Review/Description Channel (By Ariel) @korean_series_list Channel on Telegram

Review/Description Channel (By Ariel)

@korean_series_list


ဇာတ်ကား တွေကို အညွန်းလေးဖတ်ပီးကြည့်မယ်

Discover Korean Series List (Burmese)

သင်တို့သည် Korean Series List ဖန်ရှင်အများစွာ ဒီမိုကရေစီကို ရေးခဲ့သည်။ ဒီစားသုံးရတဲ့ လူများအတွက် ဒီ Channel တွင် စီမံခိုင်းရောင်းနိုင်ပါသည်။ နောက်စာပေးတဲ့ ဗြီဒီယို ကို သင်လည်း အညွန်းနည်းရွှေ့ရန် ရှိပါသည်။ အွန်လိသူအား ဖတ်ပြီးနောက် နှင့် ဘဝအနေအထားများ ရှိလိမ့်မည်။ ဤလူများကို အခန်းကြီး ထိခဲ့ကြလို့ တွေ့ရမည်။ အသေးစိတ် သင်သည် ဒီ Channel ကို ယခုတင်သည့် တခါဖြစ်မည်ဖြစ်သည်။

Review/Description Channel (By Ariel)

12 Oct, 14:27


What Comes After Love (2024) Description :
=================

ပေါ့ပါးသွက်လက်ပြီး ပျော်ပျော်နေတတ်တဲ့ ကိုရီးယားမလေး ချွဲဟုန်းတစ်ယောက်… တိုကျိုမှာ ကျောင်းသွားတက်ရင်း အာအိုခီဂျွန်ဟိုဆိုတဲ့ ကောင်လေးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ကြားက မတူညီတဲ့ နောက်ခံ ယဉ်ကျေးမှုတွေ၊ အလေ့အထတွေကြောင့် နားလည်မှုလွဲကြပြီး နောက်ဆုံးမှာ လမ်းခွဲခဲ့ပါတော့တယ်။

ဟုန်းနဲ့ ပြတ်ပြီး နောက်ငါးနှစ်အကြာမှာ ဂျွန်ဟို ဆိုးလ်ကိုရောက်လာတဲ့အချိန်… တည်ငြိမ်ပြီး ရင့်ကျက်သွားတဲ့ ချွဲဟုန်းနဲ့ အခုထိ မမေ့နိုင်သေးတဲ့ ဂျွန်ဟိုတို့ နှစ်ယောက်သားပြန်တွေ့ကြတဲ့နောက် ခံစားချက်တွေ‌ပေါ်လာဦးမလား ဒါမှမဟုတ် အချစ်သစ်ကိုယ်စီနဲ့ပဲ ရှေ့ဆက်သွားမလားဆိုတာကို စောင့်မျှော်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။ ဇာတ်လမ်းအညွှန်းကို Alice မှရေးသားထားပါတယ်။

. ထုတ်လွှင့်သည့်နေ့ : Fridays ...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၆ ပိုင်း...
. Network : COUPANG TV..

𝙲𝚑𝚊𝚗𝚗𝚎𝚕 𝙻𝚒𝚗𝚔 -
👉https://t.me/+4WY9JiQ3Ygw3NDdl
———————————

Review/Description Channel (By Ariel)

12 Oct, 14:25


What Comes After Love (2024)
=================

ထက်ထက်မြက်မြက် ၊ တည်တည်ငြိမ်ငြိမ် ဇာတ်ကောင်‌အ‌ဖြစ်နဲ့ အမှတ်ရလောက်ကြမဲ့ မင်းသမီးချော Lee Se Young နဲ့… Signal, The Last 10 Years တို့မှာပါဝင်ခဲ့တဲ့ နာမည်ကြီးမင်းသား Kentaro Sakaguchi တို့ကို ဂျပန်ကိုရီးယား အချစ်ဇာတ်လမ်းလေးတစ်ခုမှာ အဓိကဇာတ်ကောင်တွေအနေနဲ့ မြင်တွေ့ရပါတော့မယ်။

ဒါ့အပြင် hong Jong hyun ကလည်း second lead အဖြစ်ပါဝင်ထားပါသေးတယ်။ ကိုရီးယား စာရေးဆရာမ Gong Ji Young နဲ့ဂျပန်စာရေးဆရာ Tsuji Hitonari တို့ရဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး…melodrama, romance genre ဖြစ်တာကြောင့် chill ရင်းကြည့်ဖို့ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်မှာသေချာပါတယ်။
———————————

Review/Description Channel (By Ariel)

