Dream @never_giveup_on_your_dream Channel on Telegram

Dream

@never_giveup_on_your_dream


ကျွန်တော်သိသမျှ experience & knowledge တွေ sharing လုပ်ပေးမှာပါ ။ အထီးကျန်ရင် အဖော်ပြုပေးမယ့် စာတိုတွေကလည်း ကြိုဆိုနေပါတယ် ~

Dream (Burmese)

ဤ Dream ဆိုတဲ့ channel ကကျွန်တော်သိသမျှ experience & knowledge တွေကို မိတ်ဆက်စွာ sharing လုပ်ပေးပါတယ်။ ဤကြိုဆိုနေပါတယ်။ "never_giveup_on_your_dream" ဆိုတဲ့ username အဖော်ပြုပေးမယ့် စာတိုတွေကလည်း ဤလူမှာက ရှိတဲ့ အတွက် သေသေချာချာ လက်ဆောင်ရှယ်ပေးပါတယ်။ ဤ channel သည် အသက်အရွက် နှင့် အတတ်နိုင်သည့် အစားအသောက်များကို ဆောက်ဆယ်စွာ ဖြေဆွဲသွားနိုင်ပါသည်။ ဤ channel ကိုယ်စားခွင့်ကြည့်ရင် နားလည်ချက်တွေ အကုန်လုပ်ပါပြီ။

Dream

05 Jan, 08:30


The reason I keep going.
#owner@Never_giveup_on_your_dream

Dream

04 Jan, 12:36


BTC readerတွေရဲ့ အခြေအနေ
#owner

Dream

04 Jan, 12:21


ဟုတ်သည်။ နှင်းဆီဖြူဟာ ထို screenshotတွေကို ဖတ်ပြီးသည်နှင့် ဆွံအသွားသည်။ " ငါဘယ်သူ့ကိုဘာများလုပ်ခဲ့လို့လဲ " ဟုတွေးသည်။" ငါက အဲ့ဒီလောက်ထိတောင် မကောင်းတဲ့သူလား " ဟုတွေးသည်။ ထိုစဉ် ငြိမ်းချမ်းသူဟာ Direct messageကနေစာပို့လေသည်။

" နှင်း‌ဆီဖြူ "

ထို့နောက် ဖုန်းထခေါ်လေသည်။ နှင်းဆီဖြူ declineကို နှိပ်လေသည်။ ယခုအချိန်တွင် နှင်းဆီဖြူ ဘာကိုမှမတွေးနိုင်ချေ။ ငြိမ်းချမ်းသူက ထပ်ခေါ်လေသည်။

" ကိုင်နော် မကိုင်မချင်း ကျွန်တော်ခေါ်နေမှာ "

သုံးခေါက်မြောက်တွင် answerကို နှင်းဆီဖြူနှိပ်လိုက်လေသည်။ ငြိမ်းချမ်းသူဟာ " Hello" "ဟု အစမပြုဘဲ

" အဲ့ဒီ..စောက်ရေးမပါတဲ့ကောင်တွေပြောတဲ့ထဲ အမှန်တစ်ချက်မှမပါဘူး "

နှင်းဆီဖြူ ယခုအချိန်တွင် အလိုအပ်နေဆုံးသော စကားဖြစ်လေသည်။

" ကျွန်တော်ပြောတာကြားလား နှင်းဆီဖြူ
အဲ့ဒီ စောက်ရေးမပါတဲ့ကောင်တွေပြောသမျှတစ်ခုမှ မဟုတ်ဘူး။ နှင်းဆီဖြူက အဲ့လိုလူစားမဟုတ်ဘူး။ "

" ငြိမ်းချမ်းသူ..ငါ့ထက် နင်ကပိုလောင်နေသလိုပဲ "

" စောက်ရေးမပါတာတွေပြောတာကိုမြင်လိုက်တာ ဒေါသထွက်တယ်ဗျ "

" ငါထွက်ဖို့လဲ ချန်ပါဦး "

" မချန်ဘူးဗျာ "

ထိုစဉ် ငြိမ်းချမ်းသူဘက်မှ Typingသံပေါ်ထွက်လာလေသည်။

" ဟဲ့ ဘယ်သူလဲ လူမင်းလား? ပြောလိုက် ငါဘာမှမဖြစ်ဘူးလို့ "

" မဟုတ်ဘူး စောနက အဲ့ဒီ screenshotထဲပါတဲ့ကောင်ကို ဆဲမလို့ စာရိုက်နေတာ "

" Wtf ဟဲ့ ဟဲ့ ငြိမ်းချမ်းသူ မလုပ်နဲ့
မဆဲနဲ့ ကိုယ့်အလွန်ဖြစ်မယ် "

" မရဘူးဗျာ သူတို့ကစလွန်တာလေ "

" ဟဲ့! သူတို့ကိုဆဲတဲ့စာတစ်ကြောင်း နင်ပို့လိုက်တာနဲ့ ငါနင့်ကို Blockပြီပဲ "

ငြိမ်းချမ်းသူ အသံတိတ်သွားလေသည်။ တစ်အောင့်လောက်ကြာမှ မကျေမနပ်အသံဖြင့်

" မပို့ဘူး မပို့ဘူး "

" နင့်ပြန်ထိန်းနေရတယ် ပြောင်းပြန်ဟာ " ဟုပြောကာ နှင်းဆီဖြူတစ်ယောက် ကြိတ်ရယ်လေသည်။

" ရယ်တယ်ပေါ့ "

" ရယ်တယ်ဟာ "

ငြိမ်းချမ်းသူလည်းရယ်ကာ
" တော်သေးတယ် ရယ်လို့ "

___

နာ
ရီဝက်လောက်ကြာမှ နှင်းဆီဖြူဟာ Group chatထဲတွင်

" ကြည့်ရတာ ငါ့ကိုဘလိုင်းကြီး ကြည့်မရတဲ့သူတွေ အတန်းထဲတော်တော်များတာပဲ "

လူမင်းက
" လူတွေဆိုတာ အဲ့ဒီလိုပဲ သူငယ်ချင်း "

ဟယ်ရီက
" နင်နဲ့ ငြိမ်းချမ်းသူက စာရိုက်နေရင်း တန်းလန်းကြီး ဘယ်ပျောက်သွားတာလဲ "

ငြိမ်းချမ်းသူက
" သွားရယ်နေတာ "

နှင်းဆီဖြူက
" လူမင်း နင်ကအဲ့ဒီ screenshotကိုဖြစ်ဖြစ်ချင်း ဘာလို့လာမပြတာလဲ "

လူမင်းက
" ဖြစ်ဖြစ်ချင်းသာလာပြလိုက်ရင် သောင်းကျန်းမယ့်တစ်ကောင်ရှိတာ သိလို့လေ "

ဟယ်ရီက
" ဘယ်ကောင်လဲ "

လူမင်းက
" ငြိမ်းချမ်းသူလေ "

နှင်းဆီဖြူက
" ဒီတိုင်းထားလိုက်ရအောင်လည်း ငါ မကျေတော့မကျေနပ်ဘူးဟ "

ဟယ်ရီက
" ရှုပ်တယ်ကွာ အဲ့မအေပေးတွေကို သွားဆဲမယ် "

နှင်းဆီဖြူက
" ကျောင်းရဲ့ရုံးအဖွဲ့စီကို အဲ့ဒီ screenshotတွေ emailနဲ့ပို့ပေးလိုက်မယ် "

လူမင်းက
" ဟာ နင်ကပိုဆိုးနေတယ်။ တစ်တန်းလုံး ကားကုန်မယ်။ နင်အခု ငါတို့ Group chatသက်သက်ဖွဲ့ထားတာကို ရုံးအဖွဲ့သိရုံနဲ့တင် ကျောင်းထုတ်ခံရမယ့်ကိန်းဟ "

ဟယ်ရီက
" ရုံးအဖွဲ့ကို ဆွဲမထည့်နဲ့လေ နင်ကလည်း "

လူမင်းက
" ဖြစ်တာကဖြစ်ပြီးပြီဟာ
ဒီscreenshotတွေ နင့်ကိုပြတာကလည်း သတိထားစေချင်လို့။ ဘာမှမသိဘဲ နောက်ကျောဓားနဲ့ထိုးခံရမှာစိုးလို့ "

ဟယ်ရီက
" ငါကတော့ ပညာတွေရလိုက်ပြီ "

လူမင်းက
" ငြိမ်းချမ်းသူ မင်းလည်းသွားသောင်းကျန်းမနေနဲ့။ ခွေးနဲ့ဖက်မကိုက်ရဘူး "

ငြိမ်းချမ်းသူက
" မင်းကို ဖက်ကိုက်ရမလား?
ကိုယ့်သူငယ်ချင်း ကိုယ့်မျက်စိရှေ့မှာ မဟုတ်တာအပြောခံရတာကိုတောင် ရပ်ကြည့်နေတဲ့မင်းကို ငါကြည်မနေဘူးနော် "

လူမင်းက
" Groupဖျက်ပြေးသွားတာပါဆို
ဘာလဲ ငါက ဟျောင့်တွေ မပြေးနဲ့ ငါ***တွေဆိုပြီး လိုက်ဆဲရမှာလား "

ငြိမ်းချမ်းသူက
" အေး "

နှင်းဆီဖြူက
" It's okay. I'm fine. ဂင်ချာနာ ဂင်ချာနာ "

ဟယ်ရီက
" ငါ့သူငယ်ချင်းကို ကြိတ်မုန်းနေကြတယ်ဆိုတော့..သဘောက ငါတို့အတန်းထဲ‌ အောင်မြင်နေတာပဲ "

နှင်းဆီဖြူက
" အဲ့ဒီ screenshotထဲက roll no 44က ဘယ်သူလဲဆိုတာ ငါသိတောင်မသိဘူး။ ငါနဲ့လည်းတစ်ခါမှစကားမပြောဖူးဘူး "

လူမင်းက
" အေး အဲ့တာ တအားထင်ပေါ်နေတာ "

ငြိမ်းချမ်းသူက
" Screenshotထဲမှာ roll no8က ဘာတဲ့
နှင်းဆီဖြူကို သိပ်သဘောမကျဘူးဆိုပဲ "

လူမင်းက
" အလကားပါကွာ နှင်းဆီကို မယှဉ်နိုင်လို့ သောက်ပိုတွေပြောနေတာ "

ငြိမ်းချမ်းသူ
" သူ နှင်းဆီဖြူကို သဘောမကျတာ ဘာလုပ်ရမှာလဲ
ငါသဘောကျတယ်လေ "

#BTC
#forward_only
#owner@Never_giveup_on_your_dream

Dream

04 Jan, 12:16


" Beyond the screen ( Chapter - 35 ) "

New yearကျောင်းပိတ်ရက်၌ Group chatထဲတွင်

ဟယ်ရီက
" သားကြီးတို့ social studiesက‌ ကျောင်းပြန်ဖွင့်ရင် လုပ်ပြရမှာမလား "

ငြိမ်းချမ်းသူက
" အေး "

လူမင်းက
" ငါက ဘယ်အဖွဲ့ထဲပါတာလဲ "

ငြိမ်းချမ်းသူက
" ငါတို့အဖွဲ့ထဲလေ "

လူမင်းက
" အဲ့တာဆို ငါတို့အဖွဲ့ထဲ ဘယ်သူတွေပါတာလဲ "

နှင်းဆီဖြူက
" ငါရယ်, ငြိမ်းချမ်းသူရယ်, 01, 07, 08, 11, 12, 43, 45, 48 "

လူမင်းက
" ဟာ 08ပါတာလား "

နှင်းဆီဖြူက
" နင်နဲ့သိတာလား "

လူမင်းက
" အဲ့လိုတော့မဟုတ်ဘူး "

ဟယ်ရီက
" ဘာလဲ မင်း 08စီက ပိုက်ဆံချေးထားလို့လား "

လူမင်းက
" သောက်ပေါက်ကရတွေမပြောနဲ့ "

ငြိမ်းချမ်းသူက
" ဒါဆို မင်းကဘာလို့ 08ပါတာကို 'ဟာ'ထဖြစ်တာလဲ "

လူမင်းက
" မင်းတို့မသိပါဘူးကွာ "

နှင်းဆီဖြူက
" အော် မသိလို့မေးနေတာလေ "

ဟယ်ရီက
" နေဦး 08ဆိုတာ မြန်မာပြဇာတ်တုန်းက သူမပါရလို့ နှင်းဆီကို ပြဿနာရှာတဲ့တစ်ယောက်မလား "

ငြိမ်းချမ်းသူက
" အေးလေ "

လူမင်းက
" မင်းတို့မသိဘူး မင်းတို့မသိတာတွေရှိတယ် "

ဟယ်ရီက
" အော် ဒီမအေ..ပြောမှာဖြင့်မပြောဘူး "

လူမင်းက
" နှင်းဆီ မှတ်မိလား။ နင်မသိတဲ့ ကိစ္စတွေရှိတယ်လို့ ငါပြောဖူးတာ "

နှင်းဆီဖြူက
" အေး "

လူမင်းက
" ပြောပြမယ်ဟာ "

ဟယ်ရီက
" ဘာတွေဖြစ်နေကြတာလဲ "

လူမင်းက
" လွန်ခဲ့တဲ့ တစ်လလောက်က နင့်ကို မကြည်တဲ့သူတွေ groupဖွဲ့ကြတယ် "

ငြိမ်းချမ်းသူက
" အတည်ကြီး? "

နှင်းဆီဖြူက
" ဟင် "

လူမင်းက
" ပြမယ် ငါ screenshotတွေယူထားတယ် "

ထို့နောက် screenshotတစ်သီတစ်သန်းပို့လေသည်။ screenshotထဲက ပုံစံအရဆိုလျှင် messenger groupပုံစံဖြစ်လေသည်။ screenshotထဲတွင်

Roll 8က
" ငါတစ်ခုမေးစရာရှိလို့
နှင်းဆီဖြူကိုသွားမပြောကြနဲ့နော် "

Roll13က
" မေးလေ "

Roll 44က
" ငါဆဲချင်နေတာ "

Roll 8က
" သူ့ကို ကြည့်လို့ရကြလား "

Roll 44က
" သွားပြောလဲ idc "

Roll 5က
" မရဘူး ငါတော့ အခုသူ့ကြောင့်ကျောင်းထွက်မှာပဲ "

Roll 13က
" ဘာဖြစ်လို့လဲ "

Roll 3က
" 05နဲ့ ပွဲဖြစ်ထားတယ်ကြားတယ် "

Roll 8က
" ငါ နှင်းဆီဖြူကို သိပ်သဘောမကျဘူး "

Roll 5က
" မရဘူး ငါတကယ်ထွက်မှာ
ထွက်စာတင်ရင် classmate နှင်းဆီဖြူကြောင့် ထွက်တာပါလို့ တင်မှာ "

Roll 3က
" နင်ပြောတော့ ကျောင်းတတ်စရာရှိလို့ နှစ်လပိုင်းမှထွက်မယ်ဆို "

Roll 5က
" အာ့ အခုထွက်တော့မယ် "

Roll 3က
" ဟ "

Roll 5က
" ဟဲ့ နေဦး
ဒီ Groupထဲ လူမင်းရှိတယ်ဟ
နှင်းဆီဖြူကို ပြန်ပြောရင်... "

Roll 44က
" ပြောလေ ငါရှင်းမယ် "

Roll 13က
" ငါ ဟိုက်ပါတွေကိုကြောက်တယ်ဟ "

Roll 44က
" ရှင်းမလားအခု
ကျောင်းGroupတစ်ခုထဲမှာ mentionပြီး "

Roll 8က
" ငါလေ ဟိုက်ပါတွေကို အကြောက်ဆုံးပဲ "

Roll 44က
" ဘာမှဟိုက်ပါမဟုတ်ဘူး
Attentionလိုချင်နေတာ "

Roll 13က
" ဟ စိတ်လျော့ကြ "

Roll 44က
" အဲ့လိုပြောမနေနဲ့
အဲ့တစ်ယောက်က ဘယ်လိုလဲဆိုတာ မင်းလည်းတွေ့တာပဲ "

Roll 8က
" ငါတို့ ပွဲရှာမယ်ဆိုရင် ကျောင်းရုံးအဖွဲ့မသိဖို့အရေးကြီးတယ် "

Screenshotဟာ ထိုနေရာမှာတင်အဆုံးသတ်သွားလေသည်။

ဟယ်ရီက
" ဟာ wtf "

လူမင်းက
" မြန်မာပြဇာတ်တုန်းကကွာ နှင်းဆီ 05နဲ့ပြဿနာတတ်တဲ့အချိန်မှာဖြစ်တာ "

ဟယ်ရီက
" မင်းက ဘယ်လိုလုပ် အဲ့ဒီ groupထဲရောက်နေတာလဲ? မင်းလည်း ကြံရာပါမလား "

လူမင်းက
" ခွေးစကားမပြောနဲ့
အဲ့ဒီ Groupစဖွဲ့ကတည်းက ငါ့ကိုဘလိုင်းကြီး inviteထားတာ။
ငါလည်း ဝင်မကြည့်ဘူး muteထားတာ။
ဖြစ်ချင်တော့ အဲ့ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဝင်ကြည့်မိတာ "

ငြိမ်းချမ်းသူ
" မင်းက နှင်းဆီဖြူအကြောင်း မဟုတ်တာတွေပြောတာကို ထိုင်ကြည့်နေတယ် ငါ... နည်းနည်းပါးပါး ဆဲခဲ့လေ "

လူမင်းက
" ဟျောင့် ငါ typingရိုက်မလို့လုပ်တုန်း အဲ့ကောင်တွေက Groupဖျက်ပြေးသွားတယ်လေ
Messenger Groupမလို့ historကျန်ခဲ့ပြီး ငါ screenshotရိုက်လို့ရတာ "

ဟယ်ရီက
" အူတက် "

ငြိမ်းချမ်းသူက
" မင်းက ဒီအခြေအနေကြီးမှာ ရယ်တယ်? "

ဟယ်ရီက
" မဟုတ်ဘူး ငါရယ်တာ messengerမှာ Groupဖွဲ့တဲ့ ဖြုတ်ဦးနှောက်နဲ့ကောင်တွေကို ရယ်တာ "

လူမင်းက
" အေးကွာ ငါ့စီ historyကြီးကျန်ခဲ့တာ "

ဟယ်ရီက
" ပြောရင်းဆိုရင်း နှင်းဆီဖြူဘယ်ပျောက်သွားတာလဲ "

လူမင်းက
" ဘယ်စိတ်ကောင်းမလဲ နှင်းဆီက "

ဟယ်ရီက
" အဲ့ထဲက မအေပေးတွေပြောတာ အမှန်မှမဟုတ်တာ မင်းကလည်း "

လူမင်းက
" အော် သောက်ပေါကတစ်မျိုး
ကိုယ့်ရှေ့မှာ ကိုယ့်ကိုမကောင်းပြောတာမြင်ရရင် ဘယ်သူကစိတ်ကောင်းမှာလဲ "

Dream

04 Jan, 10:35


Pov: Dream channel owner reading the poem she wrote.
#forward_only
#owner

Dream

04 Jan, 03:22


ကျွန်တော် Secret message boxလေး ဖွင့်လိုက်ပါတယ်။
မေးချင်တာ၊ ပြောချင်တာမှန်သမျှလာရေးလို့ရပါတယ်✌️
( ဝတ္ထုမupရင်လည်း လာဆဲ အဲလေ လာဆူလို့ရပါတယ် )

link👇
https://secret.daredaddy.com/feDAyb6d9k

Message boxထဲဝင်သမျှစာတွေကို ဒီpostအောက်မှာပဲ ပြန်ဖြေပေးပါမယ်
#owner@Never_giveup_on_your_dream

Dream

03 Jan, 14:03


" အစီရင်ခံစာ "
မျှော်လင့်ချက်တွေပေးပြီး
ကန်ထုတ်ခဲ့တဲ့ ဖြစ်စဉ်အောက်မှာ
နှလုံးသားတွေ ကွဲကြေရတာပဲ...။
#sarto
#forward_only
#owner

Dream

02 Jan, 00:58


Pov: ငြိမ်းချမ်းသူ notebook
#BTC
#owner@Never_giveup_on_your_dream

Dream

01 Jan, 15:56


ဒါလေးကတော့ Telegram commissionလေး ကျွန်တော့် channel joinထားတာပါ..။

တင်ပေးတဲ့ post, ဝတ္ထုတို, fic, စာတိုပေစတွေကိုကြိုက်နှစ်သက်ဆိုရင် အောက်က linkထဲဝင်ပြီး play or anythingလျှောက်လုပ်ကြည့်ပေးလို့ရပါတယ်
( ကျွန်တော်လည်း သေချာတော့မသိဘူး Teleက commissionရမယ်ဆိုလို့ Tryကြည့်တာ🥹 )

Link👇
https://t.me/bidpawbot?start=_tgr_ge_-mF42ZTc1

#owner@Never_giveup_on_your_dream

Dream

01 Jan, 12:34


“ ရည်းစားဟောင်း “

တစ်ဦးဆိုင်နာမ်ကို နှလုံးသွေးနဲ့ ဆွဲထုတ်မှတော့
အက်ကွဲကြောင်းတွေပဲ ရေးမိတာ မဆန်းပါဘူး..။

#sarto
#forward_only
#owner@Never_giveup_on_your_dream

Dream

01 Jan, 03:51


မီးတောက်ရစ်သမ်
( တာရာမင်းဝေ ကဗျာပေါင်းချုပ် )
#owner

Dream

31 Dec, 15:28


New year bonusအနေဖြင့် Beyond the screen ( Chapter 33 ) မှ ယောင်္ကျားအမှန်ပြဇာတ် Audio presentationကို တင်ပေးလိုက်ပါတယ်🌞

#BTC
#forward_only
#owner

Dream

31 Dec, 15:07


" ငါ့နာမည်ကြီး ဘာလုပ်မလို့လဲ နင်ကလည်း
လှလှပပလေးနာမည်ပေးစမ်းပါဟယ် "

" ပေးထားတာပဲလေ နှင်းဆီဖြူဆိုပြီး "

" ငါပြောတာက လှလှပပပေးလို့ "

" လှတယ်လေ နှင်းဆီဖြူက "

" ဟင် "

" နှင်းဆီဖြူနာမည်က လှတယ်လို့ "

" အာ အိုခေ "

" ဘာထင်လိုက်လို့လဲ "

" ငါ့ကို လှတယ်ပြောတာများလားလို့ "

" အဲ့လိုလည်း ဟုတ်တယ်လေ "

" ဒါနဲ့ ငြိမ်းချမ်းသူ "

" ဗျာ "

" ဒီနှစ်ထဲ ဆုံသမျှလူတွေထဲမှာ နင်ကလည်း ငါ့အတွက် အရေးပါဆုံးပဲ "

ငြိမ်းချမ်းသူ ဖုန်းscreenကိုကြည့်ကာ အလိုလိုပြုံးလေသည်။
___

Ne
w yearညတွင် ငြိမ်းချမ်းသူ ချချရေးတက်သော စာတိုပေစစာအုပ်လေးထဲတွင် " နှင်းဆီဖြူ " ဟု အမည်ရသော ကဗျာလေးတစ်ပုဒ် ထပ်တိုး၍လာလေသည်။

" နှင်းဆီဖြူ "

အဟောင်းစော်နံတဲ့ လောကထဲ
ငါ နှင်းဆီတစ်ပွင့် ဆူးခဲ့တယ်..။

နှလုံးအိမ်မှာ ဘာပန်းပွင့်သလဲ?
ပြေးကြည့်ကာမှ
နှင်းဆီအဖြူတစ်ပွင့် ‌တွေ့တယ်..။

ကမ္ဘာ့ဝင်ရိုးတစ်ပတ်ပြည့်တဲ့အချိန်မှာ
နှင်းဆီတစ်ပွင့်ကို
ငါဖြူဖြူစင်စင်ချစ်မိတယ်...။

#BTC
#forward_only
#owner@Never_giveup_on_your_dream

Dream

31 Dec, 15:05


" Beyond the screen ( Chapter - 34 ) "

New yearနီးလာသည်နှင့်အညီ နှင်းဆီဖြူတို့ တစ်တန်းလုံးဟာ ပိတ်ရက်မျှော်လေသည်။ သို့သော် ပိတ်ရက်အသံ တစ်စက်မှ မကြားရချေ။ New yearရောက်ခါနီး တစ်ပတ်အလို၊ social studiesအချိန်တွင်

" ကဲ ကလေးတို့
New yearအတွက် ကျောင်းတစ်ပတ်ပိတ်ပေးမယ်တဲ့ "

" Yessss! " ဟု တစ်တန်းလုံး ထအော်ကြလေသည်။

နှင်းဆီဖြူက
" ဘယ်ရက်ကနေ စမှာလဲချယ် "

တီချယ်က
" 30, 31, 1, 2, 3, 4, 5
ဒါပေမဲ့ တီချယ်က ပိတ်ရက်မှာ လုပ်လို့ရမယ့် Group workလေးပေးလိုက်မယ် "

" ဟာ " ဆိုသော အာမေဋိတ်အသံ တစ်တန်းလုံးပြိုင်တူထွက်လေသည်။

" တီချယ်တို့ နောက်သင်ခန်းစာက Electionတွေအကြောင်းဆိုတော့ ...တီချယ်အဲ့အခန်းတွေမသင်တော့ဘူး။ ကလေးတို့ Groupဖွဲ့ပြီးတော့ အဖွဲ့လိုက် Discussကြ။ ကျောင်းပြန်ဖွင့်ရင် အဖွဲ့လိုက် debateဖြစ်ဖြစ်၊ presentationပဲဖြစ်ဖြစ်လုပ်ရမယ် "

နှင်းဆီဖြူကတော့ တတ်ကြွစွာပင်
" ဟုတ် ချယ် "

တီချယ်က
" ကဲ ဒါဆို ကလေးတစ်ယောက်လောက် screen shareပေးဖို့လိုတယ်။ Groupကို spin wheelနဲ့ ခွဲမယ်။ "

" Spin wheel " ဟုဆိုသောကြောင့် တစ်တန်းလုံး လှုပ်လှုပ်ရွရွဖြစ်သွားလေသည်။ ရင်တထိတ်ထိတ်ဖြင့် ဘယ်သူနဲ့ အဖွဲ့တူတူကျမလဲ ဆိုသော ခံစားချက်ဟာ တစ်တန်းလုံးကို စိုးမိုးသွားလေသည်။ အတန်းတစ်ဝက်လောက်ဟာ နှင်းဆီဖြူနှင့် Groupတူတူကျရန် ကြိတ်၍ မျှော်မှန်းနေကြလေသည်။ အဘယ်ကြောင့်ဆိုသော် နှင်းဆီဖြူဟာ social studiesအပိုင်ဆုံးဖြစ်သောကြောင့်ဖြစ်လေသည်။ Wheelစစလှည့်ချင်းပင် နှင်းဆီဖြူဟာ Group 1 memberဖြစ်သွားလေသည်။

တစ်ဖက်တွင် ငြိမ်းချမ်းသူဟာ
" ကျွန်တော် တစ်ခါမှ ဆုမတောင်းဖူးပါဘူး အရှင်ဘုရား။ အခုတော့ တောင်းပါရစေ။ ကျွန်တော်မျိုး အခုအသက်အရွယ်အထိ လုပ်လာခဲ့သော ကောင်းမှုတွေကို နှင်းဆီဖြူနှင့် အဖွဲ့တူတူကျစေဖို့အတွက် ပုံအောပြီး ဆုတောင်းပါတယ်။ နှင်းဆီဖြူနဲ့သာ Groupတူတူကျခဲ့မယ်ဆိုရင် နေ့တိုင်း ဘုရားမှန်မှန်ရှိခိုးပါ့မယ်။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး " ဟု စိတ်ထဲတွင် အကြိမ်ကြိမ် ဦးချကာ ဆုတောင်းနေလေသည်။

ထိုအချိန်တွင် spin wheelဟာ ငြိမ်းချမ်းသူ၏ roll noတွင်ရပ်သွားလေသည်။

တီချယ်က
" Roll no 31, Group one "

ငြိမ်းချမ်းသူ ထခုန်လေသည်။

တီချယ်က
" 31? ပြန်ဖြေသံမကြားပါလား zoomထဲမရှိဘူးလား? အဲ့တာဆို Group 1 ထဲကထုတ် .."

