⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓 @alot_english Channel on Telegram

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

@alot_english


⚠️A Language of Tomorrows🎓

A Language of Tomorrows🎓 (Burmese)

မနက်ဖြန်များရဲ့ဘာသာစကား🎓 ဆိုတာကိုသင်ပေးပြီးလုပ်နိုင်ပါတယ်။ ထို့နောက်အဲဒီလိုလိုနားလည်မှုများကို လင့်ဘောင်ကိုစံသတ်မှတ်ရန်အတွက် မနက်ဖြန် ဘာသာစကား🎓 channel ကိုသင်များအား အလိုလို ဖြန့်ချင်ရန်သင်ရလာသည်။ မနက်ဖြန် ဘာသာစကား🎓 channel သည် ကျွန်ုပ်တို့၏ အဖွဲ့မှသာ မနက်ဖြန်ရရှိသော ဘာသာစကား လိုလို စာပေမိုက်နှင့် ကိုယ့် နိုင်ငံတကာနေ့တိုက်အောင် လုပ်ရိုက်လိုက်လည်း နိုင်ပါတယ်။ သင့်ရဲ့ ဘာသာစကား ပေးကျော်သော အရာသည် အဖွဲ့မှ မနက်ဖြန် ဘာသာစကား🎓 channel ရဲ့ သင်ချင်းတို့အတွက်ပင်မခံတောင်းပါတယ်။

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

07 Feb, 04:00


နှက်နေသော အဓိပ္ပာယ်ရှိသော ကျွန်တော့်ဘဝစာအုပ်ရဲ့ အခန်းကဏ္ဍတွေဖြစ်အောင် ဤပန်းတိုင် တွေနောက်ကို လိုက်လံလေ့လာရှာဖွေခြင်းဖြင့် ပြောင်းလဲဖို့ ရည်မှန်းထားပါသည်။ ထိုရည်မှန်းချက်တွေဟာ ပြင်းထန်သော စိတ်ဆန္ဒတခုထဲထက် ကျွန်တော်၏ တောက်ပသော အနာဂတ်တခုကို ပြုစုပျိုးထောင်ရာမှာ တထောင့်‌ တနေရာမှ ကူညီပေးသော လုပ်ဆောင်ချက် တွေပါ ဖြစ်လိမ့်မယ်လို့ ကျန်တော် တထစ်ချ ယုံကြည် ထားပါသည်။

Edited and Presented by
⚠️ALoT (English)

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

05 Feb, 03:31


⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓 pinned «»

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

03 Feb, 04:29


💥“Usage Tips - 32“
(Euphemism - စကားနု၊ စကားယဉ်၊ စကားလှ)

🔸Euphemism ဆိုတာကို မြန်မာလို ထင်းခနဲမြင် အောင်ပြောရရင်
📕ဗိုက်ကြီးသည် ကို ➡️ ကိုယ်ဝန်ဆောင်
📕အညစ်အကြေးသွားတာ ကို ➡️ အပေါ့အလေးစွန့်
📕သေ ➡️ ကွယ်လွန်
📕ရုပ်ဆိုး ➡️ ရွက်ကြမ်းရေကျို ဆိုပြီး နားဝင်ချိုအောင် သုံးနှုန်းတာပါ။


🔸Polite term (or) indirect term ယဉ်ယဉ်ကျေးကျေး (ဒါမှမဟုတ်) သွယ်ဝိုက်သောနည်းနဲ့ တဖက်လူ နားမခါးအောင် ပြောဆိုတာက Euphemism ပါ သဘောပါ။

🔸Euphemism ဆန်တဲ့ ဝေါဟာရ အချို့ကို ထုတ်ပြရရင် …

die - သေ ➡️ pass away - ကွယ်လွန်
sex - ကာမဆက်ဆံ ➡️ make love - ချစ်တင်းနှော
dead - သေ ➡️ no longer with us - ဘဝတပါး ကူးပြောင်း
jobless - အလုပ်လက်မဲ့ ➡️ between jobs - အလုပ်နှစ်ခု စပ်ကြား
old person - လူအို ➡️ senior citizen - သက်ကြီးရွယ်အို
blind - အကန်း ➡️ visually impaired - အမြင်အာရုံချို့တဲ့
deaf - အပင်း ➡️ hearing impaired - အကြားအာရုံ ချို့တဲ့
second hand - တပတ်ရစ်အကျ ➡️ pre-owned - ပိုင်ဆိုင်သူရှိခဲ့ဖူးသော
sick - ဖျား ➡️ under the weather - နေထိုင်မကောင်း
disabled - မသန်စွမ်း ➡️ special needs - အထူးဂရုစိုက်မှုလိုအပ်သူ
boyfriend/ girlfriend - ရည်းစား ➡️ significant other - အရေးပါသော အခြားသူ
spouse - လင်/မယား➡️ life partner - ဘဝကြင်ဖော်
Prison - ထောင် ➡️ Correctional facility - အကျဉ်း
Toilet - အိမ်သာ ➡️ Restroom - ရေအိမ်၊ သန့်သက်အိမ်
Poop - အိမ်သာတက် ➡️ nature’s call - အလေးစွန့််
fart - အီးပေါက်သည် ➡️ break wind - လေလည်သည်
fat - ဝသော➡️ full-figured - ပြည့်ပြည့်ဖြိုးဖြိုး
short - ဂျပု➡️ vertically challenged - အရိုးအဆစ်ရှည်ဖို့ အခက်အခဲ ရှိသူ
divorced - လင်ကွဲမယားကွဲ ➡️ separated - ကွာရှင်းပြတ်စဲ
arrest - ဖမ်းဆီး ➡️ take into custody - ထိန်းသိမ်းစောင့်ရှောက်

(အချို့သော မြန်မာပြန်များဟာ Euphemism သဘောလို့ ယူဆပြီး ပြန်ဆိုထားတဲ့အတွက်၊ ယခု ပြန်ဆိုချက်ထက်ပိုပြီး နုရွလှပယဉ်ကျေးစွာ ပြန်ဆိုနိုင်ပါသေးတယ်)

Keep Learning!
Tr.D (ALoT)

🚩ဆက်စပ်လေ့လာရန် …
“Euphemism” by Tr.PWW (ALoT)
https://www.facebook.com/104277658613703/posts/172025555172246/

https://t.me/ALoT_English/1709

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

31 Jan, 05:22


⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓 pinned «🏳️‍🌈“Translation WorkShop” (Week-38) ပြီးခဲ့သော WorkShop (Week-37)၊ ရဲ့ Winner နဲ့ Nominees တွေကို မကြေညာခင်၊ ယခုပေးထားသော အင်္ဂလိပ် စာပိုဒ်ကို မြန်မာဘာသာ သို့ပြန်ဆိုပြီး FB Messenger (or) Telegram @DLY09 သို့ Friday, 21st February, 2025 ထက် နောက်မကျစေဘဲ…»

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

31 Jan, 05:22


🏳️‍🌈“Translation WorkShop” (Week-38)

ပြီးခဲ့သော WorkShop (Week-37)၊ ရဲ့ Winner နဲ့ Nominees တွေကို မကြေညာခင်၊ ယခုပေးထားသော အင်္ဂလိပ် စာပိုဒ်ကို မြန်မာဘာသာ သို့ပြန်ဆိုပြီး FB Messenger (or) Telegram @DLY09 သို့ Friday, 21st February, 2025 ထက် နောက်မကျစေဘဲ ပေးပို့ရပါမည်။ Winner
နှင့် စကာတင် Nominees များကို Mobile-bill top-up များ ချီးမြှင့်မည်။


“A Somewhat Town of Burma”

Flory was a man of about thirty-five, of middle height, not ill made. He had very black, stiff hair growing low on his head, and a cropped black moustache, and his skin, naturally sallow, was discoloured by the sun.

Not having grown fat or bald he did not look older than his age, but his face was very haggard in spite of the sunburn, with lank cheeks and a sunken, withered look round the eyes.

He had obviously not shaved this morning. He was dressed in the usual white shirt, khaki drill shorts and stockings, but instead of a topi he wore a battered Terai hat, cocked over one eye.

He carried a bamboo stick with a wrist-thong, and a black cocker spaniel named Flo was ambling after him.

******
Flory's house was at the top of the maidan, close to the edge of the jungle. From the gate the maidan sloped sharply down, scorched and khaki-coloured,
with half a dozen dazzling white bungalows scattered round it.

All quaked, shivered in the hot air. There was an English cemetery within a white wall half-way down the hill, and near by a tiny tin-roofed church.

****

The native town, and the courts and the jail, were over to the right, mostly hidden in green groves of peepul trees. The spire of the pagoda rose from the trees like a slender spear tipped with gold.

Kyauktada was a fairly typical Upper Burma town, that had not changed greatly between the days of Marco Polo and 1910, and might have slept in the Middle Ages for a century more if it had not proved a convenient spot for a railway terminus.

In 1910 the Government made it the headquarters of a district and a seat of Progress — interpretable as a block of law courts, with their army of fat but ravenous pleaders, a hospital, a school and one of those huge, durable jails which the English have built everywhere between Gibraltar and Hong Kong.

The population was about four thousand, including a couple of hundred Indians, a few score Chinese and seven Europeans. There were also two Eurasians named Mr Francis and Mr Samuel, the sons of an American Baptist missionary and a Roman Catholic missionary respectively.

The town contained no curiosities of any kind, except an Indian fakir who had lived for twenty years in a tree near the bazaar, drawing his food up in a basket every morning.

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

25 Jan, 03:19


The Use of the Past Perfect Continuous... (Part -2)”
(⚡️Repost To Reread 23⚡️)

The use of the past perfect continuous

✳️ To describe cause and effect

Present Perfect Continuous တုန်းက ပြောခဲ့သလိုပါပဲ... လက်ရှိကာလမှာ မြင်နေရတဲ့ Visible Results တွေဟာဘာကြောင့်ဖြစ်တယ်ဆိုတာပြောပြဖို့ Present Perfect Continuous သုံးသလိုမျိုးပါ...

📕You are soaking wet.
- Yes, I have been playing in the rain.

🔸ဒီအသုံး ကို အတိတ်ကာလဖြစ်ရပ်တွေအတွက် သုံးတဲ့အခါ Present Simple က ➡️Past Simple ဖြစ်လာပြီး Present Perfect Continuous ကို ➡️Past Perfect Continuous အဖြစ်ရေးသားရတာပါ။

📕You were soaking wet.
Yes, I had been playing in the rain.



“Examples”

📕ကျွန်တော့်မနေ့က မန်နေဂျာ၏ဆူငေါက်ခြင်းခံခဲ့ရသည်။ ကျွန်တော်က တစ်နေ့လည်းလုံး အိပ်ပျော်နေခဲ့တာကိုး။
I was scolded by the manager yesterday because I had been sleeping the whole afternoon.

📕မနေ့ညက ညနက်သည်အထိ ဘောလုံးပွဲများကြည့်နေ၍မနက်အထိ အိပ်မပျော်ခဲ့ပေ။
I had been watching football matches late last night, so I couldn't get a wink of sleep till morning.

📕ညနေရောက်တော့ သူ့ခမျာသေမတတ်ပင်ပန်းနေပြီလေ။ တစ်နေ့လုံး အလုပ်လုပ်နေခဲ့တာကိုး။
အလွန်ပင်ပန်း...(dog tired)
In the evening, he was dog-tired because he had been working the whole day.

📕Nilar ဝိတ်တတ်နေခဲ့တယ်။ သူက အလွန်အကျွံစားနေတာကိုး။
Nilar gained weight because she had been overeating.

📕Betty တစ်ယောက် နောက်ဆုံးအစမ်းစာမေးပွဲကျတယ်လေ။ သူက အတန်းကိုပုံမှန်မတက်ဘူးလေ။
Betty failed the final exam because he had not been attending classes regularly.

📕သူ စာမေးပွဲ ဖြေနိုင်ခဲ့တယ်။ သူစာကျက်နေတာလပေါင်းများစွာ ရှိပြီကိုး။
He did well in the exam because he had been studying for months.



🔸Continuous ပုံစံရေးမရတဲ့ ✳️“Stative Verbs”တွေကလွဲလို့ အထက်ပါ ✳️ “Cause and Effect” အခြေအနေမှာ past perfect ကိုသုံးလို့ရပါတယ်။

➡️Past Perfect Continuous ဆိုရင် ဆက်
လုပ်နေတဲ့ ✳️Action ကို Highlight လုပ်တာဖြစ်ပြီး Past Perfect က ပြီးစီးပြီးသားဖြစ်မှု့ကို Highlight လုပ်တာဖြစ်ပါတယ်။

📕He did well in the exam because he had been studying for months.
(OR)
He did well in the exam because he had studied for months.

📕 I had been working hard all year, so I felt that I deserved a holiday.
(OR)
I had worked hard all year, so I felt that I deserved a holiday.



With L❤️ve,
Tr. PWW (ALoT)

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

17 Jan, 05:11


The Use of the Past Perfect Continuous...
(Part 1)”
(⚡️Repost To Reread 22⚡️)

✳️ had + been + ving

➡️ Present perfect continuous အသုံးနဲ့ဆင်တူပါတယ်။
Peference of Time က ပစ္စုပ္ပန် မဟုတ်တော့ဘဲ အတိတ်ကာလ ဖြစ်သွားတာပဲကွာတာပါ။

🔸 I. အတိတ်ကာလတစ်ခုအထိ အဲဒီအရင်က action တစ်ခု ဆက်လက်လုပ်ကိုင်ဖြစ်ပေါ်နေတာကို ဖော်ပြရာမှာသုံးတာပါ။

had been vingpastnow

>> မည်မျှကြာပြီဆိုတာကိုပြဖို့...for + time ပါတတ်ပါတယ်။

✳️ Sub had been ving for time when/before sub simple past

Examples…

📕ကျောင်းအုပ်ကြီးရောက်လာတော့ ကျွန်မတို့နေပူထဲ မက်တပ်ရပ်နေတာ နာရီဝက်ရှိပြီ။
(ရောက်လာတာကလည်း past action ပါ..
အဲဒီအချိန်မှာ earlier action ဖြစ်တဲ့ ရပ် နေခြင်းက continuous / ဆက်ဖြစ်နေတာပါ)

We had been standing in the sun for half an hour when the principal arrived.

📕ဥက္ကဋ္ဌ ကြီးဝင်လာတော့ စည်းဝေးခန်းထဲ သူတို့စောင့်နေတာ တစ်နာရီလောက်ရှိပြီ။

They had been waiting in the meeting room for about an hour when the president came in.

📕ဗိုလ်ချုပ်အောင်းဆန်း လုပ်ကြံခံရတော့ သူဟာလွတ်လပ်ရေးအတွက်အလုပ်လုပ်နေတာ နှစ်ပေါင်းများစွာရှိပြီ။

Bogyoke Aung San had been working for the independence for years when he was assassinated.

📕 ဧည့်သည်တွေရောက်လာချိန်မှာ ကျွန်တော်က ခြံထဲမှာအလုပ်လုပ်နေတာ ၂နာရီလောက်ရှိပြီ။

I had been working in the garden for about two hours when the guests arrived.

📕 သူက နိုင်ငံခြားထွက်ဖို့အဆင်သင့်ဖြစ်ချိန်မှာ အင်္ဂလိပ်စာ လေ့လာနေတာ ၃နှစ်ရှိပြီ။

She had been studying English for three years when she was ready to go abroad.



✳️The past continuous vs the past perfect continuous
..........

➡️ ကြာချိန်ကို အလေးမပေးချင်တဲ့အခါမှာတော့

🔸past perfect continuous အစား....past continuous နဲ့လည်း ရေးနိုင်ပါတယ်။

📕 They were waiting in the meeting room when the president came in.

📕 I was working in the garden when the guests arrived.

🔸🔸ဒီနေရာမှာ သတိပြုမိစေချင်တာက past continuous က လုပ်ကိုင်နေရင်း ကြားဖြတ်ဖြစ်လာတာကိုပြောတာပါ။
ဒါကြောင့် …….

📕 He was tired because he was working so hard. လို့ရေးရင် လုပ်ရင်းတန်းလန်း မောနေတာကိုပြပါတယ်။

➡️ Past Perfect Continuous ဆိုရင်တော့ အချိန်ကာလတစ်ခုထိ လုပ်နေခဲ့တယ်...မောချိန်မှာ ရပ်ရင်လည်းရပ်ပြီ...ဆက်လုပ်နေတာဖြစ်ရင်လည်းဖြစ်နိုင်ပါတယ်။

📕He was tired because he had been working so hard.



Exercises⚡️⚡️

သူ ရာထူးတိုးတော့ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၅နှစ်ရှိပြီ။

နောက်ဆုံးတော့ taxi တစ်စင်းကို တွေ့လိုက်ချိန်မှာ ကျွန်တော် လမ်းလျှောက်နေတာ နာရီပေါင်းများစွာရှိပြီ။

ဆရာမဝင်လာတော့ သူတို့ဒီအကြောင်းဆွေးနွေးနေကြတာ ၂နာရီလောက်ရှိပြီ။

၁၇၇၀ ခုနှစ်မှာ Australia ကိုရှာဖွေမတွေ့ရှိခင် Captain Cook တစ်ယောက် ရွက်လွင့်နေတာ ၈ လရှိပြီ။

James ဟာ အခြားမြို့ကို ရွှေ့မသွားခင်မှာ ကျွန်တော်တို့ကျောင်းမှာစာသင်နေခဲ့တာ ၅နှစ်ကြာတယ်။



Answers ::::::

🔑He had been working at that company for five years when he got a promotion.

🔑I had been walking for hours when I finally found a taxi.

🔑They had been discussing that matter for two hours when their teacher came in.

🔑In 1770, Captain Cook had been sailing for 8 months before he discovered Australia.

🔑James had been teaching at our school before he left for another town.

With L❤️ve,
Tr. PWW (ALoT)

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

14 Jan, 04:16


❗️ALoT Quiz🏴󠁧󠁢󠁥󠁮󠁧󠁿TAlk LiKe A NaTivE 🇺🇸
(Conversation Set-4, Quiz)

ပြီးခဲ့တဲ့ ရက်ပိုင်းက လေ့လာခဲ့တဲ့ စကားပြော - ၄ https://t.me/ALoT_English/3824 ထဲက ဝေါဟာရတွေကို ဘယ်လောက်ထိ မှတ်မိနေလဲ ဆိုတာ Quiz ဖြေပြီး စမ်းသပ်ကြည့်ရအောင်ပါ။

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

11 Jan, 03:50


💥 Usage Tips - 31”
(How Heavy)

✳️Heavy ဆိုတဲ့ ဝေါဟာရဟာ ကိုယ်တွေပိုင်နိုင်နေတဲ့ Active Vocabulary တစ်လုံးလို့ ထင်ရပေမယ့်လည်း.. သူ့မှာ ကိုယ်သိတာထက် ပို အသုံးဝင်တဲ့ Usage တွေ ရှိနေပါတယ်။ ဒီ ဝေါဟာရတွေဟာ သိသလိုလိုရှိပေမယ့် သုံးချင်ရင် ခေါင်းထဲက အလွယ်တကူ မထွက်လာတဲ့ Passive ဝေါဟာရတွေပါ။

ဒါဆို ဘယ်လိုမျိုးတွေလဲ

🎸အခြေအနေတစ်ခုဟာ မခံမရပ်နိုင်ဖြစ်တဲ့အခါ ..
heavy sorrow
(ရင်ထုမနာ ဝမ်းနည်း ပူဆွေးရသော)
heavy heart
heavy eyelids
heavy spirit
heavy step

🎸အရာဝတ္ထုတွေ အလေးချိန်များတဲ့ အခါ..
heavy load
(အလေးချိန်စီး)

🎸မိုးသည်း၊ တိမ်တွေ၊ မြူတွေ ထူထဲတဲ့အခါ..
heavy rain
heavy clouds

🎸လမ်းတွေကားတွေ ကျပ်တဲ့အခါ ..
heavy traffic

🎸ဟင်း/ အရည် အနှစ်တွေ ပျစ်နေတဲ့အခါ ..
heavy soup, heavy stew
heavy cream
heavy syrup

🎸အလေးအနက်ထားရတဲ့ ကိစ္စရပ်တွေ ..
heavy discussion
(အရေးကြီး ဆွေးနွေးပွဲ)
heavy consequences

🎸အကျင့်တစ်ခုခုကို လွန်လွန်ကျူးကျူးလုပ်တဲ့အခါ..
heavy smoker
(ဆေးလိပ် အလွန်ကျွံ သောက်သူ)
heavy drinking

🎸ထိချက်၊ အခြေအနေ ပြင်းထန်တဲ့အခါ..
heavy blow to the face
(မျက်နှာကို ခပ်ပြင်းပြင်း ဆောင့်မိ)
heavy fighting

🎸အသွင်အပြင် ဖိုသီဖတ်သီ
heavy features

🎸🎸အနံ့အသက်တွေ ပြင်း တဲ့အခါ
heavy scent
heavy perfume

🎸ရောဂါဝေဒနာတွေ ဆိုးရွားတဲ့ အခါ
heavy cold (ပြင်းထန် အအေးမိရောဂါ)

🎸ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ကျတဲ့အခါ
heavy sentence
heavy fines
heavy taxes

🎸အသံတွေ ကျယ်လောင်ပြင်းထန်တဲ့အခါ
heavy thud
heavy breathing

🎸သိပ်သည်းဆတွေများတဲ့အခါ
heavy soil

🎸ထိခိုက်မှုကြီးမားတဲ့အခါ
heavy casualties
heavy damage

🎸လှိုင်းထန်လေကြမ်းတဲ့အခါ
heavy seas
heavy weather

🎸သစ်တောတွေထူထပ်တဲ့အခါ
heavy growth of trees

🎸ကုန်ကြမ်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ
heavy industry

‘Heavy’ နဲ့ ပတ်သက်သမျှ ကို လက်လှမ်းမှီရာ လေ့လာကြည့်မိတာပါ။

Keep Learning!
Tr.D (ALoT)

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

08 Jan, 04:12


🏴󠁧󠁢󠁥󠁮󠁧󠁿TAlk LiKe A NaTivE 🇺🇸
(Conversation Set-4)


Mary : The New Year is just ➡️around the corner . It’s time to ➡️shop around for bargains.
Mary : နှစ်သစ်ကူးကတော့ အနားကပ်နေပြီ၊ စျေးလျှောက်ပတ်ကြည့်ပြီး အချိုအချောင် လေးတွေ ရှာဝယ်ရမယ့် အချိန်ပဲဟ။

Suzan : Yeah, you’re right. Everything is ➡️sky-high nowadays and I’m ➡️fed up with ➡️cutting corners ➡️just to make ends meet .
Suzan : အေး၊ ဟုတ်ပ။ အားလုံးက ဒီအချိန်မှာ စျေးတွေ မိုးထိုးနေတာ။ မကြိုက်ဘဲနဲ့ သက်သာမလားဆိုပြီး ပေါချောင်ကောင်းတွေ လိုက်ရှာဝယ်ရတာကို စိတ်ပျက်လာပြီ။

Mary : Why don’t you ➡️cut down on smoking then?
Mary : ဒါနဲ့များ ဘာလို့ ဆေးလိပ်ကျတော့ လျှော့မသောက်လဲ?

