All about my Pedagogy @mooneducationchannel Channel on Telegram

All about my Pedagogy

@mooneducationchannel


A collection of my pedagogical knowledge and personal academic experiences of working as an EFL teacher

All about my Pedagogy (English)

Are you passionate about teaching and always looking for new ways to improve your pedagogical skills? Look no further than the 'All about my Pedagogy' Telegram channel, hosted by the username @mooneducationchannel. This channel is a treasure trove of valuable resources and insights into the world of education, specifically focusing on English as a Foreign Language (EFL) teaching. Whether you are a seasoned educator or just starting out in the field of teaching, this channel has something for everyone. @mooneducationchannel shares their personal academic experiences and pedagogical knowledge gained from years of working as an EFL teacher. You can expect to find tips on lesson planning, classroom management strategies, effective teaching techniques, and much more. One of the highlights of this channel is the interactive discussions and Q&A sessions where you can engage with other educators and exchange ideas and best practices. The supportive community of like-minded individuals makes this channel a valuable resource for professional development and growth. Joining the 'All about my Pedagogy' channel is like having a mentor at your fingertips, guiding you through the ups and downs of the teaching profession. Stay updated on the latest trends in education, discover innovative teaching methods, and connect with a network of educators from around the world. Don't miss out on this opportunity to enhance your teaching skills and become a more effective educator. Join the 'All about my Pedagogy' Telegram channel today and take your pedagogical knowledge to the next level!

All about my Pedagogy

26 Jan, 15:01


𝐍𝐚𝐫𝐫𝐚𝐭𝐢𝐯𝐞 𝐖𝐫𝐢𝐭𝐢𝐧𝐠: 𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐨𝐟 𝐒𝐭𝐨𝐫𝐲𝐭𝐞𝐥𝐥𝐢𝐧𝐠

ခုပြောမယ့် Narrative writing ဆိုတာ Academic composition နဲ့ story ပေါင်းထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

Essay ရေးနည်းတွေ သင်ပေးရ၊ ရေးထားတာလေးတွေ ကြည့်ပေးရတဲ့ထဲမှာ ဖတ်ရတာသဘောအကျဆုံးပါပဲ။

ပုံပြောသလို စိတ်၀င်စားစရာကောင်းအောင် စီကာပတ်ကုံးဖော်ပြရတဲ့ ဒီအရေးပုံစံက ကိုယ့်ဘ၀တလျှောက်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ‌ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ အခက်အခဲတွေ၊ ချမှတ်ထားတဲ့ ဘ၀ရည်မှန်းချက်တွေ၊ ဒါတွေအပေါ်ထားတဲ့ခံယူချက်နဲ့အမြင်တွေ၊ ဒီလိုအဖြစ်အပျက်တွေကြားကရခဲ့တဲ့သင်ခန်းစာတွေနဲ့အတူ ကိုယ်ရဲ့ဦးဆောင်နိုင်မှုစွမ်းရည် (leadership skill)၊ ပြသနာတခုကို ချဉ်းကပ်ဖြေရှင်းနိုင်မှုစွမ်းရည် (problem solving skill)၊ အများနဲ့လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့စည်းရုံးရေးစွမ်းရည် (social and communication skills) စတာတွေကို ဖော်ထုတ်ပြသခွင့်ပေးပါတယ်။

AI ကိုရေးခိုင်းဖို့ မလွယ်တဲ့အရေးပုံစံလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုစာစီစာကုံးမျိုးကို University Admission Process အတွက် scholarships တွေလျှောက်ရတဲ့အခါ၊ ဒါမှမဟုတ် တခြား application တွေလျှောက်တဲ့အခါမှာ ရေးရလေ့ရှိပါတယ်။

📝 တွေ့ရလေ့ရှိတဲ့ ခေါင်းစဉ်တချို့ကတော့

🔹Think about an incident or experience in your life that make a great story.
🔹Describe a problem or challenging situation that you resolved.
🔹Consider an event/events/that changed your life.

📝 Essay format အတိုင်း Narrative essay မှာလဲ Introduction, Body နဲ့ Conclusion ဆိုပြီးရှိပါတယ်။

မတူတာက Narrative essay တွေရဲ့ Introduction မှာ thesis statement ကို စိတ်၀င်စားစရာအဖြစ်အပျက်၊ အကြောင်းအရာတခုခုနဲ့ ပေးရတာပါ။

စာကိုယ်ပိုင်းမှာ အဲဒါအတွက် အကျယ်တ၀င့်ရှင်းပြပေးပြီး နိဂုံးပိုင်းက ဒါကိုဖြေရှင်းနိုင်တဲ့ သဘော၊ ဒီကတဆင့် သင်ခန်းစာယူနိုင်တဲ့သဘောမျိုး ရေးရပါတယ်။

📝 Format အနေနဲ့မှတ်မယ်ဆိုရင်

🔹Introduction (Start with a hook/Set up)
🔹Body
🔹Problems (actions, events, activities)
🔹Conclusion (climax) ဆိုပြီးမှတ်နိုင်ပါတယ်။

ဒီ format အတိုင်း ဥပမာတခု ပေးရရင် ငယ်ငယ်က ပညာရေးအားမပေးတဲ့ မိသားစုမှာကြီးပြင်းခဲ့ရတယ်။ ရွာမှာကျောင်းမရှိတော့ အနီးဆုံးမြို့ကို ခြေလျင်သွားပြီးတက်ခဲ့ရတယ်။ လျှပ်စစ်မီး မရှိ၊ စာအုပ်ဖိုး မရှိ၊ အစစအရာရာ မပြည့်စုံတဲ့ကြားက ပညာရေးမှာအောင်မြင်လာအောင် ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့တယ် ဆိုတာမျိုးရေးပြတာပါ။

တခြား Academic Essays တွေနဲ့စာရင် သူက Less formal ပုံစံဖြစ်တဲ့အတွက် ရေးတဲ့အခါ 1st person (I) နဲ့ second person (he, she, it, they) စသည့်ဖြင့်သုံးရေးရပြီး ကိုးကားရေးရတာလည်း မရှိသလောက်ပါပဲ။

