုပြီး မြင့်လာလေ၏။

ထိုကြယ်တာရာသားရဲများကို စားခြင်းက သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲမှုအချို့ ဖြစ်စေသည်လော။

သို့သော် ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားပြီးနောက် တူညီသည်ဟု တွေးမိလိုက်သည်။

ကြယ်တာရာသားရဲများ၏ သွေးအဆီအနစ်က လူသားများထက် အဆင့်ပိုမြင့်သည်။ လူသားများ၏ သွေးအဆီအနစ်က အားအနည်းဆုံး ဖြစ်သည်။

အစွမ်းထက်သော ကြယ်တာရာသားရဲတစ်ကောင်ကို စားသောက်ပြီးနောက် ယဲ့ရှောင်၏ ကိုယ်ပိုင်သွေးအဆီအနစ်က ဆက်လက် တိုးသွားလိမ့်မည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ် အရည်အသွေးကလည်း ယခင်ကထက် ပိုပြီး ကဏ္ဍပေါင်းစုံ၌ ကောင်းလာတာဖြစ်၏။ ယင်းက ကောင်းမွန်သည့် ကိစ္စတစ်ရပ်ဟူ၍လည်း သတ်မှတ်၍ရသည်။

အကြောင်းမှာ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနစ်တိုးလာသောကြောင့် ယဲ့ရှောင်သည် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်၌ ပိုပြီး သန်မာလာတာပဲဖြစ်သည်။

သွေးအဆီအနစ်က မိုးနှင့်မြေ ဝိညာဥ်စွမ်းအားကို စုပ်ယူခြင်းအတွက်လည်း အလွန်အထောက်အကူ ဖြစ်စေပြီး တိုက်ခိုက်နေစဥ် သူ၏ ခန္ဓာကိုယ် အရည်အသွေးအတွက်လည်း အဆင်ပြေစေ၏။

ယဲ့ရှောင်နိုးလာပြီးနောက် အရပ်ထပ်တိုင်းလိုက်ရာ ၀.၈လက်မ ပိုရှည်လာတာကို ခံစားလိုက်မိ၏။ ယင်းက ယဲ့ရှောင်ကို အနည်းငယ် စိတ်ပူသွားစေသည်။

သူ၏ အရပ်က ဆက်လက်ပြီး ရှည်လာနိုင်မည်လော။ ထိုအချိန်ကျလျှင် သူက ဘီလူးကြီးတစ်ကောင် ဖြစ်လာမည်လော။

ထိုသို့ဆိုလျှင် ဆိုးရွားပေလိမ့်မည်။ သူ ဘီလူးတစ်ကောင်ဖြစ်လာလျှင် ယဲ့ရှောင်၏ ရင်ထဲ အလွန်ရှုပ်ထွေးနေမှာပဲ ဖြစ်၏။ သူက သာမန်လူတစ်ယောက်ဖြစ်သောကြောင့် သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်အချိုးအစားကိုသာ သဘောကျ၏။

သို့သော် ယင်းက အဆင်ပြေလောက်သည်။ ကြယ်တာရာသားရဲများ၏ အသားကို စားသုံးသောကြောင့် သန္ဓေပြောင်းသွားသည့်သူအကြောင်း သူတစ်ခါမှ မကြားဖူးပေ။

တစ်ဖက်တွင်မူ သူက ကြယ်အမြုတေကို တိုက်ရိုက်စားခဲ့လျှင် သူ၏ ခန္ဓာကိုယ်ထဲ၌ ပြောင်းလဲမှုတချို့ရှိလိမ့်မည်။

သို့သော် သူက ကြယ်တာရာအမြုတေကို မစားခဲ့ပေ။

ယဲ့ရှောင်က အနည်းငယ် ချင့်ချိန်လိုက်၏။ မနေ့ညက နော့ဖစ်၏ အသားသည် သူ့ကို ကျင့်ကြံဆင့်၏ တစ်ရာခိုင်နှုန်း ထောက်ပံ့ပေး၏။ ဆိုရလျှင် နော့ဖစ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး တစ်ကောင်လုံး မဟုတ်သေးပေ။ အမှန်တကယ်တော့ အပြည့်အစုံပြောရလျှင် အစိတ်အပိုင်းတစ်ခု၏ အပိုင်းအစသေးသေးလေးသာ ဖြစ်သည်။

သူ၏ ကျင့်ကြံဆင့်ကို တိုးစေသည်ကပင် အတော်လေး ကောင်းနေပြီ ဖြစ်သည်။ အသွင်အပြင်အရ ကြယ်တာရာသားရဲများသည် လူသားများအတွက် အမှန်တကယ် ရတနာများ ဖြစ်နေပုံပေါ်၏။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


ထိုအစွမ်းထက်သည့် ကြယ်တာရာသားရဲများက အကောင်ကြီးမားလွန်း၏။ ကျပန်းလက်တံတစ်ခုက သိုလှောင်လက်စွပ်တစ်ခုလုံးကို ပြည့်သွားစေသည်။ သူ့တစ်ကောင်လုံးတွေ့လျှင် မည်သို့ ဖြစ်မည်နည်း။ သူ စိတ်ပူပန်စွာ ကြည့်နေရုံသာ ရှိလိမ့်မည်။

အခန်းထဲရှိ ဟွမ်လျိုလီက အနံ့ရသောအခါ ရူးသွားသည့်ပမာ အခန်းထဲမှ ချက်ချင်း ထွက်လာ၏။ ကြောင်၏ သဘာဝက ငါးညှီနံ့ကို တောင့်မခံနိုင်ပေ။

ပင်လယ်စာကို မနှစ်ခြိုက်သည့် ကြောင်သည် လောကထဲတွင် မရှိဟု ဆိုရိုးစကား ရှိသည်။

ပင်လယ်စာကို မနှစ်သက်လျှင် ကြောင်ဟု ခေါ်၍ရမှာ မဟုတ်ပေ။

" ဝါး ... ရေဘဝဲကြီးပဲ။ ဒီနေ့ညတော့ ကံကောင်းတော့မယ် "

ယဲ့ရှောင်က ဟွမ်လျိုလီဆီ အနီရောင် မှတ်စုတစ်ထပ်ကို ပစ်ပေးလိုက်၏။

" ငါ ဒီရေဘဝဲ ဒီလက်တံကို ဖြေရှင်းလိုက်မယ်။ ဆီနဲ့ ကြက်သွန်နီ သွားဝယ်ခဲ့။ ပိုက်ဆံပေးခဲ့ဖို့ သတိရ "

" စိတ်မပူနဲ့။ ကျွန်မ မြန်မြန်ပြန်လာခဲ့မယ် "

ဟွမ်လျိုလီက ပိုက်ဆံကိုယူပြီး သွက်သွက်လေး ပြေးသွားကာ အနားရှိ စူပါမားကတ်သို့ ပြေးတော့၏။

ယဲ့ရှောင်က လက်တံကို စတင် ကိုင်တွယ်တော့သည်။ ရှေးဦးစွာ လက်တံမှ စုပ်ခွက်များကိုဖယ်လိုက်၏။ အတွင်း၌ ချွန်ထက်သော သွားများ ရှိနေပြီး စား၍မရပေ။ ၄င်းကို ကိုင်တွယ်ပြီးနောက် နော့ဖစ်၏ အသားလတ်လတ်ဆတ်ဆတ်သာ ကျန်တော့သည်။

အသားက အလွန်နူးညံ့ပြီး ဝါးရကောင်းသည်။ ချက်ပြုတ်ပြီးနောက် အလွန်မွှေးလာတော့၏။ ပါးစပ်ထဲ ဝါးလိုက်ချိန်တွင် ဆီက ချက်ချင်းပေါ်ထွက်လာ၏။ ယင်းက လုံးဝ တောင့်မခံနိုင်စရာပဲ ဖြစ်သည်။ ပြိုင်စံရှားငါးနှင့် တူသည်။ အရသာရှိသည့် စွဲမက်ဖွယ် အရသာလည်း ဟုတ်သည်။

တစ်ချိန်တည်းတွင် ချူစီရင်စုထောင့်ရှိ တောအုပ်ထဲ၌ အလင်းရောင်ခြည် တချို့က တိတ်တဆိတ် ကျရောက်လာပြီး တောအုပ်ကို လင်းထိန်သွားစေ၏။

အလင်းရောင်ခြည်၏ အရောင်များက မတူညီပေ။ သို့သော် သူတို့ အရှိန်အဝါများက အင်မတန် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့က အံ့ဖွယ်ချီရှန်းအဆင့် သိုင်းပညာရှင်များထက် အားမလျော့ပေ။ ရောင်ခြည်တန်းတို့ မှိန်ဖျော့သွားချိန် လူရိပ်များစွာက ပေါ်ထွက်လာ၏။

အချို့က အရပ်မြင့်ပြီး တုတ်ခိုင်ကာ အချို့က နုနှယ်ပြီး စွဲဆောင်မှုရှိကာ အချို့က အသက်ကြီးပြီး အချို့က ကလေးများနှင့် တူသည်။

သို့သော် လူတိုင်းက အနည်းနှင့်အများ ထူးဆန်းသည့် လက္ခဏာမျိုး ရှိကြသည်။ အချို့က ထူးဆန်းသော သူငယ်အိမ်ရှိပြီး တချို့က အမြီးရှိကာ တချို့ကမူ ခန္ဓာကိုယ်ပေါ်၌ ကြေးခွံများ ရှိနေသည်။ ကြက်မွေးကုတ်ပို ဝတ်ဆင်ထားသည့် လူအချို့လည်း ရှိသည်။ သူတို့က တစ်ပေါင်းတည်း ကြီးပြင်းလာပုံပေါ်၏။

ထိုသိုင်းပညာရှင်များက ကြယ်တာရာသားရဲများဖြစ်ကြသည်။

" ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီ။ အားလုံးပဲ ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီနော် "

" ကြည့်ရတာ ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အားလုံးက လူသားမျိုးနွယ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုကို ခံခဲ့ရတဲ့ပုံပဲ။ ဒဏ်ရာမရ၊ မထိခိုက်တဲ့သူတစ်ယောက်မှ မရှိဘူး "

" ဟန့် ..။ လူသားမျိုးနွယ်က ရက်စက်ယုတ်မာပြီး အရှက်မဲ့တာ။ အားနည်းသူကို အနိုင်ကျင့်ဖို့ အရေအတွက်ကို သုံးတယ်။ တစ်ချက်ချင်း ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် လူသားမျိုးနွယ်ကို ရှုံးမှာ မဟုတ်ဘူး "

" လူသားတွေကို သွားရှာတာက စွမ်းရည်တစ်မျိုးပဲလေ။ အဆုံးမှာ ကျုပ်တို့ အားနည်းလွန်းတာ
ကြောင့် ကျားနတ်ဘုရား ဆင်းသက်လာတဲ့အချိန် လူသားတွေအားလုံး ရှင်းထုတ်ခံရမယ်။ အချိန်အတိုင်းအတာတစ်ခုပဲ လိုတာ "

" သားရဲနတ်ဘုရားရဲ့ အစီအစဥ်အရ ဒီလောကထဲက လူသားတွေ အားလုံးကို အပြည့်အဝ ဖျက်ဆီးပစ်မှာ "

" အခုဆို ကျုပ်တို့တွေက ဒီလောကထဲက လူသားတွေအတွက် အန္တရာယ်တချို့ ဖန်တီးပေးဖို့ လိုတယ်။ သားရဲကပ်ဘေးမကျခင်မှာ သူတို့ရဲ့ ခွန်အားတွေကို လျှော့ချရမယ် "

" ဒီဝန်းရံပိတ်ဆို့ခံရမှုကို ဖောက်ထွက်ဖို့ ခုနှစ်စင်ကြယ်ကို အသုံးပြုခဲ့ပြီး အများစုက သေဆုံးခဲ့တာ။ အချိန်တိုအတွင်းမှာ လူသားတွေကို တန်ပြန်တိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး။ ကျုပ်တို့ ကျင့်စဥ်ကို တိုးမြင့်ပေးဖို့ အကူအညီတချို့ရှာရမယ် "

" လူသားတွေက သူတော်စင်သားတော်နဲ့ သမီးတော်တွေကို ရှာဖို့ မြို့ကြီးတစ်မြို့ စတင်တည်ဆောက်နေပြီလို့ ကြားတယ်။ အစွမ်းထက်တဲ့ အံ့ဖွယ်ဂိုဏ်းကြယ်တာရာသားရဲတွေက တခြားမြို့တွေမှာ ဝိညာဥ်စုစည်းခြင်း အစီအရင်ရဲ့ အမြုတေအဖြစ် အသုံးခံနေရတယ်။ ပြီးတော့ ကျန်းဟိုင်မြို့မှာလည်း စီနီယာ နော့ဖစ်ရဲ့ ကိုယ်ခွဲတစ်ခု ရှိတယ် "

အပိုင်း ၁၄၄ ပြီး၏။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


သူ့ကိုသူ ကယ်တင်ရန် နည်းလမ်းတစ်ခုသာ တွေးနိုင်တော့ပုံပေါ်၏။ ထိုလူက ဖြုံလောက်ပုံပေါ်သော်ငြား ဤနေရာ၌ တစ်ချိန်လုံး ရှိနေလိမ့်မည်ဟု အာမခံချက် မရှိပေ။

သူ၏ ကျင့်ကြံဆင့်ကို တိတ်တဆိတ် မြင့်တင်ပြီး ပြီးမှ သူ၏ ခွန်အား လုံလောက်သွားသည့်အချိန်တွင် အစီအရင်ကို ဖျက်ဆီးပြီး သူ၏ ပင်မခန္ဓာနှင့် ပြန်လည်ပေါင်းစည်းရန် နည်းလမ်းတစ်ခု စဥ်းစားပြီး သူက အရင်ဆုံး နှစ် ၅၀၀ခန့် ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။

အနှစ် ၅၀၀ခန့်ကြာပြီးနောက် အစီအရင်ကို ဖြိုခွဲကာ ပင်မခန္ဓာနှင့် ပေါင်းစည်းရန် စဥ်းစားမည်။ နော့ဖစ်ကို ချိတ်ပိတ်ပြီးနောက် ယဲ့ရှောင်က သူ၏ လက်တံကို သိုလှောင်လက်စွပ်ထဲသို့ ပျော်ရွှင်စွာ ထည့်လိုက်၏။