Suzan : You may say I’m ➡️making excuses . But it does give me some ➡️solace .
Suzan : ငါ ဆင်ခြေ ဆင်လက် လုပ်နေတယ်လို့၊ နင်တော့ပြောမှာပဲ၊ ဒါပေမယ့် ဆေးလိပ်က စိတ်ပြေလက်ပျောက် ရှိတာတော့ အမှန်ပဲ။
Mary : ➡️Get out of here !
Mary : မဟုတ်တာတွေ ပြော!



⭐️Vocabulary
✳️Around the corner: very near.
(အနီးအနား၊ အနားတဝိုက်၊ အနားကပ်)

✳️Shop around: to go to several shops before you decide what to buy.
(မဝယ်ခင် လျှောက်ပတ်ကြည့်ရှု)

✳️Sky-high: very high.
(အဆမတန် မြင့်မားသော၊ မိုးထိုးနေသော)

✳️To be fed up with: annoyed, unhappy, or bored, especially with a situation that has existed for a long time.
(ကြာရှည်ကြုံတွေ့နေရ၍ ငြီးငွေ့စိတ်ပျက်လာသော)

✳️Cut corners: do something perfunctorily so as to save time or money.
(တကယ်စိတ်မစားဝင်ဘဲ အချိန်/ငွေ သက်သာအောင် အဆင်ပြေရာ လုပ်ပစ်သည်)

✳️Make ends meet: to have enough money to buy what you need to live.
(ဝင်ငွေထွက်ငွေမျှအောင် နေထိုင်သည်)

✳️Cut down on: to do or use less of something.
(ဖြတ်တောက်သည်၊ လျှော့ချသည်)

✳️Make an excuse : to give a reason for doing something you shouldn't do.
(ဆင်ခြေပေးသည်)

✳️Give solace: to help and comfort when you are feeling sad or worried.
(နားချသည်၊ အားပေးနှစ်သိမ့်သည်စိတ်သက်သာရစေသည်)

✳️Get out of here ! - used to express disbelief.
(သွားစမ်းပါ - မဟုတ်တာတွေပြောနေ၍)


Keep Learning!
Tr.D (ALoT)

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

05 Jan, 03:14


ဟောင်းနွမ်းညစ်ပေနေတဲ့ အဝတ်စားတွေဝတ်ထားတာတောင်မျက်ခုံးထူထူ၊နက်မှောင်စူးရှတဲ့အကြည့်၊ကျယ်ပြန့်တဲ့မဟာနဖူးနဲ့ သေသပ်တဲ့ဆံပင်ခွဲကြောင်းတွေကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တည်ကြည်ခန့်ညားပြီးလေးစားစရာပုံစံကိုပေါ်လွင်စေတယ်။

Lost in thought, he gazed at the marionette
and I tactfully stayed silent. He then took her on his knee tenderly as he might a child and undid her hair. I almost gasped. It was real hair, black and glossy. I found my voice and said: "It's real hair!"
သူ့ရဲ့ ရုပ်သေးရုပ်လေးကို စိုက်ကြည့်ပြီး အတွေးထဲမှာ မျောလွင့်နေတာနဲ့ ကျွန်မလည်း အလိုက်တသိနဲ့ တိတ်တိတ်လေးနေပေးလိုက်တယ်။နောက်တော့ ကလေးတစ်ယောက်လို ရုပ်သေးရုပ်လေးကို သူ့ဒူးပေါ်မှာ ညင်သာစွာတင်လိုက်တယ်။ ပြီး‌တော့ ဆံပင်ကိုဖြည်ချလိုက်တယ်။ဆံပင်ကို ဖြည်ချလိုက်တော့ နက်
မှောင်သန်စွမ်းလှတဲ့ တကယ့်ဆံပင်အစစ် ဖြစ်တာ
ကိုမြင်လိုက်ရတော့ ကျွန်မတောင်ငေးမော ကြည့်မိသွားတယ်။ ”ဆံပင်အစစ်တော့”လို့ အမှတ်မထင် အသံထွက်မိသွားတယ်။

U Sein Khine combed the marionette's hair with a tiny tortoise shell comb and tied it into knot so that the fringe hung gracefully on one side of her shoulder.
ဦးစိန်ခိုင်ဟာ လိပ်ခွံဘီးသေးသေးလေးနဲ့ ရုပ်သေးရုပ်လေးရဲ့ဆံပင်ကို ဖီးပေးရင်းကနေ ‌ဆံထုံးထုံးပြီး ဆံမြိတ်ချကာ ပုခုံးတစ်ဖက်ပေါ်ကို ချလိုက်တော့ ကျက်သရေရှိပြီးလှပတင့်တယ်လွန်းတဲ့ အမျိုးသမီးလေးလို။

"Of course her hair's real. I should know; be-
cause it's my own hair. My hair used to be black and glossy in my younger days"
“ဟုတ်ပဗျာ တကယ့်ဆံပင်အစစ်ပါပဲ။အဘရဲ့ဆံပင်မို့လို့ အဘ သိတာပေါ့ကွယ်။အဘငယ်
ငယ်တုန်းက ဒီလိုပဲ ဆံပင်ကောင်းခဲ့တာလေ”။

"Then you have had this marionette for many years?"
“ဒါဆို အဘမှာ ဒီရုပ်သေးရုပ်လေးရှိခဲ့တာ နှစ်တွေမနဲတော့ဘူးပေါ့…”။

"Now, young lady, will you do me a favour by not calling my minthami 'this marionette.' She is every inch a minthami. I fashioned her with my own hands and gave her my own hair. She has my heart too."
“ဒီမယ် …ကလေးမ အဘရဲ့မင်းသမီးလေးကို ဒီရုပ်သေးရုပ်လို့မခေါ်ပါနဲ့လား?? သူက ဘယ်လို ကြည့်ကြည့် မင်းသမီးလေးပါကွဲ့။ အဘ လက်နဲ့ ကိုယ်တိုင် သူ့(မ)ရဲ့ ဆံပင်တွေ အမျိုးမျိုးပုံသွင်း ပေးခဲ့သလို အဘရဲ့ကိုယ်ပိုင်ဆံပင် ကိုသူ့(မ)ကို ဆင်ယင်ပေးခဲ့တာပါ။ အဘနဲ့ သူမနဲ့က ခွဲထားလို့ မရအောင်ပါပဲ။

He looked quite livid and I almost feared he
must be crazy. As if he sensed my thoughts, he smiled and said:
သူ ဒေါသတော်တော်ထွက်သွားပုံပဲ။ ရူးနေတာလားတွေးမိပြီး ကျွန်မထိတ်လန့်မိသွားခဲ့တယ်။ ကျွန်မရဲ့အတွေးတွေကို သိနေတဲ့အတိုင်းပဲ ပြုံး‌ပြီး ကျွန်မပြန်ပြောပါတယ်….

"Don't be afraid. I'm not mad or anything of that sort. You see, I love her, for she is the likeness of the woman I once loved."
I was instantly alive.
“မကြောက်ပါနဲ့ ကလေးမရယ်…အဘက ရူးနေတာလည်းမဟုတ် နှမ်းနေတာလည်းမဟုတ်ပါဘူးကွယ်။ အဘက အဘတစ်ချိန်ကချစ်ခဲ့ရဖူးတဲ့အမျိုးသမီးနဲ့တူတဲ့ ဟော့ဒီ ရွှေမင်းသမီးလေးကို အရမ်းမြတ်နိုးလို့ပါ”။ အဲ့ချိန်ကျမှ ကျွန်မလည်း သတိဝင်လာတော့တယ်။

Now, for a good story---a story of the bygone days when marionette troupes travelled in big barges along the river. They were artistes who brought entertainment, fun and magic wherever they stopped.
အခုတော့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်သွားပါပြီကွယ်…ရုပ်သေးသဘင်အဖွဲ့တွေ မြစ်တစ်လျှောက် သမ္ဗာန်တစ်စီးနဲ့ လိုက်ပြီးကပြဖျော်ဖြေစဉ်က ဖြစ်ပျက်ခဲ့တယ် ဇာတ်လမ်းလေးပေါ့ကွယ်။ သူတို့ရောက်တဲ့အရပ်မှာ ဖျော်ဖြေမှု‌တွေ၊ပျော်ရွှင်မှုတွေနဲ့ ဆန်းကြယ်မှုတွေကို ယူဆောင်ပေးရတဲ့ သဘင်ပညာသည်တွေပေါ့ရှင်။

Rendered into Myanmar by “🏆Rachel”
Edited and Presented by “⚠️ALoT”

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

01 Jan, 05:40


🎄Wishing You a Resilient New Year”

🎓Our nation’s foundation is laid upon the principles of individual educational attainment, and this is a fundamental truth that we unequivocally acknowledge. English stands as the sole language that can effectively facilitate the transition to international educational systems.
(နိုင်ငံရဲ့ တိုးတက်မှု အခြေခံအုတ်မြစ်ဟာ တစ်ဦးချင်းပညာရေး အောင်မြင်မှုပေါ်တွင် တည်မှီနေပြီး ဒါဟာ ငြင်းမရတဲ့ အခြေခံအမှန်တရားပါ။ အင်္ဂလိပ်စာဟာ နိုင်ငံတကာပညာရေးစနစ်ကို ကူးပြောင်းရာမှာ ထိထိရောက်ရောက် လွယ်ကူချောမွေ့စေတဲ့ တစ်ဦးတည်းသောဘာသာစကားပါ)

🎓Prioritizing the growth of our own education, followed by that of our families, communities, and the nation as a whole, is essential for achieving this goal.
(ကိုယ့်ရဲ့ ပညာရေးကို အရင်ဆုံးအဆင့်မြှင့်ပြီး၊ ကိုယ့်မိသားစု၊ ဒါမှတဆင့် ကိုယ့် လူမှုဝန်းကျင်၊ နောက်ဆုံး နိုင်ငံအတွက်ပါ မြင့်မားလာအောင် ဆောင်ရွက်နိုင်ဖို့ ပဓာနကျပါတယ်)

🎓ALoT is honored to provide you with the necessary assistance in overcoming your language barriers.
(ညီငယ်၊ ညီမငယ်တွေရဲ့ ဘာသာစကား အခက်အခဲတွေကို တစ်ထောင့်တစ်နေရာက ကူညီခွင့်ရနေတာကို ALoT အနေနဲ့ ဂုဏ်ယူမိကြောင်းပါ)

🎓We extend our best wishes for a safe and prosperous new year.
(နှစ်သစ်မှာ ဘေးအန္တရာယ်ကင်းရှင်းပြီး အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်)

With L❤️ ve,
ALoT Admin Team

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

25 Dec, 08:45


“Chris🌲más Decorations”

🎄ခရစ်စမတ်သစ်ပင်ကို ၁၆ ရာစု ကတည်းက
ဂျာမန်လူမျိုး တွေက အိမ်ထဲကို ယူဆောင်ကျင်းပတဲ့ အလေ့အထရှိခဲ့တယ်လို့ အဆိုရှိပါတယ်။ ခရစ်စမတ်သစ်ပင်ကို “fir” လို့ခေါ်တဲ့ ထင်းရှူးပင်ကနေ ခုတ်ဖြတ်ပြုလုပ်လေ့ရှိပါတယ်။ “pine” နဲ့ “spruce” ထင်းရှူးအမျိုးအစား တွေကလည်း ခရစ်စမတ်သစ်ပင်ကို ပြုလုပ်ကြပါတယ်။

🎄“Fir” ထင်းရှူးပင်တွေရဲ့ needles လို့ ခေါ်တဲ့ အရွက်ရှည်ရှည်မျောမျောတွေဟာ တော်ရုံတန်ရုံ မကြွေဘဲ အမြဲစိမ်းနေပြီး၊ တောင့်တင်းမာချွန်မနေတဲ့ အတွက် စူးမိထိမိမှာ မစိုးရိမ်ရပါဘူး။

🎄အကိုင်းတွေဟာ ခိုင်မာတဲ့အတွက် အလှဆင်၊ လက်ဆောင်ပစ္စည်းတွေ ချိတ်ဆွဲတဲ့အခါ ကိုင်းညွှတ်မှု နည်းပါတယ်။

🎄ခရစ်စမတ်သစ်ပင်ဟာ ခရစ်တော်ရဲ့ မွေးဖွားခြင်းနဲ့ ပြန်လည်ရှင်သန်ထမြောက်ခြင်း ကို ကိုယ်စားပြုတဲ့ အရေးအကြီးဆုံးခရစ်စမတ်အထိန်းအမှတ်တွေထဲက တစ်ခုပါ။

🎄Merry Christmas!
ALoT Admin Team

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

24 Dec, 07:29


Channel name was changed to «⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓»

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

24 Dec, 06:42


⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓 pinned «»

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

21 Dec, 10:46


ALoTers အမေး ⚠️LoT အဖြေ✍️✍️ (Part-16)

“There” အကြောင်းလေ့လာတဲ့ အခါ ‘It’ ကို ချန်ထားလို့မရပါဘူး။

❤️‍🩹It= a specific thing, fact,place,situation etc.
It ကို တိတိကျကျ သတ်သတ်မှတ်မှတ်ရှိတဲ့ နေရာ အခြေအနေ အချက်အလက် အကြောင်းအရာတို့ကို ပြောချင်တဲ့အခါ သုံးပါတယ်
1. It's dangerous to walk in the road.
2. That building is now a supermarket. It used to be a cinema.
3. Last year it was very cold in our region.
4. I hate it when the alarm suddenly goes off.
5. It seems that he was unhappy in London.

အကျယ်ဖြန့်ရရင် ..

I. Weather condition
II. Distance
III. Time
IV. Environment
V. It + Be + Adj + to-infinitive
VI. It + Be + Noun/Pronoun + who-clause/ that -clause (Emphasis))
VII. It + take + person + time taken (forမလို) + to- infinitive
VIII. It + Be + Adj/Noun + Clause
IX. It + Verb + Object + that-Clause
X. It's time (for someone) to Infinitive

I. weather condition🔺
1. ဒီနေ့ သာယာတယ်။
It is fine today.
2. အပြင်မှာ မိုးရွာနေသလား။
Is it raining outside?
3. ဆောင်းရာသီဆို ဒီမှာ တော်တော်အေးသလား။
Is it very cold here in winter?
4. မနေ့က လေတိုက်ခဲ့တယ်။
It was windy yesterday.
5. ဇွန်လမှာ တအားပူတယ်။
It is very hot in June.

II. distance🔺
1. ငါ့အိမ်နဲ့ မင်းအိမ်နဲ့ ၂ကီလိုမီတာ ဝေးတယ်။
It is two kilometers (far) from my house to yours.
2. မုံရွာနဲ့ ရန်ကုန် ဘယ်လောက်ဝေးလဲ။
How far is it from Monywa to Yangon?
3. ဟိုတယ်ကနေ စျေးအထိ ဘယ်လောက်ဝေးမယ်လို မင်းထင်သလဲ
Do you think how far it is from the hotel to the market?

III. time🔺
1. ဘယ်အချိန် ရှိပြီလဲ။
What time is it?
2. ၁၀ နာရီ ခွဲပြီ။
It is half past ten.
3. မေလ ၂၇ရက် ဖြစ်ပါတယ်။
It is May 26.

IV. Environment🔺
1. အရမ်းမှောင်နေလို့ တယောက်တည်း မနေရဲဘူး။
I daren't stay alone because it is very dark.
2. ငါ့ အခန်းက လေဝင်လေထွက်ကောင်းတယ်။
It is light and airy in my bedroom.
3. ဒီအခန်းမှာ အဲကွန်း တပ်ထားသလား။
It is air-conditioned in this room.

V. It + Be + Adi + to-infinitive🔺
1. ဒီစာအုပ်ဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ်။
It is interesting to read this book.
2. တွေ့ရတာ ဝမ်းသာတယ်။
It is nice to see you.
3. အိမ်မှာနေတာ ဘေးကင်းတယ်။
It is safe to stay at home.

VI. Emphasis🔺
1. တချိန်လုံးနီးပါး ဂိမ်းဆော့ချင်တဲ့ ကျော်ကျော်ပါ။
It was Kyaw Kyaw who wanted to play computer games.
2. ဆရာဝန်က အမှားလုပ်မိလိုက်တဲ့ လူနာပါ။
It is the patient that the doctor makes a mistake.
3. ကျနော် သူမကို နောက်ဆုံးတွေ့ခဲ့တာ ပါတီပွဲမှာပါ။
It is at the party that I last saw her.

VII. It + take + N/Pronoun + time taken + to-infinitive🔺
1. ဒီကနေ နာရီစင်ကို သွားဖို့ ဘယ်လောက်ကြာမလဲ။
How long does it take me to go from here to the clock tower?
2. ရေကူးတတ်ဖို့ သူ တစ်ပတ်ကြာခဲ့တယ်။
It took him a week to learn to swim.
3. နေပြန်ကောင်းလာဖို့ မင်း ရက်နည်းနည်း ကြာနိုင်တယ်။
It may take you a few days to recover from your illness.

VIII. It + Be + Adj/ Noun + Clause🔺
1. ပီတာက စာမေးပွဲကို နှစ်ချင်းပေါက်အောင်တာ အံ့သြစရာမဟုတ်ဘူး။
It is no wonder that Peter passed the exam at one stroke.
2. Jenny က ဘာ့ကြောင့် စင်ကာပူကနေထွက်သွားဖို့ ဘာ့ကြောင့်ဆုံးဖြတ်ခဲ့တာလဲ ဆိုတာ ရှင်းပါတယ်။
It is clear why Jenny decided to leave Singapore.
3. အခု ပြောပြလည်း အသုံးမဝင်တော့ဘူး။ ငါ က ပြီးခဲ့တဲ့တစ်ပတ်လောက်က သိဖို့လိုခဲ့တာ။
It is no good telling me now. I needed to know(it) a week ago.

IX. It + Verb + Object + that-Clause🔺
1. သူ အများကြီးစားလွန်းတာက ငါ့ကို စိတ်အနှောက်အယှက် ဖြစ်စေတယ်။
It annoyed me that he ate too much.
2. သူ ကျောင်းထွက်သွာတးက ငါ့ကို အံ့သြစေတယ်။
It surprised me that he left his school.
3. သူ တအားမြန်မြန်မောင်းတာက ငါ့ကို စိတ်ပူပန်စေတယ်။
It worried me that he drove so fast.

X. It's time (for someone) to Infinitive🔺
1. It's time for us to leave.
2. It's time to go to bed now.
3. You bedroom is in a terrible mess. Don't you think it's time you cleaned it?
တခုခုကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်ရောက်ပြီလို့ စဥ်းစားတွေးတောမိတဲ့အခါမျိုးမှာ
It's time + a past tense ကို သုံးပါတယ်

Tr.TT (ALoT)

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

18 Dec, 09:54


“Collocations”
(⚡️Repost To Reread 21⚡️)

တွေးမိတွေးရာ collocationအကြောင်း
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

✳️အင်္ဂလိပ်စာကို လေ့လာရတာလည်း မလွယ်လှဘူး။ ဘာသာပြန်တာလွဲရင် အဓိပ္ပါယ်တစ်မျိုးသက်ရောက်သွားပြီး ရယ်စရာဖြစ်သွားနိုင်တယ်။ လူတွေ ရေးပြောကြရာမှာ လိုက်ဖက်တဲ့အသုံးတွဲဆိုတာရှိပါတယ်။ 🎃“collocation”လို့ခေါ်တာပေါ့။

✳️မြန်မာစကားမှာ
"ခွေးဟောင်တယ်"(Dogs bark)
"ခွေးအူတယ်"(Dogs howl)

ခွေး တွေအသံပြုပုံကအများကြီးရှိပါတယ်။
“howl, whine, yelp, bay, snarl...”။
ဒါပေမယ့်မြန်မာစာမှာ "ခွေးမြည်တယ်''၊ "ခွေးအော်တယ်" လို့မသုံးပါဘူး။ "Dogs cry” လို့မတွေ့ဖူး။ "ကျီးအာတယ်"( Rooks caw.) လို့ပဲသုံးတယ်။

🦜ကျေးငှက်တွေအော်မြည်တာကို "cry" လို့ ယေဘုယျသဘောနဲ့ပဲ သုံးတယ်ထင်ပါတယ်။ ဒီလိုပဲ ကျေးငှက်တိရိစ္ဆာန်တွေရဲ့ အသံတွေကလည်းအများကြီး။ တကယ်ဆို ဘယ်သတ္တဝါဘယ်လိုအသံပြုတယ်ဆိုတာကို အင်္ဂလိပ်လိုမဆိုထားနဲ့ မြန်မာလို‌ တောင်အကုန်မသိပါ🥵

✳️တစ်ခါ "မျက်နှာသစ်တယ်" လို့ပဲသုံးတယ်။ "မျက်နှာလျှော်တယ်" လို့မသုံးဘူး။
ဒါကြောင့် ''I wash my face."။ "မျက်နှာသစ်တယ်" ဆိုတဲ့မြန်မာအသုံးအတိုင်း "သစ်တယ်" ဆိုတာကို အဘိဓာန်မှာရှာလို့မဖြစ်နိုင်။ မျက်နှာသစ်တာကို "I clean my face." လို့ပြောလေ့မရှိပါ။

သာမန်အားဖြင့်🐝 "ပျားတုတ်တယ်" လို့ပြောတယ်။ "ပျားကိုက်/ထိုးတယ်" လို့မသုံး။ ဒါကြောင့် ယေဘုယျအားဖြင့် "A bee stings...." လို့ပဲသုံးရပါတော့မယ်။ "A bee bites.....လို့အသုံးနည်းပါတယ်။

🐍 "မြွေဆိပ်၊ ကင်းဆိပ်၊ပျားဆိပ်" စတာတွေကို "poison" လို့သွားမသုံးလေနဲ့။ သူတို့အတွက် "venom" ဆိုတဲ့အသုံးရှိတယ်။ ဒါပေမယ့် "အဆိပ်ရှိသော မြွေ" ကိုကျပြန်တော့ a venomous/ poisonous snake လို့သုံးလို့ရပြန်။

🔥 "အင်မတန်ပူတယ်/အေးတယ်" လို့သုံးတယ်။ "လုံးဝ ပူတယ်/အေးတယ်" လို့တော့မသုံးရဘူး။ completely hot လို့မရဘူး။
very hot/ extremely hot လို့သာသုံးရသတဲ့။( non-gradable/ gradable adjective အကြောင်းကို Advanced Grammar in Use (Martin Hewings) စာအုပ်မှာလေ့လာနိုင်ပါတယ်။

👨"ဒီမင်းသားလှလိုက်တာ" လို့မြန်မာလိုသုံးကြပေမယ့် အင်္ဂလိပ်စာမှာ " How beautiful this actor is! လို့သုံးရင် မင်းသားဟာ ယောင်္ကျားတစ်ယောက်လို ခန့်ညားတာမဟုတ်တော့ဘဲ မိန်းမလို လှပတာလို့ယူရသတဲ့။ "handsome" ကိုသာသုံးအပ်တယ်။ ဒါပေမယ့် အရွယ်မရောက်သေးတဲ့ ယောင်္ကျားလေးကိုကျတော့ “a beautiful boy” လို့သုံးနိုင်။ “a beautiful man” လို့တော့မလုပ်နဲ့ပေါ့။

✳️ "ဆုံးဖြတ်ချက်ချတယ်" ဆိုတာကိုလည်း မြန်မာလိုအတွေးနဲ့ ဆိုမှားပါလိမ့်မယ်။ make a decision ပါပဲ။ (make နှင့် do အသုံးမတူတာကိုလည်း လေ့လာထားအပ်ပါတယ်။)

✳️"အရိုအသေပေးတယ်" ဆိုတဲ့နေရာမှာလည်း "ပေးတယ်" ကို "give'' နဲ့သွားလုပ်လို့မရဘူး။ pay respects ပေါ့။

✳️"အချိန်/ ငွေ ကိုသုံးတယ်" ဆိုတဲ့နေရာမှာလည်း "use" နဲ့ မသုံးရဘဲ "spend" ကိုသာသုံးပါတယ်။

✳️"နေမကောင်းလို့ဆေးသောက်တယ်။" ဆိုတဲ့ဝါကျမှာ "သောက်တယ်" ဆိုတဲ့အတိုင်း "drink" နဲ့သွားရေးရင် အင်္ဂလိပ်စာ လုံးဝ မတတ်ရာရောက်မှာပေါ့။ "take medicine" လို့သာသုံးပါတယ်။ (take နှင့် have တွေနဲ့တွဲသုံးတဲ့ collocations တွေကိုမှတ်သင့်ပါတယ်)။

✳️ "TV/ ဘောလုံးပွဲကြည့်တယ်" ဆိုတဲ့စကားမှာလည်း "ကြည့်တယ်" ဆိုတိုင်း "look at TV, the football match" လို့မရဘူး။ “see, watch TV, the football match” လို့သာအသုံးရှိ။

✳️တစ်ခါ " ပွဲ" ဆိုတိုင်းလည်း ဘယ်လိုပွဲမျိုးလဲဆိုတာ စကားအဆက်အစပ်ကိုကြည့်ရပါမယ်။ ဘုရားပွဲ၊ သဲပုံစေတီပွဲ စတာတွေကိုကျတော့ "festival" နဲ့သုံးပေမယ့် "နတ်ပွဲ" "ဘုန်းကြီးပျံပွဲ" လိုပွဲမျိုးကိုကျတော့ "festival" နဲ့မဆီလျော်ဘူး။ "ritual" "rite" စာတာတွေကိုပဲသုံးအပ်ပါတယ်။

➡️ "ဘောလုံးပွဲ"ကိုလည်း football match/ " ရှင်ပြုပွဲ" ကို novitiation ceremony" လို့သာသုံးပါတယ်။


ပြောရမယ်ဆိုအများကြီးပါ။ ဒီလို collocation တွေကိုသိချင်ရင် အင်္ဂလိပ်စာများများဖတ်ဖို့လိုပါတယ်။

✳️နောက်တစ်ခါ "instead of" ကို "တစ်ခုခုအစား/တစ်ခုခုလုပ်မယ့်အစား" ဆိုတဲ့အဓိပ္ပါယ်နဲ့သာသုံးပါတယ်။
📕ဥပမာ "I will have a coffee instead of tea." ပေါ့။
➡️"လူတစ်ယောက်ယောက်ကိုယ်စား" ကိုကျမှ "on behalf of"ကိုသုံးပါ။
📕ဥပမာ "On behalf of my brother, I will come to meet you."

