SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ် (@ssntimes1)の最新投稿

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ် のテレグラム投稿

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်
ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ
9,089 人の購読者
23,704 枚の写真
554 本の動画
最終更新日 01.03.2025 06:54

類似チャンネル

DVB TV News
52,373 人の購読者
Magway Regional Scout Network
6,340 人の購読者

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ် によってTelegramで共有された最新のコンテンツ


မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်အနီး စစ်ကောင်စီ၏ ကြေးနီတင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးဟုဆို

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်အနီးတွင် စစ်ကောင်စီ၏ ကြေးနီတင် စစ်တပ်ယာဉ်တန်း နှင့် ကင်းလှည့်ကားတစ်စီး ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Monywa Youth Attack Force – MYF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် ၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကြေးနီတင် ယာဉ် ၄၁ စီး ၊ လုံခြုံရေး လိုက်ပါလာသော သံပြားကာ ကား ၆ စီး နှင့် Jammer ကား ၉ စီးပါ ယာဉ် တန်းကို လူထိပ်ပန်အနီး၌ အသင့်စောင့်ဆိုင်း၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကြေး နီတင် ယာဉ်ပေါ်လိုက်ပါလာသော စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“လက်ရှိထုတ်ပြန်ထားတဲ့အတိုင်းပဲ သိရသေးတယ်။ နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု၊ သေတဲ့သူ တွေကို ဘယ် ကို ပို့လိုက်လဲတော့ သေချာမသိရဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေ အားလုံး ဘေးကင်းပါတယ်” ဟု Monywa Youth Attack Force – MYF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထို့အပြင် မုံရွာမြို့အတွင်း အိမ်စီးကားဖြင့် ကင်းပတ်လည်သည့် အကြမ်းဖက်စစ်သားများကိုလည်း ထပ်မံ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့၊ Yinmarbin District No.9 Regiment ၊ Monywa Undergrown Force နှင့် Monywa Youth Attack Force တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

Daily Highlight 3
February 28 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ရေဦးနယ် ၁ ကြိမ်
- မိုးဗြဲနယ် ၂ ကြိမ် (Source: CJ)
- မြောင်နယ် ၁ ကြိမ်
- ဗန်းမော်နယ် ၂ ကြိမ်
- နောင်ချိုနယ် ၂ ကြိမ်
- ဝိုင်းမော်နယ် ၁ ကြိမ် (Source: CJ)
- နောင်ချိုနယ် ၃ ကြိမ် (Source: CJ)
- ဗန်းမော်နယ် ၄ ကြိမ် (Source: CJ)
- မြစ်ကြီးနားနယ် ၁ ကြိမ် (Source: CJ)(မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ဂန့်ဂေါနယ် ၁ ကြိမ် (Source: CJ)(မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)

(မိမိတို့မှ သတင်းရရှိသော လေကြောင်းတိုက်ခိုက်မှုများကိုသာဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)

#Thadinsubue
Crd to original uploader with respect

Daily Highlight 1
February 28 (09:30 PM)

- အာဏာသိမ်းပြီးနောက် ငွေစက္ကူများကို အကန့်အသတ်မရှိ ရိုက်ထုတ်ခဲ့ပြီး ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းကို လက်ပူတိုက်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ဒီဂျစ်တယ်ငွေကြေးစနစ်တစ်ခုကို စကစ က ယမန်နေ့က စတင်မိတ်ဆက်၊ MMQR ဟု အမည်ပေးထားပြီး နိုင်ငံတကာတွင် အသုံးပြုနေသော ဒီဂျစ်တယ်ငွေကြေးစနစ်များကဲ့သို့ စီးပွားရေးကဏ္ဍတစ်ခုလုံးနှင့် ချိတ်ဆက်ထားခြင်းမရှိသဖြင့် ပြည်သူများအနေဖြင့် သတိပြုနိုင်ကြရန် လေ့သာသူများ သုံးသပ်။

- ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေါပုံတွင် စစ်မှုထမ်းစာရင်းကောက်ယူစဉ် ဓာတ်ဆီဖြင့်ပက်ပြီး မီးရှို့တိုက်ခိုက်ခံရသူ ၃ကောင်အနက်မှ ဒဏ်ရာပြင်းထန်သော ရာအိမ်မှူးနှုတ်ခမ်းမွှေးဆိုသူမှာ ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီ ၂၆ရက်နေ့က သေဆုံးသွားပြီဖြစ်ကြောင်း သိရ။

