HMB. Money, Business & Self-Development Channel @hmbmoneyandbusiness Channel on Telegram

HMB. Money, Business & Self-Development Channel

@hmbmoneyandbusiness

HMB. Money, Business & Self-Development Channel (English)

Welcome to HMB. Money, Business & Self-Development Channel! If you are looking for valuable insights, tips, and advice on how to manage your finances, grow your business, and develop yourself personally, then you have come to the right place. Our channel is dedicated to providing you with the latest information and trends in the world of money, business, and self-development. nnWho is it for? Whether you are an aspiring entrepreneur, a seasoned business owner, or simply someone who wants to improve their financial literacy and personal growth, this channel is for you. We cater to individuals who are ready to take their money, business, and personal development to the next level. nnWhat is it? HMB. Money, Business & Self-Development Channel is a one-stop destination for all things related to wealth management, entrepreneurship, and self-improvement. From expert interviews and success stories to practical tips and strategies, we cover a wide range of topics to help you achieve your goals and reach your full potential. nnJoin us on this journey of learning, growth, and success. Follow our channel @hmbmoneyandbusiness today and start transforming your life for the better. Let's empower ourselves together in the realms of money, business, and self-development.

HMB. Money, Business & Self-Development Channel

20 Nov, 09:25

ပိုက်ဆံရှိလာလို့ ပစ္စည်းတွေပဲဝယ်နေတယ်ဆိုရင် ထိုပစ္စည်းတွေကြောင့်ရလာတဲ့ပျော်ရွှင်မှုက မကြာခင်ပျောက်ဆုံးသွားမယ်ဆိုတာသိထားပါ။

ကားအသစ်၊ အဝတ်အစားအသစ်၊ အိမ်အသစ် ဘယ်လိုပဲဖြစ်နေပါစေ ကြာလာရင် ဘာမှမခံစားရတော့တဲ့အဆင့်အထိ ရောက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် စက်ဘီးပေါ်မှာပဲငိုငို ကားပေါ်မှာပဲငိုငို ငိုရတဲ့ခံစားချက်ခြင်းက အတူတူပါပဲ။

သို့သော် ကိုယ်က ပိုက်ဆံတွေကို ပစ္စည်းတွေပေါ်မှာထက် အတွေ့အကြုံတွေအပေါ်မှာ အသုံးပြုမယ်ဆိုရင် ထိုအတွေ့အကြုံကြောင့်ရလာတဲ့ခံစားချက်တွေက ကိုယ့်စိတ်ထဲမှာ အချိန်ကြာမြင့်စွာတည်ရှိနေနိုင်ပါတယ်။

ခရီးတွေသွားမယ်၊ သင်တန်းတွေတက်မယ်၊ ကျောင်းတွေတက်မယ်၊ အပေါင်းအသင်းတွေနဲ့ မုန့်အတူတူစားမယ်၊ အလှူအတန်းတွေလုပ်မယ်စသဖြင့်အရာတွေကို ပြုလုပ်မယ်ဆိုရင် ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ ခံစားချက်တွေကို ရရှိလာပါလိမ့်မယ်။
(အချို့ကမ္ဘာပတ်ခရီးထွက်နေတဲ့သူတွေက သူဌေးတွေမဟုတ်ပါဘူး။ အချို့အပေါင်းအသင်းတွေနဲ့ ပျော်နေတဲ့သူတွေက လူချမ်းသာတွေမဟုတ်ပါဘူး။ အလှူအတန်းလုပ်နေတဲ့လူတွေကလဲ ပိုက်ဆံတွေကိုသိမ်းစရာနေရာမရှိလို့မဟုတ်ပါဘူး။)

ဒါ့ကြောင့် ကိုယ့်ပိုက်ဆံတွေကို အဓိပ္ပါယ်မရှိတဲ့အရာတွေအပေါ်မှာ မဖြုန်းတီးပစ်ပဲ။ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံနိုင်အောင်ကြိုးစားကြည့်ပါ။

ကိုယ်က ငွေကြေးပညာကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်စားတယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ (ရှေ့နှစ်မှာ +4% ဖြစ်ပါမယ်။)

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

19 Nov, 04:37

ဆင်းဆင်းရဲရဲ နေလာရတဲ့သူတွေက ချမ်းသာလာဖို့ ရာခိုင်နှုန်းအင်မတန်နည်းပါတယ်။

အချက်အလက်တစ်ခု ပြောပြပေးပါမယ်။ ဆင်းရဲတဲ့မိသားစုမှာ မွေးလာတဲ့ကလေးတွေ ချမ်းသာတဲ့အဆင့်ကိုရောက်နိုင်ခြေက 1% သာရှိပါတယ်။ ဒါ​ကြောင့် လူဆင်းရဲတွေရဲ့ 8% လောက်ကသာ အမှန်တကယ်ချမ်းသာလာကြတာပါ။

သို့သော် ချမ်းသာတဲ့မိသားစုမှာ မွေးလာတဲ့ကလေးတွေရဲ့ 22% လောက်က အသက်ကြီးလာတဲ့အခါမှာလဲ ချမ်းသာနေကြပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ဆင်းဆင်းရဲရဲ နေရတဲ့သူတွေက အသက်ရှင်ဖို့ရန်အတွက်သာကြိုးစားနေခြင်း၊ အလွန်အမင်းစုဆောင်းခြင်း၊ ပုံအောသုံးပစ်ခြင်းတွေလုပ်တတ်လို့ပါ။

အလွန်အမင်းစုဆောင်းတဲ့အခါ ပြန်မရင်းနှီးမိတော့တဲ့အတွက် ဝင်ငွေတိုးမလာတော့ပါဘူး။
ပုံအောသုံးပစ်တဲ့အခါ မွဲသွားတတ်ပါတယ်။
ကိုယ်ကရော ဒီလိုမျိုးဖြစ်နေသလား ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ပါ။

ကိုယ့်ရဲ့ဆင်းရဲမှုက ကိုယ့်ရဲ့အနာဂတ်ကိုထိန်းချုပ်နေတာမျိုးမဖြစ်စေရပါဘူး။ ဒါ့ကြောင့် သတ္တိရှိရှိ၊ ပညာသားပါပါနဲ့ ငွေကြေးတွေကို စီမံခန့်ခွဲပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတတ်ရပါမယ်။

ကိုယ်က ငွေကြေးပညာကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်စားတယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ (ရှေ့နှစ်မှာ +4% ဖြစ်ပါမယ်။)

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

18 Nov, 03:29

ပိုက်ဆံတွေကို ဆုံးရှုံးရတဲ့ခံစားချက်က ပိုက်ဆံတွေရလာလို့ပျော်ရတဲ့ခံစားချက်ထက် များစွာဆိုးရွားပါတယ်။

ဒါ့ကြောင့်လူတွေက ဒီတကယ်မရှိတဲ့ ခံစားချက်ကိုကြောက်ပြီး ကိုယ့်ရှိတဲ့ပိုက်ဆံတွေကို သာမာန်နေရာတွေမှာသာ အသုံးပြုကြတာများပါတယ်။

သို့သော် ပိုက်ဆံတွေကို safe ဖြစ်အောင်သုံးနေခြင်းက ကိုယ့်ကိုမချမ်းသာစေပါဘူး။ ဒီ့အစား အခွင့်အလမ်းကောင်းတွေကိုပါ လက်လွှတ်သွားစေတတ်ပါတယ်။ ဒါ့ကြောင့် ပိုက်ဆံတွေကို ပညာရှိစွာတွက်ချက်ပြီး စွန့်စွန့်စားစား အသုံးပြုရဲရပါမယ်။

ငွေကြေးနဲချမ်းသာမှုဆိုတာ သတ္တိရှိတဲ့သူတွေစီကိုသာ သွားတာပါ။ ကြောက်တတ်တဲ့သူတွေစီကို မဟုတ်ဘူးဆိုတာ အမြဲမှတ်ထားပါ။

ကိုယ်က ငွေကြေးပညာကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်စားတယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ (ရှေ့နှစ်မှာ +4% ဖြစ်ပါမယ်။)

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

17 Nov, 10:14

🔶 စာအုပ်တွေ ဖတ်ချင်ရင် HBC Channel ကို Join ပါ။ (Ebooks တွေယူရင် ဒီ Channel က Free ရတာပါ။)

🔶 စာလဲဖတ်ချင်ပြီး အသုံးဝင်မယ့် ပညာတွေလဲ လိုချင်တယ်၊ ကိုယ့်ရဲ့တန်ဖိုးလဲပိုတက်လာစေချင်တယ်ဆိုရင်တော့ H8 Channel ကို Join ပါ။ (ဒါကသင်တန်းပါ)

🔶 Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။ (ဒါကတော့ Free Channel ပါ)
👉 https://t.me/CMiningInfinity

🔴 အချို့ Channel တွေက Free channel တွေမဟုတ်ပါဘူး။

Channel တွေကို Join ချင်ရင် အချိန်မရွေး လာပြောလိုက်ပါ။
👉 @UHtetAungHlaing

HMB. Money, Business & Self-Development Channel

17 Nov, 10:13

ပိုက်ဆံက ကိုယ့်ကိုအခြေအနေတစ်ခု၊ အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်အောင်လုပ်​ဆောင်ပေးနိုင်ပါတယ်။

