GED SCIENCE @sayateescience Channel on Telegram

GED SCIENCE

@sayateescience


ပညာဒါန ပြုသည်။

GED SCIENCE (Burmese)

ပညာဒါန ကာလာပြ အတွင်းမှ အခြေအနေစီးပြီး အကူအညီ ထက်ပိုရန်ကို ပြုသည်။ ဤသင်ခန့် ကာလာတို့ကို အမြင်ပယ်နေပြီး မကြာခဏဆို ဘယ်၊ ဘာဖြစ်တတ်သဖြင့်လော် မဖြစ်သေးဘဲ။ sayateescience သည် အနုပညာဒါန ကာလာသည်ဟု ဖြစ်သည့် တပ်မတန်ကာလာပညာဒါနတစ်ခုဖြစ်ပါသည်။ အလုပ်လုပ်သကဲ့သည် အနုပညာဒါန ကာလာသည် စည်းခဲ့ရာတွင် အမြဲထားသမျှမလွဲလောက်ဖို့၊ အနုပညာဒါန ကာလာသည်အလုပ်လုပ်ပြီး စည်းမှုများဖြစ်ပါသည်။ ဥပမာ အနုပညာဒါန ကာလာသည် သင်က မှုတရားစီအကူအညီ လုပ်ပါက သျှသော စည်းမှုချိန်တွေကို စိတ်လှမ်းမံပြီး ဘယ်ကို လို့မရရှိနိုင်ကြောင်း၊ အထူးသည့်အလုပ်များအား လှမ်းလျှင် လက္ခဏဆိုလွဲမှုတွေရှိနိုင်မယ်ပြောကြနေတယ်။

GED SCIENCE

18 Aug, 16:56


Gene, Alleles, and Traits Explained

1. Gene (ဂျင်း):
- A gene is a segment of DNA that contains the instructions for building a specific protein, which plays a role in the function of the body. Genes are the basic units of heredity, passed from parents to offspring, and determine various characteristics or traits.

2. Alleles (အယ်လီလ်):
- Alleles are different versions of a gene. For example, a gene that determines eye color may have an allele for blue eyes and another for brown eyes. Every individual has two alleles for each gene, one inherited from each parent.

3. Traits (ဂုဏ်အင်္ဂါရပ်များ):
- Traits are the observable characteristics or features of an organism, such as eye color, hair color, or height. These traits are determined by the combination of alleles an individual possesses.

### How They Relate:

- A gene is like a recipe book, with each gene being a recipe.
- Alleles are the variations of the recipe. For example, a recipe for cookies might have an option to add chocolate chips or not.
- Traits are the final cookies, showing whether they have chocolate chips (the observable result).

### Example:
If you have a gene that controls flower color, one allele might code for red flowers and another for white flowers. Depending on the combination of these alleles (like one red and one white), the flower might show a specific color trait.

In summary, genes carry the information, alleles are the variations of that information, and traits are what we see as a result.

GED SCIENCE

18 Aug, 16:54


Gene, Alleles, and Traits Explained

1. Gene (ဂျင်း):
- ဂျင်းဆိုတာ DNA ထဲမှာ ပါရှိတဲ့ အဆစ်အ ပိုင်းခွဲတစ်ခုဖြစ်ပြီး၊ ခန္ဓာကိုယ်အတွင်း ပုံမှန်လုပ်ဆောင်မှုအတွက် အရေးကြီးတဲ့ ပရိုတိန်းကို တည်ဆောက်ရန် အသုံးပြုတဲ့ အချက်အလက်များ ပါဝင်တယ်။ ဂျင်းတွေဟာ မျိုးရိုးဆက်ခံမှုရဲ့ အခြေခံအစိတ်အပိုင်းတွေဖြစ်ပြီး မိဘတွေဆီကနေ သားသမီးတွေထံ ပြောင်းပေးတာဖြစ်ပါတယ်။ ဂျင်းတွေက လူသားရဲ့ အမျိုးမျိုးသော အင်္ဂါရပ်တွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။