ငြိမ်းချမ်းသူ ကမန်းကတန်း micဖွင့်ကာ
" ရှိတယ်! ရှိတယ်ချယ် "

တီချယ်က
" အော် အေး အေး "

Spin wheelဖြင့် အဖွဲ့ခွဲခြင်း ပြီးသွားသော်ငြားလည်း နောက်ဆက်တွဲ ပြဿနာပေါ်လာလေသည်။ ပြဿနာဟာ နှင်းဆီဖြူတို့ Group 1တွင် လူတစ်ယောက် ပိုနေပြီး Group 4 တွင် လူတစ်ယောက်လိုနေခြင်းဖြစ်လေသည်။

တီချယ်က
" ကဲ အာ့ဆို Group 4က ကလေးတွေ Group 1ထဲက ဘယ်သူ့ကိုခေါ်ချင်လဲ
ကလေးတို့ကြိုက်တဲ့ တစ်ယောက်ခေါ်လို့ရတယ် "

Group 4က တုံ့ဆိုင်းခြင်းမရှိဘဲ
" နှင်းဆီဖြူကိုခေါ်ချင်ပါတယ်ချယ် "

ထို့အတူ Group 2နှင့် 3ကလည်း
" ဟာ အဲ့လိုကမတရားဘူးလေချယ်
သမီးတို့လည်း နှင်းဆီဖြူကိုလိုချင်တယ်လေ "

နှင်းဆီဖြူတို့ Groupကလည်း
" မရဘူး မပေးဘူးချယ်
နှင်းဆီဖြူကို မပေးနိုင်ဘူးချယ် "

ထိုအသံများထဲတွင် ငြိမ်းချမ်းသူအသံအကျယ်ဆုံးဖြစ်လေသည်။

တီချယ်က
" ကဲ ကလေးတို့ ကလေးတို့
Group 4က ကလေးတွေ Group 1ကနှင်းဆီဖြူတော့မရဘူးတဲ့။ တခြားတစ်ယောက်ကိုခေါ်ပါ ကလေးတို့ "

Group 4က
" အဲ့လိုဆို.. peace human ငြိမ်းချမ်းသူကို ခေါ်ပါမယ်ချယ် "

ငြိမ်းချမ်းသူက
" ဗျာ မပေး.. မဟုတ်ပါဘူး မလိုက်ချင်ပါဘူး "

Group 4က
" မရဘူးချယ် နှင်းဆီဖြူမရရင် ငြိမ်းချမ်းသူကိုပဲခေါ်မှာ "

ငြိမ်းချမ်းသူက
" ချယ် ကျွန်တော် မသွားဘူးနော်
ကျွန်တော် Group 1မှာပဲနေမှာ
မသွားဘူး "

Group 4က
" အာ့ဆို နှင်းဆီဖြူ.. "

ငြိမ်းချမ်းသူက
" နှင်းဆီဖြူလည်းမရဘူး မပေးဘူး "

Group 4က
" နှင်းဆီဖြူလည်း မလာဘူး
နင်လည်းမလာဘူးဆိုတော့ နင်ကဘာဖြစ်ချင်နေတာလဲ "

ငြိမ်းချမ်းသူက
" ဘာမှတော့မဖြစ်ချင်ဘူး
ဒါမဲ့ဗျာ ကျွန်တော်လည်းမလာချင်ဘူး
နှင်းဆီဖြူကိုလည်း မပေးနိုင်ဘူး "

တီချယ်က
" ကဲ ကလေးတို့ရေ နောက်တစ်ယောက်ထပ်ရွေးလိုက်ပါကွယ် "

ထိုကိစ္စဖြင့်ပင် စာသင်ချိန်ကုန်သွားလေသည်။
___

31
ရက်နေ့တွင် ငြိမ်းချမ်းသူဟာ နှင်းဆီဖြူစီ စာသွားရိုက်လေသည်။

" နှင်းဆီဖြူ "

" ပြော "

" အားလား "

" အားတယ် ပြော "

" သိလား "

" မသိဘူး "

" ဘယ်သိမလဲ ကျွန်တော်မှမပြောရသေးတာ "

" အော် အေး ရှင်းသွားတာပဲ "

" ဒီနှစ်မှာလေ ကျွန်တော်လူတော်တော်များများနဲ့ ပိုသိလာရတယ် "

" အေး ငါရောပဲ "

" အဲ့ထဲမှာ နှင်းဆီဖြူက ကျွန်တော့်အတွက် အရေးပါဆုံးပဲ "

နှင်းဆီဖြူက smiling stickerပို့လေသည်။

" ဒီနှစ်ကို ကဗျာအဖြစ်ရေးမယ်ဆိုရင်
ကျွန်တော့်က‌‌ဗျာရဲ့နာမည်က နှင်းဆီဖြူပဲ "

Dream

31 Dec, 15:01


လူမင်းက
" ချယ် သားတို့ season 2 ဆက်ရိုက်လို့ရမလား "

တီချယ်က
" ဟေ ဘယ်လိုမျိုးလဲ "

လူမင်းက
" ဒီလိုဗျာ ချယ်ရာ မြန်မာကားတွေထဲ ကားတင်ပြေးတာ၊ ပန်းအိုးကျကွဲတာမျိုးတွေရှိတယ်မလား
Season 2ကိုလည်း ပန်းအိုးကျကွဲရင်ကောင်းမလားလို့ "

တီချယ်က
" အမလေး ရပါပြီ သားရယ်
သားတို့ ပင်ပန်းနေပါဦးမယ် "

လူမင်းက
" ဟဲဟဲ ဟုတ်ချယ် "

တီချယ်က
" နှစ်ဖွဲ့လုံးကောင်းတယ်
ဒါရိုက်တာတွေလက်စွမ်းပြထားကြတာ "

လူမင်းက
" မဟုတ်ဘူးချယ် သားက အသံစွမ်းပြထားရတာ၊ presentationပြီးတာနဲ့ အသံပျောက်တော့မယ် "

နှင်းဆီဖြူက
" ငါကတော့ နင်တို့ presentationကိုနားထောင်ပြီး ရယ်ရလွန်းလို့ အသံပျောက်မယ်ထင်တယ် "

လူမင်းက
" ဒါပဲလေ ဒါမျိုးပဲ ဖြစ်နေရမယ်
ဒါရိုက်တာလူမင်းတဲ့ကွ ဟားဟား "

ဟယ်ရီက
" ဟျောင့် ငါ audio editပေးတဲ့ ကျေးဇူးတွေနော် "

တီချယ်က
" မိန်းကလေးအဖွဲ့က liveလုပ်သွားတာဆိုတော့ recordမကျန်ဘူးပဲ "

နှင်းဆီဖြူက
" သမီးတို့ recordထားတယ်ချယ် "

တီချယ်က
" အေး အေး အာ့ဆို နှစ်ဖွဲ့လုံး recordတွေ မြန်မာစာ Groupထဲပို့ပေးပါဦး "

လူမင်းက
" ဟုတ် ချယ် ဒါနဲ့ "

တီချယ်က
" အေးပြော သားလေး "

လူမင်းက
" နှင်းဆီဖြူတို့အဖွဲ့ PowerPointကြီးနဲ့ ပေါ်လာမယ်မှန်း ကျွန်တော်သိနေတယ်။ ဒါပေမဲ့ comicကြီးကိုတော့ မမျှော်လင့်ထားဘူးဗျ သိလား "

ဟယ်ရီက
" ဒီလိုဗျာ ချယ်ရာ သိတော့သိနေတယ် ဒါပေမဲ့ ဘာမှန်းမသိနေဘူး "

နှင်းဆီဖြူက
" ဒါပဲလေ ဒါမျိုးပဲဖြစ်နေရမယ် "
___

မြ
န်မာစာအချိန်ပြီးသည်နှင့် ဟယ်ရီက Group chatထဲတွင် နှင်းဆီဖြူကို mentionကာ

" ဟဲ့ ဘာပြဿနာဖြစ်တာလဲ လာပြောဦး
ပွဲလား ဘာပွဲလဲ "

လူမင်းနှင့် ငြိမ်းချမ်းသူက ပြိုင်တူ
" 05နဲ့ ပြဿနာတက်တာ‌ "

လူမင်းက
" ဟာ သားကြီး ငြိမ်းချမ်းသူ
မင်းကဘယ်လိုသိတာလဲ အဲ့ကိစ္စ "

ငြိမ်းချမ်းသူက
" မင်းကရော ဘယ်လိုသိတာလဲ "

လူမင်းက
" ငါကအတန်းထဲကတချို့စီက ကြားလာတာကွ
မင်းကရော "

ငြိမ်းချမ်းသူက
" ငါက နှင်းဆီဖြူပြောပြလို့ကွ "

လူမင်းက
" ဟာ မိုက်တယ်ကွာ "

ဟယ်ရီက
" ဘာတွေမိုက်နေတာလဲ 05ကလား
ငါ့ကို နားလည်အောင်ပြောကြစမ်းပါဟ "

နှင်းဆီဖြူက
" ဒီလိုဟာ " ဟုအစချီကာ ဖြစ်ကြောင်းကုန်စင်ပြောပြလေသည်။

လူမင်းက
" နင်မလို့ 05ကိုထုတ်ရဲတယ်
သူ့ကိုအတန်းထဲကကြိုက်တဲ့သူတွေ မနည်းမနော "

နှင်းဆီဖြူက
" သူ့ဘာသာကြိုက်ကြိုက်၊ မကြိုက်ကြိုက် အလုပ်လုပ်တာအချိုးမပြေရင် ငါ့မျက်စိထဲအချိုးမပြေဘူးပဲ "

ဟယ်ရီက
" နှင်းဆီဖြူ သူငယ်ချင်း ငါပြောမယ်
သူမမှန်တာကမမှန်ပေမယ့် နင်ကအဲ့လိုလုပ်တော့ နင်ကလူဆိုးမကြီးဖြစ်တာပေါ့ဟ "

နှင်းဆီဖြူက
" ဖြစ်ဖြစ်ဟာ "

လူမင်းက
" နင်အဲ့တာကြောင့်ရည်းစားမရတာ "

ငြိမ်းချမ်းသူက
" မရတာပဲ ကောင်းပါတယ် "

လူမင်းက
" ဟာ မင်းဘာစကားပြောတာလဲ "

ဟယ်ရီက
" ရည်းစားစကား "

နှင်းဆီဖြူက
" ဟဲ့ စကားလမ်းကြောင်းတွေ လွဲကုန်ပြီ "

ငြိမ်းချမ်းသူ
" ရည်းစားစကားပြောရမယ်ဆိုရင်လည်း မဆိုးပါဘူး "

ဟယ်ရီက
" သားကြီး ဘယ်သူ့ကိုလဲ
ငါ့ကိုလား လူမင်းကိုလား "

ငြိမ်းချမ်းသူက
" ဟာ wtf bro
Moodပျက်တယ်ကွာ "

လူမင်းက
" ဆရာဝန်မလေးကို မငြိုငြင်ကြနဲ့လေကွာ မင်းတို့ကလည်း "

ဟယ်ရီက ထိုအချိန်တွင် voice messageပို့လေသည်။ ဆရာဝန်မလေးအသံဖြင့် " ကိုကို! " ဟု ငြူစူနေသောအသံဖြစ်လေသည်။

ငြိမ်းချမ်းသူက
" ဟာ အကောင်းမှတ်လို့ကွာ "

နှင်းဆီဖြူက
" ဟယ်ရီ စိတ်မကောင်းပေမယ့်လေ နင်ပို့တဲ့ အသံဖိုင်ကို ငါက volumeမိုင်ကုန်နဲ့ ငါ့အမေရှေ့ဖွင့်ချမိလိုက်တာ "

ဟယ်ရီက
" ဟဲ့ ဟဲ့ မဟုတ်ဘူးလေ "

လူမင်းက
" သွားပြီ အဲ့ကောင် နှင်းဆီဖြူမားသားရှေ့မှာ imageကုန်ပြီ "

#BTC
#forward_only
#owner@Never_giveup_on_your_dream

Dream

31 Dec, 14:59


" Beyond the screen ( Chapter - 33 ) "

နှင်းဆီဖြူဟာ presentationအတွက် screen shareလိုက်လေသည်။ ယခင်နေ့တွေတုန်းက နှင်းဆီဖြူဟာ ငြိမ်းချမ်းသူပြောပြသည့် အတွေးအပေါ်လိုက်ကာ chromeတွင် " ယောင်္ကျားအမှန် သရုပ်ဖော်ကာတွန်း " ဟု ရိုက်ရှာလေသည်။ ကံကောင်းထောက်မစွာဖြင့် သရုပ်ဖော်ကာတွန်းကိုတွေ့လေသည်။ သို့သော် တချို့သောအပိုင်းများတွင် စာသားများလွဲမှားနေသဖြင့် အချိန်ပေးပြီး ပြန်ပြင်ကာ PowerPointထဲထည့်လေသည်။

Zoomထဲတွင်ရှိ‌သောအတန်းသား တော်တော်များများလည်း နှင်းဆီဖြူ screen shareလိုက်သော comicကြောင့် ပိုပြီးစိတ်ဝင်စားကြလေသည်။ ထို့နောက် နှင်းဆီဖြူတို့အဖွဲ့ဟာ ချောမွေ့စွာပင် presentationကို တင်ဆက်ကြလေသည်။

Presentationပြီးသည်နှင့်
" သမီးတို့ တော်လိုက်တာ
Ideaမိုက်တယ်။ ကဲ ဒါရိုက်တာလူမင်းရေ သားတို့ တင်ဆက်လို့ရပြီနော် "

လူမင်းက
" ဟုတ်ကဲ့ချယ် "

လူမင်းတို့အဖွဲ့ကတော့ screen မshareချေ။ Audioသာ shareလေသည်။ သို့သော် လူမင်းကလည်း လူမင်းပီပီ သူတို့အဖွဲ့၏ presentationကို တမူထူးအောင် ပြင်ဆင်ထားလေသည်။ လူမင်းဟာ အစကတည်းက သူတို့အဖွဲ့၏ main characterဖြစ်သော ဘထွန်းနေရာတွင် အသံသရုပ်ဆောင်မည့် roll noကို ကြက်မကြီး ဥဝပ်သလို ဖုံးကွယ်ထားလေသည်။

" ကဲ ပရိတ်သတ်ကြီးတို့ ကျွန်တော်တို့အဖွဲ့ရဲ့ ဘထွန်းနေရာကို အသံသရုပ်‌ဆောင်မယ့် Roll noကတော့.. "

ထို့နောက် ခေတ္တခဏရပ်၍နေလေသည်။

နှင်းဆီဖြူကတော့ " ပြောမှာဖြင့်မပြောဘူး ကျော်ထက်အောင်အထာဖမ်းနေသေးတယ် " ဟုကြိတ်မေတ္တာပို့နေလေသည်။

" Roll no 19ပဲဖြစ်ပါတယ်ခင်ဗျာ
ကဲ ဒါဆို presentationကို စလိုက်ပါတော့မယ်
ဟယ်ရီ audio shareလိုက်တော့ကွာ "

လူမင်းတို့အဖွဲ့ဟာ ရုပ်ပြမပါသော်ငြားလည်း Audioကို ပိုမိုရုပ်လုံးကြွအောင် ည၏ ပိုးစုန်းကြူးအသံ၊ လမ်းလျှောက်သံ၊ မီးဟပ်သံ၊ မီးလောင်သံ၊ မီးတောက်မီးလျံကြား ရုန်းရင်းဆန်ခတ်ဖြစ်သောအသံတို့ကို audio effectဖြင့် ထည့်ထားလေသည်။ ထို့အပြင် ‌ဝတ္ထုတိုကိုလည်း စိတ်ကြိုက်ပြန်ပြင်ကာ ဟာသရောနှောထားလေသည်။

" တစ်ယောက်တည်းပါပဲ " ဆိုသည့် မူရင်းစာသားကို " တစ်ယောက်တည်းဖြစ်တဲ့ လူပျိုကြီးပါဗျာ " ဟု ဈေးဗန်နှောကာ ပြန်ပြင်ထားသလို လုံချည်ကိုဆွဲသည့် အပိုင်းတွင်လည်း

ဇာတ်ဆောင် ဘထွန်း ( voice actor 19 )
" ဘယ်ကို ဆွဲတာလည်းဟ! နင်ယုတ်မာလှချည်လား?! နင်လွှတ်! ငါ့ကို လွှတ်! "

ဇာတ်ဆောင် ဆရာဝန်မလေး ( voice actor Harry )
" ဟက်အင်း ဟက်အင်း မရဘူး ရှင်မသွားရဘူး "

ဇာတ်ဆောင် ဘထွန်း ( voice actor 19 )
" သွားမှာပဲကွာ "

ဟု ဟာသရောကာ ပြန်ပြင်ထားလေသည်။ ထို့အပြင် လုံချည်ဆွဲသည့်အပိုင်းတွင်လည်း လုံချည်ကို ဆွဲရုံသာမက ကျွတ်ပြီး ဆရာဝန်မလေး၏ လက်ထဲတွင် ကျန်ခဲ့လေသည်ဟု အရွှန်းဖောက်ထားလေသည်။

ဘထွန်း မီးထဲဝင်ကာ လူကယ်ပြီး ပြန်ထွက်လာသော အပိုင်းတွင်လည်း

ဇာတ်ဆောင် ဘထွန်း ( voice actor 19 )
" နင့်လင် သေပြီ! ဘယ့်နှယ့်ဟာ ဖက်လုံးကို တယုတယ စောင်ပတ်ထားရတယ်လို့။ သွား! ငါ့နားမကပ်နဲ့! ကိုယ့်လင်ကိုကျတော့မကူဘူး! အယုတ်မာမ "

ဟု realityဆန်သော စကားလုံးနှင့် စာကြောင်းတွေကို ထည့်သွင်းထားလေသည်။

ထို့အပြင် ဆရာဝန်မလေးဇာတ်ရုပ်ကို အသံ သရုပ်ဆောင်သူ ဟယ်ရီဟာ အသံအနေအထားဖြင့် သရုပ်ဆောင်သောကြောင့် တစ်ခန်းလုံး အူနှိပ်ကာ ကြည့်ကြရလေသည်။ Presentation audioပြီးသည့်‌နောက်တွင်လည်း Behind the scenes audioကို Bonusအနေနဲ့ဖွင့်ပြလေသည်။ ထို audioထဲတွင်

လူမင်းက
" ဘထွန်းသည် ကြံရာမရဖြစ်..၍..နေဦး ငါရယ်ချင်လာပြီ.. cut cut "

ဟယ်ရီက လူမင်းရယ်သံကိုကြားသည်နှင့် အော်တိုလိုက်ရယ်ကာ
" သားကြီး ခုနက rehearsalလုပ်တုန်းက မင်းမရယ်ပါဘူး။ အခုမှ တအားရယ်နေတာ အူတက် "

အသံသွင်း‌နေသည့်အချိန် " ဆံပင်ကျွတ်တွေဝယ်တယ် " ဆိုသည့် အသံပါ‌လာသော audioတွင်လည်း လူမင်းက
" ဟာကွာ ငါပြောပြမယ် ငါမုဒ်ကဝင်နေပြီ
ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဆံပင်ကျွတ်တွေဝယ်တယ်ဆိုတဲ့ လမ်းပေါ်က အသံက ပါလာရော "

Behind the scenesဖွင့်ပြီးသည့်အဆုံးတွင် ဟယ်ရီက
" ကျွန်တော်တို့ အနေနဲ့ လူငယ်တွေပီပီ presentationလေးကို စခွီတွေထည့်ပြီး ပြင်ဆင်ထားခဲ့ပါတယ်။ Audioထဲမှာ ရိုင်းတဲ့အသုံးအနှုန်းလေးတွေ ပါသွားခဲ့ရင် တောင်းပန်ပါတယ်ဗျ " ဟု တစ်တန်းလုံးကို တောင်းပန်ပြီး အဆုံးသတ်သွားလေသည်။

တီချယ်က
" အမလေး သားတို့ရယ်။ ရယ်လိုက်ရတာ ပါးစပ်တောင်ညောင်းတယ် "

Dream

31 Dec, 14:54


" ငါ dramaခင်းနေသလိုပဲမလား? "

" ဘာလို့ အစောကြီးကတည်းက ဖုန်းမခေါ်တာလဲ "

" ဟင် "

" ကျွန်တော့်ကို ဘာလို့ အစောကြီးကတည်းက ဖုန်းမခေါ်တာလဲဆိုနေ "

" ဘာဆိုင်.. "

" ဆိုင်တယ်လေ
ဆိုင်တယ်! အစောကြီးကတည်းက ဖုန်းခေါ်ပြီးသာ ပြောပြမယ်ဆိုရင် ကျွန်တော် အနည်းဆုံးတော့ နှစ်သိမ့်ပေးနိုင်မှာလေ "

" အာ ညသန်းခေါင်မှ ထခေါ်လိုက်တော့ အိပ်ရေးပျက်လို့လား "

" အိပ်ရေးပျက်တာ၊ မပျက်တာကိုပြောနေတာမဟုတ်ဘူး။
နှင်းဆီဖြူ တစ်ခုခုဖြစ်နေတဲ့အချိန် ကျွန်တော်ကဘာမှမသိဘဲ နေနေမိတာလေ "

" ဘာဆိုင်လဲ ငါ့ကိစ္စလေ "

" ဘာဆိုင်လဲ ဘာဆိုင်လဲနဲ့ ဆိုင်တယ်ဗျာ ဆိုင်တယ်။ ဒီအတန်းစတက်ကတည်းက ကျွန်တော်က နှင်းဆီဖြူနဲ့ဆိုင်တယ်ဗျ။ "

" ဟဲ့ ဖြေးဖြေးပြော
နင့်အိမ်ကလူတွေ နင့်အသံကြောင့်နိုးကုန်ဦးမယ် "

" နိုးနိုးဗျာ "

" အေးပါ အေးပါ
နောက်ဆို တစ်ခုခုဆို လာပြောမယ်
ကျေနပ်ပြီလား "

" သေချာတယ်နော် "

" အေးပါဆိုနေ "

" ဒါဆို အိပ်တော့ "

" အိုခေ အာ့ဆို ဖုန်းချလိုက်တော့မယ်နော် "

" နေဦး "

" ဘာပြောဦးမလို့လဲ "

" ကျွန်တော် သီချင်းဆိုပြရမလား "

" ဟာ ဘာဆိုင်လဲ "

" မဟုတ်ဘူးလေ အိပ်မပျော်မှာစိုးလို့ "

" ငါက ‌ခေါင်းချလိုက်တာနဲ့ အိပ်ပျော်တယ်ဟ "

" အော် ဒီကောင်မလေးနဲ့တော့ စိတ်ညစ်ပါတယ်။ ငါက ရေလာမြောင်းပေးနေတဲ့ဟာကို " ဟုငြိမ်းချမ်းသူတစ်ယောက် စိတ်ပျက်လက်ပျက် တွေးမိလေသည်။
__

မြန်မာစာအချိန်တွင်ဖြစ်လေသည်။ ထုံးစံအတိုင်း zoomထဲတွင် ငြိမ်းချမ်းသူနှင့် နှင်းဆီဖြူသာ စောရောက်နေလေသည်။

" Good morning နှင်းဆီဖြူ "

" Morningggg "

" အဆင်ပြေတယ်မလား "

" ရက်စ် "

" Presentationကလေ အဆင်မပြေဖြစ်လည်း သိပ်စိတ်မလှုပ်ရှားနဲ့သိလား
လိုအပ်ရင် ကျွန်တော်ဝင်ပြောပေးမယ် "

" အေးပါ "

ထို့နောက် တီချယ်နှင့် အတန်းသားများ zoomထဲ ဝင်လာလေသည်။ လူမင်းက နှင်းဆီဖြူကို group chatထဲတွင် mentionခေါ်ကာ

" သူငယ်ချင်း နင်တို့ဂရု ပြဿနာတက်သွားသေးတယ်ဆို "

နှင်းဆီဖြူက
" အေး "

ဟယ်ရီက
" ဘာတွေဖြစ်တာလဲ "

နှင်းဆီဖြူက
" Presentationပြီးမှပြောပြမယ် "

Zoomထဲတွင်

" ကဲ ဒါရိုက်တာကြီးတို့ ရယ်ဒီပဲလား "

နှင်းဆီဖြူနှင့် ငြိမ်းချမ်းသူဟာ ပြိုင်တူ " ဟုတ်ကဲ့ " ဟုဖြေလေသည်။

" ဘယ်သူ အရင်တင်ဆက်မလဲ "

လူမင်းက
" တီချယ် မိန်းကလေးတွေကို ဦးစားပေးလိုက်ပါမယ်ချယ် "

တီချယ်ကရယ်ကာ
" ကဲ သမီးတို့ ရယ်ဒီပဲလား "

နှင်းဆီဖြူက
" ဟုတ် ချယ် "

တီချယ်က
" အဲ့တာဆို စလို့ရပြီ သမီး "

နှင်းဆီဖြူက
" ချယ် presentationမစခင် သမီးပြောစရာလေးရှိလို့ပါ "

တီချယ်က
" ပြော သမီး "

နှင်းဆီဖြူက
" Presentationပြင်ဆင်နေတဲ့အချိန်အတွင် သမီးနဲ့ 05ကြား သဘောထားမတိုက်ဆိုင်မှုလေးတွေကြောင့် အတန်းဖော်သူငယ်ချင်းတွေအနှောင့်အယှက်ဖြစ်သွားစေမိတယ်ဆိုရင် အားနာပါတယ်ဆိုတာလေး ပြောချင်လို့ပါ ချယ် "

တီချယ်က
" ရတယ် သမီး
သမီးက ဒါရိုက်တာပဲဟာ စိတ်ကြိုက်လုပ် "

နှင်းဆီဖြူက
" အာ့ဆို စပြီနော် ချယ် "

ထို့နောက် နှင်းဆီဖြူဟာ scree shareလိုက်လေသည်။ ငြိမ်းချမ်းသူကတော့ နှင်းဆီဖြူ screen shareလိုက်သည်နှင့် တစ်ပြိုင်နက် ငါးခူပြုံး ပြုံးလေသည်။

" ဒါမှ ငါ့နှင်းဆီဖြူကွ "

အမှန်တော့ ငြိမ်းချမ်းသူဟာ " ဒါမှ ငါ့ကောင်မလေးကွ " ဟု လွှတ်ခနဲထွက်မလိုဖြစ်သွားလေသည်။ သူ့ကောင်မလေးမဖြစ်သေးသောကြောင့်သာ သူ့ပါးစပ်သူ အမြန်ဘရိတ်အုပ်လိုက်ပြီး " ဒါမှ ငါ့နှင်းဆီဖြူကွ " ဟုပြောင်းပြော‌ခြင်းဖြစ်သည်။

#BTC
#forwarf_only
#owner@Never_giveup_on_your_dream

Dream

31 Dec, 14:53


" Beyond the screen ( Chapter - 32 ) "

ငြိမ်းချမ်းသူတစ်ယောက် ညသန်းခေါင်ကြီး ဖုန်းသံကြောင့် နိုးလာလေသည်။

" ဟိုကောင် ဟယ်ရီ ညသန်းခေါင်ကြီး ဖုန်းလာခေါ်တယ်ဆိုရင် ငါသတ်ပြီ " ဟု အိပ်ချင်မူးတူးဖြင့် ကျိန်းဝါးကာ ဖုန်းကို လှမ်းယူလေသည်။ ဖုန်း screenကို ကြည့်လိုက်မှ 33 roseဟုမြင်လေသည်။ ကမန်းကတန်းဖြင့် ဖုန်းကို ကိုင်လိုက်ပြီး

" ဟယ်လို နှင်းဆီဖြူ "

နှင်းဆီဖြူဘက်က မည်သည့်အသံမှထွက်ပေါ်မလာချေ။

" ဟယ်လို? နှင်းဆီဖြူ? "

" မဟုတ်တော့မဟုတ်သေးဘူး..နှင်းဆီဖြူက ငါ့ကို ညသန်းခေါင် ဖုန်းမခေါ်တတ်ဘူး။ တစ်ခုခုဖြစ်လို့လား? " ဟုတွေးကာ

" နှင်းဆီဖြူ ဘာဖြစ်လို့လဲ?
အဆင်ပြေရဲ့လား? "

ထိုစကားဆုံးသည်နှင့် နှင်းဆီဖြူဘက်ကနေ ငိုသံသဲ့သဲ့ထွက်ပေါ်လာလေသည်။ ငြိမ်းချမ်းသူဟာ အိပ်ရာပေါ်ကနေ ဝုန်း'ကနဲ ထထိုင်ကာ

" ကျွန်တော်..ဘာလုပ်မိလို့လဲ?
အဆင်ပြေရဲ့လား?
ဘာဖြစ်လို့လဲ? "

နှင်းဆီဖြူဟာ ငိုသံ၊ ရှိုက်သံရောထွေးနေသောအသံဖြင့်

" ငြိမ်းချမ်းသူ ပုံပြောပြဟာ.. ငါအာရုံပြောင်းဖို့လိုနေတယ် "

ငြိမ်းချမ်းသူ အကျပ်ရိုက်သွားလေသည်။ ညသန်းခေါင်ကြီး ဖုန်းခေါ်ကာ ငိုသံဖြင့် ပုံပြောခိုင်းနေသော နှင်းဆီဖြူက တစ်ခုခုတော့ တစ်ခုခုပင်။

" ဗျာ...ပုံပြင်?
အာ...နေဦး..ခဏလေး..အခုပြောရမှာလား?
အာ...ဟိုးးရှေးရှေးတုန်းက ဘယ်‌နေရာဆိုတဲ့တိုင်းပြည်ကြီးမှာ ဘာမသိတဲ့ဘုရင်ကြီး အုပ်ချုပ်စိုးစံလျက်ရှိတယ်တဲ့။ ပြီးတော့...ပြီးတော့ အဲ့ဒီ ဘာမသိတဲ့ဘုရင်ကြီးမှာ ဘာမှမသိတဲ့သမီးတော်တစ်ပါးရှိလေတယ်။ အမ်..ပြီးတော့ဗျာ တစ်နေ့ကျ အဲ့ဒီ ဘယ်နေရာဆိုတဲ့တိုင်းပြည်ကြီးကို ဘယ်သူမှမသိတဲ့မင်းသားလေးတစ်ပါးကအလည်လာသတဲ့။ အဲ့ဒီ ဘယ်သူမှမသိတဲ့မင်းသားလေးက ဘာမှမသိတဲ့မင်းသမီးလေးကို မြင်လိုက်တာနဲ့ သူ့ရင်ဘတ်ထဲ ဘာမှန်းမသိဖြစ်သွားတယ်တဲ့။ "

နှင်းဆီဖြူဘက်က ငိုသံရော၊ ရှိုက်သံဟာ အရှိန်လျော့သွားသလို

" နင့်ပုံပြင်ကဘာကြီးလဲ "

" ဘာမှမသိတဲ့ ပုံပြင်လေ "

" အဲ့လိုကြီးရတာလား "

" ဘာဖြစ်မှန်းမသိတဲ့ အခြေအနေကြီးမှာ ကျွန်တော်လည်း ဘာမှမသိတဲ့ပုံပြင်ပဲပြောနိုင်တာလေဗျာ..မကျေနပ်ရင် ဘာဖြစ်လာလဲဆိုတာ နှင်းဆီဖြူပြောပြလေ "

" ဟဲ့ ငါကဆက်ငိုရမှာလား ရယ်ရမှာလား "

" ရယ်လိုက်ဗျာ မငိုနဲ့ "

" နင်ဟာ ပေါက်ပေါက်ရှာရှာ "

" ဒါနဲ့ နှင်းဆီဖြူ
နေ‌မကောင်းဘူးလား..?
နှင်းဆီဖြူအသံက အသက်ရှူမဝတဲ့အသံနဲ့ "

" ဟင် "

" မဟုတ်မှလွဲ "

" မဟုတ်မှလွဲ..? ဘာလဲ? "

" Asthmaလိုမျိုး ဖြစ်တတ်တာလား?
ရပ်ကြပ်တာမျိုးလေ "

" ဘယ်လိုသိတာ? "

" ကျွန်တော့်အစ်မလည်း Asthmaရှိတယ်။ အဲ့တာကြောင့် သိတာ..အသံက အဲ့လိုမျိုးဖြစ်နေလို့ "

" အော် အဲ့သလို "

" ကျွန်တော့်အသံကို အာရုံစိုက်ထားပေး။ ကျန်တာဘာမှမတွေးနဲ့။ အသက်ရှူသွင်းမယ်.. ရှူထုတ်မယ်။ ရှူသွင်းမယ် ..ရှူထုတ်မယ် "

" ဟဲ့ ရတယ်
နင့်ဘာမသိပုံပြင်နဲ့တင် အသက်ကရှူလို့ရနေပြီ "

" ဒါဆို..ဘာဖြစ်တာလဲ မေးလို့ရပြီလား "

" အသက်ရှူကြပ်တာလေ "

" အဲ့တာကတော့ ကျွန်တော်သိတာပေါ့ဗျာ
ဘာကြောင့် အသက်ရှူကြပ်တာလဲကိုမေးချင်တာ
မျိုးရိုးရှိတာလား? ရာသီအကူးအပြောင်းမလို့လား? ဒါမှမဟုတ် စိတ်ကြောင့်လား? "

" မဟုတ်သေးဘူး နင်ဘာလို့တအားသိ.. "

" ကျွန်တော်တို့မိသားစုက အဲ့ရောဂါမျိုးရိုးရှိတယ်ဗျာ..အဲ့တော့သိတယ်။ ဖြေမှာဖြင့်ဖြေစမ်းပါ "

" ငါ့ကို အော်တာလား? "

" မဟုတ်ဘူးလေ "

" ဟုတ်တယ်လေ "

" နှင်းဆီဖြူ မစနဲ့ဗျာ!
စကားလမ်းကြောင်းလည်းမလွှဲနဲ့!
ညသန်းခေါင်ကြီး ဖုန်းခေါ်လေ့မရှိဘဲ ထခေါ်ပြီး လူကိုစိတ်ပူအောင်လုပ်ပြီးတော့ဗျာ။ ဘာဖြစ်လာတာလဲဆိုတာ အနည်းဆုံးပြောပြလေ။ မဟုတ်ရင် စိတ်ပူပြီး ရူးတော့မှာပဲ "

