ဘာတွေလဲ?ကဗျာတွေပါ။ (@whatpoems)の最新投稿

ဘာတွေလဲ?ကဗျာတွေပါ။ のテレグラム投稿

ဘာတွေလဲ?ကဗျာတွေပါ။
ကဗျာချစ်သူတွေရင်းနှီးစေဖို့၊ကဗျာဆိုတာဘာလဲဆိုတာမသိတဲ့လူတွေသိစေဖို့
3,467 人の購読者
30 枚の写真
1 本の動画
最終更新日 10.03.2025 11:26

ဘာတွေလဲ?ကဗျာတွေပါ။ によってTelegramで共有された最新のコンテンツ

ဘာတွေလဲ?ကဗျာတွေပါ။

01 Sep, 12:43

49,687

မမ (၇)

အမုန်းခံရတာက
ကြောက်စရာကောင်းသလို
အချစ်ခံရတာလည်း
ကြောက်စရာကောင်းတယ်။

ကျွန်တော့်ကို အရမ်းချစ်ပါတယ်ဆိုတဲ့
မိန်းကလေးတစ်ယောက်ဆီက
(ကြောက်လန့်တကြား)
ပြေးထွက်လာမိခဲ့သူပါ။

ကျေးဇူးပြု၍
ကျွန်တော့်ကို ချစ်ပါ မမ။
ကျေးဇူးပြု၍
ကျွန်တော့်ကို မချစ်ပါနဲ့ မမ။ ။

မောင်းဆောင်းခ
အောက်တိုဘာ၊ ၂၀၁၅။
ဘာတွေလဲ?ကဗျာတွေပါ။

31 Aug, 09:58

42,815

မမ (၆)

နောက်ဘဝကို မယုံဘူး
မမကို ယုံတယ်။

မမသာ လိုက်ခဲ့မယ် ပြောရင်
ကျွန်တော် အရင်သွားပါ့မယ်။

မောင်ဆောင်းခ
၁၆၊ ၉၊ ၂၀၁၅။
ဘာတွေလဲ?ကဗျာတွေပါ။

30 Aug, 09:17

41,077

မမ (၅)

ခေါင်းအုံးပေါ် မျက်နှာအပ်
အသံမထွက်ဘဲ ငိုခဲ့ရခြင်းတွေ

မမက ညကိုကြောက်တယ်။
ကျွန်တော်က
အားလုံးကို ကြောက်ရတယ်။

မောင်ဆောင်းခ
၅၊ ၉၊ ၂၀၁၅။
ဘာတွေလဲ?ကဗျာတွေပါ။

29 Aug, 10:07

34,523

မမ (၄)

မမဆီ ဖုန်းခေါ်မိတယ်

ဒါဟာ ကိုယ့်ကိုယ်ကိုယ်
သေကြောင်းကြံစည်မှုလည်း ဖြစ်တယ်။

မောင်ဆောင်းခ
၃၊ ၉၊ ၂၀၁၅။
ဘာတွေလဲ?ကဗျာတွေပါ။

28 Aug, 10:16

31,303

မမ (၃)

စိီးကရက်တစ်လိပ်ကို
အမြန် ထုတ်ပြီး ဖွာရတယ်

မမနဲ့တွေ့ရင်
ဘာမှ မဖြစ်သလို အထာနဲ့။ ။

မောင်ဆောင်းခ
၂၊ ၉၊ ၂၀၁၅
ဘာတွေလဲ?ကဗျာတွေပါ။

26 Aug, 10:21

29,006

မမ (၂)

ကျွန်တော့်ကို ဘေးမှာထားပြီး
မမက သက်ပြင်းတိုးတိုးလေး ချလိုက်တယ်။

ကျွန်တော်ဟာ
ပြာမှုန်လေး တစ်ပွင့်လို
ဟိုး … အဝေးကြီးဆီ
လွင့်ရပြန်ပေါ့။

မောင်ဆောင်းခ
၃၁၊ ၈၊ ၂၀၁၅။
ဘာတွေလဲ?ကဗျာတွေပါ။

25 Aug, 16:47

26,551

မမ (၁)