Chronological order နဲ့ရေးရလေ့ရှိပြီး ကိုယ့်ရဲ့အဖြစ်အပျက်၊ အတွေ့အကြုံတွေကိုဖတ်ရင်းနဲ့ စိတ်ကူးပုံဖောင်နိုင်အောင် မြင်သာတဲ့စကားလုံး (vivid words) တွေသုံးပြီး အသေးစိတ်ရေးပေးရပါတယ်။

လေ့ကျင့်ရတာမလွယ်ပေမယ့် ဒီတခေါက် Essay Writing (Batch- 9) က ဒီသဘောတွေအကုန်ရကြတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့စာစီစာကုံးနိဒါန်းတွေကို တချက်ကြည့်ပါ၊ ဘာဆက်ဖြစ်မှာလဲ၊ ဘယ်လိုတွေကြုံရမလဲ စိတ်၀င်စားစရာကောင်းအောင် ဖွင့်ထားကြတာကိုတွေ့ပါလိမ့်မယ်။

To explore more about 'Essay Writing Class' in the comment.

❤️
Moon
26.1.25
#allaboutmypedagogy@mooneducationchannel

All about my Pedagogy

25 Jan, 03:42


Understanding paragraph structure

စာပိုဒ်ဖွဲ့စည်းပုံကို သေချာနားလည်ရင် စာစီစာကုံးရေးရတာ မခက်တော့ပါဘူး၊ ဒါကြောင့် ဒီအပိုင်းကို သေချာအချိန်ယူရှင်းပြတာပါ၊ သူ ဒါကိုသဘောပေါက်သွားတဲ့အတွက်လည်း အများကြီး၀မ်းသာမိပါတယ်။

Understanding paragraph structure is crucial because it lays the foundation for clear and organized communication.
1. Coherence: Essays are built from paragraphs, so mastering paragraph structure ensures the essay flows logically and cohesively.
2. Ideas: A well-structured paragraph helps focus on a single main idea, making it easier to develop and support arguments in an essay.
3. Clarity: Proper paragraph structure ensures clarity, making it easier for readers to follow the writer’s train of thought.
4. Skill Transfer: Knowing how to structure a paragraph helps writers approach essay sections (e.g., introduction, body, and conclusion) more effectively.
5. Organization: Strong paragraphs prevent an essay from becoming a collection of scattered thoughts.

All about my Pedagogy

24 Jan, 13:04


They inspire you, you inspire them!

Recorded Class က သင်တန်းသားတွေကို တကယ်ကြီးနားလည်စေချင်တာက ကိုယ်ပုံမှန်စာလုပ်နိုင်ရုံနဲ့ ကိုယ်တိုင်ယုံကြည်ချက်‌တိုးလာပြီး ပိုစီမံခန့်ခွဲလာနိုင်ရုံသာမက သူများတွေအတွက် အများကြီးအားဖြစ်တယ်ဆိုတာပါ 💪🍀

စလုပ်ကြပါ၊ ဆက်လုပ်ပါ ❤️

All about my Pedagogy

23 Jan, 14:18


It's great to be inspired by mentors, teachers, coaches and online influencers but it's even better to be inspired by your own progress accomplishments and dreams.

Stefanie, The English Coach

သင်ကြားပို့ချပေးတဲ့ဆရာတွေ၊ လမ်းညွှန်ပြသပေးသူတွေ၊ ဦးဆောင်နည်းပြသူတွေ၊ လူမှုကွန်ယက်မှာ နာမည်ကြီးနေကြသူတွေ၊ အထူးသဖြင့်သူတို့ရဲ့‌
အောင်မြင်မှု‌တွေနဲ့ ဘယ်လိုအောင်မြင်အောင်လုပ်ရမယ်ဆိုတဲ့နည်း‌ပေးလမ်းညွှန်မှုတွေကိုကြည့်ပြီး စိတ်ဓာတ်တက်ကြွကြတာ ကောင်းပါတယ်။ 🤝

အဲဒါထက် ကိုယ်တိုင်ရဲ့တိုးတက်လာမှုတွေ၊ အောင်မြင်မှုတွေ၊ ချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်အတိုင်းပြီးမြောက်အောင်မြင်အောင်လုပ်နိုင်မှု‌တွေအပေါ် ဂုဏ်ယူရတာ၊ စိတ်ခွန်အားဖြစ်ရတာမျိုးက ပိုကောင်းပါတယ်။ 💪🏻

Learn more about "A new way to learn English writing (recorded video class)"
https://t.me/mooneducationchannel/459

☘️
Moon
23.1.25

All about my Pedagogy

21 Jan, 09:03


Congrats on your accomplishments!

Another student has emerged in the very first month of 2025, starting the year with progress, self-management, and building positive habits.

Every time a student completes all the video lessons, I feel truly delighted and proud.
It’s not only a reflection of their consistent effort, time management, and self-motivation but also an inspiration to others, showing them that they too can achieve success.

This student has shared that she was inspired by previous students’ achievements to push herself and complete the lessons.

I believe her accomplishment will, in turn, motivate other students as well!

Keep up the good work!
Teacher and classmates
👏🏻🎉

All about my Pedagogy

21 Jan, 09:01


Congrats on your accomplishments!

၂၀၂၅ နှစ်စပထမလမှာ တိုးတက်အောင်မြင်ခြင်း၊ ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲနိုင်ခြင်း၊ အလေ့အကျင့်ကောင်းတွေတည်ဆောက်နိုင်ခြင်း စတဲ့ ကောင်းခြင်းတွေနဲ့ စ နိုင်ခဲ့တဲ့ သမီးနောက်ထပ်တယောက်ပေါ်လာပါပြီ။

သင်တန်းသားတယောက်ယောက် ဗီဒီယိုသင်ခန်းစာတွေကိုပြီးအောင် လေ့လာနိုင်တိုင်း ကျွန်မတကယ့်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ဂုဏ်လည်းယူပါတယ်။

ဒါဟာ သူတို့ရဲ့ စနစ်တကျကြိုးစားမှု၊ အချိန်ကိုစီမံခန့်ခွဲနိုင်မှု၊ ကိုယ့်ကိုယ်ကို လုပ်ဖြစ်အောင်တွန်းအားပေးနိုင်မှုတွေကို ပြနိုင်ရုံသာမက တခြားသင်တန်းသားတွေကိုပါ “သူတို့လည်း အောင်မြင်နိုင်တယ်” ဆိုပြီး အားပေးရာလည်းရောက်ပါတယ်။