- ဖေဖော်ဝါရီ ၂၅ရက်နေ့ ညဦးပိုင်းက စစ်ကိုင်းမှ မုံရွာသို့ပြန်လာသည့် စစ်တိုင်းစစ်တိုင်းမှူးပါဝင်သော ယဉ်တန်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ တိုင်းမှူးလိုက်ပါလာသောကား လွတ်မြောက်သွားသောလည်း စခများလိုက်ပါလာသော ကား ထိမှန်၊ စခ ၃ကောင် ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း Royal Tiger Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့က ရွှေဘိုနယ် နှမစားရစ်ရွာကို စစ်ကြောင်းထိုးမွှေနှောက်သွားသော စစ်ခွေးများက ရွာအတွင်း ပုန်းအောင်းနေသော အမျိုးသားတစ်ဦးကို လည်လှီးသတ်ဖြတ်ပြီး အသက် ၉၀အရွယ် အဘွားအိုတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်၊ စစ်ခွေးများ၏ မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးပြီး အဖိုးတန်ပစ္စည်းများကိုလည်း စိတ်ကြိုက်မွှေနှောက်ခိုးယူသွားကြကြောင်း ဒေသခံများထံမှသိရ။

- ဖေဖော်ဝါရီ ၁၇မှ ၁၉အထိ စလင်းနယ် ပြောင်းခင်း တောင်ရွာနှင့်မြောက်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်စီး၊ နေအိမ်အများအပြား မီးလောင်ပျက်စီးပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ၊ စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စလင်း ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းက ပုလဲနယ် တောသာရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်၊ အမျိုးသမီး ၁ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများပြော။

- ယမန်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်ထွေအုပ်ရုံးကို တော်လှန်ရေးအဖွဲ့များက ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စခများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို စုံစမ်းနေကြောင်း Yangon UG People Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ မနက်ပိုင်းက မိတ္ထီလာနယ် ထွေအုပ်ရုံးမှ ဌာနခွဲစာရေး ရုံးအုပ်ကြီးမြင့်အေးဆိုသူ မြင်းခြံ-မိတ္ထီလာလမ်းအတိုင်း ရုံးတက်ရန်လာစဉ် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး၊ အဆိုပါရုံးအုပ်ကြီးမှာ စစ်မှုထမ်းစာရင်းများ စုဆောင်းရာတွင် အဓိကပါဝင်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရ။

- ဖေဖော်ဝါရီ ၂၆ရက်နေ့က ပေါင်နယ် ညောကုန်းကြီးရွာမှ အုပ်ကြီးလင်မယားကို သေနတ်သမားများက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်၊ အုပ်ကြီးမြင့်စိုးဆိုသူသေဆုံးသွားကြောင်း ဒေသခံများပြော။

- ဖေဖော်ဝါရီ ၂၆ရက်နေ့ မနက်ပိုင်းက ရေစကြိုနယ် ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်၊ စခ ၅ကောင်သေ၊ ၉ကောင် အရှင်ဖမ်းဆီးရမိ၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၃ဦး ဒဏ်ရာရ၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရ။

- ဖေဖော်ဝါရီ ၂၆ရက်နေ့က ကြာအင်းဆိပ်ကြီးနယ် အနန်းကွင်းဗျူဟာသို့ တပ်ချိန်းရန်လာသည့် ရဟတ်ယာဉ်ကို တော်လှန်ရေးအဖွဲ့များက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် မဆင်းသက်နိုင်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခံရပြီးနောက် စစ်တပ်က အနီးဝန်းကျင်မှ ကျေးရွာများကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ဦးသေဆုံးပြီး သံဃာတော် ၂ပါးအပါအဝင် ၁၀ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း နဂါးနီစစ်ကြောင်းမှ သတင်းထုတ်ပြန်။

- ဖေဖော်ဝါရီ ၂၄ရက်နေ့ ညပိုင်းက သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ကို တော်လှန်ရေးအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဗဟိုကင်းနှင့် လူပျိုဆောင်ဘားတိုက်တို့ ထိမှန်ခဲ့ပြီး စခ ၂ကောင်သေ၊ အများအပြားဒဏ်ရာရရှိ၊ စစ်တပ်က သတင်းမပေါက်ကြားရန် ဆေးရုံပို့ဆောင်ပေးသော လူမှုရေးအသင်းများကို ဖိအားပေးခြိမ်းခြောက်ထားကြောင်း ပဲခူးခရိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၆ရက်နေ့မနက်ပိုင်းက မုံရွာမြို့ MRTV ရုပ်သံကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်မြေပြင်သို့ စစ်ကူလာရောက်နိုင်သော လမ်းကြောင်းများ၊ စခအထိုင်စခန်းများကို တော်လှန်ရေးအဖွဲ့များက ဖြတ်တောက်ရေးမစ်ရှင်အဖြစ် ဒရုန်းအများအပြားဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။


