Improve Knowledge Education ( IKE ) @improveknowledgeedu Channel on Telegram

Improve Knowledge Education ( IKE )

@improveknowledgeedu


Improve Knowledge Education (IKE) (English)

Welcome to Improve Knowledge Education (IKE), your go-to source for enriching your knowledge and expanding your educational horizons. Our Telegram channel, @improveknowledgeedu, is dedicated to providing valuable resources, insightful articles, and engaging discussions on a wide range of topics. Who is IKE? IKE is a community of lifelong learners, passionate educators, and knowledge seekers who believe in the power of continuous learning. Whether you are a student looking to improve your grades, a professional aiming to enhance your skills, or simply someone who loves to explore new ideas, IKE is the perfect platform for you. What is IKE? IKE is more than just a Telegram channel – it is a virtual classroom, a knowledge hub, and a supportive community all rolled into one. Here, you can find study tips, academic resources, book recommendations, and much more to help you on your learning journey. Whether you are interested in science, history, literature, or any other subject, you will find something to pique your curiosity on IKE. Join us on @improveknowledgeedu and take your education to the next level. Let's learn, grow, and improve together with IKE!

Improve Knowledge Education ( IKE )

13 Jan, 10:04


Registration form လေးကတော့ ပိတ်လိုက်ပြီ ဖြစ်လို့ webinar join ဖို့ form ဖြည့်ထားတဲ့သူလေးတွေ 7:30pm zoom မှာတွေ့ကြမယ်နော်🎬

အချို့ email address လေးတွေက Mail ပို့မရတာကြောင့်Email လေးစစ်လို့ zoom link မရောက်သေးဘူးဆိုရင် page messenger မှာ လာရောက်တောင်းယူနိုင်ပါတယ်ရှင့်🪸

Improve Knowledge Education ( IKE )

12 Jan, 14:49


Don't miss out this chance!! Let's fill out Registration Form 👀👀

Improve Knowledge Education ( IKE )

09 Jan, 13:59


🎉"New Year,New Skills: Improving Self-Care for Youth" Webiner

🤷နှစ်သစ်မှာ လူငယ်တွေအတွက် ကိုယ်ရည်ကိုယ်သွေးတွေကို အသိပညာတွေ ကျွမ်းကျင်တတ်မြောက်မှုတွေနဲ့ မြှင့်တင်ဖို့ရာအတွက် IKEမှ ပြုလုပ်ပေးသွားမယ့် Webiner တခုကို မိတ်ဆက်ပေးသွားပါ့မယ်ဗျ။

📝လူငယ်တယောက်အတွက် တိုးတက်လာဖို့ လိုအပ်တဲ့ အရာများစွာထဲကမှ Self-Care practices ဟာလည်းလိုအပ်တဲ့အရာ တခုပါဗျ။ ဒီအကြောင်းကိုတော့ အပိုင်း(၄)ပိုင်းနဲ့ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

1: Self-Reflection
Self_careလို့ပြောလိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုကိုသာ ဂရုစိုက်ဖို့ သတိရကြတာဖြစ်တာကြောင့်
Emotionally နဲ့ Mentally အရပါ ဂရုစိုက်ပေးဖို့ သတိပေးချင်တာပဲဖြစ်ပါတယ်။ Self-careလုပ်ဖို့အတွက် ကိုယ်ကိုယ်တိုင်အကြောင်းကို သိရမှာဖြစ်တာကြောင့် Self-Reflection လုပ်ဖို့ လိုအပ်ပါတယ်ဗျ။ဒါကြောင့် 2023မှာ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်နဲ့အတူအသေးစိတ်ကို Reflect ပြန်လုပ်ကြည့်ဖို့ Tips လေးတွေပေးသွားမှာပါ။

2: General Self-Care Tips
Self-Care လုပ်ဖို့ရာအတွက် လုပ်နိုင်မယ့် Steps လေးတွေကို shareပေးသွားပါ့မယ်ဗျ။

