သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံတုန်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးတို အပြန်အလှန် အချေအတင် စကားများခဲ့ကြပါတယ်။ ကနဦးကတော့ ယူကရိန်းရဲ့ မြေရှားသတ္တုတွေကို အမေရိကန်ကို တူးဖော်ခွင့်ပေးဖို စာချုပ်ချုပ်ကြဖို သမ္မတနှစ်ဦးတွေ့ဆုံကြတာပါ။ ရုရှားက ယူကရိန်းကို တိုက်နေတဲ့စစ်ကိုရပ်အောင် ညှိပေးမယ်လိုလည်း ထရမ့်က ပြောထားပါတယ်။ ဒါပေမဲ့ ယူကရိန်းဘက်ကတော့ ရုရှားဘက်က နောက်ထပ်မကျူးကျော်ပါဘူးဆိုတဲ့ လုံခြုံရေးအာမခံချက် အရင် ရချင်ပါတယ်။ တွေ့ဆုံပွဲအပြီးမှာတော့ မစ္စတာထရမ့်က ဆိုရှယ်မီဒီယာကနေ "ဇာလန်းစကီးဟာ အိမ်ဖြူတော်ကိုလာပြီး အမေရိကန်ကို မလေးမစားလုပ်သွားတယ်။ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ချိန်မှ သူပြန်လာနိုင်တယ်" ဆိုပြီး ရေးတင်ခဲ့ပါတယ်။ နှစ်ဖက်ပူးတွဲလုပ်ဖို စီစဥ်ထားတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်ခဲ့ပါတယ်။
ဇယ်လန်းစကီးဟာ အမေရိကန်သမ္မတ ဒုတိယ သမ္မတနဲ့ ဘဲဥပုံရုံးခန်းမှာ တင်းမာတဲ့ ဆွေးနွေးမှုအပြီးနှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပျက်သွားခဲ့ပြီး ဇယ်လန်းစကီးဟာ အိမ်ဖြူတော်ကနေ လိုက်ပို့တဲ့သူမပါပဲ ထွက်ခွာသွားခဲ့ရပါတယ်။
#ThařSitț