သို့သော် ပိုက်ဆံနဲ့ ကိုယ်ဝယ်ချင်တာတွေဝယ်ပြီးပြီ လိုအပ်တာတွေပြည့်သွားပြီဆိုရင် ထိုရလာတဲ့ပျော်ရွှင်မှုက တဖြည်းဖြည်းလျော့ကျသွားပါတယ်။ နောက်ဆုံးမှာ လုံးဝပျောက်ဆုံးသွားသည်အထိပါပဲ။

သို့သော်လည်း လူတော်တော်များများက ငွေတွေနောက်ပဲလိုက်နေကြတာပါ။ ကိုယ့်စီမှာလိုအပ်တဲ့အရာတွေမရှိရင် ဒီငွေကြေးတွေက ကိုယ့်ကိုအမြဲစိတ်ချမ်းသာနေအောင် မလုပ်ပေးနိုင်ပါဘူး။

ငွေကြေးတွေက ကိုယ်အသက်ရှင်ဖို့အတွက် လိုအပ်တာအမှန်ပါ။ ဒီ့ထက်ကျော်သွားရင် ငွေကြေးတန်ဖိုးက ကျဆင်းလာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ရည်ရွယ်ချက်တွေကို ငွေကြေးတွေထက် ပိုအရေးပေးသင့်ပါတယ်။

ကိုယ်က ငွေကြေးပညာကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်စားတယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ (ရှေ့နှစ်မှာ +4% ဖြစ်ပါမယ်။)

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

16 Nov, 07:44

(3) နှစ်တိတိ နေ့တိုင်းပုံမှန်လုပ်သွားရင် ကိုယ်ဘယ်​တေ့ာမှ အလုပ်ထပ်လုပ်စရာမလိုတော့တဲ့အထိ ချမ်းသာစေမယ့်အရာတွေရှိတယ်ဆိုတာ ကြားဖူးပါသလား။

မကြားဖူးသေးဘူးဆိုရင် list နဲ့ပြောပြပေးလိုက်ပါတယ်။ ဒီအချက်တွေကို သေချာမှတ်ထားပါ။ အခြားဘယ်နေရာကနေမှ ကြားရဖို့မလွယ်ကူပါဘူး။

1. စျေးကွက်အခြေအနေတွေ၊ stock market တွေကိုလေ့လာပြီး နေ့စဥ်ပုံမှန်ရင်းနှီးခြင်း။
2. အခြားသူတွေ ကြော်ငြာလာထည့်လို့ရမယ့် blog တွေကိုတည်ဆောက်ပြီး နေ့စဥ်ဂရုတစိုက် post တင်ခြင်း။
3. ဝင်ငွေမြင့်မားတဲ့ ပညာရပ်တွေကိုနေ့စဥ်လေ့လာခြင်း။ ဥပမာ coding (computer programming), video editing.
4. အခြား social media တွေဖြစ်တဲ့ Tiktok, Youtube channel တွေဖန်တီးပြီး နေ့စဥ် content တွေ တင်ခြင်း။
5. အိမ်ခြံမြေစျေးကွက်ကိုလေ့လာရင်းနှီးခြင်း။
6. ကိုယ်ပိုင် personal brand တည်ဆောက်ခြင်း။
7. အမြဲရောင်းလို့ရနေတဲ့ video, course, app စတာတွေကို နေ့စဥ်ဖန်တီးခြင်း။
8. ကိုယ်နဲ့ဝါသနာတူ ပညာတူတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ခြင်း။
9. ပုံမှန်ဝင်ငွေရစေနိုင်မယ့် application, software တွေကိုဖန်တီးခြင်း။
10. ငွေကြေးပညာကို အထူးတတ်​မြောက်အောင်နေ့စဥ်လေ့လာခြင်း။

စတဲ့အရာတွေအပြင် အခြားလုပ်လို့ရတာတွေ များစွာကျန်ပါသေးတယ်။

ကိုယ်က ငွေကြေးပညာကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်စားတယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ (ရှေ့နှစ်မှာ +4% ဖြစ်ပါမယ်။)

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

15 Nov, 14:55

အလုပ်တစ်ခုလုပ်လိုက်ပြီး မအောင်မြင်လ်ို့ခံစားရတာထက် ထိုအလုပ်ကိုလုံးဝမလုပ်လိုက်မိလို့ နောက်မှ နောင်တရတာက ပိုခံစားရခက်ပါတယ်။

ဘာလို့လဲဆိုတော့ ကိုယ်က အောင်မြင်နိုင်ခြေရှိတဲ့ အလုပ်တစ်ခုကိုလုပ်လိုက်တယ် သို့သော်အဆင်မပြေဖြစ်ပြီး မအောင်မြင်လိုက်ဘူးဆိုရင်တောင် အချိန်ကြာလာရင် ထိုအရာကိုမေ့သွားမှာပါ။ ဒါပေမယ့် ထိုအလုပ်ကိုလုံးဝမလုပ်လိုက်မိလို့ နောင်တစ်ချိန်မှာ နောင်တရမိတယ်ဆိုရင် ထိုနောင်တက ဘယ်တော့မှမပျောက်သွားပါဘူး။

ဒါ့ကြောင့် risk ယူရမှာကြောက်လွန်းနေတာမျိုးမဖြစ်ပါစေနဲ့။ နောက်ပြန်လှည့်ကြည့်ပြီး နောက်တရနေရမယ့်ဘဝမျိုးကို မလိုချင်ပါနဲ့။ ဒါ့ကြောင့် ဘဝမှာ ပညာရှိစွာရွေးချယ်လုပ်ကိုင်ပါ။

ကိုယ်က ငွေကြေးပညာကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်စားတယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ (ရှေ့နှစ်မှာ +4% ဖြစ်ပါမယ်။)

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

14 Nov, 08:37

အခုအချိန် ကိုယ့်မှာပိုက်ဆံတွေများစွာရှိနေတိုင်း ကိုယ့်ကအမြဲချမ်းသာနေမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတာသိချင်ရင် ဝင်ငွေသိပ်ကောင်းလွန်းတဲ့ အားကစားသမားတွေကိုကြည့်ကြည့်ပါ။

NBA Basketball ကစားသမားတွေရဲ့ 60% လောက်က ကစားသမားဘဝကနေ အနားယူလိုက်ပြီးမကြာခင်မှာ ဒေဝါလီခံသွားကြပါတယ်။ ဒါတောင် သူတို့တွေရဲ့ နှစ်စဥ်ဝင်ငွေက $10M ဝန်းကျင်ရှိခဲ့တာပါ။

သူတို့မှမဟုတ်ပါဘူး။ အခြားနယ်ပယ်က အားကစားသမားတွေလဲ ထိုအတိုင်းပါပဲ။ ဒါ့အပြင် အမွေရတဲ့သူတွေ၊ ထီပေါက်တဲ့သူတွေလဲ သူတို့လိုပါပဲ။

ဒီလိုမွဲသွားရတဲ့ အဓိကအကြောင်းအရင်းတွေကတော့

1. ငွေတွေကို အထိန်းအကွပ်မရှိ သုံးဖြုန်းပစ်ခြင်း။
2. ငွေကြေးပညာမတတ်မြောက်ခြင်း။
3. အကြံပေးချက်အမှားတွေကို လက်ခံခြင်း။
4. မှားယွင်းစွာရင်းနှီးမိ​ခြင်း စတဲ့အချက်တွေကြောင့်ပဲဖြစ်ပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ငွေကြေးပညာကိုတတ်မြောက်ထားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိနိုင်ပါတယ်။

ကိုယ်က ငွေကြေးပညာကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်စားတယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ (ရှေ့နှစ်မှာ +4% ဖြစ်ပါမယ်။)

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

12 Nov, 07:46

ငွေကြေးပညာဆိုတာကိုကြားဖူးပါသလား။ ဒီပညာက လူချမ်းသာနဲ့လူဆင်းရဲကို ခွဲခြားပေးနိုင်တဲ့ပညာပါ။ စာသင်ကျောင်းတွေမှာ သင်ပေးလေ့မရှိတဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။

ဒီပညာကိုတတ်မြောက်ချင်ရင် course တစ်ခုအနေနဲ့ ပြန်သင်ပေးတဲ့နေရာတွေမှာ စျေးကြီးပေးပြီး တက်ရောက်သင်ယူရပါတယ်။ Free ရတဲ့နေရာတွေလဲရှိပေမယ့် quality ကွာခြားပါတယ်။

ငွေကြေးပညာမှာ ဘာတွေပါဝင်သလဲဆိုတော့ ငွေဘယ်လိုရှာမလဲ၊ ငွေကိုဘယ်လိုစီမံခန့်ခွဲမလဲ၊ ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ၊ ဘယ်လိုစုဆောင်းရမလဲ စတဲ့ ငွေကြေးတဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အကြောင်းအချက်တွေပါဝင်ပါတယ်။