3:Improve Specific skills for Self-Control
New Year Better Meဖြစ်စေဖို့ ရှေ့လျှောက်လူငယ်တယောက်အနေနဲ့ ရှိထားရမယ့် Specific Skillsတွေကို shareပေးသွားပါမယ်။

4: Challenges to try in new year
Productive ဖြစ်တယ်ဆိုတာ အချိန်ကာလတခုအတွင်းပဲ ဖြစ်ရမှာမဟုတ်ဘဲ Life style တခုဖြစ်ရမှာဖြစ်တာကြောင့် Challengeတွေကနေ habit ဖြစ်လာဖို့ ကြိုးစားသင့်တာကို shareပေးမှာဖြစ်ပါတယ်ဗျ။

🥳🎉ဒီ Webinarကိုတော့ ကျွန်တော်တို့ IKE နဲ့အတူ Englishစာလေ့လာရာမှာ အသုံးဝင်တဲ့ Tipsတွေအပြင် Content writing ပိုင်းက Knowledge တွေကိုလည်း shareပေးနေတဲ့ Bubbly Bee က မချမ်း‌မြေ့သူ(Page Founder )တို့ကနေ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဗျ။

Registration form📋🖊️

https://docs.google.com/forms/d/15puaYUaZri3DcKVQkOpZqmCQy0rPONiQN-ghjO2pldg/edit

🖇️ Official Channel 🖇️https://t.me/improveknowledgeedu
🖇️ Raise to Read Channel 🖇️https://t.me/raisetoreadbyIKE

Improve Knowledge Education ( IKE )

09 Jan, 13:41


🔵 Ripple Effect 🔵

ကျွန်တော်တို့တွေ Effects တော်တော်များကို ကြားဖူး၊ ဖတ်ဖူး ကြပါတယ်။ ဥပမာ- Bambi Effect, Butterfly Effect, Domino Effects အစရှိသဖြင့် များစွာသော သက်ရောက်မှု အမျိုးအစားတွေရှိကြပါတယ်။ ဒီနေ့မှာတော့ IKE က Ripple Effect အကြောင်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Ripple Effect ဆိုတာဘာလဲ?

🔹 Ripple Effect ဆိုတာ ကိစ္စတစ်ခု သို့မဟုတ် အဖြစ်အပျက်တစ်ခုကနေ ပိုပြီးကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပျံ့နှံ့ပြီးဖြစ်ပျက်သွားတာကို ဆိုလိုပါတယ်။ မြင်သာအောင်ပြောပြရမယ်ဆိုရင်တော့ တည်ငြိမ်နေတဲ့ ရေအိုင်ထဲကို ပစ္စည်းတစ်ခုခု ပြုတ်သွားကျတဲ့အခါ ရေလှိုင်းဂယက် ထသွားသလိုမျိုး ကိစ္စတစ်ခုရဲ့ အကျိုးသက်ရောက်မှုဟာ တဖြည်းဖြည်းပိုမိုကြီးမားလာတာမျိုးကို Ripple Effect လို့ ခေါ်ပါတယ်။

ဘယ်နေရာတွေမှာ Ripple Effect ကိုတွေ့နိုင်သလဲ?