ကျွန်တော်မနှစ်က ဘာသာပြန်တာတစ်ခုလွဲခဲ့ဖူးတယ်။ အဲ့ဒီဝါကျက

" Can you put the coffee on, love?"
အထက်ကဝါကျကို "ကော်ဖီကိုအပေါ်မှာထားပေးနိုင်မလား" လို့ ဘာသာပြန်မိတယ်။ ဒါဟာ ကျွန်တော် နမော်နမဲ့နိုင်လို့၊ အဆက်အစပ်ကို မတွေး၊မကြည့်မိလို့ဖြစ်ရတာပါ။

"ကော်ဖီကို အပေါ်မှာထားပါ" ဆိုပြီး ပြောစရာအကြောင်းမရှိ။ ဒီဝါကျမှာ put on ရဲ့လှည့်စားတာကိုခံလိုက်ရတာ။ put on ရဲ့အဓိပ္ပါယ်ကလည်းအများသား။
➡️"ဝတ်ဆင်တာ၊ သုတ်လိမ်းတာ၊ ဝိတ်တိုးတာ၊ သီချင်းဖွင့်တာ စသည်ဖြင့်စသည်ဖြင့်။ "ကော်ဖီကိုအပေါ်မှာထားပါ'' ဆိုတဲ့အပြောမျိုး အသုံးမျိုး မရှိလေတော့ ဒီနေရာမှာ သူများကိုခိုင်းတာဆိုတော့ ဘာဖြစ်နိုင်မလဲ

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

18 Dec, 09:54


"💡ကော်ဖီကို ဖျော်ခိုင်းတာ" ပဲပေါ့။

Tr.TA (ALoT)

⚠️မနက်ဖြန်များရဲ့ဘာသာစကား🎓

13 Dec, 13:15


💥Usage Tips - 30“
(Colloquial Nouns)

✳️Colloquial ဆိုတာကတော့ Formal (အတည်
အခန့် နည်းလမ်းတကျ) ပြောခြင်းမျိုးမဟုတ်ဘဲ Conversation (စကားပြော) မှာ အတိုကောက်တွေ Informal ပုံစံသုံးခြင်းမျိုးပါ။

သူ့မှာ Contractions (အတိုကောက်) တွေ
📕 can not ➡️ can’t
will not ➡️ won’t
going to ➡️ gonna
you all ➡️ y’all
kind of ➡️ kinda

📕 - What’s up?
Howdy?

စတာတွေအပြင် …

ဘန်းစကား “Slang” တွေအနေနဲ့

📕Cool it: calm down (စိတ်လျှော့)
Bro: guy (ဘရို)
Chicken (ငကြောက်)

Formal တွေအစား Informal တွေ သုံးတာ ..
📕Require [formal] ➡️ need [informal]
Purchase [formal] ➡️ buy [informal]
Acceptable [formal] ➡️ okay [informal]
We have an agreement [formal] ➡️ We have a deal [Informal]
Child, children [formal] ➡️ Kid, kids [Informal]
All right [formal] ➡️ Okay, o.k., ok[Informal]
Very good [formal] ➡️ Pretty good [Informal]

🌟Colloquial Expression နဲ့ပတ်သက်ပြီးဆက်လေ့လာရန်
➡️https://www.facebook.com/100021050235770/posts/pfbid02kyRmyygSWXeCYwNb4BG7yD6ApJyx9FwsnU3jL79gLqNMV5SN1XMieZbUn2yW765Ll/

➡️https://t.me/ALoT_English/3403


Keep Learning!
Tr.D (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

08 Dec, 06:16


ALoTers အမေး ⚠️LoT အဖြေ✍️✍️ (Part-15)

“I couldn’t agree more” နဲ့ ဆက်စပ်ပြီးလေ့လာရင် “I can’t complain “ “ဘာများ အဆင်မပြေစရာ ရှိလဲ” ဆိုတဲ့ အသုံးလည်း ရှိပါတယ်။

ဒီ အသုံးကတော့ “Strong” မဖြစ်ပေမယ့်လည်း “Fair/Fine” ဖြစ်တယ်ဆိုတဲ့ ယေဘုယျ သဘောသက်ရောက်ပါတယ်။

📕 "Hey, how's your new job?"
(အလုပ်အသစ်က ဘယ်လိုလဲ)
"I can't complain, it's going really well so far."
(အဆင်ပြေပါတယ်၊ အခုထိတော့ တကယ်အေးဆေးပဲ)

Keep Learning!
Tr.D (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

03 Dec, 05:12


🇫🇷French Words in English 🇬🇧

အင်္ဂလိပ်စာဟာ ဘာသာစကား တစ်ခုဆိုပြီး ခိုင်ခိုင်မာမာ ဖြစ်တည်ဖို့ အတွက် ရာခိုင်နှုန်း (၈၀) လောက်ကို အခြားဘာသာ စကားတွေကနေ ငှါးသုံးထားရပါတယ်။ ဒါကို “borrowed words/ loan words ” (အငှါး စာလုံး) တွေလို့ ခေါ်ပါတယ်။ အဓိကတော့ 🇪🇸Latin, 🇫🇷 French, 🇩🇪German, 🇬🇷Greek တို့ကနေ အများဆုံး ယူသုံးဆွဲခဲ့ပါတယ်။

တိုက်ရိုက် ယူသုံးပြီး အဘိဓာန်ထဲ ထည့်ခဲ့သလို၊ မူရင်း (root) ဝေါဟာရတွေကို အနည်းငယ်ပြင်ဆင်ပြီး လည်း ကိုယ်ပိုင် ဘာသာစကား အဖြစ်လည်း မွေးစားထားပါတယ်။

အခုတော့ 🇫🇷ပြင်သစ်ဘာသာစကားက ဆင်းသက်လာပြီး နေ့စဉ်ဘဝ 🇬🇧English Conversation မှာ အသုံးများနေတဲ့ ဝေါဟာရ အချို့ကို လေ့လာဖို့ တင်ပြလိုက်ပါတယ်။

✳️အသံထွက်ကိုတော့ IPA (International Phonetic Alphabet) တွေအစားအားလုံးအခက်အခဲမရှိဖတ်လို့ရအောင် “spelling pronunciation” (အသံထွက်စာလုံးပေါင်း ပုံစံဖော်ပြထားပါတယ်၊ စာလုံးကြီးနဲ့ ရေးထားတာတွေကို အသံမြှင့်ဖတ်ရမှာပါ)


🇫🇷À la carte (ah-luh-KART) serving food ordered as separate items, rather than part of a set meal. (set menu မဟုတ်ဘဲ တစ်ပွဲချင်း မှာယူရသော menu)

🇫🇷Menu (MEN-yoo) a list of dishes available in a restaurant. (အစားအသောက် စာရင်း)

🇫🇷Croissant (kwaa-saant) crescent-shaped roll of leavened dough. (လကွေးပုံစံ ပေါင်မုန့်)

🇫🇷Omelette (OM-luht) a savoury or sweet dish of beaten eggs cooked in fat
(ကြက်ဥမွှေကျော်)
🇫🇷Bon appétit (bahn na-pey-tee) a salutation before eating
(စားကောင်းပါစေဟု မစားခင် ဆုတောင်းပေး)

🇫🇷Restaurant (RESS-tuh-rahnt) an establishment where meals are served to customers.
(စားသောက်ဆိုင်)
🇫🇷Chef (Shef) a professional cook, typically the chief cook in a restaurant or hotel.
(စားသောက်ဆိုင်၊ ဟိုတယ်များရှိ ကျွမ်းကျင်စားဖိုမှူး)

🇫🇷Café (Cafe) ကော်ဖီဆိုင်
🇫🇷 Cinéma (SIN-uh-mah) ရုပ်ရှင်ရုံ
🇫🇷 Boutique (boo-TEEK) ဖက်ရှင်စတိုးဆိုင်
🇫🇷 Bouquet (boo-KAY) ပန်းစည်း
🇫🇷Blouse ( blowz) အမျိုးသမီးဝတ်အင်္ကျီ
🇫🇷 Bonnet (bonnet) မေးသိုင်းကြိုးပါ ဦးထုပ်
🇫🇷 Bracelet (BRAY-sluh) လက်ကောက်၊ လက်ကြပ်၊ လက်ဝတ်တန်ဆာ
🇫🇷 Costume (KOSS-choom) ဇာတ်ဝတ်ဇာတ်စား
🇫🇷Déjà Vu (day-zhah-VOO) ကြုံနေကြ ငြီးငွေ့ဖွယ်ကောင်းသော ကိစ္စ
🇫🇷En route (on-ROOT) လမ်းတလျှောက်
🇫🇷Entrepreneur (o(ng)-truh-pruh-NUR) စွန့်ဦးတီထွင် လုပ်ငန်းရှင်)
🇫🇷Fiancé (fee-ON-say) စေ့စပ်ထားသူ
🇫🇷Genre (ZHAHN-ruh) အနုပညာ အမျိုးအစား
🇫🇷Apostrophe (uh-POS-truh-fee) (…’) သင်္ကေတ
🇫🇷Bon voyage (bon-VOY-ij) ပျော်ရွှင်ဖွယ် ခရီးစဉ်ဖြစ်ပါစေ
🇫🇷Cliché (klee-SHAY) ဖန်တရာထေ လက်သုံးစကား
🇫🇷Rendezvous (RAHN-day-voo) တွေ့ဆုံရာ ဆုံစည်းရာ နေရာ/ အရပ်
🇫🇷Bureau (BYOOR-oh) ဗျူရို- အစိုးရဌာန
🇫🇷Courage (KUR-ij) ရဲရင့်ခြင်း၊ သတ္တိ
🇫🇷Début (DEB-yoo) ပွဲဦးထွက်
🇫🇷Queue (kyoo) လူတန်း
🇫🇷Souvenir (soo-vuh-NEER) အမှတ်တရလက်ဆောင်ပစ္စည်း
🇫🇷Sabotage (SAB-uh-tahj) အဖျက်အမှောင့်လုပ်ငန်း
🇫🇷Ballet (bal-AY) ဘလေး အကပညာ
🇫🇷Protégés (PROH-duh-zhay) လက်ရင်းတပည့်
🇫🇷Cul-de-sac (KUL-duh-sack) တစ်ဖက်ပိတ်လမ်း
🇫🇷Certain, content, cruel, grave, long, orange, possible, simple စတာတွေကလည်း ပြင်သစ် (🇫🇷France) ကနေ အတည်အခန့်မွေးစားခဲ့တဲ့ English ဝေါဟာရ တွေပါပဲ။


Keep Learning!
Tr.D (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

28 Nov, 06:49


Inversion ( Part5)
(⚡️Repost To Reread 20⚡️)

Inversion အပိုင်း(၅)
🔺🔺🔺🔺🔺🔺🔺🔺

✳️Conditionals တွေကို Inversion နဲ့ ရေးလို့ ရကြောင်း ပြောဖူးခဲ့ပြီ။

🔹First Conditional မှာ Inversion လုပ်ဖို့ If အစား Should ကို သုံးပါ။ Verb နေရာမှာ Infinitive (မူလ Verb ပုံစံ,be, have တို့ကိုပဲ သုံးပါ။ am, is, are, was, were, has, had စတာတွေ မသုံးရပါဘူး။)

📕If you are absent from the meeting, you will be fired. (မူရင်း ဝါကျ)
➡️Should you be absent from the meeting, you will be fired. (Inversion ဝါကျ)
(🇲🇲မင်း ဒီအစည်းအဝေး ပျက်ကွက်ရင် မင်းအလုပ်ထုတ်ခံရလိမ့်မယ်)

✖️✖️✖️✖️✖️✖️✖️

🔹Second Conditional ကို Inversion လုပ်ရင်
V2ကို were to V1 ပြောင်းလို့ ရပါတယ်။

📕If I had wings, I would fly to you. (မူရင်း ဝါကျ)

… had 🟰 were to have …

➡️Were I to have wings, I would fly to you.
(🇲🇲ငါ့မှာသာ အတောင်ပံတွေ ရှိရင် မင်းဆီ ပျံသန်းလာခဲ့မှာ)

✖️✖️✖️✖️✖️✖️✖️

🔹Third Conditional မှာ Inversion လုပ်ရင် had နဲ့ were တို့ကို သုံးလို့ရပါတယ်။

… had V3 🟰 were to have V3 …

📕If I had got a degree, she would have married me. (မူရင်း ဝါကျ)
➡️Had I got a degree, she would have married me. (Inversion ဝါကျ - had သုံးထား)
➡️Were I to have got a degree, she would have married me. (Inversion ဝါကျ - were သုံးထား)
(🇲🇲ငါသာ ဘွဲ့တစ်ခုရထားရင် သူ(မ) ငါ့ကို လက်ထပ်မှာ)

✖️✖️✖️✖️✖️✖️✖️

🔹Not Object ရှေ့တင်ရေးရင် Inversion သုံးရပါတယ်။

📕I did not say a single word. (မူရင်း ဝါကျ)
➡️Not a single word did I say. (Inversion ဝါကျ)
(🇲🇲စကားတစ်ခွန်းတောင် ငါမပြောဘူး)

✖️✖️✖️✖️✖️✖️✖️

🔹Adjectives တွေကို ရှေ့တင်ရေးရင်လည်း Inversion သုံးရပါတယ်။

📕U Law Ba is the richest in our village. (မူရင်း ဝါကျ)
➡️The richest in our village is U Law Ba. (Inversion ဝါကျ)
(🇲🇲ငါတို့ရွာမှာ အချမ်းသာဆုံးက ဦးလောဘပဲ)

✖️✖️✖️✖️✖️✖️✖️

🔹Be Ving ပုံစံမှာ Ving ရှေ့တင်ရေးရင် Inversion သုံးရပါတယ်။

📕My cat is sleeping on the sofa. (မူရင်း ဝါကျ)
➡️Sleeping on the sofa is my cat. (Inversion ဝါကျ)
(🇲🇲ဆိုဖာပေါ်မှာ ငါ့ကြောင် အိပ်နေတယ်)

✖️✖️✖️✖️✖️✖️✖️

🔹No matter how (Adj/Adv) တွေကို ရှေ့တင်ရေးရင်လည်း Inversion သုံးရပါတယ်။
ဘယ်လောက်ပဲ..... သည်ဖြစ်ပါစေ လို့ အဓိပ္ပါယ် ရပါတယ်။

📕Although he worked hard, he was still poor. (မူရင်း ဝါကျ)
➡️No matter how hard he worked, he was still poor. (Inversion ဝါကျ)
(🇲🇲သူ ဘယ်လောက်ပဲ အလုပ်ကြိုးစားသည် ဖြစ်စေ၊ ဆင်းရဲ နေတုန်းပဲ)

✖️✖️✖️✖️✖️✖️✖️

🔹Passive Voice (be V3) မှာ V3 ကို ရှေ့မှာ တင်ရေးရင် Inversion သုံးရပါတယ်။

📕This church was built in 1906. (မူရင်း ဝါကျ)
➡️Built in 1906 was this church. (Inversion ဝါကျ)
(🇲🇲ဒီဘုရားရှိခိုးကျောင်းကို ၁၉၀၆ မှာ တည်ဆောက်ခဲ့တယ်)

✖️✖️✖️✖️✖️✖️✖️

🔹Direct Speech မှာ Reporting Verbs(အပြော Verb) တွေကို Inversion သုံးရေးလို့ရပါတယ်။

✳️ဒါပေမယ့် Subject က Pronoun ဖြစ်ရင် မသုံးရပါဘူး။

📕"What is your name?" U Thiha asked. (မူရင်း ဝါကျ)
➡️"What is your name?" asked U Thiha. (Inversion ဝါကျ)

✳️ဒီစာကြောင်းက Subject (U Thiha) နေရာမှာ He, She စတဲ့ Pronoun တွေ ဖြစ်နေရင် he asked လို့ပဲ သုံးပါ။ asked he လို့ မသုံးရပါဘူး။

✖️✖️✖️✖️✖️✖️

The 💦Little drops of water make a mighty ocean🌊
Tr.TzP (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

23 Nov, 14:28


🏳️‍🌈“Translation WorkShop” (Week-36)

(အောက်ပါပေးထားသော စာပိုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုပြီး၊ FB Messenger (or) Telegram @DLY09 သို့ Saturday, 7th December ထက် နောက်မကျစေဘဲ ပေးပို့ရပါမည်။ ပေးထားသော အပိုဒ်အလိုက် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ယှဉ်တွဲပေးပို့ရန်နှင့်၊ Winner နှင့် စကာတင် Nominees များကို Mobile-bill top-up များ ချီးမြှင့်ပါမည်)

“Her Infinite Variety”
(Excerpt From the article “Her Infinite Variety ” by Khin Myo Chit)

He must be nearly 70, I thought. He wore a pasoe-shay, a long piece of nether garment like the men of my grandfather's days. It was hard-woven cot-ton, chunky and knotted.

His long-sleeved jacket was of the same material. His long hair, though streaked with gray, was still thick and it was done into a knot.

This I could see, for he had taken off the old battered towel which served as a sort of turban. There was a certain dignity in his face though it was furrowed with
lines.

His bushy eyebrows, black piercing eyes and broad forehead with clearcut hair lines somehow lent a regal look in spite of his shabby clothes.

Lost in thought, he gazed at the marionette
and I tactfully stayed silent. He then took her on his knee tenderly as he might a child and undid her hair. I almost gasped. It was real hair, black and glossy. I found my voice and said: "It's real hair!"

U Sein Khine combed the marionette's hair with a tiny tortoise shell comb and tied it into knot so that the fringe hung gracefully on one side of her shoulder.

"Of course her hair's real. I should know; be-
cause it's my own hair. My hair used to be black and glossy in my younger days"

"Then you have had this marionette for many years?"

"Now, young lady, will you do me a favour by not calling my minthami 'this marionette.' She is every inch a minthami. I fashioned her with my own hands and gave her my own hair. She has my heart too."

He looked quite livid and I almost feared he
must be crazy. As if he sensed my thoughts, he smiled and said:

"Don't be afraid. I'm not mad or anything of that sort. You see, I love her, for she is the likeness of the woman I once loved."
I was instantly alive.

Now, for a good story---a story of the bygone days when marionette troupes travelled in big barges along the river. They were artistes who brought entertainment, fun and magic wherever they stopped.

မနက်ဖြန်များရဲ့ဘာသာစကား🎓

22 Nov, 06:06


🎯On The Spot Translation💡
(Exercise - 10)

မနက်ဖြန်များရဲ့ဘာသာစကား🎓

22 Nov, 05:59


⁉️Quizzical Hour⁉️

မနက်ဖြန်များရဲ့ဘာသာစကား🎓

22 Nov, 05:54


🪜Let’s Get To The Next Level by ⚠️LoT”

(ပေးထားတဲ့ LGTTNL မူရင်း ဝါကျက Red Flag 🚩 ပြထားတဲ့ဝေါဟာရတွေကို အဆင်သင့် ရွေးထုတ်ထားတဲ့ Vocabs တွေရဲ့ အဓိပ္ပာယ်နဲ့ Dictionary မှာ ကြည့်ပြီး အစားထိုး၊ comment section မှာ ပြန်ရေးပေးရမှာပါ)

LGTTNL လေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်ကတော့
Sentence တည်ဆောက်ပုံနဲ့ ပိုထိရောက်တဲ့ ဝေါဟာရတွေကို အစားထိုး သုံးနှုန်းလာနိုင်ဖို့
အဘိဓာန် ကြည့်ဖြစ်စေဖို့နဲ့ Writing တိုးတက်လာစေဖို့ရည်ရွယ်ထားပါတယ်

Practice will undoubtedly make you perfect 💯!

