မှတ်စု @kolone1 Channel on Telegram

မှတ်စု

@kolone1


မှတ်စု (Burmese)

မှတ်စု ဆုံးပေါင်ခြင်းသည် အလွန်အမြှင့် ကျွန်ုပ်၏ လူမျိုးပြည်သူငယ်တို့ရဲ့ အဖွဲ့အစည်းများကို နိုင်ငံအကြောင်းဖြင့် စုံစမ်းသပ်ခြင်းဖြစ်သည်။ ဒီနေရာမှာ နိုင်ငံတကာ နှင့် ကျွန်ုပ်၏ ဝန်ဆောင်မှု အကြီးအား စုံရေး၍ လွတ်လပ်စွာ နိုင်ငံများဆောင်ရွက်ခြင်းအား တည်ဆောက်ပါရန် ဖြစ်ပါသည်။ မှတ်စု ဆုံးကြောင်းနှင့် လူမျိုးများ၏ အဖွဲ့အစည်းများများရေးသားခြင်းနှင့် ယူနစ်ကျင်တစ်ကျင် စုံစမ်းလိုသူများထဲမှ မဲနဲ့ ဝန်ဆောင်ရှောက်ပြီး ဖော်ပြပေးသည်။

မှတ်စု

03 Dec, 10:55


Yashoda (2022)
https://t.me/kolone1/927
.
ဒီကားကြည့်ပြီး ဆရာမင်းသိင်္ခပြောဖူးတာလေးသွားသတိရတယ်
'မမင်းဖြူမှန်မှန်ပြော' ဝတ္ထုထဲက နောက်ဆုံး မိုးသီး'ကို ဆားပုလင်းနှင်းမောင်'က
ဖမ်းတဲ့အခန်းပါ

နှင်းမောင်'က ကမ်းစပ်မှာရေပြင်ကျောပေးလို့ ဆေးလိပ်ဖွာနေတယ်
မိုးသီး'က ပုခုံးကိုပုတ်လို့ လှည့်လာတာနဲ့ တချက်ထဲမျက်နှာကိုထိုးချလိုက်မယ်ပေါ့

ဒီလိုအလွယ်တကူအထိုးခံရရင် နှင်းမောင်' လောက်ညံ့တဲ့ပလိပ်ဘယ်ရှိပါတော့မလဲ
ဒီတော့ပုတ်သူက မိုးသီး'ပဲဖြစ်ရမယ်လို့ကြိုတင်တွက်ဆထားတဲ့ နှင်းမောင်'က
ချက်ခြင်းမလှည့်ပဲ ရှေ့တလှမ်းတိုးလို့ ခုန်ပြီးခြေနဲ့ဝိုက်ကန်မယ်ပေါ့

ဒီလိုလှည့်ကန်ရုံနဲ့ လွယ်လွယ်လေးလဲကျကြေးဆိုရင် ထိပ်သီးလူမိုက်ပါလို့အမည်ခံထားတဲ့
မိုးသီး'က ငပေါသာသာဖြစ်သွားမှာပေါ့
ဒီတော့ ဒီလိုငပေါမျိုးကို သေသေချာချာကြီးအကွက်ချဖမ်းနေရကတည်းက
ဖမ်းနေရတဲ့ နှင်းမောင်'လည်း ငတုံးစုံထောက်လုံးလုံးဖြစ်သွားမှာပေါ့

ဒီတော့ ဒီလိုပတ်ကန်လိမ့်မယ်ဆိုတာကြိုတင်တွက်ဆထားပြီးဖြစ်၍
နောက်တလှမ်းဆုတ်လို့ နှင်းမောင်'ရဲ့ ဝမ်းဗိုက်ဆီလက်သီးနှစ်လုံးပြစ်သွင်း

ဒီလိုနောက်ဆုတ်ပြီး တန်ပြန်တိုက်မယ်ဆိုတာကို ကြိုတင်တွက်ဆထားသော
နှင်းမောင်'က လေမှာတပတ်လှည့်လို့ ဘယ်ခြေနဲ့ ဇက်ပိုးကိုရိုက်ချ

ဒီလိုရိုက်ချမယ်ဆိုတာ ကြိုတင်တွက်ဆထားပြီးသော မိုးသီး'က လက်နဲ့ကာ
ဒီလိုကာမယ်ဆိုတာ ကြိုတင်တွက်ဆထားပြီးသော နှင်းမောင်' ပင့်ထိုး
ဒီလိုဒီလိုနဲ့ စာကြောင်းရေသာများများလာပြီး အဆုံးမသတ်နိုင်ဘဲ လည်နေပါလေရောတဲ့