🔹 စီးပွားရေး နဲ့ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူတွေရဲ့အပြုအမူ၊ လုပ်ဆောင်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်သွားတာကို ဖော်ပြချင်တဲ့အခါမှာ Ripple Effect အသံုးပြုကြပါတယ်။ စီးပွားရေးအရ ဥပမာ ပြရမယ်ဆိုရင်တော့ United Sates လိုမျိုး အဓိက စီးပွားရေးကိစ္စတွေမှာ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကို သက်ရောက်နိုင်တဲ့ Ripple Effect ကိုဖန်တီးနိုင်ပါတယ်။ ကျွန်တော်တို့ လူအချင်းချင်း ဆက်သွယ်တဲ့ နေရာတွေမှာလဲ Ripple Effect ကိုတွေ့နိုင်ပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ အလုပ်လုပ်တဲ့နေရာမှာ မန်နေဂျာရဲ့ လက်အောက်ငယ်သားတွေအ‌ပေါ် ပြောဆိုဆက်ဆံပုံတွေဟာ အပြုသဘောဆောင်တာမျိုး၊ ကောင်းကောင်းမွန်မွန်ချိုချိုသာသာ ပြောဆိုမယ်ဆိုရင် အဖွဲ့တစ်ခုလုံးရဲ့ အလုပ်ပြီးမြောက်နိုင်မှု နဲ့ အဖွဲ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ အကယ်လို့ negative energy တွေနဲ့ ပြောဆိုဆက်ဆံနေမယ်ဆိုရင်တော့ motivation ကျဆင်းပြီး အဖွဲ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေလဲ ကျဆင်းစေနိုင်ပါတယ်။ ဒီလို ripple effect ဟာ တစ်ဆင့်ပြီးတစ်ဆင့် အခြားအသင်းအဖွဲ့တွေဆီကိုပါ ကူးဆက်သွားနိုင်ပြီးတော့ မိမိတို့ရဲ့ organization ကိုပါထိခိုက်မှုရှိလာစေနိုင်ပါတယ်။

🔹 နောက်ထပ် Ripple Effect ကိုရှင်းပြနိုင်တဲ့ ရိုးရှင်းတဲ့ ဥပမာအနေနဲ့ ကျွန်တော်တို့ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ အပြုအမူ၊ အပြောအဆို၊ လုပ်‌ဆောင်ချက်တွေက ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်က အခြားသူတွေဆီကိုလည်း ကူးဆက်သွားနိုင်ပါတယ်။ ဥပမာ- နေ့စဥ်ကျန်းမာရေးလိုက်စားသူတစ်ဦး၊ လေ့ကျင့်ခန်းလုပ်လေ့ရှိသူတစ်‌ယောက်ရဲ့ အလေ့အကျင့်ဟာ သူ့ဘေးနားပတ်ဝန်းကျင်က သူတွေကိုပါ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို ကူးစက်သွားနိုင်ပြီးတော့ ကျန်းမာ‌ရေးလိုက်စားသူတွေဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့တွေရဲ့ အပြုအမူ၊ လုပ်ဆောင်ချက်တွေဟာ ကျွန်တော်တို့ သတိမထားလိုက်ဘဲနဲ့ ကျွန်တော်တို့ရဲ့ အနီးအနားက လူတွေကို သက်ရောက်မှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေရဲ့ positive action တစ်ခုဟာ ဘဝရဲ့ အခြားသော လုပ်ဆောင်မှုတွေအပေါ်မှာလဲ သက်ရောက်မှုတွေရှိစေပါတယ်။ ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းက ပြုလုပ်လိုက်တဲ့ ကောင်းမွန်သော လုပ်ဆောင်ချက်တိုင်းကနေပတ်ဝန်းကျင်လူတွေအချို့ကိုကောင်းမွန်သောသက်ရောက်မှုများဖြစ်စေနိုင်ပါတယ်ခင်ဗျာ။

🖇️ Official Channel 🖇️
https://t.me/improveknowledgeedu

🖇️ Raise to Read Channel 🖇️
https://t.me/raisetoreadbyIKE

Improve Knowledge Education ( IKE )