အခုအချိန် ကိုယ့်မှာ ငွေမရှိရင်၊ ငွေလိုအပ်နေရင်၊ ငွေရှိသော်လည်း ငွေကိုဘယ်လိုပွားရမလဲသိချင်ရင် ငွေကြေးပညာကိုလေ့လာပါ။

ကိုယ်က ငွေကြေးပညာကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်စားတယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ (ရှေ့နှစ်မှာ 4% မြင့်တက်ပါမယ်။)

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

11 Nov, 06:12

ပိုက်ဆံများများရဖို့ ဘာတွေကို ရင်းနှီးလို့ရမလဲဆိုရင်။

ပိုက်ဆံများများရချင်ရင် ဘာတွေလုပ်ရမလဲဆိုတာကို ဒီ video ထဲမှာ အကုန်ပြောပြပေးထားပါတယ်။
မဖြစ်မနေ နားထောင်ပါ။

ဒီလို Knowledge တွေကိုလေ့လာချင်တယ်၊ ဒီလို Lesson တွေကိုစိတ်ဝင်စားတယ်၊ Business အကြောင်းတွေကို သိချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

09 Nov, 07:41

ကိုယ်ရထားတဲ့အချိန်က ပြန်အစားထိုးလို့မရပါဘူး။ ကိုယ့်မှာပိုက်ဆံဘယ်လောက်ရှိရှိ ကုန်သွားတဲ့အချိန်ရဲ့ တစ်စက္ကန့်ကိုတောင်မှ ပြန်ဝယ်လို့မရတော့ပါဘူး။

ဒါ့ကြောင့် ကိုယ့်အချိန်တွေကို ကိုယ့်အတွက် အကျိုးအမြတ်ပြန်ရမလာနိုင်တဲ့နေရာတွေမှာ မရင်းနှီးပစ်ပါနဲ့။

ကိုယ်ဖြုန်းတီးလိုက်တဲ့အချိန်တွေက ဘယ်တော့မှပြန်မရနိုင်တော့ပါပြီ။ တစ်သက်လုံးစာဆုံးရှုံးသွားပါပြီ။ ကိုယ့်အတွက်အရေးကြီးတာကိုဦးစားပေးပါ။ မဟုတ်ရင်တော့ ကိုယ့်ဘဝအဆင်မပြေတာကို နောင်တတွေနဲ့ရပ်ကြည့်နေရပါလိမ့်မယ်။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

08 Nov, 04:05

ကိုယ်ဘာလုပ်လုပ် အပြစ်ပြောမယ့်သူတွေကတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပြောမှာပါပဲ။

လူတွေက ကိုယ်နဲ့ပတ်သက်ရင် ထင်မြင်ချက်တစ်ခုခုတော့ ရှိနေကြပါတယ်။ ကိုယ်ကောင်းတာလုပ်ရင်လဲ ဆိုးတယ်လို့ ထင်နေနိုင်သလို ဆိုးတာလုပ်နေရင်လဲ ကောင်းတယ်ဆိုပြီး ကိုယ့်ကိုအားပေးနေနိင်ပါတယ်။ ဘာမှမလုပ်ရင်လဲ ငပျင်းဆိုပြီး ဝေဖန်နိုင်ပါသေးတယ်။

ဒါ့ကြောင့်လူတွေဝေဖန်တာမခံရအောင် လူတွေကျေနပ်အောင် ကြိုးစားလုပ်ဆောင်နေခြင်းက ကိုယ့်ရဲ့အချိန်တွေအင်အားတွေကို ဖြုန်းတီးပစ်နေတာပါ။ ဒါ့ကြောင့် ကိုယ့်လမ်းကိုသာ အာရုံစိုက်လျှောက်ပါ။ အခြားသူတွေရဲ့အားပေးထောက်ခံမှုကို ဂရုမထားပါနဲ့။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။

စာတွေဖတ်ချင်ရင်​တော့ HBC Channel ကို join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

06 Nov, 10:54

ကိုယ့်ကိုယ်ကို အင်မတန်ထူးခြားတဲ့သူလို့ ထင်နေပါသလား။ ထိုကဲ့သို့ထင်နေတယ်ဆိုရင်တောင် အလုပ်ကြိုးစားလုပ်မှ အောင်မြင်နိုင်မယ်ဆိုတဲ့ အချက်ကနေလွတ်မြောက်ခွင့်မရပါဘူး။

လူတိုင်းအခက်အခဲတွေ၊ ဒုက္ခတွေနဲ့ ကြုံတွေ့ရပါတယ်။ ဒီအချက်ကိုကြည့်ရင် ကိုယ်ကထူးခြားတဲ့သူမဟုတ်ဘူးဆိုတာ သိမြင်နိုင်ပါပြီ။

ဒါ့ကြောင့်ဓားသွေးရမယ့်အဆင့်ကို ကျေကျေနပ်နပ်လက်ခံပါ။ လက်ရှိအခြေအနေကို မြင်အောင်ကြည့်ပါ။ ကိုယ့်နေရာကိုယ်ရအောင်ယူပါ။ ကိုယ်ဒုက္ခရောက်တဲ့အချိန်မှာ ကိုယ့်ကိုဘယ်သူမှ လာကယ်မှာမဟုတ်ဘူးဆိုတာကိုလဲ သိထားပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။

စာတွေဖတ်ချင်ရင်​တော့ HBC Channel ကို join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

05 Nov, 11:48

🔶 စာအုပ်တွေ ဖတ်ချင်ရင် HBC Channel ကို Join ပါ။ (Ebooks တွေယူရင် ဒီ Channel က Free ရတာပါ။)

🔶 စာလဲဖတ်ချင်ပြီး အသုံးဝင်မယ့် ပညာတွေလဲ လိုချင်တယ်၊ ကိုယ့်ရဲ့တန်ဖိုးလဲပိုတက်လာစေချင်တယ်ဆိုရင်တော့ H8 Channel ကို Join ပါ။ (ဒါကသင်တန်းပါ)

🔶 Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။ (ဒါကတော့ Free Channel ပါ)
👉 https://t.me/CMiningInfinity

🔴 အချို့ Channel တွေက Free channel တွေမဟုတ်ပါဘူး။

Channel တွေကို Join ချင်ရင် အချိန်မရွေး လာပြောလိုက်ပါ။
👉 @UHtetAungHlaing

HMB. Money, Business & Self-Development Channel

05 Nov, 11:48

ကိုယ့်ဘဝထဲကို လူတော်တော်များများက အလွယ်တကူပဲဝင်လာပြီး အလွယ်တကူပဲပြန်ထွက်သွားတတ်ကြပါတယ်။ ဒါ​ကြောင့် သူတို့အပေါ်မှာ ကိုယ့်ရဲ့စိတ်တွေပုံအပ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။
ဒါ့အပြင် အခြားသူတွေအပေါ်မှာ အပြည့်အဝမှီခိုနေရတာမျိုးလဲ မဖြစ်ပါစေနဲ့။ ကိုယ့်ကိုယ်ကိုသာ မှီခိုနိုင်အောင်ကြိုးစားရမှာပါ။

ဒီနေရာမှာလဲ ကိုယ့်ကိုယ်ကိုမှီခိုတယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်ကြီးကို မှီခိုအားကိုးခိုင်းတာမဟုတ်ပါဘူး။ အဲ့လိုထင်နေရင် အမှားကြီးမှားပါလိမ့်မယ်။ ကောင်းတာတစ်ခုခု လုပ်ဖို့စဥ်းစားထားရင်တောင် ကိုယ့်ခန္ဓာကိုယ်က ဒုက္ခပြန်ပေးလို့ မလုပ်လိုက်ရတဲ့ အကြိမ်ရေပေါင်းများစွာရှိခဲ့ဖူးတယ်ဆိုတာကို ပြန်တွေးကြည့်မယ်ဆိုရင် သေချာပေါက် မြင်နိုင်ပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို အားကိုးဆိုတာ ကိုယ့်ရဲ့အသိဉာဏ်၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကိုသာ အားကိုးရမှာလို့ဆိုလိုတာပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို Join ပါ။

စာတွေဖတ်ချင်ရင်​တော့ HBC ကို join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

02 Nov, 04:15

ကိုယ့်အပြုအမူတိုင်းရဲ့နောက်မှာ ရလဒ်တစ်ခုမဟုတ်တစ်ခု လိုက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ရူးသလို၊ ပေါသလို၊ မသိသလို မလုပ်ပါနဲ့။

ကိုယ်လုပ်လိုက်တဲ့အပြုအမူက ချင့်ချိန်လုပ်ထားတာဖြစ်စေ၊ မစဥ်းစားပဲလုပ်လိုက်တာဖြစ်စေ သူ့နောက်ကပါလာမယ့် ရလဒ်တွေကနေတော့ ထွက်ပြေးလို့မရပါဘူး။ အချိန်ဆွဲထားလို့သာ ရကောင်းရနိုင်ပါတယ်။ လွတ်အောင်တော့ ပြေးလို့မရပါဘူး။