" အေးပါ အေးပါ ပြောပြမယ် စိတ်လျော့ "

" မလျော့နိုင်ဘူးဗျာ ပြော "

" ယောင်္ကျားအမှန် presentationလေ သိတယ်မလား "

" သိတယ်လေ။ မနက်ဖြန်တင်ဆက်ရတော့မှာမလား "

" အဲ့ဒီမှာ ငါပြဿနာဖြစ်လာတာ "

" ထုတ်လိုက်ဗျာ "

" အေး ထုတ်လိုက်တယ်။ အဲ့တာပြဿနာအစ "

" ဗျာ "

" နင်ပဲထုတ်ဆို "

" ဟုတ်ပြီ ဟုတ်ပြီ ဆက်ပြော ဆက်ပြော "

" အဲ့မှာ တစ်နေရာလိုတာကို ငါစဉ်းစားနေတာ ခေါင်းခြောက်မလိုပဲ "

" ကျွန်တော်ဝင်ပြောပေးမယ် "

" ဟဲ့ နင်က ယောင်္ကျားလေးလေ
လိုနေတဲ့နေရာက ဆရာဝန်မလေးနေရာဟဲ့ "

" ဘာဖြစ်လဲ ဆရာဝန်မလေးဆိုလည်း ဆရာဝန်မလေးပေါ့ "

" နင့်ကို အတန်းထဲကသူတွေ လိုက်စမှာပေါ့ဟဲ့ "

" ကျွန်တော်က သူတို့ကိုဂရုစိုက်တယ်ထင်လို့လား?
ကျွန်တော်ဂရုစိုက်တာ နှင်းဆီဖြူလေ "

" ဆက်ပြောမယ်ဟာ အဆင်ပြေချင်တော့ Mapleက သူလုပ်မယ်ဆိုပြီး လာပြောတယ် "

" ‌အဆင်ပြေသွားတာပဲ "

" အေး "

" ဆက်ပြောလေ "

" ဘာဆက်ပြောရမှာ "

" ညဘက်ကြီးဘာလို့ဖုန်းခေါ်တာလဲဆိုတာ၊ ဘာလို့ asthma attackဖြစ်လဲဆိုတာ "

" နင် အတည်ကြီး အကုန်မေးမှာလား "

" မေးမှာပဲဗျာ "

" ဟာ "

" ပြောဆိုနေဗျာ "

" နင်ကလည်း "

" နင်ကမလည်းနဲ့ အဲ့လိုတွေ တစ်ယောက်တည်းခံစားမယ်ဆိုရင် ကျွန်တော့်ကိုဖုန်းမခေါ်နဲ့လေ
အခုမှတော့ မထူးဘူး ပြော တူတူခံစားပေးမယ် "

" အေးဟာ ပြောမယ် "

" ပြော asthmaကမျိုးရိုးလား "

" မဟုတ်ဘူး "

" စိတ်ကြောင့်? "

" အေး "

" Traumaရှိတာလား? "

" ‌အင်း "

ထို့နောက် နှင်းဆီဖြူဟာ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်လေသည်။

Dream

27 Dec, 11:33


BTCဖတ်သူများ၏ စိတ်ရှည်မှုအား စမ်းသင့်သလောက်စမ်းပြီးသောအခါ writer be like -
#owner@Never_giveup_on_your_dream

Dream

12 Nov, 11:58


ထို့နောက် မြန်မာစာ main groupထဲတွင် နှင်းဆီဖြူဟာ 08ကို replyပြန်လေသည်။

" သူငယ်ချင်း စကားလုံးအသုံးအနှုန်းလွဲနေတယ်နော်။
မပါခိုင်းတာမဟုတ်ဘဲ လူပြည့်သွားတာလို့ ငါပြောပါတယ် "

08က ချက်ချင်းပင် replyပြန်လေသည်။
" ဒါမဲ့ ငါနင့်ကို ပါမယ်ဆိုပြီး စာအရင်လာပို့တာလေ "

နှင်းဆီဖြူက
" နင်တစ်ယောက်တည်းပို့တာမဟုတ်ဘူးနော်
ကျန်တဲ့အတန်းဖော်တွေလည်းပို့တယ်
ဒါမှမဟုတ် ဒီလိုလုပ်ပါလား "

08က
" ဘယ်လိုလဲ "

နှင်းဆီဖြူဟာ တီချယ့်ကို mentionခေါ်ကာ
" တီချယ် 08က တအားပါဝင်ချင်နေတာဆိုတော့လေ သူ့ကို သက်သက်အဖွဲ့ဖွဲ့ခိုင်းလိုက်ပါလား? သမီးအဖွဲ့က လူပြည့်သွားပြီဆိုတော့လေ.. သူ့ရဲ့ တက်ကြွနေတဲ့ ပါဝင်ဆွေးနွေးချင်စိတ်လေးကို မရပ်တန့်ချင်လို့ "

08က
" အဲ့လိုတော့ မဟုတ်ဘူးလေ.. ရတယ်ချယ် သမီးနောက်အခါမှပါတော့မယ်ချယ် "

တီချယ်ကတော့
" နှင်းဆီဖြူ သမီးစိတ်ကြိုက်လုပ်နော် " ဆိုသည့်စာတစ်ကြောင်းပဲပို့လေသည်။

တစ်ဖက်တွင် ဟယ်ရီက
" မိန်းမတွေများ စကားတွေမှာ အလှည့်အပြောင်း၊အကောက်အကွေ့တွေနဲ့ "

ဂျူးက
" ဟို 08ပြောပုံ၊ဆိုပုံက မဟုတ်နေတာ "

လူမင်းက
" ငါသိနေတယ်နော် 08အချိုးကို
မပြောချင်ဘူး ဟင်းဟင်း "

ငြိမ်းချမ်းသူ
" ကျွန်တော်ကတော့ တီချယ်ပြောသလို နှင်းဆီဖြူစိတ်ကြိုက်လုပ်နော်ပဲ "

#BTC
#forward_only
#owner@Never_giveup_on_your_dream

Dream

12 Nov, 11:57


" ကလေးတို့ ပြောပါဦး
ဒါရိုက်တာတွေ ဘယ်သူလုပ်မလဲဆိုတာ "

အတော်ကြာမှ နှင်းဆီဖြူဟာ

" မိန်းကလေးအဖွဲ့ရဲ့ ဒါရိုက်တာကို အကုန်လုံး အဆင်ပြေမယ်ဆိုရင် သမီးလုပ်ပေးပါ့မယ်ချယ် "

တီချယ်က
" အဆင်ပြေတယ် သမီး "

နှင်းဆီဖြူက
" ချယ် အတန်းထဲက မိန်းကလေးတွေအကုန်လုံးနဲ့ အဖွဲ့ဖွဲ့ရမှာလား? "

တီချယ်က
" မဟုတ်ဘူး သမီး
သမီးအဆင်ပြေမယ်ထင်တဲ့ 15ယောက်လောက်နဲ့ပဲ လုပ်။ presentationထဲ ပါချင်တဲ့ သမီးတွေကလည်း နှင်းဆီဖြူစီ သွားပြောလိုက်ကြ။
ကျန်တဲ့ကလေးတွေက ပွဲကြည့်ပရိတ်သတ်လုပ်ရမှာ "

နှင်းဆီဖြူက
" အာ ဟုတ် ချယ်.. ပါဝင်ချင်တဲ့သူက 15ယောက်ထက်ကျော်နေရင်ရော ဘယ်လိုလုပ်ရမလဲချယ် "

တီချယ်က
" 15ယောက်ပဲ သမီး.. ပါဝင်ချင်တဲ့သူများလည်း သမီးအဆင်ပြေမယ့်သူပဲရွေး။ သမီး
သမီးက ဒါရိုက်တာလေ "

နှင်းဆီဖြူက
" ဟုတ် ချယ် "

တီချယ်က
" ကဲ ယောင်္ကျားလေးတွေ
ဘယ်သူက ဒါရိုက်တာလုပ်မှာလဲ
မြန်မြန်လေးပြောမယ် "

လူမင်းက
" သားလုပ်ပါမယ် ချယ် "

တီချယ်က
" ဟုတ်ပြီ သားလေး
သားတို့အဖွဲ့တင်ဆက်မယ်ဆိုရင် ' ဆရာဝန်မလေး ' နေရာနဲ့လိုက်မယ့် အသံနူးနူးညံ့ညံ့ သားလေးတစ်ယောက်ကို ရွေးဦးနော် "

လူမင်းက
" ဟုတ် ချယ် "

တီချယ်က
" နှင်းဆီဖြူ သမီးတို့မိန်းကလေးအဖွဲ့မှာ ' ဆရာဝန်မလေး ' နေရာကို ဘယ်သူ့လုပ်ခိုင်းစေချင်လဲ? "

နှင်းဆီဖြူက
" ချယ် အမှန်တိုင်းပြောရမယ်ဆိုရင် ' 05 ' ကို လုပ်ခိုင်းစေချင်တာပါ။ သူ့အသံက‌ တော်တော်လှတယ်ချယ် "

တီချယ်က
" အိုခေ ' 05 ' အတန်းထဲရှိလား သမီးလေး? "

ချက်ချင်းပြန်မဖြေချေ။
အတော်ကြာမှ
" သမီးကို ခေါ်တာလားချယ် " ဟုဖြေလေသည်။

တီချယ်က
" အေး သမီး presentationမှာပါဝင်လိုက်နော် "

05က
" ဟုတ် ချယ် "

တီချယ်က
" ကဲ ဒါရိုက်တာတို့ တီချယ် တစ်ပတ်အချိန်ပေးမယ်။
သေချာပြင်ဆင်ပါ။ "

နှင်းဆီဖြူနှင့် လူမင်းဟာ " ဟုတ်ကဲ့ " ဟု ပြိုင်တူဖြေကြလေသည်။
___

Gr
oup chatထဲတွင် ဟယ်ရီက
" သားကြီး လူမင်း ငါပါမယ်နော် "

လူမင်းက
" မင်းမပါလည်း ငါကထည့်မှာ "

လူမင်းက
" ငြိမ်းချမ်းသူ မင်းလည်းပါရမယ် "

ငြိမ်းချမ်းသူက
" ငါ ပွဲကြည့်ပရိတ်သတ်လုပ်မှာ "

လူမင်းက
" မင်းက ယောင်္ကျားထုကြီးကို အကျိုးမပြုချင်ဘူးလား "

ငြိမ်းချမ်းသူက
" ငါက နှင်းဆီဖြူဘက်မဟုတ်ရင် ဘယ်ဘက်မှမပါချင်ဘူး "

လူမင်းက
" မေးမိတဲ့ ငါပဲမှားတယ် "

ဟယ်ရီက
" ဒါနဲ့ နှင်းဆီက ဘယ်ပျောက်နေတာ
ဟဲ့ နှင်းဆီ @... "

နှင်းဆီက
" နေဦးဟေ ကောင်မလေးတွေ သူပါမယ်၊ငါပါမယ်ဆိုပြီး စာတွေပို့ထားကြလို့ ငါသေချာစစ်ပြီးလူရွေးနေတာ "

လူမင်းက
" အမျိုးသမီးထုကြီးက အင်အားတောင့်လှချည်လား "

နှင်းဆီဖြူက
" ပြီးမှ ပြန်လာမယ် ခဏ "

နာရီဝက်လောက်ကြာသောအခါ နှင်းဆီဖြူဟာ Groupထဲတွင်

" ငါတို့တော့ လူပြည့်သွားပြီ
နင်တို့ ‌ယောင်္ကျားလေးအဖွဲ့ရော "

လူမင်းက
" ငါးယောက်ပဲရှိသေးတယ်ဟေ "

ဂျူးက
" အူတက် "

ဟယ်ရီက
" အာ့ကြောင့် ငြိမ်းချမ်းသူကိုပါပါလို့ပြောနေတာ "

ငြိမ်းချမ်းသူ
" လုံးဝပဲသားကြီး ငါပြောပြီးသားလေ
နှင်းဆီဖြူဘက်ကမဟုတ်ရင် ဘယ်ဘက်မှမပါချင်ဘူး "

လူမင်းက
" ဒီ သောက်.. "

ဟယ်ရီက
" ဒါနဲ့ နှင်းဆီ ' ဆရာဝန်မလေး ' နေရာမှာ နင် 05ကို ရွေးလိုက်တာမှန်တယ်။
သူ့အသံကချိုချိုလေး ပြီးတော့ ချောလည်းချောတယ် "

နှင်းဆီဖြူက
" ဟဲဟဲ "

လူမင်းက
" 05က အတန်းထဲက ယောင်္ကျားလေးတွေကြားလည်း နာမည်ကြီးတယ်ဟ
တစ်ယောက်ဆို အသေအလဲကြိုက်နေတာ "

ဟယ်ရီက
" အေးဆိုနေ "

နှင်းဆီဖြူက
" ငါက သူ့အသံက ' ဆရာဝန်မလေး ' ဇာတ်ရုပ်နဲ့လိုက်မယ်ထင်လို့ပဲရွေးတာပါဟာ။ ကျန်တာဘာမှမပါဘူး "

ငြိမ်းချမ်းသူက
" 05က နှင်းဆီဖြူလောက်မချောပါဘူး "

လူမင်းက
" အော် ဒီတစ်ဖက်သတ်ရူးနေတဲ့ မအေ.. "

ထိုစဉ် မြန်မာစာ main groupထဲကနေ notiတက်လာလေသည်။ 08ဆိုသည့် accကနေ " တီချယ် နှင်းဆီဖြူက သမီးတို့ကို တမင်မပါခိုင်းဘူးချယ် " ဆိုသည့် notiဖြစ်လေသည်။

ဂျူးကအရင်မြင်ကာ
" ဟဲ့ Main groupထဲက စာက ဘာလားပဲ
ငါတောင် ပါချင်တာ လူပြည့်နေလို့မပါတာကို
သူ့ပဲ နှင်းဆီက တမင်မပါခိုင်းတယ်ပဲဖြစ်ရဦးမယ် "

ဟယ်ရီက
" နှင်းဆီက သူ့ကို ' ဟဲ့ နင်မပါနဲ့ 'လို့ ပြောလိုက်လားမှမသိတာxd "

လူမင်းက
" နှင်းဆီလား အဲ့လိုပြောမှာ "

နှင်းဆီဖြူက
" ငါအဲ့လိုမပြောပါဘူးဟ "

ငြိမ်းချမ်းသူက
" နှင်းဆီဖြူကဘယ်လိုပြောလိုက်လို့လဲသူ့ကို "

နှင်းဆီဖြူက
" ' ပါဝင်ချင်တာ ကျေးဇူးတင်ပေမယ့် လူပြည့်သွားပြီမလို့ပါ သူငယ်ချင်းရေ။ Next timeကျမှပေါ့။ နော် ' လို့ပြောလိုက်တာ "

လူမင်းက
" ယဉ်ယဉ်ကျေးကျေးပြောတာပါဟ "

ဂျူးက
" အေးလေ "

ငြိမ်းချမ်းသူက
" ကျွန်တော် သွားရှင်းလိုက်ရမလား "

နှင်းဆီဖြူက
" နေနေ ငါ့ပြဿနာ ငါ့ဘာသာရှင်းမယ် "

Dream

12 Nov, 11:54


" Beyond the screen ( Chapter - 30 ) "

" Good morning နှင်းဆီဖြူ "

မနက်ပိုင်း အတန်းချိန်မစခင် နှင်းဆီဖြူ၏ဖုန်းတွင် ငြိမ်းချမ်းသူ၏ notiဝင်လာလေသည်။

နှင်းဆီဖြူလည်း " Morning " ဟု ပြန်ပို့လိုက်သည်။

ဦးဆုံးစာသင်ချိန်ဟာ မြန်မာစာအချိန်ဖြစ်လေသည်။

" ကဲ ကလေးတို့ တီချယ် ဒီနေ့ဘာသင်မယ်ပြောထားလဲ "

နှင်းဆီဖြူက
" ကဗျာသင်မယ်လို့ပြောထားတာပါ ချယ် "

" ဒါဆို တီချယ်တို့ စာမျက်နှာ ၁၀၂ကို သွားရအောင် "

ထိုစဉ် Telegram group chatထဲတွင် နှင်းဆီဖြူဟာ

" လူမင်းနဲ့ ဟယ်ရီဘယ်ပျောက်နေတာ
စာသင်ချိန်စနေပြီလေ "

ဂျူးက
" အေးဆိုနေ "

ငြိမ်းချမ်းသူက
" မနိုးကြတာနေမှာ "

ထိုစဉ် လူမင်း၏ typingပေါ်လာလေသည်။

" လာပြီ လာပြီ
Attendenceခေါ်ပြီးပြီလား "

ဂျူးက
" မခေါ်ရသေးဘူး "

လူမင်းက
" တီချယ် ဘာသင်မှာတဲ့လဲ "

ငြိမ်းချမ်းသူက
" စာမျက်နှာ ၁၀၂ "

လူမင်းက
" ကျေးဇူး သားကြီး "

နှင်းဆီဖြူက
" ဟယ်ရီတစ်ယောက် နေဖင်ထိုးနေပြီ မထသေးဘူးလားမသိ attendanceလွတ်ဦးမယ် အဲ့မအေ... "

ထိုစဉ် စာသင်ခန်းထဲတွင် တီချယ်ဟာ

" ကဲ ကဗျာကို တစ်ယောက်လောက် volunteerလုပ်ပြီး ဖတ်ပေးပါဦး "

နှင်းဆီဖြူက
" ချယ် "

" အေး ပြော သမီးဖတ်မလို့လား "

" မဟုတ်ဘူးချယ် လူမင်းက သူဖတ်မယ်တဲ့ "

လူမင်းက
" ဟာ "

တီချယ်က
" အေး အေး အဲ့တာဆိုလည်း လူမင်းဖတ် သားလေး "

လူမင်းက
" အဟမ်း ဟုတ်ချယ်
မဝယ်ဘူး .. "နဲ့တင် ရပ်၍နေလေသည်။

ငြိမ်းချမ်းသူက
" မဝယ်လည်းနေပေါ့ကွာ "

လူမင်းက
" မဟုတ်ဘူးလေကွာ မင်းကလည်း "

တီချယ်က
" သူငယ်ချင်းအချင်းချင်း တအားချစ်နေကြပြီလား နှစ်ဝက်နဲ့တင် "

လူမင်းက
" တီချယ် သားဆက်ဖတ်မယ်နော် "

တီချယ်က
" အေး အေး "

လူမင်းက
" မဝယ်ဘူး
မယ်ခူးတဲ့ဖက်စို။

မီးမကူ နေပူမှာ မကင်အားလို့... " ဟု လက်ဆောင်ကဗျာကို အသံနေ၊အသံထားဖြင့် ဖတ်ပြလေသည်။

" ၁၉ရာစု မယ်ခွေ " ဟု အဆုံးသတ်ပြီးသည်နှင့် micပိတ်ပြီး Group chatထဲသို့ပြေးကာ

" နှင်းဆီဟာ ဘလိုင်းကြီး ငါ့ကိုအချွန်နဲ့မတာ "

နှင်းဆီဖြူက
" ဟဲဟဲ စတာပါဟာ "

လူမင်းက
" ငြိမ်းချမ်းသူကလည်း ဘလိုင်းကြီး မီးလောင်ရာလေပင့် "

ငြိမ်းချမ်းသူက
" မင်းပဲ မဝယ်ဘူး ဆိုလို့လေ "

လူမင်းက
" ငါကဗျာဖတ်နေတာ မင်းသိရဲ့သားနဲ့ "

ထိုစဉ် zoomထဲတွင် တီချယ်ဟာ မယ်ခွေရဲ့ အစ်မဟာ မယ်ကေဖြစ်ကြောင်း မိသားစုတော်စပ်ပုံကိုရှင်းပြ၍နေလေသည်။ နှင်းဆီဖြူက Group chatထဲတွင်

" မယ်ခွေ
မယ်ကေ
ဘာတုန်း မယ်က မျိုးရိုးနာမည်လား? "

လူမင်းက
" ငါက မယ်မင်းလေ
လူမင်းဆိုတာ အယောင်ပြ "

နှင်းဆီဖြူက
" ဟယ် "

လူမင်းက
" ငါက ငိုချင်း သောက်ရမ်းကျွမ်းတာ "

ငြိမ်းချမ်းသူက
" အဲ့တာဆို ငိုချင်း ရေးကြည့်စမ်းကွာ "

နှင်းဆီဖြူက
" အေး ဟုတ်တယ်
ဖတ်ပြီး မငိုရရင် နင်ငိုချင်းမကျွမ်းလို့ပဲ "

လူမင်းက
" အိုခေ ရမယ် ခဏစောင့် "

ထို့နောက် စာရွက်ပေါ်တွင် " ငိုချင်း " ဟုရေးထားသော ဓာတ်ပုံကိုပို့လေသည်။

ဂျူးက
" ငိုချင်းရေးတာ အံ့ဩစရာကြီးနော် "

လူမင်းက
" ဒါပဲလေ ဖြစ်ရမယ်ဒါမျိုး
ငါဟဲ့ မယ်မင်း "

ထိုစဉ် ဟယ်ရီ၏ typingပေါ်လာလေသည်။

" ငါအခုမှနိုးတာ
Attendenceခေါ်ပြီးသွားပြီလား "

ဂျူးက
" အေး "

ဟယ်ရီက
" ဟာ ကွိုင်ပဲ "

ငြိမ်းချမ်းသူက
" တီချယ်က မင်းခဏ ခဏ အတန်းပျက်နေလို့ ရုံးအဖွဲ့နဲ့တိုင်မယ်လို့ပြောသေးတယ် "

ဟယ်ရီက
" ဟာ "

နှင်းဆီဖြူက
" Zoomထဲသာ မြန်မြန်ဝင်ခဲ့စမ်းပါ
Attendenceမခေါ်သေးဘူး "

ဟယ်ရီက
" မင်းတို့က ငါ့ကိုကျပ်တယ်ပေါ့ "

ငြိမ်းချမ်းသူက
" ရတုန်းလေးပါကွာ "

စာသင်ချိန်တစ်ဝက်ကျိုးသည်နှင့် တီချယ်ဟာ ကဗျာသင်ခြင်းကို ခေတ္တခဏရပ်လိုက်လေသည်။ ထို့နောက်

" ကလေးတို့ စာမျက်နှာ ၄၈ကို တစ်ချက်ကြည့်မယ် "

" ဟုတ် ချယ် " ဟု တစ်တန်းလုံးပြိုင်တူဖြေကြလေသည်။

" ယောင်္ကျားအမှန်ဆိုတဲ့ ဝတ္ထုတိုတွေ့လား ကလေးတို့ "

" ဟုတ် တွေ့ပါတယ်ချယ် "

" တီချယ်က အဲ့တာလေးကို presentationလုပ်ခိုင်းမလို့
အခုကစပြီး တီချယ်ပြောတာကို သေချာလေးနားထောင်ပေးပါ "

" ဟုတ်ကဲ့ပါ ချယ် "

" Presentationကို တီချယ်က ယောင်္ကျားလေးတစ်ဖွဲ့၊ မိန်းကလေးတစ်ဖွဲ့ လုပ်စေချင်တယ်
အဲ့တော့ အဖွဲ့ခေါင်းဆောင်၊ တစ်နည်းပြောရရင် စီစဉ်ညွှန်ကြားပေးမယ့် ဒါရိုက်တာလိုတယ် "

လူမင်းက
" ဘယ်လိုလဲချယ် သိပ်မရှင်းဘူး "

" ယောင်္ကျားလေးတစ်ဖွဲ့၊ မိန်းကလေးတစ်ဖွဲ့ကို ဦးဆောင်ပြီး လုပ်ပေးမယ့် ယောင်္ကျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်လိုတယ်။ ဘယ်သူလုပ်ချင်လဲလို့ ပြောချင်တာသား "

" အာ ဟုတ် ချယ်
ဒါပေမဲ့ ဘာလို့ 15ယောက်တောင်လဲချယ်?
အဓိကဇာတ်ကောင်က ဘထွန်းနဲ့ ဆရာဝန်မလေး နှစ်ယောက်ပဲမဟုတ်လား "

" ဟုတ်တယ်။ ဒါပေမဲ့ နောက်ခံပုံပြင်ပြောသူတွေလိုမယ်လေ သားကလည်း။ ဝတ္ထုတိုကအရှည်ကြီးဆိုတော့ နောက်ခံစကားပြောသူများများလိုမယ်လေ "

" သဘောပေါက်ပါပြီ ချယ် "

ထို့နောက် အတန်းဟာ တိတ်ဆိတ်သွားလေတော့သည်။

Dream

12 Nov, 02:47


Beyond the screenဖတ်သူများရဲ့ အခြေအနေ
#owner

Dream

11 Nov, 13:03


နှင်းဆီဖြူ တစ်ယောက် နာရီကို တကြည့်ကြည့်နှင့် စိတ်မရှည်လျက်ရှိသည်။ စာသင်ချိန်တိုင်း 15minစောဝင်လေ့ရှိသည့် နှင်းဆီဖြူဟာ ငြိမ်းချမ်းသူကြောင့် zoomထဲသို့ စောမဝင်တော့ချေ။

" စကားကို ခ‌ရားရေလွှတ်သလို အထိန်းအကွပ်မရှိပြောပြီးမှ လာပြီး မှားပါတယ် ဘာညာ လာလုပ်နေ
နိုးပဲ ငါလုံးဝစကားမပြောနိုင်ဘူး " ဟု မြည်တွန်တောက်တီးနေလေသည်။ တစ်နည်းပြောရလျှင် " ငြိမ်းချမ်းသူကို ပြန်မခေါ်မိအောင် " ကိုယ့်ကိုယ်ကို ပြန်သတိပေးနေခြင်းဖြစ်သည်။ နှင်းဆီဖြူဟာ ငြိမ်းချမ်းသူအကြောင်းတွေးနေခြင်းကို အာရုံလွှဲချင်သဖြင့် appမျိုးစုံကိုလည်း ဝင်လိုက်၊ထွက်လိုက်လုပ်၍နေလေသည်။

" အချိန်ကလည်း ထိုင်စောင့်နေရပြီဆိုရင် ကြာသလားမမေးနဲ့ " ဟု မကျေမနပ်လည်းပြောနေလေသည်။ ထိုစဉ် Gmailထဲဝင်ကာ mailတွေစစ်နေရင်း ရပ်တန့်သွားလေသည်။

" Subject: I’m Really Sorry

Dear rose,

I wanted to reach out because I know I’ve upset you, and I’m truly sorry for it. I acted without thinking, and I understand why you’re mad at me. I never meant to make you feel that way, and I really regret my behavior. You mean a lot to me, and it’s been hard not having you around.

I just wanted you to know that I’m here, ready to make it up to you however I can. I’ll be waiting as long as it takes, because you’re important to me. I hope we can talk when you’re ready, but until then, please take all the time you need.

Thank you for being patient with me. I’m really sorry.