ယနေ့ည အလုပ်ဆင်းပြီးနောက် ထိုကဲ့သို့ ကိစ္စက ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားပေ။ သူ အိမ်မက်မက်နေသည့် ရေဘဝဲလက်ကို ရလာခဲ့ပြီဖြစ်သည်။

ပမာဏကို ကြည့်ခြင်းအားဖြင့်စားကောင်းသောက်ဖွယ်များစွာ ချက်ပြုတ်နိုင်ရန် သေချာပေါက် လုံလောက်၏။

ရေဘဝဲဝက်သားနပ်၊ ရေဘဝဲလုံး၊ ရေဘဝဲသံပြားကင် ကြက်သွန်နည်းနည်း ထပ်ထည့်လိုက်လျှင် အလွန်အံ့သြဖွယ်ကောင်းနေလိမ့်မည်။

ထိုစဥ် မလှမ်းမကမ်းကနေ အရှိန်အဝါအချို့က ပေါ်ထွက်လာနေ၏။ ယဲ့ရှောင်စိတ်က အနည်းငယ် လှုပ်ရှားသွားပြီး သူက ဤနေရာမှထွက်ရန် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို တန်းသုံးလိုက်သည်။

မကြာမီ၌ ဖာ့ကျန်း၊ တုဖုန်းနှင့် ကျန်သည့် ချီရှန်းများက ဤနေရာသို့ သွက်သွက်လေး ရောက်လာသည်။

" အစောတုန်းက ဘာဖြစ်သွားတာလဲ။ ဒီမှာ ဘာဖြစ်တာလဲ။ စီနီယာဓါးမော့ဓါးဝိဇ္ဇာလိုမျိုး အဲ့ဒီဓါးရာက ဘာကြောင့် ဖြစ်နေရတာလဲ "

ဖာ့ကျန်းက မြေပြင်ပေါ်ဆင်းသက်လိုက်ပြီး မြေကြီးပေါ်ရှိ တွင်းပေါက်ကြီးကို ကြည့်လိုက်၏။ အမူအယာက ချက်ချင်း သုန်မှုန်သွားတော့သည်။

သို့သော် ၄င်းကို စစ်ဆေးပြီးနောက် တစ်ကိုယ်လုံးက လေအေးများ ရှူရှိုက်မိသွား၏။

" ဆရာ ဖာ့ကျန်း ဘာတွေဖြစ်ကုန်တာလဲ "

တုချန်ဖုန်းက အနည်းငယ် စိတ်ပူပန်သွားသည်။

ဖာ့ကျန်းက တည်ကြည်သည့် အမူအယာဖြင့် ပြောလိုက်၏။

" အစောတုန်းက ဝိညာဥ်စုစည်းခြင်း အစီအရင်ထဲက ဝိညာဥ်အစီအရင်က ပျက်ဆီးသွားတယ် "

တုချန်ဖုန်း၏ သူငယ်အိမ်တို့က ကျုံ့သွားသည်။

" နော့ဖစ် လွတ်မြောက်သွားတာများလား "

ဖာ့ကျန်းက ခေါင်းခါလိုက်သည်။

" သူ မလွတ်သွားလောက်ဘူး။ ဘာလို့လဲဆိုတာ ခုနတုန်းကပဲ နောက်ထပ် တော်ဝင်အဆင့်ကြယ်တာရာသားရဲ ချိတ်ပိတ်ခြင်းအစီအရင်ကို ဝိညာဥ်စုစည်းခြင်းအစီအရင်မှာ ထပ်ပေါင်းထည့်ထားတာ "

" ဘာပြောလိုက်တာ "

ထိုစကားကို လူတိုင်းကြားသည့်အချိန်၌ သူတို့ ခေါင်းမွေးများ ထောင်ထကုန်၏။

တော်ဝင်အဆင့်ကြယ်တာရာသားရဲ ချိတ်ပိတ်ခြင်းအစီအရင်တဲ့လား။ ဘုရားရေ။ ဒါကို သိပ်ကို ရူးသွပ်လွန်းတာပဲ။ ဘယ်လိုအစွမ်းထက်တဲ့ အစီအရင်သခင်ကများ ဒီလိုကိစ္စမျိုးကို လုပ်နိုင်တာလဲ။

ဖာ့ကျန်းက ထပ်ပြောလိုက်၏။

" ကျုပ်ခန့်မှန်းတာ မှန်မယ်ဆိုရင် အခြေအနေက ဒီလိုဖြစ်မယ်။ နော့ဖစ်က မြေအောက်ထဲကနေ လွတ်မြောက်ခါနီးပဲ။ ဒါပေမဲ့ စီနီယာဓါးမော့ဓါးဝိဇ္ဇာက သူ့ကို ရှာတွေ့ပြီး သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်လိုက်တယ်။ ပြီးတော့ သူ့ကို ထပ်ပြီးချိတ်ပိတ်ဖို့ တော်ဝင်အစီအရင်ကိုလည်း သုံးလိုက်တာ "

လူတိုင်းက လုံးဝတိတ်ဆိတ်မှုထဲ ကျရောက်သွား၏။ လူတိုင်းသည် စီနီယာဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကို ထိတ်လန့်မှု လေးစားမှုတို့ဖြင့် ကြည့်လိုက်၏။

ဓါးမော့ဓါးဝိဇ္ဇာသည် မည်မျှ အစွမ်းထက်ပါသနည်း။ သူက အံ့ဖွယ်ချီရှန်းတစ်ဦး၏ အဆင့်တွင် ရောက်နေပြီး သူက ဓါးမော့နှင့် ဓါးသိုင်းပညာရပ်နှစ်မျိုးလုံးကို တက်ကျွမ်းပြီး တစ်ချိန်တည်းတွင် တော်ဝင်နည်းစနစ်အဆင့်ရှိ ကုသခြင်းနည်းစနစ်ကိုလည်း တတ်ကျွမ်းထား၏။ ထို့အပြင် သူက တော်ဝင်အစီအရင်ကိုလည်း ကျွမ်းကျင်သည်။ သူ့ကို မည်သည့် စကားလုံးဖြင့် ဖော်ပြရမည်မှန်း မသိတော့ပေ။ ထိုစဥ် သူက အားလုံး၏ မျက်လုံးထဲ၌ နတ်ဒေဝါတစ်ပါးဖြစ်လာပြီ။

ဖာ့ကျန်းကလည်း ခေါင်းမော့လိုက်ပြီး ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကို ကြည့်လိုက်သည်။ သူ ယခင်က တစ်ခါမှ မတွေ့ဖူးသည့် ဓါးမော့ဓါးဝိဇ္ဇာအကြောင်း အလွန်သိချင်နေ၏။

ဟန်နိုင်ငံမှ ဓါးသူတော်စင်နှင့် ရင်နိုင်ငံ အံ့ဖွယ်ဂိုဏ်းမှ ဓါးမော့ကျွမ်းကျင်သူတို့က ဓါးမော့ဓါးဝိဇ္ဇာကို စိန်ခေါ်ကြတော့မည်။ ယခင်က ကြယ်၇လုံးတန်းသောကြောင့် သူတို့၏ နိုင်ငံကို ကာကွယ်နေရသည်။ ယခုမူ ကြယ်၇လုံးတန်းခြင်းက မရှိတော့သောကြောင့် သူတို့က စိတ်ငြိမ်နေပြီ ဖြစ်သည်။

သူတို့ မကြာခင် လာလောက်မယ်မလား။ စီနီယာဓါးမော့ဓါးဝိဇ္ဇာက သူတို့ကို ထွက်လာပြီး တိုက်ခိုက်မှာလား။

နှိုင်းယှဥ်လို့ မရတဲ့ အံ့သြလောက်ဖွယ် တိုက်ခိုက်မှုကို မြင်တွေ့ဖို့ တကယ်မျှော်လင့်မိတယ်။

ယဲ့ရှောင်ဘက်တွင်မူ သူ အိမ်ပြန်ရောက်ပြီးနောက် ချက်ချင်းပင် နော့ဖစ်၏ လက်တံကို ထုတ်ပြီး ခြံဝန်းတစ်ခုလုံး ပြည့်သွားတော့သည်။ သိုလှောင်လက်စွပ်ထဲရှိ အချို့နေရာက လေဟာနယ် ပြဿနာကြောင့် ပုံပျက်လောက်အောင် ဖိနှိပ့်ခံထားရပြီ ဖြစ်သည်။ ယဲ့ရှောင်က မီးတောင်ထွက်ကျောက်တချို့ကို ဝယ်ယူရဦးမည်ဟု ခံစားမိနေ၏။ သူက သိုလှောင်လက်စွပ်ထဲရှိ နေရာကို ထပ်ပြီး ချဲ့ထွင်ရမည်။ မဟုတ်လျှင် လောက်မှာ မဟုတ်ပေ။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၄ စီနီယာဓါးမော့ဓါးဝိဇ္ဇာ ခင်ဗျား ဘယ်လောက်သန်မာလဲ။

ယဲ့ရှောင်အလုပ်ပြီးချိန်တွင် နေဝင်နေပြီဖြစ်သည်။

သူ၏ ခွန်အားကို သုံးခဲ့ပြီး အံ့ဖွယ်ဂိုဏ်း၏ အစွမ်းထက်သည့် သံလိုက်စက်ကွင်းအာနိသင်က ကင်မရာများ မလည်ပတ်စေနိုင်သော်ငြား သူအလုပ်လုပ်တာ မြန်ဆန်လွန်းနေလျှင် ကျန်သည့်သူများ၏ အာရုံစိုက်မှုကိုလည်း ရသွားနိုင်၏။

ပစ္စည်းများကို သပ်ရပ်အောင်ထားပြီးနောက် ယဲ့ရှောင်သည် သိုလှောင်လက်စွပ်ထဲ စာအုပ်တော်တော်များများကို သိမ်းထားလိုက်၏။ သူ အိမ်သို့ ပြန်ရောက်သည့်အခါ ညအချိန်၌ စာအုပ်များ ဆက်ဖတ်နိုင်သည်။

နောက်နေ့နံနက်စောစော၌ စာအုပ်များ ပြန်ထားလိုက်မှာပဲ ဖြစ်သည်။

သိုလှောင်လက်စွပ်ရှိချိန်မှစပြီး ယဲ့ရှောင်က သူ့အတွက် ကိစ္စများက ပိုအဆင်ပြေလာမှန်းသဘောပေါက်သွားတော့၏။

စာကြည့်တိုက်ဝင်ပေါက်မှ ထွက်လာပြီးနောက် ယဲ့ရှောင်သည် အိမ်ပြန်တော့မည့်အချိန်တွင် ရုတ်တရက် စာကြည့်တိုက်ဝင်ပေါက်ရှိ ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုအောက်မှ ထိတ်လန့်ဖွယ်ကောင်းသော သွေးဆာလောင်သည့် အငွေ့အသက် ပေါ်ထွက်လာ၏။

ယဲ့ရှောင်က မင်သက်သွားတော့သည်။ သူက ရုပ်ထု၏ မြေအောက်ကနေ အနက်ရောင်ကြေးခွံမြွေကဲ့သို့ ကြီးမားသည့် လက်တံတစ်ခုက ထွက်လာတာကို တွေ့လိုက်ရ၏။

" ဟား ဟား ဟား ဟား။ နောက်ဆုံးတော့ ပင်မခန္ဓာက ပေါ်ထွက်လာပြီ။ ပင်မခန္ဓာထွက်လာပြီ "

" ရှောင်လင်ရေ ပင်မခန္ဓာရဲ့ အမျက်ဒေါသကို ခံစားဖို့သာ စောင့်နေလိုက် "

" အနှစ် ၃၀၀ကျော် ဖိနှိပ့်ခံထားရပြီး ပင်မခန္ဓာကို ရှောင်လင် တပည့်တွေအားလုံးရဲ့ သွေးကို အသုံးပြုပစ်မယ်။ ပြီးတော့ ဒီကျန်းဟိုင်မြို့ ပင်မခန္ဓာက ကျန်းဟိုင်မြို့ရဲ့ သွေးကို မြစ်တစ်စင်းလို စီးအောင် လုပ်ပစ်မယ်။ ကျန်းဟိုင်မြို့ထဲက လူသားအားလုံးက ပင်မခန္ဓာသူ့ရဲ့ ခွန်အားပြန်ဖြည့်ဖို့အတွက် အဟာရဖြစ်လာရမယ် "

ပြောပြီးသည်နှင့် လက်တံကို ယဲ့ရှောင်ကို အာရုံခံမိသွားသည်။

" အစာပြေမုန့်လေးက ငါ့အိမ်ရှေ့တံခါးဝနား ရောက်လာပြီ။ လူသား မစားရတာ အနှစ်၃၀၀ကျော် ကြာသွားပြီဆိုတော့ မင်းကိုပဲ အစာပြေအဖြစ် စားလိုက်တော့မယ် "

လက်တံကြီးက ယဲ့ရှောင်ဆီသို့ အညှာအတာမဲ့စွာ တိုးဝင်လာ၏။ လက်တံပေါ်ရှိ စုပ်ခွက်များကလည်း ပါးစပ်ကြီးကို ကျယ်လောင်စွာ ဟနေသည့်ပမာ ယဲ့ရှောင်ကို ခြောက်ကပ်အောင် စုပ်ယူသွားချင်ပုံပေါ်နေ၏။

သို့သော် လက်တံ ကျရောက်လာပြီး ယဲ့ရှောင်ဘေးသို့ မရောက်ခင် ကောင်းကင်ထံမှ ထိတ်လန့်ဖွယ်ကောင်းသည့် ဓါးရောင်ခြည်က အလွန်ဖိအားပြင်းသည့် လေဆာအမြှောက်ပမာ ကျရောက်လာ၏။ ချက်ချင်းပင် လက်တံက ဖြတ်တောက်ခံလိုက်ရသည်။

" "

ဘာတွေဖြစ်ကုန်တာလဲ။

အလွန်ငယ်ရွယ်ပုံပေါ်တဲ့ လူသားတစ်ယောက်က တစ်ချက်တည်းနဲ့ သူ့လက်တံကို ဖြတ်လိုက်တယ်လား။