24 Sep, 16:45


Dear Hyeri (2024) Description :
===================

-ဇာတ်လမ်းအညွှန်း- ဂျူအွန်းဟို ( Shin Hyesun ) ဟာ လုပ်သက် ၁၄ နှစ်ရှိပြီဖြစ်ပေမဲ့ လူသိပ်မသိတဲ့ သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရည်းစားဟောင်းဖြစ်တဲ့ ဂျောင်ဟျွန်းအို ( Lee Jinwook ) ကတော့ အလုပ်ဝင်ဝင်ချင်းမှာတင် နာမည်ကြီးလာခဲ့တဲ့ နာမည်ကျော် သတင်းကြေညာသူတစ်ယောက်ပါ။

အချိန်အကြာကြီးတွဲခဲ့တဲ့ သူတိုနှစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ပြီးတဲ့နောက်မှာတော့ ဂျူအွန်းဟိုဟာ နှလုံးသားထဲက စိတ်ဒဏ်ရာတစ်ခုကြောင့် ဂျူဟယ်ရီလို ခေါ်တဲ့ နောက်ထပ် personality တစ်ခု ပေါ်ထွက်လာပါတော့တယ်။

ဂျူဟယ်ရီကတော့ မူရင်း ဂျူအွန်းဟိုနဲ့ မတူဘဲ တက်ကြွကာ အကောင်းမြင်တတ်တဲ့ စိတ်ထားကို ပိုင်ဆိုင်ထားပြီး ကားပါကင်ဝန်ထမ်းအဖြစ် အလုပ်လုပ်သူ ဖြစ်ပါတယ် ။ ဒါ့အပြင် ဂျူအွန်းဟိုရဲ့ ရည်းစားဟောင်း ဂျောင်ဟျွန်းအိုမှာလည်း လူသိမခံတဲ့ စိတ်ဒဏ်ရာတစ်ခုရှိနေတဲ့ အခါမှာတော့ ရည်းစားဟောင်းနှစ်ယောက် အချင်းချင်းရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုသပေးရင်း ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာကိုတော့
==================

. ထုတ်လွှင့်သည့်နေ့ : Mondays & Tuesdays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၁၂ ပိုင်း...
. Network : ENA..

Channel Link-
👉https://t.me/+LDdbnun2pzozZDc1
———————————

Review/Description Channel (By Ariel)

24 Sep, 16:43


Dear Hyeri (2024)
===================

မနေ့က ထွက်ရှိလာတဲ့ စီးရီးသစ်ကတော့ Sweet Home ထဲက Lee Jinwook နဲ့ Welcome to Samdal-ri ထဲက Shin Hyesun တို့ နှစ်ယောက် ex-lovers တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြတဲ့ “Dear Hyeri” လို့ အမည်ရတဲ့ စီးရီးပဲဖြစ်ပါတယ်။
———————————

Review/Description Channel (By Ariel)

22 Sep, 07:58


Seoul Busters (2024) Description :
==================

Dongbang Yoo-Bin (Kim Dong-Wook) ဆိုသူဟာ ရုပ်ချောပြီး ဥာဏ်ကောင်းတဲ့အပြင် အားကစားဘက်မှာလည်း ထူးချွန်ပြီး
ချို့ယွင်းချက်ရယ်လို့မရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံရပ်ခြားက နာမည်ကြီးတက္ကသိုလ်တစ်ခုမှာ စာသင်ကြားပေးတဲ့
ပါမောက္ခ တစ်ယောက်လည်း ဖြစ်ပါတယ်။ လူတော်တစ်ယောက်ဖြစ်တာကြောင့် သူ့ကို တက္ကသိုလ်ရဲ့ ဌာနအကြီးအကဲတစ်နေရာမှာ အလုပ်လုပ်ပေးဖို့အတွက် ကမ်းလှမ်းလာခဲ့ပေမဲ့ အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး မွေးရပ်မြေ ကိုရီးယားကိုပြန်လာကာ ဆုန်းဝန်းရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ စေတနာ့ဝန်ထမ်းဝင်လုပ်ပါတော့တယ်။

ဂျူဒိုကစားသမားဟောင်းဖြစ်ပြီး ဘူဒိုဇာဆိုတဲ့ နာမည်ပြောင်ရှိတဲ့ Mu Joong-Ryeok (Park Ji-Hwan)၊ နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်သမားဟောင်းဖြစ်တဲ့ Jung Jung-Hwan (Seo Hyun-Woo)၊ အဖွဲ့ရဲ့ တစ်ဦးတည်းသော မိန်းကလေးစုံထောက်ဖြစ်ပေမဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မလိုက်ဖက်လောက်အောင် ကြမ်းတမ်းပြီး ခေါင်းမာတာကြောင့် ဒေါသအိုးလို့အခေါ်ခံရတဲ့ Seo Min-Seo (Park Se-Wan) နဲ့ အဖွဲ့ရဲ့ အငယ်ဆုံးစုံထောက်တစ်ဖြစ်လဲ အမှားအများဆုံးလုပ်တတ်တဲ့ လူသစ်လေး Jang Tan-Sik (Lee Seung-Woo) တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့
အဖွဲ့ဝင်တွေဖြစ်လာပါတော့တယ်။

ဒီလိုနဲ့ပဲ တော်တတ်လွန်းတဲ့ အဖွဲ့ခေါင်းဆောင် Dongbang Yoo-Bin ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ပင်ကိုစရိုက်တွေမတူကြတဲ့ အဖွဲ့သားတွေနဲ့ တွေ့ဆုံဖို့ဖြစ်လာပြီး စိတ်ဝင်စားစရာကောင်းတဲ့အမှုတွေကို အလွဲတွေနဲ့ ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ စောင့်မျှော်ရှုစားပေးပါဦးနော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသား‌ထားပါတယ်။)

. ထုတ်လွှင့်သည့်နေ့ : Wednesdays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၂၀ ပိုင်း...
. Network : D+..

𝙲𝚑𝚊𝚗𝚗𝚎𝚕 𝙻𝚒𝚗𝚔 -
👉https://t.me/+AT8RutsUt7pjOWJl
———————————

Review/Description Channel (By Ariel)

22 Sep, 07:56


Seoul Busters (2024)
==================

ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို High Kick, Potato Star စတဲ့ Sit-Com တွေရဲ့ ပဲ့ကိုင်ရှင်စာရေးဆရာတို့ရဲ့ လက်ရာအသစ် မှုခင်းဟာသ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ။

ဒီကားလေးမှာတော့ The Guest , The King of Pigs စတဲ့ ဇာတ်လမ်းတွဲများထဲမှ Daesang ဆုရှင်မင်းသား Kim Dong -Wook၊ Our Blues, The Roundup ထဲမှ မင်းသားကြီး Park Ji Hwan၊ A Shop For Killler ထဲမှ မင်းသား Seo Hyun-Woo ၊ Alice The Final Weapon ထဲမှ ချစ်စရာကောင်းတဲ့ မင်းသမီးလေး Park Se -Wan အပြင် Our Beloved Summer ထဲမှ Lee Seung- Woo တို့က အဓိကပါဝင်ထားပါတယ်။
———————————

Review/Description Channel (By Ariel)

22 Sep, 02:42


The Judge From Hell (2024) Description :
==================

ကျော့မော့လှပတဲ့ ရာဇဝတ်တရားသူကြီး ဂန်ဘီနာဟာ မကောင်းမှုပြုသူရာဇဝတ်သားတွေကိုပြစ်ဒဏ်ခတ်ပြီး ငရဲကိုပို့ဆောင်ပေးတဲ့ နတ်ဆိုးတစ်ယောက်လည်းဖြစ်ပါတယ်။ ဖော်ရွေနူးညံ့တဲ့စိတ်ဓာတ်ပိုင်ရှင် စုံထောက်ဟန်ဒါအွန်ကတော့ အရည်အချင်းရှိတဲ့အပြင် စိတ်ဓာတ်ပြတ်သားရဲရင့်ပြီးအမှန်တရားကိုချစ်မြတ်နိုးသူပါ။ သို့ပေမဲ့ လူမသိသူမသိစိတ်ဒဏ်ရာတစ်ခုလည်းကိန်းအောင်းနေပါသေးတယ်။

ရက်စက်ကြမ်းတမ်းတဲ့ နတ်ဆိုး ဂန်ဘီနာနဲ့ ထက်မြက်တဲ့စုံထောက်ဟန်ဒါအွန်တို့ တွေ့ဆုံကြတဲ့အခါမှာ အကြီးအကျယ်ပြောင်းလဲမှုတွေဖြစ်လာပါတော့တယ်။ နှစ်ယောက်သားရဲ့တွေ့ဆုံမှုက ရှိရင်းစွဲအလုပ်တွေအပေါ်ဘယ်လိုသက်ရောက်မှုတွေဖြစ်စေမလဲ.. သူတို့ပတ်သက်မှုကရော ဘာအကြောင်းအရင်းကြောင့်ဖြစ်တည်ခဲ့လဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်..

. ထုတ်လွှင့်သည့်နေ့ : Fridays & Saturdays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၁၄ ပိုင်း...
. Network : SBS..

