အလ်-အဟ်ရာရ် @alahra786 Channel on Telegram

အလ်-အဟ်ရာရ်

@alahra786


အစ်စ်လာ့မ်နိုင်ငံရေးရာ သတင်း တင်ဆက်ခြင်း

အလ်-အဟ်ရာရ် (Burmese)

အလ်-အဟ်ရာရ် ဆက်သွယ်ရန်သင် အတွက်လိုက်မှာပါ။ ဤနေရာသည် alahra786 အမည်ဖြင့် အစ်စ်လာ့မ်နိုင်ငံရေးတို့၏ သတင်း တင်ဆက်ခြင်း များကို ရယူပေးပါသည်။ အပိုင်းအလဲရှိနေသော စိမ့်နီယန်ရေး နှင့် အကြားဝင်မြှင့်စွာ နှိုင်းယှဉ်သည့် နောက်ထပ်ရေးနှင့် သင်တပ်သက် မကြာခဏ်းခြင်း နှင့် အစ်ကိုက်ထားခြင်း များကို ရယူပေးပါသည်။ ဤသတင်းများအားလျော့နည်းမှ မြေမြေခွင့်ရရှိနိုင်ရန် alahra786 ကို သိရှိပါ။

အလ်-အဟ်ရာရ်

06 Feb, 00:09


ဂါဇာကနေ ပါလက်စတိုင်းတွေကို ဖယ်ထုတ်ရှင်းလင်းရေးဆိုတာ အခုမှမဟုတ်ပါဘူး။ နှစ်ရှည်လများ အစ္စလာမ့်ရန်သူတွေမက်နေတဲ့ အိပ်မက်တစ်ခုပါ။

ထရန့် အိမ်ဖြူတော်မှာ အမြဲနေနိုင်မှာမဟုတ်ဘူး။ ပါလက်စတိုင်းတွေကတော့ ဂါဇာမှာ အမြဲရှိနေမယ်။ အင်ရှာအလ္လာဟ်...

အလ်-အဟ်ရာရ်

30 Jan, 14:07


အစ္စရေးသုံ့ပန်းအမျိုးသမီးအား ဟမားစ်မှ ပြန်လွှတ်ပေးမှုမြင်ကွင်း။

အလ်-အဟ်ရာရ်

30 Jan, 14:06


2023ခုနှစ်က ကုရ်အာန်ကျမ်းတော်မြတ်အားမီးရှို့ပြခဲ့သူ သေနတ်ဖြင့် ပစ်သတ်ခံရ။

အလ်-အဟ်ရာရ်

23 Jan, 15:12


အပစ်ရပ်စဲသည့်နေ့မှ ယနေ့အထိ ဂါဇာသို့ စားနပ်ရက္ခာနှင့်ဆေးဝါးကုန်တင်ယာဉ် 3250စီး ဝင်ရောက်နိုင်ခဲ့ပါတယ်။

အလ်-အဟ်ရာရ်

22 Jan, 14:43


ဂါဇာတွင် အပစ်ရပ်စဲထားချိန် ပါလက်စတိုင်း အနောက်ဘက်ကမ်း‌ဒေသရှိ ဂျနီးန်မြို့အား အစ္စရေးအကြမ်းဖက်စစ်တပ် စစ်အင်အားအလုံးအရင်းဖြင့်စီးနင်း။

အနောက်ဘက်ကမ်းဒေသရှိပါလက်စတိုင်းများအားနှင်ထုတ်လိုပြီး အစ္စရေးအပိုင်သိမ်းရန် ကြံစည်နေခြင်းဖြစ်သည်။

အလ်-အဟ်ရာရ်

21 Jan, 01:53


မနေ့က ဂါဇာသို့ စားနပ်ရက္ခာနှင့်ဆေးဝါးကုန်တင်ယာဉ် 915စီး ဝင်ရောက်နိုင်ခဲ့ပါတယ်။

အလ်-အဟ်ရာရ်

20 Jan, 00:56


ပါလက်စတိုင်းအဖမ်းဆီးခံများ ပြန်လည်လွတ်မြောက်လာမှု အောင်ပွဲခံမြင်ကွင်းများ

အလ်-အဟ်ရာရ်

20 Jan, 00:55


အပစ်ရပ်စဲပြီးနောက် ဂါဇာတောင်ပိုင်း ခါးန်ယူနွတ်စ်မြို့အား ဝေဟင်မှတွေ့မြင်ရပုံ

အလ်-အဟ်ရာရ်

19 Jan, 12:16


အပစ်ရပ်စဲပြီးနောက် ဂါဇာမြို့တွင် တွေ့ရသည့် ဟမားစ်လုံခြုံရေးတပ်ဖွဲ့ဝင်များ

အလ်-အဟ်ရာရ်

19 Jan, 11:46


အစ္စရေးနှင့် ဟမားစ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယနေ့စတင်အသက်ဝင်
..............

