Forex Trader Myanmar 📈 @hlahtinkyaw Channel on Telegram

Forex Trader Myanmar 📈

@hlahtinkyaw


ကမ္ဘာ့ရွှေ & နိုင်ငံတကာငွေကြေးဈေးကွက်
အကြောင်း သိလိုသမျှမေးမြန်းဆွေးနွေးနိုင်ပါတယ်
☎09-951093471/09-791709964

Forex Trader Myanmar 📈 (Burmese)

ကမ္ဘာ့ရွှေ & နိုင်ငံတကာငွေကြေးဈေးကွက် အကြောင်း သိလိုသမျှမေးမြန်းဆွေးနွေးနိုင်ပါတယ် 📈nn"Forex Trader Myanmar" သည် ကိုယ့် နိုင်ငံတကာငွေကြေးဈေးကွက်များကို သိရှိရန်အတွက် အကြောင်း သိလိုအမှမေးမြပြန်းဆွေးနွေးသူတစ်ဦး၏ ဇော်အုတ်တစ်ဦးဖြစ်ပါသည်။ ဤအရေအတွက် သူသည် ငွေကြေးဈေးတင်ပြစခဲ့သည်။ ဤ သင်တို့သည် တုံ့ပြန် ရန်သိခဲ့ပြီး ငွေကြေးဈေးခံခွင့်အတွက် အပေါ်ထွက်ပါသည်။ ဤသင်္ကေတတို့က စာဖွင့်ပြင်သည် ၊ ရှေ့မှစားပွဲ ဝေငှင်းတင်ပြခဲ့သည်။ ဒီအချိန်ကို လုံးဝဳဘီ 09-951093471 သို့ 09-791709964 ဖြင့် ဆက်သွယ်နိုင်ပါတယ်။

Forex Trader Myanmar 📈

02 Jul, 17:05


အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်

Forex Trader Myanmar 📈

30 Jun, 18:58


I think market is going down tomorrow.

Forex Trader Myanmar 📈

30 Jun, 18:32


တစ်လတာစျေးကွက်ကတော့ပိတ်သွားခဲ့တာဖြစ်ပြီးလက်ရှိမှာ Shooting Star / Doji များဖြင့်စျေးကွက်ပိတ်ထားတာပဲ ဖြစ်ပါတယ်..

လာမည့်လ မှာ ပြန်အတက်ကိုစောင့်ပြီး Sellဘက်ကိုပြန်သွားကြမယ်ဗျ..

Forex Trader Myanmar 📈

29 Jun, 18:45


Pattern ဆိုတာဘာကိုပြောတာလဲဆိုရင် Forex Trading မှာ အခြေခံသင်ထားတဲ လူကြီးမင်းတေက Pattern တေကိုသိကြမှာပါ..

ကျွန်တော်တို့ ငယ်ငယ်က ကောင်းကင်မှာတိမ်တေကိုကြည့်ဖူးကြမှာပါ..ကောင်းကင်မှာတိမ်လေးတေပြေးလွှားတဲ့နေ့တေမှာ တိမ်တေကိုကြည့်ပြီး တိမ်းလေးက ယုံနဲ့တူတာ လူနဲ့တူတာ အကောင်လေးတေနဲ့တူတာ စသဖြင့်ပုံစံ အမျိုးအမျိုး ကို မြင်တွေ့ကြရပါတယ်..

အာ့လိုပါဘဲ ကျွန်တော်တို့ Stock / Forex စျေးကွက်တေရဲ့ ငွေကြေးအတွဲ / ကမ္ဘာ့ရွှေစျေး အတက်အကျတေကို Candle တုန်းလေးများဖြင့် ဖော်ပြတဲ့အခါ Candle တေရဲ့ ဖွဲ့ စည်းပုံသည် ပုံစံလေးတေ ပေါ်လာတက်ပါတယ်..

ဒီ Pattern တေအရ ကျွန်တောိတို့သည် စျေးအတက်အကျ ကို ခန့်မှန်းပြီး ဝယ်ရောင်းလုပ်ကာ အမြတ်ရှာနိုင်ပါတယ်..