2. Alleles (အယ်လီလ်):
- အယ်လီလ်ဆိုတာ ဂျင်းတစ်ခုမှာ ပါတဲ့ မတူညီတဲ့ မူကွဲတွေဖြစ်ပါတယ်။ ဥပမာ၊ မျက်စိအရောင်ကို ဆောင်ရွက်ပေးတဲ့ ဂျင်းတစ်ခုမှာ မျက်စိ အပြာရောင် အယ်လီလ်တစ်ခုလည်းရှိနိုင်တယ်၊ မျက်စိ အညိုရောင်အယ်လီလ်တစ်ခုလည်းရှိနိုင်ပါတယ်။ လူတိုင်းမှာ ဂျင်းတစ်ခုစီအတွက် အယ်လီလ်နှစ်ခုစီရှိပြီး၊ တစ်ခုကို အဖေဘက်ကနေ၊ တစ်ခုကို အမေဘက်ကနေ ဆက်ခံရရှိတာဖြစ်ပါတယ်။

3. Traits (ဂုဏ်အင်္ဂါရပ်များ):
- ဂုဏ်အင်္ဂါရပ်များဆိုတာ လူသားတစ်ယောက်ရဲ့ အပြင်လက္ခဏာတွေကို ဆိုလိုတာပါ။ ဥပမာအားဖြင့် မျက်စိအရောင်၊ ဆံပင်အရောင်၊ အရပ်အမြင့် စတဲ့အရာတွေကို ဆိုလိုတာပါ။ ဒီဂုဏ်အင်္ဂါရပ်တွေကို လူတစ်ယောက်မှာ ရှိတဲ့ အယ်လီလ်တွေရဲ့ ပေါင်းစပ်မှုက ဖန်တီး လာတာ ဖြစ်ပါတယ်။

### ၎င်းတို့အပြန်အလှန်ဆက်နွှယ်ပုံ:

- ဂျင်း (Gene) ဆိုတာ ဟင်းချက်နည်း စာအုပ် ဆိုပါတော့။ စာအုပ်ထဲမယ် မုန့်ဟင်းခါး ချက်နည်းပါတယ်။

- အယ်လီလ် (alleles ) တွေကတော့ ဂျင်းတစ်ခုစီမှာ ရှိတဲ့ မူကွဲတွေဖြစ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန် မုန့်ဟင်းခါး မြောင်းမြ မုန့်ဟင်းခါး ဟင်းသတ မုန့်ဟင်းခါး စသည်ဖြင့် မတူသလိုပေါ့။

- ဂုဏ်အင်္ဂါရပ်များ (traits) ကတော့ ဥပမာမှာပါရှိတဲ့ မုန့်ကဲ့သို့ဖြစ်ပြီး အယ်လီလ်တွေက ဆောင်ရွက်ပေးသည့် အချက်အလက်အရ ဖြစ်ပေါ်လာ တဲ့ မုန့်ဟင်းခါး အမည် ပါဘဲ။

### ဥပမာ:
ပန်းပွင့် အရောင်ကို ဆောင်ရွက်ပေးတဲ့ ဂျင်းတစ်ခုရှိတယ်ဆိုရင်၊ အယ်လီလ်တစ်ခုက အနီရောင်ကို ဆောင်ရွက်ပေးနိုင်တယ်၊ အယ်လီလ်တစ်ခုက အဖြူရောင်ကို ဆောင်ရွက်ပေးနိုင်တယ်။ ဒီအယ်လီလ် နှစ်ခုရဲ့ ပေါင်းစပ်မှုအပေါ်မူတည်ပြီး ပန်းရဲ့ အရောင်ဂုဏ်အင်္ဂါရပ်က အပြင်ထွက်လာနိုင်ပါတယ်။

အကျဉ်းချုပ်ပြောရရင်၊ ဂျင်းတွေဟာ အချက်အလက်တွေကို ဆောင်ရွက်ပေးတဲ့နေရာ၊ အယ်လီလ်တွေက အဲ့ဒီအချက်အလက်ရဲ့ မူကွဲတွေဖြစ်ပြီး၊ Traits တွေကတော့ ဒီအချက်အလက်တွေရဲ့ ရလဒ်ကို ဖော်ပြတဲ့အရာပဲဖြစ်ပါတယ်။

