စိတ်ခွန်အားစာပေများ📖📚 @knowledgeliteratures Channel on Telegram

စိတ်ခွန်အားစာပေများ📖📚

@knowledgeliteratures


စိတ်ခွန်အားစာပေများ📖📚 (Burmese)

စိတ်ခွန်အားစာပေများ📖📚 စာပေရှင်အလွန်များအတွက် သင်တို့ရဲ့လုပ်ငန်းတွေကို ကြည့်ရယူရန်စာပေများတွင် စိတ်ခွန် နောက်ဆုံးအားဖြင့် သင့်ရဲ့စိတ်ခွန်အဟောင်ပေါ်မှာ ဝန်ဆောင်နှင့် သင်ယူနိုင်ပါသည်။ စာပေရှင်ရှိသော နှဘ်ဖောင့်ချိုထားသည့် အတွက်အနေဖြင့်အတွက် လူနောင်းမျှော်လင့်ပါသူများအတွက်လေးဝသည်။ ယခုစာပေများသည် ပို့ဆောင်နှင့် အတူ နှိုင်းယှဉ်ပြိုင်ခြင်း စောင့်ခြင်းများကို လိုဆောင်နိုင်ပါပြီ။

စိတ်ခွန်အားစာပေများ📖📚

30 Dec, 02:40


လူရာဝင်ဖို့
ငွေ လိုအပ်တယ်...။

လူတောတိုးဖို့
ပညာ လိုအပ်တယ်...။

လူပီသဖို့
အသိတရား လိုအပ်တယ်...။

လူလို့ ခေါ်ဖို့
ကိုယ်ချင်းစာတရား လိုအပ်တယ်..။
______

စိတ်ခွန်အားစာပေများ📖📚

19 Sep, 05:02


င ပေါ ဖြစ် သွား တတ် တယ် .....

စိတ်ခွန်အားစာပေများ📖📚

13 Sep, 15:38


ကျွန်တော်တို့အသီးသီးမှာ အရည်အချင်းတေရှိပါတယ် ထုတ်မသုံးကြဘဲ သေရွာထိယူသွားကြတာပါ

ဆရာကြီးလယ်တွင်းသားစောချစ်

စိတ်ခွန်အားစာပေများ📖📚

13 Sep, 15:34


အောင်မြင်ဖို့အတွက်အချိန်ကောင်း(၁)ခု

ဆရာကြီးလယ်တွင်းသားစောချစ်

စိတ်ခွန်အားစာပေများ📖📚

13 Sep, 15:27


သတ္တိဆိုတာ..

ဆရာကြီးမောင်စိန်ဝင်း

စိတ်ခွန်အားစာပေများ📖📚

13 Sep, 03:37


နေ့ရက်တိုင်းမှာ ကျန်းမာစွာ
နိုးထပြီး အသက်ရှင်သန်ခွင့်ရတာဟာ တန်ဖိုးဖြတ်လို့မရတဲ့အရာဖြစ်တယ်။

စိတ်ခွန်အားစာပေများ📖📚

12 Sep, 16:54


တခြားစီပါ ...

ဆရာကြီးလယ်တွင်းသားစောချစ်

စိတ်ခွန်အားစာပေများ📖📚

12 Sep, 16:42


လူရာဝင်ချင်တယ်ဆိုရင်

ဆရာအောင်သင်း

စိတ်ခွန်အားစာပေများ📖📚

12 Sep, 16:39


ကိုယ့်အလုပ်ကိုလုပ်နေရင်း ကုသိုလ်ရတဲ့လူ(၃)မျိုး

ဆရာအောင်သင်း

စိတ်ခွန်အားစာပေများ📖📚

12 Sep, 16:37


အပေါင်းသင်း

ဆရာအောင်သင်း

စိတ်ခွန်အားစာပေများ📖📚

12 Sep, 03:30


နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေကိုတော့ မသိချင်ယောင်ဆောင်တတ်ရတယ် ဒါမှစိတ်ချမ်းသာရမှာပါ။

သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး နေအလင်းရောင်တစ်ခုတည်းနဲ့ကမ္ဘာကြီးလင်းနေရင် ညဆိုတာဖြစ်လာမှာမဟုတ်ဘူး‌ေလ။

ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင် ကိုယ်ပဲပင်ပန်းရလိမ့်မယ်။လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချတတ်အောင်သင်ယူပါ။ဆွဲထားသမျှပူလောင်နေရင် အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ။

ဒါကြောင့် မှန်နေရင်တောင် မငြင်းနဲ့တိတ်ဆိတ်နေခြင်းကပညာပါ။မြင်နေရင်တောင် မပြောပဲနေရမယ့်အနေထားဆိုရင် မသိ‌ချင်ယောင်ဆောင်ထားလိုက်ပါ တချို့တွေက စေတနာရဲ့တန်ဖိုးကို နားလည်မှာမဟုတ်ဘူး။