အစ္စရေး နဲ့ ဟမားစ်တို့ အကြား စောင့်မျှော်ခဲ့ရတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ လွတ်မြောက်ရေး သဘောတူညီချက်ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန်မနက် ၈ နာရီခွဲမှာ စတင်အသက်ဝင်မှာဖြစ်ကြောင်း CNN သတင်းမှာရေးသားထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟမားစ်တို့ ရဲ့ ၁၅လအကြာ ပဋိပက္ခ ဟာ အဆုံး သတ် တော့မှာဖြစ်ပြီး ကဏ္ဍသစ်တစ်ခုအဖြစ် အစပြုဖွယ်ရှိတဲ့ ကောင်းမွန်တဲ့ အရိပ်လကွဏာ စတင်တော့မှာလည်းဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ စတင်အသက်ဝင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးဓားစာခံတချို့ စတင်လွတ်လာတော့မယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။
အတည်ပြုလိုက်တဲ့အတွက် အဆင့် ၃ ဆင့်ပါ သဘောတူညီချက် ပထမအဆင့်က သီတင်း ခြောက်ပတ်အတွင်း ဂါဇာမှာ တိုက်ပွဲတွေ ခေတ္တရပ်ထားရမှာဖြစ်ပြီး အစ္စရေး ဓားစာခံ ၃၃ ဦးနဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ နီးပါး ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။
ဒါ့အပြင် ပထမအဆင့်မှာ အစ္စရေးစစ်တပ်တွေအနေနဲ့ ဂါဇာနယ်စပ်တွေဘက်ကို ဆုတ်ခွာပေးရမှာ ဖြစ်တာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်နိုင်ကြမှာ ဖြစ်ပါတယ်။
ဂါဇာဒေသက ပါလက်စတိုင်းအရပ်သားတွေအတွက် အစားအစာနဲ့ အကူအညီတွေ ၁ ရက်ကို ကုန်တင်ကား အစီး ၆၀၀ လောက် ပို့ပေးခွင့်ရမှာ ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၄၆၀၀၀ ကျော် ရှဟီးဒ်ဖြစ်သေဆုံးခဲ့ပြီး လူဦးရေ ၁၁၀၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

အလ်-အဟ်ရာရ်

18 Jan, 15:08


ဂါဇာ - အစ္စရေး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပထမအဆင့်အနေဖြင့် အစ္စရေးဘက်မှ ပါလက်စတိုင်းအကျဉ်းသား ၇၃၇ဦးအားပြန်လွှတ်မည်ဖြစ်ပြီး ဟမားစ်ဘက်မှ အစ္စရေးအကျဉ်းသား ၃၃ဦးပြန်လွှတ်မည်ဖြစ်သည်။

အလ်-အဟ်ရာရ်

16 Jan, 05:08


အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲ အဆုံးသတ်လေပြီ

ဂါဇာစီးတီး၊ ဇန်နဝါရီ-၁၆-၂၀၂၅
မျိုးဆက်(VOM)

၁၅ လကြာဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်ရပ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း အမေရိကန်နဲ့ ကာတာ စေ့စပ်ညှိနှိုင်းရေးမှူးတွေက ပြောပါတယ်။

ဒီသဘောတူညီချက်ကို အစ္စရေးအစိုးရက အတည်ပြုထားပြီး လာမယ့် တနင်္ဂနွေနေ့မှာ စတင်သက်ဝင်မယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။ ဂါဇာမှာ တိုက်ပွဲတွေ အဆုံးသတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးကာ ဓါးစာခံတွေကိုလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည်ပေါင်းနိုင်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

သဘောတူညီချက်ရဲ့ နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို လုပ်ဆောင်နေဆဲဖြစ်ပေမယ့် သဘောတူညီချက်ရရှိမှုအတွက် ဂျိုးဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ပထမခြောက်ပတ်မစတင်မီ ဟားမတ်စ်တို့ဟာ အမျိုးသမီး၊ ကလေးငယ်နဲ့သက်ကြီးရွယ်အိုအပါအဝင် ဓါးစာခံ ၃၃ ယောက်ကို ပြန်လွှတ်ပေးပြီး အစ္စရေးကလည်း အကျဉ်းထောင်တွေမှာ ထိန်းသိန်းထားတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့ ကာတာဝန်ကြီးချု့်က ပြောပါတယ်။