သမီးကိုယ်တိုင်ကလည်း ရှေ့ကသင်တန်းသားတွေကို အားယူပြီးသင်ခန်းစာတွေလေ့ကျင့်ခဲ့တဲ့အကြောင်း ပြန်ပြောပြထားပါတယ်။ သမီးရဲ့ ဒီခြေတလှမ်းကကျန်တဲ့သင်တန်းသားတွေလည်း အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

Love,
Teacher and classmates

All about my Pedagogy

19 Jan, 09:10


A new way to learn English speaking

I'm impressed by how much they've improved in just two weeks! 👏🏻 👏🏻 👏🏻

Keep up the great effort! 💪🏻

All about my Pedagogy

15 Jan, 14:56


𝐓𝐞𝐚𝐦 𝐌𝐢𝐧𝐝𝐬𝐞𝐭

ဒီတခါ ဆရာတွေအတွက်သင်တန်းမှာ ဆရာတယောက်က "ကျောင်းသားရဲ့အမှားကို ထောက်ပြတော့မယ်ဆိုရင် တဖက်တည်းရပ်ဖို့" အကြံပေးတာကို သဘောကျကြောင်းရေးထားတာတွေ့ပါတယ်။ သတိထားရမယ့်အချက်တွေအများကြီးထဲမှာမှ ဆရာက ဒီအချက်ကိုရလိုက်တဲ့အတွက်လည်း ၀မ်းသာမိပါတယ်။

တကယ်တော့ ဒီလိုသဘောထားမျိုးက စာသင်တဲ့နေရာမှာသာမဟုတ်၊ နေ့စဉ်လူမှုဘ၀ဆက်ဆံရေးကိစ္စတွေမှာလည်း အသုံး၀င်ပါတယ်။

ဥပမာ၊ ပြသနာတခုကို ပြောပြတဲ့အခါ "နင်ဘယ်လိုလုပ်မလဲ" ဆိုတာထက် "ငါတို့ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ" ဆိုတာက ပြသနာဖြစ်နေတဲ့သူငယ်ချင်းအတွက် အများကြီးပိုအားဖြစ်စေပါတယ်။

အမှားလုပ်မိတဲ့အခါ 'နင်လုပ်တာ အသုံးမှမကျတာ' လို့ ပြောမယ့်အစား 'ငါတို့ဘယ်မှာဘယ်လိုမှားသွားလဲ ဆိုတော့" လို့ ပြောတာက အမှားလုပ်မိလို့စိတ်ညစ်နေတဲ့သူအတွက်သာမက အပြစ်တင်ချင်တဲ့စိတ်‌တွေနဲ့ မချင့်မရဲဖြစ်နေတဲ့ကိုယ်တိုင်အတွက်ပါ သက်သာရာရစေပါတယ်။

သူနဲ့ကိုယ်က တဖွဲ့တည်းလို့ စဉ်းစားလိုက်ရင် သူ့အမှားက သူနဲ့ကိုယ်တူတူဖြေရှင်းရမယ့်ကိစ္စဖြစ်လာပါတယ်။

သင်ကြားရေးနဲ့ပတ်သက်ပြီးထပ်ဖြည့်ပြောရမယ့်ဆိုရင်လည်း ကျောင်းသားက ပေးထားတဲ့ခေါင်းစဉ်နဲ့ မဆီလျော်တာရေးလာတယ်ဆိုရင် "ဟဲ့ ခေါင်းစဉ်သေချာမဖတ်ဘူးလား" လို့ တန်းပြီးထောက်ပြတာထက် "အများကြီးအားထုတ်ရေးထားတာပဲ၊ ဖတ်ကြည့်လိုက်တော့ ဆိုလိုချင်တာဒီသဘောမျိုးရတယ်၊ ဟုတ်လား။ ခေါင်းစဉ်နဲ့ ထည့်ရေးရမယ့်အချက်လေးတွေတချက်ပြန်ကြည့်ရအောင်" ဆိုတဲ့ အပြုသဘောဆောင်တဲ့ဝေဖန်မှုမျိုးက ပိုထိရောက်နိုင်ပါတယ်။

ကျောင်းသားအနေနဲ့လည်း ကိုယ်ထောက်ပြတာကို ပိုပြီးလက်ခံလာမယ်၊ အမှားလုပ်မိလို့ စိုးရိမ်တာ၊ ပူပန်ကြောင့်ကြတာမျိုးထက် ဘယ်လိုအဆင်ပြေအောင်ပြန်လုပ်ရမလဲဆိုတာကို ပိုစဉ်းစားဖြစ်မယ်၊
ဆရာအပေါ် လေးစားချစ်ခင်ယုံကြည်မှုလည်း တိုးလာနိုင်ပါတယ်။

တနေ့‌တနေ့ အမှားပြင်ပေးရတဲ့အလုပ်၊ ဝေဖန်ထောက်ပြဆွေးနွေးရတဲ့အလုပ်၊ အကြံပေးရတဲ့အလုပ်တွေကို အများဆုံးလုပ်နေရတဲ့ ကျွန်မအနေနဲ့လည်း ဒီလို Team mindset မျိုးထားဖို့ ကိုယ့်ကိုယ်ကိုမကြာခဏသတိပေးရပါတယ်။
▬▬▬▬▬▬▬▬▬▬▬▬
Team Mindset

Recently, I came across a note from a teacher in one of the training sessions, emphasising the idea of “standing on the same side” when pointing out a student’s mistakes. I was delighted to see this highlighted as a key takeaway among many other important ideas.

In fact, this kind of mindset isn’t just useful in teaching, but also in everyday relationships and social interactions.

For example, when discussing a problem, asking “What can 𝐖𝐄 do to resolve this?” is far more encouraging to a struggling friend than asking, “What are YOU going to do about it?”

Similarly, when someone makes a mistake, saying, “Where did 𝐖𝐄 go wrong?” instead of “What YOU did wasn’t helpful at all,” can provide comfort not only to the person feeling upset about their mistake but also to ourselves, as it prevents us from falling into the trap of being overly critical or judgmental.

