Dugro May May Club

@dugromaymay


Dugro Always Stands By Moms

Dugro May May Club

17 Oct, 05:59


ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်အခါသမယမှာ Dugro May May တို့ ချစ်ရတဲ့ သားသားမီးမီးတွေနဲ့ ပြီးပြည့်စုံတဲ့ကျန်းမာပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် 😇

Dugro May May Club

15 Oct, 12:42


မေမေတို့ရေ မိုးအေးတဲ့အခါ သားသားမီးမီးလေးတွေမှာ အစာမကြေတာ၊ ရင်ပြည့်တာ၊ ဝမ်းပျက်တာ စတဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာပြဿနာလေးတွေ ဖြစ်လွယ်တတ်ကြပါတယ်နော်။ ဒါကြောင့် သားသားမီးမီးတွေ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာနေဖို့ အခုဖော်ပြထားတဲ့အစားအစာတွေကို ရှောင်ကြဥ်ကျွေးမွေးဖို့ အကြံပြုလိုက်ပါရစေ။​

အဆီများတဲ့ဆီကြော်အစားအစာများ​
ဟင်းသီးဟင်းရွက်အစိမ်းများ​
လက်သုပ်စုံများ​
အငန်များတဲ့အစားအစာများ​
ရက်ကျန်အစားအစာများ​

သားသားမီးမီးလေးတွေ မိုးရာသီမှာ ဝမ်းဗိုက်ဆိုင်ရာပြဿနာတွေကင်းဝေးဖို့အတွက်တော့ သန့်သန့်ရှင်းရှင်းနဲ့ ပူပူနွေးနွေးချက်ပြုတ်ထားတဲ့အစားအစာတွေအပြင် အမျှင်ဓာတ်ပါဝင်တဲ့အစားအစာတွေကို ဂရုစိုက်ကျွေးမွေးဖို့လိုပါတယ်။​

🥛Dumex Dugro မှာဆိုရင် အစာအိမ် နှင့် အူလမ်းကြောင်း ကောင်းမွန်ဖို့အတွက် ကူညီထောက်ပံ့ပေးတဲ့ အမျှင်ဓာတ် (၂) မျိုး ပါဝင်တာကြောင့် အာဟာရမျှတတဲ့ အစားအစာတွေနဲ့အတူ သားသားမီးမီးတို့ တနေ့ (၂)ခွက်တိုက်ကျွေးပေးနိုင်ပါတယ်။

Dugro May May Club

07 Oct, 13:15


Dugro May May တို့ရေ
💚အောက်က Form လေးထဲမှာအချက်အလက်တွေ ဖြည့်ပြီး Dumex Dugro 600g တစ်ဘူးလက်ဆောင် ယူလိုက်တော့နော်
📋Form ဖြည့်ပေးတဲ့ မေမေတွေထဲက မေမေအယောက် (၅၀) ကိုရွေးချယ်ပြီး လက်ဆောင်လေးတွေ ပို့ပေးမှာပဲဖြစ်ပါတယ်။
▫️ဒီအစီအစဥ်လေးမှာတော့ အသက်(၂)နှစ်အထက်အရွယ် ကလေးရှိသည့် မေမေတွေသာ ပါ၀င်ခွင့်ရှိပြီး ကံထူးသူ မေမေတွေကို Dumex Dugro ကနေ ဆက်သွယ်ပေးသွားမှာပါနော်။ 😍

