𝐘𝐨𝐮𝐭𝐡'𝐬 𝐏𝐥𝐚𝐧𝐞𝐭 @youthsplanet Channel on Telegram

𝐘𝐨𝐮𝐭𝐡'𝐬 𝐏𝐥𝐚𝐧𝐞𝐭

@youthsplanet


Fic Review Channel

Youth's Planet (English)

Are you a fan of fiction? Do you love diving into the fantastic worlds created by talented writers? If so, you've come to the right place! Welcome to Youth's Planet, the ultimate destination for all fiction lovers out there. Who are we? We are a Telegram channel dedicated to sharing reviews, discussions, and recommendations for various works of fiction. From classic novels to modern bestsellers, we cover it all. Our team of passionate readers and writers are constantly exploring the literary world to bring you the latest updates and insights. What can you find on our channel? Youth's Planet is not just a place for reviews. It's a community where like-minded individuals come together to share their love for fiction. You can join in on discussions, participate in book clubs, and even submit your own reviews. Whether you're looking for your next great read or want to engage with fellow book enthusiasts, Youth's Planet has something for everyone. So, why should you join us? By being a part of Youth's Planet, you'll have access to valuable insights and recommendations that will help you expand your reading horizons. Discover new authors, genres, and perspectives that you may have never considered before. Plus, you'll get to connect with a diverse group of people who share your passion for fiction. In conclusion, Youth's Planet is more than just a fic review channel. It's a vibrant and dynamic community that celebrates the magic of storytelling. Join us today and embark on a journey through the endless possibilities of fiction. We can't wait to welcome you to our planet of youthful imagination!

𝐘𝐨𝐮𝐭𝐡'𝐬 𝐏𝐥𝐚𝐧𝐞𝐭

15 Nov, 11:50


Hello! ဒီနေ့ adminက လုံးဝကို သဘောကျချင်စရာကောင်းတဲ့ ficလေးတစ်ပုဒ်ကို review ပေးချင်ပါတယ်။ Author Kattamkaung ရဲ့ "ဘယ်သူချည်လို့ မြဲပါပေ့နိုင်" ဆိုတဲ့ ficလေးပါ။

ရှေ့နေလောကမှာ အကြောက်အလန့်မရှိ၊ ထက်မြက်ပြီး သွေးအေးတဲ့လူအဖြစ် စောဦးစေနိုင်က နာမည်ကြီးတယ်။ ရက်စက်တတ်တဲ့အပြင် တွယ်ငြိစရာလူလည်းမရှိ၊ သူများခံစားချက်ကိုလည်း တွေးမပေးတတ်တဲ့လူက သူ့ဘဝသူ့များတွေထက်သာဖို့၊ အာဏာရှိလူတွေရဲ့ ထိန်းချုပ်တာကို မခံရဖို့ကိုသာ ဘဝတစ်လျှောက်လုံးအားစိုက်လို့ အမြင့်ကိုတက်လှမ်းခဲ့တဲ့လူ။ သူ့ဘဝမှာ အာဏာရှိလူတွေရဲ့ လက်အောက်မှာမနေရဖို့ ကြိုးစားရင်းနဲ့ကို ယုတ်မာကောက်ကျစ်တဲ့အဖိုးကြီးရဲ့ အကွက်ထဲက သားကောင်ဖြစ်ခဲ့ရသေးတယ်။

