Ei Chaw Po @eichawpo2023 Channel on Telegram

Ei Chaw Po

@eichawpo2023


Promotional Article for Ei Chaw Po Telegram Channel (English)

Are you a fan of entertainment, lifestyle, and travel content? Look no further than the Ei Chaw Po Telegram channel! With the username @eichawpo2023, this channel is your go-to destination for all things related to fashion, food, and fun. Ei Chaw Po, which translates to 'Bright Star' in Burmese, aims to bring a touch of brightness and positivity to your daily life. Who is Ei Chaw Po? Ei Chaw Po is a talented content creator who specializes in creating engaging videos and posts about the latest trends in fashion, delicious recipes, and exciting travel destinations. With a keen eye for aesthetics and a passion for storytelling, Ei Chaw Po's content is sure to captivate and inspire you. What is Ei Chaw Po? The Ei Chaw Po Telegram channel is a curated collection of Ei Chaw Po's best works, featuring stunning visuals, practical tips, and heartfelt messages. Whether you're looking for outfit inspiration, cooking tutorials, or travel recommendations, Ei Chaw Po has got you covered. Join the channel today to stay updated on all the latest content and connect with like-minded individuals who share your love for beauty and adventure. Don't miss out on the opportunity to brighten up your day with Ei Chaw Po! Subscribe to the Ei Chaw Po Telegram channel now and embark on a journey of discovery, inspiration, and joy. Let Ei Chaw Po be your guiding star in the world of entertainment, lifestyle, and travel. Together, we can create a brighter, more beautiful future!

Ei Chaw Po

12 Jan, 05:28


နေပြည်တော်၊ ဇန်နဝါရီ ၁၂စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ (၃၂)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့က ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ဦးစွာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၈၇ ခုမှ တောင်သူ ၅၈၁၆ ဦးသို့ ချေးငွေကျပ် ၂၄၇၄၄၈ ဒသမ ၀၇၂ သန်း ထုတ်ချေးပေးထားပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းတွင် တိုင်းဒေသကြီး/ ပြည်နယ်လေးခုရှိ ခရိုင်/မြို့နယ် ၁၉ ခုမှ တောင်သူ ၆၁ ဦးသို့ ချေးငွေကျပ် ၅၄၈၁ ဒသမ ၂၀ သန်းထုတ်ချေးခဲ့ကြောင်း။မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး ထုတ်ချေးထားသည့်ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝပြန်လည်ကောက်ခံရရှိစေရေးအတွက် နည်းလမ်းရှာကြံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

12 Jan, 05:28


စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
https://www.mmnationalpost.com/2025/01/blog-post_354.html

Ei Chaw Po

12 Jan, 05:27


နေပြည်တော်၊ ဇန်နဝါရီ ၁၂စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့က ဇေယျာသီရိမြို့နယ်ရှိ ဒေသခံတောင်သူ ၉၀ ပိုင်ဆိုင်သည့် လယ်မြေဧက ၂၆၀ ဒသမ ၇၀ ကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေဖြင့် စက်မှုလယ်ယာစနစ်ကျလယ်မြေအဖြစ် ဖော်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အချိန်မီစိုက်ပျိုးနိုင်စေရေး ဆွေးနွေးမှာကြားသည်။ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် (၅၈)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး စိုက်ပျိုးရေးကဏ္ဍ တစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီမံခန့်ခွဲရေး၊ စည်းရုံးရေး၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို စိုက်ပျိုးပညာရှင်များက စနစ်တကျစီမံဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားသည်။ယင်းနောက် သက်ဆိုင်ရာသုတေသီပညာရှင်များက စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် ဟင်းသီးဟင်းရွက်သုတေသနများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တောင်သူများက ခရမ်းချဉ်၊ ကြက်သွန်နီ၊ ငရုတ်မျိုးများနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။ထို့နောက် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခဌာနမှူးများ၊ ပညာရှင်ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

12 Jan, 05:27


လယ်ယာကဏ္ဍဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
https://www.mmnationalpost.com/2025/01/blog-post_395.html

Ei Chaw Po

12 Jan, 05:26


နေပြည်‌တော်၊ ဇန်နဝါရီ ၁၂ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဌာနအနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ လစ်ဟာမှုမရှိစေရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အဆင်ပြေစွာရရှိစေရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ အမှန်တကယ်ပြီးစီးနိုင်သည့် တိုက်အလုံးအရေအတွက် ကိုသာတင်ပြပြီး ပြီးမြောက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အအုံများတည်ဆောက်ပြီးစီးပါက လျှပ်စစ်မီတာများ အမြန်ဆုံးတပ်ဆင်နိုင်ရေးနှင့် အခန်းများနေရာချထားနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန်နှင့် အိမ်ခန်းရရှိသူများအနေဖြင့် အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်နိုင်ရေးကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာမှူးကြီးက အိမ်ရာစီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့ပြ၊ ရေသန့်၊ လျှပ်စစ်လုပ်ငန်းများကိုလည်းကောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက အိမ်ခန်းနေရာချထားမှု၊ ကောက်ခံသည့် အိမ်လခနှုန်းထားများနှင့် သာယာရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်မှ တာဝန်ရှိသူများက အိမ်ရာများတည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းအခက်အခဲများကိုလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဌာနအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက် နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မြင့်ဟိန်းကျော်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် တိုက်အမှတ်(၁၁၈)နှင့် သုခဒဂုံပြည်သူ့အငှား အိမ်ရာစီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ၁၁၆၈ ခန်း၊ ၂၀၂၄ ခုနှစ်တွင် ၁၄၈၈ ခန်း နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်အတွင်း ထပ်မံတည်ဆောက်ပြီးစီးပါက အများပြည်သူများနေထိုင်နိုင်ရန် အခန်းနေရာချထားရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

12 Jan, 05:26


ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
https://www.mmnationalpost.com/2025/01/blog-post_300.html

Ei Chaw Po

12 Jan, 05:25


သူတစ်ပါးထက် ထူးခြားတဲ့ကိုယ်ကျင့်တရားဝန်ကြီးချုပ်ဟောင်း ဦးနုကလည်း ၁၂ အောက်တိုဘာ ၁၉၆၈ ထုတ် အိုးဝေဂျာနယ်၊ အမှတ် ၅ တွင် ညီလေးညိုမြအစချီ၍ “လောကမှာ တိုးတက်ကြီးပွားနေတဲ့ စာနယ်ဇင်းသမားတွေကို လေ့လာကြည့်တဲ့အခါ သူတစ်ပါးထက် ထူးခြားတဲ့ကိုယ်ကျင့် တရားတွေကို ဒီလိုတွေ့ရတယ်။(၁) အကြောင်းကြောင်းတွေကြောင့် တချို့ကိစ္စတွေမှာ မရေးသားဘဲနေချင်နေမယ်။ မမှန်တာ၊ မဟုတ်တာ၊ သူတို့မယုံကြည်တာတွေကိုတော့ မှန်တာ၊ ဟုတ်တာ၊ သူတို့ယုံကြည်တာအဖြစ်မျိုးနဲ့ စာဖတ်ပရိသတ်ကို ဘယ်တော့မှမတင်ပြဘူး။(၂) အကျိုးရှိရှိမရှိရှိ၊ လူကြိုက်များရင်ပြီးရောဆိုတာမျိုး ဘယ်တော့မှမလုပ်ဘူး။ လူကြိုက်လည်းများရမယ်၊ အကျိုးလည်းရှိရမယ်ဆိုတာမျိုးကိုသာ စာဖတ်ပရိသတ်ကို တင်ပြလေ့ရှိတယ်။(၃) ကိုယ့်ကလောင်နဲ့ထိုးသမျှ ဘာမှပြန်မလုပ်နိုင်ရှာဘဲ ငုံ့ခံရမယ်ဆိုတဲ့ လူစားမျိုးတွေအပေါ်မှာ ဘယ်တော့မှအနိုင်မကျင့်ဘူး။ သက်ညှာတယ်၊ သဘောထားကြီးတယ်” စသည်ဖြင့် ရေးသားခဲ့ပါသည်။ ထိုသို့ရေးသားပေးပို့မှုကို သတင်းစာဆရာကြီး အိုးဝေညိုမြက “စာနယ်ဇင်းသမားများအဖို့ ကျင့်ဝတ် ၃ ပါး” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။စာရေးဆရာ၊ သတင်းစာဆရာတစ်ဦးဖြစ်သူ ဆရာမောင်ဝံသကလည်း ဂျာနယ်အင်တာဗျူးကဏ္ဍတစ်ခုတွင် ပြန်လည်ဖြေကြားခဲ့သည်များကို “သတင်းစာဆရာဘဝနှင့်အမြင်” ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါသည် -မေး ။ သတင်းလောကမှာ ဘက်လိုက်မှုကင်းရမယ်ဆိုတဲ့အသံက တော်တော်ကျယ်ပါတယ်။ သတင်းစာ ဆရာကြီးတစ်ဦးကတော့ သတင်းစာဆရာဟာ ပြည်သူလူထုဘက်ကို လိုက်ရမယ်လို့ဆိုတယ်။ ဒါနဲ့ပတ်သက်တဲ့ ဆရာရဲ့အမြင်ကို သိချင်ပါတယ်။ဖြေ။ သတင်းစာဆရာဟာ သာမန်လူ၊ သာမန်အရပ်သားတွေထက် အမြင်ကျယ်ရပါမယ်။ အမှားအမှန်၊ အကောင်းအဆိုးကို လူပြိန်းတွေထက် ပိုသိပိုမြင်ပါမှ သတင်းစာဆရာကောင်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း သတင်းစာဆရာဆိုတာ တိုင်းပြည်ရဲ့ နား၊ မျက်စိလို့ တင်စားကြတာပေါ့။ သည်တော့ သတင်းစာဆရာဟာ ဘယ်သူရဲ့နောက်မြီးဆွဲမှမဖြစ်စေရပါဘူး။ ပြည်သူလူထုနောက်မြီးဆွဲလည်း မဖြစ်ရပါဘူး။ ပြည်သူလူထုက မှားနေရင်လည်းမှားနေတာကို ဖော်ပြရပါမယ်။ သတင်းစာဆရာဟာ အမှန်တရားဘက်ကပဲ ဘက်လိုက်ရပါမယ်။ ပြဿနာရပ်တိုင်းမှာ အမှန်နဲ့အမှားကို ခွဲခြားနိုင်စွမ်းရှိဖို့တော့ လေ့လာမှုတွေရှိရမှာပေါ့။မေး။ သတင်းတစ်ပုဒ်ကို ကိုင်တွယ်တင်ပြနေတဲ့ သတင်းသမားတွေဟာ ကိုယ်ရေးလိုက်တဲ့ သတင်းအပေါ် ဘယ်လောက်အထိ တာဝန်ယူရပါသလဲ။ သတင်းသမားတစ်ယောက်ရဲ့ တာဝန်ကြီးမှုကို ရှင်းပြပေးပါ။ဖြေ။ ဘယ်လောက်အထိ တာဝန်ယူရသလဲဆိုရင်တော့ တရားစွဲခံရရင်အမှုကို ရင်ဆိုင်ဖြေရှင်းရပါတယ်။ ဒါပေမယ့်သတင်းကို မိမိနာမည်ဖော်ပြပြီး by line နဲ့ ရေးတာမဟုတ်ရင် တာဝန်ခံအယ်ဒီတာကပဲ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းရတယ်။ သတင်းထောက်ကတော့ မိမိစာနယ်ဇင်းတရားစွဲခံရပြီဆိုကတည်းက တာဝန်ရှိနေပြီပေါ့။ သတင်းတစ်ပုဒ်ကိုရေးပြီဆိုရင် အမှားအမှန်အတည်ပြုတာဟာ သတင်းထောက်ကိုယ်တိုင်ရဲ့ တာဝန်ပါပဲ။
လေ့လာမှတ်သား သင်ယူသို့ဆိုလျှင် ထိုထိုသော သတင်းမီဒီယာဆိုင်ရာကျင့်ဝတ်စည်းကမ်းများနှင့် ခေတ်အဆက်ဆက် ပြည်တွင်း ပြည်ပ သတင်းစာဆရာကြီးများ၏ အဆိုအမိန့်များကား လက်ရှိသတင်းလောကတွင် ကျင်လည်နေသော သတင်းသမားများအတွက်သာမက အထူးသဖြင့် အွန်လိုင်းပေါ်တွင် နှုတ်တစ်ရာစာတစ်လုံးအဖြစ် ရေးသားနေကြသော အွန်လိုင်းသုံးစွဲနေကြသူများအဖို့ပါ လေ့လာမှတ်သား သင်ယူစရာကောင်းလှပါသည်။သတင်းပြန်ကြားရေးနှင့်ဆက်သွယ်ရေး နည်းပညာခေတ်တွင် အွန်လိုင်းသုံးစွဲသူအများစုမှာလည်း သတင်းတွေဖတ်ကြ၊ ထပ်ဆင့်ဝေငှကြ၊ ကိုယ်တိုင်ရေးကြသားကြ၊ ဝေဖန်ပြောဆိုကြနှင့် တစ်စတစ်စ ကိုယ်တိုင်သတင်းသမားများ၊ ဝေဖန်ရေး ရီဗျူးရေးသူများဖြစ်နေကြသည် မဟုတ်ပါလား။ ။
ကိုးကား။ ။ မောင်ဝံသ၏ “သတင်းစာပညာ သဘောတရားနှင့် လက်တွေ့”စာဖတ်ပရိသတ်တစ်ဦးJoin - https://t.me/MyanmarNationalPost

Ei Chaw Po

12 Jan, 05:25


သိက္ခာပြည့်ဝသော သတင်းမီဒီယာကျင့်ဝတ်စည်းကမ်းနှင့် သိက္ခာပြည့်ဝသော သတင်းမီဒီယာအဖွဲ့အစည်းများသည် “သတင်းရေးသားရာတွင် အချက်အလက်တိကျခိုင်မာရမည်၊ သတင်းရေးသားသည့်အခါတွင် သတင်းရေးသူသတင်းထောက်၏ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ကို ထည့်မရေးရ၊ မိမိရေးသားသည့် သတင်းသည် ဝါဒဖြန့်ရာတွင် အသုံးချခံရခြင်းမရှိစေရ၊ ပုဂ္ဂိုလ်ရေးဝေဖန်ရေးသားရာတွင် သတင်းအကြောင်းအရာနှင့် တိုက်ရိုက်ပတ်သက်သူများကိုသာ အကန့်အသတ်ဖြင့် ဝေဖန်ရမည်၊ သတင်းအရင်းအမြစ်က သဘောမတူလျှင် ထုတ်ဖော်မပြောရ၊ အင်တာဗျူးတွင် ထည့်မရေးပါနှင့်ဟု တားမြစ်သည့်စကားကို ထည့်မရေးရ” စသည်ဖြင့် Code of Conduct နှင့် Code of ethics ဟူသည့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာလေ့ရှိသည်။ထို့အတူ ယခုခေတ်စာတည်းဟုဆိုသည့် အယ်ဒီတာများအနေဖြင့်လည်း သတင်း၊ ဆောင်းပါးများကို တည်းဖြတ်ရာတွင် “သတင်းဆောင်းပါးများတွင် အချက်အလက်နှင့် အဓိပ္ပာယ်ဖော်ပြပုံ အမှားအယွင်း ရှိ-မရှိ၊ အသရေဖျက်မှု သို့မဟုတ် အခြားသော တရားဥပဒေငြိစွန်းမှု တစ်စုံတစ်ရာ ပါဝင်ခြင်း ရှိ-မရှိ၊ စာဖတ်ပရိသတ် ယုံမှားသံသယဖြစ်ဖွယ်ရာ ဓမ္မဓိဋ္ဌာန်မကျသော၊ မမျှတသောဖော်ပြမှုမျိုးဖြစ်-မဖြစ်၊ သို့တည်းမဟုတ် စာဖတ်ပရိသတ် ငြီးငွေ့ဖွယ်ရာအကြောင်းအရာဖြစ်-မဖြစ်၊ ထူးခြားသိမှတ်ဖွယ်ရာအကြောင်းအရာမျိုး၊ စာဖတ်သူတို့ စိတ်ဝင်စားဖွယ် တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းဖွယ် အကြောင်းအရာမျိုးဖြစ်-မဖြစ်” သတိမူရသည်။အလားတူ သတင်း(သို့)ဆောင်းပါး၏ သဘောသွား၊ စကားလုံးလေကြောရှည်မှု၊ အပ်ကြောင်းထပ်မှု၊ ငြီးငွေ့စရာအသေးစိတ်အချက်များ၊ မျက်စိလျှံသွားသော အချက်အလက်များ၊ အဆီအငေါ်မတည့်မှုများ၊ အမှတ်တမဲ့ကြော်ငြာပေးမှုများ၊ အသရေဖျက်မှု၊ တစ်ပတ်ရိုက်လှည့်စားမှုများ၊ သတင်းဟောင်းပြန်ရေးသားမှု၊ အငြိုးဖြင့်ရေးသားမှု၊ ပုံတူကူးချမှုများကို ဆန်းစစ်ကြရသည်။ထို့အပြင် အယ်ဒီတာဟူသည် စားပွဲပေါ်အသင့်ရောက်လာသော သတင်း၊ ဆောင်းပါးများကို တည်းဖြတ်ကာ သတင်းစာတွင် ဖတ်ချင်စဖွယ်ဖြစ်အောင် နေရာချထည့်သွင်းဖော်ပြရုံမျှမက စာဖတ်ပရိသတ်များ သိသင့်သိထိုက်သော သတင်း၊ ဆောင်းပါးများကိုရရှိအောင် စီစဉ်ညွှန်ကြားသူ၊ ထောက်လှမ်း၊ စုံစမ်းရေးသားနိုင်ရပါမည်။
အယ်ဒီတာ၏အလုပ်သို့ဖြစ်၍ နယူးယောက်တိုင်းမ်သတင်းစာကြီးကို စတင်တည်ထောင်သူ အဒေါ့ဖ်အက်စ်အော့ချ်က “သတင်းစာတစ်စောင်မှာ အသုံးဝင်ဆုံးပုဂ္ဂိုလ်ဟာ တည်းဖြတ်နိုင်သူဖြစ်တယ်”ဟူ၍လည်းကောင်း၊ မြန်မာသတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်ကလည်း “တည်းဖြတ်တဲ့အလုပ်ဟာ သတင်းစာရဲ့ တကယ့်အဆီအနှစ်ကြီးပဲ”ဟူ၍လည်းကောင်း ပြောဆိုခဲ့သည်။ ဆရာကြီး ပီမိုးနင်းကမူ “စာနယ်ဇင်းတည်းဟူသော စာအမျိုးမျိုးပွဲကြီး ရံကြီးမှာဆော့စ်ကလေး၊ ချက်တနီးကလေးများနှင့် မွှေးမွှေးကြိုင်ကြိုင် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် အငွေ့တထောင်းထောင်းနှင့်မြင်ရလျှင် သွားရည်ယိုလောက်အောင် စီမံတတ်သော ‘စာသူကြီး’ဉာဏ်မျိုး ရှိသူတို့ကို အယ်ဒီတာဟု ခေါ်ဝေါ်သမုတ်အပ်ပေကြောင်း” စသည်ဖြင့် အယ်ဒီတာ၏အလုပ်ကို အကဲဖြတ်ခဲ့ပေသည်။ထိုသို့ဆိုရလောက်အောင်လည်း အယ်ဒီတာတို့ ဆောင်ရွက်ရသည့် လုပ်ငန်းနယ်ပယ်သည်များစွာ ကျယ်ဝန်းလှပါသည်။ အမေရိကန်နိုင်ငံမှ PM ခေါ် သတင်းစာကြီးတွင် အယ်ဒီတာဌာနကို လုံးဝမထားဘဲ အကောင်းဆုံးသတင်းထောက်များကိုသာထား၍ စမ်းသပ်ခဲ့ဖူးသည်ဟုဆိုသည်။ ထိုစမ်းသပ်မှုမှာ နှစ်ရက်သာခံပြီး အယ်ဒီတာဌာနကို ထားမြဲထားရလေသည်ဟု သိရသည်။သတင်းထောက်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ထိုသတင်းများကို ဖတ်ချင်စဖွယ်ဖြစ်အောင်၊ အသရေဖျက်မှုစသည့် တည်ဆဲဥပဒေများနှင့် ခလုတ်မထိဆူးမငြိအောင် တည်းဖြတ်ဖော်ပြပေးရသည့် အယ်ဒီတာတို့၏ လုပ်ငန်းဆောင်တာများအပြင် ယနေ့အွန်လိုင်းပေါ်တွင် ခေတ်စားနေသည့် ဝေဖန်မှုများစွာနှင့်ပတ်သက်၍ ဝေဖန်စာ၏ သဘောသဘာဝကို အွန်လိုင်းသုံးစွဲသူများ အကြမ်းဖျင်းသိရှိနားလည်ဖို့လည်း လိုအပ်ပေသည်။ဝေဖန်စာကို မြန်မာနှင့် အနောက်တိုင်းသတင်းလောကတွင် review ဟု အသုံးများသည်။ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ ပြဇာတ် စသည့် အနုပညာရပ်များ၊ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ စသည့် အားကစားပွဲများကို ကြည့်ရှုပြီးနောက် ဆန်းစစ်သုံးသပ်ကာ မိမိ၏ထင်မြင်ချက် သို့မဟုတ် ဝေဖန်ချက်ကို ရေးသားထုတ်လွှင့်ခြင်းသည် ရီဗျူး(review) ဖြစ်ပေသည်။ရီဗျူးရေးရာတွင် အာဃာတများ၊ အငြိုးအတေးများ ကင်းရှင်းပါစေ၊ လူ့သဘာဝအလျောက် ချစ်သူကို သာစေ၊ မုန်းသူကိုနာစေရန် ရေးမိလျှင်တောင်မှ မဖုံးနိုင်မဖိနိုင်လောက်အောင် မပေါ်လွင်ပါစေနှင့်၊ သာစေရန် သို့မဟုတ် နာစေရန်ရေးလျှင်လည်း အချက်အလက်နှင့်ရေးပါ၊ စည်းလွတ်ကမ်းလွတ်ရေးဖန်များလျှင် သင့်ရီဗျူးကိုစာဖတ်သူများက ယုံကြည်မှုရှိတော့မည်မဟုတ်၊ ရီဗျူးတွင် အဆိုးချည်းပဲတွေ့နေလျှင်တောင်မှ အဆိုးချည်းတန်းစီမရေးပါနှင့်။ အဆိုးထဲကအကောင်း၊ ကောင်းကွက်ကလေးများတွေ့အောင်ရှာ၍ ထိန်းညှိပြီးရေးပါ။ “အနုပညာသည်တစ်ယောက်ကို သင့်ရီဗျူးဖြင့် ဘယ်တော့မှ အသေမသတ်ပါနှင့်။ သူ့ကို နောက်တစ်ကြိမ်ကြိုးစားရန် အခွင့်အရေးပေးပါ” စသည်ဖြင့် ကျင့်ဝတ်သိက္ခာပြည့်ဝသော ဝါရင့်သတင်းစာဆရာကြီးများ၏ အဆုံးအမရှိပေသည်။