သူက ကျန်းဟိုင်မြို့က ကိုယ်ခွဲဖြစ်ပြီး ခန္ဓာအပြည့်အဝ မရှိဘူးဆိုပေမဲ့ အံ့ဖွယ်ချီရှန်းတစ်ယောက်ရဲ့ ကျင့်ကြံဆင့် ရှိနေတာလေ။ အံ့ဖွယ်ချီရှန်းလေ။ ရိုးရိုးချီရှန်း မဟုတ်ဘူး။

ဒီစွမ်းအင်ကျင့်စဥ်က ဘယ်နေရာမှာမဆို လူသားတွေကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေဖွယ် လုံလောက်တယ်။

အဆုံးမှာတော့ တစ်ဖက်လူရဲ့ ဓါးရောင်ခြည်ကြောင့် ဖြတ်တောက်ခံလိုက်ရတယ်လား။

တစ်ဖက်သူကလည်း အံ့ဖွယ်ချီရှန်းအဆင့်အထက် သိုင်းပညာရှင်တစ်ယောက်ပဲလား။

သူ မတုံ့ပြန်နိုင်သေးခင် ယဲ့ရှောင်က သူ၏ လက်ကြီးကို ရုတ်တရက် ဆွဲထုတ်လိုက်၏။ လေထဲ၌ မြေကမ္ဘာတုန်လှုပ်ခြင်း၊ ကောင်းကင်ခုနှစ်စင်ကြယ်အစီအရင်က လျင်မြန်စွာ ဖွဲ့တည်လာပြီး ဝိညာဥ်စုစည်းခြင်း အစီအရင်ပေါ်၌ ကိုယ်တိုင်အမှတ်အသား အတည်ပြုလိုက်တော့၏။

ဖုန်း။

ချက်ချင်းပင် နော့ဖစ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကြီးက ထပ်မံ ဖိနှိပ့်ခံလိုက်ရသည်။
ရှည်လျားသည့် ရေဘဝဲ၏ လက်တံမှအပ မြေအောက်တွင် အပေါက်ကြီးတစ်ပေါက် ရှိနေသေးသည်မှအပ ဘာမှမဖြစ်သွားခဲ့သလိုပင်။

သူက အံ့သြဆွံ့အသည့် အခြေအနေတွင် ရှိနေ၏။

သူ ထပ်ပြီး ချိတ်ပိတ်ခံလိုက်ရတာလား။

ဒါ့အပြင် အစီအရင်ရဲ့ အရှိန်အဝါက သိပ်သန်မာတာ။ တော်ဝင်အစီအရင်လား။

သူသည် ငယ်ရွယ်သည့်လူသား အံ့ဖွယ်ချီရှန်းတစ်ဦး၏ ဓါးကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွား၏။ ထို့အပြင် ယခုဆို တော်ဝင်အစီအရင်ဖြင့် ချိတ်ပိတ်ခံလိုက်ရသည်။

" ဟိုလီရှစ် "

" ဟိုလီရှစ် ဟိုလီရှစ် ဟိုလီရှစ် "

သူက အလွန်မူမမှန်။ ကောင်းကင်ကို ဖီဆန်နိုင်
သည့် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်တွေ့ခဲ့ရ၏။

ပြီးသွားပြီ ... ပြီးသွားပြီ .. ပြီးသွားပြီပဲ။ ဒီတစ်ခေါက် တကယ်ပြီးသွားပြီ။ သူ အစတုန်းက ထင်ခဲ့တာက ကိုယ်ခွဲက ကျန်းဟိုင်မြို့လို နေရာလေးကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အရေး ရှိမယ်ပေါ့။ အဆုံးမှာတော့ ပိုတောင် ကြောက်ဖို့ကောင်းတဲ့သူနဲ့ တွေ့လိုက်ရတာပဲ။

ရှောင်လင်ရှိ ပင်မခန္ဓာကိုယ်က လွတ်မြောက်လာပြီး သူ့ကို လာမကယ်သရွေ့ လက်ကျန်ဘဝက လွတ်မြောက်နိုင်တော့မှာ မဟုတ်ပေ။

မဟုတ်။ သူ၏ ပင်မခန္ဓာက မလာနိုင်။ သူသေချာပေါက် လာနိုင်မှာ မဟုတ်ပေ။ ထိုလူက အစွမ်းထက်လွန်းသည်။ မိစ္ဆာဆန်လွန်းကာ ကြောက်မက်ဖွယ်ကောင်း၏။ ပင်မခန္ဓာက ရောက်လာပြီး သေသည်အထိ အရိုက်ခံရလျှင် သူ ငိုတောင် ငိုနိုင်တော့မှာ မဟုတ်ပေ။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


အများရှေ့တွင် သူက နတ်ဘုရားအာရုံစူးစိုက်ခြင်းကို အသုံးမပြုချင်ပေ။ ထို့ကြောင့် သူက မှောင်သည်အထိ အလုပ်များနေနိုင်၏။ ထိုစဥ် စာကြည့်တိုက် အပြင်ဘက် ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုအောက်၌ သွေးဆာလောင်သည့် အရှိန်အဝါက စတင်ပေါ်ထွက်လာတော့၏။

အပိုင်း ၁၄၃ ပြီး၏။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


" ဒီရဟန်းအိုက ဘုန်းကြီးကျောင်းက အကြီးအကဲတွေဆီကနေ ကြားဖူးတယ်။ ရှောင်လင်မှာ ဓမ္မကျမ်းလို့ခေါ်တဲ့ အထွတ်အထိပ် အတွင်းအား ကျင့်စဥ်တစ်မျိုးရှိတယ်။ အဲ့ဒါကို ဗုဒ္ဓအံ့ဖွယ်ချီရှန်းတွေက ဖန်တီးထားတာဖြစ်ပြီး သူက သမုဒ္ဒရာထဲက ရေဝဲလိုမျိုး ဝိညာဥ်စွမ်းအင်ကို စုပ်ယူတဲ့ အရှိန်က မြန်ဆန်စေတယ်။ အဲ့ဒါက အင်မတန်ကြောက်ဖို့ကောင်းတာ။ ဒါပေမဲ့ ရှောင်လင်ရဲ့ ကျောင်းထိုင်တွေကပဲ အဲ့ဒါကို ကျင့်ကြံဖို့ အခွင့်အရေးရတာ "

" အင်မတန်အစွမ်းထက်တဲ့ လက်ဝါးသိုင်းရှိတယ်။ တထာဂတလက်ဝါးသိုင်း။ လွန်လေပြီးသောနှစ်နှစ်ရာတုန်းက ကျုံးစီရင်စုက ကြယ်တာရာသားရဲတွေဆီကနေ တိုက်ခိုက်မှုတွေအများကြီး ခံစားခဲ့ရတာ။ ရှောင်လင်က သိုင်းပညာရှင်တွေ အများကြီး ဆုံးရှုံးခဲ့တယ်။ တထာဂတလက်ဝါးသိုင်းက ပျောက်ဆုံးသွားတာ အတော်ကြာပြီ။ အဲ့ဒါအပြင် သိပ်ရှားပါးတဲ့ ခန္ဓာသန့်စင်ခြင်းသိုင်း၊ ဖျက်ဆီး၍မရသောစိတ်နတ်ဘုရားသိုင်းရှိတယ်။ ရှောင်လင်ရဲ့ လက်ရှိအကြီးအကဲတွေထဲမှာ ဒီနည်းစနစ်ကို ကျင့်နိုင်တဲ့သူက နှစ်ယောက်သုံးယောက်ပဲ ရှိတယ် "

ယဲ့ရှောင်က မင်သက်သွား၏။

ဖျက်ဆီး၍မရတဲ့ တကယ်ကြီး ရှောင်လင်ကလား။ မဟုတ်ဘူး။ ဒီလိုမဟုတ်ဘူး။ မဟုတ်လောက်ဘူး။ ရှောင်လင်ရဲ့ သိုင်းတွေက ကြယ်တာရာသားရဲရဲ့ အမြုတေက သက်ဆင်းထားတာလေ။ ဒီတော့ ရှောင်လင်အပိုင်လို့ သတ်မှတ်လို့ မရဘူး။ စကြာဝဠာကြီးရဲ့အပိုင်လို့ပဲ ပြောလို့ရမယ်။ ဒါပေမဲ့ ရှောင်လင်မှာ တော်ဝင်နည်းစနစ်တွေအများကြီးရှိလိမ့်မယ်လို့ သူ တကယ်မထင်ထားတာပဲ။ ဒါလည်း ယဲ့ရှောင်အတွက် ကောင်းပါတယ်လေ။ သူသာ အဲ့ဒါကို သင်ယူနိုင်မယ်ဆိုရင် သူတို့ထဲက တချို့ကို ပေါင်းစည်းနိုင်ပြီး တော်ဝင်နည်းစနစ်တွေရဲ့ တည်ရှိမှုကို ကျော်လွှားနိုင်လိမ့်မယ်။

" အား ဟုတ်သား။ မစ္စတာ ယဲ့။ ငါတို့ ဗုဒ္ဓဂိုဏ်းကိုဝင်ဖို့ တွေးပြီးပြီလား "

" လတ်တလောမှာ သူတို့ကို ထောက်ပံ့ပေးဖို့အတွက် ဗုဒ္ဓဂိုဏ်းက ကျန်းဟိုင်သိုင်းကျောင်းတော်ထဲမှာ ကျောင်းခွဲတစ်ခု ဖွင့်လှစ်ဖို့ အရင်းအမြစ်ကောင်းတချို့ ထောက်ပံ့ပေးထားတယ် "

" ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးအပြင် တခြားပစ္စည်းကောင်းတွေလည်း ရှိသေးတယ်။ မင်းသာ ငါ့ဂိုဏ်းထဲ ဝင်မယ်ဆိုရင် ဒီရဟန်းအိုက မင်းကို ဂရုစိုက်မယ်လို့ အာမခံနိုင်တယ် "

" မင်းရဲ့ စိတ်နေစိတ်ထားက ဗုဒ္ဓဘာသာနဲ့ သိပ်ကို သင့်တော်တယ်။ မင်း ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံဖို့ က အလွန်သင့်တော်တာ "

" တော်ပြီ။ ခင်ဗျားထပ်ပြောပြန်ပြီ။ ဒီအတိုင်းသာဆိုရင် ကျွန်တော် ဘေးအခန်းက သင်တန်းကျောင်းသွားပြီးတော့ ဘုန်းကြီးဝတ်ရလိမ့်မယ် "

" ဖူး "

ဖာ့ကျန်းက သက်ပြင်းသဲ့သဲ့ ချလိုက်၏။

ထိုစဥ်က ယဲ့ရှောင်နှင့် တွေ့ချိန်မှစပြီး ယဲ့ရှောင်အပေါ် စွဲလန်းမှုက ဘယ်တော့မှ မရပ်တန့်သွားပေ။ ယဲ့ရှောင်သည် သူ ယခင်က တွေ့ခဲ့ဖူးသည့် သူဖြစ်၏။ သူက ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံရန်အတွက် အလွန်သင့်တော်သည်။ ထို့အပြင် သူက အလွန်ငယ်ရွယ်၏။ ယခုအချိန်တွင် ကျင့်ကြံပါက သူ၏ အနာဂတ်အောင်မြင်မှုသည် မနိမ့်လောက်ပေ။

" မစ္စတာ ယဲ့က ဆန္ဒမရှိဘူးဆိုမှတော့ ကျုပ်နည်းနည်းထပ်စောင့်တာပေါ့။ အဲ့အချိန်ကြမှ ပြောတာပေါ့ "

" ဒါဆို မစောင့်တာ ပိုကောင်းမယ် "

ရဟန်းအို ဖာ့ကျန်းက ခေါင်းလည်းမညိတ် ခေါင်းလည်း မခါပေ။ ဆုံးဖြတ်ချက်ချထားသည့် အကြည့်ကို မြင်ပြီးသာ လက်လျှော့မှာ မဟုတ်မှန်း သိလိုက်၏။

ရှိစေတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဘုန်းကြီးတစ်ပါး ဖြစ်လာမှာမှ မဟုတ်တာ။

ချောမောခန့်ညားမှုနောက်ကို လိုက်တဲ့ လူငယ်တစ်ယောက်အတွက် ယဲ့ရှောင်က သူ့ရဲ့ ဆံပင်ပုံစံကို ကတုံးဖြစ်အောင် လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။

စားသောက်ပြီးနောက် ဖာ့ကျန်းသည် ကျောင်းသို့ပြန်ကာ သူ၏ ကျောင်းခွဲ၌ အလုပ်များ ဆောင်ရွက်နေစဥ် ယဲ့ရှောင်ကလည်း စာအုပ်များသွားဖတ်တော့၏။ ရှောင်လင်သည် စာအုပ်များစွာ ပို့လိုက်တာ ဖြစ်၏။ သူက သူတို့ကို မဖတ်လျှင် နှမြောစရာကောင်းနေပေလိမ့်မည်။

ရှောင်လင်၏ ကျင့်ကြံခြင်းနည်းစနစ်များက အလွန်ကောင်းမွန်၏။ အများစုက ကူးရေးထားတာ မဟုတ်ပေ။

ယဲ့ရှောင်သည် နေ့ဝက်ခန့်သာ စာဖတ်ပြီး အခြေခံ ထိုးနှက်ချက်သိုင်းနှင့် အခြေခံ လက်ဝါးသိုင်းလေးမျိုးကို ရနေပြီဖြစ်သည်။

မူလက ထိုးနှက်ချက် နည်းစနစ်၏ အရေအတွက်သည် လက်ဝါးနည်းစနစ်၏ အရေအတွက်ထက် လွန်နေသော်ငြား ယခုမူ နောက်ကောက်ကျခဲ့ပြီး လက်ဝါးနည်းစနစ်၏ အရေအတွက်က ထိုးနှက်ချက် နည်းစနစ်၏ အရေအတွက်ကို ကျော်နေ၏။

ထို့အပြင် လက်ဝါးသိုင်းကို မှတ်ထားသည့် စာရွက်များက ရွှေရောင်ဖျော့ဖျော့ ပေါ်ထွက်လာပြီဖြစ်၏။ ဆိုလိုသည်က နောက်ထပ် လက်ဝါးသိုင်းတစ်မျိုးကို အသုံးပြုခဲ့လျှင် ပေါင်းစည်းနိုင်တော့မည်ပဲ ဖြစ်သည်။