08 Jan, 17:02


📖 Spare By Prince Harry The Duke of Sussex (January 10, 2023)
British Royal Family ကမိသားစုဝင်တစ်ဦးဖြစ်တဲ့ မင်းသားကြီး Harry ကိုမသိတဲ့သူမရှိသလောက်ရှားမယ်လို့ ထင်ပါတယ်။ Spare ဆိုတဲ့စာအုပ်လေးကတော့ Prince Harry ကိုယ်တိုင် သူ့ရဲ့ဘဝအဖြစ်မှန်တွေကို အခြေခံပြီးရေးသားထားတဲ့ စာအုပ်တစ်အုပ်လဲဖြစ်ပါတယ်။ Prince Harry ကိုယ်တိုင် သူကြုံတွေခဲ့တဲ့ ဘဝရဲ့အနိမ့်အမြင့်၊ အတက်အကျတွေအပြင် လုပ်ခဲ့မိတဲ့ အမှားတွေနဲ့ ရခဲ့တဲ့ သင်ခန်းစာတွေကိုပါ ထည့်သွင်းရေးသားထားလို့ သင်ယူစရာတွေနဲ့ပြည့်နေမဲ့ စာအုပ်လေးလဲဖြစ်ပါတယ်။ အဲ့ဒါအပြင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်လို့ Royal တစ်ယောက်ဘဝနဲ့ နေခဲ့တဲ့အချိန်တွေ မိသားစုဝင်တွေကြားမှာရှိခဲ့တဲ့ ဆက်ဆံရေးတွေ အတွေ့အကြုံတွေ၊ British Army ထဲဝင်နေချိန်တွေ အပြင်၊ ပညာရေးနဲ့ပတ်သတ်တာတွေကို သူကိုယ်တိုင် ဖြတ်သန်းကျော်လွှားခဲ့တဲ့ အရာအားလုံးကိုရေးသားထားတဲ့ စာအုပ်လေးဖြစ်လို့ Royal မိသားစုဝင်တစ်ယောက်အနေနဲ့ နောက်ဆုံးနှုတ်ထွက်ချိန်ထိ ဘယ်လိုရင်ဆိုင်ဖြတ်သန်းခဲ့လဲဆိုတာတွေကို ရေးသားထားတာပဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဝင်စားရင် ဒီစာအုပ်လဲကို ဖတ်ကြည့်ပေးဖို့လဲ အားပေးပါတယ်နော်။ 

Improve Knowledge Education ( IKE )

08 Jan, 17:01


  📖 Iron Flame (The Empyrean, 2) 
စာရေးဆရာမလေး Rebecca Yarros ရေးသားထားတဲ့ Iron Flame စာအုပ်လေးဟာဆိုရင် The Empyrean Series ရဲ့ ဒုတိယမြောက် စာအုပ်လေး ဖြစ်ပါတယ်။ ဒီစာအုပ်လေးကတော့ November 7, 2023 မှာထွက်ခဲ့တာဖြစ်ပြီး အချိန်အနည်းငယ်အတွင်းမှာပဲ Apple ရဲ့ တစ်နှစ်တာအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်လေးဟာ ရသမျိုးစုံပေးစွမ်းနိုင်ပြီး Fantasy, Romance , Adventure တွေစုစည်းထားတဲ့ စာအုပ်လေးလဲဖြစ်ပြီး ပါဝင်တဲ့ Main Character, Violet Sorrengail ရဲ့ Basgiath War college အတွင်း ကြုံတွေလာရတဲ့အခက်အခဲတွေကို ရင်ဆိုင်ပြီး ရှေ့ဆက်ရှင်သန်နိုင်ဖို့ ကြိုးစားပုံကို အသားပေးရေးထားတဲ့စာအုပ်လေးပါ။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်လို့ ရသမျိုးစုံကို တစ်ခါထဲခံစားချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို Recommend ပေးချင်ပါတယ်ရှင့်။ 

Improve Knowledge Education ( IKE )

08 Jan, 16:59


📖 Atomic Habits :An Easy & Proven Way to Build Good Habits & Break Bad Ones
ဒီစာအုပ်လေးကိုတော့ စာရေးဆရာ James Clear ကရေးသားထားပြီး October 16, 2018 ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့စာအုပ်လေးပဲ ဖြစ်ပါတယ်။  ဒီစာအုပ်လေးဟာဆိုရင် copies ပေါင်း 10 million ကျော်ရောင်းချနိုင်ခဲ့ပြီး New York Times ရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်အနေနဲ့ နံပတ် 1 နေရာရရှိခဲ့တဲ့ စာအုပ်လေးလဲဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာဆိုရင် သေးငယ်တဲ့ပြောင်းလဲမှုလေးတွေကနေ ကြီးမားတဲ့ရလဒ်တွေကို ရစေနိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ကိုယ့်မှာရှိနေတဲ့ အကျင့်ဆိုးတွေဖျက်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို မွေးမြူတဲ့နေရာမှာ အထောက်အကူပြုစေမဲ့ နည်းလမ်းတွေ အပြင်၊ အခြားသော ဘဝတိုးတက်မှုအတွက် အကျိုးပြုစေမဲ့ အကြောင်းအရာတွေနဲ့ စုစည်းထားတဲ့ စာအုပ်လေးဖြစ်လို့ တကယ်ကို ဖတ်သင့်တဲ့ စာအုပ်လေးလဲဖြစ်ပါတယ်။ 