GED SCIENCE

09 Jul, 04:03


LIFE SCIENCE. cell cycle (5)

GED SCIENCE

09 Jul, 02:41


LIFE SCIENCE. artificial selection (4)

GED SCIENCE

05 Jul, 14:57


life science. natural selection (3)

GED SCIENCE

05 Jul, 09:23


LIFE SCIENCE. evolution (2)

GED SCIENCE

05 Jul, 07:56


LIFE SCIENCE. variation (1)

GED SCIENCE

28 Jun, 05:07


Evolutionary Fitness ဆိုတာက အကောင်တွေ မျိုးဆက်ပွားရာမှာ သူ့ရဲ့ မျိုးရိုးလိုက်ခြင်း (A gene pool refers to the complete set of genetic information) ကို သားပေါက်များဆီသို့ လက်ဆင့်ကမ်းလေ့ ရှိကြတယ်။ ယင်းကဲ့သို့ လက်ဆင့်ကမ်းရာတွင် မိမိမှာ အားနည်းချက် ရှိနေရင် အကောင်ရေ များများ ပို၍ ပွားပေးရတယ်။

ဒါကြောင့် Ans (C) ။ အသက်က (၅၉) နှစ် ဆီးချိုလဲ ရှိတယ်။ (၆) ကြိမ် ကလေး ပျက်ကျခဲ့တယ်။ လက်ရှိ ကလေး (၅) ယောက်ရှိ တယ်။ ဆိုတော့ ကိုယ်ဝန် (၁၁) ကြိမ် ဆောင်ခဲ့တဲ့ သဘောပဲ။

ကျန်အချက် (၃) ခုက Evolutionary Fitness နဲ့ တယ် မဆိုင်လှဘူး။

GED SCIENCE

16 Mar, 05:36


အကယ်၍ cell တလုံးကို lower water potential ထဲသို့ ထည့်လိုက်ပါက cell တွင်းမှ ရေမော်လီကျူးများ အပြင်သို့ စိမ့်ထွက်လာမည်။ cell တွင်း cytoplasm ရှိရေသည် higher water potential ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုအခါ cell သည် ဖောင်းတင်း မနေတော့ဘဲ ပိန်ရှုံ့ သွားမည်။ သာဓက အနေဖြင့် ရေငတ်သော အပင်များ နွမ်းခြင်း။ နွေရာသီတွင် လူများ ရေသောက်နည်းပါက နုံးခြင်း။

အပင်ကို ရေလောင်း လူကရေသောက်ပေးလိုက်ပါက osmosis နည်းဖြင့် cell တွင်းသို့ ရေမော်လီကျူးများ ပြန်လည် ဝင်ရောက်သွားသဖြင့် ပြန်လန်းလာမည်။

GED SCIENCE

16 Mar, 05:22


concentrated sugar solution (ပျော်ရည်ပြစ်) တွင် သကြား မော်လီကျူး (၁၅) လုံးပါပြီး dilute sugar solution (ပျော်ရည်ကျဲ) တွင်မူ သကြား မော်လီကျူး (၃) လုံးသာ ပါသည်။

ပျော်ရည်ပြစ်တွင် အချိုးအဆအားဖြင့် ရေပါဝင်မှုနည်းသဖြင့် low water potential ဟုခေါ်သည်။ ပျော်ရည်ကျဲတွင် အချိုးအဆအားဖြင့် ရေပါဝင်မှု များသဖြင့် high water potential ဟု ခေါ်သည်။

ဤအနေအထားတွင် ရေသည် အငြိမ်မနေတော့ပါ။ water potential မညီဘူးဟု သိလိုက်သည်နှင့် ရေမော်လီကျူးတို့သည် high water potential အရပ်မှ low water potential အရပ်သို့ သူ့ အလိုလို ဖြတ်သန်း ဝင်ရောက်နေပါတော့သည်။ ဤဖြစ်စဉ်ကို osmosis ဟု ခေါ်ပါသည်။

GED SCIENCE

16 Mar, 05:18


Osmosis

Osmosis နည်းဖြင့် ဖြတ်သန်းခြင်း ဆိုသည်မှာ အမြှေးပါးကို ရေမော်လီကျူးများ ဖြတ်သန်းခြင်းကို ခေါ်သည်။ ပုံတွင် အနီရောင် အလုံးလေးများသည် သကြားမော်လီကျူးများ ဖြစ်ကြသည်။ အမည်းစက်လေးများသည် ရေမော်လီကျူးများ ဖြစ်ကြသည်။ အရွယ်အစားအားဖြင့် ရေမော်လီကျူးများက များစွာ သေးငယ်ကြသည်။

osmosis မဖြစ်မီ လက်ဝဲဘက်ပုံတွင် ပျော်ရည် (၂) မျိုးရှိပြီး ကြားတွင် အမြှေးပါးဖြင့် ခြားထားသည်။ အမြှေးပါးတွင် ရေမော်လီကျူးများသာ စိမ့်ဝင်နိုင်သော အပေါက်ငယ်များ ပါသည်။ ယင်းအပေါက်ငယ်များကို ဖြတ်၍ သကြားမော်လီကျူးကြီးများ မဝင်နိုင်ကြပါ။

GED SCIENCE

16 Mar, 04:57


Osmosis

GED SCIENCE

16 Mar, 04:55


အပင်ကို ဖြစ်စေ အကောင်ကို ဖြစ်စေ cell တွေနဲ့ တည်ဆောက်ထားသည်။ ယင်းတို့ သေဆုံး မသွားစေရန် cell ထဲသို့ အဟာရ ပို့ရသည်။ cell တွင်းမှ အညစ်အကြေးကို ပြန်လည် စွန့်ပစ်ရသည်။ ထိုအခါ cell ကိုထုတ်ပိုးထားသော cell အမြှေးပါး (cell membrane) ကို ဖြတ်သန်းကြရသည်။ ဖြတ်သန်းနည်း (၃) နည်းရှိသည်။
(1) Passive transport (စွမ်းအင်မသုံးစွဲရဘဲ အလိုအလျှောက် ဖြတ်သန်းနည်း။ without need of energy input)

(2) Active transport (စွမ်းအင်ကို အသုံးပြု၍ ဖြတ်သန်းနည်း။ energy-requiring process)

(3) Bulk transport (စွမ်းအင်ကို အသုံးပြု၍ တကြိမ်လျှင် အရေအတွက် များများ ဖြတ်သန်းနည်း။)

GED SCIENCE

16 Mar, 04:31


Osmosis

GED SCIENCE

11 Mar, 15:05


Liquid ကို အပူပေးလိုက်ရင် liquid မော်လီကျူးတွေ ပို၍တုန်ခါတယ်။ ထိုအခါ gas မော်လီကျူးတွေကို တွန်းထုတ်သလို ဖြစ်ပြီး လွင့်ထွက်ကုန်တဲ့ အတွက် solubility ကျဆင်းသွား ပါသတဲ့။

GED SCIENCE

11 Mar, 15:01


Gas solubility in a liquid generally decreases as temperature increases. This is because higher temperatures lead to increased kinetic energy, causing gas molecules to escape from the liquid more easily.

Conversely, lower temperatures decrease kinetic energy, making it easier for gas molecules to remain dissolved in the liquid.

GED SCIENCE

27 Dec, 02:43


momentum ပုစ္ဆာ (၁)

တွက်ပုံက အခက်ကြီး မဟုတ်သော်လည်း physics သဘော သဘာဝ back ground knowledge ရှိဖို့က ပိုလို့ အရေးကြီး ပါသည်။ ged science ကို self study လုပ် ပြီး ဖြေမယ့် ကလေးများ ကို မှာလိုသည်မှာ အနည်းဆုံးအနေဖြင့် grade 10 physics, chemistry, biology တို့ကိုတော့ဖြင့် နားလည်အောင် သင်ယူထားသင့်သည်။ မိမိက အတန်းကျောင်း မတက်လျင်လည်း ကိစ္စမရှိပါ။ အတန်းကျောင်း ကလေးတွေ တက်သော ကျူရှင် သွားတက်ပါ။ (ပိုက်ဆံ ရှိသူများအတွက် pre ged, ged စသည်ဖြင့် ဈေးကြီးပေးတက်ကြသည်မှာ မထောင်းတာသော်လည်း) အပြင်ကျူရှင်တွေက ဈေးမကြီးတတ်ပါ။ အသင်အပြလည်း ကောင်းကြတာ များသည်။

