The La Pyae (@thelapyae_official) के नवीनतम पोस्ट टेलीग्राम पर

The La Pyae टेलीग्राम पोस्ट

The La Pyae
Get the good Stuff related to

Tech 🤖
Mindset 🧠
And all the other things I love 💛

To follow up me on other social media
Please visit https://thelapyae.com
26,287 सदस्य
1,167 तस्वीरें
211 वीडियो
अंतिम अपडेट 11.03.2025 07:43

समान चैनल

Self-Study
23,301 सदस्य
VLOG BY HSU
15,545 सदस्य
All about my Pedagogy
5,547 सदस्य

The La Pyae द्वारा टेलीग्राम पर साझा की गई नवीनतम सामग्री

The La Pyae

11 Mar, 03:35

924

အစားစားရင် ကိုယ့်ကိုယ်ကို
လေးစားသမှုနဲ့ စားတတ်ဖို့လိုတယ်

အများစုကပေးရတာနဲ့ တန်အောင်စားပြီး
ကိုယ့်ကျန်းမာရေးကိုယ်ထိခိုက်အောင်လုပ်ကြတယ်

အသက်ရှည်နေတာနဲ့မပြီးဘူး
ဒုက္ခခံမနေရဖို့လဲလိုသေးတယ်ဆိုတော့

ချင့်ချိန်ပြီး ဂုဏ်သိက္ခာနဲ့
လေးသားသမှုနဲ့စားတတ်ဖို့လိုတယ်

@thelapyae
The La Pyae

11 Mar, 00:49

1,270

လူတွေကကိုယ့်ကို
နားလည်ပေးတတ်တဲ့သူကို
အလိုရှိကြတယ်

တကယ်တော့ နားလည်ပေးတိုင်း
ကောင်းတာမဟုတ်ဘူး

အထူးသဖြင့် ကိုယ်ကမှားနေတာကြီး
အချိုးမပြေတာကြီးကို နားလည်ပေးရင်
ဘယ်လိုလုပ်အမှန်သိတော့မလဲ

နားလည်ပေးတာလိုချင်တယ်ဆိုတာ
တစ်ဖက်ကကြည့်ရင် ငါမှန်တယ်
ငါ့အချိုးတော့မပြင်ဘူး ဒီတိုင်းနေမယ်
နင်ကတော့ လက်ခံပေးလိုက်ဆိုတာနဲ့တူတယ်

ကိုယ်ကမှန်နေရင်ရော
နားလည်ပေးခံချင်လို့မရဘူးလားဆိုတော့

ရတယ် ကိုယ်ကမှန်နေပြီး သူကနားမလည်ရင်

၁. ကိုယ်ပြောဆိုတင်ပြပုံလွဲနေလားစစ်ဆေး

၂. သူ့ရဲ့ background ( ရှင်သန်ကြီးပြင်းခဲ့တဲ့
ပတ်ဝန်းကျင် မိသားစုအနေအထား )
ကိုကြည့်ကြည့် မတူနေရင်နားလည်ဖို့ခက်တယ်

၃. ပြောင်းလဲသင်ယူချင်တဲ့လူမဟုတ်ရင်လဲ
ကိုယ့်ပေါ်နားလည်ပေးဖို့ကမဖြစ်နိုင် သူ့လောကအမြင်ကို သူကအရမ်းချစ်နေတာကိုး 😁

၄. Negotiating skill နဲ့ communication skill
ကောင်းလာဖို့ကျင့်

၅. ကိုယ့်စေတနာကို နားမလည်ရင်
ကောက်နေ ခံစားနေ ကြေကွဲနေမယ့်အစား
ဖွင့်ပြောပြလိုက်

ဒါဆိုဘယ်သူ့ကိုမှ နားလည်ပေးဖို့
ထိုင်ဆုတောင်းနေဖို့မလိုတော့ဘူး

လူအချင်းချင်း အထင်လွဲခြင်း
ကင်းရှင်းကြပါစေ🙏🏻

@thelapyae
The La Pyae

10 Mar, 16:59

1,439

ကိုယ်တိုင်မပြောင်းလဲတဲ့သူတွေဟာ
သူတို့လိုပဲ လူတွေကမပြောင်းဘူးလို့
အထင်မှားတတ်ကြတယ်

အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးသူတွေ
သူတို့အနေနဲ့ ပြောင်းလဲမှုရပ်တန့်သွားပေမယ့်

ကိုယ်ကငယ်သူမို့ လေ့လာမှုတွေလုပ်တဲ့အခါ
ပြောင်းလဲသွားတာကို အသိအမှတ်မပြုနိုင်ကြဘူး

အဲ့တော့ အရင်တုန်းက သူတို့မှတ်ဉာဏ်ထဲက
ရှိနေပြီးသားပုံရိပ်အတိုင်း
ကလေးကလားအကွက်တွေလုပ်တတ်ကြတယ်

ဒါလဲသူတို့အမှားမဟုတ်ပါဘူး
လူတွေက ကိုယ့်စိတ်နဲ့ကိုယ်နိုင်းတာကိုးဗျ

အကောင်းဆုံးလုပ်လို့ရတာတော့
Boundary လေးထားပြီး
ကိုယ်အရင်ကလို ကလေးမဟုတ်တော့တာကို
ပညာသားပါပါနဲ့တင်ပြတတ်ဖို့ပါပဲ

@thelapyae
The La Pyae

10 Mar, 15:29

1,565

Nerd neck နဲ့ Round Shoulder က
Computer နဲ့ အချိန်ပြည့်အလုပ်လုပ်ရသူရဲ့
ဂုဏ်ပြုမှတ်တမ်းပဲ

