A-YOUTH WITH MISTAKES @psychologicalch1 Channel on Telegram

A-YOUTH WITH MISTAKES

@psychologicalch1


- Super Human👑
- Peak Student's Life 🏆
- Change Your Brain 🌏
- White Room 💎
- Become a manipulator*stillwriting* 🛠
- Motivation & Self Control ⛳
- Relationship & Emotinal Manipulation 💞
ထို Vip Channel များကို Pinned Message တွင်ဖတ်ပါ။ @Autism_Y

A-YOUTH WITH MISTAKES (English)

Are you looking to unlock your full potential and become the superhuman you were meant to be? Look no further than the 'A-YOUTH WITH MISTAKES' Telegram channel, also known as @psychologicalch1. This channel offers a wealth of resources and information to help you navigate through the peaks and valleys of student life, change your mindset, and enhance your mental capabilities. With sections like 'White Room' and 'Become a manipulator', this channel delves deep into topics like motivation, self-control, relationships, and emotional manipulation. Whether you're looking to boost your motivation, improve your relationships, or gain better control over your emotions, this channel has something for everyone. In addition to these valuable resources, the 'A-YOUTH WITH MISTAKES' channel also offers a VIP section with exclusive content. Check out the pinned message for more information and access to the VIP channels. Don't miss out on the opportunity to transform yourself and become the best version of you. Join the 'A-YOUTH WITH MISTAKES' Telegram channel today and start your journey towards personal growth and self-improvement. Remember, it's okay to make mistakes along the way - what matters is how you learn and grow from them. Embrace your imperfections and embark on a path towards a better, brighter future with @psychologicalch1.

A-YOUTH WITH MISTAKES

13 Jan, 15:22


အသားအရေယားယံခြင်း(allergy)

ဒီမာကျွန်တော်Allergyလို့ဘဲသုံးနှုန်းသွားပါမယ်။

Allergyဘယ်လိုဖြစ်?
-နေ့စဥ်စားသုံးနေတဲ့အစားအသောက်တွေ
-နေ့စဥ်ထိတွေ့နေရတဲ့အရာတွေ
-နေ့စဥ်ရှုရတဲ့လေတွေ
-အပင်နဲ့ တိရစ္ဆာန်တွေကြောင့်စတင်ဖြစ်ပါတယ်

ဥပမာ- ပင်လယ်စားအများကြီးစားပြီး အရေပြားတွေယားယံလာတာမျိုး/ဓာတ်မတည့်တဲ့ အသား/ငါး/ပုဇွန် စသဖြင့်ပေါ့။

- အိပ်ယာခင်းတွေ မလျှော်ဖွတ်ခြင်း  ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ရသောအရာများကို ဆပ်ပြာများအလွန်ကျွံ့သုံးစွဲခြင်း နေရောင်မပေးခြင်း

- နေ့စဥ်ရှုသွင်းနေတဲ့ ဓာတ်ငွေ့တွေလဲပါဝင်ပါမယ်။

- လမ်းတွေ့ရာ အပင်များလျောက်ကိုင်ခြင်းက တဆင့်လဲ ယားယံနိုင်ပါတယ်။ အိမ်တွင်မွေးထားသော ခွေးများကြောင်များကြောင့်လဲ ဖြစ်နိုင်ပါတယ်။

Allergyမဖြစ်​တော့အောင်ဘယ်လိုကာကွယ်သင့်လဲ?

- နေ့စဥ်ရေပုံမှန်ချိုးပေးရပါမယ်။တစ်နေ့ကို နှစ်ကြိမ်ဖြစ်ဖြစ်ချိုးပေးရပါမယ်။ရေချိုးရာတွင်လဲ ရေနွေးနဲ့ချိုးပေးသင့်ပါတယ်။ ရေနွေးရဲ့အပူဓာတ်ကြောင့် ခန္ဓာကိုယ်တွင်ရှိသောbacteriaပိုးမွှားများကို အမြန်ဆုံးသေစေနိုင်ပါတယ်။ ရေချိုးဆပ်ပြာများကိုလဲ chemicalဓာတ်အရမ်းမပါတာသုံးသင့်ပါတယ်။ဥပမာ-ခလေးသုံးဆပ်ပြာbabymineတို့လိုမျိုးပေါ့။

