When we miss someone we'll Listening to music @listeningtomusic01 Channel on Telegram

When we miss someone we'll Listening to music

@listeningtomusic01


Listening to Music Channel (English)

Are you someone who finds solace in music when you miss someone special? If the answer is yes, then you'll love our Telegram channel - Listening to Music Channel! Owned by the music enthusiast @LaYaungMinnLYM, this channel is dedicated to sharing beautiful melodies, soothing tunes, and heartwarming lyrics that will resonate with your emotions. Whether you're feeling nostalgic, heartbroken, or simply in need of some musical therapy, our channel is the perfect place for you to find comfort and connection through the power of music. From classic hits to modern chart-toppers, we have a diverse collection of songs that cater to all tastes and moods. Join us on Listening to Music Channel and let the music heal your soul! Who knows, you might even discover a new favorite song or artist along the way. Subscribe now and immerse yourself in the magic of music.

When we miss someone we'll Listening to music

18 Feb, 15:19


အားနည်းချက်တွေ အများကြီးနဲ့လူမို့
ဘာ့ကြောင့်ထားခဲ့တာလဲ မမေးရဲဘူး🥀

When we miss someone we'll Listening to music

17 Feb, 07:58


ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ပြန်ကောင်းပေးနေတာလဲတဲ့

သိတယ်လေ ကလေးမှမဟုတ်ဘဲ
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်လုံးကိုခွဲခြားသိပါတယ်

အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး
ပြန်ကောင်းခဲ့တာမှ မဟုတ်ဘဲ
ကိုယ်တတ်နိုင်သလောက်ကောင်းပေရးမယ်လို့ပဲ
စိတ်ထဲမှာရှိတယ်

နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားတယ်မရှိဘူးလေ
ဟုတ်တယ်မလား

ပြီးတော့
လက်ခံတဲ့သူတွေကလည်း တန်ဖိုးထားမယ်ဆိုရင်
တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး
လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့
ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်

ဘယ်အရာမဆို
စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။
လောကကြီးက မျှတပါတယ်။

When we miss someone we'll Listening to music

16 Feb, 05:35


အလွယ်တကူ စွန့်ပစ်သွားလိုက်ကြတာများ
ကိုယ့်ကြောင့် တစ်ခါမှ မပြုံးမရယ်ခဲ့ရဖူးသလိုပဲ

အရာအားလုံးဟာ
အစပိုင်းဘဲ ကောင်းပေးတတ်ကြတာ
နောက်ဆုံး သူတို့အတွက် မလိုအပ်တော့ရင်
အခုလိုစွန့်ပစ်သွားတတ်ကြတယ်

တစ်ဖက်လူတွေရဲ့ စွန့်ပစ်ပစ္စည်းဟာ
ငါတို့ကမ္ဘာမှာတော့ ကဗျာဖြစ်စေခဲ့တယ်။

When we miss someone we'll Listening to music

15 Feb, 16:30


မှားမှားမှန်မှန် ကိုယ့်ဘက်ကစ တောင်းပန်ဖို့
အမြဲ အဆင့်သင့်ဖြစ်နေတဲ့လူပါ

ဘာဖြစ်လို့လဲဆိုရင် ဆုံးရှုံးရမှာကြောက်လို့

အဲ့လောက်တောင်ချစ်တာလားလို့မေးရင်
မဟုတ်ဘူး
အဲ့လောက်တောင်ထက် ပိုချစ်တယ်🌻🪻

When we miss someone we'll Listening to music

15 Feb, 06:41


Surprise gift လည်း မလိုချင်သလို
လူရှေ့သူရှေ့မှာလည်း သဲသဲလှုပ်ချစ်ပြဖို့မလိုဘူး

Romantic ဆန်စရာလည်း မလိုဘူး
ချစ်ကြောင်းကိုလည်း စာစီပြနေစရာမလိုဘူး

ဒါဆိုရင် မင်းကမေးမှာပေါ့
ကိုယ်မင်းဆီက ဘာမျှော်လင့်လဲလို့ပေါ့
ကိုယ်ပြောမယ် ကိုယ်မင်းဆီကလိုချင်တာက
သိတတ်မှုလေး တစ်ခုပါပဲ
တနည်းအားဖြင့် နားလည်ပေးမှုလေးပေါ့ ။

ငါဒါကို လုပ်ရင် သူ ဝမ်းနည်းရမှာ
ငါဒါကို လုပ်လိုက်ရင် သူက ကြိုက်မှာမဟုတ်ဘူး
ငါဒီလိုလုပ်ပြန်ရင်လည်း သူ နာကျင်သွားမလား
ဒီအချိန်တွေမှာ သူ ပင်ပန်းများနေမလား
သာအဆင်မှပြေရဲ့လားပေါ့
သူကတော့ ဒါလေးကိုကြိုက်တယ်
ဒါလေးဆိုရင် သူနဲ့ လိုက်ဖက်နေမှာ
ဒီအစားအစာဆို သူက စားချင်မှာပဲ
စသဖြင့် စသဖြင့်ပေါ့
ချစ်မြတ်နိုးတဲ့စိတ်ကနေ ဆင်းသက်လာတဲ့
သိတတ် နားလည်မှုလေး တစ်ခုပဲ လိုအပ်တာပါ ။

လူတစ်ယောက်ကို တကယ်ချစ်မှပဲ
သူ့စိတ်ကို မြင်အောင်ကြည့်ပေးနိုင်တာလေ
မြင်အောင်ကြည့်မှလည်
သိတတ်တဲ့စိတ်ကလေးတွေ
နားလည်ပေးချင်တဲ့ဆန္ဒလေးတွေ
ဖြစ်တည်လာတာ ။

သားသမီးက မိဘကို သိတတ်သလိုမျိုး
မောင်နှမအချင်းချင်း အပြန်လှန်နားလည်မှုလိုမျိုး
ကိုယ့်သက်ဆိုင်သူဆီကနေလည်း
အဲဒီ နားလည်ပြီးသိတတ်ငဲ့ညှာမှုလေးပဲ
လိုချင်တာပါ လိုအပ်တာပါ ... 💜🌻

When we miss someone we'll Listening to music

14 Feb, 16:45


မိန်းကလေးတိုင်းကိုမေးကြည့်
ပန်းစည်းတွေ ချောကလက်တွေ
တန်ဖိုးကြီးလက်ဆောင်တွေကို လိုချင်တာလား?

ဒါမှမဟုတ်...
သူတို့အပေါ် ကြင်နာပေး ဂရုစိုက်ပေး
တကယ်ချစ်ပေးပြီး အလုံးစုံနားလည်ပေးနိုင်တဲ့
နောက်ကွယ်မှာ ရာနှုန်းပြည့်
သစ္စာရှိပေးနိုင်တဲ့ ချစ်သူကောင်လေးကိုပဲ
လိုချင်တာလား လို့ မေးကြည့်ပေါ့

အပေါ်ယံ‌မှာသာ
ဟယ် ပန်းစည်းလေးလိုချင်လိုက်တာ
ချောကလက်အကောင်းစားလေးစားချင်လိုက်တာ
ဟိုဟာလေးလိုချင်တယ် ဒီဟာလေးလိုချင်လို့
ပြောနေကြပေမယ့်
သူတို့ကို ယှဉ်ရွေးခိုင်းကြည့်လိုက်ရင်

မိန်းကလေးတွေအကုန်လုံးနီးပါးကတော့
သူတို့ကို တကယ်သစ္စာရှိရှိချစ်ပေးမယ့်
ချစ်သူကောင်းလေးကိုပဲ လိုချင်ပါတယ်လို့
ဖြေကြလိမ့်မယ်

ဒီလောက်ဆိုရင် ဘယ်ဟာကအဓိက
ဘယ်ဟာကသာမညဆိုတာ
နားလည်လောက်ပြီပေါ့

When we miss someone we'll Listening to music

14 Feb, 09:00


ချစ်သူများနေ့ဆိုတာဘာလဲဆိုတော့

ချစ်သူများနေ့ဆိုတာ နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ လူတွေဟာ သူတို့ရဲ့ ချစ်သူ၊ ခင်မင်သူ၊ မိသားစုဝင်တွေကို ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ လက်ဆောင်တွေပေးခြင်း၊ ကတ်တွေပို့ခြင်း၊ အတူတူ အချိန်ဖြုန်းခြင်း စတဲ့နည်းလမ်းတွေနဲ့ ကျင်းပကြပါတယ်။

ချစ်သူများနေ့ဟာ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေဖို့လည်း အထောက်အကူဖြစ်ပါတယ်။ ဒီနေ့မှာ သင်လည်း သင်ချစ်တဲ့သူတွေကို သင့်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ မမေ့ပါနဲ့နော်။

When we miss someone we'll Listening to music

12 Feb, 17:03


မခေါ်ပဲ ဘာလို့ ကိုယ့်အနား ရောက်လာခဲ့တာလဲ
ပြီးတော့ ဘာလို့ကိုယ့်ကိုချစ်ပေးခဲ့တာလဲ
ကိုယ်မတောင်းခဲ့ပဲနဲ့ အကြင်နာဂရုစိုက်မှုတွေကို
ဘာရည်ရွယ်ချက်နဲ့မင်းပေးခဲ့တာလဲ
အခုကြတော့ ဘာလို့ဆက်မချစ်နိုင်တော့တာလဲ
ဘာလို့ရှေ့ဆက်ဖို့မဖြစ်နိုင်ရတော့တာလဲ

