Love to share 🌻✨💞 @lovetoshare120 Channel on Telegram

Love to share 🌻✨💞

@lovetoshare120


Thanks for supporting ❤💜

Love to share 🌻✨💞 (English)

Are you someone who loves sharing positivity, inspiration, and love with others? If so, you have come to the right place! Welcome to the 'Love to share 🌻✨💞' Telegram channel, where we are dedicated to spreading love and kindness to all our members. Our channel is a community of like-minded individuals who believe in the power of sharing love and positivity. Whether it's through uplifting quotes, heartwarming stories, or just a simple message of encouragement, we are here to brighten your day and make you smile. Join us in spreading love and positivity to the world. Let's create a supportive and loving community where everyone feels valued and appreciated. Together, we can make a difference one message at a time. Thank you for supporting us and being a part of our journey. Together, we can make the world a brighter and happier place. ❤💜

Love to share 🌻✨💞

28 Jan, 16:43


အိပ်မက်ထဲမှာတောင် မောင့်ကိုပြန်မတွေ့ရတော့ဘူးထင်ပေမဲ့ တော်တော်ကြာမှ ပြန်တွေ့ရလို့ စိတ်ထဲဝမ်းနည်းမိတယ်။ သေချာမနှုတ်ဆက်ဖြစ်ခဲ့ရလို့ သေချာလေးနှုတ်ဆက်မလို့တဲ့ဆိုလို့ ဖက်ပြီးငိုလိုက်ရတာဆိုတာလေ။

မောင်က 17 နှစ်မှာကျန်ရစ်နေခဲ့ပြီး ကိုယ်ကတော့ ဆက်ပြီးထပ်ပြီး ရှင်ကျန်ဖို့ရုန်းကန်နေရတယ်။ အိပ်မက်မှန်းသိနေတဲ့ အိပ်မက်ဟာဘယ်လောက်တောင် ကြွေကွဲဖို့ကောင်းလဲ၊ မျက်ရည်တွေက အိပ်နေရင်းတောင် စီးကျနေတာ။ နောက်တော့ အိပ်ရာကထပြီး အားရပါးရငိုချလိုက်တယ်။ လွမ်းတာလဲမဟုတ်ဘူး၊ သတိရတာလဲမဟုတ်ဘူး။ အိပ်မက်ထဲမှာ ထပ်တွေ့ရလို့ကျေးဇူးတင်မိတာ။

ကိုယ်မပြောခဲ့ဖူးလား၊ တစ်ယောက်တည်းရှိချိန်တွေမှာ ဒဏ်ရာအစိုင်အခဲတွေကအစ မှတ်ဉာဏ်တွေထဲပြန်ပေါ်လာတယ်လို့လေ။

#crd

Love to share 🌻✨💞

28 Jan, 15:52


သေရေးနဲ့ရှင်ရေးက ကျောချင်းကပ်နေတဲ့ကာလတွေဆိုတော့လည်း မင်းကို ပိုသတိရမိတယ် ။

သတိရတယ်ဆိုတာ နှစ်ယောက် အတူတူရှိချင်တာကိုပြောတာ သိတယ်မလား။

တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ပြီး ဘာဖြစ်ဖြစ် ငါရှိတယ်နော်ဆိုတဲ့ အားအင်မျိုး၊ ဝမ်းနည်းရတဲ့အခါ ခေါင်းထည့်ဝှက်လိုက်ချင်တဲ့ ရင်ခွင်မျိုး ၊ တစ်ခါတစ်လေ ပျောက်နေတဲ့ ငါတို့အနာဂတ်တွေအကြောင်း ပြောပြီး ၊ တစ်ခါတစ်လေလည်း ဘာမှမပြောဘဲ တိတ်တဆိတ်အတူရှိနေတဲ့အခိုက်အတန့်မျိုး စသဖြင့်ပေါ့... ဘေးနားမှာ မင်းရှိနေဖို့လိုအပ်နေတယ်လို့ ပြောချင်တာ...သတိရတယ်ဆိုတာ ။

တစ်ဘဝလုံး မမျှော်လင့်ထားခဲ့တာတွေချည်း ဆက်တိုက်ကြုံရလိမ့်မယ်လို့တော့ ငါလည်း မမျှော်လင့်ခဲ့မိဘူးပေါ့ ။

ပန်းတွေအစား ယမ်းတွေပွင့်နေတဲ့ ဟောဒီတိုင်းပြည်မယ်လေ။ ရောဂါဘယနဲ့ စစ်မက်တွေ ဝန်းရံနေတဲ့ကြားထဲလေ။

ပျော်စရာဆိုတာ ငါ့ဆီမှာ မရှိသလောက် ရှားလာပြီ ။ ထရော်မာတွေတော့ တဖြည်းဖြည်းနဲ့ များလာတယ် သိလား ။

ချစ်ရတဲ့သူတွေကို နှုတ်ဆက်စကားလေးတောင် မပြောလိုက်ရဘဲ နှုတ်ဆက်လိုက်ရတဲ့ နာကျင်မှု ။
မနက်ဖြန်နဲ့ နောက်ဘဝ.. ဘယ်ဆီကိုအရင်ရောက်သွားမလဲ မသိနိုင်အောင် နီးကပ်လွန်းတဲ့ နေ့ညတွေ။

အိမ်ပြန်လမ်းတွေလည်း ဝေးနေတုန်းပဲတဲ့ အချစ်ရေ...။

အခု ငါလေ ...ရှင်သန်ခွင့်ရတဲ့ တစ်ရက်စီတိုင်းကို ကျေးဇူးတင်ရတယ်။ မင်းနဲ့ ပြန်ဆုံနိုင်ဖို့ အခွင့်အရေးတစ်ခု ရှိနေသေးတယ်ဆိုပြီးပေါ့။

ဘာဖြစ်ဖြစ် မင်းကတော့ ပျော်အောင်နေ ၊ ဘေးကင်းအောင်နေ ၊ ငါ့ဆီကို ရောက်အောင်ပြန်လာ ။ 

ဒီတစ်လျှောက်လုံး နားထောင်နေတဲ့ သီချင်းက If the world was ending တဲ့လေ။

ဒီတစ်ခါ မင်းဖုန်းဆက်လာရင်
If the world was ending, you'd come over, right ? ဆိုတဲ့စာသားကို ဆိုပြဦးမယ်။

မင်းက Right လို့ ပြန်ပြောပေးမယ်မဟုတ်လား ။

#ပိုပိုဖီးနစ်
#MailNo1

If The World Was Ending
Song by JP Saxe and Julia Michaels

Love to share 🌻✨💞

28 Jan, 15:51


ခဏခဏ သတိမရဖို့ အမြဲသတိရနေတဲ့ ညပေါင်းများစွာဟာ ကုန်နိုင်ခဲလိုက်တာလို့ ရေရွတ်ရင်း "ပြန်လာရင် ဘယ်လောက် ကောင်းလိမ့်မလဲလို့ " တွေးမိတယ်။ နင်ရှိနေလို့၊ နင်အုပ်မိုးပေးထားလို့ မပြိုလဲတဲ့ ငါ့အပိုင်းအစတွေဟာလည်း နင်ထွက်သွားပြီးထဲက တစစ လျော့ပါး ပျောက်ဆုံး ပျောက်ကွယ်နေတာ။ ပြန်လာပါ ရှပ်အပြာလေးရယ်လို့ တီးတိုးရေရွတ်ရင်း နင့်ဘ၀မှာ ငါ့ဟာ အမှုန်အမွှားသာသာဆိုတဲ့ သိစိတ်ကလေး ၀င်လာရင် သိမ်ငယ်စိတ်ကြောင့် မျက်ရည်ဝဲရပြန်တယ်။
မိုးရေစက်တွေကြားထဲမှာ တိုးဝင်လာတဲ့ သီချင်းသံလေးရှိတယ်

"အချစ် မင်းကို လွမ်းရတဲ့ ညတွေ ......."

-နိုရှီ

Love to share 🌻✨💞

28 Jan, 15:51


စွန့်လွှတ်မလား။ ခွင့်လွှတ်မလားဆို ကျွန်မက ခွင့်လွှတ်ခြင်းကိုအရင်ရွေးချယ်တဲ့သူမျိုးပါ။ စွန့်လွှတ်ပါတယ်‌လို့ပြောပြီး တမြေ့မြေ့ခံစားရင်း ဘဝကိုနေထိုင်သွားဖို့ကအရမ်းခက်ခဲတာမို့ ခွင့်လွှတ်ခြင်းကို ရွေးတဲ့သဘောပါ။
အဆုံးစွန်ထိခွင့်လွှတ်တယ်။ ခံစားချက်တွေ Zero Level အထိရောက်သွားအောင်ကို ခံစားပစ်ပါတယ်။ ခံစားချက်တွေ ကုန်သွားတဲ့နေ့ဟာလည်း တွန်းကန်စရာမလိုအောင်ကို ထိုလူကို အလိုလိုစွန့်လွှတ်မိပြီးသားပါပဲ။လူတစ်ယောက်အတွက် တဘဝလုံး ခံစားပေးဖို့က မဖြစ်နိုင်တာတော့သေချာတယ်။ ဒီပုံဒီနည်းနဲ့ ခွင့်လွှတ်ရင်း နောက်ဆုံးမှာ အေးချမ်းစွာ စွန့်လွှတ်နိုင်ပါလိမ့်မယ်။

-myatnavarro-

Love to share 🌻✨💞

28 Jan, 15:51


စိတ်ညစ်စရာတွေ များလွန်းလို့
မေဂျာ မိုင်နာ ခွဲထားရတယ်

ဒါလေးကတော့ အရေးကြီးတယ်
အရင်ညစ်လိုက်မယ်ပေါ့

ဒါလေးကတော့ ရသေးတယ် နောက်နေ့မှပေါ့

စပရို-က်ညစ်စရာတွေပေါ်လာတဲ့အခါလည်း
ဝေါင်းဆိုပြီး မျက်ရည်ကျလိုက်ရုံပေါ့ :")
crd

Love to share 🌻✨💞

28 Jan, 15:51


ဘဝနဲ့ချီပြီး ကျနော် သိမ်းဆည်းထားခဲ့မိသော သီချင်းများ

လူအများစုရဲ့ဘဝမှာ တစ်ချိန်က အရမ်းကြိုက်ခဲ့ပြီး အချိန်ကာလကြောင့် ဖြစ်စေ၊ တခြားအကြောင်းပြချက်တစ်ခုကြောင့် ဖြစ်ဖြစ်  နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ သိမ်းဆည်းထားရတဲ့ သီချင်းတစ်ပုဒ်တော့ အနည်းဆုံး ရှိကြလိမ့်မယ်။

ကျနော့်အတွက်တော့ အဲလို သီချင်း ခပ်များများ ရှိတယ်။ ဘယ်အဆိုတော် ဆိုရင်တော့ ဘယ်သီချင်းလေး ဆိုတာမျိုး။ ဒီလို သီချင်းတွေက unplugged ဝိုင်းတွေမှာ ရိုးအီနေအောင် ကြားရလေ့ မရှိဘူး။ ဂစ်တာဝိုင်းတွေမှာ ရောယောင်ဆိုလို့ ရမယ့် သီချင်းတွေ မဟုတ်ဘူး။ ပေါက်သီချင်းတွေလည်း မဟုတ်ဘူး။

အဆိုတော်တွေ ကိုယ်တိုင်လည်း ရှိုးတွေမှာ ဆိုနေကျမဟုတ်တဲ့ သီချင်းတွေပေါ့။

ဥပမာ - စိုင်းထီးဆိုင်ရဲ့ "ရေကြည်ထဲကလရိပ်" ၊ ခိုင်ထူးရဲ့ " သို့တစ်ရံတစ်ခါဆီ" ၊ လေးဖြူရဲ့ "ခေါ်သံ" လို သီချင်းမျိုး။ လင်းလင်း ရေးပြီး အငဲ ဆိုထားတဲ့ "အိပ်မက်ပုံပြင်" လို သီချင်းမျိုး။ ကျနော်ကတော့ ဒီလို သီချင်းတွေကို playlist ထဲမှာ အယ်လ်ဘမ် သပ်သပ် လုပ်ပြီး နားထောင်လေ့ ရှိပါတယ်။

ကျားပေါက် ဆိုလည်း ဟိုးချာတိတ် ဘဝက ထွက်ခဲ့တဲ့ "နေဝင်သွားသောဘဝများ" သီချင်းကို ဒီအချိန်ထိ တသသ နားထောင်ဖြစ်တုန်း။ ဆွေးမြေ့စပြုနေတဲ့ ဘဝရဲ့ အမှတ်တရတွေကို ဒီလို သီချင်းတွေက ပြန်ခေါ်ပေးနိုင်တယ်လို့ ကျနော် ယုံကြည်ထားတယ်။ ပြီးတော့ အိပ်ရာဝင်သီချင်းများ အခွေထဲက "Adio Amigos" ။ Big Bag အမာခံ ပရိသတ်တွေ ဆိုရင်တော့ ဒီသီချင်းတွေက ဘာလို့ အသိမ်းဆည်းခံ ဖြစ်ရလဲဆိုတာ ကောင်းကောင်း နားလည်မှာပါ။

အောင်လ (Reason) ထဲမှာဆို ပထမဆုံး အခွေထဲက "နှုတ်ပိတ်မာန ၊ အိပ်မက်ထဲကကမ္ဘာ" ဒီနှစ်ပုဒ်က ကျနော့်အတွက် အမြဲတမ်း အမေ့လျော့ခံ၊ အသိမ်းဆည်းခံ သီချင်းနှစ်ပုဒ်ပဲ။ ကိုဝီလီရဲ့ ဂစ်တာဆိုလိုတွေ၊ အောင်လရဲ့ ငယ်ရွယ်ပျိုမြစ်တဲ့ vocal ကို ပြန်ခံစားချင်တိုင်း ဒီနှစ်ပုဒ်ကို နားထောင်ဖြစ်တယ်။

လင်းလင်း သီချင်းတွေ ထဲမှာဆို ဦးဆုံး အယ်လ်ဘမ် စဥ်းစားပါ ထဲက "အိမ်ပြန်ခဲ့သော ညနေတွေ အမှောင်ဝင်လာစ လမ်းများထက်ငါ လျှောက်ရင်း " ဆိုတဲ့ ''ရှိပါစေ" ။ ပြီးတော့ အမှန်တရား အခွေထဲက ပထမဆုံး track "ရုပ်သေးလူ" ။

ဒီလို သီချင်းတွေထဲမှာ ကျနော် တယုတယနဲ့ သိမ်းဆည်းထားဖြစ်တဲ့ နောက်တစ်ပုဒ်က အောင်ဖြိုးရဲ့ "ပန်းကောက်သူ" ။ ဒီသီချင်းကို တက္ကသိုလ်ကျောင်းသားဘဝမှာ သူငယ်ချင်းတစ်ယောက်က နွေနေပူမှာ နားကျပ်လေးတပ်ပြီး ဖွင့်ပြခဲ့တာ ခုထိ မှတ်မိနေသေးတယ်။

"ကျနော် ငိုခဲ့လို့ ကြွေတဲ့ ပန်းပွင့်များ
ပန်သူပျောက်တော့ ခြောက်သွားပြီ "

ဆိုတဲ့ ပန်းကောက်သူ သီချင်းကြားတိုင်း လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်မိတယ်။ လူတိုင်းကို ညွှန်းလို့ ဖွင့်ပြလို့ မရဘူးဆိုတာ အသေအချာ သိနေခဲ့တဲ့ သီချင်းမျိုးလို့လည်း ပြောရမယ်။

ပြီးတော့ စိုင်းလေးရဲ့ masterpiece "ဂင်္ဂါ"။

ဒီသီချင်းတွေက ကျနော် တစ်ပုဒ်ချင်း song review လုပ်ဖို့ကြံတိုင်း အတွေးထဲ ပေါ်လာတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ တခြားလည်း အများကြီး ရှိပါသေးတယ်။

ခင်ဗျားတို့ ဘဝမှာရော ရင်ဘတ်ချင်း ဂျက်ပင်ထိုးလို့ရမယ့် ဘော်ဒါတွေကိုပဲ သီးသန့် ညွှန်းပြချင်တဲ့ သီချင်းမျိုး၊ ဘဝနဲ့ချီ သိမ်းဆည်းထားခဲ့တဲ့ သီချင်းမျိုး ရှိခဲ့ရင် ကျနော် နားထောင်ချင်ပါတယ်။ တခြားမိတ်ဆွေတွေလည်း ရှာဖွေ နားထောင်လို့ ရတာပေါ့။

တိုက်ဆိုင်မှုလေးတွေ၊ အမှတ်တရလေးတွေနဲ့ ရေးပေးရင် ပိုတောင် ကျေးဇူးတင်ဦးမှာ..။

~ မုဒိတာဖြင့် (Gita Mate Swe)

Photo - အလင်းဆိုင်

#အိပ်မက်ပုံပြင် #adioamigos #အိပ်မက်ထဲကကမ္ဘာ #ရုပ်သေးလူ #ပန်းကောက်သူ #ဂင်္ဂါ

Love to share 🌻✨💞

27 Jan, 16:43


တစ်ခါတစ်လေကျ လူတွေကို စိတ်ကုန်တယ်။
စကားတွေအများကြီးနဲ့ အငြင်းအခုံတွေကို ဖြစ်ဖြစ်၊ မလိုအပ်ပဲ တွယ်ကပ်နေရတဲ့ လက်တွေကို ဖြစ်ဖြစ် ၊
အနီးရော အဝေးရော စိတ်တွေဟာ မှိုင်းပျ
“အားလုံးဟာ အပေါ်ယံတွေ” ပါလို့
ဆယ်ခေါက်၊ ဆယ်ခါလဲ မအော်ပစ်နိုင်တော့ဘူး။

#tarmhyuunge

Love to share 🌻✨💞

27 Jan, 16:43


Past Trauma တွေက တကယ်ကြောက်ဖို့ကောင်းတယ်နော်။

ဆက်တိုက် Toxic relationship တွေနဲ့ပဲ ကြုံခဲ့ရတော့
အချစ်ခံနေရရင်တောင် "ဒါအစမို့ပါဖြစ်တတ်ပါတယ်"
"အချိန်တန်လည်းပြတ်ဦးမှာပဲ" "ဘယ်နေ့ ထားခဲ့ခံရဦးမှာလဲ"
"ငါတကယ်ရော အချစ်ခံနေရတာဟုတ်ရဲ့လား"
"ငါ့ကိုလာ play နေပြန်ပြီ" ဆိုပြီး အချိန်ပြည့်တွေးနေမိရော။

အရင်တုန်းကဆို တစ်ယောက်"နဲ့ရည်းစားဖြစ်ပြီဆိုတာနဲ့
"ငါသူ့ကို ဘယ်လိုချစ်ပေးမယ် အလိုက်တသိနေပေးမယ်
သူ့ကိုဘယ်လိုဖြည့်ဆည်းပေးမယ်" ဆိုပြီးတွေးခဲ့တဲ့သူက
အခုကျ "ပြတ်သွားတဲ့အချိန်ကျရင်"ဆိုတဲ့ စိတ်ကိုပဲ
ကြိုပြီး ပြင်ဆင်နေမိရော။

ဘယ်လောက်ပဲတစ်ဖက်သူက ယုံအောင်နေပြနေပြ
ကိုယ့်စိတ်ထဲမှာက အမြဲတမ်း ရင်တထိတ်ထိတ်နဲ့
"ဘယ်အချိန် နောက်တစ်ယောက်ဆီ ပါသွားဦးမှာလဲ" ဆိုပြီး
အချိန်ပြည့်တွေးနေမိပြန်ရော။

အဲ့အတွေးတွေက အား"ယား"ထိုင်တွေးနေတာလဲမဟုတ်ဘူး။
တစ်ခုခုဆို ခေါင်းထဲကို အရင်ဆုံးသူ့ဟာသူရောက်လာတာ။
ဒါတောင် ကိုယ်က overthinking သမားမဟုတ်ဘူးနော်။
Overthinking ဖြစ်တတ်တဲ့သူတွေဆို ကမ္ဘာကိုပျက်နေရော။

ဒါကြောင့် တစ်ယောက်"ကို မချစ်တော့လို့ လွှတ်ချချင်ရင်
ဒီတိုင်း ပွင့်ပွင့်လင်းလင်းပြောပြီး လမ်းခွဲပေးကြပါ။
နောက်ကွယ်မှာ ဖော၊က်ပြန်တာကို သိပြီးမှ လမ်းခွဲခဲ့ကြရင်
ဖော၊က်ပြန်ခံရတဲ့သူက Move on လုပ်နိုင်ခဲ့ရင်တောင်
Trust issuesတစ်ပုံကြီးနဲ့ ရှေ့ဆက်ရတာ မလွယ်ကူလို့ပါ။

crd

Love to share 🌻✨💞

27 Jan, 16:43


ဘယ်လိုနည်းနဲ့ လက်လွှတ်နိုင်ခဲ့လဲဆိုရင် စိတ်ပင်ပန်းလာလို့ လက်လွှတ်နိုင်ခဲ့တာ အပြုအမူတွေကြောင့် စိတ်ပင်ပန်းရ ဆက်ဆံပုံတွေကြောင့် စိတ်ပင်ပန်းရ အပြောအဆိုတွေကြောင့် စိတ်ပင်ပန်းရ နောက်ဆုံး ရှေ့ဆက်ဖို့ထက် နောက်ဆုတ်ဖို့က ပိုလွယ်သွားတဲ့ အနေအထား ရောက်သွားတာမျိုးလေ။

-Lionel Sn

Love to share 🌻✨💞

27 Jan, 16:43


သဘောကျမိတဲ့အကြောင်းတွေ
သိပ်ချစ်ရတဲ့ အကြောင်းတွေကိုလည်း
မင်းဆီကို ထုတ်ပြမိတော့မယ် မထင်ဘူး
ဒီနေ့က စပြီး ရပ်တန့်လိုက်ပါပြီ

မင်း စိတ်အနှောက်ယှက် ဖြစ်ရမဲ့ ကိစ္စတွေဆို ဘယ်အရာမှ ဆက် မလုပ်တော့ဘူး

ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူးကွယ်
မင်းဘက်က မလိုချင်တဲ့အရိပ်အယောင်တွေပြလာရင်  ရပ်တန့်ပေးရဲတာလည်း အချစ်ပါပဲ

စွန့်လွှတ်ပေးခဲ့ပေမဲ့
အမြဲတမ်း ချစ်ခဲ့ပါတယ် ။

#yp

Love to share 🌻✨💞

27 Jan, 16:43


မဖောက်ပြန်ရင်ပြီးရော အကုန်ခွင့်လွှတ်တယ်
မပြောရဲဘူး
တချို့တွေကကျတော့
အမှားတခုခုလုပ်မိလည်း
တောင်းပန်ဖို့ နေနေသာသာ
"ငါမဖောက်ပြန်ဘူးလေ ဒီလောက်လေးကတော့
မင်းသည်းခံပေါ့ နားလည်ပေးသင့်တာပေါ့" ဆိုတာတွေနဲ့
တဖက်က ဘယ်လိုခံစားမလဲ နားမလည်ဘူး
ရင်ဝကို ဆောင့်ကန်ချင်ကြတာ
သင်ခန်းစာတွေယူ...

crd

Love to share 🌻✨💞

26 Jan, 16:02


တကယ်တမ်းကျ “မြဲတာ၊ မမြဲတာက”
ပြဿနာ မဟုတ်ဘူး၊
ချစ်တာ ၊ မချစ်တာကပဲ ပြဿနာ။
တစ်ဖက်လူက ကိုယ့်ကို မချစ်တော့ဘူးဆို
လှည့်ထွက်လာခဲ့လိုက် …… ။
ဘယ်နှစ်နှစ် ၊ဘယ်နှစ်လရယ်လို့
နှမျောနေရသည်အထိ ဝမ်းနည်းစရာ
ဘာတစ်ခုမှ မရှိဘူး ။

#tarmhyuunge

Love to share 🌻✨💞

26 Jan, 16:02


တစ်ချို့ရက်တွေ စိတ်ထိခိုက်ခဲ့ရသလောက်
အချို့ရက်တွေကျ ပျော်ရွှင်မိတယ်။
ဘာကွာသလဲ ဆို လူကွာသွားတယ်လေ။
ပျော်အောင် ထားတဲ့လူနဲ့၊
သိမ်ငယ်အောင် ထားတဲ့လူ ကွာခြားတယ်။

#tarmhyuunge

Love to share 🌻✨💞

26 Jan, 16:02


ဘဝဟာ ပျော်နေဖို့ အဓိက ဖြစ်တယ်။
လုပ်ချင်တာတွေကို လုပ်ရမယ်။
သွားချင်တယ်ဆို သွားရမယ်။
စားချင်တယ်ဆို စားရမယ်။
ချစ်ချင်ရင်လဲ ချစ်ရမှာပဲ။
စည်းလွတ် ဘောင်လွတ် မဖြစ်တာ သေချာရင်
သူများကိုလဲ မထိခိုက်တာ သေချာရင်
ချစ်တာဖြစ်ဖြစ်၊ မုန်းတာ ဖြစ်ဖြစ်
ကိုယ်ပျော်တာကို လုပ်လို့ ဖြစ်တယ်။

#tarmhyuunge

Love to share 🌻✨💞

26 Jan, 16:02


တစ်ခါတစ်လေတော့လဲ စိတ်မကောင်းသလို ဖြစ်တာပေါ့။ ဒါပေမဲ့ ဘယ်လောက် ဝမ်းနည်းပါစေ။ အားလုံးက ဆယ်မိနစ်လောက်ပဲ။
ငါက စိတ်ပင်ပန်းစရာတွေဆို လွယ်လွယ်ပဲ လျှောချလိုက်တာ များတယ်။
ခေါင်းဆေးလွယ်တာကိုက ငါ့ရဲ့အားသာချက်ပဲ။
ငါ့မှာ အတွေးအခေါ် တစ်ခုရှိတယ်။
ဘဝက တိုတိုလေးမို့ လိုအပ်တာတွေကိုပဲ
သယ်ဆောင်သွားရမယ်။
ပြီးတော့ လိုအပ်နေတဲ့ သူ ဆီမှာပဲ
ပျော်ရွှင်အောင် နေကြရမယ်။

#tarmhyuunge

Love to share 🌻✨💞

25 Jan, 17:23


ဘယ်မှာပဲနေနေ၊ ဘယ်သူနဲ့ပဲနေနေ စိတ်ကိုသက်သောင့် သက်သာဖြစ်စေတဲ့သူတွေအနားမှာပဲနေချင်တယ်။

မျက်နှာကြည့်ပြီး မနေရဲ၊ မပြောရဲ၊ မလုပ်ရဲဖြစ်တာဟာ စိတ်ဒဏ်ရာအများကြီးရစေတယ်။ ကျန်းမာရေးကိုဆိုးရွားစေတယ်။

ဒါကြောင့် စကားတွေထိန်းမပြောရတဲ့သူတွေ ပတ်ဝန်းကျင်တွေအနားမှာပဲ ရှင်သန်ချင်တယ်။

#chawsuhlaing

Love to share 🌻✨💞

25 Jan, 15:26


ကမ္ဘာကြီးကျဥ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်း ငါတစ်ခုမှမရတော့ဘူး ။

ဆံပင်တွေ ဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်အထိရောက်နေပြီ ငါမသိဘူး ။

မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့ မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မှာ မွှေနှောက်ရှာတယ် ။

နောက်ပြီး
မြောက်အရပ်ကို မျက်နှာမူလို့ မျက်ရည်ဝဲတယ် ။
တိမ် တွေကပြောတယ်
ခွဲရတာ တကယ်တဲ့....။

#နွေသစ်ငြိမ်း

Love to share 🌻✨💞

25 Jan, 15:26


Bf / Gf နဲ့ ပတ်သက်ပြီး
idea type ဆိုတာ လူတိုင်းမှာ ရှိတတ်ပေမဲ့လေ
တကယ်တမ်း ချစ်မိပြီဆို
အဲတာတွေက အရေးမကြီးတော့ပြန်ဘူး ။
ဘာနေနေ သဘောကျရတော့တာပဲ ။

အားသာချက်တွေကိုလည်း သဘောကျပြီးချစ်
အားနည်းချက်တွေလည်း ဖြည့်တွေးရင်းချစ် ။
Appearance က ဘယ်လိုရှိရှိချစ် … ။
သူ့ကလေးဘဝအကြောင်း ပြောပြရင် အဲ့ကလေးကိုချစ်
သူ့မိဘတွေကိုချစ် … သူ့ဆွေမျိုးတွေကိုချစ်
သိတတ်တာတွေချစ် ၊ မလိမ်မိုး မလိမ်မာလည်းချစ် ။
ဟိုဟာ မကြိုက်ဘူး ၊ ဒါမကြိုက်ဘူးလို့
ဂျီးများခဲ့ပေမဲ့လည်း …
တကယ်တမ်း ချစ်မိပြီဆို ရတယ် ဘာမှမဖြစ်ဘူးပဲ ။

သိတယ်မို့လား ရွေးချယ်မှုနဲ့ရလာနိုင်သမျှအရာထဲ
အချစ်မပါဘူးတဲ့လေ …

Taylor swift ရဲ့ Language နဲ့ ပြောရရင် ….
" I like shiny things , but I’d marry you with paper rings " တဲ့ ။

Love to share 🌻✨💞

25 Jan, 15:26


ကိုယ့်အတွက် ဘာအစီအစဉ်မှ မရှိတဲ့သူ...

ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ်

မနက်ဖြန် date ဖို့ ဘယ်ဆိုင်ထိုင်မယ်ဆိုတဲ့ အတွေးလေးတွေကအစ နှစ်တွေအကြာကြီး အတူရှိနေဖို့ဆိုတဲ့ စိတ်ကူးလေးတွေအဆုံး ဘာ Plan မှမရှိတာဟာ တဖက်လူအဖို့ အဓိပ္ပါယ်မဲ့နေတဲ့ relationship လိုပါပဲ

အရာရာ ကိုယ်ကပဲ ဦးဆောင်ရ ကိုယ်ကပဲ ရွေးချယ်ရနဲ့ ဘဝဟာ ဘယ်လိုများ ရင်ခုန်စရာ ကောင်းတော့မလဲ

ကိုယ့်ချစ်သူကို ဦးစားပေးလို့ သူလုပ်ချင်တာ လုပ်ဆိုပြီး ရွေးချယ်ခိုင်းထားတာ ဆိုရင်တောင် အမြဲတမ်းကြီး အနောက်က follow လုပ်နေတာတော့ မကောင်းဘူးပေါ့နော်

Relationship မှာ ဘယ်သူကပဲ ဦးဆောင်သူဖြစ်ဖြစ် ကိုယ့်ချစ်သူအတွက်ဆိုပြီး သီးသန့်ရည်ရွယ်ထားတဲ့ အစီအစဉ်လေးတွေကိုတော့ ခံစားချင်ကြပါတယ်

ကိုယ့်အတွက်ဆိုရင် အများကြီး မဟုတ်ရင်တောင် သေးသေးမွှားမွှား ပျော်ရွှင်စရာလေးတွေ ဖန်တီးပေးဖို့ အတွေးတွေ စိတ်ကူးတွေ အမြဲရှိနေတာက ကြည်နူးစရာပါ

ခေါင်းစည်းကြိုး ခဏခဏ ပျောက်တတ်လွန်းတဲ့ ချစ်သူအတွက် ခေါင်းစည်းကြိုးလေးတွေ အသင့်ဆောင်ထားပေးတတ်တာ

အလုပ်တွေ ပင်ပန်းနေတဲ့အချိန်မှာ အအေးဘူးလေး ဝယ်လာပေးတာ

စိတ်တွေရှုပ်နေချိန်မှာ အပျော်ဓာတ်လေးရသွားအောင် သူနှစ်သက်တာလေး တစ်ခုခု လက်ဆောင်ပေးတာ

အမှတ်တရနေ့တွေနဲ့ အားလပ်ရက်တွေမှာ ဘယ်ကိုသွားမယ် ဘာစားမယ်ဆိုတဲ့ ကြိုတင် စိတ်ကူးယဉ်မှုလေးတွေ ရှိနေတာ

ဘာမှမပြောပလောက်တဲ့ ကွက်လပ်လေးတွေ ဆိုပေမယ့် ကိုယ့်အတွက်ဆို အမြဲတမ်း ကြိုတွေးပေးပါလားဆိုတဲ့ အသိလေးကပဲ အရာရာကို ပြည့်စုံသွားစေပါတယ်

ပျော်ရွှင်စရာတွေကို ခံစားရတိုင်း ကိုယ်တောင် ဒီလောက်ပျော်တာ သူသာဆိုရင်ရောဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ အပြန်အလှန် ဖန်တီးပေးပါ

ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို တဖက်သား မြင်အောင် ပြသတတ်ပါစေ ❤️

sakura 🌸

Love to share 🌻✨💞

25 Jan, 04:15


ခုနောက်ပိုင်း သူငယ်ချင်းတွေကို ဆူရတဲ့အလုပ်က “အလုပ်လာလုပ်နေတာလို့ မစဉ်းစားဘဲ… လာနေနေတာလို့ စဉ်းစား”ဆိုတာပဲ…

နိုင်ငံခြားရောက်နေတဲ့သူအတော်များများက ငါတို့က အလုပ်လာလုပ်နေတာလို့ တွေးပြီး ဘဝကို ကောင်းကောင်းဖြတ်သန်းဖို့ မတွေးကြဘူး။

“ပိုက်ဆံစုရမယ်.. စားချင်တာတွေ မစားဘဲမြိုသိပ်လိုက်တော့မယ်”
“ပိတ်ရက်ဆိုတော့ အိမ်မှာနေတာပဲကောင်းတယ် အလုပ်လုပ်ဖို့ အနားယူရမယ်”
“သူငယ်ချင်းတွေနဲ့ မတွေ့တော့ဘူး.. လူက ပင်ပန်းနေတာ”

သေချာတွေးကြည့်ရင်…
မြန်မာပြည်မှာနေခဲ့တုန်းကရော.. အဲ့လိုပဲလား.. အတင်းတွေ ခြိုးခြံချွေတာပြီး စားချင်တာမစားရ.. စိတ်ဖိစီးပြီးနေသလား.. သူငယ်ချင်းမိတ်ဆွေတွေနဲ့ မတွေ့ဘဲနေသလား.. ဘာမှ life enjoyment မရှိဘဲ နေနေသလား.. နေခဲ့သလား…

အဲ့လို မနေခဲ့ဘူးမဟုတ်လား…

ငါက ဒီမှာ အလုပ်လာလုပ်နေတာပဲ လို့တွေးနေတာလား… ဒါဆို ဘာအတွက် အလုပ်လုပ်တာလဲ.. ဘဝနေထိုင်မှုအတွက်လုပ်နေတာမဟုတ်ဘူးလား…

အခုရော.. ဘဝ တစ်ခုလို မနေထိုင်နိုင်ဘူးလား.. နိုင်ငံခြားမှာ အလုပ်လုပ်.. ပင်ပန်းဆင်းရဲစွာ စိတ်ရော.. လူရော … နေထိုင်ဖို့မလိုပါဘူး..

အဲ့လိုပြောလို့.. ကိုယ့်အခြေအနေက အရမ်းကောင်းမွန်နေတာမဟုတ်သလို.. အိမ်ကိုလှည့်မကြည့်စရာမလိုတဲ့သူလည်း မဟုတ်ပါဘူး… တစ်ရက်ပဲဖြစ်ဖြစ် ၁ လပဲဖြစ်ဖြစ် ၁ နှစ်ပဲဖြစ်ဖြစ်… ကိုယ်ဟာ ဘာအတွက်ရှင်သန်မှာလဲ.. ကိုယ့်မှာ ဘဝ ရော ရှိသေးရဲ့လားလို့ ပြန်တွေးကြည့်ပါ.. ဒါမှ ဘဝက ရှေ့ကိုဆက်နိုင်မှာ…

ငါ မပျော်ဘဲ လုပ်နေရတယ်.. ဘဝက ဒီမှာပဲ ပိတ်လှောင်ပြီး ရပ်တန့်နေသလိုပဲ.. ဆိုရင်.. ဘဝကို အလုပ်လုပ်ဖို့ ရှင်သန်နေရုံလေး.. ဆိုတာကို ခံစားလာရရင်.. စိတ်ဓာတ်က ကျပြီးရင်း ကျနေမှာ…

ဒီနေ့ ရုံးဆင်းရင် ငါကြည့်ချင်တဲ့ရုပ်ရှင်လေးကြည့်မယ်.. ဒီအပတ်တော့ ဝက်သားကင်လေးစားချင်တယ်… နောက်လတော့ ဘယ်ကို ခရီးထွက်မယ်… ဘဝမှာ ဖြစ်ချင်တာသေးသေးလေးတွေကို လုပ်ရင်း နေထိုင်နိုင်မှ.. လူက ရှင်သန်နေတယ်လို့ ခံစားရမှာ…

ငါက အလုပ်ဆင်းရင် ပင်ပန်းပြီ.. အိပ်ရာထဲနားမယ်.. နောက်နေ့ ရုံးမတက်ချင်ဘူး.. စနေ/ တနင်္ဂနွေလေးပဲ နားရတာ.. နားဦးမယ်… ဒါဆိုရင် ဘာအတွက် အလုပ်လုပ်နေတာလဲ.. ပင်ပန်းတယ်.. နားတယ်.. ပင်ပန်းတယ်.. ဒါနဲ့ပဲ ဘဝက တစ်ပတ်လည်နေရင်.. အလုပ်လုပ်ဖို့ ရှင်သန်နေရတာလား.. ရှင်သန်ဖို့ အလုပ်လုပ်နေရတာလား ဆိုတာ သဲကွဲတော့မှာမဟုတ်ဘူး..

နင်က ဒီလိုတွေ Activity လုပ်ရတာကြိုက်လို့ကို.. ငါတို့က အေးဆေးပဲနားချင်တာ.. လို့ပြန်ပြောကြတယ်… တကယ်တော့ ဖြစ်ချင်တာတွေ မရှိလာနိုင်အောင်ကို ပင်ပန်းနေပြီး အနားပဲ ယူချင်တော့တယ်ဆိုတဲ့အထိ ဖြစ်လာတာ လို့ပဲ ကိုယ်ကယူဆတယ်…

လူတိုင်းမှာ ဖြစ်ချင်တာ.. လုပ်ချင်တာ.. စားချင်တာ.. သွားချင်တာ ဆိုတာလေးတွေရှိကြတယ်.. ဒါတွေလုပ်ဖို့ စိတ်ရော.. လူရော.. ငွေရော.. ပင်ပန်းနေပြီး ဒါကို တွေးဖို့တောင် မေ့နေပြီဆိူရင် တစ်ခုခု လွဲနေလို့ပဲ… ဘဝက နေထိုင်ဖို့ကိုတောင် မေ့နေပြီဆိုတဲ့အဓိပ္ပါယ်ပါပဲ…


#crd

Love to share 🌻✨💞

19 Jan, 15:47


“ကံပါသလောက်ပေါ့” တဲ့။
အဲ့ဒီစကားလေးက အတော်Healing ဖြစ်တာဗျ။

ကိုယ်ကြိုးစားနေတဲ့ အရာတိုင်းလည်း ဖြစ်ချင်မှ ဖြစ်လာတတ်တဲ့ဘဝမှာ  အဲ့လိုအတွေးလေးတွေ တွေးတတ်ရင် တော်တော်ကို စိတ်ကိုပေါ့ပါးစေတာ။

“ငါတတ်နိုင်သလောက် ကြိုးစားခဲ့တာပဲ။ ဖြစ်မလာတာတော့ မတတ်နိုင်ဘူး။ ကံပါသလောက်ပေါ့။” ဆိုတဲ့အတွေးလေးက စိတ်ကို အတော်ငြိမ်းချမ်းစေပါတယ်။

crd

Love to share 🌻✨💞

19 Jan, 15:47


လူတစ်ယောက်အတွက် စကားပြောဖော်ဆိုတာ
တကယ်လိုအပ်ပါတယ်..
အဆင်ပြေခြင်း မပြေခြင်းနဲ့
ပျော်ရခြင်း မပျော်ရခြင်းတွေကို
ဝေမျှဖို့အတွက်ပေါ့ ။

ဒါပေမဲ့ စိတ်မ/ကောင်းစရာက
တစ်ခါတလေမှာ ကိုယ့်ရဲ့စကားပြောဖော်က
ကိုယ်ကိုယ်တိုင်ပဲဖြစ်နေရတတ်တယ်။
ဘာလို့ဆို ကိုယ့်ရဲ့စိတ်ကို ကိုယ်ကပဲအသိဆုံးမို့လို့
ကိုယ်ကပဲ နားလည်ပေးနိုင်တာမို့
ကိုယ်ကပဲ ခံစားပေးတတ်တာကြောင့်ပါပဲ။

🌻🤍
#TristanPyne

Love to share 🌻✨💞

19 Jan, 15:47


ချစ်တာပေါ့ ။
ရှားရှားပါးပါး တွယ်တာရတဲ့
အရာလေးမို့ တန်ဖိုးထားတယ် ။

ပင်ပန်းရတာတွေ ပြေပျောက်ရတဲ့အထိ
အများကြီး နွေးထွေးပေးတယ် ..
သူရှိနေရင် စိတ်လုံခြုံမှုလေးတွေရတယ်
တကယ့်ကို အဖိုးတန်လေးပါပဲ ။

6သချာတာ တစ်ခုက
အများကြီး ချစ်နေမိပြီ ချစ်သောရေ...။

🌻🤍
#ခက်နှောင်

Love to share 🌻✨💞

19 Jan, 15:46


ချစ်ခြင်းမေတ္တာနဲ့ထိတွေ့မိတဲ့အခါ ငါ့ကိုယ်ငါ
အကြောက်ဆုံးပဲ ။ ငါ့ဘက်က နစ်ဝင်မိပြီဆိုတာနဲ့
အဲ့ဒီချစ်ခြင်းမေတ္တာဟာ နာစရာအဖြစ်နဲ့
အလိုလို ပြောင်းလဲသွားတယ် ။ တစ်ခုခုဆိုရင်
ဖြစ်မလာသေးတဲ့ကိစ္စသေးသေးလေးတွေကအစ တကယ်ဖြစ်လာမလားဆိုတဲ့ အတွေးလွန်ခြင်းတွေနဲ့
ငါ့ကိုယ်ငါ ခုတ်ထစ်မိနေတာလည်း အကြိမ်ကြိမ်ပဲ။
ငါချစ်မိသွားရင် တစ်ဖက်အတွက် ဝန်ထုပ်ဝန်ပိုးပဲ၊
ချစ်ခြင်းမေတ္တာဆိုတဲ့နေရာဟာ ငါ့အတွက်
မဟုတ်ခဲ့သလို ငါဖမ်းဆုပ်ဖို့မတတ်နိုင်ခဲ့တာကလည်း
အဲ့ဒီချစ်ခြင်းမေတ္တာတွေပဲ ။

- ခက်နှောင်

Love to share 🌻✨💞

19 Jan, 15:46


တစ်ခါတစ်လေကိုယ်ခံစားနေရတဲ့
စိတ်ခံစားချက်တွေကို တစ်ခြားသူကို
ပြန်ရှင်းမပြတတ်တဲ့ အနေအထားက
အတော်လေးကိုအခြေနေဆိုးပါတယ်။
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားမှုတွေကို
သိတော့သိနေတယ်၊ ဒါပေမဲ့ဘယ်လိုပြန်ပြောရမလဲ
မသိတော့တာမျိုး။အဖြေရှာမရတာမျိုး။
အစရှာမရတော့တာမျိုးပေါ့။

- ဇင်း”

Love to share 🌻✨💞

19 Jan, 15:46


ဖြတ်သန်းလာခဲ့ရတဲ့ (၃၆၅) ရက်တွေဟာ
အမှတ်တရတွေအဖြစ်နဲ့ ကျန်ခဲ့တော့မယ်။
အမှတ်တရတွေဆိုတာကလည်း မေ့ပစ်လိုက်လို့ရသလို တမင်မေ့မပစ်လိုက်တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ် ။
ဒီလိုပဲ တစ်နှစ်တာဟာလည်း ဘာမှမဖြစ်ခဲ့သလို
မနေ့တနေ့ကလို ကုန်ဆုံးသွားတော့မယ်နော်။
တွေ့ဆုံမှုတွေ ရှ်ိခဲ့သလို ၊ ပြန်ပြီး ခွဲခွာရတဲ့
အခိုက်အတန့်တွေမှာလည်း နောင်တဆိုတဲ့ အရာမျိုးတွေ ထပ်ပြီးမရှိအောင် အတတ်နိုင်ဆုံးရှင်သန်ဖြစ်ခဲ့ပါတယ်။ အကောင်းဆုံးဆိုတဲ့အရာတွေ ဖြစ်မလာခဲ့ပေမယ့်
အဆိုးဆုံးဆိုတဲ့အရာတွေ ကြုံလာရပြန်တော့လည်း
ထပ်ပြီးမပြိုကျအောင် ၊ ချစ်ရတဲ့သူတွေ အထိအရှ
နည်းအောင် ဆုတောင်းရင်းနဲ့ ဒီတစ်နှစ်တာရဲ့
ကာလတွေဟာ ဘာမှမဖြစ်ခဲ့သလို မနေ့တစ်နေ့ကလို
ကုန်ဆုံးသွားတော့မယ် ။

- ခက်နှောင်

Love to share 🌻✨💞

19 Jan, 15:46


သာမန် သမီးရည်းစားဆက်ဆံရေးထက်
ပိုခဲ့တယ် ၊ တစ်သက်စာ တွေးထားခဲ့တယ်
သူ့အတွက်ဆိုပြီး ကြိုးစားခဲ့တယ် ၊
အကောင်းဆုံး ဖြစ်ပေးနိုင်ဖို့ ကြိုးစားခဲ့တယ်
စစ်မှန်တဲ့ အရာတွေကြီး ပေးခဲ့တဲ့ကောင်ပါကွ ။

ဒါပေမယ့် သိလား
ရင်ဝကို ဆောင့်ကန်ခံရတဲ့ ခံစားချက်ကို
ဒီတသက်မမေ့ဘူး ။

အောင်ဘုန်းခန့်

Love to share 🌻✨💞

18 Jan, 16:22


တည့်နေတုန်း ခင်မင်ရင်းနှီးနေတုန်း အတူသွား အတူစား အတူကဲ အကုန်အသိပေး ပေါင်းခဲ့ကြတာတွေက လူကိုလူလိုသဘောထားပြီး ပေါင်းခဲ့တာမို့ပါ။

အဆင်မပြေ မတည့်တဲ့ အချိန်မှာ သူများအတွင်းကိစ္စတွေကို လက်ဆင့်ကမ်း လူတကာကို ဖောက်သည်ချတာက အောက်တန်းစား လုပ်ရပ်ပါ မိတ်ဆွေ …

စောက်ဂရုစိုက်လို့ပြောတာ မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို အောက်တန်းစားဆိုတာ သိအောင်လို့ ပြောပြရုံပါ။
-ctto

Love to share 🌻✨💞

18 Jan, 12:09


ကျွန်​တော့်မှာ​လေ ပက်သက်ခဲ့ဖူးတဲ့
ဘယ်ဆက်ဆံ​ရေး​မဆို ပျက်ပြားသွားတဲ့အခါ
ကျွန်​တော့ဘက်က​နေသားကျဖို့
အစားထိုးလိုက်ဖို့ အဆင်​ပြေဖို့
တကယ်ကြီးကြာတတ်ပင်မယ့်
လုံးဝအဆင်မ​ပြေ ပင်ပန်းခဲ့ရတာ​တွေရှိပင်မယ့်
သူတို့က အမြဲတမ်းအရင်ကထက်
ပိုအဆင်​ပြေသွားတဲ့ ပုံစံမျိုး
ကျွန်​တော် ရှိ​နေခြင်း မရှိ​နေခြင်းဟာ
သူတို့အတွက် ဘာကိစ္စမှဟုတ်မ​နေသလိုမျိုး
​လုံးဝ စောက်​ရေးမ​ပါခဲ့သလိုမျိုး
ဘာဖြစ်လို့ အဲ့လိုမျိူး အ​ခြေအ​နေ​တွေနဲ့ပဲ
ကြုံ​နေရတာပါသလဲ

ဘာဖြစ်လို့လဲ
ဘာဖြစ်လို့များပါလဲ
ကျွန်​တော်က ခင်ဗျားတို့အတွက်
တကယ်ပဲဘာမှမဟုတ်ခဲ့ဘူးလား...

#Cʜᴜɴ Lit

Love to share 🌻✨💞

18 Jan, 12:08


ကျွန်​တော့ကိုတစ်​ယောက်ကဒီလို​ပြောဖူးတယ်
​"ဆက်ဆံ​ရေးတစ်ခုမှာ အ​လျှော့​ပေးတာ
အရမ်းချစ်​ပေးတာသည်းခံ​ပေးတာ
ယောင်္ကျား​လေးရယ် မိန်းက​လေးရယ်လို့
ပုံ​သေမဟုတ်ပဲ ဒီလိုပဲ ပိုချစ်တဲ့သူက လုပ်ရတာ
​ထွေ​ထွေထူးထူးမဟုတ်ဘူး" တဲ့

ဟုတ်တယ်​နော် အချစ်ခံရတဲ့သူ​တွေကိုကြည့်လိုက်ရင်
သူတို့ အချစ်ခံရတာက ​ထွေ​ထွေထူးထူးမဟုတ်ဘူးလို့
ထင်တတ်ကြတယ် တစ်​ယောက်​ယောက်က
ကိုယ့်ကို ပိုချစ်​ပေး​နေတယ် လို့ အရမ်းသိသာ​​နေရင်​လေ
အနိုင်ယူရမယ့် ဂုဏ်ဆာရမယ့်ကိစ္စမဟုတ်ဘူး
အသိအမှတ်ပြု​ပေးရမှာ ပြန်ပြီး​နွေး​ထွေး​ပေးရမှာ
သူ့ဘက်ကို ပိုပိုသာသာပြန်ကြည့်​ပေးရမှာ

လူ​တွေက အချစ်ခံရတာကို ရိုးရိုးသာမန်ဖြစ်ရပ်တစ်ခုလို
ထင်လာကြပြီး တစ်ဖက်ကချစ်​ပေး​နေတဲ့လူအ​ပေါ်
Respect လုံးဝမရှိ​တော့သလိုပဲ
အကုန်လုံးကို ချုံ​ပြောတာမဟုတ်ပင်မယ့်
ကျွန်​တော်မြင်ဖူးသမျှ​တော်​တော်များများပါပဲ
တစ်​​ယောက်​ယောက်ကိုချစ်​ပေးရတာဟာ
တူညီ​သော တုံ့ပြန်မှုပြန်မရရှိခဲ့ရင်
ဘယ်​လောက်​တောင် ဝမ်းနည်း သိမ်ငယ်ဖို့​ကောင်းတဲ့
အရာလဲဆိုတာ ကိုယ်တိုင်မခံစားဖူးရင်
ဘယ်​တော့မှမသိလာနိုင်ဘူး တကယ်​တော့
တစ်​ယောက်တည်းချစ်​နေရသလိုပဲ ဆိုတဲ့
ထင်​ကြေးနဲ့တင် အ​တော်​လေးပင်ပန်းရပါတယ်

လူဆိုတာ အနာတရများလာရင်
အနာတရ​ပေးတဲ့သူကို ​ကြောက်တတ်လာမယ် ထုံးစံပဲ
​အဲ့တာ​ကြောင့် တစ်ဖက်ကပြေးထွက်ချင်လာတဲ့အချိန်
​ပြေးထွက်လိုက်တဲ့အချိန်ကြမှ ​နောင်တရ ပြန်လိုချင်လည်း
မရ​တော့ဘူး ဘာလို့ဆို အရမ်းချစ်​ပေးခဲ့တဲ့သူ​တွေက
​သူတို့မှာ ​လိပ်ပြာမလုံတာမျိုးမရှိလို့ ​နောင်တဆိုတာလည်း
မရှိသ​လောက် ​စိတ်ဖြတ် စိတ်နာပြီးရင်လည်း
ကိုယ့်အ​ပေါ်မ​ကောင်းခဲ့တဲ့လူ​တွေဆီ ပြန်သွားဖို့
ရာခိုင်နှုန်းက သိပ်မရှိသ​လောက်ပါပဲ

ကျွန်​တော်က​တော့​​လေ ချစ်ခြင်း​မေတ္တာနဲ့ပက်သက်ရင်
အကုန်လုံးကို နားလည်တတ်​စေချင်တယ်
တန်ဖိုးထား​တတ်စေချင်တယ် ဘယ်သူကပိုချစ်လို့ဆိုတာမျိုးထက် အပြန်အလှန်ထပ်တူကြ​နေရင်အ​ကောင်းဆုံးပဲ
သူက​တော့ ငါ့ကိုပိုချစ်လို့ ငါက​တော့
ဒီလိုမျိုး ပြုမှုလိုက်မယ်လို့​တွေးရင်
ချစ်ခြင်း​မေတ္တာဘယ်ဟုတ်​တော့မလဲ
အချစ်ခံချင်ရုံသက်သက်ပဲဆိုရင်​​တော့
ဘာလို့ သူများ အချိန်​တွေဖြုန်း​နေအုန်းမှာလဲ
တန်ဖိုးထားတတ်ရင် အရာရာတန်ဖိုးရှိတယ်
ဘယ်အရာမှ အလကားမရဘူး
ခံစားချက်သက်သက်ပဲဆိုရင်​တောင်
တစ်ဖက်က​​​တော့ ရင်ဘတ်ကြီးနဲ့ရင်းထားရတာပဲ​လေ...

