BurmaNewsNetwork @burmanewsnetwork Channel on Telegram

BurmaNewsNetwork

@burmanewsnetwork


BNN

BurmaNewsNetwork (English)

Are you looking for the latest news and updates from Burma? Look no further than BurmaNewsNetwork (BNN)! BNN is your go-to source for all things related to Burma, including breaking news, politics, culture, and more. Our dedicated team of journalists works around the clock to bring you the most up-to-date and accurate information from the region. Whether you are a local resident, an expat, or simply interested in staying informed about Burma, BNN has got you covered. Join our Telegram channel @burmanewsnetwork today to stay connected and in the know. Don't miss out on any important news - join BNN now!

BurmaNewsNetwork

20 Jan, 13:08


ဗောလ်ဒကာသောက်တာများသွားသည့် ရုရှားဂျိမ်းစ်ဘွန်း နောက်တဦး

BurmaNewsNetwork

20 Jan, 11:30


ရုရှားနိုင်ငံ ချယ်လီယာဘင့်စ်မြို့မှာ မီးနီ တာကို မရပ်ပဲ မောင်းနှင်လာသည့် ထရမ်းရထားက မီးစိမ်းလို့ လမ်းကူနေသူတွေကို ဝင်တိုက်

BurmaNewsNetwork

20 Jan, 11:25


အစ္စရေးအကျဥ်းထောင်က ပြန်လွတ်မြောက်လာသည့် ပါလက်စတိုင်းများကြိုဆိုပွဲ

BurmaNewsNetwork

20 Jan, 10:06


ရုရှား အီကွတ်စ်ဒေသမှာ ဝဂ္ဂနာကြေးစားတပ်အထိမ်းအမှတ်နှင့် ပရီဂိုရှင်ရုပ်တုကျောက်တိုင်ဖွင့်လှစ်
၂၀ ဇန်နဝါရီ ၂၀၂၅
ရုရှားနိုင်ငံ ဆိုက်ဗေးရီးယားဒေသ အီကွတ်စ်မြို့မှာတည်ဆောက်ထားတဲ့ ဝဂ္ဂနာကြေးစားတပ် အထိမ်းအမှတ်နေရာမှာ အဖွဲ့ထူထောင်သူ ပရီဂိုရှင် နဲ့ တပ်မှူး ဒီမီထရီ အူကင်တို့ရဲ့ အထိမ်းအမှတ်ရုပ်တုကျောက်တိုင်စိုက်ထူပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့ကြောင်း ဒေသခံရုရှားသတင်းတွေနဲ့ ဝဂ္ဂနာလူမှုကွန်ယက်သတင်းတွေက ဖော်ပြပါတယ်။
ရုရှားနိုင်ငံအတွက် အသက်ပေးသွားခဲ့ရတဲ့ ဝဂ္ဂနာကြေးစားတပ်သားတွေအတွက် အထိမ်းအမှတ်နေရာကို အလက်ဇန်ဒရိုစကာရီ သင်္ချိုင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်က စတင်ဖွင့်လှစ်ခဲ့တာလို့ဆိုပါတယ်။ ယူကရိန်းအထူးစစ်ဆင်ရေးမှာ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင် အနည်းဆုံး သုံးသောင်းသေဆုံးခဲ့ပြီး ရုရှားနိုင်ငံ ဒေသ ၇ ခုမှာ အထိမ်းအမှတ်နေရာတွေတည်ဆောက်ထားတယ်လို့လည်း ရုရှားသတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

20 Jan, 09:14


ကိယက်ဗ်မြို့တော်ကိုရောက်လာသည့် ကနေဒါ အမျိုးသမီးစစ်ဦးစီးချူပ်

BurmaNewsNetwork

19 Jan, 21:47


ရှေ့တန်းကို ပြန်မထွက်ချင်တော့ကြောင်းပြောသည့် ဒဏ်ရာရစစ်သား ၂ ဦးကို ရုရှား အမှတ် ၅၅၁၁၅ တပ်ထိမ်းရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်သည့် ဗီဒီယိုကလစ် ရုရှားစစ်တပ်လူမှုကွန်ယက်မှာ ထွက်ပေါ်လာ

BurmaNewsNetwork

19 Jan, 21:18


ရက်ပေါင်း ၄၇၁ ရက် ဟားမတ်စ် ဓားစာခံဘဝတွေမှ လွတ်မြောက်ပြီး မိသားစုများနှင့် ပြန်လည်တွေ့ဆုံရချိန်

BurmaNewsNetwork

19 Jan, 21:05


https://x.com/realDonaldTrump/status/1881073769449492971

BurmaNewsNetwork

19 Jan, 19:43


ကာ့စ် စစ်မြေပြင်က ရုရှားတပ်သားများ

BurmaNewsNetwork

19 Jan, 19:42


ရုရှား ကာ့စ်စစ်မြေပြင် နှင့် ယူကရိန်းဒရုန်းအထူးတပ်ဖွဲ့

BurmaNewsNetwork

19 Jan, 17:49


အသက်ရှင်လျှက်နှင့် အိမ်ပြန် နိုင်ခွင့် ရသူများ

BurmaNewsNetwork

19 Jan, 17:44


ပြန်လွှတ်ပေးသည့်ပုံစံကို အစ္စရေးအများစုက ဒေါသထွက်ဟုဆို

BurmaNewsNetwork

09 Jan, 21:57


ဂျာမနီဆွေးနွေးပွဲကနေ အီတလီကို ရောက်လာသည့် ဇလန်စကီး

BurmaNewsNetwork

09 Jan, 21:55


လက်ဘနွန် သမ္မတသစ်အဖြစ် စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး ဂျိုးဇက် အောန်း ရွေးချယ်ခံရ
၉/ဇန်နဝါရီ

၂ နှစ်ကြာ လစ်လပ်နေတဲ့ သမ္မတနေရာကို ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်ကြီး ဂျိုးဇက် အောန်း (Joseph Aoun)ကို လက်ဘနွန်ပါလီမန်က ဇန်နဝါရီ ၉ ရက်နေ့က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုရွေးချယ်ခဲ့ကြောင်း ဘေရွတ်မြို့တော်အခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။
လက်ဘနွန်ရဲ့ ၁၄ ယောက်မြောက် သမ္မတ ဖြစ်လာတဲ့ အသက် ၆၁ နှစ်အရွယ် ဂျိုးဇက် အောန်းဟာ ် အစ္စရေး နဲ့ ဟစ်ဇ်ဘိုလာတွေကြားက စစ်ပွဲမှာ လက်ဘနွန်စစ်တပ်ကို ကြားနေဖို့ ထိမ်းသိမ်းနိုင်ခဲ့သူဖြစ်သလို လက်ဘနွန်နိုင်ငံထဲမှာ စစ်တပ်ကလွဲရင် ဘယ်လိုအဖွဲ့အစည်းမျိုးမှ လက်နက်ကိုင်ဆောင်ခွင့်မပေးရေးမှုကို ထောက်ခံထားသူဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အမေရိကန်သင်တန်းဆင်း ဗိုလ်ချူပ်ကြီး ဂျိုးဇက် အောန်းဟာ ဆော်ဒီအပါအဝင် အနောက်နိုင်ငံတွေရဲ့ထောက်ခံမှုကို ရရှိထားသူလို့လည်း ဘေရွတ်သတင်းတွေက ဆိုပါတယ်။ ဗိုလ်ချူပ်ကြီး ဂျိုးဇက် အောန်း သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အပေါ် ကနေဒါ ပြင်သစ်အပါအဝင် ဥရောပနိုင်ငံတော်တော်များက ကြိုဆိုထောက်ခံကြောင်း သတင်းတွေ ထုတ်ပြန်ထားတာလည်းတွေ့ရတယ်ဆိုပါတယ်။

BurmaNewsNetwork

09 Jan, 21:36


ကာ့စ်ပြည်နယ်နှင်းတောမှာ ထာဝရအိပ်စက်နေသည့် ရုရှား နှင့် မြောက်ကိုရီးယားတပ်သားများ

BurmaNewsNetwork

09 Jan, 20:54


ဂျာမနီ ရမ်းစတိုင်းလေတပ်စခန်းမှာ ဇလန်စကီးနှင့် နေတိုးအတွင်းရေးမှူးချူပ်တို့ တွေ့ဆုံ

BurmaNewsNetwork

09 Jan, 19:49


ဘရာဇီးလ်နိုင်ငံ ဆွာပေါ်လိုမြို့မှာ ဂျက်လေယာဥ်အသေးစား ပျက်ကျပြီး လေယာဥ်မှူးသေဆုံးခဲ့ဟုဆို

BurmaNewsNetwork

09 Jan, 18:14


စာရွက်စာတမ်းတွေပေါ်က ရလာဒ်တွေ အလိုမရှိဟု ဗလာဒီမာ ပူတင်က ပြော
၉/ဇန်နဝါရီ

ရုရှားအစိုးရဝန်ကြီးဌာနတွေအနေနဲ့ စာရွက်စာတမ်းတွေပေါ်က ရလာဒ်တွေနဲ့ မြေပြင်က ရလာဒ်တွေ မတူကွဲပြားဖို့ အရးကြီးတယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ဇန်နဝါရီ ၉ ရက်နေ့က ပြုလုပ်တဲ့ အစိုးရဝန်ကြီးအဖွဲ့ဆွေးနွေးပွဲမှာ သတိပေးပြောဆိုကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
စီမံကိန်းပရောဂျက်ရလာဒ်တွေကို စာရွက်စာတမ်းတွေ စကားလုံးတွေနဲ့ ရှင်းပြတာကို လက်ခံမှာမဟုတ်ပဲ လက်တွေ့မြင်ရတဲ့ ရလာဒ်တွေနဲ့ပဲ အကဲဖြတ်မယ်ဆိုတာကို အကြိမ်ကြိမ်ပြောပြီးဖြစ်တယ်လို့ ပူတင်က ဆိုပါတယ်။ အရာရာကို လက်တွေ့အကျိူးရလာဒ်ကိုပဲ ကြည့်ပြီး ပြည်သူတွေက အကဲဖြတ် ဆုံးဖြတ်မှာဖြစ်လို့ စာရွက်တွေပေါ်က ရလာဒ်တွေကို မလိုချင်ကြောင်း ဗလာဒီမာ ပူတင်က ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ကာ့ချ်ကမ်းရိုးတန်းမှာနှစ်မြုပ်ခဲ့တဲ့ ရုရှားရေနံတင် သင်္ဘော ၂ စင်းကြောင့် ပင်လယ်နက်နဲ့ ခရိုင်းမီးယားအပါအဝင် ရုရှားကမ်းခြေတွေမှာ ဘဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်နေပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖြေရှင်းနိုင်ခြင်းမရှိသေးသလို လုံလောက်တဲ့ အားစိုက်မှုတွေ မရှိတဲ့အပေါ်ကိုလည်း ဗလာဒီမာ ပူတင်က ပြစ်တင်ဝေဖန်သွားပါတယ်။
အခုကျင်းပတဲ့ ဝန်ကြီးအဖွဲ့ဆွေးနွေးပွဲဟာ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးပြုလုပ်တဲ့ ဆွေးနွေးပွဲဖြစ်ကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

09 Jan, 18:09


https://www.youtube.com/watch?v=FONGhpY_OAQ

BurmaNewsNetwork

09 Jan, 17:45


https://www.youtube.com/watch?v=keKQWlDZy3M

BurmaNewsNetwork

09 Jan, 13:39


ဂျာမနီ နိုင်ငံ ရမ်းစတိုင်းအမေရိကန်လေတပ်အခြေစိုက်စခန်းမှာ ကျင်းပနေတဲ့ ယူကရိန်းကူညီပေးရေးနိုင်ငံများအဖွဲ့ဆွေးနွေးပွဲတက်ရောက်ဖို့ ယူကရိန်းသမ္မတ ဇလန်စကီး ရောက်ရှိလာစဥ်

BurmaNewsNetwork

09 Jan, 13:12


ယူကရိန်းစစ်ထောက်လှမ်းရေးရဲ့ ဒရုန်းအထူးတပ်ဖွဲ့

BurmaNewsNetwork

09 Jan, 13:07


ယူကရိန်းနာမည်ကြီး အဇော့ဗ် တပ်မက "လက်စားချေရေးတပ်ဖွဲ့" ရဲ့ စစ်မြေပြင် မိုဘိုင်း ဒရုန်းပြုပြင်တပ်ဆင်ရေးအဖွဲ့

BurmaNewsNetwork

09 Jan, 10:56


ဇန်နဝါရီ ၈ ရက်မနက်ပိုင်းက ယူကရိန်းဒရုန်းတွေ ထိမှန်ခဲ့တဲ့အတွက် မီးလောင်နေတဲ့ ရုရှားမဟာဗျူဟာမြောက် ဗုံးကြဲလေယာဥ်တွေအခြေစိုက်ရာ အန်ဂျယ်စ်မြိုက ခရစ်စတယ်လ် ရေနံစက်ရုံနဲ့ သိုလှောင်ရုံတွေကို မီးငြိမ်းသတ်နိုင်စွမ်းမရှိသေးတဲ့အပြင် မီးသတ်အရာရှိ ၂ ဦးသေဆုံးပြီး မီးသတ်ယာဥ်အများအပြားပျက်စီးဆုံးရှုံးခဲ့ဟု ဒေသခံ ရုရှားသတင်းတွေက ဖော်ပြ

BurmaNewsNetwork

08 Jan, 18:56


မံစီ လည်း စီ ကုန်ပြီ

BurmaNewsNetwork

08 Jan, 18:54


မံစီမြို့က မအလ အလှူတော်အခမ်းအနား

BurmaNewsNetwork

08 Jan, 16:58


ဇန်နဝါရီ ၈ ရက်မနက်ပိုင်းက ယူကရိန်းဒရုန်းတွေ ထိမှန်ခဲ့တဲ့အတွက် မီးလောင်နေတဲ့ ရုရှားမဟာဗျူဟာမြောက် ဗုံးကြဲလေယာဥ်တွေအခြေစိုက်ရာ အန်ဂျယ်စ်မြိုက ခရစ်စတယ်လ် ရေနံစက်ရုံနဲ့ သိုလှောင်ရုံတွေကို မီးငြိမ်းသတ်နိုင်စွမ်းမရှိသေးဟု ဒေသခံ ရုရှားသတင်းတွေက ဖော်ပြ

BurmaNewsNetwork

08 Jan, 16:54


လေတပ်ထောက်ပို့ ရေနံစခန်းကို တိုက်ခိုက်ခဲ့သည့်အပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ယူကရိန်းနိုင်ငံ ဇာပိုရီးရှား မြို့လယ်ကို ရုရှားက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ဦးသေပြီး ၆ ဦး ဒဏ်ရာရဟုဆို

BurmaNewsNetwork

08 Jan, 16:52


အိန္ဒိယ Kerala ပြည်နယ်က ဘာသာရေးပွဲတော်မှာ ဆင် နင်းခံရပြီး ၁၇ ဦး ဒဏ်ရာရဟုဆို

BurmaNewsNetwork

08 Jan, 15:00


အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင် အော်စတင် ရဲ့ ယူကရိန်းကူညီပေးရေးအဖွဲ့ဆွေးနွေးပွဲ နောက်ဆုံးခရီးစဥ်

BurmaNewsNetwork

08 Jan, 12:11


အမေရိကန် လော့စ်အိမ်ဂျယ်လိစ် တောမီး

BurmaNewsNetwork

08 Jan, 10:09


ရုရှားမဟာဗျူဟာလေတပ်စခန်းအတွက် အဓိက လောင်စာပေးပို့နေသည့် စက်ရုံကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက သတင်းထုတ်ပြန်
၈/ဇန်နဝါရီ

ရုရှားမဟာဗျူဟာမြောက် ဗုံးကြဲလေယာဥ်တွေအခြေစိုက်ရာ အန်ဂျယ်စ်မြို့က ခရစ်စတယ်လ် ရေနံစက်ရုံနဲ့ သိုလှောင်ရုံတွေကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချူပ်ရုံးက ဇန်နဝါရီ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယူကရိန်းစစ်ထောက်လှမ်းရေးနဲ့ ယူကရိန်းဒရုန်းအထူးတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ခရစ်စတယ်လ်စက်ရုံဟာ ရုရှား အန်ဂျယ် (၂) စစ်လေတပ်အခြေစိုက်စခန်းအတွက် အဓိက လောင်စာထောက်ပံ့ပေးနေတဲ့ စက်ရုံဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အခုတိုက်ခိုက်မှုကြောင့် ရုရှားမဟာဗျူဟာ လေတပ်စခန်းအတွက် ထောက်ပံ့ရေး ပြဿနာများစွာနဲ့ ရင်ဆိုင်ရမှာဖြစ်သလို ယူကရိန်းမြို့တွေ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ လျော့နည်းသွားစေမယ်လို့လည်း ယူကရိန်းစစ်ဦးစီးချူပ်ရုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BurmaNewsNetwork

08 Jan, 09:49


“ပြုတ်ကျလာတဲ့ ဒရုန်းအပျက်အစီးတွေကြောင့် စက်မှုစက်ရုံ မီးလောင်နေတယ်”- ရုရှား ဆာရာတောဗ်ပြည်နယ်အုပ်ချူပ်ရေးမှူး
၈/ဇန်နဝါရီ

“မြို့တော် ဆာရာတောဗ်နဲ့ အန်ဂျယ်စ်မြို့တွေကို ယူကရိန်းတွေက ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့တယ်။ ဒရုန်းတွေကို ပစ်ချကာကွယ်ပေးခဲ့တဲ့ လေကြောင်းတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ အသေအပျောက်မရှိပေမယ့် ပြုတ်ကျလာတဲ့ ဒရုန်းအပျက်အစီးတွေကြောင့် အန်ဂျယ်စ်မြို့က စက်မှုလုပ်ငန်းတွေ ပျက်စီးမီးလောင်နေရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်”
(ရုရှားနိုင်ငံ ဆာရာတောဗ်ပြည်နယ်အုပ်ချူပ်ရေးမှူး ရိုမန် ဘူဆရင်)

BurmaNewsNetwork

07 Jan, 18:50


တရုတ် SWAT အရာရှိ အဆင့် နောက်ဆုံးအဆင့်စာမေးပွဲစစ်ဆေးမှုဟုဆိုသည်

BurmaNewsNetwork

07 Jan, 15:43


တိဗက် ငလျင်လှုပ်ခတ်မှုမှာ သေဆုံးသူ ၁၂၀ ကျော်ရှိလာဟု နိုင်ငံတကာ သတင်းတွေက ဖော်ပြ

BurmaNewsNetwork

07 Jan, 12:56


ကာ့စ်စစ်မြေပြင်ကို ယူကရိန်းရဲ့ ဒရုန်းအထူးတပ်ဖွဲ့တွေက ဦးဆောင်နေဟုဆိုသည်

BurmaNewsNetwork

04 Jan, 18:03


https://www.youtube.com/watch?v=Zs3K5hgSYLA

BurmaNewsNetwork

04 Jan, 16:21


ဆီးရီးယားအခြေစိုက် "Khmeimim" ရုရှားလေတပ်အခြေစိုက်စခန်း အဝင်အထွက်ကားမှန်သမျှကို တပ်ပေါင်းစုတပ်ဖွဲ့တွေက အသေးစိတ်ရှာဖွေ စစ်ဆေးမှုတိုးမြှင့်လုပ်နေဟု ဒေသခံသတင်းတွေက ဖော်ပြ

BurmaNewsNetwork

04 Jan, 14:07


မြောက်ကိုရီးယားလက်နက်တွေကိုင်ရတာ လေးလံလွန်းလို့ အဆင်မပြေဟု ရုရှားစစ်သားများက ငြီးငြူ

BurmaNewsNetwork

04 Jan, 14:06


လီနင်ဂရက်ဒေသက ရေနံဆိပ်ကမ်းကို ယူကရိန်းက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ဟု ရုရှားက ပြော
၄/ဇန်နဝါရီ