ဒီကားကလည်း ဒီလိုပါပဲ ဇာတ်ကားနာမည်က Yashoda  ဆိုပေမယ့်
ကိုယ်တော့ 'ကြိုတင်တွက်ဆထားပြီးသော'လို့ပဲ အမည်ပေးချင်တယ်ရယ်

ဒါရိုက်တာ : ဟာရေ့ရှ် နာရာယမ် (Hareesh Narayan)
                  ကေ ဟာရီ ရှန်ကာ (K. Hari Shankar)

မင်းသမီး   : စမန်သာ ရုသ် ပရက်ဘူ (Samantha Ruth Prabhu)
                   ဗာရာလက်ချ်မီး ဆာရာကူမာရ် (Varalaxmi Sarathkumar)
.
ဇာတ်ကားကြည့်ရန်
https://t.me/koloneypoei/307
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ

မှတ်စု

02 Dec, 15:17


Picket 43 (2015)
https://t.me/kolone1/924
.
စည်းရိုးအမှတ် ၄၃ တဲ့  ဇာတ်ကားအမည်လေးကထူးထူးဆန်းဆန်း
မာလေယာလမ်ကားဖြစ်သည့်အတိုင်း ဇာတ်လမ်းတည်ဆောက်ပုံကလည်းဆန်းတယ်

တနိုင်ငံနဲ့တနိုင်ငံ နယ်ခြားစည်းတွေက ဂိတ်တံခါးတွေဟာ ကိုယ်စီသင်္ကေတတွေနဲ့ပေါ့
တရားမဝင်လာရောက်နေထိုင်သူတွေကြောင့် မြင့်မားခိုင်ခံ့တဲ့ မက္ကစီကိုနဲ့အမေရိကန်ကြားက
နိုင်ငံကြီးတခုရဲ့ အတ္တကိုအရောင်တင်လို့ ခိုလှုံချင်သူတွေအတွက်
အာဏာစက်နဲ့ ခြောက်လှန့်နေသလိုလို ကြောက်လန့်သွားစေသလိုလို

ကျွန်တော်တို့ရဲ့ နယ်ခြားဂိတ်တံခါးတွေကြည့်ပြန်တော့ လိုတမျိုး မလိုတမျိုး
ဖွင့်ချည်ပိတ်လှည့် မသာမာမှုလနိုင့်ထက်ကလူပြုတတ်တဲစိနကြီးရဲ့ ဂိတ်တံခါးတွေလို

ထိုနည်းတူစွာ အိန္ဒိယမှာလည်း နယ်မြေပိုင်းခြား စည်းပေါင်းများစွာပေါ့
တချို့ကလည်းခန့်ခန့်ငြားငြား အခမ်းအနားနဲ့ဖွင့်ကြလှစ်ကြ ကြည်နူးစရာ

ဒါပေမယ့် ကက်မီးယားရဲ့တနေရာ ရေခဲပြင်တို့လွှမ်းမိုးရာမှာတော့
နိုင်ငံ့အတွင်း ခိုးဝင်ဖျက်စီးသူတွေရန်ကကင်းစေဖို့စောင့်ကြည့်ရတဲ့ စခန်းတခု အမှတ်-၄၃ တဲ့
ခဲတပြစ်အကွာမှာတော့ တဖက်နိုင်ငံက သူ့လိုစခန်းတခု

ဒီမှာတော့ ခမ်းနားဖို့ဝေးလို့ မြေစိုက်တဲမှာ စစ်သည်တဦးခွေးတကောင်သာ
ကျွမ်းကျင်တဲ့စစ်သည်တွေတောင် ရန်သူတွေရဲ့စီးနင်းပစ်ခတ်မှုကြောင့်
ခန္ဓာစဲရသည်ကခဏခဏမို့ မရဏစခန်းတခုလို

ဒီလိုသူစိမ်းသူနဲ့ ရန်ပြုလိုသူရဲ့မလှမ်းမကမ်းက အစောင့်စစ်သည်တယောက်ရဲ့ဘဝနဲ့တန်ဖိုးကို
Director: မေဂျာ ရာဗီး ( Major Ravi) ကရိုက်ကူးပြီး


ပရီသဗီရာဂျ် ဆူကူမာရန် (Prithviraj Sukumaran)
ဂျာဗစ် ဂျာဖရီ (Jaaved Jaaffrey) တို့က သရုပ်ဆောင်ထားတာပါ

