🍀 Randy 🍀 @mthkrandy Channel on Telegram

🍀 Randy 🍀

@mthkrandy


🎁 Personal Growth & Spirituality 🎁

🎁 Personal Growth & Spirituality 🎁 (English)

Are you looking to embark on a journey of personal growth and spiritual enlightenment? Look no further than the '🎁 Personal Growth & Spirituality 🎁' Telegram channel! Led by the insightful and motivational user 'mthkrandy,' this channel is dedicated to helping individuals discover their true potential and achieve inner peace. From daily affirmations to guided meditation sessions, '🎁 Personal Growth & Spirituality 🎁' offers a variety of resources to support you on your path to self-improvement. Whether you are seeking guidance on mindfulness practices or seeking inspiration for your personal development journey, this channel has something for everyone. Join '🎁 Personal Growth & Spirituality 🎁' today and start your transformative journey towards a more fulfilling and enlightened life!

🍀 Randy 🍀

13 Nov, 02:04


မိမိတို့ရဲ့ စိတ် အေးချမ်းမှု, တည်ငြိမ်မှု, တိုးတတ်ပြောင်းလဲမှု, အောင်မြင်မှု တို့ကို အကျိုးပြု အထောက်အကူ ပြုစေနိုင်မည့် Spiritual နဲ့ ပတ်သတ်ပြီး ... အရင်က ပြုလုပ်ပေးခဲ့သော …

🔹 Paid Programs 9 မျိုးကို Offer လုပ်ပေးပါ့မယ် …

မိမိတို့ ရောက်ရှိနေတဲ့ Spiritual Level နဲ့ မိမိတို့ Soul က တကယ် လိုအပ်မယ်လို့ ထင်တဲ့ Program အမျိုးအစားကို သေသေချာချာ ရွေးချယ်ပြီး ဝယ်ယူနိုင်ပါတယ် …

https://www.facebook.com/share/p/1W7NJVkc94/?mibextid=WC7FNe

🍀 Randy 🍀

11 Nov, 03:20


Manifestation Affirmation အတွက် Meditation

https://youtu.be/NNJfPew3uNU?si=fm5-ZXIGlphfoKyK

🍀 Randy 🍀

11 Nov, 03:18


Money Healing and Activation အတွက် Meditation

https://youtu.be/p41sY-8vnLo?si=yCsdnHBwVXGPvu6M

🍀 Randy 🍀

11 Nov, 01:45


11/11 Golden Portal

https://www.facebook.com/share/15FiB1reF5/?mibextid=WC7FNe

🍀 Randy 🍀

19 Sep, 05:25


https://youtu.be/VqLRBq2GP6k?si=kfVQsBhCQ3pVoWtN

🍀 Randy 🍀

07 Aug, 13:14


Personal Growth With Spiritual Practice

https://youtu.be/Hpk7DUaSOPk?si=0JarnWoGByX9fRF_

🍀 Randy 🍀

01 Aug, 07:57


အသံနဲ့ နားထောင်ချင်သူတွေ အတွက်

𝗦𝗲𝗹𝗳 𝗟𝗼𝘃𝗲 & 𝗦𝗲𝗹𝗳 𝗖𝗮𝗿𝗲 အကြောင်းလေးကို YouTube မှာ ပြန်တင်ပေးထားပါ …

ကိုယ်အားတဲ့ အချိန်မှ ပြန်နားထောင်လို့ ရအောင် Share သွားပြီး …

Randy’s 𝗬𝗼𝘂𝗧𝘂𝗯𝗲 ကိုလဲ Like & 𝗦𝘂𝗯𝘀𝗰𝗿𝗶𝗯𝗲 လုပ်ပေးထားကြပါဦး … ❤️

နောက်ပိုင်း YouTube မှာလဲ 𝗔𝗰𝘁𝗶𝘃𝗲 ဖြစ်ဖို့ ကြိုးစားသွားပါ့မယ် …

https://youtu.be/haA0fYvMrro?si=Y6IMurE1zj9_mhKx

🍀 Randy 🍀

02 Jul, 07:14


Powerful ဖြစ်တဲ့ Star Sirius Gateway ပွင့်တဲ့ ရက်ထဲမှာ 𝗗𝗶𝘃𝗶𝗻𝗲 𝗘𝗻𝗲𝗿𝗴𝘆 နဲ့ ချိတ်ဆက်ပြီး Activation လုပ်ပေးဖို့ ရှိပါတယ်

အသေးစိတ် 👇🏻
https://www.facebook.com/share/p/7SaLHMweL1jVWtud/?mibextid=WC7FNe

🍀 Randy 🍀

01 Jul, 02:37


တန်ဖိုးကို သိမှ ... တန်ဖိုး ရှိတာပါ ...

