❣️ကျောက်ဝယ်နေသည့်
ပညာသင်များအတွက်သာ❣️
ကျောက်ဝယ်မည်ဆိုလျှင်
အရင်ဆုံး ကျောက်မျိုးမှန်,မမှန်
ကြည့်ရပါမယ်။
မျိုးမှန်ပြီဆိုမှ မျိုးတန်းရ,မရ
မျိုးရင့်,လား မျိုးနု,လား ထပ်ကြည့်ရပါမယ်။
မျိုးရင့် တယ်ဆိုရင်,
ကျောက်ယမ်း ကို ဆက်ပြီးကြည့်မယ်,
ယမ်းကြမ်း,ယမ်းကျဲ,ယမ်းမညီ,ယမ်းဗွေ,
ယမ်းရဲ့လားရာ(ဒါရိုက်ရှင်)မှန်,မမှန်
ယမ်းချောင်းကြီး,လတ်,သေး,လုံး,
ဆိုတာတွေ ကြည့်တတ်ဖို့လိုပါတယ်။
ယမ်းမှုံ့,ယမ်းညက်,ယမ်းပျောက်သလောက်
ဖြစ်သွားမှ ကျောက်သားကောင်းကောင်း
ရပါမယ်,
ယမ်းညီပြီး,ဒါရိုက်ရှင်မှန်မယ်,
ယမ်းခေါင်းလုံးပြီးမဲနေမယ်ဆိုရင်
ကျောက်အသားကောင်းနိင်တယ်လို့
ပြောကြပါတယ်။
ယမ်းကြမ်း,ကြီး,ကျဲ,မညီ တာတွေမှာ
အသားတန်း အမြင့်တွေ မရနိင်ပါဘူး။
အသားကျောက်တွေမှာ
ကျောက်ဆီပါဝင်မှု ကလဲ
အရေးကြီးပါတယ်။
ကျောက်မျိုးရင့်ပေမဲ့ ကျောက်ဆီမရှိလို့
ဖြတ်ပြီး ပစ်လိုက်ရတာ များပါတယ်။
အသားမန်း,အရည်မန်း
(ပန်း နဲ့ မန်းကို ကွဲပြားစွာသိထားရပါမယ်)
အကာထူ,အကာပါး
အထိုင်လှ,မလှ,ကောင်း,မကောင်း
ရှိသင့်တဲ့ဝိတ် ရှိ,မရှိ ဆိုတာတွေက
မသိမဖြစ် သိထားရမယ့်
ကျောက်ပညာတွေပါ။
ကျောက်စိမ်းမဟုတ်တဲ့ ပလွန်လို
ကျောက်တွေက ပုံမှန်ထက်ပိုပေါ့ပါတယ်။
တချို့ မောက်တုံးတွေ,အသားပျက်တဲ့
ကျောက်တွေက ပုံမှန်ထက်လေးနေတာတွေ ရှိပါတယ်။
ဒါတွေကြည့်ပြီးမှ,
မီးထောက်ပြီး မီပေါက်အားကိုကြည့်ရပါမယ်။
မီးပေါက်အား ကောင်းပေမဲ့ယမ်းကျဲရင်,
ကြမ်းရင် အသားတမ်းနိမ့်ပါမယ်။
တတုံးလုံးမီးဝှမ်ပြီး မီရောင်ကဖျော့ပြီး
ခပ်ပါးပါး ဖြစ်နေရင် မျိုးနုပါမယ်။
မီးပေါက်အား ကောင်းပေမဲ့
ကျောက်သားချွဲတာ,ကျဲတာတွေ
တွေကို အတွေ့အကြုံတွေကနေတဆင့်
ကိုယ်တိုင် ကြည့်တတ်,မြင်တတ်အောင်
လေ့လာ ရပါမယ်။
(ကျောက်ဝယ်တာဟာ ဒီလိုပညာရဖို့အတွက်
ပထမဦးစားပေး ရမှာပါ)
ပြချက် ပေါ်နေမယ်(လျိုပဲ့လို),သို့မဟုတ်
ဖေါ်ထားပြီးသားဆိုရင် ညို့ပေါက်ကနေ
အသားတမ်းကို အကြမ်းဖျင်း ခန့်မှန်း
နိင်ရပါမယ်။
သဘာဝနေရောင်အောက်မှာ ကြည့်တာက
အနီးစပ်ဆုံး ဖြစ်မယ်လို့ မြင်ပါတယ်။
မျိုးရင့်ပေမဲ့ ကျဲပြီးလင်းနေတာမျိုးကို
တချို့ အကျွတ်တွေမှာ တွေ့ရတတ်တယ်။
ခန္တီး,ဝေခါ ကျောက်တွေမှာ
မိးပေါက်အားကောင်းပေမဲ့ မျိုးနုတာတွေ
အဖြစ်များတယ်လို့ ထင်ပါတယ်။
(မိမိ၏ အယူအဆ မျှသာ)
အကျွတ်တွေမှာ တီပေါက်တွေကိုကြည့်ပြီး
ချရည်ကို မှန်းဆရမယ်လို့မြင်ပါတယ်။
အကျွတ်တွေက ကျောက်ဆီရပြီးသားများလို့
ကျောက်သားအဆင့်ကိုပဲ အဓိကထား
ကြည့်ရမှာပါ။
ကျောက်ဆီကောင်းပေမဲ့ မီးပေါက်အားနဲရင်
အသားတမ်းလဲနိမ့်သွားမှာပါ။
တကယ့်အကျွတ်နဲ့