ထိုအချိန်ကျလာလျှင် မည်ကဲ့သို့ လက်ဝါးသိုင်းမျိုး ပေါ်ထွက်လာမည်ဆိုတာ မည်သူက သိမည်နည်း။

ဒေါင်။

စာဖတ်သည့်အချိန်သည် အလွန်ကုန်မြန်သည်။ မျက်တောင်တစ်ခတ်အတွင်း အလုပ်ဆင်းချိန်ရောက်သွား၏။ ယဲ့ရှောင်သည် စတုတ္ထအလွှာတွင် တာဝန်ကျတာ ဖြစ်၏။ ထို့ကြောင့် လူသစ်များကို မစီမံရသေးပေ။ ယာယီလက်အောက်ငယ်သား မရှိသေးပေ။ သူက စာအုပ်များကို သူ့ဘာ့သာသူ သပ်ရပ်အောင်ပြင်ပြီး အနည်းငယ် သန့်ရှင်းရေး လုပ်လိုက်၏။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


ဧကရာဇ်အဆင့်နှင့် ထိုအထက်သို့ အဆင့်တက်ခြင်းက အလွန် စွန့်စားရာရောက်ပုံ ပေါ်၏။ ထို့အပြင် သူက အဆင့်တက်ခဲ့လျှင် နောင်ကြ မည်သို့ ဖြစ်မည်မှန်းတောင် မသိရပေ။ သို့သော်ငြား သာမန်ဧကရာဇ်အဆင့်၌ တော်ဝင်နည်းစနစ်သာ ရှိလောက်သည်။ သူ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က တစ်ဆင့်ပိုမြင့်သည့် ကျင့်စဥ်များကို ပေါင်းစည်းနိုင်မည်လားဆိုတာ သူ မသိပေ။ သူက ပိုမြင့်သည့် အဆင့်၏ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ပေါင်းစည်းနိုင်ခဲ့မည်ဆိုလျှင် သူက ကန့်သတ်ချက်အလွှာကို ချိုးဖျက်တက်နိုင်လောက်၏။ ဧကရာဇ်ဘွဲ့အမည်က တကယ်မက်မောစရာကောင်းသည်။

လူသားမျိုးနွယ်၏ မဟာကံကောင်းမှု၏ ကာကွယ်မှုဖြင့် သူသည် စွမ်းအင်နိယာမဖြင့် ကန့်သတ်မခံရတော့ပဲ အဆုံးမရှိ ပိုသန်မာလာအောင် ဆက်လက် ကျင့်ကြံနိုင်မည်။ ယင်းက အမှန်တကယ် လိမ်ညာခြင်းတစ်ရပ် ဖြစ်နေ၏။

ဧကရာဇ်တစ်ပါးဖြစ်ရလောက်သည်အထိ သူ ကံကောင်းမလားဆိုတာ မသိရသေးတုန်းပဲ ရှိသည်။

ယဲ့ရှောင်က စွန့်စားရတာကို မနှစ်ခြိုက်သောကြောင့် ဖြစ်၏။ သာမန်ဧကရာဇ်အဆင့်နှင့် ယှဥ်လျှင် သူက စမ်းသပ်ရန်အတွက် အဆင့်တင်ဖို့ လိုသည်။ သူက ဧကရာဇ်တစ်ပါးဖြစ်ပြီး ၄င်းကို တစ်ခါအနိုင်ယူချင်၏။

ထိုနှစ်ရက်အတွင်း ယဲ့ရှောင်သည် စာကြည့်တိုက်ထဲ စာအုပ်များ ဖတ်နေပြီး ဧကရာဇ်အကြောင်း အနည်းအကျင်း သိလာပြီဖြစ်သည်။ လူသားမျိုးနွယ် ကပ်ဘေးကျရောက်လာသည့်အချိန်၌ လောကကြီးထဲ၌ သူတော်စင်သားတော် သူတော်စင်သမီးတော်များစွာ မွေးဖွားလာလိမ့်မည်။ တစ်စုံတစ်ယောက်က ချီရှန်းအဆင့် တက်သွားခဲ့လျှင်တောင် ကောင်းကင်နှင့် မြေကြီး၏ ဖြစ်စဥ်က ထုတ်ဖော်ခံရလိမ့်မည်။ ထိုကဲ့သို့သော လူများက နိုင်ငံမှ အားစိုက်ထုတ်မှုများစွာ ရရှိပြီး သူတို့ကို ပျိုးထောင်ပေးမှာပဲ ဖြစ်သည်။ သူတို့က ကြမ်းတမ်းသော ကြီးပြင်းမှုနှင့် မရေမတွက်နိုင်သည့် အန္တရာယ်များကို ဖြတ်ကျော်ရလိမ့်မည်။ သူတို့သည် လူသားမျိုးနွယ်၏ ဧကရာဇ်အပါး တစ်သောင်းထဲမှတစ်ယောက် ဖြစ်လာနိုင်ရန် အဆုံးထိ တောင့်ခံထားဖို့ အခွင့်အရေးတစ်ခု ရှိလာရန် ကံကောင်းမှုတချို့လည်း လိုအပ်သည်။

လူသားမျိုးနွယ်၏ လွန်လေပြီးသော နှစ်ရာပေါင်းများစွာ၌ သူတော်စင်သားတော် သူတော်စင်သမီးတော်များစွာ ရှိခဲ့သည်။ သို့သော် ဧကရာဇ်တစ်ပါးမှ မရှိခဲ့ပေ။ ထိုအချက်ကြောင့် ယဲ့ရှောင်က သူ့ကိုသူ ယုံကြည်ချက် များများစားစား မရှိတာပဲ ဖြစ်သည်။

သူက အံ့ဖွယ်ဂိုဏ်းသို့ တက်လှမ်းပြီး ဖြစ်သော်ငြား မူမမှန်သည့် လက္ခဏာမပြသေးသောကြောင့် ဖြစ်သည်။ တစ်ကြိမ်လေးတောင် မပြခဲ့ပေ။ သူ့အဖို့ ဧကရာဇ်တစ်ပါးဖြစ်လာဖို့က မဖြစ်နိုင်လုနီးပါးပင်။ ထိုအကြောင်းကို တွေးမိပြီး သူက အနည်းငယ် မသက်မသာ ဖြစ်လာ၏။ သူ၏ ကံက လုံလောက်အောင် မကောင်းဟုဆိုလို၏။ သူက ကောင်းကောင်းမွန်မွန် တိုးတက်လာသည်။ ထိုသို့တိုင် သူက ၄င်းကို ဖွင့်လျက် အရည်အချင်း မရှိပေ။

သူတော်စင်သားတော် သူတော်စင်သမီးတော်တစ်ယောက် ဖြစ်လာသည့်အချိန်တွင် သူတို့က မည်ကဲ့သို့ မင်သက်ဖွယ် ပုဂ္ဂိုလ်ဖြစ်လာမည်ဆိုတာ သူ အမှန်တကယ် သိချင်နေသည်။ ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးဖြစ်ဖို့ အရည်အချင်းရှိဖို့ရာ သူတို့ ပါရမီက အမည်မသိ အဆင့်ထိရောက်ရှိရပေမည်။ ဧကရာဇ်သားတော် သမီးတော်များနှင့် ယှဥ်လျှင် သူက သန်မာသည်လော။ အားနည်းသည်လော။ ယဲ့ရှောင်က တွေဝေစွာ စားသောက်နေတာကို မြင်ပြီး ဖာ့ကျန်းက ရယ်မောလျက် သူ့ကို နှစ်သိမ့်လိုက်၏။

" အတွေးမလွန်နဲ့။ နှစ်သန်းရာချီ ဒါမှမဟုတ် နှစ်ဘီလီယံချီမှာတောင် တစ်ကြိမ်လောက်ပဲ ပေါ်လာတတ်တဲ့ လူတချို့ရှိတယ်။ ငါတို့လို သာမန်လူတွေက ချီရှန်းအဆင့်ရောက်အောင် ကျင့်ကြံနိုင်တာကပင် ကံကောင်းနေပြီ။ ငါတို့တွေက အံ့ဖွယ်ဂိုဏ်းအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် ချီရှန်းအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်တယ်။ ဒါဆိုရင် ချီရှန်းအဆင့်ရောက်အောင် ကျင့်ကြံဖို့ ငါတို့အတွက် ပိုတောင် ကံကောင်းတယ်လို့ ဆိုရမှာပဲ "
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ မှန်ပေ၏။ လမ်းကြောင်းကို ဖြည်းဖြည်းချင်း သွားရမည်။ ထမင်းကို နည်းနည်းချင်း ကိုက်စားရမည်။ အနာဂတ်က မည်သို့ ဖြစ်မည်မှန်း မည်သူက သိမည်နည်း။

ပစ္စုပ္ပန်တွင် နေထိုင်ပြီး နေ့စဥ်နေ့တိုင်း အလုပ်ကြိုးစားမည်။ ယင်းက လုံလောက်ပြီဖြစ်၏။

ထို့အပြင် သူ့၌ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ရှိသည်။ နောင်ကြ သူက ဝေးကွာလွန်းနေခဲ့မှာ မဟုတ်ပေ။ ထိုအကြောင်းကို ပြောတော့မှ သူက ဧကရာဇ်တစ်ပါး မဖြစ်လျှင်တောင် တော်ဝင်နည်းစနစ်များကို ဆက်လက်ပေါင်းစည်းနိုင်သေး၏။ ရှောင်လင်သိုင်းကျောင်းတော်၌ တော်ဝင်နည်းစနစ်များ ရှိသည်မဟုတ်ပါလော။

ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်က မသိလိုက်မသိဖာသာဖြင့် မသိချင်ယောင်ဆောင်ကာ ပြောလိုက်တော့၏။

" အား ဟုတ်သား။ ရှောင်လင်ကျောင်းမှာတော့ တော်ဝင်နည်းစနစ်တွေ အများကြီး ရှိလောက်တယ်မလား "

ဖာ့ကျန်းက ခေါင်းခါလိုက်၏။

" ရှောင်လင်ကျောင်းတော်မှာ တော်ဝင်နည်းစနစ်တွေရှိတယ်။ ဒါပေမဲ့ အများကြီးရှိလားဆိုတာ မသေချာဘူး။ လူ့လောကထက် သာလွန်တဲ့ တော်ဝင်နည်းစနစ်တွေလိုမျိုး ရှောင်လင်မှာတောင် အများကြီး မရှိဘူး။ ဒါ စ စရာ မဟုတ်ဘူးလေ။ အဲ့လောက်မထားနိုင်ဘူး "

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၃ ယနေ့ည ညစာ။

" ဟုတ်တယ်။ သူတို့တွေအားလုံးက သာလွန်အ
ဆင့်နဲ့ ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်တွေပဲ "

" ပြောရရင် ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်တွေက ပါရမီရှင်တစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို အံ့ဖွယ်ဂိုဏ်းရောက်အောင် မြင့်တင်ပေးနိုင်ဖို့ လုံလောက်တယ် "

" စာအုပ်တစ်အုပ်ထဲကနေ ကျွန်တော် ဖတ်ဖူးတာတော့ ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်ထက် ပိုမြင့်တဲ့ ကျင့်စဥ်တွေ ရှိတယ်လို့ ရေးထားတယ်။ အမှန်ပဲလား "

ဖာ့ကျန်းက ခဏတာ ရပ်တန့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

" အဲ့လိုပဲ။ ချီရှန်းအဆင့်အထက် ကျင့်ကြံခြင်းနည်းစနစ်ရှိပြီး အဲ့ဒီဟာကို တော်ဝင်နည်းစနစ်လို့ခေါ်တယ်။ ကောလဟာလတွေအရ တော်ဝင်နည်းစနစ်ကို ကျင့်ကြံတဲ့ သူတစ်ယောက်ရဲ့ ခွန်အားက ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်ကို ရောက်နိုင်တယ်လို့ ဆိုတယ်။ နောက်ထပ် ကျင့်စဥ်တစ်မျိုးလည်း ရှိသေးတယ်။ အဲ့ဒီအဆင့်ကို သာမန်လူတွေ မသိကြဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအဆင့်ကို ရောက်နိုင်တဲ့သူက လူအနည်းစုပဲ ရှိတာကြောင့် "

" သူတို့ အားလုံးက လူသားမျိုးနွယ်ရဲ့ထိပ်တန်းတိုက်ခိုက်ရေး ခွန်အားတွေပဲလေ "

" အံ့ဖွယ်ဂိုဏ်းအထက်က ဧကရာဇ်အဆင့်လား။ ရှေးဧကရာဇ်လိုမျိုးလား "

" မဟုတ်ဘူး။ အံ့ဖွယ်ဂိုဏ်းအထက်မှာ ဘုရင်အဆင့်။ ဘုရင်အဆင့်အထက်မှာ ဧကရာဇ်အဆင့် "

" ဧကရာဇ်အဆင့်က ကျင့်ကြံခြင်းအဆင့်ကို မဖော်ပြဘူး။ ဧကရာဇ်က မဟာဝိညာဥ်စွမ်းအင်ကို နှိုးနိုင်တဲ့ သူကိုပဲ ရည်ညွှန်းတာ။ ဘာလို့လဲဆိုတော့ သူက လူသားမျိုးနွယ်ရဲ့ ကပ်ဘေးကို ဆင့်ခေါ်နိုင်စွမ်း ရှိတာကြောင့်ပဲ "

" အဲ့ဒါကို ဘယ်လိုထားသင့်လဲ "

" ဒီရဟန်းအိုက ရှင်းရှင်းလင်းလင်း မသိဘူး။ လူသားမျိုးနွယ်ရဲ့ ကျင့်စဥ်က ဧကရာဇ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ပြီးဆိုရင် စွမ်းအင်နိယာမတွေနဲ့ ကန့်သတ်ခံရလိမ့်မယ်။ သူတို့တွေက ပိုမြင့်တဲ့ အဆင့်ကို ချိုးဖျက်တတ်တာပဲဖြစ်ဖြစ်။ ဒါမှမဟုတ် ပြာအဖြစ် ကြွေလွင့်သွားတာမျိုး ဖြစ်လိမ့်မယ် "