#Cʜᴜɴ Lit

Love to share 🌻✨💞

18 Jan, 12:08


စိတ်​လေးက ဖျားနာချင်လာသလိုပဲ
ဒီရက်​တွေထဲ စိတ်မ​ကောင်းစရာ​တွေတစ်ပုံကြီး
သိလား လို့တစ်​ယောက်​ယောက်ကို
အားကိုးတကြီး​ပြောပြချင်​နေတာ

​ပြောပြစရာ ဘယ်သူ့မှမရှိပင်မယ့်လည်း
ဘယ်သူ့မှမရှိတာသိပင်မယ့်လည်း​ပေါ့

က​လေးတစ်​ယောက်လို သိပ်ဂျီကြချင်တာ
​တစ်​ယောက်​ယောက်က ကျော​လေးကိုပုတ်ပြီးနှစ်သိမ့်တာနဲ့ ငို​ချမိ​တော့မှာသိလား
စိတ်က မိုးမရွာခင် ပြိုကျ​တော့မယ့်
ညို့မှိုင်း​နေတဲ့တိမ်တိုက်ကြီးလိုပဲ
ခံနိုင်ရည်​လေးဟာ ပြတ်တောက်လုခါနီး
ကြိုး​လေးတစ်​ချောင်းလိုပဲ ​တစ်​ယောက်တည်းမို့
သိပ်ကျော်ပစ်ချင်တာ ဒီလိုရက်မျိုး​တွေဆို  ။  ။

#Cʜᴜɴ Lit

Love to share 🌻✨💞

17 Jan, 16:30


လွမ်းတယ်ရှင်ရယ်
ပြေးတွေ့ချင်တယ် ဖက်ထားချင်တယ်
စိတ်နဲ့ပဲအခါခါ နမ်းလိုက်တဲ့အချိန်တိုင်း
မင်းရှိတဲ့အရပ်လေးကို နွေးထွေးစေချင်တယ်
ကိုယ့်မှာ အများကြီးလွမ်းရပါကြောင်း

Love to share 🌻✨💞

17 Jan, 16:29


စစ်မှန်တဲ့ Relationship ဆိုတာ

စကားပြောခွင့်ရချိန်တွေမှာ ချစ်တဲ့ကြောင်းတွေ
ပြောကိုပြောရမယ်။ (မေ့မနေရဘူး)

ဂရုစိုက်ပေးရမယ့်အချိန်မှာ ဂရုစိုက်ပေးရမယ်။
(ပ၊စ်မထားရဘူး)

"နေမကောင်းတာဖြစ်ဖြစ် အဆင်မပြေတာဖြစ်ဖြစ်"
မေးခွင့်ရချိန်တွေမှာ မေးကိုမေးရမယ်။
(လစ်လျူရှုမထားရဘူး)

ရွေးချယ်ထားပြီးတဲ့အရာကို အဆုံးထိဆက်ရွေးချယ်ရမယ်။ (ပြောင်းလဲမသွားရဘူး)

ပေးပြီးသားကတိတွေ၊ထားပြီးသားသစ္စာတွေနဲ့
ပြောပြီးသားစကားတွေကို
ဆန္ဒပါပါ သိက္ခာရှိရှိနဲ့တည်နိုင်ရမယ်။
(မေ့မနေရဘူး၊ မပြောင်းလဲလွယ်ရဘူး)

သတိရတာ၊လွမ်းတာတွေကို
ခဏခဏ ပြောရမယ့်အချိန်မှာ ပြောကိုပြောပေးရမယ်။ (မအေးစက်ရဘူး)

အချစ်ဆိုတာ အချစ်နဲ့တူရတယ်။
လက်တွဲဖော်ဆိုတာလည်း လက်တွဲဖော်နဲ့တူရတယ်။
သွေးကြော၊င်ဖို့မဟုတ်သလို ဘေးရှောင်ဖို့နေဖို့လည်းမဟုတ်ဘူး။(ရဲရဲ ချစ်၊ ရဲရဲရှေ့ဆက်ရတယ်။)

crd

Love to share 🌻✨💞

17 Jan, 16:29


နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေကိုတော့ မသိချင်ယောင်ဆောင်တတ်ရတယ် ဒါမှကိုစိတ်ချမ်းသာရမှာ။

မင်းမရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး
နေအလင်းရောင်တစ်ခုတည်းနဲ့ ကမ္ဘာကြီးလင်းနေရင် ညဆိုတာဖြစ်လာမှာမဟုတ်ဘူးလေ။

ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင်
ကိုယ်ပဲပင်ပန်းရလိမ့်မယ်။ လွှတ်ချသင့်တဲ့အရာတွေဆိုရင် လွှတ်ချတတ်အောင်သင်ယူပါ။ ဆွဲထားသမျှပူလော၊င်နေသလိုခံစားရရင် အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့။ မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ။

ဒါကြောင့် မှန်နေရင်တောင် ပြိုင်မငြင်းနဲ့တိတ်ဆိတ်နေခြင်းကပညာပါ။မြင်နေရင်တောင် မပြောပဲနေရမယ့်အနေထားဆိုရင် မသိ‌ချင်ယောင်ဆောင်ထားလိုက်ပါ တချို့တွေက စေတနာရဲ့တန်ဖိုးကို နားလည်မှာမဟုတ်ဘူး။

ဘဝမှာ အများကြီးပေးလို့အများကြီးပြန်ရတာဆိုလို့ မေတ္တာပဲရှိတယ် ဒါပေမဲ့ မေတ္တာနဲ့မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ ပြန်ရတာကနောင်တပဲရှိတယ်။ အဲ့ဒီနောင်တအပေါ် ဒေါသဖြစ်ခြင်းကြောင့် ပေးသမျှမေတ္တာတွေက ဒ၊ဏ်ရာအဖြစ်ပြန်ရမယ့်အတူတူ
မသိချင်ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။

crd

Love to share 🌻✨💞

17 Jan, 16:29


တစ်ယောက်ကလည်း
တန်ဖိုးထားပေးတယ်

တစ်ယောက်ကလည်း
တဖက်ကထားတဲ့ တန်ဖိုးကိုနားလည်တယ်

ဒီလိုချစ်ခြင်းမျိုးဆို တကယ်သဘောကျဖို့ကောင်းတယ်။

crd

Love to share 🌻✨💞

16 Jan, 15:59


မရှိရင်မဖြစ်ပါဘူးလို့ တစ်ဖွဖွပြောနေရင်းက
ထွက်သွားတဲ့လူကိုလဲ အပြစ်မတင်လိုပါ။
လုပ်ရက်လိုက်လေခြင်းလို့လဲ တွေးပြီးမပြောလိုတော့ပါ။
ငါတို့ဟာသံသရာတစ်ထောင့်မှာ တွေ့ခဲ့ရတဲ့သူစိမ်းတွေပါပဲ။

°ဘင်း

Love to share 🌻✨💞

16 Jan, 15:59


မရှိရင်မဖြစ်ပါဘူးလို့ တစ်ဖွဖွပြောနေရင်းက
ထွက်သွားတဲ့လူကိုလဲ အပြစ်မတင်လိုပါ။
လုပ်ရက်လိုက်လေခြင်းလို့လဲ တွေးပြီးမပြောလိုတော့ပါ။
ငါတို့ဟာသံသရာတစ်ထောင့်မှာ တွေ့ခဲ့ရတဲ့သူစိမ်းတွေပါပဲ။

°ဘင်း

Love to share 🌻✨💞

16 Jan, 15:59


တကယ့်လက်‌တွေ့ ဘဝမှာ မင်းတို့ share နေကျ
Could be us ဆိုတဲ့videoတွေက အလုပ်မဖြစ်ဘူး။

ငါပြောတာယုံ သွေးမတော်သားမစပ်တဲ့
လူနှစ်ယောက်ပေါင်းဖက် တယ်ဆိုတာ
မျက်နှာလေးထိုင်ကြည့်နေရုံနဲ့ ပြည့်စုံတယ်ဆိုတာ ဆယ်ကျော်သက် ဘဝမှာဖြစ်တတ်တဲ့
ဟော်မုန်းတစ်ခုအနေနဲ့ဘဲကောင်းတယ်။

တကယ့်လက်တွေ့ဘဝမှာ mutual respect တွေ
ဘဝအပေါ်ထားတဲ့ခံယူချက်တွေ သစ္စာတရားတွေ
ငွေကြေးအခြေအနေတွေအပြင် ပညာအရည်အချင်း
အသိုင်းဝိုင်း ဂုဏ်သိက္ခာ အခြားသော  အသေးဖွဲကိစ္စလေးတွေကနေအစ အပြန်လှန်အလျော့ပေးမှုတွေထိ
အများကြီးလိုအပ်တာ

Appearance ကိုကြည့်ပြီးရွေးချယ်တယ်ဆိုတာ
သမီးရည်းစားထားဖို့စိတ်ကစားကြတဲ့
State ကျောင်းသားဘဝက ကလေးအတွေးတွေပါ။

crd

Love to share 🌻✨💞

15 Jan, 11:55


ဘဝမှာ ဘာဖြစ်ချင်သလဲဆိုရင်
ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့လူတွေရဲ့
First priority ပဲဖြစ်ချင်တယ်

ဥပမာ.. ဘယ်လိုရွေးချယ်မှုမျိုးမှာမဆို
ကိုယ့်ကိုအရင်ဆုံးသတိရပြီး ကိုယ့်လက်ကိုအရင်ဖမ်းဆွဲပြီး
ကောင်းကောင်း ဆိုးဆိုးကိုယ့်ကိုအရင်အသိပေးပြီး
ကိုယ့်ဘက်ပဲရှိပေးနေချင်တာမျိုးပေါ့။

crd

Love to share 🌻✨💞

15 Jan, 11:55


သဘောထားတော့ ကြီးပါတယ်
ဒါပေမယ့် အရာရာတိုင်းကိုတော့
ခွင့်မလွှတ်တတ်ဘူး။

လူဆိုတာ အမှားနဲ့ မကင်းဘူး ဆိုတာ
နားလည်တယ် ဒါပေမဲ့ ခဏခဏ
မှားနေတာမျိုးကိုတော့ ရွံပါတယ်။

အာကြောင့် ကိုယ်တိုင် ကောင်းအောင်နေတယ်…
အထူးသဖြင့် "စည်း" ထားတယ် ဒါကြောင့်မို့
စည်း ကျော်လာတာမျိုးတွေကို မကြိုက်ဘူး။

လူတချို့က တန်ဖိုးသိမှ တန်ဖိုးထား တတ်တာပါ။ ❤️

-Daniel

Love to share 🌻✨💞

12 Jan, 15:33


ခွင့်မလွှတ်နိုင်တော့တဲ့ နေ့ ဆိုတာ တကယ်ရှိတယ်
အဲ့ကျမှ ငါ မှားသွားပါတယ် ဆိုလဲ မရတော့ဘူး
နောက်ကျလွန်းသွားပြီလေ ။

ဒီလိုအခြေအနေက ရုတ်တရက် ထဖြစ်တာမဟုတ်ဘူး
ငါ ဘယ်လောက်တောင် သည်းခံခဲ့ရလဲ
ငါ ဘယ်လောက်တောင် ခွင့်လွှတ်ခဲ့ရလဲ ။

စိတ်ကုန်သွားရင်တော့ မရတော့ဘူးနော်
အရာရာဟာ နောက်ကျလွန်းသွားပြီ ။

အောင်ဘုန်းခန့်

Love to share 🌻✨💞

12 Jan, 15:30


တစ်စုံတစ်ယောက်ကိုတွယ်တာရတာ အဲ့ဒီတစ်စုံတစ်ယောက် ကိုယ့်အနားမှာမရှိတော့ရင် အင်မတန်ပူလောင်ရတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့တွယ်တာမှုတွေကို တစ်စုံတစ်ယောက်မှာပဲမဟုတ်ဘဲ ဆယ်စုံဆယ်ယောက်လောက်မှာ နည်းနည်းစီမျှထားရင် တစ်စုံတစ်ယောက်မရှိတော့လဲ တစ်စုံတစ်ယောက်ရှိနေမှာပဲဆိုတော့ မပူလောင်ရတော့ဘူး။

crd

Love to share 🌻✨💞

12 Jan, 15:29


တစ်ယောက်ယောက်က ကိုယ့်အပေါ် စိတ်ရင်းနဲ့ ဆက်ဆံနေတာ မဟုတ်ရင် တန်းပြီး သိလောက်အောင် ဘဝကို ဖြတ်သန်းလာခဲ့ပြီးပြီ။ ထင်မထားတဲ့သူတွေဆီက ချစ်ခြင်းမေတ္တာအစစ်ကို ရဖူးပြီး ထင်မထားတဲ့သူတွေ ဘဝထဲက အနှေးပြကွက်လို မှိန်ဖျော့သွားတာလည်း ကြုံဖူးပြီ။ ကိုယ်ကတော့ တစ်လှမ်း နှစ်လှမ်းလျှောက်၊ တံခါးကို တစ်ချက် နှစ်ချက် ခေါက်ကြည့်ပြီး တုံ့ပြန်မှူမရခဲ့ရင် အဲဒီလမ်းက အပြီးတိုင်လှည့်ထွက်ခဲ့တာပါပဲ။ လူတွေကို warning မပေးပဲ၊ မကြိုးစားကြည့်ပဲ ဘယ်တော့မှ ဘဝထဲက မထုတ်ဘူး။ ကိုယ်ကပဲ လူတွေကို စခေါ်နေဖို့လည်း ဘာကျေးဇူးမှ မရှိဘူးလေ၊ အဲဒီလောက် လိုချင်တဲ့လူ၊ ဘဝထဲမှာ ဆက်ထားချင်တဲ့ သူမျိုးလည်းမရှိဘူး။

အခုတလော ကိုယ့်လမ်းကိုယ်လျှောက်နေရင်း လူတွေကို လမ်းခုလပ်မှာ ထားခဲ့ရတာကို သဘောကျနေတယ်။ "ဘာမှမဖြစ်ဘူး အေးဆေးနော်၊ ဒီအတိုင်း မပက်သက်ချင်တော့လို့" လို့ ပြောနိုင်လာတာ အောင်မြင်မှူပဲ။ ဘဝမှာ အနားမှာ ထားမယ့်သူတွေက အရေးကြီးတယ်။ အောင်မြင်မှူ၊ ပျော်ရွှင်မှူတွေ၊ နာကျင်စရာတွေ၊ လုပ်ရပ်တွေကို အပြန်အလှန် judge မလုပ်ပဲ လိုအပ်သလောက်ပဲ ရှိနေပေးမယ့် သူတွေ ဖြစ်ဖို့လိုတယ်။
crd

Love to share 🌻✨💞

12 Jan, 15:29


ဒါဏ်ရာတွေအများကြီးပေးခဲ့ရင်တောင်
ချစ်တယ် ဆိုတဲ့စကားလေးပဲ သတိရပြီး
ကျေးဇူးတင်နေမဲ့လူပါ

- မယ်ညို

Love to share 🌻✨💞

11 Jan, 15:15


ကိုယ်ချစ်ရတဲ့လူကို cheating ကိစ္စတွေ၊ အီစီကလီအပျော်အပါးကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်ဒုက္ခရောက်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ လူတစ်ယောက်အပေါ်တော်ရုံနဲ့ commitments မပေးတတ်သလို ပေးပြီးရင်လည်း အဲလူကကိုယ့်အတွက်အရာရာပဲ။ လူတစ်ယောက်ကို ကိုယ့်ဘ၀ထဲဆွဲထည့်လိုက်ပြီဆိုရင် အဲဒီလူနဲ့ရေရှည်ပဲဖြစ်ချင်တယ်။ မတတ်နိုင်တဲ့အဆုံးမှသာလွှတ်ချရင်လွှတ်ချမယ်။ တတ်နိုင်သမျှတော့ စိတ်ရော၊ လူရောပေးထားပြီး စိတ်အေးလက်အေးနဲ့ချစ်သွားချင်တယ်။

crd

Love to share 🌻✨💞

11 Jan, 15:15


အစထဲက အထီးကျန်မှုမှာ နေရသားကျ​နေသူကို
သံယောဇဥ်တွယ်လာဖို့ နွေးထွေးမှု အရိပ်အယောင်တွေပြကြတယ်

မေတ္တာကို လိုလိုလားလားရှိလာအောင်
နားလည်မှုတွေ ကတိတွေ မတောင်းခံလည်း အတင်းပေးကြတယ်

ထုတ်မပြဖူးတဲ့ ပြဿနာတွေကိုရင်ဖွင့်ချင်လာတဲ့ထိ
လက်မလွတ်နိုင်ပဲ ကပ်တွယ်ထားတဲ့အထိ ချစ်ခြင်းမေတ္တာရဲ့အရသာကို မြည်းစမ်းခိုင်းတယ်

ချစ်ခြင်းမေတ္တာပေါ်မှာ ပြိုပြိုလဲလဲဖြစ်သွားတဲ့အခါ
ခဏတာပေးတဲ့ နွေးထွေးမှုတွေက လုံးဝ ပျောက်ကွယ်သွားတယ်

နားလည်ခြင်းတွေ အကုန် ပျောက်ပျက်ကုန်တယ်
ရင်ဖွင့်ဖို့မပြောနဲ့ စကားပြောဖော်တောင်မရှိတဲ့ ညတွေက ကျော်ဖြတ်ဖို့ သိပ်ခက်တယ်

နောက်ဆုံးတော့လည်း
ကျွန်တော့်ကမ္ဘာမှာ ကျွန်တော်တစ်ယောက်ထဲပါပဲ

ခဏတာ အပျော်သဘောနဲ့ဆို
ကျွန်တော့်ဘဝလေးထဲကို မည်သူတစ်ဦးတစ်ယောက်မှ ဝင်မကျီစယ်ပါနဲ့လား

                                            #Mental_Note

Love to share 🌻✨💞

11 Jan, 15:15


လစာအပ်ပါ့မယ်
အိမ်ပြန်ချိန် တံခါးဖွင့်ပေးရုံလေးလိုက်လျောနိုင်မလား
ခင်ဗျားကပြုံးနေရုံပါ
ကျွန်တော်ရုန်းကန်ပါ့မယ်

- ပက်ထရစ်

Love to share 🌻✨💞

10 Jan, 16:01


အသက်ကြီးတာငယ်တာတွေနဲ့မဆိုင်ဘူး။
ဘယ်သူနဲ့တွဲတွဲ life planမရှိတဲ့သူက မရှိကိုမရှိတာ၊
သူ့ဘာသူတောင် ကစင့်ကလျား
အနာဂတ်အ​ကြောင်းဆို ဝေးရော။

များသောအားဖြင့် ငါတို့တွေးလိုက်တာက အသက်ကြီးတဲ့သူနဲ့တွဲရင် ငါတို့တွေးပူရမဲ့အရာတွေလျော့မယ်။
တကယ်လဲ တာဝန်သိတဲ့ယောက်ကျားတွေကျတော့ ဘယ်အရာကိုမှ တွေးပူနေစရာမလိုဘူး။ဘယ်အချိန်ဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေရှိပြီးသား၊အသက်ကြီးလို့လဲ မဟုတ်ဘူး အသက်ငယ်ပြီး တာဝန်ယူတတ်တဲ့ အမျိုးသားငယ်တွေလည်း အများကြီးပဲ။

ပြောရရင် စိတ်တည်ငြိမ်တဲ့သူတွေပေါ့။
အရေးကြီးတယ်ဆိုတဲ့အရာတခုကို အာရုံစိုက်ပြီး
အဲ့အရာကို အရယူတာ ဒါကတရားတယ်။

တချို့က ဝေ့လည်နေတာ။Dateရင်တောင် သူ့အတွက်ဒကာခံစေချင်ပြီး၊လိုချင်တာတောင် ဝယ်ပေးစေချင်တဲ့အထာတွေ အများကြီး ရှိတယ်နော်။ပုတ်ခက်တာမဟုတ်ဘူး တကယ်ကိုရှိနေတာ။မရင့်ကျက်တာလား။မရှက်တတ်တာလားတော့မသိဘူး။မိန်းမတယောက်ကို အားကိုးဖို့ သိပ်အာသီသရှိနေကြတာမျိုးပဲ။

မိန်းကလေးတွေကလေ ကိုယ်ချစ်တဲ့သူဆီက အားစိုက်ပြီးရေးပေးတဲ့ စာလေးတကြောင်း၊ပန်းလေးတပွင့်ကအစ တန်ဖိုးထားတတ်ကြပါတယ်။ကိုယ့်မိန်းကလေးအတွက်
ကြိုးစားနေတယ်ဆိုရုံလေးနဲ့တင် သူတို့ကအများကြီးထောက်ပံ့ပေးနိုင်တယ်။

နောက်ပြိီးတော့ ငါတို့က အတူတူဖန်တီးနိုင်တယ်။
တိုးတက်လိုတယ်။ဘေးတိုက်လိုက်ပြီး တရွတ်ဆွဲနေတာမျိုးသာမဟုတ်ရင် သည်းခံနိုင်တယ်။တကယ်ချစ်တဲ့
သူတွေဆိုရင်ပေါ့။

အဲ့ဒါကြောင့် အချိန်ကုန်တော့မခံချင်ဘူး။
ယောက်ကျားတယောက်ကို အားကိုးပြီး သူ့ရဲ့ဦးဆောင်မှုနောက်က ကောင်းနိုးရာရာတွေကို လိုက်ခံစားရတာဟာ မိန်းမတ​ယောက်ရဲ့ ပီတိအဖြစ်ရဆုံးအချိန်ပဲ။
သူ့အတွက်လဲ ကိုယ်ကရှိနေပေးမှာပဲ။

အဓိကက ငါတို့အတွက်သာကြိုးစားပေး၊ဖြစ်ပေး၊
ငါတို့ဘက်ကရပ်တည်ပေး၊ရင်ဆိုင်ပေး။
အဲ့ဒါဆို သံသရာအထိလဲလိုက်တယ်။
ပေတရာအထိလဲလျှောက်တယ်။တကယ်ချစ်ရင် ခြေလှမ်းများများပိုလှမ်းခဲ့ရုံပဲ။

အချစ်မှာ အကြောင်းပြချက်တွေသိပ်မလိုဘူး။
အကြောင်းများများပြနေရင်လဲ ငါတို့အတွက်လို့
မသတ်မှတ်နိုင်တော့ဘူး။

#hsulubeaindray

Love to share 🌻✨💞

10 Jan, 16:01


အချစ်စစ်က ဘာလို့ Luxury ဖြစ်တာလဲသိလား?
လွယ်လွယ်နဲ့ မရနိုင်လို့ပါ။ ရသွားရင်လည်း တန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတွေ ပေးတာကိုး ...

ကိုယ့်အတွက် Negative Energy တွေသာ ရနေပြီး ချစ်ခြင်းမေတ္တာလို့ ခေါင်းစဉ်တပ်နေပြီဆိုရင် အဲ့ဒါက အတုအယောင်ပါ။

ချစ်ခြင်းမေတ္တာဆိုတာ Luxury ဖြစ်သလို Positive Energy ဆိုလည်း မမှားဘူး။

စိတ်မပျော်ရွှင်မှု၊ စိတ်အဆင်မပြေမှုတွေ ရှိနေရင်တောင် ဒီလူကို ရင်ဖွင့်လို့ရတယ်၊ ပေါ့ပေါ့ပါးပါး ပြောဆိုလို့ရတယ်၊ ကိုယ့်လူရင်းတစ်ယောက်လို အပြည့်အဝသတ်မှတ်လို့ ရတယ်ဆိုရင် ဒါက ချစ်ခြင်းမေတ္တာရဲ့ အလုံးစုံနီးပါး ပြည့်စုံနေပါပြီ။

အချစ်စစ်စစ်က နဂိုရှိပြီးသား ပျော်ရွှင်မှုကို နှစ်ဆတိုးစေပါတယ်။ စိတ်ညစ်ညူးမှုတွေကိုလည်း တဝက်လောက် လျော့ပါးသွားစေတယ်။ ဒါကြောင့် အချစ်စစ်နဲ့ထိုက်တန်တဲ့သူဟာ ပျော်ရွှင်ခွင့်နဲ့ ထိုက်တန်တဲ့သူပဲ

တစ်ခါတလေကျ စိတ်ဆိုးရန်ဖြစ် စိတ်ကောက်ကြပေမယ့် နောက်တစ်ခါ ပြန်တွေ့တော့လည်း အချစ်တွေ ပိုတိုးပြီး ပြုံး‌ပျော်နိုင်ကြတယ်။

ဒါပေမယ့် တစ်ကိုယ်တည်းစိတ်ဒဏ်ရာတွေနဲ့ အချိန်ကုန်နေတာမျိုးတွေ ၊ အမြဲတမ်း မျက်ရည်ကျနေရမယ်ဆိုရင်တော့ အဲဒါ အချစ်လို့ ယူဆလို့မရတော့ဘူး။

နောက်ပြီးတော့လေ အချစ်စစ်မှာ ရင်ဖွင့်စရာမိတ်ဆွေကောင်းတစ်ယောက် ထပ်ရလာတာမျိုး
◾ ကိုယ် ဝမ်းနည်းတဲ့အချိန် အားပေးမယ့်သူ
◾ ဘာပြဿနာမဆို ထုတ်ပြောပြလို့ ရတဲ့သူ
◾ တွေးကြံပူပန်စရာတွေကို အတူတူဖြေရှင်းနိုင်တဲ့သူမျိုးပေါ့

ဒါမျိုးမရဘူးဆိုရင်လည်း အဲ့လူက ကိုယ့်အတွက် အချစ်မဟုတ်သေးဘူး ။ နောက်ပြီးတော့ Negative တွေချည်းပဲ ရနေရင်လည်း အချစ်စစ်မဟုတ်ဘူး။

အထက်တန်းစားဆန်တဲ့ Healthy Relationship ဆိုတာက Toxic , Negative တွေ လုံးဝမပါတဲ့ ချစ်ခြင်းမေတ္တာပါပဲ ။

- အယ်လ်ဇ

Love to share 🌻✨💞

09 Jan, 16:02


"လိုအပ်တဲ့အချိန်တိုင်း ရှိနေပေးမှာပါ" တဲ့

ဘယ်တော့မှ ဆက်မှာ မဟုတ်တော့ပါဘူး

ဒါပေမယ့် တသက်လုံး အရင်ဖုန်းနံပါတ်လေးပဲ ကိုင်စေချင်ပါတယ်

လှည့်ကြည့်လိုက်ရင် ရှိမယ်မှန်းသိတယ်
ခေါ်လိုက်ရင် ထူးမယ်မှန်းသိတယ်
ပြိုကျရင် ပွေ့ဖက်ထားမယ်မှန်း သိပါတယ်

အဲ့လို ယုံကြည်နေမှုလေးကြောင့်သာ အသက်ငွေ့ငွေ့ပဲ ကျန်လဲ ပြိုလဲတဲ့ အချိန်တိုင်း ပြန်လူးလဲ ထနိုင်ခဲ့တာ

နက်ရှိုင်းတဲ့ ချစ်ခြင်းတွေဟာ ဖော်ပြရခက်လောက်အောင် သိပ်ကို သိမ်မွေ့မှန်း မသိခဲ့ရိုးအမှန်ပါ

တစ်ယောက်ကို တစ်ယောက် ကျန်းကျန်းမာမာ ရှိနေစေချင်တယ် အဆင်ပြေနေစေချင်တယ်

ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက် ဘေးမှာ ရှိနေတယ်ဆိုရင်တောင် ပျော်နေတာပဲ မြင်ချင်တာမျိုးပေါ့

တခြားတစ်ယောက်ကြောင့်သာ စိတ်ဆင်းရဲနေရမယ်ဆိုရင် နှလုံးသားတွေ ကြေကွဲခံပြီး လက်လွှတ်ပေးလိုက်ရတာဟာ အချည်းနှီးပဲတဲ့လေ

အချိန်တိုင်း သတိရစိတ်တွေကို ချိုးနှိမ်ပြီး နှစ်တွေ လတွေ အကြာကြီး တိတ်ဆိတ်နေတဲ့ ချစ်ခြင်းမျိုးက ဖုန်းတွေ တဂွမ်ဂွမ်ဆက်နေတဲ့ နီးစပ်မှုမျိုးတွေထက် ပိုပြီး ခိုင်မာပါတယ်

ဝတ္ထုတွေထဲကလို Happy ending ဖြစ်မယ့် တစ်နေ့ကို  ကိုယ့်လိုပဲ သူရော မျှော်လင့်နေဦးမလား...

sakura 🌸

Love to share 🌻✨💞

09 Jan, 16:02


လူတစ်ယောက်က လိုတာထက်ပိုပြီး သူ့အကြောင်းတွေ ကိုယ့်ကို သိစေချင်နေရင် အဲ့ဒီသူက ကိုယ့်ကို သဘောကျနေလို့ပါ ။ ပြောင်းပြန် ပြန်ပြောရရင်တော့ တစ်စုံတစ်ယောက်ရဲ့ အကြောင်းကို လိုတာထက်ပိုပြီး သိချင်နေမိရင် အဲ့ဒီသူ့ကို ကျွန်တော်တို့ သဘောကျနေမိလို့ပဲ။

သဘောကျတာ ဟာ ချစ်တာနဲ့မတူဘူး။
ဒီအတိုင်းလေး အဲ့ဒီ့သူရဲ့ဖြစ်တည်မှုလေးကို လက်ခံပေးပြီး ကောင်းကောင်းဆိုးဆိုး ဒီလူကို သဘောကျတာက မပြောင်းလဲသွားဘူး။

လူတစ်ယောက်ကို နှစ်နှစ်ကာကာ သဘောကျဖို့ ခဲ့ယဉ်းသလို ၊ သဘောကျမိပြီးရင် ဆက်သဘောမကျပဲ ရပ်ပစ်ဖို့လည်း ခဲယဉ်းတယ်။ နှလုံးသားက စေလိုရာစေလို့ မရတဲ့ အခိုက်အတန့်မျိုးဆိုတာ လူတစ်ယောက် ကို သဘောကျမိပြီးရင်း သဘောကျမိ နေတာမျိုးပါပဲ။

That moment we can’t stop falling for someone ပေါ့...

