Happy Spanish @happyspanish_11 Channel on Telegram

Happy Spanish

@happyspanish_11


စပိန်စာနှင့်ပတ်သက်သော resources,knowledge,culture များကိုမျှဝေပေးသွားမည့် channel လေးပါ။ 👀🩵

Happy Spanish (Burmese)

ထို့အချိန်တွင်အမည်အား ရှာဖွေ၍ လျှပ်စစ်ဖတ်ပါ။ Happy Spanish သည် စပိန်စာနှင့်ပတ်သက်သော resources, knowledge, culture များကိုမျှဝေပေးသွားမည့် channel ဖြစ်ပါသည်။ ဒါပေမယ့် အသက်ရှင်များအတွက်သည် ဒီ channel မှ လက်ရှိ resources များနှင့် ပေါ်ခခံလိုသော စာအုပ်များ ရရှိနိုင်ပါသည်။ တစ်ဦးအားလုံးအားဖြင့် ပါဝင်ပါ။

Happy Spanish

13 Jan, 17:32


Diccionario de dichos y frases he has

#spanish

Happy Spanish

03 Jan, 16:13


‼️လက်ပူးလက်ကြပ်မိတယ်ဆိုတာကို စပိန်လိုပြောမယ်။

¡Hola Todos! ဒီနေ့မှာတော့ လက်ပူးလက်ကြပ်မိတယ်ဆိုတဲ့ expression လေးကို စပိန်လိုဘယ်လိုပြောရမလဲ ဆိုတာမျှဝေပေးလိုက်ပါတယ်။

လက်ပူလက်ကြပ် - con las manos en la mesa

မိတယ်ဆိုတာကိုတော့
Agarrar
Atrapar
Pillar စတဲ့ verb တွေကို သုံးလေ့ရှိပါတယ်။


ဥပမာလေးတွေကိုကြည့်ကြည့်ရအောင်။ 🙌🏼

1. La policía agarró a los ladrones con las manos en la masa.
ရဲက သူခိုးတွေကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့တယ်။

2. Voy a atraparlo con las manos en la masa.
ငါသူ့ကို လက်ပူးလက်ကြပ်မိအောင်ဖမ်းပြမယ်။

ဒီပိုစ့်လေးကအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ နောက်ပိုစ့်မှာပြန်တွေ့ပါမယ်။ ¡Adiós! 🇪🇸

#español
#learninglanguages
#spanish
#learnspanish
#happyspanish
#spanishlanguage
#spanishlearning
#spanishvocabulary
#spanishexpression

Happy Spanish

03 Jan, 07:23


Uzumaki manga (Spanish edition) 🇪🇸

Manga ဖတ်ရတာကြိုက်ရင် စပိန်လိုဖတ်ကြည့်ပါ။ 😁


Psychological horror ဖတ်ရတာအဆင်မပြေတဲ့သူတွေ မဖတ်ကြည့်ဖို့ အကြံပေးပါတယ်။

Read era app သုံးပြီး ဖတ်ပါ။

#spanish
#manga

Happy Spanish

03 Jan, 06:39


Comic Mnemonics

ဒီစာအုပ်လေး ဖတ်ရတာတော်တော်အဆင်ပြေလို့ share ပေးလိုက်ပါတယ်။

Verb သီးသန့်လေ့လာချင်သူတွေအတွက်ပါ။


#spanishbooks

Happy Spanish

02 Jan, 16:31


ရုပ်ရှင်အမျိုးအစားတွေကို စပိန်လိုပြောမယ်။ 🎥


¡Hola Todos! ဒီနေ့မှာတော့ ရုပ်ရှင်အမျိုးအစားလေးတွေကို စပိန်လို ဘယ်လိုပြောလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။


#español
#learninglanguages
#spanish
#learnspanish
#happyspanish
#spanishlanguage
#spanishlearning
#spanishvocabulary

Happy Spanish

01 Jan, 15:49


နှစ်သစ်မှာ စပိန်စာလေ့လာမယ့် သူတွေအတွက် အက်မင့်ဆီမှာ in stock ရှိတဲ့ စာအုပ်လေးတွေပါ။

