🕊️ PEACE MYANMAR 🕊️ @peacemyanmar2024 Channel on Telegram

🕊️ PEACE MYANMAR 🕊️

@peacemyanmar2024


🕊️ PEACE MYANMAR 🕊️ (English)

Welcome to 🕊️ PEACE MYANMAR 🕊️, a Telegram channel dedicated to promoting peace and unity in Myanmar. This channel serves as a platform for individuals who believe in the power of peace to come together and share their thoughts, ideas, and initiatives. Whether you are a peace activist, a humanitarian worker, or simply someone who wants to make a positive difference in the world, this channel is for you. Join us in spreading messages of love, compassion, and understanding to help create a more peaceful society for all. Together, we can work towards building a brighter future for Myanmar and beyond.

🕊️ PEACE MYANMAR 🕊️

21 Nov, 16:46


ဆွေးနွေးဖော် -
သူတို့အဲဒီလောက်မမီဘူး။ မြန်မာပြည်မှာ နိုင်ငံရေး ရေချိန်ဆိုတာရှိတယ်။ နိုင်ငံရေးLevel ဆိုတာ ရှိတယ်။ နိုင်ငံရေးရေချိန် နဲ့ နိုင်ငံရေး Level ကို သိနိုင်တဲ့လူက နည်းနည်းလေးပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအားလုံးက ပိန်းတဲ့လူနဲ့ ပိတ်တဲ့လူက များတယ်။ ဒါကတော့ ပြောမယ်ဆိုရင်တော့ အနီဘက်ရော၊ အစိမ်းဘက်ရော နှစ်ဖက်လုံးပဲ။ အပိန်းအပိတ်တွေ၊ နှစ်ဖက်လုံးရှိတယ်။

တစ်ခါတလေကျတော့ သူတို့က ဆိုင်ဆိုင်၊ မဆိုင်ဆိုင် နိုင်ရင်ပြီးရော ဆိုပြီးလုပ်နေတာ။ အဲဒါကြောင့်မို့လို့ တကယ့်တကယ်တမ်းကျတော့ နိုင်ငံရေးရေချိန်ရယ်၊ နိုင်ငံရေး Level ရယ်ရှိတယ်။

ဝမ်ယိ မြန်မာပြည်ကို လာတဲ့ခရီးစဉ်ရယ်။ အခု လီကျန်းနဲ့သွားပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးနဲ့ သွားတွေ့တဲ့ဟာရယ်က ရက်အနေအထားတွေကတော့ အပြောင်းအလဲတွေတော့ ဖြစ်ကုန်မယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခု လေယာဉ်ဆီ ပူစရာမလိုဘူး။ လက်နက် ပူစရာမလိုတော့ဘူး၊ လေယာဉ်ဆီနဲ့ လက်နက်ရရင် ဗုံးကကျဲလို့ရပြီ။ အဲဒါမှာ တကယ်တမ်းပြောရင် တပ်ကဗုံးကျဲတဲ့ဟာက EAO တွေအတွက်ရော လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးရော အကြောက်ဆုံးပဲ။ လေတပ်ဗုံးကျဲတာကို အကြောက်ဆုံးပဲ။ နောက် လက်နက်ကြီးနဲ့ အပစ်ခံရတာပေါ့။ ဒီ ပွိုင့်(၅)နဲ့ (၁၂ဝ)တို့နဲ့ ပစ်တဲ့ဟာတွေက လည်း နည်းနည်းနောနော ထိခိုက်တာတွေမှ မဟုတ်တာလေ။

တကယ့်တကယ်တမ်း ဒီတိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ဟာသူတို့ Manpad (လေယာဉ်ပစ်လက်နက်) ရှိတယ်ပြောပြော၊ ဘာပြော ညာပြောနဲ့သာလုပ်နေတာ ၊ တကယ့် တကယ်တမ်းကျတော့ သူတို့ဆီမှာ ဘယ်ဟာနဲ့လုပ်မတုံး။

ကျော်နု -
မှန်ပါတယ်။ တကယ်ယှဉ်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးကလုပ်ချလိုက်မယ်ဆိုရင် အကုန်ပြာကျကုန်မှာ မြင်ပြီးသားပဲလေ။

ဆွေးနွေးဖော် -
လုပ်ဖို့တော့လိုတယ်။ မလုပ်လို့ဆိုရင် မပြတ်ရင်တော့၊ လျော့ရင်တော့ပတ်မှာပါ။

ပြတ်ပြတ်သားသားနဲ့ တစ်ခါတည်း စ,လိုက်လို့ကတော့ တစ်ကြောပြီးတစ်ကြောရှင်းလိုက်ရုံပါပဲ။ အခု ကိုးကန့်တစ်ကြောရှင်းပြီးရင်၊ ပလောင်ရှင်းရုံပဲ။ ပလောင်ရှင်းပြီးရင် ရခိုင်ရှင်းရုံပဲ။ အဲဒီသုံးကြောငြိမ်သွားပြီဆိုရင် ကျန်တဲ့ကိစ္စတွေက သိပ်မခက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြောက်သုံးကောင်ရဲ့(၁ဝ၂၇)အဖွင့်ဟာ တော်တော်လေးပြောမယ်ဆိုရင် အကျပ်ရိုက်သွားတာပေါ့။ ပထမလှိုင်း၊ ဒုတိယလှိုင်းမှာလေ။

ဘာကြောင့်လဲဆိုတဲ့ အချိန်ကျတော့ လားရှိုးကျသွားတဲ့ဟာက ဘယ်သူမှမယုံနိုင်ဘူးလေ။ မယုံနိုင်စရာကြီး ဖြစ်သွားတာလေ။

ကျော်နု -
အင်းပေါ့။ တချို့ကိစ္စတွေကတော့ စစ်ရေးအရ စဉ်းစားနိုင်တဲ့ စဉ်းစားလို့ရတဲ့ကိစ္စတွေ အများကြီးဖြစ်လာတာပေါ့။ တချို့ကိစ္စတွေကျတော့ ဘုရင်တွေ စဉ်းစားသလို စဉ်းစားမယ်ဆိုရင်ပေါ့။

( အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည် )