Ei Chaw Po

12 Jan, 05:25


ဆိုရှယ်မီဒီယာခေတ်တွင် အသုံးပြုသူတိုင်း သိသင့်သိထိုက်သည့် ကျင့်ဝတ်စည်းကမ်း
https://www.mmnationalpost.com/2025/01/blog-post_890.html

Ei Chaw Po

12 Jan, 05:24


နေပြည်တော်၊ ဇန်နဝါရီ ၁၁တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၂၄၅၃၅၉)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၇၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၆၃၁၆၁၈၀)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၂၁၅၁၀၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးနှင့် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၇၀၈၀၇၃)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီးနှင့် Cheng Long Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၉၄၈၄၇၁၂ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့ပြင် ဇန်နဝါရီ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂၆၀၈၉)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၀၀၀၀၀၀)ကိုလည်းကောင်း၊ ကျောက်ဆည်မြို့ မြို့အဝင်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းငါးမျိုး၊ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၇၉၀၇၆၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း စကားအင်းအဝိုင်းအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၀၆၀၅၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၀၂၂၈၉၉ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်ခြောက်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းငါးမျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၆၉၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck နှစ်စီး၊ Toyota Toyoace နှစ်စီး၊ Isuzu Truck တစ်စီး၊ Hino Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ပဲခူးခရိုင်အတွင်း၌ တရားမဝင်မီးသွေး ၄၂ ဒသမ ၀၂၀ တန်၊ ကျွန်းသစ် ၇ ဒသမ ၉၁၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၃၉၄၂၈)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၉၄၀၈၄၂၈ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။အလားတူ ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် တာလေ-တာချီလိတ် ကားလမ်းဘေး၊ ယန်းကျောက်ကျေးရွာအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် ၂ ဒသမ ၈၀၆ တန်၊ အခြားသစ် ၀ ဒသမ ၅၂၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၀၀၀၀၀)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Hino Rainbow Bus တစ်စီး

Ei Chaw Po

12 Jan, 05:24


(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃၀၀၁၆၀၃၉)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းလာမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

12 Jan, 05:24


တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ
https://www.mmnationalpost.com/2025/01/blog-post_792.html

Ei Chaw Po

12 Jan, 00:13


သတ်မှတ်ချက်ထက်ကျော်လွန်သည့် အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် အဆောက်အဦ ဆောက်လုပ်ရန်အတွက် ခြံကွက်များပြုလုပ်ထား သည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းများဖြင့်အသုံးပြုရာတွင် ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အဆင့်ဆင့်တင်ပြ၍ ခွင့်ပြုချက်ရယူဆောင် ရွက်ရန်လိုကြောင်း၊ မြေအသုံးချမှုများ စည်းကမ်းတကျဖြစ်စေရေး တာဝန်ရှိသူများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေး သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်ပျိုးရေးအခြေခံနည်းလမ်းလေးသွယ်ကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သည် အအေးပိုင်းဒေသဖြစ်သဖြင့် ဂျုံသီးနှံများစိုက်ပျိုးမည်ဆိုပါက ဖြစ် ထွန်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

12 Jan, 00:13


တင်ပြမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် ပြင်ဦးလွင်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းစေရေးအတွက်လိုအပ်သည်များကိုအကြံပြုတိုက်တွန်းဆွေးနွေးနိုင်ရန်လာရောက်  တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေသအလိုက်ထုတ်ကုန်များသည် အရည်အသွေးပိုင်းကောင်း မွန်သည်ဖြစ်သော်လည်း အချို့သောထုတ်ကုန်များသည် ထုပ်ပိုးမှုအပိုင်း၌ အဆင့်မီမီ ဖြစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း။MSME လုပ်ငန်းများနှင့်ပတ်သက်၍ အဓိကအားဖြင့် မူဝါဒများချမှတ်ထားပြီး ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ လိုအပ်ချက်မှာ အဓိက အရေးကြီးလိုအပ်ချက်ဖြစ်သဖြင့် ဒေသတွင်းကုန်ကြမ်းများ လုံလောက်စွာ ထွက်ရှိ အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသအနေဖြင့် ဒေသမှထွက်ရှိသည့် နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဂျုံထွက်ပစ္စည်းများ၊ အသီးအနှံများမှ ထုတ်ကုန်ပစ္စည်းများ ထုတ် လုပ်လျက်ရှိကြောင်း၊ ဈေးကွက်လေ့လာဆန်းစစ်ချက်အရ  လူအများကြိုက်နှစ်သက် သည့် ပစ္စည်းများကို အရေအတွက်များများဖြင့် အရည်အသွေး ပြည့်မီစွာထုတ်လုပ်နိုင် မည်ဆိုပါက ပြည်ပသို့ပါတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း။MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ နည်းပညာ၊ သွင်းအားစုနှင့် ရင်းနှီးစိုက်ထုတ်ငွေများလိုအပ်ပြီး ကုန်ကြမ်းများလုံလုံလောက်လောက် ရရှိနေရန်လိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အကျိုးဖြစ်ထွန်း မှုရှိရန်လိုပြီး မိမိတို့နိုင်ငံ၏ MSME ကုန်ထုတ်လုပ်ငန်းတွင် ၆၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများဖြစ်ကြောင်း၊ အခြားလူသုံးကုန် ပစ္စည်း ထုတ်လုပ်မှု၊ စက်ပစ္စည်းထုတ်လုပ်မှုနှင့် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရာခိုင်နှုန်းအားဖြင့် နည်းပါးနေဆဲဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကအားဖြင့် ဆောင်ရွက်မည်ဆိုပါကလည်း စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မှသာ ကုန်ကြမ်းများ လုံလောက်စွာရရှိမည်ဖြစ်ကြောင်း။ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်သည့် လျှပ်စစ်မီး လိုအပ်ချက်များနှင့် ပတ်သက်၍လည်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်း များကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှလည်း နေရောင်ခြည် စွမ်း အင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများအနေဖြင့် စွမ်းအားပြည့် ထုတ်လုပ်နိုင်မှုမရှိခြင်း၊ အကြမ်းဖက်သမားများ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တာဝါတိုင်များအား ဖျက်ဆီးခြင်း၊ ဓာတ်ငွေ့များ လုံလောက်စွာရရှိမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးရန်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ ထို့ပြင် နိုင်ငံတော်မှရည်မှန်းချက်ထား အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှာလည်း ကန့်ကွက်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု ရပ်တန့်သွားရ ခြင်းများလည်းရှိကြောင်း၊ ၂၀၀၅ ခုနှစ်ကစတင်၍ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းစီမံကိန်းများ အောင် မြင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိနေမည်ဖြစ်ကြောင်း၊ သို့သော်လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း စီမံကိန်းများအား နည်းလမ်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပေးခဲ့မှုများကြောင့် စီမံ ကိန်းများရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် လျှပ်စစ်နှင့်ပတ်သက် ၍ အခက်အခဲများရှိသဖြင့် အချိန်တိုအတွင်းအောင်မြင်ပြီးမြောက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အားပေးဆောင် ရွက်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများ လုံလောက် စွာရရှိလာနိုင်မည်ဖြစ်ကြောင်း။သွင်းအားစုတွင်ပါဝင်သည့် စက်သုံးဆီများကိုလည်း နိုင်ငံတော်အနေဖြင့် နှစ်စဉ် ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာသုံးစွဲနေရကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် အဝတ်အထည်များကို အသုံး ပြုပြီး ပြည်တွင်းဖြစ်ကိုအားပေးခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကိုလျှော့ချနိုင်မည်၊ နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာ အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဖြစ်ကိုအားပေး၍ နိုင်ငံ့စီးပွားရေးကိုထိန်းသိမ်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။စိုက်ပျိုးမြေများအပေါ်တွင် စိုက်ပျိုးရေးနှင့်မသက်ဆိုင်သည့်လုပ်ငန်းများ ဆောင် ရွက်ခြင်း မပြုရန်လိုပြီး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်း များကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အချို့စိုက်ပျိုးမြေရယူထားသူများ အနေဖြင့် စိုက်ပျိုးမြေများပေါ်တွင်

Ei Chaw Po

12 Jan, 00:13


နေပြည်တော်၊ ဇန်နဝါရီ ၁၂နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန် များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးရာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အားပေးဆောင် ရွက်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများ လုံလောက် စွာရရှိလာနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားသွားသည်။အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး  က ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ ၂၀၂၄ ခုနှစ်အတွင်း ပြင်ဦးလွင်ဒေသသို့ ရောက်ရှိစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြား ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဦးလွင်ခရိုင် ဖွံ့ဖြိုးတိုး တက်ရေး၊ ခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူလူ ထုတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ဆောင်ရွက် လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ယင်းနောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များက လုပ်ငန်းများအလိုက် လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ တွေ့ကြုံနေရသည့် လုပ်ငန်းခွင်အခက်အခဲများနှင့် လုပ်ငန်း လိုအပ်ချက်များ၊ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျစေရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ် ချက်များကို ဆွေးနွေးတင်ပြကြသည်။တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက  လုပ်ငန်းများ ဆောင် ရွက်ရာ၌ လျှပ်စစ်မီးလိုအပ်ချက်အပေါ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရာတွင်လိုအပ်ချက်များအား သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ လာမည့် ပြည်ထောင်စုနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းထုတ်ကုန်ပြပွဲကို နေပြည် တော်၌ ပြည်ထောင်စုအဆင့်ဆောင်ရွက်ပေးသွားမည်အခြေအနေများ၊ နိုင်ငံတော်အစိုး ရအနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိမှုနှင့် စိုက်ပျိုးရေး နှင့် မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်  ရွက်လျက်ရှိမှု၊ စိုက်ပျိုးမြေလျှောက်ထားမှုနှင့်ပတ်သက်၍ သတ်မှတ်စည်းမျဉ်း စည်း ကမ်းများ၊ မူဝါများနှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိမှု၊ ကော်ဖီစိုက်ပျိုးခြင်းသည် အရိပ် ရအပင်များကိုပါ ထည့်သွင်းစိုက်ပျိုးရသည်ဖြစ်သဖြင့် Green Economy ကိုဖော်ဆောင် နေခြင်းပင်ဖြစ်သဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရန် လိုအပ်သည့် အခြေအနေများ၊ ပြင်ဦးလွင်ခရိုင်အနေဖြင့် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း ရှိသဖြင့် ၁၈ ဒသမ ၈၇ ရာခိုင်နှုန်းရှိပြီး စိမ်းလန်းစိုပြေသည့် နဂိုရှိရင်းစွဲ အရင်းအမြစ် အလှအပများ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည့် အခြေ အနေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြသည်။ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြင်ဦးလွင်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်း ဖွံ့ဖြိုးတိုး တက် ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိမှု၊ ဒေသ၏လူမှုရေးနှင့် စီးပွားရေးကောင်းမွန်စေရေး အလေးထား ဆောင် ရွက်ပေးလျက်ရှိမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က

Ei Chaw Po

06 Jan, 15:55


ဒီပူးပေါင်းဆောင်ရွက်မှုမှာအားလုံး တစ်သားထဲ တစ်သွေးထဲစည်းစည်းလုံးလုံး တက်တက်ကြွကြွ ဆောင်ရွက်ကြလို့ ထိုက်ထိုက်တန်တန်ခမ်းခမ်းနားနားဆောင်ရွက်ကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင်ဒီလိုပွဲမျိုးကို ခုလိုမျိုးကျင်းပပေးခြင်းအားဖြင့် အဓိကအားဖြင့် နောင်အနာဂတ်မှာ ပေါ်ထွက်လာမယ့်ရင်သွေးရတနာတွေရဲ့ ပညာရေးအပေါ်မှာ စိတ်ပါဝင်စားမှု စာပေအပေါ်မှာစိတ်ပါဝင်စားမှု တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တွေကို ဖော်ထုတ်ခွင့်၊ ပြသခွင့်၊ မြှင့်တင်ခွင့်ရတဲ့အတွက် အထူးကျေနပ်ပီတိဖြစ်မိပါတယ်။ ဒီစာပေပွဲတော်မှာ ပျော်ပွဲရွှင်ပွဲနှင့် မြန်မာ့ရိုးရာ ထုတ်စည်းတိုးပြိုင်ပွဲတွေကို ထည့်သွင်းထားတဲ့အတွက် ကလေးများအတွက် စွမ်းရည်ကိုထုတ်ဖော်ပြသခွင့်ရခဲ့ပါတယ်။ စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ကျင်းပပေးတဲ့တာဝန်ရှိသူများအားလုံးကို အားလုံးရဲ့ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုက်ပါတယ်။
မောင်မင်းစည်သူခန့် အ.ထ.က မဲဇလီကုန်းအ.ထ.က မဲဇလီကုန်း ဒွာဒဿမတန်းတွင် ပညာသင်ကြားနေတဲ့ မောင်မင်းစည်သူခန့်က ယနေ့ အ.ထ.က အင်္ဂပူမှာကျင်းပပြုလုပ်တဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကျွန်တော်ကတော့ လူငယ်စကားဝိုင်းမှာ ဆွေးနွေးသူတစ်ယောက်အနေနဲ့ ပါဝင်ဆွေးနွေးထားပါတယ်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနက ကျင်းပပြုလုပ်ပေးတဲ့ စာဖတ်ခန်း၊ စာအုပ်ပြခန်း၊ ဓာတ်ပုံပြခန်းများ၊ ပန်းချီပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများအပြင် အားကစားပြိုင်ပွဲများဖြစ်တဲ့ ဉာဏ်စမ်း၊ စကားပုံဆက်၊ ထုပ်စီးတိုး၊ ဆန်ကောရွက် အားကစား ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးနေပါတယ်ခင်ဗျာ။ ဒီလိုမျိုးစာပေပွဲတော် ကြီးမှာလာရောက်ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာ။ ဒီစာပေပွဲတော်ကြီးမှာ အသိပညာတွေ၊ ဗဟုသုတတွေ၊ စာပေရေးရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သိရှိရတယ်။ ဒီလိုမျိုးစာပေပွဲတော်ကြီးကိုလည်း နောက်နောင်များစွာကျင်းပပေးဖို့အတွက် တောင်းဆိုချင်ပါ တယ်ခင်ဗျာ။
မဆုအိန္ဒြေလင်း အ.ထ.က မဲဇလီကုန်းအ.ထ.က မဲဇလီကုန်း ဒွာဒဿမတန်းတွင် ပညာသင်ကြားနေတဲ့ ကျောင်းသူ မဆုအိန္ဒြေလင်း ဖြစ်ပါတယ်။ သမီးကဒီနေ့ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးမှာ လူငယ်စကားဝိုင်းမှာ ဝင်‌ရောက်ဆွေးနွေးသူတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီနေ့ပွဲတော်ကြီးမှာ ပုံပြော၊ ကဗျာရွတ်၊ စာစီစာကုံး ပြိုင်ပွဲများအပြင် ဉာဏ်စမ်း၊ စကားပုံဆက် ပြိုင်ပွဲများလည်း တွေ့ရှိရ ပါတယ်။ အားကစားပြိုင်ပွဲများလည်း များစွာပါဝင်ပါတယ်။ ပြခန်းများအနေနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်ပြခန်း၊ စာဖတ်ခန်း၊ ဓာတ်ပုံပြခန်း၊ ပညာရေးဌာနပြခန်းများ သင်ထောက်ကူပြခန်းများ ပါဝင်ထားပါတယ်။ ဒါကြောင့် ဒီစာပွဲတော်ကြီးကနေမှ ဗဟုသုတတွေ၊ စာပေရေးရာအကြောင်းအရာတွေ သိရှိခွင့်ရတဲ့အတွက်ကြောင့်မို့ သမီးတို့လို ကျောင်းသား/သူ လူငယ်တွေအတွက် စာပေဆိုင်ရာ ဗဟုသုတတွေများစွာရရှိတဲ့အတွက်ကြောင့် ညီငယ်/ညီမငယ် လေးများကိုလည်း လာရောက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

06 Jan, 15:55


အင်္ဂပူ၊ ဇန်နဝါရီ ၆စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား လူငယ်များနှင့် နိုင်ငံ့အနာဂတ်လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြှင့်မားလာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၅-၁-၂၀၂၅ နေမှ ၆-၁-၂၀၂၅ နေ့အထိ အ.ထ.က အင်္ဂပူတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ရင်တွင်းစကားသံများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးမင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး ဖြစ်ပါတယ်။ ဒီကနေ့ကတော့ အင်္ဂပူမြို့နယ်မှာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပနေတာပဲဖြစ်ပါတယ်။ ဒီလိုကျင်းပတဲ့ရည်ရွယ် ချက်ကလည်း ကျွန်‌တော်တို့ နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနဲ့ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့တွေရဲ့ ကြီးကြပ်မှုနဲ့အတူ ဒီနေ့ပွဲကိုကျင်းပတာပဲဖြစ်ပါတယ်။ ဒီနေ့ပွဲမှာဆိုရင် ပြိုင်ပွဲတွေ ပြပွဲတွေ အကုန်လုံးအစုံပါဝင်အောင်လို့ ထည့်သွင်းဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက်စေဖို့အတွက်ကိုလည်း ကျပန်းစကားပြောပြိုင်ပွဲတွေ ၊ ပုံပြောပြိုင်ပွဲတွေ ထည့်သွင်းပြီးကျင်းပလျက်ရှိပါတယ်။ နိုင်ငံတော်အကြီး အကဲ၏ မူဝါဒနှင့်အညီ ဗလငါးတန်နဲ့ပြည့်ဝတဲ့ ကျောင်းသား/သူတွေ ဖြစ်စေဖို့ရည်ရွယ်ပြီးတော့ ရိုးရာအားကစားဖြစ်တဲ့ ထုပ်စည်းတိုးအားကစားနည်းကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဲဒီအပြင်ကိုမှ ပျော်ပွဲရွှင်ပွဲအနေနဲ့ ဆန်ကောရွက်ပြိုင်ပွဲတွေ ခါးလှည့်ပြိုင်ပွဲတွေ ကျင်းပပြီးတော့ ကလေးတွေကိုပျော်ရွှင်စရာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပေးအပ်လျက်ရှိပါတယ်။ ဒီနေ့ကျင်းပတဲ့ပွဲမှာဆိုရင်လည်း စာပေစကားဝိုင်းကိုလည်း ထည့်သွင်းကျင်းပတာဖြစ်ပြီး ကလေးတွေကနေ သူတို့ရဲ့ခံစားချက်တွေ လက်ရှိမြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြီးတော့မှ ကျင်းပဆောင် ရွက်လျက်ရှိပါတယ်။ ကျွန်တော့အနေနဲ့ ပြောပြချင်တာကတော့ အင်္ဂပူမြို့နယ်မှာ ယခုလိုမျိုး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယခုလိုကျင်းပခွင့်ရတဲ့အတွက် မြို့နယ်အတွက်များစွာ အထူးကျေးဇူးတင်ရှိပါတယ်။ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက်ပြီးတော့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အောင်ချက်ရာခိုင်နှုန်းတွေမြင့်မားလာမယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံ့အတွက် အားကိုးအားထားပြုရတဲ့ သားကောင်းရတနာတွေ ပေါ်ထွန်းလာမယ်လို့ မျှော်လင့်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုခိုင်ဒီကနေ့ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျောင်းသား/သူတွေရဲ့ စာပေဖတ်ရှုလေ့လာပြီးတော့ ရှေ့ဆက်ရမယ့်ဘဝခရီးတစ်လျှောက်မှာ စာပေနဲ့ ဘဝခရီးလမ်း ကြောင်းကောင်းမွန်အောင် ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ စာအုပ်စာပေခင်းကျင်း ပြသထားတွေ ရှိပါတယ်။ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေရှိပါတယ်။ ဒီပြိုင်ပွဲတွေကျင်းပရတဲ့ အဓိကတော့ ရည်ရွယ်ချက်ကတော့ စာပေဗဟုသုတတွေ အများကြီးရှာဖွေစုဆောင်းထားမှ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ လူငယ်စကားဝိုင်းမှာလည်း စာပေဖတ်ရှုခြင်းသည် အင်တာနက်ကြည့်ရှုခြင်းထက် ပိုပြီးအကျိုးရှိတယ်ဆိုတဲ့ ခေါင်းစဉ်မျိုး ယဉ်ကျေးမှုပျောက်မှာ ကြောက်မိပါတယ်ဆိုတဲ့ ခေါင်းစဉ်မျိုးကို ကျင်းပခြင်းအားဖြင့် ကလေးများအား စာပေကို တော်တော်လေ့လာထားမှ ဒီလိုပြိုင်ပွဲမျိုးကို ယှဉ်ပြိုင်လို့ရမှာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေဟာ စာဖတ်ရှိန်မြှင့်တင်ရေးကို နှိုး‌ဆော်လိုက်တဲ့ပွဲလည်းဖြစ်တဲ့အတွက် ကျွန်မတို့ အပင်ပန်းခံရကျိုးနပ်ပြီး ကလေးများအတွက် လက်တွေ့အကျိုးရှိသွားပါတယ်။ သင်ခန်းစာတွေနဲ့ ချိတ်ဆက်တဲ့ သင်ထောက်ကူပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားတဲ့အတွက် အနယ်နယ် အရပ်ရပ် အတန်းအသီးသီးက ဒီတစ်နေရာထဲမှာပဲတွေ့မြင်ရသလို စာပေပွဲတော်ကျင်းပတဲ့ အ.ထ.က အင်္ဂပူကျောင်းမှာပဲ အင်္ဂပူတစ်မြို့နယ်လုံးမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်း ၂၇၄ ကျောင်းက ကျောင်းသား/ သူတွေဟာ သူတို့ရဲ့ပညာရည်မြင့်မားဖို့အတွက် လေ့လာခွင့်ရတဲ့အတွက် များစွာ ကျေနပ်ပီတိဖြစ်ရပါတယ်။ ကလေးတွေရဲ့ ပင်ကိုယ်ထက်မြက်မှုစွမ်းရည်ကိုလည်း ပြသခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲတော်တစ်ခုလုံးကို ဆောင်ရွက်ပေးကြတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်တဲ့အတွက်