ဒီဇာတ်ကားလေးနဲ့ ယခုကာလ
စခန်းအတွက် ရပ်ရွာအတွက် မြို့ပြအတွက် စောင့်လျှောက်ကာကွယ်ပေးခဲ့ကြတဲ့ ပေးနေကြတဲ့
လုံခြုံရေးကင်းညီကိုတွေကို ဂုဏ်ပြုဦးညွှတ်ပါရစေ...
.
ဇာတ်ကားကြည့်ရန်
https://t.me/koloneypoei/2345
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ

မှတ်စု

01 Dec, 07:25


Minmini (2024)
https://t.me/kolone1/920
.
ဒီကားလေးက ဟိမဝန္တာတောင်တန်းတွေဆီ ဆိုင်ကယ်လေးစီးလို့
တကိုယ်တည်း လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးခရီးထွက်ရတဲ့ခံစားချက်မျိုးပေးနိုင်ပါတယ်

ဇာတ်ကားအစ အစောပိုင်းမှာကတည်းက ကောင်လေးတယောက်သေသွားတယ်
ဒါပေမယ့် သူ့နှလုံးသား သူ့စိတ်ကူးတွေ ရည်ရွယ်ချက်တွေ ဟန်ပန်တွေက
ရှင်သန်နေတုန်း လှုပ်ရှားနေတုန်း

ဇာတ်လမ်းလေးက မိဘမဲ့ဂေဟာမှာကောင်လေးတယောက်ရှိတယ်
ဉာဏ်ကောင်းပေမယ့် ကျောင်းစာထက် အားကစားမှာပိုပျော်မွေ့လို့
အထူးသဖြင့် ဘောလုံးမှာပေါ့

သူကပေါ့ပါးတယ် လွတ်လပ်တယ် ဘဝရည်မှန်းချက်ကအစပေါ့
ဆရာဝန် အင်ဂျင်နီယာ ရုပ်ရှင်မင်းသားမင်းသမီးဖြစ်လိုသူတွေကြား
သူကတော့ရှင်းရှင်း #ဟိမဝန္တာတောင်တန်းတွေဆီဆိုင်ကယ်နဲ့သွားလိုတယ် တဲ့

နောက်မှရောက်လာတဲ့ကောင်လေးက ရွံ့တွန့်တွန့်သိမ်သိမ်ငယ်ငယ်နဲ့
တလောကလုံးကဝန်မှန်သမျှထမ်းထားရသလိုလို လွပ်လပ်ခြင်းကိုမသိသလိုလို
ပေါ့ပါးခြင်းကိုမသိသလိုလိုမို့ သူ့လိုပျော်စေချင်တယ်
ဘဝကိုစိတ်လက်ပေါ့ပါးစွာဖြတ်သန်းစေလိုတယ်

ဒီတော့မိတ်ဖွဲ့တယ် အဆင်မပြေ
မတုန်မလှုပ်ခံစားမှုကင်းမဲ့သူလို့ လွန်ကဲတဲ့အဆိုးမြင်မှုတွေနဲ့မပျော်ရွှင်နိုင်သူလို
လူငယ်တယောက်ရဲ့ဟန်ပန်မျိုးမရှိတာမို့
စိတ်ထွက်ပေါက်အလို့ငှာပွင့်အံကျလာစေဖို့ ဖွင့်ထုတ်ဖောက်ခွဲပြစ်နိုင်ဖို့ စ'တယ်

တရားလွန် စ'တယ်
အနိုင်ကျင့်တယ်
တမင်နှောက်ယှက်တယ် သို့တိုင်သူကမတုန်လှုပ်ကြောက်ရုပ်လို သည်းခံလို့မတုန့်ပြန်

ဒီလိုနဲ့ သူ့တို့ကျောင်းကလေ့လာရေးခရီးအထွက်မှာကားမှောက်လို့
အဲ့ကောင်လေးကိုကယ်တင်ရင်းက ဆုံးပါးအသက်စတေးသွားခဲ့ရတယ်

ဒီတော့ သူ့ရဲ့ဖြည့်စည်းခွင့်မရလိုက်တဲ့ဆန္ဒကို ဖြည့်စည်းပေးလိုဆန္ဒနဲ့
ငူငူငိုင်ငိုင်ကောင်လေးက သူ့နည်းအတိုင်းသူစတိုင်လိုနေထိုင်ရင်း
သူ့ရည်ရွယ်ရာအောင်မြင်အောင် ကိုယ်စားလုပ်ဆောင်ရင်းက

ပြန်ပြောပါရစေ.. ကောင်လေးတယောက်သေသွားတယ်
ဒါပေမယ့် သူ့နှလုံးသား သူ့စိတ်ကူးတွေ ရည်ရွယ်ချက်တွေ ဟန်ပန်တွေက
ရှင်သန်နေတုန်း လှုပ်ရှားနေတုန်း