မိသားစုရဲ့ တန်ဖိုးကို သိထားမှ
မိသားစုဆိုတာကို တန်ဖိုးရှိမှန်း နားလည်တာပါ ...

ကျန်းမာခြင်းရဲ့ တန်ဖိုးကို သိထားမှ
ကျန်းမာခြင်းဆိုတာ တန်ဖိုးရှိမှန်း နားလည်တာပါ ...

အပင်လေးတွေရဲ့ တန်ဖိုးကို သိထားမှ
အပင်လေးဆိုတာကို တန်ဖိုးရှိမှန်း နားလည်တာပါ ...

~ Myo Thiha Kyaw ~ Randy ~

အဲဒီလိုပါပဲ လူတစ်ယောက်ရဲ့ တန်ဖိုးကို သိထားမှ အဲ့ဒီလူဆိုတာ တန်ဖိုးရှိမှန်း နားလည်ကြတာပါ …

လူတိုင်းက အဖိုးတန်လေးတွေပါ ...

ဒါ့ကြောင့် ကိုယ့်တန်ဖိုး သိတဲ့ နားလည်တဲ့
အရပ်မှာပဲ နေပါ ...

Have A Nice Day! ♥️♥️♥️

လိုအပ်လျှင် Life Coaching ယူပါ …
#Randy’s အတန်း တွေ Join ပါ …

🍀 မျိုးသီဟကျော် ~ Randy 🍀

⭐️ Life Coach & Spiritual Guidance

PS ~ 2 Years Ago ~ Post

🍀 Randy 🍀

25 Jun, 02:05


IG မှာ Notes လေးတွေ တင်ပေးဖြစ်ပါတယ် ❤️

https://www.instagram.com/myo_thiha_kyaw_randy

🍀 Randy 🍀

23 Jun, 14:49


ကိုယ်က ယခု ဘယ်လို ပုံစံလဲ ?
ဘာ့ကြောင့် ဒီလို ပုံစံ ဖြစ်နေရတာလဲ ?
တနေ့ ဘယ်လိုလူ ဖြစ်ချင်တာလဲ ?
ကိုယ်တိုင် Change Process လုပ်ချင်သူတွေ ဖတ်ကြည့်ပါ။

လူတိုင်းမှာ ကိုယ့်ကိုယ်ကို ကန့်သတ်ထားတဲ့ ယုံကြည်ချက် Limiting Beliefs တွေ ရှိပါတယ်။ ငါက မတော်ဘူး။ ငါကို ချစ်မဲ့လူ မရှိဘူး။ ငါကတော့ လူတွေကို ခင်လိုက်ရတာ ငါ့ကိုကျ ခင်မည့်လူတွေ မရှိဘူး စသည်ဖြင့် ကန့်သတ် ဘောင်ခတ်ထားတဲ့ ယုံကြည်ချက်တွေ ရှိပါတယ်။

ဒါတွေက ငယ်ငယ်က အခြားသူပြောခဲ့တဲ့ စကားတွေကြောင့် (သို့) ရရှိခဲ့တဲ့ အတွေ့အကြုံ ဖြစ်ရပ် တစ်ခုကြောင့် ကိုယ့်ကိုယ်ကို မသိစိတ်က ယုံကြည်သွားတဲ့ အရာတွေပါ။

ဒီယုံကြည်ချက်တွေကြောင့် အတွေးတွေ ဖြစ်လာပြီး Feeling တွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ ငယ်ငယ်က မိဘက စိုးရိမ်လွန်ကဲပြီး အိမ်ထဲမှာ အမြဲ နေရတဲ့ လူတွေက အပြင်သွားရမှာ ကြောက်မယ်။ လူတွေကြားထဲ သွားရမှာ ရှက်မယ်။ စတဲ့ Feeling တွေကြောင့် လူတွေနဲ့ ရှောင်ဖယ်နေပြီး နေတတ်တဲ့ သူ့ရဲ့ Action တွေ ထပ်ပြီး ဖြစ်ပေါ်လာပါတယ်။