" အဲ့ဒါ ဘာအဆင့်လဲဆိုတာ အတိအကျ ပြောရလောက်အောင်လည်း ဒီရဟန်းအိုလည်း မရင်းနှီးဘူး။ ဒါက ကိုယ်တော်နားလည်နိုင်တဲ့ အမြင်ကို ကျော်လွန်နေပြီးသား။ ဒါပေမဲ့ ဒဏ္ဍာရီတွေအရ ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းရဲ့ ကျောင်းထိုင်က ဧကရာဇ်အဆင့်ကို တက်လှမ်းခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ သူက တည်ရှိတာ အတော်ကြာနေပြီးပြီ။ ဒါကြောင့် အမှန် ဟုတ်မဟုတ်ဆိုတာ မသိဘူး "

" ကိုယ်တော်သိတာက ဧကရာဇ်က နိယာမရဲ့ ချုပ်နှောင်မှုတွေကို တက်လှမ်းနိုင်တဲ့ တည်ရှိမှုတစ်မျိုးဆိုတာပဲ။ တစ်နည်းဆိုရမယ်ဆိုရင် ဧကရာဇ်ရဲ့
ကျင့်စဥ်က သူက သာမန်ဧကရာဇ်အဆင့်ကို ကျော်လွန်ပြီးတဲ့နောက် နိယာမတွေက ဧကရာဇ်ရဲ့ကျင့်စဥ်ကို ဖိနှိပ့်ထားနိုင်တော့မှာ မဟုတ်ဘူး။ သူက ကျင့်စဥ်က ဆက်လက်မြင့်တက်နေပြီး ပိုကြီးမားတဲ့ တိုက်ပွဲဝင်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်။ ဒါ့ကြောင့်ပဲ လူသားမျိုးနွယ်က ဧကရာဇ်ဖြစ်လိုစိတ် ပြင်းထန်နေကြတာ "

ယဲ့ရှောင်က တုန်လှုပ်သွားလေ၏။ အံ့ဖွယ်ဂိုဏ်းအဆင့်၌ အဓိကအဆင့်ကြီးနှစ်ဆင့်ဖြစ်သော ဘုရင်အဆင့် ဧကရာဇ်အဆင့် ရှိနေလိမ့်မည်ဟု မထင်ထားပေ။ ဧကရာဇ်အဆင့်အထက်၌ ပိုတောင် ဆန်းကြယ်သည့် အစွမ်းထက်သော တည်ရှိမှု အမှန်တကယ် ရှိနေ၏။

တော်ဝင်နည်းစနစ်သည် လူတစ်ယောက်ကို ဧကရာဇ်အဆင့်ထိ ကျင့်ကြံစေခွင့်ပေး၏။ တော်ဝင်နည်းစနစ်များကို ပေါင်းစည်းခြင်းသည် ဧကရာဇ်အဆင့်အထက် တည်ရှိမှုများက ကျင့်ကြံသည့် ကျင့်စဥ်တစ်မျိုးဟု ဆိုလိုနေသည် မဟုတ်ပါလော။ ယင်းက ယဲ့ရှောင်၏ နှလုံးကို အပူချိန် မြင့်သွားစေ၏။

အကြောင်းမှာ အမျိုးအမည်မသိရသည့် ဆန်းကြယ်သော နယ်ပယ်ကို လိုက်လိုစိတ်က ပိုတောင် နက်ရှိုင်းလာသောကြောင့် ဖြစ်သည်။ သို့သော် အလျင်အမြန်ပဲ ယဲ့ရှောင်က တုံ့ပြန်လိုက်၏။

" ဒါမဟုတ်သေးဘူး။ အစောတုန်းက ဧကရာဇ်အဆင့်ရဲ့ အထွတ်အထိပ်မှာဆို သဘာဝနိယာမက ဖိနှိပ့်မယ်လို့ အစောတုန်းက ပြောခဲ့တယ်။ ဒါပေမဲ့ ဧကရာဇ်အဆင့်က ချိုးဖျက်တက်နိုင်တယ်ဆို။ သူတို့က ပိုမြင့်တဲ့ အဆင့်ကို တက်သွားခဲ့မယ်ဆိုရင် သဘာဝနိယာမရဲ့ ကန့်သတ်ချက်ကနေ လွတ်မြောက်သွားမှာ မဟုတ်ဘူးလား။ ဒါဆိုရင် ဧကရာဇ်တစ်ပါးလိုမျိုး သာမန် ဧကရာဇ်အဆင့်ထက် ပိုသန်မာတဲ့ စွမ်းအင်ကို သူတို့ ပြသမှာ မဟုတ်ဘူးလား။ အဲ့ဒါက လူသားတွေကို ကာကွယ်ပေးမှာလား "

" သီအိုရီကျကျ ပြောရရင် အမှန်ပဲ။ ဒါပေမဲ့ ဒီလို
ဒဏ္ဍာရီတစ်ခု ရှိတယ်။ ကန့်သတ်ချက်အလွှာကို ချိုးဖျက်ပြီးတဲ့နောက် သူတို့တွေက ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားရမှာ "

" တကယ်တော့ ဧကရာဇ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်တဲ့ သိုင်းပညာရှင်က အနည်းစုပဲ ရှိတယ်။ ဧကရာဇ်အဆင့်ကို တက်နိုင်ခဲ့တဲ့ သူတွေက လက်ချိုးရေလို့ ရတယ်။ အများစုက ပြာဖြစ်ကုန်တာ "

" သမိုင်းကြောင်းထဲမှာတော့ အဲ့ဒီအဆင့်ကို တက်လှမ်းနိုင်တဲ့သူက တစ်ယောက်နှစ်ယောက် ရှိလိမ့်မယ်။ ဒါပေမဲ့ ဧကရာဇ်အဆင့်ကို ချိုးဖျက်တက်နိုင်ခဲ့တဲ့ သူတွေက လူသားမျိုးနွယ်စုထဲမှာ မှတ်တမ်းက အင်မတန် နည်းတာ။ ပိုမြင့်တဲ့ အဆင့်လို့ ပြောဖို့တောင် မလိုဘူး "

" ဒါကြောင့် ဧကရာဇ်အဆင့်အထက်က ဘယ်လိုအခြေအနေမျိုးလဲဆိုတာ သိဖို့ မဖြစ်နိုင်ဘူး "

" သိပြီ "

ယဲ့ရှောင်က ရင်ထဲ၌ အတွေးတချို့ ဝေဝါးဝါး ရှိလာတော့သည်။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


ယဲ့ရှောင်က ရှေ့သို့ အမြန်လျှောက်သွားလိုက်၏။ အရုပ်ဆိုးသည့် အဖိုးကြီး၏ ရုပ်ထုက သူဖြစ်နေကြောင်း အတည်ပြုပြီးသည့်အခါ သူ စိတ်ရှုပ်ထွေးသွားတော့သည်။

ကျန်းဟိုင်မြို့ရဲ့ အလုပ်သမားတွေက ဘာကြောင့်များ သူ့ကို ချောမောခန့်ညားပြီး အစွမ်းထက်တဲ့ လူငယ်တစ်ယောက်အဖြစ် မတွေးခဲ့ကြတာလဲ။ ဘာကြောင့် သူ့ကို ဒီလောက် အသက်ကြီးတဲ့ပုံပေါ်အောင် လုပ်ထားရတာလဲ။ အံ့ဖွယ်ဂိုဏ်းက သူတို့ ငယ်ရွယ်မှုကို တစ်သက်လုံး ထိန်းထားနိုင်တယ်ဆိုတာ သိထားရမှာလေ။ သို့သော် အတော်ကြာပြီးနောက် ယဲ့ရှောင်သည် ၄င်းကို ကူကယ်ရာမဲ့စွာ လက်ခံရုံသာ တတ်နိုင်သည်။ အနည်းဆုံးတော့ သူ့ကိုသူ ဖုံးကွယ်နိုင်သည်ဟု ဆိုလိုတာပဲ ဖြစ်သည်။

သူ့ကိုသူ နှစ်သိမ့်ရန် ရုပ်ထုရှေ့၌ သူ့ကိုသူ ယှဥ်ရုံသာရှိသည်။ ပြီးနောက် အလုပ်သွားရန် အချိန်ကျရောက်လာသည်။ စာကြည့်တိုက်က နောက်ထပ် ဝန်ထမ်းသစ်များ ခေါ်ယူပြီး ဝန်ထမ်းသစ်များ၏
ကျင့်ကြံဆင့်က ဟို့ထျန်းစတုတ္ထအဆင့်ဝန်းကျင်တွင် ရှိရမည်။ အနည်းဆုံးတော့ သူတို့က ဟို့ထျန်းတတိယအဆင့်တွင်ရှိပြီး သိုင်းစာကြည့်တိုက်တစ်ခုလုံး၏ ပျမ်းမျှခွန်အားကို တစ်ဆင့်တိုးမြင့်နိုင်သည်။

သို့သော် ယဲ့ရှောင်၏ အမြင်တွင် သူတို့က သိပ်အသုံးမဝင်ချေ။ စစ်မှန်သည့် သိုင်းပညာရှင်တစ်ဦးနှင့် တွေ့ပါက သူတို့အားလုံးက အမြှောက်စာများသာ ဖြစ်လိမ့်မည်။

သူတို့က အချို့သော သိုင်းပညာရှင်များ မကောင်းသည့် အတွေးများ မရှိရလေအောင် ကာကွယ်ပေးသည့်အရာများဟုသာ ဆိုနိုင်သည်။

ဝန်ထမ်းသစ်များက စာကြည့်တိုက်တွင် အလုပ်လုပ်သည့် အတွေ့အကြုံမရှိ။ ထို့ကြောင့် စာကြည့်တိုက်၏ စီမံခန့်ခွဲမှုအဖွဲ့ထဲ ဝင်နိုင်မှာ မဟုတ်ပေ။

ထို့အပြင် ယဲ့ရှောင်တို့ အဖွဲ့ထဲရှိ ဝန်ထမ်းဟောင်း သုံးပုံနှစ်ပုံက အလုပ်ပြုတ်သွားသည်။ ထို့ကြောင့် ယဲ့ရှောင်က နောက်တစ်ဆင့်တက်သွား၏။

တတိယအလွှာဧရိယာ၏ မူလကြီးကြပ်သူရာထူးမှ သူက စတုတ္ထအလွှာဧရိယာ၏ ကြီးကြပ်သူရာထူးအထိ တက်သွားလေ၏။

သူ၏ လစာကလည်း တစ်လကို ယွမ် ၁၅၀၀၀တိုးသွားပြီး အတော်လေး များသည့်ပမာဏဟု သတ်မှတ်၍ရသည်။ သို့သော် ယဲ့ရှောင်အတွက် ယင်းက အရေးမကြီးပေ။ အရေးကြီးသည့်ကိစ္စက တခြားကိစ္စဖြစ်သည်။

စတုတ္ထအလွှာအထက်၌ ကျင့်ကြံခြင်းနည်းစနစ်များက အကောင်းဆုံးဖြစ်သည်။ သူတို့အားလုံးက သာလွန်အဆင့် ဖြစ်ကြပြီး ချီရှန်းအဆင့်တွင်တောင် ရှိသည်။

ရှောင်လင်သည် ထိုအဆင့် သို့မဟုတ် ထိုထက်တောင် ပိုမြင့်သည်။ သိုင်းကျင့်စဥ်များကို လှူဒါန်းပေးလိုစိတ်ရှိသည်ဟု ဆိုရမှာပဲ ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်အဖို့ သကြားလုံးစက်ရုံတွင် ကျသွားသည့် ကလေးတစ်ယောက်နှင့် မခြားတော့ပေ။

ထိုမျှများပြားသည့် စာအုပ်များဖြင့် သူတို့က သာမန် ကျင့်စဥ်များကို ပိုဖတ်ရှုနိုင်လာမည်။ သူသည် မကြာမီ၌ အခြေခံတော်ဝင်နည်းစနစ်အဖြစ် ပေါင်းစည်းရန် အခြေခံကျင့်စဥ်များစွာကို မကြာမီ၌ ရှာတွေ့နိုင်လိမ့်မည်။

ယဲ့ရှောင်အလုပ်တက်သည့် တတိယမြောက်နေ့တွင် ဖာ့ကျန်းက ရှောင်လင်၏ ကျင့်စဥ်များကို အားလုံး လွှဲပေးပြီးသွားပြီဖြစ်သည်။ စုစုပေါင်း စာအုပ် ၆သောင်းရှိ၏။

ရှောင်လင်သိုင်းကျောင်းတော်၏ သိုင်းပညာရှင်များ၏ ယခင်မျိုးဆက်က လက်ဆင့်ကမ်းခဲ့တာပဲ ဖြစ်သည်။

စျေးကွက်ပေါ်၌ လူကြိုက်များသည့် စာအုပ်များ
နှင့်မတူ။ ရှောင်လင်၏ ကျင့်စဥ်အများစုက ကြယ်တာရာသားရဲများကို သတ်ဖြတ်သည့် ၄င်းတို့၏ အမြုတေကနေ ထုတ်ထားတာ ဖြစ်သည်။ ထို့ကြောင့် အတုက အလွန်ရှားပါးသည်။ စုစုပေါင်း လွှဲထားတာက ၃ဆင့်ရှိ၏။

စတုတ္ထ ပဥ္စမနှင့် ဆဌမအဆင့်က ရှောင်လင်၏ လှူဒါန်းမှုများကို လက်ခံရရှိသည်။ သူတို့ထဲတွင် စတုတ္ထအဆင့်၏ ကျင့်စဥ်များက အားအနိမ့်ဆုံး ဖြစ်၏။ ဆဌမအဆင့်၏ ကျင့်စဥ်များက အသန်မာဆုံး ဖြစ်သည်။

အားလုံးလွှဲပေးပြီးနောက် နေ့လယ်စာစားချိန် ဖြစ်သွားသည်။

မူလက ဒါရိုက်တာအိုးရန်သည် ဖာ့ကျန်းအတွက် စားသောက်ပွဲတစ်ခု တည်းခင်းပေးရန် ပြင်ဆင်နေခဲ့သည်။ သို့သော် ချဲ့ကားနေရန် မလိုဟု ဆိုခဲ့သည်။ သူက စားစရာတချို့စားရန်အတွက် ယဲ့ရှောင်နှင့်အတွက် ကန်တင်းသာ သွားရန် လိုအပ်သည်။