ဇမ္ဗူရှိန်းယာဆိုတဲ့ကောင်လေးက သူ့ကိုအသိအမှတ်မပြု၊ လူရာမသွင်းတဲ့အဖိုးဆီမှာ ရှင်သန်ခဲ့ရတဲ့ ကောင်ငယ်လေးပေါ့။ ရှိန်းယာကို မွေးကတည်းက ဂြိုလ်ဆိုးလေးလို့ ယူဆခဲ့တဲ့ ရှိန်းယာရဲ့အဖိုးက ရှိန်းယာရဲ့ငယ်ဘဝက အတိတ်ဆိုးတွေရဲ့ တရားခံဖြစ်သလို ကြီးလာတဲ့အခါမှာလည်း သူ့အဖိုးရဲ့ လှည့်ကွက်တွေကြား ရှင်သန်ခဲ့ရပြန်တယ်။ လူချမ်းသာအိမ်မှာ မွေးဖွားခဲ့ပေမဲ့ ရှိန်းယာကတော့ ငွေကြေးတွေ၊ ဂုဏ်တွေ မမက်မောတဲ့လူအဖြစ် ကြီးပြင်းခဲ့တာလေးကတော့ ချစ်စရာပေါ့။

ရှိန်းယာအဖိုးကြောင့် စောဦးစေနိုင်နဲ့ ရှိန်းယာတို့လက်ထက်လိုက်ရပေမဲ့ စောဦးစေနိုင်ကလည်း ရှိန်းယာကိုလှည့်မကြည့်ခဲ့သလို ရှိန်းယာကလည်း စောဦးထားတဲ့အတိုင်း အရုပ်လေးလိုပဲ လူမသိသူမသိရှင်သန်ခဲ့တာပါပဲ။ ကောင်းသည်၊ ဆိုးသည်မပြောပဲ ရင်တွင်းခံစားချက်တွေကို မြိုသိပ်လို့ စောဦးလိုသမျှ ဘေးကနေပဲ တတ်နိုင်သမျှ ဖြည့်စည်းပေးခဲ့တာ။

ဟော... ရှိန်းယာက အရာရာကိုလက်လွှတ်လို့ ပိုင်ဆိုင်သမျှရော စောဦးကိုရော လက်လွှတ်လို့ ထားခဲ့တော့မယ်ဆိုတော့လည်း ကံကြမ္မာက လှည့်ကွက်ထုတ်သုံးလို့တားဆီးပြန်တယ်။

ကဲ ဒါဆို စောဦးနဲ့ ရှိန်းယာတို့ ဘယ်လိုဆက်ဖြစ်ကြမလဲ။ မဖြစ်မနေတာဝန်ယူလိုက်ရလို့ ဖြစ်လာတဲ့အိမ်ထောင်ရေးကနေ တကယ်ချစ်နှစ်သက်လို့ ပေါင်းသင်းနေထိုင်တဲ့ အိမ်ထောင်ရေးအဖြစ် ပြောင်းလဲနိုင်ပါ့မလား။ စိမ်းကားမိတဲ့ စောဦးက နှစ်သက်မိချိန်မှာရော ရှိန်းယာက လက်ခံပါဦးမလား။ စကားနည်းသူနှစ်ယောက်ရဲ့ ဆက်ဆံရေးက စိုစိုပြေပြေအဖြစ် ပြန်တည်ဆောက်နိုင်ပါ့မလား။ စိတ်ဝင်စားစရာပါပဲ။

တရားရေးရာအရှုပ်အထွေးတွေ၊ အတ္တတွေ၊ အာဏာမက်သူတို့ရဲ့ ဂုဏ်ပြိုင်မှုတွေကြားမှာ စောဦးက ထက်ထက်မြက်မြက်နဲ့ ဖြေရှင်းပုံတွေကို သဘောကျစရာမြင်တွေ့ရမှာပါ။ စိတ်ဒဏ်ရာတွေနဲ့ ရှိန်းယာကို ပြုစုယုယနေတဲ့ စောဦးပုံစံက တကယ့်အမိုက်ဆုံးပါပဲ။ ရှိန်းယာကလည်း အရှုပ်အထွေးတွေကြားက စောဦးကို ဘယ်လိုတွေများ ပံ့ပိုးရင်းကယ်ထုတ်ပေးမလဲဆိုတာကိုလည်း စိတ်ဝင်တစားဖတ်ရဦးမှာပါ။ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ရင်မနာတနာလေးတွေကိုကြိုက်တဲ့လူတွေအတွက် လုံးဝကို မိုက်တဲ့ficလေးမလို့ မဖတ်ရသေးရင် အပြေးဖတ်လိုက်ကြပါဦးနော်🤍

