Neueste Beiträge von ဘာတွေလဲ?ကဗျာတွေပါ။ (@whatpoems) auf Telegram

ဘာတွေလဲ?ကဗျာတွေပါ။ Telegram-Beiträge

ဘာတွေလဲ?ကဗျာတွေပါ။
ကဗျာချစ်သူတွေရင်းနှီးစေဖို့၊ကဗျာဆိုတာဘာလဲဆိုတာမသိတဲ့လူတွေသိစေဖို့
3,467 Abonnenten
30 Fotos
1 Videos
Zuletzt aktualisiert 10.03.2025 11:26

Der neueste Inhalt, der von ဘာတွေလဲ?ကဗျာတွေပါ။ auf Telegram geteilt wurde.

ဘာတွေလဲ?ကဗျာတွေပါ။

30 Jul, 12:52

18,510

အစိမ်းရောင်မြစ်သို့ သိန်းစွန်ငှက် ဒီည ၉နာရီမှာ ပြန်ပါမယ်။
ဒီကနေ့ ရွတ်မှာက ကျနော်တို့ ဝိုင်းတော်သားအသစ်ရွတ်မှာပါ။

မြေဆီFundingမှာလည်း ပါဝင်ပေးကြပါဦး။
https://m.facebook.com/story.php?story_fbid=421826369618940&id=172751057859807
ဘာတွေလဲ?ကဗျာတွေပါ။

29 Jul, 21:26

17,528

မြေဆီFunding Campaign
_______________________________

ဘာတွေလဲ?ကဗျာတွေပါ။ကစီစဉ်တဲ့ Funding Campaignပါ။
တကယ်အပင်သန်လာအောင် ကျနော်တို့က မြေဆီမြေနှစ်တွေနဲ့ မြေဩဇာပေးကြတာပေါ့။

ဘာလုပ်ရမလဲဆိုရင် အပတ်စဉ် လစဉ် ကိုယ်စိတ်ကြိုက် အလှူငွေထည့်ပေးရုံပါပဲ။ ကျနော်က လိုတဲ့နေရာတွေကို လိုသလိုလှူပေးမယ်ပေါ့ဗျာ။

KBZ Pay နဲ့ Wave Pay ၂မျိုးနဲ့ထည့်ဝင်လို့ရပါတယ်။
09776214431ပါ။

ချစ်ခြင်းများစွာဖြင့်
ဘာတွေလဲ?ကဗျာတွေပါ။

08 Jul, 18:04

16,006

အောင်ခင်မြင့် ကဗျာ အချို့
ဘာတွေလဲ?ကဗျာတွေပါ။

24 May, 20:15

16,234

(ဘာတွေလဲ?ကဗျာတွေပါ။ ဟာသိပ်မကြာခင်မှာပြန်လာပါလိမ့်မယ်။ဒီကြားထဲမှာစိတ်အဆင်မပြေတာတွေများနေတော့ ကိုယ့်ကိုယ်ကိုတည်ဆောက်လိုက်ပြိုကျလိုက်နဲ့ လုံးလည်ချာလည်လိုက်နေပါတယ်။ များမကြာမီမှပြန်လာပါမယ်။ ကြင်နာခြင်းများစွာဖြင့်)

နှင်းဆီနီဥဒါန်း
____________________________

တစ်လောကလုံး
အမှောင်ဖုံးတဲ့ည
အသက်ရှူမရအောင်မွန်းလှရဲ့
လူတစ်ယောက်ဘဝကို
ငွေစက္ကူတစ်ချပ်လို
ဖျက်သိမ်းဖို့များ ကြိုးစားကြသလား
မှားမယ်
ထွေးပြီးသားကို ပြန်မမြို
ကံကိုလည်း ယိုးမယ်မဖွဲ့
တိုက်ပွဲရဲ့ရလာဘ်
စနစ်ရဲ့အကျဉ်းသားဘဝ
ငါ ခံယူပါ့မယ်
ကျေနပ်တယ်
ဟေ့… နင်းချေမည့်သူတွေ
ခရေပွင့်တွေလို ငါမကြွေ
မြေတစ်လက္မ
ပိုင်ဆိုင်ခွင့်ရသရွေ့
နေ့သစ်ရဲ့အရုဏ်ဦးမှာ
ယုံကြည်ချက်ဆူးတွေဖွင့်
ခေါင်းထောင်လို့ ဝင့်လိုက်မယ်
ငါဟာ…
နီရဲတဲ့ နှင်းဆီပွင့်…။

မင်းကိုနိုင်
ဘာတွေလဲ?ကဗျာတွေပါ။

19 Apr, 05:43

15,107

ငြင်းပယ်ခြင်းကို ငြင်းဆန်ခြင်း

- တစ်ခါတစ်ခါ
ငါဘာမှမလုပ်ချင်ဘူး
ဆေးလိပ်ပဲ
ထိုင်သောက်နေချင်ရဲ့ ။
- ဆေးလိပ်သောက်ခြင်းကို
လူပျင်းတွေရဲ့အလုပ်လို့
သူတို့ဆိုကြပေသကိုး။
ပင်လယ်ကြီးကို
ဖြတ်သန်းခြင်းဟာ
လူပျင်းတွေရဲ့အလုပ်ပါပဲလို့
ပြောခဲ့ကြရင်လည်း
ပင်လယ်ကိုငါဖြတ်ကူးမှာ
သေချာတယ်။
ပိုင်စိုးဝေ