With Lo💖E,
ALoT

မနက်ဖြန်များရဲ့ဘာသာစကား🎓

20 Nov, 05:40


🎞️More than a “REEL”🧻


Reel ဆိုတဲ့ ဝေါဟာရကတော့ FB/ Instagram - Social Media တွေမှာ မသိတဲ့သူ မရှိတဲ့ ခေတ်စားစကားလုံးတစ်လုံးဖြစ်ပြီးသားပါ။
🧤“ဖလင်လိပ်၊ ဗီဒီယိုဖိုင် အတိုလေး” တွေလို့ ပြန်ရမှာပါ။

ဒါပေမယ့် သူ့ရဲ့ အဓိပ္ပာယ်ကို ခပ်နက်နက်တူးဖော်ကြည့်ရင် စိတ်ဝင်စားစရာတွေများပါတယ်။ Reel ရဲ့ မူလအနက်ကတော့ “Noun” ဆိုရင်
🧤“အပ်ချည်လုံး၊ ကြိုး၊ အရင်ခေတ်က ဖလင်လိပ် တွေကို ရစ်တဲ့ ဘီးလုံး” ပါ။
အပ်ချည်လုံးကိုလည်း 🧤“a reel of cotton” ၊ စွန်လွှတ်တဲ့ ရစ်ဘီး 🧤”kite reel” ဟု ခေါ်ပါတယ်။

“Verb” ဆိုရင်တော့ 🧤”ရစ်တာ၊ အရစ်လျှော့တာ” မျိုးပါ။
🧤”draw a fish by reeling a line”
(ငါးမျှားတံ ကိုရစ်ပြီး မိတဲ့ငါးကို ဆွဲတင်)

နောက်တစ်မျိုးက 🧤“ဒယီးဒယိုင် ချာချာလည်” ဖြစ်တာပါ။
🧤The two reeled out of the bar arm in arm"
(ဘားထဲကနေ နှစ်ယောက် ဒယီးဒယိုင် လက်ချိတ် ပြီးထွက်လာ)

စာနယ်ဇင်းအသုံးကတော့
🧤“A country was left reeling after the fierce storm”
(ဖျက်အားပြင်း မုန်တိုင်းအပြီးမှာ နိုင်ငံဟာ ယိမ်းယိုင်ချိနဲ့ ပြီး ကျန်စေခဲ့တယ်)

ဒါဆိုရင် ကိုယ်ကြားနေကြ social media ပေါ်က အသုံးတစ်ခုကို ဆင့်ပွါးလေ့လာလို့ အကျိုးရှိလောက်ပါပြီ။

Keep Learning!
Tr.D (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

16 Nov, 03:51


💥 Usage Tips - 29 ”
(Do or Make)

မြန်မာလိုဆိုရင် 🧣Do ကို “လုပ်ဆောင်သည်” နဲ့ 🧣Make ကို “ပြုလုပ်သည်” လို့ မှတ်ထားရင် ရှင်းလင်းသွားပါပြီ။

📕E.g.
"When I was doing homework, I made two mistakes".
(အိမ်စာလုပ်တော့၊ အမှားနှစ်ခု လုပ်မိသွားတယ်)
"I did some work for her; I made a small pool in her garden".
(သူ<မ> အတွက် အလုပ်လုပ်နည်းနည်းလုပ်ပေးဖြစ်တာ၊ ပန်းခြံထဲ ရေကူးကန် အသေးလေးလုပ်ပေးခဲ့တာ)

🎓Do ရော Make ရောက အသုံးများတဲ့ Common Verbs တွေဖြစ်တဲ့ အတွက် တစ်ခါတစ်လေ ရှုပ်ထွေးတတ်ပါတယ်။

🎓Do (လုပ်ဆောင်သည်)
လုပ်နေကျလုပ်ငန်းဆောင်တာတွေအတွက် Do ကိုသုံးပါတယ်။

📕E.g.
do a damage, do a favor, do a task, do a work
(ဖျက်ဆီး၊ အကူအညီတောင်း၊ လုပ်ဆောင်၊ အလုပ်လုပ်)
do an activity, do a job, do business, do a drawing
(လှုပ်ရှားမှု ပြု၊ တာဝန်ထမ်း၊ စီးပွါးရေးလုပ်၊ ပန်ရချီဆွဲ)
do gardening, do laundry, do a test, do cleaning
(ပန်းပင်စိုက်၊ လျှော်ဖွပ်၊ အစမ်းဖြေ၊ သန့်ရှင်း)

do a duty, do a harm, do one’s best
(တာဝန်ထမ်းဆောင်၊ အန္တရာယ်ပြု၊ အကောင်းဆုံးလုပ်)
do washing-up, do cooking
(လျှော်ဖွပ်၊ ချက်ပြုတ်)
do homework, do painting, do an exercise, do ironing, do shopping
(အိမ်စာလုပ်၊ ပန်းချီဆွဲ၊ လေ့ကျင့်ခန်းလုပ်၊ မီးပူတိုက်၊ စျေးဝယ်ထွက်)

🎓Make (ပြုလုပ်သည်)

တစ်ခုခုဖြစ်လာအောင် ဖန်တီးတာ၊ ထုတ်လုပ်တာ၊Do ဆိုတဲ့ Action ကြောင့် ရလဒ် Result ထွက်လာအောင်ပြုလုပ်ရင် Make ကို သုံးရပါတယ်။

📕E.g.
make dinner, make coffee, make an excuse
(ညစာချက်ပြုတ်၊ ကော်ဖီဖျော်၊ ဆင်ခြေပေး)
make a comment, make friends, make love
(မှတ်ချက်ပေး၊ မိတ်ဆွေဖွဲ့၊ ချစ်တင်းနှော)
make an offer, make lunch, make a phone call
(ကမ်းလှမ်း၊ နေ့လည်စာချက်ပြုတ်၊ ဖုန်းခေါ်)
make a mistake, make a profit, make a plan
(အမှားကျူးလွန်၊ အမြတ်ထွက်၊ အစီအစဉ်ဆွဲ)
make a cake, make an effort, make money
(ကိတ်မုန့်ဖုတ်၊ အားစိုက်ထုတ်၊ ငွေရှာ)
make a progress, make a noise, make an error
(တိုးတက်မှုရှိ၊ ဆူညံပူညံလုပ်၊ အမှားလုပ်)
make a promise, make a change, make a guess
(ကတိပေး၊ အပြောင်းအလဲလုပ်၊ ခန့်မှန်း)

✳️“Make” ကို လုပ်သည်လို့ ယေဘုယျ ပြေကြပေမယ့် ဘာသာစကားနှစ်ခု ဆက်စပ်တဲ့အခါ terminology အသုံးအနှုံး၊ အခေါ်အဝေါ်တွေ ပြောင်းသွားတာကို လေ့လာရမှာပါ။



☔️ချွင်းချက်အနေနဲ့ မှတ်သင့်တာကတော့ အိမ်အလုပ် “household chores”တွေလုပ်ရာမှ “Do” ကိုများသောအားဖြင့် သုံးကြပေမယ့်၊ အိပ်ရာခင်းတာကိုတော့ “Make bed” လို့ သုံးရပါတယ်။

Keep Learning!
Tr.D (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

14 Nov, 13:30


https://www.facebook.com/share/r/189NN6pT8H/?mibextid=UalRPS

မနက်ဖြန်များရဲ့ဘာသာစကား🎓

12 Nov, 06:36


-အရင် dual-transitivity verbs မှ အဆက်-----

ဒီတစ်ခါတော့ Transitive verb ရဲ့ Object နှင့် Intransitive verb ရဲ့ Subject တူခြင်းအကြောင်းကိုလေ့လာကြည့်ရအောင်....

💡တချို့ အခြေအနေတွေမှာ Intransitive verb ရဲ့ Subject က transitive verb ရဲ့ Object နဲ့ တူကြတယ်။
1. He broke the vase.(break- transitive) Subject (He) အနေနဲ့ causer (သို့) agent ပါတယ်။
2. The vase broke. (break- intransitive)
Subject(The vase) တော့ပါတယ်၊ ဒါပေမယ့် causer (သို့) agent မဟုတ်။
{ နံပါတ် ၁ က Obj = နံပါတ် ၂ က Subj }
ဒီလိုမတူတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ လေ့လာကြည့်ကြပါစို့။

🔊Non-agentive dynamic intransitives (ပြုသူမပါဘဲ လှုပ်ရှားဆောင်ရွက်မှုပါတဲ့ intransitives)

The vase broke. (break- intransitive)
ဒီဝါကျမှာ Subject(The vase) တော့ပါတယ်၊ ဒါပေမယ့် causer (သို့) agent မဟုတ်။ ဒါပေမယ့် transitive verb နဲ့ ရေးထားတဲ့ He broke the vase. မှာလိုပဲ ဒီclause ဟာ "သက်ဝင်လှုပ်ရှား" တဲ့အခြေအနေကိုပြတယ်။

တခါတရံ Verb နဲ့ ရုပ်သွင်တူတဲ့ adjective ပါတဲ့ copular ပုံစံလည်းရှိပါတယ်။ အောက်က ဥပမာတွေကိုဖတ်ကြည့်ပါ။

💽Transitive
1. I opened the door.
2. I widened the gap.
3. I tore my shirt.

💽Intransitive
1. The door opened.
2. The gap widened.
3. My shirt tore.

💽Copular
1. The door was open.
2. The gap was wide(r).
3. My shirt was torn.

💡Copular ပုံစံကတော့ လှုပ်ရှားမှုပါတဲ့ Transitive -Intransitive တို့ကြောင့် ဖြစ်လာတဲ့ "အခြေအနေ"တစ်ခုဖြစ်တယ်။ နံပါတ် (1) ကိုဘာသာပြန်ရရင်- ပထမ နံပါတ် (1)- ကျွန်တော် တံခါးကိုဖွင့်လိုက်တယ်။
ဒုတိယနံပါတ် (1)- တံခါးပွင့်သွားတယ်။ တတိယနံပါတ် (1)- တံခါးပွင့်နေတယ်။ ချုပ်ရမယ်ဆိုရင် ("တံခါးကိုဖွင့်တယ်"၊ "ပွင့်သွားတယ်"၊ ဒါကြောင့် ရလဒ်အနေနဲ့ "ခုပွင့်နေတယ်"။) ဒါကြောင့် copular ပုံစံဟာ အထက်က နှစ် ခုကြောင့် ဖြစ်လာတဲ့ "ရလဒ်ပဲ" ဖြစ်တယ်။

📞ဒီလိုမျိုး transitive-intransitive အနေနဲ့သုံးလို့ရတဲ့ verb တွေကတော့---
bend/blacken/bounce/change/collapse/crack/crease/divide/drop/drown/explode/float/freeze/grow/improve/melt/move/roll/sink/slow/smash/turn/vary/wake....
e.g. This changed the situation. (transitive)
The situation changed.(intransitive)

📞ဒါပေမယ့် ဒီ verb တွေကိုတော့ transitive အနေနဲ့သာသုံးရပါတယ်။ ဥပမာ။ destroy/construct/endanger/hit/touch...
e.g. ✔️They destroyed the farm. လို့ရပေမယ့်
✖️The farm destroyed. လို့တော့မရပါ။

📞die/emerge/fall/occur/perish တို့လို verb တွေကိုကျတော့ intransitive အနေနဲ့သာ သုံးလို့ရပါတယ်။ transitive အနေနဲ့ သုံးလို့မရဘူး။
e.g. ✖️The frost perished the fruit. လို့မရဘဲ
✔️The fruit perished. လို့သာသုံးလို့ရပါတယ်။

ရှင်းလင်းချက်များ---
@Break
He broke the vase. ကို
The vase broke. လို့ transitive -intransifive ရေးနိုင်ပေမယ့်....
records/laws/rules စတဲ့ object တွေနဲ့ကျတော့ transitive အနေနဲ့သာသုံးနိုင်ပါတယ်။ intransitive အနေနဲ့မသုံးပါ။ လေ့လာကြည့်ပါ။
✔️ He broke the 100m record. (မီတာ ၁၀၀ စံချိန်ကိုချိုးတယ်) လို့သာရေးနိုင်ပေမယ့်
✖️The 100m record broke. လို့တော့မရပါ။
တခါ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ဆက်စပ်လာရင် "တွေ့ကြုံခံစားရသူ-experiencer" အဖြစ်သာသုံးပါတယ်။ "အကြောင်းကိုဖြစ်စေသူ-causer" အဖြစ်မသုံးနိုင်ပါ။ဥပမာ။
I've broken my arm.

@Grow
"အပင်နှင့်တိရိစ္ဆာန်"တွေအတွက်သုံးတဲ့အခါ Grow ကို transitive-intransitive နှစ်မျိုးလုံးရပေမယ့် "လူ" အတွက်ကျတော့ intransitive အနေနဲ့သာသုံးနိုင်ပါတယ်။ ဥပမာ။
✔️They grew lots of tomatoes. (သို့)
✔️Lots of tomatoes grew. လို့သုံးတယ်။
✖️They grew children. လို့တော့မသုံးပါ။
{They raised children. (သို့)
They brought up children. လို့သာသုံးနိုင်ပါတယ်။}

@Move
He moved. (intransitive)ဆိုရင် He ကကိုယ်တိုင်သူ့ ရဲ့ခန္ဓာကိုယ်ရွေ့တာနဲ့ဆိုင်ပေမယ့် They moved him. (transitive) ကတော့ တခြားသူတွေကပဲ He ကိုရွေ့အောင်လုပ်တာပါ။
တဖန် It moved me to tears. လို့ transitive လို့သာတွေ့နိုင်ပေမယ့်
✖️ I moved to tears. လို့ intransitively အဖြစ်မရပါ။

@Change
transitive အနေနဲ့ I cahnged my views. intransitive အနေနဲ့ My views changed. နှစ်ခုလုံးဟာ အဓိပ္ပါယ်တူလုနီးနီးပါ။
ခုတော့ဒီလောက်ပါပဲ။
နောက် Post တစ်ခုမှာ Non-agentive static intransitive စတဲ့အကြောင်းအရာတွေကို ဆက်လေ့လာကြပါစို့။
With lots and lots of love,
Tr. TA

မနက်ဖြန်များရဲ့ဘာသာစကား🎓

12 Nov, 05:49


🏆Winner Annoucement🌈“Translation
WorkShop” (Week-35)

🗽Foreword : Language တစ်ခုကို ချဉ်းကပ်ရာမှာ academic ပညာရေးနဲ့ သက်ဆိုင်တဲ့ Grammar တွေ pattern တွေ rules တွေကို လေ့လာပြီးရင်၊ literature ပိုင်းကို ဆက်လေ့လာမှ အဲဒီဘာသာစကားရဲ့ အနှစ်သာရနဲ့ တကယ်ရသမြောက်တဲ့ အရေးအသားတွေကို သိရှိခွင့်ရမှာပါ။
အခုလည်း ပြိုင်ပွဲမဝင်ဖြစ်တဲ့ ALoTers တွေအနေနဲ့ Winner ရဲ့ ဆုရစာမူကို လေ့လာပြီး အင်္ဂလိပ်စာပေသဘောထားနဲ့ မိခင်မြန်မာဘာသာစကားရဲ့ ချိတ်ဆက် ရသမြောက်မှုတွေကို လေ့လာနိုင်မှာပါ။

🗽Review : ပြိုင်ပွဲဝင်စာမူက သာမာန်ဖတ်ကြည့်လိုက်ရင် လွယ်သယောင် ထင်ရပေမယ့် တကယ်တမ်း လက်တွေ့ပြန်ဆိုကြည့်ရင် သိမ်မွေ့ခက်ခဲပါတယ်။ မူရင်းအင်္ဂလိပ်စာနဲ့ မြန်မာပြန်ကို ယှဉ်တွဲဖော်ပြရတဲ့အတွက် သာမာန်ဘာသာပြန်စာပေတွေလို ရောချ၊ ခြုံငုံ၊ စိတ်ကူးစိတ်သန်း ကောင်းသလို ပြန်ဆိုလို့မရပါဘူး။

🗽အင်္ဂလိပ်စာလေ့လာနေတဲ့ လူငယ်တွေအတွက် အကျိုးရှိအောင်အပြင်၊ အနှစ်သာရမြောက်အောင် ပြန်ဆိုနိုင်တဲ့သူကို အကဲဖြတ်ရွေးချယ်ရပါတယ်။ Terms တွေကိုလည်း ကာလံဒေသံ လိုက်အောင် ပြန်ဆိုနိုင်မှ ဖတ်သင့်လေ့လာထိုက်တဲ့ စာမူကောင်းတစ်ခုရမှာပါ။

ပထမဆုံး စာပိုဒ်ထဲက သိသင့်တဲ့ဝေါဟာရ အချို့ကို ထုတ်နှုတ်ကြည့်ရရင် …

✔️the cut of the wind - အေးစက်စက် လေတဝှေ့မှာ
✔️stretch - အကြောပြေအောင် ဆန့်ထုတ်
✔️foolish - မိုက်မဲမှုကြီး
✔️cramped muscle - ကြွက်သားတင်းတောင့်
✔️pull tighter - ကြပ်အောင် ဆွဲတင်း
✔️trim the sails -ရွက်များကို လေကြောင်းနဲ့
ကိုက်ညီအောင် အလိုက်သင့်ပြုပြင်သည်
✔️wheel lash - လက်ကိုင်ဘီးထိန်းကြိုး
✔️lookout - ကင်းသမား
✔️settle back - သက်တောင့်သက်သာဖြစ်အောင် နေသည်
✔️pilot - ရေယာဉ်မောင်း/ မာလိန်
✔️mate - သင်္ဘောအရာရှိ
✔️watch - သင်္ဘောပေါ်ရှိ သတ်မှတ်အလုပ်အဆိုင်း/ ရေကြောင်းကြည့်တာဝန်
✔️pull one up - မရမက/ လေးလေးဖင့်ဖင့် ဆွဲထူမတင်
✔️gangway - သင်္ဘောကုန်းဘောင်
✔️gray with fatigue - နွမ်းလျညှိုးရော်
✔️eye sunken - မျက်တွင်းချောင်ကျ
✔️ blotched and sallow - ဝါဖန့်အကွက်ထ
✔️lean heavily - ခြေပစ်လက်ပစ်မှီ
✔️binnacle - သံလိုင်အိမ်မြှောင်တင်ခုံ
✔️retch - ပျို့အန်သည်
✔️bunk - သင်္ဘောအိပ်စင်
✔️ scheit voll (ဂျာမန်ဘာသာစကား) - စုတ်ပြတ်ညစ်ပတ်နေသော
✔️piss on - မနှစ်မြို့၊ စက်ဆုပ်မိသည်
✔️side of Judgment Day - ကမ္ဘာပျက်သောနေ့
✔️spat (spit, V1) - ဗျစ်တောက်ဗျစ်တောက် ပြောသည်
✔️Captain-General - မာလိန်မှူးဗိုလ်ချုပ်
✔️wash something down - အစာနဲ့ မျှောချဖို့
✔️Hold one’s tongue - ပါးစပ်ပိတ်ထားသည်
✔️ maggot-eaten fool - လောက်တက်စာ စားသော ငကြောင်
✔️mottled phlegm - သလိပ်ခပ်
✔️seachair - ပင်လယ်စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံ
✔️reek of death - သေမင်းရနံ့
✔️course - သင်္ဘောလမ်းကြောင်း
✔️landfall - ပင်လယ်ပြင် ခရီးစဉ်မှ ပထမဆုံးမြင်ရသော ကုန်းမြေ

🗽ပြိုင်ပွဲဝင်တွေထဲက အမှားအနည်းဆုံး ALoTer တွေကို ရွေးထုတ်ရရင် ..

Aung Min Htwe
နွေ့နှင်းရည်
Rachel တို့ပါ။

🗽Winner ဖြစ်ဖို့အတွက်ဆိုရင်တော့ အမှားအနည်းဆုံး၊ စကားလုံးရွေးချယ်မှု အသင့်တော် ဆုံး၊ ရသအမြောက်ဆုံး ပြန်ဆိုနိုင်တဲ့ သူကို ရွေးချယ်ရမှာပါ။

🗽ဒါပေမယ့်လည်း အခုတစ်ခေါက် စာမူဟာ ခက်တဲ့အတွက် level ကို တစ်ဆင့်နှိမ့်ပြီး ပြန်ဆိုမှုမှာ အမှားများပေမယ့်လည်း ရသမြောက်အောင် ရေးသားနိုင်တဲ့
🥇Rachel နဲ့
🥇နွေ့နှင်းရည်

တို့ဟာ “Tie for First Place” (ပထမဆုအတွက် အမှတ်တူ) နေတဲ့အတွက်
➡️WorkShop Week-35 ရဲ့ ပူးတွဲ Winner
(🏆Joint First) အဖြစ်၊ 🥈Aung Min Htwe ကို တတိယဆု အဖြစ်ကြေညာပေးလိုက်ပါတယ်။

Congratulations 🎉🎊 to you all!

✳️ဆုရစာမူနှစ်ခုထဲက “နွေ့နှင်းရည်” ရဲ့ လက်ရာကို အမှားတွေပြင်ဆင်ပြီး ဖော်ပြပေးလိုက်ပါတယ်

Keep Challenging!
Tr.D (ALoT)

(🏆Winner’s Oeuvre🥇)
“Finding Nippon”
(ဂျပန်ပြည်ကို ရှာဖွေခြင်း)

The cut of the wind stopped his mind from wandering and kept him awake. To sleep now would be foolish. You’ll never wake from that sleep, he thought, and stretched his arms to ease the cramped muscles in his back and pulled his cloak tighter around him. He saw that the sails were trimmed and the wheel lashed secure. The bow lookout was awake. So patiently he settled back and prayed for land.”
လေစိမ်း၏ရှတတ အထိအတွေ့ကြောင့် တောင်တောင်အီအီရောက်နေသော စိတ်အာရုံကို ပြန်စုကာ အသိကပ်နေလိုက်သည်။ ယခုချိန်အိပ်လိုက်လျှင် ကိုယ်ကျိုးနည်းရော့မည်။ ပြန်မနိုးသော အိပ်စက်မှုမျိုးဖြစ်သွားနိုင်သည်ကို သဘောပေါက်၍ ကျောဘက်မှ တင်းနေသောကြွက်သားများ ပြေစိမ့်သောငှာ အညောင်းဆန့်လိုက်သည်။ အပေါ်ခြုံထည်ကိုမူ ခပ်တင်းတင်း ဆွဲခြုံလိုက်သည်။ ရွက်တွေကလည်း လေသင့်ရာ လွှင့်ဖို့အဆင်သင့်၊ ပဲ့ထိန်းဘီးကိုလည်း ယိမ်းမထွက်အောင် တုပ်ပြီးနှောင်ပြီး။

မနက်ဖြန်များရဲ့ဘာသာစကား🎓

12 Nov, 05:49


ပဲ့ဦးမှ ဆရာသမားသည်ကား အသင့်အနေအထား။ အေးအေးလူလူ ကျကျနနထိုင်လိုက်ပြီး ကုန်းမြေတွေ့ဖို့ကိုသာ ဘုရားကို အာရုံပြုနေလိုက်သည်။

“Go below, Pilot. I take this watch if it pleases you.” The third mate, Hendrik Specz, was pulling himself up the gangway, his face gray with fatigue, eyes sunken, skin blotched and sallow. He leaned heavily against the binnacle to steady himself, retching a little.
“အောက်ဆင်းတော့လေ၊ မာလိန်၊ အဆင်ပြေရင် ကျတော်စောင့်လိုက်မယ်”
တတိယအရာရှိ မာလိန် Hendrik Specz သည် သင်္ဘောကုန်းပတ်ပေါ်သို့ တရွတ်တိုက် တက်လာလိုက်သည်။ မျက်နှာမှာ ပန်း၍ နွမ်းနေပြီ၊ မျက်တွင်းများ ဟောက်ပက်ဖြစ်နေပြီး၊ အရည်ပြားတွင်ကား အနီကွက်များ ပိတ်ပိန်းထလျက်ရှိသည်။ ခန္ဓာကိုယ်အား ဟန်ချက်ညီအောင် အီလေးဆွဲကာ သံလိုက်အိမ်မြှောင်တင် ခုံကြီးအား မှီချလိုက်ပြီး တချက်တချက် ပျို့တက်လိုက်သေးသည်။

“Blessed Lord Jesus, piss on the day I left Holland.”
“ကိုယ်တော်မပါစေဗျာ ။ ဟော်လန်က ထွက်လာခဲ့တဲ့ နေ့ကိုတော့ ချောင်ထိုးပေးပါဘုရား”

“Where’s the mate, Hendrik?”
“Hendrik ရေ၊ ဟိုမာလိန်ရော?”

