.
မိမိဝယ်ယူမည့်ကျောက်သည် ကျောက်စိမ်းအစစ် ဟုတ်သည်မဟုတ်သည်ကိုဆန်းစစ်ရာ၌ အောင်ဖော်ပြပါအချက်အလက်များသည် သေချာသောနည်းလမ်းများမဟုတ်သည့်တိုင်အောင် ကျောက်စိမ်းအစစ်ဖြစ်နိုင်ကြောင်းအသိသညှာတခုတော့ပေးနိုင်ပါလိမ့်မည်...
.
.
(လေပူဖောင်းများကိုရှာဖွေပါ)...
အခွံရောင်ပြုပြင်ရန်ကျောက်စိမ်းများကိုဆေးဆိုးသောအခါ ကျောက်ကောင်းတလုံးကဲ့သို့ မာကျောမှု့ပြန်လည်ရရှိစေရန် "ပိုလီမာ" ထိုးသွင်းခြင်းဖြင့်ပြုပြင်ရပါသည်။ ထိုအခါ တချို့သောနေရာများ၌လေခို၍ လေဟာနယ်နေရာလွတ်လေးများဖြစ်ကျန်ရစ်ခဲ့တတ်ပါသည်။ ခွံပြင်ကျောက်တုမှန်းသိရှိစေရန် ၎င်းကျောက်အားရေစိမ်ကြည့်ပါက ပူစီဖောင်းငယ်လေးများ ရေပေါ်သို့တက်လာခြင်းကိုမြင်နိုင်ပါသည်။
(အပူချိန်စစ်ဆေးခြင်း)...
ကျောက်စိမ်းအစစ်သည် သဘာဝအတိုင်းဆိုလျှင် အေးစိမ့်သောအအေးဓာတ်ရှိပါသည်။ စစ်ဆေးရန် နည်းလမ်းမှာ ကျောက်စိမ်းကိုလက်ထဲတွင်ဆုပ်ကိုင်ထားပြီး ၎င်း၏အပူချိန်ကိုရရှိအောင်ခံစားရခြင်းဖြစ်ပါသည်။ ပူနွေးလာပါက ခဏကြာအောင်ဖယ်ထားပြီးမှလက်ထဲသို့ပြန်ထည့်ပါ။ ကျောက်စိမ်းအစစ်ဖြစ်လျှင် အလွန်လျင်မြန်စွာပြန်လည်အေးသွားပါလိမ့်မည်။ သို့သော်လည်း အပူချိနဖြင့်စစ်ဆေးမှု့သည် မိမိနှင့်ရောင်းသူကြား ကျောက်စိမ်းအားကြည့်ရှု့လေ့လာချိန် ကြာမြင့်စွာမပေးနိုင်ခြင်းကြောင့် ခက်ခဲသော စမ်းသပ်မှုတစ်ခုဖြစ်ပါသည်။
(ခြစ်ရာစမ်းသပ်ခြင်း)...
ကျောက်စိမ်းအစစ်သည် အလွန်မာကျောပြီး အလွန်သိပ်သည်းသောကြောင့် ခြစ်ရာပွန်းရာထင်စေဖို့ လုပ်ဆောင်ရန်မလွယ်ကူပါ။ အခွံမျက်နှာပြင်အားစစ်ဆေးနေစဥ် မိမိ၏လက်သည်းဖြင့် သို့မဟုတ် ကျောက်ကြည့်ဓာတ်မီးဖြင့် ခြစ်ရာထင်နိုင်မထင်နိင် စမ်းသပ်ခြင်းပြုလုပ်ကြည့်ပါ။ ခြစ်ရာထင်ကျန်စေရန်ပြုလုပ်ရလွယ်ကူပါက ကျောက်စိမ်းသည်အတုဖြစ်နိုင်သည်။ (ကျောက်ပိုင်သိအောင်တော့လုပ်၍မရပါ)
(အသံစမ်းသပ်ခြင်း)...
ဤအချက်ဖြင့်စမ်းသပ်စစ်ဆေးဖို့လုပ်ဆောင်ရာတွင် သင့်ထံ၌ကျောက်စိမ်းအစစ်တလုံးရှိဖို့လိုအပ်ပါသည်။ ကျောက်စိမ်းအစစ်အား ခေါက်ကြည့်ပါကထွက်လာသောအသံနှင့် အတုအားခေါက်ကြည့်ပါကထွက်လာသောအသံများသည်တူညီခြင်းမရှိ။ ကျောက်စိမ်းအစစ်နှင့်အတုကို အကြိမ်ပေါင်းများစွာခေါက်ပြီး အသံကိုသေချာစွာနားထောင်ပါ။ ကျောက်စိမ်းအစစ်၏အသံသည် နက်နဲပြီး ပဲ့တင်ထပ်သောအသံထွက်မည်ဖြစ်သော်လည်း ကျောက်စိမ်းအတုအားခေါက်သောအသံသည် ပလပ်စတစ်ပုတီးစေ့နှစ်ခုကို အချင်းချင်းခေါက်နေသောအသံကဲ့သို့ကြားရမည်ဖြစ်ပါသည်။
(အားနည်းချက်ဖြင့်စမ်းသပ်မှု)... ကျောက်မျက်ရတနာများတွင် အပြစ်အနာအဆာများကို ပုံမှန်အားဖြင့် အားနည်းချက်ဟုယူဆသော်လည်း ၎င်းတို့သည် တစ်ခါတစ်ရံတွင် ကျောက်စိမ်းတလုံးအားအတုအစစ်ခွဲခြားရာ၌ ကောင်းမွန်စွာအထောက်အကူပြုတတ်ပါသည်။ ကျောက်စိမ်းတုံးတခု၏ ချို့ယွင်းချက်၊ အားနည်းချက်များသည် ၎င်းကျောက်စိမ်းအား ကျောက်စိမ်းစစ်မှန်ကြောင်းကိုသွယ်ဝှိက်သောနည်းလမ်းဖြင့်ရည်ညွှန်းပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းအတုပြုလုပ်သူများသည် ကျောက်စိမ်းကောင်းတလုံးနှင့်ဆင်တူရိုးမှားကျောက်ကောင်းတလုံးဖန်တီးရန်အတွက် ကျောက်စိမ်းတလုံး၏အပြစ်အနာအဆာများအား ဖျောက်ဖျက်ပစ်ရန်ရည်ရွယ်လုပ်ဆောင်သောကြောင့်ဖြစ်ပါသည်။
.
ကျောက်စိမ်းအစစ်ဟုတ်မဟုတ် စစ်ဆေးရန် နည်းလမ်းများစွာရှိသော်လည်း ဤစစ်ဆေးမှုများသည် မည်သည့်နည်းကမှ ၁၀၀% သေချာမှု့မရှိပါ။ တစုံတရာ အထောက်အကူပြုစေရန်သာတတ်နိုင်ပါသည်။
.
နောက်ဆုံးအဆင့်အနေနှင့်ပြောရလျှင် ကျောက်စိမ်းတလုံးအား အစစ်အမှန်ကြောင်းကို ဖြတ်ခုံတခုကသာအတည်ပြုပေးနိုင်ပါလိမ့်မည်။
.
ကျောက်မှန်ကျောက်ကောင်းများ ရရှိပိုင်ဆိုင်နိုင်ကြပါ
Crd
#FacebookMonetization #follower #technology #jade #motivation #jewellery #gemstone #meta