မျက်ဝန်းတစ်စုံအတွက်ပဲ အချိန်ပေးမိတယ်။
Active now လေးတစ်ခုကိုပဲ မျှော်လင့်မ်ိတယ်။
အဲ့ဒီ့သူနဲ့ စကားပြောမှပဲ ကိုယ့်နှုတ်ခမ်းမှာ အပြုံးသဲ့သဲ့လေးတွေ ထင်ဟပ်တယ်။
ထိုသူဟာ ကိုယ်မပိုင်ရတဲ့ ရပ်ဝန်းလေးပဲ ဖြစ်နေစေဦးတော့ ကိုယ်ကတော့ ဆက်သဘောကျတယ်။

လူတစ်ယောက်ကို သဘောကျရတာကြည်နူးဖို့ကောင်းတယ် ။ romantic ဆန်ဆန် ပြောရရင် ရုပ်ရှင်ထဲကလို သူပျော်နေရင် ကိုယ်လည်း ပျော်ပါတယ်ဆိုတာမျိုး...

မပိုင်ရလည်း ဖြစ်တာမဟုတ်ဘူး။
အဲ့ဒီ့သူကို မပိုင်ရ မကြင်ရ တာတောင်
ဆက်ပြီးသဘောကျမိနေတာမျိုးလေးလေ။(maybe platonic love)

Favorite person ဆိုတာဟာ ခဏတာလေး သဘောကျမိတဲ့သူမျိုးမဟုတ်ပဲ ကျွန်တော်တို့ရဲ့ All time favorite  ဖြစ်နေတဲ့သူမျိုးပါပဲ ။

နောက်တစ်နည်းပြောရရင် ကျွန်တော်တို့ သဘောကျရတဲ့သူဆိုတာ ကျွန်တော့်တို့ရဲ့ မျက်ဝန်းထဲက ထာဝရ အကြည်ဓာတ်ကလေးပေါ့ ။

-Oak Soe Paing

Love to share 🌻✨💞

09 Jan, 16:02


ဆရာလင်းသိုက်ညွန့်ပြောတာလေးသဘောကျတယ်

"စိတ်ထိခိုက်တယ်ဆိုတာ တစ်ခြားသူကြောင့်မဟုတ်ဘဲ ကိုယ် ကိုယ်တိုင်ကြောင့်"တဲ့

အဲ့အတွေးတွေကို ဝင်ခွင့်မပေးရင် သေချာပေါက် မင်းပျော်ရွှင်နေရလိမ့်မယ် စိတ်အေးချမ်းနေလိမ့်မယ် ။

#𝑌𝑒𝑖𝑘

Love to share 🌻✨💞

09 Jan, 16:02


"လွန်ခဲ့တဲ့ဆယ်နှစ်ကသာ
စောစောတွေ့ဖြစ်ခဲ့ကြရင်
အစ်ကို့ရဲ့
ဘယ်ဘက်လက်မောင်းလေးပေါ် မှာ မှီနေတဲ့
ကလေးမလေးဟာ ကျွန်တော်ဖြစ်နေခဲ့မှာ"

-မယ်ညို

Love to share 🌻✨💞

09 Jan, 16:01


ဒီနေ့ ငါမင်းဆီကို တည့်တည့်လာပြီး စကားတွေပြောချင်တာ။ သိလား သတိရတဲ့အကြောင်း၊ အဆင်မပြေတဲ့အကြောင်း၊ အဆင်ပြေတဲ့အခါလည်း မင်းကိုသတိရကြောင်း၊ ငါ့ကိုရော ခဏတဖြုတ် သတိရလားဆိုတဲ့အကြောင်းတွေ၊ အများကြီးပဲ။ ငါ မင်းဆီကို လာလို့မရဘူးလား။ ခဏလေးဖြစ်ဖြစ်။ ဘယ်ရမလဲ‌။ ငါသိပါတယ်။ ငါက ကံမကောင်းတဲ့နေရာမှာ ထူးချွန်တဲ့မိန်းမပဲ။ ဒီလောက်တော့ ခံနိုင်ပါတယ်။

-Leaf

Love to share 🌻✨💞

09 Jan, 16:01


တယောက်ယောက်ကိုမုန်းဖို့
အချက်အလက်တခုပဲလိုအပ်တယ်၊
သူ့ကိုခွင့်လွှတ်နိုင်ဖို့
လောကကြီးတခုလုံးကို နားလည်ထားရတယ်။

- ကိုသန်းထွန်း

Love to share 🌻✨💞

09 Jan, 16:00


တနေ့နေ့မှာ
အရာအားလုံးကို စွန့်လွှတ်ပစ်မယ်ဆိုတဲ့အတွေး
မကြာခဏမွေးဖူးတယ်

ပြီးတော့လည်း ဒီလိုပါပဲ
ကိုယ့်ကို အရင်စွန့်လွှတ်သွားသမျှတွေ
ထိုင်ငေးနေရတယ် ..။

- ရိပ်ငြိမ်

Love to share 🌻✨💞

06 Jan, 16:46


မီးလာတဲ့အချိန်က အရမ်းကို နည်းသွားပီနော်
ဆိုတော့ မီးလာရင် power bank တွေ အားသွင်းထား
မလိုအပ်တာတွေ မလုပ်နဲ့ အချိန်မဖြုန်းနဲ့ Online အတန်းတပ်ဖို့ရှိတယ်ဆိုရင် laptop ကိုသေချာအားသွင်းထား မီးလာရင် လေ့လာစရာရှိတာတွေကို သေချာလေ့လာနိုင်ဖို့ ဘာ‌တွေ လေ့လာရမလဲဆိုတာ ကြိုတင်စီစဉ်ထား တခြားအချိန်မှာ ကြိုက်သလိုနေလို့ရတယ် မီးလာတဲ့ အချိန်တော့ အကျိုးရှိအောင် လုပ်ဖို့ ကြိုတင် plan ချထား
သူ့မှာလဲ သူချစ်ရတဲ့သူဆိုတာ ရှိမှာပဲ
ကိုယ့်ကိုယ်မလို့ မချစ်နိုင်တာကိုလဲ လက်ခံနိုင်ရမယ်

crd

Love to share 🌻✨💞

06 Jan, 15:42


တစ်ယောက်ယောက်က ခင်ဗျားမျက်နှာကို
အမြတ်တနိုးငေးကြည့်နေတဲ့အခါ

တစ်ယောက်ယောက်က ခင်ဗျားမျက်နှာကို
အမြတ်တနိုးငေးကြည့်နေတဲ့အခါ
ခင်ဗျားရဲ့မသိစိတ်ကသိနေပြီး
သိစိတ်ကလည်း သိတဲ့အကြောင်းကို
မသိချင်ယောင်ဆောင်နေမှာ။
မျက်ဝန်းဟာ ရင်ထဲထိတိုးဝင်နိုင်တဲ့
အလင်းရောင်တစ်မျိူးပဲ။
ဒီအလင်းမှုန်တွေဟာ ခင်ဗျားသတိရတတ်သလောက်
ခင်ဗျားရဲ့အတွင်းစိတ်မှာ တွယ်ငြိနေတေ့ာမှာ
ခင်ဗျားသိရဲ့လား။
ခင်ဗျားရဲ့ နားထဲမှာ လေပြေတွေတိုးနေပြီး
အမြင်အာရုံမှာတော့ ရေမှုန်ရေမွှားတွေလွင့်စင်နေလိမ့်မယ်။
လေထဲမှာ ချစ်ခြင်းမေတ္တာဟာ မော်လီကျူးတွေလို
မတည်ရှိနိုင်ဘူးလို့ ဘယ်သူငြင်းမလဲ။
အသက်ရှူလိုက်တဲ့အခါ တစ်ယောက်ယောက်ရဲ့
ခင်ဗျားအပေါ်ငေးကြည့်နေတဲ့မျက်ဝန်းတွေဟာ
လေထဲကတဆင့် ခင်ဗျားစိတ်အတွင်းထဲထိ
ဝင်ရောက်လာဦးမယ်။
ရုပ်ရှင်ရုံက ရုတ်တရက်လင်းလာတဲ့ အလင်းပျပျဆီမှာလား ၊
လူသူရှင်းနေတဲ့ မြေနီလမ်းတစ်ခုပေါ်မှာလား။
အရာအားလုံးပျက်စီးလာခဲ့တဲ့အခါ
မှတ်ဥာဏ်ဟာ ကျနော်တို့အတူရှင်သန်ခဲ့ဖူးကြောင်း
ခြေရာလက်ရာတစ်ခုပါပဲ။
တစ်ယောက်ယောက်က ခင်ဗျားမျက်နှာကို
အမြတ်တနိုးငေးကြည့်နေတဲ့အခါ ပြုံးပါ။
သူ့နှုတ်ခမ်းတွေကို ရုတ်တရက်နမ်းရှိုက်ပါ။
အချိန်တစ်ခုပြီးတဲ့အခါ တစ်ယောက်ယောက်ကိုသတိရမိရင်
တစ်ယောက်ယောက်ကိုပိုသတိရမိစေမှာ။
တစ်ယောက်ယောက်က ခင်ဗျားမျက်နှာကို
အမြတ်တနိုးငေးကြည့်နေတဲ့အခါမှာလေ။

#ဆပ်ရိပ်

Love to share 🌻✨💞

06 Jan, 15:42


လူတွေဟာ ကိုယ်တစ်ကယ်ချစ်တဲ့သူကို
မေ့နေတတ်ပြီး
ခဏတာအပေါ်ယံ စိတ်ဝင်စားမှုကို
အချစ်လို့ ထင်မြင်တတ်ကြတယ်

#မင်းလူ
#ကံ့ကော်နီ

Love to share 🌻✨💞

06 Jan, 15:42


မမြဲခြင်းတရားတွေကို ဟောထားပါလျှက်
သူရဲ့လက်ကလေးတွေကို
ဆုပ်ကိုင်ထားချင်မိခဲ့တယ်
ဘုရားနဲ့ကျွန်တော်ဟာ နားလည်မှုလွဲသွားတယ်

#အောင်ချိမ့်

Love to share 🌻✨💞

06 Jan, 15:41


အချစ်ဦးဆိုတာ ဘယ်တော့မှ
သွားမလည်ဖြစ်တော့မယ့် နယ်မြို့လေးပဲ။
ဘယ်ထောင့်ချိုးမှာမှ ဝင်မတိုက်တော့မယ့် လူနှစ်ယောက်ပဲ။
စိတ်လိုလက်ရ ငေးခွင့်မရှိတော့တဲ့ တိမ်ဖြူဖြူတွေပဲ။

ဟိုးရှေးရှေးတုန်းကလို့ အစချီမိတာနဲ့
ရင်ထဲမှာ စို့နစ်ဆွေးမြေ့သွားရတဲ့
ပုံပြင်လေးတစ်ပုဒ်အကြောင်း
နှောင်းလူတွေကို မငိုဘဲ ရှင်းပြချင်သေးတယ်။
ချစ်ဖူးလားဆိုတဲ့ တယောက်ယောက်ရဲ့အမေးကို
ချစ်နေသေးတယ်လို့ မှားမှားဖြေမိတာ အခါခါ။
တစ်ယောက်ထဲ နေသွားတော့မှာလားလို့ အမေးခံရရင်
ဘယ်ဘတ်ရင်အုံထဲကမင်းကို ထုတ်ထုတ်ပြဖြစ်တယ်။
အရှုံးသမားတွေရဲ့လက်သုံးစကားအရဆို
အချစ်က ချစ်နေဖို့ပါပဲ။
ဒါက တစ်ဘဝလုံး ငါတတ်နိုင်တာ ငါလုပ်နိုင်တာ အကုန်ပါပဲ။
သတိရတယ် နင်အပါအဝင်
ပြန်မရနိုင်တော့တာတွေ အားလုံးပေါ့ ။

တစ်နေ့နေ့မှာဆိုတဲ့ မျှော်လင့်ချက်မျိုးတောင် မပေးခဲ့တော့
ပြန်ဆုံစရာအကြောင်းတွေ ရှာကြည့်ပေမယ့်
ရှာလို့မတွေ့ခဲ့ပါဘူး ။
မနက်ဖြန်ဟာ နောက်ဆုံးနေ့ဆိုရင်တောင်
ဒီနေ့မှာ ကိုယ်မင်းကိုတွေ့အောင် မရှာနိုင်တော့ပါဘူး ။  ။

#သျှားညို

Love to share 🌻✨💞

05 Jan, 16:07


ဘဝမှာ ကြုံတွေ့သမျှ အရာအားလုံးဟာ ယာယီမျှသာ
ဖြစ်ပါတယ် ။

ပျော်စရာတွေနဲ့ တွေ့ရတဲ့အခါ ပျော်ရွှင်ခြင်း အနှစ်သာရကို အပြည့်ဝခံစားပါ ၊ ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ရတဲ့အခါ သံသယကင်းစွာ ချစ်မြတ်နိုးပါ ။ သို့သော် ထိုအရာများဟာ Expire Date ရှိကြောင်းကိုလည်း လက်ခံနိုင်ဖို့ကြိုးစားပါ ။

အခက်ခဲတွေ ၊ ဒုက္ခတွေနဲ့ ကြုံရတဲ့အခါမှာလည်း ဒါဟာ ယာယီသာဖြစ်ကြောင်း သတိရပါ ။ ဒါဟာ ဘဝရဲ့ အစိတ်ပိုင်းတစ်ခုသာ ဖြစ်ပါတယ် ။
ဒီအရာတွေဟာ ထာဝရတည်မြဲနေမှာ မဟုတ်ပဲ ပိုကောင်းတဲ့နေ့တွေ ၊ ပျော်စရာတွေဟာ မကြာမီ ပြန်လည်ရောက်ရှိလာမယ်ဆိုတာ ယုံကြည်ပါ

• Thar Htwe

Love to share 🌻✨💞

05 Jan, 16:07


ခုနောက်ပိုင်း ကိုယ့်အထာနဲ့ကိုယ်
သန့်သန့်လေးပဲ နေဖြစ်တော့တယ် ။

ဘယ်သူ့အကြောင်းမှ စိတ်မဝင်စားသလို
လူအများကြီးနဲ့လဲ မရောဖြစ်တော့ဘူး ။

အရင်တုန်းက ဒါကို အထီးကျန်စရာကောင်းတယ်လို့
ထင်ခဲ့ပေမဲ့ ၊ တကယ်တော့ ဒါဟာ သိပ်ကောင်းတဲ့
အနေထားလေးပဲ ။

ကိုယ့်အလုပ် ကိုယ်လုပ် ၊ ကိုယ့်စကား ကိုယ်ပြော
ကိုယ့်ကိုကိုယ် အချိန်ပေးဖြစ်တယ် ။
အားနေရင် ရုပ်ရှင်ကြည့်တယ် ၊ စာဖတ်တယ်
ဝါသနာ ပါတာလေးတွေလုပ်ဖြစ်တယ် ။

လူတွေနဲ့ သိပ်မရောတော့
သူများအကြောင်းတွေ စကားထဲထည့်မပြောဖြစ်တော့ဘူး ။
လူတိုင်းဟာ သူ့အကြောင်း ၊ သူ့ကိစ္စပဲလေ ။
ကိုယ်နဲ့ဘာမှ မဆိုင်ဘူး ။
ကိုယ်အကြောင်းကို သူတို့နဲ့ဆိုင်သလို ပြောနေကြလဲ
အရင်လို ပြန်မပြောချင်တော့ဘူး ။
ဒါဟာ သူတို့ရဲ့ ဝါသနာလို့ပဲမှတ်ပြီး ပေးပြောထားလိုက်တယ် ။

My Life, My Choice ပဲပေါ့ ။
ကိုယ်ပျော်မဲ့အရာ လုပ်မယ် ၊ ကိုယ့်ပုံစံအတိုင်းနေမယ် ။
ကိုယ့်ဘဝမှာ ကိုယ့်အထာနဲ့ကိုယ်ပဲ ။

ခုလက်ရှိ mood လေးဟာ အရမ်းကောင်းတယ် ။

- Thar Htwe -

Love to share 🌻✨💞

05 Jan, 16:06


အနာကျင်ရဆုံးအချိန်ကိုပြောပါဆိုရင်

ကိုယ်အချစ်ဆုံးသူတစ်ယောက်က
သူအချစ်ဆုံးလူတစ်ယောက်ကို
ရှာတွေ့သွားတာမျိုးပေါ့

-မိုးနေ့

Love to share 🌻✨💞

04 Jan, 15:57


တစ်ဖက်လူရဲ့ ဘဝထဲကို လက်ဆောင်လေးအဖြစ်ပဲ
ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်။
ကိုယ်နဲ့ရှိရရင် ပြုံးရယ်ရပြီး
ကိုယ့်ကြောင့် အေးမြမှုကိုပဲ ရရှိစေချင်ပါတယ်။
ပိုင်ရှင်ရဲ့ အကြည်ဓါတ်ကလေးအဖြစ်ပဲ
ကာလရှည် တည်ရှိသွားချင်တာမျိုးပါ။

crd

Love to share 🌻✨💞

04 Jan, 15:57


ချစ်ခြင်းမေတ္တာဆိုတာ အပြောနဲ့မဟုတ်သလို အလုပ်နဲ့သက်သေပြရတာလည်းမဟုတ်ပါဘူး ။
ချစ်ခြင်းမေတ္တာဆိုတာ ခံစားမှု ပဲ ။ ခံစားမှုကို ဘယ်လိိုမှ သက်သေပြလို့မရဘူးရော် ။ သူတကယ်ချစ်ရင် ဘားမှလုပ်မပေးသည့်တိုင် မင်းရဲ့စိတ်ထဲ နွေးထွေးလုံခြုံမှု ၊ ပျော်ရွှင်မှုကို ခံစားရလိမ့်မယ် ။
ကောင်မလေးက ကောင်လေးရဲ့မျက်ဝန်းထဲကနေ နွေးထွေးလုံခြုံတဲ့ အိမ်လေးတလုံးကိုမြင်သလို ကောင်လေးကလည်း ကောင်မလေးမျက်ဝန်းထဲကနေ ​ရှေ့ဘယ်လိုကြိုးစားရမယ်ဆိုတဲ့ လမ်းလေးတွေကို တွေ့သတဲ့ ။
ဖိနပ်လေးစီးပေးတာ ၊ ဆံပင်ခေါင်းစည်းကြိုးစီးပေးတာ..  ဒါတွေ သူ့ရည်းစားဟောင်းကိုလည်း သူ လုပ်ပေးခဲ့တာပဲလေနော် ။ ကို့အတွက်အထူးတလည်မှ မဟုတ်တာ။
ဒါက ချစ်ခြင်းမေတ္တာမဟုတ်သေးဘူး...။

တကယ့်ချစ်ခြင်းဆိုတာ မင်းမျက်နှာမူလိုက်တဲ့အရပ်တိုင်းမှာ ပန်းတွေ ပွင့်စေလိမ့်မယ်..မီးငယ် ။ 💛

crd

Love to share 🌻✨💞

04 Jan, 15:57


ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတဲ့လောကကြီးထဲမှာ...
ဖြစ်နိုင်မယ်ဆိုရင် အချစ်ရဲ့ မျက်မှန်ကိုင်းလေး ဖြစ်ချင်တယ်။

နှင်းတွေပဲဝေဝေ မိုးတွေပဲဆွေဆွေ
အချစ်ရဲ့ မျက်မှန်အောက်က မျက်၀န်းလေးပဲငေးချင်တယ်။

ဘ၀နဲ့ရင်းပြီး တောင်းမယ့်ဆုက
အချစ် လက်‌ဖ၀ါးနုနု‌လေး နွေး‌ထွေးပါစေ...။

-kim

Love to share 🌻✨💞

03 Jan, 16:48


ချစ်ခြင်းမေတ္တာဆိုတာ အပြောနဲ့မဟုတ်သလို အလုပ်နဲ့သက်သေပြရတာလည်းမဟုတ်ပါဘူး ။
ချစ်ခြင်းမေတ္တာဆိုတာ ခံစားမှု ပဲ ။ ခံစားမှုကို ဘယ်လိိုမှ သက်သေပြလို့မရဘူးရော် ။ သူတကယ်ချစ်ရင် ဘားမှလုပ်မပေးသည့်တိုင် မင်းရဲ့စိတ်ထဲ နွေးထွေးလုံခြုံမှု ၊ ပျော်ရွှင်မှုကို ခံစားရလိမ့်မယ် ။
ကောင်မလေးက ကောင်လေးရဲ့မျက်ဝန်းထဲကနေ နွေးထွေးလုံခြုံတဲ့ အိမ်လေးတလုံးကိုမြင်သလို ကောင်လေးကလည်း ကောင်မလေးမျက်ဝန်းထဲကနေ ​ရှေ့ဘယ်လိုကြိုးစားရမယ်ဆိုတဲ့ လမ်းလေးတွေကို တွေ့သတဲ့ ။
ဖိနပ်လေးစီးပေးတာ ၊ ဆံပင်ခေါင်းစည်းကြိုးစီးပေးတာ..  ဒါတွေ သူ့ရည်းစားဟောင်းကိုလည်း သူ လုပ်ပေးခဲ့တာပဲလေနော် ။ ကို့အတွက်အထူးတလည်မှ မဟုတ်တာ။
ဒါက ချစ်ခြင်းမေတ္တာမဟုတ်သေးဘူး...။

တကယ့်ချစ်ခြင်းဆိုတာ မင်းမျက်နှာမူလိုက်တဲ့အရပ်တိုင်းမှာ ပန်းတွေ ပွင့်စေလိမ့်မယ်..မီးငယ် ။ 💛

crd

Love to share 🌻✨💞

02 Jan, 15:57


စကားလေး တစ်လုံးလောက်
အပြောမှားသွားတာနဲ့
ပြန်လှည့်လို့ မရတော့တဲ့
ဆက်ဆံရေးမျိုးဖြစ်သွားနိုင်တယ်ဆိုတာ
နောက်နေတာ မဟုတ်ဘူး

အပြောမတတ်လို့ပါတွေ၊
မတော်တဆ လွှတ်ခနဲပြောမိသွားတာတွေဆိုတာမရှိဘူး
ဒါကြီးကို အချိန်တစ်ခုထိ အစိုင်အခဲအနေနဲ့
ခံစားလာပြီးမှ ဖြစ်လာတဲ့ပြဿနာနဲ့
ရောချလိုက်တာပဲရှိတယ်

ဒီစကားကို ဘယ်အချိန်တွေကတည်းက
ပြောချင်နေမှန်း မသိ၊
ဒီအစိုင်အခဲတွေကို ဘယ်အချိန်တွေကတည်းက
ခံစားနေရမှန်း မသိ၊
တစ်ဖက်လူကလည်း တစ်လျှောက်လုံးမသိပဲ
မထင်မှတ်ပဲ ကြားလိုက်ရချိန်မှာ
သူ ဒီစိတ်ကြီးနဲ့ ငါ့အနားမှာနေခဲ့ရတာပါလားဆိုပြီး
စိတ်ထိခိုက်နာကျင်ရတာပဲ

တချို့မှားပြီး ထွက်လိုက်မိတာပါဆိုတဲ့
စကားလုံးတွေကကျတော့
ပြန်တောင်းပန်လို့မရတော့ဘူး

စကားလုံးတွေက ကြောက်ဖို့ကောင်းတယ်
တစ်ယောက်ကို တစ်ယောက်ပြန်လှည့်မကြည့်ချင်တော့လောက်အောင်
တိုင်းတာလို့မရတော့တဲ့ အကွာအဝေးတွေကို
ရောက်စေတယ်။

-crd

Love to share 🌻✨💞

02 Jan, 15:57


ကျွန်တော်အကြောက်ဆုံးက ..