Dugro May May Club

16 Sep, 11:18


“Dugro နဲ့လက်ဆုံနွှဲ ပြီးပြည့်စုံတဲ့မိသားစုထမင်းပွဲ” အစီအစဥ်လေးမှာ ကံထူးသွားတဲ့ မေမေတွေထွက်ပေါ်လာပါပြီ။
ကံထူးသွားကြတဲ့ မေမေတို့နဲ့ထပ်တူ Dugro Myanmar ကလည်း ဝမ်းသာမိပါတယ်။ ကံထူးရှင်စာရင်းမှာမပါဝင်သေးတဲ့ မေမေတွေလည်း စိတ်မပူပါနဲ့နော်။ Dugro May May Club မှာ မေမေတို့အတွက် စိတ်ဝင်စားစရာ တခြားသောအစီအစဥ်တွေ ထပ်လာဦးမှာမို့ Dugro May May Club လေးကို join ထားဖို့မမေ့နဲ့နော်
#DumexDugro #Dugro #DugroMyanmar
#ပြီးပြည့်စုံတဲ့ဖွံဖြိုးတိုးတက်မှု

Dugro May May Club

11 Sep, 13:57


သားသားမီးမီးတွေရဲ့ အရာရာကို လေ့လာစူးစမ်းချင်စိတ်ဟာ ဥာဏ်ထက်မြက်မှုရဲ့ သင်္ကေတပါပဲ မေမေတို့ရေ။

အဲ့လိုအမြဲစူးစမ်းလေ့လာချင်နေကြတဲ့ သားသားမီးမီးတွေအတွက် Dumex Dugro မှာဆိုရင် ဦးနှောက်ဖွံ့ဖြိုးဉာဏ်ထက်မြက်စေရန်ကူညီထောက်ပံ့ပေးတဲ့ DHA ပါဝင်ပါတယ်။

ဒါကြောင့် မေမေတို့ရဲ့ဂရုစိုက်စောင့်ရှောက်မှုတွေနဲ့အတူ မျှတသောအစားအစာများနှင့်အတူ Dumex Dugro ကို တစ်နေ့၂ခွက် ကနေ ၃ခွက်အထိပုံမှန်တိုက်ကျွေးပြီး
ပြုစုပျိုးထောင်လိုက်မယ်ဆိုရင်
ပြီးပြည့်စုံတဲ့ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ ဉာဏ်ထက်မြက်တဲ့သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ ​

#DumexDugro #Dugro #DugroMyanmar #DHA
#ပြီးပြည့်စုံတဲ့ဖွံ့ဖြိုးတိုးတက်မှု

Dugro May May Club

01 Sep, 04:11


မိသားစုအတူတူ ပါဝင်နိုင်မယ့် “Dugro နဲ့လက်ဆုံနွှဲ  ပြီးပြည့်စုံတဲ့မိသားစုထမင်းပွဲ” အစီအစဉ်လေး လာပါပြီနော်။ အစီအစဥ်လေးကတော့ Dugro နဲ့အတူ မိသားစုထမင်းဝိုင်းလေးကို မေမေတို့ကဘယ်လိုပြင်ဆင်ပေးလဲဆိုတာပြောပြရမှာဖြစ်ပြီး ဒီထဲကနေ ကံထူးရှင်မေမေအယောက်(၂၀)ကိုရွေးချယ်ကာ Dugro 1200g တစ်ဘူးစီဆုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
လုပ်ဆောင်ရမှာတွေကတော့ -
1️⃣ Dugro တစ်ခွက်ပါတဲ့ မိသားစုထမင်းဝိုင်းပုံရိုက်ပါ။
2️⃣ ဓာတ်ပုံကို Dugro May May Club ကို register လုပ်ထားတဲ့ အမည်အရင်း၊ ကလေးအမည်နဲ့အတူ “ထမင်းဝိုင်းကို ဘယ်လိုပြင်ဆင်ခဲ့လဲ” ဆိုတာ စက်တင်ဘာ (၁၀) ရက်နေ့ မတိုင်မီ ဒီ post အောက်မှာ comment ပေးပါ။
Dugro May May Club ကို register လုပ်ပြီး join ထားတဲ့မေမေတွေသာ ဒီအစီအစဥ်မှာ အကျုံးဝင်မှာမို့လို့ ဒီ Link မှတစ်ဆင့် register လုပ်ပေးနော်။ Register link 👉 https://dugromaymayclub.blueplanet.com.mm/dugro