By thinking of ourselves and others as being on the same team, mistakes become shared issues to resolve together, fostering a sense of collaboration and mutual support.

When it comes to teaching, this approach is equally effective. For instance, if a student writes something off-topic in response to an assignment prompt, instead of immediately saying, “Didn’t YOU read the prompt carefully?” a teacher might respond, “You’ve clearly put a lot of effort into this. Let’s take a look at the prompt again to make sure the key points are included.” This type of constructive feedback is often more impactful.

As a result, students are more likely to accept feedback, worry less about their mistakes, and focus on how to improve. They also tend to think more critically about how to refine their work. In addition, this fosters respect, trust, and admiration for the teacher.

As someone who regularly provides feedback, corrections, and advice, I often remind myself to adopt this Team Mindset. It’s a simple yet powerful way to make interactions, whether in the classroom or in daily life, more positive, supportive, and productive.

#𝑀𝑜𝑜𝑛
15.1.25

#allaboutmypedagogy
#growthmindest
#teammindset

All about my Pedagogy

13 Jan, 15:38


Happy Mother's Day❤️💐

Behind every lady admired for her grace, intelligence, and knowledge is a mother who dedicated herself to meeting her needs, ensuring her safety and happiness, and nurturing her with unwavering care.

လိမ္မာတယ်၊ ထက်မြက်တယ်၊ သိတတ်တယ် စသည့်ဖြင့် လူတွေအသိအမှတ်ပြုချီးကျူးနေကြတဲ့အမျိုးတဦးရဲ့နောက်ကွယ်မှာ သူ့ရဲ့လိုအပ်ချက်တွေကိုပံ့ပိုးဖြည့်ဆည်းပေးရင်း သူလုံခြုံပျော်ရွှင်အောင်တတ်စွမ်းသမျှ ကြိုးစားပြုစုပျိုး‌ထောင်ခဲ့တဲ့မိခင်တဦးရှိနေတတ်ပါတယ်။

💕👩‍🍼🍀

All about my Pedagogy

13 Jan, 03:35


𝐖𝐡𝐚𝐭 𝐃𝐨𝐞𝐬 𝐈𝐭 𝐌𝐞𝐚𝐧 𝐭𝐨 𝐁𝐞 𝐚 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥?

ဒီတပတ်ဆရာတွေကို ပို့ချရတဲ့သင်တန်းမှာ Professionalism နဲ့ပတ်သက်ပြီး ဖတ်ဖို့စာအုပ်တွေနဲ့ ကျွန်မရေးခဲ့သမျှစာတိုပေစလေးတွေကိုပါ မျှဝေပေးဖြစ်ခဲ့ပါတယ်။

များသောအားဖြင့် နယ်ပယ်တခုခုမှာကျွမ်းကျင်လာပြီ၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုအတွက် အများက အခကြေးငွေ ပေးလာရပြီ၊ ဒီအလုပ်နဲ့အသက်‌
မွေး၀မ်းကြောင်းပြုနိုင်လာပြီဆိုရင် ပညာရှင် (professional) ဖြစ်လာပြီလို့ ဆိုကြပါတယ်။

တကယ်တော့ ပြည့်စုံအောင်ပြောရမယ်ဆိုရင် ပညာရှင်ဆိုတာ ကိုယ်လုပ်မယ့်အလုပ်နဲ့ပတ်သက်ပြီး ငွေကြေးရတာအပြင် လုံလောက်တဲ့လေ့ကျင့်ထားမှု (training)၊ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု (experiences and expertise) ၊ ပညာရပ်နဲ့ပတ်သက်ပြီး မပြတ်လေ့လာဆည်းပူးနေမှု (continuous learning) ကစလို့ ကိုယ်နှုတ်အမှုအရာစောင့်စည်းထိန်းသိမ်းနိုင်မှု (self-control) နဲ့ အများနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှု (collaboration) တွေအထိ အကျူံး၀င်ပါတယ်။

ပရိုဆန်တယ်၊ ပရိုမဆန်ဘူး၊ ပရိုကျတယ် ဆိုပြီးအလွယ်ပြောနေတာရဲ့နောက်ကွယ်မှာ ထားရှိရမယ့်စိတ်နေစိတ်ထားနဲ့ ကိုယ်နှုတ်အမှုအရာကစလို့ ကိုယ်လုပ်တဲ့အလုပ်အ‌ပေါ်တာ၀န်ယူမှု၊ တာ၀န်ခံမှုတွေအထိ ဖတ်မှတ်လေ့လာ၊ အတုယူပြီး အားထုတ်လေ့ကျင့်ရတာတွေရှိပါတယ်။

သင်ကြားပြသလမ်းညွှန်ရတဲ့ဆရာအလုပ်ဆိုတာ ပညာရှင်ဆန်တဲ့အလုပ်ဖြစ်တာကြောင့် ဆရာ/မတွေက ပညာရှင်ဆန်တယ်ဆိုတာ ဘယ်လိုမျိုးလဲသေချာသဘောပေါက်ထားဖို့လိုပါတယ်။

ဒီခေါင်းစဉ်ကို တယောက်တည်းပြောပြတာ၊Lecture တခုတည်းကနေ နားလည်တာထက် ဆရာတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖတ်မှတ်လေ့လာပြီး ကိုယ့်ရဲ့ပရိုဆန်တဲ့ပုံရိပ်တခုဖြစ်လာအောင် သတ်သတ်မှတ်မှတ်လေ့ကျင့်စေချင်တာကြောင့် ဖတ်ဖူးတဲ့စာအုပ်တချို့နဲ့ ကိုယ်တိုင်တွေး၊ ရေးထားဖူးတဲ့စာတိုပေစလေးတွေကိုပါ ပြန်စုစည်းမျှဝေလိုက်ပါတယ်။
................
This week, during the training session for teachers, I shared some books related to professionalism along with short articles I had written.

Generally, people believe that when someone becomes skilled in a particular field, starts earning money for their expertise, and makes a living out of that work, they have become a professional.