Link _
https://www.wattpad.com/story/293731936?utm_source=android&utm_medium=link&utm_content=share_reading&wp_page=library&wp_uname=DikaMayLay8812&wp_originator=RhJVyOn0DK%2F7xZjCo%2F%2FC3SdU%2Bli9Ow6LH4OSPW0EjJllS%2FvwQoMQ3vVcAH%2F6tAtrRVrrxhgzByTfmg6%2BN5tmWXHyGnmQhFcKe83dHpmYXD0o1YeHclPtAvKlMoFlnRRh

May 🌵
#Admin_1

𝐘𝐨𝐮𝐭𝐡'𝐬 𝐏𝐥𝐚𝐧𝐞𝐭

01 Nov, 12:11


Hello! ဒီနေ့တော့ ဖတ်ရင်းနဲ့ ကလိကလိဖြစ်စေမဲ့ ficလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Author callmefrangi ရဲ့ "တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" ဆိုတဲ့ ficလေးပါ။

အဇဋာတို့ မောင်နှမရဲ့ ငယ်ဘဝက မလွယ်ကူခဲ့ဘူး။ မချစ်ပဲယူထားတဲ့ မိဘနှစ်ယောက်ကြားထဲမှာ အသက် ၁၃နှစ်ကောင်လေး အဇဋာက လောကဓံကို ခါးစည်းခံလို့ ညီမလေးကို ပြုစုစောင့်ရှောက်ခဲ့ရတယ်။ သူ့တစ်ဘဝလုံးက ညီမလေးလို့ပြောလို့ရလောက်တဲ့အထိ တွယ်တာရာဆိုလို့လည်း ညီမလေးတစ်ယောက်ပဲရှိခဲ့တာ။ ဒါပေမဲ့ အဇဋာတို့ မောင်နှမ အသက်ကြီးလာတဲ့အခါမှာလည်း ကံကြမ္မာက ရက်စက်ပြန်တယ်။ ချစ်ရတဲ့ ညီမလေး ဆုံးပါးသွားတဲ့အခါ ဆုံးပါးမှုနဲ့ သွယ်ဝိုက်သောအားဖြင့် ဆက်စပ်တယ်ထင်ရတဲ့ မိသားစုကို အဇဋာက စိတ်နာပြီး အကြီးကြီးမုန်းသွားတော့တယ်။

မိုးဦးရနံ့ဆိုတဲ့ကောင်လေးကတော့ အဲ့မိသားစုရဲ့ သားထွေးလေးဖြစ်ပြီး အဇဋာရဲ့ လက်စားချေမှုမှာ ဓားစာခံဖြစ်ခဲ့ရတဲ့ကောင်လေးပေါ့။ အဇဋာကို စတွေ့ကတည်းက သဘောကျမိခဲ့ရပြီး အဇဋာလက်စားချေတဲ့ အနေနဲ့ လက်ထပ်မယ်ဆိုတော့လည်း အပြစ်မရှိပေမဲ့ ကျေကျေနပ်နပ်ခေါင်းငြိမ့်လက်ခံခဲ့တာပဲ။ အဇဋာမျက်နှာကို တစိမ့်စိမ့်ကြည့်လို့ မငြိုမငြင်ချစ်ပေးနိုင်တဲ့ ကောင်လေး၊ ပုန်းညက်ပန်းတွေကို သိပ်ချစ်တဲ့ကောင်လေးက မြင်သူတိုင်းချစ်မိရအောင် ချစ်မွှေးပါသေးတယ်။