When we miss someone we'll Listening to music

11 Feb, 15:48


ပိုင်ဆိုင်နေရင်းနဲ့တင်ကို
ဒီထက်ပိုပြီး ပိုင်ဆိုင်ချင်မိအောင်ထိ
လောဘတက်မိရပါတယ်။

အားသာချက်တွေများလို့
ချစ်တာမျိုးမဟုတ်ပဲ။

မင်းရဲ့ အားနည်းချက် တစ်ခုချင်းစီက အစ
ကိုယ့်မှာ ရူးခါနေအောင် ချစ်ရပါတယ်၊၊

လျှပ်တစ်ပြတ်ပြုံးတာလေးက အစ
နှုတ်ခမ်းရွဲ့တာလေးအဆုံး
အသက်ရူသံတိုင်း လှုပ်ရှားမှုတိုင်းကို
အမြတ်တနိူးနဲ့ ချစ်ရပါသော
ကမ္ဘာပေါ်မှာ ကိုယ့်ရဲ့တစ်ဦးတည်းသော
လူသားလေးတစ်ယောက်ဟာ
မင်းပဲပေါ့....💐

When we miss someone we'll Listening to music

07 Feb, 16:36


ကျတော် ချစ်မိသွားရင် ဘာဆိုဘာမှ
ထည့်မတွေးတော့တဲ့ လူစားမျိုး
ကျတော် သဘောကျနေတဲ့ ideal type
ဆိုတာလည်း မရှိတော့ဘူး။

ကျတော် ထည့်တွက်တတ်တဲ့ အသွင်အပြင်တွေ ၊ရုပ်ရည်တွေ ၊အသားအရည်တွေဆိုတာလည်း
မမြင်မိတော့ဘူး။

တကယ်ချစ်မိသွားရင်
သူကောင်းကောင်းဆိုးဆိုး၊ချောချောမချောချော
သူ့ကို သဘောကျနေရတာကိုပဲ
ကြည်နူးနေမိတာ
သူ့ရဲ့ ဖြစ်တည်မှုတိုင်းကိုလည်
ကျတော်က ချစ်နေရတော့တာပဲ

အဓိကက ကိုယ့် မျက်လုံးထဲမှာ
ချစ်ဖို့ကောင်းနေဖို့ပဲ လိုတာမဟုတ်လား

ပိုက်ဆံရှိတာတွေ ၊မရှိတာတွေ
ဂုဏ်တွေ ၊ဓနတွေ ကျတော် မတွေးမနေဘူး ။

ကျတော်က ဒီလို လူတစ်မျိုးပါပဲ
ချစ်မိသွားရင် သတ်မှတ်ချက်တွေ ၊
စံနှုန်းတွေဆိုပြီး သီးသန့်ရှိမနေတော့ပဲ
သူနဲ့ ချစ်နေရတာ သူ့ကိုချစ်နေရတာကိုတင်
တွေးပြီးပျော်တတ်လာတယ်။

When we miss someone we'll Listening to music

07 Feb, 06:38


အသက်ရှင်အောင်နေ။
ကျန်းမာအောင်စား။
ချစ်ရမယ့်အရာတွေကို ဝအောင်ချစ်။
ဒီဘဝကြီးမှာ ဆုံးရှုံးပြီးရင်
ဘယ်အရာကိုမှ ပြန်မရနိုင်ဘူး။

When we miss someone we'll Listening to music

06 Feb, 14:22


တန်ဖိုးရှိတဲ့လူတယောက်ဖြစ်ချင်တယ်ဆိုရင်
ကိုယ်တိုင်ကလည်း တန်ဖိုးရှိအောင်
နေတတ်ဖို့လိုသေးတယ်...

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတယ်ဆိုတာက
ကြုံရာလူနဲ့ ကော၊က်မတွဲတတ်တာ
နီးရာလူတွေနဲ့လည်းသိပ်မရောတတ်တာ

ကိုယ်နဲ့သိပ်မအပ်စပ်တဲ့ နယ်ပယ်တွေမှာ
ကိုယ့်ကိုလုံးဝ မတွေ့မမြင်ရတာ ရှိမနေတတ်တာ
ပေါပေါပဲပဲ ဆ၊က်ဆံရေးတွေဆို အပြီးရှော၊င်တာ

ကိုယ်စိတ်ပျော်ရာ ကိုယ်ပိုင်ကမ္ဘာငယ်လေး တစ်ခုမှာ
ကိုယ့်ခံယူချက်တခုနဲ့ ကိုယ်တိုင်ခြယ်သပြီးတော့
အငြိမ်လေးဖြ၊တ်သန်းနေထိုင်တာ
Value တစ်ခုနဲ့နေထိုင်ခြင်းဆိုတာ ဒါပဲလေ။

When we miss someone we'll Listening to music

05 Feb, 14:53


ကိုယ့်ခွင့်ပြုချက်မပါရင်
ကိုယ့်ကို ထိခိုက်အောင် လုပ်လို့မရဘူးဆိုတာ
နားလည်လာတဲ့နေ့ကစလို့

အခြားသူတွေက
ကိုယ့်ကို မကောင်းတဲ့ energy တွေဆီ
တွန်းပို့လာတိုင်း ငြင်းဆန်တတ်လာခဲ့တယ်

ကိုယ်ဒေါသထွက်ပြီး ပူလောင်စေဖို့အတွက်
စကားဆိုးတွေနဲ့ တိုက်ခိုက်လာတိုင်း
သဘောထားကြီးစွာ ပြုံးလိုက်ဖို့ပဲ
ရွေးချယ်ဖြစ်တယ်

နာကျင်စေဖို့ ရည်ရွယ်နေချိန်မှာ
သူမမြင်လိုတဲ့ အေးဆေးတည်ငြိမ်တဲ့လူအဖြစ်
နေပြလိုက်တယ်

လုပ်ရက်လို့
လုပ်သွားကြချိန်တိုင်း
အပြစ်မယူပဲ ခွင့်လွှတ်ပေးလိုက်တယ်

ပြိုလဲစေလိုတဲ့ အခါတိုင်း
ပြန်ရပ်တည်ပြခဲ့တယ်

စိတ်ခံစားချက်ဆိုးတွေကို
သိမ်မွေ့စွာ ငြင်းဆန်တတ်လာတဲ့နေ့ကစလို့
ကိုယ့်ကမ္ဘာလေးဟာ အေးချမ်းပြီး
အမှိုက်သရိုက်တွေ ကင်းစင်လာခဲ့တော့တယ်

ဒါကြောင့် …

တစ်ဖက်က အဆင့်နိမ့်အောင် လုပ်လာတိုင်း
စိတ်သဘောထားကြီးစွာဖြင့်
ငြင်းဆန်ပါ

ရန်လိုလာတဲ့အခါတိုင်း
နားလည်မှုနဲ့ တုန့်ပြန်ပါ

ဒေါသထွက်လိုက်လို့
စိတ်ပြေသွားတာ တစ်ခါမှမရှိဘူး
အဲဒီအရာက ရက်ပေါင်းများစွာ မှတ်မိပြီး
ပူလောင်စေတော့တာ

တကယ်လို့များ
ဒေါသကို ငြင်းဆန် လိုက်တဲ့အခါ
ကိုယ့်စိတ်ကလေးဟာ ခဏအတွင်း
အေးချမ်းသန့်စင်သွားတော့တယ်လေ

When we miss someone we'll Listening to music

05 Feb, 06:29


ဘယ်သူ့ကိုမှ မလေးလံစေတဲ့
လူအဖြစ်နဲ့ပဲ ရှင်သန်ချင်တယ်။

ကျွန်တော့်ကို မလိုအပ်ဘူးထင်ရင်
ကျွန်တော်ကလည်း မလိုအပ်ဘူး

ဘယ်လို ဆက်ဆံရေးမျိုးကိုမဆို
လှည့်ထွက်လာရဲတဲ့ စိတ်မျိုးရှိတယ်

အဆင်ပြေခြင်း မပြေခြင်း
ပျော်ခြင်း မပျော်ခြင်းတွေက တစ်ကဏ္ဍပဲ

သေချာတာ တစ်ခုကတော့
ကိုယ့်ရဲ့ဖြစ်တည်မှုဟာ

ဘယ်တစ်ဦးတစ်ယောက်ကိုမှ
မထိခိုက်စေ ချင်တာမျိုး။

When we miss someone we'll Listening to music

03 Feb, 16:34


ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့
ဘာတွေလိုအပ်သလဲဆိုရင်
ထားခဲ့ရင် နေခဲ့တတ်ဖို့လိုပါတယ်

When we miss someone we'll Listening to music

02 Feb, 16:37


ကိုယ်မြတ်နိုး တန်ဖိုးထားရတဲ့ အရာတွေဆိုရင်
မပိုင်ဆိုင်ရတာက များတယ်....
တစုံတခုကိုပဲဖြစ်ဖြစ်....
မင်းကိုပဲဖြစ်ဖြစ်ပေါ့....