“In his bunk. He can’t get out of his scheit voll bunk. And he won’t—not this side of Judgment Day.”
အိပ်စင်မှာပေါ့ကွာ၊ အဲဒီ အခေါင်းပုပ်ထဲကကို မထွက်တော့ဘူး။ ထွက်မယ့်ပုံလည်း မပေါ်ဘူး။ ကမ္ဘာပျက်မယ့်နေ့ရောက်ရင်တော့ မပြောတတ် ဘူး။

“And the Captain-General?”
“မာလိန်မှူးကြီးရောဗျ”

“Moaning for food and water.” Hendrik spat. “I tell him I roast him a capon and bring it on a silver platter with a bottle of brandy to wash it down. ”
Hendrik သည် ထွီခနဲ တံတွေးတချက်ထွေးလိုက်ကာ “ အစာပေးပါ၊ ရေပေးပါ ညည်းနေမှာပေါ့”။ “ကြက်ကို တစ်ကောင်လုံးကြော်၊ ငွေပန်းကန်ထဲထည့်၊ မျှောချဖို့ ဘရန်ဒီတစ်လုံးလဲ ထားပေးထားပါ့မယ်လို့ ပြောထားတာပဲကို”

“Hold your tongue!”
“မင်းအပေါက် ပိတ်လိုက်တော့”
“tongue!”
“အပေါက်ကို!”

“I will, Pilot. But he’s a maggot-eaten fool and we’ll be dead because of him.” The young man retched and brought up mottled phlegm. “Blessed Lord Jesus help me!”
“Go below. Come back at dawn.”
“ဟုတ် ဟုတ်ကဲ့၊ မာလိန်၊ ဒါပေသိ သူက လောက်တက်စာလည်း စားမယ့်အရူး၊ ကျတော်တို့တော့ သူ့ကြောင့် ကြွမှာပဲ။ လူငယ်သည် ပျို့ခနဲဖြစ်ကာ သလိပ်ခပ်လိုက်သည်။

“ဘုရား၊ သိကြားများ တပည့်တော်ကို စောင်မတော်မူပါဦးဗျာ”
“အောက်ကိုဆင်းတော့၊ မနက် ဝေလီဝေလင်းကျ ပြန်တက်ခဲ့”

Hendrik lowered himself painfully into the other seachair. “There’s the reek of death below. I take the watch if it pleases you. What’s the course?”
Hendrik သည် အခြား လက်လုပ်ထိုင်ခုံတစ်လုံးပေါ်သို့ စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်သည်။ “သေချင်စော်ကိုနံနေပါပြီဗျာ၊ ဆရာသမားအဆင်ပြေရင် ကျတော် စောင့်လိုက်မယ်လေ။ ဘယ်ကို လွှင့်ရမှာလဲ”

“Wherever the wind takes us.”
“လေနှင်ရာ ရောက်ချင်ရာရောက်ပေါ့ကွာ”

“Where’s the landfall you promised us? Where’s the Japans—where is it, I ask?”
“ဆရာပြောထားတဲ့ ကုန်းမြေဆိုတာကရော၊ ပြီးတော့ ဂျပန်တွေကရောဗျ”

“Ahead.”
“ရှေ့မှာလေကွာ”

ဘာသာပြန် - “နွေ့နှင်းရည်”
Approved & Edited by ALoT Admin Team

မနက်ဖြန်များရဲ့ဘာသာစကား🎓

10 Nov, 06:34


ဒီတစ်ခါ အပြောင်းအလဲ အနေနဲ့ Valency အကြောင်းကိုလေ့လာကြည့်ရအောင်။

🍓Valency အကြောင်းတစေ့တစောင်း။

ဝါကျတစ်ကြောင်း (complete) ပြည့်စုံပြီး အဓိပ္ပါယ်ရှိစေဖို့ verb တစ်လုံးမှာရှိရမယ့် (သို့) verb တစ်လုံးက license ပေးနိုင်တဲ့ arguments (core-complement ဖြစ်စေ non-core complement ဖြစ်စေ) အရေအတွက်ကို Valency လို့ခေါ်ပါတယ်။

ဒီနေရာမှာ argument ဆိုတာ Subj/Obj/Complement နေရာတွေမှာရှိတဲ့ Noun/Noun Phrase/ Pronoun /adj/ prep ph တွေကိုပြောတာပါ။ ဓာတုဗေဒမှာဆိုရင်တော့ ပေါင်းစည်းကိန်းပေါ့။ အင်္ဂလိပ်စာမှာလည်း verb တစ်လုံးအဓိပ္ပါယ်ရှိဖို့ sentence elements ဘယ်နှစ်ခုပါရမယ် ဆိုတာကိုဖော်ပြတဲ့ Verb ရဲ့ပေါင်းစည်းကိန်း လို့ပြောလို့ရမယ်ထင်ပါတယ်။


🏓Valency အမျိုးအစားတွေကိုလေ့လာကြည့်ရအောင်။

1. Avalent Verbs (Valency of 0):
ဒီလိုမျိုး Verb တွေကတော့ argument မလိုတဲ့အတွက် valency 0 ဖြစ်ပါတယ်။
ဥပမာ။ It rains. ဆိုတဲ့ဝါကျဟာ complete ဖြစ်ပြီးသားပါ။ ဒါပေမယ့် ဒီဝါကျမှာ subj ဖြစ်တဲ့ it က dummy subj ဖြစ်ပြီး ဘာကိုမှ သီးသီးသန့်သန့် ရည်ညွှန်းတာမရှိလို့ argument လို့မသတ်မှတ်နိုင်ဘူး။ ရာသီဥတု အခြေအနေတွေကိုဖော်ပြရာမှာသုံးတဲ့ it (ကို argument/complement လို့မသတ်မှတ်ပါ။) ဆိုတော့ ဒီဝါကျမှာ valency 0 ပဲရှိပါတယ်။

2. Monovalent Verbs (Valency of 1):
ဒီ လို Verb တွေကတော့ argument တစ်ခု (များသောအားဖြင့် Subj) လို တဲ့အတွက် valency 1 ရှိတယ်လို့ပြောနိုင်ပါတယ်။
ဥပမာ။ He sleeps. ဆိုတဲ့ဝါကျကလည်း ပြည့်စုံပြီးသားပါ။ He က external complement (သို့) core-complement ဖြစ်လို့ argument တစ်ခု ပါတယ်။ valency 1 ရှိတယ်။

3. Divalent Verbs (Valency of 2):
ဒီ လို Verb တွေကတော့ argument နှစ်ခု (များသောအားဖြင့်Subj နှင့် Direct Obj) လို တဲ့အတွက် valency 2 ရှိတယ်လို့ပြောနိုင်ပါတယ်။
ဥပမာ။ "She reads a book." ဆိုတဲ့ဝါကျမှာ external complement ဖြစ်တဲ့ "She" / သူက license ပေးတဲ့ "a book" က core-complement (သို့) internal complement ဖြစ်တာကြောင့် (argument ၂ ခု)ရှိလို့ valency 2 ရှိတယ်လို့ပြောတာပါ။

4. Trivalent Verbs (Valency of 3):
ဒီ လို Verb တွေကတော့ argument သုံးခု (တခါတရံ Subj/ Direct Obj/Indirect Obj (သို့) Complement တစ်ခု) လိုတဲ့အတွက် valency 3 ရှိတယ်လို့ပြောနိုင်ပါတယ်။
ဥပမာ။ "He gave her a gift." ("He" က subject/ "her" က indirect object/ "a gift" က direct object.(argument ၃ ခု)


🏓Valency အရေးကြီးပုံ

Valency ဟာ ဝါကျတစ်ကြောင်းမှာ verb ကဘယ်လိုဆောင်ရွက်တယ်၊ အဲ့ဒီ verb ကဘယ်လို sentence elements တွေကို license ပေးတယ်ဆိုတာ တွေကို နားလည်စေပါတယ်။

ပြီးတော့ Valency က ဝါကျတစ်ကြောင်းမှာ မရှိမဖြစ်လိုအပ်တဲ့ argument တွေနှင့် adjunct တွေကို ခွဲခြားသိစေပြီး ဝါကျတည်ဆောက်ပုံကိုလည်းနားလည်စေပါတယ်။

ဥပမာ။ "She put the book on the shelf," ဆိုတဲ့ဝါကျမှာ "put" ဆိုတဲ့ verb ဟာ trivalent ဖြစ်ပြီးတော့ arguments (သို့) core-complement သုံးခု ("she" -subject), ("the book" -direct object) နှင့် ("on the shelf" -locative complement) လိုအပ်ပါတယ်။ အဲ့ဒီ argument သုံးခုသာမပါရင် အဲ့ဒီဝါကျအဓိပ္ပါယ်မပြည့်စုံပါ။ She put the book. လောက်နဲ့ အဓိပ္ပါယ် မပြည့်စုံမှန်း သိသာပါတယ်။

With lots and lots of love,
Tr. TA

မနက်ဖြန်များရဲ့ဘာသာစကား🎓

08 Nov, 10:23


ယခင် ရေးခဲ့တဲ့ dual-transitivity verb မှအဆက်-
🔊Extension of intransitives (Intransitive များကို ချဲ့ခြင်း)

Talk ဆိုသော intransitive verb သည် ပင်ကိုအားဖြင့် Object မလိုပါ။ ဒါပေမယ့် nonsense လိုမျိုး object တစ်ခုထည့်နိုင်ပါသတဲ့။
ဥပမာများ။
They were talking nonsense.
She ran a marathon.
She hummed a familiar tune.
I sang the wrong words.
I walked two miles.
She wept tears of joy. (ဝမ်းသာမျက်ရည်ကျ)
ဒီလိုVerb တွေနောက်မှာ လိုက်နိုင်တဲ့ object မျိုးကတော့ အနည်းငယ်သာရှိပါတယ်။ weep နဲ့ဆိုရင် tear သာလိုက်နိုင်ပါတယ်။

💡ဒီလိုမျိုးသုံးလို့ရတဲ့Verb တချို့ကတော့----
hum/run/sing/speak/walk/weep/.....

🔊Extension by cognate object (Cognate object လိုက်ခြင်းဖြင့်ဝါကျကို ဆွဲဆန့်ခြင်း)

Cognate object ဆိုတာ verb နှင့် သူ့နောက်က လိုက်တဲ့ noun တို့ မျိုးတူတဲ့ Object ကိုခေါ်တာပါ။ ဥပမာ။ He died a natural death. (၉၆ပါးသောရောဂါနဲ့သေ). ဆိုတဲ့ဝါကျမှာ die နှင့် death တို့မျိုးတူကြတယ်။
ဥပမာဝါကျများ-
He grinned a wicked grin.
She always dreams the same dream.
He lives the peaceful life.
She slept the sleep of the just.
He was thinking lewd thoughts.

💡ဒီလိုမျိုးသုံးလို့ရတဲ့ verb တချို့ကတော့---
cough/grin/laugh/sigh/snore/yawn/die/dream/live/sleep/think/.....

🔊Object of conveyed reaction (verbမှအဓိပ္ပါယ်ဖော်ဆောင်ပြီး တုန့်ပြန်မှုပြ object)

📞grin/laugh/nod/sigh/smile/wave စတဲ့ verb တွေဟာ "non-verbal communication" ကိုပြပါတယ်။ ဒီverb တွေဟာ မူလက intransitive verb တွေပါ။ ဒါပေမယ့် ဒီနေရာမှာတော့ transitive verb သဖွယ်သုံးထားပါတယ်။ဥပမာ။ She smiled her assent. ဆိုတဲ့ဝါကျဟာ "She signalled her assent by smiling. ဆိုတဲ့ဝါကျနဲ့ အဓိပ္ပါယ်တော်တော်ဆင်တူပါတယ်။ ဒါပေမယ့် passive voice သို့တော့ မပြောင်းနိုင်ဘူး။ *Her assent was smiled. လို့တော့မရပါ။
ဥပမာများ။
I nodded my agreement.
He grined his appreciation.
He roared his thanks.

📞mumble/roar/scream/whisper/ စတဲ့ verb တွေကတော့ "ပြောဆိုပုံပြ" verb တွေပါ။ Object အမျိုးမျိုးလိုက်နိုင်ပါတယ်။ ဥပမာ။ He roared the command. ဒီ Verb တွေကိုတော့ passive သို့ ပြောင်းနိုင်ပါသတဲ့။ On the parade ground, commands must be roared, not whispered. လို့သုံးနိုင်ပါတယ်။

ခုတော့ဒီလောက်ပါပဲ။
With lots and lots of love,
Tr. TA

မနက်ဖြန်များရဲ့ဘာသာစကား🎓

07 Nov, 06:39


😝Tongue Twisters 🥵
(လျှာခလုတ်တိုက် ဝါကျများ <သို့> လျှာသွက်စေသော စကားစုများ)

Speaking ကို လေ့ကျင့်တဲ့ အခါ တစ်ပွင့်ချင်း ပန်းကုံးသီသလို တစ်ဆင့်ချင်း တက်ရပါတယ်။
Speaking ကောင်းဖို့ အခြေခံ pillars ၄ - ခု ကိုခိုင်မာဖို့လိုပါတယ်။

Vocabulary ဝေါဟာရ
Pronunciation အသံထွက်
Sentence Structure (Grammar) သဒ္ဒါ
Listening အကြားအာရုံ

1️⃣Vocabulary ဝေါဟာရ
ဝေါဟာရ တွေကို လက်လှမ်းမီသလောက် လေ့လာထားတာဟာ Speaking မှာ အရေးပါ ပါတယ်။ ✳️ဝါကျတွေ မတည်ဆောက်နိုင်ရင်တောင် “ဝေါဟာရ” တွေ “လက်ဟန် ခြေဟန် အနေအထား”(body gestures”) တွေသုံးပြီး Communication ကို အဆင်ပြေအောင် ဆက်သွယ်လို့ရပါတယ်။

2️⃣Pronunciation အသံထွက်

ဒီမှာ US Accent - UK Accent - AU Accent စတဲ့ Native ရဲ့ Accent တွေကို ခဏမေးထားပြီး၊
✳️ကိုယ်ပြောချင်တဲ့ ဝေါဟာရရဲ့ pronunciation ကို ပီပီသသနဲ့ ရှင်းရှင်းလင်းလင်း ပြောနိုင်ရင် communication ကိုရှေ့ဆက်လို့ရပါပြီ။ မြန်ဖို့မလိုပေမယ့် တဖက်သား နားလည်ဖို့ ပီသပြတ်သားဖို့ အဓိကကျပါတယ်။

3️⃣Sentence Structures (Grammar သဒ္ဒါ)
ဝါကျတွေကို တည်ဆောက်နိုင်ဖို့ အခြေခံ သဒ္ဒါ ကို သိရှိနားလည်ထားဖို့တော့ လိုပါမယ်။ ဒါမှ ✳️လေ့လာကျက်မှတ်ထားတဲ့ ဝေါဟာရတွေနဲ့ ယှဉ်တွဲပြီး Communication ကို ရှေ့ဆက်နိုင်မှာပါ။ အခြေခံ သဒ္ဒါအပြင် Speakingပိုင်း မှာ အလွတ်ကျက်မှတ်ထားရတဲ့ ဝါကျပိုင်း အတိုတွေကိုလည်း လေ့လာထားရမှာပါ။

4️⃣Listening အကြား
ကိုယ်နဲ့ communicate လုပ်ရတဲ့သူဟာ Native (US, UK, AU, NZ etc.) တွေလည်းဖြစ်ကောင်း ဖြစ်မယ်၊ ဒါမှမဟုတ် ကိုယ့်လို ESL ဒုတိယဘာသာစကား ကို ပြောကြသူတွေလည်း ဖြစ်ကောင်းဖြစ်မှာပါ။ ✳️ဒါကြောင့် Native Accent ကို နားရည်ဝနေဖို့အပြင် International English ကိုလည်း နားလည်ဖို့ ပြင်ဆင်ထားရပါမယ်။

အခု 1️⃣2️⃣3️⃣4️⃣ လေးချက်ဟာ communication အဆင်ပြေချောမွတ်စေဖို့ အခြေခံ ပိုင်နိုင်ရမယ့် Basic Level အဆင့်တွေပဲရှိပါသေးတယ်။

✳️ အခုအောက်မှာ ပေးထားတဲ့ ဝါကျပိုင်းတွေကတော့ Speaking ပြောတဲ့အခါ မှာ ယုံကြည်မှုရစေဖို့၊ လျှာသွက်လာစေဖို့ အထောက်အကူပြုပါတယ်။ သရုပ်ဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဟောပြောတဲ့သူတွေဟာ စင်မြင့်ပေါ်မှာ ခရားရေလွှတ် ပြောနိုင်ဖို့ Tongue Twisters တွေကို လေ့ကျင့်လေ့ရှိပါတယ်။ Tongue Twister တွေကို alliteration လို့ ခေါ်တဲ့သံတူကြောင်းကွဲ စကားလုံး တွေနဲ့ ထပ်ကာထပ်ကာဖွဲ့စည်းထားတာပါ။

💡တစ်ခု သတိထားရမှာက Tongue Twisters တွေကို လေ့ကျင့်တဲ့အခါ အသံကျယ်ကျယ်နဲ့ ခပ်မြန်မြန်ပြောပြီး လေ့ကျင့်ဖို့တော့ လိုပါလိမ့်မယ်။

Keep Learning!
Tr.D (ALoT)


👅 She sells seashells by the seashore.
👅 How can a clam cram in a clean cream can?
👅 I scream, you scream, we all scream for ice cream.
👅 I saw Susie sitting in a shoeshine shop.
👅 Susie works in a shoeshine shop. Where she shines she sits, and where she sits she shines.
👅 Fuzzy Wuzzy was a bear. Fuzzy Wuzzy had no hair. Fuzzy Wuzzy wasn’t fuzzy, was he?
👅 Can you can a can as a canner can can a can?
👅 I have got a date at a quarter to eight; I’ll see you at the gate, so don’t be late.
👅 You know New York, you need New York, you know you need unique New York.
👅 I saw a kitten eating chicken in the kitchen.
👅 If a dog chews shoes, whose shoes does he choose?
👅 I thought I thought of thinking of thanking you.
👅 I wish to wash my Irish wristwatch.
👅 Near an ear, a nearer ear, a nearly eerie ear.
👅 A big black bear sat on a big black rug.
👅 Tom threw Tim three thumbtacks.
👅 He threw three free throws.
👅 Nine nice night nurses nursing nicely.
👅 So, this is the sushi chef.
👅 Four fine fresh fish for you.
👅 Wayne went to wales to watch walruses.
👅 We surely shall see the sun shine soon.
👅 Which wristwatches are Swiss wristwatches?
👅 Fred fed Ted bread, and Ted fed Fred bread.
👅 I slit the sheet, the sheet I slit, and on the slitted sheet I sit.
👅 A skunk sat on a stump and thunk the stump stunk, but the stump thunk the skunk stunk.
👅 Lesser leather never weathered wetter weather better.
👅 Of all the vids I’ve ever viewed, I’ve never viewed a vid as valued as Alex’s engVid vid.

မနက်ဖြန်များရဲ့ဘာသာစကား🎓

05 Nov, 14:10


🎯On The Spot Translation💡
(Exercise -9 Review)

✳️အဆိုအမိန့်တွေ၊ အတွေးအခါ်တွေကို ဘာသာပြန်တာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ပြောတဲ့သူ သုံးတဲ့ terms တွေကို နားလည်ရုံမကဘူး၊ သူ့ရဲ့ ခံစားချက်ကိုလည်း ရင်ထဲရောက်ဖို့လိုပါတယ်။ ဒါမှတဆင့် သူတစ်ပါးထပ်နားလည်အောင်၊ နားဝင်အောင် ပြန်ဆိုပေးဖို့ ပိုခက်ပါတယ်။
✳️ကိုယ်အတွက်မသဲကွဲတဲ့ ဝေါဟာရ၊ ဝါကျကိုပြန်ရင် ၊ မြန်မာလိုလည်း မရှင်းမလင်းထွက်လာမှာပါ။

Ex - 9 မှာ

“ I FEEL, IN A WAY, ON A RECORD, YOU CAN BE MORE SUBTLE. IN THE LIVE SETTING, EVERYTHING GETS AMPLIFIED.
THE DYNAMICS ARE MORE EXTREME IN CONCERT.”
🎸ဂီတအကြောင်းနဲ့ ခိုင်းနှိုင်းပြီး ဘဝ ဇာတ်ခုံကိုပုံဖော်ထားတဲ့ Quote ပါ။ ပြန်ဆိုသင့်တာက ➡️

🇲🇲(စတူဒီယိုထဲ) အသံသွင်းတဲ့အခါကျရင်တော့ သိမ်မွေ့ညင်သာလို့ရတယ်ဆိုပေမယ့်၊ လူရှေ့သူရှေ့ တိုက်ရိုက်ဆိုရင်တော့ အသံအားလုံးကို ချဲ့ကားထားတာ။ စင်မြင့်ပေါ်မှာ သက်ရောက်မှုအပြောင်းအလဲက ပိုပြီးထူးကဲ ပြင်းထန်လွန်းတယ်”

➡️ဆိုချင်တာကတော့ ဘဝမှာ ကိုယ့်အဝန်းအဝိုင်းထဲဆိုရင် သက်တောင့်သက်သာ နေလို့ရပေမယ့်၊ ဘဝဇာတ်ခုံပေါ် တက်ပြီး ကပြရတဲ့အခါ အတက်အကျ အနိမ့်အမြင့်တွေနဲ့ ပိုရင်ဆိုင်ရတယ်လို့ပြောချင်ပုံပါ။
✍️ဒါဆိုရင် အဆိုအမိန့်တွေ၊ အတွေးအခေါ်တွေကို ဘယ်လိုပြန်ရမလဲဆိုတာ အကြမ်းဖျဉ်း သဘောပေါက်လောက်ပါပြီ။ စိတ်ကြိုက် ပြန်ဆိုနိုင်တဲ့သူ မရှိပေမယ့် အနီးစပ်ဆုံး ပြန်ဆိုနိုင်တဲ့ သူကို ရွေးပေးပါဆိုရင်

“Amy Amy” ပါ။
(Top-Up Rewarded)

နောက်တစ်ခါကျမှ ထပ်ပြီးပြန်ဆုံကြပါမယ်!
Keep Challenging!
Tr.D (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

02 Nov, 13:58


Dual-transitivity verbs မှအဆက်

🔉Source & theme

1. a.The sun radiates heat.
b. Heat radiates from the sun.
(a) ၏ transitive verb ကိစ္စတွင် source သည် Subject ဖြစ်ပြီး theme သည် Object ဖြစ်သည်။ source ဖြစ်တဲ့ The sun ကိုအလေးထားသည်။
(b) ၏ intransitive verb တွင် theme သည် Subject ဖြစ်သည် source သည် from ၏ complement ဖြစ်သည်။ Heat ကိုအလေးထားသည်။
📕နောက်ထပ်ဥပမာတချို့---
2.a. His wound was oozing blood.
b. Blood was oozing from his wound.
3.a. The bush sprouted new shoots.
b. New shoots sprouted from the bush.
4. a. The reforms will benefit women.
b. Women will benefit from the reforms.