Director: ဟာလီသ ရှမီ (Halitha Shameem)
.
ဇာတ်ကားကြည့်ရန်
https://t.me/koloneypoei/2675
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ

မှတ်စု

29 Nov, 14:07


ဗိုက်ကလေး ၏ စရိုက်သဘာဝကို ခံစားသုံးသပ်ခြင်း
Https://www.youtube.com/@thantunlayinde
.
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

မှတ်စု

29 Nov, 02:58


မန်ယူ 3-2 ဘိုဒို (ယူရိုပါလိဂ်)
-----------------------
ဂါနာချို Evjen
ဟွိုက်လန်း Zinckernagel
----------------------
Https://www.youtube.com/@thantunlayinde
.
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

မှတ်စု

28 Nov, 17:23


Munjya (2024)
https://t.me/kolone1/915
.
သရဲကားဆိုပေမယ့် တွေ့နေကြအိန္ဒိယသရဲကားတွေနဲ့ သိသိသာသာကွဲထွက်နေပါတယ်
အကြမ်းပတမ်း ရည်ရွယ်ချက်မဲ့လျှောက်ခြောက်နေတာမျိုးမဟုတ်ဘဲ
ဆန္ဒတခုအပေါ်အခြေခံလို့

ဇာတ်လမ်းလေးက အတိတ်ကစတယ်
၁၂ နှစ်အရွယ်ကောင်လေတယောက်က သူ့ထက်ကြီးတဲ့အမျိုးသမီးကိုစွဲလမ်းမိရင်း
သူမ မင်္ဂလာဆောင်တော့မယ်လို့ သိလိုက်ချိန်မှာ
အစီအရင်တွေပြုလို့ အောက်လမ်းပညာနဲ့ စိုးပိုင်ဖို့ကြိုးစားရာက
စည်းပေါက်လို့ သေပွဲဝင်သွားရပါတယ်

ဒါပေမယ့် စွဲလမ်းစိတ်နဲ့ အမှောင်ဖုံးချိန် ခန္ဓာစဲခဲ့ရသမို့
မကျွတ်မလွတ်နိုင်ဘဲ အစီအရင်ပြုရာနေရာမှာပဲ မိစ္ဆာတကောင်အလား
သူ့ဆန္ဒပြည့်စုံဖို့ တတောင်းတတနဲ့ မွတ်သိပ်မှုက

တတိယမျိုးဆက်တယောက် သူ့နေရာရောက်လာချိန်မှာ
စီးဝင်ပူးကပ်လို့ လိုက်ပါခဲ့ရင်း သူ့ရဲဆန္ဒတွေပြည့်အောင် ဖြည့်စည်းခိုင်းရာက

အတိတ်ကချစ်ဦးသူက အိုမင်းရွတ်တွနေပြီမို့ မြေးမလေးမြင်ခိုက်
ရမက်ဇောကြွလို့ ဘဝင်လှိုက်အောင်ချစ်ခင်စုံမက်သွားတဲ့ ပီဘိကလေးနှာဘူးသရဲ

ဒီလိုနဲ့ တဏှာရင့်သန်လွန်းတဲ့ အနှီးသကောင့်သားလေးကို ချေဖျက်ဖို့ရာကြံစည်ကြရင်း
ဝိဉာဥ်ပြောင်းထားတဲ့ဆိတ်မကိုသတ်လို့ ဇိဝိန်ချုပ်ဖို့အလုပ် လွတ်ထွက်သွားရာက

အခြားသောခန္ဓာတွေကို လှည့်လည်ပူးကပ် ချုပ်နှောင်ရာသစ်ပင်ဆီပြန်အရောက်
အခြားသူတွေကို ပူးဝင်နှောက်ယှက် ရက်စက်စွာမနှိပ်ဆက်နိုင်ဖို့ ကျိုးစားကြရင်း..

ဒီကားကို
Director: အာဒိသရ ဆာပေါ့ဒါ ( Aditya Sarpotdar)
ဗစ်တူ : အာဘဟေး ဗာရ်မာ (Abhay Verma)
လိုင်လာ : ရှာဗာရီ ဝပ်ဂျ် (Sharvari Wagh)
.
ဇာတ်ကားကြည့်ရန်
https://t.me/koloneypoei/2498
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ

မှတ်စု

27 Nov, 06:45


တာယာပွကြီး (၂၅-အုပ်) သန်းထွန်းလေး ☆ အင်းတဲရွာ
Https://www.youtube.com/@thantunlayinde
.
အရေးတော်ပုံအောင်တော့မည်
စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

21,189

subscribers

203

photos

226

videos