ကျွန်တော်လူတယောက်ကိုစိတ်နှစ်ပြီးမချစ်မိခင် မယုံကြည်မိသေးခင် အဲ့လူတယောက်မရှိလည်းဖြစ်တဲ့အခြေအနေ ပြောရရင်ပေါ့ပေါ့ပါးပါးနဲ့ သဘောကျတဲ့အဆင့်လောက်ကနေပေါ့
အဲ့ကနေကျွန်တော့်ဘက်ကစပြီးစိတ်နှစ်လိုက်ချိန်ချစ်မိလိုက်ချိန် အပြည့်အဝယုံကြည်ပေးလိုက်ချိန် အဲ့လူတယောက်မရှိရင်မဖြစ်တဲ့အခြေအနေရောက်မှ အဲ့လူတယောက်ကရုတ်တရက်ပြောင်းလဲသွားမှာကိုပါ..။
အဲ့လိုဖြစ်ရင်သွားပြီ ကျွန်တော့်ကိုယ်ကျွန်တော်မနည်းပြန်ရှာဖွေရပြီ အဲ့အခြေအနေကိုကြုံဖူးတဲ့လူတယောက်မို့ ထိုဒဏ်ရာကိုကောင်းကောင်းမှတ်မိတယ် ကြောက်တယ်....။ဒါ့ကြောင့်ဒီလိုအဖြစ်မျိုးမှကွေကွင်းကြပါစေ။

Good luck to all lovers🤍✨

ctto:

Love to share 🌻✨💞

31 Dec, 18:03


မချစ်တာ သေချာရင် ကိုယ်ခပ်ဝေးဝေး ပြေးတော့မယ်။
တွန်းလိုက်၊ ဆွဲလိုက် ကစားတာကို မခံနိုင်ဘူး။
အခြားတစ်ယောက်ကို ပြောင်းချစ်မယ်။
ဂရုစိုက်မှုတွေအကုန် သူ့ကိုပေးမယ်။
ချစ်တယ်ဆိုတဲ့စကားကို အဲ့အမျိုးသား/သမီး ကိုပဲပြောမယ်။
ငြင်းဆန်ပြီးရင်တော့ ပြန်မခေါ်ချင်နဲ့။
မချစ်ကြမှတော့ မပတ်သတ်ချင်ဘူး။
ကိုယ်မင်းနဲ့ သူငယ်ချင်းတွေလဲ ထပ်မဖြစ်နိုင်ဘူး။

#tarmhyuunge (တာမြူးငယ်)

Love to share 🌻✨💞

30 Dec, 16:34


လူတချို့ကို ကျနော်စွန့်ခွာတယ်ဆိုတာ အကြောင်းပြချက်က တစ်ခုပဲ။
ကျနော်တန်ဖိုးထားသလောက် ကျနော့်အပေါ်ပြန်တန်ဖိုးမထားလို့။

ဒါပေမယ့် မတော်တဆပြန်ဆုံရင် ကျနော်ပြုံးပြမိမှာပါပဲ။
တောင်းပန်ပါတယ် လို့တောင် ပြောချင် ပြောမိမယ်။

ကျနော်ခံယူထားသလိုဆို လိုချင်မိတာက အပြစ်ပဲ။
သူတို့ဘက်က မပေးနိုင်တဲ့စိတ်ရင်း ကို ကျနော်သွားလိုချင်ခဲ့မိတာ ကျနော့်အပြစ် အဲ့လို။

#ပြည့်စုံ၀င်း

Love to share 🌻✨💞

30 Dec, 16:33


စိတ်ဓာတ်ကျနေတဲ့ အခြေအနေမှာ
စိတ်ဖိစီးမှု ထပ်ပေးတဲ့ အနေအထားတွေပဲ
ထပ်လာတယ်။ဘယ်နေရာမှမပျော်ဘူး။
ဘယ်သူနဲ့မှလဲ  အဆင်မပြေချင်တော့ဘူး။
မထင်မရှား ဘဝမှာပဲ နေချင်တယ် ။
ဘယ်သူ့အတွက်မှ အရေးမပါချင်ဘူး။
မနက်ဖြန်ဆိုတာမရှိဘူး။ လိုလည်းမလိုဘူး။
ဒီနေ့တောင် ကုန်ဆုံးသွားဖို့ မသေချာဘူး။
နေဝင်တာကို တစ်ယောက်ထဲ ငေးကြည့်နေလိုက်မယ်။
အလောင်းကိုမြင်တဲ့အခါ အနံ့မခံနိုင်သူက ရှောင်ကွင်းသွားမှာပဲ။ နာရီတွေ ဆက်ရွေ့လျားနေလိမ့်မယ်။ အချိန်တန်တော့လည်း မေ့သွားမှာ။ လူသန်းပေါင်းများစွာလဲ ဒီလိုပဲ ပျောက်ကွယ်သွားခဲ့ဖူးတာပဲ။ လူ့ဘဝမှာကြာကြာနေလေ
ဒဏ်ရာတွေ ပိုနက်လေလို့ သိခဲ့တယ်။

#စစ်နိုင်
#ငါ့အကြောင်းမှာသတင်းကောင်းမရှိ

Love to share 🌻✨💞

30 Dec, 16:33


ဘုရားမရှိခိုးတာက အစ
ဘာကိုမှ မယုံကြည်တော့တာ အဆုံး
လူမုန်းများတာ အကုန်လုပ်တယ်။

#ကြည်ဇော်အေး

Love to share 🌻✨💞

30 Dec, 16:33


နာနာကျင်ကျင် ရှိခဲ့တာပေါ့ ဝန်ခံပါတယ်
နာနာကြည်းကြည်းတော့ မဖြစ်ပါဘူး
ဖတ်ဖူးတဲ့ စာသားလေးလိုပဲ
အဲ့ဒီတုန်းက ထိခိုက်မိတာမှန်ပေမယ့်
အဲ့ဒီမတိုင်ခင်တုန်းကတော့ မြတ်နိုးဖူးကြတာပဲ
ရန်သူဆန်စရာမှမလိုတာ အချစ်ရဲ့။

#ရိပ်ငြိမ်

Love to share 🌻✨💞

30 Dec, 16:32


တစ်ခုခုကိုဆုံးရှုံးရတော့မလားဆိုတဲ့စိတ်နဲ့
မနက်ခင်းတွေမှာနိုးထလာရတာနဲ့
တစ်ခုခုကိုဆုံးရှုံးခဲ့ပြီလို့သိနေရတာနဲ့
ဘယ်တစ်ခုက ပိုလေးလံတယ် ကျနော်မသိတော့ဘူး။
အမှန်က မေတ္တာတရားက ပေါ့ပါးပြီး
စွဲလမ်းစိတ်က လေးလံ။
တွယ်ငြိသမျှက ဆုံးရှုံးရန်ပဲ။
အချိန်တွေက ရွေးစရာနှစ်ခုပေးခဲ့တယ်။
ပထမတစ်ခုက ကျနော်တို့ဝေးမယ်။
ဒုတိယတစ်ခုက ကျနော်တို့ပိုဝေးမယ်။
ကျနော်ဘာများရွေးရမလဲ။
မျက်စိမှတ်လိုက်တိုင်း အမှောင်ထက်မှောင်နေတဲ့နေ့တွေ။
ကာလသုံးပါးမှာစိုက်နေတော့မယ့်မြားတွေ။
ဘာပဲဖြစ်ဖြစ် အချစ်ကလေးတစ်ယောက်တော့
ဘေးမသီရန်မကွာမှ။
ကိုယ်နဲ့မဟုတ်လည်း ဘာအရေးလဲလေ။

#ဆပ်ရိပ်

Love to share 🌻✨💞

29 Dec, 16:22


သံယောဇဉ်တစ်ခုမှာ
ယောက်ျားတစ်ယောက်အတွက်နဲ့
သေမလို ရှင်မလိုဖြစ်တဲ့ မိန်းကလေးမျိုးကို
ကိုယ် သဘောမကျတတ်ဘူး။

ကိုယ်သဘောကျတာက
မျက်ရည်သုတ်ပြီး သတ္တိရှိရှိ
လှည့်ထွက်ရဲတဲ့ မိန်းကလေးမျိုးကိုပါ။
သူတို့က လှတယ်... ချေတယ်.. ပြီးတော့
မိုက်တယ်။

💌

#နိုင်းနိုင်းစနေ

Love to share 🌻✨💞

29 Dec, 16:22


ကံကြမ္မာအလှည့်ပြောင်းသိပ်မြန်တဲ့ လူ့ဘဝမှာ
တစ် က ပြန်စနိုင်လောက်တဲ့အထိ စိတ်ဓာတ်သန်မာဖို့
အရေးကြီးပါတယ် ။

ဘဝတစ်လျှောက်လုံး ကြိုးစားရုန်းကန်ပြီး တည်ဆောက်လာပေမဲ့ ဘဝခရီးအချိုးကွေ့တစ်ခုမှာ ဇောက်ထိုးမှောက်ခုံဖြစ်အောင်ထိ ကံကြမ္မာဆိုးက ဂြိုလ်မွှေတတ်တယ် ။ မျှော်လင့်ချက် အကြီးကြီးထားပြီး အနှစ်နှစ်အလလ ကြိုးစားထားသမျှဟာ ရုတ်ချည်းပျက်စီးသွားရတာမျိုးတွေလည်း ကြုံရနိုင်တာပဲ ။ တစ်ခုခုကို အရမ်း မြတ်နိုးမိသွားပြီး ... မရှိမဖြစ်လိုအပ်ချက်လို ကိုယ့်စိတ်က ဖြစ်သွားတဲ့အခါမှ ကိုယ့်ဆီက လွတ်ထွက်သွားတာမျိုးတွေလည်း ရှိတယ် ။

ဘဝဟာ ကျွန်တော်တို့ ငယ်ငယ်က ကစားဖူးတဲ့ မြွေလှေကား ဂိမ်း နဲ့ တူပါသတဲ့ ။ လှေကားထစ်တွေနဲ့ တက်လိုက် ၊ တစ်ဆင့်ချင်းသွားလိုက်နဲ့ တဖြည်းဖြည်း ကြိုးစားခဲ့ပေမဲ့လည်း ထိပ်ဆုံးရောက်မှ မြွေခံတွင်းနဲ့တွေ့ပြီး အောက်ဆုံးထိ ထိုးကျရတော့တာပဲ ။ တကယ့်ကို ရင်နာစရာ … ။ တစ်ခါတလေကျပြန်တော့လည်း လှေကားထစ်အမြင့်ကြီးနဲ့ တွေ့ပြီး ကိုယ်တိုင်တောင်အားစိုက်မထုတ်ရပဲ ထိပ်ဆုံးထိရောက်သွားတတ်တယ် ။

ဘဝဆိုတာ ဒါပါပဲ ..… ဖြစ်ချင်တာ မဖြစ်ရ ၊ မဖြစ်ချင်တာဖြစ်ရ ၊ တစ်ခါတလေ အတိတ်က ကုသိုလ်ကံရဲ့ အထောက်ပံ့ကြောင့် အဆင်ပြေရတွေလည်း ကြုံရတတ်တယ် ။ ဘဝက ဘယ်တောမှ တသတ်မှတ်တည်းမသွားဘူး ။ ထင်သလောက်ဖြစ်မလာခဲ့လို့လည်း ဝမ်းနည်းဖို့မလိုသလို … ကိုယ်အဆင်ပြေလို့လည်း အရမ်းပျော်ပြနေလို့မရဘူး ။ ကိုယ့်လို မပျော်နိုင်တဲ့သူတွေ အများကြီရှိနေတယ် ။ ကိုယ်ချင်းစာရမယ် ။

ကံကြမ္မာအတက်ကျတိုင်းမှာ  အနေတတ်ထိုင်တတ်ဖို့ အရေးကြီးပါတယ် ။ ကျရှုံးသွားရင်လည်း တစ်ကနေ ပြန်စနိုင်လောက်သည်အထိ စိတ်မာဖို့ ပြင်ဆင်ထားရမယ် ။

- Thar Htwe -

#ကိုယ်တိုင်လွတ်မြောက်ခြင်း စာအုပ်မှ 💙📚

Love to share 🌻✨💞

29 Dec, 16:22


ကိုယ့်ရဲ့ စိတ်လုံခြုံမှုကို ကိုယ့်ဆီမှာကိုယ်ရှာ
ကိုယ့်ပျော်ရွှင်ခြင်းကို ကိုယ့်ဆီမှာပဲပြန်ရှာ
ကိုယ့်စိတ်ကလေးရဲ့ အေးချမ်းရာဟာ ကိုယ့်အပေါ်သာ မူတည်ပါ ။

လောကမှာ မျက်နှာနှစ်ဖက်နဲ့ ဟန်ဆောင်သူတွေ ၊ သစ္စာမဲ့သူတွေနဲ့ ပြည့်နေတတ်တာပဲ ။ ဘယ်သူ့ကိုမှ မျှော်လင့်ပြီး အားကိုးတကြီးနဲ့  မရှာဖွေနဲ့ ။

အေးတဲ့အခါ အနွေးထည်ဝတ်ဖို့ ကိုယ်သိရမယ် …
နေမကောင်းရင် ဆေးသောက်ဖို့ သိရမယ် …
ဘာပဲ လုပ်လုပ် ဂရုစိုက်တတ်ရမယ် …
ကိုယ်ဟာ ဘာလုပ်နေရရင် ပျော်သလဲ ၊ စိတ်ညစ်သလဲ ကိုယ့်ကိုကိုယ် သိပြီး ..  ကိုယ့်စိတ်ခံစားချက်ကို ကိုယ်တိုင် handled လုပ်နိုင်ရမယ် ။

တကူးတက သတိလှမ်းပေးမဲ့သူ ရှိစရာမလိုဘူး
ဂရုစိုက်ပေးစရာလည်း မလိုဘူး ။ ဘာ့ကြောင့်လဲ ဆိုရင် … ကိုယ်ဟာ အရွယ်ရောက်ပြီးသား ၊ သိတတ်နားလည်ပြီးသား လူတစ်ယောက်ပဲလေ ။ ဒါမှမဟုတ်ပဲ အခြားသူဆီက လိုချင်တယ် ၊ စိတ်ကူးယဉ်နေတယ်ဆိုရင်တော့ ဘယ်တော့မှ စိတ်လုံခြုံရမှာမဟုတ်ဘူး ။

အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ ကိုယ့်ရဲ့အရာရာကို အပြည့်ဝ တာဝန်ယူနိုင်ရမယ် ။ တပါးသူပေးမှရတဲ့ အရာဟာ အချိန်မရွေး ကိုယ့်ဆီက ပြန်ယူသွားတတ်တာမို့ … ထာဝရ ကိုယ့်အပိုင်း ဖြစ်အောင် ကိုယ့်ဆီမှာသာ ပြန်ရှာပါ .. ကိုယ့်မှာရှိနေဖို့သာ အားထုတ်ပါ ။

ဘဝမှာ တစ်ယောက်ယောက်ရှိနေမှ အဆင်ပြေမယ်ဆိုတဲ့ အတွေးက ကိုယ့်ကိုနာကျင်စေပြီး … ဘယ်သူမှမရှိလဲ ဖြစ်တယ် ၊ အဆင်ပြေတယ်ဆိုတဲ့ စိတ်ထားက လုံခြုံပြီး နွေးထွေးတယ် ၊ သန်မာတယ် လွတ်လပ်ပေါ့ပါးတယ် ။

- Thar Htwe -

Love to share 🌻✨💞

29 Dec, 16:21


ကိုယ်မမြင်ရတဲ့ အခြားတစ်ဖက်မှာ တစ်ဖက်လူရဲ့ အခက်ခဲအတိုင်းဆကို ကိုယ်က သိနိုင်မှာ မဟုတ်တာမို့
ကိုယ့်အလို မပြည့်တိုင်း Sensitive ဖြစ်နေလို့
မရပါဘူး …. ။

ကိုယ်ပြောသလို ပြန်မပြောနိုင်တိုင်း
Seen ပြပြီး reply မလာတိုင်း
ကိုယ့်စိတ်လို သူ့ဘက်က ပြန်မထားနိုင်တိုင်း
ခံစားနေလို့မရဘူး ။
အပြောဆို အပြုမူ သေးသေးလေးကအစ
အထနကောက်ပြီး လိုက်ခံစားနေရင် ပင်ပန်းရပါတယ် ။

သူ့မှာလည်း သူ့အကြောင်း သူ့အခက်ခဲနဲ့သူက ရှိနေမှာပဲ ။ တစ်ခါတလေ စကားအမှားတွေလည်း ပါမှာပဲ ။
ဒါကို နားလည်ပေးတတ်ဖို့ လိုပါတယ် ။
Drama Zone ထဲမှာ မနေပါနဲ့ ။
Drama ကြိုက်တဲ့သူက ဘယ်တော့မှ
မလွတ်မြောက်တော့ဘူး … အမြဲ လောင် နေရတယ် ။

လူတွေနဲ့ ပတ်သက်ရင် စိတ်ထားတတ်ဖို့လိုတယ် ။
ပေါ့ပေါ့ ပါးပါး စဉ်းစားဖို့ လိုတယ် ။

ကိုယ်ချင်းစာပြီး .. မျှတွေးတတ်ဖို့ …
သဘောထားကြီးနိုင်ဖို့ လိုတယ် ။
အတ္တတွေ လျော့နိုင်ဖို့လည်း သတိထားရမယ် ။

မရနိုင်တာကို မမျှော်လင့်တဲ့စိတ်မျိုး ထားတတ်ဖို့လိုမယ် ။ ကိုယ်အတွက် မဟုတ်တဲ့ နေရာတွေကို
သံယောဇဉ်ဖြတ်နိုင်ဖို့လည်း လိုတယ် ။

ဒါက ခက်ခဲပေမဲ့ သည်းခံကြည့်လိုက်ရင်
နေစဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပူလောင်ခြင်းရဲ့ တစ်ဝက်လောက်က ငြိမ်းအေးသွားစေတယ် ။

- Thar Htwe -

Love to share 🌻✨💞

29 Dec, 16:21


သူစိမ်းတွေကိုကျ လေးလေးစားစား ဆက်ဆံပြီး ကိုယ့်ဘေးက လူတွေကိုကျ အရေးမကြီးသလို ဆက်ဆံမိနေရင် အရမ်းမှားနေပါပြီ ။

ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို သည်းခံနားလည်ပြီး အချိန်အကြာကြီး ဘေးမှာရှိနေတယ်ဆိုတာဟာ သူတို့မှာ အခြားသူအစားထိုးစရာ မရှိလို့ မဟုတ်ဘူး ။ ဒါဟာ စစ်မှန်တဲ့ မေတ္တာတရားပါ ။ ဒါကို အရေးမကြီးသလို သဘောမထားမိပါစေနဲ့ ။
အခုလို အချိန်ကြာကြီးရှိနေဖို့က လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး ။

တချို့ လူတွေရဲ့ ကြီးမားတဲ့ အမှားဟာ လူရွေးမှားတာပဲ ။ အချိန်ကြာကြီး ကိုယ့်အပေါ် ကောင်းပေးလာခဲ့သူကို ပစ်ပြီး .. မနေ့တစ်နေ့ကမှ တွေ့တဲ့ တစ်ယောက်ကို ရွေးချယ်မိတယ် ၊ ဟန်ဆောင်မှုမပါတဲ့ စစ်မှန်တဲ့လူကို ပစ်ပြီး အပေါ်ယံ ချိုသာမှုတွေနောက် လိုက်မိတယ် ။

လောကမှာ ကိုယ်ချစ်ရသူကို မပိုင်ဆိုင်ရတာထက် … ကိုယ့်ကို တန်ဖိုးအထားချင်ဆုံးသူနဲ့ ဝေးကွာရတာက ပိုနာကျင်ရစေတယ် ။ ဘာကြောင့်ဆို အချစ်က အချိန်မရွေးပြန်ရှာတွေ့နိုင်ပြီး … ကိုယ့်ကို တန်ဖိုးထားမဲ့သူက ဘဝမှာ များများစားစား မတွေ့ရတတ်ဘူး ။ လူတိုင်း ရချင်လို့လည်း ရနိုင်တာမဟုတ်ဘူး ။

ဒါကြောင့် ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားပါ ။
Long time relationship တွေကို ဂရုစိုက်ပါ ။
ကိုယ့်အတွက် အချစ်လို့ထင်တဲ့သူကို ရှာတွေ့တဲ့အခါမှာလည်း ကိုယ့်ရဲ့ ခင်ရာအပေါင်းသင်းတွေနဲ့ ယှဉ်ရွေးစရာ ၊ စွန့်ပစ်စရာမလိုတဲ့ သူသာ ရွေးချယ်ပြီး ချစ်ပါ ။

လူတစ်ယောက်အတွက်ကြောင့် လူတွေအများကြီးကို လစ်လှူရှုမိရင် … အဲဒီ့လူ ကိုယ့်အနားမရှိတော့တဲ့အခါ သင့်ဆီမှာ ဘယ်သူမှ ကျန်နေတော့မှာ မဟုတ်ဘူး ။

သင့်ကို တန်ဖိုးအထားချင်ဆုံးသူကို စွန့်လွှတ်မိရင် 
နောင်တ နှင့် အထီးကျန်မှာဟာ ဘဝတစ်လျှောက်လုံး ခံစားရတတ်ပါတယ် ။

- Thar Htwe -

ကိုယ်တိုင်လွတ်မြောက်ခြင်း 🩵📚

Love to share 🌻✨💞

27 Dec, 15:59


“အချစ်ရေး အဆင်ပြေလား” လို့ မေးလာရင်
အရာအားလုံးက Okay ပါပဲ။
သူ့ဖက်ကလဲ ချစ်သလို ကိုယ့်ဖက်ကလဲ
ချစ်နေသေးတယ်။ အသေးအမွှားပြဿနာတွေလဲ ရှိသလို ကြီးကြီးမားမားလဲ တစ်ခါတစ်လေတော့ စကားများတာပေါ့။
အခုချိန်အထိတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန်
လေးစားမှု၊နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့
အတူတူ ဖြတ်သန်းရတာပဲ။
အချို့နေ့တွေဆို ချိုတယ်။
အချို့နေ့တွေဆို ဖန်တယ်။
အနာဂတ်ဆိုတာ ကြိုမြင်နိုင်တဲ့ အရာမှ မဟုတ်တာ။
အတူရှိနေနိုင်တဲ့ အခြေအနေထိ အတူတူ ရှိသွားမှာ ဖြစ်ပြီး ဘယ်လိုမှ ဆက်သွားလို့ မရတဲ့
အခြေအနေ ရောက်ရင်လဲ အတွန့်အဆုတ်မရှိရပ်တန့်ရမှာ ဖြစ်ပါတယ်။

#tarmhyuunge

Love to share 🌻✨💞

27 Dec, 15:59


တစ်ချိန်က
ကိုယ့်ကို သည်းသည်းလှုပ်ချစ်တဲ့
လူတစ်ယောက်ရှိခဲ့ဖူးတယ် ။
ကိုယ်က သိပ်အနိုင်ကျင့်တာ
မချစ်တတ်သေးတာလည်း ပါမှာပေါ့
ဖုန်းတွေဆက်တဲ့အခါ ကိုင်ချင်မှ ကိုင်တယ်
စာတွေပို့လာတဲ့အခါ ဖတ်ချင်မှ ဖတ်တယ်
စကားတွေပြောနေတဲ့အခါ
နားထောင်ချင်မှ နားထောင်တယ်
အဲဒီတုန်းကတော့
နာကျင်ပါစေဆိုတဲ့ ရည်ရွယ်ချက်တွေ
မပါခဲ့ပေမယ့် တကယ်တမ်းကျတော့
ကိုယ်သူ့က်ို နာကျင်စေခဲ့မိပါတယ် ။
အခုတော့ အရာအားလုံးကို
စနစ်တကျ ပြန်စာနာလာရပြီ
ကိုယ်ချစ်တဲ့သူကိုမှ ရွေးချယ်မယ်ဆိုတဲ့ ငါက
ကိုယ့်ကိုမချစ်တဲ့လူအနားမှာ
မျက်ရည်တွေနဲ့ရော ရှိုက်သံတွေနဲ့ရော
အသေအချာကြီး ရပ်နေမိလေရဲ့ ။

- သုတ

Love to share 🌻✨💞

27 Dec, 15:59


ငါခေါ်မှ ထူးတယ်
ငါမေးမှ ဖြေတယ်

ငါ့ဘက်က တိတ်ဆိတ်နေရင်
မင်းဘဝလေးဟာ အေး ချမ်း နေ ရော....။

-နွေသစ်ငြိမ်း


ငါတို့ကို မခေါ်ချင်တဲ့ဘ၀ထဲကိုမှ
ပျော်ပျော်ကြီး ခုန်ဆင်းခဲ့ကြတာ။

အရာအားလုံးက တရားမျှတပါတယ်။
ဟန်ပါပါနဲ့ ဂရုစိုက်ပြတတ်ဖို့ပါဘဲ။

-မြတ်သိင်္ဂ

Love to share 🌻✨💞

27 Dec, 15:59


မျက်ရည်ကကုန်ပြီ
ဝမ်းနည်းစရာတွေက မပြီးသေးဘူး
ဘယ်လောက်ဝေးဝေး ရင်ဘတ်ထဲနွေးရင်
ရေစက်လို့ခေါ်ပါတယ်
ဘယ်လောက်ပြေးပြေး ပြေးလို့မလွတ်ရင်
ဝဋ်ကြွေးလို့ခေါ်ပါတယ်။


-ဆန်းကျော်စွာ၀င်း

Love to share 🌻✨💞

27 Dec, 15:59


ဝေးသွားရင်ဘယ်လိုလုပ်မလဲတဲ့
ကျွန်တော်ကတော့ သေရလိမ့်မယ်လို့
ပြန်ဖြေခဲ့တယ် တကယ်ဝေးသွားတော့ ကျွန်တော်တကယ်မသေတာကို
ပြောပြောပြီး သူရယ်တယ်

ကျွန်တော်ကတော့ လိုက်မရယ်နိုင်ပါဘူး
ဘယ်သူက ကိုယ့်စိတ်အသေကို
စိတ်မှာပွေ့ထားပြီး လိုက်ပျော်နိုင်ပါ့မလဲ။

- လင်းညီ

Love to share 🌻✨💞

27 Dec, 15:58


တစ်ခါတစ်လေကျရင် ဝေခွဲမရဘူး အချစ်ရယ်၊
မင်းကိုလဲ ချစ်နေပါလျှက်၊
မင်းမရှိရင်လဲ မနေနိုင်ပါလျှက်နဲ့
“ဒီအတိုင်းလေး သည်းခံလိုက်ရင် အရာအားလုံး အဆင်ပြေသွားမှာ” လဲ သိနေပါလျှက်နဲ့
ထွက်ပြေးချင်တယ် ။ လွှတ်ချချင်တယ်။
အသွေးထဲ အသားထဲကကို မုန်းပစ်လိုက်ချင်တယ်။

#tarmhyuunge

Love to share 🌻✨💞

27 Dec, 15:58


ခုနောက်ပိုင်း ပိုသိလာရတာက
နောက်မှ ဆိုတဲ့  အရာတွေကို အယုံကြည်မရှိတော့တာပါပဲ

နောက်မှဆုံမယ်လို့ ပြောခဲ့တဲ့ သူငယ်ချင်းနဲ့ လည်း ထပ်မဆုံဖြစ်တော့သလို

နောက်တစ်ခါက်တွေ့ကြရင်  ဒီဆိုင်မှာအတူသွားစားမယ်လို့ ပြောခဲ့တဲ့ ရီးစားနဲ့လည်းပြတ်ကြရတယ်

နောက်တခါမှဖွင့်ပြောမယ်ဆိုတဲ့ crushရဲ့my dayမှာ ရည်းစားသစ်ရသွားတာတွေ့ကြရသလို

နောက်မှ၀ယ်မယ်ဆိုတဲ့ ပစ္စည်းတွေလဲ အကုန်ဈေးတက်သွားပြန်တယ်

နောက်မှသွားမယ်လို့ လုပ်ထားခဲ့တဲ့ ကလောခရီးစဉ်လည်း
ရေဘေးကြောင့်လမ်းခရီးမသာတော့သလို

နောက်မှ သွားကြည့်မယ်ဆိုတဲ့ နောင်ချိူဘက်ကတိမ်ပင်လယ်ကိုလဲ ပိုက်ဆံပုံပေးရင်တောင်သွားလို့မရတော့ပြန်ပါဘူး

ဖတ်ဖူးတဲ့စာအုပ်လေးထဲကစာသားလေးလိုပဲ
နောက်မှတွေ့မယ်ပြောပီး ပြန်မဆုံဖြစ်ကြတော့ရင် ဘယ်လိုလုပ်မလဲတဲ့