However, to fully define what it means to be a professional, it goes beyond just earning money. It involves adequate training, experience, and expertise in the field, continuous learning, self-discipline, and the ability to collaborate effectively with others.

When we casually label someone as “professional” or “not professional,” it is important to understand that this also involves the mindset and conduct they bring to their work. It includes taking responsibility for one’s actions, committing to the work they do, and consistently learning and improving by observing, studying, and practicing.

Since teaching is inherently a professional occupation, it is essential for teachers to fully understand what it means to be a professional in their role.

Instead of merely giving a lecture on this topic or expecting teachers to understand from one session alone, I aim to encourage them to read broadly, think critically, and consistently develop their professional image. That’s why I’ve compiled books I’ve read and my own reflections and articles to share with them.

*𝑄𝑢𝑎𝑙𝑖𝑡𝑖𝑒𝑠 𝑜𝑓 𝐸𝑓𝑓𝑒𝑐𝑡𝑖𝑣𝑒 𝑇𝑒𝑎𝑐ℎ𝑒𝑟𝑠 𝑏𝑦 𝐽𝑎𝑚𝑒𝑠 𝐻. 𝑆𝑡𝑟𝑜𝑛𝑔𝑒
https://drive.google.com/file/d/1SwRmK_VLy79H-dzL0bKpyscgill0POhX/view?usp=sharing

*𝑊ℎ𝑎𝑡 𝑒𝑥𝑝𝑒𝑟𝑡 𝑡𝑒𝑎𝑐ℎ𝑒𝑟𝑠 𝑑𝑜 𝑏𝑦 𝐽𝑜ℎ𝑛 𝑅𝑜𝑢𝑔ℎ𝑟𝑎𝑛
https://drive.google.com/file/d/1x8VmO-DRp47VmYS7S7_fLcZU5WmLQdQ2/view?usp=drive_link

*𝑊ℎ𝑎𝑡 𝑘𝑖𝑛𝑑 𝑜𝑓 𝑡𝑒𝑎𝑐ℎ𝑒𝑟 𝑑𝑜 𝑦𝑜𝑢 𝑤𝑎𝑛𝑡 𝑡𝑜 𝑏𝑒?
https://t.me/mooneducationchannel/1026

*𝑊ℎ𝑜 𝑑𝑜 𝑦𝑜𝑢 𝑎𝑑𝑚𝑖𝑟𝑒 𝑎𝑛𝑑 𝑙𝑜𝑜𝑘 𝑢𝑝 𝑡𝑜 𝑎𝑠 𝑎 𝑟𝑜𝑙𝑒 𝑚𝑜𝑑𝑒𝑙? https://t.me/mooneducationchannel/1067

*𝑃𝑒𝑑𝑎𝑔𝑜𝑔𝑦
https://t.me/mooneducationchannel/1085

*𝑆𝑢𝑏𝑗𝑒𝑐𝑡 𝑒𝑥𝑝𝑒𝑟𝑡𝑖𝑠𝑒, 𝑙𝑎𝑛𝑔𝑢𝑎𝑔𝑒 𝑝𝑟𝑜𝑓𝑖𝑐𝑖𝑒𝑛𝑐𝑦, 𝑎𝑛𝑑 𝑣𝑎𝑟𝑖𝑜𝑢𝑠 𝑡𝑒𝑎𝑐ℎ𝑖𝑛𝑔 𝑚𝑒𝑡ℎ𝑜𝑑𝑠
https://t.me/mooneducationchannel/1048

*𝑇ℎ𝑒 7 𝐻𝑎𝑏𝑖𝑡𝑠 𝑜𝑓 𝐻𝑖𝑔ℎ𝑙𝑦 𝐸𝑓𝑓𝑒𝑐𝑡𝑖𝑣𝑒 𝑃𝑒𝑜𝑝𝑙𝑒" 𝑏𝑦 𝑆𝑡𝑒𝑝ℎ𝑒𝑛 𝑅. 𝐶𝑜𝑣𝑒𝑦

*𝑀𝑖𝑛𝑑𝑠𝑒𝑡: 𝑇ℎ𝑒 𝑁𝑒𝑤 𝑃𝑠𝑦𝑐ℎ𝑜𝑙𝑜𝑔𝑦 𝑜𝑓 𝑆𝑢𝑐𝑐𝑒𝑠𝑠" 𝑏𝑦 𝐶𝑎𝑟𝑜𝑙 𝑆. 𝐷𝑤𝑒𝑐𝑘
https://drive.google.com/file/d/1dX3UGlmNlRqzSFlWYH-vKkJOMXT-MFsi/view?usp=drive_link

*အချစ်ရဲ့နောက်ဆက်တွဲစာမျက်နှာ (၀င်း၀င်းလတ်)

*ပရော်ရှင်နယ်တယောက်ဖြစ်ဖို့ဆိုရင် (ဒေါက်တာဖြိုးသီဟ)

☘️
Thawdar Lwin
11.1.2025

All about my Pedagogy

12 Jan, 04:06


I inspire you. You inspire me. 🍀 📚

All about my Pedagogy

10 Jan, 10:40


တူတူစာဖတ်ကြမယ်

သင်တန်းတတန်းပြီးသွားတိုင်း ဒီအတန်းပြီးရင်ဘယ်အဆင့်ပြီးသွားတယ်၊ ဘာတွေဆက်လေ့လာရမယ်၊ ဘယ်စာအုပ်တွေဖတ်နိုင်တယ်ဆိုတာကို ပြောပြဖြစ်ပေမယ့် ဒီနှစ်မှာတော့ တခါတည်းဖတ်မယ့်စာအုပ်ကိုရွေးခိုင်းတဲ့အထိ တွန်းအားပေးဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီပထမပတ်မှာ ဆရာတွေအတွက်ဖွင့်တဲ့ A new way to teach နဲ့ ကျောင်းသားတွေအတွက်A new way to learn English writing၊ Academic Writing အတန်း ၂ ခု ပြီးပါတယ်။

ဆရာတွေက Happy Money ကို ရွေးထားကြပြီး ကျန်တဲ့သင်တန်းသားတွေက
Chicken soups for the soul
Th psychology of money
Letters from Burma
The art of communication စတဲ့စာအုပ်တွေကို ဖတ်ဖို့ရွေးကြပါတယ်။