ထို့ကြောင့် ယဲ့ရှောင်က သူနှင့် လိုက်ပါပေးလိုက်၏။ ထမင်းဖြူတစ်ပန်းကန်နှင့် အဖန်ရည်တစ်ပန်းကန်သာ ဖြစ်သည်။

ထိုချိုးခြံသော ကိုယ်တော်ဖာ့ကျန်းသည် အမြဲတမ်း ဤအတိုင်းသာ စားသည်။ စားသောက်နေစဥ် ယဲ့ရှောင်က မမေးပဲ မနေနိုင်တော့ချေ။

" ဖာ့ကျန်း ဆရာတို့ ရှောင်လင်သိုင်းကျောင်းတော်ရဲ့ ရှောင်လင်သိုင်းစာကြည့်တိုက်က လှူဒါန်းတဲ့ သိုင်းကျမ်းတွေက သာလွန်တဲ့ ချီရှန်းအဆင့်တွေကြီးပဲလား "

အပိုင်း ၁၄၂ ပြီး၏။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


ဖျက်ဆီးခြင်းနေ့။ ဖျက်ဆီးခြင်းနေ့က ကျန်းဟိုင်မြို့က လူအားလုံးရဲ့ ခေါင်းထဲကို ကျရောက်လာလိမ့်မယ်။

အစီအရင်တည်ဆောက်ပြီးသည့် ကွမ်လျန်ကို
ကြည့်ပြီးနောက် ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကိုလည်း အစီအရင်ပေါ်တွင် ထားလျက် သူက နောက်ဆုံးတွင် အသက်ရှူနိုင်တော့သည်။

သူ၏ ဝိညာဥ်စွမ်းအင်၏ စွမ်းအားများက လျော့ပါးသွားသော်ငြား ယခုအချိန်၌ ကြယ်အစီအရင်တည်ဆောက်ရန် အပြည့်အဝ အာရုံစိုက်ထားသည်။ သူ၏ ဝိညာဥ်စွမ်းအင်ကို ထိုလူ ခုခံနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။ သူ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေမှာပဲ ဖြစ်သည်။

ကံကောင်းသည်မှာ အစီအရင်က ပြီးစီးသွား၏။ဤနည်းဖြင့် နော့ဖစ်က ထပ်ပြီး လွတ်မြောက်တော့မှာ မဟုတ်ပေ။

အမှန်တကယ် အန္တရာယ်များသည့်သားရဲ နော့ဖစ်က မလွတ်မြောက်လျှင် ပြဿနာက ကြီးမားမှာ မဟုတ်ပေ။ သို့သော် အနည်းငယ် အသက်ရှုပြီးနောက် သူက လေးနက်သော အသံဖြင့် ပြောလိုက်သေးသည်။

" အခု အစီအရင်ပြီးမြောက်သွားပြီ။ အားလုံးပဲ ဖာ့နန်နောက် လိုက်လို့ရပြီ။ ဖာ့နန်က ကျားနတ်ဆိုးတစ်ကောင်ဖြစ်ပြီးသား။ သူ့ရဲ့ ခွန်အားက အလွန်သန်မာတယ်။ သူက ရှန်းထျန်းစတုတ္ထအဆင့် မဟာချီရှန်းတစ်ယောက်ပဲ။ သူ စိတ်ရိုင်းဝင်သွားပြီဆိုတာနဲ့ ကျန်းဟိုင်မြို့ရဲ့ လူတွေအားလုံးဆီ ဖျက်ဆီးခြင်းကပ်ဘေးတစ်ခု ဖြစ်လာစေလိမ့်မယ် "

" ဒါ့အပြင် သူစိတ်ရူးမဖောက်သွားရင်တောင် နောင်ကြ နော့ဖစ်ကို ကယ်ချင်နေရင် ပြဿနာကြီးတစ်ရပ် ဖြစ်နေဦးမယ် "

" ဟုတ်တယ် "

အားလုံးက ပြန်ပြောပြီးနောက် ဖာ့နန်နောက်ကိုလိုက်ရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် ထိုစဥ် တုချန်ဖုန်းနှင့် ကျန်သည့်သူများကလည်း လျင်မြန်စွာ ပြန်လာ၏။

တုချန်ဖုန်းနှင့် ကျန်သည့်သူများ ပြန်ရောက်လာတာကို မြင်သောအခါ ကွမ်လျန်က ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။

" ကျောင်းအုပ် ယွီ ခင်ဗျားတို့ ဘာကြောင့် ပြန်လာတာလဲ "
တုချန်ဖုန်းနောက်ရှိ ဘူများက ဖာ့နန်၏ အလောင်းကို ပြန်သယ်လာ၏။

" ဖာ့နန်က သေသွားပြီ "

" ဘာ "

ရှောင်လင်မှ လူများက အနည်းငယ် ထိတ်လန့်သွားကြ၏။ သူတို့က ဖာ့နန်၏ ခွန်အားကို ကောင်းစွာ သတိပြုမိသည်။ သူက ရှန်းထျန်းစတုတ္ထအဆင့်တွင် ရှိနေပြီဖြစ်၏။

တုချန်ဖုန်းကလည်း ရှန်းထျန်းစတုတ္ထအဆင့်တွင် ရှိသူ ဖြစ်သည်။ တစ်ဖက်သူက ချီရှန်းများဖြစ်၏။ သူတို့အဖို့ ဖာ့နန်ကို ခြိမ်းခြောက်ဖို့က မဖြစ်နိုင်လောက်ပေ။

" ကျောင်းအုပ်ကြီးက စွမ်းရည်ကို တကယ်မကြွားတဝါတတ်တဲ့သူပဲ။ ရောက်ရောက်ချင်းမှာပဲ ဖာ့နန်ကို သတ်လိုက်တာ။ အထင်ကြီးမိပါရဲ့ "

ကွမ်လျန်က သက်ပြင်းချလိုက်၏။ တုချန်ဖုန်းက ခေါင်းခါလိုက်တော့သည်။

" စီနီယာ ဓါးမော့ဓါးဝိဇ္ဇာဖြစ်လောက်တယ်။ သူက ဓါးဆန္ဒနဲ့ အသတ်ခံလိုက်ရပြီး မျက်ခုံးတစ်ဖက်ကြားမှာ အမာရွတ်တစ်ခု ချန်ခဲ့တယ်။ကျန်းဟိုင်တစ်မြို့လုံးမှာ စီနီယာဓါးမော့ဓါးဝိဇ္ဇာတစ်ယောက်ပဲ မဟာချီရှန်းတစ်ယောက်ကို ချက်ချင်းသတ်ဖြတ်နိုင်တဲ့ ခွန်အားရှိတာ "

ဟင့်။

ကွမ်လျန်က အေးစက်သော လေထုများ ရှူရှိုက်မိသွား၏။ သူက ဖာ့နန်၏ နဖူးကို ကြည့်လိုက်ရာ ထိုနေရာ၌ ဓါးရာတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။

ဓါးရာက ညီညီညာညာ ဖြတ်တောက်ထားပြီး အလွန်သေးငယ်၏။ သို့သော် သူ၏ ဦးခေါင်းခွံကို ကြေမွသွားရုံသာမက ဝိညာဥ်ကိုလည်း ဖြိုခွဲသွားသည်။

ဖာ့နန်၏ မျက်နှာထက်တွင် သူ မသေခင် ဇဝေဇဝါဖြစ်မှုနှင့် ထိတ်လန့်မှုက ရှိနေသေး၏။

ဓါးက ပြိုင်ဘက်နှင့် တိုက်ရိုက် ရင်ဆိုင်ရင်း ဖြစ်ပြီး ချုံခိုတိုက်ခိုက်ခြင်း မဟုတ်ကြောင်း ဆိုလိုသည်။ ပိုကြောက်မက်ဖွယ်ကောင်းသည်က တစ်ဖက်လူသည် ဖာ့နန်ကို တစ်ချက်တည်းဖြင့် သတ်လိုက်တာပဲ ဖြစ်၏။ သူက တုံ့ပြန်ရန် အခွင့်အရေးတောင် မရလိုက်ချေ။

စီနီယာဓါးမော့ဓါးဝိဇ္ဇာ၏ သိုင်းပညာရပ်ပေါ် အောင်မြင်မှုက သာမန်လူများ မယှဥ်နိုင်သည့်အရာ ဖြစ်သည်။

ကွမ်လျန်က ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကိုကြည့်ပြီးလက်နှစ်ဖက်ဖြင့် အရိုအသေ ပေးလိုက်သည်။

" အောမီတောဖော် "

ထိုကိစ္စက လျင်မြန်စွာ သတင်းပြန့်သွားလေ၏။

ကွမ်လျန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည်။ ပြဿနာရပ်များကို ရှောင်ကြဥ်ရန်အတွက် သူက ကုသဖို့ရာ ရှောင်လင်သိုင်းကျောင်းတော်သို့ ပြန်ရန် လိုအပ်သည်။

ကျန်းဟိုင်မြို့ကလည်း ဆိုးဆိုးဝါးဝါး မသက်ရောက်ခံရပေ။ ထိုကိစ္စက ဂယက်မရိုက်စေခဲ့ပေ။ နှစ်ရက်ကြာပြီးနောက် စာကြည့်တိုက် တိုးချဲ့မှုက တရားဝင် ပြီးစီးသွား၏။

နေရစ်ခဲ့သော ဖာ့ကျန်းသည် ကျင့်ကြံနည်းစနစ်များ လွှဲပေးသည့် တာဝန်ကို ယူထားသည်။

ယဲ့ရှောင်သည် နောက်ဆုံး၌ အလုပ်စလုပ်နိုင်ပြီ ဖြစ်သည်။

စာကြည့်တိုက်သို့ ရောက်သည့်အချိန်၌ စာကြည့်တိုက် ဝင်ပေါက်၌ ရုပ်ထုတစ်ခုကိုမြင်ပြီး အနည်းငယ် သိချင်စိတ် ဖြစ်သွား၏။

" အမ်း ..။ စာကြည့်တိုက်ဝင်ပေါက်မှာ ဘာကြောင့်များ ရုပ်ထုတစ်ခု ရှိနေတာလဲ။ ဒါ ဘယ်သူ့ ရုပ်ထုလဲ "

စာကြည့်တိုက်မှ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ့ဘေးသို့ လျှောက်လာပြီး ပြုံးကာ ရှင်းပြလိုက်၏။

" မင်း အဲ့ဒါကို လိုင်းပေါ်မှာ မတွေ့ဘူးလား။ ဒါက ဓါးမော့ဓါးဝိဇ္ဇာလေ "

" ဓါးမော့ဓါးဝိဇ္ဇာတဲ့လား "

" ငါတို့ ကျန်းဟိုင်မြို့က ဆန်းကြယ်တဲ့ ပြိုင်စံရှား သိုင်းပညာရှင်ကြီးလေ။ ရှေ့မှာ စကားလုံးတွေ ထွင်းထုထားတယ် "

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၂ ဒီအဖိုးကြီးက တကယ်ရုပ်ဆိုး။

ဖာ့နန်က ရှေ့ဆက််တိုးလိုက်ပြီး မဟာချီရှန်းတစ်ဦး၏ အရှိန်က အင်မတန် မြန်သည်။ ချက်ချင်းပင် သူက ထိုခြံဝန်းလေးရှေ့သို့ ရောက်သွား၏။

အတွေးတစ်ချက်ဖြင့် သူ၏ ဝိညာဥ်စွမ်းအင်ကိုထုတ်ဖော်လိုက်ရာ တံခါးလော့က အလိုအလျောက် ပွင့်သွားတော့သည်။

ဖာ့နန်က ရှေ့သို့ ချက်ချင်းဝင်လိုက်ပြီး ခြံဝန်းထဲသို့ ဝင်သွား၏။

ခြံဝန်းထဲတွင်ရှိသော ဟွမ်လျိုလီနှင့် ယဲ့ရှောင်ကမူ ထိတ်လန့်အံ့အားသင့်သွား၏။

သခင်နှင့်အစေခံ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်တို့က ဖာ့နန်ကို စိုက်ကြည့်နေကြပြီး သူ၏ နေရာတွင် ပေါ်လာရသည့် အကြောင်းအရင်းကို နားမလည်ပေ။

" ကတုံးလား "

ရှောင်လင်သိုင်းကျောင်းတော်က တစ်စုံတစ်ယောက်လား။ ဒီကို ဘာကြောင့် ရောက်လာတာလဲ။

ယဲ့ရှောင်၏ ရုတ်တရက် စကားများက ဖာ့နန်ကို အနည်းငယ် ဆွံ့အသွားစေ၏။ ဒီကောင်က ဟိုတယ်ကို သွားပြီး သူ့ကို ကြိုဆိုခဲ့တဲ့ သူတွေထဲက တစ်ယောက်လား။

အနီးကပ်ကြည့်လိုက်ရာ သူနှင့် တူပုံပေါ်နေ၏။

သူက စာကြည့်တိုက်၏ ဝန်ထမ်းတစ်ဦး ဖြစ်သည်။ သူ၏ အဆင့်အတန်းက အလွန်နိမ့်၏။ ယခုအချိန်တွင် သူက တစ်ဖက်လူကို သိပ်ပြီး ဂရုစိုက်မနေပေ။

ဤနေရာ၌ နေထိုင်လိမ့်မည်ဟု မထင်ထားပေ။

" မဟုတ်သေးဘူး။ ခင်ဗျားရဲ့ အကြည့်နဲ့ အငွေ့အသက်က မမှန်ဘူး။ သတ်ဖြတ်လိုစိတ်တွေ ပြည့်နေတယ်။ ခင်ဗျားက သူ မဟုတ်ဘူး "

" ဒီအရှိန်အဝါ "

ဖာ့နန်က ပိုတောင်ထိတ်လန့်သွား၏။ ဒီကောင်စုတ်က သူ့ခန္ဓာကိုယ်ပေါ်က အငွေ့အသက်ကိုတောင် အာရုံခံမိတယ်။ သူက ဦးနှောက်ရှိသားပဲ။