Warmly,
Nyein Chan Thu "

Mailကို ဖတ်ပြီးသည်နှင့် နှင်းဆီဖြူဟာ " အင်း မဆိုးတော့မဆိုးဘူးပဲ.. mailပို့ဖို့အထိတွေးတတ်တယ်ဆိုတော့ " ဟု‌ ပြုံးစိစိနှင့်တွေးလေသည်။ ထို့ကြောင့် zoomထဲ 15min စော၍ဝင်လိုက်လေသည်။

" နှင်းဆီဖြူ "

" ... "

" Mailဖတ်ပြီးသွားပြီလား "

" အင်း "

" စိတ်ပြေသွားပြီလား? ကျွန်တော်.... ဆက်စောင့်ရဦးမှာလား "

" ဘယ်သူပြောလဲ "

" ဗျာ "

" စိတ်ပြေဖို့ ဆက်စောင့်ရဦးမယ်လို့ ဘယ်သူပြောလဲလို့ "

" တော်ပါသေးတယ်ဗျာ blockခံရတော့မယ်တောင်ထင်တာ "

" Blockခံရအောင် မလုပ်နဲ့လေ "

" ဒါဆို ကျွန်တော်တို့ အဆင်ပြေပြီလား "

" ကြည့်ကျပ်နေ "

" ဟုတ်ကဲ့ နှင်းဆီဖြူကိုကြည့်ပြီးနေမှာပါ "

" စကားကိုအမျိုးမျိုးပြောနေတာ ကြည့်လို့ကိုမရဘူး "

" ကြည့်လို့မရရင် မကြည့်နဲ့ဗျာ "

" မကြည့်ဘူးဟာ "

" နှင်းဆီဖြူမကြည့်လည်း ကျွန်တော်ကတော့ကြည့်နေမှာပဲ "

" စကား စကားပြောပါများ စကားထဲကဇာတိပြတဲ့နော် "

" ကျွန်တော့်စကားထဲကပြတဲ့ဇာတိက ချစ်ကြောင်းတွေပဲဖြစ်မှာပါ "

" ဘာပြောလိုက်တယ်! "

" ဘာမှမပြောပါဘူးဗျာ "

" ပြောလိုက်ပါတယ် "

" မပြောလိုက်ပါဘူးဗျာ "

" နင်နော် "

#BTC
#forward_only
#owner@Never_giveup_on_your_dream

Dream

11 Nov, 13:00


ငြိမ်းချမ်းသူနှင့် နှင်းဆီဖြူဟာ နှစ်ရက်ကြာသည်အထိအေးစက်၍နေလေသည်။ ထို့အပြင် Group chatထဲတွင်လည်း နှစ်ယောက်လုံးပေါ်မလာချေ။ လူမင်းကတော့ မနေနိုင်မထိုင်နိုင်
" မဟုတ်တော့မဟုတ်သေးဘူး။ Groupက တစ်ခုခုလိုနေတယ် "

ထို့ကြောင့် လူမင်းတစ်ယောက် ငြိမ်းချမ်းသူ၏ Direct messageသို့သွားကာ

" သူငယ်ချင်း အားလား "

နာရီဝက်နေမှ ငြိမ်းချမ်းသူတစ်ယောက် seenပြလေသည်။

" ပြော သားကြီး "

" နေကောင်းပြီလား "

" အေး ကောင်းသွားပြီ "

" လွတ်သွားတဲ့စာတွေရှိလား
ရှိရင်ပြော ငါပို့ပေးမယ် "

" မရှိဘူး ရတယ် သားကြီး "

" နေကောင်းတာသေချာပြီမလား "

" အေးဆိုနေ ဘာဖြစ်လို့လဲ "

" အေး ငါပြောစရာရှိလို့ "

" ပြောလေ ရတယ်
ပွင့်ပွင့်လင်းလင်းပြော အချင်းချင်းကိုကွာ "

" မင်းနဲ့ နှင်းဆီဖြူတစ်ခုခုဖြစ်ထားတယ်မလား "

" ... "

" သားကြီး တစ်စုံတစ်ယောက်ကိုချစ်မိတယ်ဆိုရင် ကြီးကြီးမားမားမျှော်လင့်ထားလို့မရဘူး။
ကိုယ့်ဘက်က ခံစားချက်ရှိပေမယ့် တစ်ဖက်ကတူချင်မှတူမှာ "

" ဒါပေမဲ့ကွာ "

" တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ .. ငါတို့စိတ်ကဖြစ်တာလေကွာ ..အဲ့တော့ ငါတို့လုပ်နိုင်တာဆိုလို့ ချစ်ပေးနေဖို့ပဲ .. အချစ်က သူပြန်ချစ်မှ၊ သူပြန်ကြိုက်မှဆိုတဲ့ အပေါ် မူတည်နေတာမဟုတ်ဘူး။ "

" သိတယ် သိပေမဲ့ .. "

" သားကြီး ချစ်တယ်ဆိုတာရိုးရိုးလေးပါပဲကွာ။ ကိုယ့်ဘက်က ဘာပဲဖြစ်နေဖြစ်နေ ချစ်ပေးလိုက်စမ်းပါ။ သူ့ဘက်ကလက်မခံရင် သူ့ကိုချစ်တဲ့သူတစ်ယောက်ကို သူဆုံးရှုံးလိုက်ရမှာ။ "

" ငါပြောမယ် "

" မပြောနဲ့ ငါမေးတာပဲဖြေ
ချစ်လား မချစ်ဘူးလား "

" ဟာ "

" မဟုတ်ဘူးလေ။ ဟျောင့် ဟျောင့်!
ငါပြောချင်ဇောများသွားတာ
ငါပြောချင်တာက
မင်းနှင်းဆီဖြူကို ချစ်လား မချစ်ဘူးလား "

" ချစ်တယ်လေ... "

" ဒါပဲလေ အဲ့တာပဲလိုတာလေ။
ငါပြောပြမယ်။ အချစ်ရေးမှာ ငါတို့ယောင်္ကျားလေးတွေက Gentlemanဆန်ရမယ်.. နားလည်ပေးရမယ် "

" အေး သိတယ်
ငါဒီတိုင်း .. ခံစားချက်ကိုမထိန်းနိုင်သွားတာ "

" ငါတို့လည်း ဆယ်ကျော်သက်တွေပဲလေ။ ခံစားချက်တွေပေါက်ကွဲတက်တာပဲ။ ပြန်ပြန်ထိန်းဖို့ပဲလိုတာ။ "

" အေး ကျေးဇူးကွာ သားကြီးရာ "

" အချင်းချင်းတွေပဲကွာ မလိုပါဘူး "

" ဒါနဲ့ မင်း ငါနှင်းဆီဖြူကို ချစ်နေမှန်း ဘယ်လိုသိတာ "

" အသိသာကြီးကိုကွာ "

" တော်တော်သိသာလို့လား "

" အေး "

" ဟဲဟဲ "

" ဟဲဟဲမနေနဲ့။ နှင်းဆီပေါ်မလာတာ နှစ်ရက်ရှိပြီ။ စကားတွေကျွံရင်နှုတ်မရဘူးကွ။ အချိန်မှီပြန်ပြင်။
နောက်ပြီး Google classroomထဲက homeworkမှာ နှင်းဆီက မင်းကို ပက်ပက်စက်စက်ငြင်းတာမှမဟုတ်တာ။ မင်းရော၊ ဟိုစည်သူရော အတင်းတွေဇွတ်ရေးနေလို့ သူ relationshipတွေကို စိတ်မဝင်စားဘူးပဲ ယဉ်ယဉ်ကျေးကျေးရေးထားတာကို။ "

" အေး မင်းပြောမှ ပြန်အသိကပ်တယ်။
ငါ့ကိုငြင်းတာမဟုတ်ဘူးပဲကွ။
ဒါနဲ့ မင်းက ဘယ်လိုလုပ် ဒီလောက်တောင်.. "

" Gentlemanဆန်နေတာလဲလား? "

" အေး "

" ငါ့မမကြောင့်လေ
ငါပြောမယ် မိန်းကလေးတွေရဲ့စိတ်က ငါတို့ထက်ပိုပြီး ဒွိဟဖြစ်တယ်။ သံသယများတယ်။ ငါတို့ကအဲ့တာကိုနားလည်ပေးရမှာ "

" အိုခေကွာ သားကြီး ကျေးဇူး "

" ကျေးဇူးတင်မနေနဲ့။ နှင်းဆီနဲ့သာ ပြေလည်အောင်လုပ်
Group chatထဲ မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ရှောင်နေတာကြီးက အဆင်ပြေမနေဘူး "
___

ငြိမ်းချမ်းသူဟာ လူမင်းလာအားပေးပြီးကတည်းက နှင်းဆီဖြူ၏ Direct messageစီ စာချက်ချင်းပို့လေသည်။

" နှင်းဆီဖြူ ကျွန်တော်စကားမှားတာပါ "

သို့သော် နှင်းဆီဖြူဟာ ဝင်မကြည့်ချေ။

" နှင်းဆီဖြူ ကျွန်တော်မှားတာပါ။ ကျွန်တော်အဲ့လိုမရည်ရွယ်ဘူး။ ဒီတိုင်း.. "

ဘယ်လိုပို့ပို့ နှင်းဆီဖြူဟာ ဝင်မကြည့်ချေ။ ထို့ကြောင့် ငြိမ်းချမ်းသူတစ်ယောက် မနက်မိုးလင်းသည်နှင့် class zoom linkထဲ စောဝင်ကာ နှင်းဆီဖြူကို စောင့်လေသည်။ နှင်းဆီဖြူဟာ ထုံးစံအတိုင်း အတန်းချိန်မစခင် 15 minစောပြီး joinလာလေသည်။

" နှင်းဆီဖြူ "

ချက်ချင်း leaveသွားလေသည်။ ထို့နောက် ဘာသာရပ်ဆရာမ ဝင်လာမှ ပြန် joinလာလေသည်။ ငြိမ်းချမ်းသူ micဖွင့်ပြီး ပြောဖို့အခွင့်မသာသောကြောင့် zoom chat boxက Direct messageကနေ

" နှင်းဆီဖြူ ကျွန်တော်မှားတာပါ။
ကျွန်တော်စကားမှားတာပါ။ အဲ့လိုမရည်ရွယ်ပါဘူး။ ကျွန်တော်နဲ့ နှင်းဆီဖြူနဲ့က ဘာလို့ ဘာမှမဆိုင်ရမှာလဲ။ ကျွန်တော် စာသင်နှစ်အစကတည်း attendanceမှန်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က နှင်းဆီဖြူကြောင့်ပဲ..။
နှင်းဆီဖြူရှိနေလို့သာ အတန်းက ကျွန်တော့်အတွက် ပျော်ဖို့ကောင်းတဲ့ရပ်ဝန်းဖြစ်နေတာ။ စာမေးတိုင်း ကျွန်တော် leaveဆိုတဲ့ ခလုတ်ကိုမနှိပ်တာ...နှင်းဆီဖြူရှိနေလို့ပဲ။ နှင်းဆီဖြူဟာ ကျွန်တော်နဲ့မသက်ဆိုင်ဘူးဆိုတာ မှန်ကောင်းမှန်လိမ့်မယ်..ဒါပေမဲ့ ကျွန်တော်က နှင်းဆီဖြူနဲ့ သက်ဆိုင်တယ်...။ ဒါဟာကျွန်တော် ငြင်းဆန်ချင်ရင်တောင် ငြင်းဆန်လို့မရတဲ့ အမှန်တရားပဲ။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်မှားတာပါ။

စာသင်ချိန်တွေသာ တစ်ချိန်ပြီးတစ်ချိန်ပြောင်းသွားလေသည်။ နှင်းဆီဖြူကတော့ ထုံးစံအတိုင်း replyမပြန်ချေ။
_______

Dream

11 Nov, 12:54


" Beyond the screen ( Chapter - 29 ) "

ပိတ်ရက်ကိုမျှော်လင့်ပေမယ့် တကယ့်တကယ့်ပိတ်ရက်လည်းရရော စာမသင်ရ၍ ဟာတာတာဖြစ်နေသောကြောင့် နှင်းဆီဖြူဟာကျောင်းပြန်ဖွင့်သည့်နေ့တွင် တက်ကြွနေလေသည်။ ထို့ကြောင့် အစောဆုံးအချိန်ဖြစ်သည့် chemistry zoom linkထဲသို့ 15minစောဝင်‌လိုက်လေသည်။ zoomထဲတွင် တီချယ်ဟာ တခြားအတန်းတစ်ခုကို စာသင်၍နေလေသည်။

" အယ် သမီး နှင်းဆီဖြူ အစောကြီးပါလား။
တီချယ့်အချိန်မစသေးဘူးလေ။ အရှေ့အတန်းလည်းမပြီးသေးဘူး "

" ဟုတ် သိတယ်ချယ် "

" ဒါဆို ဘာဖြစ်လို့စောဝင်လာတာလဲ "

" တီချယ့်ကို လွမ်းလို့ပါချယ် "

" အမလေး မမနှင်းဆီဖြူရယ် "

" ဟီးဟီး "

___

စာ
သင်ချိန်နာရီဝက်လောက်ဖြစ်သည်အထိ ငြိမ်းချမ်းသူတစ်ယောက် အတန်းထဲသို့ ရောက်မလာသေးချေ။ နှင်းဆီဖြူကိုလည်း Good morningလာမပို့သည်မှာ သုံးရက်ရှိပြီဖြစ်သည်။ ထို့ကြောင့် နှင်းဆီဖြူဟာ " ငါ google classroomမှာထပ်ထားတဲ့ homeworkကြောင့်လား? " ဟုတွေးမိလေသည်။

လူမင်းက Group chatထဲတွင်
" ဟျောင့်တွေ ငြိမ်းချမ်းသူပျောက်ချက်သားကောင်းနေတယ်ဟ "

ဟယ်ရီက
" ဟ wtf ဒီနေ့ကျောင်းပြန်ဖွင့်တာမလား
ငါအခုမှနိုးတာ။ မင်းတို့ကလည်းလာတောင်မခေါ်ဘူး "

ဂျူးက
" ငါနင့်ကို ဖုန်းခေါ်တယ်လေ နင်မှမကိုင်တာ "

လူမင်းက
" အခုဝင်ခဲ့ မှီတယ်။ တီချယ် attendanceမကောက်သေးဘူး "

ထိုစဉ် နှင်းဆီဖြူကတော့ ငြိမ်းချမ်းသူ၏ direct messageသို့သွားကာ keyboardပေါ်တွင်

" ငြိမ်းချမ်းသူ အဆင်ပြေရဲ့လား " ဟုရိုက်လေသည်။ ထို့နောက်ပြန်၍ ဖျက်လေသည်။ " သားကြီး အတန်းလာမတက်ဘူးလား " ဟု keyboardပေါ်တွင် ထပ်ရိုက်လေသည်။ ထို့နောက်ပြန်၍ ဖျက်လေသည်။ keyboardပေါ်တွင် " ငြိမ်းချမ်းသူ.. " ဟုရိုက်ပြီး ဘာဆက်ရေးရမလဲ စဉ်းစားနေတုန်း zoomထဲမှ တီချယ့်အသံထွက်ပေါ်လာလေသည်။

" သား ငြိမ်းချမ်းသူ နောက်ကျလှချည်လား "

" ဟုတ်..ချယ် တောင်းပန်ပါတယ်ဗျ "
ငြိမ်းချမ်းသူ၏အသံမှာ သိသိသာသာကို အသံဝင်ကာ ဖျော့နေလေသည်။

" နေမကောင်းဘူးလား သား "

ရယ်သံမသိမသာစွက်လျက် အဆင်ပြေသယောင်ဖြင့်
" နည်းနည်းပါချယ်။ ဆေးအရှိန်ကြောင့်မထနိုင်လို့ အတန်းချိန်နောက်ကျသွားတာ ခွင့်လွှတ်ပါချယ် "

" အေးအေး ဂရုစိုက်သားရေ "

" ဟုတ်ကဲ့ချယ် "

နှင်းဆီဖြူကတော့ " Direct messageကနေ စာကိုဘယ်လိုပို့ရင်ကောင်းမလဲ " ဟုတွေးကာ အကျပ်ရိုက်နေဆဲဖြစ်သည်။ ထိုစဉ် Group chatထဲတွင် လူမင်းက ငြိမ်းချမ်းသူကို mentionခေါ်ကာ

" သားကြီး မင်းအဆင်ပြေရဲ့လား
မင်းအသံက တော်တော်အဆင်မပြေနေဘူး "

ဂျူးက
" အေး ဟုတ်တယ် "

ဟယ်ရီက
" မုန့်ဟင်းခါးမစားချင်ဘူးနော် "

လူမင်းက
" အရေးဟယ်အကြောင်းဟယ်ဆို နှင်းဆီကလည်းဘယ်ပျောက်နေပြန်တာ "

တစ်ဖက်တွင် နှင်းဆီဖြူဟာ ငြိမ်းချမ်းသူ၏ Direct messageတွင် " ငြိမ်းချမ်းသူ " ဟုပို့လိုက်လေသည်။ ငြိမ်းချမ်းသူကလည်း ချက်ချင်း seenပြလေသည်။ သို့ပေမယ့်လည်း typingဟာ ပုံမှန်ထက်ကြာလေသည်။

" ဗျာ ပြောလေ နှင်းဆီဖြူ "

" အဆင်ပြေရဲ့လား ဖျားတာလား "

" ပြေပါတယ် "

" ဖျားတာလား? တုပ်ကွေးမိတာလား? ဆေးသောက်ထားလား? ဆေးခန်းရောပြပြီးပြီလား? "

Typing ရိုက်သည်ကို နှင်းဆီဖြူတစ်ယောက်တော်တော်စောင့်ယူရသည်။

" အေးဆေးပါ တုပ်ကွေးနေမှာ "

" ဘာတုန်း အဲ့ဒီမသေချာတဲ့အဖြေက
ဆေးခန်းမပြရသေးဘူးလား "

" ဆေးသောက်ထားတယ် "

" သုံးရက်လုံးပျောက်နေတာ နေမကောင်းလို့မလား ဂရုစိုက်လေ "

" နှင်းဆီဖြူနဲ့ ဘာဆိုင်လဲ "

" ဟင် "

" ကျွန်တော့်ကျန်းမာရေးက နှင်းဆီဖြူနဲ့ဘာဆိုင်လဲ? "

" အဲ့လို မဟုတ်ဘူးလေ ငါပြောချင်တာက "

" ကျွန်တော်နဲ့ နှင်းဆီဖြူနဲ့က ဘာဆိုင်လို့လဲ "

" ငြိမ်းချမ်းသူ နင်ဘာဖြစ်နေတာလဲ "

" ဘာမှမဖြစ်ဘူး "

" နင်နဲ့ငါနဲ့က သူငယ်ချင်းလေ။ ဘာလဲ ငါက ငါ့သူငယ်ချင်းကိုတောင် စိတ်ပူလို့မရဘူးလား? "

" ဒါပဲလား? "

" အေးလေ ဒါပဲလေ "

" ကျွန်တော်ပြောမယ် ကျွန်တော်ဘာဖြစ်ဖြစ် နှင်း‌ဆီဖြူနဲ့မဆိုင်ဘူး "

" နင်ကအဲ့လိုဖြစ်စေချင်တာလား? "

" ဟုတ်တယ် "

" အေး နင်ပြောတာနော် ဒီစကား "

နှင်းဆီဖြူဟာ direct messageကနေထွက်ပြီး ငြိမ်းချမ်းသူ၏ chatကို muteလိုက်လေသည်။
___

ငြိမ်းချမ်းသူဖက်ကိုကြည့်မည်ဆိုလျှင်
ငြိမ်းချမ်းသူဟာ နှင်းဆီဖြူကို အတည်ကြိုက်လေသည်။ အတည်လည်း ချစ်လေသည်။ သို့ပေမယ့် homeworkကိစ္စမှာ ငြိမ်းချမ်းသူဟာ ကလေးဆန်စွာပင် စိတ်ထိခိုက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် နှစ်စကတည်းက ငြိမ်းချမ်းသူဟာ နှင်းဆီဖြူကို ရရင်ရသလို သူ၏ခံစားချက်ကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ထုတ်ပြခဲ့သည်။ ထို့ကြောင့် မျှော်လင့်ချက်လည်း ပို၍ထားခဲ့လေသည်။ မျှော်လင့်ထားသလိုမဖြစ်လာသောကြောင့် ငြိမ်းချမ်းသူဟာ ဆယ်ကျော်သက်ပီပီ ပြိုလဲကာ နှင်းဆီဖြူ အပေါ် စိတ်လိုက်မာန်ပါပြောမိခြင်းဖြစ်လေသည်။
___

Dream

08 Nov, 11:52


ဟယ်ရီက
" ငါထပ်ပြီနော် "

ဂျူးက
" အေး "

ဟယ်ရီက
" အာ တခြားသူတွေထပ်ထားတာပါကြည့်လို့ရတာပဲ "

လူမင်းက
" အေးလေ "

ဟယ်ရီက
" အော် ဟဲ့ နှင်းဆီ fav songက တစ်မျိုးလေးပါလား "

လူမင်းက
" ဟင် နှင်းဆီ fav songထပ်ပြီးပြီလား။ ငါမတွေ့ဘူး။ "

ငြိမ်းချမ်းသူက
" ဗျာ! ကျွန်တော်တောင် ညနေက တစ်ချက်ဝင်စစ်သေးတယ်။ နှင်းဆီဖြူ fav songထပ်ထားသလားဆိုပြီး...မတွေ့ဘူး "

ဟယ်ရီက
" ကြည့်ရတာ စောနက zoomထဲ မဝင်လာခင်လေး ထပ်ထားတာနဲ့တူတယ် "

ငြိမ်းချမ်းသူကတော့ အပြေးအလွှား Google classroomကို ဖွင့်လေသည်။
_

နှင်းဆီဖြူထပ်ထားသည့် homeworkဟာ အောက်ပါအတိုင်းဖြစ်လေသည်

" ( 33 White Rose )
Song Name: Let Her Go
Artist: Passenger
Type of Music: Indie / Folk

Why I Like This Song:
I like this song because it’s about realizing what’s truly important and accepting that sometimes timing isn’t right. The lyrics capture the feeling of appreciating someone but understanding that it’s not always the right moment for a relationship. Right now, I’m not in a place where I’m ready for one, but I truly respect and admire the connection we share as friends.

P.S. Maybe someday in the future, when things align, the timing will be right. "

#BTC
#forward_only
#owner@Never_giveup_on_your_dream

Dream

08 Nov, 11:49


" ငါ LDRS, online ပေါ်က ချစ်တာ၊ကြိုက်တာ လုံးဝမယုံဘူး "

" နင်က ပြောလေ၊ခက်လေပါလား
ဒါဆို ဘာလဲ လိုင်းပေါ်ကခင်တဲ့ ငါ့ကိုရောမယုံဘူးလား "

" အဲ့လိုသဘောမဟုတ်ဘူးလေ "

" ဟုတ်တယ်လေ "

" ဟဲ့ နွေအိမ် မစနဲ့တော့ ခေါင်းရှုပ်လာပြီ "

" အေးအေး ‌ရှုပ်နေလိုက်
ဟိုကိုယ်တော်ချောနှစ်ယောက်ကတော့ နင်မြင်ရဲ့သားနဲ့ ဘာမှမပြောလို့ နေမထိထိုင်မသာတွေဖြစ်နေမှာပဲ "
___

ကျောင်းပြန်ဖွင့်ခါနီး သုံးရက်အလိုတွင် ဟယ်ရီက Group chatထဲ

" သားကြီးတို့ "

ဂျူးက
" အေး ပြော နင်အိမ်စာထပ်ပြီးပြီလား "

ဟယ်ရီက
" ဟဲ့ ဘယ်အိမ်စာလဲ "

ဂျူးက
" Fav songလေ "

ဟယ်ရီက
" ဟာ shittttt "

ဂျူးက
" ဒီညနောက်ဆုံးနော် ခွေးဖြစ်မယ် "

ဟယ်ရီက
" Zoomထဲလာခဲ့ဟာ ငါထပ်ဖို့ ideaမထွက်ဘူး "

ဂျူးက
" အေး အေး "

ဟယ်ရီက
" ဟိုကောင် လူမင်း
မင်းလည်းလာခဲ့ "

လူမင်းက
" နှင်းဆီနဲ့ ငြိမ်းချမ်းသူကိုလည်း‌ခေါ်လေကွာ
လူစုံရင် အတင်းတုတ်လို့ကောင်းတယ် "

ဟယ်ရီက
" အေး ငါသွားခေါ်လိုက်မယ် "

ထို့နောက် ဟယ်ရီတစ်ယောက် နှင်းဆီဖြူ Dmသို့သွားကာ

" ဟဲ့ "

Seen မပြချေ။

" သူငယ်ချင်း "

Seen မပြသေးချေ။

" တီးတောင် "

Seenမပြသေးချေ။

" ဟဲ့ ဘဲလ်တီးနေတယ်လေ "

နှင်းဆီဖြူ seenပြကာ

" ငါ့အိမ်မှာ ဘဲလ်မရှိဘူး "

" အေး မရှိလည်း အခု zoomထဲလာခဲ့ "

" ဘာကိစ္စလာရမှာ "

" လာဆိုလာခဲ့ "

" မလာပါဘူး "

" ငြိမ်းချမ်းသူကိုပါ တစ်ခါတည်းခေါ်ခဲ့ဟာ
နင်နဲ့ကပိုရင်းတယ် "

" မလာဘူးဆိုနေ "

" မသိဘူး လူမင်းရယ်၊ ငါရယ်၊ ဂျူးရယ် zoomထဲမှာစောင့်နေမယ် "

နှင်းဆီဖြူလည်း ငြိမ်းချမ်းသူ၏ Direct messageသို့သွားကာ

" ငြိမ်းချမ်းသူ "

ချက်ချင်း seenပြကာ

" ဗျာ ပြောလေ နှင်းဆီဖြူ "

" ဟယ်ရီက zoomထဲလာခဲ့တဲ့
အတင်းတုပ်မလို့လား ဘာလားပဲ "

" အိုခေဗျာ "

Zoomထဲ လူစုံသည်နှင့်

ဟယ်ရီက
" ယနေ့ လူကြီးမင်းတို့ကို ဒီနေ့၊ဒီနေရာမှာ စုဝေးလိုက်ရတဲ့အကြောင်းအရင်းကတော့ "

လူမင်းက
" သောက်ပိုတွေမပြောနဲ့။ လူတွေကိုအားတယ်များထင်နေလား "

ဟယ်ရီက
" မင်းက ဘာကြီးကြီးကျယ်ကျယ်သောက်လုပ်တွေရှိလို့လဲ "

လူမင်းက
" ငါမီးပူတိုက်ရဦးမယ်ဟ "

ဂျူးက
" အံ့မယ် ဟုတ်လှချည်လား "

နှင်းဆီဖြူက
" အမေချစ်သားလေး "

ဟယ်ရီက
" တော်တန်တိတ် နင်တို့အိမ်စာရောထပ်ပြီးကြပြီလား "

" ထပ်ပြီးပြီလေ "
ဟယ်ရီကလွဲပြီး ပြိုင်တူဖြေကြလေသည်။

ဟယ်ရီက
" အော် ဟဲဟဲ ငါတစ်ယောက်ပဲကျန်တော့တာပေါ့ "

လူမင်းက
" ပိတ်ရက်ထဲမှာ ဘယ်အလေလိုက်နေလို့ အိမ်စာတောင်မလုပ်နိုင်တာလဲ "

ဟယ်ရီက
" ခိုးငိုနေရလို့ မအားဘူး "

လူမင်းက
" စိမ်းကြောင့်မလား "

ဟယ်ရီက
" ဟာ မင်းဘယ်လိုသိတာ
နှင်းဆီနဲ့ ဂျူး ပြောပြတာမလား တောက်စ် "

လူမင်းက
" ဘယ်သူမှမပြောပြဘူး ငါ့ဘာသာသိတာ
အတန်းထဲမှာ ငါမသိတဲ့အကြောင်းမရှိဘူးကွ ဟားဟား "

ငြိမ်းချမ်းသူက
" ဟာ "

လူမင်းက
" ငြိမ်းချမ်းသူ သားကြီး google classroomထဲက မင်းအရေးအသားတွေနော် ဟွန်းဟွန်း "

ဂျူးက
" အေး တစ်မျိုးလေးနော် "

ဟယ်ရီက
" အကုန်တိတ်ကြစမ်း။ ငါအိမ်စာဘယ်လိုထပ်ရမလဲ စဉ်းစားပေးဦး "

နှင်းဆီဖြူက
" နင့် fav songထပ်လေ "

ဂျူးက
" အေးလေ "

ဟယ်ရီက
" Fav songတော့မသိဘူး အခုတစ်လော without youပဲ နားထောင်ဖြစ်နေတာ "

ငြိမ်းချမ်းသူက
" Aviciiရဲ့ without youမလား "

ဟယ်ရီက
" ဟုတ်တာပေါ့ သားကြီးရာ "

နှင်းဆီဖြူက
" အဲ့တာထပ်လိုက်လေ "

ဟယ်ရီက
" ဟဲ့ Why I like this songမှာ ငါကဘာသွားရေးရမှာလဲ "

နှင်းဆီဖြူက ‌
" ရေးလိုက်လေ။ အပစ်ခံလိုက်ရလို့ နေ့မအား၊ညမအားငိုနေရင်း fav songဖြစ်သွားတာပါ ဘာညာ "

လူမင်းက
" အူတက် "

ဟယ်ရီက
" ဟာ နိုးနိုး ငါအပစ်ခံရတယ်ဆိုတာ တစ်တန်းလုံးသိကုန်မှာပေါ့ "

ဂျူးက
" Fav songထပ်မှာဖြင့်သာ ထပ်စမ်းပါဟာ "

ဟယ်ရီက
" ဒါဆို အဲ့ without youပဲ ထပ်လိုက်မယ်ကွာ
Why I like this songမှာ because I just like itပဲ ရေးလိုက်မယ်လေ "

နှင်းဆီဖြူက
" လုပ်ချင်တာသာလုပ် "

ဟယ်ရီက
" အေး အဲ့လိုပဲလုပ်လိုက်တော့မယ် "

ငြိမ်းချမ်းသူက
" နှင်းဆီဖြူ "

နှင်းဆီဖြူက
" ပြောလေ "

ငြိမ်းချမ်းသူက
" Google classroomထဲဝင်မကြည့်ရသေးဘူးလား? "

နှင်းဆီဖြူက
" ကြည့်ပြီးပြီလေ "

ငြိမ်းချမ်းသူက
" ကျွန်တော့်ကို ပြောချင်တာရှိလား "

လူမင်းက
" ဟျောင့်တွေရေ "

နှင်းဆီဖြူက
" မရှိဘူး "

လူမင်းက
" ဟာ "

ငြိမ်းချမ်းသူက
" သေချာလား နှင်းဆီဖြူ "

လူမင်းက
" ဟုတ်တော့ဟုတ်နေပြီဟေ "

နှင်းဆီဖြူက
" သေချာတယ် "

လူမင်းက
" မဟုတ်တော့ မဟုတ်သေးဘူး "

ဟယ်ရီက
" ဘာဖြစ်နေတာလဲ လူမင်း "

လူမင်းက
" မသိရင် မသိသလိုနေကွာ
မင်းမသိတာတွေရှိတယ် "

Dream

08 Nov, 11:47


" Beyond the screen ( Chapter - 28 ) "

" Hello rose "

ဖုန်းမှ notiသံထွက်ပေါ်လာသဖြင့် နှင်းဆီဖြူဖုန်းကိုဖွင့်ကာ ကြည့်လိုက်သည်။ " 04 sithu " ဆိုသည့်အကောင့်မှ ပို့ထားခြင်းဖြစ်သည်။

" Yes? " ဟု နှင်းဆီဖြူပြန်ပို့လိုက်သည်။ နာရီဝက်လောက်ကြာမှ

" Eng fav song homeworkထပ်ပြီးပြီလား နှင်းဆီဖြူ "

" No "

" ဒါနဲ့ အားလား "

" ပြောကြည့် "

" ဘာမှတော့မဟုတ်ပါဘူး ဒီတိုင်းစကားပြောမလို့ "

" ပြောလေ "

" နှင်းဆီဖြူကတော့ ကျွန်တော့်ကို သတိထားမိမှာမဟုတ်ပေမယ့် ကျွန်တော်ကတော့ နှစ်စကတည်းက နှင်းဆီဖြူကို သတိထားမိနေတာ "

" ဟုတ်လား "

" ဟုတ်တယ် "

" ဒါနဲ့လေ "

" ဆက် "

" 2 + 2 = ? "

" 4 "

" Yep, because I'm the one for you! "

" Sorry, but that's kinda cringe, dude. "

" အခုမှ အစကိုဗျာ "

" သိပ်တော့မလွန်လာနဲ့
ရုံးအဖွဲ့စီ mailနဲ့တိုင်လိုက်မယ်
သူငယ်ချင်းအချင်းချင်းခင်ချင်တာ လက်ခံတယ်
စည်းတော့ကျော်မလာနဲ့ စည်သူ "

" ကျွန်တော့်ရည်ရွယ်ချက်က စည်းကိုကျော်ဖို့ပဲ
လက်ခံတာ၊မခံတာက နှင်းဆီဖြူကိစ္စ "

လက်ပေါက်ကပ်လာသဖြင့် နှင်းဆီဖြူ chatကို muteလိုက်သည်။
___

" ဟဲ့ မမနှင်းဆီ "

နွေအိမ်စီမှ notiဖြစ်သည်။

" ပြော "

" နင် google class roomထဲ ဝင်ကြည့်ပြီးပြီလား "

" နိုး ငါဘာထပ်ရမလဲ စဉ်းစားရကျပ်နေလို့ ဝင်တောင်မကြည့်ဖြစ် "

" အေး အေး ဟိုနှစ်ယောက်ကတော့ လုံးဝတွေရေးထားတာ နင်ကဝင်တောင်မကြည့်နိုင်
တစ်တန်းလုံးအဲ့အကြောင်းပွက်လောရိုက်နေတာ "

" ဘယ်နှစ်ယောက်က ဘာတွေရေးထားလို့လဲ "

" ဝင်ကြည့်လိုက်စမ်းပါဟာ "

နှင်းဆီဖြူ ချက်ချင်းပင် Google classroomထဲဝင်ကာ Englishကိုနှိပ်လိုက်သည်။ ထိုထဲက homeworkနေရာတွင် အတန်းဖော်သူငယ်ချင်းတွေ ထပ်ထားသည့် fav songတွေမြင်ရလေသည်။ တစ်ခုချင်းစီလိုက်ကြည့်သည်အထိ ထူးခြားသည်မတွေသေးချေ..။ ထို့နောက် " 31 peace human " ဆိုသည့် accထပ်ထားသည့် homeworkတွင် နှင်းဆီဖြူရပ်တန့်သွားလေသည်။

" ( 31 peace human )
Song Name: Just the Way You Are
Artist: Bruno Mars
Type of Music: Pop

Why I Like This Song:
I love this song because it’s all about admiring someone exactly as they are—no changes needed. There’s something special about someone who brings so much light and positive energy, like sunshine. When I hear the lyrics, it reminds me of that feeling when you can’t help but smile just thinking about a certain someone. It’s like the song was made for anyone who has a little crush and wants to say, “Hey, you’re amazing just as you are.”