Improve Knowledge Education ( IKE )

08 Jan, 16:55


Hello Hello! 🙋‍♀
အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီတစ်ခေါက်မှာတော့ စာအုပ်ကောင်းတွေကို ဖတ်ရတာ နှစ်သက်တဲ့ စာပေချစ်သူတွေအတွက် 2023 မှာ ရောင်းအားအကောင်းဆုံး စာအုပ် (3) အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်လိုစာအုပ်လေးတွေ ဖြစ်မလဲဆိုတာ တူတူကြည့်ကြည့်ရအောင်နော်။ 🧏‍♀🧏‍♀

1. Atomic Habits
2. Iron Flame
3. Spare

💁‍♀ ဟုတ်ကဲ့ပါ အခု Sharing လုပ်ပေးခဲ့တာကတော့ Best selling books of 2023 ဖြစ်တဲ့စာအုပ် (3)အုပ်အကြောင်းပဲ ဖြစ်ပါတယ်။ စာအုပ်ချစ်တဲ့သူတွေအနေနဲ့ ကိုယ်နှစ်သက်တဲ့ ရသပေါ်လိုက်ပြီး ဖတ်စရာစာအုပ်အသစ်လေးတွေ သိသွားမယ်လို့ ယုံကြည်ပါတယ်။ ဖတ်ဖူးပြီးတဲ့သူတွေအနေနဲ့လဲ ကိုယ်သင်ယူလိုက်တဲ့ အကြောင်းအရာလေးတွေကို Sharing လုပ်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်။ 🙇‍♀🙇‍♀

🖇️ Official Channel 🖇️
https://t.meimproveknowledgeedu
🖇️ Raise to Read Channel 🖇️
https://t.me/raisetoreadbyIKE

Improve Knowledge Education ( IKE )

01 Jan, 05:11


🎉 Happy New Year 2024 🎉

🎁2023 တစ်နှစ်ပတ်လုံး IKEမှာ တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြတဲ့ Volunteers များနဲ့ IKE ၏classes များတွင်တက်ရောက်နေသော ကျောင်းသူကျာင်းသားများအား ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ကြပါစေကြောင်း ကျွန်တော်တို့ IKEကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

🎁နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ၊ မိသားစုနဲ့ အတူပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ၊ နေ့ရက်တိုင်းကို ပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ Improve Knowledge Education မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ။ ။

🖇️ Official Channel 🖇️
https://t.me/improveknowledgeedu
🖇️ Raise to Read Channel 🖇️
https://t.me/raisetoreadbyIKE

Improve Knowledge Education ( IKE )

22 Dec, 03:58


သင်ဟာ Europe မှာ ပညာသင်ဖို့ စိတ်၀င်စားတဲ့သူလား👀
အဲ့တာဆိုရင်တော့ Europe Universities တွေက ဘယ်လိုရှိလဲ🤔၊ Student life ကကော ဘယ်လိုရှိမလဲ စတာတွေကို သိချင်ရင်တော့ IKE က December 24 မှာပြုလုပ်မဲ့ Student Life In Europe Webinar လေးမှာပါ၀င်ဖို့ အခုပဲ Form လေးဖြည့်လိုက်တော့နော်

https://docs.google.com/forms/d/e/1FAIpQLSc8-enPshCyYxMjJ3Cyk48_zxOTeJ9REFpnJfy_CNcuJm7EzQ/viewform?usp=pp_url