အစ္စရေးတပ်တွေဟာ လူနေထူထပ်တဲ့ ဒေသတွေကနေ ရုပ်သိမ်းရမှာဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး ခွင့်ပြုပေးရမှာဖြစ်ကာ ရာနဲ့ချီတဲ့ အကူအညီပေးရေးယာဉ်တွေကိုလည်း နေ့စဉ်ခွင့်ပြုရမှာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ ဓါးစာခံတွေပြန်လွှတ်ပေးမယ့် အပစ်ရပ် ဒုတိယအဆင့်အတွက် စေ့စပ်ညှိနှိုင်းမှုတွေကိုတော့ အစ္စရေးတပ်တွေ အပြည့်အ၀ ရုပ်သိမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသွားမှာဖြစ်ပြီး အပစ်ရပ် ၁၆ ရက်မြောက်မှာ စတင်မှာဖြစ်ပါတယ်။

တတိယအဆင့်နဲ့ နောက်ဆုံးအဆင့်တွေမှာတော့ ဂါဇာကမ်းမြှောင်ဒေသ ပြန်လည်တည်ဆောက်ရေးနဲ့ ကျန်ရှိနေတဲ့ ဓါးစာခံအလောင်းတွေ ပြန်လည်ရရှိရေးတို့ ပါဝင်ပါတယ်။ ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို ဆွေးနွေးဖို့ ရှင်းလင်းတဲ့ ယန္တရားတခုရှိတယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။

ဟားမတ်စ်ခေါင်းဆောင်ကတော့ ဒါဟာ ပါလက်စတိုင်းတွေရဲ့ ခံနိုင်ရည်ရှိမှုကြောင့်လို့ ပြောပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေ့ ဒီသတင်းကို ကြိုဆိုနေကြပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေက ပြင်းထန်ဆဲဖြစ်ပါတယ်။

ဒီအတောအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာစီးတီးရှိ ရှိတ်ရက်ဝမ်အရပ်မှာ ၁၂ ယောက်အပါအဝင် လူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေ့ ဆိုပါတယ်။လက်ရှိချိန်ထိ ဂါဇာမှာ အရပ်သား ၄၆၇၀၀ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

အလ်-အဟ်ရာရ်

16 Jan, 05:06


အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်ရပ်ရေး ဘယ်လို သဘောတူထားကြသလဲ

AP

ဂါဇာကမ်းမြောင်မှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေတဲ့ စစ်ပွဲကို ဆိုင်းထားနိုင်ဖို့ အစ္စရေးနဲ့ ဟားမတ်စ်ကြားမှာ အပစ်ရပ်ရေး သဘောတူညီချက်တရပ် ရရှိပြီလို့ အမေရိကန်နဲ့ ကာတာတို့က ဗုဒ္ဓဟူးနေ့မှာ ကြေညာလာပါတယ်။ ရန်မုန်းပွားသူ နှစ်ဖက်ကြားက အသေအဆုံး အများဆုံး၊ ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး တိုက်ခိုက်မှုတွေ တစစ အရှိန်လျော့သွားမယ့် ဖြစ်နိုင်ခြေ မြင့်မားလာခဲ့တာပဲ ဖြစ်ပါတယ်။

အခု သဘောတူမူကြမ်းအတိုင်း အစ္စရေး - ဟားမတ်စ် အပစ်ရပ် သဘောတူညီချက်ကို ဆက်လက် ဖော်ဆောင်မယ်ဆိုရင် ဂါဇာက တိုက်ပွဲတွေကို ၄၂ ရက်ကြာ ဦးစွာ ရပ်တန့်ရမှာ ဖြစ်ပါတယ်။ အစ္စရေး ဓားစာခံ ဒါဇင်များစွာနဲ့ ပါလက်စတိုင်း အကျဉ်းသား ရာနဲ့ချီကိုလည်း လွှတ်ပေးကြရပါမယ်။ သဘောတူ မူကြမ်းရဲ့ ပထမအဆင့်မှာ အစ္စရေးစစ်သားတွေဟာ ဂါဇာအစွန်းပိုင်းတွေကနေ ရုပ်သိမ်းရမှာ ဖြစ်ပါတယ်။ ပါလက်စတိုင်းအများစုလည်း သူတို့ရဲ့ ကျန်ရှိနေသေးတဲ့ အိမ်တွေဆီ ပြန်ကြရမှာ ဖြစ်ပြီး အကူအညီတွေလည်း သူတို့ဆီ စီးဝင်စေမှာ ဖြစ်ပါတယ်။

#အစ္စရေး
#ဟားမတ်စ်
#အပစ်ရပ်
#ဂါဇာကမ်းမြောင်
#သဘောတူညီချက်

အလ်-အဟ်ရာရ်

16 Jan, 00:06


■ ဂါဇာ အပစ်အခတ် ရပ်စဲရေးကို ဟားမာ့စ်က သဘောတူသည်ဟု ပါလက်စတိုင်း သတင်းအရင်းအမြစ်များက ပြောကြား