နောက်ထပ် ငယ်ငယ်က ကိုယ်အရမ်းချစ်ခင်တဲ့ လူတစ်ယောက်ယောက်က ကိုယ့်ကို ထားသွားတဲ့ ခံစားချက်မျိုး ရဖူးတဲ့ လူတွေကလဲ သူတို့ကိုယ် သူတို့ မယုံကြည်တော့ပဲ ငါက ချစ်စရာမကောင်းလို့ ဆိုတာမျိုး တွေးမိပြီး ယုံကြည်ချက်ကနေ မကောင်းတဲ့ feeling တွေ ဖြစ်လာပြီး သူတို့ရဲ့ Action တွေက ပြောင်းလဲ လာတတ်ပါတယ်။

~ Myo Thiha Kyaw ~ Randy ~

ဒီ Action တွေကပဲ မတူကွဲပြားတဲ့ ရလဒ် Results တွေကို ဖြစ်ပေါ်လာစေမှာပါ။

ငါက ပိုက်ဆံ မရှာတတ်ဖူးလို့ တွေးတဲ့ သူရဲ့ Result က ပိုက်ဆံရှာဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာမျိုး။

ငါက သူများတွေလောက် လူချစ်လူခင် မများပါဘူး လို့တွေးနေရင်လဲ လူချစ်လူခင် များလာစရာ Result မရနိုင်တော့ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့ အတွေးခေါ်ကစပြီး Positive ပြောင်းနိုင်မှ Feeling တွေကကောင်းပါမယ်။ Feeling ကောင်းနေတဲ့ အချိန်ဆို လုပ်ရပ် Action တွေ ကောင်းပါတယ်။ Action ကောင်းပြီ ဆိုရင်တော့ Results ကောင်းတွေ ရမှာ အသေအချာပါပဲ။

ဒီတော့ ကိုယ်လိုချင်တဲ့ Result ရဖို့ ကိုယ့်ရဲ့ Beliefs ယုံကြည်ချက် တွေကနေ စပြောင်းရပါမယ်။ ရလဒ်ကောင်းတွေ ရဖူးတဲ့ သူတွေက သူတို့ကိုယ် သူတို့ ယုံကြည်ချက်တွေ ပိုပိုတိုးလာတော့ Action တွေ ပိုကောင်းလာပြီး Result ကောင်းတွေ အထပ်ထပ် ရနေတာပါ။

Have A Nice Day! ♥️♥️♥️

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentor

🍀 Randy 🍀

19 Jun, 00:49


We don’t attract what we want. We attract what we are. ဆိုတဲ့ အတိုင်း ... ကျွန်တော်တို့ လိုချင်တာကို ကျွန်တော်တို့ ဆွဲဆောင်နေတာ မဟုတ်ပဲ ကျွန်တော်တို့ ဘယ်သူ ဘယ်ဝါဖြစ်တယ် ဆိုတဲ့ ဖြစ်တည်မှုအတိုင်း ကျွန်တော်တို့ ဆွဲဆောင်ကြတာမို့ ... သက်မဲ့ အရာဝတ္တုထဲမှာ အမြင့်ဆုံး Energy ကို Attract လုပ်နိုင်ဖို့ ... Higher Vibration ဖြစ်တဲ့ ကျေးဇူးတရား, မေတ္တာတရား, ပျော်ရွှင်မှု, ငြိမ်းအေးမှုတို့နဲ့ တန်ဖိုးရှိမှု Value တို့ကို ပေါင်းစပ်ကာ Randy တို့ ကိုယ့်ကိုယ်ကို Energy မြှင့်တင်ပြီး ငွေကြေးကို Tune In လုပ်နေလို့ ရပါတယ် ...

https://www.facebook.com/share/p/f38kahgVTZspZN65/?mibextid=WC7FNe

🍀 Randy 🍀

14 Jun, 04:25


လူ အတော်များများက
Social Media ပေါ်မှာ
ပျော်ရွှင်နေတဲ့ ပုံစံမျိုး
အောင်မြင်နေတဲ့ ပုံစံမျိုး
အရမ်းတွေ အချစ်ခံရတဲ့ ပုံစံမျိုး
အချုပ်နှောင်တွေ ကင်းမဲ့ပြီး
လွတ်လပ်ပေါ့ပါး နေသလိုမျိုးတွေ
ဖော်ပြလေ့ရှိပါတယ် ...