#Thadinsubue
Crd to original uploader with respect

Daily Highlight 2
February 28 (09:30 PM)

- ယမန်နေ့ နေ့လယ်ပိုင်းက ရေဦးမြို့ မူးမြစ်ဘေးတွင် ဘန်ကာဆောက်နေသော ပျူခွေးများနှင့် ကြီးကြပ်နေသော စခ ရခများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေ စုံစမ်းနေကြောင်း ရေဦ ပကဖတာဝန်ခံပြော။

- ဖေဖော်ဝါရီ ၃၊ ၁၆၊ ၁၇နှင့် ၂၁ရက်နေ့များက တနင်္သာရီအခြေစိုက် ခမရ ၅၅၈နှင့် စစ်တပ်၏လုံခြုံရေးကင်းပုန်းများကို တော်လှန်ရေးအဖွဲ့များက အကြိမ်ကြိမ် တိုက်ခိုက်၊ စခများ ထိခိုက်သေဆုံးမှု များပြားကြောင်း တောင်ပံနီPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၄နှင့် ၂၅ရက်နေ့တို့က ငါန်းဇွန်နယ် မြို့သာမြို့ဘက်သို့ထွက်ခွာလာသော စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ငလွန့်ရွာအနီး၊ မြို့သာစက်မှုဇုန် ဂေါက်ကွင်းနေရာတို့တွင် သုံးကြိမ်တိုင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး စခများ ထိခိုက်သေဆုံးမှုရှိ၊ တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းအချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း TGYR တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက တိုက်ပွဲများ ငြိမ်သက်နေသော သာပေါင်းနယ်တွင် ယမန်နေ့က တိုက်ပွဲများ ပြန်လည်ဖြစ်ပွား၊ အနန်းကုန်း၊ ခွေးကုတ်၊ သာပေါင်းလေးရွာများအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ရေကြည်နယ်အစပ်ရှိ အမတ ၃၄၄နှင့် ကာကင်းများကိုလည်း AA နှင့် PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေ၊ စစ်တပ်က လေယောဉ်များ စက်တပ်လေထီးများဖြင့် လေကြောင်းတိုက်ခိုက်ပြီး ခုခံနေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရ။

- ယမန်နေ့က အရာတော်နယ် ငွေတွင်းပျူရွာနှင့် ရိက္ခာထွက်ရှာသည့် စခများကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်၊ စခ ၂ကောင် ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း Twenty Four ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့ နေ့လယ်ပိုင်းက ချောက်နယ် အမှတ် ၃လမ်းမကြီးပေါ်တွင် ပေါ်တာဆွဲ ငွေညှစ်နေသော စခများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စခ ၂ကောင်ထက်မနည်းသေ၊ ၃ကောင်ထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း Chauk Guerrilla Force မှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့ နေ့လယ်ပိုင်းက နောင်ချိုနယ် ရွှေမုဌောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ သီလရှင် ၁ပါး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် အနီးမှ နေအိမ် ၅လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရ။

- ဖေဖော်ဝါရီ ၂၅ရက်နေ့က စလင်းနယ် ကပစ ၂၁ သို့ သွယ်တန်းထားသော မီးလိုင်းများကို လာရောက်စစ်ဆေးသည့် စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက နှစ်ရက်ဆက် တိုက်ခိုက်၊ စခ ၇ကောင် ဒဏ်ရာအပြင်းအထန်ရပြီး အများအပြား ဒဏ်ရာရပြီး စခများ နောက်ပြန်ဆုတ်ခွာသွားကြောင်း စလင်း ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၄ရက်နေ့ နေ့လယ်ပိုင်းက ကော့ကရိတ်မြို့တောင်ပိုင်းရှိ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်၊ စခ ၇ကောင်ထက်မနည်း သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Southern Eagle PDF မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့က မိုးဗြဲမြို့ကို စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်ခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များက ကောင်းမွန်စွာ ခုခံနိုင်ခဲ့သဖြင့် စခများ အထိနာပြီး နောက်ပြန်ဆုတ်ခွာ၊ စခများ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးဘဲ တော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း မိုး​ဗြဲ PDF၏ ကယ်ဆယ်ရေး ဆေးအဖွဲ့ MPRT မှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညပိုင်းက AA သိမ်းပိုက်ထားသော မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးပြော။