နေ့တိုင်းပါပဲ
မမက မအားဘူး
ကျွန်တော်က အလုပ်များတယ်။
အလွမ်းတွေ ဖွာလန်ကြဲနေမှာပဲလို့
စောက်ရှက်မရှိ တစ်ဖက်သတ် တွေးတယ်
မမကို စိတ်နဲ့နမ်းပြီး စိတ်နဲ့ ဖက်ထားတယ်။
မမက တွန်းထိုး ရုန်းကန်တဲ့အခါ
အပြင်မှာ တကယ် ငိုရတယ်။

မောင်ဆောင်းခ
ဘာတွေလဲ?ကဗျာတွေပါ။

24 Aug, 14:03

25,023

သေနတ်ပြောင်းမှာ… ပွင့်မယ့်ပန်းတွေ

သိစိတ်မှာ … အမှန်တရားလို့
ဆိုကြပါစို့။

တို့ခေတ်မှာ …
အမှန်တရားဟာ … ဘယ်တော့မှ
မိုးမလင်းခဲ့ဘူး … ညီလေး။
ဒီခေတ်ရဲ့ လူဖြစ်ရကျိုးနပ်ရခြင်းတွေ…။
မင်းကျောပိုးအိတ်ထဲ
ပါသွားတာတွေဟာ…
ခေတ်တခေတ်ရဲ့
ဖွင့်မပြောလိုခြင်းတွေလား…။

မင်းဆောင်းထားတဲ့ ဦးထုပ်လေးဟာ
မင်းအမေရဲ့
မျက်ရည်တွေနဲ့ ရက်ထားတာတဲ့လား ညီလေးရယ်…။
တို့တတွေအတွက်
တရားမျှတခြင်း ကောင်းကင်ဟာ
မှောင်လွန်းလှပါတယ်… ။ ။

စ်ိတ်မချဘူး ညီလေး…။
ရှေ့ကို သိပ်မထွက်နဲ့ ညီလေး…။
ခဏလေး ရှောင်နေနော် ညီလေး…။
"ဒီကောင်တွေ သိပ်လက်တံရှည်တယ်နော်" ညီလေး…။
အဲဒီလို စကားသံတွေ ကြားထဲ
"သွားတော့မယ် … ကိုကြီး" တဲ့
အမှန်တရား လူငယ်လေးတစ်ယောက်ရဲ့
ဇာတ်သိမ်းဟာ … ဒီလိုလား။ ။

ကျွန်တော် လုပ်တော့မယ် အစ်ကို
ကျွန်တော့်ရှေ့က အစ်ကိုတွေကို လိပ်ပြာမလုံဘူး အစ်ကို
ကျွန်တော် ဖြစ်အောင် လုပ်တော့မယ် အစ်ကို
အဲဒီလို စကားသံတွေကြား…
တို့တတွေ ဘဝဟာ ကျီးလန့်စားစား…။

ခေတ်စနစ်ဆိုးရဲ့ အောက်…
တို့ရဲ့အမှန်တရားဟာ
ဘယ်တော့အခါများမှာ ပွဲထွက်ခွင့်ရမှာလဲ ညီလေး…။ ။

တကယ်တော့ ညီလေးရာ…
တို့ဘဝ၊ တို့ခေတ်ကိုက
အမှန်တရား သားပျက်၊ သားလျှောဘဝကြီးဆိုတာ
မပြောလဲ တို့အားလုံးသိခဲ့ပါတယ် ညီလေး။ ။

ဒီအတိုင်း ငြိမ်ခံနေ…
ဒီအတိုင်း ဖြစ်တော့မှာပေါ့ ကိုကြီးရာ
မင်းစကား မင်းထားသွားပြီလား…။

