Latest Posts from 𝐓𝐇𝐀𝐑 𝐒𝐈𝐓𝐓(Psy) (@tharsitt007) on Telegram

𝐓𝐇𝐀𝐑 𝐒𝐈𝐓𝐓(Psy) Telegram Posts

𝐓𝐇𝐀𝐑 𝐒𝐈𝐓𝐓(Psy)
ထူးခြားသတင်းဖြစ်စဥ်များဖော်ပြမည်။
သိသမျှတင်ပေးမည်၊ကြည့်သမျှ မှန်ရမည်။
9,264 Subscribers
20,900 Photos
1,253 Videos
Last Updated 01.03.2025 05:27

The latest content shared by 𝐓𝐇𝐀𝐑 𝐒𝐈𝐓𝐓(Psy) on Telegram


အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဇာလန်းစကီး အချေအတင်စကားများ

သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံတုန်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးတို အပြန်အလှန် အချေအတင် စကားများခဲ့ကြပါတယ်။ ကနဦးကတော့ ယူကရိန်းရဲ့ မြေရှားသတ္တုတွေကို အမေရိကန်ကို တူးဖော်ခွင့်ပေးဖို စာချုပ်ချုပ်ကြဖို သမ္မတနှစ်ဦးတွေ့ဆုံကြတာပါ။ ရုရှားက ယူကရိန်းကို တိုက်နေတဲ့စစ်ကိုရပ်အောင် ညှိပေးမယ်လိုလည်း ထရမ့်က ပြောထားပါတယ်။ ဒါပေမဲ့ ယူကရိန်းဘက်ကတော့ ရုရှားဘက်က နောက်ထပ်မကျူးကျော်ပါဘူးဆိုတဲ့ လုံခြုံရေးအာမခံချက် အရင် ရချင်ပါတယ်။ တွေ့ဆုံပွဲအပြီးမှာတော့ မစ္စတာထရမ့်က ဆိုရှယ်မီဒီယာကနေ "ဇာလန်းစကီးဟာ အိမ်ဖြူတော်ကိုလာပြီး အမေရိကန်ကို မလေးမစားလုပ်သွားတယ်။ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ချိန်မှ သူပြန်လာနိုင်တယ်" ဆိုပြီး ရေးတင်ခဲ့ပါတယ်။ နှစ်ဖက်ပူးတွဲလုပ်ဖို စီစဥ်ထားတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်ခဲ့ပါတယ်။

ဇယ်လန်းစကီးဟာ အမေရိကန်သမ္မတ  ဒုတိယ သမ္မတနဲ့  ဘဲဥပုံရုံးခန်းမှာ တင်းမာတဲ့ ဆွေးနွေးမှုအပြီးနှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပျက်သွားခဲ့ပြီး ဇယ်လန်းစကီးဟာ အိမ်ဖြူတော်ကနေ လိုက်ပို့တဲ့သူမပါပဲ ထွက်ခွာသွားခဲ့ရပါတယ်။  

#ThařSitț

နတ်မောက်သတင်း
=========

နတ်မောက် မြို့နယ်၊ရေထွက်ကျေးရွာ၊
ဦးအောင်ဝင်း၏နေအိမ်သို့ PDFများ
ဆိုင်ကယ် ၅ စီးလူ ၁၀ယောက့်လက်နှက်များဖြင့်ရောက်လာကာ အောင်ဝင်းအားမေးမြန်းရာမရှိသဖြင့်၎င်း၏အမျိုးသမီးထံမှရွှေ (၁၀) သား၊ ငွေသားသိန်း (၁၅၀)ခန့် နှင့်အိမ်မှရောင်းကုန်များအားယူဆောင်သွားကြကြောင်းသိရှိရ။

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ အနီးက ညောင်ကျိုးရွာ ဂိတ်ကင်းစခန်းကို AA ကဝင်တိုက်နေတာမှာ AA က အလွန်ညစ်ပတ်တဲ့ နည်းလမ်းနဲ့တိုက်နေတယ်လို့ ထွက်ပြေးလာတဲ့ရွာသားတစ်ဦးဆီက သိရပါတယ်
AA က ညောင်ကျိုးဂိတ်ကင်းကို မတိုက်ခင်မှာ ညောင်ကျိုးစခန်းအနီးတစ်ဝိုက်က ရွာသူ/သားတွေကို စစ်ရှောင်ဖို့ ကူညီပေးမည် စားစရာ နေစရာ အားလုံးတာဝန်ယူသည်ဟုဆိုကာ ခေါ်ဆောင်သွားကြပါတယ် ဂိတ်ကင်းကို တိုက်မဲ့အချိန်မှာ ရွာသူ/သားတွေကို WY တွေ ကျွေးပြီး  ရှေ့က တက်ခိုင်းပါတယ် ဂိတ်ကင်းက ပြန်ပစ်တော့ ရွာသူ/သားတွေကိုပဲ ထိပါတယ် ရွာသူအမျိုးသမီး ၅၀ အထက်တွေရော ရွာသားတွေပါပါတယ် ရွာသားတွေကိုရှေ့ကာအနေနဲ့ထားပြီး တိုက်ပါတယ် AA က နောက်ကလိုက်လာပါတယ် ပြန်လှည့်ပြေးလာတဲ့ရွာသူရွာသားတွေကို AA က ပစ်သတ်ပါတယ်
စစ်တပ်ဘက်က ပြန်ပစ်ဖို့ တွေဝေနေတဲ့ အနေအထားမျိုးကျမှ AA က အဝေးကနေ လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီးမှ ဂိတ်ကင်းကို တက်လုံးပါတယ်တဲ့ ဒါပေမဲ့ ခုချိန်ထိ ဂိတ်ကင်းစခန်းကိုမရသေးဘူးလို့သိရပါတယ်
ထွက်ပြေးလာတဲ့ရွာသား က ကျည်လွတ်မြေကို ရောက်ရောက်ချင်း အစာပြတ် ရေပြတ်ဒဏ်
ကြောင့် သတိမေ့နေရာကနေ မနေ့က သတိရလာတော့ အကုန်ပြောပြတာပါ ရွာသူ/သားတွေထဲမှာ အသက် ၁၈နှစ်အောက်ကလေးတွေကိုပါ ရှေ့က သွားခိုင်း တက်ခိုင်းနေတယ်လို့ ဆိုပါတယ်
စစ်တပ်က ပြန်ပစ်ရ ခက်ခဲအောင် ဗမာရွာသူ/သားတွေကို အသုံးပြုတိုက်နေတာလို့ သိရပါတယ် ခုလို ပြန်ပြောပြတဲ့ ရွာသားက ဥသျှစ်ပင်မြို့ပေါ်ကို ရောက်နေပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်