🕊️ PEACE MYANMAR 🕊️

21 Nov, 16:46


ဆင်ဖြူဆိုတာက ချပ်ဝတ်တန်တာဆင်ပြီးတော့မှ လှလှပပ ကြော့ကြော့မော့မော့နဲ့ ထားရတယ်။ ဆင်မည်းတွေလိုမျိုး ရွှံ့တွေ ၊ ဗွက်တွေနဲ့ မြေပေါ်မှာထားလို့မရဘူး။ ဆင်ဖြူတွေကိုထားတဲ့နေရာက တခမ်းတနားနဲ့ ထားရတယ်။ ကြာလာတော့ အဲဒီဆင်ဖြူရတဲ့လူက တဖြည်းဖြည်းနဲ့ သူက ဒုက္ခရောက်သွားတာ။ ဆင်းရဲသွားတာ။’

အဲဒီတော့ အိန္ဒိယမှာ “လူတစ်ယောက်ကို ဒုက္ခရောက်သွားစေချင်ရင်၊ ဆင်းရဲသွားစေချင်ရင် ဆင်ဖြူတစ်စီးပေးလိုက်ပါ”ဆိုပြီးတော့ စကားပုံ ရှိတယ်။ အဲဒီကျတော့ ဒီမှာလည်း အခု နောက်ထပ်နော်။ ရခိုင်မှာ ထွန်းမြတ်နိုင်တို့က ‘အိုကေ .. ရခိုင်က အမ်း,ကိုရမယ်။ ရခိုင် (၁၇)မြို့နယ်လုံး သူပြန်ရပြီ။ ဒါပေမဲ့ သူရဲ့ပြဿနာက သူတို့က အဲဒီဘင်္ဂလားဒေ့ရှ်နဲ့ကို ဒုက္ခရောက်မှာ။ ဘင်္ဂါလီက လူဦးရေပေါက်ကွဲနေတဲ့ဟာနဲ့ ဗမာစစ်တပ်နဲ့ တိုက်ရတာကိုး။ ဗမာကို ကမ္ဘာမကြေလုပ်ရတာကို ရခိုင်က အခုကြည့်ရှုနေတယ်။

အမှန်ပြောရရင် ဗမာက ရခိုင်ရဲ့ အထုပ်ကြီးကို ထမ်းပေးထားတာ။ သူတို့ရဲ့ သယံဇာတတွေနဲ့ ကမ္ဘာမှာစိတ်ချမ်းသာမယ်။ တစ်နိုင်ငံတည်ထောင်နိုင်မယ်လို့ တောင်စဉ်းစားနေတာ ထွန်းမြတ်နိုင်တို့က။ “ဘယ် ဟုတ်မှာတုန်း” ဒီဘက်က မြန်မာနဲ့ သူတို့ဟိုဘက်က နေပြီးတော့မှ ဘင်္ဂလားဒေ့ရှ်နဲ့ကြားထဲမှာ ရခိုင်ဆိုတာက ပျောက်တောင်ပျောက်သွားဦးမယ်။ ရခိုင်ဆိုတာက ဗမာကြားခံပြီးတော့ ထိန်းထားတဲ့အတွက်ကြောင့်မို့လို့ အနှစ် (၂ဝဝ) မှာ ကောင်းကောင်း ရပ်တည်နိုင်တာလေ။

မြန်မာနိုင်ငံပြည်ထောင်စု အတောအတွင်းမှာ သူတို့တစ်ပြည်ထောင်တည်း နေကြည့်လိုက်။ သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ကုလားရဲ့ဖိအားနဲ့ ကုလားရဲ့ဝါးမျိုမှုက ဒီအနောက်တံခါးရဲ့ဟာကြီးက ကြောက်စရာကြီး။

ပင်လယ်ပြင် ဆည်ရေတက်တာနဲ့လေ၊ ရေခဲတွေအရည်ပျော်ကျနေတယ်။ ရေခဲတွေ အရည်ပျော်ကျလာလို့၊ ပင်လယ်ပြင်မျက်နှာပြင်မြင့်လာလို့ ဆည်ရေတက်တာနဲ့ ဘင်္ဂလားဒေ့ရှ်က ကုလားသန်း(၃ဝ)က ရခိုင်တွေထဲပဲတိုးဝင်လာမှာ။

အဲဒီအတွက်ကျတော့ ခုနကပြောသလို သူတို့က ဒီဆင်ခြေရတာကို မျောက်သုံးကောင်က အဟုတ်ထင်နေတာ။ တကယ်တော့ သူတို့ဒုက္ခရောက်မှာ “ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တယ်။ ဒေသတစ်ခုကို အုပ်ချုပ်တယ်ဆိုတာ လူယဉ်ကျေး၊ ပညာတတ်တွေ အုပ်ချုပ်တာလေ။ လူမိုက်၊ လူရမ်းကားတွေ အုပ် ချုပ်လို့မရဘူးလေ။

ကျော်နု - မှန်ပါတယ်။

ဆွေးနွေးဖော် -
အဲဒီတော့ သူတို့က မိုက်ရိုင်း၊ထွားကျိုင်းတယ်။ ရမ်းကားတယ်ပေါ့နော်။ ငါတို့က သေနတ်ကိုင်ထားတယ်။ အာဏာရှိတယ်။ အုပ်ချုပ်လို့ရတယ်လို့ ထင်နေတာ၊မဟုတ်ဘူး။ အဲဒီဟာက သူတို့အတွက်ပြောမယ်ဆိုရင် ပိုပြီးတော့ ဒုက္ခရောက်မယ်။ လူဆိုတာက မြေကြီးပေါ်မှာရှိမယ့်လူက ဆက်ကျစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဆယ်ထပ် တိုက်ပေါ်တက်သွား၊ ပြီးတော့ အဲဒီဆယ်ထပ်တိုက်ပေါ်ကပြုတ်ကျလို့ကတော့သေမှာ။ မြေကြီးပေါ်က တဲလေးနဲ့တုန်းက သူတို့ ဘာမှမဖြစ်ဘူးလေ။ တဲထဲမှာ သူတို့ဆင်းရဲနေတယ်ပဲဖြစ်ဖြစ်၊ မွဲနေတယ်ပဲဖြစ်ဖြစ် အဲဒါက အလေ့အကျင့်ရနေပြီ။ အချိန်အခါနဲ့ အခွင့်အရေးကို ယူပြီးတော့ ဆယ်ထပ်တိုက်ပေါ်တက်သွားမှာ။ ဒီဆယ်ထပ်တိုက်ပေါ်က ပြန်ဆင်းလို့ မရရင် ခုန်ချရမှာလေ။ အဲဒီကျမှ အကုန်သေမှာ။ အခု အဲဒီဆယ်ထပ်တိုက်ပေါ်က ကိုးကန့်လည်း ခုန်ချရမယ့် ပုံစံဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာက လှေကားကဆင်းလို့မရဘူး ဖြစ်နေတာ။