ဈေးနှုန်းလေးတွေကို ပုံတစ်ပုံချင်းစီမှာ ရေးထားပါတယ်။

ရန်ကုန်မြို့ဆို COD ရပြီး၊ ကျန်မြို့များကတော့ ငွေကြိုလွှဲပေးရပါမယ်။ 🙇🏼‍♀️

အသေးစိတ်သိချင်တာနဲ့ မှာယူချင်ရင်တော့ page cb ကိုအပြေးလေးလာခဲ့လိုက်ပါ။

အက်မင့်ဆီမှာ စပိန်စာအပြင် အခြားဘာသာစကားတွေလေ့လာနေသူတွေအတွက် (ဂျာမန်၊ပြင်သစ်၊ရုရှား၊အီတလီ၊ကိုရီးယား) စာအုပ်လေးတွေလည်းရှိပါတယ်။

သိချင်တာရှိရင် လာမေးလို့ရပါတယ်နော်။

#spanishbooks
#español
#happyspanish

Happy Spanish

25 Nov, 15:49


Si Clause ဆိုတာဘာလဲ

–––––––––

¡Hola Todos!

ဒီနေ့မှာတော့ si clause အကြောင်းလေးကိုအနည်းငယ်မျှဝေပေးသွားချင်ပါတယ်။

- Si Clause ဆိုတာဘာလဲ။
Si clause ဆိုတာက if clause ကိုပြောတာပါ။ ဖြစ်နိုင်ချေရှိတာ၊ မဖြစ်နိုင်တာတွေကို ပြောချင်တဲ့အခါ သုံးပါတယ်။
ဥပမာ - နင်သွားရင်ငါလည်းသွားမယ်။

ဒီလိုမျိုး စာကြောင်းတွေကိုပြောချင်ရင် Si Clause ကိုသုံးပါတယ်။ ဒါ့ကြောင့် ဒီပိုစ့်လေးထဲမှာ Si clause ကိုဘယ်နေရာတွေမှာသုံးရမလဲ ဆိုတာကိုမျှဝေပေးလိုက်ပါတယ်။ စာကြောင်းတည်ဆောက်ပုံအသေးစိတ်ကိုတော့ ‌ပိုစ့်သပ်သပ်ခွဲပြီးတင်ပေးပါ့မယ်။

‼️Si clause သုံးမျိုး‼️

စာကြောင်းတည်ဆောက်ပုံကိုမပြောခင်မှာ Si clause သုံးမျိုးရှိတာကို အရင်သိထားရပါတယ်။ အဲ့တာတွေကတော့ 👇🏼

1. ပစ္စုပ္ပန်(သို့) အနာဂတ်မှာဖြစ်နိုင်ချေရှိတာတွေကို ပြောချင်တဲ့အခါမှာ
ဥပမာ - စာကြိုးစားရင်စာမေးပွဲသေချာပေါက်အောင်မည်။
နင်စားရင်ငါလည်းစားမှာပေါ့။

2. ဖြစ်နိုင်ချေမရှိ/မရှိသလောက်နည်းတဲ့အရာတွေကို ပြောချင်တဲ့အခါ
ဥပမာ - ငါသာမီလျံနာဖြစ်ရင် ကမ္ဘာပတ်ပြီးဈေး၀ယ်ထွက်မယ်။
ငါသာမင်းနေရာမှာဆို အဲ့အလုပ်ကို လက်ခံမှာမဟုတ်ဘူး။

3. အတိတ်မှာ မဖြစ်ခဲ့တဲ့/ဖြစ်သင့်ခဲ့တဲ့ အခြေအနေကို ပြောချင်တဲ့အခါ
ဥပမာ - ဒီလိုမှန်းသိရင် ငါလိုက်သွားလိုက်ပါတယ်။
ငါနည်းနည်းစောသွားခဲ့ရင် မှီနိုင်တဲ့ဟာကိုကွာ။

ဒီစာကြောင်းတွေကို ကြည့်တဲ့အခါ Si clause,ရယ် results ရယ်ဆိုပြီးနှစ်ပိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့ တစ်ခုချင်းစီရဲ့ပုံစံလေးတွေကို အကျဉ်းချုပ်လေ့လာကြည့်ရအောင်ပါ။

✮ ဖြစ်နိုင်ချေရှိတာတွေကိုပြောတဲ့အခါ ✮

Si Clause - Si + Present Indicative
Result - Present Indicative
Ejemplo :
❁ Si termino mis tareas, ¿puedo ir al cine?
အိမ်စာပြီးရင် ရုပ်ရှင်သွားကြည့်လို့ရလား။