လီနင်ဂရက်ဒေသက အကြီးဆုံးရေနံဆိပ်ကမ်းဖြစ်တဲ့ အာလူဂါး (Ust-Luga)ဆိပ်ကမ်းကို ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းမှာ ယူကရိန်းက ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
လီနင်ဂရက်ဒေသအုပ်ချူပ်ရေးမှူး အလက်ဇန်ဒါ ဒရိုဇန်ရဲ့ အပြောအရ အဝေးပစ် ဒရုန်းဒုံးကျည် ၄ စင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဖျက်ဆီးနိုင်ခဲ့တယ်ဆိုပါတယ်။ ပြုတ်ကျလာတဲ့ ဒရုန်းအပျက်အစီးတွေကြောင့် ဆိပ်ကမ်းအဆောက်အအုံတခု အနည်းငယ်ပျက်စီးခဲ့တာကလွဲရင် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုမရှိဘူးလို့ ဒေသအုပ်ချူပ်ရေးမှူး အလက်ဇန်ဒါ ဒရိုဇန်က ပြောဆိုထားကြောင်းလည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့မနက်ပိုင်းမှာ ပြည်နယ် ဒေသ ၄ ခုကို ပစ်မှတ်ထားပြီး ဒရုန်း ၂၆ စင်းနဲ့ ယူကရိန်းက တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် အားလုံးကို ပစ်ချဟန့်တားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

BurmaNewsNetwork

04 Jan, 13:14


https://www.youtube.com/watch?v=scvQY54utW4

BurmaNewsNetwork

04 Jan, 12:20


ပင်လယ်နီမှာ တာဝန်ယူထားတဲ့ အမေရိကန်ရေတပ်က ယီမင်ဟူသီစခန်းတွေကို တိုမာဟော့ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထား

BurmaNewsNetwork

04 Jan, 12:10


နယ်စပ်မြစ်ရေသုံးစွဲမှုကို ပူးပေါင်းဖြေရှင်းဖို့ အီရန်က အာဖဂန်နစ္စတန်ကို တောင်းဆို
၄/ဇန်နဝါရီ

၂ နိုင်ငံနယ်စပ်မြစ်ရေသုံးစွဲမှုနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖြေရှင်းဖို့ အာဖဂန်နစ္စတန်အာဏာရှိသူတွေကို တောင်းဆိုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ အစ်စ်မေးလ် ဘာဂေးက ဇန်နဝါရီ ၃ ရက်နေ့က ပြောဆိုကြောင်း အီရန်အစိုးရသတင်းတွေက ဖော်ပြပါတယ်။
အီရန်နဲ့အာဖဂန်နစ္စတန် ၂ နိုင်ငံကြားမှာ ယဉ်ကျေးမှု၊ လူမျိုးရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နှစ်ရှည်လများ နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေရှိခဲ့တဲ့အတွက် အပြန်အလှန် အကျိုးစီးပွားကို လေးစားလိုက်နာဖို့ လိုတယ်လို့ အစ်စ်မေးလ် ဘာဂေးက ပြောပါတယ်။ အထူးသဖြင့် နယ်စပ် “ဟယ်မန်” မြစ်ရေ သုံးစွဲမှုမှာ တစ်ဖက်သတ်အကျိုးစီးပွားနဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့လိုမယ်လို့လည်း အစ်စ်မေးလ် ဘာဂေးက ဆိုပါတယ်။ မြစ်အောက်ပိုင်းမှာရှိတဲ့ အီရန်ပြည်သူတွေရဲ့ သဘာဝအခွင့်အရေးနဲ့ ရေအရင်းအမြစ်တွေကို တရားမျှတစွာ ထုတ်ယူသုံးစွဲခွင့်တွေကို အိမ်နီးချင်းကောင်းပီသစွာ လေးစားအသိအမှတ်ပြုဖို့လည်း အစ်စ်မေးလ် ဘာဂေးက ပြောပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်တွေ နိုင်ငံတကာ စာချုပ်ပါ အခြေခံမူတွေကို အာဖဂန်နစ္စတန်အာဏာပိုင်တွေဘက်က လိုက်နာဖို့လိုမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ အစ်စ်မေးလ် ဘာဂေးက ပြောဆိုသွားကြောင်း အီရန်အစိုးရသတင်းတွေက ဖော်ပြပါတယ်။
“ဟယ်မန်” မြစ်ဟာ အာဖဂန်နစ္စတန်ရဲ့ အရှည်လျားဆုံးမြစ်ဖြစ်ပြီး မြစ်အောက်ပိုင်းဖြစ်တဲ့ အီရန်နိုင်ငံထဲကတတိယအကြီးဆုံး “ဟာမောင်” ရေကန်ကြီးရဲ့ အသက်ဖြစ်တယ်ဆိုပါတယ်။ အဆိုပါမြစ်ကြောင်းတလျှောက်မှာ အာဖဂန်တာလီဘန်တွေဘက်က ဆည်တမံတွေ တိုးချဲ့ဆောက်လုပ်နေတဲ့အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်ပြောဆိုထားတာဖြစ်ပါတယ်။

BurmaNewsNetwork

04 Jan, 09:53


ယူကရိန်းစစ်ထောက်လှမ်းရေးအထူးတပ်ဖွဲအတွက် ဒရုန်းအစင်း ၁၀၀ လှူဒါန်းခဲ့သည့် အသက် ၃၃ နှစ်အရွယ် ယူကရိန်းနာမည်ကြီး အဆိုတော် တေးရေးသမား အာတမ် ပီဗိုဗာရို ရဲ့ ဖြော်ဖြေပွဲတချို့

BurmaNewsNetwork

04 Jan, 09:35


ယူကရိန်းနာမည်ကြီး အဆိုတော် တေးရေးသမား အာတမ် ပီဗိုဗာရို က နှစ်ကူးဖြော်ဖြေပွဲက ရရှိငွေဖြင့် ယူကရိန်းစစ်ထောက်လှမ်းရေးအထူးတပ်ဖွဲ့အတွက် ဒရုန်းအစင်း ၁၀၀ လှူဒါန်း

BurmaNewsNetwork

03 Jan, 22:20


ဒရုန်းရန်ကာကွယ်ရေးစနစ်အပြည့်တပ်ထားရင်း ယူကရိန်းထောင်ချောက်ထဲ ရောက်သွားသည့် ရုရှားတင့်ကား

BurmaNewsNetwork

03 Jan, 20:56


(Game) ဂိမ်းပြိုင်ပွဲမှ ရသည့်ငွေများဖြင့် ယူကရိန်း စစ်ထောက်လှမ်းရေးအတွက် FPV ဒရုန်း ၆၆ စင်းကို ယူကရိန်းဂိမ်းအေဂျင်စီလူငယ်များက လှူဒါန်း

BurmaNewsNetwork

03 Jan, 20:23


ရုရှားသံချပ်ကာစစ်ကြောင်း

BurmaNewsNetwork

03 Jan, 20:21


ရူးကြောင်ကြောင်နဲ့ ယူကရိန်းပစ်ကွင်းထဲရောက်လာသည့် ရုရှားစစ်သား

BurmaNewsNetwork

03 Jan, 18:43


https://www.youtube.com/watch?v=J4dBAyRy0wM

BurmaNewsNetwork

03 Jan, 18:40


https://www.youtube.com/watch?v=4yUbhpCkhJE

BurmaNewsNetwork

03 Jan, 17:19


ယူကရိန်း ဒရုန်းအထူးတပ်ဖွဲ့ နှင့် ရုရှား သံချပ်ကာအထူးတပ်တို့ တွေ့ကြစဥ်

BurmaNewsNetwork

03 Jan, 13:48


ကာဇက်စတန်နိုင်ငံမှာ ရာသီဥတုဆိုးဝါးမှုကြောင့် ကားအစီးရေ ၁၀၀ ကျော် ယာဥ်တိုက်မှုဖြစ်

BurmaNewsNetwork

03 Jan, 13:02


ပြင်သစ်ဂျာမန်နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆီးရီးယားခေါင်းဆောင်သစ်တို့တွေ့ဆုံ
၃/ဇန််နဝါရီ
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘာဘော့ နဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြိး ယန်နွယ် ဘာရို တို့ဟာ ဇန််နဝါရီ ၃ ရက်နေ့က ဒမတ်စကတ်မြို့တော်ကို ရောက်လာပြီး ဆီးရီးယားခေါင်းဆောင်သစ် အာမက် အယ်လ်ရှာရာနဲ့ တွေ့ဆုံခဲ့ကြောင်း သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်ပါတယ်။
ပြင်သစ်နဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးတွေဟာ အာဆတ်လက်ထက်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆေ့နေယာအကျဥ်းထောင်ကို သွားရောက်ကြည့်ရှုခဲ့သလို ဆီးရီးယားက ဘာသာပေါင်းစုံအဖွဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ကြောင်းလည်း ဆီးရီးယားသတင်းတွေက ဖော်ပြပါတယ်။
အာဆတ်အစိုးရပြုတ်ကျပြီးနောက်ပိုင်း ဒမတ်စကတ်မြို့တော်ကို ပထမဆုံးရောက်ရှိလာတဲ့ ဥရောပသမဂ္ဂရဲ့ အဆင့်မြင့်ဝန်ကြီးများခရီးစဥ်ဖြစ်တယ်လို့ ဆီးရီးယားသတင်းတွေက ဖော်ပြပါတယ်။ ဥရောပနိုင်ငံတွေထဲမှာ ဆီးရီးယားအစိုးရသစ်နဲ့ ပထမဆုံးတွေ့ဆုံခဲ့သူကတော့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရေ ဆီဗီဟား ဖြစ်တယ်လို့လည်း ဆီးရီးယားအစိုးရ သတင်းတွေကဖော်ပြထားပါတယ်။

BurmaNewsNetwork

03 Jan, 12:24


ဂျာမန် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦး နှင့် ဆီးရီးယားတပ်ပေါင်းစုဦးစီးချူပ်တို့ တွေ့ဆုံ ဆွေးနွေး

BurmaNewsNetwork

03 Jan, 09:51


ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်ကို ရောက်လာ

BurmaNewsNetwork

03 Jan, 09:49


ဆိုးလ်မှာ ဘာတွေဖြစ်နေတာလဲဟု ကင်ဂျုံအန်းနှင့် သမီးဖြစ်သူက မေးခွန်းထုတ်

BurmaNewsNetwork

03 Jan, 09:36


အမေရိကန် ကယ်လီဖိုးနီးယားမှာ အပေါ့စားလေယာဉ်တစ်စင်း ဂိုဒေါင်ခေါင်မိုးပေါ် ပျက်ကျ

BurmaNewsNetwork

02 Jan, 22:10


၂၀၂၄ ခုနှစ် စက်တင်ဘာလထဲမှာ ဆီးရီးယားနိုင်ငံထဲက ပဲ့ထိမ်းဒုံးကျည်တွေထုတ်လုပ်တဲ့ မြေအောက်စက်ရုံကို အစ္စရေးကွန်မန်ဒိုတွေက သွားရောက်ဖျက်ဆီးခဲ့သည့် ဗီဲဒီယိုကို အစ္စရေးစစ်တပ်က ဇန်နဝါရီ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်

BurmaNewsNetwork

02 Jan, 22:01


၂၀၂၄ ခုနှစ် စက်တင်ဘာလထဲမှာ ဆီးရီးယားနိုင်ငံထဲက ပဲ့ထိမ်းဒုံးကျည်တွေထုတ်လုပ်တဲ့ မြေအောက်စက်ရုံကို အစ္စရေးကွန်မန်ဒိုတွေက သွားရောက်ဖျက်ဆီးခဲ့သည့် ဗီဲဒီယိုကို အစ္စရေးစစ်တပ်က ဇန်နဝါရီ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်

BurmaNewsNetwork

02 Jan, 21:19


ရုရှားမှာ အလုပ်လုပ်နေသည့် နိုင်ငံခြားသားများကို ယူကရိန်းစစ်မြေပြင်မှာ သွားရောက် တာဝန်ထမ်းဖို့ ရုရှားစစ်တပ်က စည်းရုံးစုဆောင်းနေသည့် ဗီဒီယိုများ ရုရှားနှင့် ယူကရိန်းလူမှုကွန်ယက်တွေမှာ ထွက်ပေါ်လာ

BurmaNewsNetwork

02 Jan, 18:13


https://www.youtube.com/watch?v=TZ6cGPBTQOM

BurmaNewsNetwork

02 Jan, 17:00


https://www.youtube.com/watch?v=fM578VX38mg

BurmaNewsNetwork

02 Jan, 15:29


ထိုင်းနိုင်ငံ ပတ်တယားမှာ ရုရှားနိုင်ငံသားအများစုလိုက်ပါလာသည့် တိုးရစ်ကား

BurmaNewsNetwork

02 Jan, 15:18


ယူကရိန်းဒရုန်းတသန်းစစ်ဆင်ရေးနှင့် ကာ့စ်စစ်မြေပြင်

BurmaNewsNetwork

02 Jan, 15:13


ကာ့စ်စစ်မြေပြင်က တပ်ဖွဲ့ဝင်တွေကို ယူကရိန်းကာကွယ်ရေးဦးစီးချူပ်က သွားရောက်ဂုဏ်ပြု
၂/ဇန်နဝါရီ/၂၀၂၄

ရုရှားနိုင်ငံ ကာ့စ်ပြည်နယ်စစ်ဆင်ရေးမှာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးစီးချူပ် ဗိုလ်ချူပ်ကြီး ဆီဆကီက သွားရောက်တွေ့ဆုံ ဂုဏ်ပြုခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချူပ်ရုံးက ဇန်နဝါရီ ၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ကာ့စ်စစ်ဆင်ရေးမှာ ရန်သူ လေးသောင်းနီးပါးနဲ့ စစ်လက်နက် ပစ္စည်းကိရိယာ တစ်ထောင်ကျော်ကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီ စစ်သုံ့ပန်း ၇ ရာကျော်ကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် အထူးချီးကျူးဂုဏ်ပြုကြောင်း ဗိုလ်ချူပ်ကြီး ဆီဆကီက ဆိုပါတယ်။ ကာ့စ်စစ်ဆင်ရေးကြောင့် ယူကရိန်းနိုင်ငံထဲကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရန်သူတပ်တွေဟာ ကာ့စ်ဒေသကို ပြန်လည် ပြောင်းရွှေ့ဖို့ ဖြစ်စေခဲ့တယ်လို့ ဗိုလ်ချူပ်ကြီး ဆီဆကီက ပြောဆိုကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်မြေပြင်မှာ ရုရှားပဲဖြစ်ဖြစ် မြောက်ကိုရီးယားဖြစ်ဖြစ် အရေးမကြီးပဲ ကာ့စ်စစ်ဆင်ရေးကို ဆက်လက်ဆင်နွဲသွားမယ်လို့လည်း ယူကရိန်းကာကွယ်ရေးစီးချူပ်က ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

BurmaNewsNetwork

01 Jan, 21:27


အမေရိကန် Las Vegas က ထရမ့်ဟိုတယ်ဝင်ပေါက်မှာ Tesla Cybertruck ကား တစင်း ပေါက်ကွဲ

BurmaNewsNetwork

01 Jan, 21:11


အမေရိကန် Las Vegas က ထရမ့်ဟိုတယ်ဝင်ပေါက်မှာ Tesla Cybertruck ကား တစင်း ပေါက်ကွဲ

BurmaNewsNetwork

01 Jan, 14:12


https://www.youtube.com/watch?v=rwsI90k6uWM

BurmaNewsNetwork

01 Jan, 13:52


ဒမတ်စကတ်မြို့တော် နှစ်ကူး

BurmaNewsNetwork

01 Jan, 13:51


ဆီးရီးယား မြို့တော် ဒမတ်စကတ်မှာ ယူကရိန်းသံရုံးဖွင့်လှစ်

BurmaNewsNetwork

01 Jan, 13:49


ဆီးရီးယား နှစ်ကူးည

BurmaNewsNetwork

01 Jan, 12:43


https://www.youtube.com/watch?v=AbSIXlPrHks

BurmaNewsNetwork

01 Jan, 12:24


https://www.youtube.com/watch?v=8JiBlq2HksY

BurmaNewsNetwork

01 Jan, 12:22


အမေရိကန် နယူးအော်လန်မှာ နှစ်သစ်ကူးပွဲဆင်နွဲနေသည့် လူအုပ်ထဲကို ကားဖြင့်ဝင်တိုက် ။ ၁၀ ဦးသေဆုံးပြီးအများအပြားဒဏ်ရာရဟုဆို

BurmaNewsNetwork

01 Jan, 12:11


https://www.youtube.com/watch?v=j_-opXIfINA&t=333s

BurmaNewsNetwork

01 Jan, 11:55


အလံဖြူလေးနဲ့ မီးမီးတို့တပ်တဲ့

BurmaNewsNetwork

01 Jan, 11:50


အာဆတ်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ဆီးရီးယားရှိ IS အကြမ်းဖက်အဖွဲ့စခန်းတွေကို ပြင်သစ်က ပထမဆုံးအကြိမ်အဖြစ် လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်

BurmaNewsNetwork

01 Jan, 11:48


နှစ်သစ်ကူးမှာ ဒရုန်းအစင်းရေ တရာကျော်ဖြင့် ရုရှားက တိုက်ခိုက်ခဲ့ဟု ယူကရိန်းက ပြော
၁/ဇန်နဝါရီ/၂၀၂၅

နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်နေ့ညနဲ့ နှစ်ကူးမနက်ပိုင်းတွေမှာ ရုရှားက ဒရုန်းအစင်းရေ ၁၁၁ စင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။
ဒရုန်း ၆၃ စင်းကို ပစ်ချနိုင်ခဲ့ပြီး ၄၆ စင်းကတော့ ပစ်မှတ်တွေဆီမရောက်ပဲ လမ်းခုလတ်မှာပဲ ပြုတ်ကျပျက်စီးခဲ့တယ်ဆိုပါတယ်။ ၂ စင်းကတော့ ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံထဲကိုပဲ ရောက်ရှိသွားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပစ်ချခံရတဲ့ ဒရုန်းအပျက်အစီးတွေကျရောက်မှုကြောင့် အထပ်မြင့်လူနေတိုက်ခန်းတချို့ပျက်စီးခဲ့ရပြီး အနည်ဆုံး ၁ ဦးသေဆုံးခဲ့ရကြောင်း ယူကရိန်းအရေးပေါ်ကူညီကယ်ဆယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တာတွေ့ရပါတယ်။

BurmaNewsNetwork

01 Jan, 10:52


၂၀၂၅ နှစ်သစ်ကူးပွဲတော်ကို ကင်ဂျုံအန်းနှင့် သမီး ဖြစ်သူတက်ရောက်
၁/ဇန်နဝါရီ/၂၀၂၄

ပြုံယမ်းမြို့တော်မှာ ကျင်းပခဲ့တဲ့ ၂၀၂၅ နှစ်သစ်ကူးကြိုဆိုပွဲကို ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာနက ဖော်ပြပါတယ်။
အဆိုပါ နှစ်ကူးအခမ်းအနားမှာ မီးရှူးမီးပန်းပစ်လွှတ်ပွဲနဲ့ ရေခဲပြင်အကတွေ ပါဝင်တယ်ဆိုပါတယ်။ ကင်ဂျုံအန်းအနေနဲ့ နှစ်ကူးမိန့်ခွန်းပြောဆိုသွားတာမျိုး ရှိ မရှိ သတင်းမှာ ဖော်ပြမထားပေမယ့် ကင်ဂျုံအန်းဟာ ရုရှား သမ္မတ ဗလာဒီမာပူတင်ဆီကို နှစ်သစ်ကူး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်းဖော်ပြပါတယ်။ အဆိုပါ သဝဏ်လွှာမှာ “၂၀၂၅ ခုနှစ်ဟာ ရုရှားတပ်ဖွဲ့ဝင်တွေအနေနဲ့ နာဇီလက်သစ်တွေကို အောင်ပွဲခံနိုင်မည့်နှစ်တနှစ်ဖြစ်မည်ဟု ယုံကြည်ကြောင်း” ကင်ဂျုံအန်းက ဖော်ပြထားကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာနက ဖော်ပြပါတယ်။