- မိမိအိပ်ယာခင်းများကိုလဲ မကြာခနလျှော်ဖွတ်သင့်ပါတယ် အနဲဆုံးတစ်လတကြိမ်​လောက်ပေါ့။လျှော်ဖွတ်ရာမှာလဲ ဆပ်ပြာလျော့သုံးသင့်ပါတယ်။မျက်နှာသန့်စင်ရန်အတွက် ခေါင်းအုံးစွတ်များ မျက်နှာသုတ်များကိုလဲ တစ်ပတ်တစ်ကြိမ်လောက်လျှော်ဖွတ်ပေးသင့်ပါတယ်။
(လျှော်ဖွတ်ထားသော အဝတ်အစားများအိပ်ယာခင်းများကို နေသေချာလှမ်း၍ မီးပူသေချာတိုက်ပေးရပါမယ်။)

- မိမိခန္ဓာကိုယ်ကိုလဲ နေမကြာခန ထိတွေ့ပေးသင့်ပါတယ်။ မနက် 6to9 ကြားအတွင်းရှိ နေရောင်ကအကောင်းဆုံးဖြစ်ပါတယ်။Vitamin Dဓာတ်များပြည့်ဝစေပါတယ်။

- အိမ်တွင်မွေးထားသော ခွေး/ကြောင် များကို တတ်နိုင်သမျှ မထိတွေ့ဘဲနေပါ။ အိပ်ယာထဲတွင် လုံးဝ ခေါ်မသိပ်သင့်ပါ။ ထိုသတ္တဝါများတွင်ရှိသော် bacteriaများနဲ့သန်းများသည် သင်၏ယားယံခြင်းကို ပိုဆိုးလာစေနိုင်သည်။

- သန့်ရှင်းလတ်ဆတ်သော ရေ/အစားအသောက်များကိုသာစားသောက်ပါ။ခြင်ကိုက်မခံပါနှင့်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ အပေါ်မာ ကျွန်တော်ဖော်ပြခဲ့တဲ့အချက်တွေကို သေချာဆင်ခြင်ပြင်ဆင်နိုင်မယ်ဆိုရင် ခင်ဗျားတို့အားလုံးအတွက် အထောက်အကူပြုနိုင်ပါလိမ့်မယ်။

ကျွန်တော်က ဆရာဝန်တစ်ယောက် မဟုတ်ပါဘူး အပေါ်ကအချက်တွေကလဲ (ရောဂါ+ကို့မှာရှိတဲ့ အသိပညာ) ပေါင်းစည်းပြီးတော့ ဘယ်လို နေရမယ် ဘယ်လိုထိုင်ရမယ် ဆိုတာကို ဆက်စပ်တွေးခေါ်လိုက်ပြီး post တင်ခြင်းသာ ဖြစ်ပါတယ်။
ရှေ့လျှောက်လဲအကောင်းဆုံးတွေကြီးဘဲ တင်ပေးနိိုင်အောင်ကြိုးစားပါအုံးမယ်။

@Autism_Y

A-YOUTH WITH MISTAKES

03 Jan, 14:32


English Vocabulary Free class ❤️
100% Free Classဖြစ်ပါတယ် ✅

messenger video class ဖြစ်လို့အားတဲ့အချိန်မှ ဝင်ရောက်လေ့လာမယ်ဆိုရင်လဲ အဆင်ပြေပါတယ်။
English စာကို လေ့လာချင်တယ် ကျွမ်းကျင်ချင်တယ် "ပတ်ဆံလဲမတတ်နိုင်ဘူး" "ပညာဒါနfree class"မျိုးရှာနေတယ် ဆိုရင်တော့ " @Witty_Wanderer "ဒီအမရဲ့ AccountကိုEnglishလို့ပို့ပေးထားလို့ရပါတယ်။

Please support guys.

#justforsupport
#free
#foroursmember

A-YOUTH WITH MISTAKES

03 Jan, 14:22


Guyss long time so see 🫡

A-YOUTH WITH MISTAKES

13 Nov, 14:53


Day (10)