ကိုယ်ရွေးပေးတဲ့ထဲကမဟုတ်ဘဲ သူတို့ဘာသာရွေးလာပြီးပြောကြတာလဲရှိပါတယ်။

2025 မှာ တီချယ် စဖတ်ဖြစ်တဲ့ စာအုပ်က ဆရာမ၀င်း၀င်းလတ်ရဲ့ "အချစ်ရဲ့နောက်ဆက်တွဲစာမျက်နှာများ" ပါ၊ လူတွေရဲ့သဘောသဘာ၀၊ ကံတရားရဲ့အလှည့်အပြောင်းတွေနဲ့အတူ ပညာရှင်ဆန်ကြသူတွေရဲ့ စိတ်နေသဘောထားနဲ့ ခံယူချက်တွေပါလေ့လာခဲ့ရတဲ့အတွက် Professionalism နဲ့ပတ်သက်ပြီး ဆရာတွေကိုတောင်ဖတ်ဖို့တိုက်တွန်းထားပါတယ်။

ဒုတိယဖတ်ဖြစ်တဲ့စာအုပ်က နိုဘယ်ဆုရှင် Vietnamese ဆရာတော်ရဲ့ The art of communication ပါ၊ စာအုပ်လေးက စာမျက်နှာ ၁၀၀ တောင်မပြည့်ပါဘူး၊ ရိုးရှင်းထိမိတဲ့အရေးအသားကြောင့် ဖတ်ရတာလွယ်တဲ့အပြင် လက်တွေ့လိုက်လုပ်နိုင်တာလေးတွေလည်း ပေးထားပါတယ်။

အမြဲလို လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံနေရတဲ့ဘ၀မှာ စကားပြောဆိုတာအဆင်မပြေရင် အများကြီးစိတ်ပင်ပန်းကြရပါတယ်၊ တနေ့တနေ့ တွေးတာပြောတာ လုပ်တာတွေ မှန်ကန်နိုင်ဖို့ ချင့်ချိန်နိုင်ဖို့ မေတ္တာပါတဲ့စကားတွေပိုပြောနိုင်ဖို့ အားလုံးဖတ်သင့်ပါတယ်။

၂၀၂၅ မှာ တီချယ်နဲ့တူတူစာဖတ်မယ်ဆိုရင် ဖတ်မယ့်စာအုပ်လေး comment မှာ ရွေးပေးခဲ့ပါ၊ ပြီးရင် ကိုယ့်ရွေးထားတဲ့အတိုင်းပြီးအောင်ဖတ်ပါ၊ ဖတ်ပြီးရင်ပြီးတဲ့ကြောင်းဒီမှာပြန်လာပြောပြပေးပါ 🍀

ချစ်တဲ့
Moon
10.1.25

All about my Pedagogy

08 Jan, 13:22


Both "Academic writing class" and "A new way to learn English writing" classes will be rescheduled for this coming Saturday. We apologize for any inconveniences caused.

Admin

All about my Pedagogy

06 Jan, 11:46


🌟𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐖𝐫𝐢𝐭𝐢𝐧𝐠

ဒီအတန်းက A new way to learn English writing တက်ပြီးသူများ၊
အခြေခံဝါကျဖွဲ့စည်းပုံများနှင့်သဒ္ဒါပိုင်းသိထားသူများ၊
တက္ကသိုလ်အဆင့် အင်္ဂလိပ်စာအရေးအသားတိုးတက်ချင်သူများ၊
မဟာဘွဲ့၊ ပါရဂူဘွဲ့အတွက် သုတေသနကျမ်းပြုစုနေကြသူများအတွက်ရည်ရွယ်ပါတယ်။

Zoom meeting မှတဆင့်သင်ကြားမှာဖြစ်ပြီး google classroom မှတဆင့် reading and writing materials နှင့် assignments များပေးမှာဖြစ်ပါတယ်။

အနည်းဆုံး (pre-intermediate level) ရှိထားမှအဆင်ပြေပါမယ်။

🌟Course Outline

🔸Features of academic writing
🔸Developing your writing style
🔸Avoiding plagiarism
🔸Summarizing and paraphrasing
🔸Editing and proofreading
🔸Writing academic essays

ပုံမှန်စာသင်ချိန်အပြင် စာဖြည့်ဖတ်ပြီး ဆွေးနွေးရတာတွေလည်းရှိတာမို့ အိမ်စာလုပ်ဖို့၊ စာကြိုဖတ်ဖို့၊ ဖြည့်ဖတ်ဖို့ အချိန်ပေးဖို့လိုပါမယ်။

ပုံမှန်အတန်းတက်ရန် အချိန်မရသူများ ဒီအတန်းကို recorded video lectures များမှတဆင့်တက်ရောက်နိုင်ပါတယ်။

Starting date: 8.1.25
Duration: 4 weeks
Date: Wed, Sat, Sun
Time: 6-7 PM
Fee: 150000 MMK

သင်တန်းသားဟောင်းများက ၁၅% သက်သာခွင့်ရရှိမှာဖြစ်ပြီး Public မှာ လိုအပ်သူများမြင်နိုင်ရန် မျှဝေပေးသူများက ၁၀% သက်သာခွင့်ရရှိမှာဖြစ်ပါတယ် ☘️

All about my Pedagogy

06 Jan, 05:36


The new class will start on Wednesday (8.1.25)! 🍀

All about my Pedagogy

06 Jan, 05:34


🌟 𝐀 𝐍𝐞𝐰 𝐖𝐚𝐲 𝐭𝐨 𝐋𝐞𝐚𝐫𝐧 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐖𝐫𝐢𝐭𝐢𝐧𝐠 (Batch -26)

အင်္ဂလိပ်စာကို မူလတန်းအဆင့်မှ အခြေခံပညာထက်ဆင့်ပြီးတဲ့အထိ တောက်လျှောက်သင်ယူလာခဲ့ပေမယ့် လက်တွေ့ရေးဖို့ဖြစ်လာတဲ့အခါ