BurmaNewsNetwork

31 Dec, 21:59


https://www.youtube.com/watch?v=Tph-eo0eb5g

BurmaNewsNetwork

31 Dec, 21:53


https://www.youtube.com/watch?v=eVoqYCbzx2A

BurmaNewsNetwork

31 Dec, 20:25


မော်စကိုအနီးက ရထားစက်ခေါင်းဘဝ

BurmaNewsNetwork

27 Dec, 09:47


ဇာပိုရီးရှားဒေသမှာ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်မှူးနဲ့ အရာရှိစစ်ကြောင်းကို ယူကရိန်းစစ်ထောက်လှမ်းရေးဒရုန်းတပ်နဲ့ ဟိုင်းမာ့စ်တပ်ဖွဲ့က ချေမှုန်းခဲ့ဟု ယူကရိန်းက သတင်းထုတ်ပြန်

BurmaNewsNetwork

27 Dec, 08:59


ယူကရိန်းက ဖမ်းမိထားသည့် မြောက်ကိုရီးယားစစ်သားတွေကို တောင်ကိုရီးယားစစ်ထောက်လှမ်းရေးက စစ်ဆေးမည်ဟု ဆိုးလ်အခြေစိုက်သတင်းတွေက ဖော်ပြ

BurmaNewsNetwork

27 Dec, 08:57


တောင်ကိုရီးယား ယာယီသမ္မတကို ရာထူးကဖယ်ရှားစစ်ဆေးဖို့ ပါလီမန်က မဲခွဲဆုံးဖြတ်ပြန်
၂၇/ဒီဇင်ဘာ/၂၀၂၄

ယာယီသမ္မတ ဟန်ဒတ်ဆိုး (Han Duck-soo) ကို ရာထူးက ဖယ်ရှားပြီး စုံစမ်းစစ်ဆေးဖို့ အဆိုကို တောင်ကိုရီးယားပါလီမန်က ဒီဇင်ဘာ ၂၇ ရက်နေ့က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ကြောင်း ဆိုးလ်းအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။
စစ်အုပ်ချူပ်ရေးပြဌာန်းဖို့ ကြေညာခဲ့တဲ့ သမ္မတယွန်းဆွတ်ယို (Yoon Suk Yeol) ကို ပါလီမန်ကဖြုတ်ချခဲ့တဲ့အတွက် ဝန်ကြီးချူပ်ဖြစ်တဲ့ ဟန်ဒတ်ဆိုးက ယာယီသမ္မတ တာဝန်ယူထားတာဖြစ်ပါတယ်။ ဟန်ဒတ်ဆိုးကိုပါ ပါလီမန်က ရာထူးက ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် နှစ်ပတ်အတွင်းမှာ တောင်ကိုရီးယား သမ္မတ ၂ ဦး ရာထူးက ဖယ်ရှားခံရတာဖြစ်တယ်လို့ ဆိုးလ်အခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

26 Dec, 21:42


မော်စကိုလေကြောင်းခရီးစဥ်တွေ ယာယီရပ်ဆိုင်းကြောင်း အစ္စရေးလေကြောင်းလိုင်းက သတင်းထုတ်ပြန်
၂၇/ဒီဇင်ဘာ/၂၀၂၄

ရုရှားလေပိုင်နက်ထဲက အခြေအနေတွေကြောင့် မော်စကို ကို ပျံသန်းနေတဲ့ ခရီးစဥ်အားလုံးယာယီရပ်ဆိုင်းထားကြောင်း အစ္စရေး EL AL
လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားတယ်လို့ အစ္စရေးသတင်းတွေက ဒီဇင်ဘာ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
တဲလ်အဗစ်-မော်စကိုခရီးစဥ်တွေ ပြန်လည်စတင်နိုင်မယ့်အချိန်နဲ့ပတ်သက်လို့ အခြေအနေတွေကို စောင့်ကြည့်အကဲဖြတ်ပြီး ခရီးသည်တွေကို အသိပေးသွားမယ်လို့ လေကြောင်းလိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်ဆိုပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့က ကာဇက်စတန်နိုင်ငံထဲမှာ ပျက်ကျခဲ့တဲ့ အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဥ်ဟာ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ အခုလို တဲလ်အဗစ်-မော်စကိုလေယာဥ်ခရီးစဥ်တွေကို El Alလေကြောင်းလိုင်းက ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့လည်း အစ္စရေးသတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

26 Dec, 21:08


"အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဥ်ဟာ ချေချင်းညာမြို့တော်ကောင်းကင်ယံမှာ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ထိမှန်ခဲ့တယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ရုရှားအနေနဲ့ မှားယွင်းပစ်ခတ်ခဲ့တဲ့အပေါ် တရားဝင် တောင်းပန်ဖို့လိုသလို လျော်ကြေးအပြည့်အဝပေးရမယ်။ မဟုတ်ရင်တော့ ၂ နိုင်ငံ မဟာမိတ်ဆက်ဆံရေးကို ပြန်စဥ်းစားရမယ်" (အဇာဘိုင်ဂျန် လွှတ်တော် နိုင်ငံခြားရေးရာ တာဝန်ခံ ရာဆင် မူဆာဘက်ကာဗ်)

BurmaNewsNetwork

26 Dec, 20:40


ရေအောက် ကေဘယ်လိုင်းတွေဖျက်စီးမှုသံသယဖြင့် ရုရှားရေနံတင် သင်္ဘောကို ဖင်လန်က ထိမ်းသိမ်းစစ်ဆေး
၂၆/ဒီဇင်ဘာ/၂၀၂၄

ဖင်လန်နဲ့ အက်စတိုနီးယား ၂ နိုင်ငံကို ဆက်သွယ်ထားတဲ့ ဘောလ်တစ်ပင်လယ်ထဲက ရေအောက်ဓာတ်အားနဲ့ ဆက်သွယ်ရေးကေဘယ်လိုင်းတချို့ဖျက်စီးမှု သံသယနဲ့ ရုရှားရေနံတွေတင် ဆောင်လာတဲ့ သင်္ဘော တစင်းကို ဖင်လန်ကမ်းခြေစောင့်တပ်က ထိမ်းသိမ်း စစ်ဆေးနေကြောင်း ဖင်လန်သတင်းတွေက ဒီဇင်ဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။
ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့က ဖင်လန်ရေပိုင်နက်မှာရှိတဲ့ ရေအောက် ဓာတ်အားပေးလိုင်းတချို့နဲ့ ဆက်သွယ်ရေးကေဘယ်တချို့ ပျက်စီးခဲ့ရတာဖြစ်ပါတယ်။ ရေအောက်လိုင်းတွေ ပျက်စီးခဲ့ရတဲ့ရေပြင်မှာ မီတာ ၂၃၀ ရှည်တဲ့ ရေနံတင် သင်္ဘော Eagle S ဖြတ်သန်းခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါရေနံတင် သင်္ဘောဟာ စိန့်ပီတာစဘတ်ကနေ အီဂျစ်နိုင်ငံကို ထွက်ခွာလာတာဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ရှောင်ရှားဖို့အတွက် ရုရှားအစိုးရက ရေနံတင်ပို့ရာမှာ အသုံးပြုနေတဲ့ သင်္ဘောဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ သင်္ဘောကို ဖင်လန်ကမ်းခြေစောင့်တပ်က ရပ်တန့်စေခဲ့ပြီး ကျောက်ဆူးကို တက်ရောက် စစ်ဆေးရာမှာ ကြိုးပဲရှိပြီး ကျောက်ဆူးပါမလာတာတွေ့ရတဲ့အတွက် ရေအောက်ကေဘယ်ကြိုးတွေကို ကျောက်ဆူးနဲ့ တမင်ဖြတ်တောက်ဖြတ်ဆီးခဲ့ပုံရှိတယ်လို့ ယူဆပြီး ဖင်လန်ရေပြင်မှာ ထိမ်းသိမ်းစစ်ဆေးနေတာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဥရောပရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို တမင်တကာ ဖျက်ဆီးနေတာတွေကို ရှုတ်ချသလို ပိတ်ဆို့အရေးယူထားတာတွေကို ရှောင်ရှားဖို့ ရုရှားအစိုးရက အသုံးပြုနေတဲ့ ရေနံတင်သင်္ဘောကို မြန်မြန်ဆန်ဆန်ဟန့်တားထိမ်းသိမ်းလိုက်နိုင်တဲ့ ဖင်လန် အစိုးရကို ချီးကျူးကြောင်း ဥရောပကော်မရှင်က သတင်းထုတ်ပြန်ထားသလို စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်လို့ ဖင်လန်နဲ့ အက်စ်တိုးနီးယားနိုင်ငံတို့ကို ကူညီပေးဖို့ အသင့်ရှိကြောင်း နေတိုးအတွင်းရေးမှူးချူပ် မာတ့်ရူတာက ပြောဆိုထားပါတယ်။

BurmaNewsNetwork

26 Dec, 18:05


ယူကရိန်းဒရုန်းတသန်းစစ်ဆင်ရေး

BurmaNewsNetwork

26 Dec, 18:04


ရုရှား အာကာသပျံ စစ်သား

BurmaNewsNetwork

26 Dec, 16:22


ရက္ခိုင်ပြည်၊ အမ်းမြိုနယ်၊ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း

BurmaNewsNetwork

26 Dec, 16:07


"ယူကရိန်းနိုင်ငံသားတယောက်အနေနဲ့ ယူကရိန်းရဲ့ အဆင့်အမြင့်ဆုံး သူရဲကောင်းဆုရသူတွေနဲ့ သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးဆုတွေ ဂုဏ်ပြု ချီးမြှင့်ခွင့်ရတာဟာ ကျနော့်ဘ၀မှာ အကျေနပ်ဆုံးအရာပါပဲ"-ဇလန်စကီး

BurmaNewsNetwork

26 Dec, 15:04


ယီမင်နိုင်ငံဆိပ်ကမ်းနှင့် ယီမင်မြို့တော်လေဆိပ်ကို အစ္စရေးက လေကြောင်းက ဗုံးကြဲတိုက်ခိုက်

BurmaNewsNetwork

26 Dec, 14:44


“အဇာဘိုင်ဂျန်လေယာဥ်ပျက်ကျမှုအပေါ် ဆန္ဒစောပြီး ကောက်ချက်မချသင့်ဘူး”-ဒီမီထရီ ပက်စကောဗ်
၂၆/ဒီဇင်ဘာ/၂၀၂၄

ကာဇက်စတန်နိုင်ငံထဲမှာ ပျက်ကျခဲ့တဲ့ အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဥ် ပျက်ကျမှုအပေါ် ဆန္ဒစောပြီး ကောက်ချက်မချသင့်ဘူးလို့ ရုရှား သမ္မတ ပူတင်ရဲ့ ပြောခွင့်ရသူ ဒီမီဒရီ ပက်စကောဗ်က ဒီဇင်ဘာ ၂၆ ရက်နေ့က ပြောပါတယ်။
လေယာဥ်ပျက်ဘာကြောင့်ပျက်ကျသလဲဆိုတာကို သက်ဆိုင်ရာ ကျွမ်းကျင်သူတွေက စုံစမ်းစစ်ဆေးပြီးချိန်ထိ စောင့်ကြည့်သင့်တယ်လို့ ပက်စကောဗ်က ဆိုပါတယ်။ ခရီးသည်တင်လေယာဥ်ပျက်ကျအောင် ရုရှားကမလုပ်သလို ဘယ်သူမှလည်း မလုပ်သင့်ဘူးလို့ ပက်စကောဗ်က ပြောပါတယ်။
ပျက်ကျခဲ့တဲ့လေယာဥ်ဟာ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်က ပစ်ခတ်ခဲ့တဲ့ Pantsir-S ဒုံးကျည်အစအနတွေကြောင့်ဖြစ်တယ်လို့ အဇာဘိုင်ဂျန်သတင်းတွေက ဒီဇင်ဘာ ၂၆ ရက်နေ့က ဖော်ပြခဲ့တဲ့အပေါ် ပက်စကောဗ်က တုန့်ပြန်ပြောဆိုထားတာဖြစ်ပါတယ်။ ပဏာမအဆင့် စုံစမ်းစစ်ဆေးမှုတွေအရ ချေချင်းညာမြို့တော်လေဆိပ်ကို လေယာဥ်ချည်းကပ်နေချိန်မှာ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်တွေက ယူကရိန်းဒရုန်းကို ပစ်ချဟန့်တား နေချိန်ဖြစ်တယ်လို့ အဇာဘိုင်ဂျန်သတင်းတွေက ဆိုပါတယ်။ ဒရုန်းရန်ရှိနေရှိချိန်မှာ လေဆိပ်ကို ပိတ်ထားဖို့တာဝန်ရှိပေမယ့် ချေချင်းညာမြို့တော်လေဆိပ်ကို ပိတ်ထားခြင်းမရှိခဲ့ဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။ ရုရှားရဲ့ အီလက်ထရွန်းနစ်စစ်ဆင်ရေးစနစ်ကြောင့် လေယာဥ်ဆက်သွယ်ရေးစနစ်ပါ လုံးဝပျက်သွားခဲ့ရတာဖြစ်တယ်လို့ အဇာဘိုင်ဂျန်သတင်းတွေက ဖော်ပြထားတာဖြစ်ပါတယ်။

BurmaNewsNetwork

26 Dec, 13:52


https://www.youtube.com/watch?v=YYm_NF6sz5k

BurmaNewsNetwork

26 Dec, 09:27


ယူကရိန်းကတုတ်ကျင်းအနီးက ရုရှားယူကရိန်း အနီးကပ်တိုက်ပွဲ

BurmaNewsNetwork

25 Dec, 17:36


ယူကရိန်းမိုင်းနည်းနာကို မသိသည့် ရုရှားမိုင်းအထူးတပ်ဖွဲ့

BurmaNewsNetwork

25 Dec, 17:35


မြေထဲပင်လယ်အတွင်း နစ်မြုပ်ခဲ့ရတဲ့ (ရုရှားကာကွယ်ရေးဝန်ကြီးဌာနအတွက် သယ်ပို့လုပ်ပေးနေတဲ့ ) ကုန်တင်သင်္ဘော Ursa Major ဟာ စနစ်တကျ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ဟု ရုရှားသတင်းတွေက ဖော်ပြ

BurmaNewsNetwork

25 Dec, 17:22


https://www.youtube.com/watch?v=-2ZEG1ju_3E

BurmaNewsNetwork

25 Dec, 16:23


ရုရှားကတုတ်ကျင်းတွေကို ယူကရိန်းတင့်ကားတွေက ဒရုန်းတပ်အကူအညီဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး စစ်သုံ့ပန်းအများအပြားဖမ်းဆီးမိခဲ့ဟု သတင်းထုတ်ပြနထား

BurmaNewsNetwork

07 Dec, 16:35


ယူကရိန်းမှာ စစ်သား ၆ သိန်းကျော် ဆုံးရှုံးထားတဲ့ ရုရှားအနေဖြင့် ဆီးရီးယားအတိုက်အခံတွေကို ဟန့်တားနိုင်စွမ်းမရှိတော့ဟု ဒေါ်နယ်ထရမ့်က ပြော
၇/ဒီဇင်ဘာ/၂၀၂၄

ယူကရိန်းမှာ စစ်သား ၆ သိန်းကျော် ဆုံးရှုံးခဲ့တဲ့ ရုရှားအနေနဲ့ ဆီးရီးယားအတိုက်အခံတွေကို ဟန့်တားနိုင်စွမ်း မရှိတော့ဘူးလို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၇ ရက်နေ့က သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ဆီးရီးယားအတိုက်အခံတိုက်ခိုက်ရေးသမားတွေရဲ့ လှုပ်ရှားမှုဟာ မကြုံစဖူး ထူးကဲနေပြီး အာဆတ်ကို ဖြုတ်ချဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပုံရသလို အာဆတ်ကို နှစ်ပေါင်းများစွာ ကာကွယ်ပေးနေတဲ့ ရုရှားလည်း ဟန့်တားနိုင်စွမ်းမရှိတော့ဘူးလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
အိုဘာမားရဲ့ အားနည်းချက်ကြောင့် ဆီးရီးယားကို ရုရှားတွေ ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး အခုတော့ ရုရှားတွေလည်း အာဆတ်လိုပဲ မောင်းထုတ်ခံရမယ့်အနေအထားဖြစ်နေပြီလို့ ဒေါ်နယ်ထရမ့်က ရေးသားထားပါတယ်။ ဆီးရီးယားဟာ အမေရိကန်ရဲ့ မဟာမိတ်မဟုတ်သလို အမေရိကန်နဲ့ဘာမှမဆိုင်တဲ့တိုက်ပွဲတွေဖြစ်လို့ တစုံတရာမစွက်ဖက်သင့်ကြောင်း ဒေါ်နယ်ထရမ့်က ရေးသားထားပါတယ်။

BurmaNewsNetwork

07 Dec, 16:32


ဆိုင်ကယ်ကလွဲရင် ကျန်တာအားလုံး အာဆတ်အလှူတွေဟု ဆီးရီးယားအတိုက်အခံတွေက ပြော

BurmaNewsNetwork

07 Dec, 14:52


ဆီးရီးယားမြို့တော်စောင့်တပ်ဖွဲ့ဝင်တွေ ယူနီဖောင်းတွေချွတ် အရပ်ဝတ်တွေလဲပြီး ထွက်ပြေးသည့် ဗီဒီယိုများ ဆီးရီးယားလူမှုကွန်ယက်မှာ ပေါ်ထွက်လာ

BurmaNewsNetwork

07 Dec, 14:33


ဒမတ်စကတ်မြို့တော်နှင့် ၄ ကီလိုမီတာအကွာ ဂျာရာမန်နာမြို့မှာ မြို့ခံတွေနဲ့ အတိုက်အခံတွေက အာဆတ်မျိုးနွယ်ရုပ်တွေ ဖြိုချ (@SimNasr)

BurmaNewsNetwork

07 Dec, 14:14


ယူကရိန်းသမ္မတ ဇလန်စကီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို ရောက်လာ
၇/ဒီဇင်ဘာ/၂၀၂၄

ယူကရိန်းသမ္မတ ဇလန်စကီးဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းက ရောက်ရှိလာကြောင်း ပြင်သစ်နဲ့ ယူကရိန်းသတင်းတွေက ဖော်ပြပါတယ်။ ဇလန်စကီးဟာ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်းနဲ့ ညနေပိုင်းမှာ တွေ့ဆုံဖို့ရှိတယ်လို့ ပြင်သစ်သတင်းတွေက ဖော်ပြပါတယ်။ နိုထရာဒမ် ပါရီ ဘုရားကျောင်းပြန်လည်ဖွင့်လှစ်ပွဲအခမ်းအနား တက်ရောက်လာမယ့် ရွေးကောက်ခံ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း တွေ့ဆုံကောင်း တွေ့ဆုံနိုင်တယ်လို့လည်း ပြင်သစ်သတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

07 Dec, 13:50


ဆီးရီးယားအစိုးရနှင့် တရားဝင်အတိုက်အခံတွေ တွေ့ဆုံဆွေးနွေးပွဲ အမြန်လုပ်ဖို့ ရုရှားက ပြော
၇/ဒီဇင်ဘာ/၂၀၂၄

ဆီးရီးယားအစိုးရနဲ့ တရားဝင်အတိုက်အခံတွေကြား ရန်လိုမှုတွေ ချက်ခြင်းရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲ အမြန်လုပ်စေချင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရောဗ်က ပြောပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က ကာတာနိုင်ငံမြို့တော် ဒိုဟာမှာ အီရန် တူရကီ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ လာဗရောဗ်က ပြောလိုက်တာဖြစ်ပါတယ်။