Improve Knowledge Education ( IKE )

20 Dec, 15:47


သင်ဟာ Europe မှာ ပညာသင်ဖို့ စိတ်၀င်စားတဲ့သူလား👀
အဲ့တာဆိုရင်တော့ Europe Universities တွေက ဘယ်လိုရှိလဲ🤔၊ Student life ကကော ဘယ်လိုရှိမလဲ စတာတွေကို သိချင်ရင်တော့ IKE က December 24 မှာပြုလုပ်မဲ့ Student Life In Europe Webinar လေးမှာပါ၀င်ဖို့ IKE Facebook Page Messenger မှာ Registration Form ‌လာတောင်းပြီး From ဖြည့်လိုက်တော့နော်👀

Improve Knowledge Education ( IKE )

18 Dec, 15:42


သင်ရော Health Relationshipကို ပိုင်ဆိုင်ထားသူတစ်ယောက်လား

💥ကိုယ်ရဲ့လက်ရှိအချစ်ရေးက Healthyဖြစ်တာလား Unhealthyဖြစ်တာလား မခွဲတတ်ဘဲဖြစ်နေတယ်ဆိုရင်ဒီစာလေးကိုဆုံးအောင်ဖတ်ပေးပါနော်💥

ဒီနေ့မှာမင်က unhealthy relationshipရဲ့ လက္ခဏာရပ် (၅) မျိုး ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

1. Feeling Pressure (ဖိအားပေးခံရ)
သင့်ရဲ့ Partner က သင်မလုပ်ချင်တာ(လိင်ပိုင်းဆိုင်ရာအပါအဝင်)ကို အတင်းခိုင်းနေမယ်ဆိုရင် ဒါဟာ Warning Sign တစ်ခုဖြစ်နေပါပြီ။

2. Being threatened (ခြိမ်းခြောက်ခံရ)
တစ်စုံတယောက်က Blackmail ultimatums တွေလိုမျိုး နည်းလမ်းတွေသုံးနေရင် (သို့) သူတို့ တောင်းဆိုတာကလွဲပြီး ရွေးချယ်စရာမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောလာခဲ့ရင် သတိထားပါ။ Healthy Partner တစ်ဦးက သင့်ဆုံးဖြတ်ချက်ကို သင့်အပေါ်ပဲ မူတည်စေပြီးသူတို့အကျိုးအတွက် သင့် ကိုခြောက်လန့်တာမျိုးမလုပ်ကြပါဘူး။အကယ်၍ ခြိမ်းခြောက်လာပြီဆိုရင် သင့်ကို နှလုံးသားထဲကနေ တကယ် စိတ်မဝင်စားလို့ပါ။

3. Violence (အကြမ်းဖက်ခံရ)
တကယ်ဆို ကိုယ်ချစ်တဲ့လူကို ဘယ်သူကမှ ကြောက်မ‌ေန သင့်ပါဘူး။ Healthy relationship တွေမှာလဲ အကြမ်းဖက်မှုအတွက် နေရာ ရှိမနေပါဘူး။ တစ်ချို့ကိစ္စတွေမှာ ချစ်ယောင်ဆောင်ပြီး အကြမ်းဖက်တာမျိုးက လူကုန်ကူးဖို့ကြံရွယ်နေတာမျိုးတွေလဲ တွေ့ရှိရနိုင်ပါတယ်။

4. Isolation (တသီးတသန့်ထားခံရ)
နောက်ထပ် unhealthy relationship ရဲ့ အဓိကလက္ခဏာ ရပ်တစ်မျိုးကတော့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆက်သွယ်ဖြတ်ခိုင်းတာမျိူးပါ။သင်အချိန်တွေကို သူတစ်ယောက်ထဲပိုင်ချင်လို့ မိသားစု၊သူငယ်ချင်းတွေနဲ့ အဆက်သွယ်ဖြတ်ခိုင်းတာကလဲ Toxic ဖြစ်ပါတယ်။

