မနောပျိုမေ

@manawpyomay


ကချင်ပြည်နယ်အတွင်းရှိ နေ့စဉ်သတင်းများအား ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

မနောပျိုမေ

23 Oct, 07:54


22.10.24
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ ဒေသရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ကန့်ဘလူ ဗျူဟာမှူးကြီး၏ အမိန့်တစ်ခုအောက်မှာပဲ စစ်ရေးရည်မှန်းချက်များကို တသွေမတိမ်း လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ်ပြီး တပ်မတော်၏ရည်မှန်းချက် တပ်မတော်၏လမ်းစဉ်အတိုင်း ပေးအပ်သည့်တာဝန်နှင့် ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်နေသည့် တပ်မတော်၏ အရန်အင်အားဖြစ်ပါသည်။ပြည်သူ့စစ်ဦးဆောင် နာယကဆရာတော် ဦးဝါသဝ (၅၅၀ဆရာတော်) ၏အဆုံးအမ ဩဝါဒနှင့် လမ်းညွှန်ချက်ကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ လေးစားလိုက်နာကျင့်သုံးပြီး ''တရားတစ်ဖက်၊ဓားတစ်ဖက်ဖြင့် တရားလည်းသိ၊ဓားလည်းရှိ'' ဆိုသည့်အတိုင်း မိမိနယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် တာဝန်သိသိ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မိဘပြည်သူများအား သိရှိစေလိုပါသည်။ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အားလုံးတို့သည် တပ်မတော်၏ အာဏာစက်နှင့် (၅၅၀ ဆရာတော်)၏ ဓမ္မစက် စည်းကမ်းကောင်းမွန်စွာဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်ပါကြောင်း သမိုင်းမှတ်တမ်းတင် ကမ္ဗည်းရေးထိုးအပ်ပါသည်။
မြန်မာပြည်ကြီးအမြန်ဆုံး ငြိမ်းချမ်းပါစေ။
ပုံ/၅၅၀ဆရာတော်

https://t.me/kyawswar49111

မနောပျိုမေ

23 Oct, 06:56


Miss Grand Myanmar

Thae Su Nyein

မနောပျိုမေ

22 Oct, 13:53


ကချင်ပြည်နယ်၊ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များအတွင်း ဒေသခံပြည်သူများအား KIA/PDF အကြမ်းဖက်များက ၎င်းတို့သတင်းများပေါက်ကြားနေသည်ဟုဆိုကာ မသင်္ကာမှုကို ခေါင်းစဥ်တပ်၍ အဓမ္မဖမ်းဆီးခေါ်ဆောင် စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

တပ်မတော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ရေးရှုံးနိမ့်နေတဲ့ KIA/PDF အကြမ်းဖက်များဟာ ရှုံးမဲမဲ၍ ဒေသခံပြည်သူများအပေါ် တမင်ပြသနာရှာပြီး ၎င်းတို့သတင်းများ တပ်မတော်ထံပေးနေသည်ဟု စွပ်စွဲကာ ဖုန်းအသုံးပြုတဲ့ ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်တာတွေ၊ စစ်ဆေးနှိပ်စက်တာတွေ ပြုလုပ်နေကြောင်း ဗန်းမော်ဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

22 Oct, 13:47


ဖားကန့်မြို့နယ်အတွင်း KIA/PDF အကြမ်းဖက်များက အဓမ္မလူသစ်စုဆောင်းနေ
==========================

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း KIA/PDF အကြမ်းဖက်များက ခရီးသွားပြည်သူများနှင့် ရေမဆေးကျောက်ရှာဖွေသူများအား အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး ပြည်သူလူထု၏ နေအိမ်၊ အဆောက်အဦများအားဖျက်ဆီးခဲ့တဲ့ လူ့တိရစ္ဆာန် KIA/PDF အကြမ်းဖက်များဟာ ဒေသခံပြည်သူများအား အမျိုးမျိုးဒုက္ခပေးနေရုံသာမက ယခုအခါ တိုက်ပွဲအတွင်း လူအင်အားလိုအပ်ချက်များကြောင့် ၎င်းတို့နှင့်နီးစပ်ရာကျေးရွာများ၊ ခရီးသွားပြည်သူများနဲ့ စားဝတ်နေရေးအတွက် ရေမဆေးကျောက်ရှာဖွေသူများအား အဓမ္မဖမ်းဆီးခေါ်ဆောင်၍ အကြမ်းဖက်အဖွဲ့ထဲ ဝင်ခိုင်းနေ​သောကြောင့် ပြည်သူများမှာ ဘယ်မှ မသွားရဲ/မလာရဲ၊ မလုပ်ရဲ/မကိုင်ရဲဖြစ်နေကြပြီး ဒုက္ခများစွာနဲ့ ရင်ဆိုင်နေရကြောင်း ဖားကန့်ဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