ဒါပေမဲ့ ဒီအရာတွေအားလုံးကို
Social Media ထက်
တကယ့် လက်တွေ့ဘဝမှာ
ရရှိဖို့ကိုပဲ သေသေချာချာ အာရုံစိုက်ပြီး
ကြိုးစားတည်ဆောက်ရမှာပါ ...

ဒါကမှ တကယ့် အနှစ်သာရဖြစ်ပါတယ် ...

Have A Nice Day! 💙💙💙

🍀 Myo Thiha Kyaw ~ Randy 🍀
🔸 Life Coach & Spiritual Mentor

🍀 Randy 🍀

08 Jun, 15:59


“ တန်ဖိုးရှိလှတဲ့ ဘဝကို အကောင်းဆုံး ရှင်သန်ပါ … မိမိကိုယ်ရော အခြားသူတွေကိုပါ နှစ်နှစ်ကာကာ မေတ္တာတရား ထားပါ … သင်ယူစရာတွေ ရှိတာကို လေ့လာ သင်ယူပါ … ပြီးတော့ နောင်လာနောက်သားတွေ အတွက် အမွေအနှစ် ချန်ထားခဲ့ပါ ” ဆိုတဲ့ … စကားမျိုးတွေကို သက်ကြီး ဝါကြီးတွေ စီမှာ ... စာပေကျမ်းဂန် အတော်များများမှာ သီးသန့်စီ တွေ့ဖူး ကြားဖူး ကြပါလိမ့်မယ် …

အမွေအနှစ်လို့ ပြောတော့ တွေးစရာတွေ အများကြီးရတယ် … မိဘက သားသမီးတွေကို ချန်ထားပေးခဲ့တဲ့ အမွေအနှစ်တွေ ... ပစ္စည်း ဥစ္စာ၊ ဒါမှ မဟုတ် ဘဝမှာ ရှင်သန်နေထိုင် တတ်အောင် သင်ကြားပေးခဲ့တဲ့ အရာတွေ၊ သူတို့တုန်းက ရခဲ့တဲ့ သင်ခန်းစာ အမွေအနှစ်တွေ၊ ချွေးနဲ့ရင်းပြီး ပေးခဲ့တဲ့ ပညာအမွေတွေ .. စသည်ဖြင့် အစုံပါပဲ ...

ပြီးတော့ အသက်ကြီးတဲ့ လူတွေက နောင်လာနောက်သားတွေ အတွက် ထားခဲ့တဲ့ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေ ... တစ်ခုခုပေါ့ ... တန်ဖိုးကြီးကြီးမားမားတွေ မဟုတ်ရင်တောင် အရိပ်ရဖို့ သစ်ပင်တွေ စိုက်ပျိုးပေးခဲ့တာမျိုး .. သွားလို့ရရုံ လမ်း ၊ တံတား ခင်းပေးထားတာမျိုး .. ဒီလို သေးသေးလေးတွေကလဲ အဖိုးမဖြတ်နိုင်တဲ့ အမွေထားခဲ့ခြင်း တစ်မျိုးပဲ ... ဒါတွေကလဲ ရခဲလှတဲ့ လူဘဝမှာ ကိုယ်လုပ်နိုင်တဲ့ မှတ်တိုင်လေးတွေပါပဲ ပြန်စဉ်းစားတိုင်း ရနေမည့် ဝမ်းသာ ပီတိတွေပေါ့ ...

လက်ဆင့်ကမ်းမှုတွေ မရှိပဲ ... အမွေအနှစ်တွေ မရှိပဲ နေထိုင် ရှင်သန်ရတဲ့ လူ့ဘဝကြီးက အရမ်းကို ပင်ပန်း ခက်ခဲ ဆင်းရဲမှာ အမှန်ပါပဲ ... လူသားတိုင်းဟာ အစကနေ ပြန်ပြန်ပြီး ရုန်းကန် လှုပ်ရှားနေရရင် အရှေ့ကိုရောက်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး ...

မိမိတို့၏ ကြိုးစား အားထုတ်မှုတွေနှင့် အတူ ... မိမိတို့ရဲ့ ဘိုး ဘေး ဘီ ဘင် အလိုက် ... လူမျိုး အလိုက် ... လက်ဆင့်ကမ်းပေးခဲ့တဲ့ အမွေအနှစ်တွေ ကြောင့်သာ ကျွန်တော်တို့ ဒီလိုမျိုး စားသောက် နေထိုင်နိုင်ရခြင်း ဖြစ်ပါတယ် ... ဒါတွေကို ပြန်စဉ်းစားကြည့်ရင် ကျေးဇူးတင်စရာ ... ဝမ်းသာစရာတွေပါပဲ ...