အဲ့‌စာလေးမြင်ပီးနောက်ပိုင်း မသေချာတဲ့ အနာဂတ်ရဲ့ နောက်မှ ဖြစ်လာမဲ့အရာတွေကို တွေးပူစဉ်းစားမနေတော့ပဲ ပစ္စပန်မှာ
ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်အတိုင်း

ချစ်တဲ့သူကိုချစ်ကြောင်းပြောမယ်
လွမ်းတဲ့သူကိုလွမ်းကြောင်းပြောမယ်
သတိရတဲ့သူကိုပြေးတွေ့မယ်
အမှားလုပ်မိရင် ချက်ချင်းတောင်းပန်မယ်
စားချင်တဲ့အစားသောက်ကို ချက်ချင်းစားမယ်
လိုချင်တာကို ချက်ချင်း၀ယ်မယ်
သွားချင်တဲ့ခရီးရှိရင်လဲ ဘာမှ မစဉ်းစားပဲ ချက်ချင်းသွားမယ်
ဘ၀မှာ နောင်တတွေနဲ့ ရှင်သန်ရတဲ့ သူဟာ လူthay လိုပါပဲ
ဘာမှမထူးဘူး

-MayMun

Love to share 🌻✨💞

27 Dec, 15:58


လူတစ်ယောက်အတွက် ကိုယ်က အရေးမပါတော့ဘူး သိလာရင်
အဲလူနဲ့ ခပ်ကင်းကင်းလေး နေတတ်လာတယ်
နောက်ပြီး ကိုယ့်ကို ပြန်လိုအပ်လာရင်လည်း မသိသလိုလေးပဲ ပြန်နေပြလိုက်တယ်
သူကလည်း လိုမှသုံးသလို ကိုယ်ကလည်း မာနရှိသူဆိုတာ သူသိမှရမယ်။

#အောင်ကိုထက်

Love to share 🌻✨💞

27 Dec, 15:58


လူတစ်ယောက်ရဲ့ အလေးထားခြင်း မထားခြင်း ဆိုတာက အတင်းအကျပ် လုပ်ယူလို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ နောက်ပြီး အလေးထားခြင်း ဆိုတာက သင်ပေးလို့ ရတဲ့ အရာတစ်ခုလဲ မဟုတ်ဘူး။

လူတွေဟာ သူတို့ ဘ၀မှာ အရေးကြီးတယ်လို့ ယူဆထားတဲ့ အရာတွေကို အလေးထားကြတယ်။ လူဖြစ်စေ၊ အရာ၀တ္ထုဖြစ်စေ သူတို့အတွက် အရေးကြီးရင် အလေးထားတယ်။ တန်ဖိုးရှိရင် အလေးထားတယ်။

တစ်ချို့ကျပြန်တော့လဲ အလေးထားရကောင်းမှန်း
မသိတဲ့ သူတွေရှိတယ်။ ကိုယ့်ဘ၀အတွက် အရေးကြီးတယ်လို့ သတ်မှတ်ထားပြီး အလေးထားရကောင်းမှန်းမသိ၊ တန်ဖိုးထားရကောင်းမှန်း မသိတဲ့ သူတွေရှိပါတယ်။ တမင်တကာ အလေးမထားတာလဲ ဖြစ်နိုင်သလို အလေးထားရကောင်းမှန်း မသိတာလဲ ဖြစ်နိုင်ပါတယ်။

ချစ်ရင် တန်ဖိုးထားရမှာပေါ့၊ အလေးထားရမှာပေါ့ဆိုတဲ့ စကားတွေကလေ လူတိုင်းမှာ လုပ်ယူလို့မရတဲ့ ကိစ္စတွေပဲ။ ချစ်တယ်ပြောပြီး အလေးမထားဘူး၊ ဖြစ်ချင်ရာဖြစ် ပစ်ထားမယ် ဒီလိုလူမျိုးတွေ အများကြီးရှိတယ်။ ဒါမျိုးကို သွားပြီး စိတ်ဆိုးနေရင်လဲ ကိုယ်တိုင်ပူလောင်ရုံပဲ ရှိပါတယ်။

ချစ်ခြင်းမေတ္တာတွေဟာ လုပ်ယူလို့မရသလို အလေးထားခြင်း၊ မထားခြင်းကလဲ အတင်းအကျပ် လုပ်ယူလို့ ရတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အတင်းအကျပ် လုပ်ယူပြီးမှ ရလာတဲ့ ချစ်ခြင်းမေတ္တာတွေဟာ မပျော်ရွှင်ရသလို တောင်းဆိုပြီးမှ ရလာတဲ့ အလေးထားခံရခြင်းတွေကလဲ နွေးထွေးတယ်လို့ မခံစားရစေပါဘူး။

ချစ်ခြင်းမေတ္တာတွေကိုလဲ လုပ်မယူနဲ့။
အလေးထားခြင်းတွေကိုလဲ အတင်းအကျပ် လုပ်မယူနဲ့။ လူတွေဟာ သူတို့ တန်ဖိုးထားချင်တဲ့ အရာဆို တန်ဖိုးထားတတ်ကြပြီး သူတို့ အလေးပေးချင်ရင် အလေးပေးနေကြတာပါပဲ။

ဒီလောကမှာ မချစ်တတ်တဲ့သူဆိုတာ မရှိဘူး။
မချစ်ပြတတ်တဲ့သူဆိုတာ မရှိဘူး။
အလေးမထားတတ်တဲ့ သူဆိုတာ မရှိပါဘူး။

လူတိုင်းဟာ အချစ်ခံရဖို့၊ တန်ဖိုးထားခံရဖို့၊ အလေးထားခံရဖို့ ထိုက်တန်ပြီးသား လူတွေချည်းပဲလေ။ ဒါကြောင့် ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေနဲ့ မရေရာတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ဖို့ အချိန်ကုန်မနေသင့်ဘူး မဟုတ်လား။

#စူးရှမေ
#ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်း စာအုပ်မှ

Love to share 🌻✨💞

25 Dec, 15:34


အချိန်ဟာ တိမ်တွေနဲ့အတူ ရွေ့နေမယ်။
ပြီးတော့ မှတ်ဉာဏ်တွေဟာ အငွေ့ပျံလာမယ်။
မင်းရဲ့မျက်နှာကို ငါ့စိတ်အာရုံထဲမှာ ဖော်ကြည့်ဖို့တောင်ခက်ခဲလာမယ်။
မင်းဖုန်းနံပါတ်ကို ငါအလွတ်မရနိုင်တော့ဘူး။
မင်းအသံနဲ့တူတဲ့အသံကြားရရင် ငါလှည့်မကြည့်ဖြစ်တော့ဘူး။
ကောင်းကင်တစ်ခုတည်းအောက်
အတူတူရှိနေတယ်ဆိုတာကလွဲလို့
ငါတို့ဆုံစရာအကြောင်းတွေ ငါရှာမနေတော့ဘူး။
နောက်ဆုံးတော့ အေးနေတဲ့ကော်ဖီကို
ကြိတ်မှိတ်မျိုချပြီး အိပ်ယာပေါ်လှဲချလိုက်မယ်။
မာနတစ်ခုအတွက် ဆုံးရှုံးစရာတွေအများကြီးပေါ့။
ငါမင်းကိုသတိရပါတယ်။
ဒါပေမယ့် အဲ့အကြောင်း
ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ်။

#ဆပ်ရိပ်

Love to share 🌻✨💞

25 Dec, 15:33


အကယ်၍ ထပ်ဝေးကြရင်ရောတဲ့
ပြန်ချစ်ရမှာပေါ့ အသက်ရယ်
အိမ်မက်ထဲမှာဖြစ်ဖြစ် ဇာတ်ထဲမှာဖြစ်ဖြစ်
တစ်ဘဝလုံး အသက်နားရှိချင်တယ် ။

ချစ်ခြင်းမေတ္တာတွေကို တိမ်တွေဆီမှာ
ချည်ထားတယ်…
တစ်ယောက်တစ်လမ်းဖြစ်နေရင်တောင်
တစ်မိုးအောက်ထဲပါပဲ ။

•ခန့်သွယ်
ကြယ်ပန်းလေးနှင့် ပြန်ဆုံတဲ့အခါ

Love to share 🌻✨💞

25 Dec, 15:33


ပြန်မလာတော့ဘူးဆိုတာ သေချာရဲ့လား
တယောက်တည်း နေသားကျဖို့ ကြိုးစားရမလား
ဒါမှမဟုတ် တယောက်ယောက်ကို
ရှာဖွေလိုက်ရတော့မလား
ဒီနှစ်တွေကိုယ်မပျော်ဘူးကွယ်
စောင့်ရမယ်မှန်းမသိ မစောင့်ရမယ်မှန်းမသိ
လွဲခဲ့တဲ့ရထားတွေလဲ များခဲ့ပြီ ။

-ချာန်း

Love to share 🌻✨💞

25 Dec, 15:33


"ပျော်ပျော်နေ သေခဲ"တဲ့

ငါ့မှာတော့ မပျော်မရွင်တဲ့ ဘဝမှာ

သက်ဆိုးရှည်နေလေရဲ့ ။

-နေညိုရောင်ခြည်

Love to share 🌻✨💞

25 Dec, 09:15


အတိတ်ကိုတွေးမိပြန်ရင် အမှတ်တရတွေနဲ့ ဒီလူနာကျင်လေရဲ့...
အနာဂါတ်ကိုမျှော်ပြန်တော့ ပျက်စီးသွားတဲ့အိပ်မက်များနဲ့ ဒီလူထပ်နာကျင်လေရဲ့...
ခုတော့ ပစ္စုပ္ပန်မှာ မကျက်သေးတဲ့ ဒဏ်ရာတွေကို ပြန်ဖာထေးရင်း ဒီလူ မင်းကိုလွမ်း‌နေဆဲပါ အချစ်ရယ်...
ရင်ခွင်အသစ်မှာပျော်ရွှင်ပါစေဆုတောင်းရင်း......

-Mt

Love to share 🌻✨💞

25 Dec, 09:15


မေ့ပြစ်ချင်တယ်လို့ ပြောနေပေမဲ့
တကယ့်တကယ်ကျ မမေ့ရက်ပါဘူးအချစ်ရယ်။

စိတ်နဲ့လွန်ဆန်လို့မရတာ နှလုံးသားတဲ့၊
ဒဏ်ရာတွေကို တယုတယနဲ့
ဘယ်သူက ထွေးပွေ့ထားချင်ပါ့မလဲ။

•ခန့်သွယ်

Love to share 🌻✨💞

25 Dec, 09:15


မဖြစ်နိုင်တာတွေ အများကြီးနဲ့
မဖြစ်သေးတာတွေ အများကြီးနဲ့
နေ့ရက်တွေ အများကြီးနဲ့
လုပ်ချင်တာတွေ အများကြီးနဲ့
တကယ်မှာ မတတ်နိုင်တာတွေ အများကြီးနဲ့ ၊
ဒါကြောင့်ပင်..
ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ ။

- အောင်ချိမ့်

Love to share 🌻✨💞

25 Dec, 09:15


" ဘာလိုလိုနဲ့ 2024 တောင် နှစ်ကုန်တော့မယ် "
ကိုယ်သိတဲ့သူတွေကနေ သူစိမ်းတွေဖြစ်သွားတယ်
သူစိမ်းတွေကနေ ကိုယ့်အသိတွေဖြစ်လာကြတယ်
ဒီလိုပါပဲ ၀င်လာလိုက်ထွက်သွားလိုက်နဲ့ သာမန်နှစ်ပါပဲ
ဘယ်အရာမှမမြဲဘူးဆိုတာတော့ ပိုသိလိုက်ရတယ်။
Crd

Love to share 🌻✨💞

23 Dec, 16:21


Disorganized ဘယ်လို Mindset တွေ.. ရှိကြလဲဆိုတော့ ချစ်တယ် ဒါမဲ့ ကြောက်တယ်၊ တစ်ခါချစ်ဖူးခဲ့ပြီမို့ ထပ်ချစ်ဖို့မဖြစ်နိုင်တော့ဘူး၊ နောက်လူတွေလဲ အရင်လူအတိုင်းပဲ၊ယုံကြည်ရင်.. ဓားနဲ့ထိုးခံရမယ် စတဲ့စိတ်အခံတွေ ဝင်သွားပါတယ်။

Broken family နဲ့ ကြီးပြင်းလာသူတွေ၊ ချစ်တာကို ခုတုံးလုပ်ပြီး ရိုက်နှက်တတ်တဲ့ မိဘကြား ကြီးပြင်းလာသူတွေ၊ ပယ်ပယ်နယ်နယ် အသည်းခွဲခံလိုက်ရသူတွေမှာ ဒီလိုပုံစံတွေ့နိုင်တယ်။

◾Secure Attachment

ဒီတစ်ခုက ရှောင်တာ၊ အတင်းကပ်တာတွေရဲ့ အစွန်းကို မရောက်ဘဲ ကြားမှာ ရောက်နေတဲ့ တွယ်တာမှုပုံစံမျိုးပါ။ ရှောင်တဲ့ဘက်နဲ့ အတင်းကပ်တဲ့ဘက်မှာ ခွသလို စောနက Disorganized လို မဖြစ်ဘူး။ သူကျတော့ မျှမျှတတ တွယ်တာမှုပေးတယ်။

တစ်နည်းအားဖြင့် စိတ်လုံခြုံရာရပ်ဝန်းလို့လဲ ဆိုလို့ရသေးတယ်။ ဒီလူအနားကို ကပ်လိုက်တဲ့အခါ.. တင်းကြပ်သလို မခံစားရတာ၊ လွတ်လွတ်လပ်လပ် နေနိုင်တာ၊ ခပ်တိုတိုပြောရင် စိတ်လုံခြုံမှုရတယ်။

ဒီလူတွေရဲ့ ငယ်ဘဝဟာ Mentality Supporting လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖေးမမှု၊ လုံခြုံမှုတွေ လုံလုံငှငှ ရခဲ့ကြတယ်။ အပြစ်လုပ်မိရင် မရိုက်တတ်ဘဲ နောက်တစ်ကြိမ်မမှားအောင် သွန်သင်တဲ့ အုပ်ထိန်းမှုမျိုး.. ထိပ်ဆုံးမရောက်လဲ ရရာအရပ်မှာ ဂုဏ်ယူပေးတဲ့ မိဘမျိုးနဲ့ ကြီးပြင်းခဲ့တာတွေ ပေါ့။

🔳
များသောအားဖြင့် Avoidant (ရှောင်ဖယ်သူ) နဲ့ Anxious (အတင်းတွယ်ကပ်ကူ) ကတော့ အတွေ့ရအများဆုံးစုံတွဲတွေပဲ။ ရှောင်ဖယ်သူက ထားခဲ့မယ်ဆို၊ အတင်းတွယ်ကပ်သူက ဆွဲထား။ အဲလို သံသရာလည်နေရင်း Secure ဆီကို မရောက်တော့တာ။

အထူးသဖြင့် အမျိုးသားတွေက Avoidant သမားတွေဖြစ်နေတာ ၉၀ % နီးနီး တွေ့ရတတ်ပြီး၊ အမျိုးသမီးကျတော့ Anxious သမားအဖြစ် ရာနှုန်းပြည့်နီးနီး တွေ့နိုင်ပါတယ်။ Secure နဲ့ Disorganized သမားကတော့ အတိအကျမသိပေမဲ့ အမျိုးသားရော အမျိုးသမီးမှာပါမြင်နိုင်တဲ့တွယ်တာမှုပုံစံပါ။

Disorganized သမားအနေနဲ့ကတော့ Anxious ဆို ပျော်သလိုခံစားရပြီး၊ Avoidant သမားနဲ့ဆို အချစ်ဟာ နာကျင်စရာဆိုပြီး မြင်သွားပါတယ်။ ဆိုတော့ ဒီသုံးခုနဲ့ တည့်တာဆိုလို့ Secure attachment ပဲ ကျန်တော့မယ်ပေါ့။ ဒီဟာကလဲ မေတ္တာတရားအခြေခိုင်မှပဲ စိတ်လုံခြုံမှု ပေးနိုင်တာမျိုးပါ။

🔳
အထူးအမှာပါးချင်တာက ဒီတွယ်တာမှုပုံစံ (၄) ခုကို ဖတ်ပြီး ငါက ဘယ်လိုတွယ်တာမှုပုံစံနဲ့ ငြိနေပါလား၊ ငါ့လူကဖြင့် ဘယ်လိုလူမှန်းပါလားဆိုပြီး သိမ်ငယ်စိတ်မဖြစ်ဖို့ လိုပါတယ်။

လူတစ်​ယောက်နဲ့တစ်ယောက် ကြီးပြင်းကြပုံချင်း မတူကြတာမို့ သူတို့လဲ ဒီလိုဖြစ်ချင်လို့ဖြစ်နေကြတာ မဟုတ်ဘူး။ ရွေးချယ်ခွင့်မရတဲ့မိဘတွေ၊ ကိုယ်စိတ်နှစ်ပါးလုံး လုံခြုံမှုမရခဲ့တဲ့ ပတ်ဝန်းကျင်တွေနဲ့လည်း သွားဆိုင်နေသေးတယ်။ ဒါကို မသိထားရင် ပတ်သက်ဆက်စပ်ကြရတာခက်တယ်။

ကံကောင်းတာတစ်ခုက အခုပြောတဲ့ တွယ်တာမှုပုံစံ (၄) ခုစလုံးက စက်ဝန်းလို လည်နေရင်း အလုပ်လုပ်လေ့ ရှိပါတယ်။ လည်ရတဲ့အကြောင်းတရားက external wave လို့ခေါ်တဲ့ ပြင်ပသက်ရောက်မှုကြောင့် စိတ်အခံပြောင်းသွားတာမျိုးပါ။

ရှောင်ဖယ်သူကလဲ၊ သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲဖို့စိတ်ရှိရင် လုံခြုံသူဖြစ်ခွင့်ရှိသလို တဖြည်းဖြည်း ပြောင်းလဲယူလို့လဲ ရတယ်။ ထိုနည်းတူ Disorganized ကလဲ အလယ်မှာ ရှိနေတဲ့အတိုင်း Secure attachment အဖြစ်နဲ့ ပြုပြင်ချင် ပြုပြင်လို့ရတယ်။

ငါကတော့ ဒီ Attachment ထဲ ပါလို့ သွားပါပြီ ဆိုတာမျိုး ကြိတ်စိတ်ညစ်စရာမလိုသလို၊ Secure attachment ဖြစ်သူနဲ့ လတ်တလော မကြုံရသေးလို့လဲ စိတ်ပျက်နေစရာ မလိုပါဘူး။

ကိုယ်တိုင်.. Secure attachment ဖြစ်အောင် လုပ်လို့ ရပါတယ်။ Secure attachment တွေရဲ့ စရိုက်ကို အတုယူရင်း ပြောင်းလဲလို့ရတယ်။

အားလုံးပဲ လုံခြုံစိတ်ချရတဲ့ သံယောဇဉ်ငြိတွယ်ခြင်းတွေနဲ့ ချစ်ခြင်းမေတ္တာစစ်စစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Ref; Book of Attached

ဘုန်းမောင်ဦး

Love to share 🌻✨💞

23 Dec, 16:21


လူတချို့ကို ကျနော်စွန့်ခွာတယ်ဆိုတာ အကြောင်းပြချက်က တစ်ခုပဲ။
ကျနော်တန်ဖိုးထားသလောက် ကျနော့်အပေါ်ပြန်တန်ဖိုးမထားလို့။

ဒါပေမယ့် မတော်တဆပြန်ဆုံရင် ကျနော်ပြုံးပြမိမှာပါပဲ။
တောင်းပန်ပါတယ် လို့တောင် ပြောချင် ပြောမိမယ်။

ကျနော်ခံယူထားသလိုဆို လိုချင်မိတာက အပြစ်ပဲ။
သူတို့ဘက်က မပေးနိုင်တဲ့စိတ်ရင်း ကို ကျနော်သွားလိုချင်ခဲ့မိတာ ကျနော့်အပြစ် အဲ့လို။

#ပြည့်စုံ၀င်း

Love to share 🌻✨💞

23 Dec, 16:20


တစ်ချို့အချိန်တွေမှာ အကြောင်းအရင်း
ခိုင်ခိုင်လုံလုံမရှိပဲနဲ့ကို ငိုချင်နေခဲ့တယ်

အမှန်တော့ အကြောင်းအရင်းမရှိတာမဟုတ်ပါဘူး
အဆင်မပြေတဲ့အကြောင်းတွေများလာတော့
ဘယ်အကြောင်းအရင်းကို အပြစ်ပုံချရမှန်းမသိတော့တာပါ ..

—
#LaGonEain

Love to share 🌻✨💞

06 Dec, 12:10


ဘာမှပြောင်းလဲသွားတာမျိုး မရှိပါဘူး။
ကျနော်ဟာ ကျနော်ပါပဲ ။တစ်ယောက်တည်း
အထီးကျန်သလိုခံစားလာရတဲ့အခါ ဖြစ်ရပ်တွေကို ခဏခဏ ပြန်တွေးနေတတ်ပြီး သိပ်နာစရာတွေ
ရှိလာတဲ့အခါ တိတ်တဆိတ် နေပစ်လိုက်နဲ့ ထိရှစရာ
တွေ နည်းပါးတဲ့ အချိန်တွေမှာ ချစ်ရတဲ့အရာ
တွေဆီ တိုးဝေ့နေမိတုန်းပါပဲ။ တစ်ခုပြီးတစ်ခု
အမြဲ ဆုံးရှူံးနေရပေမယ့် ချစ်ခြင်း မေတ္တာကို
တော့ ယုံကြည်နေဆဲပါပဲ ။

- ခက်နှောင်

Love to share 🌻✨💞

06 Dec, 12:10


တစ်ဖက်က ချန်ခဲ့ရဲကြောင်း
တိတိကျကျကြီး ပြောတဲ့အခါ
ကိုယ်ကလည်း ကျန်ခဲ့ရဲကြောင်း
သက်သေ ပြရဲရမယ်
ပျော်တာ မပျော်တာက နောက်မှ

- ခက်နှောင်

Love to share 🌻✨💞

06 Dec, 12:10


သက်တမ်းကုန်ဆုံးသွားတဲ့
အစားအသောက်တွေလိုပဲ
တချို့
ပက်သက်မှုတွေဟာလည်း
သံယောဇဉ်
အရောင်မွဲလျက်
ကုန်ဆုံးလွင့်ဝေးသွားလေသည်။ ။

-မောင်လှမျိုး (ချင်းချောင်းခြံ)

Love to share 🌻✨💞

06 Dec, 07:02


Hello Guys မင်တစ်ခုအကူညီတောင်းချင်လို့ပါ Gp နဲ့မဆိုင်တာလည်းသိပါတယ်

သူ့ကိုသိတဲ့သူများရှိလား ရှိရင် မင်ကိုလာပြောပေးပါနော် သိတဲ့သူကို မင် လက်ဆောင်ကောင်းကောင်းဆုပေးပါမေ အရေးကြီးလို့ပါ သိရင်ကူညီပေးကြပါနော် 😗

Love to share 🌻✨💞

05 Dec, 15:21


အဆင်ပြေပြီလို့ ထင်လိုက်တိုင်း
သောက်တလွဲတွေချည်းပဲ ဖြစ်လာတယ်။
အဆုံး ငြီးငွေ့သွားမှာပဲကို ဘာတွေ လာချစ်ပြနေလဲ။

#tarmhyuunge

Love to share 🌻✨💞

05 Dec, 15:21


အထိအခိုက် မခံနိုင်ဆုံးဆိုရင်
စိတ်လို့ ပြောရမှာပဲ။
ဘယ်လောက်ပဲ ရင့်ကျက်လာပါတယ်ပြောပြော
စိတ်ကို ထိခိုက်လာရင်
စားလည်း မဝင်တော့ဘူး
အိပ်လည်း မပျော်တော့ဘူး။
ကျွန်တော်ထင်တယ် စိတ်ရင်းတွေပေးပြီး
စိတ်ရင်းနဲ့ခံစားတတ်သူတွေရဲ့
အားအနည်းဆုံး အပိုင်းဟာ စိတ်ပဲဖြစ်မှာ။

     - Lionel Sn -

Love to share 🌻✨💞

05 Dec, 15:21


လက်ဆောင်လေးတစ်ခုရရင်လေ အဲ့ရတဲ့ ပစ္စည်းကြောင့်ဆိုတာထက် “ဒီဟာလေးလိုချင်နေလို့ ဝယ်ပေးတာ” ဆိုတဲ့ မေတ္တာဓာတ်လေး စိတ်လေးတစ်ခုကြောင့် ပိုပြီး ပျော်ရတယ် ကြည်နူးတယ်။ 

ပေးလိုက်တာဖြစ်ဖြစ် ရလာတာဖြစ်ဖြစ် အဲ့ လက်ဆောင် တစ်ခုတိုင်းမှာ ကိုယ့်အတွက်ဆိုတဲ့ အတွေးလေးတွေပါတဲ့ သေချာပြင်ဆင်ထားတဲ့ ရွေးထားတဲ့ thoughtful presents လေးတွေဆို ချစ်ခြင်းမေတ္တာတွေ ခံစားရလို့ တကယ်သဘောကျတယ်။ 🥰

ကိုယ်ချစ်တဲ့သူတွေကိုလည်း အဲ့လိုဘဲ သေချာရွေးပေးဖြစ်တယ်။ ❤️

Receiving gifts as well as giving gifts is a love language ❤️

Get Along With Phway

Love to share 🌻✨💞

05 Dec, 15:21


ဘုရားမရှိခိုးတာက အစ
ဘာကိုမှ မယုံကြည်တော့တာ အဆုံး
လူမုန်းများတာ အကုန်လုပ်တယ်။

#ကြည်ဇော်အေး

Love to share 🌻✨💞

05 Dec, 15:20


“မှားတာကို သိရင် တောင်းပန်ရမယ်”တဲ့။
တစ်ခါတစ်လေကျ စကားတွေက အမှားတွေ
ပါသွားတဲ့အခါ မင်းမှာလဲ စိတ်ထိခိုက်မှာပေါ့၊
စေတနာဇောတွေပါ အချစ်ရယ်၊
ကောင်းကောင်း နေစေချင်တယ်၊
ကောင်းကောင်း စားစေချင်တယ်၊
ကိုယ်ကပဲ ဖြစ်စေချင်စိတ်တွေ အရမ်းများတဲ့အခါ မင်းမှာလဲ ပင်ပန်းရမှာပေါ့။
တောင်းပန်ပါတယ် အချစ်ရေ၊
နောက်ဆို စိတ်အေးအေးလေး ထားပါမယ်။
“ချစ်တဲ့လူကို ညှာတာရမှာ”ကို
ကိုယ် မေ့သွားမိပါတယ်။

#tarmhyuunge

Love to share 🌻✨💞

05 Dec, 15:20


ပျော်နေစေချင်တာ စေတနာဖြစ်ပြီး
မင်းပျော်တာကိုပဲ မြင်ချင်နေတာက
ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။

မနေ့က ချစ်ခဲ့တယ်
ဒီနေ့ ချစ်တယ်
မနက်ဖြန်တွေမှာ ဆက်ချစ်နေဦးမယ် ဒီလောက်ပါပဲ။

-လင်းညီ

Love to share 🌻✨💞

04 Dec, 16:24


ဆောင်းရာသီ ကိုကြိုက်ပါတယ်...အေးစက်စက်နဲ့ ဆိုတော့ လေပြည်တွေတိုက်ပြီး..မနက်ခင်းဆိုမြူတွေဝေလို့... သူမရဲ့အလှကို ဟေမန်ဆောင်းနဲ့ထပ်တူမို့  နာကျင်ခြင်းများပြည့်နေသောဆောင်းရာသီကို မကြိုဆိုချင်ဘဲနဲ့ကြိုဆိုရတော့မယ်လေ

-လင်းညို

Love to share 🌻✨💞

04 Dec, 16:24


မင်းဆီက အေးစက်လွန်းတဲ့ စကားသံကြားရတဲ့အခါ
ကမ္ဘာကြီးဟာ ဝတ်စားမပါသလို
ညတာတွေလည်း အလွန်ရှည်လာတယ်
ငှက်ငယ်လေးရဲ့ တေးသံတွေဟာ ခါးသက်လာတယ်
ပန်းကလေးတွေလည်း ညွန်းသလိုလို
ကိုယ်ရဲ့ပါးပြင်ထက်ဝယ် တစ်စက်တစ်စက်ကျလာကာ စိုစွတ်လာပြီ
မင်းရဲ့ စိမ်းကားမှုဟာ
ကိုယ်ရင်ကို ဓားနဲ့ အရှိန်နှင့် ပစ်ပေါက်လိုက်သလို စူးနစ်သွားခဲ့ပြီ
နာကျင်မှုဆိုတဲ့အရာက ကိုယ်ရဲ့ အနက်နဲဆုံး နှလုံးသားအထိ နစ်ဝင်သွားခဲ့ပြီ အချစ်
ဒါပေမဲ့ ကိုယ် မင်းကို ချစ်နေဆဲပါ...