- ဘုံရန်သူ စကစကို အမြစ်ဖြတ်ရေး စလင်းနယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ခု တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းရန် သဘောတူလက်မှတ်ရေးထိုးပြီးခဲ့ကြောင်း သိရ။


#Thadinsubue
Crd to original uploader with respect

ကဗျာ📖

"နွေဦး"
🍂🍁🍂🍁

ဝန်းကျင်တစ်ခုလုံး
အုံ့ဆိုင်းမှုန်မှိုင်းလို့…။

သတင်းတွေမြိုရတာကလည်း
မင်းကို ချစ်ရသလိုပဲ
မချိုဘူး…ခါးတယ်။

"မြူတွေ ဘယ်လောက်ဆိုင်းဆိုင်း
မြစ်တို့ရဲ့သမိုင်းမှာ
လမ်းကြောင်းလွဲသွားတယ်ဆိုတာ
ရာဇဝင်မရှိဘူး"တဲ့

ခုတော့လည်း
သမိုင်းမြစ်ကြီးတစ်ခုလုံး
တွန့်ခေါက်ကြေမွလို့…။

ငါတို့က
'ရောင်နီ' သီချင်းသံမှာ
အလိုက်သင့် စီးမျောရင်း မောလို့…။

"ပြည်သူသာလျှင် အဓိက ဆိုတာ
ဘယ်တော့မှ မမေ့ပါနဲ့" တဲ့

မြစ်တွေ စီးဆင်းနေဆဲ
ခေတ်တွေ စီးဆင်းနေဆဲ
အချစ်တွေ စီးဆင်းနေဆဲ...။

✍️ .Sharp
31-January-2025

တယ်လီကျန်းမာကဗျာ
SSNTIMES

ကန့်ဘလူမြို့နယ်က စံပါယ်နံ့သာကွင်းလမ်းမှာ တိုက်ပွဲတွေဖြစ်နေလို့ လမ်းပိတ်ထားရ

မေ/People's Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို - မြစ်ကြီးနားလမ်းပိုင်း၊ စံပါယ်နံ့သာကွင်းလမ်းမှာ စစ်ကောင်စီတပ်က စစ်‌ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကားလမ်းပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

စံပါယ်နံ့သာကွင်းလမ်းကို ပြန်လည်ရယူဖို့အတွက် ဖေဖော်ဝါရီ ၁၉ရက်‌ နေ့က စံပါယ်နံ့သာဘက်က နေစစ်ကြောင်းတစ်ကြောင်းနဲ့ ကန့်ဘလူအခြေစိုက် အမှတ်(၆၀၀၆)တင့်ကားတပ်ရင်းကနေ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းဟာ စစ်ကြောင်းထိုးလာတာမို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"အဓိကက ကျွန်တော်တို့ စံပါယ်နံ့သာကို ကွင်းလမ်းဖောက်လိုက်တော့ စံပါယ်နံ့သာနားမှာပဲ စကစထိုင်ထားတဲ့ နေရာရှိတယ်။အဲဒီနေရာကို ဆီတို့၊စားနပ်ရိက္ခာတို့ မစီးဆင်းတော့ဘူးလေ။ အဲတာကြောင့် သူတို့ အဲဒီလမ်းကိုပြန်ယူချင်ပုံရပါတယ်"လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲ‌‌ဒီနောက် ဖေဖော်ဝါရီ၂၂ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ စံပါယ်နံ့သာကွင်းလမ်းအနီးက ငှက်ပျောကိုင်းကျေးရွာမှာ ၆၀၀၆တပ်ရင်းက ပျူစောထီးနဲ့ စစ်သားတွေ တပ်စွဲထားတယ်လို့ သိရပါတယ်။

အဲဒီအခြေအနေတွေကြောင့် ရွှေဘို- မြစ်ကြီးနားကားလမ်း၊ ကန့်ဘလူမြို့နယ်ထဲက ကွင်းလမ်းကို တပတ်ကျော်အကြာအထိ ပိတ်ထားရဆဲဖြစ်ပြီး နောက်ထပ် ကွင်းလမ်းတခုကနေ ကားတွေသွားလာခွင့်ပြုထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