ဒါ့အပြင် ကိုယ့်ဘဝပိုကောင်းလာမလား၊ ပိုဆိုးရွားလာမလား ဆိုတာကိုလဲ ကိုယ့်အပြုအမူတွေက ပုံဖော်ပေးမှာဖြစ်ပါတယ်။

စဥ်းစားဆင်ခြင်မှုမပါတဲ့အပြုအမူ​တွေက ဖရိုဖရဲဖြစ်မှုစီကိုသာ ဦးတည်နေသော်လည်း ကောင်းမွန်တဲ့အပြုအမူတွေကတော့ အားသာချက်တစ်ခုအဖြစ်စီကို သွားနေတာပါ။ဒါ့ကြောင့် မလုပ်ခင်စဥ်းစားပါ။ မဟုတ်ရင်​တော့ ဆိုးကျိုးတွေကို ခံစားဖို့ပြင်ထားပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။

စာတွေဖတ်ချင်ရင်​တော့ HBC Channel ကို join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

01 Nov, 08:17

သစ္စာရှိမှုဆိုတာ ရှားပါးတဲ့အရာတစ်ခုပါ။

ကိုယ်ကအခြားသူအပေါ် သစ္စာရှိရှိ နေထိုင်ပေးနေရင်တောင် သူ့စီကနေ သစ္စာရှိမှု အပြန်အလှန် ရလာလိမ့်မယ်လို့ ဘယ်သူမှအာမခံ မပေးပါဘူး။ ဒါ့ကြောင့် သစ္စာရှိမှုကို တန်ဖိုးမထားတဲ့သူတွေစီက သစ္စာရှိမှုပြန်ရလာဖို့ တောင်းတနေတဲ့ ငပေါတွေထဲမှာ ကိုယ်တစ်ယောက်အပါအဝင် ဖြစ်မနေပါစေနဲ့။

ကိုယ့်ရဲ့သစ္စာရှိမှုကို တန်ဖိုးမထားတတ်တဲ့သူတွေထံမှ ကာကွယ်ရမှာကလဲ ကိုယ့်တာဝန်ပါပဲ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။
H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

31 Oct, 10:37

ကိုယ့်စီကို ရောက်မလာချင်တဲ့အရာတွေအတွက် အချိန်ကုန်ခံမနေပါနဲ့။

ကိုယ်နဲ့မသက်ဆိုင် ကိုယ့်ကိုအလိုမရှိတဲ့ အလုပ်တစ်ခုနောက်ကို မရမချင်းလိုက်နေမယ်၊ လူတစ်ယောက်ကို မရမကလိုက်နေမယ်၊ အခွင့်အရေးတစ်ခုနောက်ကို မနားတမ်းလိုက်နေမယ်ဆိုရင် အချိန်ကုန်လူပင်ပန်းရုံမျှသာမက ထိုကဲ့သို့လုပ်ခြင်းက ကိုယ့်ကိုယ်ကိုတန်ဖိုးမရှိဘူးလို့ မြင်လာအောင်လုပ်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့်ကိုယ့်ကိုအလိုမရှိတဲ့ အရာတွေအကုန်လုံးကို မညှာမတာစွန့်ပစ်ပါ။ ကိုယ်ရနိုင်တာတွေကို အပိုင်ရယူပါ။ ကိုယ့်ကိုလိုချင်တဲ့အရာတွေနောက်ကိုလိုက်ပါ။ ကိုယ့်ကိုမလိုချင်တဲ့အရာတွေနောက်လိုက်ရင်း ကိုယ့်ရဲ့အချိန်တွေကို မဖြုန်းတီးပစ်ချင်ပါနဲ့။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။
စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

29 Oct, 07:56

🔶 စာအုပ်တွေ ဖတ်ချင်ရင် HBC Channel ကို Join ပါ။ (Ebooks တွေယူရင် ဒီ Channel က Free ရတာပါ။)

🔶 စာလဲဖတ်ချင်ပြီး အသုံးဝင်မယ့် ပညာတွေလဲ လိုချင်တယ်၊ ကိုယ့်ရဲ့တန်ဖိုးလဲပိုတက်လာစေချင်တယ်ဆိုရင်တော့ H8 Channel ကို Join ပါ။ (ဒါကသင်တန်းပါ)

🔶 Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။ (ဒါကတော့ Free Channel ပါ)
👉 https://t.me/CMiningInfinity

🔴 အချို့ Channel တွေက Free channel တွေမဟုတ်ပါဘူး။

Channel တွေကို Join ချင်ရင် အချိန်မရွေး လာပြောလိုက်ပါ။
👉 @UHtetAungHlaing

HMB. Money, Business & Self-Development Channel

29 Oct, 07:56

အကြောင်းပြချက်ဆိုတာက အရေးမကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ်ဘာ့ကြောင့် အဆင်ပြေအောင် မလုပ်နိုင်သလဲဆိုတာကို ဘယ်သူမှစိတ်မဝင်စားပါဘူး။

အကြောင်းပြချက်တွေကို လူတိုင်းပေးနိုင်ပါတယ်။ သို့သော် ရလဒ်ကောင်းတွေကိုသာ လူတိုင်းမထုတ်နိုင်တာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ချို့ယွင်းချက်တွေကို ရှင်းပြနေရင်း ကိုယ့်အချိန်တွေကိုဖြုန်းတီးမပစ်ပါနဲ့။ ဘယ်သူမှစိတ်မဝင်စားပါဘူး။

ကိုယ့်အကြောင်းပြချက်တွေက ကိုယ့်ကို အခြားသူတွေအထင်ကြီးလာအောင် မစွမ်းဆောင်ပေးနိုင်သလို ရထားတဲ့ရလဒ်တွေကိုလဲ မပြောင်းလဲပေးနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့တိုးတက်မှုအပေါ်မှာသာ အာရုံစိုက်ပြီး ရလဒ်ကောင်းတွေထုတ်ပေးနိုင်ဖို့သာလုပ်ပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။
စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

28 Oct, 05:32

သူတို့ကိုယ်သူတို့ ပျက်စီးအောင်ဖန်တီးနေတဲ့သူတွေကို ကယ်တင်ပေးလို့မရပါဘူး။

ထိုလူတွေကို ကယ်တင်ပေးမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုလူစွမ်းကောင်းလုပ်ကာ ပြောင်းလဲပေးဖို့ မစဥ်းစားပါနဲ့။ အချိန်ကုန်လူပင်ပန်းရုံသာမက ကိုယ့်အခြေအနေတောင် ပိုဆိုးလာမှာပါ။

ဒါ့အပြင် သူတို့ကို ကူညီကယ်ဆယ်ပေးဖို့က ကိုယ့်အလုပ်မဟုတ်ပါဘူး။ ကိုယ့်အလုပ်က ကိုယ့်ဘဝတိုးတက်ဖို့၊ ကိုယ့်ဘဝတည်ငြိမ်ဖို့လုပ်ရမှာသာဖြစ်ပါတယ်။ မပြောင်းလဲချင်တဲ့သူတွေကို ပြောင်းလဲပေးဖို့ ကိုယ့်ကိုယ်ကို ပြန်မရင်းနှီးပစ်ပါနဲ့။ အမှားကြီးမှားပါလိမ့်မယ်။

ကိုယ့်အင်အားတွေ၊ ကိုယ့်ရဲ့အချိန်တွေကို ကိုယ့်ဘာသာ ကာကွယ်စောင့်ရှောက်ပါ။ ပစ်မထားရပါဘူး။ ကောင်းတဲ့ဘက်ကို မပြောင်းလဲချင်ပဲ နေမြဲအတိုင်းနေချင်တဲ့ သူတွေကို​တော့ သူတို့ရွေးချယ်မှုနဲ့ သူတို့ဖြစ်ချင်တာဖြစ်ဆိုပြီး ပစ်ထားလိုက်ပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။
စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

27 Oct, 05:01

ကိုယ်ကြုံတွေ့ရတဲ့ပြဿနာတိုင်း၊ ကိုယ်ရင်ဆိုင်ရတဲ့ ဘဝတိုက်ပွဲတိုင်းကို ဝင်ရောက်တိုက်ခိုက်နေစရာမလိုအပ်ပါဘူး။ အချို့ကိစ္စတွေက ကိုယ့်ရဲ့ အင်အားတွေ၊ အချိန်တွေကိုသာ ပေးဆပ်လိုက်ရတာပါ။ ဘာမှပြန်မရပါဘူး။

ဒါ့ကြောင့် ကိုယ်တကယ်တိုက်ရမယ့် တိုက်ပွဲကို သေသေချာချာရွေးချယ်ရပါလိမ့်မယ်။ ကိုယ်အနိုင်ယူရမယ့်တိုက်ပွဲကလဲ ကိုယ့်ဘဝအတွက် တကယ့်ကိုအရေးပါတဲ့ တိုက်ပွဲဖြစ်ရပါမယ်။

အရေးမပါတဲ့ ကိစ္စတွေမှာ အာရုံစိုက်နေခြင်းက အရေးကြီးတဲ့ကိစ္စတွေကို မေ့သွားစေပါတယ်။ ဒါ့ကြောင့် အရေးမပါတဲ့အရာတွေမှာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရာတွေကို မဖြုန်းတီးပစ်ချင်ပါနဲ့။

ကိုယ့်ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အရာတွေအပေါ်မှာသာ ကိုယ့်အင်အားတွေကို မညှာမတာအသုံးပြုပစ်ပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။
စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

H8 သင်တန်းရဲ့ Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

26 Oct, 16:14

Secrets to Make Your Man Loyal
=================
ကိုယ့်ယောက်ျားနဲ့ ခိုင်မာတဲ့ သံယောဇဥ်တွေ တည်ဆောက်ချင်တယ်၊
ကိုယ့်ယောက်ျား ကိုယ့်အပေါ် သစ္စာရှိနေတာကိုလိုချင်တယ်၊
သူတို့ရဲ့ အချိန်တွေကို ကိုယ့်အတွက်ပဲ အသုံးပြုစေချင်တယ်
လေးစားတန်ဖိုးထားတာခံချင်တယ်ဆိုရင်......