#Myaing

Love to share 🌻✨💞

04 Dec, 16:24


ပျော်ချင်ရင် ပေးရတယ်
ရယူချင်စိတ် မမွေးရဘူး

ပစ္စည်းဥစ္စာမှာပဲ ဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာမှာပဲ ဖြစ်ဖြစ်

မျှော်လင့်ချက် ဖျောက်နိုင်မှ
တကယ် ပျော်ရတာ ။ ။

-ခွန်ဟိဏ်း

Love to share 🌻✨💞

04 Dec, 16:24


တချို့လူတွေက ချစ်တယ်သာပြောနေကြတာ..သူတို့ချစ်တာ ဘာမှလုပ်လို့မရဘူး။

စိတ်လုံခြုံမှုပေးလားဆိုစိတ်လုံခြုံမှုလည်း မပေးဘူး
ဒါဆို နွေးထွေးမှုပေးလားဆိုရင် နွေးထွေးမှုလည်း
မပေးတတ်ဘူးတဲ့..။
ဒါဆို ကာကွယ်ပေးတတ်လားဆိုလည်း မကာကွယ်ပေးတတ်ဘူး။ကာကွယ်ပေးရကောင်းမှန်းလည်း မသိဘူး။

လိုအပ်တဲ့အချိန်တိုင်း အတူတူရှိနေပေးလားမေးရင်လည်း သူတို့ဘာသာအတွေးလွန်နေတာနဲ့ ကိုယ်ဒုက္ခရောက်နေလား၊ပင်ပန်းနေလား၊နေမကောင်းဘူးလားဆိုတာတောင် မသိနိုင်ဘူး။
စိတ်ချမ်းသာမှုပေးလားဆိုရင်လည်း ဝေလာဝေး

အဲ့တော့တချို့လူတွေ ချစ်တယ်ဆိုတာ သူတို့ပါးစပ်ဖျားမှာပဲ သေအောင်ချစ်ပြီး ရင်ထဲမှာပဲ အသေခံစားနေတာ..သူတို့ချစ်တာ ကိုယ့်အတွက်ဘာကောင်းကျိုးမှ မပေးဘူး..။

ချစ်ခြင်းနဲ့ကမ်းတဲ့လက်ဖြစ်ရက်နဲ့ ဘာကိုလက်မခံလဲမေးရင် အပေါ်ကအချက်တွေကြောင့်ပဲ..။

" I love you''လို့ပြောခံရရင်..
"Where is your love? I don't feel it, I don't see it'' ပါပေါ့။

ချစ်သာချစ်တယ်ပါးစပ်ကပြောနေတာ
ကိုယ့်ဘဝအတွက် စိတ်ပိုင်းဆိုင်ရာဖြစ်စေ
လူပိုင်းဆိုင်ရာဖြစ်စေ အထောက်အပံ့မပေးရင်တော့
ချစ်နေတယ်ဆိုတာ အလကားပဲ။

တကယ်တော့အဲ့ဒါအချစ်လည်းမပြောဘူး..
သူတို့ဘာသာသူတို့အချစ်လို့ခေါင်းစဥ်တပ်ထားတဲ့
စွဲလမ်းမှု၊တပ်မက်မှု တစ်ခုပဲ။

အချစ်ဆိုတာ ကာကွယ်ပေးတတ်ရတယ်..
နွေးထွေးစေနိုင်တဲ့သဘာဝရှိတယ်..
အချစ်ဆိုတာ သူ့ကိုအရိပ်တကြည့်ကြည့်နဲ့ သူဘာလိုလဲ ငါဘာလုပ်ပေးနိုင်လဲဆိုတဲ့ စေတနာ..
ပြီးတော့ အတူတူဆိုတဲ့အိပ်မက်တွေရှိတယ်။

#Nayvel

Love to share 🌻✨💞

04 Dec, 16:23


တစ်ချိန်က
ကိုယ့်ကို သည်းသည်းလှုပ်ချစ်တဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ် ။
ကိုယ်က သိပ်အနိုင်ကျင့်တာ မချစ်တတ်သေးတာလည်း ပါမှာပေါ့
ဖုန်းတွေဆက်တဲ့အခါ ကိုင်ချင်မှကိုင်တယ်
စာတွေပို့လာတဲ့အခါ ဖတ်ချင်မှ ဖတ်တယ်
စကားတွေပြောနေတဲ့အခါ  နားထောင်ချင်မှ နားထောင်တယ်
အဲဒီတုန်းကတော့ နာကျင်ပါစေဆိုတဲ့ ရည်ရွယ်ချက်တွေ
မပါခဲ့ပေမယ့် တကယ်တမ်းကျတော့ ကိုယ်သူ့က်ို နာကျင်စေခဲ့မိပါတယ် ။
အခုတော့ အရာအားလုံးကို စနစ်တကျ ပြန်စာနာလာရပြီ
ကိုယ်ချစ်တဲ့သူကိုမှ ရွေးချယ်မယ်ဆိုတဲ့ ငါက ကိုယ့်ကိုမချစ်တဲ့လူအနားမှာ
မျက်ရည်တွေနဲ့ရော ရှိုက်သံတွေနဲ့ရော အသေအချာကြီး ရပ်နေမိလေရဲ့ ။

- သုတ

Love to share 🌻✨💞

04 Dec, 16:23


ကိုယ့်ရဲ့ အကျင့်ဆိုးတွေထဲက အဆိုးဆုံးတစ်ခုဟာ ဘာလဲဆိုရင် ဘယ်ကိစ္စမဆို “ငါများမှားသွားလား” လို့
အရင်ဆုံး တွေးတတ်တာပဲ
ဒါဟာ insecurity လား စိတ်ဒဏ်ရာလား
ဘာလဲ သေသေချာချာ မသိပေမယ့်
အမြဲစိတ်ရောလူပါ အကောင်းဆုံးပေးခဲ့တဲ့အရာတွေမှာတောင်မှ
တစ်ခုခုဆိုရင် ငါကများမှားနေလားလို့ တွေးတတ်တဲ့အကျင့်က
“ငါမမှားဘူး” လို့ အတ္တကြီးတတ်သူတွေရှေ့မှာ
ကိုယ့်ကို မျက်နှာငယ်စေတယ်:))

#crd_to_owner_with_respect

Love to share 🌻✨💞

03 Dec, 15:52


အရာအားလုံးမှာlimit ရှိတယ်
အဲ့သတ်မှတ်ထားတဲ့ဘောင်ကိုကျော်သွားရင်
လူကဦးနှောက်ထဲမှာcolorblind ဖြစ်သွားတာ
ဘာဆိုဘာမှမခံစားနိုင်တော့ဘူးအရာအားလုံးကိုတိတ်တိတ်လေးလက်လျော့လိုက်တော့တာ …

crd

Love to share 🌻✨💞

03 Dec, 15:52


ကိုယ့်ကိုဆုံးရူံးရမှာမကြောက်တဲ့သူတွေကိုမှ
ကိုယ်က ဆုံးရူံးရမှာကြောက်နေခဲ့မိတယ်။

စိတ်ပျက်စရာပဲ
ကျွန်တော်က တစ်ချိန်လုံး စိတ်ပျက်စရာဖြစ်နေခဲ့တာ ...။


-Samuel

Love to share 🌻✨💞

21 Nov, 15:54


ချစ်ခြင်းမေတ္တာတွေ ဝေနေလို့
တန်းစီလိုက်တဲ့အခါတိုင်း ...

ကျနော့်အလှည့်ရောက်ရင်
အတိအကျကို ကုန်သွားပြီလို့ပဲ
အပြောခံရပါတယ် ... ။

-ကောက်ရိုး

Love to share 🌻✨💞

20 Nov, 12:30


အမှတ်တရတွေပြန်တွေးမိတိုင်း
တိုက်ဆိုင်မှုတွေရှိလာတိုင်း
တဆစ်ဆစ်ပဲ အချစ်ရယ်
ဘယ်ဘက်ရင်အုံလေးကတော့ ပြောလာတယ်
"အတော်လေးအောင့်သက်သက်နိုင်တယ်နော်"တဲ့
#ရဲသွေးနီ

Love to share 🌻✨💞

20 Nov, 11:09


ကျွန်တော်တို့ လူတစ်ယောက်အပေါ်
ဘယ်လောက်ထိအမှတ်တရတွေ
ထင်ကျန်စေခဲ့သလဲ

ကျွန်တော်တို့
လူတစ်ယောက်အပေါ်
ဘယ်လောက်ထိ နာကျင်စေခဲ့သလဲ

မသိခဲ့ပါဘူး
လူတစ်ယောက်ကြောင့်
ကျွန်တော်တို့ ဘယ်လောက်နာကျင်ခဲ့ရလဲပဲ
ပြန်မှတ်မိခဲ့ပါတယ် ။

#ဂန္ဓမာ
#နေသာသောနေလည်ခင်းများ_၂

Love to share 🌻✨💞

19 Nov, 16:23


Relationship နဲ့ပတ်သက်ပြီး ဘဝမှာ
အပြင်းထန်ဆုံး Trauma တစ်ခုရှိတယ်

အကောင်းဆုံးကြိုးစားပြီး မြတ်နိုးပေးမယ့် ဒီလူ
တစ်ယောက်တည်းရဲ့ မေတ္တာနဲ့တင် မလုံလောက်ဘဲ
တခြားသူတွေဆီကပါ စိတ်သာယာမှုကို ရှာဖွေဖို့
ကြိုးစားလေ့ရှိတဲ့သူမျိုး ကို ချစ်သွားမိမှာကြောက်တာ

ကိုယ့်ကိုထားသွားဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူမျိုး...
အစားထိုးစရာတွေ အများကြီးရှိနေတတ်တဲ့သူမျိုး...
မျက်ရည်ပေါက်ကြီးငယ်ကျစေဖို့ ရည်ရွယ်တတ်တဲ့သူမျိုး...
ကျွန်တော် ထပ်ပြီး ဆုံတွေ့ဖို့ ခွန်အားတွေမရှိတော့ဘူး

ကိုယ်တိုင်က ဘယ်လိုအခြေအနေမျိုးမှာမဆို
ကိုယ့်ချစ်သူရဲ့စိတ်ကလေးကို မညှိုးနွမ်းစေတတ်တဲ့ သစ္စာရှိတဲ့သူမို့ ကိုယ့်လိုလူကိုပဲ ကိုယ်ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်တယ် ❤️

crd

Love to share 🌻✨💞

18 Nov, 12:13


တစ်ယောက်ယောက်ကို
ဆုံးရှုံးရမှာကြောက်တယ်ဆိုတာကလေ
အဲ့ဒိ တစ်ယောက်မရှိလို့ဘဝကြီးက
စုတ်ပြတ်သွားမှာမျိုးတွေကြောင့်မဟုတ်ဘူး
အတူရင်းနှီးခဲ့ရတဲ့ နှစ်ကာလတွေ
ရင်းနှီးကျွမ်းဝင်မှုတွေ
ကြိုးစားတည်ဆောက်ခဲ့ရတာတွေ
အနိမ့်အမြင့်အတက်အကျတွေ အတူရင်ဆိုင်ကြပြီးမှ
ရုတ်တရက်ကြီး တစ်ယောက်တည်း
အသားကျအောင် ပြန်တည်ဆောက်ရတာမျိုးတွေ
ထပ်မလုပ်ချင်တော့တာမျိုး။

       - Lionel Sn -

Love to share 🌻✨💞

18 Nov, 12:12


ဒီလိုပဲ ကုန်ဆုံးသွားမှာမဟုတ်လား။
မရှိရင်မဖြစ်ဘူးဆိုတဲ့အရာတွေကလဲ
တကယ်တမ်းကျ မရှိလဲဖြစ်သွားတာပဲ။
ပြိုကွဲနေတဲ့အပိုင်းအစတွေကြားက ငါ့ကိုယ်ငါ
ပြန်ဆယ်ယူရတယ်။
အရင်က အနားမှာတစ်ယောက်ယောက်မရှိမှာ
သိပ်ကြောက်ခဲ့ပြီး၊
အခုတော့ တစ်ယောက်ယောက်ထပ်ရောက်လာမှာ ကြောက်မိတယ်။
ဆုံးရှုံးပြီးနောက် သင်ယူမိတာက
တစ်ယောက်တည်း ရပ်တည်နိုင်ဖို့ပါပဲ...။

#darniyar

Love to share 🌻✨💞

16 Nov, 12:42


ဟဲ့ မြဲမှာလား ဆိုတဲ့မေးခွန်းမေးရင် သိပ်စိတ်ဆိုးတာပဲ
ထင်တာကတော့ ဟယ်
- လက်ရှိရည်းစားနဲ့လည်းမြဲမယ် ယုံကြည်ထားတယ်။
- အချစ်ဦးတုန်းကလည်း မြဲမယ်ထင်တာပဲ ။
- ကိုယ့်အပေါ် သောက်ချိုးမပြေလုပ်သွားတဲ့ Ex နဲ့လည်း မြဲမယ်ထင်ခဲ့တာပဲ ။
- နောက်ဆုံး ကလီရင်းစကားတွေလွန်ပြီးမှ ဘာမှဆက်မဖြစ်တဲ့သူနဲ့လည်း မြဲမယ်တွေးခဲ့တာပဲ

ပြီးမှ ဖြစ်လာတာတွေတော့ မတတ်နိုင်ဘူးလေ
ကိုယ်ကတော့ အကုန်လုံးကို မြဲချင်ခဲ့ပါတယ်
အယုတ် အလတ် အမြတ် မရွေး အားလုံးကို ဝဲလ်ကမ်းခဲ့ပါတယ် ။

ဒါပေမယ့်လည်း သဗ္ဗေ သတ္တာ ကမ္မသကာ ပဲလေ :3

crd

Love to share 🌻✨💞

16 Nov, 12:42


သံယောဇဉ်ဆို
ဘယ်သံယောဇဉ်မှ မကောင်းဘူး။
သံယောဇဉ်မရှိသေးသူများ
မရှိတဲ့အတိုင်းပဲ နေကြစေချင်တယ်။
ရှိကြလို့ရှိရင်လည်း
သံယောဇဉ်ကြိုးကို မရှည်ခင်
တိုတိုဖြတ်တာကောင်းတယ်။
မုန်းစကိုတိုစေ၊ ချစ်စကို ရှည်စေလို့
ဆိုရိုးစကားရှိတယ်။
တစ်ခါတလေ ကျွန်တော် တွေးမိတယ်။
ချစ်စကိုတိုနိုင်ရင်
လူတွေဟာ ဒီထက်
ကံကောင်းကြမလား မသိဘူး။

- တက္ကသိုလ်ဘုန်းနိုင်

Love to share 🌻✨💞

16 Nov, 12:42


ဘယ်သူ့ကို စောင့်နေတာလဲ မေးရင်
ကျွန်တော့်မှာ အဖြေ မရှိ...။
တစ်ခုတော့ ပြောလို့ရတာပေါ့
ကျွန်တော် ဆေးလိပ်သောက်ရင်း
ရပ်နေမိတာမျိုးပါပဲ...။
ဘယ်သူ့ကိုမှလည်း မစောင့်ပါဘူး...။
ဘယ်သူမှလည်း လာတော့မယ်
မထင်ပါဘူး...။

#မောင်ဆောင်းခ

Love to share 🌻✨💞

16 Nov, 12:42


ချန်ထားခဲ့ဖို့ တွေဝေမှုမရှိတဲ့
လူတွေချည်း ရွေးချစ်ခဲ့တယ်

ကျန်ရစ်ခဲ့ရပုံက
အမြဲထုတ်ကြည့်မိရအောင်လှလို့
စိတ်မနာခဲ့ပါဘူး
သတ္တိရှိတယ် ဆိုရမလားပဲ ။ ။

#မြကျေး

Love to share 🌻✨💞

14 Nov, 12:13


သေးသေးလေးက အစ
ဘာပဲဖြစ်ဖြစ် အကုန် ပြောပြချင်တယ်။

အားနည်းချက်တွေရော၊ ဝမ်းသာစရာတွေရော
ငိုစရာတွေရော၊ ရယ်စရာတွေရော
အားလုံး မင်းကို ပြောပြချင်တယ်။
ဘာပဲ လုပ်လုပ် တိုင်ပင်ချင်တယ်။
ဘယ်ကိုပဲ သွားသွား အတူတူခေါ်သွားချင်တယ်။

ဝမ်းနည်းနေတဲ့အခါ မင်းကို နှစ်သိမ့်စေချင်တယ်။
ပျော်စရာတွေ ရှိတဲ့အခါ အတူတူမျှဝေချင်တယ်။
အတူတူရယ်ချင်တယ်၊ အတူတူငိုချင်တယ်
အရာအားလုံး မင်းနဲ့ အတူတူ လေ။

ငါ့မှာက မင်းတစ်ယောက်တည်းပဲရှိတော့
တစ်ခုခုဆို မင်းကို အရင်ဆုံးသတိရတယ်။ 🤎

-အောင်သူမိုး

Love to share 🌻✨💞

14 Nov, 12:13


မဖြစ်နိုင်တာတွေ အများကြီးနဲ့
   မဖြစ်သေးတာတွေ အများကြီးနဲ့
   နေ့ရက်တွေ အများကြီးနဲ့
   လုပ်ချင်တာတွေ အများကြီးနဲ့
   တကယ်မှာ
   မတတ်နိုင်တာတွေ အများကြီးနဲ့ ။
   ဒါကြောင့်ပင်
   ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ ။

   -အောင်ချိမ့်

Love to share 🌻✨💞

14 Nov, 12:13


တကယ်ကောင်းမွန်လှပတဲ့ အချစ်ဆိုတာ
"အားမစိုက်ထုတ်ရခြင်း" ပါတဲ့။

ကျေနပ်အောင်၊ ပျော်ရွှင်အောင်
တမင် ကြိုးစားလုပ်နေစရာ မလိုဘဲ
နှစ်ယောက်သား သက်သောင့်သက်သာ
သဘာဝကျကျ အဆင်ပြေနေတာမျိုးပါ။

သံယောဇဉ်တစ်ခုမှာ
တစ်ယောက်က ခွန်အားတွေစိုက်ထုတ်ပြီး
ကျန်တစ်ယောက် ပျော်ဖို့၊ စိတ်ကျေနပ်ဖို့
လုပ်ဆောင်နေရပြီဆိုရင်
ဒါဟာ
ကိုယ်နဲ့ လမ်းဆုံးထိအတူသွားမယ့် အဖော်မဟုတ်တော့ဘူး။

ကိုယ့်ကို တကယ်ချစ်တဲ့သူက
ကိုယ်ပင်ပန်းတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး။

#နိုင်းနိုင်းစနေ

Love to share 🌻✨💞

13 Nov, 14:58


မဖြစ်နိုင်တာတွေ အများကြီးနဲ့
   မဖြစ်သေးတာတွေ အများကြီးနဲ့
   နေ့ရက်တွေ အများကြီးနဲ့
   လုပ်ချင်တာတွေ အများကြီးနဲ့
   တကယ်မှာ
   မတတ်နိုင်တာတွေ အများကြီးနဲ့ ။
   ဒါကြောင့်ပင်
   ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ ။

   -အောင်ချိမ့်

Love to share 🌻✨💞

13 Nov, 14:21


ပြတ်သားရတာကလွယ်ပါတယ်...
ကိုယ်မချစ်တဲ့သူတွေကို ကျနော်တို့
ဒီလိုပဲ ချန်ထားခဲ့ကြတာပဲမဟုတ်လား

ဒါပေမဲ့  အချစ်ဆုံးတစ်ယောက်ဖြစ်နေတဲ့အခါ
(ကျနော်တို့ဟာ) မပြတ်သားချင်ခဲ့ကြဘူး

ဝဋ်တွေ လည်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။

-မိုးနေ့ အပိုင်းအစများ

Love to share 🌻✨💞

13 Nov, 14:20


ဒီတစ်ခါကွဲခဲ့တဲ့ လမ်းတွေက ငါတို့တွေ
အရင်လို ပြန်ဆုံနိုင်ဦးမှာလား ယဖရာ

နှစ်ယောက်တစ်လိပ်ဖွာခဲ့ဖူးတဲ့ ဆေးလိပ်တိုလေးကလည်း
အမှတ်တမဲ့လို့ပဲ ထင်ခဲ့ကြတာ

အဆင်ပြေအောင် နေပါဆိုတာကလွဲလို့
ကျန်တာ မတက်နိုင်တာ ခွင့်လွှတ်ပါကွာ ။

-နေညိုရောင်ခြည်

Love to share 🌻✨💞

12 Nov, 15:58


ကမ္ဘာကြီးကျဥ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်းငါတစ်ခုမှမရတော့ဘူး

ဆံပင်တွေဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်ထိရောက်နေပြီး ငါမသိဘူး

မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မာ မွှေနှောက်ရှာတယ်

နောက်ပြီး မြောက်အရပ်ကိုမျက်နှာမူလို့မျက်ရည်ဝဲတယ်
တိမ်တွေကပြောတယ်
ခွဲရတာတကယ်တဲ့ ။ 

-နွေသစ်ငြိမ်း

Love to share 🌻✨💞

11 Nov, 15:39


လူတစ်ယောက်က ကိုယ့်ကို ဆက်သွယ်ဖို့
မကြိုးစားတော့ဘူးဆိုရင်ကိုယ်ကရော
ဘာလို့ ဆက်ပြီး ဆက်သွယ် နေမှာလဲ ?

လူတစ်ယောက်ကို သိပ်ချစ်မိတဲ့အခါ
သူ့ထက် ခြေလှမ်းနှစ်လှမ်း ရှေ့သို့ လှမ်းပြီး
သူ့ဆီ သွားလိုက်ပါ ကိုယ်လာနေတာကို
တွေ့နေရင်တောင်  ဝမ်းပန်းတသာ
မကြိုဆိုဘူးဆိုရင် ရပ်လိုက်သင့်တယ်
နာကျင်စရာကောင်းပေမဲ့ ဒါဟာ
အကောင်းဆုံးအဖြေပါ။

ချစ်တဲ့စိတ်ကို လူတွေ ထိန်းချုပ်ဖို့
အခက်ဆုံးပဲ ဒါကြောင့် မဆက်သွယ်ခြင်းအားလုံးက မချစ်ဘူး အရေးမပါဘူးလို့ ဖော်ပြနေပါတယ်
ချစ်တဲ့အခါ မရမက ဆက်သွယ်ဖို့
ကြိုးစားမှာပဲလေ တစ်ဖက်က ကိုယ့်ကို
အလိုမရှိတော့ဘူးဆိုပြီး
ပါးစပ်နဲ့ တိုက်ရိုက်မပြောဘဲ လုပ်ရပ်ဖြင့်
ပြတဲ့အခါ ဒါကို နားလည်ဖို့ လိုတာပါ။

crd

Love to share 🌻✨💞

09 Nov, 10:59


ကိုယ်တန်ဖိုးထားရတဲ့သူတွေကို မဆုံးရှုံးချင်ရင်
ကိုယ့်ဘက်က ထိန်းသိမ်းစောင့်ရှောက်တတ်ရမယ် ။
အရှုံးမခံနိုင်တဲ့အရာတွေအတွက် အမြဲ ကြိုးစားရမယ် ။ အနားမှာ ရှိနေတုန်းကတော့ ဂျောင်ထိုးထားပြီး
ဝေးသွားတော့မှ နောင်တရနေရင် အလကားပဲ ။

သူမကြိုက်ပါဘူးလို့ပြောတဲ့အရာကို
သူစိတ်မပျက်သွားဖို့ ဆင်ခြင်ရတယ် ။
ကိုယ့်ကို attached ဖြစ်ဖို့အတွက် သူ့စိတ်လေးလုံခြုံတယ်လို့ ခံစားရအောင် ရှိနေပေးရတယ် ။
အားငယ်တဲ့စိတ်မျိုး သူ့ဘက်က ခံစားနေရချိန်မှာ
ဘေးကနေ ကွယ်ကာပေးဖို့အတွက် အသင့်ရှိနေရတယ် ။
ချစ်ကြောင်းပြောဖို့ ၊ ချီးမွှမ်းစကားတွေဆိုဖို့
အမှတ်တရနေ့တွေ မေ့မပစ်ဖို့ သိပ်အရေးကြီးတယ် ။

သေးငယ်တဲ့ အပြုမှုတွေမှာ ကြီးမားတဲ့
ချစ်ခြင်းတွေပေါက်ဖွားနေတတ်တာမို့
အမြဲ ဂရုတစိုက်ရှိဖို့လိုတယ် ။
ဒါတွေဟာ အပန်းကြီးတဲ့အရာမဟုတ်ဘူး ..
အပျင်းမကြီးဖို့ပဲ လိုတာ ။

ဝေးရတယ်ဆိုတာဟာ ပြဿနာကြီးကြီးမားမား
တစ်ခုကြောင့် လမ်းခွဲလိုက်ချိန်မှ မဟုတ်ပဲ
လစ်ဟင်းပေါ့ပျက်မှုတွေ မသိမသာများလာနေတာဟာ
တစ်စတစ်စ ဝေးကွာလာတာပဲဖြစ်တယ် ။
အဲဒီအရာတွေက အတိုင်းတာတစ်ခုထိ
ရောက်လာတဲ့အခါ ကိုယ့်ဘက်က
ထိန်းထားချိန်တောင်မရပဲ အဝေးကြီး
လွင့်စင်ထွက်သွားတတ်ပါတယ် ။

ကြိုးစားမှု မပါတဲ့ အရာက ဘယ်တောခါမှ
ကြာရှည်မမြဲတတ်တာမို့ ..
ကိုယ်အရှုံးမခံနိုင်တဲ့အရာတွေအပေါ်
ကြိုးစားပေးဖို့ လုံးဝ မပျက်ကွက်ပါနဲ့ ။