အကြမ်းအားဖြင့် Pattern အမျိုးအစားတေကို ကျွန်တော်ကတော့ (2)မျိုးခွဲထားပါတယ်

(1) Reversal Pattern & (2) Continuation Pattern ဆိုပြီးခွဲထားပါတယ်

Reversal ရဲ့ အဓိပ္ပါယ် ကတော့ တက်နေသောစျေးကွက်ကနေ ပြန်ကျလာခြင်းနှင့် ကျနေသောစျေးကွက်ကနေ ပြန်တက်လာတာမျိုး ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်

စျေးကွက်များသည် Bullish Market & Bearish Market များရဲ့ အဆုံးတေမှာ Reversal Patterns များ
တွေ့ရလေ့ရှိပြီး စျေးကွက်ကို ပြောင်းပြန် ပြန်စေတာဘဲ ဖြစ်ပါတယ်.

Continuation ရဲ့ အဓိပ္ပါယ်ကတော တက်နေသောစျေးကွက်ကို ဆက်လက်တက်စေခြင်းနှင်း ကျနေသော စျေးကွက်ကို ဆက်လက် ကျစေတာမျိုးကို ပြောတာညဖြစ်ပါတယ်

Bullish Market ဖြစ်ပေါ်နေချိန်တွင် Pattern ပေါ်လာပြီးဆက်လက်အတက်ဘက်ကို အားကောင်းစေသလို
Bearish Market ဖြစ်ပေါ်နေချိန်တွင် Pattern ပေါ်လာပြီး ဆက်လက် အကျဘက်ကို အားကောင်းစေတာမျိုး ဖြစ်ပါတယ်

အလွယ်နားလည်အောင်ပြောရရင် လူတစ်ယောက်ခရီးသွားနေရာကနေပြန်လှည့်ပြန်လာခြင်းသည် Reversal ဖြစ်ပြီး ခရီးသွားရာ မန္တလေးကို ​ရောက်ပြီး မန္တလေးမှ ရန်ကုန်ထိဆက်သွားခြင်းကို Continuation ပဲ ဖြစ်ပါတယ်

Pattern တေကို မှတ်မိဖို့ကတော့ တစ်ခုကိုလေ့လာပြီးတာနှင်း Market မှာ လိုက်ရှာခြင်းက ပိုမှတ်မိလွယ်ပါတယ်

အဆုံးသတ်မှာ Forex Trading လုပ်ပြီး အမြတ်တေရကြပါစေဗျာ..

Forex Trader Myanmar 📈

28 Jun, 05:35


US ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး အရောင်းအဝယ်ပြုလုပ်သင့်သလား? ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ကို ဒီမှာဖတ်ရှုပါ
——————————————————————————
June 27 ၊ 2024

အမေရိကန်ရွေးကောက်ပွဲရဲ့ ပထမဆုံးအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲကို ကြာသပတေးနေ့ ညနေခင်းမှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ မတူတဲ့အချက်က ဒီတစ်ခေါက်စကားစစ်ထိုးပွဲကို အစောတလျှင်ကျင်းပလိုက်တာကြောင့် နိုင်ငံရေးနဲ့ ပတ်သတ်တာတွေ ပါဝင်မှု နည်းပါးသွားမယ်လို့ အားလုံးက ခန့်မှန်းနေကြပါတယ်။

Citis စျေးကွက်ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ဒီတစ်ခေါက်စကားစစ်ထိုးပွဲကြောင့် စျေးကွက်အပေါ် သက်ရောက်မှုတွေကတော့ အချိန်ခဏလောက်ပဲဖြစ်နိုင်မယ်လ်ို့ သိရပါတယ်။ အကျယ်တဝင့်ပြောရမယ်ဆိုရင်တော့ စတော့စျေးကွက်နဲ့ တခြားသော စျေးကွက်တွေဟာ ဒီအချိန်မှာ ငြိမ်သက်နိုင်ပေမဲ့ လာမဲ့ နှစ်လ အတွင်းမှာ ကျင်းပမဲ့ အမေရိကန်ရွေးကောက်ပွဲအတွင်းမှာတော့ ခပ်ကြမ်းကြမ်း လှုပ်ရှားနိုင်မယ်လို့ ဆိုရမှာဖြစ်ပါတယ်။

“ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရ ဒီတစ်ခေါက်စကား စစ်ထိုးပွဲအတွင်းမှာ နိုင်ငံရေးနဲ့ပတ်သတ်လို့ပါဝင်မှာဖြစ်ပြီးတော့ စီးပွါးရေးနဲ့ပတ်သတ်လို့ကတော့ ပါဝင်မှာမဟုတ်လောက်ပါဘူး၊ ငွေတိုက်စာချုပ် စျေးကွက်ကတော့ Divided government ဖြစ်ဖို့ မျှော်မှန်းနေကြပြီး တခြားသောစျေးကွက်တွေကတော့ ဗဟိုအစိုးရဖြစ်ဖို့ မျှော်လင့်နေကြပါတယ်” လို့ Citis တာဝန်ရှိသူတွေက ပြောသွားခဲ့ကြပါတယ်။

ဒီတစ်ခေါက်ရွေးကောက်ပွဲမှာတော့ 2024 ခုနှစ်အတွင်း Divided government ဖြစ်ဖို့ အားကောင်းနေပါတယ်။ Divided government ဆိုတာကတော့ အာဏာခွဲဝေအုပ်ချုပ်တာကို ခေါ်ဆိုတာဖြစ်ပြီး ဥပမာအနေနဲ့ ဒီမိုကရက်တွေက ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင်မှ လွှတ်တော်ကို ချုပ်ကိုင်ဖို့ မဖြစ်နိုင်ပဲ ရီပက်ပလီကန်တွေနဲ့ အာဏာ ခွဲဝေအုပ်ချုပ်ရမှာ ဖြစ်ပါတယ်။

အားလုံးကို ခြုံပြောရမယ်ဆိုရင်တော့ ရွေးကောက်ပွဲဟာ အရေးကြီးသော်လည်း အနဲငယ် အလှမ်းဝေးဆဲကာလမှာပဲ ရှိနေပြီး စျေးကွက်အနေနဲ့ လက်ရှိအချိန်တွေမှာ ထွက်ပေါ်လာမဲ့ စီးပွါးရေးအညွှန်းကိန်းတွေကိုသာ စောင့်ကြည့်သင့်ကြောင်း Citis တာဝန်ရှိသူတွေက အကြံပေးထားပါတယ်။

လက်ရှိအချိန်အတွင်း စျေးကွက်ကို မောင်းနှင်မဲ့ အရာတွေကတော့ Federal Reserve ရဲ့ ဆုံးဖြတ်ချက်တွေ၊ အဓိက စီးပွါးရေးအညွှန်းကိန်းတွေ နဲ့ လာမဲ့ Earning အညွှန်းကိန်းတွေကသာ လတ်တလောမှာ စျေးကွက်အတွက် အရေးကြီးကြောင်း ဆိုပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ကတော့ “ လာမဲ့ နွေရာသီကာလအတွင်းမှာသာ ရွေးကောက်ပွဲကာလအတွက်အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

Forex Trader Myanmar 📈

25 Jun, 21:01


https://t.me/ForexKnowledgeHHK/97

Forex Trader Myanmar 📈

17 Jun, 11:11


https://t.me/loveatmdiamondshop111




MobiLegend Dimond လိုအပ်သူများ ဒီညီလေးဆီမှာစိတ်ချစွာဝယ်ယူနိုင်ပါပြီ။

Forex Trader Myanmar 📈

14 May, 08:43


ယနေ့ညမြန်မာစံတော်ချိန်
ည(7)နာရီနှင့်(8)နာရီခွဲအချိန်များတွင် ကမ္ဘာ့ရွှေဈေးကွက်နှင့်နိုင်ငံတကာငွေကြေးဈေးကွက်အပေါ်အလှုပ်အခတ်များစေနိုင်မယ့် USရဲ့ Economic Dataများထွက်ရန်ရှိတာကြောင့်အရောင်းအဝယ်Order လက်ကျန်များရှိပါက
သတိထားရောင်းဝယ်ကြစေချင်ပါတယ်ခင်ဗျာ

ကမ္ဘာ့ရွှေ ၊နိုင်ငံတကာငွေကြေးနှင့် စတော့စ်ရှယ်ယာအရောင်းအဝယ် သင်တန်းတက်လို၍ ဖြစ်စေ
ကိုယ်တိုင်အရောင်းအဝယ် လုပ်လို၍
ဖြစ်စေ @HlaHtinKyaw112 ကိုဆက်သွယ်၍
ကြိုတင် စာရင်ပေးသွင်းနိုင်ပါပြီခင်ဗျာ

Forex Trader Myanmar 📈

06 Mar, 00:40


#Bitcoinစျေးကွက်အကြောင်း

Bitcoinကတော့ မနေ့ကတစ်ရက်တာအပြီးမှာတော့
Bitcoinရဲ့သမိုင်းတစ်လျှောက် အမြင့်ဆုံးစျေးကို
ရောက်ရှိခဲ့ပြီ ပဲဖြစ်ပါတယ်