- ပျော်စရာရှိရင်ပျော်လိုက်ပါ နေရာတကာ အရမ်းကြီးseriousဖြစ်နေတာ မကောင်းပါဘူး အမှားတခုလုပ်မိရင်တောင် ကို့အမှားကို ပြုံးပြပြီး "အော်ငါဒါမှားတတ်တာဘဲ" ဆိုတဲ့စိတ်မျိုးထားပါ။ လူတချို့က အမှားတစ်ခုလုပ်မိရင် ကို့ကိုယ်ကိုယ်လဲအပြစ်တင်တတ်သလို သူများပေါ်မာ အပြစ်တွေပုံချတတ်ပါတယ်။ "လူငယ်ဘဝမာပျော်စရာရှိရင် စိတ်လွတ်လက်လွတ်ပျော်ပါးလိုက်ပြီး အလုပ်လုပ်စရာရှိရင်လဲစိတ်ပါလက်ပါလုပ်သင့်ပါတယ်။"

@Autism_Y

A-YOUTH WITH MISTAKES

12 Nov, 14:20


Day (9)

- ကြောက်စိတ်ကို အနိုင်ယူဖို့ အကောင်းဆုံးနည်းလမ်းက အကြောက်တရားနဲ့ထပ်ခါထပ်ခါ ထိတွေ့ပေးဖို့ပါဘဲ။ ကိုယ်က စာမေးပွဲဖြေရမာကြောက်ရင် အစမ်းစစ်တွေခနခနဖြေရမယ်။ အလုပ်တစ်ခုကိုလုပ်ရမာကြောက်နေရင် တကယ်လုပ်ကြည့်လိုက်ပါ။
"ကြောက်တဲ့အရာတွေကိုထပ်ခါထပ်ခါ လုပ်မိလာတဲ့အခါ အကြောက်တရားကသိသိသာသာလျော့ပါးလာတာကိုတွေ့ရပါလိမ့်မယ်။"

@Autism_Y

A-YOUTH WITH MISTAKES

08 Nov, 14:27


Day (8)

- ဦးနောက်ကိုဘဲ အားမကိုးပါနဲ့ ကို့ကိုယ်ကိုယ်လဲ အထင်အရမ်းမကြီးပါနဲ့ တစ်ခုခုပြောပြတာတို့ တစ်ခုခုမှတ်ရတဲ့ အခါကျရင် "ဒီလောက်ကလွယ်လွယ်လေးမှတ်ထားစရာတောင်မလိုဘူး" ဆိုပြီး မလုပ်ပါနဲ့ လူတိုင်း မှတ်ညဏ်မကောင်းကြပါဘူး လူဆိုတာ မေ့တတ်တဲ့သတ္တဝါတွေပါဘဲ။ မှတ်သင့်တာရှိရင်မှတ်ထားပြီး လုပ်သင့်တဲ့အလုပ်ရှိရင် အစီစဥ်တကျလုပ်ဆောင်ပါ။

A-YOUTH WITH MISTAKES

07 Nov, 14:25


Day (7)

- အပြောသက်သက်ဘဲ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ပြီး သတ်သေပြပါ။ ဂတိတစ်ခုပေးမယ်ဆိုရင်လဲ သေသေချာချာ ကိုယ်ပေးနိုင်မှ ပေးတာအကောင်းဆုံးပါ။ လူချစ်လူခင်ပေါ်များပြီး ဆက်ဆံရေးမာရော် အချစ်ရေးမာရော် အဆင်ပြေစေဖို့ "အလုပ်နဲ့သတ်သေပြပါ။ ဂတိပေးပြီးတာနဲ့ တည်နိုင်အောင်ကြိုးစားပါ။"

A-YOUTH WITH MISTAKES

06 Nov, 14:26


Day (6)

- အချိန်တိုင်းပေါတောနေတာ အချိန်တိုင်းရိုးအနေတာ အချိန်တိုင်း စောက်ပေါလုပ်နေတာက မကောင်းပါဘူး။ ကြာလာတဲ့အခါBullyခံရနိုင်ပါတယ်။ စောက်ပေါလုပ်ချင်လုပ်နိုင်ပါတယ် ဒါပေမယ့် တစ်ခါတစ်လေ ကို့မာ အစွယ်ကောင်းကောင်းလေးတွေရှိကြောင်းကိုလဲ ထုတ်ပြတတ်ရပါသေးတယ်။ ဘယ်လောက်ကြီးဘဲ ပေါတောတော နေနေပါစေ Serious/Focus time ဆိုတာတော့ ရှိပါစေ "ကို့မာအစွယ်ကောင်းကောင်းလေးတွေ ရှိတယ်ဆိုတာကို အများသိအောင် အနဲနဲ့အများချပြထားပါ"

@Autism_Y

A-YOUTH WITH MISTAKES

05 Nov, 15:22


Day (5)

လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ - တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