ဒီလမ်းမှာပိတ်မိခဲ့တဲ့ကားသမားတစ်ဦးက "လမ်းကြောအခြေအနေမကောင်းဘူး။ အရင်ကွင်းလမ်းကနေ ၄ဆင့်လောက် ထပ်ကွင်းသွားရတယ်။ပြန်ဖွင့်တာက ၄ရက်လောက်ပဲရှိ သေးတယ်။အချိန်မရွေးပြန်ပိတ်သွားနိုင်တယ်လို့။ အရေးကြီးကိစ္စမရှိရင်မသွားတာအကောင်းဆုံးပဲ"လို့ ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်တာမျိုးမရှိပေမယ့် စစ်တပ်က အထိုင်ချထားတာမို့ ကွင်းလမ်းကိုပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

People's Spring
SSNTIMES

မုံရွာမြို့ပေါ်ကျတဲ့ မကွဲသေးတဲ့ လက်နက်ကြီးကျည် မဖယ်ရှားသေး၍ ဒေသခံတွေ စိုးရိမ်နေ

မင်းညို/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်လို့ ကျလာပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ၃ ရက်ကြာတဲ့အထိ မဖယ်ရှားရသေးလို့ ပြည်သူတွေစိုးရိမ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၆)ရက်က မုံရွာမြို့နယ်၊ ဗောဓိတထောင် တာဝါတိုင်ကုန်းစခန်းကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန် မုံရွာမြို့ထဲက စစ်

ကောင်စီတပ်က လက်နက်ကြီးပစ်ကူတွေ ပစ်ခတ်ခဲ့ရာမှာ လက်နက်ကြီးကျည်တစ်လုံးဟာ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက် မနောသုခလမ်းထဲ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"နေအိမ်တအိမ်ခြံဝင်းထဲကျတာ။ မကွဲသေးဘူး။ ဟိုက(စကစ) ကျွန်တော်တို့မသိမ်းရဲဘူးဆိုပြီး ပြန်သွားတာပြောတယ်။ အဲနားက ခိုးဆိုးလုနှိုက်တွေ ပေါပါတယ်ဆိုမှ အခုဘယ်သူမှတောင် မရှိဘူး"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။


"အလုံ/ကန်သာယာကနေ ဗောဓိတစ်ထောင်ဘက်ကိုလက်နက်ကြီးနဲ့လှမ်းပစ်တာပါ။ အိမ်တွေတောင်တုန်တယ်။ ၁၂ လုံးလောက်ရှိတယ်။"လို့ အခြားဒေသခံတစ်ဦးကလည်း ပြောပြပါတယ်။

လက်နက်ကြီးကျည် မကွဲသေးတာကြောင့် အဲဒီခြံနဲ့အနီးဝန်းကျင် နေအိမ်တချို့ ရွှေ့ပြောင်းနေထိုင်နေကြပြီး တချို့ကတော့ သဲအိတ်တွေ ကာထားကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဗောဓိတထောင် တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ရာမှာ စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးပြီး လက်နက်(၁၀)လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါတယ်။

People's Spring
SSNTIMES

အရာတော်တွင် စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Twenty-four Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အရာတော်မြို့နယ်၊ ငွေတွင်း ပျူစောထီးရွာ စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်တွင် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သား ၂ ဦးကို အရာတော်ဆေးရုံသို့ ပို့ဆောင်ထာပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း၊ အကြမ်းဖက် စစ်တပ်၏ အရာတော် လေ့ကျင့်ရေး ၁၀ တပ်ဘက်မှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုင်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"ဗုံးသီး ၂၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့တာပါ။ Fixed wing drone ၂ စီးပျက်စီးဆုံးရှုံးတယ်။ ပျူစောထီး ၂ ကောင် အရာတော် ဆေးရုံအရေးပေါ် ရောက်နေတယ်" ဟု Twenty-four Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၄ တပ်ရင်းဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ပြီး၊ မုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ (၁)၊ SSTF/ ဗျူဟာ(၄၄) တပ်ရင်း (၁၄၊၁၅)၊ KLG/ ဗျူဟာ(၄၂) ဗျူဟာ(၄၅) ဗျုဟာ(၄၇) ၊ Red Wing တပ်ရင်း(၃၅)တပ်ခွဲ(၃) ၊ Brave Heart Army (Local) Chindwin Dynamite (Local) တို့က ပူးပေါင်း လုပ်ဆောင်
ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