ဒီလိုမျိုးသုံးလို့ရတဲ့ verb တချို့ကတော့---
bleed/dribble/drip/exude/leak/seep/spew/squirt/spurt....

🔉Subject ပြောင်းလဲမှုမရှိဘဲ Transitive & Intransitive အရ Object မြှုပ်ခြင်း ဖော်ခြင်း။

တချို့ Verb များသည်မူလက transitive ဖြစ်ပေမယ့် intransitive verb အဖြစ်သုံးတတ်သည်။ဤသို့ intransitive verb အဖြစ်သုံးရာတွင် ဖော်ပြမထားသော object ရှိနေသည်ဟုနားလည်ရသည်။
📕ဥပမာများ-
1. He read. ဒီဝါကျမှာ "သူတစ်ခုခုကိုဖတ်သည်(ဥပမာ-စာအုပ်)ဟု နားလည်ရသည်။
2. He married. ဆိုတဲ့ဝါကျမှာလည်း "သူတစ်ယောက်ယောက်ကိုလက်ထပ်သည်" ဟုနားလည်သည်။
Intransitive verb ကိစ္စတွင် ဖော်ပြမထားသော Object ရှိနေသည်။

တချို့ verb များသည်မူလက intransitive verb ဖြစ်ပေမယ့် transitive verb အဖြစ်သုံးတတ်သည်။
📕ဥပမာ။
She smiled.
She smiled a wistful smile. (a wistful smile= cognate object)
ဒုတိယဝါကျသည် She smiled wistfully. ဆိုတဲ့ဝါကျနဲ့ အဓိပ္ပါယ်အနည်းငယ်ခြားနားမှုရှိသည်။

အကျယ်ကိုဆက်လက်လေ့လာကြည့်ကြပါစို့။

🔵 မူလက Transitive verb ပေမယ့် intransitive သဖွယ်သုံးခြင်း။

🔊Omission of object in instructions(ညွှန်ကြားချက်များတွင် Object ကို မြှုပ်ခြင်း။

e.g. Apply liberally.
ဒီလို Intransitive အမျိုးအစားများသည် ညွှန်ကြားချက်များကိုပေးသော

📕 (ဥပမာ-လမ်းညွှန်ခြင်း၊ ဟင်းချက်နည်းပြုတ်နည်းစသည်) register အသွင်ကိုဆောင်သည်။ ဘာအကြောင်းကိုပြောသည် ဆိုသည်ကို စာစကား အဆက်အစပ် context ကိုကြည့်ပြီးဖော်ယူလို့ရသည်။ စာနဲ့ရေးသားထားသော ညွှန်ကြားချက်သည် ဖော်ပြထားတဲ့ ကိုင်တွယ်၍ရသောအမျိုးအစားနဲ့ယှဥ်တွဲပါမြဲဖြစ်သည်။

📕ဥပမာ။ Apply liberally. ဆိုတဲ့စာသားဟာ Sunscreen lotion ဘူးတစ်ဘူးမှာပါရှိတဲ့ အညွှန်းစာ တစ်ခုမှယူထားခြင်းဖြစ်သည်။ ဘာကို apply လုပ်ရမှာလဲဆိုတာကို နားလည်ပြီးသားဖြစ်တယ်။ နောက်တစ်မျိုးကတော့ "အမျိုးအစားတစ်ခု"ဟာ ရှေးကဖော်ပြပြီးသားလည်းဖြစ်နိုင်သည်။

📕ဥပမာ။ Trace design on to tracing paper, then transfer___on to table mat.....ဆိုတဲ့ဝါကျမှာ transfer နောက်က the design မြှုပ်ထားတယ်ဆိုတာကိုနားလည်ပြီးသားပါ။( ဒီလိုမျိုး Item in question ရှိနေတော့ ကျနော်တို့လည်း တစ်ခါတခါ စကားပြောတဲ့အခါ မြှုပ်ပြောကြတာတွေရှိတာပါပဲ။

📕ဥပမာ။ လွန်ဆွဲပွဲကို အားပေးတဲ့အခါ "ဆွဲ...ဆွဲ...ဆွဲ" လို့ပဲပြောကြတယ်။ "ကြိုးကိုဆွဲ" လို့တစ်ယောက်မှမပြောကြပါ။)
ဒီကစ္စမှာတော့ verb ရဲ့မူရင်းကိုယ်၌က transitive ဖြစ်ပါလျက် intransitive သဖွယ်သုံးထားတဲ့အကြောင်းကိုရှင်းပြလိုတာပါ။ transitive verb ဆိုပေမယ့် object မပါဘူးလားလို့ ပြောလာရင် ဒီသဘောကို နားလည်အောင်ပြောလိုရင်းပါ။

🔊 Unexpressed definite object (တိကျတဲ့ Object ကိုမြှုပ်ထားခြင်း)

အထက်က ဥပမာ မှာလိုပဲ စကားအဆက်အစပ်ကနေ Object ကိုဖော်ယူလို့ရပါတယ်။ မတူတာက အထက်က ဥပမာမှာ Object ကိုမြှုပ်တာဟာ ပေးထားတဲ့ register ကိုကန့်သတ်တာဖြစ်ပြီး နံယခုအကြောင်းအရာမှာတော့ verb ကိုပဲ ကန့်သတ်ထားပါတယ်။

📕ဥပမာ။ They played the club champions and won. ဆိုတဲ့ဝါကျမှာဘာကိုအနိုင်ရတာလဲဆိုတာကို ခန့်မှန်းလို့ရတယ်။ ပြိုင်ပွဲရယ်လို့ မည်မည်ရရ ဖော်ပြမထားပေမယ့် won the contest လို့နားလည်နိုင်ပါတယ်။ ဘယ်လို contest မျိုးလဲဆိုတာကိုတော့ context ကိုကြည့်ရပါမယ်။ဒါပေမယ့် They played the club champions and enjoyed. လို့တော့ အဆင်မပြေပါဘူး။

📕ဥပမာဝါကျများ-
1. I asked her where it was but she didn't answer. (answer me/ my question ဟုနားလည်ပြီးသားပါ)
2. There's a meeting tonight but I can't attend. (attend the meetingဟုနားလည်သည်)

💡ဒီလိုမျိုးအသုံးပြုလို့ရတဲ့ Verb တချို့ကတော့--
answer/ ask/ attend/drive/fail(test)/fit/follow/interrupt/lead/lose(contest)/obey/pull/telephone/watch

🔊Unexpressed reflexive object (ကိုယ်တိုင်နာမ်စား Obj ကို မြှုပ်ရေးခြင်း)
တချို့ Verb တွေဟာ reflexive object မပါဘဲ သုံးနိုင်ပါတယ်။

📕ဥပမာ။
1. We crammed (ourselves) into the back seat.
2. He pulled (himself) free.

💡ဒီလို မျိုး သုံးလို့ရတဲ့ Verb တချို့ကတော့---
bathe/shave/shower/wash/disrobe/dress/undress/cram/launch/load/pack/prepare/behave/hide/....

မနက်ဖြန်များရဲ့ဘာသာစကား🎓

02 Nov, 13:58


🍎ဒါပေမယ့် clothe/perjure တို့ကိုကျတော့ reflexive object ကိုမြှုပ်လို့မဖြစ်နိုင်ပါ။
ဥပမာ။ They clothed themselves in black. လို့သာရေးနိုင်မယ်။ *They clothed in black. လို့တော့မရေးနိုင်ပါ။

🔊Unexpressed reciprocal object(အပြန်အလှန်သဘောရှိတဲ့object ကိုမြှုပ်ရေးခြင်း)
တချို့ verb တွေမှာ reciprocal object တွေမပါဘဲသုံးတတ်တယ်။ ဥပမာ။
1. They kissed (each other) passionately.
"They" ဆိုတာကြောင့် တစ်ယောက်ကပဲ နမ်းတာမဟုတ်ဘဲ အပြန်အလှန်သဘောပါပါတယ်။
2. The lines cross (each other) here.
မျဥ်းနှစ်ကြောင်းဖြတ်သွားတယ်ဆိုတော့ တစ်ကြောင်းကပဲ ဖြတ်လို့မရပါ။

💡ဒီလိုမျိုးသုံးလို့ရတဲ့ Verb တချို့ကတော့---
court/divorce/embrace/kiss/marry/cross/hit/miss/touch/consult/fight/meet....

🍎ဒါပေမယ့် help/love/resemble တို့ကိုကျတော့ reciprocal object ကိုမမြှုပ်နိုင်ပါ။
They resemble each other closely. လို့သာရေးနိုင်ပါမယ်။* They resemble closely. လို့တော့မရေးနိုင်ပါ။
🍎တချို့ verb တွေကျတော့ reciprocity လုပ်စရာမလိုဘဲ အဓိပ္ပါယ်တစ်ထပ်တည်းကျတာရှိပါတယ်။ ဥပမာ။
Kim married Pat. လို့ဆိုရင် Pat married Kim. လို့လည်း အနက်ထွက်ပါတယ်။

🔊Unexpressed body-part object(ခန္ဓာကိုယ်အစိတ်အပိုင်းဆိုင်ရာ object ကိုမြှုပ်ရေးခြင်း)
တချို့ Verb တွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းဆိုင်ရာobject ကိုနားလည်ပြီးသားမို့ မြှုပ်ရေးကြပါတယ်။
ဥပမာ။
I nodded (my head).
He shrugged (his shoulders).

💡ဒီလိုမျိုးသုံးလို့ရတဲ့ verb တချို့ကတော့----
blink(eyes)/clap(hands)/nod(head)/shrug(shoulders)

🍎တချို့Verb တွေကိုကျတော့ body parts တွေကို object အဖြစ်ထည့်ပေးရတာရှိပါတယ်။ ဥပမာ။
She craned her neck to see. လို့ရေးရပြီး
*She craned to see. လို့တော့မရပါ။

🍎ဒီလိုအသုံးတွေလည်းရှိပြန်တယ်။ဥပမာ။
I shaved.
I shaved myself.
I shaved my face.

🔊Unexpressed human object (လူသားObject ကိုမြှုပ်ရေးခြင်း)
နားလည်ပြီးသား Object (လူ)ကိုရံခါမြှုပ်ရေးတတ်သည်။
ဥပမာ။
I want to advise you against buying it. (Or)
I want to advise against buying it.

💡ဒီလိုမျိုးသုံးလို့ရတဲ့ Verb တချို့ကတော့----
admonish/advise/caution/warn/amaze/amuse/disturb/offend/please/bite/kick/prick/sting....

🍎ဒါပေမယ့် I must alert you to a new danger. လို့ရေးလို့ရပေမယ့် I must alert to a new danger. လို့တော့မရပါဘူး။

🔊Specific category indefinities (သီးသန့်အမျိုးအစားတစ်ခုအတွင်းက မတိကျသော noun များကို မြှုပ်ရေးခြင်း)

ဆိုလိုတာက eat ဆိုတဲ့ verb က "စားတယ်" ဆိုရာမှာ အစားခံရတဲ့အရာတွေ ဆိုတဲ့သီးသန့် အမျိုးအစားဖြစ်ပြီး ဘာကိုစားသလဲဆိုတာကတော့ မတိကျတာကိုပြောချင်တာပါ။

📕ဥပမာ။
1. Have you eaten yet? (ထမင်းစားတာကိုမေးခြင်းဟုနားလည်းပြီးသားပါ)
2. We are eating at six.(ဒီဝါကျလည်း ထမင်း စားတာကိုပြောတာပါ)
3. She is expecting again. ဒီဝါကျမှာတော့ baby ကိုထည့်ရေးလို့ရသလို ဖြုတ်လိုကဖြုတ်နိုင်ပါတယ်။ (ကိုယ်ဝန်ရှိနေပြန်ပြီ လို့ဆိုလိုတာပါ)

💡ဒီလိုမျိုးသုံးလို့ရတဲ့ verb တချို့ကတော့---
bake/drink/eat/expect/wash....

🔊Normal category indefinites( ပုံမှန်သုံးနေကျအမျိုးအစားထဲမှာ မတိကျသော noun ကိုမြှုပ်ခြင်း)
They were eating/drinking.
I want to read.
ဒီလိုဝါကျတွေမှာ eating ဆိုတော့ food ကိုစားတာပဲပေါ့။ Subj ကလူဆိုရင် မြက်ကိုစားတယ် လို့တော့ မဖြစ်နိုင်ပါ။
drinking ကတော့ ဒွိဟဖြစ်နိုင်ပါတယ်။ အရက်သောက်တာလည်းဖြစ်နိုင်သလို context ကိုလိုက်ပြီးသောက်စရာတစ်ခုခုကိုသောက်တာလည်း ဖြစ်နိုင်ပါတယ်။
read ဆိုလည်း ထိုနည်းတူပါပဲ။ "စာမေးပွဲဖြေစဥ်မေးခွန်းတိုကိုဖတ်နေတာ"ကတော့ဖြစ်တောင့်ဖြစ်ခဲပါ။

💡ဒီလိုမျိုးသုံးလို့ရတဲ့ verb တချို့ကတော့---
cook/darn/draw/drink/drive/dust/eat/fly/hunt/iron/knit/marry/paint/read/sew/study/teach/type.....

ခုတော့ ဒီလောက်ပါပဲ။ ဆက်လက်စောင့်မျှော်ဖတ်ရှုကြပါရန်။
With lots and lots of love,
Tr TA

မနက်ဖြန်များရဲ့ဘာသာစကား🎓

01 Nov, 02:27


Inversion ( Part4)
(⚡️Repost To Reread 19⚡️)


Inversion အပိုင်း(၄)
🔺🔺🔺🔺🔺🔺
Inversion အကြောင်း ဆက်ကြဦးစို့။

🔷So Adj/Adv that ပုံစံကို ❗️So Adj/Adv ရှေ့တင်ရေးရင်၊ ❗️Such that ပုံစံမှာ Such ကို ရှေ့တင်ရေးရင် Inversion သုံးရပါတယ်။
"လွန်းလို့" လို့ အဓိပ္ပါယ် ရပါတယ်။

📕The storm was so devastating that many people became homeless. (မူရင်း ဝါကျ So Adj that)

➡️So devastating was the storm that many people became homeless. (Inversion ဝါကျ)
(🇲🇲မုန်တိုင်းက ဖျက်ဆီးမှုအားကောင်းလွန်းလို့ လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြတယ်။

✖️✖️✖️✖️✖️✖️✖️✖️

📕The thief ran so quickly that we could not catch him. (မူရင်း ဝါကျ So Adv that)

➡️So quickly did the thief run that we could not catch him. (Inversion ဝါကျ)
(🇲🇲သူခိုးက အပြေးမြန်လွန်းလို့ ငါတို့ သူ့ကို မမိလိုက်ဘူး)

✖️✖️✖️✖️✖️✖️✖️

📕The extent of water pollution is such that it causes 1.8 million deaths a year. (မူရင်း ဝါကျ)

➡️Such is the extent of water pollution that it causes 1.8 million deaths a year. (Inversion ဝါကျ)
(🇲🇲ရေထုညစ်ညမ်းမှု အတိုင်းအတာ ဟာ ဆိုးရွားလွန်းလို့ တစ်နှစ်ကို လူပေါင်း ၁.၈ သန်းလောက်သေဆုံးမှု ဖြစ်စေတယ်)

✖️✖️✖️✖️✖️✖️✖️

🔷Clause နှစ်ခု အကြောင်းအရာတူရင် ဒုတိယ Clause မှာ Inversion သုံးရပါတယ်။
ရှေ့ Clause ထဲက အတိုင်းပါပဲ လို့ ပြောတာပါ။

✳️ရှေ့က Affirmative Clause ဆိုရင်
So+Verb+Sub ပုံစံ သုံးပါတယ်။

📕He turned down the chance to go abroad, and I turned down the chance to go abroad too. (မူရင်း ဝါကျ - Affirmative)

➡️He turned down the chance to go abroad, and so did I. (Inversion ပုံစံ)
(🇲🇲နိုင်ငံခြားသွားဖို့ အခွင့်အရေးကို သူပယ်ချသလို ငါလည်း ပယ်ချလိုက်တယ်)

✖️✖️✖️✖️✖️✖️

✳️ရှေ့က Negative Clause ဆိုရင်
Neither/Nor Verb Sub ပုံစံ သုံးရပါတယ်။

📕I have never been to Inlay, and my sister has never been to Inlay either. (မူရင်း ဝါကျ - Negative)

➡️I have never been to Inlay. Neither has my sister. (Inversion ဝါကျ)
I have never been to Inlay, and nor has my sister. (Inversion ဝါကျ)
(🇲🇲ငါ အင်းလေး မရောက်ဖူးသလို ငါ့ညီမလည်း မရောက်ဖူးဘူး)

✖️✖️✖️✖️✖️✖️

✳️Adverbial Phrase of Place and Direction (နေရာပြ နဲ့ ဦးတည်ရာပြ ကြိယာဝိသေသန စကားစု)တွေကို ဝါကျထိပ်တင်ရေးရင် Inversion သုံးရပါတယ်။

📕Many ancient capitals lie along the Ayeyarwady river banks. (မူရင်း ဝါကျ)

➡️Along the Ayeyarwady river banks lie many ancient capitals. (Inversion ဝါကျ)
(🇲🇲ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ ရှေးဟောင်းမြို့တော်များစွာ တည်ရှိတယ်)

📕The cemetery is next to my house.
(မူရင်း ဝါကျ)
➡️Next to my house is the cemetery.
(Inversion ဝါကျ)
(🇲🇲ငါ့အိမ်ဘေးမှာ သင်္ချိုင်း ရှိတယ်)

✖️✖️✖️✖️✖️✖️

💦Little drops of water make a mighty ocean🌊
Tr.TzP (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

26 Oct, 03:45


🪜Let’s Get To The Next Level by ⚠️LoT”
(LGTTNL- 1 Review)

✔️The poor countries will never be able to fix their poverty even if they work very hard.
ဆိုတဲ့ ဝါကျကို တစ်ဆင့်မြှင့်ပြီး ပေးထားတဲ့
(No matter how, rectify, deficits, impoverished, industrious) တို့နဲ့ အစားထိုးသုံးတဲ့ အခါ လှည့်ကွက်တစ်ခု တော့ရှိပါတယ်။

✔️ဒါကတော့ No matter how ပါ။ ကျန်တာတွေကတော့ အဘိဓာန် ကြည့်ရင်း အစားထိုးလို့ရပေမယ့်၊ no matter how နောက်မှာ ကပ်ရပ်
လိုက်တာကတော့ Adj များပါတယ်။ Adverb ကို တိုက်ရိုက်ထည့်လို့မရပါဘူး။

📕 No matter how kind he is.
(သူ ဘယ်လောက်ပဲ သနားတတ်တတ်)
No matter how generous they are.
(သူတို့ ဘယ်လောက်ပဲ စေတနာရှိရှိ)

✔️မူရင်းစာကြောင်းရဲ့ very hard ကိို ➡️ industriously လို့ အစားထိုးနိုင်ပေမယ့် - no matter how နောက်မှာတော့ “no matter how industrious they work” ဆိုမှ မှန်နိုင်မှာပါ။

Meet you all in next level!
ALoT

မနက်ဖြန်များရဲ့ဘာသာစကား🎓

26 Oct, 03:11


Quizzical Hour (QH2) ရဲ့
“ပကာသနကင်း မျှတ လက်တွေ့ကျသော”
ရဲ့ အသင့်တော်ဆုံးနဲ့ အကျစ်လျစ်ဆုံးပြန်ဆိုမှုဟာ ….
“Down to earth” ပါ
အဆောင်အယောင် ပကာသနတွေမလိုဘဲ၊ လက်တွေ့ကျကျ နေထိုင်ကျင့်ကြံတာမျိုးပါ။ သူရဲ့ ဆန့်ကျင်ဘက်ဆိုရင် ✖️arrogant (အထက်စီးဆန်)၊ ✖️ pretentious (လေလုံးထွား)၊ ✖️egotistical (မာနကြီး)၊ aggressive (ရန်လို) တာတွေပါ။

📕 a down-to-earth view of marriage
(ပကာသနကင်းတဲ့ လက်ထပ်ပွဲလေး)

✔️modest (ရိုးရိုးကုပ်ကုပ်), ✔️practical(လက်တွေ့ကျ), ✔️fair & just (သမာသမတ်ရှိ), ✔️unpretentious (မပလွှား), ✔️realistic (အရှိကို အရှိအတိုင်း) စတဲ့ ဝေါဟာရတွေကို စုစည်းပြီး၊ တစ်လုံးတည်း ပြောပါဆိုရင် “✳️down to earth” ဖြစ်တာပါ။

ယှဉ်ပြိုင်ကြသူတွေထဲက အကောင်းဆုံး ဖြေဆိုနိုင်သူကတော့ -
⭐️Amy Amy” ပါ

လက်ခံလို့ရတဲ့ ကျန် ALoTers တွေကတော့ ..
Spring Manh
Nyx
Naw Lay
ဝရဇိန် လောင်္ချာ
꿈과 열정

တို့ပါ။ Congratulations 🙌

(Mobile Top-up Rewards to all participants)

နောက် round မှာ ပြန်ဆုံပါမယ်..
With Lo❤️e,
ALoT

မနက်ဖြန်များရဲ့ဘာသာစကား🎓

24 Oct, 09:45


Dual-transitivity verbs


အရင် post က Dual-transitivity verbs ကိစ္စမှာ conative intransitives အကြောင်းကိုရေးခဲ့ပါတယ်။ ခုတစ်ခါတော့ directional movement/Consultation and contest/ Emission တို့ နဲ့ဆိုင်တဲ့ dual-transitivity verbs အကြောင်းကိုလေ့လာကြရအောင်။

🍎Directional movement (ဦးတည်ဖက်ဆိုင်ရာ ရွေ့လျားမှုပြ dual-transitivity verb များ)

1. a. She climbed the tree.
b. She climbed up the tree.
(a) ရဲ့ transitive အရအဓိပ္ပါယ်က " သစ်ပင်ထိပ်သို့ရောက်တဲ့သဘောဖြစ်ပြီး (b) intransitive ကတော့ "သစ်ပင်ထိပ်ဆုံးသို့မရောက်" ဟု ဆိုလို။
2. a. We swam the river.
b. We swam across the river.
(a) က "မြစ်ကိုကူးတယ်ဆိုတဲ့ကိစ္စမှာ မြစ်တစ်လျှောက်ကူးတာလည်း ဖြစ်နိုင်သလို မြစ်ထဲမှာကူးနေတာလည်းဖြစ်နိုင်ပါတယ်။
(b) မှာက "မြစ်တစ်ဖက်ကနေ နောက်တစ်ဖက်သို့ ဖြတ်ကူးတာ" ကိုပြောတာ ရှင်းပါတယ်။
3. a. They fled the building.
b. They fled from the building.
(a) မှာ အဆောက်အဦကနေ "မြန်မြန်ထွက်ပြေးခြင်း" ဆိုတဲ့ action ကိုပိုမိုလေးနက်စေတာပါ။
(b) မှာက " source " ကိုထင်ထင်ရှားရှားပြပါတယ်။ အဆောက်အဦကနေ ထွက်ပြေးတယ်ဆိုတဲ့ကိစ္စမှာ ဘယ်နေရာက ဆိုတာကို လေးနက်စေပါတယ်။ စတင်ထွက်ပြေးတဲ့နေရာကို အလေးထားပါတယ်။
🔉 ယေဘုယျအားဖြင့်တော့ အထက်ကဥပမာတွေမှာ အဓိပ္ပါယ်သိပ်မကွာပေမယ့် transitive သဘောကတော့ ပို၍completeness /achievement ကို ပြပါတယ်။(b) ဝါကျတွေကတော့ directional movement ကိုပြပါတယ်။

နောက်ထပ်ဥပမာတွေကိုလေ့လာကြည့်ပါ။
1. They roamed the woods.
2. They roamed in the woods.
နံပါတ် (၁) က နံပါတ် (၂) ထက် "နေရာပိုမိုခရီးပေါက်တယ်"ဟုနားလည်အပ်ပါတယ်။

Prepositional constructions တွေမှာ prep အမျိုးမျိုးပါနိုင်ပါတယ်။ အဲ့လို constructions တချို့ဟာ transitive verb တွေနဲ့တူတာတွေရှိပါတယ်။ ဥပမာဝါကျတွေကိုလေ့လာကြည့်ပါ။
She climbed down the tree.
They fled towards the building.