A-YOUTH WITH MISTAKES

03 Nov, 15:03


Day (4)

- ဘယ်အရာကိုမှ လိုတာထက်ပိုပြီး မကပ်တွယ်ပါနဲ့ ဘယ်သူ့ကိုမှလဲ လိုတာထက်ပိုပြီး အားမကိုးပါနဲ့။ ကိုက လူတစ်ယောက်ကို လိုတာထပ်ပိုပြီး ကပ်တွယ်နေပြရင်လဲ အဲ့လူက မင်းကို အထင်သေးသွားပြီး မင်းတန်ဖိုးတွေပါလျော့ကျသွားလိမ့်မယ်။ လိုတာထပ်ပိုပြီး အားကိုးမိမယ်ဆိုရင် တဖက်လူက မင်းကို သူ့စိတ်တိုင်းကျ ကြိုးကိုင်ခြယ်လှယ်နေတော့မာပါ။ ဘယ်အရာမဆိိုသူမပါရင် မင်းလုပ်နိုင်မှာမဟုတ်ဘူး သူကမင်းအတွက် နတ်ဘုရားလိုစိတ်မျိုးပါပေါက်တဲ့အထိ Brainwashပါလိမ့်မယ်။နောက်ပြီး မင်းကိုလဲ လိုသလိုဆွဲသုံးပြီး အလေးမထား တန်ဖိုးမထားဘဲ မလိုတာနဲ့ချောင်မှာပြန်ထည့်ထားပါလိမ့်မယ်။

A-YOUTH WITH MISTAKES

02 Nov, 14:22


Day (3)

- အခွင့်အရေးတွေ အခွင့်အလမ်းတွေကိုစောင့်နေတာတို့ ကံကိုယုံနေတာတို့ မလုပ်ပါနဲ့ "ထူးချွန်ထက်မြတ်တဲ့ လူတိုင်းကို ကြည့်လိုက်မယ်ဆိုရင် အခွင့်အရေးတွေ အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီးကြတဲ့ လူတွေကြီးပါဘဲ အရာရာဟာ ကိုယ်ကြိုးစားမှဘဲ ကိုယ်ဖြစ်မှာပါ။ ကြိုးစားမှု 99% မှာ luck ဆိုတဲ့မကြိမ်းသေမှုက1% လောက်သာရှိတာပါ။"

@Autism_Y

A-YOUTH WITH MISTAKES

01 Nov, 14:33


Day (2)

- ဖြစ်ပြီးသွားတဲ့ အတိတ်ကို နောင်တတွေရ ငိုကြွေးတမ်းတပြီး ဖြုန်းမိနေတဲ့ အချိန်တွေအစား "နောင်ဖြစ်လာမဲ့အနာဂတ်အတွက် လက်ရှိအခြေအနေကိုဘဲ ဘယ်လိုဆက်သွားမလဲ ဘယ်လိုစီစဥ်ပြီး ဘယ်လိုပြောင်းလဲမလဲဆိုတာကို အစီစဥ်ဆွဲပါ။"

@Autism_Y

A-YOUTH WITH MISTAKES

31 Oct, 05:54


Day (1)

- ကောင်းမွန်တဲ့ အရာတွေအလုပ်တွေ အလေ့အကျင့်တွေကို မလုပ်နိုင်သေးရင်တောင်မှ "မကောင်းမွန်တဲ့ အရာတွေ အလုပ်တွေ အလေ့အကျင့်တွေကိုအတတ်နိုင်ဆုံးမလုပ်ဘဲနေပါ။"

@Autism_Y

A-YOUTH WITH MISTAKES

14 Oct, 15:56


သီတင်းကျွတ်ပိတ်ရက်တွေကို ဘယ်လိုတွေဖြတ်သန်းဖြစ်ကြလဲဗျ?