အီရန်နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးတွေကလည်း သူ့ရဲ့ သဘောထားကို ထောက်ခံကြောင်းလည်း လာဗရောဗ်က ဆိုပါတယ်။ တွေ့ဆုံဆွေးနွေးပွဲလုပ်ရင် အစ္စလာမ္မစ် အစွန်းရောက်လက်နက်ကိုင်အဖွဲ့တွေ မပါဝင်ပဲ နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုထားတဲ့ အတိုက်အခံတွေပဲ ပါသင့်တယ်လို့ လာဗရောဗ်က ပြောပါတယ်။ နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဆီးရီးယားနိုင်ငံထဲမှာ နယ်မြေစိုးမိုးမှုနဲ့ အုပ်ချုပ်ခွင့် မပြုနိုင်ကြောင်းလည်း လာဗရောဗ်က ဆိုပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းတွေက သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေ ပြောင်းလဲထားပြီလို့ ပြောဆိုနေပေမယ့် အကြမ်းဖက်သမားတွေဟာ အကြမ်းဖက်သမားတွေပဲဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရောဗ်က ပြောသွား ပါတယ်။

BurmaNewsNetwork

07 Dec, 13:09


ဆီးရီးယား မြို့တော် ဒမတ်စတ် အာဆတ်နန်းတော်နဲ့ ကီလိုမီတာ ၃၀ အကွာကို အတိုက်အခံတွေ ရောက်ရှိနေဟု အရှေ့အလယ်ပိုင်းသတင်းတွေက ဖော်ပြ

BurmaNewsNetwork

07 Dec, 13:06


ဆီးရီးယားအနောက်တောင်ပိုင်းက ဆွီဒါ လေတပ်အခြေစိုက်စခန်းကို အတိုက်အခံတွေက ဆက်လက်သိမ်းပိုက်

BurmaNewsNetwork

07 Dec, 12:22


ဘော အမလွန် ဘောမွှေးကပ်ပြီး မအာနိုင်ကြတော့ဘူးဟုဆို

BurmaNewsNetwork

07 Dec, 12:10


ပါလီမန်က ဖြုတ်မချနိုင်လည်း တောင်ကိုရီးယား သမ္မတ ရာထူးက နုတ်ထွက်ပေးဖို့ ဆိုးလ်မြို့မှာ တောင်းဆိုဆန္ဒပြ

BurmaNewsNetwork

07 Dec, 12:05


ယူကရိန်း ပျောက်ကြားဒရုန်းစစ်ဆင်ရေး

BurmaNewsNetwork

07 Dec, 11:54


“ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေ တူရကီလက်ထဲမရောက်ဖို့ပဲ ဆုတောင်းကြတာပေါ့”-(ရုရှားလေတပ်ဗိုလ်မှူးချုပ်ဟောင်း ဗစ်တာ အီမန်တိုဗစ်ချ်)
၇/ဒီဇင်ဘာ/၂၀၂၄

“မနေ့ကပဲ သတိပေးပြောခဲ့ပြီးပြီ။ အာဆတ်အစိုးရနိဂုံးချူပ်ဖို့ မကြာတော့ဘူးလို့ အမေရိကန်က ပြောလာပြီ။ ရှေးဟောင်းမြို့တော် ပါလ်မိုင်ယာလည်း ကျသွားပြီ။ ၄၈ နာရီအတွင်းမှာ မြို့တွေအများကြီးလက်လွှတ်ရတော့မယ်။ အခု ဟာမားပြည်နယ်အခြေစိုက် S-300/400 တွေအပါ အဝင် ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ တပ်ဖွဲ့တွေကို အရေးပေါ် ရုပ်သိမ်းနေရပြီ။ ဆီးရီးယား က ရုရှားလေကြောင်းရန်ကာကွယ်စနစ်တွေ တူရကီက အာဒိုဝမ်လက်ထဲမှာ အဆုံး မသတ်ဖို့ပဲ မျှော်လင့်ကြတာပေါ့”
(ရုရှားလေတပ်ဗိုလ်မှူးချုပ်ဟောင်း ဗစ်တာ အီမန်တိုဗစ်ချ်)

BurmaNewsNetwork

07 Dec, 11:34


ဆီးရီးယားနိုင်ငံ ပါလ်မိုင်ယာရှေးဟောင်းမြို့တော်ကို အတိုက်အခံတွေက အခုအခံမရှိ ဝင်ရောက်နိုင်ခဲ့ပြီး ဆီးရီးယားရုရှား ဒုံးကျည်စခန်းကိုသိမ်းပိုက်ရခဲ့ဟု အရှေ့အလယ်ပိုင်းသတင်းတွေက ဖော်ပြ

BurmaNewsNetwork

22 Nov, 12:36


ယူကရိန်းအတွက် အဝေးပစ်ဒုံးကျည်နှင့် အဝေးတိုက်ခိုက်ရေးဒရုန်းထုတ်လုပ်ဖို့ ဆွီဒင်က ရံပုံငွေ ကူညီမည်
၂၂/နိုဝင်ဘာ/၂၀၂၄

အဝေးပစ်ဒုံးကျည်တွေနဲ့ တာဝေးတိုက်ခိုက်ရေးဒရုန်းထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းတွေကို ရင်းနှီးမြုပ်နှံရေးရံပုံငွေ အများအပြား ကူညီ ပေးအပ်မယ်လို့ ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပေါ ယွန်ဆင်က ပြောလိုက်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့က ဆွီဒင်နိုင်ငံ ကားလ်ဘာ့ဂ် နန်းတော်မှာ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတမ် အူမဲရောဗ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောလိုက်တာပါ။
ယူကရိန်းအနေနဲ့ သူ့ကိုယ်သူကာကွယ်ဖို့ လက်နက်မျိုးစုံရှိဖို့လိုအပ်တဲ့အတွက် ဒိန်းမတ်နိုင်ငံက ရင်းနှီးမြုပ်နှံကူညီပေးနေသလိုမျိုး ဆွီဒင်က ကူညီသွားမယ်လို့ ပေါ ယွန်ဆင်က ဆိုပါတယ်။ ဆွီဒင်က ကူညီပေးတဲ့ လက်နက်တွေအပါအဝင် အသစ်ထုတ်လုပ်မယ့် အဝေးပစ်ဒုံးကျည်တွေ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ပတ်သက်လို့ ဘယ်လို ကန့်သတ်ချက်မျိုးမှ ထားမှာမဟုတ်ပဲ ယူကရိန်းအနေနဲ့ လွတ်လပ်စွာဆုံးဖြတ် ရွေးချယ်တိုက်ခိုက်ခွင့်ရှိတယ်လို့လည်း ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပေါ ယွန်ဆင်က ပြောသွားပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့က “ရုရှားနိုင်ငံထဲကို အဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ခွင့်ပြုတဲ့ နိုင်ငံတွေက စစ်ရေးပစ်မှတ်တွေကို တုန့်ပြန်တိုက်ခိုက်ခွင့်ရှိတယ်လို့” ရုရှား သမ္မတ ပူတင်က နိုင်ငံတော်မိန့်ခွန်းပြောခဲ့ပါတယ်။ သူပြောပြီး နောက်ရက်မှာပဲ ဆွီဒင်အစိုးရက ယူကရိန်းအနေနဲ့ တိုက်ချင်တဲ့စစ်ရေးပစ်မှတ်တွေကို လွတ်လပ်စွာရွေးချယ်တိုက်ခိုက်ခွင့်ရှိကြောင်း ပြောဆိုတာလည်း ဖြစ်ပါတယ်။

BurmaNewsNetwork

22 Nov, 08:36


ကာ့စ်ဒေသစစ်မြေပြင်က မြောက်ကိုရီးယားတပ်သားများပုံတွေ ရုရှားစစ်တပ်လူမှုကွန်ယက်တွေမှာ ထွက်ပေါ်လာ

BurmaNewsNetwork

22 Nov, 08:21


“အထူးအဆန်းကြီးပဲ”- (ရုရှားလေတပ်ဗိုလ်မှူးချုပ်ဟောင်း ဗစ်တာ အီမန်တိုဗစ်ချ်)
၂၂/နိုဝင်ဘာ/၂၀၂၄

“ယူကရိန်း နီပရိုမြို့က Yuzhmash စစ်လက်နက်ထုတ်လုပ်ရေးနေရာကို အသံထက်မြန်တဲ့ တာလတ်ပစ် "Oreshnik" ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရုရှားသမ္မတ က မိန့်ခွန်းပြောသွားတယ်။ ရုရှား သိပ္ပံပညာရှင်တွေနဲ့ ဒီဇိုင်းထုတ်လုပ်သူတွေ အဖြေမရှာနိုင်ခဲ့ တာလတ်ပစ် "Oreshnik" ဒုံးကျည်နဲ့ပတ်သက်လို့ ပထမဆုံးပြန်ကြားရတာပဲဖြစ်တယ်။ ဗီဒီယိုတွေအရ ဒုံးကျည်တွေဟာ ပစ်မှတ်တွေကို အတိအကျ ထိမှန်နိုင်စွမ်းရှိပုံရပါတယ်။ ရုရှား သိပ္ပံပညာရှင်တွေနဲ့ ဒီဇိုင်းထုတ်လုပ်သူတွေက ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီလို့ ဆိုလိုတာလားတော့မသိဘူး”
“ဒီဒုံးကျည်တွေရဲ့ တန်ဖိုးက သတင်းထုတ်ပြန်ချက်တွေအရ ထိပ်ဖူးနဲ့ ဒုံးကျည်တစင်းကို ဒေါ်လာ သန်း တရာလို့ ပြောတယ်။ ဗီဒီယိုအရ ဒုံးကျည် ၆ စင်း လား တစင်းထဲကနေ ထိပ်ဖူး ၆ ခုလားဆိုတာတော့ မသဲကွဲဘူး။ အနည်းဆုံးတော့ ဒေါ်လာ သန်း ခြောက်ရာဖိုးပါပဲ။ ပစ်မှတ်ကို ထိတယ်ဆိုပေမယ့်လည်း ပစ်မှတ်ဖြစ်တဲ့ စစ်မြေပြင်နဲ့နီးတဲ့ Yuzhmash စစ်လက်နက်ထုတ်လုပ်ရေးနေရာဆိုတာကလည်း ယူကရိန်းတွေက စွန့်ခွာသွားတာကြာပါပြီ။ ဒုတိယအဆင့်ပေါက်ကွဲမှုတွေလည်း ဗီဒီယိုမှာ မတွေ့ရပါဘူး။ ဘာပဲပြောပြော အထူးစစ်ဆင်ရေးကာလတလျှောက်မှာတော့ ကြီးမားတဲ့အောင်မြင်မှုကြီးဆိုပြီး ဂုဏ်ပြုပြောနိုင်ပါလိမ့်မယ်။ ထူးတော့ ထူးဆန်းကြီးပါပဲ”
(ရုရှားလေတပ်ဗိုလ်မှူးချုပ်ဟောင်း ဗစ်တာ အီမန်တိုဗစ်ချ်)

BurmaNewsNetwork

22 Nov, 07:08


အမေရိကန်ကြောင့် နျူကလီးယားစစ်ပွဲကြီးဖြစ်နိုင်ဟု ကင်ဂျုံအန်းက ပြော
၂၂/နိုဝင်ဘာ/၂၀၂၄

အမေရိကန်ရဲ့ ရန်လိုရန်စမှုတွေဟာ မြင့်တက်နေတာကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တခါမှ မကြုံဘူးတဲ့ နျူကလီးယား အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောလိုက်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့က ပြုံယမ်းမှာ ကျင်းပတဲ့ မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးဖွံဖြိုးတိုးတက်ရေးပြပွဲလို့ အမည်ပေးထားတဲ့ စစ်လက်နက်အင်အားပြပွဲအခမ်းအနားမှာ ကင်ဂျုံအန်းက ပြောလိုက်တာလို့ မြောက်ကိုရီးယားအစိုးရသတင်းက ဖော်ပြထားတာဖြစ်ပါတယ်။ အမေရိကန်ရဲ့ သဘောထားပြောင်းလဲခြင်းမရှိတဲ့အတွက် မြောက်ကိုရီးယားရဲ့ လက်နက်တွေကို ခေတ်မီဆန်းသစ်အောင် အမြဲတမ်းကြိုးစားနေဖို့နဲ့ နိုင်ငံရဲ့ မဟာ ဗျူဟာမြောက် အနေအထားကို အသင့်ဖြစ်နေအောင် ကာကွယ်ရေး စွမ်းရည်တွေကို ဆက်လက်အရှိန် မြှင့်တင်သွားမယ်လို့လည်း ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာနက ဖော်ပြထားပါတယ်။

BurmaNewsNetwork

21 Nov, 23:03


ဒိုးနက်စ် ဒေသက ရုရှား စစ်ရေးလေ့ကျင့်ရေးစခန်း

BurmaNewsNetwork

21 Nov, 23:02


ယူကရိန်းကို ပစ်ခတ်ခဲ့သည့် တာလတ်ပစ်ဒုံးကျည်များနှင့်ပတ်သက်လို့ နျူကလီးယားအန္တရာယ်မဖြစ်ရေးအတွက် အမေရိကန်ကို ကြိုတင်အသိပေးခဲ့ဟုရုရှားက ပြော
၂၁/နိုဝင်ဘာ/၂၀၂၄

အသံထက်မြန်တဲ့ Oreshnik တာလတ်ပစ် ပဲ့ထိမ်း ဒုံးကျည်တွေ စမ်းသပ် အသုံးပြု ပစ်ခတ်မယ်ဆိုတာကို အမေရိကန်အစိုးရကို ရုရှားနျူကလီးယား အန္တရာယ် လျှော့ချရေးဗဟိုက နာရီဝက် ကြိုတင်အကြောင်းကြားခဲ့ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင် ရဲ့ ပြောခွင့်ရသူ ဒီမီထရီ ပက်စကောဗ်က ပြောပါတယ်။
တာလတ်ပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုနဲ့ပတ်သက်လို့ ရုရှားအနေနဲ့ ဘယ်သူ့ကိုမှ အသိပေးဖို့ တာဝန်မရှိပေမယ့် နျူကလီးယားအန္တရာယ် လျှော့ချနိုင်ရေးအတွက် အသိပေးခဲ့တာလို့လည်း ဒီမီထရီ ပက်စကောဗ်က ရုရှားအစိုးရသတင်းဌာနတွေကို ပြောဆိုထားပါတယ်။
အမေရိကန်ပင်တဂွန်စစ်ဌာနချူပ် လက်ထောက်ပြောခွင့်ရအမျိုးသမီး ဆာဘရီနာ ဆင်းကလည်း Oreshnik တာလတ်ပစ် ဒုံးကျည်တွေ အသုံးပြုစမ်းသပ်မယ်ဆိုတာကို ရုရှားနျူကလီးယား အန္တရာယ် လျှော့ချရေးဗဟိုက ကြိုတင်အသိပေးခဲ့ကြောင်း ပြောဆိုထားပါတယ်။

BurmaNewsNetwork

21 Nov, 21:46


ယူကရိန်းဒရုန်း

BurmaNewsNetwork

21 Nov, 20:43


https://www.youtube.com/watch?v=K99qV-KT0zo

BurmaNewsNetwork

21 Nov, 18:45


ယူကရိန်းကို ပစ်ခတ်ခဲ့သည့် ဒုံးကျည်ကို ဘယ်လို လေကြောင်းရန်ကာကွယ်ရေးစနစ်ကမှ မတားဆီးနိုင်ဟု ဗလာဒီမာ ပူတင်က ပြောပြန်
၂၁/နိုဝင်ဘာ/၂၀၂၄

နိုဝင်ဘာ ၂၁ ရက်နေ့က ယူကရိန်းနိုင်ငံကို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ဟာ ရုရှားရဲ့အသံထက်မြန်တဲ့ နောက်ဆုံးပေါ် Oreshnik ပဲ့ထိမ်းဒုံးကျည်ဖြစ်တယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေဟာ တင်းမာမှုလမ်းကြောင်းကို ဆက်လက်လုပ်ဆောင်ဖို့ ရုရှားပိုင်နက်ထဲကို အဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်အသုံးပြုခွင့်ပေးခဲ့ကြသလို ရုရှားအနေနဲ့ တုန့်ပြန်သွားမယ်လို့လည်း ပူတင်က ဆိုပါတယ်။
ရုရှားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုအတိုင်းအတာတွေပေါ် မူတည်ပြီး တုန့်ပြန်ဖို့ ဆုံးဖြတ်သွားမယ်လို့လည်း ပူတင်က ပြောပါတယ်။ တိုးမြှင့်တိုက်ခိုက်လာမယ်ဆိုရင် ရုရှားနိုင်ငံထဲက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ စစ်ရေးပစ်မှတ်တွေကို တုန့်ပြန်ဖို့အခွင့်အရေးရှိတယ်လို့ ယူဆကြောင်းလည်း ပူတင်က ဆိုပါတယ်။
အခု ပစ်ခတ်ခဲ့တဲ့ နောက်ဆုံးပေါ် Oreshnik ပဲ့ထိမ်းဒုံးကျည်ကို ကာကွယ်နိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် ကမ္ဘာပေါ်မှာမရှိသေးကြောင်းလည်း သမ္မတ ဗလာဒီမာ ပူတင်က ပြောသွားပါတယ်။

BurmaNewsNetwork

21 Nov, 17:11


"အမေရိကန်အနေနဲ့ ထိမ်းထိမ်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းလိုပါတယ်။ နျူကလီးယားပဋိပက္ခကို တားဆီးဖို့ ရုရှားက ကြိုးစားနေသလို အမေရိကန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့လည်း အလားတူ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်" (လိုအပ်ရင် နျူကလီးယားလက်နက်အသုံးပြုဖို့ အသင့်ရှိတယ်လို့ အမေရိကန်မဟာဗျူဟာဌာနချူပ် မူဝါဒချမှတ်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး သောမတ်စ် ဘူ ခန်နာ ပြောဆိုချက်အပေါ် ပက်စကောဗ် တုန့်ပြန်ချက်)

BurmaNewsNetwork

21 Nov, 16:42


ဗြိတိသျှစစ်ဦးစီးချူပ်နှင့်အဖွဲ့ ယူကရိန်းကို ရောက်လာ

BurmaNewsNetwork

21 Nov, 14:03


အစ္စရေး ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းကို ဖမ်းဝရမ်းထုတ်တဲ့ အိုင်စီစီကို အပြစ်ပေးရမည်ဟု အမေရိကန်လွှတ်တော်ဥက္ကဌ က ပြော

BurmaNewsNetwork

21 Nov, 14:00


"သတင်းစာရှင်းပွဲလုပ်နေတုန်း ဖုန်းကိုင်လို့ဆိုပြီး ကျမကို ရန်သူတွေက ထိုးနှက်တိုက်ခိုက်နေတယ်။ အရေးကြီးရင် ဖုန်းကိုင်ရတယ်ဆိုတာ သတင်းသမားတိုင်းနားလည်ပါတယ်" / ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီရာ ဇာခါရိုဗာ

BurmaNewsNetwork

21 Nov, 13:39


ရုရှားနဲ့မြောက်ကိုရီးယားကြား စင်းလုံးငှားလေယာဥ်တွေ အပြန်အလှန်ပျံသန်းခွင့် သဘောတူ
၂၁/နိုဝင်ဘာ/၂၀၂၄
ရုရှားနဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြားမှာ စင်းလုံးငှားလေယာဥ်တွေ အပြန်အလှန် ပျံသန်းဖို့ သဘောတူစာချူပ်ကို နိုဝင်ဘာ ၂၀ ရက်နေ့က ပြုံယမ်းမြို့တော်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ၂ နိုင်ငံ အစိုးရသတင်းတွေက ဖော်ပြပါတယ်။
ရုရှားသယံဇာတရေးရာဝန်ကြီး အလက်ဇန်ဒါး ကော့လောဗ်ရဲ့ ပြုံယမ်းခရီးစဥ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံအပြီး အခုလို သဘောတူခဲ့ကြတာလို့ ဆိုပါတယ်။ အခု သဘောတူညီချက်ဟာ ရုရှားနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေကြားက ဘဘောတူထားတဲ့ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုဆိုင်ရာ သဘောတူညီချက်ထဲက အစိတ်အပိုင်းတခုဖြစ်တယ်လို့လည်း ၂ နိုင်ငံ အစိုးရသတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