ကံထူးရှင်မေမေတွေကို စက်တင်ဘာလ (၁၆) ရက်နေ့မှာ ကြေညာသွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်များရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို Dugro Myanmar မှ သိမ်းဆည်းခွင့်ရှိမည်ဖြစ်ပြီး Dugro Myanmar Facebook Page တွင်ဝေမျှခွင့်ရှိမည်ဖြစ်သည်။

Dugro May May Club

04 Aug, 05:04


မေမေတို့ရေ…
လေးစားမှုဆိုတာ သားသားမီးမီးတွေကပဲ မိဘကို ပေးရမယ့်အရာမဟုတ်ပါဘူးနော်။
မိဘတွေကိုယ်တိုင်ကလည်း သားသမီးကိုလေးစားမှုနဲ့ ပြောဆိုဆက်ဆံမှ မိဘနဲ့သားသမီးကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ရနိုင်မှာပါ။
ဒါကြောင့် ဒီနည်းလမ်းလေးတွေကို လိုက်နာကြည့်ရအောင်နော်။
💚 သားသားမီးမီးတို့ ပြောချင်တာကို နားထောင်ပေးပြီး သူတို့ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပေးမယ်။
💚 သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထည့်သွင်းစဉ်းစားပေးမယ်။
💚 ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးမယ်။
💚 အတင်းအကျပ်စေခိုင်းတာမျိုးတွေရှောင်ပြီး အကူအညီတောင်းတဲ့ပုံစံမျိုးနဲ့ ပြောမယ်။
💚 တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ဘူး။
💚 အမှားလုပ်မိရင်လည်း အပြစ်မတင်ဘဲ ဆုံးမပြုပြင်ပေးမယ်။
💚 သူတို့ရဲ့ ကိုယ်ပိုင်အချိန်၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လေးစားရမယ်။ သူတို့အခန်းထဲဝင်ရင် တံခါးခေါက်တာမျိုး၊ သူတို့ မထိစေချင်တဲ့ ပစ္စည်းလေးတွေကို မထိတာမျိုးတွေပေါ့။
ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှုလို့ဆိုတဲ့အခါ ပေါင်းသင်းဆက်ဆံရေးနဲ့ အပြုအမူတွေကလည်း အရေးပါတာမို့ ဒီနေ့ကစပြီး ကလေးတွေကို အလေးထားပြီး ဆက်ဆံကြမယ်နော်။
#DumexDugro #Dugro #DugroMyanmar #MutualRespect

Dugro May May Club

09 Jul, 14:13


မေမေတို့ရေ သားသားမီးမီးလေးတွေဆိုတာ အိမ်ရဲ့ဆည်းလည်းလေးတွေမဟုတ်လားနော်။
သားသားမီးမီးတွေရဲ့ ရယ်သံလေးတွေလွင်နေတဲ့အိမ်ဟာ စိတ်ချမ်းမြေ့စရာပဲမဟုတ်လား။ ရယ်မောပျော်ရွှင်နေတဲ့ သားသားမီးမီးလေးတွေဖြစ်ဖို့ဆို ကျန်းမာနေဖို့ လိုတာပေါ့။
Dumex Dugro မှာဆိုရင် အာဟာရဓာတ် ၃၅ မျိုးတောင်ပါဝင်တာကြောင့် မျှတသောအစားအစာများနှင့်အတူ တစ်နေ့ ၂ ခွက်ကနေ ၃ ခွက်အထိပုံမှန်တိုက်ကျွေးပြီး မေမေတို့ရဲ့ဂရုစိုက်စောင့်ရှောက်မှုတွေနဲ့အတူ ပြုစုပျိုးထောင်လိုက်မယ်ဆိုရင် ကျန်းမာပျော်ရွှင် ပြီးပြည့်စုံစွာဖွံ့ဖြိုးတိုးတက်နေတဲ့ ကလေးတစ်ယောက်ဖြစ်လာမှာပါ။

Dugro May May Club

19 Jun, 11:36


မိုးလေးဖွဲဖွဲကျလာပြီဆိုရင် တုပ်ကွေးရာသီကလည်း အစပြုလာပါပြီ မေမေတို့ရေ။ မိုးရာသီမှာအဖြစ်များတဲ့ ရာသီတုပ်ကွေးကိုကာကွယ်ဖို့ဆိုရင် သားသားမီးမီးတို့ကို ကြိုတင်ကာကွယ်ဆေးထိုးပေးဖို့အပြင် ကိုယ်ခံအားတက်စေတဲ့ အစားအစာတွေကိုလည်း ဂရုစိုက်ကျွေးပေးဖို့လိုတာပေါ့။

ဒေါက်တာဆုမြတ်သဇင်ကနေ မိုးရာသီမှာ ကိုယ်ခံအားတက်စေမယ့်အစားအစာလေးတွေကို အကြံပြုပေးထားလို့ အတူတူကြည့်လိုက်ရအောင်နော်။
၁။ ဗီတာမင်စီပါဝင်တဲ့ ချဥ်သောသစ်သီးများ (လိမ္မော်သီး၊ ကျွဲကောသီး၊ သရက်သီး၊ နာနတ်သီး)
၂။ နို့ထွက်ပစ္စည်းများ
၃။ ကောင်းတဲ့အဆီဓာတ်တွေပါတဲ့ အယ်လ်မွန်စေ့ (ဗံဒါစေ့)
၄။ ဘယ်ရီသီး
၅။အသားဓာတ် (ပရိုတင်း) - အသား/ငါး (၁၀-၁၅ ကျပ်သား ခန့် + ကြက်ဥ တစ်လုံး)

အထက်မှာ ပြောပြထားတဲ့ အစားအစာတွေကို ကလေးလေးတွေက လုံလောက်အောင် မစားနေဘူးဆိုရင်တော့ အာဟာရဓာတ်ထပ်ဖြည့်ထားတဲ့နို့ရည် တစ်မျိုးမျိုးကို တစ်နေ့ ၁-၂ ကြိမ် နေ့စဉ်အစားအစာတွေထဲမှာထပ်ဖြည့်တိုက်ကျွေးဖို့ လိုအပ်နိုင်ပါတယ်နော်။
အထက်ပါအကြောင်းအရာများသည် ဒေါက်တာဆုမြတ်သဇင် ကိုယ်တိုင်ရေးသားထားသော အကြောင်းအရာများဖြစ်ပါသည်။ ကုမ္ပဏီ၏ ထင်မြင်ချက်၊ အကြံပြုချက်များကို ကိုယ်စားမပြုပါ။

Dugro May May Club

09 Jun, 03:01


ဝမ်းချုပ်တယ်ဆိုတာ သားသားမီးမီးတို့ နေ့စဥ်စားတဲ့အစားအစာထဲမှာ အမျှင်ဓာတ်ပါဝင်မှုနည်းတာ (သို့) ရေဓာတ်နည်းတာကြောင့်ပါ မေမေတို့ရေ။ သားသားမီးမီးတို့ အမျှင်ဓာတ်နဲ့ ရေဓာတ်လုံလောက်အောင် ရရှိဖို့အတွက် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ကတော့ ၂၀-၃၀ ဂရမ်ခန့်ဖြစ်ပြီး ဒီပမာဏဟာ ချက်ပြီးဟင်းသီးဟင်းရွက် ပန်းကန်လုံး နှစ်လုံးစာ + သစ်သီး တရုတ်ပန်းကန်လုံး နှစ်လုံးစာ နဲ့ ညီမျှပါတယ်။ အသက် ၂ နှစ်မှ ၁၀ နှစ်ကြား ကလေးတို့အတွက် တစ်နေ့တာ ရေဓာတ်လိုအပ်ချက်က ၆၀၀-၁၅၀၀ မီလီလီတာခန့်ဖြစ်ပါတယ်။
ကလေးတွေမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ပိုမိုရစေဖို့
ထမင်းစားတိုင်း ချိုတဲ့ဟင်းသီးဟင်းရွက်များ (ဥပမာ - ပြောင်းဖူး၊ ရွှေဖရုံသီး၊ ဘူးသီး)
ပဲဟင်းချိုအမျိုးမျိုး
နေ့ခင်းဖက်နဲ့ ညနေစောင်းတွေမှာ သစ်သီး/သစ်သီးဖျော်ရည်လေးတွေ
အရုပ်ရေဘူး လှလှလေးတွေနဲ့ ရေထည့်တိုက်တာမျိုးတွေ
ရေဓာတ်ရရှိအောင် အိမ်လုပ်သစ်သီး ရေခဲချောင်းလေးတွေ၊ အာဟာရဖြည့်နို့ရည်ကို အအေးခံတိုက်ကျွေးပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။
အထက်ပါအကြောင်းအရာများသည် ဒေါက်တာဆုမြတ်သဇင် ကိုယ်တိုင်ရေးသားထားသော အကြောင်းအရာများဖြစ်ပါသည်။ ကုမ္ပဏီ၏ ထင်မြင်ချက်၊ အကြံပြုချက်များကို ကိုယ်စားမပြုပါ။

Dugro May May Club

02 Jun, 15:06


မေမေတို့ရေ အသင့်စားအစားအသောက်တွေပေါများလာတဲ့ခေတ်မှာ သားသားမီးမီးတို့အတွက် ကျန်းမာတဲ့အစားအစားတွေကို ရွေးချယ်ကျွေးမွေးတတ်ဖို့ သိပ်ကိုအရေးကြီးပါတယ်နော်။ ဒါမှသာ အာဟာရပြည့်ဝပြီး ပြီးပြည့်စုံတဲ့ဖွံ့ဖြိုးမှုကို ရနိုင်မှာပါ။ ဒီတော့ ကလေးတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ဘယ်လိုရွေးချယ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။​

၁။ လတ်ဆတ်တဲ့အစားအစာကို ဦးစားပေးရွေးပါ။​
၂။ ရေခဲသေတ္တာထဲမှာ စနစ်တကျသိမ်းဆည်းပါ။​
၃။ အသင့်စားသရေစာတွေကို ကလေးနဲ့အလှမ်းဝေးပါစေ။​
၄။ အာဟာရဓာတ်ဖြည့်စွက်ထားတဲ့နို့ကို ထည့်သွင်းတိုက်ကျွေးပေးပါ။​
၅။ အာဟာရတန်ဖိုးပြဇယားကို အမြဲဖတ်ပေးပါ။ ​
​ကလေးတို့ ပြီးပြည့်စုံတဲ့ဖွံ့ဖြိုးမှုရဖို့က ပြည့်စုံမျှတတဲ့အစားအစာအပြင် မေမေတို့ရဲ့ ဂရုတစိုက်စောင့်ရှောက်မှုကလည်း အရေးကြီးတာမို့ ကျန်းမာတဲ့အစားအစာတွေကို ဂရုတစိုက်ရွေးချယ်ပေးကြရအောင်နော် ။ ​
ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်ပြီး သိလိုသမျှကိုလည်း‌ဒေါက်တာဆုမြတ်သဇင်ကို Comment ကနေတစ်ဆင့် တိုက်ရိုက်မေးမြန်းနိုင်ပါတယ်…​
အထက်ပါအကြောင်းအရာများသည် ဒေါက်တာဆုမြတ်သဇင် ကိုယ်တိုင်ရေးသားထားသော အကြောင်းအရာများဖြစ်ပါသည်။ ကုမ္ပဏီ၏ ထင်မြင်ချက်၊ အကြံပြုချက်များကို ကိုယ်စားမပြုပါ။

Dugro May May Club

18 May, 15:52


ဒေါက်တာဆုမြတ်သဇင် က နွေနေပူမှာ သားသားမီးမီးလေးတွေ စားချင်သောက်ချင်စိတ်လျော့နည်းပြီး အာဟာရမပြည့်ဝမှာကို စိတ်ပူတဲ့မေမေတို့အတွက် လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို မျှ‌‌ေ၀ပေးလိုက်ပါတယ်
ကလေးတွေရဲ့ အိမ်/အခန်းကို အေးမြအောင်ထားပေးပါ
နေရောင်တိုက်ရိုက် မထိစေပဲ ရေချိုး/ရေပတ်တိုက်တာတွေ ပိုလုပ်ပေးပါ
အစားအစာများကို ပုံမှန်ပမာဏအတိုင်းကျွေးရာမှာ အရည်များများပါတဲ့ ဟင်းချက်ပုံစံလေးတွေကို ပြောင်းလဲချက်ပြုတ်ကျွေးကြည့်ပါ
သစ်သီးတွေကို မစ်ရှိတ်၊ ဖျော်ရည်ပုံစံမျိုးနဲ့လည်း ပြောင်းလဲကျွေးကြည့်နိုင်ပါတယ်
အသက် ၂-၃ နှစ်ကြားမှာ ၅၀၀-၈၀၀ စီစီခန့် အသက် ၃-၅ နှစ်ကြားမှာ ၁၀၀၀ စီစီခန့် နဲ့ အသက် ၅ နှစ်အထက်မှာတော့ ၁၅၀၀-၂၅၀၀ စီစီခန့်ထိ ရေဓာတ်ကို လိုသလိုတိုက်ကျွေးသွားနိုင်ပါတယ်
အပူအစပ်၊ ဂတ်စ်ပါတဲ့အချိုရည် ဆီကြော်နဲ့ အငံကျွေးတာမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်
အစာအာဟာရပြည့်စုံစွာထောက်ပံ့ပေးနိုင်ရန် အာဟာရပြည့်စုံစွာ ဖြည့်စွက်ထားတဲ့ နို့မှုန့်နို့ရည်တွေကို တိုက်ကျွေးပေးဖို့လည်း ထပ်မံအကြံပြုပါရစေနော်။
အထက်ပါအကြောင်းအရာများသည် ဒေါက်တာဆုမြတ်သဇင် ကိုယ်တိုင်ရေးသားထားသော အကြောင်းအရာများဖြစ်ပါသည်။ ကုမ္ပဏီ၏ ထင်မြင်ချက် အကြံပြုချက်များကို ကိုယ်စားမပြုပါ။

Dugro May May Club

04 May, 10:21


မေမေတို့အားလုံး စိတ်ဝင်စားနေကြတဲ့ Dugro May May Club ကနေ မေမေမြဘုန်းဆင့်နဲ့ လက်တွဲတင်ဆက်မယ့်အစီအစဥ်လေး လာပါပြီ။​

ဒီအစီအစဥ်မှာတော့ မေမေမြဘုန်းဆင့်က မေမေတို့တစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးပိုမိုတောက်ပလာဖို့နဲ့ ထက်မြက်လှပပြီး လူတကာအားကျရတဲ့မိခင်ဘဝကိုပိုင်ဆိုင်နိုင်ဖို့ “ထက်မြက်လှပ မိခင်ဘဝ” ဆိုတဲ့ ခေါင်းစဥ်လေးကို ဆွေးနွေးတင်ဆက်ပေးသွားမှာပါ။​

မေမေတို့အတွက် အကျိုးရှိစေမယ့်အကြောင်းအရာတွေကို နားထောင်ရင်း အားလုံးအတူတူ ပျော်ပျော်ရွှင်ရွှင်ပါဝင်နိုင်မယ့်အပြင် ဆုလက်ဆောင်တွေပါရမယ့် အစီအစဥ်လည်းရှိတာမို့ အခုပဲ ဒီလင့်ခ်ကနေ စာရင်းသွင်းလိုက်တော့နော်။​

အသက် (၂) နှစ်နဲ့အထက်ရှိတဲ့ကလေးနဲ့ မေမေတွေသာ ပါဝင်နိုင်မှာဖြစ်ပြီး အရင်ဆုံးစာရင်းပေးသွင်းတဲ့အယောက် (၈၀)ကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။​

စာရင်းပေးသွင်းရန်- https://forms.office.com/r/eKf3nWGmQ6
ပြုလုပ်မည့်​
နေ့ရက်- မေလ (၁၂) ရက်​
အချိန်- ည (၇)နာရီ မှ (၉) နာရီအထိ​
နေရာ- Zoom Application

Dugro May May Club

23 Apr, 10:32


မေမေတို့ရေ
ဒေါက်တာဆုမြတ်သဇင် ပြောပြပေးထားတဲ့ ကလေးအဝလွန်ခြင်း နဲ့ အစားအသောက် ဆက်စပ်ပုံ အကြောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်...
ကလေး အဝလွန်ရောဂါဟာ များသောအားဖြင့် ကလေး ၅-၈ နှစ် ဝန်းကျင်ရှိကြတတ်ပြီး သွေးတိုးနဲ့ ဆီးချိုရောဂါတွေထိ ဖြစ်စေတတ်ပါတယ်
⁉️အစာစတင်မိတ်ဆက်ချိန်မှာ အပြင်စာနဲ့ အချိုတွေ အလွန်အကျွံကျွေးမိခြင်းက အဝလွန်စေပါတယ်။
ဒါ့ကြောင့် ကလေးများ အဝမလွန်အောင် ဘယ်လို ကျွေးမွေးရမလဲ?
တစ်မိသားစုလုံး ကျန်းမာရေးနဲ့ ညီအောင်စားပါ။
အချိန်တစ်ခု ပုံမှန်သတ်မှတ်ပြီး ထမင်းကျွေးပါ။
အချိုစာ/ သရေစာတွေကို ဆုပေးဒဏ်ပေးအနေနဲ့ မသုံးပါနဲ့။
ကိုယ်လက်လှုပ်ရှားမှု လုပ်တတ်ဖို့ အားပေးပါ။
မှန်ကန်တဲ့ အစားအသောက် နဲ့ ပမာဏကို ရွေးချယ်နိုင်ဖို့ ကျန်းမာရေး၀န်ထမ်းများနဲ့ တိုင်ပင်ပါ။
ဒါဆိုရင်တော့ အဝလွန်ရောဂါဖြစ်ခြင်းကနေ သားသားမီးမီးလေးတွေကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်ပြီး သိလိုသမျှကိုလည်း‌ဒေါက်တာဆုမြတ်သဇင်ကို Comment ကနေတစ်ဆင့် တိုက်ရိုက်မေးမြန်းနိုင်ပါတယ်…
အထက်ပါအကြောင်းအရာများသည် ဒေါက်တာဆုမြတ်သဇင် ကိုယ်တိုင်ရေးသားထားသော အကြောင်းအရာများဖြစ်ပါသည်။ ကုမ္ပဏီ၏ ထင်မြင်ချက်၊ အကြံပြုချက်များကို ကိုယ်စားမပြုပါ။

Dugro May May Club

06 Apr, 07:15


"ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ”အစီအစဥ်မှာ ပါဝင်ခဲ့တဲ့ကြတဲ့သားသားမီးမီးလေးနဲ့ မေမေတို့အတွက် လက်ဆောင်ပေးမဲ့အစီအစဥ်လာပါပြီ။ ဧပြီလ (၅)ရက်နေ့ကပြုလုပ်ခဲ့တဲ့ “ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ”အစီအစဥ်မှာ ကိုယ့်ရဲ့သားသားမီးမီးတို့ပါဝင်ရေးဆွဲဆေးခြယ်ခဲ့တဲ့လက်ရာလေးတွေကို ပြန်လည်ဝေမျှပေးရမှာပဲ ဖြစ်ပါတယ်။​

အစီအစဥ်လေးမှာ ပါ၀င်ပြီး သားသားမီးမီးတို့ ရေးဆွဲဆေးခြယ်ထားတဲ့ ပုံလေးတွေကို #DumexDugro #ပျော်ရွှင်စရာကလေးတို့ကမ္ဘာ ဆိုတဲ့ hashtag စာသားလေး ၂ ခုကိုအသုံးပြုပြီး ကိုယ့်ရဲ့ Facebook အကောင့်မှာပြန် share ပေးမယ်ဆိုရင် Dumex Dugro 600g (၁) ဘူးဆီ ဆုလက်ဆောင်ရရှိနိုင်မှာပါ။​

Dumex Dugro ရဲ့ဆုလက်ဆောင်ကိုအရယူဖို့ အခုပဲ သားသားမီးမီးတို့ရဲ့ ပုံဆွဲလက်ရာလေးတွေကို ကိုယ့်ရဲ့ Facebook အကောင့်မှာ ဝေမျှပေးလိုက်တော့နော်။ ​
မေမေတို့ရဲ့ အကောင့်မှာ တင်ထားတဲ့ post လေးကို screenshot ရိုက်ပြီး Dugro Myanmar Facebook Messenger ကို ဧပြီလ (၁၁)ရက်နေ့ နောက်ဆုံးထားပြီး ပို့ပေးဖို့လဲ မမေ့နဲ့အုံးနော်...

Dugro May May Club

01 Apr, 05:18


မေမေတို့‌ရေ သားသားမီးမီးတို့နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ပါဝင်နိုင်မယ့် ​
“ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ” အစီအစဥ်လေးမှာ ပါဝင်ဖို့ မမေ့ကြနဲ့ဦးနော်။ သားသားမီးမီးတို့ နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ပုံဆွဲဆေးရောင်လေးတွေခြယ်နိုင်မယ့်အပြင် ဆုလက်ဆောင်ရရှိမယ့်အခွင့်အရေးပါ ရှိသေးတာဆိုတော့ သတ်မှတ်လူဦးရေမပြည့်ခင် အခုပဲ မြန်မြန်စာရင်းသွင်းထားလိုက်တော့နော်။ ​

“ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ” အစီအစဥ်ကို (ဧပြီလ ၅ ရက်နေ့ မနက် ၁၀နာရီမှ ၁၁နာရီ နှင့် နေ့လည် ၂နာရီမှ ၃နာရီ) မှာပြုလုပ်သွားမှာဖြစ်ပြီး Zoom ကနေတစ်ဆင့် အခမဲ့ပါဝင်နိုင်မှာဖြစ်ပါတယ်။ Live Session တစ်ခုကို ၂၅ ဦးစီပါဝင်လေ့လာနိုင်မှာဖြစ်ပြီး စုစုပေါင်း Live Session ၂ ခုပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ သားသားမီးမီးတို့နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် လေ့လာရဖို့ အခုပဲစာရင်းပေးသွင်းလိုက်ရအောင်။ ​
ပျော်ပျော်ရွှင်ရွှင်သင်ယူဖို့ “ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ” မှာအတူတူပါဝင်စို့။​

စာရင်းသွင်းရန် : ​ https://forms.office.com/r/Tp6tMGDDyX

#DugroMyanmar #ပျော်ရွှင်လေ့လာကလေးတို့ကမ္ဘာ #Drawingclass

9,548

subscribers

97

photos

15

videos