ကျွန်တော်ကတော့ စာကြည့်တိုက်မာ စာအုပ်အလကားသွားဖတ်ရင်း ဖြတ်သန်းဖြစ်ပါတယ်အကုန်အကျလဲသက်သာတာပေါ့ဟဲဟဲ

နေ့စဥ်စာအုပ်ဖတ်လို့ရရှိတဲ့ အသိပညာတွေကိုလဲ Content အသစ်တွေအဖြစ်ပေါင်းစပ်ပြီး ဆက်တင်သွားဖို့ရှိပါသေးတယ် ဆက်လက်အားပေးကြပါအုံးဗျ🫡

@Autism_Y

A-YOUTH WITH MISTAKES

11 Oct, 13:27


စာမေးပွဲခန်းထဲမာ နောင်တမရအောင် ဒါတွေလုပ်။

(1) One Subject One Nightလုပ်တာက တချို့တဝက်တော့ကောင်းပေမယ့် ခနတာ ယာယီမှတ်ညဏ်ထဲမာဘဲ သိမ်းထားပါလိမ့်မယ်။

ရည်ရှည်မှတ်ညဏ် (Long-Terms memory)ထဲ ရောက်ဖို့ဆိုရင် All Subject one nightလုပ်ရပါမယ်။
အထင်မလွဲပါနဲ့ ကျွန်တော်ပြောချင်တာက တစ်နေ့သင်ပြီးတာစာ တစ်နေ့ ကျေအောင်ပြန်ဖတ်/မှတ်/ကျက်ခိုင်းတာပါ။ 😺
"အဲ့ဒါကိုမှ မရဘူးပျင်းတယ်ဆိုရင်တော့ စာမေးပွဲခန်းထဲရောက်မှ ထိုင်ပြီးခေါင်းလေ့ကျင့်ခန်းလုပ်နေရုံပေါ့ဗျာ"

(2) ဦးနောက်လုပ်ဆောင်ချက်တွေကမနက်ပိုင်းမာ အရှင်းလင်းဆုံးနဲ့အ​ကောင်းဆုံးဘဲ ဖြစ်ပါတယ်။အိပ်ချိန်ကို တစ်သတ်မတ်ထဲဖြစ်အောင်လုပ်ပြီး 7:00 အနဲဆုံးအိပ်နိုင်အောင်လုပ်ဆောင်ပေးပါ။

ဒီတော့ အိမ်စာတွေ ရေးစရာတွေ ပုံဆွဲစရာတွေကိုညပိုင်းမာလုပ်ပြီး
ကျက်စရာတွေ စဥ်းစားစရာတွေကိုမနက်ပိုင်းမှလုပ်မယ်ဆိုပိုပြီး ထိရောက်နိုင်ပါလိမ့်မယ်။❗️

(3) စာပြန်မလုပ်ဘဲ စာရချင်ရင် စာသင်ချိန်မာ အာရုံစိုက်ပေးလိုက်ပါ။

ကျွန်တော်တို့စာသင်နေချိန် "အိမ်ရောက်မှသေချာပြန်ကြည့်ပြီး လုပ်ပါတော့မယ်ကွာ" ဆိုပြီးလူတိုင်းတွေးဖူးကြမာပါ။

ကဲဒါဆို မင်းမြင်ဖူးတဲ့စာအရမ်းတော်တဲ့ကျောင်းသား တွေကို အရင်လိုက်ကြည့်ကြည့် သူတို့က စာရှင်းချိန် စာသင်နေချိန်မာ မင်းတို့လို့ မုန့်စားပြီး စကားများမနေဘူး စာပေါ် Focusအပြည့်ရှိတယ်။ ပြီးမှ သူတို့ကစာရတယ် ငါကစာမရဘူးဆိုပြီး ညီးမနေပါနဲ့🥹။

"စာတော်ချင်ရင် စာတော်နေတဲ့ကောင်တွေကိုအရင်ပေါင်း သူတို့ပုံစံကိုလိုက်ခိုးချ" ခိုးချဆိုတာက သူတို့ရဲ့ စာကိုအာရုံစိတ်မှု စိတ်တည်ငြိမ်မှုကိုပြောတာနော်။

@Autism_Y

A-YOUTH WITH MISTAKES

09 Oct, 14:30


Yo guys စာမေးပွဲ အခြေနေတွေဘယ်လိုတွေရှိကြတုန်း..?

A-YOUTH WITH MISTAKES

29 Jul, 16:11


His mindset 🔥

A-YOUTH WITH MISTAKES

25 Jul, 15:21


Ability is key

A-YOUTH WITH MISTAKES

15 Jul, 14:34


လူတိုင်းမှာသူ့ကို "Motivated" ဖြစ်စေတဲ့အရာတစ်ခုကိုရှိတယ်။

- တချို့တွေက အချစ်ကြောင့် ဘဝရည်မှန်းချက် ရည်ရွယ်ချက်တွေရှိလာကြတယ်။
အချစ်က တော်တော် powerfully ဖြစ်တဲ့ motivatorလို့တောင်သတ်မှတ်လို့ရတယ်။ ⛳️

- တချို့ကကျ အမုန်းကြောင်း motivatedဖြစ်ကြတယ်။ အမုန်းမီးတွေတဟိုးဟိုးတောက်လေလေ ပိုပြီး ကြိုးစားမိလေဘဲ။💣

ဒါကြောင့်၊ စိတ်နာနာနဲ့ကြိုးစားဖို့နဲ့ရည်မှန်းချက်နဲ့ ကြိုးစားဖို့ဆိုရင်
သင့်ကိုဘယ်အရာက motivated ဖြစ်စေတာလဲ?


@Autism_Y 🫡

Btw, i'm backkk.

A-YOUTH WITH MISTAKES

08 Jul, 15:28


လူချစ်လူခင်ပေါစေမဲ့ အကောင်းဆုံး(၁၀)ချက်

(၁) ပြုံးပါ။
𝐒𝐦𝐢𝐥𝐞.

အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။

(၂) နားထောင်ပါ။
𝐋𝐢𝐬𝐭𝐞𝐧.

တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။

(၃) မနှိုင်းယှဉ်ပါနဲ့။
𝐃𝐨 𝐧𝐨𝐭 𝐜𝐨𝐦𝐩𝐚𝐫𝐞.

သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။

(၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။
𝐃𝐨 𝐧𝐨𝐭 𝐞𝐱𝐩𝐞𝐜𝐭 𝐚𝐧𝐲𝐭𝐡𝐢𝐧𝐠.

လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

(၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။
𝐇𝐮𝐦𝐛𝐥𝐞 𝐲𝐨𝐮𝐫𝐬𝐞𝐥𝐟.

သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။

(၆) ချီးမွမ်းစကားပြောဆိုပါ။
𝐒𝐩𝐞𝐚𝐤 𝐩𝐫𝐚𝐢𝐬𝐞.

တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။

(၇) သူများမကောင်းကြောင်း မပြောပါနဲ့။
𝐃𝐨 𝐧𝐨𝐭 𝐬𝐚𝐲 𝐛𝐚𝐝 𝐭𝐡𝐢𝐧𝐠𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐭𝐡𝐞𝐫𝐬.

သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။

(၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။
𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭 𝐰𝐢𝐭𝐡 𝐩𝐞𝐨𝐩𝐥𝐞.

လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။

(၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။
𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐞 𝐚 𝐩𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐚𝐭𝐭𝐢𝐭𝐮𝐝𝐞.

ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။

(၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။
𝐒𝐭𝐚𝐲 𝐭𝐡𝐞 𝐰𝐚𝐲 𝐲𝐨𝐮 𝐚𝐫𝐞.

ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။

"[7] Paid Channel promotion"

https://t.me/psychologicalCh1/614

@Autism_Y

A-YOUTH WITH MISTAKES

01 Jul, 16:11


"အရမ်းကြီး မှတ်ညဏ်ကောင်းဖို့Unlimited Memoryရဖို့ ကြိုးစားမနေကြပါနဲ့အုံး

တော်ကြာ တစုံတစ်ယောက်ကို တသတ်လုံးမမေ့နိုင်ပဲဖြစ်နေအုံးမယ်"


FromWhiteRoom moti

😂

Sweetdream Guys

A-YOUTH WITH MISTAKES

01 Jul, 09:39


Public Channel Member များအား Channel ကို ပစ်ထားမိလို့ တောင်းပန်ပါတယ် Paid Channel တွေအတွက်သာ အချိန်ပြည့် Run ပေးနေရလို့ပါဗျ

"နည်းလမ်းရှာလိုက်လက်တွေ့သုံးလိုက် စိတ်နှစ်ရင်းတွေးလိုက် စာအုပ်ဖတ်လိုက်နဲ့ ရရှိခဲ့တဲ့ အတွေးတွေ အသိပညာတွေကိုသာ အခြေခံပြီးရေးထားခြင်းသာဖြစ်တယ်။"

❗️ဒီနေ့ July 1 ရက်နေ့ရနေစပြီး လကုန်ထိ အောက်မှာပြထားသော ထွက်ထားသမျှ All In One ကို 19,000 ကျပ်နဲ့ အတန်ဆုံးစျေးဖြင့် ဝင်ရောက်နိုင်ပါပြီ။❗️