Ei Chaw Po

06 Jan, 15:55


အင်္ဂပူမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ရင်းတွင်းစကားသံများ
https://www.mmnationalpost.com/2025/01/blog-post_640.html

Ei Chaw Po

06 Jan, 15:54


မိုးညှင်း၊ ဇန်နဝါရီ ၆ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 တွင် ဥပဒေဘာသာရပ် ထည့်သွင်းသင်ကြားနိုင်ရေး ဆရာ၊ ဆရာမများ ဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်က အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 ကျောင်းသား/သူများအတွက် ဥပဒေအသိပညာပေးရေး ဆရာဖြစ်သင်တန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဒေါ်ငြိမ်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ဆက်လက်၍ ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်တာဝန်ခံဆရာကြီး ဦးတိုးအောင်က အဆိုပါသင်တန်း၏ စည်းမျဉ်းစည်းကမ်းချက်များနှင့် သင်တန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းတို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ၎င်းသင်တန်းအား သတ်မှတ်ခေါင်းစဉ်များအလိုက် သက်ဆိုင်ရာ သင်တန်းမှူးများမှ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။အဆိုပါ သင်တန်းကို မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များမှ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၆)ဦးဖြစ်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ (၆)ရက်မှ (၁၀)ရက်ထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်းJoin - https://t.me/MyanmarNationalPost

Ei Chaw Po

06 Jan, 15:54


မိုးညှင်းခရိုင်၌ အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 ကျောင်းသား/သူများအတွက် ဥပဒေအသိပညာပေးရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်
https://www.mmnationalpost.com/2025/01/grade-11-grade-12.html

Ei Chaw Po

06 Jan, 13:24


မကွေး၊ ဇန်နဝါရီ ၆ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHVs) နှင့် သားဖွားဆရာမများ (MWs) ကိုယ်တိုင်မွေးဖွားခြင်း ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့် ရေမွန်းသော မွေးကင်းစကလေးငယ်များအား အသက်ရှူနိုင်စေရန် အသက်ကယ်ပြုစုစောင့်ရှောက်မှုပေးခြင်းဆိုင်ရာ ပြုစုကုသမှုအား ကျွမ်းကျင်မှုရှိစေရန်၊ မွေးပြီးတစ်မိနစ်အတွင်း တိကျမှန်ကန်သော အသက်ကယ်ခြင်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals-SDGs) အရ (၂ဝ၃ဝ) ခုနှစ်တွင် မြန်မာနိုင်ငံ၌ မွေးကင်းစကလေးသေဆုံးမှုနှုန်းအား အရှင်မွေး(၁,၀၀၀)ဦး လျှင် (၁၂) ဦးသို့လည်းကောင်း၊ အသက် (၅) နှစ်အောက် ကလေးသေဆုံးမှုနှုန်းအား အရှင်မွေး (၁,ဝဝဝ) ဦးလျှင် (၂၅) ဦးသို့လည်းကောင်း၊ လျှော့ချနိုင်ရန် ရည်မှန်းချက် ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်း (Training on Neonatal Resuscitation) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်ခန်းမ၌ ကျင်းပသည်။မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်း (Training on Neonatal Resuscitation) ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးတက္ကသိုလ် (မကွေး) မှ ကလေးကျန်းမာပညာဌာနမှ ပါမောက္ခ/ ဌာနမှူး၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အသက် ငါးနှစ်အောက် ကလေးငယ်များအားလုံး ရောဂါဘယကင်းဝေး၍ သက်ရှည်ကျန်းမာပြီး ကာယ၊ ဉာဏနှင့် လူမှုဘဝပြည့်စုံသော ဘဝများရရှိ၍ အနာဂတ်တွင် ဘက်စုံဖွံ့ဖြိုးသော နိုင်ငံ့သားကောင်းများ ဖြစ်လာနိုင်စေရန် မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး လုပ်ငန်းများအား ရည်ရွယ်ပြီး ဆောင်ရွက် လျက် ရှိပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အသက်ငါးနှစ်အောက်ကလေး သေဆုံးနှုန်းနှင့် မွေးကင်းစကလေးသေဆုံးနှုန်းဟာ နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းအဖြစ် ပါဝင်နေသည့်အတွက် အရည်အသွေးပြည့်မီသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး ရေမွန်းသော မွေးကင်းစကလေး အသက်ရှူရန် အသက် ကယ်ပြုစုခြင်း ဆရာဖြစ်သင်တန်းများကို တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်များမှာ ဆောင်ရွက်ခဲ့ပြီး မွမ်းမံသင်တန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများရဲ့ သားဖွားခန်းများမှာ Bags & Mask နှင့် ချွဲစုပ်ကိရိယာများလည်း ဖြန့်ဖြူးထားပြီး ဖြစ်ပါကြောင်း၊ ၂၀၃၀ ခုနှစ်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ပြည့်မှီစေရန် မွေးကင်းစကလေးသေဆုံးမှု အများဆုံးတွင် ပါဝင်သော မွေးကင်းစကလေး ရေမွန်းသေဆုံးမှုကို လျော့ချရမှာဖြစ်တဲ့အတွက် ဒီသင်တန်းမှာ ကျွမ်းကျင်စွာတက်မြောက်အောင် သင်ယူပြီး မိမိတို့ဆေးရုံ၊ ဆေးခန်းဌာနများမှာ သင်ကြားရေးအဖွဲ့ငယ်များ ဖွဲ့စည်း၍ စဉ်ဆက်မပြတ် လေ့ကျင့်ခြင်း၊ လက်တွေ့အသုံးချခြင်းဖြင့် မွေးကင်းစကလေး ရေမွန်းသေဆုံးမှုကို လျော့ချနိုင်စေရန် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ထို့နောက် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးမှ သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး၊ သင်တန်းပို့ချမှုအား စတင်ဆောင်ရွက်ခဲ့သည်။အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဆရာဝန်များ၊ သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ တက်ရောက်မည်ဖြစ်ပြီး၊ သင်တန်းပြုလုပ်မည့် နန်းထိုက်သူဟိုတယ်နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတို့တွင် (၆-၁-၂၀၂၅) မှ (၇-၁-၂၀၂၅) အထိ မကွေး၊ မင်းဘူး၊ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း(၂၄၀)ဦးဖြင့်လည်းကောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ များတွင် ရေနံချောင်း၊ ချောက်၊ အောင်လံ၊ ပွင့်ဖြူ၊ ပခုက္ကူမြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း (၁၉၁)ဦးဖြင့်လည်းကောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် သရက်၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ ကံမမြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း(၁၅၆)ဦးနှင့် ဇန်နဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် ရေစကြို၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ စလင်း မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း (၁၂၁)ဦးဖြင့် လည်းကောင်း၊ မြို့နယ်(၂၀) မြို့နယ်မှ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း(၇၀၈)ဦးအား သင်တန်းပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာhttps://t.me/MyanmarNationalPost

Ei Chaw Po

06 Jan, 13:24


မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
https://www.mmnationalpost.com/2025/01/blog-post_529.html

Ei Chaw Po

06 Jan, 13:23


ပူတာအို၊ ဇန်နဝါရီ ၆ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဉီးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘာသီး၊ ခရမ်းချဉ်သီး၊ ဘုရင်သီး၊ အမေရိကန်သံပရာသီးတို့အား ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားခြင်းဖြင့် စိုက်ပျိုးရေးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်းနှင့် ၎င်းတို့စိုက်ပျိုးသောသီးနှံများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစား အစာများအား စနစ်တကျ ဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဉီးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းရှင်များတိုးပွား၍ နိုင်ငံ၏စီးပွားရေးဖွံဖြိုးမှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် နယ်မြေ(၅)ရှိ ရှာလင်အေဂျီအသင်းတော် ဘုရားကျောင်း၌ ကျင်းပသည်။ရှေးဉီးစွာ ရှာလင်အေဂျီအသင်းတော် သင်းအုပ်ဆရာကြီး သိက္ခာတော်ရ အင်ခွမ်ပီတာက သင်တန်းအား ဆုတောင်းဆက်ကပ်အပ်နှံပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဉီးဇော်မိုးက သင်တန်းဖွင့် အမှာစကားပြောကြားကာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဉီးအောင်ဆန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးမင်းဇော်က သင်တန်းသုံး သီးနှံကုန်ကြမ်းပစ္စည်းများအား သင်တန်းသူတစ်ဉီးထံပေးအပ်ပြီး အခမ်းအနားတက်ရောက်လာသူများက သင်တန်းသား/သူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ခရိုင်/မြို့ နယ်ဌာနဆိုင်ရာများနှင့် အခမ်းအနားတက်ရောက်လာသူများက သင်တန်းတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများခင်းကျင်း ပြသထားရှိမှုများကို ကြည့်ရှုအားပေးကြသည်။အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၂၀)ဉီးတို့အား ဒေသထွက်သီးနှံဖြစ်သည့် ဂရိတ်ဖရု(ယို/ဖျော်ရည်/ဝိုင်)၊ခရမ်းချဉ်သီးယို၊ နာနတ်သီးဖျော်ရည်၊ ကျောက်ဖရုံယို၊ အမေရိကန်သံပရာယို၊ သင်္ဘောသီးယို(အချို/အစပ်)၊ ဘုရင်သီးဖျော်ရည်၊ အာလူးကြော်ပြုလုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ သင်တန်းနည်းပြများက ဇန်နဝါရီ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ စာတွေ့ (၃၀)ရာခိုင်နှုန်း၊ လက်တွေ့ (၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်Join - https://t.me/MyanmarNationalPost

Ei Chaw Po

06 Jan, 13:23


သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဖွင့်လှစ်
https://www.mmnationalpost.com/2025/01/blog-post_200.html

Ei Chaw Po

03 Jan, 18:29


နေပြည်တော်၊ ဇန်နဝါရီ ၃ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

03 Jan, 18:29


တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး
https://www.mmnationalpost.com/2025/01/blog-post_89.html

Ei Chaw Po

03 Jan, 18:28


ဇန်နဝါရီ- ၃ ( သောကြာနေ့ ) ဆောင်းရာသီတွင် ဖြစ်ပွားတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများက မနှစ်ကထက် ယခုနှစ်တွင် ပြင်းထန်မှု နည်းပါးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။  "မြောက်ကမ္ဘာခြမ်းမှာ ဆောင်းရာသီ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုဟာ အမြင့်ဆုံးဖြစ်တတ်ပါတယ်" လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း က ဘေဂျင်းရှိ ဒေသတွင်းမီဒီယာသို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံတွင် အင်ဖလူရန်ဇာ အေ နဲ့ အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပျံ့နှံ့မှုဆိုင်ရာ မေးခွန်းအား မီဒီယာတွေ မေးတာကို ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ နိုင်ငံခြားသားများ သွားလာရန် အန္တရာယ်ကင်းကြောင်း ဝန်ကြီးဌာနက ဆက်လက်ပြောပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဆေးရုံတွေမှာ လူပြည့်နေတဲ့ ဗီဒီယိုတွေကို ပြသတဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာ တာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုပဲ ဖြေရှင်းခဲ့ခြင်းဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အထူးသဖြင့် human metapneumovirus (HMPV)၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများအပြင် တရုတ်နိုင်ငံရှိ မီးသဂြိုလ်ရုံများသည် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရကြောင်း အစီရင်ခံစာအများအပြားက အကြံပြုထားပါတယ်။“ရောဂါတွေက ပြင်းထန်မှုနည်းပြီး အရင်နှစ်တွေနဲ့ ယှဉ်ရင် ပျံ့နှံ့မှုနည်းပါတယ်” လို့ နင်း က ဆိုပါတယ်။ "တရုတ် အစိုးရဟာ တရုတ်နိုင်ငံတွင်းက တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုတာ အာမခံနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ခရီးသွားရင် ဘေးကင်းပါတယ်" လို့ သူမက အာမခံခဲ့ပါတယ်။ဆောင်းရာသီတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ အမျိုးသားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ကိုးကားဖော်ပြထားပါတယ်။လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံတွင် ပြင်းထန်သော တုပ်ကွေးရောဂါ ဖြစ်ပွားမှု သတင်းများ ပြည်ပသို့ ပျံ့နှံ့ခဲ့ပါတယ်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ပြင်းထန်သော အအေးဒဏ်ကို ခံစားခဲ့ရတဲ့အတွက်ကြောင့် ဆောင်းရာသီတွင် နှစ်စဉ်ဖြစ်ပွားသည့် တုတ်ကွေးရောဂါပျံ့နှံ့မှု ဖြစ်ခဲ့သော်လည်း  ကျန်းမာရေးတာဝန်ရှိသူများက ထိန်းချုပ်နိုင်ခဲ့ပါတယ်။
REF - moneycontrolJoin - https://t.me/MyanmarNationalPost

Ei Chaw Po

03 Jan, 18:28


ဒီနှစ်ဆောင်း တရုတ်ကိုလာလည်လို့ရပါတယ်တဲ့
https://www.mmnationalpost.com/2025/01/blog-post_98.html

Ei Chaw Po

03 Jan, 18:27


ပေါင်၊ ဇန်နဝါရီ ၃မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက အထက ပေါင်ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသူ‌ကျောင်းသားများက ပညာရေးစုံညီ သီချင်းတို့ဖြင့် စုပေါင်းသီဆိုဖျော်ဖြေကြပြီး မိဘဆရာအသင်း ဥက္ကဌ ဦးရဲအောင် ကအဖွင့်အမှာစကား ပြောကြားသည်။ဆက်လက်၍  အထက ပေါင်ကျောင်းအုပ်ဆရာမကြီး  ဒေါ်ချိုလွင်ဦး က ပညာရေး စုံညီပွဲတော်ကျင်းပပေးရသည့်ရည်ရွယ်ချက်နှင့် ပေါင်မြို့နယ်အတွင်း ပညာရေးကဏ္ဍ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ပြောကြားသည်။ယင်းနောက်  တာဝန်ရှိသူတို့က လူရည်ချွန် ဘက်စုံထူးချွန်ဆု၊ မြို့နယ်အဆင့်သန့်ရှင်း၍စိမ်းလမ်းစိုပြေသောကျောင်းဆု၊ အဆိုအကအရေးအတီးပြိုင်ပွဲ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲဆု စသည့် ကဏ္ဍအလိုက် ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေး စုံညီ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မွန်မလေး Join - https://t.me/MyanmarNationalPost

Ei Chaw Po

03 Jan, 18:27


ပေါင်မြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ
https://www.mmnationalpost.com/2025/01/blog-post_81.html

Ei Chaw Po

03 Jan, 18:26


ရေတာရှည်၊ ဇန်နဝါရီ ၃ရေတာရှည်မြို့နယ် ရေလွှရွာအနီး ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ မနက် ၈ နာရီခန့်က KNLA တပ်မဟာ(၃)နှင့်  အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့များ ရောက်ရှိနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား ၁၀လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။နယ်မြေရှင်း စစ်ကြောင်းနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားတွေ ထိခိုက်သေဆုံးသူများပြီး ထွက်ပြေးသွားခဲ့သည်။ အကြမ်းဖက်အဖွဲ့များနောက်သို့ လုံခြုံရေးအဖွဲများမှ လိုက်လံရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားအလောင်း(၁၀)လောင်း၊ လက်နက်မျိုးစုံ(၁၀)လက် Type-81 (၅) လက်၊ M-4 (၁) လက်၊ MA-1 (၁) လက်၊ လက်လုပ်သေနတ်(၃)လက်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။တာဝန်သိ ဒေသခံပြည်သူများ အနေဖြင့် မိမိရပ်/ရွာ လုံခြုံရေးအတွက် အကြမ်းဖက်သမား လှုပ်ရှားမှုသတင်းရရှိပါက လျှို့ဝှက်စွာဖြင့် ချက်ချင်းသတင်းပေးကြခြင်းဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ အကြမ်းဖက်ဘေးအန္တရာယ် ကင်းဝေးစေရန် လုံခြုံရေးတပ်ဖွဲဝင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

02 Jan, 06:57


ကြံခင်း , ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသနေပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရန် ၂၀၂၅ ခုနှစ်၊ နှစ်သစ်အခါသမယ၌ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပင့်ဖိတ်ထားကြကုန်သော မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် ဦးဝါယမနှင့် ဂိုဏ်းပေါင်းစုံမှ ဆရာတော် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိ/ဖများက "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီးနောက်၊ မုခ်ထုတ်ကျောင်းတိုက် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက်၊ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ရေများ  ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ အန္တရာယ်ကင်း  ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီးနောက်၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ "ဗုဒ္ဓသာသနံ စိရံတိဌတု"သုံးကြိမ်ရွတ်ဆိုပူဇော်ကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးဆောင်ပြီး ဂိုဏ်းပေါင်းစုံမှ ဆရာတော် သံဃာတော်များက  မြို့နယ်အတွင်းလှည့်လည်၍ အန္တရာယ်ကင်း  ပရိတ်တရားတော်များ  ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

Ei Chaw Po

02 Jan, 06:57


ကြံခင်းမြို့တွင်၂၀၂၅ ခုနှစ်၊ နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်
https://www.mmnationalpost.com/2025/01/blog-post_47.html

Ei Chaw Po

02 Jan, 06:56


ဓနုဖြူ ,  ဇန်နဝါရီ  ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ဦးဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စု၊ သုခဝတီ သီလရှင်စာသင်တိုက်ရှေ့မှစတင်၍ မြို့တွင်းလမ်းတစ်လျှောက် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဓနုဖြူမြို့ပေါ်ရှိ သီလရှင်ကျောင်းတိုက်(၇)တိုက်မှ ပရိယတ္တိသာသနာ့တာဝန်ကို ထမ်းဆောင်တော်မူကြသည့် သာသနာ့နွယ်ဝင် သီလရှင်အပါး (၈၀)ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ငရုတ်၊ ကြက်သွန်၊ ကြာဇံ၊ ခေါက်ဆွဲ၊ ပဲအမျိုးမျိုး၊ လက်ဖက်ခြောက်နှင့် ဝတ္ထုငွေအစရှိသော လှူဖွယ်ပစ္စည်းအစုစုတို့ကို မြို့နယ်အတွင်းရှိ အလှူရှင်များက လောင်းလှူခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်https://t.me/MyanmarNationalPost

Ei Chaw Po

02 Jan, 06:56


ဓနုဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ဦး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
https://www.mmnationalpost.com/2025/01/blog-post_90.html

 

Ei Chaw Po

02 Jan, 06:55


သာပေါင်း , ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကွင်းကျေးရွာအုပ်စုနှင့် ကွင်းခြောက်ကျေးရွာအုပ်စုတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်(၁)ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တောင်ကွင်းကျေးရွာအုပ်စု၊ တောင်ကွင်းကျေးရွာတွင် ဒေသခံပြည်သူ(၈၅)ဦး၊ ညနေ ၃ နာရီအချိန်က ကွင်းခြောက်ကျေးရွာအုပ်စု၊ တလုပ်ပင်ကွင်းကျေးရွာ၌ ဒေသခံပြည်သူ(၅၀)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးနှင့် ဌာနဆိုင်ရာများက တွေ့ဆုံကြပြီး တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍  လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနှင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦးhttps://t.me/MyanmarNationalPost