🍎Consultation and contest (တိုင်ပင်ခြင်းပြ/ ယှဥ်ပြိုင်ခြင်းပြ dual-transitivity verb များ)
1. a. Kim met the teacher.
b. Kim met with the teacher.
(a) မှာ Kim ဆိုသူက ဆရာနဲ့ မမျှော်လင့်ဘဲ ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ် တွေ့တာ၊ တမင်တွေ့တာမဟုတ်ဟုဆိုလိုပါတယ်။
(b) မှာကျတော့ ဆရာနဲ့တွေ့ဖို့တမင်တကာစီစဥ်ပြီးတွေ့တာပါ။
2. a. Kim will be playing Pat.
b. Kim will be playing against Pat.
(a) မှာ အဓိပ္ပါယ် နှစ်ခွ ဖြစ်နိုင်ပါတယ်။ ပထမ အဓိပ္ပါယ်က "Kim ဆိုသူက Pat ဆိုသူနဲ့ game (သို့) match တစ်ခုမှာ မျက်နှာချင်းဆိုင်ပြီး ယှဥ်ပြိုင်တာ" ပါ။ (b) နဲ့ semantically symmetrical ဖြစ်ပါတယ်။ ဒုတိယ အဓိပ္ပါယ်ကတော့ ပြဇာတ်တို့ ရုပ်ရှင်တို့မှာ "Kim ဆိုသူက Pat နေရာမှာ ဝင်ပြီး Pat ကိုယ်စား သရုပ်ဆောင်မယ်" လို့ဆိုလိုပါတယ်။
(b) ကတော့ ဒွိဟ ဖြစ်စရာမရှိပါ။ (a) ရဲ့ပထမ အဓိပ္ပါယ် နဲ့ အတူတူပါ။

ဒီလိုမျိုး သုံးလို့ရတဲ့ dual-transitivity verb တွေကတော့ အနည်းစုပဲရှိပါတယ်။
battle/box/consult/fight/visit

🍎 Emission (ထုတ်လွှတ်ခြင်းပြ dual-transitivity verbများ)
1.a. He was dripping blood.
b. He was dripping with blood.
(a) ရဲ့ transitive ကိစ္စမှာ "သွေးဟာ သူ့ခန္ဓာကိုယ်တစ်နေရာက တစ်စက်စက်ကျဆင်းနေတယ်၊ သူသွေးထွက်နေတယ်" ဆိုတဲ့ သွေးကလှုပ်ရှားမှုပိုကဲပါတယ်။
(b) ရဲ့ intransitive ကိစ္စမှာတော့ ဒဏ်ရာတစ်ခုခုက သွေးကျဆင်းနေတာကို အလေးမထားဘဲ "သူဟာသွေးတွေ(အများကြီး)နဲ့ နစ်နေတယ်၊ သွေးတွေနဲ့ဖုံးနေတယ်" ဆိုတဲ့ သဘောပါ။
2. a. Her voice oozed charm.
b. Her voice oozed with charm.
(a) ရဲ့ transitive အရ "သူမအသံက တကူးတကအားစိုက်စရာမလို ပင်ကိုယ်ဗီဇအားဖြင့် နှစ်လိုဖွယ် ဖြစ်တယ်" ဆိုတဲ့သဘောပါ။
(b) ကတော့ "သူမရဲ့အသံမူလ အသံထဲမှာ နှစ်လိုဖွယ်ရာ ပါနေတယ်။ ဖြည့်စွက်ထားသလို ဖြစ်နေတယ်" ဆိုတဲ့သဘောပါ။
ခုတော့ ဒီလောက်ပါပဲ။ အင်္ဂလိပ်စာ စွမ်းရည်ပိုတိုးတက်ကြပါစေ။
ဒါနဲ့......
He speaks English.
He speaks in English. ဒီနှစ်ခု ခြားနားပုံကိုကိုယ်တိုင်သာ ရှာဖွေကြည့်ကြပါလေ။
With love,
Tr. TA

မနက်ဖြန်များရဲ့ဘာသာစကား🎓

22 Oct, 14:31


Conative intransitives

ဒီတစ်ခါ traditional grammar လောက်ကိုသာလေ့လာထားတဲ့ သူတွေအတွက် အဆန်းဖြစ်နေမယ့် verb တစ်မျိုးအကြောင်းကိုလေ့လာကြည့်ရအောင်။ မြင်ဖူးနေကျ ဝါကျတွေပေမယ့် ထဲထဲဝင်ဝင်လေ့လာမထားရင် အဓိပ္ပါယ် ခြားနားချက်ကို သိရခက်မယ်ထင်ပါတယ်။

🔉Verb တစ်လုံးတည်းပေမယ့် Object လိုက်တဲ့အခါ transitive verb အလုပ်ကိုလုပ်ပြီး prep ရဲ့ complement အဖြစ်လိုက်တဲ့အခါကျတော့intransitive verb အလုပ်ကိုလုပ်ပါတယ်။ ဒီလို intransitive verb မျိုးကို conatives လို့ခေါ်ပါတယ်။ conative ဆိုတဲ့စကားလုံးဟာ လက်တင်ဘာစကားလုံး conari (ကြိုးပမ်းမှု) လို့အဓိပ္ပါယ်ရပါတယ်။"ကြိုးပမ်း''ရုံလောက်ပဲ သဘောရှိပြီး ''ပြီးမြောက်အောင်မြင်လားမအောင်မြင်လား" ဆိုတာ မသေချာပါ။ ဥပမာတွေနဲ့လေ့လာကြည့်ရအောင်။

1.a.They shot him.
b.They shot at him.
ဒုတိယဝါကျမှာ at him လို့ prep နောက်က oblique သဘော complement လိုက်တဲ့အခါ shot က conative intransitive ဖြစ်ပါတယ်။

အဓိပ္ပါယ်ခြားနားပုံက
(a) မှာ "သူ့ကိုပစ်တယ်။ ထိတယ်။ (ထိခြင်းအောင်မြင်တဲ့သဘောပါ)။"
(b) မှာကျတော့ "ပစ်တော့ပစ်တယ်။ ထိချင်မှထိမယ်။ လွဲသွားနိုင်သေးတယ်။(ကြိုးပမ်းမှုမအောင်မြင်ဟုဆိုလို)

2.a.The horse kicked me.
b. The horse kicked at me.

ဒီဥပမာမှာလည်းထိုနည်းတူပါပဲ။
(a) မှာ "မြင်းက ကျွန်တော့်ကိုကန်ကျောက်တယ်။ ထိလည်းထိတယ်။ (ကန်ကျောက်ခြင်း အောင်မြင်တယ်ဟုဆိုလို)
(b) မှာကျတော့ "မြင်းက ကျွန်တော့်ကို ကန်တော့ကန်တယ်။ ကျွန်တော်ရှိတဲ့ဖက်သို့ကြိုးပမ်းမှုတော့ပြုတယ်။ လွဲကောင်းလွဲနိုင်တယ်။ (ကြိုးပမ်းမှု အောင်မြင်ချင်မှအောင်မြင်မယ် ဟုဆိုလို)

3. a. He cut the meat.
b. He cut at the meat.

ဒီဝါကျမှာလည်း အထက်ပါအတိုင်းပါပဲ။
(a) မှာ "အသားကိုတုံးတယ်။ အသားပိုင်းပြတ်သွားတယ်။ (တုံးခြင်း အောင်မြင်တယ်)
(b) မှာကျတော့ " အသားကိုတုံးတယ်။ ပြီးမြောက်အောင်တုံးတာဟုတ်ချင်မှဟုတ်မယ်။ (တုံးခြင်း အောင်မြင်ချင်မှအောင်မြင်မယ်။မအောင်မြင်ဖို့များတယ် ဟုဆိုလို)

🔉Conative intransitive verb ကိုသုံးတဲ့အခါ များသောအားဖြင့် prep ''at" ကိုအသုံးများပေမယ့် on ကိုလည်းတွေ့တတ်ပါတယ်။

🔉ဒီလိုမျိုးသုံးရတဲ့ verb တချို့ကတော့--
claw/hit/nibble/poke/push/smell/sniff/spray/strike.....

💽 sip (နည်းနည်းချင်းစီစုပ်သောက်သည်) ကိုသုံးတဲ့အခါ အနည်းငယ်ပြဿနာရှိပါတယ်။
a. She sipped her wine.
b. She sipped at her wine.
(a)မှာ transitive verb ပင်ဖြစ်ပေမယ့် "နည်းနည်းသာဝင်တယ်" လို့ဆိုပါတယ်။ဒါပေမယ့် prep နဲ့တွဲသုံးထားတဲ့ (b) ထက်တော့ ပိုဝင်တယ် ဟုသာ။
With love,
Tr. TA

မနက်ဖြန်များရဲ့ဘာသာစကား🎓

21 Oct, 12:38


(ယခင် post ဖြစ်တဲ့ light verb အကြောင်းမှအဆက်)

Main Light verbs များကို ဆန်းစစ်ကြည့်ခြင်း

GIVE
1.a. She sighed.
b.She gave a sigh.
2.a.She kissed him.
b.She gave him a kiss.
3.a. She advised him.
b.She gave him advice.

1. She gave a sigh.
နံပါတ် 1.b က Light verb ဖြစ်တဲ့ gave မှာ complement တစ်ခုသာလိုက်ရပါတယ်။ မူလ verb မှာလိုမျိုး ဒုတိယ indirect object မလိုက်နိုင်ဘူး။ *She gave me a sigh. လို့မရေးနိုင်ပါ၊ မသုံးပါ။

💡လေရှုသွင်း ရှုထုတ်လုပ်ရတဲ့ စကားလုံးတချို့ နှင့် ကိုယ်ခန္ဓာလှုပ်ရှားမှုပြတဲ့ စကားလုံးတချို့ ကို sigh သဘောတရားအတိုင်းသုံးရပါတယ်။ အဲ့ဒီစကားလုံးတွေကတော့---
cough/ fart/ gasp/grunt/hiss/laugh/lurch/moan/scowl/shrug/shudder/squeak စတာတွေပါ။

2. She gave him a kiss.
နံပါတ် 2.a. က မူလ verb ရဲ့Direct object ဟာ 2.b. က gave ရဲ့ Indirect object ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာက She gave him a kiss ဆိုတဲ့ဝါကျကို *She gave a kiss to him. လို့ရေးလို့မရဘူးတဲ့။

💡kiss လိုမျိုးသုံးလို့ရတဲ့စကားလုံးတချို့ကတော့--
bath/clout/cuddle/hit/hug/kick/punch/push/shower/squeeze/wash/wipe တွေပါ။

3. She gave him advice.
ဒိီဝါကျမှာလည်း Direct object နှင့် Indirect object ရှိနေပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့
She gave advice to him. လို့ရေးရပြန်ပါတယ်။

💡ဒီလိုသုံးလို့ရတဲ့ စကားလုံးတချို့ကတော့---
answer/ consideration/ encouragement/help/reply တွေပါ။

MAKE
မူလ Verb ဖြစ်တဲ့ make မှာ Sub/direct obj/indirect obj (သို့) for စကားစုတစ်ခုခုပါကောင်းပါပါမယ်။ make ကို light verb အဖြစ်သုံးထားတဲ့ဥပမာတချို့ကိုဖော်ပြလိုက်ပါတယ်။
1. He leapt from the balcony.
He made a leap from the balcony.
2. He inspected the wreckage.
He made an inspection of the wreckage.
3. He offered us $100.
He made us an offer of $100.

🔉He made a leap from the balcony.
ဒီဝါကျမှာ leap ရဲ့ verb နှင့် noun တို့ရဲ့ complement တွေဟာ တူကြပါတယ်။ ဆိုလိုတာက leap နောက်က from the balcony အချင်းချင်းတူကြတယ်ဟု၊
💡ဒိလိုcomplement ချင်းတူတဲ့စကားလုံးတချို့ကတော့----
appeal (to)/attempt (inf)/boast (that)/comment (about/on)/escape (from)/inquiry (about/into)/objection (to).....

🔉He made an inspection of the wreckage.
ဒီဝါကျမှာတော့ direct obj ရှေ့မှာ make မပါတဲ့အခါ သုံးတဲ့ inspection နောက်က prep အတိုင်းပဲ သုံးပါတယ်။
💡ဒီလို of သုံးလို့ရတဲ့စကားလုံးတချို့ကတော့----
analysis/copy/calculation/choice/note/payment/study/survey/search/....
💡တချို့စကားလုံးတွေကိုကျတော့ ကွင်းထဲက Prep အတိုင်းပဲသုံးပါတယ်။
attack (on)/request (for)/reduction (in)....


HAVE and TAKE
💡အောက်မှာပေးထားတဲ့ noun တွေကို Have (သို့) take ကြိုက်ရာတစ်ခုခုနဲ့ သုံးနိုင်ပါတယ်။
bath/break/drink/guess/look(at)/pity (on)/sip/sleep/swim/walk/wash/rest/shave/shower...

💡အောက်မှာပေးထားတဲ့ noun တွေနဲ့ Have တစ်ခုတည်းနဲ့ပဲ သုံးနိုင်ပါသတဲ့။
chat (with)/cry/dream(about)/fight(with)/meeting (with)/talk (with)/kiss/ laugh/look(for)...

💡အောက်မှာပေးထားတဲ့ noun တွေနဲ့ကျတော့ take နဲ့သာ တွဲသုံးနိုင်ပါသတဲ့။
decision (inf)/dive/leap/photograph (of)/step....

🔉 take နှင့် have ကြိုက်ရာသုံးနိုင်တဲ့ အခါ take ကို AmE မှာ အသုံးများပြီး have ကိုတော့ BrE နှင့် AusE တွေမှာ အသုံးများပါတယ်။

🔉light verb အဖြစ်သုံးတဲ့ take ကတော့ လှုပ်ရှားလုပ်ဆောင်မှုပါပါတယ်။dynamic ဆန်ပါတယ်ပေါ့။

DO
💡Do ကို light verb အဖြစ်တွဲသုံးတဲ့ noun တချို့ကတော့----
cleaning/dance/dive/drawing/report(on)/sewing/sketch (of)/translation (of)/work/ turn/....

ဒီလိုLight verbs များကို delexical verbs ဟုလည်းခေါ်ကြသည်ဆို၏။
With love,
Tr. TA

မနက်ဖြန်များရဲ့ဘာသာစကား🎓

20 Oct, 02:30


🪜Let’s Get To The Next Level by ⚠️LoT”

(ပေးထားတဲ့ LGTTNL မူရင်း ဝါကျက pin 📍ထောက်ထားတဲ့ ဝေါဟာရတွေကို အဆင်သင့် ရွေးထုတ်ထားတဲ့ Vocabs တွေရဲ့ အဓိပ္ပာယ်နဲ့ Dictionary မှာ ကြည့်ပြီး အစားထိုး ကာ comment section မှာ ပြန်ရေးပေးရမှာပါ)

LGTTNL လေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်ကတော့
- Sentence တည်ဆောက်ပုံနဲ့ ပိုထိရောက်တဲ့ ဝေါဟာရတွေကို အစားထိုး သုံးနှုန်းလာနိုင်ဖို့
- အဘိဓာန် ကြည့်ဖြစ်စေဖို့နဲ့ Writing တိုးတက်လာစေဖို့ရည်ရွယ်ထားပါတယ်

Practice will undoubtedly make you perfect 💯!
With Lo💖E,
ALoT

မနက်ဖြန်များရဲ့ဘာသာစကား🎓

19 Oct, 02:31


✔️to match the dance beat and the drum ✔️rhythm - ဆိုင်းသံဘုံသံတွေနဲ့ စည်းချက်ညီအောင်
✔️pay homage - ပူဇော်ကန်တော့
✔️date back to - ထိုအချိန် ကတည်းက
✔️Buddha’s sacred tooth relic - ဗုဒ္ဓစွယ်တော်မြတ်
✔️maintain uniformity - တညီတညာတည်းဖြစ်အောင်
✔️figurine - ရုပ်တုငယ်

မနက်ဖြန်များရဲ့ဘာသာစကား🎓

19 Oct, 02:31


🐘Kyaukse Elephant Dance Festival 🪔
(ကျောက်ဆည်ဆင်ပွဲတော်)

🪩Myanmar has over 100 ethnic groups and bustling with vivid nature and many interesting cultures and traditions.
🇲🇲မြန်မာနိုင်ငံ ဟာ တိုင်းရင်းသား လူမျိုးစုပေါင်း ရာကျော်နေထိုင်ကြပြီး၊ ရင်သပ်ရှုမောဖွယ် သဘာဝ အလှတရား၊ စိတ်ဝင်စားဖွယ် ရိုးရာ ယဉ်ကျေးမှုတွေနဲ့ တောက်ပလင်းလက်နေတာပါ။

🪩Like many countries in Asia, Myanmar also adopted the elephant as one of their symbols. They believe that the White elephants are a symbol of power, prosperity, and peace.
🇲🇲အာရှက နိုင်ငံများလိုပဲ မြန်မာဟာ “ဆင်” ကို နိုင်ငံရဲ့ အထိမ်းအမှတ် သင်္ကေတအဖြစ် ခံယူထားပါတယ်။ ဆင်ဖြူတော်ဆိုတာ ငြိမ်းချမ်းသာယာဝပြောပြီး အားအင်ကြီးမှုရဲ့ ပြယုဂ် လို့ ယုံကြည်ရင်းစွဲ ရှိကြပါတယ်။

🪩For each of the 12 months, there is a corresponding festival in the calendar of Myanmar. The Kyaukse elephant dance festival takes place in October toward the end of Buddhist Lent, at a small town called “Kyaukse”, just a short drive from Mandalay.
🇲🇲မြန်မာ့ ပြက္ခဒိန်မှာ ဆယ့်နှစ်လရာသီစလုံး ဆိုင်ရာ ပွဲတော်တွေက နေရာယူထားပါတယ်။ ကျောက်ဆည်ဆင်အလှပြိုင်ပွဲကိုတော့ မန္တလေးမြို့က​နေ နာရီအနည်းကားမောင်းရုံနဲ့ ရောက်ရှိနိုင်တဲ့ ကျောက်ဆည် မြို့ငယ်လေးမှာ ဝါတွင်းကာလ မကုန်ခင် ကျင်းပကြပါတယ်။

🪩It is one of the most famous festivals in Myanmar where people from around the country come to visit the town and to watch the elephant come to life with enthusiasm.
🇲🇲မြန်မာရဲ့ အကျော်ကြားဆုံးပွဲတော်ထဲက တစ်ခုဖြစ်ပြီး နိုင်ငံတနံတလျားက ပြည်သူတွေဟာ မြို့ငယ်လေးကို လာရောက်လည်ပတ်ကြကာ သက်ဝင်လှုပ်ရှား ဆွဲဆောင်စရာကောင်းတဲ့ ဆင်ပွဲကို အားတက်သရော ကြည့်ရှုကြပါတယ်။

🪩Similar to Chinese’s dragon dance, the Kyaukse elephant dance is run by two men dancing inside the colorful paper and bamboo-decorated elephant structure, trying to match the dance beat and the drum rhythm.
🇲🇲တရုတ်ရိုးရာ နဂါးကပွဲလိုပဲ ကျောက်ဆည်ဆင်ပွဲဟာ ဝါးနဲ့ ချိုးပြီး ရောင်စုံစက္ကူတွေနဲ့ အလှဆင်ထားတဲ့ ဆင်ရုပ်ထဲကို လူနှစ်ယောက်ဝင်ပြီး ဆိုင်းသံဘုံသံတွေနဲ့ စည်းချက်ညီအောင် ကပြအသုံးတော်ခံရတာမျိုးပါ။

🪩The dance pays homage to the Shwe Tha Lyaung pagoda by circling 3 times at the foot of the pagoda’s slope. This tradition aims to increase and strengthen the people’s unity. The magnificent elephants take a few months to create.
🇲🇲ရွှေသာလျောင်းဘုရား ဘုရားတောင်တော် ခြေရင်းကို သုံးကြိမ်လှည့်ပူဇော်ကပြကြပြီး၊ အခု ရိုးရာပွဲဟာ စည်းလုံးညီညွတ်မှု ကို သန်စွမ်းခိုင်မာစေတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပကြတာပါ။ အံ့ချီးခမ်းနားဖွယ် ကောင်းတဲ့ ဆင်ရုပ်တွေကို ပြုလုပ်ဖို့တော့ လအနည်းငယ်နဲ့ ချီပြီး ကြာမြင့်တတ်ပါတယ်။

🪩The Kyaukse elephant dance festival dates back to the reign of King Anawrahta when the Buddha’s sacred tooth relic was transported on a white elephant to the site where a pagoda was built.
🇲🇲ကျောက်ဆည်ဆင်ပွဲတော်ဟာ အနော်ရထာမင်းလက်ထက်၊ ယခုဘုရားတည်ထားတဲ့ နေရာဆီ ဗုဒ္ဓမြတ်စွယ်တော်မြတ်ကိုဆင်ဖြူတော် ပေါ်မှာ ပင့်ဆောင်ပူဇော်လာတာက အစပြုခဲ့တာပါ။

