နာကျင်မှု ရယ်သံ အက်ကွဲကွဲလေးတော့ ပါတာပေါ့
မင်းကိုချစ်တယ်လို တစ်နေ့သုံးခါ
တိုးတိုးလေးရည်ရွတ်တယ် အဲထက်လည်း
အကြိမ်ရည်ပိုပါလေ
ဒီလို တဖွဖွရွတ်ဆိုနေရခြင်းဟာ
မင်းကို စတွေ့တုန်းကလိုပဲ ရင်ခုန်မှုက
သက္ကရာဇ် တိုက်စားသွားပြီး အချိန်ကာလပြောင်းသွားပေမဲ့
မပြောင်းလဲပဲ တည်ရှိနေတဲ့ ငါ့ရင်ထဲက
စကားလေးတစ်ခွန်းကို မင်းကြားခွင့်ရတော့မှာမဟုတ်တော့ဘူး
မင်းကြားချင်တဲ့ လူဆီကနေ
အကြိမ်ကြိမ် ကြားနာခွင့်ရပြီး
ရိုးအီနေလောက်ပြီလား
ဒါမှမဟုတ် ရင်ခုန်သံတွေ လက်ဆက်နေတုန်းပဲလား
ဒီလို လေး နဲ့
အဲဒီလို လေး နဲ့...
ဇာတ်ကားတွေထဲကလို
လေးနှစ်ခန့်ကြာသော်လို့ စာတမ်း မထိုးပေမဲ့
အရာအားလုံးဟာ မျက်စိတစ်မှိတ်အတွင်းလေးပဲလို ထင်ရင်း
မင်းကို ကမ္ဘာကြီးရဲ့ တနေရာရာက
ချစ်နေလျက်ပါပဲ...
ပြန်တွေ့ကြဖို့ အစီအစဥ်က
မရှိတော့လောက်အောင် ငါတို့ ဝေးကွာသွားခဲ့ပြီ
အယောင်အဆောင်များတဲ့ မြို့ပြကြီးထဲ
မင်းဂရုစိုက်စေချင်တယ်
ကိုယ်ပေးတဲ့ မေတ္တာကိုယ်
စူးပြီး ရူးနေရခြင်းအကြောင်းကို
ဒီဇင်ဘာ ၂၇ ရက်ရောင်တိုင်း
နာကျင်မှုအနာဖေးခွာရင်း
ဆက်၍ ဆက်၍
မင်းကို ချစ်နေဦးမယ်
ဆူး ရေ
ဖြူဖြူစင်စင် မင်းအဲဒီရင်ခွင်မှာ
ပျော်ရွှင်ပါစေ ချမ်းမြေ့ပါစေ
#ခန့်ထည်