ကျော်နု - ဟုတ်တယ်။

ဆွေးနွေးဖော် -
အဲဒါကြောင့်မို့လို့ တချို့သော နိုင်ငံရေး၊ စစ်ရေးအတွေးအခေါ်တွေဟာ “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်”ဆိုတာ မြန်မာရှေးပညာရှိတွေပြောခဲ့တာ အလကားပြောတာမှ မဟုတ်တာ။
ဒါ ဗိုလ်ချုပ်မှူးကြီးရဲ့ တရုတ်ခရီးစဉ် တစ်ချက်မှာ ရလဒ်တွေ အများကြီးပြောင်းသွားနိုင်တယ်။

ကျော်နု -
အဲဒါနဲ့ အခုသူ့ခရီးစဉ် ကြည့်လိုက်တာနဲ့ အဖြေထွက်သွားတာတွေ အများကြီးရှိပါတယ်။

ဆွေးနွေးဖော် -
အများကြီးပြောင်းသွားမှာ။ ဝမ်ယိ ဟိုနေ့က တစ်ချက်လာသွားတာ ပြောင်းသွားတယ်။ ဝမ်ယိသာ တစ်ချက်မလာခဲ့ဘူးဆိုရင်တော့ ဒေါ်လာက (၈)ထောင်၊ တစ်သောင်းဖြစ်မှာနော်။ ရွှေဈေးကသိန်း(၈ဝ)၊ တစ်ရာဖြစ်မှာနော်။ အကုန်လုံး ဒီထဲမှာလည်း အကုန်လုံးဖမ်းရယ်၊ ပြုရယ်၊ ထိန်းရယ်၊ သိမ်းရယ်နဲ့ အကုန်ကမောက်ကမ ဖြစ်မှာနော်။
ရွှေဈေးတွေ၊ ဒေါ်လာဈေးတွေကို ကစားနေတာက ရန်ကုန်ရွှေအသင်းက ကစားတာ မဟုတ်ဘူးနော်။ မန္တလေး ရွှေအသင်းက မဟုတ်ဘူးနော်။

ဒါတရုတ်နယ်စပ်တွေ၊ ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ်တွေက အဲဒီနယ်စပ်က နေမှန်းပြီးတော့မှလုပ်နေတာ။ ဒီတစ်ရက် တစ်ရက် ရွှေဈေးကို ဘယ်သူဖောက်တာလဲဆိုပြီးတော့မှ တရားခံရှာမနေနဲ့။ အောင်သမာဓိလည်း မဖောက်နိုင်ဘူး။ ဝိန့်စိန်လည်း မဖောက်နိုင်ဘူး။ အကယ်ဒမီလည်း မဖောက်နိုင်ဘူး။ ဒီရွှေဈေးရဲ့ Market ကိုလေ ၊ သူတို့ အဲဒီလောက်အထိ သူ့တို့ အရေးပါတဲ့လူတွေမဟုတ်ဘူး။

ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ နယ်စပ်မှာ ဘီလျံနဲ့ချီပြီးတော့မှ ကြည့်နေတဲ့လူတွေက လှမ်းလုပ်တာ။ အဲဒါကြောင့်မို့လို့ ဒီတရုတ်ကို အခုကိုင်လိုက်တဲ့ဟာသည် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေမှာလည်း အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။

ကျော်နု -
တွေးလို့တော့ ရပါတယ်။ တွေးကြည့်ရင် အခင်းအကျင်းအားလုံးကို ချိန်လိုက်တာနဲ့အဖြေက ထွက်နေပြီ။ ကျွန်တော်တို့ကတော့ထွက်နေပြီ။ သာမန်အရပ်သားပြည်သူကျတော့ ဘယ်လိုလုပ်လုပ် မသိဘူးလေ။

🕊️ PEACE MYANMAR 🕊️

21 Nov, 16:46


ဒီဘက်မှာလည်း တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုက မြန်မာပြည်မှာ အများဆုံးလေ “သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုလည်းအများဆုံး” အဲဒီတော့ တရုတ်က အကျိုးစီးပွားလည်း ထိခိုက်တယ်။ ပြီးရင် ပထဝီနိုင်ငံရေးကိုလည်း ထိခိုက်တယ် ဖြစ်နေပြီလေ။ ။ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအဖွဲ့လေးတွေထဲကတော့ ဘာပြောရမယ်ဆိုရင် ဆိုရင် ပထဝီနိုင်ငံအရေးအရ ‘ဝ’ကို စတေးရမယ်ဆိုရရင်တောင် စတေးမှာပဲလေ။ စကားကိုပြောမနေတော့ဘူး။ ကိုးကန့်လောက်ကတော့ စကားကိုပြောမနေဘူး ဆိုတဲ့အချိန်ကျတော့ ဒီလားရှိုးဆိုတာက အချိန်မရွေးယူလို့ရတဲ့အနေအထားဖြစ်တယ်။

ဒါပေမဲ့ ဒီတစ်ရက် နှစ်ရက်မှာတော့ ဗိုလ်ချုပ်မှူးကြီးလည်း တရုတ်ပြည်သွားပြီးချိန်ကျတော့ လားရှိုးက တရားဝင်သွားပြီးတော့ ရုံးတွေဘာတွေ ထိုင်နေလားပေါ့နော်။ တရားဝင်ကြီးကို ပြန်ယူလိုက်တဲ့ သဘော ဖြစ်သွားပြီလားပေါ့နော်။ အမှန်ကတော့ ကိုးကန့်က ပြီးခဲ့တဲ့ ဆယ်ရက်,နှစ်ပတ်အရှေ့ကတည်းက ကြားရတာက ‘ကိုးကန့်က လားရှိုးကို ပြန်ယူပါ။ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကိုတော့ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးပါ ’တဲ့ သူက။

အဲဒါတော့ ဒီဘက်ကလည်း ဘာမှညှိနှိုင်းစရာအကြောင်း,မရှိဘူး။ တိုက်ပြီးတော့ ပြန်ယူမယ်ဆိုတာမျိုး ဗိုလ်ချုပ်မှူးကြီးကလည်း လုပ်နေပြီလေ။ အဲဒါတော့ မတိုက်ခင်အတောအတွင်းမှာ တရုတ်နဲ့သွားပြီးတော့ ညှိမယ်ပေါ့။