ဟိုးရှေးခေတ်ကတည်းက ... အောင်မြင်ကျော်ကြားတဲ့ အနုပညာသမားတွေက အနုပညာအမွေအနှစ်တွေ ချန်ထားခဲ့တယ် ... သိပ္ပံပညာရှင်တွေကလဲ တွေ့ရှိချက် အသစ်တွေ ... နောင်အသုံးဝင်မည့် ရှာဖွေ စမ်းသပ်မှုတွေ ... တီထွင်ဖန်တီးမှု အသစ်တွေ ချန်ထားခဲ့တယ် ... အတွေးအခေါ် ပညာရှင်တွေကလဲ အကျိုးရှိတဲ့ အတွေးအခေါ်တွေ ချန်ခဲ့တာပဲ ...

ဒီလိုနဲ့ တစ်ချို့လူတွေကလဲ အများအတွက် နေစရာ၊ နားစရာ အဆောက်အဉီး အကြီးကြီးတွေ ဆောက်လုပ်လှူဒါန်းခဲ့တယ် ... မိမိကိုးကွယ်ရာ သာသနာ အဓွန့်ရှည်ဖို့ အထောက်အပံ့ဖြစ်တဲ့ နေရာတွေမှာ လှူဒါန်းကြတယ် … စသည်ဖြင့် ပြန်စဉ်းစားလိုက်တာနဲ့ကို ဝမ်းသာပီတိ ဖြစ်စရာချည်းတွေပါပဲ ...

ဒါတွေက ကျွန်တော်တို့လို နောင်လာ နောက်သားတွေ အတွက် အထောက်ပံ့ကောင်းတွေ ဖြစ်သလို ... တွေးစရာ၊ အတုယူစရာ တွေပါပဲ … ကျွန်တော်တို့ရော ဘယ်လို အမွေနှစ်တွေ ချန်ခဲ့ နိုင်သလဲ ဆိုတာမျိုးပေါ့ ...

ပြီးတော့ ကျွန်တော်တို့က ရုပ်နဲ့ နာမ်တွဲထားတဲ့ အဖွဲ့အစည်းဆိုတာ လူတိုင်း သိပြီးသားပါ … ဒါပေမဲ့ ရုပ်နဲ့ နာမ်မှာ နာမ်ဆိုတာက အဆုံးမရှိ အစမရှိ သံသရာထဲမှာ သွားနေရပြီး ရုပ်ကတော့ ဒီတစ်ဘဝ မှာ ခဏရတဲ့ အခွံ သက်သက်ကြီး ဆိုတာကိုပါပဲ …

အဲ့ဒါကို ကျွန်တော်တို့တွေက မေ့လျော့နေပြီး Physical မှာပဲ အာရုံစိုက်ပြီး အဓိကနဲ့ သာမညမှာ … အရေးမကြီးတာတွေကို ရေးကြီးခွင်ကျယ် လုပ်ပြီး တန်ဆာဆင်လို့ မပြီးနိုင်ကြတော့ဘူး … အဲ့ဒီလို ပြောလို့ ခန္ဓာကိုယ်ကြီးက အရေးမကြီးတော့ဘူးလား ဆိုတော့လဲ အဲ့ဒီလိုတော့ မဟုတ်ပါဘူး … ၂ ခုလုံး အရေးကြီးပါတယ် … ဒါပေမဲ့ ဘယ်အရာက ပိုအရေးကြီးလဲ ဆိုတာက စဉ်းစားမိလောက်မှာပါ …

ဒီတော့ အခုလက်ရှိ ဝင်ကစွပ်သာသာရှိတဲ့ ဒီဘဝကြီးမှာ အကျိုးရှိအောင် ... တန်ဖိုးရှိရှိ အကောင်းဆုံး ရှင်သန်နေထိုင် ရမှာပါ … ကိုယ့်ကိုယ်ကိုရော ကိုယ့် ပတ်ဝန်းကျင်ကိုရော ချစ်မြတ်နိုးရမှာပါ … လေ့လာ သင်ယူစရာတွေကို လေ့လာ သင်ယူရမှာပါ …

ပြီးရင် အကျိုးရှိတဲ့ အမွေအနှစ်တွေ ချန်ထားခဲ့ရဉီးမှာပါ … ဒီနေ့ ဒီစာက ကျွန်တော် ပေးနိုင်တဲ့ လက်ဆောင် တစ်ခုပါပဲ ... စဉ်းစားစရာ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ...