Ei Chaw Po

02 Jan, 06:55


သာပေါင်းမြို့နယ်၌ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေး
https://www.mmnationalpost.com/2025/01/blog-post_85.html

Ei Chaw Po

02 Jan, 06:54


ရန်ကုန်၊ ဇန်နဝါရီ ၂စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည်ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ ရည်အရောင်းဆိုင်(သာကေတ) ဆိုင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။ဦးစွာ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်သယံဇာတရေးရာ ဝန်ကြီးတို့က ရေနံဓာတ်ငွေ့ရည်အရောင်း ဆိုင်(သာကေတ) ဆိုင်သစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ထို့နောက် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ရေနံဓာတ်ငွေ့ရည်ကို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ အမှတ်(၂)နှင့် အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ ရည်(ဗြူတိန်း) နှင့် စက်မှုလုပ်ငန်းသုံး(ပရိုပိန်း)တို့ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ရေနံဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်များတွင်အသုံးပြုမည်ဆိုပါက စက်သုံးဆီ အသုံးပြုမှုထက် ကုန်ကျစရိတ်ပိုမိုသက်သာစေပြီး ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှမှာယူတင်သွင်းပြီး ကျယ်ပြန့်စွာ ဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်၍ ယခုအရောင်းဆိုင်ကို နိုင်ငံတကာအဆင့်မီတည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေနံဓာတ်ငွေ့ရည် အသုံးပြုရာတွင်သုံးစွဲသူများအနေဖြင့်အသိ ပညာဗဟုသုတရရှိပြီး လုံခြုံစွာအသုံးပြုနိုင်ရေး၊ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေးတို့ကို ရတနာစုကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပေးရန်၊ ရေနံဓာတ်ငွေ့ရည်သည် မီးလောင်လွယ်သည့် ပစ္စည်းဖြစ်သဖြင့် ရေနံဓာတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူး ရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် သတ်မှတ်ထားသည့် Standard Operating Procedure များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန် နှင့် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက်သွားရန် ပြောကြားသည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးက ခေတ်နှင့်အညီဆောင်ရွက်သွားနိုင်ရေး အတွက် IT နည်းပညာကိုအသုံးချနိုင်ရေး Research Team ဖွဲ့စည်းဆောင်ရွက်သွား ရေးပြောကြားပြီး ရတနာစုကုမ္ပဏီ မန်နေး ဂျင်းဒါရိုက်တာက ဆိုင်သစ်ဖွင့်လှစ်နိုင်ရေး တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက် ခဲ့မှုနှင့် ရေနံဓာတ်ငွေ့ရည်ဖြန့်ဖြူးရောင်းချမည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက်ဒုတိယဝန်ကြီးနှင့်တာဝန်ရှိ သူများသည် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်တွင် ရေနံဓာတ်ငွေ့ရည်သိုလှောင် ဖြန့်ဖြူးရောင်းချနေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 
Join - https://t.me/MyanmarNationalPost

Ei Chaw Po

02 Jan, 06:54


ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှမှာယူတင်သွင်းပြီး ကျယ်ပြန့်စွာ ဖြန့်ဖြူးပေးနိုင်ရန် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(သာကေတ) ဆိုင်သစ်ဖွင့်
https://www.mmnationalpost.com/2025/01/blog-post_14.html

Ei Chaw Po

02 Jan, 06:53


မောက်မယ်,  ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မောက်မယ်−ရွာသစ်ကျေးရွာခြင်းဆက်လမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းတိုးမြှင့်ခင်းခြင်းလုပ်ငန်းကို ၂၇−၆−၂၀၂၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ မိုးရွာသွန်းမှုကြောင့်လုပ်ငန်းများ ခေတ္တရပ်နားထားရပြီး ယမန်နေ့ညနေပိုင်းတွင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။ 
မောက်မယ်−ရွာသစ်ကျေးရွာခြင်းဆက်လမ်းအား မြေသားလမ်းမှကျောက်ချောလမ်း(1.006Km× ×4.88m× 350mm) ခင်းခြင်းလုပ်ငန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄−၂၀၂၅ဘဏ္ဍာရေးနှစ် ပြည်ထောင်စု /ပြည်နယ်ရန်ပုံငွေကျပ် (၁၄၀.၈၄) သန်းဖြင့် “ခရမ်းချယ်ရီ”ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး အဆိုပါကျောက်ချောလမ်းသည် ၂၀၂၄ခုနှစ်ဇွန်လ၂၇ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့ညနေပိုင်းတွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် အချိန်မီ ဆောင်ရွက်ပြီးစီးရန် လုပ်ငန်းအရည်အသွေးပြည့်မီစေရေးအတွက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)https://t.me/MyanmarNationalPost

Ei Chaw Po

02 Jan, 06:53


မောက်မယ်မြို့နယ်၌ ကျေးရွာခြင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်
https://www.mmnationalpost.com/2025/01/blog-post_62.html

 

Ei Chaw Po

02 Jan, 06:52


မန္တလေး၊ ဇန်နဝါရီ ၂မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက နဝမမြောက်ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ အထိမ်းအမှတ် ခုနှစ်ရက်သားသမီး အများကောင်းမှုဖြင့် တည်ထားကိုးကွယ်လှူဒါန်းသည့် လောကုက္ကဋ္ဌစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ၊ မစိုးရိမ်တိုက်သစ်ရှိ စိတ္တပါလဗုဒ္ဓဝိပဿနာဗိမာန်တော်တွင် ကျင်းပခဲ့သည်။နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဌာဘိဝံသ အမှူးပြု၍ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ အလှူရှင်များနှင့်ဖိတ်ကြား ထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကာ နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော် ဆောင်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ထံက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ကိုးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်များနှင့် လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။၎င်းနောက် အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မစိုးရိမ် တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်ထံက သြဝါဒများ နာယူကြ၍ လှူဒါန်းမှုအစုစုအတွက် သာဓုအနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှအတမ်းပေးဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်း၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့ အမှတ်(၁)တပ်မတော်စစ်ဆေးရုံ၊ ခုတင် ၇၀၀ ရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူသီတင်းသုံးနေတော်မူသည့် ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ၊ သက်တော် ၉၆ နှစ်၊ သိက္ခာတော် ၇၆ ဝါအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက သွားရောက်ဖူးမြော်၍ အာဟာရဖြည့်စွက်စာများ ဆက်ကပ် လှူဒါန်းခဲ့ပြီး တပ်မတော်စစ်ဆေးရုံမှ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးကုပါရဂူဆရာဝန်ကြီးများနှင့် ပါရဂူဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများမှ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေမှုနှင့် ကျန်းမာရေးအခြေအနေတိုးတက် ကောင်းမွန်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ အောင်မြေသာစံမြို့နယ် မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာ ဘုရားအာရုံခံတန်စောင်းတွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့နှစ်သစ်ကူး အခါ သမယရက်မြတ်တွင် အန္တရာယ်ကင်းပရိတ်ကြီး(၁၁)သုတ်၊ မဟာသမသုတ်(၇)သုတ်နှင့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော် ခြင်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်ကြည်ညိုကြပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပခဲ့ကြောင်းနှင့် အဆိုပါရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီ ၁၁ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၈ နာရီ အထိ ၁၁ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

02 Jan, 06:52


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နဝမမြောက် ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ကြီး၏ အထိမ်းအမှတ် လောကုက္ကဋ္ဌစေတီတော်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်လှူဒါန်းပွဲအခမ်းအနားကျင်းပ
https://www.mmnationalpost.com/2025/01/blog-post_60.html

Ei Chaw Po

02 Jan, 06:51


နေပြည်တော်၊ ဇန်နဝါရီ ၂(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းသည် ‘‘(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်’’ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃) မျိုးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၆) ရက် (စနေနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်၊ (စနေနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

25 Dec, 00:05


Join - https://t.me/MyanmarNationalPost

Ei Chaw Po

25 Dec, 00:05


ဦးစွာ အခမ်းအနားအစီအစဉ်အရ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး တည်ဆောက်ခဲ့မှုနှင့် ရေယာဉ်ဆိုင်ရာအချက်အလက်များအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းက ရှင်းလင်းတင်ပြသည်။
ထို့နောက် (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအား အမည်ပေးခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေယာဉ်အမည်ပေးခြင်းမင်္ဂလာကို ဖတ်ကြားချီးမြှင့်ဆောင်ရွက်ရာတွင် နိုင်ငံ၏ ပြည်တွင်းရန်ကိုနှိမ်နင်းခြင်း၊ ပြည်ပရန်ကို ကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် စစ်ရေယာဉ်ကြီး “သာလွန်မင်း” ဟု အမည်ပေးအပ်သည်။
ဆက်လက်၍ (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး ရေချပေးခြင်း မင်္ဂလာအခမ်းအနားအား ရေတပ်ထုံးတမ်းစဉ်လာများအတိုင်း ဆောင်ရွက်ရာမင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှန်ပိန်ပုလင်းခွဲ၍ ရေယာဉ်ကြီးအားရေချပေးပြီး တပ်မတော်(ရေ) စစ်တီးဝိုင်းတပ်ဖွဲ့မှ ဂုဏ်ပြုတီးမှုတ်ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စစ်ရေယာဉ်ပုံစံငယ်နှင့် စစ်ရေယာဉ်ကြီး ရေချရာတွင်အသုံးပြုခဲ့သည့် ရွှေပုဆိန်တို့အား ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေယာဉ်ကြီးတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဂုဏ်ပြုလက်ဆောင်သစ်သီးခြင်း ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်(၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို Ship lift Platform မှ ရေချခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ တပ်မတော်(ရေ)မှတည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး “သာလွန်မင်း”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ဧရာခင်းမင်္ဂလာအခမ်းအနားပြုလုပ်၍ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်ကြီးသည်ကြီးမားသည့်အတွက် ကိုယ်ထည်များခွဲခြားတည်ဆောက်ခဲ့ကာ ရေယာဉ်ကိုယ်ထည်ကြီးအဖြစ် တွဲဆက်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုစစ်ရေယာဉ်ကြီးသည် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး ခေတ်မီစစ်ရေယာဉ်တစ်စီး၏ လိုအပ်ချက်များနှင့်အညီ ကိုယ်ထည်ပိုင်း၊ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ လက်နက်နှင့် လက်နက်စနစ်ပိုင်းတို့ကို ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်အတွင်းပိုင်း အခန်းဖွဲ့စည်းမှုများနှင့် စနစ်များကိုလည်း နိုင်ငံတကာခေတ်မီ စစ်ရေယာဉ်ကြီးများနည်းတူ ကောင်းမွန်စေရေး ကြိုးပမ်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များအနေဖြင့် အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ရှိပြီး အမြန်နှုန်း ၁ နာရီလျင် ရေမိုင် ၃၀ အထိမောင်းနှင်နိုင်မည့် စစ်ရေယာဉ်ကြီးပင်ဖြစ်ကြောင်း၊ ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအနေဖြင့် ၂၁ ရာစု ရေတပ်များ၏ ရည်မှန်းချက်တာဝန်များနှင့် စွမ်းရည်များကိုပိုင်ဆိုင်မည့် စစ်ရေယာဉ်ကြီးဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်အတွင်း သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို ရှေ့တန်းကျကျ ကာကွယ်တားဆီးတိုက်ပွဲဝင်နိုင်ခြင်း၊ ကင်းလှည့်ထောက်လှမ်းခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ ကျူးကျော်မှုများကိုတိုက်ဖျက်ခြင်းနှင့် ရေပြင်နယ်နိမိတ်ကာကွယ်ခြင်း၊ မိမိနိုင်ငံပိုင်နက်ပင်လယ်ပြင်ကို ထိန်းချုပ်ခြင်းနှင့် လူသားချင်းစာနာထောက်ထား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်ဆင်ရေးနယ်ပယ်မျိုးစုံတွင် အသုံးပြုနိုင်သော စစ်ရေယာဉ်ကြီးအား ဖြည့်တင်းတည်ဆောက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများဖြစ်ထွန်းတည်ရှိရာ မြန်မာ့ပင်လယ်ပြင်ကို ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
(၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး “သာလွန်မင်း”ကို ယနေ့ နံနက် ၉ နာရီတွင် စတင်ရေချခဲ့ပြီး ၁၀ နာရီ ၄ မိနစ်တွင် စစ်ရေယာဉ်တစ်စီးလုံး ရေထုအတွင်းသို့ အောင်မြင်စွာရောက်ရှိခဲ့ကြောင်းနှင့် ရေတပ်သင်္ဘောကျင်းဌာနချုပ်တံတားသို့ ၁၁ နာရီ ၂၄ မိနစ်တွင် ရောက်ရှိဆိုက်ကပ်ထားရှိကြောင်း သတင်းရရှိသည်။

Ei Chaw Po

25 Dec, 00:05


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချပေးခြင်းမင်္ဂလာအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
https://www.mmnationalpost.com/2024/12/blog-post_300.html

Ei Chaw Po

25 Dec, 00:04


မန္တလေး၊ ဒီဇင်ဘာ ၂၄မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် သိန်းဇော်ဦး မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄,၄၀၀ ပြား ဖမ်းဆီးရမိခဲ့သည်။ယင်းနေ့ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင်နှင့် ဗဟိန်း တို့အား ပြည်ကြီးတံခွန်မြို့နယ်တွင်လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မစန်းစန်းမြ အား အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိနေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၄,၀၀၀ ပြား နှင့်အတူလည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မျိုးထွန်းအောင်(ခ)စိုင်းဓနအောင် (ခ)ကျောင်းဆရာ အား ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်း ဆေးဝါး Happy Water ၅ ဒသမ ၅ ကီလို၊ အက်တက်စီ ၈,၆၄၀ ပြား၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလိုနှင့် TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၌ ထိုက်စိုးကျော် အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ဒသမ ၉ ကီလို၊ အက်တက်စီ ၉,၆၀၀ ပြား၊ Happy 5 ဆေးပြား ၉,၀၀၀ ပြား၊ Happy Water ၁ ဒသမ ၂၁၅ ကီလို နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၈၄ သိန်း၊ ကက်တမင်း ၁ ဒသမ ၉ ကီလို၊ Happy Water ၆ ဒသမ ၇၁၅ ကီလို၊ အက်တက်စီ ၁၈,၂၄၀ ပြား၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလို၊ Happy-5 ဆေးပြား ၉,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့အား ဥပဒေ အရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်းနှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

25 Dec, 00:04


မန္တလေးတွင် ငွေကျပ် ၂ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီ နှင့် Happy Water များ ဖမ်းဆီးရမိ
https://www.mmnationalpost.com/2024/12/happy-water_24.html

Ei Chaw Po

24 Dec, 15:29


မန္တလေးမြို့၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာ ကွင်းအမှတ်(၅၁၈-က) ဦးပိုင်အမှတ်(၁၁၈/၂) (၁.၃၃ ဧက) နှင့် ပတ်သက်၍ ကျွန်တော် ဦးထွန်းသင်း(ဘ) ဦးဘကျော် မှတ်ပုံတင်အမှတ် ၉/ပသက(နိုင်)၀၄၇၄၈၆ မှ အောက်ပါ အတိုင်း ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။ဖြစ်စဉ်အကျဉ်းမှာ-၁။ကျွန်တော်သည် လွန်ခဲ့သော ၁၉၉၆ ခုနှစ်ဝန်းကျင်က ကျွန်တော် ပိုင်ဆိုင်သော ကျွန်တော်၏ လယ်မြေကွက်အား (ငွေပေးလယ်ပေါ်) ပုံစံဖြင့် ခေတ္တမျှ မိတ်ဆွေဖြစ်သူ ဦးခင်မောင်ဆွေ အား နှုတ်ကတိဖြင့် ပေါင်နှံထားခဲ့မိပါသည်။ ထို့နောက် ကျွန်ုပ် စားဝတ်နေရေး အနည်းငယ် ပြေလည်ခဲ့သဖြင့် အဆိုပါ လယ်မြေကွက်အား ပြန်လည်ရွေးနှုတ်ရန် ပြောဆိုခဲ့ပေမယ့် ၎င်းမှ လက်မခံခဲ့ပဲ သက်ဆိုင်ရာ ပုသိမ်ကြီးမြို့ လယ်ယာမြေစီမံခန့်ခွဲရေး မှ တာဝန်ရှိသူများနှင့် တိုင်ပင်ကာ အဆိုပါ လယ်ယာမြေကွက်အား ၎င်း အမည်ပေါက်ရရှိစေရေန် သတ်မှတ်လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကျော်လွန်၍ ဆောင်ရွက်နေသည်ကို ကြားသိခဲ့ရပါသည်။ ကျွန်ုပ်မှာ ထိုသို့ ကြားသိသည့်အချိန်မှစ၍ သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများထံ တိုင်ကြားစာများ၊ ကန့်ကွက်လွှာများ ရေးသားကာ ပေးပို့ခဲ့ပါသည်။၂။ အမှန်တကယ်တွင် အဆိုပါ အချင်းဖြစ် လယ်ယာမြေ နှင့် ပတ်သက်၍ ပုံစံ(၇) တွင် အမည်ပေါက်ရရှိထားသူ ကျွန်ုပ် ဦးထွန်းသင်း မှ ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ ရေလောင်ကျေးရွာအုပ်စုသို့ (၂၉-၅-၂၀၀၈) ခုနှစ်တွင် ဥက္ကဋ္ဌ ဦးခင်မောင်ငြိမ်း နှင့် အဖွဲ့ဝင် အောင်နန္ဒကျော် တို့ တာဝန်ယူစဉ်အခါကလည်းကောင်း၊ (၂၉-၅-၂၀၁၇) ခုနှစ်တွင် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မိုး တာဝန်ယူစဉ်အခါကလည်းကောင်း အဆိုပါ ဖြစ်စဉ်အား မြေယာမှုခင်း ဖွင့်လှစ်တင်ပြခဲ့ကာ သက်ဆိုင်ရာ ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိများ၏ အဆုံးအဖြတ်ကို ခံယူရာ ကျွန်ုပ်မှ လယ်ယာမြေလုပ်ကိုင်ခွင့်နှင့် ပတ်သက်သော အထောက်အထားများ တင်ပြနိုင်ခဲ့သဖြင့် “ဦးထွန်းသင်း သာ လယ်ယာမြေလုပ်ကိုင်ခွင့် ပိုင်ဆိုင်သင့်ကြောင်း” အမိန့်ချမှတ်ခဲ့ပါသည်။၃။ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်သည့် စာတွင်လည်း အဆိုပါ အချင်းဖြစ် လယ်ယာမြေကွက် ပိုင်ဆိုင်မှု နှင့် ပတ်သက်၍ ကျွန်ုပ် ဦးထွန်းသင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ထံ အဆိုပါ အငြင်းပွားမှုနှင့် ပတ်သက်၍ ကန့်ကွက်နေသည့်ကြားမှ လယ်ယာမြေလုပ်ကိုင်ခွင့် စာအုပ် ပုံစံ(၇) အား သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဦးခင်မောင်ဆွေအား ထုတ်ပေးခဲ့ပါသည်။၄။ ဖြစ်စဉ်အမှန်မှာ အဆိုပါ အချင်းဖြစ်လယ်ယာမြေကွက်နှင့် ပတ်သက်၍ ကျွန်ုပ်၏ မိတ်ဆွေဖြစ်သူ ဦးခင်မောင်ဆွေထံ ခေတ္တ ပေါင်နှံခဲ့ခြင်းသာ ဖြစ်ပြီး တကြိမ်တခါမှ ရောင်းချခြင်းမျိုးလည်း မရှိခဲ့သလို မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့ခြင်းလည်းမရှိခဲ့ပါ။ ထို လယ်ယာမြေအား အရောင်းအဝယ် ပြုလုပ်ရန် မြေပုံကူးခြင်း၊ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းများ မရှိပါဘဲနှင့် ဦးခင်မောင်ဆွေ နာမည်ဖြင့် လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ် ပုံစံ(၇) အား ပုသိမ်ကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ မှ ထုတ်ပေးခဲ့ခြင်းမှာ တရားဝင်မှုမရှိပါဟု ကျွန်ုပ်တဆင့် ကြားသိရပါသည်။၅။ အဆိုပါ အချင်းဖြစ်လယ်ယာမြေကွက်သည် ကျွန်ုပ်ကိုယ်တိုင် ယနေ့အချိန်ထိ သီးပင်စားပင်များ အမှန်တကယ် စိုက်ပျိုး ထွန်ယက်လုပ်ကိုင်နေသော လယ်ယာမြေကွက်လည်းဖြစ်ပါသည်။ မိတ်ဆွေဖြစ်သူ ဦးခင်မောင်ဆွေ မှာ အဆိုပါ လယ်ယာမြေကွက်ပေါ်တွင် မည်သည့် သီးနှံမျှ စိုက်ပျိုးထွန်ယက်ခြင်းများလည်း မရှိခဲ့ပါ။ ယခုအခါ ဦးခင်မောင်ဆွေ မှ အဆိုပါ အချင်းဖြစ် လယ်ယာမြေကွက်အား တခြားသောတစုံတစ်ယောက်ထံ အပြီးသတ် ရောင်းချလိုက်သည်ဟုလည်း ကျွန်ုပ် ကြားသိရပါသည်။၆။ ထို့ကြောင့် အထက်ပါဖြစ်စဉ် နှင့် ပတ်သက်၍ ကျွန်ုပ်မှာ များစွာ ထိခိုက်နစ်နာရပါသဖြင့် အဆိုပါ လယ်ယာမြေအငြင်းပွားမှု ဖြစ်စဉ်အား နိုင်ငံတော်အကြီးအကဲများမှ စုံစမ်းစစ်ဆေး၍ တရားမဝင်လုပ်ဆောင်မှုများ၊ တည်ဆဲဥပဒေများအား ကျော်လွန်ကာ ဆောင်ရွက်ခြင်းများ ရှိခဲ့ပါက သက်ဆိုင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူပေးပါရန် ရိုသေလေးစားစွာ အသနားခံ တိုင်ကြားအပ်ပါသည်။
ဦးထွန်းသင်း(ဘ)ဦးဘကျော်၉/ပသက(နိုင်)၀၄၇၄၈၆ရေလောင်ကျေးရွာအုပ်စု၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