တရုတ်နဲ့ညှိတာက နှစ်ချက်လုံး အဆင်ပြေတယ်။ နယ်စပ်ကိုပိတ်ဖို့လည်း အဆင်ပြေတယ်။ နောက်တစ်ခုက နယ်စပ်ကိုပိတ်ဖို့ရယ်၊ တည်ငြိမ်အေးချမ်းရေးရယ်၊ ရွေးကောက်ပွဲရယ်။

သုံးချက်စလုံး အဆင်ပြေတယ်။ သုံးချက်စလုံးအဆင် ပြေတယ်ဆိုတဲ့အချိန်ကျတော့ ရတောင်,ရနေပြီလား မသိဘူးလေဆိုပြီး သတိရတာနဲ့ ကိုကျော်နုကို လှမ်းဆက်ဦးမယ်ဆိုပြီးတော့မှ အဲဒါနဲ့ သတိရရင်းလှမ်းဆက်တာ။

အဓိကက တရုတ်ရဲ့ထောက်ခံအားပေးမှုက ဒီမြန်မာနိုင်ငံအရေးမှာ တော်တော်အရေးပါတယ်လေ။ ကိုယ့်ဘာသာကိုယ် သီးခြားရပ်တည်နိုင်အောင်၊ မရပ်တည်နိုင်အောင်ကတော့ ကိုယ့်ဘာသာကြိုးစားရမှာပေါ့။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမှာတော့ သုံးခုလုံးမှာ သူရဲ့ရိုက်ခတ်မှုကတော့ ကြီးတယ်လေ။

ပြီးတော့ နောက်တစ်ခုက အမေရိကန်ကလည်း တရုတ်နဲ့မတည့်။ တရုတ်ရဲ့အကျိုးစီးပွား ထိခိုက်နိုင်တဲ့ ထရမ့် ပြန်တက်လာပြီလေ။ ထရမ့်လက်ထက်မှာ တရုတ်က တော်တော်ဒုက္ခများသွားတာလေ။ အခွန်တွေကို (၂ဝဝ)ရာခိုင်နှုန်းတို့ ၊ (၃၀၀)ရာခိုင်နှုန်းတို့ အပြိုင်တိုးကောက်ကြတာလေ။ အဲဒါကျတော့ ထရမ့်က သူ့နိုင်ငံသူ့လူမျိုးအရေးကို သိပ်ဦးစားပေးတာလေ။

တရုတ်ကလည်း အဲဒီလိုပဲ။ သူ့နိုင်ငံ၊သူ့လူမျိုး၊အကျိုးစီးပွားကို သိပ်ဦးစားပေးတာ။ အဲဒီတော့ အဲဒီလိုမျိုးတွေဖြစ်ကြပြီဆို ကမ္ဘာ့နိုင်ငံအရေးတွေလည်း အပြောင်းအလဲဖြစ်ပြီ။ ဖြစ်ပြီဆိုတဲ့အချိန်ကျတော့ စိတ်ထဲမှာတွက်တာ ဒီကိုးကန့်တော့ ကျွံသွားပြီလို့၊ ကျွံသွားတဲ့အတွက် ကြေမှာပဲလို့။ ကိုးကန့်ကြေတာနဲ့တစ်ပြိုင်နက် အဲဒီအကြေတွေရဲ့ဟာက ဒီဘက် KIAနဲ့ ပလောင်ကိုလည်း ရိုက်ခတ်မှုကရှိလာမှာပဲ။

နောက်တစ်ခုက - ကရင်ပေါ့။ ကရင်က ‘ထိုင်း’ထွက်ပေါက်ဖြစ်နေတယ်။ တရုတ်ထွက်ပေါက် မဟုတ်ဘူး။ ဒါပေမဲ့ ကရင်ကလည်း ဗမာစစ်တပ်က ကရင်ကို ငယ်နိုင်ဖြစ်နေတာလေ။ ကရင်က သိပ်မလုပ်ရဲဘူး။ ကရင်က တကယ်တော့လေ သူ့ဘာသာသူ ဘယ်စခန်းတွေ သိမ်းတာ၊မသိမ်းတာ။ ဒီအချိန်ကတော့ စခန်းတွေ အပြိုင်သိမ်းနေတာပဲ။ ဒီဟာတွေက စခန်းသိမ်းမှ လူစုမိသလိုဖြစ်နေတယ်။

ကျော်နု -
စခန်းမသိမ်းခင်တုန်းက ဆုတ်လို့ရပေမယ့် စခန်းသိမ်းမှ နေမထိထိုင်မသာတွေ ဖြစ်ကုန်တာ။ မသိမ်းတုန်းက ဘာမှမဖြစ်ဘူး။ သိမ်းလိုက်တော့မှ ပြဿနာကတက်တယ်ဆိုတာ အခုအဲဒီလိုတွေဖြစ်ကုန်တာ။ သူပုန်တွေက။

ဆွေးနွေးဖော် -
သူ့ပြဿနာက အရင်တုန်းက တဲလေးနဲ့ နေတယ်။ တဲလေးနဲ့နေပြီးတော့ ဘေးကတိုက်ကြီးကို ခင်ဗျားက အမြဲတမ်း မျက်စောင်းထိုးတယ်။ ဒီတိုက်ကြီးရှိနေတဲ့အတွက် ငါ့တဲလေးသိမ်ငယ်နေရတယ်လို့ ခင်ဗျားအမြဲတမ်းတွေးခဲ့တယ်။