ဒီကောင်စုတ်ကို သူ့အတွက် သုံးဖို့ သိမ်းထားပြီး သူ့လက်ထောက်ဖြစ်ခွင့် ပေးတာက ပိုကောင်းမယ်။ သူ့အတွက် ကိစ္စတွေအများကြီး လုပ်ပေးနိုင်မှာ။

သို့သော် သူက ပါးစပ်ဟတော့မည့်အချိန်တွင် ယဲ့ရှောင် ထပ်ပြောတာကို ကြားလိုက်ရ၏။

" နော့ဖစ်လား "

ဖာ့နန်က ထိတ်လန့်လွန်းသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်လုနီးပါးပင်။

ဒီကောင်က သူ့ရဲ့ အထောက်အထားအမှန်ကို ခန့်မှန်းနိုင်တယ်လား။ သူက နည်းနည်းတော့ ကောင်းလွန်းနေတာပဲ။

သူ့ပါးစပ်မဟရသေးခင် နောက်တစ်စက္ကန့်တွင် ဓါးရောင်ခြည်က ယဲ့ရှောင်က လက်ထဲကနေ လူတစ်ယောက်၏ စိတ်နှလုံးကို ပြိုကွဲစေသော ဓါးရောင်ခြည်သည် ယဲ့ရှောင်၏ လက်ထဲက ပေါ်ထွက်လာ၏။ ယင်းက လျှပ်ပြက်သည့်ပမာ မြန်ဆန်လွန်းလှရာ သူ၏ မျက်လုံးထဲ ချဥ်းကပ်လာတော့၏။ ယင်းက နီးကပ်ပြီးရင်း နီးကပ်လာသည်။

ဖာ့နန် သေသွားခဲ့ချေပြီ။ သူက အလွန် ငြိမ်းချမ်းစွာ ကွယ်လွန်သွား၏။ ယဲ့ရှောင်၏ တံခါးသို့ သူ ဝင်ရောက်လိုက်သည့်အချိန်တွင် သူ တစ်ခွန်းတောင် ပြောရန် အချိန်မရလိုက်ပဲ ယဲ့ရှောင် စကားလုံးသုံးလုံး ပြောတာသာ ကြားလိုက်ရပြီးနောက် သူ ပျောက်ကွယ်သွားရသည်။ သေသည့်အချိန်ထိ သူ ဘာတွေဖြစ်နေမှန်း နားမလည်သွားချေ။

ယဲ့ရှောင်သည် စာကြည့်တိုက်မှူးလေးတစ်ဦးမျှသာ ဖြစ်ပြီး သူက မည်ကဲ့သို့ ထိုမျှ သန်မာနေသနည်း။

ယဲ့ရှောင်က ပိုတောင် စိတ်ဓာတ်ကျသွား၏။ သူက မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလျက် သူ့ကြောင့် သေဆုံးသွားသည့် ဝိညာဥ်စွမ်းအင်များကို ကြည့်လိုက်ပြီး မျက်လုံးထဲ၌ သံသယများ ပြည့်နေသည်။

" ဒီလူကို ခုနတုန်းက နော့ဖစ်က ပူးကပ်ထားတာ။ ဒါပေမဲ့ သူ ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။ နော့ဖစ်က ငါ့အကြောင်း ရှာတွေ့တာများလား။ ဒါကြောင့် ငါ့ကို ရှာဖို့ လူလွှတ်လိုက်တာလား "

ခဏကြာပြီးနောက် ယဲ့ရှောင်က ခေါင်းခါလိုက်သည်။

" ထားလိုက်တော့။ ဒီအကြောင်း မတွေးတော့ရအောင်။ သူ ဒီမှာ ပေါ်ပေါက်လာတာက တခြားသူတွေရဲ့ သံသယကို တိုးစေမှာ သေချာတယ် "
ဟွမ်လျိုလီက သူ၏ အလောင်းကို ချက်ချင်း ပစ်ထုတ်လိုက်သည်။

" ဝေးဝေးသွားပစ်လိုက် "

" နားလည်ပါပြီ "

ဟွမ်လျိုလီက ချက်ချင်း လှုပ်ရှားတော့၏။
ဖာ့နန်၏ အလောင်းကို ဆွဲလျက် အိမ်အပြင်သို့ မြန်မြန်ထွက်သွားသည်။

ယဲ့ရှောင်သည် ခပ်ဝေးဝေးသို့ ရောက်သွားသည့် ဟွမ်လျိုလီကို ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်၏။

" နှမြောစရာပဲ။ နော့ဖစ်ရဲ့ ပင်မခန္ဓာရောက်လာတာ မဟုတ်ဘူး။ သူ့ရဲ့ ပင်မခန္ဓာသာ ငါ့ရဲ့ အိမ်တံခါးဝ ရောက်လာခဲ့မယ်ဆိုရင် ငါ ရေဘဝဲလုံး စားလို့ရ
ပြီ "

ဖာ့နန်သည် နော့ဖစ်၏ ဝိညာဥ်စွမ်းအင်ဖြင့်သာ ပူးကပ်ခံထားရ၏။ သူက လူသားတစ်ယောက်ဖြစ်နေသေးပြီး စား၍ မရပေ။

ဖာ့နန် သေဆုံးပြီး ပြတိုက်၏ မြေအောက်ထဲတွင် ချိတ်ပိတ်ခံထားရသော နော့ဖစ်၏ ခန္ဓာအစစ်အမှန်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

သေစမ်း။ ဘယ်သူလဲ။ ဘယ်သူ ဝင်ရှုပ်တာလဲ။

ငါ မင်းကိုတွေ့ရင် မင်းကို အရေခွံစုတ်ပြီး မင်းရဲ့ အကြောတွေကို ဆွဲထုတ် နုတ်နုတ်စင်းပစ်မယ်။ မင်းကို အသားစတွေအဖြစ် ခုတ်ထစ်ပြီး ဖက်ထုပ်လုပ်ပစ်မယ်။

အား ... မင်းကို မုန်းလိုက်တာ။

သို့သော် ခဏအကြာတွင် သူက ရက်စက်သည့် အသံဖြင့် ပြောလိုက်၏။

သေသင့်တဲ့ လူသား။ ဒီအတိုင်း မင်းနိုင်သွားလိမ့်မယ်လို့ မထင်နဲ့။ ဖာ့နန်က ကွမ်လျန်ကို ဒဏ်ရာရအောင် လုပ်ပြီးပြီ။ ကွမ်လျန် တည်ဆောက်တဲ့ အစီအရင်က ဟာကွက်အရိပ်ယောင် ရှိပြီးသား။ အဲ့ဒီခြေရာလက်ရာတွေက ငါလွတ်မြောက်ဖို့အတွက် လုံလောက်တာထက် ပိုတယ်။

အစီအရင်ပျက်စီးမယ့်နေ့ သိပ်မလိုတော့ဘူး။ စောင့်နေလိုက်။ အစီအရင်ပျက်စီးမယ့်နေ့က သိပ်မလိုတော့ဘူး။ အချိန်ကျလာတဲ့အခါ ငါ့ရဲ့ ပင်မခန္ဓာက ကျန်းဟိုင်မြို့က လူအားလုံးကို စားပစ်မယ်။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


ပြီးနောက် သူက ကျန်းဟိုင်မြို့ကနေ ကွမ်လျန် သူ့အဖွဲ့ကို ဦးဆောင်ပြီး ထွက်သွားမှာကို စောင့်နေရုံသာ ဖြစ်သည်။ ထိုမတိုင်ခင် သူက နေရာတစ်နေရာရှာပြီး ရက်အချို့ တိတ်ဆိတ်စွာ စောင့်နေသင့်သည်။

အကြည့်တစ်ချက်က မလှမ်းမကမ်းရှိ အလင်းတစ်လုံးဆီသို့ ရောက်သွား၏။

ထိုအိမ်လေးက အလယ်တွင် ရှိနေ၏။ ယင်းက ပုန်းခိုရန်အတွက် ထိပ်တန်းနေရာကောင်းတစ်ခုပဲ ဖြစ်သည်။

အပိုင်း ၁၄၁ ပြီး၏။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


မွန်းတည့်ချိန်၌ ဗုဒ္ဓဂိုဏ်း၏ စွမ်းအားက အသန်မာဆုံး ဖြစ်သည်။ ကြယ်တာရာသားရဲ၏ စွမ်းအားကလည်း တိုးလာပြီး ချိတ်ပိတ်ရန် ခက်ခဲသည့် အနေအထားထိ တိုးလာလေ၏။

ည၁၂နာရီတွင် ဗုဒ္ဓဂိုဏ်း၏ သိုင်းစွမ်းအားက အားလျော့သွားသည်။ သို့သော်ငြား ကြယ်တာရာသားရဲ၏ စွမ်းအားကလည်း အားလျော့သွား၏။

ထိုအချိန်ရောက်လျှင် ဗုဒ္ဓဂိုဏ်းက သူတို့၏ သိုင်းပညာရှင်များ အားဖြည့်ပေးနေလျှင် သူတို့က သူတို့ သိုင်းစွမ်းအား၏ အားနည်းသည့် အပျက်သဘော အာနိသင်များကို အလွယ်တကူ ဖယ်ရှားနိုင်မည်။

ထို့ကြောင့် အံ့ဖွယ်ဂိုဏ်းအပြင် ရှောင်လင်က မဟာချီရှန်း၁၈ပါးကို ပို့ခဲ့တာလည်း ဖြစ်သည်။ မကြာမီ၌ အားလုံးက အစီအရင်ကို စတင်တည်ဆောက်တော့၏။

ကွမ်လျန်က အစီအရင်ကို ရေးဆွဲနေစဥ် ကျန်သည့်သူများက ပံ့ပိုးပေး၏။ သူတို့က ဗုဒ္ဓဂိုဏ်း၏ သိုင်းပညာရပ်နှင့် အမြင့်ဆုံးယန်စွမ်းအင်ဓာတ်ကို ထုတ်သုံးနေ၏။ သူတို့က အစီအရင်ကို အသက်သွင်းရန်အတွက် အစီအရင်ထဲ ဝင်လာပြီး တစ်ချိန်တည်းတွင် နော့ဖစ်ကို ဖိနှိပ့်ထား၏။

အစ၌ အရာအားလုံး ချောမွေ့နေသည်။ အစီအရင်က ရေးဆွဲပြီး အောင်မြင်စွာ အသက်သွင်းလိုက်လျှင် ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုက ချိတ်ပေါ်တွင် ထားရှိပြီးလျှင် အရာအားလုံး ပြီးပြည့်စုံသွားပေ
လိမ့်မည်။

သို့သော် အရေးပါသည့် အခြေအနေတည်ဆောက်နေသည်။ အရေးပါသည့် အခြေအနေ၌ တစ်စုံတစ်ခု မထင်မှတ်ထားတာ ဖြစ်လာသည်။

မဟာချီရှန်းတစ်ဦးက သူ၏ ဗုဒ္ဓသိုင်းစွမ်းအင်များကို သွင်းတာ ရုတ်တရက် ရပ်လိုက်လေ၏။

သူသည် ဗုဒ္ဓသိုင်းစွမ်းအင်များ ထုတ်သွင်းတာ ရပ်လိုက်ရုံသာမက သူက ရုတ်တရက်ကြီး တိုက်ခိုက်ပြီး ကွမ်လျန်၏ နံရိုးကို ထိသွားတော့သည်။

ဖူး။

ကွမ်လျန်က ချက်ချင်းပင် သွေးအန်တော့၏။ သူ၏ အရှိန်အဝါက ညှိးရော်သွားတော့သည်။ သူ၏ ရောင်ဝါများက ချက်ချင်း ညှိုးရော်ကုန်၏။

ကျန်သည့်သူများကလည်း ထိတ်လန့်သွားကြသည်။

" ဖာ့နန် မင်း ဘာလုပ်နေတာလဲ "

ဖာ့နန်က အရူးတစ်ယောက် မဟုတ်ပေ။ တိုက်ခိုက်ပြီးသည်နှင့် လှည့်ပြေးကာ ထိုလူများကို လျစ်လျူရှူတော့၏။

" သေစမ်း သူ့ကို ထွက်ပြေးခွင့်ပေးလို့ မရဘူး "

အားလုံးက မှန်ကန်ဖြောင့်မတ်မှုများ ပြည့်နေ၏။ အားလုံးက အခဲမ​ကျေမှုများ ပြည့်နေသည်။ သူတို့ ပြန်လည်တိုက်ခိုက်တော့မည့်အချိန်တွင် ကွမ်လျန်က ရုတ်တရက် ပြောလိုက်သည်။

" အားလုံးပဲ ရပ်ကြတော့ "

" ဒါပေမဲ့ ဆရာ ဖာ့နန်ကို ထွက်ပြေးခွင့်ပေးလို့ မရဘူး။ သူက လူသားမျိုးနွယ်စုကို သစ္စာဖောက်ပြီးသားဖြစ်မှာပဲ "

ကွမ်လျန်၏ အမူအယာက တက်ကြွမှုတို့ ပျောက်ဆုံးနေ၏။ သို့သော် သူ၏ မျက်လုံး၌ ပြတ်သားမှုတို့ ပြည့်နေသည်။

" သူက ငါတို့ရဲ့ ဝိညာဥ်စုစည်းခြင်း အစီအရင်ကို ဖျက်ဆီးချင်နေတာ။ အခု သူ့နောက် လိုက်မယ်ဆိုရင် ထောင်ချောက်ထဲ ကျသွားလိမ့်မယ်။ ဖာ့နန်က ဒီအခွင့်အရေးကို ယူပြီး ထွက်ပြေးမဲ့ပုံပဲ "

" ငါတို့တွေ ချိတ်ပိတ်တာကို ပြီးအောင်လုပ်ပြီး
ဝိညာဥ်စုစည်းခြင်း အစီအရင်ကို ပြီးမြောက်အောင် လုပ်ရမယ်။ အရင်ဆုံး ဒီအကောင်ကြီး နော့ဖစ်ကို ဂရုစိုက်ရမယ် "

" ကျောင်းအုပ် တု .. ဖာ့နန်ကို ခင်ဗျားဆီ အပ်ထားလိုက်တော့မယ်။ သူ့ကို ဖမ်းဖို့ လူတချို့ ခေါ်သွားလိုက်ပါ "