မင့်ညီလေး "အလုပ်" ရှာပေးလိုက်ပါ သားရယ်…
မင့်ညီလေး… စိတ်လေနေတယ် သားရယ်…
တကယ်တော့ မျိုးဆက်တစ်ဆက်လုံး
တေပေလေလွင့်နေခဲ့ရတာပါ "အမေ" လို့
ငါမပြောရက်ခဲ့ဘူး…
ပြောရရင် "အမေ"ရယ်
သားတို့ခေတ်ဟာ ဘယ်လောက်ထိ ပါးလှပ်ခဲ့သလဲဆို
ကိုယ့်အရိပ်ကိုယ် ပြန်မကြည့်ရဲဘူး အမေ…။ ။

ဘဒ္ဒကမ္ဘာမှာ…
အမှန်ကို အမှန်အတိုင်းပြောရင်…
"ထောင်ကျ" တာ သားတို့ တစ်နိုင်ငံပဲရှိတယ် အမေ…။
လူ့အခွင့်အရေးအကြောင်း ပြောလို့
နယ်နှင်ခံရတာ သားတို့နိုင်ငံပဲရှိတယ် အမေ…။
လိုချင်တာကို မေတ္တာပို့ဆုတောင်းမိလို့
အကြင်နာအမဲ့ဆုံးဆုလာဘ်အဖြစ်
ကျည်ဆံတွေပဲ သားတို့ရခဲ့ပါတယ် အမေ…။

အမေရေ…
အမေ…
သားတို့ သွေးတွေဟာ သားတို့နိုင်ငံရဲ့
လမ်းမတွေပေါ်မှာ အခုထိရှိနေတုန်းပဲ အမေ။
သားတို့သွေးစက်တွေနဲ့ ဒီနိုင်ငံကြီးကို သားတို့ပတ်ထားပါတယ် အမေ…။
သူတို့ ပြေးစရာ မြေမရှိတဲ့အထိပေါ့
သူတို့ သေနတ်ပြောင်းမှာ ပန်းတွေ ပွင့်လာတဲ့အထိပေါ့…။ ။

ခန့်မင်းထက်
၂၀၀၉ ခုနှစ်
ဘာတွေလဲ?ကဗျာတွေပါ။

23 Aug, 12:31

21,920

အရှေ့ဘက်စစ်မျက်နှာ
____________________________

ကတုတ်ကျင်းထဲမှာ
စိတ်ကူးယဉ်ခွင့်မရှိ

ရွက်တိုင်ထိပ်မှာ
အရိုးခေါင်းပုံ အလံလွှင့်ထားရင်
ပင်လယ်ဓားပြပဲ

တချို့က
အမှန်တရားကို အလောင်းဖျောက်ပစ်တယ်

တချို့က
သစ္စာတရားကို အလောင်းပြန်ဖော်တယ်

ဘိန်းစားတစ်ယောက်မှာတောင်
မျှော်လင့်ချက်ရှိသေးတာပဲ

ကိုယ့်တိုင်းပြည်
မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား

မီးသတ်ကားတစ်စင်း
ဖြစ်ချင်ပါတယ်

ကိုယ့်ဘဝနဲ့ကိုယ်
သစ်ရွက်တွေကြွေနေပါတယ်

ခရီးတစ်ခုရဲ့အကြောင်း
သံလမ်းများက ပြောပြပါလိမ့်မယ်။

ကြည်ဇော်အေး
8 July 21
ဘာတွေလဲ?ကဗျာတွေပါ။

02 Aug, 18:03

19,934

မဖြစ်နိုင်ဘူး
_______________________________

ငှက်ကလေးတွေပေါ်
ဓာတ်ကြိုးကလေးနားနေတယ်

ကိုယ့်ဘေးမှာ
ဘေးပဲရှိတော့တယ်

ဒီကာလကြီးထဲ
အသည်းကွဲနေတဲ့ သူငယ်ချင်းကိုလည်း
ကိုယ်ချင်းစာပေးရ

သူ့ဟာသူရပ်နေတဲ့ ဓာတ်တိုင်တောင်
ဓာတ်လိုက်ခံရသေးတာပဲ အချစ်ရယ်

သေသွားတဲ့သူတွေက
ငါတို့ကို သတိရနေမှာပဲ။ ။

အောင်ခိုင်မြတ်
၁၊၁၀၊၂၀၂၀။