🔸ဘယ်ကစရမှန်းမသိတာတွေ၊
🔸ငယ်ငယ်ကသင်ထားတဲ့ သဒ္ဒါတွေ ရောထွေးကုန်တာတွေ၊
🔸သဒ္ဒါလည်းသတိမရ၊ ဘယ်ကစရမှန်းလည်း မသိတော့တာတွေ၊
🔸သိသလိုလိုရှိပြီး ချရေးလိုက်ရင် ကိုယ့်အရေးအသားကို စိတ်တိုင်းမကျတာတွေ၊

အင်္ဂလိပ်စာဖတ်ဖို့ကြိုးစားတဲ့အခါမှာလည်း
🔸ဆိုလိုရင်းပေါ်လွင်အောင် မဖတ်နိုင်တာတွေ၊
🔸စကားလုံးအဓိပ္ပာယ်တွေမသိရာက ဖတ်ရင်းရှေ့မရောက်တာတွေ ဖြစ်နေတဲ့သူတွေအတွက် ကိုယ်သိထားတာတွေ ပြန်ဖော်ထုတ်ပြီး နိုင်ငံတကာသုံးဘာသာစကားတစ်ခုကို လက်တွေ့မှာ စနစ်တကျဖတ်နိုင်၊ ရေးနိုင်ဖို့အတွက်လေ့ကျင့်ရမယ့်အတန်းဖြစ်ပါတယ်။

🔸IELTS, ToEFL, စတဲ့ test တွေမှာ academic essays ရေးရမယ့်သူတွေ အတွက်လည်းသင့်တော်ပါတယ်။

☘️ Course Outline

🔸Introduction to Effective Writing
🔸Sentence Structure
🔸Tenses
🔸The Development of a Paragraph
🔸Paraphrasing and Summarizing
🔸Essay Writing

𝐃𝐚𝐭𝐞: Wed, Sat, Sun
𝐓𝐢𝐦𝐞: 8-9 𝐏𝐌
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧: 4 𝐰𝐞𝐞𝐤𝐬
𝐅𝐞𝐞: 88000 𝐌𝐌𝐊 (15% for old students)

ဒီအတန်းကို recorded video lectures များမှတဆင့်တက်ရောက်လေ့လာနိုင်ပါတယ်။

https://t.me/mooneducationchannel/459
.................................................................

🌟မှတ်ချက်

▪️အတန်းတက်လျှင် အတန်းအပ်ထားသောနာမည်ကို အသုံးပြုရမည်ဖြစ်ပြီး network အဆင်မပြေချိန်များမှအပ camera ဖွင့်ထားရပါမည်။

▪️အတန်းတိုင်းကို zoom meeting မှ တဆင့်သင်ကြားပေးပြီး မရှင်းလင်းလျှင် telegram group မှတဆင့် မေးမြန်းဆွေးနွေးနိုင်ပါသည်။

▪️ကိုးကားထားသော မူရင်းစာအုပ်များနှင့် lecture notes များကို google classroom တွင်ပေးထားပါမည်။

▪️အတန်းတွင်း အပြန်အလှန်ဆွေးနွေးပြီး လက်တွေ့ရေးသားလေ့ကျင့်ရသောပုံစံဖြင့် သင်ကြားမည်ဖြစ်သောကြောင့် recording မပေးပါ။

▪️အင်္ဂလိပ်စာ အရေးသင်တန်းဖြစ်၍ အတန်းပုံမှန်တက်နိုင်ပြီးလိုက်ရေးနိုင်မှသာ အပ်သင့်ပါသည်။

▪️အကယ်၍သင်တန်းပြီးဆုံးအောင် မတက်နိုင်ခဲ့ပါက ပျက်ကွက်ရသည့်အကြောင်းရင်းခိုင်လုံလျှင် အတန်းကို နောက်တကြိမ်ပြန်တက်ခွင့်ရှိပါသည်။ သင်တန်းကြေး ပြန်မအမ်းပါ။

▪️အချိန်နှင့်ငွေသည် တန်ဖိုးရှိသောကြောင့် မိမိ၏ လိုအပ်ချက်နှင့်ကိုက်ညီသောအတန်းဟုတ်၊ မဟုတ် အထပ်ထပ်စိစစ်ပြီးမှသာ သင်တန်းအပ်စေလိုပါသည်။

All about my Pedagogy

05 Jan, 04:59


တီချယ်၀ယ်နေကျဆိုင်‌မှာ လုပ်အားအကူလေးလိုလာလို့ ဒီထဲမှာမေးဖူးထားတာလည်း လူမမှတ်မိ‌တော့လို့ စိတ်၀င်စားရင် ဆက်သွယ်ကြည့်ပါ၊ တီချယ့်ကို အရင်မေးရင်လည်းရပါတယ်။

Cosmetic online shop တွင် လက်တွဲ လုပ်ကိုင်ရန် အမျိုးသမီး ဝန်ထမ်း လိုအပ်ပါတယ်ရှင့်

✅ reply ပြန်
✅ပါဆယ်ထုပ်
✅ stock စစ်
✅ ပစ္စည်းကူဖောက်
✅ post ကူ တင်
✅ pre order များမှတ်သားခြင်းများ လုပ်ကိုင်ရပါမယ်ရှင့်

Salary

ပထမလ - 3 သိန်း ( အစမ်းခန့် - တစ်ပတ် )

ဒုတိယလမှ စ၍

✅ 3 သိန်းခွဲ
✅ ရက်မှန်ကြေး
✅တိကျသေချာစွာလုပ်ပီး ကြိုးစားလုပ်ကိုင်ပါက extra bonus
✅Cosmetic လက်ဆောင်များ လစဉ်ရမည်

Requirements

✅ cosmetic များအားနားလည်ပီး စိတ်ပါဝင်စားသူ
✅ အလုပ်အား တိကျသေချာစွာ ပီးမြောက်အောင်
လုပ်ဆောင်နိုင်သူ
✅ စေ့စပ်ပီး ကြိုးစားလုပ်ကိုင်တတ်သူ

အလုပ်ချိန်

✅မနက် ၉ - ညနေ ၄
✅ တစ်ပတ်တစ်ရက်နား

ဆက်သွယ်ရန်

09 944 431 911

( interview in person လာနိုင်သူမှ ဆက်သွယ်ပေးပါရှင့် )