🪩It is a dance that requires precise rhythm and timing in order for the elephant dancers to maintain uniformity inside the elephant figure. Numerous life-size paper dummy elephants sing and dance to the accompaniment of music.
🇲🇲ဆင်ရုပ်ထဲက ဆင်အလှကပြသူတွေ တညီတညာတည်း ဖြစ်နေအောင် အခုအကမှာ စည်းချက် ဝါးချက် တိကျ ကျနဖို့ လိုအပ်ပါတယ်။ သက်ရှိဆင်တစ်ကောင် အရွယ်အစားအတိုင်း စက္ကူတွေနဲ့ ပုံစံတူပြုလုပ်ထားတဲ့ ဆင်ရုပ်တွေဟာ ဂီတသံစဉ်တွေနဲ့အတူ သီဆိုကခုန်ကြပါတယ်။

🪩The dancers make three circles around the foot of the hill to honor the Shwe Tha Lyaung Pagoda. Next morning the pilgrims climb to the top of the hill, which is 975 ft high, to offer fruits, cakes and small figurines of elephants.
🇲🇲ဆင်အလှကပြသူတွေဟာ ရွှေသာလျောင်း စေတီတော်ကို ပူဇော်ကန်တော့ဖို့ တောင်ခြေကို သုံးကြိမ်သုံးခါ လှည့်လည်ရှိခိုးကြပြီး၊ နောက်တစ်နေ့မှာ ဘုရားဖူးတွေဟာ သစ်သီးဝလံ၊ မုန့်အချိုပွဲတွေနဲ့ ဆင်ရုပ်အသေးစားလေးတွေကို ကပ်လှူဖို့ ပေပေါင်း ၉၇၅ ပေမြင့်တဲ့ တောင်တော်ပေါ်ကို အရောက်လှမ်းလာကြပါတော့တယ်။

Ref : - Global New Light of Myanmar
- 1-StopAsia
- Ministry of Hotels and Tourism
- latitudes.nu

Burmese Version by
ALoT Admin Team

💡WordWise
✔️ethnic groups - တိုင်းရင်းသားလူမျိုးစုများ
✔️Buddhist lent - ဝါတွင်းကာလ
✔️come to life - သက်ဝင်လှုပ်ရှား

မနက်ဖြန်များရဲ့ဘာသာစကား🎓

17 Oct, 01:56


⁉️Quizzical Hour‼️(QH2)

မနက်ဖြန်များရဲ့ဘာသာစကား🎓

16 Oct, 02:05


🏊Choppy days & 🪓Axe Jobs”

✍️ဝေါဟာရ အသုံးတွေရဲ့ collocation မှန်အောင်၊ ထိရောက်ကျစ်လျစ်အောင် Native ပညာတတ် တွေရဲ့ အသုံးကို မျက်ချေပြတ်လို့ မရဘူး .. နေ့စဉ် မီဒီယာတွေကနေ အခွင့်သင့်ရင်
သင့်သလိုလေ့လာသင့်ပါတယ်။

✳️အခုပြောမယ့် ဝေါဟာရ (၂) လုံးကို အခြေခံပြီး ဆင့်ပွါး တွေးခေါ်ကြည့်ကြရအောင်ပါ။

🏹ယူကေ ဝန်ကြီးချုပ်အသစ် Sir Keir Starmer ဟာ သူရဲ့ ဝန်ကြီးချုပ်သက်တမ်း ပထမရက် (၁၀၀) ဟာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာကို “choppy days” လို့သုံးသွားပါတယ်။

🏹“Choppy” ဖြစ်တာကို များသောအားဖြင့် “လှိုင်းထန်နေတဲ့ ပင်လယ်ပြင်” အတွက်သုံးပါတယ်။

📕E.g. choppy sea အစား stormy sea, rough sea လို့လည်း အစားထိုး သုံးနိုင်ပါတယ်၊

🏹ခက်ခဲရုန်းကန်နေရပြီး အတက်အကျ အနိမ့်အမြင့်တွေနဲ့ ချောမွေ့မှုမရှိတဲ့ နေ့ရက်တွေဆို .. choppy days ဆိုတာက ကျစ်လျစ်ခြုံငုံပါတယ်။
(📕hard days, rough days, stormy days etc.)

〰️〰️〰️〰️〰️〰️

🏹ရှင်းပြဆွေးနွေးချက်မရှိဘဲ ရုတ်တရက်အလုပ်ကနေ ထုတ်ပစ်လိုက်တဲ့ အကြောင်းကိုပြောချင်ရင် axe (ပုဆိန်) ဆိုတဲ့ ဝေါဟာရနဲ့ သုံးနှုန်းလို့ရပါတယ်။

🏹"Boeing company is to axe 17, 000 jobs because of record losses.”
(စံချိန်တင် အရှုံးပေါ်မှုတွေကြောင့် ဘိုးရင်း လေယာဉ်ကုမ္ပဏီက အလုပ်တွေလျှော့ချ)

📕Axe တင်မဟုတ်ပါဘူး
get fired, terminated, dismissed စတာတွေကလည်း အလုပ်က ထုတ်ခံရတာပါပဲ။

📕Get the axe, Face the axe, Wield the axe, The axe falls စတာတွေကလည်း အလုပ်မှာ ဝန်ထမ်းအင်အားလျှော့ချတာ၊ အလုပ်ထုတ်ပစ်တာတွေအတွက်လည်း သုံးနိုင်ပါတယ်။

အခုတော့ ဒီလောက်ပါပဲ၊ ဖတ်ဖူးထားတဲ့ ဝေါဟာရ နှစ်လုံးကို ဆင့်ပွါးလေ့လာကြည့်သမျှပါ။

Keep Learning!
Tr.D (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

13 Oct, 03:31


❗️ALoT QuiZ

ဝေါဟာရ အသစ် ဆယ်လုံးလောက်ကို Quiz ငါးပုဒ်ဖြေရင်း လေ့လာကြည့်ပါမယ်။ အသစ်ဆိုတာက ကိုယ်တွေနဲ့ စိမ်းနေသေးတာကို ဆိုချင်ပါတယ်။ ဒါပေမယ့် နေ့စဉ်ဘဝမှာတော့ အမြဲထိတွေ့နေရတာတွေပါ။ Quiz ဖြေရင်း လေ့လာတဲ့အခါ ပိုမှတ်မိလွယ်တာကြောင့်ပါ။ မှားတာ မှန်တာထက် ဖြေကြည့်ရင်း မှတ်မိတဲ့အခါ တကွေ့ကွေ့မှာ အသုံးဝင်လာမှာပါ။

💡Light bulb button ကို နှိပ်ပြီး definition တွေကို လေ့လာဖို့တော့ မမေ့စေချင်ပါဘူး။

Keep Challenging!
Tr.D (ALoT)

မနက်ဖြန်များရဲ့ဘာသာစကား🎓

12 Oct, 02:09


မနက်ဖြန်များရဲ့ဘာသာစကား🎓 pinned «🏳️‍🌈“Translation WorkShop” (Week-35) (အောက်ပါပေးထားသော စာပိုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုပြီး၊ FB Messenger (or) Telegram @DLY09 သို့ Sunday, 27th October ထက် နောက်မကျစေဘဲ ပေးပို့ရပါမည်။ ပေးထားသော အပိုဒ်အလိုက် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ယှဉ်တွဲပေးပို့ရန်နှင့်၊…»

မနက်ဖြန်များရဲ့ဘာသာစကား🎓

12 Oct, 02:08


🏳️‍🌈“Translation WorkShop” (Week-35)

(အောက်ပါပေးထားသော စာပိုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုပြီး၊ FB Messenger (or) Telegram @DLY09 သို့ Sunday, 27th October ထက် နောက်မကျစေဘဲ ပေးပို့ရပါမည်။ ပေးထားသော အပိုဒ်အလိုက် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ယှဉ်တွဲပေးပို့ရန်နှင့်၊ Winner နှင့် စကာတင် Nominees များကို Mobile-bill top-up များ ချီးမြှင့်ပါမည်)

“Finding Nippon”
(Excerpt From the book “Shōgun” by
James Clavell)

“The cut of the wind stopped his mind from wandering and kept him awake. To sleep now would be foolish. You’ll never wake from that sleep, he thought, and stretched his arms to ease the cramped muscles in his back and pulled his cloak tighter around him. He saw that the sails were trimmed and the wheel lashed secure. The bow lookout was awake. So patiently he settled back and prayed for land.”

“Go below, Pilot. I take this watch if it pleases you.” The third mate, Hendrik Specz, was pulling himself up the gangway, his face gray with fatigue, eyes sunken, skin blotched and sallow. He leaned heavily against the binnacle to steady himself, retching a little.

“Blessed Lord Jesus, piss on the day I left Holland.”
“Where’s the mate, Hendrik?”
“In his bunk. He can’t get out of his scheit voll bunk. And he won’t—not this side of Judgment Day.”
“And the Captain-General?”
“Moaning for food and water.” Hendrik spat. “I tell him I roast him a capon and bring it on a silver platter with a bottle of brandy to wash it down. ”
“Hold your tongue!”

“tongue!”
“I will, Pilot. But he’s a maggot-eaten fool and we’ll be dead because of him.” The young man retched and brought up mottled phlegm. “Blessed Lord Jesus help me!”
“Go below. Come back at dawn.”

Hendrik lowered himself painfully into the other seachair. “There’s the reek of death below. I take the watch if it pleases you. What’s the course?”
“Wherever the wind takes us.”
“Where’s the landfall you promised us? Where’s the Japans—where is it, I ask?”
“Ahead.”

မနက်ဖြန်များရဲ့ဘာသာစကား🎓

10 Oct, 02:52


Quizzical Hour (QH1) ရဲ့
“အပိုင်မတွက်မိစေနဲ့”
ရဲ့ အသင့်တော်ဆုံး ပြန်ဆိုမှုဟာ ….
“Don’t take it for granted” ပါ
ဘာကိုမှ တရားသေ ဆွဲကိုင်မထားနဲ့၊ ပြောင်းလဲနိုင်တယ်လို့ ဆိုလိုပါတယ်။
📕I took it for granted that I would find the perfect job.
(အကောင်းဆုံးအလုပ်ရမှာပဲဆိုပြီး အပိုင်တွက်ခဲ့ဖူးတယ်)

အဖြေမှန်အောင် ဖြေဆိုနိုင်သူ (၂) ယောက်ကတော့ …
1 Amy Amy
2 Moana
Congratulations 🥳
(Mobile Top-up Rewards to both winners)

နောက် round မှာ ပြန်ဆုံပါမယ်..
With Lo❤️e,
ALoT

မနက်ဖြန်များရဲ့ဘာသာစကား🎓

08 Oct, 14:40


"အနမ်းမိုးရွာတာလား၊ အနမ်းတစ်ပွင့်ပေးတာလား။"

"Light Verbs or light use of verbs"

Associated Verbs (မူလ verb ဆိုပါစို့)
1. She kissed him.
2. He looked at my draft.
3. We rested.
4. She danced.

Light Verbs
1. She gave him a kiss.
2. He had a look at my draft.
3. We took a rest.
4. She did a dance.

💡 gave, had, took, did စတဲ့ verb တွေဟာ ဒီဝါကျတွေမှာ အဓိကကျတဲ့ အဓိပ္ပါယ်ကို မဆောင်တော့ဘဲ ၄င်းတို့၏မူလအဓိပ္ပါယ်အနည်းငယ်လောက်သာ ရှိတော့တာကြောင့် light verb လို့ခေါ်ပါတယ်။ အဓိကအားဖြင့် သူ့နောက်က complement ဖြစ်တဲ့ noun တွေအပေါ်မှာ အဓိပ္ပါယ်သက်ရောက်ပါတယ်။ She gave him a kiss. ဆိုတဲ့ဝါကျမှာ "gave -ပေးတယ်" ဆိုတဲ့အဓိပ္ပါယ်ပျက်ပြီး သူ့နောက်က complement ဖြစ်တဲ့ kiss ရဲ့အဓိပ္ပါယ်သာ အဓိကကျပါတော့တယ်။

💡Light verbs တွေဟာ သူ့ရဲ့ "မူလ verb" အဓိပ္ပါယ်နဲ့ မတူတော့ပါဘူး။ အောက်ကဥပမာတွေမှာပါတဲ့ gave,had,took, စတာတွေဟာ light verbs တွေမဟုတ်ကြဘူး။ မူလ verb အတိုင်းပဲ အဓိပ္ပါယ်ထွက်ပါတယ်။
1. She gave him an orange.
2. He had a car.
3. We took all we could find.

💡တခါတလေကျတော့ စောစောက verb တွေကို light verb အနေနဲ့သုံးတာလား ordinary verb အနေနဲ့သုံးတာလား ဆိုတာကို ဝေခွဲမရဖြစ်တတ်ပါတယ်။ ဥပမာ။
1. I had a bath. ဆိုတဲ့ဝါကျရဲ့အဓိပ္ပါယ်က
"ငါရေချိုးခဲ့တယ်"လို့ဆိုလိုတာလား "ငါ့မှာ ရေချိုးကန်ရှိခဲ့တယ်"လို့ဆိုလိုတာလား မသဲကွဲတော့ပါ။
2. He gave me a lick. ဆိုတဲ့ဝါကျမှာ "သူ (ခွေးစသည်) က ငါ့ကိုလျှာနဲ့လျက်တယ်။" လို့ပြောလိုတာလား "သူကငါ့ကို (ရေခဲချောင်းစသည်) တစ်တို့ပေးခဲ့တယ်။" လို့​ ဆိုချင်တာလား မသဲကွဲပါ။

💡light verb နဲ့ သူ့နောက်က noun တွဲသုံးတဲ့ကိစ္စဟာ မူလ verb ကိုသုံးတာထက် syntax ကိုအမျိုးအစားစုံလင်အောင်ရေးသားနိုင်ပါတယ်။ ဆိုလိုတာက light verb နဲ့သုံးတဲ့အခါ noun အတွက် dependents တွေကိုထည့်ပေးဖို့ပိုမိုနေရာရပါတယ်။ (modifier တွေ determiners တွေကိုထည့်ပေးဖို့ပိုမိုနေရာရပါတယ်)။ ဥပမာ။
1.She gave him an unusually passionate kiss.
2. We took a well-earned rest.
ဒီဝါကျတွေကို
She kissed him unusually passionately. လို့ရေးရင် မပြေမပြစ်ဘဲ ကိုးရိုးကားရားဝါကျပဲ ဖြစ်သွားမှာပါ။
We rested well-earnedly. လို့လည်း မရေးနိုင်တော့ပါဘူး။

💡light verb မှာအတွေ့ရများတဲ့ determinerတ ကတော့ (a, an)ပါပဲ။ ယင်း indefinite article တွေဟာ "အရေအတွက်ပမာဏ" ကိုလည်းပြပါတယ်။ အဲ့ဒီ article ကြောင့် မူလ verb နဲ့ အဓိပ္ပါယ်အတော့်ကို ခြားနားသွားစေပါတယ်။

ဥပမာ။ He gave a scream. နှင့် He screamed. ဝါကျနှစ်ကြောင်းဟာ အဓိပ္ပါယ်တစ်ထပ်တည်းမကျပါ။ He gave a scream. ဟာ စူးစူးဝါးဝါးအော်တာဟာ "တစ်ဆက်တည်းခဏကလေးအော်ခြင်း" နဲ့ပတ်သက်နေပြီး He screamed. ကကျတော့ "ပြတ်တောင်းပြတ်တောင်း အကြာကြီး အော်ခြင်း" ကိုဆိုလိုပါတယ်။
ထို့အတူပဲ She gave him a kiss. ကတော့ "တစ်ချက်ကလေးနမ်းရုံ (သို့) အနမ်းတစ်ပွင့်ပေးရုံ" ဖြစ်ပေမယ့် She kissed him. မှာကျတော့ "အနမ်းများစွာကိုပေးတာ (သို့) အကြာကြီးအနမ်းမိုးရွာတာ" ဖြစ်နိုင်ပါတယ်။

💡light verb နှင့် မူလ verb အဓိပ္ပါယ်ခြားနားတာကတော့ အထူးသဖြင့် have နဲ့သုံးတဲ့အခါဖြစ်ပါတယ်။ ဥပမာ။
1) He drank my milk. ဆိုတဲ့ဝါကျအဓိပ္ပါယ်က "နို့အားလုံးကိုသောက်သွားတာ" လို့ဆိုလိုပြီး He had a drink of my milk. ကကျတော့ "နို့အားလုံးကိုသောက်တာမဟုတ်ဘဲ တချို့လောက်ကိုသာသောက်သွားတာ" ဖြစ်ပါတယ်။
2) He lay down. ဆိုရင် "လဲလျောင်းတဲ့ Action ကိုပြတာ (ဆေးဝါးကုသခံဖို့လဲလျောင်းတာစသည်)" ဖြစ်ပြီး He had a lay down. ကကျတော့ "အနားယူဖို့လဲလျောင်း" တဲ့အခါသုံးတတ်ပါတယ်။
3) He pitied them. ဆိုရင် "သနားတဲ့ အခြေအနေ" လောက်ကိုသာ ပြောတာဖြစ်ပြီး He had/ took pity on them. ကကျတော့ "သနားတဲ့အပြင် သနားလို့သူတို့အတွက် တစ်ခုခုလုပ်ပေးခဲ့တာ" လို့သက်ရောက်သွားပါတော့တယ်။

ကဲ... ကျွန်ုပ်တို့အားလုံး We pity them. ထက် We took pity on them. ကြပါစို့။
With love,
Tr. TA

မနက်ဖြန်များရဲ့ဘာသာစကား🎓

08 Oct, 02:25


Inversion ( Part3)
(⚡️Repost To Reread 18⚡️)

Inversion အပိုင်း (၃)
🔺🔺🔺🔺🔺🔺🔺

🔷 Not + any ပုံစံ နဲ့ No ပုံစံကို ဖလှယ်သုံးတတ်ကြပါတယ်။ အဲလိုသုံးရာမှာ No ပုံစံကို ဝါကျထိပ်မှာ တင်ရေးတဲ့အခါ Inversion သုံးရပါတယ်။

✔️Under/In no circumstances - ဘာကြောင့်မှ မ...ဘူး

📕You should not give yourself up to them under any circumstances. (မူရင်း ဝါကျ)

➡️Under no circumstances should you give yourself up to them. (Inversion ဝါကျ)
(🇲🇲ဘယ်လိုအကြောင်းမျိုးနဲ့ မှ မင်း သူတို့ဆီမှာ အညံ့မခံသင့်ဘူး)

〰️〰️〰️〰️〰️〰️〰️〰️〰️

✔️On no account - ဘယ်လိုအကြောင်းမျိုးနဲ့မှ မ.....ဘူး

📕Smoking is not permitted in the campus on any account. (မူရင်း ဝါကျ)

➡️On no account is smoking permitted in the campus. (Inversion ဝါကျ)
(🇲🇲ဘယ်လိုအကြောင်းမျိုးနဲ့ မှ ဒီတက္ကသိုလ် ပရဝုဏ်မှာ ဆေးလိပ်သောက်တာကို ခွင့်မပြုပါ)

〰️〰️〰️〰️〰️〰️〰️

✔️At no time - ဘယ်တုန်းကမှ မ.....ဘူး

📕He did not rebuke his children at any time. (မူရင်း ဝါကျ)

➡️At no time did he rebuke his children. (Inversion ဝါကျ)
(🇲🇲သူ့ကလေးတွေကို သူ ဘယ်တုန်းကမှ ဆူပူမာန်မဲတာ မလုပ်ဘူး)

〰️〰️〰️〰️〰️〰️〰️〰️

✔️In no way - ဘယ်နည်းနဲ့မှ မ.....ဘူး

📕She will not accept my apology in any way. (မူရင်း ဝါကျ)

➡️In no way will she accept my apology. (Inversion ဝါကျ)
(🇲🇲သူ(မ) ငါ့တောင်းပန်မှုကို ဘယ်နည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူး)

〰️〰️〰️〰️〰️〰️〰️〰️

✔️Nowhere - ဘယ်မှာမှ မ.....ဘူး

📕I cannot find my missing dog anywhere. (မူရင်း ဝါကျ)

➡️Nowhere can I find my missing dog. (Inversion ဝါကျ)
(🇲🇲ငါ့ရဲ့ ပျောက်နေတဲ့ခွေးကို ငါ ဘယ်မှာမှ ရှာမတွေ့ဘူး)

〰️〰️〰️〰️〰️〰️〰️

✔️No longer - နောက်ထပ် မ....တော့ဘူး

📕I do not love her any more. (မူရင်း ဝါကျ)

➡️No longer do I love her. (Inversion ဝါကျ)
(🇲🇲ငါ သူ(မ)ကို မချစ်တော့ဘူး)

📕He does not put up with his wife any longer. (မူရင်း ဝါကျ)

➡️No longer does he put up with his wife. (Inversion ဝါကျ)
(🇲🇲သူ့မိန်းမကို သူ နောက်ထပ် သည်းမခံတော့ဘူး)

〰️〰️〰️〰️〰️〰️〰️

🔷Not since, Not until, Not for anything တို့ကို ဝါကျထိပ်မှာ တင်ရေးတဲ့အခါ Inversion သုံးရပါတယ်။

✔️Not since + time ( since = preposition)
ကတည်းက မ......ဘူး

📕The team has not had a win since the departure of the head coach. (မူရင်း ဝါကျ)

➡️Not since the departure of the head coach has the team had a win. (Inversion ဝါကျ)
(🇲🇲နည်းပြချုပ် နှုတ်ထွက်သွားကတည်းက အသင်းဟာ နိုင်ပွဲမရသေးဘူး)

〰️〰️〰️〰️〰️〰️〰️

✔️Not since + Sub Verb (Since = Conjunction)
ကတည်းက မ.....ဘူး

📕I have not spoken to her since I knew that she is a gossipy girl. (မူရင်း ဝါကျ)

➡️Not since I knew that she is a gossipy girl have I spoken to her. (Inversion ဝါကျ)
(🇲🇲သူ(မ) အတင်းပြောတတ်တာ သိကတည်းက ငါ သူ(မ)နဲ့ အခေါ်အပြော မလုပ်တော့ဘူး)

〰️〰️〰️〰️〰️〰️〰️

✔️ Not until + time (until = preposition)
မဖြစ်မချင်း မ.....ဘူး

📕They did not take a rest from their work until twelve noon. (မူရင်း ဝါကျ)

➡️Not until twelve noon did they take a rest from their work. (Inversion ဝါကျ)
(🇲🇲နေ့လည် ၁၂ မထိုးမချင်း သူတို့ အလုပ်မနားကြဘူး)

〰️〰️〰️〰️〰️〰️

✔️Not until + Sub Verb (until = conjunction)
မဖြစ်မချင်း မ.....ဘူး

📕I did not know why they were late until they phoned me. (မူရင်း ဝါကျ)

➡️Not until they phoned me did I know why they were late. (Inversion ဝါကျ)
(🇲🇲သူတို့ ဖုန်းမဆက်မချင်း သူတို့ ဘာကြောင့်နောက်ကျတာလဲ ဆိုတာ ကျနော် မသိဘူး)

〰️〰️〰️〰️〰️〰️

✔️Not for anything - ဘာအကြောင်းကြောင့်မှ မ.....ဘူး

📕I would not leave you for anything. (မူရင်း ဝါကျ)

➡️Not for anything would I leave you. (Inversion ဝါကျ)
(🇲🇲ဘာအကြောင်းကြောင့်မှ ငါမင်းကို မထားခဲ့ပါဘူး)

💦Little drops of water make a mighty ocean🌊
Tr.TzP (ALoT)