The La Pyae (@thelapyae_official) Kanalının Son Gönderileri

The La Pyae Telegram Gönderileri

The La Pyae
Get the good Stuff related to

Tech 🤖
Mindset 🧠
And all the other things I love 💛

To follow up me on other social media
Please visit https://thelapyae.com
26,287 Abone
1,167 Fotoğraf
211 Video
Son Güncelleme 11.03.2025 07:43

The La Pyae tarafından Telegram'da paylaşılan en son içerikler

The La Pyae

27 Feb, 18:05

401

Game ဆော့နည်းစာအုပ်
ထိုင်ဖတ်ရတာရော

သူများဂိမ်းဆော့တာကို
ထိုင်ကြည့်ရတာရော
အင်မတန်မှအချိန်ကုန်ပြီး
ပျင်းဖို့ကောင်းတယ်

ဆော့ချင်ရင်ကိုယ်တိုင်ဆော့လိုက်ပြီး

ရလာတဲ့ information တွေကို
Respond လုပ်လိုက်တာပဲအေးတယ်

ပျော်ဖို့လဲကောင်းသလို
စိတ်လှုပ်ရှားရတယ်

Content creation ရော Business ရော
အချစ်ရေးရော အကုန်လုံးတူတူပဲ

လက်တွေ့ပဲ လုပ်ချင်တယ်
သူများလုပ်နေတာထိုင်မကြည့်ချင်ဘူး

If you know ,you know

@thelapyae
The La Pyae

27 Feb, 17:11

592

ကိုယ်လုပ်နေတာဘာလဲ
ကိုယ်လိုချင်တာဘာလဲ

ဘယ်အရာတွေနောက်ကိုလိုက်ပြီး
ဘာတွေကို ရင်းနှီးမြှုပ်နှံပြီး

ဘာပြန်ရဖို့ ကြံစည်နေလဲ
ကွဲကွဲပြားပြားသေချာမသိရင်

ဘဝကြီးကတိုင်ပတ်နေဦးမှာပါပဲ

@thelapyae
The La Pyae

27 Feb, 16:40

704

ဘယ်အခြေအနေမှာမဆို
စိတ်ကိုတည်ငြိမ်အေးချမ်းအောင်
ထားနိုင်တဲ့ skill ကအရမ်းအရေးကြီးတယ်

အဲ့ဒါရှိရင် ကျန်တာတွေသင်ယူရတာမခက်တော့ဘူး

@thelapyae
The La Pyae

27 Feb, 12:43

1,591

English စာအုပ်တစ်အုပ်ရဲ့ဈေးက
၅ သောင်းကျပ်ကနေ တစ်သိန်းကျော်ရှိလာပြီ

၁၀ အုပ်ဖတ်မှ ဒီ topic ကိုနားလည်မယ်ဆိုရင်
စာအုပ်ဖိုးကြီးပဲ ၅ သိန်းကနေ ၁၀ သိန်းကျမယ်

တစ်အုပ်ကိုဖတ်ဖို့ ၃ နာရီဆို နာရီ ၃၀ ကြာမယ်
ကိုယ်တိုင်ကျင့်သုံးဖို့ ၅ နှစ်လောက်လဲလိုမယ်ဆို

အဲ့စာအုပ် ၁၀ အုပ်လဲဖတ်ဖူးပြီးတော့
၅ နှစ်လောက်လဲ experience ရှိတဲ့သူနဲ့
စကားသွားပြောလိုက်လို့
၅ သိန်းပေးရမယ်ဆိုမတန်ဘူးလား ?

တန်တယ်ဆိုရင်ရော ဘာလို့လဲ ?
မတန်ဘူးဆိုရင်ရော ဘာလို့လဲ ?