21 Nov, 13:27


ယူကရိန်းဒရုန်း တသန်းစစ်ဆင်ရေး

BurmaNewsNetwork

21 Nov, 13:24


အစ္စရေးဝန်ကြီးချူပ် အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမတ်စ်ခေါင်းဆောင်တို့ကိုအိုင်စီစီက ဖမ်းဝရမ်းထုတ်ပြန်
၂၁/နိုဝင်ဘာ/၂၀၂၄

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန့် နဲ့ ပါလက်စတိုင်းဟားမတ်စ်ခေါင်းဆောင်တဦးကို အိုင်စီစီ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး က နိုဝင်ဘာ ၂၁ ရက်နေ့က ဖမ်းဝရမ်းထုတ်ပြန်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန့်တို့ဟာ ဂါဇာကမ်းမြှောင်က အပြစ်မဲ့ပါလက်စတိုင်းအရပ်သားတွေအပေါ် လူသားမဆန်စွာ ရာဇဝတ်မှုတွေကျူးလွန်ခဲ့မှုတွေအတွက် ဖမ်း၀ရမ်းထုတ်တာဖြစ်ပြီး ဟားမတ်စ်ခေါင်းဆောင် ၃ ဦးကို အောက်တိုဘာအကြမ်းဖက်သတ်ဖြတ်မှုမှာ တာဝန်ရှိတဲ့အတွက် ဖမ်းဝရမ်းထုတ်တာလို့ဆိုပါတယ်။
ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ဟားမတ်စ်ခေါင်းဆောင် ၃ ဦးအနက်က ၂ ဦးက သေဆုံးသွားပြီဖြစ်တဲ့အတွက် ကျန်တဦးဖြစ်တဲ့ Ibrahim Al-Masri ကို ဖမ်းဝရမ်းထုတ်ရတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့ကတော့ အိုင်စီစီရဲ့ သတင်းထုတ်ပြန်ချက်အပေါ်ကို လက်မခံ ကန့်ကွက်ကြောင်း ပြောဆိုထားပါတယ်။

BurmaNewsNetwork

15 Nov, 11:19


18 + ရုရှားကွန်မန်ဒိုများနှင့် ယူကရိန်းဒရုန်း

BurmaNewsNetwork

15 Nov, 11:17


ကာမီကာဇေတိုက်ခိုက်ရေးဒရုန်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ကင်ဂျုံအန်းက ညွှန်ကြားပြန်
၁၅/နိုဝင်ဘာ/၀၂၄

ကာမီကာဇီတိုက်ခိုက်ရေးဒရုန်းတွေကို အရှိန်မြှင့် တိုးထုတ်လုပ်ဖို့ ကင်ဂျုံအန်းက ညွှန်ကြားကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာနက နိုဝင်ဘာ ၁၅ ရက်နေ့က ဖော်ပြပါတယ်။
မြောက်ကိုရီးယားလုပ် ကာမီကာဇေဒရုန်းစမ်းသပ်ပစ်ခတ်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးချိန်မှာ ကင်ဂျုံအန်းက ညွှန်ကြားခဲ့တာလို့ဆိုပါတယ်။ နည်းဗျူဟာလမ်းကြောင်းတွေအတိုင်း ပစ်မှတ်တွေကို အတိအကျထိမှန်ခဲ့တဲ့အတွက် အားရဂုဏ်ယူကြောင်း နဲ့ ခေတ်သစ်စစ်ပွဲမှာ အရေးပါဆုံးဖြစ်နေတဲ့ ဒရုန်းတွေကို အမြန်ဆုံးနဲ့ အများဆုံးတိုးထုတ်လုပ်ဖို့ ကင်ဂျုံအန်းက ညွှန်ကြားခဲ့တာလို့လည်း မြောက်ကိုရီးယားအစိုးရသတင်းဌာနက ဖော်ပြသွားပါတယ်။
မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်တဲ့ ဒရုန်းတွေဟာ ရုရှားလုပ် "Lancet" ဒရုန်းတွေနဲ့ ပုံစံတူညီသလိုရှိတဲ့အတွက် ရုရှားဆီက နည်းပညာအကူအညီရနေတာဖြစ်နိုင်တယ်လို့ ကိုရီးယားကျွန်းဆွယ်စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြောင်းလည်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြတာတွေ့ရပါတယ်။

BurmaNewsNetwork

15 Nov, 09:29


https://www.youtube.com/watch?v=cbGqqoqNWqI

BurmaNewsNetwork

15 Nov, 08:54


ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံအားလုံးချက်ခြင်းပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆို
၁၅/နိုဝင်ဘာ/၂၀၂၄

ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ရုရှားနိုင်ငံသားတွေအပါအဝင် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံ တရာကျော်ရှိနေပြီး ရုရှားနိုင်ငံသား ၂ ဦးလည်း ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး မာရီရာ ဇာခါရိုဗာက ပြောပါတယ်။ ရုရှားအစိုးရအနေနဲ့ ဟားမတ်စ်အပါအဝင် ပါလက်စတိုင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှုတွေလုပ်နေတာဟာ အဆိုပါ ဓားစာခံတွေ ပြန်လွတ်မြောက်ရေးအတွက် ဖြစ်တယ်လို့လည်း ဇာခါရိုဗာ က ဆိုပါတယ်။ ရုရှားအစိုးရအနေနဲ့ ဓားစာခံတွေပြန်လွတ်မြောက်ရေးအတွက် သံတမန်နည်းလမ်းကိုပဲ ဆက်လက်ကျင့်သုံးသွားမယ်လို့လည်း ဇာခါရိုဗာက ပြောသွားပါတယ်။

ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူတွေအနက်က ရုရှားနိုင်ငံသားတဦး အသနားခံပြောထားတဲ့ ဗီဒီယို ဖိုင် ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းမှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဓားစာခံတွေအနေနဲ့ စားနပ်ရိက္ခာ ရေရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတာမို့ အစ္စရေးအနေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ အဆိုပါရုရှားဓားစာခံက အသနားခံပြောဆိုထားတဲ့ ဗီဒီယို ဖြစ်ပါတယ်။

BurmaNewsNetwork

15 Nov, 08:23


ရွေးကောက်ခံအမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဆုံးတွေ့ဆုံခဲ့ရသည့် နိုင်ငံခေါင်းဆောင်
၁၅/နိုဝင်ဘာ/၂၀၂၄

အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ လူချင်းတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေ့ က သူ့လူမှုကွန်ယက်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က ဓာတ်ပုံနဲ့တကွဖော်ပြထားပါတယ်။
ဖလော်ရီဒါက ဒေါ်နယ်ထရမ့်ရဲ့ မာရာလာဂိုရိပ်သာမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး သူနဲ့အတူ အာဂျင်တီးနားအစိုးရပြောခွင့်ရသူလည်းဖြစ် ညီမဖြစ်သူလည်းဖြစ်တဲ့ ကရီနာ မီလေ့လည်း ပါဝင်ခဲ့တယ်ဆိုပါတယ်။
ကွန်မြူနစ်ဆန့်ကျင့်ရေးသမား အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေ့ ဟာ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပထမဆုံးတွေ့ဆုံခွင့်ရခဲ့တဲ့ နိုင်ငံခေါင်းဆောင်ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

15 Nov, 08:22


ယူကရိန်း ဒရုန်းတသန်းစစ်ဆင်ရေး

BurmaNewsNetwork

15 Nov, 08:20


ရုရှား ခရပ်စ်နာဒါပြည်နယ်ထဲက စစ်စခန်းနဲ့ လေယာဥ်ကွင်းကို ယူကရိန်းတွေက ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဟု ရုရှားလူမှုကွန်ယက်တွေက ဖော်ပြ

BurmaNewsNetwork

14 Nov, 20:36


ရုရှားစစ်ကြောင်းကို ယူကရိန်းက Leopard 2 တင့်ကားတစီးတည်းဖြင့် တိုက်ခိုက်ချေမှုန်းပြီး ထွက်ပြေး ရုရှားတပ်သားများကို ဒရုန်းတပ်ဖွဲ့က အပြီးသိတ် လိုက်လံ ချေမှုန်းသည့် ဗီဒီယို ထွက်ပေါ်လာ

BurmaNewsNetwork

14 Nov, 19:57


ယူကရိန်းကာကွယ်ရေးဝန်ကြီး နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ရောက်လာ
၁၄/နိုဝင်ဘာ/၂၀၂၄

ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတမ် အူမဲရောဗ်ဟာ နိုဝင်ဘာ ၁၄ ရက်နေ့ က အော်စလိုမြို့တော်ကို ရောက်ရှိလာကြောင်း နော်ဝေကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့မှာ နော်ဝေကာကွယ်ရေးဝန်ကြီး Bjørn Arild Gram နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံသဘောတူစာချူပ်တွေ ချူပ်ဆိုဖို့ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

BurmaNewsNetwork

14 Nov, 17:21


နယူးဇီလန်ပါလီမန်မှာ ဒေသခံဌာနေတိုင်းရင်းသားတွေနဲ့ပတ်သက်လို့ အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို လွှတ်တော်အမတ်များက တိုင်းရင်းသားရိုးရာ အကဖြင့် ကန့်ကွက်

BurmaNewsNetwork

14 Nov, 17:14


ဒေါ်နယ်ထရမ့်ရဲ့ လူရွေးချယ်မှုတွေကို အကဲခတ်စောင့်ကြည့်နေသည်ဟု ရုရှားက ပြော
၁၄/နိုဝင်ဘာ/၂၀၂၄

အိမ်ဖြူတော်အကြီးအကဲသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ရဲ့ အစိုးရဖွဲ့ဖို့ လူရွေးချယ်မှုတွေကို သတိထားစောင့်ကြည့်နေကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီ ပက်စကောဗ်က နိုဝင်ဘာ ၁၄ ရက်နေ့က ပြောပါတယ်။
အမေရိကန်အစိုးရသစ်ဖွဲ့စည်းတာဟာ ရုရှားရဲ့ ထိပ်တန်းဦးစားပေးစိတ်ဝင်စားရမယ့်အရာမဟုတ်ပေမယ့် ဘာတွေပြောင်းလဲလာနိုင်သလဲဆိုတာနဲ့ပတ်သက်လို့ စောင့်ကြည့်နေကြောင်း ပက်စကောဗ်က ဆိုပါတယ်။ ဒေါ်နယ်ထရမ့်အနေနဲ့ အိမ်ဖြူတော်တာဝန်စတင်ယူတာနဲ့ ကုလသမဂ္ဂမှာ အလုပ်လုပ်နေတဲ့ ရုရှားနိုင်ငံသားတွေအတွက် ဗီဇာကန့်သတ်ချက်တွေ ရုပ်သိမ်းပေးမှာလားဆိုတာကအစ အရာရာဟာ ခန့်မှန်းပြောဆိုဖို့ ခက်ခဲပါတယ်လို့ ရုရှားအစိုးရသတင်းဌာနတွေကို ပက်စကောဗ်က ပြောသွားပါတယ်။
အမေရိကန်အစိုးရသစ်မှာ တာဝန်ယူဖို့ ဒေါ်နယ်ထရမ့် အဆိုပြုထားသူတွေနဲ့ပတ်သက်လို့ ရုရှား အစိုးရဝါဒဖြန့် ရုပ်သံသတင်းတွေမှာ နေ့စဥ် ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်အဆိုပြုထားသူတွေအနက်က နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို အမျိူးသားလုံခြုံရေးအကြံပေး မိုက် ဝေါဇ် ကာကွယ်ရေးဝန်ကြီး ပီ ဟက်ဆက် တို့ ၃ ဦးဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်သလို တရုတ် အီရန်နဲ့ မြောက်ကိုရီးယားတို့အပေါ် သဘောထားတင်းမာသူတွေ ဖြစ်တယ်လို့ ရုရှားအစိုးရဝါဒဖြန့်ရုပ်သံသတင်းဌာနတွေက ဖော်ပြပါတယ်။ ထရမ့်ရွေးချယ်ထားသူတွေထဲမှာ ဇလန်စကီးကို မထောက်ခံသူတွေလည်း ပါနေပေမယ့် အဲဒီလူတွေကလည်း ရုရှားရဲ့ မိတ်ဆွေတွ မဟုတ်ဘူးလို့ ရုရှားအစိုးရဝါဒဖြန့် ရုပ်သံသတင်းဆွေးနွေးခန်းတွေမှာ ဖော်ပြနေတာလည်းတွေ့ရပါတယ်။

BurmaNewsNetwork

14 Nov, 16:30


ဒေါ်နယ်ထရမ့်အဆိုပြုထားသည့်အနက်က နိုင်ငံခြားရေးဝန်ကြီး အမျိူးသားလုံခြုံရေးအကြံပေး နှင့် ကာကွယ်ရေးဝန်ကြီး ၃ ဦးတို့ကို မကြိုက်ဟု ရုရှားအစိုးရဝါဒဖြန့်သတင်းတွေက ပြော ( ၃ ဦးစလုံးက တရုတ် အီရန် ရုရှား မြောက်ကိုရီးယားတွေကို ရန်သူတွေဟု သတ်မှတ်ထားသူများဟုဆို)

BurmaNewsNetwork

14 Nov, 16:28


ရှေ့တန်းစစ်မြေပြင်စခန်းကိုရောက်လာသည့် ယူကရိန်းကာကွယ်ရေးဦးစီချူပ်
၁၄/နိုဝင်ဘာ/၂၀၂၄

ယူကရိန်းကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်ကြီး အိုလက်ဇန်ဒါ ဆီရာစကီဟာ နိုဝင်ဘာ ၁၁ ရက်နေ့က ရုရှားကာ့စ်ဒေသစစ်ဆင်ရေးစခန်းတွေဆီကို သွားရောက်ခဲ့ကြောင်း ယူကရိန်းစစ်ဦးချူပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ရုရှားတပ်တွေဟာ ကာ့စ်ဒေသကို ပြန်လည်ရရှိဖို့ မြောက်ကိုရီးယားတွေအပါအဝင် အင်အား ၅ သောင်းနီးပါးနဲ့ တန်ပြန်ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာချိန်မှာ အခုလို ကာ့စ်စစ်ဆင်ရေးရုံးတွေကို ယူကရိန်းကာကွယ်ရေး ဦးစီးချူပ်ကိုယ်တိုင်သွားရောက်ခဲ့တာလို့ဆိုပါတယ်။
သောင်းချီတဲ့ ရန်သူရုရှားတပ်တွေကို ရန်သူ့နယ်မြေထဲမှာ ရဲရဲဝန့်ဝန့်နဲ့ ဗျူဟာကျကျ ရင်ဆိုင်တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်မှူးတပ်သားတွေကို ချီးကျူးဂုဏ်ပြုခဲ့သလို လူအင်အားအဆမတန်များပြားတဲ့ ရန်သူကို အထင်သေးလျှော့မတွက်ဖို့လည်း ဗိုလ်ချူပ်ကြီး အိုလက်ဇန်ဒါ ဆီရာစကီ က သတိပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BurmaNewsNetwork

08 Nov, 13:32


မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေကို တောင်ကိုရီးယားက Hyunmoo-II ဒုံးကျည် စမ်းသပ်ပစ်ခတ်ပြပြီး ပထမဆုံးတုန့်ပြန်

BurmaNewsNetwork

08 Nov, 13:29


လက်နက်နဲ့ ခုခံနေရတဲ့ စစ်ပွဲမှာ စကားလုံးအကူအညီတွေ မလိုချင်ဘူး”- သမ္မတ ဇလန်စကီး
၈/နိုဝင်ဘာ/၂၀၂၄
“ယူကရိန်းအနေနဲ့ ကိုယ့်ကိုကို ခုခံကာကွယ်နေရတာဟာ ရုရှားရဲ့ အပြောတွေ စကားလုံးတွေကို မဟုတ်ပါဘူး။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု စစ်ပွဲကြီးကို ခုခံကာကွယ်နေရတာပါ။ အဲဒီအတွက် တကယ်လိုအပ်တာဟာ လုံလောက်တဲ့ လက်နက်ခဲယမ်းတွေပဲဖြစ်တယ်။ စကားလုံးတွေ အပြောတွေ မဟုတ်ပါဘူး”
(နိုဝင်ဘာ ၇ ရက်နေ့က ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တော်မှာ ကျင်းပတဲ့ ဥရောပနိုင်ငံရေးဆိုင်ရာထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်း သမ္မတ ဇလန်စကီးပြောကြားချက်မှ)

BurmaNewsNetwork

08 Nov, 13:28


အမေရိကန်နဲ့ နွေးထွေးသည့် ဆက်ဆံရေးတည်ဆောက်ဖို့ အသင့်ရှိနေဟု ရုရှားက ထပ်မံပြော
၈/နိုဝင်ဘာ/၂၀၂၄
အိမ်ဖြူတော်ကို ဒေါ်နယ်ထရမ့် ပြန်လာပြီးနောက်မှာ ဝါရှင်တန်နဲ့ နွေးထွေးတဲ့ဆက်ဆံရေး တည်ဆောက်ဖို့ မော်စကိုဘက်က အသင့်ရှိနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စကောဗ်က နိုဝင်ဘာ ၈ ရက်နေ့မှာ ထပ်မံပြောဆိုပါတယ်။
နွေးထွေးတဲ့ ဆက်ဆံရေးတွေ ဘယ်အချိန်မှာ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုတာတော့ ပြောဖို့ အချိန်စောနေသေးသလို လောလောဆယ်တော့ ဒေါ်နယ်ထရမ့်ဘက်က ဆက်သွယ်လာတာမရှိသေးဘူးလို့ ပက်စကောဗ်က ပြောပါတယ်။ နိုဝင်ဘာ ရ က်နေ့က ဆိုချီအပမ်းဖြေမြို့မှာ ကျင်းပတဲ့ “the Valdai International Discussion Club”ဆွေးနွေးပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရတဲ့အပေါ် ဂုဏ်ယူကြောင်း သမ္မတပူတင်က ပြောခဲ့ပြီးဖြစ်သလို ဆက်သွယ်စကားပြောဖို့ အသင့်ရှိနေကြောင်းလည်း ပြောခဲ့ပြီးဖြစ်တယ်လို့ ပက်စကောဗ်က ပြောပါတယ်။ ရုရှားအနေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေအတွက် အပြန်အလှန်အဆက်သွယ်လုပ်ဖို့ အသင့်ရှိနေတယ်ဆိုတာပြသပြီးဖြစ်ပါတယ်လို့လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စကောဗ်ကပြောသွားပါတယ်။

BurmaNewsNetwork

08 Nov, 11:37


ရုရှားလုံခြုံရေးကောင်စီအရေးပေါ်ဆွေးနွေးပွဲကျင်းပပြန်

BurmaNewsNetwork

07 Nov, 21:57


ယူကရိန်းလူငယ်

BurmaNewsNetwork

07 Nov, 21:02


ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြုလိုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြော
၇/နိုဝင်ဘာ/၂၀၂၄
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် အရွေးခံရတဲ့ အတွက် ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြုလိုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့က ရုရှားနိုင်ငံ ဆိုချီအပမ်းဖြေမြို့မှာ ကျင်းပတဲ့ ရုရှားအစိုးရက ဖွဲ့စည်းထားတဲ့ “the Valdai International Discussion Club” နိုင်ငံတကာ ပညာရှင်များဆွေးနွေးပွဲမှာ ဗလာဒီမာ ပူတင်က ပြောလိုက်တာပါ။
အမေရိကန်ပြည်သူတွေရွေးချယ်တဲ့ ဘယ်လိုခေါင်းဆောင်နဲ့မဆို လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်းအရင်ကတည်းက ပြောဆိုခဲ့သလို အခု ရွေးကောက်ပွဲအနိုင်ရ ဒေါ်နယ်ထရမ့်နဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိပါတယ်လို့ ပူတင်က ဆိုပါတယ်။ လုပ်ကြံပစ်ခတ်ခံရချိန်က ဒေါ်နယ်ထရမ့်ရဲ့ အပြုအမူဟာ ဘယ်လိုမှ မေ့လို့မရနိုင်သလို ဒေါ်နယ်ထရမ့်ဟာ အင်မတန်ရဲရင့်တဲ့သူဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ကို ဖုန်းဆက်ဂုဏ်ပြုချီးကျူးတာဟာ ရှက်စရာမဟုတ်ဘူးလို့ ယူဆကြောင်းလည်း ပူတင်က ဆိုပါတယ်။ ယူကရိန်းအကျပ်အတည်းအဆုံးသတ်ဖို့ ဒေါ်နယ်ထရမ့်ပြောထားတွေဟာလည်း အနည်းဆုံးတော့ အာရုံစိုက်လေ့လာဖို့ ထိုက်တန်တယ်လို့ ယူဆကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောသွားပါတယ်။