Online shop ဖြစ်ပါသည်ရှင့်
ဆိုင်ဖွင့်မထားပါ

တာမွေမြို့နယ်တွင် ဖြစ်၍
နီးရင်ပိုအဆင်ပြေပါတယ်

All about my Pedagogy

04 Jan, 14:41


A new way to learn English speaking

📅 Sat, Sun
⏰ 7-8:30 AM
🗓 10 periods

💰 100000 MMK (15% discount for old students)

Course Outline

The fundamentals of spoken English
Setting goals
Daily activities
Hobbies and interests
Talking about the past things
Talking about your experiences
Expressing opinions


မနက်ဖြန်မနက် စပါပြီ 😅🍀

All about my Pedagogy

03 Jan, 14:50


Congrats on your achievement! 🎆

အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အတန်းအပ်ကြတဲ့ သင်တန်းသားတွေကို နှစ်မကုန်ခင် သင်ခန်းစာတွေပြီးအောင်လုပ်ဖို့အားပေးခဲ့သလို သင်တန်းသားတွေကလည်းပြီးအောင်လုပ်ပါမယ်ဆိုပြီး ကတိတွေပေးခဲ့ကြပါတယ်

ဒီထဲမှာမှ ပြောတဲ့အတိုင်းတကယ်လုပ်နိုင်တဲ့သူကတော့ သမီးနော်ထူးဖြစ်ပါတယ် 🥳

သူက ၃၁ ရက်နေ့မှာ သင်ခန်းစာအားလုံးပြီးအောင်လုပ်နိုင်ခဲ့သလို တရက်တည်းမှာပဲ Essay Writing ကို ချက်ချင်းပြန်အပ်ခဲ့တာပါ 😎

ကျန်တဲ့သင်တန်းသားတွေထဲမှာလည်း သင်ခန်းစာတွေကို လေ့လာနေဆဲသူတွေရှိပါတယ်။ အရှိန်တော့ရနေတယ်၊ ဒါပေမဲ့၂၀၂၄နှစ်အတွင်းမှာပြီးအောင်မလုပ်နိုင်တာမျိုးပါ၊ ဘယ်လိုပဲဖြစ်ဖြစ်နှစ်သစ်ကို အောင်မြင်မှုတွေနဲ့ စ နိုင်ဖို့ အားပေးလိုက်ပါတယ်။

သမီးနော်ထူးရဲ့ ကြိုးစားမှုကိုဂုဏ်ယူရင်း သူ recorded video class မှာလေ့လာဖြစ်တဲ့အတွေ့အကြုံကိုမျှဝေလိုက်ပါတယ်။

Moon
3.1.25

#englishwriting
#provensuccess
#anewwaytolearnenglish
#essay@mooneducationchannel

All about my Pedagogy

02 Jan, 08:55


Essay Writing Class

ဒီအတန်းက A new way to learn English writing တက်ရောက်ပြီးသူများ၊
စာစီစာကုံးအရေးအသားပုံစံအမျိုးမျိုးကို လေ့လာချင်သူများနဲ့ scholarship application အတွက် personal statement ကောင်းကောင်းရေးတတ်ချင်သူများအတွက်ရည်ရွယ်ပါတယ်။

Zoom meeting မှတဆင့်သင်ကြားမှာဖြစ်ပြီး google classroom ကနေ လေ့ကျင့်ခန်းတွေပေးပြီး သေချာပြန်စစ်ပေးမှာဖြစ်ပါတယ်။

စာပိုဒ်ဖွဲ့စည်းပုံက စသင်မှာဖြစ်တဲ့အတွက်အင်္ဂလိပ်စာအရေးအတွက် လိုအပ်တဲ့အခြေခံသဒ္ဒါနဲ့ ဝါကျဖွဲ့စည်းပုံတွေ သိထားပြီးသားဖြစ်ရပါမယ်။

Level test ဖြေဆိုရပါမယ် (A new way to learn English writing/Grammar တက်ထားသူများ ဖြေဆိုရန်မလိုပါ)

𝑪𝒐𝒖𝒓𝒔𝒆 𝑶𝒖𝒕𝒍𝒊𝒏𝒆

𝑃𝑎𝑟𝑎𝑔𝑟𝑎𝑝ℎ 𝐷𝑒𝑣𝑒𝑙𝑜𝑝𝑚𝑒𝑛𝑡
𝐸𝑠𝑠𝑎𝑦 𝑓𝑜𝑟𝑚𝑎𝑡
𝐷𝑒𝑠𝑐𝑟𝑖𝑝𝑡𝑖𝑣𝑒 𝑊𝑟𝑖𝑡𝑖𝑛𝑔
𝑂𝑝𝑖𝑛𝑖𝑜𝑛 𝑊𝑟𝑖𝑡𝑖𝑛𝑔
𝑃𝑟𝑜𝑐𝑒𝑠𝑠 𝑊𝑟𝑖𝑡𝑖𝑛𝑔
𝑁𝑎𝑟𝑟𝑎𝑡𝑖𝑣𝑒 𝑊𝑟𝑖𝑡𝑖𝑛𝑔
𝐴𝑟𝑔𝑢𝑚𝑒𝑛𝑡𝑎𝑡𝑖𝑣𝑒 𝑊𝑟𝑖𝑡𝑖𝑛𝑔
𝑃𝑒𝑟𝑠𝑜𝑛𝑎𝑙 𝑠𝑡𝑎𝑡𝑒𝑚𝑒𝑛𝑡

𝐃𝐚𝐭𝐞: Monday, Friday
𝐓𝐢𝐦𝐞: 8-9 𝐏𝐌
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧: 5 𝐰𝐞𝐞𝐤𝐬
𝐅𝐞𝐞: 89000 𝐌𝐌𝐊 (15% for old students)

Students’ testimonials
https://t.me/mooneducationchannel/784

Students' Essays

Process writing (https://t.me/mooneducationchannel/890)

Argumentative writing (https://t.me/mooneducationchannel/730)

Descriptive writing (https://t.me/mooneducationchannel/547)

Contact us for more details!

👩🏻‍💻 Page Admin (http://t.me/PoePMZ)

5,577

subscribers

523

photos

71

videos