Let me know what you think about this in comment down below 🧐

@thelapyae
The La Pyae

27 Feb, 12:34

1,559

မတူညီတဲ့ ဘဝဖြတ်သန်းမှုရှိသူတွေမှာ
မတူညီတဲ့ တွေးခေါ်မှုပုံစံတွေရှိတယ်

ဆိုးတဲ့သူတွေမှာလဲ ဆိုးရတဲ့ အကြောင်း
တော်တဲ့သူတွေလဲ တော်ရတဲ့အကြောင်း

အောင်မြင်တဲ့ သူတွေမှာလဲ
အောင်မြင်ရတဲ့ အကြောင်းတွေဆိုတာရှိတယ်

မတူညီတဲ့သူတွေစီက သင်ယူနိုင်ရင်
အချိန်ကုန်သက်သာတယ်

@thelapyae
The La Pyae

27 Feb, 06:25

1,847

ကိုယ်ပိုင်တဲ့ အရာတွေမှာ
စည်းဆိုတာမထားရင်

သူများတွေရဲ့ ကျူးကျော်မှု
ခိုးယူမှု နှောက်ယှက်မှု ကိုခံရနိုင်တယ်

မိတ်ဆွေထားတဲ့နေရာမှာလဲ
စည်း ၃ စည်းနဲ့ ခွဲထားတယ်

အတွင်းစည်း - ကိုယ့်ရဲ့ အူမချေးခါးသိပြီး
မောင်နှမရင်းသဖွယ် ချစ်ရတဲ့ လူအနဲစု

အလယ်စည်း - လုပ်ဖော်ကိုင်ဖက် အတန်းဖော်
မုန့်စားဖက် အလည်သွားဖက်

အပြင်စည်း - မျက်မှန်းတန်း မေးထူးခေါ်ပြော

အဲ့အပြင်မှာရှိတဲ့သူတွေကတော့ - IDGAF

ဒီလိုထားတော့ဘာကောင်းလဲမေးရင်
စိတ်ပျက်မှုတွေကိုကာကွယ်ပြီးသားဖြစ်တယ်

Rules တစ်ခုပဲရှိရမှာက စည်းဖောက်ရင်
ပြန်ဝင်ခွင့်မပေးဖို့ပဲ

ယုံကြည်မှုက ပျက်သွားရင်
ပြန်တည်ဆောက်ရခက်တယ်လေ 🫰🏻

Not everyone is friend and
Not everyone need to be

@thelapyae
The La Pyae

27 Feb, 05:09

1,674

အသစ်သစ်တွေ လုပ်ပြီးစွန့်စားရဲဖို့ဆိုရင်

အရင်ဆုံး basic လေးတွေမှာ
အဖြစ်ရှိနေဖို့လိုတယ်

လူဆိုတာကိုယ့်ကိုယ်ကိုယုံလာဖို့ဆို
ယုံကြည်ရလောက်တဲ့ အကြောင်းပြချက်လိုတယ်

အဲ့အကြောင်းပြချက်ဖြစ်စေတဲ့
သက်သေတွေတည်ဆောက်နိုင်ရင်
အကြီးကြီးတွေလုပ်ဖို့သိပ်မကြောက်တော့ဘူး

Daily achievement သေးသေးလေးတွေ
ရတဲ့နေ့စဉ်ဘဝနေထိုင်မှုရှိဖို့အရေးကြီးတယ်

@thelapyae
The La Pyae

27 Feb, 03:34

1,845

ဘဝလက်တွဲဖော်ရွေးချယ်မှုက
အရေးကြီးတယ်

90% သော ကိုယ့်ဘဝရဲ့တိုးတက်မှု
ပျော်ရွှင်မှုလွတ်လပ်မှု တရားရှိမှုအားလုံးက

ကိုယ်ဘယ်လိုလူနဲ့ ဘဝဖြတ်သန်းသလဲ
ဆိုတဲ့ပေါ်မှာမူတည်တယ်

@thelapyae
The La Pyae

26 Feb, 17:14

2,131

Basketball ဆော့တာ ရွှေတံဆိပ်ဆုတွေ
အိမ်မှာ အများကြီးရှိပေမယ့်မပျော်ဘူး

ဘာလို့လဲမေးရင်
အသိအမှတ်အပြုမခံရလို့ပဲ

ဘာအလုပ်လုပ် အသိအမှတ်ပြုမခံပဲ
ကြီးလာခဲ့ရတော့ ကြိုးစားတာကို
ရပ်ရကောင်းမှန်းမသိတဲ့ လူကြီးဖြစ်လာတယ်

ကောင်းတာကတော့ တော်ရုံမလုပ်နိုင်တာတွေ
အများကြီးလုပ်နိုင်တတ်လာတယ်

ပိုကြိုးစားတဲ့သူဖြစ်လာတယ်
မကောင်းတာကတော့
ဘယ်တော့ရပ်ရမယ်လို့မသိဘူး

အရွယ်တစ်ခုရောက်ပြီးနားလည်မှုရှိလာမှ
မိဘကိုကျေးဇူးတင်တတ်လာတယ်

ကြိုးစားခဲ့တာအသိမှတ်ပြုဖို့သိပ်မခက်ပါဘူး
အစထဲက အသိအမှတ်ပြုခဲ့ရင်
ပိုပျော်ရတဲ့ ဘဝရခဲ့မှာတော့အမှန်ပါပဲ

To all the parents, It’s not hard to
acknowledge the effort of your children

@thelapyae
The La Pyae

26 Feb, 13:17

2,185

ကိစ္စမရှိပါဘူး တစ်ဆင့်စီ
သူများတွေသွားသလိုမသွားဘူး
ကျော်ခွပြီးသွားမယ်ရလားဆိုတော့

ရတာပေါ့ဗျာ ကိုယ့်ဘဝ
ကိုယ်ကြိုက်သလိုစီမံခွင့်ရှိတယ်
ကိုယ်ဖြစ်ကိုယ်ခံပဲပေါ့
ဘယ်သူ့စီကမှခွင့်တောင်းနေဖို့မလိုဘူး

အချိုတည်းပြီးမှ
ထမင်းစားရတာကြိုက်ရင်
ဘယ်သူမှမတားပါဘူး
သာမန်လူတွေအတွက်တော့
အရသာတစ်မျိုးလေးဖြစ်နေမှာပေါ့ 😁🫰🏻

But ……..

အဝီစိတွင်းကို
အောက်ကစတူးလို့မရသလို

မိုးမျှော်တိုက်ကိုလဲ
အပေါ်ဆုံးထပ်ကစပြီးဆောက်လို့မရတဲ့
အရာတွေလဲလောကမှာရှိတယ်ဆိုတာ
သတိရပါမိတ်ဆွေ 🙏🏻

@thelapyae