ယခုပုစ္ဆာဆိုလျင် mass, velocity, နှင့် ၎င်းတို့၏ ယူနစ်များ အကြောင်း သိထားရမည်။
system of units ကို သိရမည်။ force, acceleration စသည် ဖြင့် motion ၏ အခြေခံ သဘောသဘာဝများကို သိဖို့ လိုအပ်သည်။

single momentum ဆိုတာ mass နဲ့ velocity မြှောက်တာကို ခေါ်တယ်။
group momentum ကျတော့ ပစ္စည်း ၂ ခု တိုက်မိပြီး ပေါ်လာတဲ့ momentum ကို တွက်ရတယ်။
ဒီပုစ္ဆာမှာ ပြေးလာသော ရွှံ့တုံးနဲ့ ရပ်နေသော သစ်သားတုံးတို့ တိုက်မိတယ်။ ဒါ့ကြောင့် မတိုက်မီမှာ သစ်သားတုံးရဲ့ v တန်ဖိုးက zero ဖြစ်တယ်။
တိုက်မိပြီးနောက် နှစ်ခုကပ်လျက် ရွေ့သွားသောကြောင့် v တန်ဖိုး တူကြမယ်။ direction လည်းတူကြမယ်။

အရေးကြီးတာက group momentum တွက်ရာမှာ before total momentum နဲ့ after total momentum အမြဲညီတယ်။

(2) တွက်ကြည့်ပါ။

အ​မြောက် မပစ်မီ Before velocity ၂ ခုစလုံး zero ပါ။
အထက် (1) နဲ့မတူတာက Opposite direction မို့ တွက်ရာမှာ အနုတ်ပါမယ်။ အ​ဖြေမှာ အနုတ် မထည့်ရ။

GED SCIENCE

27 Dec, 02:42


Momentum ပုစ္ဆာ (1)

GED SCIENCE

04 Dec, 03:24


Science ​မေးခွန်း ဖြစ်​သော်လည်း REASONING အဓိက ဖြစ်သည်။

Read this paragraph about the benefits of a green roof.

A green roof is created by adding soil and plants to a specially designed roof. (၁) Scientific research has shown that a green roof has many benefits compared with traditional roofs, (၂) Plants naturally absorb energy from the Sun and convert it into chemical energy that is stored in the bonds of sugars during photosynthesis. (၃) The soil materials also help insulate the building. In addition, (၄) a green roof helps control runoff as plant roots absorb rainwater. If local plants are used in the green roof, it may provide habitat for native species.

Which sentence from the paragraph supports the idea that green roofs can help reduce cooling costs?


A. "Scientific research has shown that a green roof has many benefits compared with traditional roofs."

B. "Plants naturally absorb energy from the Sun and convert it into chemical energy that is stored in the bonds of sugars during photosynthesis."

C. "The soil materials also help insulate the building"

D. "In addition, a green roof helps control runoff as plant roots absorb rainwater."

ပေးချက် စာပိုဒ်တွင် (၁) သည် choice (A)
(၂) သည် choice (B)
(၃) သည် choice (C)
(၄) သည် choice (D) ဖြစ်နေသည်။

မိမိဆုံးဖြတ်ရမည့် အချက်သည် စာပိုဒ်ထဲတွင် မရှိပါ။ Which sentence from the paragraph supports the idea that green roofs can help reduce cooling costs? ထဲ တွင်ရှိနေသည်။

reduce cooling costs = အိမ်၏အေးမြမှုအတွက် ကုန်ကျစရိတ်ကို လျှော့ချခြင်း။

(C) insulate the building = အိမ်ထဲမှ အပူဓာတ် စီးထွက်သည်ကို တားဆီးသည်။

Ans: (C)

6,313

subscribers

20

photos

6

videos