When we miss someone we'll Listening to music

01 Feb, 16:01


မင်းမချစ်တော့မှန်း ကိုယ်သိပါတယ်

ဒါပေမယ့် အဲ့လောက်ထိတော့

သူစိမ်းဆန်ဖို့မလိုအပ်ပါဘူး

ကိုယ်တို့က အရမ်းနီးကပ်ခဲ့ကြတာလေ

အခုတော့ အရင်းနှီးဆုံးသူစိမ်းတွေပေါ့

When we miss someone we'll Listening to music

01 Feb, 14:01


တကယ် ချစ်တဲ့သူက မနေနိုင်ရဘူး
နေနိုင်တယ်ဆိုရင် မချစ်လို့ပဲ
အတိကျပြောရမယ်ဆိုရင်
တကယ် ချစ်တာ မဟုတ်သေးဘူး

မိဘကနေ သားသမီးကိုပဲဖြစ်ဖြစ်
ကိုယ်ကနေ ကိုယ့်ချစ်သူကိုပဲဖြစ်ဖြစ်
ကိုယ့်ချစ်သူကနေ ကိုယ့်ကိုပဲဖြစ်ဖြစ်
ဘယ်သူကဘယ်သူ့ကိုပဲဖြစ်ဖြစ်ပါ

တကယ်ချစ်တဲ့သူက လုံးဝမနေနိုင်ဘူး
ကိုယ်ချစ်တဲ့သူ စိတ်ဆင်းရဲနေမှာ
ဒုက္ခရောက်မှာကို ကြည့်မနေနိုင်ဘူး
ဝမ်းနည်းနေမှာ ကြည့်မနေနိုင်ဘူး
ငိုကြွေးနေတာကို ကြည့်မနေနိုင်ဘူး
နေနိုင်နေတယ် ဆိုထဲက တကယ် မချစ်လို့ပဲ။

When we miss someone we'll Listening to music

01 Feb, 04:04


ရည်းစားဟောင်းထံသို့ပေးစာ

When we miss someone we'll Listening to music

31 Jan, 16:45


လွန်ခဲ့တဲ့ ၄နှစ်လောက်က ဒီလိုချိန်ဒီလိုညမှာ
ကျွန်တော်တို့အားလုံးဟာ
ကိုယ်ပိုင်အချိန်တွေကို လွတ်လပ်စွာ
အသုံးနေကြတယ်

တချို့တွေက ဂိမ်းတွေဆော့နေကြမယ်
တချို့တွေကြ ချစ်သူရည်းစားနဲ့ဖုန်းပြောနေမယ်
တချို့အဝေးရောက်နေကြတဲ့သူတွေကြပြန်‌တော့လည်း
မိမိအိမ်နဲ့ ဘယ်လောက်သတိရကြောင်းပြောခဲ့နေကြမယ်
တချို့လူတွေမှာကြ အနာဂတ်အတွက်
ဘာလုပ်ရင်ကောင်းမလဲဆိုပြီး

မျှော်လင့်ချက်ကိုယ်စီ
ပျော်ရွှင်ခြင်းတွေကိုယ်စီနဲ့ အိပ်စက်ခဲ့ကြပြီး

မနက်အိပ်ယာနိုးလာချိန်မှာတော့
အာဏာသိမ်းလိုက်ကြောင်းသိခဲ့လိုက်ရတယ်။

When we miss someone we'll Listening to music

30 Jan, 15:03


ငါတို့ အရွယ်မရောက်ခင်က
အရွယ်ရောက်လာဖို့အတွက်
အရမ်းစိတ်လှုပ်ရှားခဲ့ကြတယ်
ဒါပေမယ့် အခုငါတို့ကိုကြည့်ပါဦး
ပင်ပန်းတယ်၊ လမ်းပျောက်တယ်
မသေချာမရေရာတဲ့ ဝိုးတိုးဝါးတား
အနာဂတ်အတွက် စိတ်တွေရှုပ်နေရတယ်။

When we miss someone we'll Listening to music

30 Jan, 04:35


Relationship တခုမှာ ကောင်မလေးက
တနေ့ထက်တနေ့ ပိုပိုလှလာပြီး
ပိုကြည့်ကောင်းလာတယ်ဆိုရင်
သူမကို အမြဲပျော်ရွှင်စေတဲ့ ကောင်လေးကို
ပိုင်ဆိုင်ထားနေရပြီဆိုတာ သိပ်သိသာတယ်
မိန်းကလေးတွေရဲ့စိတ်ဟာ သိပ်အနုစိတ်ဆန်တယ်
စိတ်ပျော်မှ ကိုယ်နုတယ် ဆိုတဲ့အတိုင်းပေါ့
သူမကို ပျော်ရွှင်စေတဲ့လူအနားမှာပဲ
ပိုလှလာတတ်ကြတယ်
တချို့ယောက်ျားတွေလေးတွေရဲ့ တန်ဖိုးကိုလည်း
သူတို့ဘေးက အမျိုးသမီးရဲ့ ပုံစံကိုကြည့်ပြီး
ဆုံးဖြတ်ကြည့်လို့ရတယ်။

When we miss someone we'll Listening to music

29 Jan, 15:46


မျိုးစေ့မမှန်တော့ အပင်မသန်ဖြစ်ရသလို
အခြေခံစိတ်ထားလေးမှ မကောင်းရင်
လူရာမဝင်ဖြစ်ရသတဲ့…..

အတန်းပညာရှိနေရုံနှင့်မရ အသိပညာလည်းရှိရမတဲ့
ဘဝအတွက်မှတ်သားစရာ စာစုလေးတွေပေါ့
တန်ဖိုးရှိလိုက်တာကွယ်….

စာအုပ်လေးတွေကိုချစ်တက်နေပြီ 📕

When we miss someone we'll Listening to music

28 Jan, 16:53


" ချစ်တယ် " ဆိုတာကတော့
တယောက်သောသူအတွက်ပါပဲ။

When we miss someone we'll Listening to music

28 Jan, 12:34


မဖြစ်နိုင်တာတွေ ရှိတယ်
မရနိုင်တာတွေ ရှိတယ်
မရောက်နိုင်တာတွေ ရှိတယ်

ဒါမှမဟုတ်
ရှိချင်မှလည်း ရှိမယ်

အရာရာ ခေါင်းထဲ မထည့်နဲ့
နေထွက်ချိန်ကစ နေဝင်ချိန်အဆုံး
အရာရာဟာ တည်မြဲမှုရယ်လို့ မရှိဘူး

ကိုယ့်ဘဝနဲ့ကိုယ် လှအောင်နေ
သူဘဝနဲ့သူသာ လှနေပါစေ။

ဒါမှ ငြိမ်းချမ်းမှုကိုဆောင်နိုင်မယ်။ ။🕊🕊

When we miss someone we'll Listening to music

27 Jan, 16:10


ဘာပဲလုပ်လုပ်အသိပေးတယ်
အကောင်းအဆိုးတိုင်ပင်တယ်
ပျော်ရွှင်မှု ဝမ်းနည်းမှုတွေ မျှဝေပေးတယ်
ကိုယ်သဘောကျတဲ့ ချစ်ခြင်းမေတ္တာ‌‌ဆိုတာ
ဒါပါပဲ..♡

When we miss someone we'll Listening to music

27 Jan, 13:04


ချစ်တာပေါ့ သိပ်ကိုချစ်တာ
ရှားရှားပါးပါး တွယ်တာမြတ်နိုးရတဲ့
အရာလေးမို့ အလွန်ကို တန်ဖိုးထားရတယ်။

ပင်ပန်းရတာတွေ ပြေပျောက်ရတဲ့အထိ
အများကြီး နွေးထွေးပေးလို့ပဲ
အမြဲလိုကြည်နူးရတယ်။

သူသာအနားရှိနေရင် စိတ်လုံခြုံမှုရလို့လည်း
တကယ့်ကိုမှ အဆုံးရှုံးမခံနိုင်အောင်ပဲ။

သေချာတာတစ်ခုကို ကိုယ်ပြောနိုင်တယ်
အများကြီး ချစ်နေမိပြီ ချစ်သောရေ🌻🤍

When we miss someone we'll Listening to music

27 Jan, 06:40


ဘဝကို တယောက်တည်းဖြတ်သန်းမယ်ဆိုတဲ့
သူတွေတွက်အိမ်ဒီဇိုင်း

When we miss someone we'll Listening to music

26 Jan, 16:57


ဘာလို့ ဒီလောက်သဘောကျသွားရတာလဲဆိုတာ ပြန်တွေးမိတော့
စိတ်အေးသက်သာရှိလို့ဆိုတာကို သတိထားမိတယ်။
ကိုယ်က ပူလောင်ပေမယ့် သူ့နဲ့သာဆို အေးငြိမ်းသွားသလို ခံစားရတယ်။
ဘယ်လောက်ပဲ မွန်းကြပ်စရာ ရှိနေပေမယ့် စကားစမြည်လေးတွေကြောင့် ကြည်လင်ပျော်ရွှင်သွားရတယ်။
အဲ့တာတွေကြောင့် သဘောကျရတာပဲ ဖြစ်လိမ့်မယ်။

When we miss someone we'll Listening to music

25 Jan, 16:23


ဘဝမှာ ဘယ်သူနဲ့ဆုံဆုံ ကောင်းခြင်းနဲ့ပဲ
ဆုံတွေ့ချင်တယ်။
ဆုံတွေ့စဉ် ခဏလေးမှာလည်ူ
ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲ
နေချင်တယ်။

လူတိုင်းကတော့ ကိုယ့်ရဲ့အပေါ် ကောင်းပေးနိုင်မှာ
မဟုတ်တဲ့အတွက်ကြောင့်
တစ်ချို့ကို နားလည်မှုတွေနဲ့အတူ ရှိနေစေချင်တယ်။

လာလမ်းမတူ ပြန်လမ်းလည်းမတူကြတဲ့ အခြေနေတစ်ခုရဲ့ ခနတာဆုံခွင့်ရတဲ့အခိုက်တန့်လေးမှာ
တစ်ယောက်ကိုတစ်ယောက် အမုန်းတွေ
အငြိုးတွေမရှိပဲ ဆုံစည်းချင်တယ်။