#TharHtwe

Love to share 🌻✨💞

09 Nov, 10:59


အမှန်ဆိုရင် "ကိုယ် မင်းကို မချစ်တော့ဘူး"
ဆိုတာ ညာတာ။
လမ်းလွဲသွားကတည်းက ကိုယ် မင်းကို
မလွမ်းခဲ့တဲ့ ညဆိုတာ မရှိဘူး။
ရူးသွပ်သွားတော့မလို ပြိုလဲ ပျက်စီးသွားလဲ
ကိုယ် ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

#tarmhyuunge

Love to share 🌻✨💞

04 Nov, 10:30


လူတစ်ယောက်ကို အဲ့သလောက်
ချစ်နိုင်ပါလားလို့
ခင်ဗျား ကိုယ် ခင်ဗျား
အံ့သြမှင်သက်လို့ မဆုံးခင်မှာပဲ

အဲ့ဒီလူဟာ ခင်ဗျား ဘဝထဲက  ထွက်သွားဖို့
တနည်းနည်းနဲ့ ပြင်ဆင်ပြီးနေပြီ ဖြစ်တယ်
ခင်ဗျားတို့ တစ်ဘဝလုံး သိလာတဲ့
ချစ်ခြင်းမေတ္တာရဲ့ အသွင်သဏ္ဍာန်ဆိုတာ အဲ့ဒါပါပဲ

- ဘုန်းပြည့်စုံမင်း

Love to share 🌻✨💞

04 Nov, 10:19


ငါတို့မေ့လျော့ခဲ့ကြတယ်
ရှင်ခြင်းဟာ သေဆုံးနေပြီး
သေခြင်းဟာ ရှင်သန်နေတယ်ဆိုတာ
ငါတို့မေ့လျော့ခဲ့ကြတယ်။

-အောင်ချိမ့်

Love to share 🌻✨💞

04 Nov, 10:19


Relationship နဲ့ပတ်သက်ပြီး ဘဝမှာ
အပြင်းထန်ဆုံး Trauma တစ်ခုရှိတယ်

အကောင်းဆုံးကြိုးစားပြီး မြတ်နိုးပေးမယ့် ဒီလူ
တစ်ယောက်တည်းရဲ့ မေတ္တာနဲ့တင် မလုံလောက်ဘဲ
တခြားသူတွေဆီကပါ စိတ်သာယာမှုကို ရှာဖွေဖို့
ကြိုးစားလေ့ရှိတဲ့သူမျိုး ကို ချစ်သွားမိမှာကြောက်တာ

ကိုယ့်ကိုထားသွားဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူမျိုး...
အစားထိုးစရာတွေ အများကြီးရှိနေတတ်တဲ့သူမျိုး...
မျက်ရည်ပေါက်ကြီးငယ်ကျစေဖို့ ရည်ရွယ်တတ်တဲ့သူမျိုး...
ကျွန်တော် ထပ်ပြီး ဆုံတွေ့ဖို့ ခွန်အားတွေမရှိတော့ဘူး

ကိုယ်တိုင်က ဘယ်လိုအခြေအနေမျိုးမှာမဆို
ကိုယ့်ချစ်သူရဲ့စိတ်ကလေးကို မညှိုးနွမ်းစေတတ်တဲ့ သစ္စာရှိတဲ့သူမို့ ကိုယ့်လိုလူကိုပဲ ကိုယ်ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်တယ် ❤️

crd

Love to share 🌻✨💞

04 Nov, 10:18


နှစ်ဦးနှစ်ဖက်မှ မဟုတ်ရင်
တဖက်သတ် မဖက်တွယ်ရဘူး

သိက္ခာလည်း ရှိရသလို
ဥပေက္ခာလည်း ထားရတယ်

စွန့်လွှတ်စိတ်လည်း တွေးရမယ်
ခွင့်လွှတ်စိတ်လည်း မွေးရမယ်

ချစ်ခြင်းမေတ္တာ ဆိုတာ
တိုက်ယူလည်း မရဘူး
ထိုက်သူပဲ ရတာပါကွယ် ။ ။

#ခွန်ဟိဏ်း

Love to share 🌻✨💞

01 Nov, 16:32


လူတွေ တစ်ယောက်နဲ့တစ်ယောက် အစပိုင်းအရမ်းချစ်ကြပြီး နောက်ပိုင်းဘာလို့ လမ်းခွဲသွားကြလဲဆိုတော့
တယောက်အရေးပါမှုကို တယောက်က သာမာန်လို့ပဲထင်လာတဲ့အခါ
လှလား လို့ မေးရင်တောင် သာမာန်လိုပဲပြုမူတတ်တဲ့အခါ
အမှတ်တရလေးတွေဖန်တီးကို အလေးမထားလာကြတဲ့အခါ
အလုပ်တွေလုပ်ရင် တကယ့် ဘဝ အလုပ်တွေက်ို မေ့လာတဲ့အခါ

လူနှစ်ဦး ပေါင်းစပ်မှုဟာ တနေ့တာလုံး အချိန်တွေပိုင်ဆ်ိုင်ထားမှမဟုတ်ဘူး
၂မိနစ်အချိန်ရလို့ အဲ့ဒီ ၂မိနစ်လေးမှာ ၁ဦးပေါါ၁ဦး take careလုပ်ပေးနိုင်တာလဲ ချစ်ခြင်းမေတ္တာပဲ
သာမာန်ဆိုတာ သူစိမ်းတွေမှ ဆက်ဆံတာပါ
ရင်နှီးချစ်ကျွမ်းဝင်မှုဟာ ကိုယ်တို့ ဘလောက် attentionပေးသလဲ ဆ်ိုင်ပါတယ်
အားလပ်ရက်တခုမှာ
ကိုယ်တို့အပြင်သွားမယ်
အပြင်သွားရင်း ရုတ်တရက် ပန်းလေး လှမ်းခူးပီး ပန်ပေးလိုက်တာကလဲ ချစိခြင်းမေတ္တာပေါ့
ကျနော်တိူ့တွေဟာ အချစ်ကိုတွေ့ရှိကာမှ
သာမာန်လူတွေလိုသာ ဆက်ဆံနေရင်
ဒါဟာ ချစ်ခြင်းမေတ္တာ လို့မဟုတ်ဘူး တဥိးကိုတဦး သိတာလို့ပဲခေါ်တယ်
ချစ်သူတွေဆိုတာ အလေးထားရတယ်
ရင်ခုန်အောင်လုပ်ပေးတတ်ရတယ်
အဖိုးအဖွားတွေ အသက်-၈၀ကျော်တဲ့ထိ အချစ်တွေခိုင်မြဲနေတယ်ဆိုတာကလေ
ရင်ရွှေ ချက်ပေးတဲ့ဟင်းလေးကမှ စားကောင်းတာ ပါဆ်ိုပီး အဖွားရှေ့မာ ပြောလိုက်ရင် အဖွားအချစ်တွေ အသစ်တဖန်မွေးဖွာခဲ့ပြီ

အချစ်က အမြဲသစ်နေဖို့လိုတယ်
Romantic ဆန်ရတယ်
ငိုရတယ်
ငြင်းခုန်ရမယ်
အမှတ်တရတွေ ဖန်တီး ကြမယ်
တယောက်ခံစားချက်ကိုတယောက်က နားလည်ပေးနိုင်ရမယ်
ဒါမှ ချစ်သူလို့ပဲသတ်မှတ်ကြတာပေါ့

ချစ်သူဘဝမှာ သာမာန်လူတွေလ်ုပဲ သွားချိန်တန်သွား/ ဘာမှ romantic မဆန်/attentionမပေးရင် အလကားပါပဲ

ညနေစောင်းမှာ ကော်ဖီတခွက် သောက်ပီး
ဒီနေ့အရမ်းလှနေတယ်ဆိုတဲ့ စကားတခွန်းဟာ သိပ်အရေးပါတယ်နော်။

#Aurum

Love to share 🌻✨💞

26 Oct, 16:27


ကိုယ့်အတွက် ကိုယ်ကလွဲပြီး
လုံလုံလောက်လောက်
မှီခိုစရာ မရှိဘူးဆိုတာကို သိတော့

စိတ်ဓါတ် ကျစရာတွေ ကြုံလာရင်တောင်
တိတ်တိတ်လေး ဟန်ဆောင်ပြီး သန်မာခဲ့ရတယ် ။
#ᗩᒪOᑎᗴ

Love to share 🌻✨💞

24 Oct, 15:39


ချစ်ပြီဆိုလည်း အဆုံးထိချစ်လိုက်တယ်
မချစ်တော့ဘူးဆိုလည်း နဲနဲမှပြန်မငဲ့ညှာတတ်ဘူး

ချစ်နေတုန်းမှာ ဖ၊မ်းဆု၊ပ်မထားနိုင်ဘူးဆိုရင်
ကိုယ်ကဘယ်တော့မှ ပြန်မရနိုင်မယ့်လူမျိုး ။

crd

Love to share 🌻✨💞

24 Oct, 15:32


ဆံပင် အရှည်ထားမယ်လို့ သူပြောတုန်းက 
ဆံညှပ်ကလစ်လေးတွေ ခေါင်းစည်းကြိုးလေးတွေ
ဝယ်စု‌ ပေးထားမိတယ်။

မြန်မာဝတ်စုံဝတ်ဖို့
ဝိတ်ချမယ် ပြောတော့လည်း
ပိတ်စ ဖိုးအတွက်  ပိုက်ဆံ စုပေးမိတာပဲ။

ဘဝကြီးက ကြမ်းတမ်းကြောင်း
သူညည်းတဲ့နေ့က
ကတ္ထိပါဖိနပ်လေးတစ်ရံ လက်ဆောင်ပေးဖြစ်တယ်။

သီချင်းနားထောင်နေတုန်း အနားကပ်ထိုင်လာတဲ့အခါ
နာကြပ်လေး တစ်ဖက်ဖြုတ်ပေးတတ်တဲ့ကိုယ်က
တစ်စားပွဲထဲ ထိုင်ပြီး စားသောက်ကြတဲ့အခါလည်း
အသားဟင်းခွက်လေးကို
မင်းဘက်ကို တိုးကပ်ပေးမိမှာပဲ။

မင်းသိလား
ကိုယ် လက်ခံထားမိတဲ့ ချစ်ခြင်းမေတ္တာက
အလိုက်သိပြီး ငဲ့ညှာရမယ် ဆိုတာပါပဲ..။    

—
#Lionel Sn

Love to share 🌻✨💞

22 Oct, 16:18


လူတစ်ယောက်ကိုချစ်မိပြီဆိုကတည်းက
အဲ့ဒီ နှလုံးသားဟာ
တယုတယသေမိန့်ကျတော့တာပါပဲ ။

- တာရာမင်းဝေ

Love to share 🌻✨💞

20 Oct, 16:17


တစ်ယောက်တည်း မထိုင်ဖြစ်တဲ့ ဆိုင်တွေကိုလည်း
ဒီတိုင်း စမ်းထိုင်ကြည့်ရင်းက ကျင့်သားရသွားတာပဲ ။
တစ်ယောက်တည်း မတည်းရဲတဲ့ Hotel တွေလည်း
စမ်းတည်းကြည့်ရင်းက အဆင်ပြေလာတယ် ။

တစ်ယောက်တည်း သွားလို့အဆင်မပြေဘူးထင်တဲ့
ခရီးတွေလည်း စမ်းသွားကြည့်ရင်းက သွားရဲသွားတာပဲ ။
ခက်ခဲမယ် ထင်ထားတဲ့ ဘာသာစကားတွေလည်း
လေ့လာရင်းက လွယ်ကူလာတယ် ။

ပြန်ခံမပြောရဲတဲ့ လူတွေကိုလည်း ပြန်ပြောမိရင်းကနေ
ကိုယ်မှန်ရင် ကြောက်စရာမလိုဘူးဆိုတဲ့ သတ္တိတွေ ရလာတယ် ။
အသဲကွဲရမှာကြောက်လို့ မရုန်းထွက်ရဲတဲ့ ဆက်ဆံရေးတွေဟာလည်း တကယ်တမ်းပြတ်သားလိုက်ပြန်တော့လည်း ဘာမှမထူးဆန်းပါဘူးလေ ။

ဘယ်အရာပဲ ဖြစ်ဖြစ် … စမ်းကြည့်ရင်း ၊ စလုပ်ရင်းက
တတ်မြောက်သွားကြတာ ။ ဘယ်အရာကိုမှ မကြောက်ပဲ ဖြစ်ချင်တာကို ရဲရဲသာလုပ်ရမယ် ။ ကိုယ်မလုပ်လိုက်ရတဲ့ အရာတွေကို ပြန်တွေးကြည့်ရင် တကယ်တမ်းက ကြောက်နေခဲ့တာ ။

မဖြစ်နိုင်ဘူး … မလုပ်နိုင်ဘူး ထင်တာတွေကို စတင်ကြည့်လိုက်ရင်းက သတ္တိတွေရှိလာတယ် ၊ တတ်မြောက်လာတယ် ။ ရင့်ကျက်မှုတွေကလည်း အဲ့ကနေ ရလာခဲ့တာပဲ ထင်တယ် ။

တချိန်မှာ နောင်တမရချင်ရင် … ငယ်ရွယ်သန်မာတုန်း မလုပ်ရဲတာမရှိအောင် သတ္တိမွေးထားဖို့လိုမယ်တဲ့ ။

- Thar Htwe -

Love to share 🌻✨💞

20 Oct, 14:13


မင်းဟာငါ့ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာဖြစ်အောင် လုပ်ပေးတဲ့တစ်ခုတည်းသောအရာပဲ
မင်းရှိနေတယ်ဆိုတဲ့ အသိဟာ ငါ့အမှောင်ထုတွေကို ဖယ်ရှားပေးခဲ့တယ်
ကျေးဇူးပြုပြီး
တစ်ယောက်ကိုတစ်ယောက်တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ကြရအောင်။။ 

- မြူနှင်းခက်

Love to share 🌻✨💞

20 Oct, 14:12


မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့အခါကျ

မခံစားဘူးတဲ့
လူတစ်ချို့ကပြောတယ်

“ဘာမဟုတ်တာလေးနဲ့”တဲ့။

-အောင်ချိမ့်

Love to share 🌻✨💞

20 Oct, 14:12


ငေးကြည့်ရုံနဲ့ ကျေနပ်နေရုံပေါ့
မပိုင်ဆိုင်ရ ပေမယ့်
အဝေးကနေ သူပျော်နေတာလေးမြင်ရရုံတင် ဘဝအမော
တစ်ခန ရပ်တန့်သွားနိုင်တယ်လေ။

#မိုးတိမ်

Love to share 🌻✨💞

20 Oct, 14:12


ကျနော်ရပ်နေခဲ့တယ်
ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင်
ပြန်ဆုံနိုင်လိမ့်အုံးမယ်အထင်နဲ့..

လူတွေညာတယ်
ကမ္ဘာဟာ တကယ်မှမလည်ပဲ
ဘယ်မှာပြန်ဆုံကြလို့လဲ.. ။

#ရိပ်ငြိမ်

Love to share 🌻✨💞

19 Oct, 16:18


ဘယ်လိုမှ အဆင်မပြေမှန်းသိနေရဲ့သားနဲ့
လက်လွှတ်လိုက်ရမလား ၊ ဆက်ပဲဆွဲထားရမလား
ဆောက်တည်ရာမရဖြစ်နေတဲ့သူတွေကိုတွေ့ရင်
အဆုံးထိဆွဲထားဖို့ပဲ အကြံပေးဖြစ်တော့တယ်

အရှက်ဆိုတာ ကမ်းကုန် ၊ မာနဆိုတာ
တစ်စက်မှ မကျန်တော့တဲ့ ဟိုးအောက်ဆုံးထိရောက်ဖူးသွားတဲ့အခါ
ချစ်စိတ်တွေဟာ အလိုလို ကုန်ခမ်းသွားပါလိမ့်မယ်

Move on လုပ်ဖို့ အချိန်တောင် မပေးရတော့တဲ့အထိ
သံယောဇဉ်တွေ ယတိပြတ်သွားတာမျိုးပေါ့ ..

crd

Love to share 🌻✨💞

17 Oct, 16:41


ကျွန်တော်တို့က အတ္တကိုယ်စီနဲ့ သက်ရှိလူသားတွေ
ငါ ဒီမှာပါလို့ ကိုယ့်အရှိတရားကိုဖော်ပြရတာထက်
တစ်ယောက်ယောက်က လိုက်ရှာစေချင်တယ်
ဦးစားပေးခံချင်တယ်
ဂရုစိုက်ခံချင်တယ်
အချစ်ခံချင်တယ်။

-ဘယ်လာခင်

Love to share 🌻✨💞

17 Oct, 16:27


တစ်ခါတလေ စိတ်ပင်ပန်းမှုက
တော်တော်လေး ပြင်းထန်တယ်နော်
သီချင်းတွေလည်း မတိုးတော့ဘူး
စကားပြောဖော်လည်း မထိရောက်တော့ဘူး
အရာရာကနေ ခွဲထွက်ပြီး
တစ်ယောက်တည်း ‌ခွေနေဖို့ပဲ ရွေးချယ်ချင်တော့တာ။

    - Lionel Sn -

Love to share 🌻✨💞

16 Oct, 16:30


ထိခိုက်သွားတဲ့ စိတ်တွေကို တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ပြန်ပြင်လို့မရနိုင်ဘူး
အချို့လုပ်ရပ်တွေနဲ့ စကားတွေဟာ
မပြောခင်နဲ့မလုပ်ခင်မှာ ပြန်ပြီး သုံးသပ်သင့်တာမျိုးပေါ့
စိတ်တွေထိခိုက်သွားရင် ဘယ်တော့မှအကောင်းအတိုင်း
အရင်ကခံစားချက်တွေအတိုင်းပြန်မဖြစ်နိုင်တော့ဘူး
ထပ်တူကျတဲ့ moment မျိုးပြန်ဖြစ်လာတဲ့အခါ
why it's happening again ဆိုတဲ့စိတ်က ဦးနှောက်ကို remind နေမှာ
"ဒါမျိုးထပ်ဖြစ်ပြန်ပြီ" ဆိုတဲ့ အတွေးက လူကိုသိပ်ပင်ပန်းစေတယ်

"တောင်းပန်ပါတယ်" ဆိုတဲ့ စကားက အရာတိုင်းကို fix မလုပ်နိုင်ဘူး ထိခိုက်ရှနာသွားတဲ့ စိတ်တွေကိုဆို
ပိုလို့တောင် မပြုပြင်ပေးနိုင်ပါဘူး

:ctto

Love to share 🌻✨💞

16 Oct, 12:48


အတူရှိနေတဲ့အခါ ပျော်ရွှင်ရပြီး အတူမရှိနိုင်တော့တဲ့အခါ လွမ်းရပါတယ်။ခွဲခွာခဲ့ရတဲ့ ညနေခင်းတွေဟာ ကြာခဲ့ပြီ ဆိုပေမယ့် ကိုယ့်အတွက်တော့ မနေ့တစ်နေ့ကလိုပါပဲ။အပြေးလေးလာပြီး ပွေ့ဖက်ထားလိုက်ချင်ပေမယ့်ဖြစ်မှမဖြစ်နိုင်တော့တာ အချစ်ရယ် " ဒီနေ့လည်း မင်းကို သိပ်သတိရတယ် "

#linnyothway

Love to share 🌻✨💞

14 Oct, 16:21


အမှတ်တမဲ့ ပြန်တွေ့လိုက်မိတော့
ဒီလူကို တစ်ချိန်က ငါ အရမ်းချစ်ခဲ့တာပါလားဆိုပြီး
သတိရမိတယ် ၊ သူ့ကြောင့် ဖြစ်တည်ခဲ့တဲ့
ပျော်ရွှင်မှုတွေ နာကျင်မှုတွေ ။

အဲ့အချိန်တုန်းကတော့ကိုယ်ဟာ အရူးမီးဝိုင်းပါပဲ
သူမှသူ ၊ ဘာနေနေ သူ့စိတ်နဲ့ပဲ …
သူနဲ့ ဝေးရရင် သေကိုသေမှာ ဆိုတဲ့ စိတ်နဲ့ပဲ ။
အခုကျတော့ လဲ ဒါတွေက ဘာမှမဟုတ်ခဲ့သလို
ပြန်မြင်ရတော့ ချစ်တာလဲ မရှိတော့ဘူး
မုန်းတာလဲ မရှိတော့ဘူး ၊ အေးဆေးပဲ ။

တကယ်တော့ အချိန်ပဲ လိုတယ် ဆိုတဲ့
စကားက တကယ်မှန်တယ် ။
ဘာ ခံစားချက်မှ မရှိတော့တာမျိုးလေ

crd

Love to share 🌻✨💞

12 Oct, 16:16


ထာဝရမပြောနဲ့ မနက်ဖြန်မှာတောင်
ဘာဖြစ်မလဲ ဘယ်သူမှ သေချာမသိဘူး။

ဒီတော့ လက်ရှိအချိန်လေးကိုသာ အာရုံစိုက်၊
မိသားစုတွေနဲ့ စကားများများပြော၊
သူငယ်ချင်းတွေနဲ့ အချိန်ပေးလျှောက်လည်၊
မေတ္တာရှိရသူကိုလည်း
တန်ဖိုးထားချစ်ရကြောင်းတွေ သိအောင်ထုတ်ပြ။

ဒီနေ့ဟာ နောက်‌ဆုံးဆိုရင်တောင်
မနက်ဖြန်မှာ နောင်တမကျန်ချင်ရင်
ကျွန်တော်တို့ ချစ်ရသူတွေကို
ရင်ထဲကအတိုင်း ပြုမူဆက်ဆံဖို့လိုပါတယ်။

crd

Love to share 🌻✨💞

11 Oct, 16:44


အထီးကျန်တဲ့ ခံစားချက်ရှိတာကလွဲရင်
တယောက်ထဲနေရတာက ကောင်းပါတယ်
ဘယ်သူ့ကြောင့်မှ မခံစားရတော့သလို
ကိုယ့်ကြောင့်နဲ့ ဘယ်သူမှ ဒုက္ခ မရောက်တော့ဘူး

crd

Love to share 🌻✨💞

11 Oct, 10:13


တစ်ချို့အရာတွေက တစ်ကြိမ်တစ်ခါလွဲပြီးရင်
ပြန်မဆုံကြတော့မဲ့လူတွေ ၊ မဖြစ်နိုင်တော့မဲ့ အရာတွေဟာ
တကယ် ရှိခဲ့တယ် …

ခရီးအတူထွက်ဖို့ တိုင်ပင်ထားကြတဲ့ ဘော်ဒါတွေက
ပြန်ရှာမရအောင် အဆက်သွယ်ပြတ်ကုန်တယ်

" နောက်တစ်ခါ လာလည်ရင် ရှမ်းပြည်က တိုဟူးချဉ်လေး လက်ဆောင်ယူခဲ့ပါ " ဆိုတဲ့ သူငယ်ချင်းက
ကိုယ်နောက်တစ်ကြိမ်ပြန်မရောက်ခင် အချိန်မှာပဲ
ဆုံးပါးသွားတယ်

" သား ကားဝယ်ပြီးရင် ပုဂံလိုက်ပို့မယ် " လို့ ကတိပေးဖူးတဲ့ အဖွားက အိပ်ယာထဲက မထနိုင်တော့ဘူး ၊ " ငါ့မြေးလေး ကားနောက် လိုက်မစီနိုင်တော့ဘူး  ၊ ပုဂံ လဲ မရောက်ဖူးတော့ဘူး " တဲ့

သေချာပေါက် စောင့်နေမှာမို့ အမြန်ပြန်လာပါဆိုတဲ့
လူတစ်ယောက်က တခြားတစ်ယောက်နဲ့ အဆင်ပြေနေခဲ့ပြီ

ကတိတွေ က မမြဲခဲ့ဘူး …
မနှစ်က ကိုယ့်ဘေးနား ရှိနေတဲ့လူတွေဟာ
ဒီနှစ်မှာ မရှိကြတော့ဘူး ။
နှောက်နှစ်တွေမှာလဲ ဒီအဖြစ်က ထပ်ကြုံရဦးမယ် ။
အသစ်တွေ ဝင်လာလိုက် ၊ အဟောင်းတွေ ထွက်သွားလိုက်နဲ့ ဘဝက ရင်ဖို စရာပဲ ။

ရှိနေတုန်းမှာ တန်ဖိုးထား ၊ လုပ်ပေးနိုင် သလောက်လုပ်ပေး
ကတိတွေဟာ မသေချာဘူး ၊
တစ်နေ့ကျရင်ဆိုတာ တကယ် မရှိခဲ့ဘူး ၊
ဒါဟာ စိတ်ကူးသက်သက်ပဲ ။

ဒီနေ့ပဲ ချစ် ၊ ဒီနေ့ပဲ တန်ဖိုးထား
ဒီနေ့ပဲ နီးနီးကပ်ကပ် နေလိုက်ပါ …. ။

- Thar Htwe -

Love to share 🌻✨💞

10 Oct, 16:09


မလိုအပ်ရင် စကားအပိုတွေ မပြောချင်ဘူး။
အာရုံနောက်မခံနိုင်လို့ အချေအတင်တွေလည်း မငြင်းချင်ဘူး။ ဟိုလူက ဘာဖြစ်တယ် ဒီလူက ဘယ်လိုဆိုတာလည်းစိတ်မဝင်စားဘူး။

လူတိုင်းကို လေးလေးစားစားပဲဆက်ဆံတယ်။
ခင်လည်း ခင်တတ်တယ်။ လုပ်ပေးစရာရှိရင် လုပ်ပေးလိုက်တယ်။ ပြောစရာရှိရင် ပြောလိုက်တယ်။

အမုန်းလည်းမရှိသလို အာဃာတလည်းမရှိဘူး
ကိုယ့်သန္ဓေနဲ့ကိုယ် သူ့သန္ဓေနဲ့သူလာတာမို့ ဘယ်သူ့အမှားကိုမှလည်း အပြစ်မမြင်ဘူး။ 

Social ကောင်းပေမယ့်
အေးဆေးနေချင်ချိန်ကျ Social မကောင်းသလို
နေလိုက်တယ်။

ဒါပေမယ့် ဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ဘူး
ကိုယ့် Mood နဲ့ကိုယ် တတောက်တောက်လုပ်နေရတာကိုပဲ ပိုသဘောကျလို့။

—
#ElzA

Love to share 🌻✨💞

09 Oct, 14:42


လောကကြီးကို အကောင်းအတိုင်းပဲ မြင်ချင်တယ်
မနက်ဖြန်မှာ ပန်းတွေပိုပွင့်စေချင်တယ်
ချစ်ရတဲ့သူကို ချစ်ရတဲ့အကြောင်းတွေ
တယုတယ ပြောပြချင်တယ်
ပြီးတော့ နွေးထွေးစေချင်တယ်...🤎💫

Love to share 🌻✨💞

09 Oct, 13:31


ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှအလကားမရဘူး

ဒဏ်ရာတွေလည်း အလကားမရဘူး
ဒုက္ခတွေလည်း အလကားမရဘူး

ဘယ်အရာမှ အလကားမရဘူး
ဘယ်အရာမှ အလကားမရဘူး

-မောင်ချောနွယ်

1,572

subscribers

4

photos

840

videos