တစ်ရက်ကျတော့ တိုက်ကြီးက အားနည်းနေတဲ့အချိန်မှာ တဲလေးထဲကလူက တိုက်ကြီးကိုတက်ပြီးတော့ အပိုင်စီးပြီးတော့ တက်နေတယ်။ ဒါပေမဲ့ သူ့မှာက အဲဒီတိုက်ကြီးထဲမှာ ဘယ်တုန်းကမှ မနေခဲ့ဖူးတဲ့အတွက်ကြောင့်မို့လို့ သူဒီတိုက်ကြီးကို ဘယ်လိုစီမံခန့်ခွဲရမယ်၊ အုပ်ချုပ်ရမယ်။ ဒီအပေါ်မှာနေထိုင်ရင် ဘယ်လိုအဆင့်အတန်းနဲ့ နေထိုင်ရမယ်ဆိုတာကို သူမလုပ်တတ်တော့ဘူး။ အဲဒီအတွက်က သူအသားကျဖို့အတွက် အချိန်အကြာကြီးယူရဦးမှာ။ သဘောကတော့ အဲဒီတိုက်ကြီးမှာ နေနိုင်တယ်ဆိုတဲ့ဟာ အခုနိုင်ငံတစ်နိုင်ငံ အုပ်ချုပ်ပြီ။ ဒေသတစ်ခုကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ပြီဆိုတာ အဲဒီ Constitution နဲ့။
ဒီ Constitution မရှိတဲ့အတွက်ကြောင့်မို့လို့ အခု ကရင်တွေက ပထမဆုံး စပြီး,တော်လှန်တယ်။ နှစ်(၇ဝ)ရှိပြီ။ ဒါပေမဲ့ ဒီကရင်တွေက ကရင်ပြည်နယ်ကြီးတစ်ခုလုံးကို သူတို့ပြန်ရပြီထားတော့ သူကဘာလုပ်မယ့် အစီအစဉ်ရှိလဲ။

သူတို့ပြဿနာက ‘အိန္ဒိယမှာ လူတစ်ယောက်ကို ဒုက္ခရောက်စေချင်ရင် မဟာရာဂျာက ဆင်ဖြူတစ်စီးပေးလိုက်တယ်။ အဲဒီလူကလည်း မဟာရာဂျာရဲ့ဆင်ဖြူကိုရတဲ့အချိန်ကျတော့ ဝမ်းသာပြီးတော့ပြန်သွားတယ်။ ဒါပေမဲ့ ဆင်ဖြူက တခြားဆင်မည်းတွေလို မြက်၊ သစ်ရွက်တွေ ကျွေးလို့မရဘူး။ သူက သကာတို့ ၊ နို့တို့ ၊ ပေါက်ပေါက်တို့ ကျွေးရတာ။ ပြီးတော့ တခြားဆင်မည်းတွေလို သစ်ဆွဲလို့မရဘူး။

🕊️ PEACE MYANMAR 🕊️

21 Nov, 16:46


ဆွေးနွေးဖော် -
လားရှိုးပြန်ရပြီကြားလို့ ရပြီလား?

ကျော်နု -
အစ်ကိုကလည်း လားရှိုးက တိုက်တိုက်၊ မတိုက်တိုက် လိုမှ မလိုတော့တာ။

ဆွေးနွေးဖော် - ဟုတ်တယ်လေ။

ကျော်နု -
တိုက်ဖို့တောင်မလိုတော့အောင် လားရှိုးက သူ့ဘာသာသူ အခြေအနေက၊ ဥပမာပြောရရင် စစ်သားတစ်ယောက်ပေါ့။ စစ်သားတစ်ယောက်က ယူနီဖောင်းနဲ့ လားရှိုးထဲဝင်သွားရင်တောင် ကျန်တဲ့ကောင်တွေ အကုန်ထွက်ပြေးမယ့်အနေအထားအထိ ရောက်သွားပြီ။ ကိုးကန့်အထိထွက်ပြေးမှာ။ အဲဒီလောက်အထိ ရောက်သွားပြီ။

ဆွေးနွေးဖော် -
ဟုတ်တယ်လေ။
တရားဝင်ပြန်ရပြီလားလို့လေ?

ကျော်နု -
တရားဝင်ကျတော့ ခုနက ပြဿနာရှိတယ်။ ဆိုလိုတာက နယ်မြေကိုရနေရင်တောင် တိုက်ပြီးရတယ်တို့ သို့မဟုတ် ရင်းနှီးပြီးတော့ရတယ်တို့ ဇာတ်လမ်းရိုက်ဦးမှာပေါ့။ အဲဒီလိုတော့ ကျွန်တော်ကမြင်တယ်။ လားရှိုးက ဘယ်အချိန်ယူယူ ရနေပြီ။ အဲဒီအဆင့်အထိရောက်သွားပြီ။ ကျွန်တော်အဲဒါကိုသိတယ်။

ဆွေးနွေးဖော် -
ဟုတ်တယ်လေ။
အဲဒါကြောင့်မို့လို့ ဒါကြောင့် လက်ရှိရနေပြီဆိုတဲ့အခြေအနေတော့ ခန့်မှန်းမိတာကြာပြီလေ။ ဒါပေမဲ့ ကိုကျော်နုကတော့ သတင်းကကြိုရနေမှာ တရားဝင်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးကလည်း တရုတ်ပြည်သွားပြီးပြီ ဆိုတော့လေ။ အကုန်လုံးက အိုကေတယ်လေ။ အကုန်လုံးက အိုကေတယ်ဆိုတော့ ရသွားပြီလားလို့လေ။

ကျော်နု -
ဟုတ်တယ်။ ကျွန်တော်က ပြီးခဲ့တဲ့နှစ်ပတ်လောက်တည်းက လားရှိုးကိစ္စကို မေးပြီးပြီ။ မေးတော့ လားရှိုးမှာရှိသေးတဲ့ ကိုးကန့်တွေရော၊ ဝ,တွေရောပေါ့။ နှစ်ဖွဲ့လုံး တူညီစွာထွက်တဲ့အသံက ဘာလဲဆိုတော့ စစ်တပ်က လာဖို့ပဲ။ စစ်တပ်က ဝင်လာဖို့ပဲ လိုတာ။ စစ်တပ်က ဝင်လာပြီးတော့ လားရှိုးမြို့ကို ပြန်ပြီးတော့ တိုက်ခိုက်သိမ်းပိုက်ဖို့၊ တိုက်ခိုက်သိမ်းပိုက်ပြီဆိုတဲ့ အဲဒီဟာလေးပဲလိုတာ သိလား။ ရှင်းရှင်းပြောရရင် အဲဒါလေးအသံထွက်တာနဲ့ ဒီကောင်တွေက ပြေးမှာ။ အဲဒီလိုပြေးချင်နေတာ ပြဿနာက အဲဒီလို အသံ ထွက်လာဖို့ပဲ လိုတာ။

ဆွေးနွေးဖော် -
ပြေးပြီဟေ့။ ပြေးပြီဆိုရင်လည်း သူတို့က ဘယ်အိမ်ကိုပြေးကြမှာလဲ။

ကျော်နု -
ကိုးကန့်နယ်မြေထဲ ပြေးမှာပေါ့။

ဆွေးနွေးဖော် -
မဟုတ်ဘူးလေ။
လောက်ကိုင်လည်း ကြေမွပြီ ၊ ချင်းရွှေဟော်လည်းကြေမွပြီလေ။