04 Dec, 20:35


မင်းဘူး၊ ဒီဇင်ဘာ ၄မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့  နံနက်ပိုင်းအထိ ငွေကျပ် ၅၀၆,၀၀၀,၀၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ ချေးပေးရာတွင် ယခင်နှစ် ချေးငွေအကြေပေးဆပ်သည့် တောင်သူများကိုသာ ဦးစားပေးထုတ်ချေးပေးလျက်ရှိပြီး ကျေးရွာအုပ်စု (၇) အုပ်စုမှ တောင်သူ (၉၆)ဦး၏ နေကြာ (၂၈၄) ဧက၊ ပဲလွန်း (၂၂၂) ဧကဖြစ်၍ ဆောင်းသီးနှံဧကပေါင်း (၅၀၆) ဧကအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၅၀၆,၀၀၀,၀၀ သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ယခုနှစ် ဆောင်းသီးနှံချေးငွေကျပ် ၂၀၀,၀၀ဝ,၀၀၀ သိန်း ထုတ်ချေးပေးရန် လျာထားလျက်ရှိပြီး ထုတ်ချေးပေးရန် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူများထံမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)Join - https://t.me/MyanmarNationalPost

Ei Chaw Po

04 Dec, 20:35


မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံချေးငွေ ကျပ်သိန်း ၅၀၀ ကျော် ထုတ်ချေးပြီးစီး
https://www.mmnationalpost.com/2024/12/blog-post_10.html

Ei Chaw Po

04 Dec, 20:34


အုတ်တွင်း၊ ဒီဇင်ဘာ ၄ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့ပေါ်မဲကုန်းရပ်ကွက်အတွင်း ရွေ့လျားစနစ်ဖြင့်စျေးနှုန်းချိုသာစွာလိုက်လံရောင်းချပေးခဲ့သည်။အဆိုပါစားသောက်ကုန်များရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်မဲကုန်းရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအတွက်ရည်ရွယ်ကာ ပြင်ပစျေးနှုန်းထက်သက်သာသော တန်ဖိုးသင့်ဆန်တစ်ပြည်လျှင် ငွေကျပ်( ၃၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၄၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် (၈၄၀၀)နှုန်း ရွေ့လျားစနစ်ဖြင့် စျေးနှုန်းချိုသာစွာလိုက်လံရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ခင်ခင်မာJoin - https://t.me/MyanmarNationalPost

Ei Chaw Po

04 Dec, 20:34


အုတ်တွင်းမြို့နယ် မဲကုန်းရပ်ကွက်အတွင်း အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့်လိုက်လံရောင်းချပေး
https://www.mmnationalpost.com/2024/12/blog-post_49.html

Ei Chaw Po

04 Dec, 12:09


သထုံ၊ ဒီဇင်ဘာ ၄မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက နောင်ကုလားရှမ်းရွာ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်များအတွက် အရေးအကြီးဆုံးအချိန်၊ အရေးအကြီးဆုံးသောလူနှင့် အရေးအကြီးဆုံးအလုပ်တို့ကို ရွေးချယ်တတ်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ အကျင့်စာရိတ္တကောင်းမွန်‌ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေး၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်စေရေး၊ အချိန်ကို စီမံခန့်ခွဲတတ်စေရေးစသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြော‌ရာ ကျောင်းသား၊ ကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ‌ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

04 Dec, 12:09


သထုံမြို့နယ်၊ နောင်ကုလားရှမ်းရွာ အ‌ခြေခံပညာအထက်တန်း‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
https://www.mmnationalpost.com/2024/12/blog-post_31.html

Ei Chaw Po

04 Dec, 11:10


လိပ်သို  , ဒီဇင်ဘာ   ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားဝတ်နေရေး အတွက် တောင်ယာများနှင့် အိမ်ခြံဝင်းများအတွင်း ရွှေဖရုံပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် အပိုဝင်ငွေရရှိစေရန် ဆွတ်ခူးရောင်းချလျက်ရှိနေကြောင်း သိရသည်။
ရွှေဖရုံပင်များကို ပင်ပြန့်စိုက်နည်းနှင့် စင်ထိုးစိုက်နည်းဖြင့် စိုက်ပျိုးကြပြီး ရွှေဖရုံ စိုက်ပျိုးပြီး ရက် (၁၀၀) အကြာတွင် ဆွတ်ခူးနိုင်ကာ လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်များတွင် ရွှေဖရုံသီး အလုံးအကြီး/ အသေးပေါ်မူတည်၍ လက်လီဈေးတစ်လုံးလျှင် ကျပ်(၂၀၀ဝိ/-) မှ (၅၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိသည်။
ရွှေဖရုံသီးကို ချက်ပြုတ်စားနိုင်သလို အစိမ်းအတိုင်းလည်း သုပ်စားနိုင်ပြီး အသား/ငါးနှင့်လည်း ရော၍ချက်စားကြကြောင်း၊ အိမ်လုပ်မုန့်အချိုများလည်း ပြုလုပ်စားသုံးကြကြောင်း၊ ရွှေဖရုံသီးများ မှာ အာဟာရပြည့်ဝပြီး အရသာချိုသောကြောင့် ဝယ်ယူစားသုံးသူများပြားလျက်ရှိကြောင်း ရွှေဖရုံသီးရောင်းချသူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်https://t.me/MyanmarNationalPost

Ei Chaw Po

04 Dec, 11:10


လိပ်သိုမြို့တွင် ဒေသထွက် ရွှေဖရုံသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ
https://www.mmnationalpost.com/2024/12/blog-post_5.html

 

Ei Chaw Po

04 Dec, 11:09


ပွင့်ဖြူ  , ဒီဇင်ဘာ ၄မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် ဖွဲ့စည်းထားရှိသော မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေနှင့် လုံခြုံရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များအနေဖြင့် လိုက်နာရမည့် သစ္စာအဓိဋ္ဌာန်(၅)ချက်နှင့် ကျင့်ဝတ်ဆောင်ပုဒ်များကို စည်းကမ်းတကျ လေးစားလိုက်နာကြရန် လိုအပ်ကြောင်း၊ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ ပြည်သူများအပေါ် ငွေကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သော ပြုမူလုပ်ဆောင်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ မိမိတို့အား ပေးအပ်ထားသော တာဝန်များကို လစ်ဟာမှုမရှိအောင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများ အားကိုးထိုက်သော ပြည်သူ့လုံခြုံရေးအဖွဲ့အဖြစ် ရပ်တည်နိုင်အောင် ကျေပွန်စွာ လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။ထို့နောက်  မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် (၅၀) ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကျပ် (၁၀၅၄၀၀၀၀) နှင့် လုံခြုံရေးလုပ်ငန်း သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )     https://t.me/MyanmarNationalPost

Ei Chaw Po

04 Dec, 11:09


ပွင့်ဖြူမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် လုံခြုံရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်
https://www.mmnationalpost.com/2024/12/blog-post_88.html

Ei Chaw Po

04 Dec, 11:08


နေပြည်တော်၊ ဒီဇင်ဘာ ၄ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင် သောအဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ပူးပေါင်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်းပြောကြားသည်။ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဒူးမားလွှတ်တော် ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေ အနေများနှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေ အနေများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက ရွေးကောက်ပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းသည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မေးမြန်းချက်များနှင့်စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  
Join - https://t.me/MyanmarNationalPost

Ei Chaw Po

26 Nov, 14:29


နေပြည်တော်၊ နိုဝင်ဘာ ၂၆မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နိုဝင်ဘာလ ၂၅ ရက်နေ့ ၁၃၀၀ အချိန် တာချီလိတ်မြို့နယ်၊ ပါဘီး(၃)ကျေးရွာနေ ယာဒေါင်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂ သိန်း)နှင့် RPG ဒုံးသီး ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၃၂၅ အချိန် RPG ဒုံးသီး သိမ်းဆည်းခိုင်းထားသူ ယောနသန် အား တာချီလိတ်မြို့နယ်၊ ရန်ရှင်း(၂)ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ယာဒေါင်း(၄၆)နှစ် နှင့် ယောနသန်(၃၄)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ထို့အတူ နိုဝင်ဘာလ ၂၅ ရက်နေ့ ၁၂၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအနီးတွင် အိုက်လုံမုတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အိုက်လုံမုတ်(၆၆)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

26 Nov, 14:28


တာချီလိတ်နှင့် ကျိုင်းတုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
https://www.mmnationalpost.com/2024/11/blog-post_154.html

Ei Chaw Po

26 Nov, 14:27


ဘေရွတ်၊ နိုဝင်ဘာ ၂၆အစ္စရေးလေတပ်မှ တိုက်လေယာဉ်များသည် လက်ဘနွန်မြို့တော်၏ တောင်ပိုင်းခရိုင်များတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဟစ်ဇ်ဘိုလာဟု သံသယရှိသော အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေး သတင်းရင်းမြစ်တစ်ခုက TASS သတင်းထောက်ကို ပြောကြားခဲ့သည်။ယင်းဒေသတွင် အနည်းဆုံး အဆောက်အဦ ခြောက်လုံး ထိခိုက်မိခဲ့ကြောင်း သိရသည်။"ရန်သူသည် Ghobeiry နှင့် Tahwitat al-Ghadir ရပ်ကွက်များရှိ လူနေအိမ်အဆောက်အအုံများကို လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့သည်" ဟု သတင်းရင်းမြစ်က ဆိုသည်။ “နောက်ဆုံး တိုက်ခိုက်မှု နှစ်ခုက Bourj el-Barajneh ဒုက္ခသည် စခန်းရှိ မြေပြင် တည်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် ၎င်း၏ X စာမျက်နှာတွင် တောင်ပိုင်းဆင်ခြေဖုံးဒေသခံများအား လေကြောင်းမှ တိုက်ခိုက်ရန် ပစ်မှတ်အဖြစ် သတ်မှတ်ထားသော အမှတ်အသားပြုထားသည့် နေရာများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြောဆိုခဲ့သည်။
Ref -TASSJoin - https://t.me/MyanmarNationalPost

Ei Chaw Po

26 Nov, 14:27


ဘေရွတ်မြို့ တောင်ပိုင်းရှိ အဆောက်အအုံ ခြောက်လုံးကို အစ္စရေး ဂျက်လေယာဉ်များက တိုက်ခိုက်
https://www.mmnationalpost.com/2024/11/blog-post_811.html

 

Ei Chaw Po

26 Nov, 14:26


အစ္စလာမာဘတ်၊ နိုဝင်ဘာ ၂၆Pakistan Tehreek-e-Insaf (PTI သို့မဟုတ် Movement for Justice) အတိုက်အခံပါတီက အစ္စလာမ်မာဘတ်တွင် ကျင်းပသည့် ဆန္ဒပြပွဲ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ဥပဒေအရာရှိ ၁၀ ဦးအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း Geo TV က ဖော်ပြသည်။ရုပ်သံထုတ်လွှင့်သူ၏ အဆိုအရ ပါကစ္စတန်တရားဥပဒေစိုးမိုးရေးအေဂျင်စီများသည် ဆန္ဒပြသူများအား အစ္စလာမာဘတ်မြို့လယ်သို့ မရောက်ရှိအောင် တားဆီးရန်နှင့် ဆူပူအုံကြွမှုများကို နှိမ်နင်းရန် ကြိုးပမ်းနေကြောင်း၊ ရိန်းဂျားတပ်ဖွဲ့ဝင် အများအပြား၊ ရဲအရာရှိနှစ်ဦးနှင့် နယ်ခြားစောင့်တပ်သားများ အပါအဝင် စုစုပေါင်း သေဆုံးသူ ၁၂ ဦးရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင် (၁၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif က တရားဥပဒေစိုးမိုးရေး အရာရှိများအား တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး တာဝန်ရှိ သူတွေကို တရားမျှတမှု ပေးဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။PTI သည် ဖက်ဒရယ်အစိုးရမှ အောက်တိုဘာလတွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ချက်ကို ရုပ်သိမ်းရန်၊ ဖေဖော်ဝါရီ ပါလီမန်ရွေးကောက်ပွဲရလဒ်များကို ပြန်လည်သုံးသပ်ကာ ပါတီတည်ထောင်သူနှင့် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းအပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် နိုဝင်ဘာ ၂၄ ရက်က တစ်နိုင်ငံလုံး ဆန္ဒပြပွဲများ စတင်ခဲ့သည်။
Ref - TassJoin - https://t.me/MyanmarNationalPost

Ei Chaw Po

26 Nov, 14:26


ပါကစ္စတန်နိုင်ငံ မြို့တော်မှာ ဆန္ဒပြမှုတွေအတွင်း အနည်းဆုံး ၁၂ ဦး သေဆုံး
https://www.mmnationalpost.com/2024/11/blog-post_406.html

Ei Chaw Po

26 Nov, 14:25


ဗြိတိန်သည် ယူကရိန်းသို့ နောက်ထပ် Storm Shadow ဒုံးကျည် ဒါဇင်ပေါင်းများစွာကို မကြာသေးမီက ပေးအပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက Bloomberg သို့ ပြောကြားခဲ့သည်။လူသိရှင်ကြား မကြေငြာရသေးသော ပို့ဆောင်မှုများသည် ရုရှားနိုင်ငံတွင်းသို့ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က မကြာသေးမီက ကိယက်ဗ်၏ တိုက်ခိုက်မှုများကို အတည်ပြုခြင်းမပြုမီ ပြီးစီးခဲ့ကြောင်း တနင်္လာနေ့က သတင်းအေဂျင်စီက ဆောင်းပါးတစ်ပုဒ်တွင် ပြောကြားခဲ့သည်။ဗြိတိန်လုပ် ခဲယမ်းများသည် လွန်ခဲ့သော ရက်သတ္တပတ်များစွာက ယူကရိန်းသို့ ရောက်ရှိလာခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများမှ ပြောကြားခဲ့သည်။ စစ်ဆင်ရေး လုံခြုံရေး လိုအပ်မှုကို ကိုးကားပြီး တင်ပို့သည့် ဒုံးကျည် အရေအတွက် သို့မဟုတ် တင်ပို့သည့် ရက်စွဲများကို သတင်းရင်းမြစ်များက ဖော်ပြရန် ငြင်းဆိုခဲ့ကြောင်း Bloomberg က ပြောကြားခဲ့သည်။အေဂျင်စီသည် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနထံမှ ရှင်းလင်းချက်ကို တောင်းခံခဲ့သော်လည်း ရုရှားနိုင်ငံအတွက်သာ အကျိုးရှိမည်ဖြစ်သောကြောင့် စစ်ဆင်ရေးအသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ မှတ်ချက်မပေးလိုကြောင်း တုန့်ပြန်ခဲ့သည်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် မော်စကိုနှင့် ကိယက်ဗ်တို့ကြား တိုက်ပွဲများ ပြင်းထန်လာချိန်မှစပြီး Storm Shadow ဒုံးကျည်များကို ကီယက်ဗ်အား လန်ဒန်မှ ထောက်ပံ့ပေးခဲ့သည်။ ဗြိတိန်အာဏာပိုင်များမှ ခဲယမ်းများ ပေးပို့မှု နောက်ဆုံးအကြိမ်မှာ ဧပြီလတွင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။The Storm Shadow သည် ၂၀၀၀ ခုနှစ်များ အစောပိုင်းကတည်းက စတင်အသုံးပြုခဲ့ပြီး အကွာအဝေး 250 ကီလိုမီတာ (155 မိုင်) ကျော်အကွာအဝေးရှိသော ဝေဟင်ပစ်ဒုံးပျံတစ်ခုဖြစ်သည်။ လန်ဒန်သည် ပဲရစ်နှင့် ပူးပေါင်း၍ ခဲယမ်းများကို တီထွင်ခဲ့ပြီး ပြင်သစ်မျိုးကွဲကို SCALP ဟုခေါ်သည်။
Ref - RTJoin - https://t.me/MyanmarNationalPost

Ei Chaw Po

26 Nov, 14:25


ဗြိတိန် က ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ထပ်မံပို့ဆောင်ပေးနေ
https://www.mmnationalpost.com/2024/11/blog-post_305.html

Ei Chaw Po

26 Nov, 14:24


နေပြည်တော်၊ နိုဝင်ဘာ ၂၆ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ၂၄-၁၁-၂၀၂၄ ရက်နေ့က ကလောမြို့ Mya Yar Pin ဟိုတယ်၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များနှင့် တွေ့ဆုံသည်။တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုခရီးသွားရာသီတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်ရေး ပြင်ဆင်ရမည့်ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် တိုက်တွန်း လိုပါကြောင်း၊ ကလောဒေသကိုခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကလောမြို့ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၂၂-၂၀၂၅)ကို မဟာဗျူဟာ(၅)ချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်အကောင်အထည်ဖော်မှုများဖြင့် ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိရာ စီမံကိန်းအကောင် အထည်ဖော်မှုကို အထောက်အကူပြုရန် ကလောမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပခဲ့ပါကြောင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ အနေဖြင့် ဖိုရမ်ဆွေးနွေးမှုရလဒ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ တာဝန်ကျရာအခန်းကဏ္ဍမှ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ဆက်လက်၍ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO)များမှ တာဝန်ရှိသူများနှင့် တက်ရောက်လာ ကြသူများက ကလောဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ပေးသည်။ထို့နောက် နန်းသဲကျေးရွာရှိ Adventure Tourism Site တစ်ခုဖြစ်သည့် Kalawe Glamping & Eco-Activities သို့သွားရောက်ကာ ခရီးသွားဧည့်သည်များအတွက် ဘေးအန္တရာယ်ကင်းစွာ စွန့်စားခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ထားရှိမှုနှင့် အပန်းဖြေခရီးသွားလုပ်ငန်း ဖော်ဆောင်ထားရှိမှု၊ နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် ကလောမြို့ရှိ Kalaw Heritage Hotel နှင့် ပင်းတယမြို့ရှိ PINDAYA Hotel တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များမှာကြားသည်။ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပင်းတယမြို့ရှိ ရွှေဥမင်ဘုရားသို့သွားရောက် ဖူးမြော်ကြည်ညို၍ ဘုရားဥမင်အတွင်း လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးဧည့်သည်များ အဆင်ပြေစွာ ဖူးမြော်သွား လာနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဘုရားဂေါပကထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

26 Nov, 14:24


ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ကလောနှင့် ပင်းတယဒေသတို့၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
https://www.mmnationalpost.com/2024/11/blog-post_267.html

Ei Chaw Po

26 Nov, 09:18


မင်းလှ  ၊ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း သပြေခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှဌေးက ဖတ်ကြားသည်။
ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် (ထက်၊ လယ်၊မူ) စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူမျာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးလှဌေး၊ မြို့နယ်ပညာရေးမှူး‌ ဆရာမကြီးဒေါ်ကြည်ကြည်ချိုနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး၊ မြန်မာကျောင်းသီချင်းဖြင့် ကျောင်းသား/သူလေးများက သီဆိုဖျော်ဖြေပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပေါက်စhttps://t.me/MyanmarNationalPost

Ei Chaw Po

26 Nov, 09:18


မင်းလှမြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
https://www.mmnationalpost.com/2024/11/blog-post_675.html

Ei Chaw Po

26 Nov, 09:17


နေပြည်တော်၊ နိုဝင်ဘာ ၂၆အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည် ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော် ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ က မှာယူသည့် ဆန်၂၄ ပြည်အိတ် ၂၀၀၀၊ စားသုံးဆီ၊ စားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများအပါအဝင် စုစုပေါင်း ၁၇၂ ဒသမ ၃၄၈ တန်ကို ၂၄-၁၁-၂၀၂၄ ရက်နေ့  နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေယာဉ်မျာ အပါအဝင် ရေယာဉ်၄၉ စင်းဖြင့် ဆောက်လုပ်ရေး သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေး ပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၇၁၂၇၁ ဒသမ ၇၈ တန်နှင့် ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92 ၁၉၉၈၈၆ ဂါလန် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

23 Nov, 16:43


မြစ်ကြီးနား၊ နိုဝင်ဘာ ၂၃ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော မြို့ပြစနစ်ဖြစ်ပေါ်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်မြစ်ဆိပ်ရှိ ဧရာဝတီမြစ်ကမ်းပါး သဲသောင်ခုံတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ထိုသို့ ဆောင်ရွက်ရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ မြစ်ကမ်းပါး သဲသောင်ခုံပေါ်တွင် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လောကမာန်အောင်ဆုတောင်းပြည့်စေတီတော် မြစ်ဆိပ်မှ စီတာပူရပ်ကွက် မနောကွင်းအနီး အင်ဂျန်းခချောင်းဆုံနေရာအထိ ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံများဖြစ်သည့် ဆီမုန်ညှင်းနှင့် ပန်းနှမ်းစိုက်ခင်းများအတွင်း အမှိုက်များ ကောက်ယူခြင်း၊ ကမ်းပါးရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြစ်ဆိပ်အဆင်းလမ်းများ ဖောက်လုပ်ခြင်းတို့ စုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ယင်းနောက် မြို့အဓိက ရေဝင်ပေါက်နေရာတစ်ခုဖြစ်သည့် အင်ဂျန်းခချောင်းနှင့် ဧရာဝတီမြစ်ဆုံသည့်နေရာတွင် ရေထိန်းတံခါးတည်ဆောက်နိုင်ရေး စက်ယန္တရားကြီးများဖြင့် ချောင်းရေစီးရေ လာကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်တူးဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အဆိုပါ နေရာတွင် အများပြည်သူအပန်းဖြေနေရာတစ်ခုအဖြစ် ပန်းနှမ်းစိုက်ခင်းများအကြား ဧရာဝတီရှုခင်းသာ နွေရာသီသဲသောင်ခုံ အပန်းဖြေစခန်းအဖြစ် အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး အကြို မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အပန်းဖြေစခန်းတည်ဆောက်သွားမည့် လျာထားအကွက်ချမြေပုံဖြင့် လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်မှုဇုန်ရပ်ကွက်၊ ဗလမင်းထင်တံတားသွားလမ်းပေါ်ရှိ ဗလမင်းထင်ဧက ၁၀၀ စံပြစိုက်ကွင်းအတွင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် သီးထပ်သီးနှံ တောင်သူအသိပညာပေး စိုက်ပျိုးပြသခြင်း သရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား ပြည်နယ်အစိုးရအဖွဲ့က မိုးစပါးစံပြစိုက်ခင်းအပြင် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးရေလုံလောက်ရေး၊ ရေဝပ်ဧရိယာများ ရေစီးရေလာကောင်းမွန်ရေးနှင့် လယ်အဝင်အထွက်လမ်းများ ကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် ယခုအခါ မိုးစပါးရိတ်သိမ်းပြီး ရာသီချိန်အမီ သီးထပ်စိုက်ပျိုးစွမ်းအား (၂၀၀) ရာခိုင်နှုန်းအထိ တိုးတက်မြင့်မားလာစေရေး၊ စားဆီဖူလုံမှု (၁၀၀) ရာခိုင်နှုန်းရရှိရေး ရိုးပြတ်မကျန် စိုက်ပျိုးဆောင်ရွက်သွားမည့် အစီအစဉ်အပေါ် ဒေသခံတောင်သူများ၊ ဌာနဆိုင်ရာများအားလုံးက အလေးအနက်ထား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေးနှင့် စိုက်ပျိုးရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်အပါအဝင် သွင်းအားစုများ လုံလောက်ပြည့်ဝအောင် ပံ့ပိုးသွားနိုင်ရေး စီမံဆောင်ရွက်ထားရှိသည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးက မိုးစပါးစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးစီးမှု အခြေအနေများနှင့် သီးထပ်စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုး နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မိုးစပါးရိတ်သိမ်းအပြီး ထယ်ရေးဝင် နောက်ကျမှုမရှိစေရေးနှင့် ဆောင်းသီးထပ် အချိန်မီစိုက်ပျိုးနိုင်ရေး သီးထပ်စိုက်ပျိုးသရုပ်ပြသမှု အစီအစဉ်ဆောင်ရွက်ခြင်းအပေါ် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက သီးထပ်စိုက်ပျိုးနိုင်ရေး ရေဝပ်တင်ကျန်သည့်ဧရိယာများပေါ်တွင် ထယ်ရေးဝင်မရမှုအပေါ် ပြုပြင်ဆောင်ရွက်နိုင်ရေး၊ လယ်အဝင်လမ်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ထို့နောက် မိုးစပါးစံပြကွက်အတွင်း ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံပြကွက်ရိတ်သိမ်းနေမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ရိတ်သိမ်းပြီး စံပြကွက်ပေါ်တွင် လယ်ထွန်စက်ဖြင့် ထွန်ယက်ပြီး ဆောင်းသီးထပ်ဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့ကြဲ စိုက်ပျိုး သရုပ်ပြခြင်းတို့ကို လည်းကောင်း

Ei Chaw Po

23 Nov, 16:43


မိုးစပါးစံပြကွက်ရိတ်သိမ်းမှုအပေါ် တစ်ဧက အထွက်နှုန်း တွက်ချက်မှုနှင့် စပါးအစိုထွက် ၁၂၅ တင်း ထွက်ရှိမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ရိုးရာကောက်သစ်စားပွဲ‌တော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး နှစ်စဉ် ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် တစ်နှစ်တာအတွင်း တောင်သူတို့၏ လယ်ယာမှ ဦးစွာရရှိသော ကောက်ဦးပေါ်ချိန်တွင် ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပသည့် အင်လုံအင်နန်ရှားပွဲဟု ခေါ်ဆိုသော ရိုးရာကောက်သစ်စားကျေးဇူးတော်ချီးမွမ်းပွဲကို ဓလေ့ထုံးစံမပျက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ လိုအပ်မှုမရှိစေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ရိုးရာကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းသုံးသပ်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်ခမ်းခမ်းနားနားဖြင့် ဓလေ့ထုံးစံနှင့်အညီ ကောက်ဦးကောက်သစ်ကို အတူတကွသုံးဆောင်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

23 Nov, 16:43


ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
https://www.mmnationalpost.com/2024/11/blog-post_781.html

Ei Chaw Po

23 Nov, 16:42


နေပြည်တော်၊ နိုဝင်ဘာလ ၂၃ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇/၂၀၂၄)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်း တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက အနောက် တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အားကစားရုံ၌ သွားရောက်တွေ့ဆုံသည်။ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၇/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကာ လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

23 Nov, 16:42


ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၇/၂ဝ၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
https://www.mmnationalpost.com/2024/11/blog-post_137.html

Ei Chaw Po

23 Nov, 16:41


နေပြည်တော်၊ နိုဝင်ဘာလ ၂၂ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet 32nd AARM) ပိတ်ပွဲသို့ တက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Tarlas မြို့ ၊ Camp O'Donnell ရှိ လက်နက်ငယ် ကျွမ်းကျင်မှု လေ့ကျင့်ရေးကွင်း၌ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အတူ တက်ရောက်ခဲ့သည်။ ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲပိတ်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ သည်။ ဆုချီးမြင့်ပွဲအပြီးတွင် မြန်မာ့တပ်မတော်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေသည့် သေနတ်ပစ်အသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များသေနတ်ပစ်ပြိုင်ပွဲတွင် သေနတ်ပစ် အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်း အနေဖြင့် အမှတ်ပေးပစ်ခတ်စဉ်များတွင် နိုင်ငံအလိုက် အဆင့်(၄)၊ အမှတ်ပေးပစ်ခတ်စဉ်နှင့် ထိလဲပြား ပစ်ခတ်စဉ် စုစုပေါင်းတွင် နိုင်ငံအလိုက် အဆင့်(၃) ရရှိခဲ့သည်။ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် Camp O'Donnell ရှိ ဖိလစ်ပိုင်ကြည်းတပ် ဗိုလ်သင်တန်းကျောင်း၌ ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က တည်ခင်းဧည့်ခံသော အထူးနေ့လယ်စာစားပွဲသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူတက်ရောက်ခဲ့သည်။ထို့ပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် Hilton Clark Hotel ရှိ Meeting Room-1 ၌ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံနှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြား၍ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ ကြောင်းသတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

23 Nov, 16:41


(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ (32d ASEAN Armies Rifle Meet - 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်
https://www.mmnationalpost.com/2024/11/32d-asean-armies-rifle-meet-32nd-aarm.html

Ei Chaw Po

23 Nov, 16:40


နေပြည်တော်၊ နိုဝင်ဘာ ၂၃ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ၁၂ ရက်မှ ၂၃ ရက်ထိကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ (32nd ASEAN Armies Rifle Meet - 32nd AARM) ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့ညပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လေဆိပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ ပါဝင်ခဲ့ကြပြီး ပစ္စတိုအမျိုးသားအသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုးသားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်း နှင့် စက်သေနတ်အမျိုးသားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဦးချင်းအမှတ်ပေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၆ ခု၊ အသင်းလိုက် ထိလဲပြား ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု တို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၇ ခု အသီးသီး ဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

21 Nov, 08:15


နေပြည်တော်၊ နိုဝင်ဘာ ၂၁တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၄၇၃၂၃၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့အတူ ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးကောင်းမြို့ မိုးကောင်းတံတားထိပ်၌ မိုးကောင်းမြို့မှ နမ္မတီးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားမဝင် စက်သုံးဆီဓာတ်ဆီခြောက်ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၁၂၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Toyota Landcruiser တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၈၁၂၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။အလားတူ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တံတားကျိုးစုပေါင်းစစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့နောက် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့ ဟင်္သာအဝိုင်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၂၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆာင်လာသည့် Nissan Vanette Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် ကုန်မာတန်းလမ်းသွယ် (၁) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၇၃၆၀၀)ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၈၉၃၆၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ယင်းနောက် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့ ဘုရားကိုးဆူအနီး ဟိုပုံး View Point နှင့် ဟိုပုံးရေထွက်အနီးတို့၌ ရပ်တန့်ထားသော ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇၁၁၁၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Mam Truck တစ်စီး၊ Hino Profia Truck တစ်စီးနှင့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၁၁၁၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ယာဉ်လေးစီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့အတူ ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်

Ei Chaw Po

21 Nov, 08:15


၂၃၀၃၀၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။အလားတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ကြက်ဒိုင်ဆိပ်ကမ်းအနီး မြစ်ကမ်းဘေး၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၂၅၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၂၅၀၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။ထို့ပြင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရား အနီး၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၁၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၆၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၁၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာအုပ်စု၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၀၅၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြောင်းမြခရိုင်နှင့် မအူပင်ခရိုင် တို့၌ လိုင်စင်မဲ့ဆိုင်ကယ်လေးစီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့ပြင် နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဥတ္တရခရိုင်နှင့် လယ်ဝေးခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၂၉၂ တန်၊ အခြားသစ် သုည ဒသမ ၇၉၆ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၃၆၄ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။နိုဝင်ဘာ ၁၉ ရက်တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅၂၆၈၁၉၄)ကို သိမ်းဆည်းရမိခဲ့သည်။ ယနေ့သိမ်းဆည်းရမိမှုများတွင် တရားမဝင်တင်သွင်းလာသည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ တွေ့ရှိရ၍ ၎င်းကုန်ပစ္စည်းများအနေဖြင့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိနိုင်ခြင်း၊ ကုန်စည်အတုအပဖြစ်နိုင်ခြင်းနှင့် အရည်အသွေး အာမခံချက်မရှိနိုင်ခြင်းတို့ကြောင့် သုံးစွဲသူပြည်သူလူထုအတွက် ကျန်းမာရေးထိခိုက်စေခြင်းနှင့် အသက်ဘေးအန္တရာယ်များ ကျရောက်စေသည်အထိ ထိခိုက်ဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်သွယ်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

21 Nov, 08:15


တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များနှင့် ဆိုင်ကယ်များ သိမ်းဆည်းရမိ
https://www.mmnationalpost.com/2024/11/blog-post_114.html

Ei Chaw Po

21 Nov, 05:04


နေပြည်တော်၊ နိုဝင်ဘာ ၂၁မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် နံနက် ပိုင်းက ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျိုးမြို့ ဘိုင်ရန် (Bai Yun) အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြရာ တရုတ်နိုင်ငံ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညပိုင်းတွင် ရောက်ရှိကြသည်။
နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရှန်ဟိုင်းမြို့ ရှန်ဟိုင်းအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း (Shanghai International Terminal) သို့ သွားရောက်လေ့လာကြရာ SIPG HAITONG LOGISTICS ကုမ္ပဏီရုံးခန်း၌ တာဝန်ရှိသူ တစ်ဦးက ရှန်ဟိုင်းဆိပ်ကမ်း၌ နိုင်ငံတကာသို့ တင်ပို့မည့် မော်တော်ယာဉ်များ ထိန်းသိမ်းထားရှိမှု၊ မကြာ သေးမီကာလက ဆောင်ရွက်ခဲ့သည့် ပြည်ပသို့တင်ပို့မည့် မော်တော်ယာဉ်များအား ဂိုဒေါင်အတွင်း အလွှာလိုက် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လက်ရှိအခြေအနေတွင် လုပ်ငန်းခွင်ဝင်းအတွင်း ယာဉ်များ စနစ်တကျစီရီထားရှိမှုနှင့် လုပ်ငန်းစဉ် အဆင့်အလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှန်ဟိုင်းဆိပ်ကမ်း၌ အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် နိုင်ငံတကာသို့တင်ပို့မည့် မော်တော်ယာဉ်များကို နိုင်ငံတကာပင်လယ်ကူးသင်္ဘောပေါ်သို့ တင်ဆောင်နေမှုလုပ်ငန်းစဉ်ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှန်ဟိုင်းဆိပ်ကမ်း၌ ပြည်ပနိုင်ငံများသို့ တင်ပို့မည့် ကုန်ပစ္စည်းတင်ကွန်တိန်နာများ သယ်ယူ၍ ပင်လယ် ကူးသင်္ဘောများပေါ်သို့ စိစစ်တင်ဆောင်နေမှုကို ကြည့်ရှုလေ့လာကြပြီး ပြည်ဝင်/ ပြည်ထွက်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာများနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများကို ဆက်စပ်ဌာနများ ပေါင်းစပ် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ်သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးကြသည်။
ဆက်လက်၍ ဗဟိုထိန်းချုပ်ရေးစင်တာ (Terminal Control Center) သို့ သွားရောက်၍ ရှန်ဟိုင်းဆိပ်ကမ်းသို့ Terminal အသီးသီးမှ ဝင်ထွက် ဆိုက်ကပ်ကာ ကုန်ပစ္စည်းများ သယ်ယူတင်ချဆောင်ရွက်နေမှုအခြေအနေများကို နည်းပညာဖြင့် စောင့်ကြည့်ထိန်းချုပ်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လိုက်လံရှင်းလင်း ပြသကြပြီး ပြည်ထောင်စုဝန်ကြီး၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ်ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို ရှန်ဟိုင်း ပြည်ဝင်/ပြည်ထွက် နယ်စပ်စစ်ဆေးရေးဌာန (Shanghai Entry-Exit Frontier Inspection Station) မှ Chief Station Director Mr. Gong Yao က ရှန်ဟိုင်းပြည်ဝင်/ပြည်ထွက်နယ်စပ်စစ်ဆေးရေးဌာန ဧည့်ခန်းမ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 
Join - https://t.me/MyanmarNationalPost

Ei Chaw Po

21 Nov, 05:04


ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် နိုင်ငံတကာသို့တင်ပို့မည့် မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းတင်ကွန်တိန်နာများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့်လုပ်ငန်းများ ကြည့်ရှုလေ့လာ
https://www.mmnationalpost.com/2024/11/blog-post_990.html

Ei Chaw Po

21 Nov, 03:15


နေပြည်တော်၊ နိုဝင်ဘာ ၂၁မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံတို့သည် နိုဝင်ဘာ ၂၀ ရက် တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါ အထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုခဲ့သည်။ဦးစွာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် အောင်မြင်မှုရရှိနေသည့် သီလဝါအထူး စီးပွားရေးဇုန်ကို ဇုန်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ထားသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဝန်ဆောင်မှုပေးရေး၊ ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆက်လက်ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်ရေး၊ OSSC ၏ ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုကောင်းမွန်စေရေးနှင့် နိုင်ငံတကာလုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပေးရေး၊ ဇုန်အတွင်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရန်နှင့် ဇုန်အတွင်းရှိလုပ်ငန်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် နိုင်ရေးတို့ကို မှာကြားသည်။ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်ရှိ Promotion Zone (လုပ်ငန်းမြှင့်တင်ရေးဇုန်)မှ Kubota Myanmar Co., Ltd Free Zone (ကင်းလွတ်ဇုန်)မှ Lightion (Myanmar) Co., Ltdနှင့် Promotion Zone(လုပ်ငန်းမြှင့်တင်ရေးဇုန်)မှ Zifam Pyrex Myanmar Co., Ltd တို့၏ စက်ရုံများသို့ လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ ကာ ဇုန်အတွင်းစက်ရုံများ စဉ်ဆက်မပြတ်လည်ပတ် စေရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စများ၊ စက်ရုံ များ ထုတ်လုပ်မှုလျာထားချက် ပြည့်မီရေးအတွက် စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရေး၊ ကုန်ချောများ လျင်မြန်စွာထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် ပြည်ပမှတင်သွင်းနေသည့် ကုန်ကြမ်းများ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက် နိုင်ရေးတို့နှင့် စက်ရုံများမှ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ်လိုအပ်သည်များ မှာကြားသည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် ခွင့်ပြုထားသည့် လုပ်ငန်းပေါင်း ၁၂၅ ခုရှိပြီး လက်ရှိတွင် စက်ရုံ ၁၁၄ ရုံ လည်ပတ်လျက်ရှိကာ ကင်းလွတ်ဇုန်တွင် စက်ရုံ ၃၅ ရုံနှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် စက်ရုံ ၉၄ ရုံ ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
Join - https://t.me/MyanmarNationalPost

Ei Chaw Po

21 Nov, 03:15


သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရန်နှင့် ဇုန်အတွင်းရှိလုပ်ငန်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် နိုင်ရေး မှာကြား
https://www.mmnationalpost.com/2024/11/blog-post_371.html

Ei Chaw Po

21 Nov, 03:14


နေပြည်တော်၊ နိုဝင်ဘာ ၂၁၂ဝ၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ တတိယနေ့၊ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများက ကြည့်ရှုစစ်ဆေးကြပြီး ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ ထို့နောက် ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် (၁၄၁)မှ အတွဲအမှတ် (၂၈၀) အထိ ပုလဲအတွဲများကို ရတနာကုန်သည် များက ကြည့်ရှုစစ်ဆေးပြီး ဈေးနှုန်းတင်သွင်းလွှာများကို  သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။ ယင်းနောက် ပုလဲအတွဲအမှတ် (၁၄၁)မှ အတွဲအမှတ်(၂၈၀)အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း ၁၀၀ ရောင်းချရ ကြောင်း ကြေညာသည်။ ယနေ့ညနေပိုင်းတွင် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါ ဖွင့်ဖောက်စစ်ဆေးမှုနှင့် တင်ဒါ အောင်သည့် ပုလဲအရောင်းစာရင်း များ ထုတ်ပြန်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ ပြပွဲစတုတ္ထနေ့တွင် ကျောက် မျက်အတွဲပေါင်း ၁၆၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါ ကျောက်မျက်အတွဲများအတွက် အခြေခံဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားကာ ဝယ်ယူခွင့် ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ဘတ်ငွေနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့်လည်းကောင်း ၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေ ဝယ်ယူနိုင်မည်ဖြစ်သည်။အလားတူ အုပ်စု(အေ၊ ဘီ၊ စီ) အဖြစ် သုံးအုပ်စုခွဲထားသော ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ အနက် အုပ်စုအေ နှင့် အုပ်စုဘီ မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ လည်းကောင်း၊ အုပ်စုစီ မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး ရောင်းချပေးသွားမည်ဖြစ်သည်။ ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နိုဝင် ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးသန့်၊ ဓာတ်ပုံ - ဖိုးပြည့်စုံJoin - https://t.me/MyanmarNationalPost

Ei Chaw Po

21 Nov, 03:14


၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ
https://www.mmnationalpost.com/2024/11/blog-post_665.html

Ei Chaw Po

21 Nov, 03:13


နေပြည်တော်၊ နိုဝင်ဘာ ၂ဝသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် အတူ ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာသို့ သွားရောက်ပြီး သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းနှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက်ဖွင့်ပွဲသို့ တက်ရောက်သည်။ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များက အိမ်ရှင်မဆီစက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆီစက်ဆိုင်းဘုတ် အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည် များ ပက်ဖျန်းပေးသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာတွင် တန်ဖိုးမြှင့်စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို သမဝါယမအသင်းနှစ်သင်း ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး တစ်ရက်လျှင် မြေပဲဆီ ၅၀၄ ပိဿာ၊ တစ်လလျှင် ပိဿာ ၁၅၁၂၀၊ တစ်နှစ်လျှင် ပိဿာ ၁၈၁၄၄၀ ကြိတ်ခွဲထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းဝယ်ယူရရှိရေးအတွက် တစ်နှစ်လျှင် မြေပဲစိုက်ဧက ၃၅၁၂ ဒသမ ၀၆ ဧကကို အကျိုးပြုပေးမည်ဖြစ်ကြောင်း၊ စက်ရုံအတွက် လိုအပ်သည့် ဆီထွက်သီးနှံကုန်ကြမ်းများကို ဒေသ တွင်း တောင်သူများထံမှ ဝယ်ယူနိုင်ရေး စီစဉ် ဆောင်ရွက်ရန်နှင့် စက်ရုံရေရှည်လည်ပတ်နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆီထွက် သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ၊ ပြည်တွင်းစာသုံးဆီ ဖူလုံရေးအတွက် ဆီကြိတ်ခွဲစက်များ ထူထောင်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ သားတင်ဦး အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းဥက္ကဋ္ဌက စက်ရုံ တည်ဆောက်ခဲ့မှုမှတ်တမ်းများ၊ ကြိတ်ခွဲလည်ပတ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် ကျင်းပသော အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည်သင်တန်း၊ သစ်အခြေခံ ပရိဘောဂသင်တန်းနှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲများသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာမှ သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တွင် ထူးချွန်သူ ငါးဦးကိုလည်းကောင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာမှ သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ထူးချွန်သူ ငါးဦးကိုလည်းကောင်း လုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်သည်။ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သင်တန်းအလိုက် ထူးချွန်သူ ငါးဦးတို့ကို လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ကြရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။ 
Join - https://t.me/MyanmarNationalPost