ဘဝမှာ အများကြီးပေးလို့အများကြီးပြန်ရတာဆိုလို့ မေတ္တာပဲရှိတယ် ဒါပေမဲ့ မေတ္တာနဲ့မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ ပြန်ရတာကနောင်တဆိုရင် အဲ့ဒီနောင်တအပေါ် ဒေါသဖြစ်ခြင်းကြောင့် ပေးသမျှမေတ္တာတွေက ဒဏ်ရာအဖြစ်ပြန်ရမယ့်အတူတူ မသိချင်ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။

credit

စိတ်ခွန်အားစာပေများ📖📚

25 Aug, 02:16


လိုတာထက်ပိုပြီးမဆက်ဆံပါနဲ့
*********

လူတစ်ယောက်ကို လိုတာထက်ပိုပြီး
ချစ်မိသွားတဲ့အခါ သူတို့ မင်းကို
တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး

လူတစ်ယောက်ကို လိုတာထက်ပိုပြီး
သည်းခံမိတဲ့အခါ သူတို့ မင်းကို
အလျော့ပေးရကောင်းမှန်း မသိကြတော့ဘူး

လူတစ်ယောက်ကို လိုတာထက်ပိုပြီး
မေတ္တာထားမိတဲ့အခါ သူတို့ မင်းကို
ဂရုစိုက်ရကောင်းမှန်း မသိကြတော့ဘူး

လူတစ်ယောက်ကို လိုတာထက်ပိုပြီး
သံယောဇဉ်ဖြစ်မိတဲ့အခါ သူတို့ မင်းကို
အလေးထားရကောင်းမှန်း မသိကြတော့ဘူး

တစ်ခါတစ်လေတော့လဲ
ကိုယ်ကသာကိုယ်စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံပေးနေတာ
တစ်ချို့သောလူတွေက ကိုယ်သမာန်ဆက်ဆံပေးနေတဲ့

အပြုအမူတွေ ခံစားချက်တွေနဲ့တောင် မတန်အောင်
တုန့်ပြန်ကြတယ် အဲဒီအခါ ကိုယ်မှာ ရင်နင့်အောင်
ခံစားရပြီး စိတ်တွေပူလောင်ရတယ်

ဒါကြောင့် ဘယ်သူကိုမှ လိုတာထက်မပိုပါစေနဲ့
ပိုခဲ့ရင်လဲ သူသိအောင်မလုပ်ပါနဲ့

ကိုယ်ကပိုပြလေသူက အနိုင်ယူလေ ဖြစ်နေတတ်ပါတယ်
လူတစ်ချို့ကလိုတာထက်ပိုပြီး ဆက်ဆံပေးတာနဲ့ မတန်ကြဘူးလေ

#crd

စိတ်ခွန်အားစာပေများ📖📚

19 Aug, 18:49


အပြောလွယ်ပြီး
ထိန်းဖို့ခက်တာက "စကား"

အပေးလွယ်ပြီး
တည်ဖို့ခက်တာက "ကတိ"

မုန်းဖို့လွယ်ပြီး
မေ့ဖို့ခက်တာက "နာကျင်မှူ"

ပြတ်သားဖို့လွယ်ပြီး
မေ့ပျောက်သွားဖို့ခက်တာက" အလွမ်း"

အပေးလွယ်ပြီး
ပြန်ရဖို့မလွယ်တာက "မေတ္တာ"

တိုးတက်ဖို့ လွယ်ပြီး
ရေရှည်တည်တံ့ဖို့မလွယ်တာက "အောင်မြင်မှူ"

ထားဖို့လွယ်ပြီး
အသိအမှတ်ပြုခံရဖို့ မသေချာတာက "စေတနာ"

အတူတူရှိနေပေမယ့်
နှလုံးသားရင်ခုန်သံ ထပ်တူကျဖို့ခက်စေတာက" နားလည်မှူ"

လိုချင်ကြပြီး
ပြန်ပေးဖို့မေ့နေကြတာက "ကိုယ်ချင်းစာတရား"

"ဖြစ်တတ်သော သဘာဝများနှင့် လက်ရှိဖြစ်ပေါ်နေပြီး
တကယ်ခက်ခဲနေသော အမှန်တရားများ"

#credit

စိတ်ခွန်အားစာပေများ📖📚

17 Aug, 19:25


အလိမ်ခံရလည်း ပြုံးနေတယ်
အစော်ကားခံရလည်း ပြုံးနေတယ်
ယုတ်မာတာ ခံရလည်း ပြုံးနေတယ်
အရမ်းကြီး သဘောထားကြီးလို့တော့
မဟုတ်ပါဘူး

ဝဋ် ဆိုတာက တုံပြန်တဲ့အခါ
ပိုပြီးတိကျတယ် ပြတ်သားတယ်
မျက်နှာမလိုက်ဘူး တောင်းပန်လို့မရဘူး
ငွေပေးလို့လည်းမရဘူး ကိုယ်လုပ်သမျှ
မကောင်းမှုတွေကို တစ်ချိန်ချိန်မှာ
ထပ်တူပြန်ရတာကို
ဝဋ်လည်တယ်လို့ ခေါ်ပါတယ် ...