ဒါဆိုရင် လက်စားချေဖို့ လက်ထပ်လိုက်ပြီးနောက်ပိုင်းမှာ အဇဋာက တကယ်ရော မိုးဦးရနံ့တို့ကို လက်စားချေနိုင်ခဲ့ရဲ့လား။ သူ့ညီမလေးနဲ့ပတ်သက်လို့ သူထင်နေတာတွေကရော တကယ့်အဖြစ်မှန်ဟုတ်ပါရဲ့လား။ မိုးဦးရနံ့ကရော အဇဋာရင်ခွင်ထဲက ထွက်သွားမှာလား။ အဇဋာကရော မိုးဦးရနံ့ကို မချစ်မိပဲ တောင့်ခံနိုင်မှာလား။ တကယ့်ကို ကလိကလိဖြစ်ပြီး စိတ်ဝင်တစားနဲ့ဖတ်ရမှာပါ။

လက်စားချေဖို့ လက်ထပ်ယူခဲ့တယ် တွင်တွင်ပြောနေပေမဲ့ တကယ်တမ်း ကြိတ်ပြီးဂရုစိုက်တာကလည်း အဇဋာပါပဲ။ သူဘာပြောပြော မငြိုမငြင်သည်းခံတဲ့ကောင်လေးကို ဘယ်သူကများ မချစ်ပဲ နေနိုင်မှာလဲ။ အက်မင်ကတော့ မိုးဦးရနံ့လိုများ လက်စားချေခံရမယ်ဆိုရင်တော့ အဇဋာနဲ့ တန်းယူပစ်မိတာ အသေအချာပါပဲ တကယ့်ကို သိပ်မ်ိိုက်တဲ့ ဘဲကြီးလေ TT

အသွဲ့ရေးတာတွေကို ဖတ်နေကျဆိုရင်တော့သိမှာပါ။ တကယ့်ကို ဖတ်နေရင်းနဲ့ ကလိကလိဖြစ်ရတာဆိုတာ ကိုယ်ပါ မိုးဦးရနံ့ဖြစ်ချင်သွားတဲ့အထိပါပဲ။ ချိုချိုရိုရိုလေးတွေကို ကြိုက်တယ်ဆိုရင်တော့ ဒါလေးကို မဖြစ်မနေဖတ်ကြည့်ဖို့ fully recommend ပေးပါတယ်ရှင် 🤍

Link_
https://www.wattpad.com/story/319309434?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=DikaMayLay8812&wp_originator=j%2BCjMwJJ%2Fk%2FLumYOaVhBjSfXKC%2FQOnmrGPHdwY0MpnvSTQWkBGsSS7pVMpNZlvHvC7k3MUrvzX%2BqkcYcmOhO%2BqtgJKBOYkbEl%2FeXiP9NcdT4GekjgL8oiES16zQ1p%2BdY

May 🌵
#Admin_1

𝐘𝐨𝐮𝐭𝐡'𝐬 𝐏𝐥𝐚𝐧𝐞𝐭

28 Oct, 11:05


Hello! ဒီနေ့တော့ Dramaလုံးဝမပါပဲ ချိုချိုရိုရိုနဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Author TayDiDiရဲ့ "It's you" ဆိုတဲ့ Ficလေးပါ။

အေးစက်နိုင်က နာမည်အတိုင်း အေးစက်လွန်းတဲ့လူ။ သူများတွေအကုန်လုံးက စက်နိုင်လို့ပဲခေါ်ကြပေမဲ့ Julyဆိုတဲ့ကောင်လေးကတော့ အေး ဆိုပြီးပဲ ခေါ်လေ့ရှိတယ်။ အလုပ်လုပ်ရင် တိကျပြီး ကိုယ်တိုင်လုပ်ရမှ ကျေနပ်တဲ့ အေးစက်နိုင်က သွက်သွက်လက်လင်နဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ ဂျူလိုင်မင်းခန့်ဆိုတဲ့ကောင်လေးကိုမှ မြင်မြင်ချင်းစိတ်ဝင်စားခဲ့တယ်တဲ့လေ။