အလေးမတဲ့သူတွေမှာဆိုလဲ
လက်မှာအသားမာတက်တယ်

လက်ဝှေ့သမားတွေမှာဆိုလဲ
နားရွက်နဲ့ နှာခေါင်းကသက်သေပဲ

Posture မှန်ဖို့ ကြိုးစားပါတယ်
ကြိုးစားတဲ့ အချိန်ထက်

posture မှားနဲ့ နေရတဲ့ အချိန်ကပိုများတော့
ပြင်လဲ သိပ်တော့ထူးမလားတော့

ဂုဏ်ပြုလက်မှတ်အနေနဲ့ပဲ
မှတ်ယူလိုက်တော့တယ်

( သိတဲ့ဆရာသမားများရှိရင်လဲ
နည်းလမ်းပြတော်မူပါ 🙏🏻)

@thelapyae
The La Pyae

10 Mar, 10:32

1,725

ဘဝဆိုတာ သီချင်းတစ်ပုဒ်လို အတက်အကျ
အနိမ့်အမြင့်လေးတွေ အဝေ့အဝိုက်လေးတွေနဲ့
သီးကုံးရေးစပ်ထားတာမို့

သေချာဂရုစိုက်နားထောင်ရင်
စာသားမသိတောင် တီးလုံးကိုခန့်မှန်းပြီး
စီးမြောတတ်လာမယ်

ဒါကို လူပါးဝ တယ်လို့ခေါ်တယ်
အများစုက လူပါးဝတာကို အဆိုးအဓိပ္ပာယ်နဲ့
တွဲပြီးသိကြပေမယ့်

တကယ့်ဆိုလိုရင်းက
လူတွေရဲ့ အကြောင်းကိုတတ်သိလိမ္မာသည်
ကျွမ်းကျင်တက်မြောက်သည်။
အတွေ့အကြုံဗဟုသုတများသည်
ကြွယ်ဝစွာသိတယ်လို့ဆိုတယ်

လူပါးဝတဲ့သူဖြစ်ဖို့ လောက ရဲ့
flow ကိုနားလည်ဖို့လိုတယ်

@thelapyae
The La Pyae

10 Mar, 06:53

2,058

တကယ်တော့ နောက်ကျနေပြီဆိုတာ
ကိုယ့်ရဲ့ထင်မြင်ချက်ပါပဲ

ကိုယ်အခုအချိန် ရောက်ရမယ့်နေရာကို
ရောက်နေတာပါ

ကိုယ်လုပ်ခဲ့တာတွေ မလုပ်ခဲ့တာတွေရဲ့
ပေါင်းခြင်းရလဒ်အနေနဲ့
အခုအခြေအနေကိုရောက်နေတာပါ

သူများဘဝတွေနဲ့လိုက်ယှဉ်နေလို့မရဘူး
သူတို့လဲသူတို့ဘဝနဲ့သူ ကိုယ်လဲကိုယ့်ဘဝနဲ့ကိုယ်

Pave your own path

@thelapyae
The La Pyae

10 Mar, 02:04

2,210

၁+၁=၁၀

လူ၂ယောက်ရဲ့ ဘဝပေါင်းစည်းမှုက
သိပ်အရေးကြီးတယ်

လူမှန်နဲ့တွေ့ရင်
- လုပ်သမျှအဆင်ပြေ
- ၂ ယောက်လုံးတိုးတက်ကြီးပွား
- ဘာသာရေးတွေပိုလုပ်ဖြစ်
- မိသားစုတွေကိုပိုကြည့်နိုင်
- ထူးခြားတဲ့ အတွေ့အကြုံတွေရလာတယ်

လူမှားနေရင်တော့ ဘဝဟာ
ဂျွမ်းထိုးနေတော့တာပါပဲ

@thelapyae
The La Pyae

09 Mar, 15:38

2,358

Service ပဲလုပ်လုပ်
product ပဲရောင်းရောင်း
အရေးကြီးတာယုံကြည်မှုပဲ

လူတွေက ကိုယ့်စီကိုပိုက်ဆံပေးပြီး
အားပေးဖို့ အဆင့် ၃ ဆင့်လိုတယ်

1. သူတို့သိတဲ့ လူဖြစ်ဖို့ ( know )
2. သူတို့ကြိုက်တဲ့ လူဖြစ်ဖို့ ( like )
3. သူတို့ယုံကြည်ရတဲ့လူဖြစ်ဖို့ ( trust )

ယုံကြည်မှုတည်ဆောက်နိုင်သူတွေက
ဝင်ငွေပိုတိုးတာပါပဲ

@thelapyae
The La Pyae

09 Mar, 15:01

2,390

တန်ဖိုးထားတတ်ဖို့က အရေးကြီးတယ်
တန်ဖိုးထားတတ်တယ်ဆိုရင်

အမှတ်တရကောက်လာပေးတဲ့
ခဲတစ်လုံးတောင်တန်ဖိုးရှိတယ်

@thelapyae
The La Pyae

09 Mar, 11:58

2,324

ဘယ်လိုလုပ်ရမလဲဆိုတဲ့ How to တွေကတော့
Online မှာရှာလို့ရပါတယ်

ဘာကြောင့်ငါဒါကိုလုပ်သင့်တာလဲဆိုတဲ့
WHY ကတော့ ကိုယ့်အတွင်းစိတ်ထဲကိုယ်ရှာမှရမယ်

Marketing စာသားတွေကြောင့်
သူများလုပ်လို့လိုက်လုပ်တာကြောင့်ဆိုရင်
အဆုံးထိသွားနိုင်ဖို့ ထိရောက်မှုရှိဖို့
စိတ်ကျေနပ်မှုရှိဖို့က မသေချာနိုင်ဘူး

Know your WHY

@thelapyae