နစက ဥက္ကဋ္ဌသည် ချစ်ကြည်ရေးခရီးစဉ်အတွင်း ၌ ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ ဝန်ကြီး ချုပ်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအ စိုးရနှင့် ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွား ရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာများ ပိုမိုတိုးတက်ခိုင်မာရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချစ်ကြည်ရေးခရီးစဉ်တွင် နစက ဥက္ကဋ္ဌနှင့်အတူ နစက အဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများလိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။