Si Clause - Si + Present Indicative
Result - Future Indicative
Ejemplo :
❁ Si comes demasiado, tendrás dolor de estómago.
နင်အများကြီးစားရင်၊ ဗိုက်အောင့်လိမ့်မယ်နော်။

Si clause - Si + Present Indicative
Result - Imperative
Ejemplo :
❁ Si pierdes el autobús, vuelve a casa caminando.
ဘတ်စ်ကားလွတ်သွားရင်၊ လမ်းသာလျှောက်သွားတော့။

✮ ဖြစ်နိုင်ချေမရှိတာတွေကို ပြောတဲ့အခါ ✮

Si clause - Si + imperfect Subjunctive
Result - Conditional
Ejemplo :
❁ Si yo fuera tú, no lo haría.
ငါသာမင်းဆိုရင်၊ အဲ့တာကိုလုပ်မှာမဟုတ်ဘူး။

✮ အတိတ်မှာ မဖြစ်ခဲ့တဲ့/ဖြစ်သင့်ခဲ့တာတွေကို‌ပြောတဲ့အခါ ✮

Si clause - Si + Pluperfect Subjunctive
Result - Past Conditional
Ejemplo :
❁ Si hubiera estudiado más, ahora tendría mejores notas.
ငါသာစာပိုကြိုးစားခဲ့ရင်၊ အခုဆို အဆင့်တွေပိုကောင်းနေလောက်ပြီ။

Si clause - Si + Pluperfect Subjunctive
Result - Simple Conditional
Ejemplo :
❁ Si te hubiera dicho que sé cantar, te habrías reído.
ငါသာသီချင်းဆိုတတ်တယ်လို့ပြောရင် နင်ရယ်နေလောက်မှာ

Si clause - Si + Pluperfect Subjunctive
Result - Pluperfect Subjunctive
Ejemplo :
❁ Si hubiera sabido, hubiera ido contigo.
ငါကြိုသာသိခဲ့ရင်၊ နင်နဲ့လိုက်ခဲ့မှာ မဟုတ်ဘူး။

ဒါကတော့ Si clause အကြောင်းနဲ့ ပုံစံသုံးမျိုးပဲဖြစ်ပါတယ်။
ပုံစံတစ်ခုချင်းစီရဲ့စာကြောင်းတည်ဆောက်ပုံအသေးစိတ်ကိုတော့ ပိုစ့်တစ်ခုစီနဲ့တင်ပေးပါ့မယ်။ ဒီနေ့ပိုစ့်လေးကတော့ ဒီလောက်ပါပဲ။ နောက်ပိုစ့်မှာပြန်တွေ့ပါ့မယ်။ ¡Adiós! 🇪🇸💞


#español
#learnspanish
#spanishlessons
#spanish
#learnspanish
#happyspanish
#spanishlanguage
#spanishlearning
#spanishgrammar

Happy Spanish

22 Nov, 11:45


🤩 ဒီစာအုပ်လေးလိုချင်တဲ့သူရှိရင် တစ်ခါတည်းပေါင်းမှာလို့ရအောင် page cb မှာလာပြောထားလို့ရပါတယ်နော်။

‼️စပိန်စာအုပ်မဟုတ်ပါဘူး။ Eng စာအုပ်ပါနော်။‼️

Happy Spanish

22 Nov, 11:44


ပစ်ရက်စရာမရှိတဲ့ စာအုပ်နှစ်အုပ်📚

ဒီစာအုပ်လေး နှစ်အုပ်လာမေးတဲ့သူရှိလို့ အခြားလိုချင်တဲ့သူရှိရင်လည်း တစ်ခါတည်းမှာလို့ရအောင် order ကောက်ပေးပါ့မယ်။

‼️in stock မရှိတာကြောင့် တစ်ပတ်လောက်တော့စောင့်ရပါမယ်နော်‼️

ငွေ‌လေးကတော့ ကြိုလွှဲပေးရပါမယ်။ 🙇🏼‍♂️

Say it better
- 368
- 21000 mmk
- နေ့စဉ်ဘ၀ နဲ့ လုပ်ငန်းခွင်မှာ အသုံး၀င်စေမယ့် phrases လေးတွေကို တိုတိုနဲ့လိုရင်းပုံလေးတွေနဲ့ တစ်ခုချင်းစီရှင်းပြထားတဲ့ စာအုပ်ပါ။ exercise လေးတွေလည်းပါပါတယ်။