ကာတာ နိုင်ငံက အစ္စရေး- ဟားမာ့စ် စစ်ပွဲ ပြီးဆုံးရန် သ‌ဘောတူညီချက်ကို မကြာမီ ရရှိနိုင်သည်ဟု ပြောကြားခဲ့ပြီးနောက ်ဟားမာ့စ်က ဂါဇာ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံ ပြန်လွှတ်ရေး သဘောတူညီချက်ကို အတည်ပြုခဲ့သည်ဟု ဆွေးနွေးပွဲများနှင့်နီးစပ်သော သတင်းအရင်းအမြစ်များက ဇန်နဝါရီ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ဂါဇာ၏သမိုင်းတွင် အပြင်းထန်ဆုံးသော စစ်ပွဲ ပြီးဆုံးစေရန် အောင်မြင်မှုမရသောကြိုးပမ်းမှုများ လနှင့်ချီရှိခဲ့ပြီးနောက် စေ့စပ်ဆွေးနွေးသူများက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် ကာတာ နိုင်ငံ၌ နောက်ဆုံးကြိုးပမ်းခဲ့သည်။

ဆွေးနွေးမှုများသည် နောက်ဆုံးအဆင့်ကို ရောက်နေပြီဟု ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရရှိသူ မာဂျက်အယ်အန်ဆာရီက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သဘောတူညီချက ်ကိစ္စကိုဆွေးနွေးရန် ဇန်နဝါရီ ၁၄ ရက် ညပိုင်းတွင် ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်ဟု ၎င်း၏ရုံးက ပြောကြားခဲ့သည်။

ဟားမာ့စ်နှင့်၎င်း၏မဟာမိတ် အစ္စလာမ်မစ်ဂျီဟတ်တို့က သဘောတူညီချက် မူကြမ်း ကို အတည်ပြုခဲ့သည်ဟု ဆွေးနွေးပွဲများနှင့်နီးစပ်သော ပါလက်စတိုင်းသတင်းအရင်းအမြစ်နှစ်ခုက ဇန်နဝါရီ ၁၅ ရက်တွင် အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

"တော်လှန်ရေး အဖွဲ့တွေက သူတို့အချင်းချင်းသဘောတူညီချက် ရရှိခဲ့ကြပြီး အကျဉ်းသား-ဓားစာခံလဲလှယ်ရေးနဲ့အပစ်အခတ်ရပ်စဲရေးကို သဘောတူကြောင်း ကြားဝင်ဖျန်ဖြေသူ‌တွေထံအကြောင်းကြားခဲ့ပ့ါတယ်"ဟု အမည်မဖော်လိုသော သတင်းအရင်းအမြစ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

■ Ref:AFP

အလ်-အဟ်ရာရ်

10 Dec, 01:27


ဆီရီးယားလွတ်မြောက်ရေးတပ်အား အာဏာလွှဲပြောင်းကြောင်း ဝန်ကြီးချုပ်ဟောင်းဖြစ်သူ မုဟမ္မဒ် ဂျလာလီကြေညာ။
ဆီးရီးယားအသွင်ကူး‌ပြောင်းရေးအစိုးရအား မုဟမ္မဒ် ဘရှီးရ်ဦးဆောင်မည်ဖြစ်သည်။

အလ်-အဟ်ရာရ်

08 Dec, 06:58


အလက်ပိုမြို့တွင်အောင်ပွဲခံနေကြသည့် ဆီးရီးယားပြည်သူများ

အလ်-အဟ်ရာရ်

08 Dec, 04:11


ဆီးရီးယားမြို့တော် ဒမတ်စ်ကတ်မြို့လယ်ခေါင်ထိ တော်လှန်ရေးတပ်များဝင်ရောက်နေ။

အလ်-အဟ်ရာရ်

08 Dec, 04:05


ဆီးရီးယားအာဏာရှင် ဘရှ်ရှားရ် အစဒ်အား ဖြုတ်ချ‌စေခဲ့ပြီ‌ဖြစ်ကြောင်း ဆီရီးယားတော်လှန်ရေးတပ်ကြေငြာ။

ဆီးရီးယားဗလီများတွင် အောင်နိုင်ခြင်း သက်ဗီးရ်သံများ လှိုင်နေခဲ့။

အာဏာရှင် အစဒ် ရုရှားသို့ထွက်ပြေး
‌ေကြာင်းသတင်းများထွက်ပေါ်လာ။

အလ်-အဟ်ရာရ်

01 Dec, 12:10


ဆီးရီးယားလက်ရှိအခြေအနေ

လွန်ခဲ့သော ၁၃နှစ်ကတည်းက ဆီရီယားနိုင်ငံဟာ အကြပ်တည်း တွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။