"Secrets to Make Your Man Loyal" ကိုလိုအပ်ပါလိမ့်မယ်။

(13000)

HMB. Money, Business & Self-Development Channel

26 Oct, 07:34

လူတွေက မှတ်ဉာဏ်မကောင်းပါဘူး။ ကိုယ်ဘယ်လောက်ပေးပေး အချိန်ကြာလာရင် ကိုယ်ပေးခဲ့တာတွေ မေ့သွားမှာပါ။ ဒါ့ကြောင့် ကိုယ်က အခြားသူတွေကို ကူညီပေးမယ်ဆိုရင် သူတို့စီက တစ်ခုခုပြန်မမျှော်လင့်ထားပါနဲ့။ ပြန်ရမှာမဟုတ်ပါဘူး။

ကူညီပေးသင့်တယ်ထင်ရင် ကူညီပေးလိုက်ပါ။ ကိုယ့်အတွက်အကျိုးရှိမယ်ထင်ရင် လုပ်ဆောင်ပေးလိုက်ပါ။ ပြန်လည်ရရှိလာမယ့်အရာတွေကို စောင့်မျှော်မနေပါနဲ့။

တစ်ခါတစ်လေမှာ ကောင်းတဲ့တုံ့ပြန်မှုတွေထက် မကောင်းတဲ့တုံ့ပြန်မှုတွေကို ရလာတတ်ပါတယ်။ ဒါပေမယ့်စိတ်မပျက်ပါနဲ့။ ထုံးစံပဲလ်ို့သာမှတ်ထားပြီး လုပ်စရာရှိတာကိုဆက်လုပ်ပါ။

🔶 စာအုပ်တွေ ဖတ်ချင်ရင် HBC Channel ကို Join ပါ။ (Ebooks တွေယူရင် ဒီ Channel က Free ရတာပါ။)

🔶 စာလဲဖတ်ချင်ပြီး အသုံးဝင်မယ့် ပညာတွေလဲ လိုချင်တယ်၊ ကိုယ့်ရဲ့တန်ဖိုးလဲပိုတက်လာစေချင်တယ်ဆိုရင်တော့ H8 Channel ကို Join ပါ။ (ဒါကသင်တန်းပါ)

🔶 Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။ (ဒါကတော့ Free Channel ပါ)
👉 https://t.me/CMiningInfinity

🔴 အချို့ Channel တွေက Free channel တွေမဟုတ်ပါဘူး။

Channel တွေကို Join ချင်ရင် အချိန်မရွေး လာပြောလိုက်ပါ။
👉 @UHtetAungHlaing

HMB. Money, Business & Self-Development Channel

25 Oct, 08:51

လူတွေက သူတို့အလုပ်ကြိုစားလုပ်ပြီး ရလာတဲ့အရာတွေကိုသာ တန်ဖိုးထားလေ့ရှိပါတယ်။ ဘာမှကြိုးစားစရာမလိုပဲ အလကားနီးပါးရလာတဲ့ အရာတွေကိုတော့ တန်ဖိုးမထားတတ်ကြပါဘူး။ တန်ဖိုးရှိတဲ့အရာမှန်သမျှကလဲ ကြိုးစားမှုနဲ့စွန့်လွှတ်မှုတွေလုပ်ပြီးမှ ရလာနိုင်တဲ့ အရာတွေကြီးပါပဲ။

ထို့အတူ ကိုယ်ကလဲ အရာတစ်ခုအပေါ်မှာ အချိန်တွေရင်းနှီးမယ်၊ ကြိုးစားမှုတွေရင်းနှီးမယ်၊ ငွေကြေးတွေရင်းနှီးမယ်ဆိုရင် ထိုအရာကိုတန်ဖိုးထားမှာ သေချာသလောက်ပါပဲ။

ဒါ့ကြောင့် ပညာဒါနသင်တန်းတွေတက်ပြီး တကယ်တတ်မြောက်လာတဲ့သူက နည်းပါးလွန်းပြီး ကိုယ်ရှာတဲ့ပိုက်ဆံနဲ့ သင်တန်းတက်၍ ထူးချွန်လာတဲ့သူတွေက ပိုများပါတယ်။ ဘာလို့လဲဆိုတော့ ပညာအပေါ် တန်ဖိုးထားမှုခြင်းကွာခြားလို့ဖြစ်ပါတယ်။

🔶 စာအုပ်တွေ ဖတ်ချင်ရင် HBC Channel ကို Join ပါ။ (Ebooks တွေယူရင် ဒီ Channel က Free ရတာပါ။)

🔶 စာလဲဖတ်ချင်ပြီး အသုံးဝင်မယ့် ပညာတွေလဲ လိုချင်တယ်၊ ကိုယ့်ရဲ့တန်ဖိုးလဲပိုတက်လာစေချင်တယ်ဆိုရင်တော့ H8 Channel ကို Join ပါ။ (ဒါကသင်တန်းပါ)

🔶 Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။ (ဒါကတော့ Free Channel ပါ)
👉 https://t.me/CMiningInfinity

🔴 အချို့ Channel တွေက Free channel တွေမဟုတ်ပါဘူး။

Channel တွေကို Join ချင်ရင် အချိန်မရွေး လာပြောလိုက်ပါ။
👉 @UHtetAungHlaing

HMB. Money, Business & Self-Development Channel

24 Oct, 06:04

🔶 စာအုပ်တွေ ဖတ်ချင်ရင် HBC Channel ကို Join ပါ။ (Ebooks တွေယူရင် ဒီ Channel က Free ရတာပါ။)

🔶 စာလဲဖတ်ချင်ပြီး အသုံးဝင်မယ့် ပညာတွေလဲ လိုချင်တယ်၊ ကိုယ့်ရဲ့ တန်ဖိုးလဲ ပိုတက်လာချင်တယ်ဆိုရင်တော့ H8 Channel ကို Join ပါ။ (ဒါကသင်တန်းပါ)

24 Oct, 06:03

လုပ်သင့်သော်လည်း ကိုယ်မလုပ်ချင်တဲ့အလုပ်တွေကို တကယ်လုပ်ခဲ့သည်ရှိသော် ကိုယ့်ဘဝဘယ်လိုအခြေအနေ ဖြစ်နေမလဲဆိုတာကို ကိုယ်ကိုယ်တိုင် လေးလေးနက်နက်တွေးတောမိဖို့ လိုအပ်ပါတယ်။

ဘာလို့လဲဆိုတော့ ကိုယ့်ကိုတိုးတက်စေမှာက ကိုယ်မလုပ်ချင်တဲ့အရာတွေပဲဖြစ်ပါတယ်။ စိတ်ကိုအားတင်းပြီး လုပ်ရတဲ့အလုပ်တွေဖြစ်ပါတယ်။ စိတ်အလိုလိုက်ပြီး အလွယ်လမ်းကိုလိုက်နေရင် ထူးခြားတဲ့နေရာတစ်ခုခုကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကိုယ့်ရဲ့ အကြောင်းပြချက်တွေ၊ မလုပ်ချင်စိတ်တွေကိုတွန်းထုတ်ပြီး လုပ်ရမယ့်အလုပ်ကိုလုပ်မယ်ဆိုရင် ကိုယ့်ဘဝထူးထူးခြားခြား ပြောင်းလဲလာတာကို မြင်တွေ့ရပါလိမ့်မယ်။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

22 Oct, 06:36

လူတွေက စကားပြောရတာကြိုက်ကြပါတယ်။ ဒါပေမယ့် သူတို့ဘာတွေလုပ်နေသလဲဆိုတာ သူတို့ကိုယ်တိုင်သိတဲ့သူက​တော့ လူနည်းစုသာဖြစ်ပါတယ်။ အများစုက သူတို့ဘာလုပ်နေမှန်းကို သူတို့ကိုယ်တိုင် မသိတာပါ။ ထို့ကြောင့် လူတော်တော်များများပေးတဲ့အကြံဉာဏ်တွေက ဘာမှအသုံးမဝင်ပါဘူး။ လူတွေပြောသမျှလိုက်နားယောင်နေရင် ကိုယ့်ဘဝအခြေအနေပိုဆိုးလာဖို့ပဲရှိပါတယ်။