- Super Human👑
- Peak Student's Life 🏆
- Change Your Brain 🌏
- White Room 💎
- Motivation & Self Control ⛳
- Relationship & Emotinal Manipulation 💞

About Channel & Review
https://t.me/psychologicalCh1/578

အမြန်ဆုံးဝင်ရောက်လိုပါက

@Autism_Y

ကို All In One လို့ပို့ပေးပါ။

A-YOUTH WITH MISTAKES

25 Jun, 15:19


React တွေလျော့လာလိုက်တာ နောက်တင်မဲ့ အမိုက်စားတွေ တင်မပေးတော့ဘဲ နေလိုက်တော့မယ်ဗျာ 😉

A-YOUTH WITH MISTAKES

25 Jun, 15:06


Brain နဲ့ပတ်သတ်တဲ့အယူအဆအမှား(3)ချက် 🫡

(1) ညဏ်ကောင်းခြင်းမကောင်းခြင်းက မွေးရာပါဖြစ်တယ်

(2) အရွယ်ရောက်ပြီးရင် ဦးနောက်ဖွံ့ဖြိုး မှုရပ်တန့်သွားပြီ

(3) အသက်ကြီးလာရင် ဦးနောက်တဖြည့်ဖြည့်ချို့ယွင်းလာတယ်


(1) Gymသမားတွေတောင်မှ သူတို့လိုချင်တဲ့ ခန္ဓာကိုယ်မျိုးရဖို့ လ နဲ့ နှစ် နဲ့ချီးပြီး လေ့ကျင့်ယူခဲ့ ကြရတာပါ။ ဇွဲရှိရှိနဲ့ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးမှသာ သိသာဖွံ့ဖြိုးတိုးတက်မှုတွေရရှိမာဖြစ်တယ်။

(2) ဦးနောက်ကို ဘယ်လိုပုံသွင်းလဲဆိုတာနဲ့ဆိုင်ပါတယ်။

ဥပမာအနေနဲ့

ပထမတစ်ယောက်က နေ့စဥ်စာဖတ်တယ် လေ့ကျင့်ခန်းလုပ်တယ် တရားထိုင်တယ်။

ဒုတိယတစ်ယောက်တော့ နေ့စဥ်လောကကိုအပစ်တင် ပတ်ဝန်းကျင်ကိုအပစ်တင် စာမဖတ်မလေ့လာ လေ့ကျင့်ခန်းမလုပ် မူးရစ်ဆေးဝါးသုံးတယ်။

သူတို့နှစ်ယောက်ရဲ့habit တွေက နှစ်လ ချီတဲ့ခါ ဘသူက ဘာဖြစ်သွားလဲဆိုတာသိသာလာပါရော်
ငယ်စဥ်ထဲက ပျိုးထောင်ခဲ့တဲ့ မိဘတွေဆရာတွေ ကြောင့်လဲ mindset ပြောင်းလဲခဲ့တာပါတယ်။

(3)ဦးနောက်က လေ့ကျင့်မှုတစ်ခုလုပ်တိုင်း နူရွန်ချိတ်ဆက်မှုအသစ်တွေဖြစ်တယ် လေ့လာသမျှ recalပြန်လုပ်တိုင်း ချိတ်ဆက်မှုတွေက ခိုင်မြဲစေတယ် အသက်ကြီးလာတာမဟုတ်ဘဲ သင်ယူလေ့လာတာရပ်သွားလို့ ဦးနောက်မဖွံ့ဖြိုးတာပါ။

- "ကျောင်းပြီးတာနဲ့ လေ့လာသင်ယူမှု ရပ်မသွားဘဲ အမြဲတမ်း လေ့လာသင်ယူနေတဲ့ Life time student တွေဆိုရင်တော့ ဦးနောက်က အကန့်သတ်မရှိ (limitless) ဖြစ်ပါတယ်။"

@Autism_Y ဒါနဲ့❗️ Channel Bio မာပြထားတဲ့ ထွက်ထားသမျှ Channel အားလုံးကို 19,000 ထဲနဲ့လူ"ဆယ်ယောက်" ကိုလက်ခံပေးပါမယ်ဗျ။😉 Pinned message Comment မာ Review တွေဖတ်နိုင်ပါတယ်။

A-YOUTH WITH MISTAKES

18 Jun, 15:18


Guys ltns... Do u remember me?

3,336

subscribers

218

photos

1

videos