တုချန်ဖုန်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

" စိတ်မပူပါနဲ့ ဆရာ။ ကျုပ်တို့ဆီ အပ်ထားလိုက်
ပါ "

သူပြောပြီးသည်နှင့် မြေပြင်ကို ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် သူ ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားတော့သည်။ ကျန်သည့်သိုင်းပညာရှင်များကလည်း သူ့နောက်လိုက်သွား၏။

ဖာ့နန်က လျင်မြန်စွာ ထွက်ပြေးသွားပြီး ကျန်းဟိုင်မြို့ ဆင်ခြင်ဖုံးဆီသို့ ဦးတည်သွားလိုက်သည်။

အဲ့ဒီမြေးကတုံးကွမ်လျန်က အတော် ထက်မြတ်သားပဲ။ သူတို့ကို ငါ မြှားထုတ်ချင်နေတယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ သူ ထောင်ချောက်ထဲ မကျခဲ့ဘူး။ ဒါပေမဲ့ သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီီးပြီဆိုတော့ ကိစ္စမရှိတော့ဘူး။

ပင်မခန္ဓာရဲ့ ကိုယ်ခွဲက အသက်ရှင်နေသရွေ့ ကွမ်လျန်ထွက်သွားပြီးဆိုတာနဲ့ ပင်မ ခန္ဓာက ဝိညာဥ်စုစည်းခြင်း အစီအရင်ကို ဖျက်ဆီးဖို့ အခွင့်အရေးတစ်ခု ရှာနိုင်မှာပဲ။

အဲ့ဒီအချိန်ကျရင် သူက ကျန်ရှောင်လင်မြို့က ကျန်တဲ့ရှောင်လင်ဂိုဏ်း ကြယ်တာရာသားရဲရဲ့ ပင်မခန္ဓာတွေကို ကယ်ဆယ်ဖို့ သူ့ရဲ့ ကိုယ်ခွဲကို သုံးလို့ရပြီ။ အဲ့ဒီအချိန် ကျုံးစီရင်စုတစ်ခုလုံးက အကြောက်တရားထဲ ကျရောက်ရလိမ့်မယ်။

ပြောပြီးသည်နှင့် ရုတ်တရက် သူ့နောက်ကနေ အစွမ်းထက်သည့် အရှိန်အဝါများစွာ လိုက်ပါလာတာကို ရုတ်တရက် ခံစားလိုက်မိ၏။

" ဒီအရှိန်အဝါတွေ။ သူတို့က ကျန်းဟိုင်မြို့ရဲ့ မဟာချီရှန်းတွေပဲ။ ပုံမှန်ဆို ငါသူတို့ကို ထွက်ပြီး သတ်လောက်ပြီ။ ဒါပေမဲ့ အခုကတော့ ငါ့ကိုငါ ကာကွယ်ပြီး ငါ့အစီအရင် ဖျက်ဆီးပြီး ဝိညာဥ်ခန္ဓာကို လွှတ်ပေးမယ်။ ငါ့ရဲ့ အစီအစဥ် ဘေးကင်းလုံခြုံအောင်လို့ အချိန်အတိုင်းအတာတစ်ခုအထိ သူတို့ဆီကနေ ပုန်းနေရမယ် "

ထိုအတွေးဖြင့် သူက ချက်ချင်းပင် မြေပြင်ပေါ် သက်ဆင်းလိုက်၏။ မျက်တောင်တစ်ခတ်အတွင်း သူမြေပြင်ပေါ် ရောက်သွားသည်။ အရှိန်အဝါကို ထိန်းလျက် ကျန်သည့်သူများ မမြင်တွေ့အောင် ပိတ်ဆို့လိုက်သည်။

မကြာမီ၌ သူ၏ ခေါင်းထက်၌ လူရိပ်တချို့ ပျံသန်းနေတာကို တွေ့လိုက်ရသောအခါ နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။

ပြီးသွားပြီ။

စာကြည့်တိုက် တာအိုသခင်

14 Jan, 04:18


" ဆရာကွမ်လျန် နားလည်မှု လွှဲနေပါပြီ။ တကယ်တော့ ဒီစီနီယာကို မသိသေးသလို သူ့နာမည်အရင်းကိုလည်း မသိသေးပါဘူး။ ဒါပေမဲ့ သူက ဓါးသိုင်းလည်းကျွမ်းပြီး ဓါးမော့သိုင်းလည်း ကျွမ်းပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့ရဲ့ စီနီယာ၊ ဓါးမော့ဓါးဝိဇ္ဇာဆိုပြီး ခေါ်လိုက်တာပါ "

" ငါ သိပြီ "

ကွမ်လျန်က ခေါင်းညိတ်ပြီးနောက် သက်ပြင်းချလိုက်မိ၏။

" ရှေးယခင်ကာလတည်းက လူသားသိုင်းပညာရှင်အများစုက သိုင်းပညာရပ်တစ်ခုတည်းပေါ်မှာပဲ ကျင့်ကြံဖို့ အာရုံစိုက်ထားတာ။ သူတို့တွေက ကျင့်စဥ်တွေကို ပိုပြီး လေ့ကျင့်နိုင်ခဲ့တယ်ဆိုရင်တော့ သူတို့က အခြေခံတူညီတဲ့ ကျင့်စဥ်တွေကိုပဲ ကျင့်ကြံမှာ။ ကျုပ်တို့ရဲ့ ရှောင်လင် အံ့ဖွယ်ချီရှန်းတွေကတောင် ထိုးနှက်ချက်သိုင်းနဲ့ ခန္ဓာသန့်စင်ခြင်းသိုင်းကိုပဲ အားစိုက်လေ့ကျင့်တယ်။ သူတို့က ဓါးမော့နဲ့ ဓါးကို လေ့ကျင့်တဲ့အချိန် သူတို့တွေက ဓါးမော့ ဒါမှမဟုတ် ဓါးကိုပဲ အားစိုက်လိမ့်မယ် "

" ကျန်းဟိုင်မြို့က အံ့ဖွယ်ချီရှန်းတစ်ယောက်က ဓါးမော့နှင့် ဓါးနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ဒါ့အပြင် သူတို့က အလွန်အစွမ်းထက်သေးတာ။ ဒါက ကျုပ်အမြင်ကို ကျယ်စေတာပဲ "

" ဒါပေမဲ့ ဒီနုံချာတဲ့ ကိုယ်တော်က ဒီလိုထူးကဲတဲ့လူကို တွေ့ခွင့်မရတာတောင် နှမြောစရာကောင်းသကိုး။ နှ​မြောစရာကောင်းလိုက်တာ။ နှမြောစရာကောင်းလိုက်လေခြင်း "

တုချန်ဖုန်းက ခေါင်းညိတ်လိုက်လေ၏။

" ဘယ်သူက ဒီလိုပြောတာလဲ။ ကျွန်တော်တို့ ကျန်းဟိုင်မြို့ရဲ့ ဒေသခံ သိုင်းပညာရှင်တွေကတောင် စီနီယာဓါးမော့ဓါးဝိဇ္ဇာကို တွေ့ဖို့အတွက် နေ့ရောညပါ အိမ်မက်မက်နေတာပါ "

" သူက သိုသိုသိပ်သိပ် နေလွန်းတာ နှမြောစရာပဲ။ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး "

" ကျွန်တော် သူနဲ့တွေ့ဖို့ တစ်ခါ အခွင့်အရေး ရဖူးတယ်။ ကံကောင်းပြီးတော့ စီနီယာရဲ့ မျက်နှာသာပေးမှုကို ရခဲ့တာလေ။ သူက ကျွန်တော့်ရဲ့ ဒဏ်ရာကို ကုသပေးဖို့အတွက် ကုသခြင်းနည်းစနစ်တစ်ခု အသုံးပြုခဲ့တယ် "

" မဟုတ်ရင် ကျုပ် ကုသပေးဖို့ နာမည်ကြီးဆရာဝန်ကို သွားရှာဖို့ ကြေးစီရင်စုဆီ သွားရလိမ့်မယ် "

" သူ ကုသခြင်းနည်းစနစ်ကို သိတယ်လား "

ကွမ်လျန်က တအံ့တသြ ပြောလိုက်၏။

တုချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။

" သူက သိပ်သန်မာတာ။ သူ့ရဲ့ ကုသခြင်းနည်းစနစ်က တော်ဝင်နည်းစနစ်အောက် မလျော့ဘူး "

" ဘာပြောလိုက်တာ "

ကွမ်လျန်က အသံကျယ်သွားမိသည်။ အံ့ဖွယ်အဆင့်အောက် ချီရှန်းတစ်ဦးကတောင် ထိုကဲ့သို့ သတင်းကို ကြားသည့်အချိန်၌ သတိတရားကို မထိန်းနိုင်ပေ။

မယုံနိုင်စရာကောင်းလိုက်တာ။

ထိုစီနီယာသည် တစ်ပြိုင်နက်တည်း သိုင်းပညာရပ်နှစ်မျိုးကို ကျင့်ကြံခဲ့၏။ သူ့ကို မကောင်းဆိုးဝါးတစ်ကောင်ဟု ခေါ်၍ ရနေပြီဖြစ်သည်။ ယခု သူက တော်ဝင်နည်းစနစ်အောက် မလျော့သည့် ကုသခြင်းနည်းစနစ်တစ်ခုကိုလည်း ကျင့်ကြံထားသည်။ ယင်းက ကောင်းကင်ကို ဖီဆန်နေခြင်းသာ ဖြစ်၏။

သူက ရုပ်ထုကို ထပ်ကြည့်ပြီး သူ၏ မျက်လုံးများက ယခင်ကကဲ့သို့ တည်ငြိမ်မနေတော့ပေ။ ထိုအစား ထိတ်လန့်မှုနှင့် လေးစားမှု အရိပ်ယောင်တို့ ရှိလာ၏။

လူသားများသည် သန်မာဖို့အတွက် အမြဲတမ်း တောင်းတသည်။ သူသည် အံ့ဖွယ်အဆင့်အောက် ဂိုဏ်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီးသားဆိုသည်ထက် သူက ထိုကဲ့သို့ အစွမ်းထက်၏။ အံ့ဖွယ်ချီရှန်းတစ်ဦးကို ရင်ဆိုင်ရသည့်အချိန်တွင် သူ သန်မာရန် တောင်းတမိသည်။ ယင်းက အံ့ဖွယ်ဂိုဏ်း၏ ခွန်အားပင် ဖြစ်၏။ ထူးကဲသော တည်ရှိမှုလည်း ဖြစ်သည်။

ဓါးမော့ဓါးဝိဇ္ဇာအတွက် ကွမ်လျန်၏ လေးစားမှုကိုမြင်ပြီး တုချန်ဖုန်းနှင့် ကျန်သည့် သူများက ဂုဏ်ယူဝင့်ကြွားမိ၏။

သူတို့က ကွမ်လျန်ကို လေးစာရုံသာမက ဓါးမော့ဓါးဝိဇ္ဇာကိုလည်း လေးစားတာ အမှန်ပဲ ဖြစ်သည်။ ဓါးမော့ဓါးဝိဇ္ဇာကလည်း ကျန်းဟိုင်မြို့၏ သိုင်းပညာရှင်ကြီးတစ်ဦးလည်း ဖြစ်သည်။ သူတို့ကဲ့သို့ ကျန်းဟိုင်မြို့တွင်းရှိ ကြီးပြင်းလာသူများက ဂုဏ်ယူဝင့်ကြွားမှုကို ခံစားရတာ သဘာဝပဲ ဖြစ်သည်။

ဓါးမော့ဓါးဝိဇ္ဇာက ကျန်းဟိုင်မြို့၏ ဂုဏ်တက်စရာရှိနေ၏။

ခဏအကြာတွင် ကွမ်လျန်က ပြောလိုက်သည်။

" အချိန်စေ့တော့မယ်။ ချိတ်သွားပိတ်ဖို့ ပြင်ရအောင် "

" ဟုတ်ပြီ "

တုချန်ဖုန်းက လက်ခံလိုက်ပြီး ချက်ချင်းပင် ဘေးသို့ ဆုတ်သွားကာ ကွမ်လျန်နှင့် ကျန်သည့် ရှောင်လင်သိုင်းကျောင်းတော်၏ မဟာချီရှန်းများအတွက် နေရာဖယ်ပေးလိုက်သည်။

ဝိညာဥ်စုစည်းခြင်း အစီအရင်ကို တည်ဆောက်ရန်အတွက် ည၁၂နာရီတွင် အပြီးသတ်ရန် လိုအပ်သည်။

ထိုကဲ့သို့ မဟုတ်လျှင် မိစ္ဆာဝိညာဥ်ကို ဖိနှိပ့်သည့် အစီအရင်များကဲ့သို့ မဟုတ်ပေ။ ယင်းက မိစ္ဆာဝိညာဥ်၏ ခန္ဓာထဲရှိ မိစ္ဆာရောင်ဝါကို ဖိနှိပ့်ရန်အတွက် နေ့ဘက်တွင် နေ၏ စွမ်းအင်ကို ငှားရန်လိုအပ်သည်။

ကြယ်တာရာသားရဲများကို အစီအရင်အမြုတေအနေဖြင့် အသုံးပြုခြင်းက ကြယ်တာရာသားရဲကို ဖိနှိပ့်ရန် လိုအပ်ရုံသာမက ကြယ်တာရာသားရဲ၏ စွမ်းအင် နှိုးထဖို့ကိုလည်း စိတ်ချသေချာစေရန် လိုအပ်သည်။ ဒီတော့မှ ဝိညာဥ်စုစည်းခြင်း အစီအရင်က ပြီးပြည့်စုံဆုံး အာနိသင်ကို ရရှိပေလိမ့်မည်။

ထို့အပြင် တခြားအမြင်အရ ကြယ်တာရာသားရဲ
နှင့် လူသားနှစ်မျိုးလုံးသည် နေ၏ အလင်းရောင်ကို လိုအပ်ပြီး နေ၏ စွမ်းအင်ကို လိုအပ်ကြ၏။ ၄င်းက သန်မာပြီး သက်ဝင်လှုပ်ရှားမှု ပြည့်ဝသော စွမ်းအားဖြစ်သည်။