BurmaNewsNetwork

07 Nov, 20:36


ဥရောပရဲ့လုံခြုံရေးကို ဥရောပသားတွေကိုယ်တိုင် တာဝန်ယူရမယ့် အချိန်ရောက်ပြီ”-ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်း
၇/နိုဝင်ဘာ/၂၀၂၄

ဥရောပတိုက်ရဲ့ လုံခြုံရေးကို ဥရောပသားတွေကိုယ်တိုင် တာဝန်ယူရမယ့်အချိန်ကို ရောက်နေပြီလို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်းက ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့က ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တော်မှာ ကျင်းပတဲ့ ဥရောပနိုင်ငံရေးဆိုင်ရာထိပ်သီးဆွေးနွေးပွဲမှာ မက်ခရွန်းက ပြောလိုက်တာပါ။
အမေရိကန်ပြည်သူအများစုက သူတို့အကျိူးစီးပွားအတွက် ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ်ရွေးချယ်သလို ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်တွေရဲ့ အကျိူးစီးပွားကို ခုခံကာကွယ်ရမှာဟာ ကောင်းမွန် မှ န်ကန်မျှတတဲ့ အရာဖြစ်တယ်လို့ မက်ခရွန်းက ဆိုပါတယ်။ ဥရောပခေါင်းဆောင်တွေအနေနဲ့လည်း ဥရောပသားတွေရဲ့ အကျိူးစီးပွားကို ကာကွယ်ပေးဖို့ အသင့်ရှိနေပြီလားဆိုတာ မေးခွန်းထုတ်ရမယ်လို့ ပြင်သစ် သမ္မတ က ပြောပါတယ်။ ဥရောပရဲ့ လုံခြုံရေးနဲ့ ပထဝီနိုင်ငံရေးကို အမေရိကန်ကိုပဲ လွှဲပြောင်းတာဝန်ယူစေဖို့ ဥရောပခေါင်းဆောင်တွေက ထင်မြင်ယူဆခဲ့ကြတယ်လို့လည်း မက်ခရွန်းက ပြောပါတယ်။ အမှန်တကယ်လက်တွေ့မှာ နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂမှာ နိုင်ငံသား သန်း ၄၄၀ ရှိနေပြီး ဥရောပနိုင်ငံရေးအသိုက်အဝန်းမှာ ဆိုရင် နိုင်ငံသား သန်း ၇၀၀ ကျော်ရှိနေတယ်လို့ မက်ခရွန်းက ဆိုပါတယ်။ ဥရောပမှာ ခေတ်မှီဆန်းသစ်တဲ့ နည်းပညာတွေ ခေတ်မှီကာကွယ်ရေးစနစ်တွေ အပြည့်အစုံရှိပြီးသားမို့ တခြားသူတွေရေးတဲ့သမိုင်းကိုဖတ်မလား ဒါမှမဟုတ် ကိုယ့်သမိုင်းကို ရေးမလားဆိုတာ ဆုံးဖြတ်ရမယ့်အချိန်ရောက်နေပြီလို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ပြောဆိုသွားပါတယ်။

BurmaNewsNetwork

07 Nov, 19:04


https://www.youtube.com/watch?v=JBlbeLaG1EQ

BurmaNewsNetwork

07 Nov, 16:34


ဟန်ဂေရီဝန်ကြီးချူပ် နှင့် ရိုမေးနီးယားသမ္မတ

BurmaNewsNetwork

07 Nov, 16:28


“အမေရိကန်အစိုးရသစ်နဲ့ ရိုးသားစွာတွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိပါတယ်”-ရုရှားနိုင်ငံခြားရေးဝန်ကြီး
၇/နိုဝင်ဘာ/၂၀၂၄
အမေရိကန်အစိုးရသစ်အနေနဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ အဆိုပြုလာရင် ရုရှားအနေနဲ့ လက်ခံစဥ်းစားဖို့ အသင့်ရှိနေတယ် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရောဗ်က နိုဝင်ဘာ ၇ ရက်နေ့က ပြောလိုက်ပါတယ်။
ကာဇက်စတန်မြို့ကို ရောက်ရှိနေချိန် ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ကပြောလိုက်တာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဆွေးနွေးရေးတွေကို ဖြတ်တောက်သူဟာ ရုရှားမဟုတ်ပဲ အမေရိကန်ဘက်က ဖြစ်တယ်လို့ လာဗရောဗ်က ပြောပါတယ်။ ရုရှားအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုရင် ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းကိုမှ ငြင်းဆိုခဲ့တာမရှိဘူးလို့လည်း လာဗရောဗ်က ဆိုပါတယ်။ အခုတက်လာမယ့် အမေရိကန်အစိုးရသစ်အနေနဲ့ တဖက်သတ်ကြိုတင်တောင်းဆိုချက်တွေမပါပဲ ဆွေးနွေးဖို့ ကမ်းလှမ်းလာရင် ရုရှားအနေနဲ့ ရိုးသားစွာ တွေ့ဆုံသွားဖို့ အဆင့်သင့်ပါလိုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရောဗ်က ပြောသွားပါတယ်။

BurmaNewsNetwork

07 Nov, 13:34


ထင်းခုတ်လည်း ကျွမ်းသည့် ဘယ်လာရုစ် သမ္မတ လူကာရှန်ကို

BurmaNewsNetwork

07 Nov, 13:10


ဟန်ဂေရီနိုင်ငံမြို့တော်မှာ ကျင်းပသည့် ဥရောပနိုင်ငံရေးအသိုင်းအဝိုင်းထိပ်သီးဆွေးနွေးပွဲတက်ရောက်လာသည့် ဇလန်စကီး

BurmaNewsNetwork

07 Nov, 12:35


အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရသည့်အပေါ် နိုင်ငံတကာ သုံးသပ်ချက်များမှ စုစည်းဖော်ပြချက် အပိုင်း ၁
၇/နိုဝင်ဘာ/၂၀၂၄
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရတဲ့အတွက် အကျိုးရလဒ်အများဆုံးရရှိနိုင်တာကတော့ နေတန်ညာဟုဦးဆောင်တဲ့ အစ္စရေးအစိုးရဖြစ်နိုင်တယ်လို့ နိုင်ငံတကာသတင်းသုံးသပ်ချက်တွေမှာ ဖော်ပြပါတယ်။
အစ္စရေးအနေနဲ့ အီရန်ကို လေကြောင်းက တိုက်ခိုက်ခဲ့ချိန်က ဂျိုး ဘိုင်ဒန်အစိုးရကြောင့် ရည်ရွယ်ထားတဲ့ ပစ်မှတ်အားလုံးကို တိုက်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ ပစ်မှတ်အားလုံး တိုက်ခိုက်ခွင့်ရလိမ့်မယ်လို့ အစ္စရေးအစိုးရက ယုံကြည်ထားတယ်လို့ သုံးသပ်ပါတယ်။ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်သာအနိုင်ရခဲ့ရင် အီရန်နျူကလီးယားနေရာတွေကို အစ္စရေးက တိုက်ခိုက်နိုင်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကလည်း ရွေးကောက်ပွဲမတိုင်ခင်က ပြောဆိုထားတာဖြစ်ပါတယ်။
အလားတူ ဟားမတ်စ်တွေဖမ်းဆီးထားတဲ့ ဓားစာခံအရေးမှာလည်း ဒေါ်နယ်ထရမ့်ဟာ ဂျိုးဘိုင်ဒန်အစိုးရလို မဟုတ်ပဲ ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းလိမ့်မယ်လို့ ယူဆကြပါတယ်။
ရွေးကောက်ပွဲအနိုင်ရ မိန့်ခွန်းမှာလည်း သူအိမ်ဖြူတော်တာဝန်မထမ်းဆောင်ခင် ဓားစာခံတွေ ပြန်လွှတ်ပေးရင် ဟားမတ်စ်တွေ သက်သာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ပြောဆိုထားတာဖြစ်ပါတယ်။

BurmaNewsNetwork

07 Nov, 11:03


တင့်ကားဖျက် အပြင်းစားမိုင်း တွေကို ဒရုန်းဗုံးအဖြစ်ပြောင်းလဲပြီး ရုရှားစစ်အခြေခံအဆောက်အအုံတွေကို ယူကရိန်းက တိုက်ခိုက် (တင့်ကားဖျက်မိုင်းကို ဒရုန်းဗုံးအဖြစ်ပြောင်းလဲသုံးတာ ပထမဆုံးဟုဆိုသည်)

BurmaNewsNetwork

07 Nov, 11:00


စစ်ပွဲတွေရပ်အောင်လုပ်ရင် ဒေါ်နယ်ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု အဆိုပြုမည်ဟု လူကာရှန်ကို က ပြော
၇/နိုဝင်ဘာ/၂၀၂၄
အမေရိကန် သမ္မတ ရွေးကောက်ပွဲအနိုင်ရ ဒေါ်နယ်ထရမ့်အနေနဲ့ ကမ္ဘာတဝှမ်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေရပ်အောင် ကြိုးစားပေးရင် ငြိမ်းချမ်းရေးနိုဘယ်ဆု အမည်တင်သွင်းမယ်လို့ ဘယ်လာရုစ် သမ္မတ လူကာရှန်ကို က နိုဝင်ဘာ ၇ ရက်နေ့က ပြောလိုက်ပါတယ်။
စစ်ပွဲတွေဖန်တီးမှာမဟုတ်ပဲ စစ်ပွဲတွေရပ်အောင်လုပ်ဆောင်သွားမယ်လို့ ရွေးကောက်ပွဲအနိုင်ရ ဒေါ်နယ်ထရမ့်က ပြောခဲ့တာဖြစ်လို့ သူ့အပြောအတိုင်း တကယ်လုပ်ဆောင်ပေးမယ်ဆိုရင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်သင့်တယ်လို့လည်း လူကာရှန်ကို က ဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အခက်အခဲတွေကြားက အနိုင်ရခဲ့သူဖြစ်သလို အင်မတန် ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့လည်း လူကာရှန်ကို က ပြောပါတယ်။ ရွေးကောက်ပွဲရှုံးတဲ့ ဒီမိုကရက်ပါတီက ကမ်မလာ ဟဲရစ်က လည်း လမ်းပေါ်ထွက် သူ့ထောက်ခံသူတွေကို လမ်းပေါ်ထွက် ဆန္ဒပြ ကြဖို့ တောင်းဆိုတာတွေမလုပ်ပဲ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုတာဟာ အတုယူစရာကောင်းတယ်လို့ လူကာရှန်ကို က ပြောဆိုသွားကြောင်း ဘယ်လာရုစ် အစိုးရသတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

07 Nov, 09:31


ဘုရားတရားမရှိတဲ့ မြောက်ကိုရီးယားတပ်တွေနဲ့ ကာ့စ်စစ်မြေပြင်မှာ ပူးပေါင်းတိုက်ပွဲဝင်မည်မဟုတ် ဟု ချေချင်းညာတပ်မှူးက ရုရှားသတင်းဌာနကို ပြော

BurmaNewsNetwork

07 Nov, 08:53


"ကျား" ကနေ "မ" ဖြစ်ချင်တာ ရီစရာအောက်တန်းစားတွေလို့ ပြောသည့် ရုရှား တိုးရစ် ဖူးကက်မှာ ကျားမတွေက ဝိုင်းရိုက်

BurmaNewsNetwork

28 Oct, 21:18


ကြိုတင်မဲပေးဖို့ တန်းစီနေသည့် ဂျိုး ဘိုင်ဒန်

BurmaNewsNetwork

28 Oct, 21:16


ကြိုတင်မဲ လာပေးသွားသည့် ဂျိုး ဘိုင်ဒန်

BurmaNewsNetwork

28 Oct, 21:09


အီရန်ရဲ့ ရေဒါတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို တိကျမှန်ကန်စွာတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့အတွက် အစ္စရေးကသာ နောက်ထက် တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုရင် အီရန်အနေနဲ့ အခြေအနေမကောင်းနိုင်တော့ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က လေကြောင်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အစ္စရေးပိုင်းလော့တွေနဲ့ တွေ့ဆုံစဥ်မှာ ဂုဏ်ပြုပြောကြား

BurmaNewsNetwork

28 Oct, 20:03


ဟစ်ဇ်ဘိုလာ မြေအောက်စခန်းတခုကို ရောက်လာသည့် အစ္စရေးကာကွယ်ရေးဦးစီးချူပ်

BurmaNewsNetwork

28 Oct, 19:36


ယူကရိန်းသမ္မတ ဇလန်စကီး အိုက်စလန်နိုင်ငံကို ရောက်လာ
၂၈/အောက်တိုဘာ/၂၀၂၄

သမ္မတ ဇလန်စကီး ဟာ ယူကရိန်း-နောဒစ်မဟာမိတ်နိုင်ငံများထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ အောက်တိုဘာ ၂၈ ရက်နေ့က အိုက်စလန်နိုင်ငံကိုရောက်ရှိလာကြောင်း ယူကရိန်းနဲ့ ဥရောပအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။
ဇလန်စကီးဟာ အိုက်စလန်ကို ရောက်ရောက်ချင်း ဝန်ကြီးချူပ် Bjarni Benediktsson ကို သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ယူကရိန်းအောင်ပွဲစီမံချက်နဲ့ မြောက်ကိုရီးယားတပ်တွေ ရုရှားနိုင်ငံထဲကို ရောက်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲကြောင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဇလန်စကီးဟာ နော်ဝေ ဒိန်းမတ် ဆွီဒင် ဖင်လန် အိုက်စလန်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

BurmaNewsNetwork

28 Oct, 17:53


“ရုရှားမြောက်ကိုရီးယားပူးပေါင်းဆောင်ရွက်မှုအပေါ် အနောက်နိုင်ငံတွေက မဝေဖန်သင့်ဘူး”- ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရောဗ်
၂၈/အောက်တိုဘာ/၂၀၂၄

“ရုရှားနဲ့ မြောက်ကိုရီးယားကြားက ပူးပေါင်းဆောင်ရွက်မှုတွေကို အနောက်နိုင်ငံတွေက ပြစ်တင်ဝေဖန်မှုတွေလုပ်နေတာဟာ မရိုးသားပါဘူး။ ယူကရိန်းကို အနောက်နိုင်ငံကတပ်တွေ စေလွှတ်ရင်လည်း တရားမျှတမှုရှိတယ်ဆိုတာကို ပုံဖော်လိုကြတာပါ။ တကယ်ကတော့ ယူကရိန်းမှာ အနောက်နိုင်ငံကတပ်တွေ ရောက်နေတာ အချိန်အတော်ကြာနေပါပြီ”
(ကူဝိတ်နိုင်ငံမှာ အောက်တိုဘာ ၂၈ ရက်နေ့က ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး Abdullah Al-YahyaLavrov နဲ့ ဆွေးနွေးအပြီး ပူးတွဲပြုလုပ်သည့် သတင်းထုတ်ပြန်ရှင်းပွဲမှာ ရုရှားနိုင်ငံခြာရေးဝန်ကြီး ဆာဂေး လာဗရောဗ် ပြောကြားချက်)

BurmaNewsNetwork

28 Oct, 15:48


မြောက်ကိုရီးတပ်တွေ ရုရှားကနေ ချက်ခြင်းဆုတ်ခွာပေးဖို့ နေတိုးအတွင်းရေးမှူးချူပ်က သတိပေးပြော
၂၈/အောက်တိုဘာ/၂၀၂၄

မြောက်ကိုရီးယားတပ်တွေထဲက တပ်ဖွဲ့တဖွဲ့ဟာ ယူကရိန်းသိမ်းပိုက်ထားတဲ့ ကာ့စ် (Kursk) ဒေသထဲကို ရောက်ရှိနေကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချူပ် မတ့် ရူတာက အောက်တိုဘာ ၂၈ ရက်နေ့ သတင်းစာရှင်းပွဲမှာ အတည်ပြုပြောဆိုလိုက်ပါတယ်။

ရုရှားရဲ့ တရားမဝင် ကျူးကျော်စစ်ပွဲမှာ မြောက်ကိုရီးယားတွေပါဝင်လာတာဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ချိူးဖောက်တဲ့အပြင် စစ်ပွဲအရှိန်ပိုမြှင့်လာနိုင်ပြီး အင်ဒို-ပစိဖိတ်နှင့် ယူရို-အတ္တလန္တိတ်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း မတ့် ရူတာက ဆိုပါတယ်။ အဲဒီအတွက် ရုရှားနိုင်ငံထဲမှာ ဖြန့်ကျက်ရောက်နေတဲ့ မြောက်ကိုရီးယားတပ်တွေ ချက်ခြင်းပြန်ရုပ်သိမ်းဖို့ ရုရှားနဲ့ မြောက်ကိုရီးယားကို တောင်းဆိုကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချူပ် မတ့် ရူတာက ပြောဆိုသွားပါတယ်။

BurmaNewsNetwork

28 Oct, 14:06


ဒေါ်လာ သန်း ၄၀၀ နီးပါးတန်ဖိုးရှိ အမေရိကန်လုပ် ဒုံးကျည်သစ် တွေကို နော်ဝေက ဝယ်ယူ
၂၈/အောက်တိုဘာ/၂၀၂၄

ဒေါ်လာသန်းလေးရားနီးပါးတန်ဖိုးရှိမယ့် လေယာဥ်ပစ်ဒုံးကျည်တွေကို အမေရိကန်ဆီကနေဝယ်ယူဖို့ ၂ နိုင်ငံတာဝန်ရှိသူတွေ သဘောတူစာချူပ် ချူပ်ဆိုခဲ့ကြောင်း နော်ဝေ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
AMRAAM ဒုံးကျည်သစ်တွေကို ဝယ်ယူမှာဖြစ်ပြီး ဝေဟင်ကရော မြေပြင်ကပါ ပစ်ခတ်လို့ရတဲ့ ဒုံးကျည်တွေဖြစ်တဲ့အတွက်နော်ဝေလေပိုင်နက်ကာကွယ်ရေးကို ကောင်းကောင်း အထောက်အကူဖြစ်စေမယ်လို့ ကာကွယ်ရေးဝန်ကြီး Bjørn Arild Gram က ဆိုပါတယ်။ နော်ဝေရဲ့ ခေတ်မှီကာကွယ်ရေးအတွက် ရေရှည် ရင်းနှီးမြုပ်နှံသွားဖို့ ပြင်ဆင်ထားပြီး လေယာဥ်ပစ်ဒုံးကျည်တွေသာမက တခြား အဝေးပစ်ဒုံးကျည်တွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကိုပါ တိုးမြှင့်ဝယ်ယူ ရင်းနှီးမြုပ်နှံသွားဖို့ ပြင်ဆင်ထားကြောင်းလည်း နော်ဝေကာကွယ်ရေးဝန်ကြီး Bjørn Arild Gram က ပြောဆိုထားပါတယ်။

BurmaNewsNetwork

28 Oct, 13:40


ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေး ရှိုးဂူ ယူအေအီးနိုင်ငံကို ရောက်လာ