ကျောက်သားပျက်လို့ ကျွတ်ချင်သလို
ဖြစ်နေတာကို လဲ ခွဲတတ်ဖို့လိုပါမယ်။
ကျောက်တလုံးကို
အပြင်မှာပင် မနည်းကြည့်ပြီး
ဝယ်ကြရတာမို့ လိုင်းပေါ်ကဝယ်ရင်
ပိုပြီး ဂရုစိုက် ဝယ်သင့်ပါတယ်။
လိုင်းပေါ်မှာ
သူ့ဈေးနဲ့သူ သင့်အောင်ရောင်းနေတဲ့သူတွေ
ရှိကြသလို အများစုက ဂွင်ကျောက်တွေကိုပဲ
ငွေဖေါ်ဖို့ ရသလောက်နဲ့ ပြန်ရောင်း
နေကြတာ များမှာပါ။
ကျောက်ကောင်းတလုံးမှာ,
ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေကို
သေသေချာချာ မသိသေးပဲ
ဝယ်နေသမျှ ရှုံးချက်နာနေဦးမှာပါ။
ကိုယ်တိုင်လဲ ရှိသမျှလေးနဲ့
ကျောက်ပညာရဖို့ ဝယ်ထားသမျှ
ဘာမှလုပ်မရ,ပြုမရ တွေများလို့
ကုန်စရာ တောင် မရှိတော့ပါ။
ပညာသင်တွေ အနေနဲ့
လုံးဝမဝယ်သင့်တဲ့ကျောက်မျိုးကို
မဝယ်မိတော့ဘူးဆိုရင်ပဲ တဆင့်တက်လာပြီလို့
ပြောရမှာပါ။
ဒီတဆင့်မှာပဲ ဘယ်လောက်ရင်းခဲ့ရပြီးပြီလဲ,
အရင်းနဲနဲ့ သိခဲ့ရင် ကျောက်လောကမှာ
ရေရှည် ရပ်တည်နိင်မှာပါ။
ငွေပေါလို့ ထင်တိုင်းကြဲခဲ့ရင်တော့
ကြောက်ပါပြီ ကျောက်လောကကြီးရယ်လို့
တာ့တာ့ပြ နှုတ်ဆက်လမ်းခွဲသွားကြသူတွေထဲ
ကိုယ်လဲ တယောက်အပါအဝင်
ဖြစ်သွားပါလိမ့်မယ်။
ဝယ်ပြီးသမျှကိုလဲ,
သေသေချာချာ မလေ့လာ,မသင်ယူပါပဲ
မအောင်လို့ ဖြတ်ပြီးလွှင့်ပစ်နေရုံဖြင့်
ငွေသာကုန် လော(ပုံ) ကျောက်မတတ်
ဖြစ်နေမှာပါ။
မသိသူကျော်သွား သိသူဖေါ်စား
ကျောက်လောကထဲမှာ သိထားတာ
ဘာမှ မရှိပါပဲ ဘယ်လို ဖေါ်စားနိင်မှာလဲ။
သိသူတွေက ကျော်သွားပြီးတဲ့ ကျောက်တွေကိုပဲ
ဟုတ်လိမ့်နိုးနိုးနဲ့ ကံကိုယုံ ဆူးပုံနင်းနေကြသလို
ဖြစ်မှန်းမသိ ဖြစ်နေကြရပါလိမ့်မယ်။
ကျောက်ပညာရဖို့ အတွက်
ကျောက်ကို မဖြစ်မနေဝယ်ကြရမှာပါ။
ဝယ်ပြီးတဲ့ကျောက်ကနေ ပညာဘယ်လောက်
ရလိုက်သလဲ ဆိုတာကသာ
ရေရှည်မှာ ကျောက်လောကထဲ
ဝင်ဆံ့နိင်ဖို့ ဖြစ်လာပါလိမ့်မယ်။
ကျောက်ကောင်းတလုံးရဖို့ဆိုတာ
ရောင်းတဲ့သူက မသိလို့ပဲဖြစ်ဖြစ်,
သေသေချာချာ မကြည့်မိလို့
သတိမထားမိလိုက်လို့ပဲ ဖြစ်ဖြစ်,
တချို့ ကျောက်ရဲ့လှို့ဝျက်ချက်ကို
မမြင်မိလိုက်လို့ပဲ ဖြစ်ဖြစ်,
ကိုယ့်ဆီ အရင်ဆုံး ရောက်ခဲ့လို့ပဲ ဖြစ်ဖြစ်,
ပြချက် မပီပြင်မထင်ရှား လို့ပဲဖြစ်ဖြစ်,
(အကာထူ…အတွင်းထဲအရည်ဝင် ကလွဲရင်)
ဒီလို မျိုး ကျွံထွက်လာမှသာ
ဈေးအနိမ့်နဲ့ ကျောက် ကောင်းရတတ်ပါတယ်။
ကျောက်ကောင်းတလုံးရဲ့ လျို့ဝှက်ချက်
တခုခုကို သိထားပြီးကျောက်ကို
စေ့စပ်သေချာစွာ ကြည့်မြင်တတ်မယ်,
စိတ်ရှည်ရှည်,ဇွဲရှိရှိနဲ့ ရှာတတ်မှသာ
ကျောက်ကောင်း တလုံးကို ရနိင်မယ်လို့
ယူဆမိပါတယ်။
ကိုယ်တိုင်လဲ ပညာသင်တယောက်ပါ။
လေ့လာမိသမျှ ရေးပြခြင်းသာဖြစ်ပါ၍
အမှား ပါ ပါက သင်ပြပေးကြပါ။.
Crd