အမုန်းခံရတာက
ကြောက်စရာကောင်းသလို
အချစ်ခံရတာလည်း
ကြောက်စရာကောင်းတယ်။
ကျွန်တော့်ကို အရမ်းချစ်ပါတယ်ဆိုတဲ့
မိန်းကလေးတစ်ယောက်ဆီက
(ကြောက်လန့်တကြား)
ပြေးထွက်လာမိခဲ့သူပါ။
ကျေးဇူးပြု၍
ကျွန်တော့်ကို ချစ်ပါ မမ။
ကျေးဇူးပြု၍
ကျွန်တော့်ကို မချစ်ပါနဲ့ မမ။ ။
မောင်းဆောင်းခ
အောက်တိုဘာ၊ ၂၀၁၅။