Ei Chaw Po

21 Nov, 03:13


ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းပိုင် ဆီစက်ဖွင့်ပွဲနှင့် စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ တက်ရောက်
https://www.mmnationalpost.com/2024/11/blog-post_488.html

Ei Chaw Po

20 Nov, 19:16


 နေပြည်တော်၊ နိုဝင်ဘာ ၂၀ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme - WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Michael John Dunford က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် ၁၀:၀၀  နာရီတွင် ၎င်း၏ ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့သည်။ ထိုသို့ လာရောက်ပေးအပ်စဉ် WFP က မြန်မာနိုင်ငံတွင် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိ သောကိစ္စများနှင့် ပတ်သက်၍ WFP မှ မြန်မာနိုင်ငံ၌ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

20 Nov, 19:16


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme - WFP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်က ခန့်အပ်လွှာ လာရောက်ပေးအပ်
https://www.mmnationalpost.com/2024/11/united-nations-world-food-programme-wfp.html

Ei Chaw Po

15 Nov, 10:22


ရန်ကုန်၊ နိုဝင်ဘာ ၁၅ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ၊ ရှေးဟောင်းသမိုင်းဝင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အကြိမ်(၄၀ ) မြောက် မသိုးရွှေကြာမြတ်သင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားအား  နံနက်(၅ ၀၀ )နာရီက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်အတွင်းရှိ ရုပ်ပွားတော်( ၂၄ ) ဆူတို့အား ရွှေကြာသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြသည်။၎င်းအခမ်းအနားသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) YMBA အမှုဆောင်များ၊ ရန်ကုန်တိုင်း ဥက္ကဋ္ဌ နှင့်ခရိုင်/မြို့နယ်အမှုဆောင်များ၊ ရပ်ကျေးအဖွဲ့ဝင်များ YMBA သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ ဝင်များ က အဆိုပါ မသိုးရွှေကြာမြတ်သင်္ကန်းအားကပ်လှူပူဇော်၍ ရေစက်ချမင်္ဂလာအခမ်းအနားကို နန်းဦးဘုရားတန်ဆောင်း၌ကျင်းပရာ ပထမဦးစွာနမောတဿ (၃)ကြိမ်ရွက်ဆို ပူဇော်ဖွင့်လှစ်၍ ကိုးပါးသီလခံယူစောင့်ထိန်းကြပြီး  ကြွရောက်လာသောသံဃာတော်များမှ အန္တရာယ်ကင်းမေတ္တာသုတ်တရားတော်များ  ရွတ်ဆိုပူဇော်ခဲ့ကြသည်။ထို့‌နောက် ရေစက်ချတရား နာကြားကြပြီး ရေစက်သွန်းချအမျှဝေခဲ့၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု  (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်ပြီးမြောက်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

15 Nov, 10:22


ရှေးဟောင်းသမိုင်းဝင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အကြိမ်(၄၀) မြောက် မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) YMBA ပါဝင် ဆောင်ရွက်
https://www.mmnationalpost.com/2024/11/ymba_15.html

Ei Chaw Po

15 Nov, 08:55


နေပြည်တော်၊ နိုဝင်ဘာ ၁၅မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီအစည်းအဝေးကို ယမန်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မြန်မာဘာသာစကားနှင့် စာပေကို ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာစာနှင့် တိုင်းရင်းသားဘာသာစကားများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် AI နည်းပညာ အကူအညီနှင့် ကိုယ်ပိုင်ဆိုက်ဘာပလက်ဖောင်းများ ဖန်တီးရေးသည် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်လာပါကြောင်း၊ စီမံကိန်းက ထွက်လာသည့်ရလဒ်များသည် မြန်မာစာအရေးအသား မှန်ကန်စေရေးအတွက် အထောက်အကူဖြစ်မည့် Spell Checking ၊ Text Prediction စသည့် အက်ပလီကေးရှင်းများကို ဖန်တီးတီထွင်နိုင်ပြီး ရုံးများ၊ ကျောင်း များသာမက အများပြည်သူများအတွက်လည်း အကျိုးများစေမည်ဖြစ်ပါကြောင်း၊ စီမံကိန်းမှရရှိလာသည့် အဆင့်မြင့်နည်းပညာရလဒ်များသည် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် e-Governance ကွန်ရက်များကို အဆင့်မြှင့်တင်ပေးရန်အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်လာရန် မျှော်လင့် ပါကြောင်း ပြောကြားသည်။          ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စီမံကိန်းနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ဆွေးနွေးပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။ဆက်လက်၍ စီမံကိန်းဒါရိုက်တာ AI နည်းပညာရှင် ဒေါက်တာတင်ဘုန်းကျော်က စီမံကိန်းတိုးတက် အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နည်းပညာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ် NLP ဌာန ပါမောက္ခ ဒေါက်တာဝင်းပပက နည်းပညာလုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။ထို့နောက် ဦးစီးကော်မတီတွဲဖက်အတွင်းရေးမှူး၊ ဘာသာဗေဒလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ သန့်စင်အေးက ဘာသာဗေဒလုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ပညာရှင်ကြီးများ၊ တက်ရောက်လာသူများက စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး များ၊ တာဝန်ရှိသူများ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

15 Nov, 08:55


မြန်မာစာနှင့် တိုင်းရင်းသားဘာသာစကားများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် AI နည်းပညာ အကူအညီနှင့် ကိုယ်ပိုင်ဆိုက်ဘာပလက်ဖောင်းများ ဖန်တီးရေးသည် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပြောကြား
https://www.mmnationalpost.com/2024/11/ai_15.html

 

Ei Chaw Po

15 Nov, 08:55


ပေါင်၊ နိုဝင်ဘာ  ၁၅ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊တန်‌ဆောင်မုန်းလပြည့်နေ့ ၊  နိုဝင်ဘာ(၁၅) ရက်နေ့တွင်  မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စတုဒီသာကျွေးမွေးသူများ၊ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။တန်ဆောင်မုန်းလပြည့်နေ့ တွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်  ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊အလှူဒါနပြုခြင်း၊ရပ်ကွက်တိုင်း၊ကျေးရွာတိုင်း၌စတုဒီသာများကျွေးမွေးလှူဒါန်းခြင်း၊ လူတစ်ဦးလျှင်ဆန်တစ်ပြည်ပေးဝေခြင်း၊ လှူဒါန်းသည့်ပစ္စည်းများမဲနှိုက်လှူဒါန်းပေးခြင်း၊ကျိုက်ပေါင်းဆံတော်ရှင်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ယောဂီအဖွဲ့ (၁၇)ဖွဲ့က ဓမ္မစကြာ တရားတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်‌ ကာဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။ထို့ပြင် ယနေ့ညနေပိုင်း၌ပေါင်မြို့နယ်ထန်းပင်ချောင်ကြီးကျေးရွာရှိ ဗောဓိတစ်ထောင်ဘုရား၊ကဒါရပ်ကွက်ရှိ ရွှေတီဂုံဖူးမျှော်စေတီတော်၊ဇင်းကျိုက်ရပ်ကွက်ရှိမဟာကန်တော်ကြီး တို့တွင်စတုဒီသာ‌ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး Join - https://t.me/MyanmarNationalPost

Ei Chaw Po

14 Nov, 09:32


နေပြည်တော်၊ နိုဝင်ဘာ ၁၄ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်း ရေဘေးသင့်ဝန်ထမ်းအိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့က စက်ရုံစုဝေးဆောင်ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများ၊ ရေဘေးသင့် ဝန်ထမ်းအိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိသားစုများ၏ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြန်လည်ထူထောင်နိုင်ရေး၊ ရေဘေးသင့်စက်ရုံဝန်ထမ်း အိမ်ထောင်စု ၂၅၂ စုအတွက် စုစုပေါင်းငွေကျပ် ၅၁၁၅၆၀၀၀ တန်ဖိုးရှိ မိသားစုသုံး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြကာ ရေဘေးသင့်ဝန်ထမ်း အိမ်ထောင်စုဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။ဆက်လက်၍ ရေကြီးရေလျှံမှုများကြောင့် ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်းရှိ သကြားစက်ရုံများ၊ သိုလှောင်ရုံများ၊ ဝန်ထမ်းနေအိမ်များကို ရွှံ့နွံနှင့် နုန်းများဖုံးလွှမ်းမှုဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့် ဝန်ထမ်းအိမ်ထောင်စု ၂၅၂ စုအတွက် အိမ်ထောင်စုတစ်စုလျှင် လီတာ ၂၀၀ ဆံ့ ရေတိုင်ကီတစ်လုံး၊ ပစ္စည်းထည့်ပုံးကြီးတစ်လုံး၊ ပုံးဝိုင်းကြီး တစ်လုံးနှင့် ရေပုံးနှစ်လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

14 Nov, 09:32


ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်း ရေဘေးသင့်ဝန်ထမ်း အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
https://www.mmnationalpost.com/2024/11/blog-post_121.html

Ei Chaw Po

14 Nov, 09:31


နေပြည်တော်၊ နိုဝင်ဘာ ၁၄တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။နိုဝင်ဘာ ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာကိုးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းလေးမျိုး၊ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၃၄၆၉၃၀၁) ကိုလည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော လက်ဝတ်ရတနာပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၂၁၉၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၉၆၈၈၃၀၁ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့အတူ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ် ၁၂ စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ၁၁၉၅ ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၄၀၀၀၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck ကိုးစီးနှင့် Dump Truck သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၃၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၇၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့ပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀) ကိုလည်းကောင်း၊ ကျိုင်းတုံမြို့ ဝမ်တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျိုင်းတုံမြို့မှ မိုင်းလားမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၁ မျိုး၊ စားသောက်ကုန်ပစ္စည်း ၁၀ မျိုး၊ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၀၆၀၄၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၂၆၀၄၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Crown ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅၀၀၀၀၀) ကိုလည်းကောင်း၊ ကလေးမြို့နယ်နှင့် ခန္တီးမြို့နယ်တို့၌ လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၇၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chin Dwin Star Micro Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ပလိပ်လမ်းဆုံအကျော်၌ ရပ်တန့်ထားသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇၁၇၆၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၈၂၅၁၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး

Ei Chaw Po

14 Nov, 09:31


အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ် ခေမာသီ - အမရာ လမ်းဆုံအနီး၌ လိုင်စင်မဲ့ Toyota Mark II ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ်၄၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အိမ်မဲမြို့နယ်၊ ဝါးခယ်မ မြို့နယ်နှင့် မြောင်းမြမြို့နယ်တို့၌ လိုင်စင်မဲ့ဆိုင်ကယ်ငါးစီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။နိုဝင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၅ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၉၄၉၉၇၀၁) ကို သိမ်းဆည်းရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် စားသောက်ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းလာသည်ကိုတွေ့ရှိရပြီး အရည်အသွေးအာမခံချက်မရှိသော ကုန်ပစ္စည်းများ တင်သွင်းခြင်းကြောင့် စားသုံးသူပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများနှင့် အသက်အန္တရာယ် ထိခိုက်နစ်နာဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

14 Nov, 09:31


တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်
https://www.mmnationalpost.com/2024/11/blog-post_792.html

 

Ei Chaw Po

14 Nov, 07:58


ရွှေတောင်မြို့နယ် (အ.လ.က) အမြောက်တပ်ကျောင်း နှင့် (အ.မ.က)ကံသုံးဆင့်(မ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင် နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ
https://www.mmnationalpost.com/2024/11/blog-post_562.html

 

Ei Chaw Po

14 Nov, 07:58


ရွှေတောင်  ၊  နိုဝင်ဘာ-၁၄ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊  (အ. လ.က)အ မြောက်တပ်ကျောင်းနှင့် အမက ကံသုံးဆင့် (မ)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက  အ ခြေခံပညာဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့ယ်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင် နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။       ရှေးဦးစွာ(အ. လ.က) အမြောက်တပ်ကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ် မော်မော်နှင့် အ.မ.က ကံသုံးဆင့် (မ)ကျောင်းအုပ်ဆရာကြီး ဦးသက်ပိုင်စိုးတို့ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ငြိမ်းငြိမ်းသန့်က  ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား စေရန်၊ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ နှင့် နောက်ခံသမိုင်းကြောင်း၊လူကုန်ကူးမှုတားဆီးရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်ဆင့်က ဆိုးဆေးများအကြောင်း၊ စားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား(၈)ချက်နှင့် ဆောင်ရန်ရှောင်ရန်သိကောင်းစရာအကြောင်း၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက" ကဒုကဒိတ်ကဒေါ့ကဒက်" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များ ပြောကြားခဲ့သည်။    ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ ရွေ့လျားစာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များကိုဖတ်ရှုကြပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊    လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

Ei Chaw Po

14 Nov, 07:57


ပေါက်ခေါင်း  ၊နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အတွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်ကြီးများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ဦးစွာ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းထွန်းက အဖွင့်အမှာစကားနှင့် အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြိုင်က ဝါသီးနှံ၊ မတ်ပဲသီးနှံ ပန်းတိုင်အတွက် နှုန်း ပြည့်မီကျော်လွန်စွာ ရရှိနိုင်ရေးအတွက် အထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်ရမည့် နည်းပညာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနခရိုင်ရုံးမှ တာဝန်ရှိသူများက ဝါသီးနှံများတွင် ကျ‌ရောက်တတ်သော ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ၊ အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရန် လိုက်နာဆောင်ရွက်ရမည့် နည်းပညာများကိုလည်းကောင်း၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေးနှင့် တောင်သူများက တစ်ပိုင်တစ်နိုင် မျိုးထိန်းသိမ်းရေးနည်းပညာများကိုလည်းကောင်း၊ မြေဆီလွှာနှင့် သီးနှံအာဟာရဆိုင်ရာ နည်းပညာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။အဆိုပါနည်းပညာဆွေးနွေးပွဲသို့ ပေါက်ခေါင်းမြို့နယ်အတွင်းမှ တောင်သူများတက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်https://t.me/MyanmarNationalPost

Ei Chaw Po

14 Nov, 07:57


ပေါက်ခေါင်းမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်ကြီးများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာဆွေးနွေးပွဲ ကျင်းပ
https://www.mmnationalpost.com/2024/11/blog-post_136.html

 

Ei Chaw Po

14 Nov, 07:56


ပုလော ၊ နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမော်က လူငယ်များဗလငါးတန်နှင့်ပြည့်စုံရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားရန်၊ လူငယ်အချင်းချင်း အသိပညာဖလှယ်ခြင်းနှင့် ပူးပေါင်းတတ်စေရန်စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်၍ Grade -11 မှ မောင်ဟန်ထက်ပိုင်း ၊ မခြူးမြတ်ကေခိုင်တို့က လူငယ်နှင့်ခေါင်းဆောင်မှုပညာ၊ Grade -10 မှ မောင်သန့်ဇင်ထွေးနှင့် မယမင်းသွယ်ထက်တို့က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)https://t.me/MyanmarNationalPost

Ei Chaw Po

14 Nov, 07:56


ပုလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
https://www.mmnationalpost.com/2024/11/blog-post_353.html

Ei Chaw Po

14 Nov, 07:55


တိုင်းပြည် ဆင်းရဲမွဲတေနေရခြင်း အကြောင်း
https://www.mmnationalpost.com/2024/11/blog-post_556.html

Ei Chaw Po

14 Nov, 07:55


တိုင်းပြည် ဆင်းရဲမွဲတေနေရခြင်း အကြောင်းကာတွန်း - နွေမင်းသစ်Join - https://t.me/MyanmarNationalPost

Ei Chaw Po

14 Nov, 05:00


တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၉၉-ဂ)၊ ဦးပိုင်အမှတ် (၁၆/၁) မူလပိုင်ရှင် အမည်ပေါက် ဦးရာ ၏ လယ်ယာမြေ ဧရိယာ (၁၈.၀၀)ဧက အား နေပူကုန်းကျေးရွာနေ ဥက္ကဋ္ဌ ဦးစိန်မြင့်၊ ဦးမောင်ပု (ခ) ဦးလှမြင့်၊ ဦးမောင်သိန်း တို့မှ တစ်ဧကလျှင် (၈၅၀၀၀၀ိ/)နှုန်းဖြင့် "ကောင်းမြန်မာအောင်ကုမ္ပဏီ" သို့ ရောင်းချခဲ့ပါသည်။အထက်ဖော်ပြပါ လယ်ယာမြေ (၁၈.၀၀)ဧကမှာ ယခု တိုင်ကြားသူ ကျွန်မ ဒေါ်အေးဝင်း ၏ ဖခင် ဦးရာ မှ ပိုင်ဆိုင်သော လယ်ယာမြေဖြစ်ပါသည်။ "ကောင်းမြန်မာအောင်ကုမ္ပဏီ" သို့ စက်မှုဇုန်မြေအဖြစ် အသုံးပြုရန်အတွက် အဆိုပါ ဦးစိန်မြင့်ပါ (၃)ဦး မှ ကျွန်မတို့ မိသားစုမသိဘဲ အလွဲသုံးစားပြု ရောင်းချခဲ့ပါသည်။ဥက္ကဋ္ဌ ဦးစိန်မြင့်ပါ (၃)ဦး သည် မူလပိုင်ရှင်အား အသိမပေးဘဲ ရောင်းချခဲ့သည့်အတွက် အလွဲသုံးစားမှု ဖြစ်ပါသည်။ ဥပဒေနှင့်အညီ ရောင်းချခဲ့ခြင်း မဟုတ်သည့်အတွက် စိစစ်ဆောင်ရွက် အရေးယူပေးပါရန် နိုင်ငံတော်အကြီးအကဲများထံ တင်ပြတိုင်ကြားအပ်ပါသည်။
ဒေါ်အေးဝင်း (ဘ) ဦးရာ(မှတ်ချက် - တင်ပြတိုင်ကြားမှုများအပေါ် တာဝန်ရှိသူများမှ ယနေ့ (၁၄-၁၁-၂၀၂၄) ရက်နေ့အထိ ဘာတစ်ခုမှ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း ကာယကံရှင်၏ ဆက်သွယ်ပြောကြားချက်အရ ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်။ နစ်နာသူ မိသားစုဝင်များမှာ တပ်မတော်သား မိသားစုဝင်များ ဖြစ်ပါသည်။ ခင်ပွန်းဖြစ်သူ တာဝန်ထမ်းဆောင်ရာသို့ လိုက်ပါသွားရင်း ဘိုးဘွားမိဘပိုင် လယ်ယာမြေများကို တခြားသူ က ရောင်းစားခြင်း ခံခဲ့ရပါသည်။)Join - https://t.me/MyanmarNationalPost

Ei Chaw Po

12 Nov, 03:11


 မြန်မာ့အလင်း သတင်းစာ (https://drive.google.com/file/d/1z4G-0k3_APL7pL0VuuU-1N3NMCVbO-tJ/view?usp=sharing)ကြေးမုံ သတင်းစာ (https://drive.google.com/file/d/1JWI2AqzmgRbV2J7bAnxcp6gbPYHsHKpv/view?usp=sharing)

Ei Chaw Po

12 Nov, 03:10


12 - 11 - 2024 ရက်နေ့ထုတ် သတင်းစာများ
https://www.mmnationalpost.com/2024/11/blog-post_619.html

Ei Chaw Po

12 Nov, 03:10


အစ္စရေးကို ကုလသမဂ္ဂ မှ ထုတ်ပယ်ပေးရန် အီရန်တောင်းဆို
https://www.mmnationalpost.com/2024/11/blog-post_499.html