လက်ရှိ BTC ရင်းနှီးမြှုပ်နှံသူများဟာ လက်ရှိစျေးကွက်မှာ အမြတ်သိမ်းမည့်အချိန်ဖြစ်ပါတယ်

လက်ကြီးသမားများ အဝယ်များပိတ်ပြီးအမြတ်သိမ်းချိန်မှာ မိမိအနေနှင့် စမဝယ်သင့်တဲ့အချိန်ဖြစ်ပါတယ်

ခုချိန် BTCကို Long Termအတွက် အရောင်းပြန်ဝင်သင့်တဲ့အချိန်ဖြစ်တာကြောင့် လူကြီးမင်းတို့အနေနှင့် ယခုအချန်မှာ အဝယ်ထက် အရောင်းဦးစားပေးပြီး အကျိုးအမြတ်ရှာသင့်ပါတယ်

လက်ရှိ BTC စျေး 68800ဝန်းကျင်သည် အတိတ်မှာ အားကောင်းသော လက်ကြီးသမားများရဲ့ အမြတ်သိမ်းရာစျေးတန်း / တစ်နည်း အရောင်းအားကောင်းသောစျေးတန်းဖြစ်နေတာကိုမြင်တွေ့ရနိုင်ပါတယ်

Forex Trader Myanmar 📈

06 Mar, 00:39


Sorry ငါပြန်ပြင်ပေးထားတယ်

Forex Trader Myanmar 📈

06 Mar, 00:28


ကမ္ဘာ့ရွှေ မနေ့က တစ်ရက်တာအမြင့်ဆုံး

1Oz ~ 2141 ဈေးတန်းထိရောက်ရှိထားပါတယ် 📊

အရောင်းသမားတွေ အဝင်မစောဘဲ
သတိထားစောင့်ကြည့်သင့်ပါသေးတယ်။

Forex Trader Myanmar 📈

05 Mar, 01:51


📌 သမိုင်းတစ်လျှောက် အမြင့်ဆုံး ဈေးတန်းကို ထိုးဖောက်ရောက်ရှိသွားပြီလို့ ပြောရပါတော့မယ်။

ကမ္ဘာ့ရွှေ ဟာ ၂၀၂၃၊ ဒီဇင်ဘာလ မှာတုန်းကလည်း $2,100/oz ကျော်ဈေးတန်းကို spike (Shadow) လှမ်းထိုးထားခဲ့ပြီးသားပါ။

အခုကတော့ #Body ပါ ပါလာတဲ့အတွက် ဒီတစ်ကြိမ် #Volume ပါလာပြီဆိုတဲ့ သဘောပါပဲ။


ပုံမှန်အားဖြင့် ကမ္ဘာမှာ ရွှေနဲ့ ဒေါ်လာဟာ Negative Correlation ပါ။ အခုက USD Index မကျဘဲ၊ ရွှေ ကြီးပဲ သိသိသာသာ ထိုးတက်သွားတာပါ။

Investors တွေဟာ ကမ္ဘာ့စစ်ရေး၊ ကမ္ဘာ့စီးပွားရေး နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုကြီးတဲ့ ကာလတိုင်း ရွှေ ကို ကပ်ကျော်ပစ္စည်း Safe-Haven Asset အနေနဲ့ ဝယ်ယူလေ့ ရှိကြပါတယ်။

ရွှေ နဲ့ ပတ်သက်လို့ အထူးသတိထားရမယ့် ကာလတစ်ခု ဖြစ်ကြောင်း သတင်းစကား ပါးချင်မိတာပါ။
$ မကျသေးဘဲ ရွှေတက်တာမို့ပါ။

📛📛📛📛📛📛📛📛📛📛📛

Forex Trader Myanmar 📈

04 Mar, 23:21


ကမ္ဘာ့ရွှေ မနေ့က တစ်ရက်တာအမြင့်ဆုံး

1Oz ~ 2119 ဈေးတန်းထိရောက်ရှိထားပါတယ် 📊

အရောင်းသမားတွေ အဝင်မစောဘဲ
သတိထားစောင့်ကြည့်သင့်ပါသေးတယ်။

1,152

subscribers

1,928

photos

248

videos