Understanding and using grammar
- 500 pages
- 28000 mmk
- အရမ်းကောင်းတဲ့ စာအုပ်ပါ။ Eng grammar ကိုတစ်အုပ်ထဲမှာ စုံလင်အောင်‌ရှင်းလင်းထားတဲ့စာအုပ်ပါ။ (5) ကြိမ်မြောက်ထိထုတ်ဝေထားတဲ့ စာအုပ်ဖြစ်တာကြောင့် ထူးပြီးညွှန်းနေစရာမလိုတော့ပါဘူး။ exercise လေးတွေလည်းပါပါတယ်။

အသေးစိတ်သိချင်တာရှိရင် မေးရန် နှင့် စာအုပ်မှာယူရန် page cb အားမနာတမ်းလာရောက်မေးမြန်း/၀ယ်ယူနိုင်ပါတယ်။
Link - https://www.facebook.com/profile.php?id=100091754566454&mibextid=ZbWKwL

Pdf version ကိုတော့ Channel ထဲမှာ တင်ထားပေးပြီးသားပါ။


#englishbooks
#linguaphile

Happy Spanish

21 Nov, 18:22


My fault တို့ Through the window တို့လို စပိန်ရိုမန့်ကားလေးတွေကြိုက်ရင် ဒီကားလေးတွေကြည့်နော်။ 🫶🏼💞


ဟိုနေ့က တစ်ယောက်မေးထားတာတွေ့လို့

ဒီ channel ထဲမှာတင်ထားပါတယ်။
https://t.me/spanishandchillz

#spanishmovies

Happy Spanish

20 Nov, 19:04


Channel အသစ်လေး join လို့ရပါပြီ။💞

https://t.me/spanishandchillz

#movies
#spanish
#happyspanish

Happy Spanish

20 Nov, 16:18


In stock ရနိုင်တဲ့စာအုပ်လေးတွေပါ။ 📚🇪🇸

ရန်ကုန်ဆို COD ရပါတယ်။ ကျန်မြို့တွေကတော့ ငွေကြိုရှင်းရပါတယ်နော်။ 🙇🏼‍♂️

အသေးစိတ်သိချင်တာရှိရင် fb page မှာအားမနာတမ်းလာမေးနိုင်ပါတယ်။


#learnspanish
#spanish
#happyspanish
#spanishbooks
#spanishlanguage
#español

Happy Spanish

20 Nov, 16:17


In stock ရနိုင်တဲ့စာအုပ်လေးတွေပါ။ 📚🇪🇸

ရန်ကုန်ဆို COD ရပါတယ်။ ကျန်မြို့တွေကတော့ ငွေကြိုရှင်းရပါတယ်နော်။ 🙇🏼‍♂️

အသေးစိတ်သိချင်တာရှိရင် fb page မှာအားမနာတမ်းလာမေးနိုင်ပါတယ်။

#learnspanish
#spanish
#happyspanish
#spanishbooks
#spanishlanguage
#español

Happy Spanish

19 Nov, 15:28


အချစ်ရေးအခြေအနေကို စပိန်လိုပြောကြမယ်။🇪🇸❤️‍🩹

¡Hola Todos! ဒီ‌ပိုစ့်လေးမှာတော့ ကိုယ့်ရဲ့ အချစ်ရေးအခြေအနေကို စပိန်လိုဘယ်လိုပြောရမလဲဆိုတာ‌မျှဝေပေးလိုက်ရပါတယ်။ ဒီအကြောင်းကိုပြောတတ်ဖို့ကလည်း အရေးပါတယ်လို့အက်မင်ထင်ပါတယ်။ ဒါမှ ကိုယ်ကစပိန်နိုင်ငံရောက်သွားပြီး စပိန်ကောင်လေး/မလေးကို ရည်းစားရှိလား လို့မေးချင်တဲ့အခါ အဆင်သင့်ဖြစ်နေမှာပါ။🙈

ဒါဆိုရင်တော့ အက်မင်နဲ့အတူတူလေ့လာကြည့်ရအောင်ပါ။

¿Estás soltero/soltera?
Are you single?