Ei Chaw Po

12 Nov, 03:10


ဆီးရီးယားနိုင်ငံ မြို့တော် Damascus ကို တနင်္ဂနွေနေ့က IDF လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားအများအပြား သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပြီးနောက် အစ္စရေးကို ကုလသမဂ္ဂကနေ ထုတ်ပယ်ပေးဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာန၏ ဖော်ပြချက်အရ အစ္စရေးရန်သူသည် သိမ်းပိုက်ထားသော ဆီးရီးယားနိုင်ငံ ဂိုလန်မြို့ကို ဦးတည်ချက်ထား၍ လေကြောင်းမှ ရန်လိုသည့် လုပ်ရပ်ကို စတင်လိုက်ပြီဖြစ်သည်။ တိုက်ခိုက်မှုသည် Sayyidah Zaynab ရှိ လူနေအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့သည်ဟု ဆိုသည်။တနင်္လာနေ့က ထုတ်ပြန်ချက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က “ဇီယွန်ဝါဒီ အစိုးရ၏ တနင်္ဂနွေနေ့က တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်မှုများကို မျက်ကွယ်ပြုထားသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများက စွပ်စွဲခဲ့သည်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ပုံမှန်အားဖြင့် ယင်းတိုက်ခိုက်မှုများကို အတည်မပြု၊ ငြင်းဆိုလေ့မရှိပါ။Baghaei သည် “ဇီယွန်ဝါဒီအစိုးရအပေါ် လက်တွေ့ကျပြီး ထိရောက်သော အစီအမံများ ချမှတ်ရန်၊ လက်နက်ပိတ်ပင်မှု၊ အစ္စရေးကို ကုလသမဂ္ဂမှ နှင်ထုတ်ခြင်း၊ ၎င်း၏ ခေါင်းဆောင်များအား တရားစွဲခြင်းနှင့် အပြစ်ပေးခြင်းများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။အစ္စရေးသည် ဆီးရီးယား၊ လက်ဘနွန်နှင့် ပါလက်စတိုင်းတို့၏ နယ်မြေများကို ပုံမှန်ပစ်မှတ်ထားပြီး အမေရိကန်နှင့် ဥရောပနိုင်ငံအချို့၏ ခြွင်းချက်မရှိ ပံ့ပိုးကူညီမှုဖြင့် လုပ်ဆောင်နခြင်းဖြစ်သည် ဟု ၎င်းက ပြောကြားခဲ့သည်။ ဂါဇာရှိ အစ္စရေးနှင့် ဒေသတွင်း အခြားနေရာများတွင် ကျူးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများတွင် ထိုနိုင်ငံများအား ကြံရာပါများအဖြစ် ၎င်းက ဖော်ပြခဲ့သည်။ပါလက်စတိုင်းအရေးကိစ္စနှင့်ပတ်သက်၍ အစ္စရေးအား နိုင်ငံတကာအဖွဲ့အစည်းမှ ဖယ်ရှားပေးရန် မလေးရှားနိုင်ငံက ယခုလအစောပိုင်းတွင် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်ခဲ့သည်။ဂါဇာရှိ ဟားမတ်စ် စစ်သွေးကြွများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေချိန် နှင့် အီရန်နှင့် တင်းမာမှုများ မြင့်တက်လာခဲ့သည်။
Ref - RTJoin - https://t.me/MyanmarNationalPost

Ei Chaw Po

12 Nov, 03:09


ဓမ္မစာပေ (၁၂-၁၁-၂၀၂၄)
https://www.mmnationalpost.com/2024/11/blog-post_742.html

Ei Chaw Po

12 Nov, 03:09


 ဓမ္မစာပေ
Join - https://t.me/MyanmarNationalPost

Ei Chaw Po

11 Nov, 15:37


နေပြည်တော်၊ နိုဝင်ဘာ ၁၁ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး နှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သာသနာ့မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသည့် ဧည့်ပရိသတ်များသည် ကထိန်ခံ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက်သို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။ယင်းနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက် ပါမောက္ခချုပ် ဆရာတော်ကြီးထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ဆက်လက်ပြီး ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများက ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။၎င်းနောက် ပျဉ်းမနားမြို့၊ အုန်းတောကျောင်းတိုက်ဆရာတော်နှင့် တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက် တိုက်အုပ်ဆရာတော်တို့က ကထိန်အမေးအဖြေများကို ဆောင်ရွက်ကြသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ပါမောက္ခချုပ်ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်ကြီးထံမှ ရေစက်သွန်းတရားနာယူ၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ယင်းနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို

Ei Chaw Po

11 Nov, 15:37


ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် သန်လျင်မင်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၄၉ ပင်၊ တန်ဖိုးငွေ ၅၃,၂၃၃,၃၄၀ နှင့် လှူဒါန်းငွေ ၈၀,၆၉၀,၈၀၀ ကျပ်ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၃၃,၉၂၄,၁၄၀ ဖြစ်ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

05 Nov, 19:52


နမ့်လန်၊ နိုဝင်ဘာ ၅ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်မြိုနယ်သို့  နိုဝင်ဘာ ၅ ရက် (ယနေ့) နေ့လည် ၁ နာရီနှင့် နေ့လည် ၂ နာရီကြားတွင် MNDAA အကြမ်းဖက်အဖွဲ့က လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ် ၂ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး နေအိမ်များ ပျက်စီးခဲ့ရသည်။MNDAA အကြမ်းဖက်အဖွဲ့ ၏ ပစ်ခတ်မှုကြောင့် နမ့်မလွတ်ချောင်းရေကန်အတွင်း ၁ လုံး၊ ရေကန်ဘောင်ပေါ် ၁ လုံး၊ ပန်ဟိုက်ရွာအနီးတွင် ၁ လုံး၊ နမ့်လန်တောင်ပိုင်း ရပ်ကွက်တွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နမ့်လန်တောင်ပိုင်းရပ်ကွက်အတွင်း ကျရောက်တဲ့ လက်နက်ကြီး ကျည်ဆံသည် ဒေသခံ ဦးအိုက်ကွီး နေအိမ်အနီးကျရောက်၍  မောင်နှမဖြစ်သူ ကလေးငယ် ၂ ဦး (၁) မောင်စိုင်းခေး ၊ ၅ နှစ်၊ (မစိုးရိမ်ရ) (၂) မနန်းမိုးလင်း၊ ၉ နှစ်၊ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။MNDAA အကြမ်းဖက်အဖွဲ့အနေဖြင့် လူမဆန်သည့် လုပ်ရပ်များကို ကျူးလွန်နေခြင်း ဖြစ်ပြီး ဒဏ်ရာရရှိကလေးငယ်များအား တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု အားပေးထောက်ပံ့ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

05 Nov, 19:52


နမ့်လန်မြို့တွင်းသို့ MNDAA အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ကလေးငယ်များ ထိခိုက်ဒဏ်ရာများ ရရှိ
https://www.mmnationalpost.com/2024/11/mndaa.html

Ei Chaw Po

05 Nov, 19:51


နေပြည်တော်၊ နိုဝင်ဘာ ၅တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် မဟာမဲခေါင် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ယနေ့နံနက်ပိုင်းက ထွက်ခွာသွားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တရုတ်အစိုးရတာဝန်ရှိသူ အကြီးအကဲများက ကူမင်းမြို့လေဆိပ်တွင် ကော်ဇောနီခင်းကာ ကြိုဆိုမှုပြုခဲ့သည်။တရုတ်နိုင်ငံသို ယနေ့မနက်ပိုင်းက စတင်ထွက်ခွာခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ရောက်ရှိသည့် တရုတ်နိုင်ငံသို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Hualuxe Hotel ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံ၌ အခြေခံအဆောက်အဦများ တည်ဆောက်ရန်၊ ဘိလပ်မြေ လိုအပ်ချက်များစွာရှိနေသည့်အတွက် ဘိလပ်မြေစက်ရုံ တည်ထောင်ရန်၊ မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ EV ယာဉ်ထုတ်လုပ်မှုဆိုင်ရာ မြှုပ်နှံရေးကဏ္ဍ စသည့် နိုင်ငံတော်၏ လိုအပ်ချက် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “မြန်မာနိုင်ငံမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေမှာ တစ်ဆင့်စီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းကလည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးပါမယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုကို ယုံယုံကြည်ကြည်နဲ့ လာရောက်လုပ်ကိုင်နိုင်ပါတယ်” ဟု တရုတ်လုပ်ငန်းရှင်များကို ပြောကြားခဲ့သည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုအပြင် ယူနန် နည်းပညာကောလိပ်(ကူမင်းမြို့) နှင့် ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်း အဝေး (8th Greater Mekong Subregion(GMS) Summit)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျုဟာထိပ်သီးအစည်းအဝေး (10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (11th Cambodia-Lao PDR-Myanmar-Vietnam (CLMV) Summit ) တက်ရောက်မည် ဖြစ်သည်။ခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများသို တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

05 Nov, 19:51


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်း အား တရုတ်နိုင်ငံမှ တာဝန်ရှိသူ အကြီးအကဲများက ခမ်းနားစွာ ကြိုဆို
https://www.mmnationalpost.com/2024/11/blog-post_550.html

Ei Chaw Po

05 Nov, 11:42


ဟားခါး၊ နိုဝင်ဘာ ၅ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် ရွေးကောက်ပွဲဆိုင်ရာ အချိုးကျ ကိုယ်စားပြုမှု (PR) အကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဝုန်ဆွန်းထန်က မျက်မှောက်ကာလမှာ အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတော်၏ အရေးကြီးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မဖြစ်မနေ သိရှိထားသင့် သည့်အချက်များကို ယနေ့ပြုလုပ်သည့် အသိပညာပေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာပညာရှင်များက ရှင်းလင်းဟောပြောသွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားတက်ရောက်လာကြသူများက သေချာနာ ထောင်ပြီး မရှင်းလင်းသည့်အချက်များကို မေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပါကြောင်း ဖြင့်  အဖွင့်အမှာစကားပြောကြားသည်။ယင်းနောက် ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံဦးကျော်စိုးနိုင်က အချိုးကျကိုယ်စားပြုမှုစနစ် (PR) နှင့်စပ်လျဉ်း၍ သိကောင်းစရာများကိုလည်းကောင်း Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး အခမ်းအနားတက်ရောက်လာကြသူများ ထပ်မံသိရှိလိုသည့်အချက်များကို မေးမြန်းကရာ ပြည်နယ်ဥပဒေအရာရှိနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံတို့က ပြန်လည်ဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

22 Oct, 14:14


မရမ်းကုန်း၊ အောက်တိုဘာ ၂၂ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် ယနေ့နံနက် ၅ နာရီ ၁၅ မိနစ် အချိန်ခန့်က အမှတ်(၈၃၄) နေ ဦးမောင်မောင်မြင့်၏နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့‌ပြီး စုစုပေါင်း ၇၅ သိန်း ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။အဆိုပါ မီးလောင်မှုကြောင့် မရမ်းကုန်းမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်ဦးစီး‌သော တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မီးသတ်ယာဉ် (၂၅)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် (၀၆:၃၅)မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။မီးလောင်မှုအား Level-2 အဆင့်သတ်မှတ်ထားကြောင်း၊ မီးစတင်လောင်ကျွမ်းမှုမှာ မီတာပုံးဝါယာရှော့ဖြစ်ပွားရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ် (၂)ထပ်တိုက်(၁)လုံး၊ စက္ကူစက်(၁)လုံး၊ စက္ကူပုံး၊ အဲယားကွန်း(၁)လုံး၊ ပါဝါမီတာ(၂)လုံး၊ အိမ်သုံးမီတာ အပါအဝင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေ (၇၅)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူ၊ တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

22 Oct, 14:14


မရမ်းကုန်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် ဝါယာရှော့မှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၇၅သိန်းဖိုးခန့် ပျက်စီးဆုံးရှုံး
https://www.mmnationalpost.com/2024/10/blog-post_526.html

Ei Chaw Po

22 Oct, 14:13


ပဲခူး၊ အောက်တိုဘာ ၂၂ပဲခူးမြို့ပေါ်တွင် ဆွဲကြိုးဖြတ်လုယက်နေသည့်သူများအား ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးစားအားထုတ်မှု၊ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။ပဲခူးမြို့ပေါ်ရပ်ကွက်အသီးသီးရှိလမ်းမများ၊ မင်းလမ်းမများနှင့် လူသူပြတ်သည့် နေရာများတွင် ဆွဲကြိုးဖြတ် လုယက်မှုများမကြာခဏ ဖြစ်ပေါ်နေခဲ့သဖြင့် အဆိုပါဆွဲကြိုးဖြတ် လုယက်သူများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ အဆင့်ဆင့်ညွှန်ကြားချက်၊ အနီးကပ်ကွပ်ကဲကြီးကြပ်မှုတို့ဖြင် ပဲခူးမြို့မရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးဒုရဲမှူးကျော်မိုး၊နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်နိုင်လင်းထက်နှင့် တပ်ဖွဲ့ဝင်များမှ နယ်မြေအတွင်းအသွင်ယူကာ လှည့်ကင်းဆောင်ရွက်နေစဉ် ပဲခူးမြို့ရုံးကြီးရပ်ကွက် ပြည်တော်သာ (၄) လမ်း၌ လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး ဝတ်ဆင်ထားသည့် နှစ်ကျပ်သားကျော်ခန့် ဆွဲကြိုးအား အမျိုးသားတစ်ဦး မောင်းနှင်ပြီး အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်ပေါ်မှလုယူ ထွက်ပြေးသွားသည့် တရားခံများကိုဖမ်းဆီးခဲ့သည်။ အဆိုပါဖမ်းဆီးရမိသူအား ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ ပဲခူးမြို့ပေါ်ရှိ နေရာဒေသ အသီးသီးမှ လုယူခဲ့သည့် ဆွဲကြိုးဖြတ်လုယက်မှု (၁၂) မှု ထပ်မံပေါ်ပေါက်ခဲ့သဖြင့် ပဲခူးမြို့မ ရဲတပ်ဖွဲ့စခန်း၌ (ပ)/၂၅၆/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ဖြစ်စဉ်များနှင့် ပတ်သက်၍ အရေးယူမှုများဆက်လက် ပြုလုပ်နေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - တင်စိုးJoin - https://t.me/MyanmarNationalPost

Ei Chaw Po

22 Oct, 14:12


ပဲခူးမြို့တွင် ဆွဲကြိုးဖြတ်လုယက်သူများအား ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ဖမ်းဆီးရမိ
https://www.mmnationalpost.com/2024/10/blog-post_633.html

Ei Chaw Po

22 Oct, 14:12


ရန်ကုန်၊ အောက်တိုဘာ ၂၂လှည်းကူးမြို့နယ်တရားရုံးရှေ့တွင် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြမည်ဖြစ်ကြောင်း အသိပေးတင်ပြထားသည့် ဦးနေထက်ပိုင်အား လှည်းကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ၂၃-၁၀-၂၀၂၄ ရက်နေ့ နံနက် (၉ ၀၀)နာရီ လာရောက်ပေးရန် လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စာပို့ထားကြောင်း သိရသည်။အဓမ္မဝါဒ ဖော်ထုတ်တင်ပြသူ ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့အား လှည်းကူးမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ အမှုကို ပလပ်ပေးရန်နှင့် အဓမ္မဝါဒဟောပြောနေသော ဦးသူရိယအား တရားဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပေးရန် လှည်းကူးမြို့နယ်တရားရုံးရှေ့တွင် ၂၃-၁၀-၂၀၂၄ ရက်နေ့၊ နေ့လည် (၂ ၀၀)နာရီတွင် သံဃာ(၁၀၀)၊ လူ(၄၀၀)ဖြင့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမည်ဖြစ်ကြောင်း လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဦးနေထက်ပိုင်က ဦးဆောင်၍ အသိပေးတင်ပြထားခြင်းဖြစ်သည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

22 Oct, 14:11


လှည်းကူးမြို့နယ်တရားရုံးရှေ့ ဦးဆောင်ဆန္ဒပြရန် တင်ပြထားသူကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက လာရောက်ရန် စာပို့
https://www.mmnationalpost.com/2024/10/blog-post_121.html

Ei Chaw Po

22 Oct, 14:11


တောင်ကြီး၊ အောက်တိုဘာ ၂၂ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တက်ရောက်၍ လိုအပ်သည်များ မှာကြား‌ဆွေးနွေးသည်။အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကလော၊ လွိုင်လင်၊ နမ့်စန်ခရိုင်တို့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ရှိ ခရိုင်များမှခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။ဦးစွာ ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ရာဂီမုန်တိုင်းဒဏ် သက်ရောက်မှုခံခဲ့ရသည့် မြို့နယ်အလိုက်၊ ဌာနအလိုက်စာရင်းဇယားကောက်ယူရေး၊ စာရင်းဇယားမှန်ကန်မှုရှိစေရေးကို ပြီးခဲ့သည့်အစည်းအဝေးတွင်လည်း ဆွေးနွေးမှာကြားပြီးဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းများ တင်ပြကြရာတွင် ကိန်းဂဏန်းများကွဲလွဲမှုမရှိစေရေး၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ချက်များကို နှစ်ပတ်လျှင်တစ်ကြိမ် တင်ပြနေရသည်ရှိကြောင်း၊ မြေပြင်ဆောင်ရွက်ချက်များကို တင်ပြပေးနေမှသာ မိမိတို့ လုပ်ငန်းဆောင်ရွက်ချက်  တိုးတက်မှုများကို ပြသနိုင်မည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မတ်လ ၅ ရက်တွင် လုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများအလိုက် တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ထို့နောက် ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ရာဂီမုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို မှတ်တမ်းဓါတ်ပုံများနှင့်အတူ တင်ပြသည်။ယင်းနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်က ရာဂီမုန်တိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို မိမိတို့ဌာနအလိုက် တင်ပြကြသည်။ထို့နောက် ကလောခရိုင်၊ လွိုင်လင်ခရိုင်၊ နမ့်စန်ခရိုင်တို့မှ ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရမှု၊ ပျက်စီးဆုံးရှုံးမှု၊ ပြန်လည်ပြင်ဆင်တည်ဆောက်မှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြ ကြသည်။ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက သဘာဝဘေးအန္တရာယ် ဆိုင်ရာများနှင့်ပတ်သက်၍ဌာနများနှင့် ခရိုင်အလိုက်တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အစားထိုးသီးနှံစိုက်ပျိုးရေးအတွက် မျိုးကောင်း မျိုးသန့်ရရှိရေး၊ အချိန်မီစောလျင်စွာစိုက်ပျိုးနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများအချိန်မီပြီးစီးရေးကဏ္ဍအလိုက် တာဝန်ရှိသူများက ဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီရေလျှံဖြစ်ပွားမှုများကြောင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်ရေဘေးသင့်ဒဏ်ခံခဲ့ရပြီး သေဆုံးသူ ၉၂ ဦး၊ ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသူ ၂၂၄၈ ဦး ရေဘေးကြောင့် နေအိမ်ပြိုကျ/ မျောပါမှု ၈၁၂ လုံး၊ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှု ၁၇၅၅ လုံး၊ တိရိစ္ဆာန်များသေဆုံးမှု ၁၆၉၆၉ ကောင်၊ ရုံး/ဌာန ၅၂ လုံး၊ စာသင်ကျောင်း ၁၉ ကျောင်း၊ ဘာသာရေးကျောင်း ၁၂ ကျောင်း၊ သီးနှံ ပျက်စီးဧက ၃၆၀၂၉ ဧက ရေဘေးဒဏ်ခံခဲ့ရကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

22 Oct, 14:11


ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ လုပ်ငန်းညှိနှိင်းအစည်းအဝေး (၅/၂၀၂၄) ကျင်းပ
https://www.mmnationalpost.com/2024/10/blog-post_426.html

Ei Chaw Po

22 Oct, 14:10


ကြံခင်း၊ အောက်တိုဘာ ၂၂ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ခုနှစ် ရေကြီးနစ်မြုပ်၍ ထိခိုက်သောမိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် သွင်းအားစုမျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပသည်။ရှေးဦးစွာ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်က မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုမျိုးစပါးများ ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် အမျိုးသားသဘာဝဘေး (၂၅) ရာခိုင်နှုန်းထောက်ပံ့မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးမဲ့ချေးငွေ (၇၅) ရာခိုင်နှုန်းဖြင့် သွင်းအားစုနှင့် မျိုးစပါးများ ပေးအပ်မှာဖြစ်ကြောင်း  ပြောကြားပါသည်။ဆက်လက်ပြီး ရေကြီးနစ်မြုပ်၍ ထိခိုက်သောမိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် သွင်းအားစုမျိုးစပါးများ ထောက်ပံ့ပေးအပ်ရာတွင် ပျက်စီးဆုံးရှုံးသွားသော ကျေးရွာအုပ်စု (၉) အုပ်စု၌ ရေကြီးနစ်မြုပ်ထိခိုက်ဧက (၅၂၄) ဧကအတွက်ယူရီးယား (၆၆) အိတ်၊ ပိုတက် (၆၆) အိတ်၊ ကျောက်မှုန့် (၅၂၄) အိတ်နှင့် မိုးစပါးပျက်စီးခဲ့သောဧက (၇၃၁) ဧကအတွက် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးတစ်ဧကလျှင် (၁) တင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိများက သက်ဆိုင်ရာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများအား လက်ဝယ်အရောက် ထပ်ဆင့်ထောက်ပံ့နိုင်ရေး ပေးအပ်ကြသည်။အခမ်းအနားသို့ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့်တာဝန်ရှိသူများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ဩဘာကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

Ei Chaw Po

22 Oct, 14:09


ကြံခင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်၍ ထိခိုက်သောမိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် သွင်းအားစုမျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
https://www.mmnationalpost.com/2024/10/blog-post_424.html

Ei Chaw Po

22 Oct, 14:04


Vice-Chairman of the State Administration Council (SAC) Deputy Commander-in-Chief of Defence Services Commander-in-Chief (Army)         Vice-Senior General Soe Win, accompanied by officials, arrived at local military hospital in Monywa of Sagaing Region on 15 October, where he asked after the security personnel and local militia members in individual who are receiving medical treatment for their injuries suffered in serving the defence and security duties of the State. The Vice-Senior General then warmly encouraged the patients and asked about medical treatment and progress of health conditions, presenting supplies and cash awards.
Later, the SAC Vice-Chairman and party met separately officers, other ranks and their spouses and families in Wuntho Station, and spoke words of encouragement to them. He then fulfilled the needs of military personnel and families, presenting foodstuffs, supplies and cash awards, it is reported.
 Source: GNLM (16-10-2024)

The SAC Vice-Chairman and party comforted the security personnel in individual who are receiving medical treatment at the local military hospital and met separately officers, other ranks and their spouses and families in Wuntho Station, presenting foodstuffs, supplies and cash awards.

engdate: Tuesday, October 22, 2024 - 16:30month: October, 2024

1,292

subscribers

58,124

photos

48,197

videos