BurmaNewsNetwork

28 Oct, 12:24


ထောပတ်စျေးနှုံးတွေ အဆမတန်မြင့်တက်လာလို့ ရုရှား စတိုးဆိုင်တွေမှာ ထောပတ်ခိုးယူမှုတွေများ
၂၈/အောက်တိုဘာ/၂၀၂၄

ထောပတ်စျေးနှုံးတွေ အဆမတန်မြင့်တက်နေတဲ့အတွက် စတိုးဆိုင်တွေမှာ ထောပတ်ခိုးယူမှုတွေ များလာနေကြောင်း ရုရှားအစိုးရသတင်းတွေက အောက်တိုဘာ ၂၈ ရက်နေ့က ဖော်ပြပါတယ်။
ရုရှားကုန်စျေးနှုံးကြီးကြပ်ရေးတာဝန်ရှိသူတွေအပြောအရ ထောပတ်စျေးနှုံးဟာ ၂၃ ရာခိုင်နှုံးအထိ စျေးတက်လာတဲ့အတွက် စတိုးဆိုင်တွေမှာ ထောပတ်ခိုးမှုတွေ ဖြစ်လာတာလို့ ဆိုပါတယ်။ ထောပတ်ထုတ်လုပ်ရေးလုပ်ငန်းအဆင့်ဆင့်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်တွေမြင့်တက်လာတဲ့အတွက် ထောပတ်စျေးနှုံးတွေမြင့်တက်လာရတာဖြစ်ပြီး စျေးနှုံးပြန်ထိမ်းဖို့ ကြိုးစားနေကြောင်း ရုရှားအာဏာပိုင်တွေက ပြောဆိုထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ လောလောဆယ် စတိုးဆိုင်ပိုင်ရှင်တွေအနေနဲ့ ထောပတ်ခိုးယူမှုတွေမဖြစ်အောင် လုံခြုံအောင် ထုပ်ပိုးရောင်းချနေရကြောင်းလည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

28 Oct, 10:44


ရုရှားနိုင်ငံ ကာ့စ်ပြည်နယ်ထဲက ရုရှားခံစစ်ကြောင်းကို ယူကရိန်းက M2A2 Bradley နဲ့ M1 Abrams တင့်ကားတွေပူးပေါင်း အသုံးပြုတိုက်ခိုက်ချေမှုန်းခဲ့ဟု ဆိုသည်

BurmaNewsNetwork

28 Oct, 10:40


ရုရှားနိုင်ငံ​ ခရပ်စနိုရာပြည်နယ်ထဲမှာ အောက်တိုဘာ ၂၈ ရက်နေ့က တရားမဝင်နိုင်ငံခြားသား အလုပ်သမား ၂၄၀ ဖမ်းမိခဲ့ပြီး ယူကရိန်းအထူးစစ်ဆင်ရေးမှာပို့ဆောင်ခံရဖို့များဟု လတ်လပ်သည့် ရုရှားသတင်းတွေက ဖော်ပြ

BurmaNewsNetwork

28 Oct, 10:29


“ဖိနှိပ်ရန်လိုသူ နဲ့ မတရားရန်ပြုခံရသူကြားမှာ ဘက်မလိုက်ပဲ ကြားနေတာဟာ ရန်လိုသူဘက်က ရပ်တည်တာပါ”- သမ္မတ ဇလန်စကီး
၂၈/အောက်တိုဘာ/၂၀၂၄

“ဖိနှိပ်ရန်လိုသူနဲ့ မတရားဖိနှိပ် ရန်ပြုခံရသူကြားမှာ ဘက်မလိုက်ပဲ ကြားနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကြားနေတယ်ဆိုတာဟာ ရန်လိုသူဘက်က ရပ်တည်နေတယ်လို့ပဲ ပြောရမယ်။ အခု ဖြစ်နေတဲ့စစ်ပွဲမှာ ဘက်မလိုက်ကြားနေတယ်ဆိုတာဟာ ရုရှားဘက်မှာ ရှိနေတယ်လို့ပဲ ပြောရမယ်”
(အောက်တိုဘာ ၂၈ ရက်နေ့ အိန္ဒိယသတင်းဌာနနှင့် မေးမြန်းခန်းမှာ ယူကရိန်း သမ္မတ ဇလန်စကီးပြောကြားချက်မှ)

BurmaNewsNetwork

28 Oct, 08:53


(သဲသဲ လည်း ပြဲပြဲ ဖြစ်သွားပြီ ) မသင့်လျော်သည့် အပြုအမူ အပြောအဆိုတွေကြောင့် Miss Grand Myanmar ' Thae Su Nyan ' ကို ထုတ်ပယ်ကြောင်း နှင့် 2nd Runner-Up ဆုကို ပြန်လည်ရုပ်သိမ်းကြောင်း တရားဝင် ကြေညာ

BurmaNewsNetwork

28 Oct, 07:40


ကိယက်ဗ်ကောင်းကင်ယံကို ပျံသန်းလာသည့် အီရန်လုပ် ဒရုန်း

BurmaNewsNetwork

28 Oct, 07:39


ဒရုန်းတိုက်ခိုက်မှုတွေအပြီး ရုရှား ဗောရိုနက်ချ်ပြည်နယ်ထဲက koltsovsky စျေးကြီးမှာ မီးလောင်မှုဖြစ်နေဟု ရုရှားအစိုးရသတင်းတွေက ဖော်ပြ

BurmaNewsNetwork

28 Oct, 07:04


ရုရှား ဗောရိုနက်ချ်ပြည်နယ်ထဲက စက်မှုဇုန်တွေကို ယူကရိန်းက အောက်တိုဘာ ၂၈ မနက်အစောက ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ဟု ရုရှားအစိုးရသတင်းတွေက ဖော်ပြ

BurmaNewsNetwork

25 Oct, 18:54


“ယူကရိန်းကို ကျူးကျော်တာဟာ ကုလသမဂ္ဂ ပဋိဉာဉ်နဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း ပူတင်ကို ကျနော်ပြောခဲ့ပါတယ်”-အန်တိုနီယို ဂူတာရက်စ်
၂၅/အောက်တိုဘာ/၂၀၂၄

“ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါးကို ကိုယ်စားပြုတဲ့ ဘရစ်ထိပ်သီးဆွေးနွေးပွဲကို ကျနော် တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ယူကရိန်းမှာ တရားမျှတတဲ့ ငြိမ်းချမ်းရေးရဖို့ ကျနော်တောင်းဆိုခဲ့တယ်။
သမ္မတပူတင်နဲ့ တွေ့ဆုံရာမှာ ယူကရိန်းကို ရုရှားက ကျူးကျော်တာဟာ ကုလသမဂ္ဂ ပဋိဉာဉ်နဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်းကို အလေးပေးပြောကြားခဲ့သလို ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့တဲ့အချက်တွေကို ကျနော် ထပ်လောင်းပြောကြားခဲ့ပါတယ်”
(ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် အန်တိုနီယို ဂူတာရက်စ်)

BurmaNewsNetwork

25 Oct, 18:26


https://www.youtube.com/watch?v=x6w4k-71iXo

BurmaNewsNetwork

25 Oct, 17:39


18+ အောက်တိုဘာ ၂၄ ရက်နေ့က ရုရှား ဒရုန်းအော်ပရေတာသင်တန်းကျောင်းကို ဟိုင်းမာ့စ်ထိမှန်အပြီး သေဆုံးရုရှားဒရုန်းတပ်ဖွဲ့ဝင်များဟုဆိုသည်

BurmaNewsNetwork

25 Oct, 16:21


ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်ရဲ့ ကိယက်ဗ်ခရီးစဥ်ကို ယူကရိန်းသမ္မတက ပယ်ဖျက်
၂၅/အောက်တိုဘာ/၂၀၂၄

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ယူကရိန်းခရီးစဥ်ကို သမ္မတ ဇလန်စကီးက ဖျက်သိမ်းခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလထဲက အမေရိကန်နိုင်ငံ နယူးရောက်မှာ အန်တိုနီယို ဂူတာရက်စ်နဲ့ ဇလန်စကီးတို့တွေ့ဆုံခဲ့စဥ်က ၂ ဦး ၂ ဖက်ပြေလည်တဲ့အချိန်မှာ ကိယက်ဗ်မြို့တော်မှာ တွေ့ဆုံဖို့ သဘောတူထားခဲ့ကြတာလို့ဆိုပါတယ်။ ရုရှားနိုင်ငံ ကာဇန်မြို့မှာ ကျင်းပခဲ့တဲ့ ဘရစ်ထိပ်သီးဆွေးနွေးပွဲကို ဂူတာရက်စ်တက်ရောက်ခဲ့ပြီး သမ္မတဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် စိတ်ဆိုးဒေါသထွက်တဲ့အတွက် အတွင်းရေးမှူးချူပ်ရဲ့ ကိယက်ဗ်ခရီးစဥ်ကို သမ္မတဇလန်စကီးက ဖျက်သိမ်းလိုက်တာဖြစ်နိုင်တယ်လို့လည်း နိုင်ငံတာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူကရိန်းအစိုးရနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေကတော့ တစုံတရာ တရားဝင် သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

BurmaNewsNetwork

25 Oct, 14:54


ရုရှားကို တပ်သားတွေစေလွှတ်သည့်အပေါ် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်လို ပြောသလဲ
၂၅/အောက်တိုဘာ/၂၀၂၄

ရုရှားကို ကူညီပေးဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်တာဟာ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်တာဖြစ်လို့ တစုံတရာ မှတ်ချက်ပေးစရာမရှိဘူးလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ပြုံယမ်းအစိုးရသတင်းဌာနက အောက်တိုဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။
တပ်ဖွဲ့ဝင်တွေ စေလွှတ်တယ်ဆိုရင်လည်း နိုင်ငံတကာဥပဒေတွေနဲ့အညီ စေလွှတ်တာဖြစ်မယ်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Kim Jong Gyu က ပြောဆိုထားကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာနက ဖော်ပြသွားပါတယ်။

BurmaNewsNetwork

25 Oct, 14:16


“ကုလသမဂ္ဂဆိုတာ အဆုံးသတ်သွားပြီ”-လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး
၂၅/အောက်တိုဘာ/၂၀၂၄

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ် အန်တိုနီယို ဂူတာရက်စ်သာ ရာထူးကနုတ်ထွက်ဖို့ ဆုံးဖြတ်ရင် ကန့်ကွက်တားဆီးနေမှာမဟုတ်ဘူးလို့ လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis က သူ့လူမှုကွန်ယက်ပေါ်မှာ အောက်တိုဘာ ၂၅ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။ ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို လာရောက်တက်ခြင်းမရှိပဲ ပူတင်ရဲ့ ဘရစ်ညီလာခံကို တက်ရောက်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း Gabrielius Landsbergis က ရေးသားထားပါတယ်။ ရုရှား သမ္မတ ပူတင်ကို တရိုတသေ နုတ်ဆက်နေတဲ့ပုံနဲ့အတူ “ဒါဟာ ကုလသမဂ္ဂရဲ့ နိဂုံး” ပဲဖြစ်တယ်လို့ လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis က သူ့လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။

BurmaNewsNetwork

25 Oct, 13:01


အီရန်နိုင်ငံ တောင်ပိုင်း Kazeroun မြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့ သောကြာနေ့ ဆုတောင်းပွဲမှာ တရားဟောဆုတောင်းခေါင်းဆောင် မိုဟာမက်ဆာဘာဟီ ဟာ ဆုတောင်းနေချိန်မှာ ပစ်သတ်ခံခဲ့ရကြောင်း အီရန်အစိုးရသတင်းတွေက ဖော်ပြပါတယ်။
ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့လည်း အီရန်သတင်းတွေက ဖော်ပြပါတယ်။

BurmaNewsNetwork

25 Oct, 12:18


“ ပူတင်ပြောနေတာတွေဟာ မြေပြင်အခြေအနေနဲ့ ဆန့်ကျင်ဘက်တွေပါပဲ”-ယူကရိန်းကာကွယ်ရေးဦးစီးချူပ် Oleksandr Syrskyi.)
၂၅/အောက်တိုဘာ/၂၀၂၄

“ကာ့စ်ဒေသကို တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေကို ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်တယ်လို့ ဘရစ်ထိပ်သီးဆွေးနွေးပွဲမှာ ကျူးကျော်ရန်လိုတဲ့နိုင်ငံက ခေါင်းဆောင်ဆိုသူ ပြောဆိုသွားတာတွေဟာ အလိမ်အညာတွေပဲဖြစ်တယ်။ ပကတိမြေပြင်အခြေအနေမှန်ကို ထင်ဟပ်ခြင်းမရှိတဲ့ သတင်းမှားတွေကို ပြောသွားတာပဲ”
(ဘရစ်ထိပ်သီးဆွေးနွေးပွဲသတင်းစာရှင်းပွဲမှာ ကာ့စ်ဒေသက ယူကရိန်းတပ်တွေကို ရုရှားတပ်တွေက ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်သလို ယူကရိန်းတပ်တွေဟာ ပိတ်ဆို့ခံထားရမှန်းမသိအောင်ကို တပ်ပျက်နေပြီဟု ဗလာဒီမာ ပူတင်ပြောခဲ့သည့်အပေါ် ယူကရိန်းကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်ကြီး Oleksandr Syrskyi.ရဲ့ တုန့်ပြန်ချက်)

BurmaNewsNetwork

25 Oct, 11:24


ဟစ်ဇ်ဘိုလာတွေဆီက လက်နက်ခဲယမ်း ထရပ်ကား ၁၁ စီးစာ မိဟု အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်

BurmaNewsNetwork

25 Oct, 11:07


စိန့်ပီတာစဘတ်မြို့ကုန်တိုက်ထဲက ရုရှားဓားချန်ပီယံ

BurmaNewsNetwork

25 Oct, 10:59


“အမေရိကန်သတင်းတွေ သတင်းစာတွေ ကျနော်မဖတ်တော့ဘူး” -ဒီမီထရီ ပက်စကောဗ်
၂၅/အောက်တိုဘာ/၂၀၂၄

“အမေရိကန် Wall Street Journal က သမ္မတပူတင် နဲ့ (အမေရိကန်သူဌေး) အီလွန်မတ်စ်တို့ ပုံမှန်အဆက်သွယ်ရှိခဲ့တယ်လို့ ဖော်ပြတာဟာ မမှန်ကန်တဲ့ အချက်အလက်တွေပါ။ ကျနော်သိသလောက် သူတို့ ၂၀၂၂ ခုနှစ် မတိုင်ခင်က တကြိမ်ပဲ ဖုန်းပြောခဲ့တယ်။ အဲဒါကလည်း အနာဂတ်အတွက် နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေအကြောင်း ပြောကြတာပါ။ အဲဒီနောက်ပိုင်းကတည်းက အဆက်အသွယ်မရှိတော့ပါဘူး။ မနက်ပိုင်း ကော်ဖီချိန်တွေမှာ အရင်က အမေရိကန်သတင်းတွေ ဖတ်လေ့ရှိပေမယ့် ကျနော် အခု မဖတ်တော့ပါဘူး”
(ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စကောဗ်)

BurmaNewsNetwork

25 Oct, 10:53


ရုရှား စိန့်ပီတာစဘတ်မြို့တော်က ကုန်တိုက်မှာ အသက် ၄၄ နှစ်အရွယ် ဓားခုတ်ချန်ပီယံက စျေးဝယ်တွေကို ဓားနဲ့လိုက်ထိုးလို့ ၆ ဦး ဒဏ်ရာရပြီး ၂ ဦးက စိုးရိမ်ရဟု ရုရှားအစိုးရသတင်းတွေက ဖော်ပြ

BurmaNewsNetwork

25 Oct, 10:05


Bruce Springsteen

BurmaNewsNetwork

25 Oct, 09:58


ပူတင်နဲ့တွေ့လိုက် အနောက်အုပ်စုနဲ့တွေ့လိုက်နှင့် မိုဒီလည်း မအားရှာ (နယူးဒေလီရောက် ဂျာမန်ဝန်ကြီးချူပ်နှင့် မိုဒီ)

BurmaNewsNetwork

25 Oct, 09:56


ယူကရိန်း အဝေးထိမ်းမိုင်းစာမိသွားသည့် ရုရှားစစ်သည်တင်ကား

BurmaNewsNetwork

23 Oct, 08:14


မြေအောက်ဒုံးကျည်စခန်းကို မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်စစ်ဆေး
၂၃/အောက်တိုဘာ/၂၀၂၄

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ မြေအောက် မဟာဗျူဟာဒုံးကျည်စခန်းကို သွားရောက်စစ်ဆေးခဲ့ကြောင်း ပြုံယမ်းအစိုးရသတင်းဌာနက အောက်တိုဘာ ၂၃ ရက်နေ့က ဖော်ပြပါတယ်။
အမေရိကန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို မဟာဗျူဟာမြောက် ဟန့်တားနိုင်ဖို့ သွားရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေဟာ မြောက်ကိုရီးယားလုံခြုံရေးကို တနေ့တခြားပိုမိုခြိမ်းခြောက်လာနေတဲ့အတွက် မဟာဗျူဟာမြောက်ဒုံးကျည်တွေကို အဆင့်မြှင့်ဖို့နဲ့ အသင့်ဖြစ်နေဖို့ ကင်ဂျုံအန်းက ညွှန်ကြားသွားကြောင်းလည်း မြောက်ကိုရီးယားအစိုးရသတင်းဌာနက ဖော်ပြထားပါတယ်။

BurmaNewsNetwork

23 Oct, 07:47


စားကောင်းသောက်ကောင်းပုဂ္ဂိုလ် ကြီး ကာဇန်ကိုရောက်လာ

BurmaNewsNetwork

23 Oct, 07:38


ကာဇန်လေဆိပ်ကိုရောက်လာသည့် UAE သမ္မတဟာ ဒေသခံတာတာစတန်အုပ်ချူပ်ရေးမှူးကို နွေးထွေးစွာနှုတ်ဆက်ပေမယ့် မော်စကိုကရင်န်မလင်က ပူတင်ကိုယ်စားလှယ်ကို လက်ဆွဲနှုတ်ဆက်ခြင်းမလုပ်ခဲ့ဟု ကာဇန်သတင်းတွေက ဖော်ပြ

BurmaNewsNetwork

23 Oct, 07:26


ရုရှား FAB 500 ဗုံးမှာ ရုရှားကာကွယ်ရေးဝန်ကြီးကို သတိပေးတောင်းဆိုစာ ရေးသားထား
၂၃/အောက်တိုဘာ/၂၀၂၄

“လေးစားရပါသော ဝန်ကြီးချင်ဗျာ..ကျနော်တို့ဟာ FAB ဗုံးကြဲလေယာဥ်အုပ်စုကပါ။ မကြာခင် ကာ့စ်ဒေသကို သိမ်းပိုက်ထားသူတွေရဲ့နေရာကို ပျံသန်းတော့မှာပါ။ ကာ့စ်ဒေသ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးမှာ FAB ဗုံးတွေသွားရောက်ကြဲချတဲ့လေယာဥ်မှူးတွေ ဝန်ထမ်းတွေကို ဘောနပ်စ်ငွေသားပေးမယ်လို့ ကတိပေးထားပေမယ့် အခုထိ မရသေးပါ။ ကာကွယ်ရေးဝန်ကြီးသြဂုတ်လထဲက ပြောခဲ့သလို အမှားတွေလုပ်မိနိုင်ပေမယ့် လိမ်လို့မရပါဘူး”

BurmaNewsNetwork

23 Oct, 07:01


ရုရှားကွန်မန်ဒိုစစ်ကြောင်း

BurmaNewsNetwork

23 Oct, 07:00


ဗလာဒီမာ ပူတင်အနေနဲ့ အီဂျစ်သမ္မတကို အချိန်များစွာ စောင့်ဆိုင်းနေခဲ့ရဟု ရုရှားသတင်းတွေက ဖော်ပြ