22 Oct, 13:25


ဗန်းမော်၊ မိုးမောက်ဘက်က KIA/PDF အကြမ်းဖက်ကောင်တွေ တပ်မတော်ရဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်မှုကို ကြောက်လန့်၍ ထွက်ပြေးသူကပြေး၊ သေမှာကြောက်လို့ နောက်ဆုတ်ပြေးသူကပြေးနဲ့ ဖွဲ့စည်းပုံပျက်နေကြကြောင်း သိရပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို ရရှိထားတဲ့ တပ်မတော်ဟာ ဗန်းမော်၊မိုးမောက်ဘက်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်တိုက်ခိုက်လျက်ရှိပြီး KIA/PDF အကြမ်းဖက်သမားများမှာ တိုက်ပွဲကာလကြာမြင့်လာသည်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရသူတွေ စုပြုံလာသလို၊ ထွက်ပြေးသူတွေများပြားလာ၍ ဆက်လက်တိုက်ခိုက်ချင်စိတ်မရှိတော့ဘဲ ခြေကုန်လက်ပမ်းကျကာ စိတ်ဓာတ်များကျဆင်းနေကြကြောင်းနှင့် တိုက်ပွဲတွင်း ရှေ့ဆုံးက ခုခံတိုက်ခိုက်နေရသူများမှာလည်း ကြောက်လန့်ပြီး နောက်ကိုပဲဆုတ်ပြေးနေကြကာ ဖွဲ့စည်းပုံပျက်နေကြကြောင်း အဓမ္မ လူသစ်စုဆောင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ KPDF ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

22 Oct, 04:57


သူခိုးအဖွဲ့ KIA/PDF အကြမ်းဖက်များ
========================

ကချင်ပြည်နယ်၊ ပန်ဝါမြို့က ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အဦးများအား ဖောက်ထွင်း၍ ပစ္စည်းများအား စိတ်ကြိုက်ခိုးယူသယ်ဆောင်နေသော သူခိုး KIA/PDF အကြမ်းဖက်များ၏ မှတ်တမ်းသက်သေ...

မနောပျိုမေ

21 Oct, 14:16


ကချင်ပြည်နယ်၊ မိုးမောက်ဘက်တွင် တပ်မတော် ထိုးစစ်ဆင်စစ်ကြောင်းများက ခမရ(၄၃၇)တပ်ရင်းဌာနချုပ်ကို ပြန်လည်သိမ်းပိုက်ရန် အပြင်းအထန်တိုက်ခိုက်နေလို့ KIA/PDF အကြမ်းဖက်များ သေဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးသူတွေများပြားနေကြောင်းသိရပါတယ်။

မိုးမောက်ဘက်တွင် တပ်မတော်စစ်ကြောင်းများက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေသလို၊ KIA/PDF အကြမ်းဖက်များကလည်း ၎င်းတို့ရောက်ရှိနေတဲ့ နယ်မြေများ ပြန်လည်လက်မလွတ်ရစေရေး အသည်းအသန်ခုခံနေကြောင်းသိရပါတယ်။

တိုက်ပွဲများပြင်းထန်မှုကြောင့် KIA/PDF အကြမ်းဖက်များ သေဆုံး၊ဒဏ်ရာရသူတွေများပြားနေပြီး၊ တိုက်ပွဲများကို ကြောက်လန့်၍ လစ်ရင်လစ်သလို ထွက်ပြေးနေသူတွေလည်း များပြားနေကြောင်းနှင့် တိုက်ပွဲတွင်းကျန်နေသူများမှာလည်း စိတ်ဓာတ်များကျဆင်းနေကြကြောင်း KIA/PDF အကြမ်းဖက်များ၏ အဓမ္မလူသစ်စုဆောင်းခြင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ PDF ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

21 Oct, 14:04


သူ့အလှည့်ကျတော့ ကြောက်တတ်လိုက်တဲ့ အကြမ်းဖက် KIO/KIA
=============================

ကချင်ပြည်နယ်တွင် အင်အားနည်းတဲ့ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွေကိုသာ အနိုင်ကျင့်ဗိုလ်ကျပြီး ကျူးကျော်တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ KIA အကြမ်းဖက်အဖွဲ့ဟာ ၎င်းတို့ရဲ့ဌာနချုပ်တွေကို ဒေသခံတိုင်းရင်းသားပြည်သူများက လူသားချင်း ကိုယ်ချင်းစာတတ်အောင် လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ပေးဖို့ တပ်မတော်ထံ ဝိုင်းဝန်းတောင်းဆိုနေတယ်လို့လည်းကြားရော အကြမ်းဖက်အဖွဲ့ဟာ သူတို့ရဲ့ဌာနချုပ်များအား ဗုံးကြဲဖို့နေနေသာသာ ဘေးပတ်ဝန်းကျင်မှာ လေယာဥ်သံကြားရုံနဲ့တင် ကြောက်လန့်ပြီး တရုတ်နယ်စပ်ဘက်အခြမ်းကို ရှောင်ပြေး/ပုန်းခိုနေကြ​တယ်လို့ ကြားသိရပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