P.S. Maybe someday I’ll find the courage to tell her in person… "

နှင်းဆီဖြူဟာ ထိုအခိုက်အတန့်တွင် ဝင်လေ၊ထွက်လေကိုတောင် မေ့လျော့သွားလေသည်။ " wtf is this " ဟုတွေးလေသည်။ " ငါ့ကိုရည်ညွှန်းတာမဟုတ်လောက်ပါဘူး " ဟုလည်းတွေးလေသည်။ " ငါဆိုရင်ရော " ဟုလည်းတွေးလေသည်။ အတွေးတွေ အပြိုင်ပြေးနေတဲ့ နှင်းဆီဖြူဟာ အယောင်ယောင်အမှားမှား screenကို scroll downလုပ်ကာမှ နောက် homeworkတစ်ခုကိုထပ်တွေ့လေသည်။

" ( 04 Sithu )
Song Name: Can’t Take My Eyes Off You
Artist: Frankie Valli
Type of Music: Pop

Why I Like This Song:
I like this song because it captures that feeling you get when you’re around someone who just lights up the room. The lyrics are playful and sweet, and it’s a reminder of how sometimes someone’s presence can make your day better without them even realizing it. Plus, it’s a classic that’s been around for decades, so it feels timeless.

P.S. It’s a great song for anyone who might have a secret crush! "

ထိုစဉ် နွေအိမ်စီမှ notiဝင်လာ‌သည်။

" တွေ့ပြီလား "

" တွေ့ပြီ "

" နင်ဘယ်လိုလုပ်မလဲ "

" ငါမှမဟုတ်တာ "

" ဟဲ့ အပိုတွေမလုပ်နဲ့
နင့်ကို နာမည်မတပ်ပေမယ့် နင့်ကိုပဲရည်ညွှန်းနေတာ အသိသာကြီးလေ "

" မသိဘူးဟာ "

" မသိလို့မရဘူးဟာ "

" ဟဲ့ နင်အူမြူးနေတာလား "

" အေး ငါတော့ဘေးကနေအဲ့စာတွေဖတ်ပြီး အူမြူးနေတာ "

" ‌တော်ပါဟာ ခေါင်းရှုပ်စရာတွေ "

" နင်အမြဲအဲ့လိုပဲ
Relationship, loveအကြောင်းပြောတာနဲ့ ရှောင်ရှောင်ထွက်‌ "

" ငါပြောမယ် အဲ့ရည်းစားထားတယ်၊ relationshipထားတယ်ဆိုတာ တွေးကြည့်ရုံနဲ့တင်ကို အာရုံတွေနောက်လာရော
ဥပမာဟာ ငါ mood swingsဖြစ်ရင် တအား sensitiveဖြစ်တာနင်သိတယ်မလား
အဲ့လိုမျိုးနဲ့ သူများသားသမီးကို ဒုက္ခမပေးချင်ဘူး "

" ဟဲ့ နင့်ကိုချစ်ရင်တော့ နင်ဘာလုပ်လုပ်ချစ်နေမှာပဲ
ငြိမ်းချမ်းသူရေးထားတာ နင်သေချာဖတ်စမ်းပါ "

" ဖတ်တယ်လေ "

" အဲ့တာဆို နင်ဘာမှလျှောက်တွေးစရာမလိုဘူးလေ "

Dream

19 Oct, 11:27


BTCကို ဒီတစ်ပတ်နှစ်ရက်ကို မတင်တော့ပါဘူး
( Person work, caseတွေ သီတင်းကျွတ်ပိတ်ရက်မှာများလာလို့ပါ
But နောက်တစ်ပတ် သုံးရက်လုံးကို extraတွေပါတင်ပေးပါမယ်🫶
Mwah 💋 )

Edit: Novမှ တင်ပါတော့မယ်ဗျာ
Writerက ရေးဖို့ idea blockဖြစ်နေလို့ပါဗျို့။ တကယ် အားနာရပါတယ်
#owner

Dream

18 Oct, 11:32


" Beyond the screen ( Chapter - 27 ) "

" နှင်းဆီဖြူ "

" သီတင်းကျွတ် မုန့်ဖိုးလာတောင်းတာဆိုရင် နိုး နိုး နော် "

" မဟုတ်ပါဘူးဗျာ "

" တော်ပါသေးတယ် "

" ရွယ်တူအချင်းချင်း မုန့်ဖိုးတောင်းစရာလားဗျာ "

" တစ်ချို့က တောင်းတယ်ဟ "

" ပိတ်ရက် နှင်းဆီဖြူဘာလုပ်ဖို့ စီစဉ်ထားလဲ "

" အရင်ဆုံး English homeworkထပ်မလို့ fav songလိုက်ရှာနေတာ "

" ကျွန်တော်မေ့နေတာ နှင်းဆီဖြူပြောမှသတိရသွားပြီ "

" ဟဲ့ ထပ်နော် မမေ့ကောင်းဘူး homeworkကနေ အမှတ်တွေရတာနော် "

" သိပါတယ်ဗျာ "

" အေး မမေ့စေနဲ့ "

" ပိတ်ရက်တစ်ပတ်ရတာကို fav songပဲထိုင်ရှာနေမလို့လား "

" မဟုတ်ပါဘူး ရုပ်ရှင်တွေလည်းကြည့်မှာပေါ့ ရှားရှားပါးပါးပိတ်ရက်လေးရတာကို "

" ဘာရုပ်ရှင်လဲ "

" အရင်‌ဆုံး.. lovely runnerကြည့်မလားလို့
စစထွက်တုန်းက ongoingလိုက်မလို့ဟာကို မအားတာနဲ့ "

" Lovely runner?
K dramaလား? "

" ဟုတ်တယ် အကြည်ဓာတ်လေးလို့ကြားလို့ ကြည့်မလို့ "

" နောက်ကော "

" နောက်.. love next door
Friend to lover typeလို့ကြားတယ် "

" ဟာ ကြိုက်တယ်
Friend to lover typeတွေဆို ကျွန်တော်တအားကြိုက်တာ "

" ကြည့်လိုက်တော့ သူငယ်ချင်း "

" နောက်ကော "

" ဟဲ့ ငါကြည့်မယ့် ရုပ်ရှင်အကုန်ပြောရမှာလား "

" ကျွန်တော်လည်း ရုပ်ရှင်ကြည့်ရတာကြိုက်လို့လေ recommendလေးဘာလေးပေးလေဗျာ "

" အာ အိုခေ ဟဲဟဲ မပူနဲ့ ငါ့လောက်ရုပ်ရှင်ကြည့်တာငါပဲ "

" သိပ်လည်းမကြည့်နဲ့ဦး မျက်စိထိမယ် "

" အေးပါ "

" လုပ်ပါ recommend movieတွေ "

" Love all play
သူလည်း friend to lover typeပဲ "

" အိုခေဗျာ ကြိုက်တယ် "

" နောက်.. နင် animeရောကြည့်လား? "

" ကြည့်တယ် ပြော "

" The Reason Why Raeliana Ended Up At The Duke's Mansion
အရမ်းမိုက်တယ်သိလား
အဲ့ထဲက male leadက လုံးဝ ငါ့ idea typeပဲ "

" အိုခေ "

" နောက်.. အာ တော်ပြီ ငါပြောတာများနေပြီ "

" ရတယ် ပြော ကျွန်တော်လည်း ပိတ်ရက် ရုပ်ရှင်ကြည့်မလို့ကြံနေတာ ဘာကြည့်ရမလဲမသိနေလို့ "

" အိုခေလေ ငါ animeပဲ recommendပေးမယ်
Animeတွေက ရှယ်လှတာဟ "

" ဟုတ်လား "

" အေး ကြည့်ကြည့်လိုက်
လူမကြိုက်ချင်ဘဲ animeပဲကြိုက်ချင်တယ်တို့ဘာတို့ဖြစ်သွားမယ် "

" ဟာ နှင်းဆီဖြူက လူမကြိုက်ဘူးလား "

" Animeကိုကြိုက်တာလေ အရမ်းလှတာ "

" အော် အဲ့သလို "
___

မျိုးစင်တစ်ယောက် သီတင်းကျွတ်ပိတ်ရက်တွင် ပျင်းနေလေသည်။ ထို့ကြောင့် တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည့် ငြိမ်းချမ်းသူစီသို့သွားကာ

" ဟျောင့် သားကြီး "

ငြိမ်းချမ်းသူ တော်တော်နှင့် စာမပြန်ချေ။ တစ်နာရီလောက်ကြာမှ

" အေး ပြော "

" Seenကြာလှချည်လား ဟျောင့်ရ
မင်း ကဗျာရေးနေတာလား "

" မဟုတ်ပါဘူး "

" ဒါဆိုအတော်ပဲ ဂိမ်းဆော့မယ် ဟျောင့် "

" ငါမအားဘူးကွ "

" ဟ ဘာလုပ်နေလို့လဲ "

" ရုပ်ရှင်ကြည့်နေတာ "

" ဟမ် "

" ရုပ်ရှင်ကြည့်နေတာလို့ "

" ဘာရုပ်ရှင်လဲ
ကောင်းလား
ငါ့လည်း ညွှန်းပါဦး "

" Love next door "

" နေဦး Googleမှာ ပြေးရှာလိုက်ဦးမယ် "

" အေးအေး "

" ဟာ ဟျောင့် K dramaကြီး "

" အေးလေ "

" မင်း K dramaဆို လုံးဝမကြည့်ဘူးလေ "

" အဲ့လိုမဟုတ်ပါဘူး "

" သားကြီး အပိုတွေပြောမနေနဲ့ မင်းနဲ့ခင်လာတာ ငါဘယ်နှနှစ်ရှိပြီလဲ "

" ငါ K dramaမကြိုက်ဘူးလို့ မပြောမိပါဘူးကွ "

" ပြေးရိုက်လိုက်လို့ မကြိုက်ဘူး မပြောမိပါဘူးဖြစ်သွားမယ်
တစ်ခါလေ ငါက All of us are deadကြည့်ဖို့ပြောတာကို ' ငါ K dramaတွေမကြိုက်ဘူးကွ ' ဆိုပြီး ပြောတာဘယ်ကောင်လဲကွ "

" ငါအဲ့လိုပြောမိလိုက်တာလား "

" အေး "

" ဟဲဟဲ အခုတော့ကြိုက်သွားပြီလေ "

" မင်းမအားတာသေချာလား "

" အေးဆို မအားဘူးကွ
အခုတောင် မင်းကို ငါရုပ်ရှင်ကြည့်မယ်အချိန်ထဲကဖဲ့ပြီး စကားပြောနေတာ "

" မင်းအခုကြည့်နေတဲ့ကားက 16ပိုင်းတည်းမလား အခုဘယ်အပိုင်းရောက်နေပြီလဲ "

" Episode 11ရောက်နေပြီ "

" ဒါဆို မနက်ဖြန်ညနေလောက် ဂိမ်းဆော့ဖို့ ငါလာခေါ်မယ် "

" မအားဘူး "

" ဟျောင့် 16ပိုင်းက အဲ့လောက်ဆိုပြီးပြီလေ
ဘာကိုမအားတာ "

" ငါဆက်ကြည့်ဖို့ရှိသေးတယ်ကွ lovely runner, love all play, The Reason Why Raeliana Ended Up At The Duke's Mansion "

" ဟာ များလှချည်လား
မင်းက ရုပ်ရှင်ကြည့်တဲ့ပုံနဲ့မတူဘဲ အိမ်စာလုပ်နေတဲ့ပုံစံနဲ့ "

" ငါ အဲ့တာတွေ အကုန်ပြီးအောင်ကြည့်မှာကွ "

" မင်းကို ဘယ်သူက recommendလိုက်တာလဲ
မင်းဟာမင်းဆို ပျင်းလို့မကြည့်ဘူးမလား "

" ဟဲဟဲ "

" မဟုတ်မှလွဲရော.. နှင်းဆီဖြူ? "

" ဟဲဟဲ "

" နှင်းဆီဖြူကကွာ သူ့ဟာသူမကြည့်ဘဲ မင်းကိုဘာလို့လာပြောတာ အရေးမပါတာ "

" ‌မျိုးစင် ငါ့ဟာငါ သွားမေးလာတာ၊ နှင်းဆီဖြူနဲ့မဆိုင်ဘူး "

" ဆိုင်ဆိုင် မဆိုင်ဆိုင်ကွာ သူ recommendပေးလိုက်လို့ ငါဂိမ်းဆော့ဖော်၊ဆော့ဖက်က မအားဘူးလုပ်နေပြီလေ "

" သားကြီးကလည်း မင်းပါ ရုပ်ရှင်ကြည့်လေကွာ "

" အေး ဟုတ်သား "

" ရှင်းနေတာကို မင်းကလည်း
ဒါနဲ့ ငါမေးစရာရှိတယ် "

" အေး မေး "

" Cosplayerဘယ်လိုလုပ်ရမလဲ သိလား? "

" မသိဘူး ဘာလုပ်မလို့လဲ "

" Anime cosplayရင်ကောင်းမလားလို့ "

" ဘာလို့ "

" နှင်းဆီဖြူက Animeကြိုက်တယ်ဆိုလို့ "

#BTC
#forward_only
#owner

Dream

17 Oct, 01:34


Hee Hee"
#owner

Dream

15 Oct, 01:46


မတင်တာကြာပြီဖြစ်တဲ့ Movie recommendationsလေး လာပါပြီဗျာ~

သီတင်းကျွတ်ပိတ်ရက်မှာ အိမ်တွင်းအောင်းပြီး မူဘီကြည့်မယ့်သူတွေအတွက် romance moviesအများဆုံးပါတဲ့ movie recommendations list

( K drama )

youth vibe, romanceပါခံစားရမယ့်
တစ်ပိုင်းပြီးတိုင်း ကြည်နူးပီတီ ဂွမ်းဆီထိဖြစ်စေမယ့်
" Lovely runner "
http://t.me/+nOyPehj2SbJlYjg9

Bromanceကို မသိမသာရော၊ သိသိသာသာပါခံစားရမယ့်အပြင် High School vibe, gangster vibeပေးတဲ့
" High School return of a gangster "
https://t.me/+RoJ5juEC0VU4NTdl

seriousဖြစ်ပြီး deep meaning၊ psychopathတွေနဲ့ ပြည့်နေတဲ့
" Death's game "
https://t.me/+GJR1hkGr-XIyZTFl

အစိမ်းတကာ့အစိမ်းဆုံး Green flag typeနဲ့ sportလောက romanceကို ပြုံးဖြီးဖြီးနဲ့ကြည့်ရမယ့်
" Love all play "
Join channel first
https://t.me/+5oSG6rK4UQplZGZl

Movie link
https://t.me/c/2029258942/64

စူပါပါဝါတွေရှိနေတဲ့ familyကိုမှ Trauma, depression, romance, comedyပါခံစားရမယ့်
" The Atypical Family "
Join channel first
https://t.me/+2l2iiMtRDpAzZTQ9

Movie link
https://t.me/c/2227032319/103

AIနဲ့ ကိုယ်ချစ်ရတဲ့သူတွေပျောက်ကွယ်သွားရင် အစားထိုးလို့ရတဲ့ နည်းပညာအကြောင်း၊ လူ့ခံစားချက်မှုတွေအကြောင်းကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားတဲ့
" Wonderland ( 2024 ) "
Join channel first
https://t.me/+QtY5uhXc29UyMWY9

Movie link
https://t.me/c/2156183730/48

Obsessive Compulsive Disorder (OCD)ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစား ချက်တွေ၊ မိဘနဲ့သားသမီးဆက်ဆံရေးတွေ၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားက ပဋိပက္ခတွေကိုလည်း ရင်ထဲထိရလောက်တဲ့အထိ ကြည့်ရှု ခံစားရမယ့်
" Turtles all the way down "
https://t.me/alwisojosk3ikg/98

Teenagerတွေရဲ့ ရှူ့ထောင့်တွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတဲ့အပြင် Emma Watsonတို့လို A+ actor, actressတွေသရုပ်ဆောင်းထားတဲ့
" The perks of being a wallflower "
Join channel first
https://t.me/oaalspsklapepemheihh

Movie link
https://t.me/oaalspsklapepemheihh/56

Warm heartဖြစ်စေမယ့်အပြင် အလွဲတွေနဲ့ရယ်ရ၊ deep meaningတွေပါတဲ့
" Ultraman rising "
Join channel first
https://t.me/hlawanthebestcartoonchannel

Movie link
https://t.me/hlawanthebestcartoonchannel/162

( Bollywood movie )

( ဒီကားကတော့ ကြည့်ဖို့ 100% recommend!!!! )
IMDb 8.3ထိရရှိထားတဲ့ Netflixက မူဘီတစ်ခုဖြစ်ပြီး past life, democracy though, gender equality, romanceစတာတွေကို ဟာကွက်မရှိပဲ ကောင်းကောင်းခံစားကြည့်ရှုနိုင်မယ့်
" Shyam Singha Roy "
Join channel first
https://t.me/+3YzsZpLDrG9lMWZl

Movie link
https://t.me/c/2001620303/359

( Anime list )

Realityကြီးကိုစိတ်ပျက်နေတဲ့အချိန် တစ်ကမ္ဘာလုံး zombieတွေဖြစ်ကုန်တာကို hapi hapiဖြစ်သွားတဲ့ကားလေး
( တော်တော်လေးခွီရသလို deep meaningတွေလည်းပါလို့ 100% recommend )
" Zom 100: Bucket List of the Dead "
Join channel first
https://t.me/OnichanAnimeMM

Movie link
https://t.me/OnichanAnimeMM/964

Enemy to lover typeကိုမှ ရှယ်ကြွေရသော😭
( Animation, characterတွေကလည်း artအလှလေးတွေ )
" 7th Time Loop: The Villainess Enjoys a Carefr Life Married to Her Worst Enemy "
Join channel first
https://t.me/Suzume_no_Tojimari_mmsub

Movie link
https://t.me/Suzume_no_Tojimari_mmsub/7489

Mystery, Action, childhood friends to lover typeတွေနဲ့ ဝိုးခနဲ၊ ဝေါင်းခနဲ ကြည့်ရမယ့်
" Fena the pirate princess "
Join channel first
https://t.me/Demon_Slayer_season_tow

Movie link
https://t.me/Demon_Slayer_season_tow/6297

Enemy to lover typeကိုမှ let the world burn for you vibeပါရမယ့်
" The Reason Why Raeliana Ended Up At The Duke's Mansion "
Join channel first
https://t.me/AMLlinkcolletion

Movie link
https://t.me/AMLlinkcolletion/19

Drama, Historical, Mystery, Medicalတွေကိုအခြေခံထားတဲ့အတွက် ခပ်မိုက်မိုက်ကိုကြည့်ရမှာပါ။ low-keyနေတဲ့သူက manipulator, naturally smartဖြစ်နေတဲ့ vibe, psychopath vibeအပြင် romanceကိုပါ ပြုံးပြုံးကြီးကြည့်ရမယ့်
" The Apothecary Diaries "
Join channel first
https://t.me/OnichanAnimeMM

Movie link
https://t.me/OnichanAnimeMM/1435

Villain coupleရဲ့ သဲသဲကဲကဲတွေကို ကြည်နူးပြီးကြည့်ရမယ့်
" I'm the Villainess, so I'm Taming the Final Boss "
Join channel first
https://t.me/My_Hero_Academia_mmsub

Movie link
https://t.me/My_Hero_Academia_mmsub/6200

( ကိုယ်တိုင်ကိုက လတ်တလော romanceတွေပဲကြည့်ဖြစ်တာမလို့ romanceအများဆုံး recommendပေးဖြစ်တာပါဗျို့
Enjoy!! )


#forward_only
#owner

Dream

13 Oct, 11:51


ဂျူးက
" ငါဘာတွေလွတ်သွားတာလဲ "

နှင်းဆီဖြူက
" Midterm exam ကို test portalနဲ့စစ်ပြီးရင် ကျောင်းတစ်ပတ်ပိတ်ပေးမယ်တဲ့ "

ဟယ်ရီက
" နင်က ဘယ်ရောက်နေလို့ အခုမှလာပြီး ဘာတွေလွတ်သွားလဲ လာလုပ်နေတာလဲ "

ဂျူးက
" ကိုကိုရင်ခွင်ထဲမှာလေ အာ့ကြောင့် မေ့သွားတာ မီတင်ကို "

လူမင်းက
" ဂျူးပြောမှ ငါလည်း ငါ့မမကို သတိရသွားပြီ သွားလိုက်ဦးမယ် ဘိုင့် "

ဟယ်ရီက
" ဒီ...သောက်အတွဲတွေ ပြတ်ကြစမ်း! "

နှင်းဆီဖြူက
" အူတက် "
___

Midterm examမဖြေခင် တစ်ပတ်အလိုတွင် ဘာသာရပ်တီချယ်တိုင်းဟာ

" ကလေးတို့ စာလုပ်လို့ရအောင် တီချယ်တို့ ဒီတစ်ပတ်စာမသင်တော့ဘူး။ တီချယ်တို့ zoomကို တစ်ပတ်လုံး မနက် 9နာရီကနေ ညနေ 3နာရီအထိဖွင့်ပေးထားမယ်။ မေးချင်တာရှိရင် စိတ်ကြိုက်အချိန်မရွေးဝင်မေး။ ပြန်ရှင်းစေချင်တာရှိရင်လည်း လာရှင်းခိုင်း။ ဘာမှမရှိတဲ့ကလေးက ကိုယ့်ဘာသာစာလုပ်နေပါ။ စိတ်အေးအေးထားပါ။ စာမေးပွဲကို အခက်အခဲမရှိ ဖြေနိုင်ကြပါစေ "

___

Mi
dterm examစသည့်နေ့တွင် linkထဲဝင်ဖြေလို့မရသည့် ပြဿနာတက်လေသည်။

" တီချယ်တို့ရေ ဝင်မရနေဘူးရော သမီးပဲဖြစ်နေတာလား "

" တီချယ်ရေ!!! လုပ်ပါဦး ဝင်မရဘူး!! "

" တီချယ်ရေ ကျွန်တော်ဝင်မရဘူးဖြစ်နေတယ် ကျတော့မှာလားမသိဘူး "

" တီချယ် ဝင်မရဘူး အချိန်တွေလျော့ကုန်ပြီ ဘယ်လိုလုပ်ကြမလဲ "

" တီချယ်..ဝင်မရရင် သားမဖြေတော့ဘူးနော် ဟဲဟဲ "

" ဟွာ ချယ် ဝင်မရတော့လေ..မဖြေတော့ဘူးနော် ရတယ်မလား ရက်ရွေ့လိုက်မယ်လေ "

" ဝင်မရဘူးကွာ wtf "

" မင်းလားကွ ဝင်မရတာ
အေး ဝင်မရရင် ငါကလည်း မဖြေဘူးကွာ "

ကျောင်းသားတွေအကုန်လုံးဟာ examကြောင့် စိတ်လှုပ်ရှားနေသည့်အပြင် linkဝင်မရသည့်အတွက် ထူပူကာ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်လေသည်။ ထို့အတူ တီချယ်တွေဟာလည်း တပည့်တွေ ပြာယာခတ်နေသည့်အတွက် ရင်ပူကာ ရုံးအဖွဲ့ကို စာပို့ကြလေသည်။

" ဆရာရေ ကလေးတွေဝင်မရဘူးတဲ့ "

" ဆရာ လုပ်ပါဦး ကျွန်မတပည့်တွေ စိတ်ပူနေကြပြီ "

" ဆရာရေ ကျွန်မတပည့်မလေး သူကျပြီထင်ပြီး ငိုနေပြီ "

" ဆရာရေ ဘာဖြစ်တာလဲ "

ရုံးအဖွဲ့ကသူများ၏ notiတွင် တီချယ်တွေရဲ့စာတွေအပြင် ကျောင်းသူ/ကျောင်းသားတွေရဲ့ စာတွေပါ တတောင်တောင် တက်နေလေသည်။

" အားလုံးပဲ! စိတ်အေးအေးထားကြပါခင်ဗျာ။ ဘယ်သူမှ မကျပါဘူး။ လူအဝင်များလို့ server downနေတာပါ။ ခဏစောင့်ပေးကြပါ။ ဘာမှမဖြစ်ပါဘူး။ exam timeကလည်း ကလေးတို့ ဝင်ဖြေမှ စမှတ်မှာဖြစ်တဲ့အတွက် နောက်မကျပါဘူး။ စိတ်အေးအေးထားကြပါ "

___

Ex
amဖြေနေသည့်ရက်အတွင်း ငြိမ်းချမ်းသူဟာ

" နှင်းဆီဖြူ ဖြေနိုင်လား "

" မ‌ဖြေနိုင်လည်း ဘာမှမဖြစ်ဘူး စာက ဘဝကြီးမဟုတ်ဘူး "

" ဖြေနိုင်တာလား ဒါပဲလေ သိနေတယ် နှင်းဆီဖြူက တော်တယ်ဆိုတာ "

" မသိတာတွေရှိရင် ကျွန်တော့်မေး‌နော် "

" အဆင်ပြေရဲ့လား "

" ကျွန်တော်ဘာလုပ်ပေးရမလဲ "

" ကျွန်တော်တော့ ဒီနေ့ဦးနှောက်ကုန်ပြီ "

" မေးခွန်းက စားချက်ဗျာ "

" ရှုပ်တယ်ဗျာ နှင်းဆီဖြူ ခေါင်းတအားပူလာရင် မဖြေနဲ့တော့ ထွက်လာခဲ့ နှင်းဆီဖြူတော်တာ ကျွန်တော်သိတယ် "

" အဲ့မေးခွန်းလား နှင်းဆီဖြူမရတာ၊ ကျွန်တော်လည်းမရဘူး ဟဲဟဲ "

" ဖိုက်တင်း ဖိုက်တင်း "

" ကျွန်တော်လား? အေးဆေးပါ။ ဖြေနိုင်တာ မဖြေနိုင်တာအရေးမကြီးပါဘူး။ အရေးကြီးတာက နှင်းဆီဖြူ စိတ်မညစ်ဖို့ "

" ပင်ပန်းနေပြီလား? "

" ကျွန်တော့်မေတ္တာတွေက နှင်းဆီဖြူအတွက် အားအဖြစ်ပြောင်းမှာပါ "

" ဒီလိုဘာလို့ပြောတာလဲလား? ပြောပြီးသားလေ ကျွန်တော်က နှင်းဆီဖြူကို ကြိုက်ပါတယ်ဆိုတာ "

" ရိုက်မလို့လား? လာရိုက်ဗျာ လာလာ စိတ်ကျေနပ်သလိုသာလုပ် "

" မနက်ဖြန်ဖြေရမယ့် ဘာသာအတွက် ဖိုက်တင်းဗျို့ "

#BTC
#forward_only
#owner

Dream

13 Oct, 11:50


" Beyond the screen ( Chapter - 26 ) "

" မင်္ဂလာပါ ကလေးတို့ စာမေးပွဲအတွက် စိတ်လှုပ်ရှားနေကြပြီလား? "

Midterm examအတွက်ဟုဆိုကာ ကျောင်းရဲ့ရုံးအဖွဲ့မှ နှင်းဆီဖြူတို့ G10တွေကို meetingခေါ်ထားခြင်းဖြစ်သည်။ G10မှာရှိသော sectionအားလုံးကို တပြိုင်တည်း meetingခေါ်သည့်အတွက် participantsဟာ အယောက်100ခန့်ဖြစ်လေသည်။

" ကလေးတို့ မကြောက်ပါနဲ့ မေးခွန်းတွေကမခက်ပါဘူး "

ဟယ်ရီက telegram group chatထဲတွင်
" အဲ့ ဆရာလေ မနှစ်ကလည်း ငါတို့ကို ဒီလို meetingခေါ်ပြီး မခက်ပါဘူး ဘာညာနဲ့ ဂျင်းထည့်တာ "

လူမင်းက
" ဟာ wtf "

Zoom meetingထဲတွင်

" ကဲ ဒီနေ့ကလေးတို့ကိုခေါ်လိုက်ရတဲ့အကြောင်းအရင်းက စာမေးပွဲအကြောင်းနဲ့ ပိတ်ရက်အကြောင်းပြောဖို့ပါပဲ "

" ဆရာ midterm examက google fromနဲ့ပဲမလားဆရာ "
ကျောင်းသားတစ်ယောက်မှထမေးခြင်းဖြစ်လေသည်။

" test portalနဲ့ စစ်မှာကလေးတို့။ အဲ့တော့ ကလေးတို့သတိထားဖြေပါ။ တစ်ခုခုလုပ်တာနဲ့ warningပေါ်လာပါလိမ့်မယ်။ warningနှစ်ခါပေါ်တာနဲ့ အမှတ်လျော့မှာပါ "

လူမင်းက group chatထဲတွင်
" Test portalဆိုတာဘာကြီးလဲ? ငါမနှစ်က video classနဲ့ပဲသင်ခဲ့ရတော့ မသိဘူး "

နှင်းဆီဖြူက
" ငါရောပဲ ငါလည်းမသိဘူး "

ဟယ်ရီက
" ငါကကျ မနှစ်က zoomနဲ့သင်ရတာ ..ဒါပေမယ့် ငါလည်းမသိဘူး "

ငြိမ်းချမ်းသူက
" ကျွန်တော် googleမှာ သွားရှာတာတော့ ဒီလိုထွက်လာတယ်
Testportal is a leading assessment platform for proctored exams, tests and quizzes. "

Meetingထဲတွင်
" ကလေးတို့ portalထဲဝင်လိုက်တာနဲ့ ဘာမှလုပ်လို့မရတော့ဘူး။ ဥပမာ - သူငယ်ချင်းတွေနဲ့ group callခေါ်ပြီး စုဖြေတာတို့၊ googleမှာ အဖြေပြေးရှာတာတို့။ ကလေးတို့အဲ့လိုလုပ်ရင် warningထိမှာပါ "

လူမင်းက telegram group chatထဲတွင်
" ခွေးဖြစ်တော့မယ်နဲ့တူတယ် "

ဟယ်ရီက
" အေး ခွက်ဆွဲရတော့မယ်နဲ့တူတယ် "

နှင်းဆီဖြူက
" ဟဲ့ နင်တို့ကလည်း အားကြီးနဲ့။ စာကြည့်ကြလေ "

ဟယ်ရီက
" နင်ကတော့ ဟိုက်ပါကို အေးဆေးမှာပေါ့ "

လူမင်းက
" အေးလေ "

နှင်းဆီဖြူက
" ဟဲ့ ငါဟိုက်ပါမဟုတ်ပါဘူး။ အခုထိစာအုပ်တောင်မကိုင်ရသေးဘူး "

ဟယ်ရီက
" ပြောတာပဲ..ပြီးကျ နင့်အမှတ်က ထိပ်ဆုံးမှာ "

နှင်းဆီဖြူက
" ဟဲ့ အတည်ပြောတာ ငါစာမလုပ်ဘူး ဝတ္ထုဖတ်နေတာ လင်္ကာဒီပချစ်သူလေ "