BurmaNewsNetwork

22 Oct, 20:05


ဝန်ကြီးချူပ် နေတန်ညာဟု ကိုယ်ပိုင်နေအိမ်ကို ဟစ်ဇ်ဘိုလာ ဒရုန်း ကျရောက်ခဲ့သည့် ဗီဒီယိုကလစ် ထွက်ပေါ်လာ

BurmaNewsNetwork

22 Oct, 19:39


ရုရှားအောင်ဇေယျ

BurmaNewsNetwork

22 Oct, 19:38


ဒေါ်လာ ၄ သန်းခွဲ တန် ရုရှားနာမည်ကျော် T-90M Breakthrough နှင့် ဒေါ်လာ ၂ ထောင်တန်ယူကရိန်းဒရုန်း

BurmaNewsNetwork

22 Oct, 18:36


ယူကရိန်းနဲ့ပတ်သက်လို့ မိုဒီရဲ့ ပြောကြားချက်ကို ကြားလိုက်ရချိန်မှာ မြင်လိုက်ရသည့် ဗလာဒီမာ ပူတင် ရဲ့ အမူအယာ

BurmaNewsNetwork

22 Oct, 18:10


"မော်စကို သုတေသနဆေးရုံမှာ ကျနော့် ခွဲစိပ်မှု အောင်မြင်ပါတယ် (ရုရှားလေတပ်ဗိုလ်မှူးချုပ်ဟောင်း ဗစ်တာ အီမန်တိုဗစ်ချ်)

BurmaNewsNetwork

22 Oct, 17:10


https://www.youtube.com/watch?v=os_54x2EwJQ&t=755s

BurmaNewsNetwork

22 Oct, 15:45


“ရုရှားတရုတ်ဆက်ဆံရေးဟာ ခေတ်သစ်ကမ္ဘာရဲ့ စံနမူနာဖြစ်လာတယ်”-ဗလာဒီမာ ပူတင်
၂၂/အောက်တိုဘာ/၂၀၂၄

“ရုရှားနဲ့ တရုတ်ကြား ဆက်ဆံရေးဟာ ခေတ်သစ်ကမ္ဘာမှာ နိုင်ငံတွေကြား ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်သင့်တယ်ဆိုတဲ့ စံနမူနာဖြစ်လာပြီလို့ ယုံကြည်ချက်အပြည့်နဲ့ ပြောနိုင်ပါတယ်။ ၂ နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှုဟာ အခွင့်အရေးရယူဖို့ပေါ် မူမတည်ပဲ တန်းတူညီမျှမှုနဲ့ အပြန်အလှန်အကျိုးရှိမူအပေါ် အခြေခံထားလို့ပဲဖြစ်တယ်”

BurmaNewsNetwork

22 Oct, 15:45


မအလရဲ့ စီနီယာနဲ့ဂျူနီယာပထွေးများ ကာဇန်မှာ တွေ့ကြလေပြီ

BurmaNewsNetwork

22 Oct, 15:32


ရုရှားနိုင်ငံ ကာ့စ်ဒေသက ရုရှားဒရုန်းစစ်ဆင်ရေးရုံးကို ပြင်သစ်လုပ်ပဲ့ထိမ်းဗုံးဖြင့် ယူကရိန်းလေတပ်က တိုက်ခိုက်

BurmaNewsNetwork

22 Oct, 15:23


ဗြိတိန်က တတိယအကြိမ်မြောက် ယူကရိန်းလေယာဥ်မှူးသင်တန်းဆင်းပွဲ
၂၂/အောက်တိုဘာ/၂၀၂၄

ဗြိတိန်နိုင်ငံမှာ သင်တန်းတက်နေတဲ့ ယူကရိန်းလေတပ်ရဲ့ တတိယအသုတ် လေယာဥ်မှူးသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ဗိုလ်ချူပ်ကြီး ဗဲလ်လာရီ ဇလူရှနီက သူ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
အဆိုပါသင်တန်းဆင်းပွဲကို Cranwell အခြေစိုက် ဗြိတိန်တော်ဝင် လေတပ်အခြေစိုက်စခန်းတခုမှာ ကျင်းပခဲ့တာဖြစ်ပြီး ဗြိတိသျှတာဝန်ရှိသူတွေနဲ့အတူ တက်ရောက်ခဲ့တာလို့ အငြိမ်းစား ဗိုလ်ချူပ်ကြီး ဗဲလ်လာရီ ဇလူရှနီက ဖော်ပြထားပါတယ်။
ယူကရိန်းအရေးကို အစဉ်တစိုက် ထောက်ခံအားပေးမှုအတွက် ဗြိတိန်အစိုးရနှင့် ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ဇလူရှနီက ရေးသားထားပါတယ်။ မကြာခင်စစ်မြေပြင်မှာ တိုက်ပွဲဝင် ပျံသန်းနေကြမယ့် ယူကရိန်းလေယာဥ်မှူးတွေကို စနစ်တကျလေ့ကျင့်ပေးခဲ့တဲ့ တော်ဝင်လေတပ်ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ဗိုလ်ချူပ်ကြီး ဗဲလ်လာရီ ဇလူရှနီက ရေးသားထားပါတယ်။

BurmaNewsNetwork

21 Oct, 19:52


ဘေရွတ်မြို့တော် ဆေးရုံအောက်က ဟစ်ဇ်ဘိုလာ ဘန်ကာနှင့် ငွေတိုက်ဟု အစ္စရေးက ဆိုသည်

BurmaNewsNetwork

21 Oct, 18:21


ဆူဒန်မှာ ရုရှားတွေလိုက်ပါလာတဲ့ Il-76 ကုန်တင်လေယာဥ်ကို ရုရှားထောက်ခံပေးထားတဲ့ ဆူဒန်လက်နက်ကိုင်အဖွဲ့က မှားယွင်းပစ်ချခဲ့ဟုဆို

BurmaNewsNetwork

21 Oct, 17:56


"နျူကလီးယားနေရာတွေကို တိုက်ခိုက်ဖို့ အစ္စရေးက ခြိမ်းခြောက်တာဟာ စိုးရိမ်စရာကောင်းပါတယ်”-အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန
၂၁/အောက်တိုဘာ/၂၀၂၄

“အီရန်ရဲ့ နျူကလီးယားနေရာတွေကို တိုက်ခိုက်ဖို့ အစ္စရေးက ခြိမ်းခြောက်ပြောဆိုနေတာဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ပါတယ်။ အစ္စရေးရဲ့ ခြိမ်းခြောက်မှုတွေအပေါ် အီရန်အနေနဲ့ စိုးရိမ်ပူပန်သလို အစ္စရေးရဲ့ပြောဆိုမှုတွေအပေါ် ပြစ်တင်ရှုတ်ချဖို့ အိုင်အေအီးအေ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီကို စာတစောင်ပေးပိုထားပါတယ်”

(အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Esmaeil Baghaei)

BurmaNewsNetwork

21 Oct, 15:53


ယူကရိန်းအတွက် အမေရိကန်က ဒေါ်လာ သန်း လေးရာဖိုးစစ်ရေးအကူအညီထပ်မံပေး
၂၁/အောက်တိုဘာ/၂၀၂၄

ယူကရိန်းတပ်မတော်အတွက် ဒေါ်လာ သန်း လေးရာဖိုးစစ်ရေးအကူအညီထပ်မံပေးအပ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောပါတယ်။ ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မှာ အောက်တိုဘာ ၂၁ ရက်နေ့က သမ္မတဇလန်စကီးနဲ့ တွေ့ဆုံချိန်မှာ လွိုက် အော်စတင်က ပြောဆိုလိုက်တာဖြစ်ပါတယ်။
အခုပေးအပ်တဲ့အကူအညီဟာ စစ်လက်နက်ပစ္စည်းများနဲ့ လက်နက်ခဲယမ်းများအတွက် သီးသန့်ဖြစ်တယ်ဆိုပါတယ်။ အမေရိကန်နဲ့ယူကရိန်းအကြား ၂ နိုင်ငံလုံခြုံရေးသဘောတူညီချက်အရ ကူညီပံ့ပိုးမှုတွေက ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောဆိုသွားပါတယ်။

BurmaNewsNetwork

21 Oct, 14:45


မော်စကိုမှာ ဖွင့်လှစ်သည့် ရုရှား-ယူအေအီး ပညာရေးပူးပေါင်းဆောင်ရွက်ရေးစင်တာဖွင့်ပွဲကို သမ္မတ ပူတင်နှင့် UAE သမ္မတ Mohammed bin Zayed Al Nahyan တို့ တက်ရောက်

BurmaNewsNetwork

21 Oct, 14:28


"ကျနော် အိမ်ဖြူတော်ပြန်ရောက်ရင် ကျနော့်ကို တရုတ်က သွေးတိုးမစမ်းရဲပါဘူး။ သမ္မတ ရှီကျင့်ဖျင်က ကျနော်ဟာ ရီပတ်ဗလစ်ကန် Crazy တယောက်ဆိုတာ ကောင်းကောင်းသိပြီး ကျနော့်အပေါ် လေးစားသူပါ။ ကျနော်အိမ်ဖြူတော်ပြန်ရောက်ရင် အမေရိကန်ရဲ့ ရန်သူအားလုံး အမေရိကန်အကျိူးစီးပွားကို မဆန့်ကျင်ရဲကြပါဘူး။ အင်နဲ့အားနဲ့ ခန့်မှန်းလို့မရအောင် တုန့်ပြန်မှာကို သူတို့ကြောက်ကြပါတယ်" (ဒေါ်နယ် ထရမ့်)

BurmaNewsNetwork

21 Oct, 14:07


ဒေါ်နယ်ထရမ့်ကို မက်ဗီဒက်လည်း စိတ်ဆိုး
၂၁/အောက်တိုဘာ/၂၀၂၄

“မော်စကိုပါ တိုက်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့တာ တကယ်လား။ သူက စေ့စပ်ဆွေးနွေးရာမှာ ပိုးထည်လို အင်မတန်ချောမွေ့သူတယောက်မို ဒီလို ပြောလိမ့်မယ်လို့ မယူဆပါဘူး။ သူနဲ့ ကျနော်တို့ဆက်ဆံရေးက ပုံမှန်အားဖြင့် အတော်လေးနွေးထွေးပါတယ်။ ဒါပေမယ့် အဲဒီလို ပြောစကားအတွက် တခုတည်းသောအဖြေကတော့ ဝါရှင်တန်ကိုလည်း တိုက်ခိုက်ရမယ်ဆိုတာပဲ”
(ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်)

BurmaNewsNetwork

21 Oct, 13:56


“ဒေါ်နယ်ထရမ့်အနေနဲ့ ပြောသင့် မပြောသင့် စဥ်းစားသင့်တယ်”-ဒီမီထရီ ပက်စကောဗ်
၂၁/အောက်တိုဘာ/၂၀၂၄

“(ယူကရိန်းကို တိုက်ခိုက်သိမ်းပိုက်ရင် မော်စကိုမြို့လယ်ကိုပါ တခါမှ မကြုံဘူးတဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေလုပ်ရမယ်လို့ သမ္မတ ဗလာဒီမာ ပူတင်ကို သတိပေးခဲ့တယ်လို့) ဒေါ်နယ်ထရမ့်က အမေရိကန်သတင်းဌာနမှာ ပြောခဲ့တဲ့ဟာ စိတ်မကောင်းစရာပါ။ တကယ်ကတော့ အမေရိကန်ခေါင်းဆောင်တွေအနေနဲ့ ပြောသင့်တဲ့အရာ အသိမပေးသင့်တဲ့အရာဆိုတာ ခွဲခြားသိသင့်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ရုရှားခေါင်းဆောင်နဲ့ နိုင်ငံတကာက သူ့လုပ်ဖော်ကိုင်ဖက်တွေ ဘာတွေ ပြောဆိုကြတယ်ဆိုတာ ဖြန့်ဝေလိုချင်းမရှိပါဘူး။ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲနီးလာချိန်မှာ အမေရိကန်နိုင်ငံရေးသမားတွေဟာ မဲဆွယ်တဲ့အနေနဲ့ စိတ်လှုပ်ရှားစေမယ့် ကြေညာချက်အများအပြား ထုတ်ပြန်ပြောဆိုနေကြတာလည်း တွေ့နေရပါတယ် ”
(သမ္မတ ဗလာဒီမာ ပူတင် ၏ ပြောခွင့်ရ ဒီမီထရီ ပက်စကောဗ်)

BurmaNewsNetwork

21 Oct, 12:15


ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် Luong Cuong အား သမ္မတသစ်အဖြစ် ရွေးကောက်

BurmaNewsNetwork

21 Oct, 10:53


“မြောက်ကိုရီးယားတပ်တွေ ရောက်မရောက်ဆိုတာ ကာကွယ်ရေးဝန်ကြီးဌာနကိုပဲမေးပါ”-ဒီမီထရီ ပက်စကောဗ်
၂၁/အောက်တိုဘာ/၂၀၂၄

“မြောက်ကိုရီးယားတပ်သားတွေ ရုရှားကို ရောက် မရောက်ဆိုတဲ့မေးခွန်းက အထူးစစ်ဆင်ရေးနဲ့သက်ဆိုင်တာမို့ ကာကွယ်ရေးဝန်ကြီးဌာနကိုပဲ မေးရမယ်။ တောင်ကိုရီးယားအစိုးရက ရုရှားကို မြောက်ကိုရီးယားတပ်တွေ ရောက်နေပြီပြောတယ်။ အမေရိကန်ပင်တဂွန်စစ်ဌာနချူပ်ကတော့ အတည်ပြုဖို့ ကြိုးစားနေဆဲလို့ ပြောတာတွေ့ရပါတယ်။ ကွဲလွဲချက်တွေပေါ့။ တကယ်ကတော့ မြောက်ကိုရီးယားဟာ ရုရှားရဲ့ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သလို ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်နေတာမဟုတ်လို့ ရုရှားရဲ့ အချုပ်အခြာအာဏာပိုင်အခွင့်အရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ဆက်လုပ်သွားမှာပဲဖြစ်တယ်”
(မြောက်ကိုရီးယားတပ်သားတွေကို ယူကရိန်းစစ်မြေပြင်ကို ဘယ်တော့ပို့မလဲဆိုတဲ့မေးခွန်းတွေအပေါ် ရုရှားသမ္မတရုံးပြောခွင့်ရ ဒီမီထရီ ပက်စကောဗ်ဖြေကြားချက်)

BurmaNewsNetwork

21 Oct, 08:39


ရုရှားရောက် မြောက်ကိုရီးယားတပ်တွေ ပြန်လည်ရုပ်သိမ်းဖို့ တောင်ကိုရီးယားက တောင်းဆို
၂၁/အောက်တိုဘာ/၂၀၂၄

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ဖြန့်ကျက်ရောက်ရှိနေတဲ့ မြောက်ကိုရီးယားတပ်တွေနဲ့ လက်နက်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်ကိုရီးယားအစိုးရက အောက်တိုဘာ ၂၁ ရက်နေ့မှာ တောင်းဆိုထားပါတယ်။
တောင်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ် Georgiy Zinoviev ကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်ခဲ့ပြီး တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး (Kim Hong-kyun Kim) ကင်မ်ဟောင်ရှောင်ကင်က တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
မြောက်ကိုရီးယားတပ်တွေ ရုရှားကိုရောက်နေတာဟာ တောင်ကိုရီးယားနဲ့ နိုင်ငံတကာလုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်လာနေတဲ့အတွက် အမြန်ပြန်ရုပ်သိမ်းပေးဖို့လိုကြောင်း ရုရှားသံအမတ်ကို အသိပေးခဲ့တယ်လို့လည်း တောင်ကိုရီးယားသတင်းတွေက ဖော်ပြပါတယ်။
တောင်ကိုရီးယားနဲ့ ယူကရိန်းထောက်လှမ်းရေးသတင်းတွေအရ လောလောဆယ် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၅၀၀ ရုရှားကို ရောက်ရှိနေပြီး မကြာခင်မှာ ယူကရိန်းစစ်မြေပြင်ကို သွားမယ့်အခြေအနေရှိနေတယ်ဆိုပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ရုရှားကို နောက်ထပ်တပ်သားတွေစေလွှတ်ဖို့ စီစဥ်ထားပြီးဖြစ်ကြောင်းလည်း တောင်ကိုရီးယားထောက်လှမ်းရေးက ပြောဆိုထားပါတယ်။

BurmaNewsNetwork

21 Oct, 08:17


အမေရိကန်ကာကွယ်ရေးဝန်ကြီး ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ကို ရောက်လာ
၂၁/အောက်တိုဘာ/၂၀၂၄

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ အောက်တိုဘာ ၂၁ ရက်နေ့က ကိယက်ဗ်မြို့တော်ကိုရောက်လာကြောင်း ယူကရိန်းသတင်းတွေက ဖော်ပြပါတယ်။
လွိုက် အော်စတင်ဟာ သမ္မတ ဇလန်စကီး ကာကွယ်ရေးဝန်ကြီး ရူစတမ် အူမဲရောဗ်တို့နဲ့တွေ့ဆုံပြီး ယူကရိန်းရဲ့ လက်နက်လိုအပ်ချက်တွေကို အသေးစိတ်ဆွေးနွေးဖို့ ဖြစ်တယ်လို့လည်း ယူကရိန်းသတင်းတွေက ဖော်ပြထားပါတယ်။

BurmaNewsNetwork

21 Oct, 07:53


အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရုရှားလေယာဥ်မှူးကို တရားမျှတစွာလက်စားချေပြီးဖြစ်ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးက သတင်းထုတ်ပြန်
၂၁/အောက်တိုဘာ/၂၀၂၄

ရုရှား Tu-22M3 ဗုံးကြဲလေယာဉ်အုပ်စု အမှတ် ၅၂ လေကြောင်းတပ်ရင်းက လေယာဥ်မှူး ဒီမီထရီ ဂိုလန်ကောဗ် ရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၀ ရက်နေ့မနက်ပိုင်းက ရုရှားနိုင်ငံ ဘရီရန့်စ်ပြည်နယ်ထဲက ပန်းသီးခြံထဲမှာ တွေ့ရှိခဲ့ရကြောင်း ရုရှားလေတပ်လူမှုကွန်ယက်တွေက ဖော်ပြပါတယ်။
ဒီမီထရီ ဂိုလန်ကောဗ် ဟာ ဦးခေါင်းမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတာလို့ ရုရှားလေတပ်လူမှုကွန်ယက်တွေက ဖော်ပြပါတယ်။
ယူကရိန်းစစ်ထောက်လှမ်းရေးကတော့ လေယာဥ်မှူး ဒီမီထရီ ဂိုလန်ကောဗ် ဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က Kremenchuk မြို့က စျေးဝယ်စင်တာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ရာဇတတ်ကောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်ချိန်မှာ စျေးဝယ်စင်တာမှာ လူပေါင်း ၁ ထောင်ခန့်ရှိနေပြီး ကလေးငယ်တွေအပါအဝင် ယူကရိန်းအရပ်သား ၂၂ ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့တယ်ဆိုပါတယ်။ လေယာဥ်မှူး ဒီမီထရီ ဂိုလန်ကောဗ် ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း နီပရိုမြို့လူနေအဆောက်အအုံကို အဝေးပစ်ဒုံးကျည်နဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့သူဖြစ်ပြီး ကလေးငယ် ၆ ဦးအပါအဝင် ယူကရိန်းအရပ်သား ၄၆ ဦး သေဆုံးခဲ့ရတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေးက သတင်းထုတ်ပြန်ပါတယ်။ စစ်ရာဇဝတ်မှုတိုင်းကို တရားမျှတစွာ လက်စားချေစီရင်သွားမယ်ဆိုတာကို သတိပေးပြီးဖြစ်ကြောင်းလည်း ယူကရိန်းစစ်ထောက်လှမ်းရေးက ဗီဒီယိုနဲ့တကွ အောက်တိုဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

BurmaNewsNetwork

20 Oct, 18:55


https://www.youtube.com/watch?v=W0-zko0yrbM

BurmaNewsNetwork

20 Oct, 18:33


https://www.youtube.com/watch?v=M8v_yToMdmU