The La Pyae (@thelapyae_official) Kanalının Son Gönderileri

The La Pyae Telegram Gönderileri

The La Pyae
Get the good Stuff related to

Tech 🤖
Mindset 🧠
And all the other things I love 💛

To follow up me on other social media
Please visit https://thelapyae.com
26,287 Abone
1,167 Fotoğraf
211 Video
Son Güncelleme 11.03.2025 07:43

The La Pyae tarafından Telegram'da paylaşılan en son içerikler

The La Pyae

05 Mar, 18:50

2,431

လူတိုင်းကိုလိုက်ပြီး
ဝေဖန်ရေးမလုပ်တော့တဲ့အခါ

ကိုယ့်ကိုယ်ဝေဖန်တာတွေကို
ခံနိုင်လာလိမ့်မယ်

အားရင်လိုက်ဝေဖန်တာရပ်လိုက်ပါ

- Gary Vee
The La Pyae

05 Mar, 17:03

2,409

ငွေကြေးအတွက်စိတ်ပူစရာမလိုတော့ရင်
ဘာလုပ်မလဲမေးကြည့်

အများစုက အေးဆေးနေမယ်လို့ဖြေလိမ့်မယ်

အေးအခုရော ဘာလုပ်နေလဲမေးကြည့်
အေးဆေးနေနေတယ်လို့ပဲဖြေလိမ့်မယ် 😁

ငွေကြေးအတွက် စိတ်ပူစရာမလိုတော့ရင်
ကိုယ်ကဘာကောင်လဲဆိုတာပေါ်လာတာပါပဲ

တချို့က ကာမတဏှာလိုက်စားတယ်
တချို့က မဆုံးနိုင်တဲ့ ချမ်းသာမှုတွေလိုချင်တယ်
တချို့က လူတွေကိုကူညီတယ်
တချို့က မသေဖို့ကြိုးစားတယ်
တချို့က ပြန်ငယ်ဖို့လုပ်တယ်

စသည်ဖြင့်ပေါ့

ဒီတော့ငွေကြေးလွတ်လပ်မှုဆိုတာ
Goal မဟုတ်သေးဘူး Beginning ပဲရှိသေးတယ်

ကိုယ့်ကိုယ်ကိုနားလည်သိရှိဖို့ကပိုအရေးကြီးတယ်

@thelapyae
The La Pyae

05 Mar, 13:44

2,487

ဘဝမှာ လိုချင်တာအမြဲရနေရအောင်
ဘဝက supermarket မဟုတ်ဘူး

Supermarket တောင် ပစ္စည်းပြတ်တာတွေ
လိုချင်တဲ့ brand မရတာတွေရှိသေးတာဆိုတော့

ရှိတာနဲ့ အဆင်ပြေအောင်လုပ်
ရတာနဲ့ အဆင်ပြေအောင်သုံးလို့ပဲရတယ်

ကိုယ်မတတ်နိုင်တာတွေအတွက်
မပေးဆပ်နိုင်တာတွေအတွက်
ထိုင်ညစ်နေမယ့်အစား

တတ်နိုင်တာလေးနဲ့ရှိတာလေးနဲ့
အဆင်ပြေအောင်လုပ်ပြီး
ပျော်အောင်နေသွားဖို့ပဲလိုတယ်

@thelapyae
The La Pyae

05 Mar, 12:20

2,509

အတုယူတတ်တာကောင်းတယ်
တိုးတက်ချင်တာကောင်းတယ်

ဒါပေမယ့် ကိုယ့်ကိုယ်ကို self improvement
လုပ်တာက တခြားသူကို ပြဖို့မဟုတ်သလို

ဘယ်သူနဲ့မျှလဲပြိုင်ဖို့မလိုဘူး

ကိုယ့်အတိုင်းအထွာနဲ့ ကိုယ်သွားနိုင်တဲ့
အမြန်နှုန်းနဲ့ ပုံမှန်သွားနေဖို့ပဲလိုတယ်

သူများကိုပြဖို့ ပြိုင်ဖို့ ကြိုးစားတဲ့အခါ
အဓိပ္ပာယ်မဲ့မှန်း ကိုယ့်အတွင်းစိတ်ကသိတဲ့အတွက်