Have A Nice Day! ♥️♥️♥️
မျိုးသီဟကျော် ~ Randy
⭐️ Life & Relationships Coach

~ 3 Years Ago Post ~

🍀 Randy 🍀

05 Jun, 12:59


လူတိုင်းမှာ အစွဲတွေ ရှိတတ်ကြပါတယ် … ကောင်းတဲ့ အစွဲတွေက ... လူတွေကို ကောင်းတာတွေ ဖြစ်စေဖို့ တွန်းအားပေးသလို ... မကောင်းတဲ့ အစွဲတွေက လူတွေကို အတော်လေး ဒုက္ခပေးလေ့ရှိပါတယ် ...

ဒါ့ကြောင့် ကျွန်တော်တို့ဟာ ပစ္စုပ္ပန်အတွက်ရော အနာဂါတ်အတွက်ပါ အကျိုးမရှိတဲ့ မကောင်းတဲ့ အစွဲတွေကို လွှတ်ချနိုင်ဖို့ ... ဖြုတ်ချနိုင်ဖို့က အရမ်းကို အရေးကြီးပါတယ် ...

ဒါမှ ကျွန်တော်တို့ ဘဝမှာ မကောင်းတဲ့ အစွဲတွေ ကင်းကင်းနဲ့ မိမိတို့ လုပ်စရာရှိတာ ... ဆောင်ရွက်စရာ ရှိတာတွေကို အကောင်းဆုံး ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ် ...

အစွဲတွေ ဘယ်ကနေ ဖြစ်လာလဲဆိုတော့ ... ကျွန်တော်တို့ ဦးနှောက်က ကိစ္စတစ်ခုကို ကိုယ်တိုင် ကြုံရတဲ့ အခါ ... အခြားလူရဲ့ အတွေ့အကြုံ တစ်ခုကို မြင်ရတဲ့ အခါ (သို့) ကြားရတဲ့ အခါမှာ ... အဲ့ဒီအရာနဲ့ တွဲဆက်ပြီး ဖြစ်ပေါ်လာတဲ့ ရလဒ်ကို ကြည့်ကာ မိမိတို့ စိတ်ထဲမှာ အစွဲ ဆိုတာတွေ ဖြစ်လာတတ်ပါတယ် ...

ဒီအရာကို လုပ်ရင် ကိုယ် စွဲ မှတ်လိုက်မိတဲ့ ... တွဲရက် ဖြစ်ရပ်က ကြိမ်းသေပေါက် ဖြစ်ကို ဖြစ်မယ်ဆိုတဲ့ အစွဲမျိုး ဝင်လာတော့တာပါပဲ ...ကိုယ်ဟာ ဒီအင်္ကျီကို ဝတ်တိုင်း ကံ မကောင်းတဲ့ အတွေ့ အကြုံမျိုး ၂ ခါ ၃ ခါလောက် ကြုံလိုက်ရတဲ့ အခါ ... ဒီအင်္ကျီက ကံမကောင်းစေဘူး ဆိုတဲ့ အစွဲမျိုး စွဲသွားတတ်ပါတယ် ...

တခါတလေတော့ ... လောကမှာ တချို့သော အစွဲတွေက လူသားတွေ အတွက် ဆက်လက် အသက် ရှင်သန်နေထိုင်ဖို့ အရေးကြီး လိုအပ်ပေမဲ့ ... တချို့သော အစွဲတွေကတော့ မလိုအပ်ပဲ ဆုပ်ကိုင်ထားမိရင် ပင်ပန်းဆင်းရဲပြီး ဘဝ ခရီးလမ်းအတွက် အကျိုးယုတ်လျော့စေတာပဲ အဖတ်တင်ပါတယ် …

#positivemessagesforyou … စာအုပ်မှ

Have A Nice Day! ♥️♥️♥️

Myo Thiha Kyaw ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Mentor

🍀 Randy 🍀

04 Jun, 16:40


ဘယ်အရာကိုမှ၊ ဘယ်သူ့ အပေါ်မှာမှ
အရမ်း စွဲလမ်း တွယ်တာမိတာမျိုး
မဖြစ်ပါစေနဲ့ ...