ငြိမ်းချမ်းသူက
" ဟာ ကျွန်တော်လည်း လတ်တလော လင်္ကာဒီပချစ်သူဖတ်နေတာ ဒါရေစက်ပဲ "

လူမင်းက
" ရေစက်တွေ၊မီးစက်တွေမကြားချင်ဘူး။ ငါကြားချင်တာက test portalက cameraပါတာလား "

ဟယ်ရီက
" မပါလောက်ပါဘူး
မင်း online exam formတွေ camera activeဖြစ်ဖို့အတွက် မန်းနီးလိုတယ် ငါတို့ကျောင်းလား အဲ့လောက်မန်းနီးရှိမှာ "

Meetingထဲတွင်

" မေးခွန်းတွေက လွယ်မှာပါ မပူပါနဲ့ ကလေးတို့ သိပ် panic မဖြစ်နဲ့ "

" ဆရာ ပိတ်ရက်ကရော "
ကျောင်းသားတစ်ယောက်မှမေးခြင်းဖြစ်သည်။

" စာမေးပွဲပြီးတာနဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်အနေနဲ့ တစ်ပတ်ပိတ်ပေးမယ် "

" ဝိုးးးး " ဟု ထအော်ကြလေသည်။

Group chatထဲတွင် ဟယ်ရီက
" ဟဲ့ နှင်းဆီ "

နှင်းဆီဖြူက
" အေး ပြော "

ဟယ်ရီက
" နင် စာမကြည့်ရသေးဘူးပြောတယ်နော် "

နှင်းဆီဖြူက
" အေး အတည်ဆို "

ဟယ်ရီက
" အေး စာမေးပွဲပြီးမှ နင့်အမှတ် ထိပ်ဆုံးကမဆင်းရင် ငါနင့်အိမ်ကို ကိုယ်တိုင်လာပြီး မျက်ခွက်ရိုက်ပြီ "

လူမင်းက
" အူတက် သားကြီးကစိတ်ကြီးပဲ "

ငြိမ်းချမ်းသူက
" မင်းက ဘာကောင်မလို့ နှင်းဆီဖြူကို မျက်ခွက်ရိုက်မယ်ဘာညာပြောနေရတာလဲ? "

ဟယ်ရီက
" မဟုတ်ဘူးကွာ မင်းပဲ စဉ်းစားကြည့်
တစ်ခါလာလည်း စာမလုပ်ထားဘူး၊ စာမကြည့်ထားဘူး
နှစ်ခါလာလည်း စာမလုပ်ထားဘူး၊ စာမကြည့်ထားဘူး
ပြီးကျ သူပဲ အမှတ်ကထိပ်ဆုံးမှာ
တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ သုံးခါလည်းမဟုတ် "

ငြိမ်းချမ်းသူက
" အဲ့တာနဲ့ မင်းက မျက်ခွက်ရိုက်မယ်ပေါ့? "

ဟယ်ရီက
" ဟုတ်တယ်ကွာ ဘာလဲ...မင်းကမကျေနပ်ဘူးလား? "

ငြိမ်းချမ်းသူက
" မကျေနပ်ဘူးကွာ ဘာလုပ်ချင်လဲ "

ဟယ်ရီက
" ဟျောင့် ထိုးမလား? "

ငြိမ်းချမ်းသူက
" ကြိုက်တဲ့နေရာကို ချိန်းလိုက်ကွာ "

လူမင်းက
" ငါလည်း လာမယ်လေ။ ငါလည်း ဝင်ထိုးမလို့ "

နှင်းဆီဖြူက
" ဘာလဲ နှုတ်ခမ်းနဲ့လား "

လူမင်းက
" အေး ဟယ်ရီပါးကို နှုတ်ခမ်းနဲ့ထိုးမလို့ "

နှင်းဆီဖြူက
" သိနေတယ်လေ နင်တို့အဲ့ကိစ္စက တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ သုံးခါလည်းမဟုတ် "

ဟယ်ရီက
" ဘာလဲ ဘာလဲ နင်ကမကျေနပ်ဘူးလား "

နှင်းဆီဖြူက
" ငါကျေနပ်စရာမလိုပါဘူး နင်တို့ကျေနပ်ရင်ပြီးတာပဲ "

ငြိမ်းချမ်းသူက
" ဟိုကောင် ဟယ်ရီ။ မင်းနဲ့ ငါမပြီးသေးဘူး "

နှင်းဆီဖြူက
" ငြိမ်းချမ်းသူရယ် ဟယ်ရီက စနေတာပါ
သူလား ငါ့လာရိုက်ရဲမှာ ငါပြန်ရိုက်လိုက်မှာပေါ့ "

ငြိမ်းချမ်းသူက
" ကျွန်တော်လည်း စနေတာပါ ဟဲဟဲ "

Dream

12 Oct, 10:58


နောက်တစ်နေ့တွင် chemistry groupထဲကို ငြိမ်းချမ်းသူတစ်ယောက် voice message ပို့လေသည်။ captionတွင်
" Element, compound and mixtures voice message presentation
Presenter - white rose
Script writer - peace human "

Voice messageထဲတွင်

" ကျွန်မတို့လူသားတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့အရာတွေကတော့ ရေ ၊ လေ ၊ အစားအစာ တို့ပဲဖြစ်ပါတယ်။

ကျွန်မနဲ့ ကျွန်မရဲ့ partnerဖြစ်တဲ့ ငြိမ်းချမ်းသူတို့က ဒီနေ့မှာ Element, compound and mixturesတွေအကြောင်းကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ရေအသက်၊တစ်မနက် ဆိုတဲ့ စကားနဲ့အညီ ကျွန်မတို့နေ့စဉ်ဘဝမှာ အမြဲလိုအပ်နေတဲ့ရေဟာ hydrogen & oxygen atomsတွေနဲ့ဖွဲ့စည်းထားတဲ့ compound ဖြစ်ပြီး လေကတော့ carbon dioxide,oxygen & nitrogen တွေရောနှော‌နေတဲ့ mixture ပဲဖြစ်ပါတယ် ။

Element လို့ခေါ်တဲ့ ဒြပ်စင်

Atom အမျိုးအစားတစ်ခုတည်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး Element တွေကို မြင်သာအောင် ဥပမာပေးရမယ်ဆိုရင်တော့ လက်ဝတ်ရတနာဖြစ်တဲ့ gold ( ရွှေ )၊Thermometer ထဲမှာတွေ့နိုင်တဲ့ mercury ( ပြဒါး ) etc..

Element စုစုပေါင်း 118လုံးရှိပြီး ကိုယ်တိုင်ကိုယ်ကျ သိချင်တယ်ဆိုရင်တော့ google က search bar မှာ period table လို့ရှာလို့ရသလို့ G10 ( စနစ်သစ် ) chemistry textbook ကနေလည်း ကြည့်လို့ရပါတယ် ~

Compound လို့ခေါ်တဲ့ ( ဒြပ်ပေါင်း ) တွေကတော့
" ဆားမပါတဲ့ဟင်း ပေါ့ပျက်ပျက်နဲ့
အလွမ်းမပါတဲ့အချစ် ပေါ့ပျက်ပျက်နဲ့ " ဆိုတဲ့ ကာရန်နဲ့အညီ ဆားဟာ sodium chloride compound ဖြစ်ပါတယ် ><

ဘဝက သံပုရာသီးပေးရင် ချိုသွားအောင် ထည့်ဖျော်လို့ရတဲ့ သကြားဟာလည်း carbon,hydrogen,oxygenတွေနဲ့ပေါင်းစပ်ထားတဲ့ compound ဖြစ်ပါတယ်..။

Definition အရဆိုရင်တော့ နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုတဲ့ element တွေကို တိကျတဲ့အချိုးအစားနဲ့ chemical နည်းအရပေါင်းစပ်ထားတဲ့အစုကို compound လို့ခေါ်ပါတယ် ..။

လွယ်လွယ်ပြောရရင်တော့ element တွေပေါင်းရင် compound ဖြစ်တာပါပဲ ။

Mixture လို့ခေါ်တဲ့ ဒြပ်နှော

နွားနို့ဟာ water, sugar, fat, protein တွေနဲ့ ရောနှောထားတဲ့ mixture တစ်ခုဖြစ်ပါတယ်။
Air is a mixture of gas
ထို့အတူ ကျွန်မတို့နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ မှင်တွေ၊coffeeတွေကလည်း mixture တွေပါပဲ..။

Definition အရဆိုရင် " နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့အရာတွေကို physical နည်းအရ ရောစပ်ထားတာက mixture " ဖြစ်ပါတယ်။

Mixture ကို Homogeneous mixture နဲ့ Heterogeneity mixture ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ် ။

မူလ components တွေအဖြစ်ပြန်လည်ခွဲခြားလို့မရ၊တစ်သားတည်းဖြစ်သွားတာတွေက homogeneous mixture

မူလ original components အဖြစ်ပြန်လည်ခွဲခြားလို့ရပြီး တစ်သားတည်းမဖြစ်သွားတာက heterogeneous mixture

Conclusion အနေနဲ့ပြောရမယ်ဆိုရင်
- Elementကို atoms တစ်ခုတည်းနဲ့ ဖွဲ့စည်းထားတယ်
-Compound က two or more elements ဖြစ်ပြီး တိတိကျကျရောစပ်ရတယ်
-Mixture ကလည်း two or more substances ဖြစ်ပြီး ကြိုက်သလိုရောနှောလို့ရတယ်။

အဆုံးထိနားထောင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင် "

Voice messageဟာ heart reactionများနှင့်ပြည့်နှက်နေလေသည်။

" နှင်းဆီဖြူ တွေ့လား ကျွန်တော်တို့နှစ်ယောက်ပေါင်းလိုက်ရင် ဘယ်သူမှတားမရတော့ဘူးဆိုတာ "

" အေးပါ အေးပါ
ကျေနပ်တယ်မလား presentationတူတူလုပ်ရတာကို "

" ဒါပေါ့ဗျာ ဒါပေါ့ "

#BTC
#forward_only
#owner

Dream

12 Oct, 10:58


" Beyond the screen ( Chapter - 25 ) "

စနေနေ့တွင် ငြိမ်းချမ်းသူတစ်ယောက် နှင်းဆီဖြူကို စာပို့လေသည်။

" နှင်းဆီဖြူ "

နှင်းဆီဖြူက ချက်ချင်း seenပြကာ

" ပြော "

" အားလား? "

" အားတယ် ပြော "

" Chemistry presentationဒီနေ့အပြီးလုပ်မလား "

" အိုခေလေ "

" Teleကနေ ဖုန်းခေါ်မယ်နော် "

" ခေါ် ခေါ် "

ငြိမ်းချမ်းသူစီကနေ Tele callဝင်လာသဖြင့် နှင်းဆီဖြူ ကိုင်လိုက်သည်။

" Hello နှင်းဆီဖြူ "

" ရက်ခ်ျ ကြားရတယ် "

" ဆိုတော့ကာ.. scriptစရေးရအောင် "

" အိုခေ "

" Elementကို .. "

" Atom အမျိုးအစားတစ်ခုတည်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် ဘာညာဆိုပြီး ဆက်ရေးကွာ "

" ဟုတ်ပြီဗျာ "

" Compoundလို့ခေါ်တဲ့ ဒြပ်ပေါင်းတွေက sodium chlorideလို့ခေါ်တဲ့ ဆား .."

" ဒီလိုပြင်‌လိုက်ရင်ရော နှင်းဆီဖြူ
ဆားမပါတဲ့ဟင်း ပေါ့ပျက်ပျက်နဲ့
အလွမ်းမပါတဲ့အချစ် ပေါ့ပျက်ပျက်နဲ့ ဆိုတဲ့ ကာရန်နဲ့အညီ ဆားဟာ sodium chlorideဖြစ်ပါတယ် "

" ဟဲ့ မိုက်တယ် မိုက်တယ် "

" ဟဲဟဲ "

" ကြုံတုန်းမေးဦးမယ်..နင်ကဗျာရေးတယ်မလား "

" ဗျာ ဘယ်လိုသိတာလဲ "

" သိနေတယ်လေ နင် presentationအတွက် scriptတွေရေးရင် ကဗျာဆန်တဲ့အငွေ့အသက်တွေရတာကို "

" ကဗျာလို့တော့ မည်မည်ရရမဟုတ်ပါဘူးဗျာ
ခေါင်းထဲပေါ်လာတာချရေး၊ စိတ်ထဲပေါ်လာတာချရေးလောက်ပါပဲ "

" ငါ ကဗျာတအားကြိုက်တာ "

" ကဗျာရေးတဲ့သူကိုရော မကြိုက်ချင်ဘူးလား "

" နင်ပြောတော့ ကဗျာရေးတာမဟုတ်ဘူး၊ စိတ်ထဲပေါ်လာတာချရေးတာဆို "

" ဟာ.. နှင်းဆီဖြူကလည်း အဲ့လို ကပ်သီးကပ်သတ်မပြောနဲ့လေဗျာ "

နှင်းဆီဖြူက ရယ်လျက်
" မကြိုက်ဘူးလား "

ငြိမ်းချမ်းသူက
" ကြိုက်တယ် "

" ဟဲ့ မဟုတ်ဘူးလေ ကပ်သီးကပ်သတ်ပြောတာမကြိုက်ဘူးလား မေးတာ "

" နှင်းဆီဖြူ ဘာလုပ်လုပ် ကျွန်တော်ကြိုက်တယ်လေ "

" Wait a sec..ဒါ အီစီကလီလုပ်နေတာလား "

" ဟုတ်မှာပေါ့ "

" မနောက်နဲ့နော် အထင်တွေမှားကုန်ရင် ခံစားချက်တွေပါ ပါကုန်မယ် "

" မနောက်ပါဘူး "

" အဟမ်း .. scriptဆက်ရေးမယ် "

" နှင်းဆီဖြူသဘောဗျာ "

" အတည်ပြောနေတာ "

" ကျွန်တော်လည်း အတည်ပြောနေတာ "

" နေဦး ငါပြောမယ် နင်ငါ့ကို ကြိုက်တယ် ကြိုက်တယ် ခဏခဏမပြောနဲ့ အတန်းထဲကလူတွေကြားရင်အထင်လွဲကုန်မယ် "

" ကြိုက်လို့ ကြိုက်တယ်ပြောတာလေဗျာ..အထင်လွဲလည်းလွဲပလေ့စေ "

" နင်ကလေ မသိရင် introvertလိုလို ဘာလိုလိုနဲ့ "

" Introvertပဲလေ "

" ဟဲ့ Introvertတွေက ဒီလိုကြီး ကြိုက်တယ် ကြိုက်တယ် မပြောဘူး "

" ဘယ်လိုပြောတာလဲ ချစ်တယ်လို့ပြောတာလား "

" ဟဲ့ "

" ဖြေးဖြေးအော်ပါဗျာ "

" နင် playboyမလား "

" ဟာ စွပ်စွပ်စွဲစွဲ မဟုတ်ပါဘူးဗျာ "

" နင်က ဇွတ်တွေ ကြိုက်တယ်ကို ပါးစပ်ကမချဘဲပြောနေတာကို "

" နှင်းဆီဖြူ..ရှင်းရှင်းလေး နှင်းဆီဖြူကို ကျွန်တော်ကြိုက်လို့ ကြိုက်တယ် ခဏခဏပြောတာ "

" အေးပါ အခါတစ်သောင်းလောက်မပြောစမ်းပါနဲ့ဟာ နားကြားပြင်းကတ်လာလို့ "

" နှင်းဆီဖြူသဘောဗျာ "

" scriptဆက်ရေးမယ် ထဖောက်ရင် ရိုက်ပြီပဲ သူငယ်ချင်း "

" သဘောဗျာ "

စလိုက်၊နောက်လိုက်နှင့် scriptဆက်ရေးလေသည်။

Dream

11 Oct, 12:07


ငြိမ်းချမ်းသူ micဖွင့်ကာ
" 04ကနဲ့ နှင်းဆီဖြူနဲ့က ရင်းနှီးကြတာလား "

နှင်းဆီဖြူက
" တစ်ခါမှတော့ presentationတူတူမလုပ်သေးဘူးဆိုတော့ သိပ်ပြီးမရင်းနှီးဘူးပြောရမယ် "

ငြိမ်းချမ်းသူက
" ဒါဆို 04က ဘာလို့ နှင်းဆီဖြူကို partnerဖြစ်စေချင်တာလဲ? "

စည်သူက
" နှင်းဆီဖြူရဲ့ skillတွေကို သဘောကျလို့ပါဗျာ နောက်ပြီး ..နှင်းဆီဖြူကတော့ ကျွန်တော်နဲ့မရင်းနှီးပေမယ့် နှင်းဆီဖြူကို ကျွန်တော်ကတော့ရင်းနှီးပါတယ် "

နှင်းဆီဖြူက
" ဟင် ဘယ်လို "

စည်သူက
" Google formကနေ feedbackရေးထားတာ ကျွန်တော်ပါ..နှင်းဆီဖြူက Google formကို တာဝန်ယူထားတာမဟုတ်ဘူးလား..? "

ငြိမ်းချမ်းသူက
" အာ feedback google fromကို ကျွန်တော်တာဝန်ယူတာပါ "

စည်သူက
" အော်..နှင်းဆီဖြူမှာသာ relationshipမရှိရင် fallချင်ပါတယ်ဆိုတဲ့ feedbackရေးတာ ကျွန်တော်ပါ "

နှင်းဆီဖြူက
" အာ အဲ့တာ 04ပေါ့..? "

စည်သူက
" ဟုတ်တယ်ဗျ နာမည်ခေါ်လို့ရပါတယ် codeခေါ်ရင် စိမ်းသလိုခံစားရလို့ "

နှင်းဆီဖြူက
" နင်နဲ့ငါပဲ ပြောရတာအားသန်တယ်..တစ်တန်းတည်းသားတွေဆိုတော့ နင်နဲ့ငါပဲ ပြောင်းသုံးမယ်နော် "

စည်သူက
" ရတာပေါ့ဗျာ "

ငြိမ်းချမ်းသူကတော့ တိတ်ဆိတ်သွားလေသည်။

စည်သူက
" နှင်းဆီဖြူ ..ကျွန်တော့်မေးခွန်းကိုမဖြေရသေးဘူးနော် "

နှင်းဆီဖြူက
" ဘာကိုလဲ? "

စည်သူက
" Relationship ရှိ၊မရှိ "

နှင်းဆီဖြူကရယ်ကာ
" မရှိဘူးဖြေရင် ဘာလုပ်မလို့လဲ "

စည်သူက
" ကျွန်တော်ပြောထားတဲ့အတိုင်းပဲ ကျွန်တော် fallတော့မှာပေါ့ "

နှင်းဆီဖြူက
" သူငယ်ချင်း..ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက် ငါတို့ဘယ်ထဲမှာလဲ "

စည်သူက
" Zoomထဲမှာလေ "

နှင်းဆီဖြူက
" ဘာလုပ်ဖို့လာတာလဲ? "

စည်သူက
" စာသင်ဖို့လေ "

နှင်းဆီဖြူက
" ဒီလောက်ဆို နင်မေးတဲ့မေးခွန်းအတွက် အဖြေရလောက်ပြီထင်တယ် "

စည်သူက
" အာ အိုခေ..ကျွန်တော်ကတော့ ကျွန်တော့်ခံစားချက်အတိုင်းပဲ ပြုမူမှာမလို့ ဒီလောက်နဲ့ရပ်သွားဖို့အစီအစဉ်မရှိဘူး "

နှင်းဆီဖြူက ရယ်သံစွက်လျက်
" As you wish "

ငြိမ်းချမ်းသူကတော့ တိတ်ဆိတ်နေလေသည်။ ရိုးရိုးသားသားတိတ်ဆိတ်ခြင်းမဟုတ်ဘဲ နှင်းဆီဖြူနှင့် စည်သူစကားပြောနေသည့်အချိန်တွင် Bioတီချယ့်ကို Direct messageကနေ
" တီချယ် ကျွန်တော် စာမေးမလို့ zoomထဲကြိုရောက်နေပြီ " ဟု အသည်းအသန်စာပို့ကာခေါ်နေသောကြောင့် တိတ်ဆိတ်နေခြင်းဖြစ်လေသည်။ တီချယ်ကလည်း ငြိမ်းချမ်းသူစာကိုမြင်သည်နှင့် zoomထဲဝင်လာကာ

" အယ် ကလေးတို့သုံးယောက် စောရောက်နေတာလား? "

ငြိမ်းချမ်းသူက
" ဟုတ်ကဲ့ချယ် 04ကလေ တီချယ့်ကိုမေးစရာရှိလို့တဲ့..အာ့ကြောင့် ကျွန်တော်တီချယ့်ကိုလာခေါ်တာ "

ငြိမ်းချမ်းသူ တမင်ချောက်တွန်းခြင်းဖြစ်သည်။

တီချယ်က
" မေး မေး သားလေးစည်သူ "

စည်သူ
" ဟွာ..ချယ် ကျွန်တော်စာမေးမလို့မဟုတ်ဘူး "

တီချယ်က
" ဟင် ဒါဆိုသားက ဘာလို့စောရောက်နေတာလဲ..? နှင်းဆီဖြူက အမြဲစောရောက်နေတတ်တဲ့ကလေး၊ ငြိမ်းချမ်းသူကလည်း စာမေးစရာရှိလို့ အမြဲစောရောက်နေတတ်တဲ့ကလေး၊ သားကရော..? "

စည်သူက
" ဟိုဟာချယ်... ဒီတိုင်း..တီချယ့်ကိုလွမ်းလို့ စောဝင်လာတာ..ဟီး ..ပြီးတော့ စာက‌လေ မေးတော့မေးမလို့ပဲ "

တီချယ်က
" အော် ဒီကလေးနှယ် မေးပါ အားမနာပါနဲ့ "

စည်သူက
" ဟိုဟာ cell wall "

တီချယ်က
" Cell wallရဲ့ပုံကိုသိပ်မနားလည်လို့လား အေးအေး တီချယ်သိနေတယ် ဒါကိုကလေးတွေသိပ်မရှင်းလောက်ဘူးဆိုတာ သားပုံကိုကြည့်လိုက် အဲ့မှာ middle lamellaကိုတွေ့တယ်မလား "

စည်သူက
" ဟုတ်..ဟုတ် တွေ့တယ်ချယ် "

တီချယ်က
" အပင်တွေက ဆဲလ်တစ်ခုတည်းနဲ့ဖွဲ့စည်ထားတာမဟုတ်ဘူးလေ ဆဲလ်များစွာနဲ့ဖွဲ့စည်းထားတာမလား အဲ့တော့ တစ်ခုနဲ့တစ်ခုကြားထဲကနေခြားထားပေးဖို့လိုတယ် အဲ့လိုခြားထားပေးတာက Middle lamellaပဲ သားလေး "

နှင်းဆီဖြူကတော့ micပိတ်ပြီး တခွိခွိရယ်နေလေသည်။ ငြိမ်းချမ်းသူ Direct messageကိုလည်း " နင်တမင်ဒေါက်ဖြုတ်တာမလား 04ကို " ဟုပို့လေသည်။

ငြိမ်းချမ်းသူက
" မတတ်နိုင်ဘူး ကြည့်မရလို့ "

နှင်းဆီဖြူက
" ဟဲ့ နင့်ဘာလုပ်နေလို့လဲ "

ငြိမ်းချမ်းသူက
" ဒီတိုင်းကြည့်မရတာ.. နှင်းဆီဖြူကို ဘလိုင်းကြီး partnerလုပ်မလားလာမေးနေလို့ "

နှင်းဆီဖြူက
" နင်က အဲ့တာကိုကြည့်မရတာလား..? Google formကနေရေးတဲ့ feedbackကြောင့်ကြည့်မရတာလား..? "

ငြိမ်းချမ်းသူက
" အကုန်ဗျာ "

နှင်းဆီဖြူက
" သူငယ်ချင်း စိတ်လျော့ "

ငြိမ်းချမ်းသူက
" ဘာပဲဖြစ်ဖြစ် နှစ်ယောက်တွဲလုပ်ရမယ့် presentation, projectတွေဆို..ကျွန်တော်အရင်သဘောတူညီချက်လုပ်ထားတာနော် "

နှင်းဆီဖြူက
" အေးပါ အေးပါ "

ငြိမ်းချမ်းသူက
" အဲ့စည်သူ နောက်ပိုင်း ရုတ်ရုတ်လာလုပ်ရင် တီချယ်တွေနဲ့တိုင်ပစ်နော် သိလား..မဟုတ်သေးပါဘူး ကျွန်တော့်လာပြောနော် "

နှင်းဆီဖြူက
" သားကြီး "

ငြိမ်းချမ်းသူက
" ဗျာ "

နှင်းဆီဖြူက
" မဟုတ်မှလွဲရော..နင် Jဝင်နေတာတော့မဟုတ်ဘူးမလား? "

ငြိမ်းချမ်းသူက
" မဟုတ်ပါဘူး "

နှင်းဆီဖြူက
" ဟုတ်ပါတယ် "

ငြိမ်းချမ်းသူက
" မဟုတ်ပါဘူးဗျာ "

နှင်းဆီဖြူက
" အေးပါ အေးပါ မစတော့ပါဘူး "

Zoom meetingထဲတွင်တော့ Bio trစာရှင်းပြနေသည်ကို စည်သူတစ်ယောက် မချိပြုံးပြုံးကာ နားထောင်နေရလေသည်။

#BTC
#forward_only
#owner

Dream

11 Oct, 12:07


" Beyond the screen ( Chapter - 24 ) "

" ကဲ..ကလေးတို့ စာမေးပွဲအကြောင်း သိပြီးကြပြီလား "

Chemistryအချိန်ဖြစ်လေသည်။

" ဟုတ် ချယ် "

" စာမေးပွဲနီးနေပေမယ့် ချယ်က ကလေးတို့ကို projectလေးတစ်ခုပေး.. "

" ဟာ! ချယ်ကလည်း " ဟု တစ်တန်းလုံးပြိုင်တူအသံထွက်လာလေသည်။

" ကလေးတို့ကို presentation, projectနဲ့ပဲ အမှတ်တွေပေးလို့ရတာမလို့ပါကွယ်....အသေးစားလေး.. projectအသေးစားလေးပဲ ပေးမယ်လေ "

" Gp workလားချယ် " ဟု နှင်းဆီဖြူမေးလေသည်။

" မဟုတ်ဘူး သမီး Individual "

" Topicကရောချယ် " ဟု နွေအိမ်ကမေးလေသည်။

" Element, compound and mixtures ကလေးတို့။ PowerPointပြင်တာပဲဖြစ်ဖြစ်၊ voice messageနဲ့တင်ဆက်တာပဲဖြစ်ဖြစ် projectကို ကြိုက်သလိုလုပ်လို့ပါရတယ်။ အများဆုံး 3မိနစ်စာပေါ့။ videoတွေနဲ့ heavyကြီးလုပ်စရာမလိုဘူး။ "

နှင်းဆီဖြူက
" ဘယ်လိုထပ်ရမလဲချယ် "

တီချယ်က
" PowerPointပြင်ချင်တဲ့ကလေးက PowerPointပြင်ပြီး linkကို chemistry gpထဲထပ်ပေးမယ်။ voice messageနဲ့ တင်ဆက်မယ့်ကလေးက voice messageကို groupထဲပို့ပေးရမယ် "

မျိုးစင်က
" ဘယ်နေ့နောက်ဆုံးလဲချယ် "

တီချယ်က
" ဒီတစ်ပတ် တနင်္ဂနွေနောက်ဆုံးထပ်ပေးပါ ကလေးတို့ "

ငြိမ်းချမ်းသူက
" တီချယ် "

တီချယ်က
" ပြောလေ သားလေး "

ငြိမ်းချမ်းသူက
" နှစ်ယောက်တွဲလုပ်လို့မရဘူးလားချယ်..မြန်မြန်လည်းပြီးတယ်လေ "

တီချယ်က
" သားက နှစ်ယောက်တွဲလုပ်ချင်လို့လား? "

ငြိမ်းချမ်းသူက
" ဟုတ်ချယ် "

တီချယ်က
" အေးပါ အေးပါ နှစ်ယောက်တွဲလုပ်ချင်တဲ့ကလေးတွေက ကိုယ့်သူငယ်ချင်းနဲ့နှစ်ယောက်တွဲလုပ်ကြ။ Individual လုပ်ချင်တဲ့ကလေးတွေကလည်း Individualလုပ်ကြပေါ့ကွယ် "

ငြိမ်းချမ်းသူက
" ကျေးဇူးပါချယ် "

တီချယ်က
" ဘယ်သူ ဘာသိချင်သေးလဲ ဘာမေးဦးမလဲ "

မေးသံထွက်မလာ၍ တီချယ်ဟာ
" ကဲ အရင်တစ်ပတ်ကရှင်းလက်စ Combining capacity or valenceကို သွားရအောင် " ဟု သင်ခန်းစာကိုဆက်လေသည်။
___

Ch
emistryအချိန်ပြီးသည်နှင့် English zoom linkထဲ joinကြရလေသည်။

" Good morning class "

" Good morning tr "

" ကလေးတို့ တစ်နေ့၊တစ်နေ့ စာတွေပဲသင်ရမှာ ပင်ပန်းမှာစိုးလို့ တီချယ်က စာသင်ချိန်အစတိုင်း playlistတစ်ခုလုပ်ပြီး သီချင်းဖွင့်ပေးရင်ကောင်းမလားလို့တွေးနေတာ "

" ကောင်းပါတယ် ချယ် " ဟုပြိုင်တူဖြေကြလေသည်။

" အဲ့တာကြောင့် တီချယ်က ကလေးတို့ရဲ့ fav songတွေကို အိမ်စာထပ်ခိုင်းမယ် "

" ဟုတ်ကဲ့ချယ် " ဟုတစ်တန်းလုံးတက်ကြွစွာဖြေလေသည်။

" ကလေးတို့ရဲ့ fav songတစ်ပုဒ်ကို YouTubeကနေ link copyပြီး google classroomမှာ song name, artist name, type of music, why you like this song ဆိုတာလေးတွေရေးပေးပြီး ထပ်ပေးရမယ် "

" Deadlineကရောချယ်? "ဟု နှင်းဆီဖြူမေးလေသည်။

" စာမေးပွဲလည်းရှိတယ်ဆိုတော့..သီတင်းကျွတ်ပိတ်ရက်မှာ အေးဆေးထပ်ပေး..ပိတ်ရက်ပြီးလို့ကျောင်းပြန်တက်တဲ့နေ့က deadlineပေါ့ကွယ်။ "

" ဟုတ်ကဲ့ပါချယ် " ဟုဖြေကြလေသည်။
___

Lu
nch time breakပြီးသည်နှင့် bio အချိန်ဖြစ်လေသည်။ နှင်းဆီဖြူဟာ အတန်းချိန်တိုင်းကို 15minလောက် စောဝင်တက်သည့်အတွက် ငြိမ်းချမ်းသူလည်း 15min စောပြီးဝင်လေ့ရှိသည်။ zoomထဲရောက်သည်နှင့် ထုံးစံအတိုင်း နှင်းဆီဖြူတစ်ယောက်တည်းသာရှိသေးသည်။

" နှင်းဆီဖြူ "