ဂျူလိုင်မင်းခန့်လည်း တူတူပါပဲ။ အေးစက်နိုင်ကို ပထမဆုံးစတွေ့ကတည်းက ချစ်မိသွားတော့တာ။ စချစ်ရတဲ့လူက ဂျူလိုင်ပေမဲ့ အများကြီး အများကြီးကို ဆက်ချစ်ပေးနိုင်တဲ့လူကတော့ အေးစက်နိုင်ပါပဲ။ သူ့မှာ အရိပ်တကြည့်ကြည့်နဲ့ မျက်စိအောက်က အပျောက်မခံပဲ ချစ်ပေးတာ။

Singapore မှာ အလုပ်လုပ်နေကြတဲ့ အေးစက်နိုင်နဲ့ ဂျူလိုင်မင်းခန့်တို့ရဲ့ နှစ်ဖက်မိဘတွေက ခေတ်မီတဲ့အသိုင်းအဝိုင်းကပဲမလို့ အခက်ခဲတွေ အများကြီးလည်း မဖြတ်ကျော်ခဲ့ရဘူး။ နားလည်ပေးပြီး အများကြီးချစ်ပေးတဲ့ မိဘတွေရဲ့ ကောင်းချီးတွေနဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာက သိပ်ကို လှပနေခဲ့ရော။

Love at first sight ဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်က အဆုံးထိ အခက်အခဲမရှိလက်တွဲသွားနိုင်ပါ့မလား။ ဘယ်လောက်ထိတောင် ချစ်ကြ၊ ရိုကြဦးမှာလဲ။ လုံးဝကို ငြိမ့်ငြိမ့်လေးနဲ့ ချစ်စရာကောင်းသောပါပဲ။

Singapore ရဲ့ အလှအပတွေအပြင် အေးစက်နိုင်နဲ့ ဂျူလိုင်မင်းခန့်တို့ရဲ့ သူငယ်ချင်းတွေ စကွက်လိုက်ကြီး ပျော်ကြရွှင်ကြတာကို ဖတ်ကြရဦးမှာပါ။ side couple လေးကလည်း ချစ်စရာလေးမလို့ အခုကာလမှာတော့ healing ဖြစ်စေမဲ့ fic လေးတစ်ပုဒ်ပါပဲ။ အဖိုးတန်လေးမလို့ မဖတ်ရသေးရင် အပြေးလေးဖတ်လိုက်ကြပါဦးနော် 🤍

Link_
https://www.wattpad.com/story/304305276?utm_source=android&utm_medium=link&utm_content=share_reading&wp_page=library&wp_uname=DikaMayLay8812&wp_originator=4cj4Dm308v7RhMIKvlkore1iFZTXoIFRRaaij7q9%2B4HniQTHIShSJYZfo5h84uDH9B6GmT76GZvL9HYiieznwf3PN6fkmTIbRJb21EEP9ot7RRg8AznQlDe0Unp4POkH

May 🌵
#Admin_1

𝐘𝐨𝐮𝐭𝐡'𝐬 𝐏𝐥𝐚𝐧𝐞𝐭

24 Oct, 11:36


Hello! Review လေးတွေ မရေးဖြစ်တာ ကြာသွားတာ ဖျားသွားလို့ပါ။ အခုတော့ ခပ်မိုက်မိုက် Ficလေးတစ်ပုဒ်နဲ့ ပြန်လာပါပြီ။ Author AnnaLynn666ရဲ့ "I love you first!" ဆိုတဲ့ Ficလေးပါ။

ရှိန်းစစ်မာန်က ငယ်စဉ်ကတည်းက သရုပ်ဆောင်လောကထဲကို ဝင်လာပြီးတော့ အခုထိလည်း ဆုတွေ အများကြီးကို သိမ်းပိုက်ထားနိုင်တဲ့ ဝါရင့်လူငယ်သရုပ်ဆောင်တစ်ယောက်။ စပ်ခွန်းစဆိုတဲ့ကောင်လေးကတော့ စီးပွားရေးလောကကနေ အခုမှ ဇာတ်ကားရိုက်ဖို့အတွက် ရုပ်ရှင်နယ်ပယ်‌ထဲကို ခြေချခါစ တက်သစ်စမင်းသားပေါက်စလေးပေါ့။ စိတ်ဝင်စားစရာက ရှိန်းစစ်မာန်လို ပရိတ်သတ်အခိုင်အမာနဲ့ မင်းသားက စပ်ခွန်းစလို မင်းသားပေါက်စလေးနဲ့ BLကားရိုက်ဖို့ သဘောတူလိုက်တာပဲ!!