အဲ့တော့ ဘာလုပ်ရမလဲဆိုရင် ကိုယ့်ကိုယ်ကိုပေးတဲ့ အကြံဉာဏ်ကိုပဲ အဓိကယုံကြည်ရမှာ ဖြစ်ပါတယ်။ သို့သော် ကိုယ့်ကိုယ်ကို အကြံကောင်းတွေပေးနိုင်ဖို့က ပညာဉာဏ်ရှိမှရမှာပါ။ စာဖတ်မယ်၊ လေ့လာမယ်၊ သင်တန်းတွေတတ်မယ်၊ စဥ်းစားတွေးတောအဖြေရှာမယ်၊ မှန်မမှန်လေ့လာမယ်၊ စမ်းသပ်လုပ်ကိုင်ကြည့်မယ် စသဖြင့် နည်းတွေနဲ့ ကိုယ့်ရဲ့အရည်အချင်းကိုမြှင့်တင်ပြီး ကိုယ့်ကိုယ်ကို ကောင်းတဲ့အကြံဉာဏ်တွေ​ ပေးနိုင်အောင် ကြိုးစားရမှာပါ။

ဒါဆိုရင် အခြားသူတွေပေးတဲ့ အကြံဉာဏ်တွေကိုပါ စဥ်းစားဆုံးဖြတ်လာနိုင်ပါလိမ့်မယ်။ ဒီအရည်အချင်းက လူနည်းစုမှာသာ ရှိတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ လူအများစုက သူများပြောတိုင်း ယုံကြတာပါ။ ကိုယ်တိုင်စဥ်းစားမဆုံးဖြတ်နိုင်ကြပါဘူး။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

21 Oct, 15:35

အတွေးလွန်ခြင်းက အကြောသေစေနိုင်တဲ့ ရောဂါတစ်မျိုးလိုပါပဲ ကိုယ် ဘာမှမလုပ်နိုင်တော့တဲ့အထိ ဖြစ်စေတတ်ပါတယ်။

အလုပ်တစ်ခုကို လုပ်မယ်လို့ကြံတိုင်း ဘာများမှားသွားမလဲဆိုတာကိုတွေးပြီးစိတ်ပူနေခြင်းက ထိုအလုပ်ကို မလုပ်မိအောင် တားဆီးနေတာပါ။ တွေးတာကကောင်းပါတယ်။ သို့သော် တွေးနေခြင်းတစ်ခုထဲကိုပဲ အလုပ်လုပ်နေတယ်လို့ ပြောလို့မရပါဘူး။ ဘာမှမလုပ်ပဲထိုင်ပြီး စိတ်ပူနေရင်းနဲ့ ဘာပြဿနာကိုမှမဖြေရှင်းနိုင်ပါဘူး။ ထပြီးအလုပ်လုပ်မှရမှာပါ။

ဒါ့ကြောင့် တကယ်မရှိတဲ့အရာတွေက ကိုယ့်ကိုရှေ့မရောက်အောင် ဆွဲနေတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ်က အတွေးလွန်လေ ပိုပြီးအလုပ်မလုပ်ဖြစ်လေ ဆိုတဲ့အချက်ကိုသိထားပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

19 Oct, 09:34

အချိန်ကျပြီဆိုတာသာရှိပါတယ်။ အချိန်ကောင်းဆိုတာမရှိပါဘူး။ လူတွေက ဒီအချက်ကို နားမလည်ပဲ အတူတူလိုလ်ို တွေးထင်နေကြတာပါ။

အဲ့တော့ ကိုယ်က အချိန်ကောင်းကိုစောင့်နေတာဆိုရင် အချိန်ဖြုန်းနေတာသာဖြစ်ပါတယ်။ လောကကြီးက အလုပ်လုပ်တဲ့သူတွေကိုသာ ဆုချပေးဖို့စောင့်နေတာပါ။ အလုပ်လုပ်ဖို့ အချိန်ကောင်းစောင့်နေတဲ့သူတွေကိုတော့ မဟုတ်ပါဘူး။

ကိုယ်ကရှေ့ဆက်မသွားလေလေ အောင်မြင်မှုနဲ့ဝေးလေလေပါပဲ။ ခက်ခဲပြီးအဆင်မပြေတဲ့ အချိန်မှာတောင် လုပ်ရမှာတွေကို ရအောင်လုပ်နိုင်တဲ့သူတွေကမှ အောင်မြင်မှုကို ရရှိနိုင်တာ ဖြစ်ပါတယ်။

အဲ့တော့ရှေ့ဆက်တိုးမလား၊ ဒီမှာပဲရပ်နေမလားဆိုတာ ကိုယ်ကိုယ်တိုင်ရွေးချယ်ပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

17 Oct, 04:52

ဘယ်သူကမှ အင်အားနည်းတဲ့သူကို မလေးစားပါဘူး။ ကိုယ့်စီမှာ အင်အားကြီးမားတာ တစ်ခုခုရှိရပါမယ်။ ကိုယ်ကာယအင်အားကြီးမားခြင်း ဒါမှမဟုတ် ဉာဏ်အင်အားကြီးမားခြင်း စသဖြင့် တစ်ခုခုရှိရပါမယ်။ ဘာမှမရှိတဲ့သူကို ဘယ်သူမှမလေးစားပါဘူး။

ကိုယ်က ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်မှရပါမယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်ရပါမယ်။ မဟုတ်ရင် လူတွေ ကိုယ့်ကိုမလေးမစားဆက်ဆံတာ ခံရပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်နေပြီး ဘာအရည်အချင်းမှမရှိရင် လူတွေရဲ့ ရိုသေမှုကို ရလာမည်မဟုတ်ပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

15 Oct, 08:45

🔶 စာအုပ်တွေ ဖတ်ချင်ရင် HBC Channel ကို Join ပါ။ (Ebooks တွေယူရင် ဒီ Channel က Free ရတာပါ။)

🔶 စာလဲဖတ်ချင်ပြီး အသုံးဝင်မယ့် ပညာတွေလဲ လိုချင်တယ်၊ ကိုယ့်ရဲ့ တန်ဖိုးလဲ ပိုတက်လာချင်တယ်ဆိုရင်တော့ H8 Channel ကို Join ပါ။ (ဒါကသင်တန်းပါ)

🔶 Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။ (ဒါကတော့ Free Channel ပါ)
👉 https://t.me/CMiningInfinity

🔴 အချို့ Channel တွေက Free channel တွေမဟုတ်ပါဘူး။

Channel တွေကို Join ချင်ရင် အချိန်မရွေး လာပြောလိုက်ပါ။

👉 @UHtetAungHlaing

HMB. Money, Business & Self-Development Channel

15 Oct, 08:44

ကိုယ်ပေါင်းနေတဲ့သူတွေကို အထူးသတိထားပါ။ ဘာ့ကြောင့်လဲဆိုတော့ ထိုလူတွေက ကိုယ့်အပေါ်ကို သက်ရောက်မှုရှိနေလို့ပဲဖြစ်ပါတယ်။

အကယ်၍ကိုယ်က ကောင်းတဲ့သူနဲ့ ပေါင်းမိတယ်ဆိုရင် ကိုယ့်မှာလဲ ကောင်းတဲ့အတွေး၊ ကောင်းတဲ့အကျင့်တွေပေါက်ဖွားလာနိုင်ပြီး ကောင်းတာတွေ လုပ်မိဖို့များပါတယ်။
အကယ်၍ မကောင်းတဲ့သူနဲ့ပေါင်းမိရင်တော့ မကောင်းတာတွေ လုပ်မိလာနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်က ကောင်းတဲ့သူနဲ့ပေါင်းရင် ကိုယ့်အတွက် အမြတ်ထွက်ဖို့ပဲရှိပါတယ်။ အရှုံးမရှိပါဘူး။
မကောင်းတဲ့သူနဲ့ပေါင်းနေရင်​တော့ အရှုံးပေါ်ဖို့ပဲရှိပါတယ်။ အမြတ်ရဖို့ဆိုတာကတော့ မ​ဖြစ်နိုင်ပါဘူး။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

14 Oct, 15:26

အကယ်၍ကိုယ်က အခုအချိန်မှာ ဘာလုပ်လုပ် အဆင်မပြေဘူး၊ ခက်ခဲနေတယ်၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်၊ ရှေ့မရောက်နိုင်​တော့ဘူးဆိုရင်တောင် စိတ်ပျက်ပြီး ရပ်တန့်မနေပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ လောကကြီးက ရပ်နေတာမဟုတ်ပါဘူး။

ကိုယ်အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ အချိန်တွေက ရှေ့ကိုသာ ဆက်သွားနေကြတာပါ။ ဘယ်အရာမှ ရပ်တန့်မနေပါဘူး။ ကိုယ်က အဆင်မပြေလို့၊ အခက်တွေ့နေလို့ လုပ်ရမယ့်အရာတွေကို မလုပ်ပဲ ရပ်တန့်နေလိုက်မယ်ဆိုရင် ကိုယ်ပဲနောက်ကျကျန်ခဲ့မှာပါ။

