February 23 (09:30 PM)
- ဖေဖော်ဝါရီ ၂၀ရက်နေ့ နေ့လယ်ပိုင်းက မြိုင်နယ်ရှိ ပခုက္ကူခရိုင် တပ်ရင်း ၁၅၊ တပ်ခွဲ ၃၏ စခန်းတစ်ခုကို စစ်တပ်က တိုက်လေယာဉ် ၂စီး Mi35 ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်၊ ရဲဘော်များ ထိခိုက်မှုမရှိသော်လည်း ရဲဘော်များ၏ ပစ္စည်းများနှင့် အိပ်ဆောင် တစ်ဆောင် ထိခိုက်ပျက်စီးသွားကြောင်း တပ်ရင်း ၁၅မှ တာဝန်ရှိသူတစ်ဦးပြော။
- ဖေဖော်ဝါရီ ၁၈ရက်နေ့ မနက်ပိုင်းက ပုသိမ်ကြီးနယ် တဲကုန်းအုပ်ကြီးရုံးတွင်ရှိနေသော စခအောက်ဆွဲ ဖြိုးလေးဆိုသူနှင့် အပေါင်းအပါ ၂ယောက်ကို ပစ်ခတ်ရာ ဖြိုးလေးဆိုသူ ပါးတွင် ရှပ်ထိဒဏ်ရာရပြီး တစ်ကောင်ဒဏ်ရာရ၊ ရာအိမ်မှူးတစ်ကောင် ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မြို့သာကုန်းရပ်ကွက်ရှိ ဒုချုပ်စိုးဝင်း၏သားနှင့်အပေါင်းအပါများ ပိုင်ဆိုင်သော ရန်ကွန်း KTVကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုသိမ်ကြီးပကဖမှ သတင်းထုတ်ပြန်။
- ယနေမနက်ပိုင်းက မိတ္ထီလာမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော စစ်တပ်သတင်းပေး ဒလံဇော်မင်းဦးဆိုသူက သေနတ်သမားများက ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ရာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရ။
- ယမန်နေ့မနက်ပိုင်းက KNU လယ်ဒိုနယ် ဝါးချဲရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ ဓမ္မာရုံ သိမ်နှင့် ဘုရားစောင်းတန်းများ ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်။
- မိုးမြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် စစ်တပ်က ကြိုးပမ်းလျက်ရှိရာ တော်လှန်ရေးတပ်များက စုပေါင်းခုခံနေ၊ စစ်တပ်ဘက်မှ သေဆုံးသူများပြားနေပြီး လေကြောင်းတိုက်ခိုက်မှုများ အကြီးအကျယ်ပြုလုပ်နေရာ ယခုအခါ မီးလောင်ဗုံးနှင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုလာ၊ နေအိမ်များ မီးလောင်ပျက်စီးပြီး အဆိပ်ငွေ့ဗုံးများကြောင့် မူးဝေအော့အန်ခြင်းများ ခံစားခဲ့ရကြောင်း KNDF မိုးဗြဲဇုံမှ တာဝန်ရှိသူတစ်ဦးပြော။
- စစ်တွေမြို့ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရွှေမင်းဂံ စသည့်နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေပြီး စစ်ဆေးရုံများတွင်သာမက အရပ်ဘက်ဆေးရုံများမှ ပြင်ပလူနာများကို မောင်းချပြီးပါ ဆေးရုံတင်ထား၊ ထို့ပြင် ကျောက်ဖြူနယ် သစ်ပုတ်တောင်ရွာအနီးရှိ ဓညဝတီရေတပ်စခန်းကိုလည်း AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထို့ပြင် အဆိုပါရေတပ်စခန်းနှင့် မနီးမဝေးတွင်လည်း စစ်တပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရ။
- ယမန်နေ့ မနက်ပိုင်းက နတ်မောက်နယ် ကုလားရှင်ရွာကို မီးရှို့ဖျက်စီးပြီး ထွက်လာသော စစ်ခွေးစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စခ ၈ကောင်သေ၊ အများအပြားဒဏ်ရာရ၊ အဆိုပါစစ်ကြောင်းမှာ မြို့သစ်နယ် ပုလင်းရွာကို ထပ်မံဝင်ရောက်ပြီး နေအိမ် ၄လုံးကို ထပ်မံမီးရှို့သွားကြောင်း၊ ထို့ပြင် ယနေ့ညနေပိုင်းက ပျော်ဘွယ်ဘက်မှ နတ်မောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော စခကား ၄စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကား ၂စီး ထိမှန်ရပ်တန့်သွားကြောင်း၊ စခ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း နတ်မောက် ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။
- ဖေဖော်ဝါရီ ၂၁ရက်နေ့ ညပိုင်းက မုံရွာနယ်ရှိ စွမ်းရည်ထက်ဂိတ်၊ မအူဂိတ်နှင့် သာစည်ထောင်ဂိတ်တို့ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စခ ၃ကောင်ထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း Sun King Envoy တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။
- ယမန်နေ့က တောင်သာနယ် ရုံးစည်ကြီးတိုက်ပွဲတွင် မြင်းခြံခရိုင် တပ်ရင်း ၃မှ တပ်ရင်းမှူး ဆရာကျောင်း ကျဆုံးသွားကြောင်း၊ တိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်ကို တက်ဆွဲရာမှ ၎င်းကိုယ်တိုင် ကျည်ထိမှန်ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရ။(RIP ပါ ဆရာကျောင်း 😢)
- ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် တိုက်ပဲပြင်းထန်၊ PDF ဇိုးလန်းနှင့် CDF မင်းတပ်မှ ရဲဘော် တစ်ဦးစီကျဆုံးကြောင်း သိရ။(RIP ပါ ရဲဘော်တို့)
#Thadinsubue
Crd to original uploader with respect