အဲ! ခက်တာက ဇာတ်ကားရိုက်ရင်းနဲ့ ရှိန်းစစ်မာန်က စပ်ခွန်းစအပေါ် အရင်လို လုပ်ဖော်ကိုင်ဖက်ထက် စိတ်တွေပိုလာတာပဲ။ BLကားရိုက်ရင်း တကယ်ကောက်သွားတော့မှာလားဆိုပြီးတွေးကြောက်လိုက်ရ၊ ကိုယ့်ဘာသာ ဇာတ်ကောင်မုဒ်ဝင်နေတာလားဆိုပြီး ဆန်းစစ်လိုက်ရနဲ့ ဗျာများရ‌တော့တာ။ ရှိန်းစစ်မာန်ကလည်း သရုပ်ဆောင်သာဝါရင့်တာ တစ်ခါမှ ရည်းစားမထားဖူးတော့ တလွဲတွေဖြစ်တော့တာပဲ။

BLကားဆိုတဲ့အတိုင်းပဲ ရိုက်နေဆဲနဲ့ ထုတ်လွှင့်နေဆဲကာလတွေမှာ ပြဿနာတွေအများကြီးတက်ခဲ့ကြတယ်။ Ratingက တအားကောင်းနေတဲ့အပြင် ဒီကားကို ထုတ်တဲ့ companyပိုင်ရှင်က အသက်ငယ်ငယ်ကောင်မလေးမလို့ တိုက်ခိုက်ချင်တဲ့လူတွေကြား မင်းသားနှစ်ယောက်ကပါ အလိုလိုတိုက်ခိုက်ခံရတော့တာ။

ဒါဆို ဇာတ်ကားကရော အဆင်ပြေပြေ အဆုံးသတ်နိုင်ပါ့မလား။ ရှိန်းစစ်မာန်နဲ့ စပ်ခွန်းစကရော အတိုက်အခိုက်တွေကို ခံနိုင်ပါ့မလား။ ပြီးတော့ နာမည်ကြီးမင်းသားတစ်ယောက်က စပ်ခွန်းစဆိုတဲ့ကောင်လေးနဲ့ အဆုံးထိလက်တွဲသွားနိုင်ပါ့မလား။ စိတ်ဝင်စားစရာပါပဲ။

အက်မင်တို့လက်တွေ့ဘဝတွေမှာ မင်းသားတွေ၊ အနုပညာရှင်တွေ တွေ့ကြုံနေရတဲ့ အတိုက်အခိုက်တွေ၊ အခက်အခဲတွေကို မျက်ဝါးထင်ထင်ဖတ်ရှုရမှာဖြစ်ပြီး Fansတွေရဲ့ ဂယက်တွေ၊ ခံစားချက်တွေကိုပါ မြင်ရမှာပါ။ Ficကောင်းလေးမလို့ မဖတ်ရသေးရင် ဖတ်လိုက်ကြပါဦးနော်🤍

Link_
https://www.wattpad.com/story/224065801?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=DikaMayLay8812&wp_originator=k%2FlDCUYanG79QdywJSyXULRXz3%2Fufdi2kJUaekMpicO279OjB0DrCyQzmQfZHo4hd%2FaCmbGt2YUM6aKMVYBNuI4xy73Y352UaPS2S0viyaBELvTBdPbdB9VCEJegVCLQ

May 🌵
#Admin_1

1,528

subscribers

497

photos

1

videos