When we miss someone we'll Listening to music

24 Jan, 16:57


ဒီဘက်ခေတ်မှာ ရည်းစားသက်တမ်း
၂နှစ်ကျော် ၃နှစ်ထိ မြဲဖို့ကမလွယ်ပါဘူး
၅နှစ် အထက် အတူဖြတ်သန်းသွားဖို့ဆိုတာ
ပိုလို့တောင် မလွယ်ကူတဲ့ကိစ္စပါ။

သံယောဇဉ်တွေနဲ့ချည်နှောင်ထားလည်း
အလကားပါပဲ၊ မိဘအသိုင်းအဝိုင်းနဲ့ Peace ဖြစ်ထားလည်း အပိုပါပဲ၊ Public အထိ ချပြထားခဲ့လည်း ဝေးရတာပါပဲ၊ နှစ်တွေမနည်း အတူတူရှိခဲ့ကြလည်း အချိန်တန်တော့ ပြတ်ကြတာ
ခင်များတို့အမြင်ပဲလေ

ညလုံးပေါက် ဖုန်းတွေပြောခဲ့ Chat ခဲ့ကြတယ်
ဘယ်နေရာသွားသွား သော့ချိတ်လို ကပ်ပါခဲ့ကြတယ်
ကိုကိုတွေ ကလေးတွေ အချစ်တွေ အသဲတွေဆိုပြီး ယုယုယယနဲ့ ချစ်စနိုးနဲ့ အပြန်လှန်ခေါ်ခဲ့ကြတယ်

ဖုန်း Screen မှာ Couple ပုံအတူတင်ထားခဲ့တယ်
ဘဝအတွက် Plan တွေ အတူချမှတ်ခဲ့ကြတယ်
ဟော....
ရေစက်ကုန်တော့လည်း လက်ပြနှုတ်ဆက်ကြတာပါပဲ။

လူတွေက အပြောင်းအလဲတွေ မြန်လာကြတယ်
ကတိကို ထမင်းစားရေသောက် လွယ်လွယ်ပေးလာကြတယ်/ အချိန်မရွေး ဖေါက်ပြန်ဖို့ စဉ်းစားတတ်လာကြတယ်။

ရည်းစားရှိတဲ့သူကိုမှ အတင်းလိုက်ချစ်ချင်ကြတယ်
သူများအတွဲပြ၊တ်မှ စားဝင်အိပ်ပျော်လာတတ်ကြတယ်/ပွဲလန့်တုန်းဖျာဝင်ခင်းကြတယ်။

ချစ်သူရှိရက်နဲ့ နောက်ထပ်အသစ်ထပ်ထားချင်ကြတယ်/နှလုံးသား Storage က အတော်ဆံ့လာကြတယ်တူပါရဲ့
ဖေါက်ပြန်ချင်တာနဲ့ပဲ မသိမသာ အသံတိတ် နှိ၊ပ်စက်လာကြတယ်။ တစ်ချို့ဆို Anni တောင် မလုပ်လိုက်ရဘူး ပြဿနာတွေတက် တာ့တာ bye bye လုပ်ရပြီ။

တစ်ချို့ကျပြန်တော့ လပိုင်းလောက်ပဲ ကြာလိုက်တာ မခေါ်မပြောတွေဖြစ်ပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ရပြီ။တစ်ချို့တွေက ရက်သတ္တပတ်ပဲ တွဲရသေး ရွေးချယ်မှုမှားမှန်းသိပြီး မသိမသာလေး ပြတ်သွားကြရော။

တစ်ကယ်ဆို ချစ်သူရည်းစားတွေဖြစ်လာတာက
တစ်ယောက်ကိုတစ်ယောက် ချစ်လို့ပဲ မဟုတ်လား?

ဘာ့ကြောင့် ရန်ဖြစ်စကားများတိုင်း လမ်းခွဲချင်နေရတာလဲ?
မာနတွေ အပြိုင်အဆိုင်ထား အနိုင်ယူချင်နေရတာလဲ?
Lotteria က ကြက်ကြော်ကို မေ့ပြီး
လမ်းဘေးက ဘယာကြော်ကို စိတ်ရောက်နေရတာလဲ?

နှစ်ပေါင်းမနည်းဘူး အခက်အခဲပေါင်းစုံ
ကျော်လွှား ဖြတ်သန်းလာခဲ့တဲ့ အချစ်ရေးတစ်ခု
မိနစ်ပိုင်းလောက် အသေးအဖွဲ့ Case လေးကြောင့်
အဆုံးရှုံးမခံလိုက်ပါနဲ့။

စားလေးကနဲနဲတော့ရှည်သွားတယ်
ကျုပ်ပြောတာနားမလည်ရင်လည်း
ခင်များတို့တွေကိုယ်တိိုင်ပဲ
သေချာပြန်စဉ်းစားကြည့်ကြပါတော့

When we miss someone we'll Listening to music

23 Jan, 16:10


မေတ္တာစစ်တွေ ရှားပါးလာတဲ့ ခေတ်ကြီးထဲမှာ တစ်စုံတစ်ယောက်ဆီက စစ်မှန်သောချစ်ခြင်းမေတ္တာတွေနဲ့ အချစ်ခံရတာဟာလည်း အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုပါပဲ🪻

When we miss someone we'll Listening to music

23 Jan, 07:03


အမျိုးသမီးလေးတို့ရေ
မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဆိုတာက
ပျိုခြင်း အိုခြင်းတွေနဲ့ မသက်ဆိုင်ဘူး
ကိုယ့်အပေါ် ထားတဲ့ ယောက်ျားတစ်ယောက်ရဲ့ မေတ္တာစိတ်နဲ့ပဲ သက်ဆိုင်တာပါ

ကိုယ့်အပေါ် ယောက်ျားတစ်ယောက်က
တကယ့်မေတ္တာစစ်နဲ့ မချစ်သေးသရွေ့
ကိုယ့်ကို စိတ်ချမ်းသာအောင် မထားနိုင်တဲ့အပေါ်
သူ့မှာ အကြောင်းပြချက်တွေ
အများကြီးရှိနေပါလိမ့်မယ်

မိဘကြောင့် ညီအစ်ကိုမောင်နှမကြောင့်
ပတ်ဝန်းကျင်ကြောင့် စီးပွားရေး အခြေနေကြောင့် အလုပ်အဆင်မပြေလို့
ကိုယ်က မလှလို့ မချွဲတတ်လို့
မိန်းမမဆန်လို့ စသဖြင့်ပေါ့

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားကတော့
ကိုယ့်ကို စိတ်ချမ်းသာအောင်ထားဖို့ကို
ဘာအကြောင်းပြချက်ကြောင့်မှ မလိုဘူး

ငွေကြေးအရ ပြည့်စုံအောင် မထားနိုင်ရင်တောင် ကိုယ်ချစ်တဲ့ မိန်းကလေးကို စစ်မှန်တဲ့ လွတ်လပ်ပျော်ရွှင်မှုကို အမြဲပေးနိုင်အောင် ကြိုးစားတယ်
သူ့မေတ္တာနဲ့ သူချစ်တဲ့ မိန်းကလေးရဲ့
စိတ်ကိုအေးမြစေသလို ဘဝလေးကိုလည်း
နွေးထွေးလုံခြုံမှုကို ခံစားရစေတယ်

သူအဆင်ပြေဖို့ထက် ကိုယ်အဆင်ပြေမယ့်ကိစ္စကို အမြဲဦးစားပေးရွေးချယ်တယ်
သူပျော်ဖို့ထက် ကိုယ်ပျော်ဖို့ကို အမြဲစဥ်းစားတယ်
ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်
သူ့အတွက်ထက် ကိုယ့်အတွက်ကို စဥ်းစားပေးတယ် အစစအရာရာမှာပေါ့
ဒါမျိုးမှ ကိုယ့်ကို တကယ်ချစ်တဲ့ယောက်ျားပေါ့

မိန်းကလေးတစ်ယောက်က ချစ်နေရုံနဲ့ ဘဝတစ်ခု တည်ဆောက်မယ်လို့တွေးရင် အရမ်းမှားသွားမယ်
အချစ်ခံရမှ တို့မိန်းကလေးတွေရဲ့ဘဝ လှပမှာကို
အမြဲမှတ်ထားပါနော်

မိန်းကလေးတိုင်း ကိုယ့်အပေါ် တကယ်စစ်မှန်တဲ့ မေတ္တာပေးနိုင်သူနဲ့ ဆုံစည်းနိုင်ကြပါစေ

When we miss someone we'll Listening to music

22 Jan, 15:56


ရည်းစားတွေလည်း မဟုတ်ပဲနဲ့
ကျွန်တော်ဘက်ကသာ တိတ်တခိုး
အရာအားလုံး မျှော်လင့်နေမိတာ
ညတိုင်းလိုလို တွေးမိတာ တခုရှိတယ်
သူသာ ဒီလောက်ကကြီးထဲ မရှိတော့ရင်
ကျွန်တော်ဘယ်လိုလုပ်ရမလည်းပေါ့
သူ့နှလုံးသားမှာ အခြားလူတယောက်
နေရာ ယူသွားရင်ရော ဘယ်လိုလုပ်ရမလည်းပေါ့
သူသာ ကျွန်တော်မဟုတဲ့
အခြားသူနဲ့ အိမ်ထောင်ကျသွားခဲ့ရင်
ပထမဆုံး မျက်ရည်ကျရမဲ့လူက
ကျွန်တော်ပဲ ဖြစ်လိမ့်မယ်
အရာအားလုံး သူ့အပေါ်မျှော်လင့်ထားမိလို့
သူနေမကောင်း ဖြစ်မှာက အစ
သူအလုပ်တွေ အဆင်မပြေမှာအဆုံး
စိတ်ပူမိတာအမှန်ပါ
မာနကိုရှေ့တန်းမှာ တင်ထားတတ်တဲ့
ကျွန်တော့်လိုလူ သူနဲ့ကျမှ
ဘာမာနမှလည်း မရှိတော့ပါဘူး
ရှက်ရမှာကိုလည်း တစ်ခါတလေ
မေ့တတ်နေပါပြီ
ချစ်နေရသောသူ "မ" သိပါစေ

When we miss someone we'll Listening to music

22 Jan, 07:10


မှတ်မိသေးလား .....
လွမ်းလိုက်တာဆိုပြီး အပြိုင်အဆိုင်ပြောခဲ့ကြတဲ့အချိန်တွေကိုလေ

ဒီတစ်ယောက်လေးကိုပဲ သစ္စာရှိရှိ ချစ်သွားမှာပါဆိုတဲ့ စကားလေးတွေကိုရော

ပြီးတော့ ဘယ်သူကဘယ်သူ့ကို ပိုချစ်ပါတယ်ဆိုပြီး တယောက်နဲ့တယောက်စကားနိုင်လုပြီးပြောခဲ့ကြတဲ့နေ့ကလေးတွေကိုရော မင်းမှတ်မိနေပါ့အုံးမလား

မင်းမှတ်မိချင်မှမှတ်မိပါလိမ့်မယ် ဘာပဲဖြစ်ဖြစ်
အခုတော့ ကိုယ်နိုင်သွားခဲ့ပြီနော် အချစ်....

When we miss someone we'll Listening to music

21 Jan, 15:31


သေချာပြန်စဥ်းစားကြည့်လေ
ပထမဆုံးတော့
သူကမင်းကို ချစ်တယ်ဆိုပီး
မင်းဘဝထဲကိုမခေါ်ပဲဝင်လာမယ်
မင်းကိုခနတာပျော်ရွှင်အောင်
ဒါမှမဟုတ် သူ့ကိုယ်သူခနတာ သာယာအောင်
နည်းလမ်းမျိုးစုံသုံးပြီး သူလုပ်ပြမယ်
သူလိုချင်တဲ့ခံစားချက်တွေ
သူလိုချင်တာတွေရပြီးသွားရင်တော့
နောက်မင်းကိုအပြ၊စ်ရှာမယ်
နောက်ဆုံးမှာကြ မင်းကြောင့်ဆိုပီး
ထားခဲ့ကြတာပဲမဟုတ်ဘူးလား

When we miss someone we'll Listening to music

21 Jan, 10:30


ကျွန်တော်တို့နှစ်ယောက်ရဲ့ကံကြမာဟာ
Tangent မျဉ်းကလေးလို ဘဝမှာတစ်ကြိမ်တစ်ခါသာ ဆုံဆည်းနိုင်ခဲ့ပြီး အရင်လို ဘယ်တော့မှပြန်မဆုံနိုင်တော့ဘူးဆိုတာသိပါတယ်

ဒါပေမယ့်....
နေ့တိုင်း သူ့ရဲ့ Active now လေးကို
သွားငေးကြည့်မယ်။
သူ လိုင်းတက်တာမတွေ့ရင်
သူများ နေမကောင်းလို့များလားဆိုပြီး
တစ်ယောက်တည်းတွေးပြီး စိတ်ပဲ ပူဖြစ်မယ်။

အားလပ်ချိန် မရှိအောင်
အလုပ်တွေဖိလုပြ၊စ်မယ်။
ချစ်ရသူရဲ့ သတင်းတွေကို
အချိန်တိုင်း နားစွင့်နေမယ်။

သူ့ Wall ထဲကို
တစ်နေ့ တစ်ခါဝင်ကြည့်မယ်။
အပြန်အလှန်ပို့ထားခဲ့ကြဖူးတဲ့
စာလေးတွေကို ပြန်ဖတ်မယ်။

ဆက်သွယ်ချင်စိတ်တွေဖြစ်လာတိုင်း
အမှောင်ထဲမှာ ကြိ၊တ်ငိုမယ်။

သူက မေးလာရင်တော့
အဆင်ပြေပါတယ်လို့ပြောမယ်။
သတိမရပါဘူးလို့ လိ၊မ်မယ်။
မချစ်တော့ဘူးလို့ ညာမယ်။
ခံစားချက်တွေကို မျိုသိပ်မယ်။
ခပ်လှမ်းလှမ်းကနေ
အတူတူ လိုက်ရှိနေပေးမယ်။

ဒီလောက်ပါပဲ ဒီလောက်ပဲပေါ့
အရာရာဟာ ကံပါသလောက်ပဲဆုံကြရတာမို့

When we miss someone we'll Listening to music

20 Jan, 16:48


သံယောဇဉ်တွေဖြ၊တ်နိုင်လေလေ
ဘဝက ပိုအေးချမ်းလေပဲ။
တချို့လူတွေကို ခွင့်မလွှတ်နိုင်တဲ့အခါ
စွန့်လွှတ်လိုက်တာက အကောင်းဆုံးပါ။

လမ်းချင်းမတူတဲ့လူနှစ်ယောက်က
ပြန်ဆုံရလောက်သည့်အထိ
ကမ္ဘာကြီးက ကျဉ်းမနေပါဘူး။

When we miss someone we'll Listening to music

19 Jan, 16:09


ရင့်ကျက်သင့်တဲ့အသက်အရွယ်တစ်ခုကို
ငါတို့ရောက်လာခဲ့ကြပြီ

လက်ခံသင့်တဲ့အရာတွေလည်းရှိတယ် ။
ငြင်းဆန်ရမယ့်အရာတွေကို သိလာတယ် ။
ပြီးတော့ လက်လွှတ်ရမယ့်အရာတွေလည်း ရှိလာတယ် ။

တချို့သောဖြစ်ရပ်တွေက မကြုံဆုံချင်ပေမယ့်
တကယ်ကို ဖြစ်ပျက်လာခဲ့ကြတယ် ။
ဖြစ်စဥ်တွေတိုင်းမှာ ငါတို့ လက်ခံရမယ့်
အမှန်တရားတစ်ခုတော့ ရှိနေတတ်တယ်လေ ။
အမှန်တရားဆိုတာ အမြဲတမ်းတော့ မချိုမြနိုင်ဘူးမို့လား ။

ဘဝဟာ တစ်နေရာထဲမှာ ရပ်နေတာမျိုးမဟုတ်ဘူး
နာကျင်စရာတွေလည်း ရှိကောင်းရှိနိုင်တယ်...
မပျော်စရာတွေလည်း ရှိကောင်းရှိနိုင်တယ်...
ထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေလည်း ရှိနိုင်တယ်...
လမ်းလွဲသွားတဲ့ ရေစက်တွေလည်း ရှိနိုင်တာပဲ ။
ဒါပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ကို ဆက်နေရဦးမှာမို့လေ ။

ချစ်ခြင်းပဲဖြစ်ဖြစ် ၊ မေတ္တာပဲဖြစ်ဖြစ်
နွေးထွေးမှု စစ်စစ်မှန်မှန်လေးတွေပဲ ပေးဖြစ်ခဲ့တယ်..။
မဆုံလို့ လမ်းလွဲရတဲ့အခါ
လိပ်ပြာသန့်စွာ နှုတ်ဆက်နိုင်သူဟာ
ကိုယ်ပဲ ဖြစ်ချင်တယ် ။

တစ်ယောက်တည်း မွေးဖွားလာပြီး
တစ်ယောက်တည်း လျှောက်လှမ်းလာတဲ့လမ်းတွေပဲ
ငါ တစ်ယောက်တည်းပါပဲ...
ဒါပေမယ့် ပျော်ရွှင်စရာတွေရှာဖွေရင်း
ရှေ့ဆက်လျှောက်လှမ်းသွားရမယ်

When we miss someone we'll Listening to music

19 Jan, 12:04


"နေတတ်သွားပြီ"

ပျော်တဲ့အရပ်ကိုရှာစရာမလိုပဲ
ရောက်တဲ့အရပ်မှာပျော်အောင်နေတတ်ခဲ့ပြီ

အဆင်မပြေလို့လည်း ညည်းတွားမနေတော့ဘူး
အဆင်ပြေအောင်ကြိုးစားနေတတ်ခဲ့ပြီ

စိတ်ဓာတ်ကျဖို့လည်းမရှိဘူး
လဲကျသွားတိုင်းအမြဲပြန်ထတယ်

ဝမ်းနည်းနေဖို့လည်းမတွေးဘူး
လောကဓံက ငိုပြီးရင် ရယ်ရပါလိမ့်မယ်

မှားသွားမလားဆိုတဲ့စိုးရိမ်စိတ်တွေလည်းမဖြစ်နဲ့
အမှားထဲကသင်ခန်းစာနဲ့အမှန်ကိုပြင်နိုင်ရမယ်

ဆုံးရှုံးသွားရင်လည်းလက်လွှတ်ရဲတယ်
ဘယ်အရာမှမမြဲမှန်းသိလာလို့
အားငယ်စိတ်တွေလည်းမဖြစ်တော့ဘူး
သူ့တန်ဖိုးနဲ့သူပဲ

ကိုယ်လည်းလုပ်နိုင်တာတွေအများကြီးရှိတယ်
ဘဝကထင်သလောက်မလွယ်ပါဘူး
ဒုက္ခတွေကြုံမယ် သောကတွေရှိမယ်
အကြောင်းတရားမျိုးစုံကိုရင်ဆိုင်ရတယ်
ဒီလောကဓံတွေကပဲ
လောကထဲမှာနေတတ်အောင်ကိုယ့်ကိုသင်ပေးခဲ့ကြတာပါ။

When we miss someone we'll Listening to music

19 Jan, 07:50


ပျောက်သောသူ ရှာရင်တွေ့ဆိုတဲ့
စကားပုံထဲကအတိုင်း
ပျောက်သွားတဲ့သူကို ရှာလို့တွေ့နိုင်ပေမယ့်

သူကပျောက်သွားတာမဟုတ်ဘူးဗျ
ကျွန်တော့်အနားကနေ အပြီးတိုင်ထွက်သွားတာ

ပျောက်သွားတာကိုရှာလို့ရပေမယ့်
ကိုယ်တိုင်ထွက်သွားတဲ့သူကိုတော့
ဘယ်အရာနဲ့ ဘယ်လိုရှာရှာ
ဒီဘဝမှာ ပြန်တွေ့နိုင်ဖို့ကတော့
ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူးလေ...