Crd

မြင်းမူသတင်း
==========

မြင်းမူမြို့နယ်ဆိပ်သာကျေးရွာအနီး
ထိတွေ့တိုက်ပွဲမှ

-အကြမ်းဖက် PDF ၁ လောင်း
-လက်လုပ်သေနတ် ၁ လက်
-လက်လုပ်ကျည်အိမ် ၁ ခု
-၉ မမကျည် ၅ တောင့်
-မိုင်းခွဲရီမု ၁ ခု
-ဆားကစ်ပြား ၁ ခု
-ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရ။
https://t.me/tharsitt007

မိုးဗြဲသတင်း
°°°°°°°°°°°°

မိုးဗြဲတိုက်ပွဲတွင် KNDF နှင့် PDF တို့အတွက်အမြဲ၀ါဒဖြန့်ချီလော်ဘီလုပ် ပေးနေသောမိုးဗြဲ PDF Nge  Lay ခေါ် ငယ်လေးသေဆုံးသွားကြောင်းသိရှိရ။

နွားထိုးကြီးသတင်း
=====================

နွားထိုးကြီးမြို့
အရှေ့ဘက် ၄မိုင်အကွာ၊
မြင်းခြံ-မန္တလေးသွားကားလမ်းမကြီးဘေး၊
ဖက်ခူး​ကျေးရွာအရှေ့ဘက် ၁မိုင်ခန့်အကွာ၊မြတောင်ကျေးရွာလမ်းခွဲ၏ အရှေ့ဘက်၁ဖာလုံခန့်အကွာတွင် နွားထိုးကြီးမြို့နယ် အကြမ်းဖက် PDF များမှ ဂိတ်ဖွင့်လှစ်ထားကြောင်း

အကြမ်းဖက် PDF များမှ
၎င်းနေရာတွင် သဲအိတ်များဖြင့်
ဘယ်ရီဂိတ်ပြုလုပ်ထားပြီး စားပွဲ ၃လုံးချကာ လမ်းသွားလမ်းလာ ကားဆိုင်ကယ်များကို စစ်ဆေးခြင်း၊ဆက်ကြေးကောက်ခြင်းကို မနက် ၆နာရီမှ ညနေ ၆နာရီထိ ပြုလုပ်လျက်ရှိကြောင်း၊

ထို့အပြင် ၎င်းတို့အလိုရှိ​​သောသူများကို ဖမ်း ဆီးနှိပ်စက်​ခြင်း၊ခေါ်ယူသတ်ဖြတ်ခြင်းများပြုလုပ်လျှက်သည်မှာ ၃လခန့်ရှိပြီဖြစ်ကြောင်း

၎င်းဂိတ်နေရာပတ်ဝန်းကျင်တွင်
ပစ်ကျင်းများ၊ဘန်ကာများ၊ဆက်သွယ်ရေးမြောင်းများပြုလုပ်ထားပြီး ၎င်းဂိတ်အနီးတွင် အာရာဖတ်အဖြူရောင်ကားတစ်စီးအမြဲရှိကာ  လက်လုပ်လေယာဥ်ပစ်လက်နက်ဟုယူဆရ​သော လက်နက်ကြီးတင်ထားသည့် လိုက်ထရပ်ကား ၁စီး မကြာမကြာတွေ့ရကြောင်း

(တာဝန်ရှိသူများသိရှိနိုင်ပါရန်)

မိတ္ထီလာ သတင်း
============

မိတ္ထီလာမြို့နယ်၊ရေချိုကျေးရွာနေ
မိတ္ထီလာမြို့နယ် ထွေ/အုပ် ဌာနခွဲစာရေး ဦးမြင့်အေးအား အကြမ်း ဖက်PDFများမှ
သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွား။

အကြမ်းဖက် TNLA/PDF များအား ချေမှုန်းသုတ်သင်ခြင်း
-
တိုက်ပွဲသတင်းစုံ

နောင်ချို၊ရွှေမုဌောရွာကိုဖေဖေါ်ဝါရီ၂၈ရက်ဒီညနေ၃နာရီ၁၅မိနစ်နဲ့၃နာရီ၂၅မိနစ်ဝန်းကျင် လေကြောင်းအပြင်းအထန်တိုက်ခိုက်သုတ်သင်ထားပါတယ်

အခုလက်ရှိစုံစမ်းရသလောက်အဆောက်အဦး၂လုံးကျောင်းဆောင်တစ်လုံးထိခိုက်ပျက်စီး

ဘပူ နဲ့ ဘပု တို့
နိုင်ငံတော် အဆင့် တွေ့ဆုံကြ
တော့မယ်ဆိုလို့ ဖျာတန်း
မီးစလောင်နေပါပီ 😁

#ThařSitț