5. Loss of Control (ကိုယ်တိုင်ထိန်းချုပ်မှုဆုံးရှံးခြင်း)
လူတစ်ဦးက တစ်ခြားသူရဲ့ကိစ္စတွေကိုလိုက်ထိန်းချုပ်တာ (ဥပမာ - သူတို့သူငယ်ချင်းက ဘယ်သူဖြစ်တယ်၊ဘယ်သူနဲ့မပေါင်းနဲ့၊ ဖုန်းယူစစ်တာ၊ Social mediaကို Control လုပ်တာ)မျိုးကလဲ စိုးရိမ်စရာကိစ္စတစ်ခုပါပဲ။သင့်ဘဝကိုသင်ပိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အခြားသူတစ်‌ေယာက်နဲ့လက်တွဲတယ် ဆိုရင်တောင် သင့်ကိုယ်ရေးကိုယ်တာနဲ့ သီးသန့်ဖြစ်ပိုင်ခွင့်ရှိပါတယ်။

သင့်ရဲ့ Relationship က Toxic ဖြစ်နေတယ်ဆို တစ်ဖက်က ကိုယ့်ရဲ့ Partnerနဲ့တိုင်ပင်ပြီး unhealthy ကနေ healthy ဖြစ်အောင်ပြောင်းနိုင်ဖို့ အတူတူကြိုးစားကြည့်ပါနော်။ချစ်တဲ့လူတွေအားလုံး စိတ်ရွှင်လန်းချမ်းမြှေ့ပြီး ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေကြောင်းIKE မှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်💗
🖇️ Official Channel 🖇️
https://t.me/improveknowledgeedu

🖇️ Raise to Read Channel 🖇️
https://t.me/raisetoreadbyIKE

#Content
#ImproveKnowledgeEducation
#umhealthyrelationship

Improve Knowledge Education ( IKE )

18 Dec, 15:42


သင်ဟာ Europe မှာ ကျောင်းတက်ဖို့ စိတ်ကူးနေသူ တစ်ယောက်လား

ဒါဆိုရင်
-ဘယ်Europeရဲ့ ဘယ်ကျောင်းမှာကျောင်းတတ်ဖို့သင်ရွေးချယ်ပြီးပြီလဲ
- Europe နဲ့ပတ်သတ်ပြီးတော့ကော သင်လေ့လာပြီးပြီလဲ
ဘာကိုမှ မစဉ်းစားရသေးဘူး/ မသိသေးဘူး လေ့လာဆဲဆိုရင်တော့ မင်တို့ IKE ကနေ 24. Dec မှာကျင်းပမယ့် Event လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေရှင့်။

ဒီ Event လေးမှာဆိုရင်
💥 Europe မှာကျောင်းတက်ဖို့ ဘာကြောင့်ရွေးချယ်သင့်ကြောင်း
💥Europe နဲ့ပတ်သတ်တဲ့ ယဉ်ကျေးမှုတွေ
💥 စားသောက်နေထိုင်မှု‌ပုံစံတွေ
💥 ဆောင်ရန်၊ရှောင်ရန် တွေသာမကဘဲ
💥 Belgiumရှိ Top 5 ranked universityတစ်ခုဖြစ်တဲ့ Vrije Universiteit Brussels (VUB) ရဲ့ သင်ကြားမှုပုံစံနဲ့ နေထိုင်မှုပုံစံတွေကို အကျယ့်တပွင့်ရှင်းပြပြီး Sharing လုပ်ပေးသွားမှာမို့ Europe က Universityတွေအကြောင်း စိတ်ဝင်စားတဲ့ လူငယ်လေးတွေကို ဖိတ်ခေါ်ချင်ပါတယ်ရှင့်။

🧑‍💻Webinar အနေနဲ့ကတော့ VUB)တွင် Business Economicကို Bachelor တက်ရောက်လျက်ရှိသော Khin Nandar Su @ Kate Su က Guest Speaker (Webinar) အနေနဲ့ ပါဝင်သွားမှာပါ။သူမကတော့ Brusselsတွင် နေထိုင်လျက်ရှိသူ ဖြစ်ပြီး Europeမှာ Educational Consultant(ပညာရေးအတိုင်ပင်ခံ)အနေနဲ့ အလုပ်လုပ်နေသူဖြစ်ပါတယ်။