When we miss someone we'll Listening to music

18 Jan, 16:53


ကိုယ့်ကြောင့်နဲ့ အခြားလူတစ်ယောက်
နေထိုင်ရတာ ခက်ခဲပင်ပန်းစေတယ်ဆိုရင်
အဲ့ဒီနေထိုင်မှုပုံစံက အပြစ်ရှိတယ်ဆိုလို့ရတယ်

မနေချင်တော့ဘူး ထင်ရင် လက်လွှတ်ပေးရမယ်
ကိုယ်ရှိနေခြင်းကို အလိုမရှိတော့ဘူးထင်ရင်
လှည့်ထွက်လာခဲ့ပေးရမယ်။

ဒါဟာလည် လူသားဆန်မှုတွေထဲက တစ်ခုဖြစ်တယ်။

When we miss someone we'll Listening to music

18 Jan, 12:22


အတိတ်က...မင်းနဲ့
တစ်ခါလောက်လေးဖြစ်ဖြစ်
ပြန်ဆုံခွင့်ရချင်တယ်...

မမြဲပဲလွဲခဲ့ရတဲ့ လက်တစ်စုံဆိုပေမဲ့
ကိုလွှတ်မချနိုင်ပဲ စွှန့်လွှတ်ခဲ့ရကြောင်းလေးလည်း
မင်းသိအောင်ပြောပြချင်တယ်...

မချစ်လို့ဝေးခဲ့ကြတဲ့
သူစိမ်းတွေမှမဟုတ်ပဲကွယ်...
ကိုတို့ပြန်ဆုံခွင့်လေး
တစ်ကြိမ်တစ်ခါလောက်ဖစ်ဖစ်
ရချင်ပါတယ်။

When we miss someone we'll Listening to music

18 Jan, 09:11


ငါ့ပြောနေသလိုပဲနော်😂

When we miss someone we'll Listening to music

18 Jan, 04:41


တစ်နေ့မှာ လူတစ်ယောက်က သူ့အလိုလို
သင့်ဆီကို ရောက်လာပါလိမ့်မယ်။

သူက သင့်ရဲ့အရာရာကို လက်ခံလိမ့်မယ်။
သင့်ကို အများကြီး ဂရုစိုက်လိမ့်မယ်။
သင့်ကို ကာကွယ်ပေးလိမ့်မယ်။
သင့်ကို အလုံးစုံ နားလည်နေလိမ့်မယ်။
သင့်အမှားတွေကို အပြစ်မမြင်၊
အပြစ်မတင်ဘဲ သဘောထားပြည့်၀စွာနဲ့
အမှန်ပြင်ပေးပါလိမ့်မယ်။
သူရှိတယ် လို့ တွေးလိုက်ရုံနဲ့
အရာရာ ပြီးပြည့်စုံသွားသလို
သင် ခံစားရလိမ့်မယ်။

သူက သင့်စိတ်၊ သင့်ခံစားချက်တွေကို
လုံခြုံစေပါလိမ့်မယ်။

သင့်မျက်နှာကို မြင်နေရရုံနဲ့
သူ ပြုံးပျော်နေလိမ့်မယ်။
သင့်ကို အချိန်ပေးဖို့
သူ အမြဲ ကြိုးစားနေပါလိမ့်မယ်။
သင့်ရဲ့ သံသယသေးသေးလေးအတွက်
သူကတော့ အများကြီး ရှင်းပြပါလိမ့်မယ်။
သင့်စိတ်နဲ့ပဲ သူနေပြီး
သင့်ဆန္ဒတွေတိုင်းဟာ သူ့တာ၀န် လို့
ခံယူထားပါလိမ့်မယ်။

သင်က သူ့ရဲ့အရာရာ ဖြစ်ပါတယ်။

သင့်ရဲ့ ဘယ်ကိစ္စမဆို
သူပဲ လုပ်ပေးချင်နေမယ့်သူမျိုးပါ။
သင့်ကို ကြည့်လိုက်ရုံနဲ့
သင့်အတွေးတွေကိုပါ သိရှိနေမယ့်သူမျိုးပါ။
သင့်ကို အမြဲ ရှေ့တန်းတင် ဦးစားပေးပြီး
သင် လဲကျမသွားအောင်လည်း
ထိန်းထားပေးမယ့်သူမျိုးပါ။
သင့်အတွက်ပဲ စဉ်းစားပြီး
သင်ကသာ သူ့ဘ၀အဖြစ်
သတ်မှတ်ထားမယ့်သူမျိုးပါ။
သင့်ကို မျက်ရည်မကျစေမယ့်သူမျိုးပါ။
သင့်ကို အမြဲခွင့်လွှတ်နေမယ့်သူမျိုးပါ။

သူ့ဆီမှာ သင်နဲ့အတူ ဆိုတဲ့
အနာဂတ်တွေ အများကြီး ရှိနေပါလိမ့်မယ်။

သူက သင်မကြိုက်တဲ့အရာတွေကို
သင်ပြောစရာမလိုဘဲ ရှောင်ပေးလိမ့်မယ်။
ဒါပေမယ့် သင့်ဆီက
သူမကြိုက်တဲ့ အရာတွေအတွက်တော့
သူ ကျေကျေနပ်နပ်ကြီး ခွင့်ပြုပေးလိမ့်မယ်။
ဘာလုပ်ပေးပါ လို့
သင်တောင်းဆိုစရာမလိုဘဲ
သင်လိုအပ်သမျှကို
သူ့ဘာသာ လုပ်ပေးသွားပါလိမ့်မယ်။

သင့်ရဲ့စိတ်ချမ်းသာမှု၊
သင့်ပျော်ရွှင်မှုအတွက်
ဘာမဆို အဆင်သင့်ဖြစ်နေမယ့်သူပါ။
သင့်ကို တန်ဖိုးထားမယ့်သူပါ။

သင်ကိုယ်တိုင်ကလည်း သူနဲ့ထပ်တူပါပဲ။
သူ့ဆီက သင်ရနေတဲ့ အရာရာအတိုင်း
သူ့ကို ပြန်ပေးချင်နေမှာပါ။

အဲ့ဒါကို Right Person လို့ ခေါ်ပါတယ်။
ကျွန်တော် တို့အားလုံးမှာ
Right Person ရှိပြီးသားပါ။

အချစ်ရေးကံမကောင်းဘူး ဆိုပြီးလည်း
စိတ်ဓာတ်မကျပါနဲ့။
သစ္စာဖောက်ခံရလို့လည်း မနာကြည်းပါနဲ့။
အသည်းကွဲရင်လည်း အရမ်းမငိုပါနဲ့။
တစ်စုံတစ်ယောက်ကြောင့်
နာကျင်ရရင်လည်း သိပ်မခံစားလိုက်ပါနဲ့။

ဒါတွေအားလုံးဟာ သင့်ဆီကို
သင့်ရဲ့ Right Person ရောက်လာမယ့်
Right Time မဟုတ်သေးလို့ပါပဲ။

ကျွန်တော်ကိုယ်တိုင် သိပ်မယုံကြည်ခဲ့တဲ့
Right Time / Right Person ဆိုတာ
တကယ်ရှိပါတယ်။ ❤️

When we miss someone we'll Listening to music

17 Jan, 16:49


တစ်ဖက်က စောင့်နေတာကိုတောင် မသိဘဲ
ပြန်မလာတဲ့သူနဲ့

တစုံတယောက်သောသူက
အသေအချာပြန်မလာတော့မှာကို သိသိနဲ့
စောင့်နေတဲ့သူ

When we miss someone we'll Listening to music

17 Jan, 12:58


သူငယ်ချင်းတွေကို ချစ်တယ်

ကျွ‌န်‌တော်ကတော့ ကျွန်တော့်သူငယ်ချင်းတွေကို
တကယ်ချစ်တယ် ။
သူတို့ဟာ သူငယ်ချင်းတွေလဲ ဖြစ်သလို
မိသားစုလိုသံယောဇဉ်တွေလဲရှိကြတယ် ။

Conversationထဲနေ့တိုင်းchatနေစရာမလိုဘူး ။
စကားမပြောတာကြာလို့ ပြန်သွားပြောမိလဲစိတ်ဓာတ်ပြောင်းမသွားဘူး။

ဘယ်နေရာဘယ်ဒေသရောက်ရောက်
သူအတွက်ကိုယ်ရှိတယ် ကိုယ့်အတွက်သူရှိတယ်ဆိုတာမျိုး ။

နောက်ကွယ်မှာ အော၊က်ဖဲလှ၊န်တဲ့ သူတွေမပါဘူး ။
သစ္စာမရှိတဲ့သူတွေမပါဘူး ။
သာပေါင်း ညာစား တွေလဲမပါဘူး‌ ။