နိုင်ငံသား ၈၅ % ဟာ လူသားချင်းဆိုင်ရာ အထောက်အပံ့ တွေလိုအပ်လျက်ရှိပါတယ်။ ရှည်လျားသောလွန်ဆွဲမှုအတွင်း အခြေခံအဆောက်အအုံ တွေပျက်စီးခဲ့ရတယ်။ စီးပွားရေးလည်းကျဆင်းခဲ့တယ်။ လူဦးရေး ၁၂.၁သန်းဟာ အစားအစာပြတ်တောက်မှုဒဏ်ခံနေကြရတယ်။ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၉၀ % ထိမြင့်တက်လာခဲ့တယ်။

ပညာရေးနဲ့ဆေးဌာနတွေလည်း ကြီးမားတဲ့ဆိုးကျိုးသက်‌ရောက်မှုတွေ ရှိခဲ့ပြီး ဆေးရုံ ၅၉% သာ အပြည့်အဝလည်ပတ်နိုင်ခဲ့တယ်။ ပြည်နယ်အများစုဟာ သောက်သုံးရေရရှိဖို့ခက်ခဲနေခဲ့ပါတယ်။ ပြည်သူများ အထူးသဖြင့် စစ်ဘေး‌ရှောင် တွေဟာ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။

လက်ရှိအခြေ‌အနေမှာတော့ ဆီရီးယားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့ကို ဆီရီးယားတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ အစဒ်အစိုးရဦးဆောင်တဲ့ စစ်တပ်ထိန်းချုပ်မှုအောက်ကနေ ပထမဦးဆုံးအကြိမ် လွတ်မြောက်နိုင်ခြင်းဖြစ်ပါတယ်။
နိုင်ငံရေးလှုပ်ရှားမှု အနေနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း တနင်္ဂနွေနေ့မှာ ဆီးရီးယားကိုသွားရောက်ပြီး အခြေအနေအရပ်ရပ်ကိုဆွေးနွေးမယ်လို့သိရပါတယ်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဆီးရီယားအကြပ်အတည်းကို ‌ဖြေရှင်းစေကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

တူရကီနှင့်အီရတ်ကလည်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် ဆီးရီးယားအခြေအနေနဲ့ပတ်သတ်ပြီး ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယားအတိုက်အခံတပ်များကလည်း အလက်ပိုမြို့အားထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် ယနေ့မနက်ပိုင်းမှစကာ လေကြောင်း တိုက်ခိုက်မှု၉ကြိမ်ထိ ခံထားရကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

အလ်-အဟ်ရာရ်

30 Nov, 02:58


ဆီရီးယားနိုင်ငံ အလက်ပိုမြို့အား အတိုက်ခံတော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းယူထား။

၁၂နှစ်ကြာ ကြာမြင့်နေဆဲ ဆီးရီယားပြည်တွင်းစစ်တလျောက် အာဏာရှင်အစိုးရအား တော်လှန်ရေးတပ်များကတိုက်ခိုက်ရင်း အလက်ပိုမြို့သိမ်းတိုက်ပိုက်သည် အကြီးမားဆုံး အောင်မြင်မှုဖြစ်လာခဲ့ပါတယ်။

အလ်-အဟ်ရာရ်

27 Nov, 23:43


လက်ဘနွန်နိုင်ငံတွင် တစ်နှစ်ကြာပြီးနောက် အစ္စရေးနှင့်လက်ဘနွန်တော်လှန်ရေးတပ်များ အပစ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့ကြပါတယ်။

အစ္စရေး၏ လေကြောင်း‌တိုက်ခိုက်မှုများအပါအဝင် စစ်ကြောင်းထိုးမှုများပတွင် ၃၈၂၃ ဦးရှဟီးဒ်ဖြစ်ခဲ့ရပြီး ထခိုက်ဒဏ်ရာရသူ ၁၅၈၉၅ဦးထိရှိခဲ့ပါတယ်။
စစ်ဘေးရှောင်ပြည်သူဦးရေ ၈၈၆၀၀၀ဦးထိရှိခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ သဘောတူညီမှုဟာ ဂါဇာရှိဟမားစ်တော်လှန်ရေးတပ်အား အထီးကျန်စေရန်ရည်ရွယ်ပါတယ်။

အလ်-အဟ်ရာရ်

21 Nov, 15:36


ဂါဇာကမ်းမြောင်တွင် စစ်ရာဇဝတ်မှုကျူးလွန်မှုဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနှင့် ယခင် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Yoav Galant အား ICC မှဖမ်းဝရမ်းထုတ်ခဲ့။