ငါတော့ မကောင်းတာ အကုန်လုပ်တယ်
ငါ အမြဲ နိုင်နေတယ် ဆိုပြီး
မာန်တက်မနေပါနဲ့ ...

သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ် ကိုယ်ခံ ဆိုသလို
သူကြိုက်တာ သူလုပ်
သူဖြစ် သူခံပါလိမ့်မယ်...။

စိတ်ခွန်အားစာပေများ📖📚

07 Aug, 05:07


❝ ကတိ ❞
လွယ်လွယ်နဲ့ မပေးနဲ့။
ပေးပြီးသား ကတိ တစ်သက်လုံး
မတည်နိုင်ရင် လုံးဝ မပေးနဲ့။
ပေးမိသော ကတိ
အသ၊က်တမျှ တန်ဖိုးထားတတ်ပါစေ။

❝ ယုံကြည်မှု ❞
ပျက်ပြားအောင် မလုပ်မိစေနဲ့။
မိမိအပေါ် ယုံကြည်မှု ပေးသူကို
အလွဲသုံးစား မလုပ်မိစေနဲ့။
တစ်ဖက်လူက မိမိအပေါ်
သံသယစိတ် ဖြစ်ပေါ်ခဲ့ရင်တောင်
ယုံကြည်မှု မပျ၊က်ပြားဖို့ အမှန်တိုင်း ဖြေရှင်းပါ။

စိတ်ခွန်အားစာပေများ📖📚

03 Aug, 13:24


#စိတ်ညစ်မခံပါနဲ့

ဦးနှောက်နဲ့ ဆန့်သလောက်ပဲ
တွေးပါ

ကိုယ့် စိတ် ကျယ်ဝန်းသလောက်ပဲ
ခံစားပါ

ကိုယ် သိသလောက်ပဲ
ပြောပါ

#စိတ်ညစ်မခံပါနဲ့
မြင်နိုင်ခွင့် ရှိသလောက်ပဲ
ငေးမောပါ

ဆုံဆည်းခွင့်ရှိသလောက်ပဲ
ကျေနပ်ပါ

ရပိုင်ခွင့် ရှိသလောက်ပဲ
ယူလိုက်ပါ

#စိတ်ညစ်မခံပါနဲ့

ကိုယ်သိသင့် သလောက်ပဲ
နားထောင်ပါ

သူနားထောင်ချင် သလောက်ပဲ
ကိုယ်ပြောပါ

ကိုယ် လုပ်နိုင်သလောက်ပဲ
ဂတိပေးပါ

#စိတ်ညစ်မခံပါနဲ့

လူတိုင်းအမှားနဲ့ မကင်းတာကို
သတိရပါ

လူတိုင်းမှာ အခက်အခဲ ရှိတာကို
လက်ခံပါ

လူတိုင်းက ကိုယ် မဟုတ်ဘူးဆိုတာ
နားလည်ပါ

#စိတ်ညစ်မခံပါနဲ့

ကိုယ် သွားနိုင်သလောက်ပဲ
ခရီးဆန့်ပါ

ကိုယ် မနစ်နာ တဲ့အထိပဲ
သုံးစွဲပါ

နောင်တ ရစရာတွေနဲ့ မဆုံခင်
လှည့်ပြန်ပါ

စိတ်ညစ်နေလည်း
ပျော်စရာတွေက
ကိုယ့် စိတ်ထဲ အလိုလို
ရောက်လာမှာ
မဟုတ်လို့ စိတ်ညစ်မနေပါနဲ့

အတိတ်က
ကြည်နူးစရာလေးတွေကို
တစ်ခုစီ ပြန်ရှာကြည့်ပါ

နာကျင်စရာ
ဘဝ စာမျက်နှာတွေကို
ကျော်ဖတ်ပါ

စိတ်ညစ်စရာဆိုတာ
နေ့တိုင်း မရှိနိုင်ဘူးလို့
ပေါ့ပေါ့ပါးပါး ဖြည့် တွေး
ကြည့်လိုက်ပါ

ကိုယ့် စိတ်ပျော်အောင် လုပ်နိုင်တာ
ကိုယ် ကိုယ်တိုင်ပဲ ဆိုတာ
မြင်ရပါလိမ့်မယ်…။

#Credit

4,718

subscribers

32

photos

9

videos