နောက်ကျတဲ့သူ မဖြစ်ချင်ပါနဲ့။ ကိုယ့်ဘဝက ကိုယ်မပါရင်တောင် ရှေ့ဆက်သွားနေတာပါ။

ဥပမာ ကိုယ်ပိုင်တဲ့ လှေတစ်စီးကို မြစ်အလယ်မှာချထားလိုက်မယ်ဆိုရင် ထိုလှေပေါ်မှာ ကိုယ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လှေကတော့ သွားနေမှာဖြစ်ပါတယ်။ သို့သော် ထိုလှေကို ထိန်းကြောင်းမယ့်သူ မပါရင် ကိုယ်လိုချင်တဲ့နေရာ ရောက်သွားဖို့ဆိုတာ လုံးဝမ​ဖြစ်နိုင်ပါဘူး။

ဒါ့ကြောင့် ကိုယ်ကလဲ စိတ်ပျက်ပြီး ကိုယ့်ဘဝကို မထိန်းကျောင်းပဲ လွှတ်ထားမယ်ဆိုရင် ဒီ့ထက်ပျက်စီးသွားဖို့သာ ရှိပါတယ်။ ကောင်းလာနိုင်ခြေမရှိပါဘူး။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

12 Oct, 14:04

ကိုယ်လိုချင်တဲ့အရာအားလုံးကို မရန်ိုင်ဘူးဆိုတာ သိတဲ့သူရှိသလို မသိတဲ့သူလဲ ရှိပါတယ်။ ကိုယ်လိုချင်တာတော့ ရနိုင်ပါတယ်။ ကိုယ်လိုချင်တာတွေ အကုန်လုံးကိုတော့ မရနိုင်ပါဘူး။ တစ်ခုလိုချင်ရင် တစ်ခုကိုရင်းနှီးပစ်ရတာထုံးစံပါပဲ။

ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့ သက်သောင့်သက်သာ နေလိုစိတ်၊ ကိုယ့်ရဲ့ငွေကြေးတွေသာမက တစ်ခါတစ်လေမှာ ကိုယ့်အနီးနားကလူတွေကိုတောင် စွန့်ပယ်ရတဲ့ အချိန်တွေတောင် ရှိပါတယ်။

လူတော်တော်များများ သူတို့လိုချင်တာ မရကြတာက ပေးဆပ်ရမယ့် တန်ကြေးကို မပေးချင်ကြလို့ပါ။ သို့သော် အချောင်တော့ လိုချင်ကြပါတယ်။ အလွယ်လမ်းကို လိုက်​ချင်ကြပါတယ်။ အဲ့ဒါက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အဲ့တော့ ကိုယ်လိုချင်တာရှိရင် ကိုယ်ဘာတွေစွန့်လွှတ်ရဲလဲဆိုတာ အရင်စဥ်းစားကြည့်ပါ။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

10 Oct, 07:53

🔶 စာအုပ်တွေ ဖတ်ချင်ရင် HBC Channel ကို Join ပါ။ (Ebooks တွေယူရင် ဒီ Channel က Free ရတာပါ။)

🔶 စာလဲဖတ်ချင်ပြီး အသုံးဝင်မယ့် ပညာတွေလဲ လိုချင်တယ်၊ ကိုယ့်ရဲ့ တန်ဖိုးလဲ ပိုတက်လာချင်တယ်ဆိုရင်တော့ H8 Channel ကို Join ပါ။ (ဒါကသင်တန်းပါ)

🔶 Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။ (ဒါကတော့ Free Channel ပါ)
👉 https://t.me/CMiningInfinity

🔴 အချို့ Channel တွေက Free channel တွေမဟုတ်ပါဘူး။

Channel တွေကို Join ချင်ရင် အချိန်မရွေး လာပြောလိုက်ပါ။

👉 @UHtetAungHlaing

HMB. Money, Business & Self-Development Channel

10 Oct, 07:52

စီးပွားရေးလုပ်ငန်းတွေဘက်ကို ကြည့်မယ်ဆိုရင်လဲ လုပ်ငန်းပိုင်ရှင်တော်တော်များများက shallow work တွေလုပ်ဖို့ ဝန်ထမ်းတွေကိုခန့်ထားပြီး သူတို့ကိုယ်တိုင်ကတော့ deep work တွေကိုသာလုပ်ပါတယ်။

ထိုဝန်ထမ်းတွေကလဲ deep work တွေ မလုပ်ရင် ဘယ်တော့မှ မတိုးတက်လာပါဘူး။ ဒီဝင်ငွေကနေ ဘယ်တော့မှ တက်မလာတော့ပါဘူး။

အချို့ ဝန်ထမ်းတွေက​တော့ deep work တွေ လုပ်ရပါတယ်။ သို့သော် ပညာမရှိတဲ့ ဝန်ထမ်းတွေကတော့ shallow work တွေသာ လုပ်ရပါတယ်။ ဝန်ထမ်းအများစုကတော့ သူတို့ကို မတိုးတက်စေတဲ့ အလုပ်တွေကိုသာ လုပ်ကြရတာများပါတယ်။

ဒါ့ကြောင့် လုပ်ငန်းရှင်တွေက deep work တွေလုပ်ပြီး တဖြည်းဖြည်းတိုးတက်လာကာ ပိုမိုချမ်းသာလာကြပါတယ်။ ဝန်ထမ်းတွေကတော့ shallow work တွေနဲ့သာ အချိန်ကုန်နေတဲ့အတွက် ဝင်ငွေကလဲ သိသိသာသာတိုးမလာကြပါဘူး။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

08 Oct, 09:52

ကိုယ့်ကို တိုးတက်စေမယ့် အလုပ်နဲ့ တိုးတက်မှုနှေးကွေးစေတဲ့အလုပ်တွေဆိုပြီးရှိပါတယ်။ ဒီအထဲမှာ ကိုယ့်ကို အလျင်အမြန်တိုးတက်စေမယ့် အလုပ်တွေကတော့ Deep work တွေဖြစ်ပါတယ်။

Deep work ဆိုတာက အထူးအာရုံစိုက်လုပ်ရမယ့် ကိုယ့်တိုးတက်မှုကို တိုက်ရိုက်အကျိုး​ပြုတဲ့ အလုပ်တွေကိုပြောတာပါ။ ဘယ်လိုမျိုးတွေလဲဆိုရင်

စာဖတ်ခြင်း၊ လေ့လာခြင်း
တရားထိုင်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်း
လုပ်ရမယ့်အလုပ်တွေကို အစီအစဥ်ချခြင်း
အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း

စသဖြင့် အာရုံစိုက်ဖို့လိုအပ်တဲ့အလုပ်တွေကိုပြောတာပါ။ ဥပမာ အိမ်သန့်ရှင်းရေးလုပ်တာက shallow work ပါ။ ပညာရပ် တစ်ခုခုကိုလေ့လာနေတာက deep work ပါ။ အိမ်သန့်ရှင်းရေးလုပ်တာက ကိုယ့်တိုးတက်ရေးကို ထူးထူးခြားခြား အထောက်အကူမပြုပါဘူး။ ပညာရပ်တစ်ခုခုကို လေ့လာနေတာက​တေ့ာ ကိုယ်တိုးတက်ဖို့ တိုက်ရိုက်အကျိုးပြုပါတယ်။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

06 Oct, 12:14

အချို့လူတွေက အလုပ်များနေရုံသာဖြစ်ပြီး အလုပ်လုပ်နေတာမဟုတ်ပါဘူး။

ဒီအချက်က ကိုယ်လုပ်နေတဲ့အလုပ်တွေကို သေချာကြည့်မှမြင်နိုင်တာပါ။

လူတွေထင်တာက "ငါအလုပ်လုပ်နေတယ်။ အလုပ်တွေများနေတယ်" လို့တွေးထင်တတ်ကြပြီး ဒီအလုပ်တွေကနေ ရလဒ်တစ်ခုခုကို မျှော်လင့်ထားတတ်ကြပါတယ်။ ဒါပေမယ့် အလုပ်က (2) မျိုးရှိပါတယ်။ Shallow work နဲ့ deep work လိို့ခေါ်ပါတယ်။

shallow work ဆိုတာ ကိုယ့်ကိုမတိုးတက်စေတဲ့ သာမာန်အလုပ်ကိစ္စမျိုးတွေကိုပြောတာပါ။ ဥပမာ အလုပ်ကိစ္စ စာပြန်တာ။ chat box တွေကို စစ်တာ။ လူတွေကို အလုပ်ခိုင်းတာ။ အစည်းအဝေးတွေတက်တာ။ အပေါင်းအသင်း​တွေနဲ့တွေ့တာ။ စတဲ့ သိပ်အာရုံစိုက်စရာမလိုပဲ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ အလုပ်မျိုးကို ပြောတာပါ။ ဒီအလုပ်တွေက လုပ်တဲ့သူကို တိုးတက်စေပါဘူး။ တိုးတက်စေရင်လဲ ပြောပလောက်တဲ့အထိ မရှိပါဘူး။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