ထုတ်ပြန်ချက်တွင် တရားခံနှစ်ဦးသည် ဂါဇာရှိအပြစ်မဲ့ပြည်သူများအပေါ် တိုက်ခိုက်မှုအား ကြီးကြပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ICC အဖွဲ့၏ ထုတ်ပြန်ချက်သည် ကမ္ဘာ့တရားရေးအသိုင်းအဝိုင်းတွင်ပွဲဆူလျက်ရှိသည်။

တစ်ဖက်တွင်လည်း ဂါဇာ ကတ်စားမ်တပ်ခေါင်းဆောင် မုဟမ္မဒ် ဒွိုင်းဖ်အားလည်း ICC မှဖမ်းဝရမ်းထုတ်ပြန်ထားသည်။

အလ်-အဟ်ရာရ်

07 Nov, 07:40


ဓားစာခံ တစ်ဦးလျှင် ဒေါ်လာ တစ်သန်း ပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် ကမ်းလှမ်း

တဲလ်အဗစ်၊ နိုဝင်ဘာ ၇

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံတွေထဲက အသက်ရှင်ကျန်သူ တယောက်ချင်းစီအတွက် အစ္စရေးက ဒေါ်လာ ၁ သန်း ပေးမှာ ဖြစ်ပြီး ပြန်ပေးသမားတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမယ့် သဘောတူညီ တစ်ရပ်ကို ဝန်ကြီးချုပ် နေတန်ညာဟုက ဟားမာ့စ်အဖွဲ့ထံ ကမ်းလှမ်းလိုက်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ရဲ့ အစီအစဉ်မှာ ပါလက်စတိုင်း လက်နက်ကိုင်တွေ ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံတွေအတွက် ဂါဇာကနေ သူ့ရဲ့ တပ်ဖွဲ့တွေ ဘေးကင်းစွာထွက်ခွာရေး လမ်းကြောင်း အာမခံချက်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

သဘောတူညီမှအရ ပြန်ပေးသမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ဂါဇာက ထွက်သွားခွင့် ပြုမှာ ဖြစ်ပြီး ဖမ်းဆီးမှာ၊ အပြစ်ပေးမှာလည်း မဟုတ်ဘူးလို့ အစ္စရေး အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်မှာလုပ်တဲ့ အစ္စရေး လုံခြုံရေးဝန်ကြီး အစည်းအဝေးမှာ ဓားစာခံတွေ ကိစ္စကို ဆွေးနွေးခဲ့ကြပြီးနောက် အခုလို အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစ္စရေးသတင်းဌာန Channel 12 က ပထမဆုံး ဖော်ပြခဲ့တဲ့ အဲဒီ အဆိုပြုချက်ကို ဟားမာ့စ်အဖွဲ့က မတုံ့ပြန်သေးပါဘူး။

အစ္စရေး ဓားစာခံ လေးဦးကို လွှတ်ပေးရင် ဂါဇာမှာ နှစ်ရက် အပစ်အခတ်ရပ်စဲဖို့ဆိုတဲ့ အီဂျစ်ရဲ့ အဆိုပြုချက်ကို ဟားမာ့စ် အဖွဲ့က ပယ်ချထားပါတယ်။

အစ္စရေး ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်၊ ထောက်လှမ်းရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ် ဘာနီယာက သဘောတူညီမှု ရရှိနိုင်ခြေ နည်းနည်းလေးပဲ ရှိတယ်လို့ ဓားစာခံတွေရဲ့ မိသားစုတွေကို ပြောဆိုထားပါတယ်။

ဒီအတောအတွင်း ဝန်ကြီးချုပ် နေတန်ညာဟုက အကြီးအကဲ နှစ်ဦးကြား ယုံကြည်မှု ပြဿနာရှိတယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီး ဂေါလန့်ကို ထုတ်ပယ်လိုက်ပြီးနောက် အစ္စရေးမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။

ဝန်ကြီး ဂေါလန့် အပေါ် ထားရှိခဲ့တဲ့ မိမိရဲ့ ယုံကြည်မှုဟာ မကြာသေးခင်က ယုတ်လျော့လာခဲ့တယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ပြောကြားပြီး ကာကွယ်ရေးဝန်ကြီး နေရာကို နိုင်ငံခြားရေးဝန်ကြီးက အစားထိုး တာဝန်ယူမယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေက နေတန်ညာဟု ရာထူးက နုတ်ထွက်ပေးရေး၊ အသစ် တက်လာမယ့် ကာကွယ်ရေးဝန်ကြီး အနေနဲ့ ဓားစာခံတွေ ကိစ္စကို ဦးစားပေး ဆောင်ရွက်ရေး တောင်းဆိုခဲ့ကြပါတယ်။

အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ဝန်ကြီး ဂေါလန့်ကြား သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့တာ ကြာပြီလို့ သိရပါတယ်။