" ယို့ ငြိမ်းချမ်းသူ ဒီနေ့လည်း ငါ့လို 15 min စောဝင်လာတာလား "

" ဒါပေါ့ဗျာ ..နှင်းဆီဖြူတစ်ယောက်တည်း zoomထဲမှာပျင်းနေမှာစိုးလို့ "

" အံမယ် "

" ဒါနဲ့ ကျွန်တော်တို့ သဘောတူညီချက်ကို မမေ့ဘူးမလား "

" အယ် ဘာသဘောတူညီချက်လဲ "

" Presentationပဲဖြစ်ဖြစ်၊ projectပဲဖြစ်ဖြစ် နှစ်ယောက်တစ်တွဲလုပ်ရမယ့်ဟာမျိုးဆိုရင် ကျွန်တော်နဲ့တွဲလုပ်ပေးပါဆိုတဲ့ သဘောတူညီချက် "

" အာ အဲ့တာလား "

" ဟုတ်တယ် အခု chemistryက partnerနဲ့တွဲလုပ်လို့ရတယ်ဆိုတော့ အဲ့တာ.. "

ထိုစဉ်
" နှင်းဆီဖြူခင်ဗျ " ဆိုသည့်အသံထွက်ပေါ်လာလေသည်။ Zoomထဲသို့ စော joinလာသည့် Roll 04စီမှအသံဖြစ်လေသည်။

နှင်းဆီဖြူက
" ဟင် 04ပြောလေ "

04က
" ကျွန်တော့်နာမည်က စည်သူပါဗျာ "

နှင်းဆီဖြူက
" အိုခေ အိုခေ Roll no တွေပဲသိတော့လေ..မှတ်ထားလိုက်ပါ့မယ် "

စည်သူက
" အာ..ဘရားသား ငြိမ်းချမ်းသူလည်းရှိနေတာပဲ "

ငြိမ်းချမ်းသူက
" ဟုတ်တယ်ဗျ "

စည်သူက
" ဟိုဟာ ကျွန်တော် နှင်းဆီဖြူကို ပြောစရာရှိလို့ "

နှင်းဆီဖြူက
" အင်း ပြောလေ "

ငြိမ်းချမ်းသူကလည်း
" ပြောပါ ပြောပါ ကျွန်တော့်ကိုစိတ်ထဲမထားပါနဲ့ "

စည်သူက
" Chemistryက partnerနဲ့တွဲလုပ်လို့ရတယ်ဆိုတော့ အဲ့တာ..နှင်းဆီဖြူကို ကျွန်တော့် partnerဖြစ်စေချင်လို့ "

ငြိမ်းချမ်းသူတစ်ယောက်ကတော့ တင်း'ခနဲဖြစ်သွားသည်။ " ဟျောင့် နှင်းဆီဖြူက ငါ့ partnerကွ " ဟု စိတ်ထဲအော်ဟစ်နေလေသည်။ ငြိမ်းချမ်းသူတစ်ယောက် ဝင်ပြောသင့်လား၊မပြောသင့်လား စဉ်းစားနေစဉ် နှင်းဆီဖြူ၏ ပြန်ဖြေသံထွက်လာလေသည်။

" ဒီလိုကမ်းလှမ်းတာ ကျေးဇူးတင်ပေမယ့် ငါ့စီမှာ partnerရှိပြီးသားပါ..။ Roll 31 ငြိမ်းချမ်းသူလေ ..So I'm sorry "

စည်သူက
" အာ ကျွန်တော် နောက်ကျသွားတာပဲ "

Dream

06 Oct, 10:52


တစ်ဖက်မှာတော့ ငြိမ်းချမ်းသူဟာ နှင်းဆီဖြူ၏ Direct messageသို့သွားကာ

" နှင်းဆီဖြူ မကျေနပ်ဘူးမလား "

" အေး တော်တော်လေးလောင်နေပြီ "

" သွားရိုက်ပေးရမလား Roll 8 ကို "

" ဟဲ့ အဲ့လိုတော့မဟုတ်ဘူးလေ နင်ကလည်း "

" ကျွန်တော်ဘာလုပ်ပေးရမလဲ..ဘာလုပ်စေချင်လဲ "

" မသိဘူးဟာ ငါဒေါသတွေတငွေ့ငွေ့ထွက်နေတာပဲသိတယ် "

" စိတ်အေးအေးထားပြီး တွေး
ဘာလုပ်ချင်လဲ ကျွန်တော်ဘေးမှာရှိပေးမယ် "

" Roll 8ကို တော်တော်မကျေနေ‌ဘူး "

" အဲ့တာဆို lessonပေးရမယ်လေ ကြိုက်တာသာပြောလိုက် "

" Zoomထဲ "

" ‌ပြော ရတယ် ဘာမဆို "

" စာသင်ချိန်ဆုံးခါနီးကျ zoomထဲပြောမယ် "

" ဟုတ်ပြီ စိတ်ပြေအောင်သာလုပ် ကျွန်တော်ရှိနေပေးမယ် "

ထိုစဉ် Group chatထဲတွင်

ဟယ်ရီက
" ဟဲ့ နှင်းဆီဘယ်ရောက်သွားလဲ သူ့ထိန်းဦး တစ်ခုခုဆိုသူကကြောက်ရတယ် "

ငြိမ်းချမ်းသူက
" ငါနဲ့ Dmမှာ စကားပြောနေတာ "

လူမင်းက
" ဒီ သောက် roll 8 "

ဂျူးက
" ချ ချ သွား ချ "

ဟယ်ရီက
" ဟဲ့ လွန်ကုန်မယ် နေကြဦး အော်ဟဲ့ နှင်းဆီဘယ်ရောက်နေတာလဲ "

နှင်းဆီဖြူကတော့ Roll 8ကို Direct messageကနေ " ပြောပြမယ်နော် စာသင်ချိန်ပြီးခါနီးကျရင် " ဟု replyပြန်နေလေသည်။
___

စာ
သင်ချိန်ပြီးခါနီး 15မိနစ်အလိုတွင် တိုက်တိုက်ဆိုင်ဆိုင် Englishတီချယ် လိုင်းကျသွားသဖြင့် ငြိမ်းချမ်းသူဟာ Hostဖြစ်သွားလေသည်။ နှင်းဆီဖြူကလည်း တီချယ် လိုင်းကျသွားသည်ကို သတိထားမိသည်နှင့် micဖွင့်ကာ

" ဟယ်လို ကြားရလား "

ငြိမ်းချမ်းသူက
" ကြားရတယ် နှင်းဆီဖြူ "

နှင်းဆီဖြူက
" တီချယ် လိုင်းကျသွားတာနဲ့တူတယ် "

Roll 11က
" ဟုတ်တယ် "

နှင်းဆီဖြူက
" တီချယ်လာတာကိုစောင့်ရင်း...ငါ့ကို Roll 8က Direct messageကနေ မေးခွန်းလေးလာမေးထားတာကို ဖြေပေးမလို့လေ..အတန်းထဲက သူငယ်ချင်းတို့ သည်းခံပေးနော် "

နှင်းဆီဖြူ ပန်းနုစသွေးလေသည်။ တစ်တန်းလုံးကတော့ ဘုမသိ၊ဘမသိနှင့် " ရတယ် " ဟုသဘောတူကြလေသည်။

" ဒါဆို Roll 8 ကြားရလား တော်ကြာ မကြားလိုက်ရဘူးဆိုပြီး DMကနေ ' သူငယ်ချင်းရေ ' ဆိုပြီး ထပ်လာမေးနေရမှာစိုးလို့ "

တစ်ဖက်တွင် Group chatထဲ၌ ဟယ်ရီက
" သွားပြီ Roll 8 သွားပြီ "

Meetingထဲတွင် Roll 8က
" ကြားရတယ်နော် "

နှင်းဆီဖြူက
" အော် အိုခေ Thanks..so နင်မေးထားတာက နင်တို့ Room 2ရဲ့ paragraphမှာ မှားတဲ့နေရာလေးတွေပြန်ပြောခိုင်းတာနော် "

Roll 8က
" အင်း ဟုတ်တယ်လေ ဘာလဲ ..မှားတဲ့နေရာမတွေ့တော့ဘူးလား? "

နှင်းဆီဖြူက
" အောဟော သူငယ်ချင်းကလည်း အေးဆေးပေါ့။ ပြောပြမယ်။ ဒါပေမဲ့ ငါ့ထက် ငြိမ်းချမ်းသူကပိုပြီး ရှင်းပြတတ်တယ်။ ငြိမ်းချမ်းသူရေ "

ငြိမ်းချမ်းသူက
" ဗျာ ရှိတယ်..ပြောရမှာလား မှားတဲ့နေရာတွေ Roll 8? "

Roll 8
" အင်း "

ငြိမ်းချမ်းသူက
" အင်း..ပြောရမယ်ဆိုရင်ဗျာ ဒုတိယအကြောင်းမှာ oppositeကို iကျန်ခဲ့တယ် နောက်..အာ ဘယ်လိုလုပ်မလဲ မှားတာလေးတွေပြောပြရင်း တစ်‌နေကုန်မယ်ထင်တယ် "

Roll 8က
" စကားပြောတာ နည်းနည်လွန်နေသလားလို့ "

ငြိမ်းချမ်းသူက
" ဗျာ ကျွန်တော် Roll 8မေးတာကို ဖြေပေးတာလေ "

နှင်းဆီဖြူက
" အေးလေ သူငယ်ချင်းကလည်း "

ငြိမ်းချမ်းသူက
" Roll 8 မျက်မှန်သမားလား "

Roll 8က
" ဟုတ်တယ် ဘာဖြစ်လို့လဲ "

ငြိမ်းချမ်းသူက
" ဟိုဟာ မျက်မှန်ပါဝါပြန်စမ်းရင် ပြန်စမ်းလိုက်ပါလား..ဘာလို့လဲဆိုတော့ သူငယ်တန်းကလေးတောင် ဖတ်တတ်တဲ့လက်ရေးကို Roll 8က ဖတ်မရဘူးလုပ်နေလို့လေ..အဲ့တာ စိတ်ပူလို့ စေတနာနဲ့ "

Roll 8 အသံမထွက်တော့ချေ။

နှင်းဆီဖြူက
" ဘာမေးချင်သေးလဲ..? ဘာသိချင်သေးလဲ? Roll 8 သူငယ်ချင်းလေး "

Roll 8က
" မရှိတော့ဘူး "

ထိုစဉ် English groupထဲတွင် Englishတီချယ်ဟာ
" ကလေးတို့ တီချယ် zoomထဲ ပြန်ဝင်လို့မရလို့ အတန်းဆင်းလိုက်ကြတော့နော် "

ငြိမ်းချမ်းသူက နှင်းဆီဖြူကို zoom direct messageကနေ
" နှင်းဆီဖြူ မထွက်သွားနဲ့ဦး "

ပြီးမှ ငြိမ်းချမ်းသူ micဖွင့်ကာ
" တီချယ်က ဆင်းလို့ရပြီတဲ့နော် သူငယ်ချင်းတို့
Roll 8လည်း မျက်မှန်သွားစမ်းဖို့မမေးနဲ့ဦးနော် "

ငါးမိနစ်လောက်ကြာပြီးသည်နှင့် Zoomထဲတွင် နှင်းဆီဖြူနှင့် ငြိမ်းချမ်းသူသာ ကျန်တော့လေသည်။

" နှင်းဆီဖြူ "

" ဟားးးးး ကျေနပ်လိုက်တာကွာ အူတက် Roll 8ခံရခက်သွားမှာ "

" အခဲကျေပြီလား "

" အေး ကျေသွားပြီ နင်ဖဲ့လိုက်တာ ငါအားရကျေနပ် "

" တော်ပါသေးတယ် "

" ဟင် ဘာကိုတော်ပါသေးတယ်လဲ "

" အော် နှင်းဆီဖြူ လောင်‌နေရင် နှင်းဆီဖြူပဲ ခံစားနေရတာလေ "

" အာ ..ဒါနဲ့ နင်ငါ့ကိုဘာလို့မတားတာလဲ "

" ဘာလို့တားရမှာလဲ နှင်းဆီဖြူမှမလွန်တာ "

" ဟဲဟဲ ဟုတ်တယ် "

" နောက်ပြီး နှင်းဆီဖြူပဲ Let the world burn type ကြိုက်တယ်ဆိုလို့လေ "

" ငါကြိုက်တာကို နင်ကဘာလို့လိုက်လုပ်ပေးနေတာလဲ? "

" ကြိုက်လို့လေ "

" ဟမ် "

" နှင်းဆီဖြူ ကြားလိုက်ပါတယ် မသိချင်ယောင်မဆောင်ပါနဲ့ "

" ရည်းစားစကားပြောနေတာလား? "

" နိုး နိုး အဲ့တာနောက်မှ "

" အခုကဘာလဲ "

ကျွန်တော် နှင်းဆီဖြူပေါ်ရှိတဲ့ ခံစားချက်ကိုပဲပြောပြနေတာ တခြားဘာမှမပါဘူး "

" အာ "

" နှင်းဆီဖြူကို ကျွန်တော်ကြိုက်တယ် ဒါကြောင့် နှင်းဆီဖြူ ဘာပဲလုပ်လုပ် တစ်ယောက်တည်းမဟုတ်ဘူး "

" အေးပေါ့ နင်နဲ့ဆို နှစ်ယောက်လေ "

" မနောက်နဲ့ဗျာ "

#BTC
#forward_only
#owner

Dream

06 Oct, 10:50


နှင်းဆီဖြူ wtf ဖြစ်သွားသည်။ မျိုးစင်ကတော့ rise handလုပ်ကာ

" ကျွန်တော် Room 1ကပါ။ Grammar, sentenceအထားအသိုအတွက်ရော မပေးဘူးလားဗျ? "

Roll 8က
" အမ်.. အဲ့တာကလေ လက်ရေးမလှတော့ အဲ့တာတွေဂရုမစိုက်တော့ဘူး။ မဆိုးတော့ မဆိုးပါဘူး "

ထိုစဉ် နှင်းဆီဖြူစီ နွေအိမ်စီမှ notiဝင်လာလေသည်။

" ဟဲ့ သောက်ကျိုးနည်း Room 2ကဘာဖြစ်နေတာ "

" အေးလေ ငါလောင်လာပြီ "

" ငါပြောသားပဲ သူတို့မှားတဲ့ Grammar, spellingနဲ့ အသေလျော့ပေးရမှာလို့ "

" ငါတို့ကိုကစေတနာအထားလွန်သွားတာ "

နွေအိမ်နှင့် စာရိုက်တာရပ်ပြီး နှင်းဆီဖြူ Rise handလုပ်လိုက်သည်။

" Room 1က နှင်းဆီဖြူပါ
Room 2ကို မေးချင်တာက လက်ရေးမလှလို့ Grammar, sentenceအထိဆက်မကြည့်ဖြစ်ဘူးပေါ့ဆိုတဲ့သဘောလား ? "

Roll 8က
" အဲ့လိုတော့မဟုတ်ဘူးရော ကြည့်ဖြစ်ပါတယ် "

နှင်းဆီဖြူက
" ဒါဆို အမှားတွေ့လား "

Roll 8က
" စောနကပြောခဲ့သလို wက vနှစ်လုံး.."

နှင်းဆီဖြူက
" အဲ့တာကိုပြောတာမဟုတ်ပါဘူး။ spelling, grammarတွေမှာ အမှားတွေ့လားမေးနေတာ "

Roll 8က
" အမ်..အဲ့လိုတော့..မတွေ့မိပါဘူး "

နှင်းဆီဖြူက
" အဲ့လိုဆို grammarမှန်တာကြောင့် အမှတ်ထပ်ပေးရပါမယ် "

Roll 8က
" မပေးနိုင်ပါဘူး..အစကတည်းက လက်ရေးကြောင့်... "

နှင်းဆီဖြူက
" အိုခေလေ ရတယ်
တီချယ် Room 2ရဲ့ paragraph သုံးကြောင်းမြောက်က spellingကို တစ်ချက်ကြည့်ပေးပါ။ ပြောင်းပြန်ကြီးပေါင်းထားပါတယ် "

တီချယ်က
" တွေ့တယ် သမီး "

နှင်းဆီဖြူက
" ခြောက်ကြောင်းမြောက်မှာ sentenceအထားအသိုက ကန့်လန့်ကြီးဖြစ်နေပါတယ်ချယ် "

တီချယ်က
" တွေ့တယ် သမီး "

ထိုစဉ် နှင်းဆီဖြူ၏ screenတွင် လူမင်း mentionခေါ်ထားသည့် notiပေါ်လာလေသည်။
" နှင်းဆီ စိတ်လျော့ "

နှင်းဆီဖြူကတော့ muteလိုက်ကာ
" အောက်ဆုံး နိဂုံးစာကြောင်းကို introလိုရေးထားပါတယ်ချယ် "

တီချယ်က
" တွေ့တယ် "

နှင်းဆီဖြူက
" သမီးတို့ Room က Room 2ရဲ့ အမှားတွေကို အကုန်မြင်ပါတယ်။ ဒါပေမဲ့ အမှတ်မလျော့ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက သမီးတို့ Room 1ရဲ့သဘောထားပါ။ ဒါကြောင့် Room 2ရဲ့ အမှတ်ပေးပုံဟာ Room 2ကလူတွေရဲ့ mindset, personalityကို ထင်ဟပ်နေတာပါလို့ ပြောချင်တာပါ "

Roll 8က
" ငါတို့မမှားဘူး လက်ရေးက... "

တီချယ်က
" ကဲ ကဲ တော်ပြီကလေးတို့ တီချယ်က ဒီအမှတ်တွေကိုလည်း အတည်မယူပါဘူး။ Room 3စီဆက်သွားရအောင်။ Room 3 & 4 readyပဲလား ကလေးတို့ "

စကားစပြတ်သွားလေသည်။ ထို့ကြောင့် နှင်းဆီဖြူဟာ လူမင်း mentionခေါ်ထားသည့် group ထဲသို့သွားကာ
( ငြိမ်းချမ်းသု၊ဟယ်ရီ၊လူမင်း၊ဂျူးတို့နှင့် သက်သက်ဖွဲ့ထားသော groupဖြစ်သည်။ )

" လာမဆွဲနဲ့ သူတို့လွန်တာ "

လူမင်းက
" Chill ငါ့လက်ရေးကို မဖတ်တတ်‌တာနေမယ် "

ငြိမ်းချမ်းသူက
" မင်းလက်ရေးကဖတ်လို့ရတယ်ဟ၊ Room 2က သက်သက်ညစ်တာ နှင်းဆီဖြူပြောတာမှန်တယ် "

ဂျူးက
" ဘေးက နားထောင်နေတဲ့ ငါတောင် အဲ့ Roll 8သောက်ကျင့်ယုတ်နေမှန်း ခံစားလို့ရတယ် "

လူမင်းက
" ပွဲမရှာကြပါနဲ့ဟာ "

ငြိမ်းချမ်းသူက
" နှင်းဆီဖြူ မကျေနပ်သေးရင် ကျွန်တော်ထပ်ပြောပေးမယ် " ဟုဆိုပြီး zoomထဲ ချက်ချင်း rise hand လုပ်လေသည်။

နှင်းဆီဖြူက
" ဟဲ့ ဟဲ့ တော်ပြီ တီချယ့်အားနာစရာ "

နှင်းဆီဖြူပြောသည့်နှင့်အညီ ငြိမ်းချမ်းသူလည်း lower handပြန်လုပ်လိုက်လေသည်။ ထိုစဉ် နှင်းဆီဖြူစီ Roll 8၏ Direct message notiဝင်လာလေသည်။

" Ummm..ငါတို့ Room 2မှားတယ်ဆိုတဲ့နေရာလေးတွေ ပြန်ပြောပေးလို့ရမလား? "ဆိုသည့် စာနှင့် voice message တစ်ခုပို့ထားလေသည်။ နှင်းဆီဖြူ Voice messageကို ဖွင့်နားထောင်လိုက်သည်။

" Umm..you know..လက်ရေးကမဖတ်တတ်တော့လေ..အဲ့တာ ငါတို့အမှားမဟုတ်ဘူးလေနော် "

နှင်းဆီဖြူတင်းသွားသည်။ ဘလိုင်းကြီး Direct messageအထိလာကာ ရန်လာစနေခြင်းဖြစ်သည်။ Voice messageကို ငြိမ်းချမ်းသူတို့ရှိသည့် Groupထဲ Forwardလိုက်သည်။

ဂျူးက
" အချိုးကမပြေတော့ဘူး "

ငြိမ်းချမ်းသူက
" ဘလိုင်းကြီး နှင်းဆီဖြူ Dmထိ? "

လူမင်းက
" ငါတို့ကိုမုန်းနေကြတာလားဟ။ ဘာများမှားလို့လဲ။ ငါရော၊နှင်းဆီရော ကိုယ့်ဘာသာနေတာလေ။ ဘလိုင်းကြီး။ ဒါကနည်းနည်းတော့လွန်တာပေါ့။ sectionတစ်ခုထဲ တူတူတက်နေကြတဲ့သူတွေလေ။ ဘာတွေဖြစ်နေကြတာလဲ wtfff "

ဟယ်ရီက
" ပွဲလား "

ဂျူးက
" နင်ကတစ်မျိုး "

ဟယ်ရီက
" အော် အခုကိစ္စလား..? မင်းတို့က မေတ္တာရှင်ကြီးတွေလုပ်ပြီး အမှတ်တွေပေးလိုက်တာကို
ဟိုက မင်းတို့ကိုဖြုတ်ဖို့ ဘယ်အချိန်ထဲက ချောင်းနေလဲမှမသိတာ "

လူမင်းက
" ငါတို့က မေတ္တာရှင်ကြီးလုပ်တာမဟုတ်ဘူးကွ! အမှတ်ပေးလိုက်လို့ရတဲ့အတွက်က် ပေးလိုက်တာ။ sectionတစ်ခုထဲတက်နေတာကြောင့်ရော၊ ပေးသင့်လို့ပေးလိုက်တာ။ ဘာမှမေတ္တာရှင်ကြီးလုပ်တာမဟုတ်ဘူး။ အဲ့တာကို Room 2က ငါ..စောက်..fuckပဲ "

ဂျူးက
" လူမင်းပါ လောင်ကုန်ပြီ "

Dream

06 Oct, 10:49


" Beyond the screen ( Chapter - 23 ) "

" နှင်းဆီ "

နွေအိမ်မှ နှင်းဆီဖြူကို Direct messageကနေ စာပို့ခြင်းဖြစ်သည်။

" ပြော ချိတူ '

" လူမင်းက ချေတဲ့ typeလား? "

" ဘာလို့လဲ "

" ဒီနေ့ Englishအချိန်ပါတယ်မလား။ ငါတို့ရေးထားတဲ့ paragraphကို အမှတ်ပေးမှာမလား။ အဲ့တာကြောင့် ငါက သူထပ်ထားတဲ့ ငါတို့ room 1က paragraphကို ပြန်စစ်ကြည့်တာ spellingမှားနေတာတွေ့လို့ "

" ပြောလိုက်လေ "

" ညကတည်းကပြောထားတယ် ကိုယ်တော်က seenမပြ "

" နေဦး ငါသွားပြောမယ် "

နှင်းဆီဖြူသည် လူမင်း၏ direct messageသို့သွားကာ

" ဟဲ့ "

Seenမပြချေ။

" ဟျောင့်ရေ "

Seenမပြသေးချေ။

" လာဦးဟ "

နှင်းဆီဖြူ စိတ်မရှည်တော့သဖြင့် slap stickerပို့လိုက်သည်။

" လာပြီ လာပြီ
ဘာဖြစ်တာလဲ "

" နွေအိမ်စာပို့တာဝင်ကြည့်လိုက်ဦး paragraphအကြောင်းပြောထားတယ်တဲ့ "

" အေး အေး "

လူမင်းတစ်ယောက် နွေအိမ်ထောက်ပြသည့် spellingအမှားတွေကို ပြန်ပြင်ရလေသည်။
___

En
glishအချိန်တွင်

" Good morning class "

" Good morning tr "

" ကဲ ဒီနေ့ paragraphတွေကို အမှတ်ပေးရအောင်...ဒါပေမဲ့ တီချယ်ပေးမှာမဟုတ်ဘူး။ မင်းတို့အချင်းချင်း အမှတ်ပြန်ပေးရမှာ "

တစ်တန်းလုံးငြိမ်သက်သွားသည်။

" Room 1ရဲ့ paragraphကို Room 2ကစစ်ပြီး အမှတ်ပေးရမယ်။ Room 2ရဲ့ paragraphကိုလည်း Room 1က စစ်ပြီးအမှတ်ပေးရမယ်။ အဲ့လိုမျိုး "

ငြိမ်းချမ်းသူ rise hand လုပ်လေသည်။

" သားလေး ဘာမေးမလို့လဲ "

" အမှတ်အမြင့်ဆုံးကဘယ်လောက်လဲချယ် "

" အမြင့်ဆုံးက 10မှတ် သားလေး။ Grammarမှန်တာ ၊ sentenceမှန်တာတွေကိုကြည့်ပြီး စစ်ရမယ် "

"ဟုတ်ကဲ့ချယ် "

ငြိမ်းချမ်းသူ lower handပြန်လုပ်သွားသည်။

" ဒါက အမှတ်နဲ့မဆိုင်ဘူး တကယ်တော့ ကလေးတို့အတန်းဖော်အချင်းချင်း ဖေးမတတ်အောင် ..‌ဥပမာ အမှတ်ပေးရင် ဖြည့်ပြီးပေးတာမျိုးပေါ့ "

နှင်းဆီဖြူက တက်ကြွစွာပင်
" ဟုတ်ကဲ့ချယ် "

ထို့နောက် breakout roomsတွေခွဲပေးလိုက်လေသည်။ နှင်းဆီဖြူလည်း Room 1ထဲရောက်သွားလေသည်။

ငြိမ်းချမ်းသူက
" Hiii နှင်းဆီဖြူ "

နွေအိမ်က
" အမှတ်ပေးရမယ်တဲ့ စစ်ကြမလား Room 2ကဟာကို "

လူမင်းက
" ချကွာ "

မျိုးစင်က
" Room 2ထပ်ထားတဲ့ paragraphကို ငါ screen shareပေးမယ်။ မင်းတို့ Teleထဲ သွားသွားကြည့်စရာမလိုအောင် "

ငြိမ်းချမ်းသူက
" အိုခေ သားကြီး "

Room 2 paragraphကို မျိုးစင် screen shareပေးပြီးသည်နှင့် နှင်းဆီဖြူက
" လက်ရေးလှတယ်ဟ 5မှတ်ပေးလိုက်ရအောင် "

ငြိမ်းချမ်းသူ
" နှင်းဆီဖြူ စိတ်ကြိုက်သာလုပ် "

နွေအိမ်
" ဟဲ့ ဟဲ့ တအားတွေအကောင်းမြင် "

လူမင်းက
" အကောင်းမြင်တာကောင်းပါတယ် ချ 5မှတ် "

မျိုးစင်က
" မင်းတို့ စွတ်တွေမပေးနဲ့ဦး Room 2က ငါတို့ကို အမှတ်တွေလျော့ထားရင်ရော "

နှင်းဆီဖြူက
" အာ့ သူတို့ကိစ္စ "

နွေအိမ်က
" Grammarတွေ သိပ်မမှန်ဘူး 2မှတ် "

လူမင်းက
" ဟုတ်ပြီ စုစုပေါင်း 7မှတ်ရှိပြီ "

မျိုးစင်က
" သူတို့ sတွေကျန်ခဲ့တယ် တစ်မှတ်လျော့လိုက် "

လူမင်းက
" ဟုတ်ပြီ 6မှတ် "

ငြိမ်းချမ်းသူက
" Sentenceအထားအသိုတွေက တစ်လွဲတွေ နှစ်မှတ်လျော့လိုက် "

လူမင်းက
" 3မှတ် "

နှင်းဆီဖြူက
" အယ့်တော် တော်တော်နည်းသွားတာပဲ "

နွေအိမ်က
" သူတို့ရေးတာ ချာ'နေတာကို "

နှင်းဆီဖြူက
" ဒါမဲ့ သပ်သပ်ရပ်ရပ်ရေးထားပါတယ် 1မှတ်တိုးပေးလိုက် "

လူမင်းက
" 4မှတ် "

နှင်းဆီဖြူက
" ရေးထားလည်း ရှင်းတယ်ဆိုတော့ နောက်တစ်မှတ်လောက် "

လူမင်းက
" 5မှတ် "

နွေအိမ်က
" နှင်းဆီကလည်းး "

ငြိမ်းချမ်းသူက
" နှင်းဆီဖြူ စိတ်ချမ်းသာတာသာလုပ် "

မျိုးစင်က
" ဒါဆို စုစုပေါင်း 5မှတ်ပေါ့..ဒါပေမဲ့ ကျွန်တော်ဟိုနားမှာ ဟိုဟာလေးမှားနေတာတွေ့ "

နှင်းဆီဖြူက
" သူငယ်ချင်း အဲ့လိုအသေးစိတ်မစစ်နဲ့တော့ ပေးလိုက်ပါ မလျော့ပါနဲ့တော့ "

ငြိမ်းချမ်းသူက
" အေးလေ ငြိမ်ငြိမ်နေစမ်းပါကွာ "

မျိုးစင်က
" Awwww သူငယ်ချင်းအရင်းကြီးဘက်မှာမနေဘဲ နှင်းဆီဖြူဘက်မှာနေတယ်ပေါ့ "

ငြိမ်းချမ်းသူက
" နှင်းဆီဖြူက မှန်တယ်လေ "

မျိုးစင်က
" မပြောတော့ဘူး ငါဘာမှမပြောတော့ဘူး "

ထို့နောက် Main roomထဲပြန်ရောက်လာကြလေသည်။ တီချယ်က

" So..ကလေးတို့ ရပြီလား "

" ရပါပြီချယ် " ဟု ပြိုင်တူဖြေကြလေသည်။

" Room 1ကလေးတွေ Room 2က အမှတ်ဘယ်လောက်ရလဲ "

လူမင်းက
" 5မှတ်ပါချယ် "

နှင်းဆီဖြူက
" ဟုတ်ပါတယ်ချယ်
လက်ရေးကလှပြီး ရှင်းရှင်းလင်းလင်း ရေးထားတာကြောင့်ရော၊ simple structureဖြစ်တာကြောင့်ရောပါချယ် "

တီချယ်က
" Room 1က positive feedbackပေးတာပဲ။ ကလေးတို့တော်ပါတယ် ..နောက် Room 2က ကလေးတွေ Room 1ကိုရော ဘယ်လောက်ပေးထားလဲ "

Room 2၏ Roll 8အသံထွက်ပေါ်လာသည်။

" 3မှတ်ပါချယ် ..အမ် ဘာလို့လဲဆိုတော့လေ whereရေးတာ wမဟုတ်ဘဲ vနှစ်လုံးဖြစ်နေတာမျိုးပေါ့..ချယ်ရယ်..နောက် လက်ရေးတအားဆိုးလို့ ‌3မှတ်ပဲပေးနိုင်ပါတယ် "

Dream

05 Oct, 13:00


" နင် စာအုပ်ထဲရေးထားတဲ့အချောပြီးရင်ပြ "