𝙲𝚑𝚊𝚗𝚗𝚎𝚕 𝙻𝚒𝚗𝚔 -
👉https://t.me/+0BDW-JtYRcs1ODU1
———————————

Review/Description Channel (By Ariel)

22 Sep, 02:41


The Judge From Hell (2024)
==================

ဒီတစ်ခါမှာတော့ မျှော်နေကြတဲ့ မင်းသမီး Park Shin-Hye နဲ့.. Love in Contract အပြီး ၂နှစ်ကြာမှပြန်မြင်ရတဲ့ မင်းသား Kim Jae Young တို့ရဲ့ အကြမ်းစား Rom, Crime, Drama,Fantasy ဇာတ်လမ်းတွဲသစ်လေးထွက်ရှိလာပါပြီ။ Shin-Hye ရဲ့ မြင်နေကျကာရိုက်တာမျိုးမဟုတ်ဘဲ.. ဒီဇာတ်ကားထဲ pretty savage era နဲ့မိမိုက်ကြမ်းတမ်းနေပုံကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
———————————

Review/Description Channel (By Ariel)

08 Sep, 09:10


All of Us Are Dead (2022)
==================

သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ... ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်... ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖိုကြိုးပမ်းရတဲ့အခါမှာတော့... ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။

ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖိုလည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို သောကြာနေ့ညကို ကုန်ဆုံးဖို ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို တိုက်တွန်းလိုက်ပါရစေနော် ...

𝙲𝚑𝚊𝚗𝚗𝚎𝚕 𝙻𝚒𝚗𝚔 -
👉
https://t.me/+j-U8LaKMxHw3OGJl
———————————

Review/Description Channel (By Ariel)

02 Sep, 06:03


Romance In The House (2024) Description :
===================

Byeon Mu-Jin နဲ့ တို Geum Ye-Yeon တိုဟာ လက်ထပ်ပြီး သားသမီးနှစ်ယောက်ဖွားမြင်ခဲ့ပေမဲ့ လက်ထပ်ပြီးနောက် ဘာစီးပွားရေးလုပ်လုပ် မအောင်မြင်တဲ့ ခင်ပွန်းဖြစ်သူ Mu-Jin ကို Ye-Yeon တို သားအမိတွေဟာ စိတ်ပျက်ပြီး စွန့်ပစ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ၁၁နှစ်အကြာ သားသမီးတွေကလည်း အရွယ်ရောက်လာပြီး သမီးအကြီးဖြစ်သူကတော့ Shopping Mall တစ်ခုရဲ့ MD အဖြစ်နဲ့လုပ်ကိုင်ကာ မိသားစုရဲ့ စားဝတ်နေရေးကို ရှေ့ကနေ ဦးဆောင်ပြီး မိခင်ဖြစ်သူ မှီခိုအားထားနိုင်ဖို့အတွက် ကြိုးစားနေတဲ့သူဖြစ်လာသလောက် သားဖြစ်သူကတော့ အဖေတူသားပီပီ အခုထိကို မိသားစုအတွက် ပြဿနာတွေ ရှာကောင်းဆဲပါ။

အဲဒီလိုနဲ့ တစ်နေ့မှာတော့ Mu-Jin ဟာ အေးချမ်းနေတဲ့ Ye-Yeon တို့ သားအမိတွေရှေ့ကို ပေါ်လာပါတော့တယ်။ ဒါပေမဲ့လည်း အရင်ကလို အရှုံးသမားမဟုတ်တော့ဘဲ သူတို့မိသားစုနေထိုင်တဲ့ ဗီလာရဲ့ ပိုင်ရှင်အဖြစ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက်မှာတော့ ဇနီးဟောင်းအနားကို ပြန်လည်ချဉ်းကပ်ပြီး ပြန်ပေါင်းထုတ်ဖို့ ကြိုးစားနေတဲ့ ဖခင်နဲ့ အဖေကို ခါးခါးသီးသီးဆန့်ကျင်နေတဲ့ သမီး ၊ အဖေနဲ့ တစ်ဖက်တည်းဖြစ်တဲ့ သားတို့ ကြားထဲက မိသားစုပြဿနာလေးတွေကို ဟာသလေးနှောပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုသွားရမှာဖြစ်ပါတယ်။

. ထုတ်လွှင့်သည့်နေ့ : Saturdays & Sundays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၁၂ ပိုင်း...
. Network : JTBC..

Channel Link -
👉https://t.me/+TZ-o9JO8mv9lNjA1
———————————

9,876

subscribers

291

photos

121

videos