Ref:The Telegraph/BBC

အလ်-အဟ်ရာရ်

27 Oct, 09:18


အစ္စရေးမြို့တော် တလ်အဗီးဗ် မြောက်ပိုင်းရှိ ဂီလော့စစ်စခန်းဝင်ပေါက်တွင် အစ္စရေးစစ်သားများတင်ဆောင်လာသည့် ဘတ်စ်ကားအား ထရပ်ကားဖြင့် တိုက်ခိုက်မှုအတွင်း လူ50ဦးခန့်မနည်း ထိခိုက်ဒဏ်ရာရခဲ့။ အခြေအနေစိုးရိမ်ရသူများလည်းရှိသည်။

အလ်-အဟ်ရာရ်

26 Oct, 07:32


အီရန်နိုင်ငံရှိ ပစ်မှတ်၂၀ ခုအားတိုက်ခိုက်ပြီးနောက် အစ္စရေးတိုက်ခိုက်မှုအဆုံးသတ်ခဲ့။

အလ်-အဟ်ရာရ်

26 Oct, 02:58


အစ္စရေးက အီရန်မြို့တော် တီဟီရန်အား စတင်တိုက်ခိုက်လျက်ရှိနေသည်။

အလ်-အဟ်ရာရ်

25 Oct, 16:53


ဂါဇာရှိ ကမားလ်ဆေးရုံမှ အရပ်သားပြည်များအား အစ္စရေးအကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးပြီး အဝတ်မဲ့အနေထားဖြင့် ကွင်းပြင်တစ်ခုတွင် စုရုံးစေသည့်မှတ်တမ်းဖြစ်ပါတယ်။ ဖမ်းဆီးခံများအား မည်သည့်နေရာတွင်ခေါ်ဆောင်သွားသည်အားမသိရှိရပါ။

အလ်-အဟ်ရာရ်

23 Oct, 15:55


တူရကီပြည်ထဲရေးဝန်ကြီး ထုတ်ပြန်ချက်

တူရကီမြို့တော် အန်ကာရာရှိ အာကသနှင့်လေကြာင်းကုမ္ပဏီ အကြမ်းဖက်တိုက်ခံရမှုအတွင်း ၄ဦးရှဟီးဒ်ဖြစ်ခဲ့ပြီး ၁၄ဦးဒဏ်ရာရခဲ့။

အလ်-အဟ်ရာရ်

21 Oct, 15:04


ဂါဇာကျန်းမာရေးဝန်ကြီးဌာန အုပ်ချုပ်ရေးမှူး

- အစ္စရေးက ဆေးရုံတွေကို ဝန်းရံပိတ်ဆို့ထားပြီး အငတ်ဘေးကပ်ဆိုက်မှုကအန္တရာယ်ကြီးမားနေလျက်ရှိတယ်။

-ဆေးဝန်ထမ်းတွေဆီ အထောက်အပံ့တွေနဲ့ ဆေးရုံတွေမှာ လောင်စာတွေရဖို့ကြိုးစားနေလည်း အစ္စရေးကတားမြစ်ပိတ်ပင်လျက်ရှိနေတယ်။

-အစ္စရေးကပါလက်စတိုင်းပြည်သူတွေကို လူမျိုးတုဉ်းသတ်ဖြတ်မှုတွေပြုလုပ်နေပြီး ဂါဇာမြောက်ပိုင်းနေပြည်သူတွေကို ဝန်းရံပိတ်ဆို့လျက်ရှိတယ်။

-လွန်ခဲ့သော17ရက်အတွင်း ဂါဇာမြောက်ပိုင်းပြည်နယ်မှာ ရှဟီးဒ်ဖြစ်သူ 600ခန့်ရှိခဲ့တယ်။

-အစ္စ‌ေရးက ဂါဇာမြောက်ပိုင်းကို ဝန်းရံပိတ်ဆို့ထားပြီး ပြည်သူတွေကို နေရပ်စွန့်ခွါရေးပြုလုပ်နေတယ်။

-အစ္စရေးစစ်တပ်သည် အောင်ဝ်ဒဟ်ဆေးရုံကိုအလုံးစုံဝန်းရံထားပြီဖြစ်သည်။

- ‌လမ်း‌မ‌များမှာ လူသေလောင်းများ၊ဒဏ်ရာရသူများ ရှ်ိနေပြီး ဆေးရုံကားများပင်မရောက်ရှိနိုင်သေးအခြေအနေဖြစ်နေသည်။

အလ်-အဟ်ရာရ်

19 Oct, 00:46


ဟမားစ်ထုတ်ပြန်ချက်

-ခေါင်းဆောင်ဖြစ်သူ ယဟ်ယာစင်န်ဝါးရ်သည် ရှေ့တန်းတွင်ရွတ်ရွတ်ချွံချွံတိုက်ခိုက်ရင်း ရှဟီးဒ်ဖြစ်ခဲ့ရခြင်းဖြစ်သည်။