¿Tienes novio/novia?
Do you have a boyfriend/girlfriend?

¿Estás en una relación?
Are you in a relationship?

¿Estás saliendo con alguien?
Are you dating someone?

¿Estás casado/casada?
Are you married?

No estoy buscando algo serio.
I'm not looking for something serious

Tengo novio/novia
I have a boyfriend / girlfriend.

Estoy prometido.
I’m engaged.

Planeamos casarnos.
We're planning to get married.

Estoy casado/a.
I am married.

Tengo un/una hijo/a.
I have a child.

Tengo hijos.
I have children.

Nos separamos.
We broke up.

Estoy divorciado/a
I'm divorced.

ဒါကတော့ ကိုယ့်ရဲ့အချစ်ရေးကိုစပိန်လိုပြောလို့ရမယ့် စာကြောင်းလေးတွေပဲဖြစ်ပါတယ်။ အားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ¡Adiós! 🇪🇸💞

#español
#learninglanguages
#spanish
#learnspanish
#happyspanish
#spanishlanguage
#spanishlearning
#spanishvocabulary

Happy Spanish

15 Nov, 15:22


Según အသုံးအမျိုးမျိုး 🤔

¡Hola Todos! ဒီနေ့မှာတော့ စာလုံးတစ်လုံးကိုပဲ အသုံးအမျိုးမျိုးသုံးလို့ရ‌တဲ့အပြင် အသုံးလည်းများတဲ့စာလုံးတစ်လုံးဖြစ်တဲ့ según အကြောင်းလေးကိုမျှဝေပေးလိုက်ပါတယ်။ စပိန်စာလုံးအများစုမှာစကားလုံးတစ်လုံးတည်းကိုပဲ အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးလို့ရတာမျိုးကိုတွေ့ရပါတယ်။ ဒီပို့စ်လေးမှာတော့ según ကိုဘယ်လိုသုံးလို့ရလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

Según ကို
1. Preposition
2. Conjunction
3. Adverb အနေနဲ့သုံးလို့ရပါတယ်။

အဓိပ္ပါယ်လေးတွေကို အောက်မှာ ဥပမာလေးတွေနဲ့ အတူတူ‌လေ့လာလိုက်ကြရအောင်။

1. Prepositions အနေနဲ့ဆိုရင်

- နှင့်အညီ၊အတိုင်း၊မူတည်၍

Por ejemplo

Según el mapa = မြေပုံအတိုင်း
Según lo que dice = သူပြောတဲ့အတိုင်း
según lo que se decida = ဆုံးဖြတ်သည့်အပေါ်မူတည်၍


2. Conjunction အနေနဲ့ဆိုရင်

- ကဲ့သို့၊အနေဖြင့်၊အတိုင်း

Por ejemplo

Según sabes = မင်းသိတဲ့အတိုင်း
está según lo quieres = ဒါကမင်းလိုချင်တဲ့အတိုင်းပဲလေ။

3. Adverbs အနေနဲ့ဆိုရင်

- အခြေအနေအရ

Por ejemplo

¿Vienes? = မင်းလာမှာလား။
Según = အခြေအနေအရပေါ့။


#español
#learninglanguages
#spanish
#learnspanish
#happyspanish
#spanishlanguage
#spanishlearning
#spanishvocabulary

Happy Spanish

13 Nov, 12:25


Apocopes(အတိုကောက်များ)

¡Hola Todos! ဒီနေ့မှာတော့ Apocopes အကြောင်းလေးကို မျှဝေပေးလိုက်ပါတယ်။ အားလုံးပဲ ¡porfa! ဆိုတဲ့ စာလုံးလေးကို ရုပ်ရှင်ထဲမှာဖြစ်ဖြစ်၊ သီချင်းထဲမှာဖြစ်ဖြစ်၊ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ Por favor ဆိုတဲ့စကားလုံးကို ပြောရတာရှည်နေလို့ ဆိုပြီး အတိုကောက်ပြောလိုက်တာပါ။ အဲ့လို အတိုကောက်ပြောတဲ့စာလုံတွေကို Apocopes လို့ခေါ်ပါတယ်။ ဒီပိုစ့်မှာတော့ Apocopes အချို့ကိုမျှဝေပေးလိုက်ပါတယ်။