02 Oct, 13:34

လူတွေက ကိုယ်အောင်မြင်သွားရင် အဆင်ပြေနေရင် ကိုယ့်ရှေ့မှာတော့ ပြုံးပြနေနိုင်ပေမယ့် နောက်ကွယ်မှာ ကိုယ့်ကို ကျရှုံးစေချင်နေကြတာများပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ သူတို့က မအောင်မြင်ပဲ ဖြစ်နေတဲ့အတွက် ကိုယ်အောင်မြင်တာကိုကြည့်ပြီး စိတ်မသက်မသာဖြစ်နေလို့ပါ။

အချို့က​တော့ ကိုယ်အောင်မြင်နေတာကို ဝမ်းမသာနိုင်သော်လည်း ကိုယ်ဒုက္ခရောက်ဖို့ မလုပ်သေးပါဘူး။ ဒါပေမယ့် အချို့ကတော့ ကိုယ်ကျရှုံးသွားဖို့၊ ဒုက္ခရောက်သွားဖို့အထိ ကြံဆောင်လုပ်ဆောင်တတ်ကြပါတယ်။

ဒီအချက်တွေကြောင့် ကိုယ့်အနားလူတွေ ကိုယ့်ရှေ့မှာတော့ ကောင်းပြ ပြုံးပြနေတိုင်း ကိုယ့်ကို အောင်မြင်စေချင်မှာပဲလို့ လုံးဝမတွေးထားပါနဲ့။ အယုံမလွယ်ပါနဲ့။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

30 Sep, 05:58

ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းက ပိုက်ဆံပဲလိုချင်တာလား တကယ်ချမ်းသာချင်တာလား ဆိုတဲ့မေးခွန်းပါ။

ဒီနှစ်ခုက တူသလိုလိုနဲ့ မတူပါဘူး။ ဘာကွာခြားသလဲဆိုရင် ပိုက်ဆံလိုချင်ရုံမျှအတွက် အလုပ်လုပ်နေတဲ့သူက အရှုံးရှိနိုင်တဲ့အလုပ်တွေကို ရှောင်ရှားတတ်ပါတယ်။ ရင်းနှီးရမှာတွေကိုရှောင်ရှားတတ်ပါတယ်။ တစ်ခါတစ်လေ မသိလို့ ရှောင်ရှားမိသလို ဖြစ်သွားတာပါ။ သို့သော် သူဌေးမဖြစ်ချင်တာလဲ မဟုတ်ပါဘူး။ ဒါပေမယ့် သူဌေးဖြစ်ကိုဖြစ်ရမယ်ဆိုပြီး အလုပ်လုပ်နေတာတော့မဟုတ်ပါဘူး။ "ငါသေချာပေါက် ချမ်းသာရမယ်" ဆိုတဲ့ ခံယူချက်မျိုးလဲ မရှိပါဘူး။

ဒါဆိုရင် ချမ်းသာချင်တဲ့သူတွေ အဓိကလုပ်လေ့ရှိတဲ့ အရာတွေက ရင်းနှီးမြှုပ်နှံခြင်းပါ။
အလုပ်လုပ်တယ်။ စုဆောင်းတယ်။ နောင်တစ်ချိန်အတွက် ရင်းနှီးပါတယ်။ ဒီရင်းနှီးထားတဲ့ အရာတွေက သူတို့ကို ချမ်းသာလာအောင် လုပ်ပေးမယ်ဆိုတာကို သိထားပါတယ်။ တကယ်လဲဟုတ်ပါတယ်။

ဒီမှာကြည့်မယ်ဆိုရင် ရည်ရွယ်ချက်ရှိပြီး အလုပ်လုပ်နေတာနဲ့ ရည်ရွယ်ချက်မရှိပဲ အလုပ်လုပ်နေတာ ဘယ်လောက်ကွာခြားသလဲ သိနိုင်ပါတယ်။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

27 Sep, 12:31

🔶 စာအုပ်တွေ ဖတ်ချင်ရင် HBC Channel ကို Join ပါ။ (Ebooks တွေယူရင် ဒီ Channel က Free ရတာပါ။)

🔶 စာလဲဖတ်ချင်ပြီး အသုံးဝင်မယ့် ပညာတွေလဲ လိုချင်တယ်၊ ကိုယ့်ရဲ့ တန်ဖိုးလဲ ပိုတက်လာချင်တယ်ဆိုရင်တော့ H8 Channel ကို Join ပါ။ (ဒါကသင်တန်းပါ)

🔶 Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။ (ဒါကတော့ Free Channel ပါ)
👉 https://t.me/CMiningInfinity

🔴 အချို့ Channel တွေက Free channel တွေမဟုတ်ပါဘူး။

Channel တွေကို Join ချင်ရင် အချိန်မရွေး လာပြောလိုက်ပါ။

👉 @UHtetAungHlaing

HMB. Money, Business & Self-Development Channel

27 Sep, 12:29

နာမည်ကြီးခြင်းက အောင်မြင်မှုမဟုတ်ပါဘူး။

ကိုယ့်ကို သဘောကျတယ်၊ လူတွေသိတယ်၊ follower တွေများလာတယ်ဆိုတာက အပေါ်ယံသာဖြစ်ပါတယ်။ အကယ်၍ ကိုယ့်မှာ

အထင်ကြီးစရာကောင်းတဲ့ ကျွမ်းကျင်မှုတွေ
လေးစားစရာကောင်းတဲ့ ရလဒ်တွေ
အတုယူစရာကောင်းတဲ့ အတွေးအခေါ်တွေ
ဆည်းပူးသင်စရာကောင်းတဲ့ ပညာတွေ

စတဲ့အရာတွေမရှိနေရင် နာမည်ကြီးတာက အလကားပါပဲ။ ထိုနာမည်ကြီးတာကို အသုံးချပြီး ပိုက်ဆံရှာနိုင်ဖို့ကလဲ သိပ်ခက်ခဲနေပါလိမ့်မယ်။ ထို့အပြင် နာမည်မကြီးခြင်းက မချမ်းသာခြင်းလို့လဲ မဆိုလိုပါဘူး။ နာမည်မကြီးပဲ ချမ်းသာနေတဲ့သူတွေ များစွာရှိပါတယ်။

ကိုယ်က Knowledge အသစ်တွေကိုလေ့လာချင်တယ်၊ Business အကြောင်းတွေကို စိတ်ဝင်စား သိချင်တယ်၊ ကိုယ့်ဘဝရဲ့အပိုင်းကဏ္ဍ အသီးသီးမှာ တိုးတက်ချင်တယ်ဆိုရင် H8 သင်တန်းကို လာ Join ပါ။ စာတွေဖတ်ချင်ရင်တော့ HBC Channel ကို Join ပါ။

Lesson တွေကို သိချင်ရင် ဒီ Channel ထဲကို ဝင်ဖတ်ကြည့်ပါ။
https://t.me/H8ChannelR 👈

Crypto Mining တွေအကြောင်း သိချင်ရင် ဒီ Channel ကို Join ပါ။
https://t.me/CMiningInfinity 👈

@UHtetAungHlaing

HMB. Money, Business & Self-Development Channel

25 Sep, 09:16

အတိတ်ကအောင်မြင်မှုတွေက အနာဂတ်အောင်မြင်မှုတွေကို အာမခံမပေးနိုင်ပါဘူး။

အတိတ်မှာ ကိုယ့်ကိုသိပ်ချစ်ပြတဲ့သူကလဲ အနာဂတ်မှာ ကိုယ့်ကိုချစ်ချင်မှချစ်တော့မှာပါ။

အတိတ်မှာ ကိုယ်သိပ်ယုံကြည်ရတဲ့သူကလဲ အနာဂတ်မှာ ကိုယ့်ကိုသစ္စာမဖောက်ဘူးလို့ တွက်ဆထားလို့မရပါဘူး။

ဒီလုပ်ငန်းမှာ သိပ်အောင်မြင်တဲ့သူကလဲ အခြားလုပ်ငန်းလုပ်ရင် အောင်မြင်ချင်မှ အောင်မြင်မှာပါ။

တစ်နှစ်လုံး နေကောင်းနေခြင်းက နောက်တစ်ရက်လဲ နေကောင်းနေပါလိမ့်မယ်လို့ အာမခံ မပေးနိုင်ပါဘူး။

အတိတ်ကာလမှာ သိပ်ချမ်းသာနေခြင်းက အနာဂတ်မှာလဲ ချမ်းသာနေမှာပါလို့ တွေးထားလို့မရပါဘူး။

အခုအချိန် သိပ်မွဲလွန်းတဲ့သူကလဲ အနာဂတ်မှာ မချမ်းသာနိုင်​တော့ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

လောကကြီးက မသေချာခြင်းတွေနဲ့ ပြည့်နေတာပါ။ ဒါ့ကြောင့် ဘာလုပ်လုပ် စဥ်းစားဆင်ခြင်ပြီး လုပ်ဆောင်သင့်ပါတယ်။