ဘာလိုလဲ ဆိုတော့ စွဲလမ်း တွယ်တာမိသမျှက
မျှော်လင့်ချက်တွေကို ကြီးထွားလာစေလိုပါပဲ ...

မျှော်လင့်ချက် ကြီးရင် ကြီးသလောက်
နာကျင်မှု ဝေဒနာတွေတိုးပြီး ခံစားရမှာက
ကိုယ်, ကိုယ်တိုင်ပဲ ဖြစ်နေလိုပါ ...

ဒါကြောင့် ကိုယ် တွယ်ငြိမိတဲ့ အရာက
ကိုယ့်ကို နာကျင်မှု အပေးနိုင်ဆုံးပါပဲ ...

Have A Nice Day! ♥️♥️♥️

Myo Thiha Kyaw ~ Randy
⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentor

🍀 Randy 🍀

21 May, 07:16


ဆိုးဝါးတဲ့ နေ့ရက်တွေဆီက
သင်ခန်းစာ ယူနိုင်မှသာ

​ပိုမိုကောင်းမွန်တဲ့ ဘဝဆိုတာ
ရရှိလာနိုင်မှာ ဖြစ်ပါတယ် ...

ဒီလိုနဲ့ အခြေနေတစ်ခုကို
ရောက်လာပြီ ဆိုရင်တော့

တချို့လူတွေက မင်းကို
ပြောင်းလဲသွားလိုက်တာဆိုပြီး
ဝေဖန် ကြလိမ့်မယ် ...

တချို့လူတွေကတော့ မင်းရဲ့
ရင့်ကျက်လာမှုကို
အသိအမှတ်ပြု ချီးမွန်းကြလိမ့်မယ် ...

ဒီလိုဆိုရင် ရှေ့ဆက်သွားမဲ့
ဘဝခရီးလမ်းမှာ
ဘယ်သူတွေနဲ့ ရှေ့ဆက်လျောက်မယ်
ဆိုတာကတော့ နောက်တဆင့်
​တိုးတတ်မှုအတွက် မင်းပဲ
ရွေးချယ်ရပါလိမ့်မယ် ...

🍀 Myo Thiha Kyaw ~ Randy

🔸 Life Coach & Spiritual Mentor

🍀 Randy 🍀

15 May, 09:35


ဘဝမှာ ဒီထက်ပိုပြီး အဆင်ပြေစေဖို့ ... Next Level ကို မှန်ကန်တဲ့ Wisdom နဲ့ အတူ သက်တောင့် သက်သာ သွားနိုင်ဖို့ ... Manifestation ရလဒ်တွေ လျှင်လျှင်မြန်မြန် ဆွဲဆောင်နိုင်ဖို့ Law of Attraction တစ်ခုထဲကိုပဲ အသုံးပြုနေတော့မှာလား ?

☯️ Unlock Your Potential with Spiritual and Universal Law …

Give Away လဲ ရှိပါတယ် … 👇🏻

https://www.facebook.com/myothihakyawrandy/posts/pfbid02hWFKCXHiS1FbS2fKGwxh11cyDKgrgRhtkmRsErSkrTp5AHgv47GbV8YtWBBBQ8o8l

🍀 Randy 🍀

23 Apr, 03:16


ဘဝက ပျော်စရာ အချိန်တွေ
ဝမ်းနည်းစရာ အချိန်တွေ

ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေ
​သာယာကောင်းမွန်မှုတွေ ပြည့်ဝနေတဲ့

အချိန်တွေနဲ့ လည်ပတ်နေတဲ့
သံသရာ စက်ဝန်းကြီး တစ်ခုပါပဲ ...

ဒါ့ကြောင့် ဘဝမှာ အဆိုးဆုံး အချိန်တွေ
ကြုံတွေ့လာရပြီဆိုရင် ...

သေချာပေါက် ယုံကြည်ရမှာက
အကောင်းဆုံး အချိန်တွေကို
ရောက်ရှိလာဖို့ လမ်းကြောင်းပေါ်
ဦးတည်နေပြီ၊ လမ်း တစ်ဝက်ကို ရောက်နေပြီ
ဆိုတာပါပဲ ...

Have A Nice Day! 💜💜💜

⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentor

8,905

subscribers

111

photos

6

videos