- အစ္စရေးဖမ်းဆီးခံများလွတ်မြောက်ရေးသည် ဂါဇာတွင် အပြစ်ရပ်စဲရေး၊ဂါဇာ‌ေမြမှအစ္စရေးစစ်တပ်များအပြီးတိုင်ဆုတ်ခွါခြင်းနှင့် ဖမ်းဆီးခံများထောင်ထဲမှလွတ်မြောက်မှ သာဖြစ်နိုင်မည်။

-ဟမာစ်သည် ပါလက်စတိုင်းနယ်မြေတစ်ခုလုံး လွတ်မြောက်ရေးရသည်အထိ တိုက်ပွဲဝင်တော်လှန်နေမည်။

-ခေါင်းဆောင်များရှဟီးဒ်ဖြစ်မှုသည် ဟမားစ်အား ခိုင်မြဲမှုအင်အားသာ တိုးလာစေသည်။

အလ်-အဟ်ရာရ်

18 Oct, 14:46


"လွန်ခဲ့သော နှစ်ပတ်အတွင်း" ဂါဇာမြောက်ပိုင်း၌ အစ္စရေးအကြမ်းဖက်စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ ၄၅၀ဦး‌ ထိ ရှဟီးဒ်ဖြစ်ခဲ့ရ။

အလ်-အဟ်ရာရ်

18 Oct, 12:10


ဟမားစ်ခေါင်းဆောင် ယဟ်ယာစင်န်ဝါးရ် ရှဟီးဒ်ဖြစ်သွားကြောင်း ဟမားစ်မှထုတ်ပြန်လာ။

အလ်-အဟ်ရာရ်

01 Oct, 16:16


ဒေါက်တာဇာကိရ်နိုက် ပါကစ်တန်သို့ရောက်ရှိနေပြီး နယ်ပယ်အသီးသီးမှ ပညာရှင်များမှ ကြိုဆိုကြောင်းထုတ်ဖော်ပြောနေကြပါတယ်။

ပါကစ်တန်ခရီးစဥ်ပထမရက်မှာတော့ မော်လာနာဖဿွ်လွလ်ရဟ်မားန် နဲ့တွေ့ဆုံခဲ့ပြီး အမျိုးသားလွှတ်တော်ကိုလည်း လည်ပတ်ခဲ့ပါတယ်။

အလ်-အဟ်ရာရ်

28 Sep, 11:45


ဟစ်ဇ်ဘွလ္လာဟ် ခေါင်းဆောင် ဟစန်နဆွ်ရွလ္လာဟ် အစ္စရေး လက်ချက်ကြောင့် ရှဟီးဒ်ဖြစ်သွားကြောင်း အစ္စရေးနှင့် ဟစ်ဇ်ဘွလ္လာဟ်တို့ ထုတ်ပြန်လာ။

အလ်-အဟ်ရာရ်

17 Sep, 16:20


ဘဝရဲ့ ပထမဦးဆုံးဘာသာပြန် စာအုပ်ရေးသားခြင်းက တမန်တော်မြတ်ရဲ့ စီရသ်နဲ့ပတ်သက်တဲ့စာအုပ်လေးဖြစ်နေခြင်းပါ။ အလ္လာဟ်အရှင်မြတ်ကို များစွာကျေးဇူးတင်ရှိပါတယ်။

စာအုပ်အကြောင်းကတော့ အမှာစာ၊ဖတ်ညွှန်းနဲ့မာတိကာကြည့်ရင်သိနိုင်ပါမည်။

တစ်ခုပြောလိုသည်က ဓမ္မကျင့်စဉ်လို့အမည်ပေးထားတာက အမလ်တွေ၊ကျင့်စဉ်တွေအကြောင်းရေးထားတယမဟုတ်ပါဘူး။ နိုင်ငံရေး၊လူမှုရေး စစ်ရေးနယ်ပယ်တွေမှာ တမန်တော်မြတ်ﷺရဲ့ ဆောက်ရွက်ချက်တွေကို အကျဉ်းဖော်ပြထားလို့ပါ။

မှာယူလိုပါက အောက်ပါဖုန်းနံပါတ် အားဆက်သွယ် မှာယူနိုင်ပါတယ်။ မြန်မာငွေ ၉၀၀၀ကျပ်ပါ။ လှူဒါန်းလိုသူများအတွက် သီးသန့်ဈေးရှိပါတယ်။

09962020585
09786278623
09697867868

အောက်ပါ အကောင့်မှတဆင့် မှာယူနိုင်ပါတယ်။

https://www.facebook.com/kaabhasan17?mibextid=ZbWKwL

Ossman Saeid

2,218

subscribers

560

photos

137

videos