🗓️Event Date - 24.12.2023
Event Time - 7:00 pm ~ 8:30 pm

Event လေးကို စိတ်ဝင်စားလို့ Join ချင်တယ်ဆိုရင်တော့ IKE Page ရဲ့ Messager မှာ စာရင်းပေးသွင်းပြီး Zoom link လေးရယူနိုင်ပါပြီနော် 💗
#Europestudy
#knowledgesharing
#IKE

Improve Knowledge Education ( IKE )

16 Dec, 15:31


ဆွဲဆောင်မှုရှိတဲ့storytelling, ကြည်နူးဖွယ်ကောင်းတဲ့ ဉာဏ်ပညာ၊ အချစ်ဇာတ်လမ်း၊ လူမှုရေးဆိုင်ရာ dynamicတွေကြောင့် စာဖတ်သူကို ဆွဲဆောင်နိုင်မယ့် စာအုပ်တအုပ်ဖြစ်မယ်လို့ယုံကြည်ပါတယ်ဗျ။

(၅)The Narrow Road to the Deep North by
Richard Flangan

2013 မှာ စတင်ထုတ်ဝေခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်ဗျ။ ဒုတိယကမ္ဘာစစ်အတွင်း Australia နိုင်ငံက ဆရာဝန် Dorrigo Evans ရဲ့ ဘဝကို အလေးအနက်ထားရေးဖွဲ့ထားတဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ဝတ္ထုတပုဒ်ဖြစ်ပါတယ်ဗျ။ ထိုင်း-မြန်မာ မီးရထားလမ်းပေါ်ရှိ ဂျပန်ရဲဘက်စခန်းတွေမှာ သြစတြေးလျ စစ်သုံ့ပန်းတွေရဲ့ အတွေ့အကြုံတွေကို ကဗျာဆန်စွာမှတ်တမ်းတင်ထားတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်ဗျ။ Evans ရဲ့ စစ်သုံ့ပန်းအဖြစ် စစ်ပြီးခေတ် သူ့ဘဝတွင် စိတ်ဒဏ်ရာ ချစ်ခြင်းမေတ္တာနဲ့ မှတ်ဉာဏ်ရဲ့ တည်မြဲတဲ့ အကျိုးသက်ရောက်မှုကို ဆန်းစစ်တဲ့ဇာတ်ကြောင်းဖြစ်ပါတယ်။ စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူ့စိတ်ဓာတ်ရဲ့ ခံနိုင်ရည်ရှိမှု၊ ဒုက္ခကြုံတွေ့ရချိန်မှာ လူသားချင်းဆက်ဆံရေးရဲ့ ရှုပ်ထွေးမှုတွေကိုရေးသားဖော်ပြထားပါတယ်။ award-winning novel
တစ်ခုဖြစ်ပါတယ်။ အချစ်၊ ရှင်သန်မှု၊ စစ်ပွဲရဲ့ခြောက်လှန့်မှု အမွေအနှစ်တွေ ပေါင်းစပ်ထားတဲ့ အကြောင်းအရာတွေကို နက်နဲစွာလှုပ်ရှားစေပြီး တွေးခေါ်ပုံများစွာ ပေးစွမ်းနိုင်မယ့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း ယုံကြည်ပါတယ်ဗျ။
ကျွန်တော်တို့ညွှန်းပေးတဲ့ စာအုပ်တွေကိုဖတ်မှတ်ပြီး အသိဉာဏ်တွေ ဗဟုသုတတွေ ရရှိလိမ့်မယ်လို့ယူဆမိပါတယ်ဗျ။ ။

🖇️ Official Channel 🖇️https://t.me/improveknowledgeedu
🖇️ Raise to Read Channel 🖇️https://t.me/raisetoreadbyIKE