မုံရွာ MRTV အသံလွှင့် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်း တိုက်ပွဲသို့ စစ်ကူလာသည့် စစ်တပ်နှင့် ရေဦးမြို့ပေါ်မှ စစ်ကြောင်းကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် ဗောဓိတာဝါတိုင်ကုန်း စခန်းသိမ်း တိုက်ပွဲသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်းများနှင့် တပ်စွဲထားသော နေရာများကို ဒရုန်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိန်ခန့်အချိန် မုံရွာမြို့နယ်၊ MRTV အသံလွှင့် ဗောဓိတာဝါတိုင်ကုန်း (စခန်းသိမ်း) တိုက်ပွဲကို စစ်တပ် စစ်ကြောင်းများ စစ်ကူလာမည့် လမ်းကြောင်းများနှင့် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော GTC ဂိတ်၊ မအူဂိတ်၊ စွမ်းရည်ထက် ဆီဆိုင်နှင့် တောပုပျူစောထီးရွာ တို့ကို တော် လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၁၈ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ အဓိက သူတို့ စစ်ကူထွက်မလာအောင် ဒရုန်းနဲ့ ပတ်ပတ်လည်ချပေးရတာပါ။ GTC ၊ မအူ ၊ စွမ်းရည်ထက်တို့မှာက စစ်ခွေးအင်အား ခန့်မှန်းခြေ ၄၀ လောက်တော့ရှိမယ်။ တောပုပျူစောထီးရွာကတော့ ခွေးအင်အား ခန့်မှန်းရ ခက်တယ်။ ခွေးတွေဘက် ထိခိုက်ပျက်စီးမှုတော့ မသိဘူး။ ကျနော်တို့ ဒရုန်းတစ်စီး ဆုံးခဲ့တယ်။ အဲဒီတိုက်ပွဲမှာ ဒီတစ်ခါပွဲမှာတော့ အောင်မြင်တယ်လို့ ပြောရမှာပဲ။ ဖြတ်တောက်ရေးပိုင်းမှာ အောင်မြင်မြင် လုပ်နိုင်တယ်။ ရှေ့တန်းတိုက်တဲ့ သူတွေကလည်း၊ အောင်မြင်မြင်တိုက်နိုင်တယ်ဆိုတော့ ဒီတစ်ခါကတော့ အောင်ပွဲ ရတဲ့ပုံစံမျိုးပေါ့။ ကျနော်တို့ ဆုံးရှုံးခဲ့တာတွေနဲ့လည်း တန်တယ်လို့ ပြောရမှာပေါ့။ ဒရုန်းတွေ ဆုံးရှုံးခဲ့ရတာတွေလည်း စခန်းရတော့ တန်တယ်ပေါ့"ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် Chindwin Dynamite (Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၃တောင်ပံနီအထူးပျောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၄ Drone တပ်ဖွဲ့၊ SSTF/ ဗျူဟာ ၄၄ တပ်ရင်း ၁၄၊၁၅၊ KLG/ ဗျူဟာ၄၂ ဗျူဟာ ၄၅ ၊ ဗျုဟာ၄၇ ၊Brave Heart Army -Local တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲတွင် ဒရုန်းဆုံးရှုံးခဲ့ရသည့်အတွက် ပြန်လည်ဝယ်ယူ တိုက်ပွဲဝင်ရန်အတွက် ပြည်သူများနှင့် ပြည်တွင်းပြည်ပထောက်ပို့များမှ လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း ကိုဗိုက်က ဆက်လက်ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးမြစ်ကမ်းတွင် ဘန်ကာ တည်ဆောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃နာရီ ၅၅ မိနစ်ခန့်အချိန် ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးမြစ်ကမ်းတွင် ဘန်ကာ တည် ဆောက် နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း (ပကဖ) က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိသည်။

"Drone ၁ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက် စစ်ခွေး ထိခိုက်မှုတော့မသိရပါဘူး။ ဘန်ကာဆောက်နေတာကတော့ ပျူစောထီးအဖွဲ့တွေလို့သိရပါတယ်။ ကြီးကြပ်အနေနဲ့ကတော့ စစ်ခွေးနဲ့ ရဲခွေးတွေတော့ ပါမယ်ထင်ပါတယ်"ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