လူမင်းတစ်ယောက် paragraphရေးထားသည့် လက်ရေးမူပို့လေသည်။

" အေး မှန်တယ် အဲ့လိုလေးရေး...ဟဲ့ ဖျက်ရာတွေ "

" ပြန်ရေးမှာပါဟာ "

" ဟဲ့ နေဦး ငါ caption ideaရပြီ
If you see mistake in paragraph, you can correct it >< "

" >< အဲ့တာပါထည့်ရမှာလား "

" အေး "

" အိုခေလေ "

#BTC
#forward_only
#owner

Dream

05 Oct, 13:00


" Beyond the screen ( Chapter - 22 ) "

တနင်္လာနေ့တွင် ပုံမှန်အတိုင်း အတန်းတက်ရသည်။ Englishအချိန်ဖြစ်လေသည်။ တီချယ်မလာသေးသဖြင့် နှင်းဆီဖြူတစ်ယောက် ထိုင်စောင့်နေချိန်တွင် notiဝင်လာလေသည်။ ဟယ်ရီစီမှဖြစ်သည်။

" ဟဲ့ "

" ပြော "

" ငါရယ်..စိမ်းရယ်က သိသာနေလို့လား "

" ဘာလို့လဲ "

" ဂျူးက ငါတို့ကိုတွဲနေတာလားတဲ့ "

" အူတက် "

" အဲ့တာ မနေ့ညက သူအဲ့လိုလာမေးတော့ ငိုမိပြီးသူ့ကိုပါပြောပြလိုက်မိတယ် "

" ဟဲ့ "

" ငါစိတ်ပျက်တယ် "

" ငါ့ကိုကျ ဘယ်သူမှမပြောနဲ့ဘာညာပြောပြီး နင်ကိုယ်တိုင်ကျ မလုံ "

" ငါကလုံတယ် ဒါပေမဲ့ အဲ့လိုကြီးလာမေးတော့ လွမ်းပြီး ငိုချင်လာတာပေါ့ဟ "

" ငါကတော့ နင်မပြောရင် သိမှာမဟုတ်ဘူး
ဂျူးက လျင်ချက် "

" တကယ်တော့ ငါလျှာရှည်တာဟေ မအိပ်သေးဘူးလားသွားပြောတာ ပြန်မေးခံလိုက်ရ "

" နည်းတောင်နည်းသေး ခံပေါ့ "

" 🥲🥲 "

" ဟိုကမေးတော့ နင်လွမ်းသွားတယ်မလား "

" အေး အမှန်ပဲ "

" ငိုချင်ရက်လက်တို့ကိုမှ ဂျူးကလည်း တည့်မေးရတယ်လို့ "

" အေးဟာ ငါကစိတ်ပြေလက်ပျောက်စကားသွားပြောတာ ငိုပြီးပြန်လာရတယ် "

" ဒါဆို အခုဂျူးလည်းသိသွားပြီပေါ့ "

" အေး သူ့ကိုဘယ်သူ့ကိုမှမပြောဖို့တော့ပြောထားတယ် "

" အေးနော် ငါတို့ကလုံတယ်
နင်သာ ဖင်ယားပြီး လျှောက်မပြောနဲ့ "

" အေးပါ 🥹 "

" နင်နဲ့ စိမ်းနဲ့ကြောင့် ငါတို့ပါ အနေရခက်တော့မယ်။ အဲ့တာကြောင့်ပြောတာ တစ်ဖွဲ့တည်းကလူအချင်းချင်းမကြိုက်ကြနဲ့လို့ "

" မတတ်နိုင်ဘူးလေဟာ "

" အေးပါ အချစ်မှာမျက်စိမှာမရှိတာ..ဒါနဲ့ စိမ်းခွင့်တွေတင်ထားတယ် "

" အေး ငါလည်းတွေ့တယ် ..ငါပို့ထားတဲ့စာတွေကိုလည်း သူဝင်မကြည့်ဘူး "

" ဟဲ့ နင်ဂျိုပေါက်နေပြီ
စာတွေစွတ်မပို့နဲ့လေ စိတ်ရှုပ်မှာပေါ့ဟ "

" ငါသူနဲ့စကားမပြောပဲမနေနိုင်ဘူးဟ "

" ဘုရားတရားမလို့ ဒီလထဲ presentationတွေမရှိပါစေနဲ့ "

" အေး ငါလည်းဘာမှစိတ်မပါဘူး presentation‌ပေးလို့ ငါမပါရင် နင်တို့သေမှာမလား "

" မဟုတ်ဘူးသူငယ်ချင်း နင်သေမှာ ဘာလို့လဲဆိုတော့ ငါသတ်မှာမလို့ :3 "

" ဖြေးဖြေး "

" အတည်ပြောတာ အသည်းကွဲတာကကသက်သက် presentation က သက်သက် ရောမချနဲ့ "

" အေးပါ "

" နင်နဲ့စိမိးကိစ္စကို လူမင်းတော့မသိသေးဘူးမလား "

" သူသိရင်သေမှာနော် "

" နင်တရားအဟောခံရမှာလေ "

" အေးဆို ငြိမ်ငြိမ်လေးနေကြရအောင် "

ထိုစဉ် အတန်းထဲ တီချယ်ဝင်လာသဖြင့် စကားစပြတ်သွားလေသည်။

" မင်္ဂလာပါ ကလေးတို့ "

" မင်္ဂလာပါချယ် "

" ကဲ..ဒီနေ့ activityလေးတွေလုပ်ကြရအောင် ..ဘာ activityလေးလဲဆိုတော့ zeroနဲ့ ပက်သက်ပြီး paragraphလေးရေးရမယ့် activityလေးပါ "

Activityလုပ်ရမည်ဆိုသောကြောင့် နှင်းဆီဖြူ၏အာရုံဟာ ချက်ချင်းပင် focus modeဖြစ်သွားလေသည်။

" Breakout roomsတွေခွဲပေးလိုက်ပါမယ်။ roomထဲမှာ ဆုံတဲ့သူတွေနဲ့ paragraphရေးပါ။ ပြီးရင် roomတစ်ခုနဲ့ တစ်ခု paragraphတွေလဲစစ်ပြီး အမှတ်တွေပေးကြရပါမယ် "

" ဟုတ်ကဲ့ချယ် " ဟု တစ်တန်းလုံးပြိုင်တူဖြေကြလေသည်။ ထို့နောက် နှင်းဆီဖြူ screenတွင် joinပေါ်လာသဖြင့် နှိပ်လိုက်သည်။ Room 1ထဲရောက်သွားလေသည်။ Room 1ထဲတွင် ငြိမ်းချမ်းသူ၊ လူမင်း၊ နွေအိမ်နှင့် မျိုးစင်တို့ ကြိုရောက်နေလေသည်။ ထို့ကြောင့် နှင်းဆီဖြူ micဖွင့်ကာ

" Hi guysss "

ငြိမ်းချမ်းသူက
" ကျွန်တော်တို့က ဖူးစာကိုပါ အဲလေ ကံကိုစပ်တာ "

နွေအိမ်က
" Finally, နောက်ဆုံးတော့ ငါ့သူငယ်ချင်းနဲ့ breakout roomsတူတူကျခဲ့ပြီကွ "

နှင်းဆီဖြူက
" ဟုတ်ပ "

လူမင်းက
" ကဲကဲ အလွမ်းသယ်တာရပ်မယ် paragraphရေးရအောင် "

မျိုးစင်က
" The word zero means nothing "

လူမင်းက
" ခဏလေး ခဏလေး ဖြေးဖြေး ငါလိုက်ရေးနေတာ "

နှင်းဆီဖြူက
" ဟဲ့ နင်ရေးမယ်ဆို လက်ရေးလှအောင်ရေးနော် "

လူမင်းက
" အေးပါ "

နာရီဝက်ခန့်ကြာပြီးသည်နှင့် နှင်းဆီဖြူတို့ roomဟာ paragraphရေးခြင်း ပြီးဆုံးသွားလေသည်။

လူမင်းက
" ဟ ဒီတိုင်းဆို အမှတ်ပေးဘာညာ ဒီနေ့အချိန်နဲ့လောက်မှာမဟုတ်ဘူးဟ "

ငြိမ်းချမ်းသူက
" အာ့ တီချယ့်ကိစ္စလေ ငါတို့ကိစ္စက paragraphပြီးအောင်ရေးဖို့ "

ထိုစဉ် breakout roomsတွေ endသွားလေသည်။

" ကဲ..ကလေးတို့ paragraph writingကို မနက်ဖြန်မှ ဆက်လုပ်ရအောင်။ တီချယ် စာလေးနည်းနည်းသင်ဦးမယ်။ ရေးပြီးသွားတာတွေကို groupထဲအခုပို့ပေးပါ။ မနက်ဖြန်ကျမှ discussလုပ်ပြီး အမှတ်ပေးကြမယ် "

စာသင်ချိန်ပြီးသည်နှင့် နှင်းဆီဖြူသည် လူမင်း၏ direct messageသို့သွားကာ

" လက်ရေးကို အချောပြန်ရေး၊ အေးဆေးလေးနဲ့ လှလှလေးရေး။ ဖျက်ရာမပါစေနဲ့ "

" အေးပါ ဒါနဲ့ Groupထဲပို့ရင် captionကဘာရေးရဦးမလဲ "

" Room 1လို့တပ်ပြီး ငါတို့နာမည်တွေရေး "

" နာမည်တွေအောက်ကနေ Hi everyone,
we're from Room 1
Today, we gonna talk you about zero. Soz let's get started ဆိုပြီး ဆက်ရေးရမလား "

" ဟဲ့ presentationမဟုတ်ဘူးလေ "

" အကျင့်ပါသွားတာ🥹 "

Dream

05 Oct, 12:44


" Beyond the screen ( Chapter - 21 ) "

စနေနေ့ဖြစ်၍ နှင်းဆီဖြူတစ်ယောက် အေးဆေးအိပ်နေလေသည်။ နှင်းဆီဖြူ အိပ်ရာကနိုးသည်နှင့် ဖုန်းကိုကောက်ကိုင်ကာ နာရီကြည့်လိုက်သည်။ 9:45။ ထို့နောက်ပြန်ချကာ အိပ်ခန်းထဲမှထွက်ပြီး မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည့် အမေဖြစ်သူကို နောက်ကျောကနေဖက်လိုက်သည်။

" နိုးပြီလား အိပ်ပုတ်လေး "

" ဟီးဟီး "

" မျက်နှာသစ်ချည် "

" ဟုတ်~ "

ရေချိုးခန်းဝင်ပြီး မျက်နှာသစ်ပြီးသည်နှင့် ဧည့်ခန်းသို့သွားကာ ထိုင်ခုံပေါ်တွင်ထိုင်နေသော ဖအေဖြစ်သူကို

" မောနင်း ဖေဖေ "

" မောနင်း ဒီနေ့ကျောင်းပိတ်တာလား သမီး "

" အင်း စနေနေ့လေ ဖေဖေရဲ့ "

" ဒါဆို တို့သားအဖတွေ ညနေကျ မုန့်ထွက်စားလို့ရပြီပေါ့ "

" ဝိုးးး အဲ့လိုမျိုးကိုကြိုက်တာပေါ့ "

နှင်းဆီဖြူဟာ တစ်ဦးတည်းသောသမီးဖြစ်သောကြောင့် မိဘနှစ်ပါးဟာ တုန်နေအောင်ချစ်ကြသည်။ နှင်းဆီဖြူရွေးချယ်ထားသည့်လမ်းကိုလည်း အစွမ်းကုန်ထောက်ပံ့ပေးကြသည်။ သို့သော် အခြေခံလူတန်းစားဖြစ်သဖြင့် နှင်းဆီဖြူဟာ မိဘတွေကို ဘာမှမတောင်းဆိုချေ..။

မနက်စာစား၊ လုပ်စရာရှိသည်များလုပ်ပြီးသည်နှင့် ဖုန်းကို wifiဖွင့်လိုက်သည်။

" Good morning နှင်းဆီဖြူ " ဆိုသည့် notiဟာ ထုံးစံအတိုင်းပေါ်လာသည်။

" Morningggg ငြိမ်းချမ်းသူ " ဟုပြန်ပို့လိုက်သည်။

Telegramထဲကထွက်မလို့ပြင်လိုက်ကာမှ notiတစ်ခုဝင်လာလေသည်။ ကြည့်လိုက်တော့ Roll 8ဆိုသည့် accမှ voice messageပို့ထားခြင်းဖြစ်သည်။ တစ်ခါမှစကားမပြောဖူးသည့် Roll noဖြစ်သဖြင့် နှင်းဆီဖြူခဏကြောင်သွားသည်။ " HI "ခြင်း၊ စကားစခြင်းမရှိဘဲ voice messageပို့ထားခြင်းဖြစ်သည်။ ထို့ကြောင့် voice messageကို နှိပ်ကာ နားထောင်လိုက်သည်။

" ဟွာလေ သူငယ်ချင်းရေ ဟွာလေ social studiesကိုလေ စသင်တုန်းကတည်းက ဒီ..ဟိုတစ်နေ့ကထိလေ နင်လုပ်ထားတဲ့၊မှတ်ထားတဲ့ note downလေးတွေရှိလားဟင် ငါပြန်ကြည့်ချင်လို့လေ အာ့ပို့ပေးပါလား "

နှင်းဆီဖြူ " wtf " ဖြစ်သွားသည်။ ဘလိုင်းကြီး သိလည်းမသိဘဲ noteအကုန်လာတောင်းနေသည်ကိုလည်း တော်တော်အံ့ဩမိသွားသည်။ ထို့ကြောင့် ဟားရစ်၊ ဂျူး၊ လူမင်း၊ ငြိမ်းချမ်းသူတို့နှင့် ဖွဲ့ထားသော groupထဲသို့သွားကာ

" ဟဲ့ နင့်တို့ roll 8ကိုသိကြလား။ နင်တို့အသိလား "

ဟယ်ရီက
" မသိဘူး "

ဂျူးက
" တို့လည်းမသိဘူး "

ငြိမ်းချမ်းသူက
" ဘာဖြစ်လို့လဲ "

နှင်းဆီဖြူလည်း
" ငါ့ကို သူငယ်ချင်းရေ၊ဘာရေ အတင်းတွေလာလုပ်ပြီး social studies noteတွေတောင်းနေလို့ "

ဂျူးက
" မပေးနဲ့နှင်းဆီ။ ဘာလဲ နှင်းဆီက‌သေချာအချိန်ပေး စာလုပ်ထားတဲ့ဟာတွေကို "

ငြိမ်းချမ်းသူက
" အေးလေ ကျွန်တော်တို့လို ဓာတ်သိတွေတောင် အဲ့လိုမတောင်းဘူး "

နှင်းဆီဖြူလည်း
" အိုခေ အိုခေ "

Roll 8၏ direct messageသို့သွားကာ

" Note downတွေကတော့ ပေးဖို့အခက်အခဲရှိတယ်..တီချယ်ကလည်း ကိုယ့် noteတွေဘယ်သူ့မှမပြနဲ့လို့ပြောထားတော့လေ..ဒါပေမဲ့ ငါဖတ်နေကြ websiteတွေတော့ပေးနိုင်ပါတယ်။ noteကိုပဲ လိုချင်တယ်ဆိုရင်တော့ ..တီချယ့်စီက အရင် permissionတောင်းလိုက်ပါ။ တီချယ်က okတယ်ဆိုရင် ပေးပါ့မယ် "

" Awwww ok " ဟုပြန်ပို့လေသည်။

Telegramထဲက ထွက်မည်ပြင်ကာမှ ထပ်ပြီး notiဝင်လာပြန်သည်။ ကြည့်လိုက်တော့ ကျောင်းရဲ့G10 channelကဖြစ်သည်။

" ကလေးတို့ အားလုံး မင်္ဂလာပါ
သီတင်းကျွတ်အတွက် ပိတ်ရက်မပေးခင် midterm examရှိပါမယ်။ မကြာခင် ရက်အတိအကျ ပြန်ပြောပေးပါမယ်။ စာပြန်ကြည့်ထားကြပါ " ဟု postတင်ထားခြင်းဖြစ်သည်။

ဟားရစ်၊ ဂျူး၊ လူမင်း၊ ငြိမ်းချမ်းသူတို့နှင့် ဖွဲ့ထားသော groupထဲသို့

" သားကြီးတို့ midtermတဲ့နော် "

လူမင်းက
" ဟမ် ဘယ်မှာ "

ဂျူးက
" ငါလည်း အခုလေးတင်တွေ့လာတာ အဲ့post "

ငြိမ်းချမ်းသူက
" သီတင်းကျွတ်ပိတ်ရက်ကို များများပိတ်ပေးရင်ကောင်းမယ် "

ဟယ်ရီက
" ဘာတွေလဲ "

နှင်းဆီဖြူက
" ဟိုနှစ်ယောက် အူကြောင်ကြောင်လုပ်မနေနဲ့။ G10 channelသွားကြည့်ချည် "

လူမင်းက
" ဟာ wtf စာမေးပွဲကြီး "

ဟယ်ရီက
" မကြားချင်ဘူး မကြားချင်ဘူး "

ဂျူးက
" စာကြည့်ကြတော့ မဟုတ်ရင် ခွေးဖြစ်ကုန်မယ် "

လူမင်းက
" တောင်းစားကြမလား "

နှင်းဆီဖြူက
" ပေါက်ကရတွေပြောပြန်ပြီ "

ဟယ်ရီက
" ဓားပြတိုက်စားကြမယ်လေ ရုပ်ရှင်ကားထဲကလို ဘဏ်တွေဝင်စီးတာမျိုး "

ဂျုးက
" မဆိုးဘူးဟ "

ငြိမ်းချမ်းသူက
" ငါကားမောင်းပေးမယ် "

ဟယ်ရီက
" အေး မင်းပဲမောင်း နှင်းဆီသာမောင်းရင် ဘယ်၊ညာမခွဲတတ်တာနဲ့ ငါတို့သေမှာ "

နှင်းဆီဖြူက
" ဟဲ့ အဲ့တာက ဘာကိစ္စပါလာတာလဲ "

ဂျူးက
" အေးလေ "

ဟယ်ရီက
" နင့်ကိုဖဲ့လိုရတာလည်း အဲ့တစ်ကွက်ပဲရှိတာကို "

လူမင်းက
" တော်ပါပြီ မမလုပ်စာပဲထိုင်စားတော့မယ် "

ဂျူးက
" အော် အေး အေး တော်တော်အားကိုးရတယ် "

ဟယ်ရီက
" ဟဲ့ အိမ်စာပေးထားသေးလား "

နှင်းဆီဖြူက
" မပေးထားပါဘူး ဘာတွေလာရောင်း "

ဂျူးက
" အေးလေ ထထဖောက် "

ဟယ်ရီက
" မေးကြည့်တာလေ "

လူမင်းက
" မေးမကြည်နဲ့ ချစ်ကြည့်လိုက် "

ငြိမ်းချမ်းသူက
" စလာပြန်ပြီ "

ဟယ်ရီက
" ညီက အချစ်ခံချင်တာပေါ့? "

နှင်းဆီဖြူက
" ဟဲ့ ဟဲ့ "

လူမင်းက
" ဝွန်း ကိုကိုလူဆိုး "

ငြိမ်းချမ်းသူက
" မင်းတို့ နှစ်ကောင်နဲ့ စိတ်တွေလည်းကုန်၊ ပညာတွေလည်းရပါတယ်ကွာ "

#BTC
#forward_only
#owner

Dream

04 Oct, 10:34


" ဟျောင့်‌တွေရေ နှင်းဆီဖြူသာဝင်မကယ်ရင် တီချယ်ရစ်တာနဲ့ ငါသေမှာ " ဟု စာသင်ချိန်ပြီးသည်နှင့် roll 29က student group chatထဲပို့လေသည်။

Roll 11ကလည်း
" အေး ဟုတ်တယ် နှင်းဆီဖြူသာ အဖြေကို zoom direct messageကနေမပို့ပေးရင် ငါလည်းသေမှာ "

Roll 7ကလည်း
" နှင်းဆီဖြူက စာသင်ချိန်တွေမှာ ကယ်တင်ရှင်ကြီးကွ။ မဟုတ်ရင် ငါတို့ဦးနှောက်တွေ တီချယ်တွေကျပ်တာနဲ့ လောင်ကုန်မှာ "

ငြိမ်းချမ်းသူကတော့ ထိုစာတွေကိုဖတ်ပြီး " အာ ငါ့တစ်ယောက်တည်းကို အဖြေပြောပြတာမဟုတ်ဘူးပဲ " ဟုတွေးကာ တနုံ့နုံ့ဖြစ်နေလေသည်။ နှင်းဆီဖြူကတော့ group chatထဲက စာတွေကို replyမလုပ်ဘဲ Hee Hee reactionသာပေးပြီး မသိချင်ယောင်ဆောင်နေလေသည်။

#BTC
#forward_only
#owner

Dream

04 Oct, 10:34


" Beyond the screen ( Chapter - 20 ) "

" ကလေးတို့ မင်္ဂလာပါ "

Social studiesအချိန်ဖြစ်သည့်အတွက် ငြိမ်းချမ်းသူစိတ်မပါချေ။ social studiesတီချယ်ဟာ ကပ်သီးကပ်သတ်မေးတတ်သည့် typeဖြစ်သောကြောင့် ပို၍ စိတ်မပါချေ။

" တီချယ် ကလေးတို့ကို American Revolution Warအကြောင်း ရှာဖတ်ခိုင်းထားတယ်မလား။ ပြောပြီးသားနော်။ ဝင်ဆွေးနွေးမှအမှတ်ရမယ်ဆိုတာ "

နှင်းဆီဖြူကတော့ တက်ကြွစွာဖြင့်
" ဟုတ်ကဲ့ချယ် "

" အမလေး နှင်းဆီဖြူတစ်ယောက်ပဲ တီချယ်အားကိုးလို့ရတယ် "

" အဲ့လိုမပြောပါနဲ့ချယ်ကလည်း "

အတန်းစ'ကတည်းက တီချယ်တိုင်းရဲ့ ပါးစပ်ဖျားမှာ နှင်းဆီဖြူနာမည်ဟာ နေရာယူထားလေသည်။ နှင်းဆီဖြူကိုယ်တိုင်ကလည်း တက်ကြွစွာ အဖြေတွေဖြေ၊ စကားတွေပြောတက်သည်။ အကယ်၍ အဖြေမှားသွားလျှင်တောင် မရှက်ဘဲ တဟီးဟီးလုပ်ကာ အဖြေမှန်ကိုရှာတတ်သော ကောင်မလေးဖြစ်သည့်အတွက် တီချယ်တွေ၏အချစ်ဆုံးဖြစ်နေလေသည်။

" American Revolutionary warက ဘယ်တုန်းက စဖြစ်တာလဲ ကလေးတို့ " တော်တော်ကြာသည်အထိ ဖြေသံမထွက်လာချေ။

" April 19, 1775မှာပါချယ် " ဟု နှင်းဆီဖြူအသံထွက်လာသည်။ နှင်းဆီဖြူ၏ ကောင်းသည့်တစ်ချက်ဟာ ချက်ချင်းတန်းမဖြေခြင်းဖြစ်သည်။ အတန်းထဲက သူတွေဖြေလို့ရအောင် အချိန်ပေးပြီး ဖြေမည့်သူမရှိကာမှ ထထဖြေတက်သည်။

" Patriotsဆိုတာကရောဘာလဲ? "

ထုံးစံအတိုင်း ဖြေသံမထွက်လာချေ။ ထို့ကြောင့် နှင်းဆီဖြူက

" ဘုရင်အုပ်ချုပ်ရေး၊အာဏာကိုပုန်ကန်တဲ့ ကိုလိုနီမျိုးချစ်တွေပါချယ် "

" loyalistကရော? "

" ဘုရင်ကို.."

" နှင်းဆီဖြူအသံပဲကြားနေရတယ်
သမီးလေး နှင်းဆီဖြူမဖြေနဲ့တော့ တီချယ် roll noတွေနဲ့ခေါ်မေးတော့မယ် "

ငြိမ်းချမ်းသူ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည်။ ငြိမ်းချမ်းသူတင်မဟုတ် တစ်တန်းလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်ကုန်လေသည်။

" Roll 1 "

ပြန်ဖြေသံထွက်မလာချေ။

" Ok absente "

ငြိမ်းချမ်းသူ အသင့်အနေအထားပြင်ရလေသည်။

" Roll 11 "

" ဟုတ်..ရှိပါတယ်ချယ် "

" First continental Congress မှာဘာတွေပါလဲ? "

" အယ်..ချယ်..ဟွာ အရေးကြီးတဲ့အချက်တွေပါတယ်ချယ် "

" ဘာအရေးကြီးတဲ့အချက်တွေလဲ "

" ဟိုဟာ.. "

" တီချယ် သင်ပြီးသားလေ "

" ဟွာ..ချယ်..ဗြိတိသျှတွေကိုတိုက်ဖို့နဲ့.. အမေရိကန်တွေရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ပါချယ် "

" Okayရပြီ
Roll 31 "

ငြိမ်းချမ်းသူ roll noဖြစ်လေသည်။

" ဗျာ ချယ် "

" စစ်ပွဲတွေကဘယ်နေရာမှာ အများဆုံးဖြစ်တာလဲ "

ဒီလောက်ကတော့ ငြိမ်းချမ်းသူအတွက် အေးဆေးပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နှင်းဆီဖြူ အကြိုက်ဆုံးဘာသာရပ်ဟာ social studiesဖြစ်သည်။ ထို့ကြောင့် မကြည့်ချင်၊ကြည့်ချင်၊ လုပ်ချင်၊မလုပ်ချင်နှင့် social studiesကို ရှာဖတ်ရသည်။

" New York, New Jersey, South Carolinaတွေမှာ အများဆုံးဖြစ်တာပါချယ် "

" Okay .. Confederate states Congressက ဘာလဲ? "

" ဗျာ ချယ် "

" Confederate states Congress "

ငြိမ်းချမ်းသူတစ်ယောက် ဇောချွေးပြန်သွားသည်။ confederate states Congressအကြောင်း ရှာမဖတ်မိထားချေ။ ထိုစဉ် ငြိမ်းချမ်းသူ၏ zoom chat boxတွင် notiပေါ်လာလေသည်။ နှင်းဆီဖြူမှ Direct messageဖြင့်ပို့ထားခြင်းဖြစ်သည်။

" 1861ကနေ 1865အထိ တည်ရှိတဲ့ confederate strates of Americaရဲ့ ယာယီနဲ့ အမြဲတမ်းဥပဒေပြုလွှတ်တော်နှစ်ရပ်ဖြစ် " ဟုပို့ထားလေသည်။ ငြိမ်းချမ်းသူလည်း နှင်းဆီဖြူပို့ထားသည့်အတိုင်းဖြေလိုက်သည်။

" ရပြီ သားလေး "

စာမေးခြင်းရပ်သွားပေမယ့် ငြိမ်းချမ်းသူတစ်ယောက် နှင်းဆီဖြူ၏အပြုအမူကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေလေသည်။ " ငါ့ကို အဖြေပို့ပေးတာပါလား " ဟု ကြည်နူးနေမိလေသည်။ သို့သော် တီချယ်ကတော့ အတန်းထဲတွင် စာဆက်၍မေးနေလေသည်။

" Roll 29 Magna Cartaကဘာလဲ "

" ချယ်..သားမမှတ်မိတော့ဘူး "

" မမှတ်မိလို့မရဘူး မှတ်မိအောင်လုပ်ချည် "

" ချယ်..သား မမှတ်မိ "

ထိုစဉ် နှင်းဆီဖြူမှဝင်ကာ

" စာရွက်ပါချယ် "

ငြိမ်းချမ်းသူ ရယ်ချင်သွားသည်။ Magna Cartaအကြောင်း နောကျေနေသောသူဖြေသည့်အဖြေက " စာရွက် " ။

" ဟယ် ဒီကောင်မလေးပေါက်ပေါက်ရှာရှာ "

" အာ ချယ်ကလည်း သမီးနာမည်ပေါက်ပေါက်ရှာရှာမဟုတ်ပါဘူး နှင်းဆီဖြူပါ "

" ဘာလို့သူများကိုမေးနေတာ ဝင်ဖြေတာတုန်း "

" သူများမဟုတ်ပါဘူးနော် သမီးအတန်းဖော်တွေပါ "

" Magna Carta အကြောင်း တီချယ်သေချာသင်ထားရဲ့သားနဲ့ မင်းတို့က "

" တီချယ်ကလည်း.. ချစ်တယ်လေ အဲ့လိုတွေမေးခွန်းတွေနဲ့မရစ်ပါနဲ့ "

တီချယ်ဆူမည်ပြင်ပြီးမှ စကားရပ်သွားသည်။

" နော်...ချယ်ကလည်း Magna Cartaမှာ အပိုဒ် ၆၃ပိုဒ်ပါပြီး မူရင်းမိတ္တုလေးစောင်ရှိတဲ့ဟာကို မေးပြီးမရစ်ပါနဲ့ နော် နော် "

တစ်ဖက်လှည့်နှင့် အဖြေတွေအကုန်ပြောချသွားသော နှင်းဆီဖြူကို ငြိမ်းချမ်းသူအံ့ဩမိသည်။

" အမလေး တတ်လည်းတတ်နိုင်တဲ့ နှင်းဆီဖြူ "

" ဟီးဟီး "

" အေးပါ အေးပါ ဆက်မမေးတော့ပါဘူး စာပဲသင်ပါတော့မယ် "

" ဟီးဟီး "

ငြိမ်းချမ်းသူကတော့ နှင်းဆီဖြူကို ပိုပြီးသဘောကျမိလာသည်။

Dream

04 Oct, 10:33


" အဟမ်း 5ရဲ့ aက 82.3 အဲလေ 28.3ရတယ် "

" ကျွန်တော်က 28.4ရတာ "

" အယ် 9.9+12.6+5.8 သုံးနားလုံးပေါင်းရတာလေ "

" ဟုတ်တယ်လေ ကျွန်တော်က ဒဿမကိုနှစ်လုံးစီယူတာမို့ 9.9+12.6+5.83= 28.37
အဲ့ကနေ အရှေ့ကိုတစ်တိုးလိုက်တာ "

" အဲ့လိုကျလည်း မှန်သားပဲ "

" နှင်းဆီဖြူလည်း မှန်နေတာပဲ "

" Ahhh သင်္ချာကခေါင်းအရမ်းစားတာပဲ "

" နှင်းဆီဖြူအကြောင်းတွေကို စဉ်းစားရတာလောက် ခေါင်းမစားပါဘူး "

ငြိမ်းချမ်းသူ စိတ်ထဲကအတွေးတွေ လွှတ်ခနဲ ထုတ်ပြောမိလေသည်

" ဟင် ဘာပြောလိုက်တာ "

" ဟင် ဘာမှမပြောပါဘူး "

" ပြောလိုက်ပါတယ် "

" မပြောလိုက်ပါဘူးးး homework deadlineဒီညနော်။ ထပ်လိုက်ဦး။ ပြီးပြီမလား။ ကျွန်တော်ဖုန်းချလိုက်တော့မယ်နော် byeeee "

#BTC
#forward_only
#owner

1,993

subscribers

632

photos

20

videos