21 Oct, 13:46


👉ပန်ဝါမြို့အတွင်းက ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အဦများအား ဖောက်ထွင်း၍ ပစ္စည်းများအား KIA/PDF အကြမ်းဖက်များက စိတ်ကြိုက်ခိုးယူသယ်ဆောင်နေကြကြောင်း သိရပါတယ်။

👉KIA/PDF အကြမ်းဖက်များဟာ အေးချမ်းစွာနေထိုင်နေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ဒေသတွေကို ကျူးကျော်တိုက်ခိုက်ဖျက်ဆီးရုံတင်မဟုတ်ဘဲ ၎င်းတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ထွက်ပြေး/တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အဦများကိုဖောက်၍ ပစ္စည်းများအား စိတ်ကြိုက်ခိုးယူ သယ်ဆောင်နေကြသည့်အပြင်၊ အချို့နေအိမ်၊ အဆောက်အဦများကိုလည်း ၎င်းတို့စိတ်မထင်ရင်မထင်သလို မီးရှို့ဖျက်ဆီးနေကြ​၍ ဒေသခံပြည်သူများမှာ ပြန်လာကြည့်ခဲ့ရင်တောင် ဘာမှကျန်တော့မှာမဟုတ်ကြောင်း ပန်ဝါဒေသခံပြည်သူ ၁ဦးက (ပူဆွေးဝမ်းနည်းနေသောအသံဖြင့်) ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

20 Oct, 14:24


တနိုင်းမြို့နယ်၊ လီဒိုလမ်းမကြီးဘေးက ဒေသခံပြည်သူတွေဟာ KIA/PDF အကြမ်းဖက်များ၏ အန္တရာယ်ကိုကြောက်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေ နည်းပါးလာသောကြောင့် အစားအသောက် ပိုမိုကြပ်တည်းလာနိုင်ကြောင်းနှင့် ဒေသအတွင်း စားနပ်ရိက္ခာများ ပြတ်လပ်လာနိုင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လယ်ယာလုပ်ငန်းနဲ့ အဓိကအသက်မွေးဝမ်းကြောင်းပြုကြတဲ့ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူဇွပ်စတဲ့ကျေးရွာများမှ ဒေသခံပြည်သူများဟာ KIA/PDF အကြမ်းဖက်များ၏ ဒေသတွင်းတိုက်ပွဲများဖော်ဆောင်ခဲ့မှု၊ အဓမ္မလူသစ်စုဆောင်းခြင်း၊ အဓမ္မဆက်ကြေးကောက်ခြင်းများကြောင့် ဒေသခံပြည်သူများမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပြီး KIA/PDF အကြမ်းဖက်များက အန္တရာယ်ပေးလာမည်ကို စိုးရိမ်ကာ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှဒူဇွပ်ဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

20 Oct, 13:54


မိုးမောက်ဘက် တိုက်ပွဲများတွင် ရှုံးနိမ့်နေတဲ့ KIA/PDF အကြမ်းဖက်များ အပူတပြင်းလူသစ်စုဆောင်းနေ
============================

မိုးမောက်ဘက် တိုက်ပွဲများမှာ အထိခိုက်၊ အကျဆုံးများပြီး ရှုံးနိမ့်နေတဲ့ KIA/PDF အကြမ်းဖက်များဟာ လူသစ်ရရှိရေး အပူတပြင်းလိုက်လံစုဆောင်းနေကြောင်း သိရပါတယ်။

မိုးမောက်ဘက် တိုက်ပွဲတွေမှာ တပ်မတော် ထိုးစစ်ဆင်စစ်ကြောင်းများက အပြင်းအထန်တိုက်ခိုက်နေပြီး၊ ဆက်တိုက်ရှုံးနိမ့်နေတဲ့ KIA/PDF အကြမ်းဖက်များဟာ အင်အားအများအပြား လိုအပ်နေမှုကြောင့် ၎င်းတို့နှင့်နီးစပ်ရာ ကျေးရွာဒေသများတွင် လူမျိုး/ဘာသာမရွေး၊ လူကြီး၊ လူငယ်၊ လူလတ်၊ ကျား/မ မရွေး သေနတ်ကိုင်နိုင်တဲ့အရွယ်မှန်သမျှ အားလုံးကို ဆွဲခေါ်၍ အဓမ္မလူသစ်စုဆောင်းနေကြောင်းနှင့် တစ်ချို့အိမ်တွေဆို အမေအိုကြီး တစ်ယောက်ပဲကျန်တယ်၊ ကျန်တဲ့မိသားစုဝင်တွေအကုန်လုံး အကြမ်းဖက်အဖွဲ့ထဲဝင်ရမည်ဟုဆိုကာ အဓမ္မလူသစ်ဆွဲခံနေရကြောင်း မိုးမောက်ဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