La biblioteca >> la biblio (စာကြည့်တိုက်)
La bicicleta >> la bici (စက်ဘီး)
El bolígrafo >> el boli (ဘောပင်)
El bocadillo >> el bocata (ဆန်းဝှစ်ခ်ျ)
El celular >> el celu (ဖုန်း)
El fin de semana >> el finde (စနေ၊တနင်္ဂနွေ)
La fotografía >> la foto (ဓါတ်ပုံ)
La información >> la info (သတင်းအချက်အလက်)
La oficina >> la ofi (ရုံးခန်း)
La peluquería >> la pelu (ဆံပင်ညှပ်ဆရာ)
El profesor >> el profe (ဆရာ)
La profesora >> la profe (ဆရာမ)
Tranquilo/a >> tranqui (ငြိမ်သက်သော)
Perfecto/a >> perfe (ပြီးပြည့်စုံသော)
¿Porqué? >> ¿Por? (ဘာကြောင့်လဲ)
Pequeño >> Peque (သေးသော)
Obviamente >> obvi (သိသာစွာ)
Delicioso >> deli (အရသာရှိသော)

ဒါကတော့ အသုံးများတဲ့ Apocopes လေးတွေပဲဖြစ်ပါတယ်။ အားလုံးအတွက် အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ နောက်ပိုစ့်မှာ ပြန်တွေ့ပါမယ်။ ¡Adiós! 💞🇪🇸

#español
#learninglanguages
#spanish
#learnspanish
#happyspanish
#spanishlanguage
#spanishlearning
#spanishvocabulary

Happy Spanish

11 Nov, 17:50


စပိန်စာအခြေခံပိုင်အောင်လေ့လာရမည့်ခေါင်းစဉ်များ

#happyspanish
#speaking
#spanishlearning
#español
#learnspanish
#spanish
#spanishbasic

Happy Spanish

30 Oct, 15:21


စပိန်စာကြောင်းပုံစံ (၁၅) ခု

-----------------------------------------

¡Hola Todos! ဒီပိုစ့်လေးထဲမှာတော့ အသုံးများတဲ့စပိန်စာကြောင်း(၁၅) ကြောင်းကို‌ ဖော်ပြပေးလိုက်ပါတယ်။ ဒီလိုစာကြောင်းပုံစံလေးတွေကို မှတ်ထားရင် စကားပြောတဲ့အခါ ပိုလွယ်မယ်လို့ ထင်ပါတယ်။ Conjugate ပုံစံကတော့ yo form ကိုပဲ သုံးထားပါတယ်။ ကျန်တဲ့ subject pronoun တွေကိုသုံးချင်ရင်တော့ သုံးရမယ့် conjugate ပုံစံလေး‌နဲ့သုံးပေးပါ။

အားလုံးအတွက်အကျိူးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ နောက်ပိုစ့်မှာတွေ့ပါမယ်။ ¡Adiós! 🇪🇸

#happyspanish
#speaking
#spanishlearning
#español
#learnspanish
#spanish
#spanishlistening
#sentencestructure
#vocabulary

Happy Spanish

24 Oct, 18:30


GA winner လေးပါ။

FB မှာတော့ မနက်ကျမှတင်ပေးတော့မယ်။

#happyspanish

Happy Spanish

22 Oct, 12:47


မနက်ဖြန် GA ကံထူးရှင်လေးရွေးပေးမယ်နော်။

မကံစမ်းရသေးရင် ကံစမ်းလို့ရပါသေးတယ်။

https://www.facebook.com/share/p/fonuKSigRzCi5vpQ/

#admin

Happy Spanish

20 Oct, 16:24


Ir a + Verb infinitive expression


#happyspanish
#español
#videolessons
#grammar
#expression
#spanish
#español

Happy Spanish

17 Oct, 15:41


Facebook page မှာ GA post လေးတင်ထားပါပြီ။ အားလုံးပဲ ၀င်ရောက်ကံစမ်းကြည့်ကြပါဦး။ ¡Buena Suerte! 🙌🏼

Link - https://www.facebook.com/share/p/fonuKSigRzCi5vpQ/

#happyspanish
#GA

1,433

subscribers

1,348

photos

20

videos