ကျော်နု -
အဓိကက နားလည်သလောက်ကတော့ ကိုးကန့်တွေက တရုတ်ကနေတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို သတင်းစကားပါးတယ်ပေါ့။ ကျွန်တော်ခန့်မှန်းတာပေါ့။ သူကရှင်းရှင်းပြောရရင် သူတို့ ကိုးကန့်ဒေသတော့ အုပ်ချုပ်ခွင့်ပေးဖို့။ လားရှိုး ကနေ သူတို့ကဆုတ်မယ်။ ဒါပေမဲ့ ယုတ္တိရှိအောင် ဆုတ်မယ်ပေါ့ဗျာ။ ပြီးရင် TNLA၊ TNLAဆိုတဲ့ ဒီပလောင်အုပ်စုနဲ့က မဟာမိတ်ချုပ်ခဲ့တာဖြစ်တော့ မဟာမိတ်ချုပ်ခဲ့တဲ့စာချုပ်ကိုလည်း အရှက်မကွဲချင်ဘူး။ အဲဒီတော့ သူတို့က ယုတ္တိရှိရှိနဲ့ဆုတ်လို့ရအောင်လို့ အတိုက်ပြပေးပါပေါ့။ ဖြစ်စေချင်တာ။

ဒါမျိုးဆိုတော့ ပြောချင်တာကဗျာ သူတို့ကို တရားဝင်အုပ်ချုပ်ခွင့်ပေးဖို့အတွက်ကို ဖုန်အုပ်စုက Request လုပ်တဲ့သဘော၊ အောက်ကျို့ခံသွားတဲ့သဘောဖြစ်သွားပြီ။ သူတို့တိုက်ခဲ့တာ မှားသွားပြီဆိုတာ သူတို့သိသွားပြီ။အောက်ကျို့ခံဖို့ ကြိုးစားပြီ။

ဆွေးနွေးဖော် - ကျွံသွားပြီ။

ကျော်နု -
ပြီးတော့ ဖုန်အုပ်စုက အဲဒီလိုပြောတဲ့အချိန်မှာ ခုနောက်ပိုင်းမှာ ကျွန်တော်မြင်တာပေါ့။ ကျွန်တော့်အမြင်ပေါ့လေ။ ခန့်မှန်းတာပေါ့။ ဖုန်းတာရွှင့်နဲ့ ဖုန်မိသားစုက ဇာတ်မြှုပ်နေရမယ့် အလားအလာရှိသွားပြီ။ ဖုန်တာရွှင်နဲ့ ထိပ်ပိုင်းတချို့တွေကို တရုတ်က သတ်မယ့်သဘောရှိတယ်။ သတ်မယ်ဆိုတာ ဖမ်းဆီးထိန်းသိမ်းရေး မဟုတ်ရင်တောင် သူတို့ ဒီကောင်တွေကို သတ်ပစ်လိုက်တာမျိုး သို့မဟုတ်ဗျာ သတ်လိုက်တယ်ပေါ့။ အဲဒါကို ဖုန်ကလည်း သိတယ်။ အဲဒီတော့ အဲဒီလောက်ကိုင်နယ်မြေကိုအုပ်ချုပ်ဖို့အတွက် ကိုးကန့်ဒေသပေါ့။ ခေါင်းကိုင်ဖခင်အဖြစ်နဲ့အုပ်ချုပ်ဖို့အတွက် တရုတ်ရော၊ မြန်မာရော ရွေးချယ်တဲ့ မိသားစုပေါ့လေ။ အဲဒါက လော်မိသားစု လော်စစ်ဟန်။ လော်စစ်ဟန်နဲ့ အခု သူရဲ့သား စတီဗင်လောပေါ့။ အဲဒီအုပ်စုကို လက်ထဲထည့်မလားဆိုတဲ့အတွေး ကျွန်တော့်မှာရှိနေတယ်။ အဲဒါကို နန်းတွင်းရေးရာစီမံခန့်ခွဲတဲ့ကိစ္စတွေနဲ့ ချိန်ပြီးစဉ်းစားရင် ရသွားပြီပေါ့ဗျာ။ အဲဒီလိုဖြစ်သွားပြီလို့ ခန့်မှန်းတယ်ပေါ့နော်။

ဆွေးနွေးဖော် -
ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကကျွံသွားတယ်ပေါ့နော်။ သူတို့ ဘာဖြစ်လို့လဲဆိုတော့ ဟိုရက်ကတည်းက သုံးသပ်တာ မတန်မရာကို သွားလုပ်လိုက်တာပေါ့ကွာ။ မတန်တာကို သွားလျာလိုက်တာပေါ့။ မတန်တာကိုသွားလျာပြီဆိုရင် ကွဲမှာပဲလေ။ မတန်တာကို သွားလျာမိတဲ့အတွက် သူတို့ကွဲမယ်။

ဘာကြောင့်လဲဆိုတော့ အခုအချိန်က တရုတ်က အကျိုးစီးပွားက တအားထိခိုက်နေပြီလေ။ ပိုးလမ်းမကြီးအတွက်လည်း စိတ်ပူနေရပြီ။ နောက်တစ်ခုက ဘာဖြစ်လာလဲဆိုတော့ တရုတ်ရဲ့ မြန်မာပြည်က သွင်းနေတာက မြန်မာက တစ်ဘီလျံလောက်အကျိုးရှိရင် တရုတ်က (၅)ဘီလျံလောက် အကျိုးရှိနေတာ။ (၁ဝ)ဘီလျံလည်းဖြစ်ချင်ဖြစ်မယ်။ အဲဒါကျတော့ အဲဒီအကျိုးစီးပွားလည်း ထိတယ်။

🕊️ PEACE MYANMAR 🕊️

21 Nov, 16:46


✨ ဆွေးနွေးခန်းကဏ္ဍ ✨
°°°°°°°°°°°°°°°°°°°°°°°°°°

ကျော်နုနှင့်မိတ်ဆွေများ၏ တိုင်းကျိုးပြည်ပြု အလွတ်သဘောဆွေးနွေးခန်း
(အပိုင်း - ၁)
++++++++++++++++++++++++++++++

ကျော်နုနှင့်မိတ်ဆွေများ အလွတ်သဘောဆွေးနွေးခန်းစာစဉ်ကို ယခုတစ်ပတ် The Statesman ဂျာနယ်မှစတင်၍ အပိုင်း(၃)ပိုင်းခွဲကာ စတင် ဖော်ပြသွားမည်ဖြစ်ပါသည်။

ဆွေးနွေးခန်းအတွင်း၌ ပါဝင်ဆွေးနွေးကြသူများ၏အမည်များကို ဖော်ပြမည်မဟုတ်ဘဲ အဆိုးအကောင်းမှန်သမျှကို The Statesman ဂျာနယ်ကသာ တာဝန်ယူသွားမည်ဖြစ်ပါသည်။

နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် တိုင်းကျိုးပြည်ပြု ဆွေးနွေးမှုစကားဝိုင်းသာဖြစ်ပြီး ယခုဖော်ပြမည့်အပိုင်း(၃)ပိုင်း (ဂျာနယ်)သုံးပတ်စာအစီအစဉ် ပြီးစီးပါက အခြားသောကဏ္ဍများအတွက်လည်း ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

စော ရေးသားသည်။

🕊️ PEACE MYANMAR 🕊️

21 Nov, 16:34


ရခိုင် လူထုက AAကို ဒုတ်နဲ့လိုက်ရိုက် ၊
စုသမျှ လူသစ် တွေ သေကြတာများလို့

Kyaw Swar
21.11.2024

🕊️ PEACE MYANMAR 🕊️

21 Nov, 16:29


Zaw Bhone Hein
( 21 - 11 - 2024 )

🕊️ PEACE MYANMAR 🕊️

21 Nov, 15:56


ရှမ်းမြောက်က ဆီမှောင်ခိုသမားတွေရဲ့ ချောက်ချတဲ့လုပ်ရပ်

ဂျော့ချ်ဆိုးရော့စ်ရဲ့တပည့်
NLD ဝန်ကြီးဟောင်း ဆေးရုံရောက်

မကွေးပြည်သူ့ဆေးရုံရှေ့မှာ
ဆရာဝန်မကြီးတစ်ဦး သတ်ဖြတ်
ခံရ

ခြံအမှတ်(၅၄) - (၂၉ဝ)ဘီလျံ

NPNews (၂၁-၁၁-၂ဝ၂၄)

join Channel & Share >>>
🇲🇲🕊️

https://t.me/peacemyanmar2024

🕊️ PEACE MYANMAR 🕊️

21 Nov, 15:53


ရှမ်းမြောက်က ဆီမှောင်ခိုသမားတွေရဲ့ ချောက်ချတဲ့လုပ်ရပ် ၊ ဂျော့ချ်ဆိုးရော့စ်ရဲ့တပည့် NLD ဝန်ကြီးဟောင်း ဆေးရုံရောက် ၊ မကွေးပြည်သူ့ဆေးရုံရှေ့မှာ ဆရာဝန်မကြီးတစ်ဦး သတ်ဖြတ်ခံရ ၊ ခြံအမှတ်(၅၄)-(၂၉ဝ)ဘီလျံ။ (၂၁-၁၁-၂ဝ၂၄)

https://npnewsmm.com/videos/673f4f80c4469a7b3a22f085

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ် ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)

🕊️ PEACE MYANMAR 🕊️

21 Nov, 15:11


MHTNewsရဲ့(21-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

(NLD)ပါတီ ပြန်ပေါ်လာနိုင်လား?

ပန်ဆယ်လိုအတွက် နောက်ဆုံးနေ့တွေ
ရောက်နေပြီလား?

ထိုင်းနိုင်ငံက ကွန်ဒို,ဝယ်ယူသူတွေထဲမှာ
မြန်မာက ဒုတိယအများဆုံးဖြစ်နေ

ရုရှား နှင့် အီးယူကြား ပုံစံသစ်နှင့်
စစ်ဖြစ်လာနိုင်သလား ?

စတဲ့ အကြောင်းအရာတွေ အပါအဝင်
လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။

K-pay နံပါတ် (09673427358)မှတဆင့်
MHT News ကိုကူညီနိုင်ပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎

join Channel & Share >>> 🇲🇲🕊️
https://t.me/peacemyanmar2024

🕊️ PEACE MYANMAR 🕊️

21 Nov, 14:54


ရခိုင်ပြည်နယ် နှင့် အထူးဒေသ(၁)သတင်း

Kyaw Swar
21.11.2024

🕊️ PEACE MYANMAR 🕊️

21 Nov, 14:53


Zaw Bhone Hein
( 21 - 11 - 2024 )

🕊️ PEACE MYANMAR 🕊️

21 Nov, 14:12


ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့

◾️ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ကို ရခိုင်သူပုန် AA က ပြန်ပေးဆွဲတယ်လို့ နိုင်ငံတကာမီဒီယာတွေ ရေးသားဖော်ပြလိုက်တဲ့ဖြစ်စဥ်က AA ဖမ်းဆီးခံ ဘင်္ဂါလီ ၂၀ ဟာ ဆင်းရဲသား ရေလုပ်သားတွေဖြစ်နေလို ပြန်လွှတ်ပေးပေမဲ့ စက်လှေတွေ ဆက်ဖမ်းထားတဲ့သတင်း

◾️ ဘုရားသုံးဆူမှာ အငြိမ်းစားဝန်ထမ်းအဘိုး၊ သမီးဖြစ်သူ ကျောင်းဆရာမနဲ့ ၆ နှစ်အရွယ်မြေးဖြစ်သူကို လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးသွားပြီး သုံးလောင်းပြိုင် လည်လှီးသတ်ဖြတ်တဲ့သတင်း

◾️ ကျိုက်လတ်မှာ လှုပ်ခတ်တဲ့ ငလျင်ကြောင့် ကော့မှူးမြိုနယ်က ကျိုက်ထော်စေတီ စိန်ဖူးတော် မြေခခဲ့ပြီး အိမ်နံရံပြိုကျတာတွေပါရှိခဲ့တဲ့သတင်း

◾️ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ်ရှာဖွေသူ မြန်မာ ၉ ဦးကို မူးယစ်ဆေးနဲ့အတူ ဖမ်းမိတဲ့သတင်း

◾️ ပြည်မကို စစ်ရှောင်ကြတဲ့ ရာနဲ့ချီတဲ့ တောင်ကုတ်ဒေသခံတွေကို AA က တားဆီးထားလို့ ရခိုင်ရိုးမပေါ်မှာ သောင်တင်နေကြတဲ့သတင်း

◾️ အွန်လိုင်းလောင်းကစားစွဲနေပြီး လူ ၁၄ ယောက်ကို အဆိပ်ခတ်သတ်ဖြတ်လုယက်ခဲ့တဲ့ ထိုင်းအမျိုးသမီးကို သေဒဏ်ချတဲ့သတင်း

◾️ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီးက ဓာတ်တိုင်ကို ဝင်တိုက်လို့ မြန်မာ ၇ ဦး သေဆုံးတဲ့သတင်း

◾️ ဝန်ကြီးဌာနတွေ ယခုဘဏ္ဍာနှစ် သုံးစွဲရမယ့် အသုံးစရိတ်တွေ ထပ်မံလျှော့ချပြီး ပိုလျှံငွေကို ရာဂီမုန်တိုင်း နောက်ဆက်တွဲလုပ်ငန်းမှာ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်သွားမယ်လို့ SAC ဒုဥက္ကဋ္ဌ မှာကြားတဲ့သတင်း

◾️ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာရပ်တည်တဲ့သတင်းနဲ့

◾️ အာဆီယံအဖွဲနဲ့ မိတ်ဖက်နိုင်ငံတွေ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဖွဲစည်းထားတဲ့ ADMM-Plus အဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအသစ်တွေ ပူးပေါင်းပါဝင်တာကို မြန်မာ နိုင်ငံက ကန့်ကွက်ခဲ့တယ်လို့ စင်ကာပူကာကွယ်ရေးဝန်ကြီးပြောတဲ့ သတင်းတို့ကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။

🕊️ PEACE MYANMAR 🕊️

21 Nov, 14:12


MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၂၁. ၁၁. ၂၀၂၄
တင်ဆက်/တည်းဖြတ် MT News

🕊️ PEACE MYANMAR 🕊️

21 Nov, 13:58


ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ
၂၀-၁၁-၂၀၂၄

🕊️ PEACE MYANMAR 🕊️

21 Nov, 13:58


ငလျင်လှုပ်တိုင်း မင်းလောင်းတနေကြတဲ့
မြန်မာနိုင်ငံ

သစ္စာဖောက်(စစ်ပြေး)တို့ သွားရာလမ်း

Prime Media Myanmar
21.11.2024

🕊️ PEACE MYANMAR 🕊️

21 Nov, 13:49


ဖလမ်းမြို့တိုက်ပွဲ အခြေအနေ

ထိုင်းရဲလိုက်လို့ ထွက်ပြေးတဲ့ ကားမှောက်ပြီး မြန်မာနိုင်ငံသား ၇ ဦး သေဆုံးမှု၌ CDM နှစ်ယောက်ပါဝင်

ဘုရားသုံးဆူမြို့မှာ အသက် ၆ နှစ်အရွယ်ကလေးငယ် အပါအဝင် မိသားစု ၃ ယောက်ကို KNU လုပ်ကြံ

တောခိုသွားတဲ့ ဗိုလ်မှူးဟိန်းသော်ဦး ရှင်းလင်းခံရမှုနှင့်ပတ်သက်ပြီး လောက်ကောင်တွေ အသံမထွက်ရဲ

People Media

join Channel & Share >>> 🇲🇲🕊️
https://t.me/peacemyanmar2024

🕊️ PEACE MYANMAR 🕊️

21 Nov, 13:48


ယနေ့ နိုဝင်ဘာ ၂၁ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ

(၁) ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ

(၂) ကျောက်ဖြူ-ကူမင်းပိုက်လိုင်း၏ ကွယ်ဝှက်ထားသော ဗျူဟာမြောက်တန်ဖိုးအကြောင်း တရုတ်ပါမောက္ခက တရုတ်ကျောင်းသားများကို ထည့်သွင်းသင်ကြားနေ

(၃) ယူကရိန်းချေးထားတဲ့ငွေကြေးများအနက်မှ ဒေါ်လာ(၅)ဘီလျံနီးပါးကိုလျော်ပစ်ဖို့ အမေရိကန်သမ္မတ စီစဉ်နေ

(၄) ဟားမတ်စ်အဖွဲ့လက်ထဲ ဖမ်းဆီးခံထားရသူတစ်ဦးကို အသက်ရှင်လျက် ပြန်ကယ်နိုင်မယ်ဆိုရင် ဆုကြေးဒေါ်လာ (၅)သန်းပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော

NPNews

🕊️ PEACE MYANMAR 🕊️

21 Nov, 13:48


နိုဝင်ဘာ ၂၁ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )

- ဘုရားသုံးဆူမြို့တွင် မိသားစုဝင် သုံးဦး သတ်ဖြတ်ခံရ

- ပုလဲမြို့နယ်တွင် တိုက်ပွဲများကြောင့် ပုလဲမြို့ပေါ်နှင့်ကျေးရွာ ၂၁ ရွာမှ ဒေသခံနှစ်သောင်းကျော်စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ နှင့် လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေ

- ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

- ရုရှားနိုင်ငံ၏ နျူကလီးယားပေါ်လစီအပြောင်းအလဲများကို ပူတင် အတည်ပြု

- မန်စီးတီး၏စိတ်ဝင်စားခြင်းကိုခံနေရပြီး ဂွါဒီယိုလာနှင့်စကားပြောဖူးသော်လည်း နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေ ကြောင်း ဂီမာရေ့စ် ဖွင့်ဟ

🕊️ PEACE MYANMAR 🕊️

21 Nov, 13:31


TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
++++++++++++++++++++++++++++++++
Published 21 November 2024

၁။ မြန်မာကျောင်းသားများ ဥရောပမှပေးမည့် ပညာသင်ဆုပါဝင်လျှောက်ထားနိုင်

၂။ ရွှေတိဂုံစေတီ၏အထိမ်းအမှတ်အလံငယ်မှ ဆုတော်ငွေ(၅)သိန်းကို ဒေးဒရဲဒေသခံတစ်ဦးကံထူး

၃။ ၇ လတာကာလအတွင်း ပြည်ပသို့ á€•á€˛á€™á€ťá€­á€Żá€¸á€…ုလတန်ခဝိန် ၂ သန်းကျော် တင်ပို့နိုင်ခဲ့

၄။ ကမ္ဘာပေါ်တွင်ခြေအိတ်အများဆုံး ထုတ်လုပ်ရာလုပ်ငန်းကြီးတည်ရှိသည့် တရုတ်ပြည်မှကျူကျီမြို့

4,566

subscribers

5,545

photos

8,722

videos