20 Oct, 13:53


ကချင်ပြည်နယ်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ တိုင်းရင်းသားဒေသများတွင် ကျန်ရှိနေတဲ့ပြည်သူများနဲ့ အကြမ်းဖက် KIA/PDF တို့၏ အန္တရာယ်ကို ကြောက်လို့ ထွက်ပြေး/တိမ်းရှောင်ရန် သွားလာနေတဲ့ ပြည်သူများအား အဓမ္မဖမ်းဆီးခေါ်ဆောင်၍ တိုက်ပွဲများတွင် ရှေ့ဆုံးမှထားပြီး လူသားဒိုင်းသဖွယ် အသုံးချကာ တိုက်ပွဲအတွင်းဆွဲသွင်းနေကြောင်း သိရပါတယ်။

ဒေသခံတိုင်းရင်းသား ပြည်သူများအပေါ် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ KIA/PDF အကြမ်းဖက်များဟာ အေးချမ်းစွာနေထိုင်နေတဲ့ တိုင်းရင်းသားဒေသတွေကို ကျူးကျော်တိုက်ခိုက်ရုံသာမက၊ ပြည်သူတွေကိုလည်း အဓမ္မဖမ်းဆီး၍ တိုက်ပွဲအတွင်းဆွဲထည့်ခြင်းများ လုပ်ဆောင်နေကြောင်း KIA/PDF အကြမ်းဖက်များ၏ အဓမ္မဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ပန်ဝါဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

19 Oct, 14:09


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA/PDF အကြမ်းဖက်များက ၎င်းတို့နှင့်နီးစပ်ရာ ကျေးရွာများ၊ မဖြစ်မနေခရီးသွားနေရတဲ့ ပြည်သူများကိုပါ အတင်းအဓမ္မလူသစ်စုဆောင်းနေကြောင်း သိရပါတယ်။

KIA/PDF အကြမ်းဖက်များက ၎င်းတို့နှင့်နီးစပ်ရာ ကျေးရွာများနဲ့ စားဝတ်နေရေးအတွက် မဖြစ်မနေသွားလာလုပ်ကိုင်နေရသူများအား လူကြီး၊ လူငယ်၊ လူလတ်မရွေး အဓမ္မလူသစ်ဆွဲနေပြီး ကျောင်းနေအရွယ်လူငယ်များဖြစ်သည့် ၈တန်း၊ ၉တန်းအရွယ်များ သေနတ်ကိုင်နိုင်တဲ့အရွယ်မှန်သမျှ အဓမ္မလူသစ်စုဆောင်းကာ သေနတ်ပစ်တတ်ရုံပဲ ရက်တိုသင်တန်းပေး၍ တိုက်ပွဲများအတွင်း ပို့ဆောင်နေသောကြောင့် မိဘများနဲ့ မိသားစုဝင်များမှာ ၎င်းတို့၏ သား/သမီး၊ မိသားစုဝင်များအတွက် များစွာစိတ်သောက ရောက်နေရ​ကြောင်း KIA/PDF အကြမ်းဖက်များ၏ အဓမ္မလူသစ်စုခံရတဲ့ ကျောင်းသားမိဘ ၁ဦးမှ (ငိုကြွေးနေသောအသံဖြင့်) ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မနောပျိုမေ

19 Oct, 14:06


ကချင်ပြည်နယ်၊ ပန်ဝါမြို့၊ ရပ်ကွက်၊ လူနေအိမ်၊ အဆောက်အဦးများ၊ အရပ်သားပစ်မှတ်များအား KIA/PDF အကြမ်းဖက်များက ရက်စက်ယုတ်မာစွာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်၊ အဆောက်အဦအချို့ မီးလောင်ပျက်စီးကုန်ကြောင်း သိရပါတယ်။

အင်အားနည်းတဲ့ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွေကို ကျူးကျော်တိုက်ခိုက်နေတဲ့ KIA/PDF အကြမ်းဖက်များဟာ ဒေသခံပြည်သူများ၏ အေးချမ်းနေတဲ့ဘဝကို ဖျက်ဆီးရုံသာမက ပြည်သူလူထု၏ နေအိမ်၊ အဆောက်အဦ၊ ပစ္စည်းဥစ္စာများကိုပါ ယုတ်မာစွာဖျက်ဆီးနေကြောင်း ပန်ဝါဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန