Kalaw Township Media @kalawtownshipmedia Channel on Telegram

Kalaw Township Media

@kalawtownshipmedia


ကလောမြို့နယ်အတွင်းရှိ သတင်းများအား တတ်နိုင်သမျှ အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားပါမည်။

Kalaw Township Media (Burmese)

ကလောမြို့နယ်တွင် ထုတ်လွှင့်ရှိသတင်းများကို တတ်နိုင်သော 'Kalaw Township Media' ခေါ်ပါတန်းအား အချိန်နှင့် တပြေးညီဆက်သွားပါပြီ။ ဤခေါ်ပါတန်းသည် ကလောမြို့နယ်ရှိ သတင်းများအား အတွက် အစီအစဥ် တတ်ပြီး တင်ဆက်ပေးသည်။ 'Kalaw Township Media' ခေါ်ပါတန်းသည် သတင်းများရှိပြီး ကလောမြို့နယ်ရှိ လူများ၏ စိတ်ကြိုက်ကိရိယာ နှင့် ပြည့်စုံရန် သတင်းများအား ထည့်အပ်ပါသည်။ ကလောမြို့နယ်ရှိသတင်းများအား တည်ဆောက်ပြီး သတင်းများကို နောက်ဆုံး အကြောင်းအရာကို အတွင်းဝင်ရောက်နိုင်ရမည်။ 'Kalaw Township Media' ခေါ်ပါတန်းသည် ကလောမြို့နယ်တွင် သတင်းများအား အချိန်နှင့် တပြေးညီ တင်ဆက်ပေးပါပြီ။

Kalaw Township Media

25 Jul, 23:19


The owner of this channel has been inactive for the last 1 month. If they remain inactive for the next 9 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.

Kalaw Township Media

18 Nov, 16:47


Breaking News : ကလောမြို့ပေါ်တွင် ယခုည (၁၀:၀၀) ဝန်းကျင်အချိန်၌ စစ်သားနှင့်ရဲများ လမ်းတစ်လျှောက်လှည့်ပတ်နေပြီး အင်အား(၂ဝ)ခန့်ရှိကြောင်း သိရသည်။ သေနတ်များလည်းပါရှိပြီး အိမ်စီးကားအသုံးပြု၍လှည့်ပတ်နေကြသည်ဟု သိရသည်။

ကလောမြို့တွင်ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်အား အောင်ပန်းမြို့ပြပြောက်ကျားတပ်စု (UTF-ABN)မှ ယမန်နေ့ နိုဝင်ဘာ ၁၇ က ကန့်ကွက်ရှုံ့ချကြောင်း ကြေငြာချက်ထုတ်ပြန်ပြီးချိန်တွင် ယခုကဲ့သို့ကြုံတွေ့ရခြင်းလည်းဖြစ်သည်။

#ktm #urbantaskforceaungban

Kalaw Township Media

18 Nov, 03:19


မင်္ဂလာပါ ပြည်သူတို့

သတင်းတွေတင်ဆက်ပေးဖို့အတွက် ကျနော်ပြန်လာပါပြီ

Kalaw Township Media

07 Nov, 05:13


ကျေးဇူးပါကလော...
တန်ဆောင်တိုင်ဆိုတာ ကလောသူကလောသားတွေအတွက်တော့ လုံးဝဖျက်လို့ဖျောက်လို့မရတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ နှစ်စဉ်နှစ်တိုင်း မပျက်မကွက်ကျင်းပခဲ့ရတဲ့ ဒီပွဲတော်ကြီးဟာ COVID-19 ဆိုတဲ့ ကပ်ရောဂါကြီးပေါ်လာကတည်းက ပွဲလည်းပျက်ရတော့တာပါပဲ။ ဒီလိုနဲ့ ကိုဗစ်ကြီးပြီးရင်တော့ ငါတို့တွေပွဲပြန်လုပ်ကြမယ် မပျော်ခဲ့ရတဲ့နှစ်အတွက် အတိုးချပျော်ကြမယ်ဆိုပြီး အားခဲထားခဲ့ကြတယ်။
အဲဒီမှာဇာတ်လမ်းကစတော့တာပဲ။ ကပ်ရောဂါကြောင့်ချွတ်ခြုံကျစပြုနေတဲ့တိုင်းပြည်ဟာ ပြန်လည်နလံထူစရှိသေး နလပိန်းတုံးတစ်ကောင်ကြောင့် ချောက်ထဲပါကျခဲ့ရတယ်။ အဘက်ဘက်ကနေပြန်တည်ဆောက်ဖို့လိုနေတဲ့အချိန်ကျမှ တစ်ခါပြန်ပြီး မသမာသူအုပ်စုရဲ့လက်အောက်ကို ကျရောက်ခဲ့ရတယ်။ မျှော်လင့်ထားသမျှအကုန် သဲထဲရေသွန်ဖြစ်ရတော့တာပါပဲ။
အခုအာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာတော့ ကလောမြို့ရဲ့ရိုးရာတန်ဆောင်တိုင်ပွဲတော်ကို ပြန်လည်ကျင်းပဖို့ တချို့တွေစီစဉ်လာကြတယ်။ ပြင်ဦးလွင်မှာလည်းလုပ်မယ် တောင်ကြီးမှာလည်းလုပ်မယ် ကလောမှာလည်းတန်ဆောင်တိုင်ပွဲလုပ်မယ်ဆိုပြီး သတင်းတွေတွေ့လာရတယ်။ ကလောကလူငယ်/လူကြီးတွေလည်း တောထဲရောက်နေတာတွေ ဖမ်းခံရတာတွေ သေဆုံးတာတွေ ရှိတယ်။ ဒါတောင်မှ သူတို့ကပွဲလုပ်နိုင်သေးတာလား ပွဲလုပ်ကြမလို့လား တကယ်ကြီးပျော်ကြပါးကြတော့မှာလားလို့ တောက်ခေါက်ရေရွတ်မိတယ်။
ဒါပေမဲ့ အဲနေ့ကသတင်းတစ်ခုတွေ့လိုက်ရတယ်။ ကလောတန်ဆောင်တိုင်ပွဲကို မြို့နေပြည်သူတွေ ပါဝင်ဆင်နွှဲဖို့ ငြင်းကြတဲ့အတွက် ပွဲပျက်တယ်ပေါ့ မလုပ်ဖြစ်တော့ပါဘူးပေါ့။ တကယ်မညာဘူး အဲသတင်းကိုတွေ့လိုက်ရချိန် စိတ်ထဲလှိုက်ကနဲဖြစ်သွားတယ်။ ပွဲပျက်တာကိုပျော်တာလည်းမဟုတ်ဘူး ပွဲပျော်မဲ့သူတွေကိုအပြစ်တင်တာလည်းမဟုတ်ဘူး အော်သူတို့လည်း ငါတို့ကိုငဲ့ညှာသောအားဖြင့် ပွဲမပျော်ကြဘူးလို့ တွေးမိလို့ ဝမ်းသာတာ။ ကျွန်တော်တို့လည်းပျော်ချင်တာပေါ့ ကိုယ့်ရိုးရာပွဲ ငယ်စဉ်ကတည်းက တစ်ရက်မှမလွတ်ခဲ့တဲ့ပွဲ မပျော်ချင်တဲ့သူဘယ်ရှိမလဲ။ ဒါပေမဲ့အခုချိန်မှာတော့ ခွေးမောင်းပွဲကိုပဲ အပြည့်အဝအာရုံစိုက်ထားရတာမလို့ တန်ဆောင်တိုင်မှမဟုတ်ဘူး ဘာပွဲလာလာစိတ်မဝင်စားနိုင်သေးပါဘူး။
မိတ်ဆွေတို့လည်း အာဏာသိမ်းကာလကြာမြင့်လာလေ တဖြည်းဖြည်းနဲ့သွေးအေးလာတာမျိုးတွေမဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဘဝတွေဟာ လွတ်လွတ်လပ်လပ်မရှိနေဘဲ စကားပြောရင်တောင် ရှေ့နောက်ကြည့်နေရတယ်ဆိုတာ သတိရပေးပါ။ စစ်ကောင်စီရဲ့လက်အောက်မှာနေရတာ ပျော်မနေကြပါနဲ့။ လွတ်လပ်ခြင်းရဲ့အရသာကို အရင်ကလိုအပြည့်အဝပြန်ခံစားနိုင်ဖို့ မိမိတတ်နိုင်တဲ့ဘက်က ပါဝင်ကြပါ။ ကျဆုံးသွားတဲ့ရဲဘော်တွေကို သတိရပါ။ သွေးကြွေးဆပ်ဖို့ အားဖြည့်ကြပါ။ တစ်နိုင်ငံလုံး စစ်ကောင်စီလက်အောက်ကလွတ်ပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်ရောက်တဲ့အခါကျမှ တစ်နှစ်ပတ်လုံးပွဲတွေမပြတ်ကျင်းပပြီး ပျော်ပျော်ပါးပါးကြီး ဆင်နွှဲကြတာပေါ့ဗျာ။
ကျေးဇူးပါကလောရေ....တကယ်ကျေးဇူးတင်ပါတယ်။ အရေးတော်ပုံကြီးအောင်မှ ဆက်ဆက်ပြန်လာခဲ့ပါ့မယ်။
#KTM

Kalaw Township Media

19 Oct, 04:21


Hello Guys ! အကြောင်းကြောင်းသောကိစ္စများကြောင့် ကျနော်တို့ပျောက်နေခဲ့တာပါ။ ဒီနေ့ကစပြီး ဒေသတွင်းသတင်းတွေကို အရင်လိုပြန်တင်ဆက်ပေးနိုင်အောင်ကြိုးစားပါ့မယ်။ သတင်းထူး သတင်းဦးများရှိရင် လာရောက်ပေးပို့နိုင်ပါတယ်။ ပျောက်နေတဲ့ကာလအတွင်း ထူးခြားချက်ကတော့ subscribers 2000 လောက်လျော့သွားခြင်းပါပဲ... @klwtsmedia

Kalaw Township Media

29 Jul, 16:14


သာစည်မြို့နယ် ကျောက်ပချပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ ၊ မိုင်းနင်းမိ၍ ခြေပြတ်လက်ပြတ်ဖြစ်သွားသော စစ်သားအလောင်းများကို စစ်ကောင်စီက သယ်ယူနေရ

ကေတီအမ် ၊ ဇွန် ၂၉ ၊ ၂၀၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျောက်ပချပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရွာသူရွာသားအတော်များများ ဘေးလွတ်ရာကိုရှောင်နေရကြောင်း သိရသည်။

ဒေသခံတစ်ဦးမှ " မနက်ကတည်းကချနေကြတာ တရစပ်ပဲပစ်နေကြတာ ဘယ်အဖွဲ့နဲ့လဲဆိုတာကတော့ မသိရဘူး။ ရွာသူရွာသားတွေလည်း ကြောက်လန့်ပြီး ဘေးလွတ်ရာကိုရှောင်နေကြရတယ်။ စစ်သားတွေ မိုင်းမိကုန်လို့ ခြေပြတ်လက်ပြတ်ဖြစ်ကုန်တာ အလောင်းတွေ ဒဏ်ရာရလူနာတွေကို ကျွန်တော်တို့ရွာထဲကနေ သယ်ထုတ်နေတာ တွေခဲ့ရတယ်" ဟု ကေတီအမ်သို့ ပြောကြားခဲ့သည်။

#KalawTownshipMedia
#သာစည်

Kalaw Township Media

23 Jul, 13:10


ဖုန်းဘေကဒ်များ အလှူခံပါတယ်ခင်ဗျ
အက်တမ် ၊ အော်ရီဒူး ၊ အမ်ပီတီကဒ်များကိုသာ လက်ခံပေးပါမယ်ဗျ

Page Cb သိုမဟုတ် တယ်လီဂရမ်မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျ Telegram Account - t.me/klwtsmedia

Kalaw Township Media

15 Jul, 17:15


ရှမ်းပြည်သားတွေ ညီလိုက်ကြစို့
Link လေးကို နှိပ်ပြီး အားပေးလိုက်ကြဦးဗျ

https://m.facebook.com/story.php?story_fbid=pfbid0BCnoX4zxBPGCqpT7Jiyu5oDNzqd4ZE1SMHrcwnggX8in1hBAqd9UksFeqR719wuul&id=100075379813900

Kalaw Township Media

11 Jul, 15:16


ကာလအတန်ကြာ လူထုမြင်ကွင်းမှပျောက်နေခဲ့သည့် အောင်ပန်းမြိုပြပြောက်ကျားတပ်စု ပထမဆုံးအကြိမ်အဖြစ် ပြည်သူလူထုထံ အစီရင်ခံ

ကေတီအမ် ၊ ဇူလိုင် ၁၁ ၊ ၂၀၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြိုနယ်အခြေစိုက် အောင်ပန်းမြိုပြပြောက်ကျားတပ်စုသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ရာမှ ယနေ့ညပိုင်းတွင် ၎င်းတို၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြည်သူလူထုထံသို အစီရင်ခံသောပိုစ်တစ်ခုကို မျှဝေခဲ့ကြောင်း သိရသည်။

အဆိုပါပိုစ်တွင် ၎င်းတို ပျောက်နေရခြင်းမှာ ကယားပြည်နယ်ရှိ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တိုက်ပွဲဝင်ရဲဘော်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများအား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရန်အတွက် တပ်ဖွဲ၏ကိုယ်ရည်ကိုယ်သွေးများကို တိုးတက်မြင့်မားလာအောင် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ပြည်သူလူထုများကလည်း ၎င်းတိုကို တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီအားဖြည့်ပေးကြစေလိုကြောင်း ပါရှိသည်။

ဓါတ်ပုံ - ကယားပြည်နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင်တွေ့ရသော အောင်ပန်းမြိုပြပြောက်ကျားတပ်စုမှ ပြည်သူ့ကာကွယ်ရေးတပ်သားများ

Kalaw Township Media

28 Jun, 16:27


အဲဒီကောင်က စစ်ကိုင်းတိုင်းထဲက MDFအဖွဲ့ ဘဏ္ဍာရေးမှူးတစ်ယောက်ရဲ့ပုံကိုယူသုံးထားပြီးတော့ သူ့ကိုယ်သူ Inle UGကဆိုပြီး ပြောနေပါတယ်။ ပြီးတော့ မြေပြင်မှာတကယ်အလုပ်လုပ်နေသူတွေကို ကောမန့်တွေမှာလိုက်ဖောင်းထု ဆဲဆိုပြီးတော့ အနှောင့်အယှက်ပေးနေတာ များနေပြီမလို့ပါ။ Rpထုပေးတာလောက်တော့ လုပ်ပေးနိုင်မယ်မလားခင်ဗျာ.... ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် Rpထုခိုင်းတာမျိုးမဟုတ်ပါဘူး အဲကောင်ကြောင့် တချို့မသိနားမလည်သူတွေ အလိမ်ခံလိုက်ရမှာစိုးလို့ပါ...

Kalaw Township Media

28 Jun, 16:23


Attention Please အောက်က Accကို Rpထုပေးပါလားခင်ဗျာ PDFအယောင်ဆောင်ထားတဲ့ အကောင့်အတုမလိုပါ https://www.facebook.com/profile.php?id=100008473249094

Kalaw Township Media

22 Jun, 08:31


ရသေ့စိတ်ဖြေ ရဲရဲတောက်များနှင့် အဓွန့်ရှည်နေရလေသော တော်လှန်ရေး

Photo crd to original owner

Kalaw Township Media

20 Jun, 16:53


ပင်းတယ ကြံ့ဖွတ်ဒုဥက္ကဌ ကျော်ငြိမ်းအား ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ကျည်ဆံအစစ်ဖြင့်မိတ်ဆက်ပေးနိုင်ခဲ့

ကေတီအမ် ၊ ဇွန် ၂၀ ၊ ၂၀၂၂

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင်နေထိုင်သော ကြံ့ဖွတ်ပါတီ ဒုတိယဥက္ကဌဖြစ်သူ ဒလန်အကြီးစား ကျော်ငြိမ်းအား ပြီးခဲ့သည့် ဇွန်လ(၁၈)ရက် မနက်(၁၀:၀၀)နာရီခန့်က ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ယနေ့တွင် ကြေငြာချက်ထုတ်ပြန်လာခဲ့သည်။

#JPGF
#KalawTownshipMedia

Kalaw Township Media

20 Jun, 13:47


သာစည်မြို့နယ် ငှက်ပျောတောကျေးရွာကို စစ်တပ်က ထပ်မံ၍ စီးနင်းကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ၊ ပြည်သူ(၃) ဦးဖမ်းဆီးခံရပြီး နေအိမ်(၂)လုံး မီးရှို့ဖျက်ဆီးခံရ

ကေတီအမ် ၊ ဇွန် ၂၀ ၊ ၂၀၂၂

ယနေ့ ဇွန်လ(၂၀)ရက် နံနက်(၁၁:၀၀)နာရီခန့်မှစ၍ သာစည်မြိုန့ယ် ငှက်ပျောတောရွာ၏ အနောက်ဘက်တောင်ပေါ်၌ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားရပြီး စစ်ကားများလည်း ရောက်ရှိလာကြောင်း သိရသည်။ အကြမ်းဖက်စစ်တပ်က တောထဲတွင်တွေ့သော ရွာသူရွာသားများကို အကုန်ခေါ်ကာ စုစုပေါင်းရွာခံ(၃)ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့နောက် ငှက်ပျောတောရွာရှိ ကိုထိန်လင်း၏အိမ်ကိုလည်း အင်အား(၄၀)ကျော်ခန့်ဖြင့်လာရောက်၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့မီးရှို့ဖျက်ဆီးနေစဉ် နောက်ထပ်အင်အား(၃၀)ခန့်ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ(၁၈)ရက်က အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ဦးအောင်ခိုင်၏ နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယခု ဇွန်လ(၂၀)တွင်လည်း ယင်းရွာရှိ ဦးအောင်ခိုင်၏ သားဖြစ်သူနေအိမ်ကို ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်နှင့်အတူ ရွာကိုစီးနင်းမှုတွင် နာမည်ဆိုးဖြင့်ကျော်ကြားပြီး ယခုထိမသေသေးသော ဒလန်အကြီးစား ဝင်းမြင့်ဆိုသူပါဝင်လာပြီး ရွာရှိလမ်းများ အိမ်များအားလုံးကို တပ်အပ်သိနေသောကြောင့် ရွာတွင်းတွင် ဒလန်ရှိနေသည်ဟု ဒေသခံများက ယူဆနေကြသည်။

ရွာအနောက်ဘက်တောင်ပေါ်တွင်ကြားရသော လက်နက်ကြီးသံများ ၊တောထဲသို့မှိုရှာ မျှစ်ရှာ ထင်းခွေသွားကြသော ရွာသူရွာသားများကို ဖမ်းခေါ်ခြင်းများ ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ စသည်တို့ကြောင့် ဒေသခံပြည်သူများမှာ အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေကြသည်ဟု သိရသည်။

#သာစည်
#ငှက်ပျောတော
#KalawTownshipMedia

Kalaw Township Media

20 Jun, 07:37


Breaking News : အောင်ပန်း ရိုးမဘဏ်လမ်းဆုံတွင် Hijetကားတစ်စီးအား စစ်ကောင်စီမှဖမ်းဆီးသွား

ကေတီအမ် ၊ ဇွန် ၂၀ ၊ ၂၀၂၂

အောင်ပန်းမြို့ ရိုးမဘဏ်လမ်းဆုံတွင် ယနေ့မန်းလွဲပိုင်း(၁၃:၀၀)နာရီကျော်ခန့်က Hijetအမျိုးအစား ကားတစ်စီးအား စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များပါသော အိမ်စီးကား(၃)စီးက ဝိုင်းဝန်းပိတ်ဆို့ကာ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါ Hijetကားသည် ကလောဘက်မှလာသောကားဖြစ်ပြီး ကားနောက်ခန်းတွင်လိုက်ပါစီးနင်းလာသော လူငယ်(၂)‌ဦးအား သေနတ်များဖြင့်ချိန်ရွယ်ကာ အောင်ပန်းနယ်မြေရဲစခန်းသို့ ဖမ်းခေါ်သွားကြောင်း သိရသည်။

#AungBanJun20
#KalawTownshipMedia

Kalaw Township Media

19 Jun, 14:21


ပင်းတယမြို့နယ်၊ အင်းပလက်ရွာ၌ မတရားဖမ်းဆီးခံရမူ့များရှိနေ

ပင်းတယမြို့၊ ဇွန်(၁၉)

ပင်းတယမြို့နယ်၊ အင်းပလက်ကျေးရွာ၌ မနေ့၊ နေ့လည်(၁၂:၀၀)နောက်ပိုင်းမှစ၍ ယနေ့အထိ အပြစ်မဲ့ရွာသူရွာသား(၂၅)ဦးခန့် စစ်ကောင်စီမှ ဆက်တိုက်ဖမ်းဆီးမူ့တွေရှိနေကြောင်း VOP သို့သတင်းပေးပို့လာပါတယ်။

မနေ့မနက်ပိုင်း ပင်းတယမြို့နယ်၏ အကြီးစားဒလန်တစ်ဦး လုပ်ကြံခံရပြီးနောက်ပိုင်း ယခုကဲ့သို့ဆက်တိုက်ဖမ်းဆီးမူ့များပြုလုပ်လာကြောင်းသိရှိရပါတယ်။ ယခုလိုဖမ်းဆီးခံရသော ပြည်သူများထဲတွင် သက်ကြီးရွယ်အိုများလည်းပါရှိပြီး PDFများနဲ့လုံးဝပတ်သက်ဆက်စပ်မူ့မရှိပဲ ရွာ၌အေးဆေးစွာလုပ်ကိုင်စားသောက်နေကြသောသူများဖြစ်ကြောင်း၊ ဖမ်းဆီးခံရသောသူအများစုမှာ ပင်းတယမြို့နယ် NLDလွှတ်တော်အမတ်တစ်ဦးနှင့် ဆွေမျိူးတော်စပ်မူ့ကြောင့် ပုဂ္ဂိုလ်ရေးအရ ဖမ်းဆီးသွားတာဖြစ်နိုင်ကြောင်း သိရှိရပါတယ်။

#voiceofpindaya

Kalaw Township Media

19 Jun, 08:01


ပြည်သူတွေကိုသိပ်ချစ်တဲ့ မိန်းမတစ်ယောက်

အမှန်တရားအတွက်ဆို အသက်ကို စတေးဝံ့တဲ့ မိန်းမတစ်ယောက်

ပြည်သူ့အတွက်ဆို မိသားစုကိုတောင် စွန့်ပစ်ရဲခဲ့တဲ့ မိန်းမတစ်ယောက်

မိန်းမတစ်ယောက်ဆိုတာထက်ပိုတဲ့ ကျွန်တော်တို့အားလုံးရဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်

Happy Birthday ပါ အမေ အောင်ဆန်းစုကြည် ❤️

#AungSanSuuKyi
#77thBirthday

Kalaw Township Media

18 Jun, 14:22


သာစည်မြိုနယ် ငှက်ပျောတောကျေးရွာရှိ ဦးအောင်ခိုင်၏နေအိမ်ကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲများက မီးရှိဖျက်ဆီး ၊ တန်ဖိုးရှိပစ္စည်းအသုံးအဆောင်များကိုလည်း ယူဆောင်သွား
ကေတီအမ် ၊ ဇွန် ၁၈ ၊ ၂၀၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြိုနယ် ငှက်ပျောတောကျေးရွာ(ယခင် ကျောင်းဆိုးကုန်းရွာ) ရှိ ဦးအောင်ခိုင်၏နေအိမ်ကို ယနေ့နံနက်ပိုင်း (၉:၃၀)နာရီခန့်က အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲများက မီးရှိဖျက်ဆီးသွားခဲ့ပြီး အိမ်တွင်ရှိသော တန်ဖိုးရှိအသုံးအဆောင်ပစ္စည်းများကိုလည်း ယူဆောင်သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။ ထိုနောက် သေနတ်ပစ်ခတ်သံများကိုလည်း အတန်ကြာ ကြားခဲ့ရသည်ဟုဆိုသည်။
ဦးအောင်ခိုင်၏နေအိမ်သည် ငှက်ပျောတောရွာ၏ အနောက်ဘက် ၄ မိုင်အကွာတွင်တည်ရှိပြီး အကြမ်းဖက်စစ်တပ်က ဦးအောင်ခိုင်အား ၎င်း၏နေအိမ်တွင် PDFများက လမ်းကြုံထမင်းဝင်စားသည်ကို ခေါ်ယူဧည့်ခံကျွေးမွေးသောကြောင့် အိမ်ကိုမီးရှိဖျက်ဆီးခြင်းဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိတွင် ဦးအောင်ခိုင်၏နေအိမ်သည် အလုံးစုံ ပြာကျပျက်စီးသွားပြီဖြစ်သည်။
#သာစည်
#ငှက်ပျောတော
#KalawTownshipMedia

Kalaw Township Media

17 Jun, 05:20


ကိုကြီးတို့ မကြီးတို့ ဂုဏ်ထူးတွေနဲ့အောင်ကြတာဝမ်းသာပါတယ်ဗျ

သားသားတို့လည်း အဲလိုဂုဏ်ထူးတွေနဲ့အောင်ချင်ပါတယ်ဗျာ

ဓါတ်ပုံ - ကယားပြည်နယ် ဖယ်ခုံမြို့ရှိ စစ်ရှောင်‌နေရာတစ်ခု၌ တဲကုပ်သာသာစာသင်ခန်း‌လေးအတွင်း စာသင်နေကြသော ကလေးငယ်များ

Kalaw Township Media

17 Jun, 05:00


အောင်သွားတဲ့ ညီလေး ညီမလေးတွေလည်း Congratulationsပါလို့...

မအောင်တဲ့ ညီလေး ညီမလေးတွေကလည်း စိတ်ဓါတ်မကျပါနဲ့။ တပ်မတော်က အမြဲWelcomeပါ။

2,661

subscribers

986

photos

24

videos