KhitThitMedia
SSNTIMES

Daily Highlight 2
February 27 (09:30 PM)

- ဖေဖော်ဝါရီ ၂၅ရက်နေ့ နေ့လယ်ပိုင်းက မြင်းခြံမြို့ အမှတ် ၁၈ရပ်ကွက်ရှိ စခစခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်၊ စခ ၂ကောင် ဒဏ်ရာအပြင်းအထန်ရပြီး နောက်တစ်ရက် ဆေးရုံတွင်သေဆုံးသွားကြောင်း MBT တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့မနက်အစောပိုင်းက တောင်တွင်းကြီးနယ် ထောက်ကြံ့ကွင်းရွာမှ စစ်တပ်သတင်းပေး ဒလံလင်မယားကို တော်လှန်ရေးအဖွဲ့များက နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်း၊ နှစ်ယောက်လုံး နေရတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စခအစောင့်အရှောက်များဖြင့် မောင်းနှင်လာသော ကြေးနီတင်ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ ကြေးနီတင်ကားတစ်စီး တိမ်းမှောက်ပြီး တစ်စီး ခေါင်းပိုင်း ထိမှန်ပျက်စီး၊ ခေါင်းပိုင်းပျက်စီးသောကားကို စစ်တပ်က လုံခြုံရေးအများအပြားဖြင့် ပြုပြင်ပြီး ဆက်လက်မောင်းနှင်သွားပြီး တိမ်းမှောက်သွားသောကားမှာ သတင်းရရှိချိန်အထိ ရှိနေသေးကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စခအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃မှ တာဝန်ရှိသူတစ်ဦးပြော။ အဆိုပါယာဉ်တန်းကိုပင် ဆားလင်းကြီးနယ်အတွင်းရှိ ယမားတံတားအနီးတွင် တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားနှစ်စီး ထိမှန်ပျက်စီးကာ စခများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မဲမှောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ညပိုင်းက ရေဦးမြို့တွင် ကင်းလှည့်ထွက်လာသော စခ ရခများလိုက်ပါလာသည့်ကားတစ်စီးကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စခ ရခများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်အတိအကျ မသိရသေးကြောင်း ရေဦး မြောက်ပိုင်း ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့မနက်ပိုင်းက ရွှေဘိုနယ် သီးလုံးနှင့် ဇီးဖြူကုန်း ပျူခွေးရွာများမှ စခ ပျူခွေးများ နှမစားရစ်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်စီးနေစဉ် ရွှေဘို ပလဖ ရဲဘော်များက သီးလုံးရွာကို တန်ပြန်တိုက်ခိုက်၊ စခ ပျူခွေးများ ထိခိုက်သေဆုံးမှုရှိကြောင်း ရွှေဘို ပလဖ မှတာဝန်ရှိသူတစ်ဦးပြော။

- ယနေ့မနက်ပိုင်းက သဲကုန်းမြို့ တယ်သီးပင်ရပ်ကွက်ရှိ စစ်တပ်မြို့ဝင်ဂိတ်ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်၊ စခ ၄ကောင်သေဆုံးကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁မှ တာဝန်ရှိသူတစ်ဦးပြော။

- ချင်းပြည်ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့အကြား သဘောတူညီချက်များ ရယူနိုင်ခဲ့မှုအတွက် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း၊ ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းရန် သဘောတူညီမှုရရှိခြင်းမှာ ချင်းအမျိုးသားများနှင့် ပြည်ထောင်စုအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း၊ သဘောထားကွဲလွဲမှုများရှိသော်လည်း ဆွေးနွေးအဖြေရှာခဲ့သည်မှာ ဒီမိုကရေစီအလေ့အကျင့်ကောင်းများဖြစ်၍ စံပြုထိုက်ကြောင်း၊ တော်လှန်ရေးတစ်လျှောက်လုံး ပေးဆပ်စွန့်လွှတ်ပြီး တိုက်ပွဲဝင်ခဲ့သည်များကို ဂုဏ်ပြုရပါကြောင်း၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်မှုအားကောင်းနေရန်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ ချင်းအမျိုးသားကောင်စီကို အုတ်မြစ်ချနိုင်မှုမှစ၍ ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရေးဆွဲပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ရေးအတွက် လက်တွဲဆောင်ရွက်သွားလိုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့။

#Thadinsubue
Crd to original uploader with respect