ရင်ဘတ်နဲ့ရင်းပြီး ပေါင်းတဲ့သူငယ်ချင်းတွေ ။
များများစားစားမရှိပေမဲ့ လက်ရှိကျွန်တော့်သူငယ်ချင်းတွေကိုကျနော် တကယ်ချစ်တယ် ။
သူတို့က ကျွန်တော့်ရဲ့ မိသားစုဝင်မဟုတ်ပေမယ့်
ဒုတိယ မိသားစုဝင်လေးတွေပါ ။

When we miss someone we'll Listening to music

17 Jan, 06:21


ပန်းကလေးတွေကို မင်းသဘောကျသလိုမျိုး
ကြောင်လေးတွေကို မင်းချစ်သလိုမျိုး

တောင်တန်းနဲ့ပင်လယ်ပြင်ကို မင်းမြတ်နိုးသလိုမျိုး
ကဗျာနဲ့စာတွေကို မင်းတန်ဖိုးထားသလိုမျိုး
ကိုယ်ဟာ မင်းပေါ်ကိုချစ်မြတ်နိုးပါတယ်

တစ်ခါတစ်လေမှာ အချစ်ရဲ့အဓိပ္ပါယ်ကို
နက်နက်ရှိုင်းရှိုင်းတွေ ပုံဖော်မပြချင်ဘူး

မင်းမြတ်နိုးတဲ့ အရာတွေအပေါ်
မင်းတန်ဖိုးထားသလိုမျိုး
ကိုယ်ဟာ မင်းပေါ် ကို ချစ်မြတ်နိုးပါတယ်

When we miss someone we'll Listening to music

16 Jan, 13:57


စစ်မှန်တဲ့ Relationship ဆိုတာ

စကားပြောခွင့်ရချိန်တွေမှာ ချစ်တဲ့ကြောင်းတွေ
ပြောကိုပြောရမယ်။ (မေ့မနေရဘူး)

ဂရုစိုက်ပေးရမယ့်အချိန်မှာ ဂရုစိုက်ပေးရမယ်။
(ပ၊စ်မထားရဘူး)

"နေမကောင်းတာဖြစ်ဖြစ် အဆင်မပြေတာဖြစ်ဖြစ်"
မေးခွင့်ရချိန်တွေမှာ မေးကိုမေးရမယ်။
(လစ်လျူရှုမထားရဘူး)

ရွေးချယ်ထားပြီးတဲ့အရာကို အဆုံးထိဆက်ရွေးချယ်ရမယ်။ (ပြောင်းလဲမသွားရဘူး)

ပေးပြီးသားကတိတွေ၊ထားပြီးသားသစ္စာတွေနဲ့
ပြောပြီးသားစကားတွေကို
ဆန္ဒပါပါ သိက္ခာရှိရှိနဲ့တည်နိုင်ရမယ်။
(မေ့မနေရဘူး၊ မပြောင်းလဲလွယ်ရဘူး)

သတိရတာ၊လွမ်းတာတွေကို
ခဏခဏ ပြောရမယ့်အချိန်မှာ ပြောကိုပြောပေးရမယ်။ (မအေးစက်ရဘူး)

အချစ်ဆိုတာ အချစ်နဲ့တူရတယ်။
လက်တွဲဖော်ဆိုတာလည်း လက်တွဲဖော်နဲ့တူရတယ်။
သွေးကြော၊င်ဖို့မဟုတ်သလို ဘေးရှောင်ဖို့နေဖို့လည်းမဟုတ်ဘူး။(ရဲရဲ ချစ်၊ ရဲရဲရှေ့ဆက်ရတယ်။)

When we miss someone we'll Listening to music

16 Jan, 12:30


လွမ်းတယ်ရှင်ရယ်
ပြေးတွေ့ချင်တယ် ဖက်ထားချင်တယ်
စိတ်နဲ့ပဲအခါခါ နမ်းလိုက်တဲ့အချိန်တိုင်း
မင်းရှိတဲ့အရပ်လေးကို နွေးထွေးစေချင်တယ်
ကိုယ့်မှာ အများကြီးလွမ်းရပါကြောင်း

When we miss someone we'll Listening to music

15 Jan, 12:38


ကျနော်က လူတစ်ယောက်ကို ဘယ်တေ့ာမှ
လက်လွတ်စပယ်ထားခဲ့လေ့မရှိဘူး။
စောင့်ကြည့်တယ်၊ အခွင့်ရေးပေးတယ်၊
မရတေ့ာဘူးဆိုရင်
ဘာနေနေစိတ်လည်းမဝင်စားတေ့ာဘူး။

ကျနော်ခေါ်တုန်းမှာ လှည့်မလာရင်
အဲ့ဒီရပ်ဝန်းဆီ ကျနော်ဘယ်တေ့ာမှ
ခြေထပ်မချဘူး။
ကျနော့်လိုလူကိုလည်း ဘယ်တေ့ာမှနှစ်ခါပြန်မရတေ့ာဘူး ။

When we miss someone we'll Listening to music

15 Jan, 04:40


စွန့်လွှတ်သင့်တဲ့ အချိန်ရောက်လာရင်
မင်းဘက်က ဘယ်လောက်ပဲ
မြဲချင်စိတ်ရှိနေပါစေ
လွှတ်ကိုလွှတ်ချလိုက်ပါ

သည်းခံပီးတော့
ငါပြုပြင်ပေးလို့ရမှာပါ
ငါ့ကိုနားလည်လာမှာပါဆိုပီး
မင်းဘယ်လောက်ပဲ ပေးဆပ်နေပါစေ
သူ့ဘက်က မင်းကို လွှတ်ချနေသ၍
မင်းတို့က တစ်လမ်းစီဖြစ်နေအုံးမှာပဲ

ချစ်သူနှစ်ဦးစလုံးဟာ
အပြန်အလှန် မြဲချင်စိတ်ရှိနေမယ်ဆိုရင်
ချစ်ခြင်းမေတ္တာတွေ နားလည်မှုတွေ
အပြည့်အဝရှိနေမယ်ဆိုရင်တော့
မင်းတို့ကို ဘယ်သူမှ
ခွဲလို့ရမှာ မဟုတ်ဘူး

When we miss someone we'll Listening to music

14 Jan, 15:39


တပည့်တော် အများကြီးဆု‌မတောင်းပါဘူး
မျက်နှာဖုံးစွပ်ထားတဲ့ အပေါ်ယံလူတွေနဲ့တော့
ဝေးဝေးနေရပါလို၏ အရှင်ဘုရား..

When we miss someone we'll Listening to music

14 Jan, 11:50


ဘယ်ဘူတာမှာမှ
ပြန်မဆုံနိုင်တော့တဲ့ရထားတွေရှိတယ်
တစ်ခါလွဲရင် သရာတခုလုံးကြာတတ်ပြီး
တစ်ခါဝေးရင်တော့
ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူး

နာကျင်ဖို့အတွက်ဆို
ဆုတွေဟာမတောင်းလဲ ပြည့်တတ်တယ်
မလုံ့တစ်လုံထီးလေးဆောင်းပြီး
တစ်ယောက်တည်းအိမ်ပြန်ရခြင်းကလဲ
ဘဝလို့ခေါ်တာဘဲမဟုတ်လား

ဘဝမှာ ရ၊န်သူတွေထက် ကိုယ်ချစ်ရသူတွေကသာ
နာကျ၊င်အောင်လု၊ပ်တတ်ကြောင်း
နားလည်ပါတယ်ဆိုတဲ့သူတွေကသာ
နားမလည်နိုင်တော့အောင်လုပ်တတ်ကြောင်း
အမြဲတမ်းနော်ဆိုတဲ့သူတွေဘက်ကပဲ
အရင်ဆုံးစတင်စွန့်ခွာသွားတတ်ကြောင်း

ကျတော်တို့တွေမှာ စာစီပြီး ချမရေးဖြစ်ပေမယ့်
ဖွင့်ဟပြီး ပြောမပြဖြစ်ပေမယ့်
တကယ်ဆုံးရှုံးဆုံးခဲ့ရတဲ့အရာတွေကတော့
ကိုယ်စီ ရှိကြတယ်မဟုတ်လား

တစ်ခုခုဆို ငါနားမှာ
ဘယ်သူရှိတယ်ဆိုတဲ့အတွေး မတွေးနဲ့တော့
တစ်ခုခုဆို
ငါ့နားမှာ ငါဘဲရှိတာပါလားလို့ဘဲ တွေး
ဘာလို့လဲဆိုတော့
T.a.yလောက်အောင်ဖတ်တွယ်ထားလည်း
အလွယ်တစ်ကူလွှတ်ချခဲ့မယ့်လက်တွေရှိတယ်
ကိုယ့်ဘက်က
အချိန်တစ်ခုထိ ဖြ၊တ်တောက်လိုက်ရင်
အားလုံးက မေ့သွားမယ့်ဆက်ဆံရေးတွေချည်းပဲ
ဘယ်အရာပေါ်မှ
စိတ်တွေကိုအရမ်းနစ်မထားပါနဲ့နော်

When we miss someone we'll Listening to music

14 Jan, 06:06


ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဦးဆုံး သတိရတယ်
အသိပေးချင်တယ်

မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ထားလို့ရတယ်
ပြေပျောက်ရတယ် ၊ နွေးထွေးရတယ်ဆိုတဲ့
အတွေးလေးနဲ့ပါ

အဲဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ် ထင်ပါတယ် ။

When we miss someone we'll Listening to music

13 Jan, 16:03


အတိတ်ကို ခဏခဏ သွားမနေပါနဲ့
အနာဂတ် အတွက် ပြင်ဆင်သင့်တာတွေကိုပဲ
ပြင်ဆင်ပါတော့

အချိန်ဆိုတာ တိုးတောင်းလွန်းတဲ့အတွက်
အတိတ်က ရုန်းမထွက်နိူင်သရွေ့
သင့်အချိန်တွေက အလကားကုန်ဆုံးနေလိမ့်မယ်

အတိတ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာထက်
အနာဂတ်မှာ ဘာတွေလုပ်ရမလဲဆိုတာသာ
ပိုအရေးကြီးပါတယ်

ကိုယ့်ကိုကိုယ် ညာပြီးအတိတ်ကို ပြန်သွားနေတာ
ကိုယ့်စိတ်ကို ပြန်ညာနေတာနဲ့ အတူတူပါပဲ

အတိတ်ကို လက်ခံနိုင်ရင်
ပစ္စုပ္ပန်မှာ ဘာပဲဖြစ်လာလာ
စိတ်ပူစရာမလိုတော့ဘူး

ဘာကြောင့်လဲ ဆိုတော့
ရှေ့အတိတ်မှာ ရခဲ့တဲ့ သင်ခန်းစာ တွေက
တော်တော်လေး နောကြေနေပြီမဟုတ်လား

When we miss someone we'll Listening to music

13 Jan, 07:32


လူတစ်ယောက်နဲ့တစ်‌ယောက်
နှစ်တွေအကြာကြီး အပြန်အလှန်ချစ်ခဲ့ကြပြီးမှ
အကြောင်းကိစ္စမတိုက်ဆိုင်တော့လို့
နောက်ဆုံး လမ်းခွဲလိုက်ရတယ်ဆိုရင်

နောက်ထပ် တစ်ယောက်ကို
အစက ပြန်ချစ်ဖို့က မလွယ်ကူတော့ဘူး။

When we miss someone we'll Listening to music

12 Jan, 15:22


တစ်ခါတလေကျရင် စိတ်ပင်ပန်းမှုက
အတော်လေး ပြ၊င်းထန်တယ်နော်

သီချင်းတွေလည်း မတိုးတော့ဘူး
စကားပြောဖော်လည်း မထိရောက်တော့ဘူး

အရာရာကနေ ခွဲထွက်ပြီး
တစ်ယောက်တည်းနေဖို့ကိုပဲ
ရွေးချယ်ချင်တော့တယ်

When we miss someone we'll Listening to music

12 Jan, 09:50


ချစ်တဲ့ စိတ်နဲ့ကြည့်ရင်
အရာရာဟာ ချစ်ချင်စရာကြီးပဲတဲ့...
ဒါပေမယ့်
ချစ်ဖို့ပဲ သိတဲ့ နှလုံးသားကတော့
သေမတတ် နာကျင်ရတယ် ။
လွှတ်ချလိုက်ရင်
သက်သာသွားမယ်မှန်း သိနေရဲ့နဲ့
မလွှတ်ချရက်တဲ့ လက်တွေမှာ
ဒဏ်ရာက လွဲပြီး ဘာများထပ်တိုးလာမှာလဲ...
နေကြည့်ပါ...
ဆက်မလာတဲ့ ဖုန်းကို မမျှော်ပဲ နေကြည့်ပါ
စမခေါ်တဲ့ ဆက်ဆံရေးတွေကို
ကိုယ့်ဘက်က မခေါ်ပဲ နေကြည့်ပါ
ကိုယ့်ကို မချစ်တဲ့သူကို
ကိုယ့်ကလဲ မချစ်မိအောင် နေကြည့်ပါ
ကိုယ့်ကို တန်ဖိုးမထားတဲ့သူကို
ကိုယ်ကလဲ မလိုအပ်အောင် နေကြည့်ပါ
ဒီနေ့ မနေနိုင်သေးပေမယ့်လဲ
မနက်ဖြန်တော့ နေနိုင်သွားမှာပါ ။

When we miss someone we'll Listening to music

12 Jan, 08:09


သူ့ချစ်သူ ကောင်မလေးတစ်ယောက်ထဲနဲ့ပဲ
ဘဝမှာလုံလောက်ပြီလို့ သတ်မှတ်ထားတဲ့
ကောင်လေးတွေရှိတယ်

သူ့တို့ရဲ့အချိန်တွေ အတော်များများကို
သူ့ကောင်မလေး တစ်ယောက်ထဲအတွက်ပဲ
ပေးဆပ်ချင်တာမျိုး

Even though there are so many girls,
I see only one of you.
ကောင်မလေးတွေ ဘယ်လောက်ပဲပေါနေပါစေ
သူ့ကောင်မလေးရှိတဲ့အရပ်ကိုပဲ မျက်နှာမူတတ်တဲ့
ယောက်ျားလေးလည်းတွေလည်းရှိပါတယ်

သူချစ်ရတဲ့ ကောင်မလေးအတွက်
သူမြတ်နိုးရတဲ့ ကောင်မလေးအတွက်
အရမ်းကို ချစ်ပေးကြတယ်

အဲ့ဒီကောင်မလေးရဲ့ စိတ်ခံစားချက်နဲ့
ဘဝမှာကြုံခဲ့ရတဲ့ အရာမှန်သမျှကိုလည်း
ကြည်ဖြူစွာ လက်ခံပေးတယ်

သူ့ကောင်မလေးရဲ့ အားနည်းချက်ကို
အခြားသူတွေ မသိအောင် ဖုန်းပေးတတ်တယ်
သူ့ကောင်မလေးရဲ့ နာကျင်စရာတွေကို
မေ့ပျောက်အောင် ကုသပေးတတ်တယ်

သူ့ကောင်မလေးဘက်က
အရမ်းဆိုးနေရင်တောင် သည်းခံတယ်
ခွင့်လွှတ်ပေးတယ် နားလည်မှုအပြည့်အဝပေးတယ်
ဘယ်သူမှားမှား ဘယ်သူမှန်မှန်
သူ့ကောင်မလေးဘက်ကပဲ ရပ်တည်တတ်တယ်

မိန်းကလေးသူငယ်ချင်းရှိနေရင်
သူ့ကောင်မလေး အထင်အမြင် လွဲနိုင်စေတဲ့
ကိစ္စမှန်သမျှကို ရှောင်ပါတယ်
အဓိကကတော့ ကိုယ့်ကောင်မလေးကို
မခံစားစေချင်လို့ အထင်မလွဲစေချင်လို့
အနေအထိုင်ဆင်ခြင်လိုက်ကြတာပေါ့

ဘယ်လောက်ကောင်းလိုက်တဲ့ အပြုအမူလဲနော်
လုပ်ပါပြောစရာမလိုဘူး သတိပေးစရာမလိုဘူး
အလိုလိုကို ဆင်ခြင်ပြီး အလိုက်သိနေတာမျိုးလေး

အစစအရာရာ ဦးစားပေးတတ်ပြီး
သူ့ကောင်မလေးမှ သူ့ကောင်မလေးပဲ
သူ့ကောင်မလေးကို အရမ်းလည်းလှစေချင်တယ်
လှအောင်လည်းနေခိုင်းတယ်
ဘယ်လောက်ပဲ သူ့နားမှာ သူ့ကိုကြိုက်နေတဲ့
မိန်းကလေးတွေ ဝဲနေပါစေ
My girlfriend is enough for me ပေါ့

အဲ့လို ယောက်ျားလေးတွေ မရှိဘူးလို့ မထင်ပါနဲ့
ရှားတာမှန်ပေမယ့် တကယ်ရှိပါတယ်
မတွေ့ဆုံသေးလို့ပါ

လူအတိုင်းဟာ အချစ်ခံရဖို့ထိုက်တန်ပါတယ်
အထူးသဖြင့် အချစ်ကြီးတဲ့ မိန်းကလေးတွေပေါ့

When we miss someone we'll Listening to music

11 Jan, 16:23


လောကမှာ ကို့ကိုယ်ကိုချစ်တတ်တဲ့ မိန်းကလေးတွေက အလှဆုံးပဲသိလား

မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ်
တန်ဖိုးထားတတ်ရတယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတတ်ရတယ်။
ဒါမှ သူတစ်ပါးကလည်း ကိုယ့်အပေါ်
တန်ဖိုးထား လေးစားမှာလေ။

မိန်းမသားတစ်ယောက် အတွက်
ဘ၀မှာ မိမိကိုယ့်ကို ချစ်တတ်ဖို့က
အလွန်အရေးကြီးဆုံးပဲ။

ဘုရင်မ ဖြစ်မဲ့သူကို သာမန်လူတွေ
မကပ်နိုင်တာ အဆန်းမှ မဟုတ်တာ။

တစ်စုံတစ်ယောက် ရဲ့ အချစ်ခံရဖို့ကို
ထိုင်စောင့်နေစရာမလိုသလို
ထားခဲ့ခံရတိုင်းလည်း ၀မ်းနည်းနေစရာမလိုဘူး။

အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ယောက်အဖို့ လက်တွဲဖော်ကောင်းဆိုတာ မရှားဘူး။
တန်ဖိုးထားခံရဖို့ဆိုတာ ကိုယ်တိုင်နဲ့လည်း
အများကြီးသက်ဆိုင်တယ်။

ကိုယ့်ကိုယ်ကိုယ်သာ တန်ဖိုးထားစမ်းပါ
ကိုယ့်ကို တန်ဖိုးထားပေးမဲ့သူဆိုတာ
သူ့အလိုလိုကိုရောက်လာပါလိမ့်မယ်။