ပြီးဆုံးအောင်လုပ်နိုင်ဖို့က ခက်ခဲတယ်

Let that sink in

@thelapyae
The La Pyae

05 Mar, 09:34

2,419

ဘဝဆက်တိုင်း
ချမ်းသာနည်းသင်တန်းဖွင့်တဲ့
ဆရာရဲ့main income က

အဲ့ချမ်းသာနည်းသင်တန်းသားတွေစီက
ရတာဖြစ်တဲ့ နိုင်ငံမှာ

လူမဖြစ်ရပါစေနဲ့ဘုရား 🙏🏻

@thelapyae
The La Pyae

05 Mar, 08:15

2,671

စွန့်စားရတော့မယ်ဆိုရင်

လူတွေက ရမှာကိုအရင်မမြင်ဘူး

ဆုံးရှုံးမှာကိုအရင်မြင်ပြီး
ကြောက်နေကြတာများတယ်ဗျ

ကိုယ်လိုချင်တာကိုရဖို့
စတေးရမယ့်အရာရှိတယ်ဆိုတာကို

လက်မခံနိုင်တဲ့အတွက်
ဘာကိုမှ မလုပ်ဖြစ်ပဲ ရပ်တန့်နေကြတယ်ဗျ

စွန့်စားလို့အောင်မြင်သူတွေကို ကြည့်ကြည့်
သူတို့မှာ ရှုံးနိမ့်ဖို့ အသင့်ပြင်ပြီးသား

သင်ရောလိုချင်ရဖို့ အတွက်
စတေးဖို့ အသင့်ဖြစ်ပြီလားဗျ

@thelapyae
The La Pyae

05 Mar, 04:51

2,709

မနက်အစောကြီး ငလျင်လှုပ်တော့
ဘေးကင်းအောင် အောက်မှာ
တော်တော်ကြာကြာသွားနေခဲ့တယ်

ကိုယ်က ၆ လွှာဆိုတော့သိသာတယ်
အောက်က security ကတော့
ကင်းစောင့်ရင်း tiktok လေးနဲ့
သိတောင်မသိလိုက်ဘူးတဲ့

လမ်းထိပ်လမ်းလျှောက်ပြီး
လမ်းထိပ်က security မေးတော့လဲ
သိဘူးတဲ့သူတော့လမ်းလျှောက်နေတာတဲ့

အဲ့မှာသဘောပေါက်လိုက်တယ်
Level မြင့်သွားရင် နဲနဲလှုပ်တာနဲ့တန်းသိတာ

ငါ့ထက်မြင့်တဲ့ကောင်တွေလဲ
ငါ့ထက်ကြိုသိတာ သူတို့လဲ ပိုလှုပ်လို့နေမှာလို့ 😁

( ဘာပြောတယ်ဆိုတာကိုသိမှာပါ )

@thelapyae
The La Pyae

05 Mar, 03:57

2,675

၂၀၂၅ မှာ ရင်းနှီးမြှုပ်နှံမှု
အကြီးဆုံးလုပ်သင့်တဲ့နေရာ

အကျိုးအမြတ်
အများဆုံးပြန်ရနိုင်တဲ့နေရာက

နားရွက်နှစ်ဖက်ကြားမှာရှိတယ်

ပါးစပ်မဟုတ်ပါဘူး 🤪
တော်ကြာစားနေမှာစိုးလို့

ဦးနှောက်ကိုပြောတာပါ
ဦးနှောက်မှာရင်းနှီးမြှုပ်နှံဖို့လိုတယ်

@thelapyae
The La Pyae

04 Mar, 17:33

2,858

လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာမှန်ရင်
ကိုယ်ရေးတဲ့သမိုင်းကိုယ်နိုင်ချင်တာကြီးပဲ

စိတ်မကောင်းစွာနဲ့ အများစုကတော့
သာမန်အဆင့်နဲ့ရပ်သွားကြတယ်

သူများကိုအပြစ်တင်ရင်း
သူများဘာလုပ်နေလဲကြည့်ရင်း

ကိုယ့်ရဲ့ တန်ဖိုးအရှိဆုံး resource ဖြစ်တဲ့
အချိန်တွေများကြီးဆုံးရှုံးရတယ်

အဲ့အစား ကိုယ့်ကိုယ်ကို
တည်ဆောက်နေမယ်ဆိုရင်

ကိုယ်ရေးတဲ့ဇတ်လမ်းထဲမှာ
ကိုယ်ကရှုံးဖို့မလိုတော့ဘူး

အခုရောက်နေတဲ့ chapter မကြိုက်ရင်
နောက် chapter တွေကောင်းလာအောင်
ပြင်ဆင်လို့ရပါသေးတယ် 🫰🏻

@thelapyae
The La Pyae

04 Mar, 17:17

2,304

ဘော်ဒါတွေထဲ မှာ တွဲခဲ့သမျှ ex တွေနဲ့
Facebook friend ဖြစ်ပြီးကျန်ခဲ့တဲ့သူ
အနဲဆုံးတစ်ယောက်တော့ရှိတယ် 😝

အဲ့တစ်ယောက်ကဘာလဲ
မှတ်တမ်းရုံးဖွင့်မလို့လား 🤪

@thelapyae