Arsenal Myanmar @arsenalmyanmarofficial Channel on Telegram

Arsenal Myanmar

@arsenalmyanmarofficial


Arsenal Myanmar represents every Arsenal Supporter from Myanmar

Arsenal Myanmar (English)

Are you a die-hard Arsenal supporter from Myanmar? Look no further than Arsenal Myanmar, the official Telegram channel for all Gunners fans in the country. This channel represents the passionate community of Arsenal supporters in Myanmar, bringing together fans to share the latest news, updates, match analyses, and discussions about the club. Whether you're looking for transfer rumors, match highlights, player interviews, or just want to connect with fellow fans, Arsenal Myanmar has got you covered. Be a part of the vibrant community of Arsenal supporters in Myanmar and stay up-to-date with all things related to the club. Join Arsenal Myanmar today and show your support for the Gunners!

Arsenal Myanmar

23 Nov, 05:46


MATCH DAY!!!
ပရီးမီးယားလိဂ် ပွဲစဉ် (၁၂)

အာဆင်နယ် Vs နော့တင်ဟမ်ဖောရက်စ်

မြန်မာစံတော်ချိန် ယနေ့ည (၉) နာရီခွဲ။

ကစားမည့်ကွင်း - Emirates Stadium

ကွင်းလယ်ဒိုင် - Simon Hooper
VAR ဒိုင် - Darren England

Arsenal Myanmar

22 Nov, 13:47


🟥 နောက်ဆုံးရ ဒဏ်ရာအခြေအနေ

ဘန်ဝှိုက် လပေါင်းများစွာ နားရမည်။

တိုမီယဆုသည်လည်း ဒဏ်ရာရနေဆဲဖြစ်ပြီး ကစားနိုင်ဦးမည် မဟုတ်ပေ။

ကာလာဖီအိုရီသည် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်သည်။

ထရောဆာဒ်လည်း အဆင်ပြေပြီး ဆာကာနှင့် ဒက်ကလန်ရိုက်တို့သည်လည်း လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့သည်။

တစ်ဦးချင်း လေ့ကျင့်ခန်းအချို့ ပြန်ဆင်းနေနိုင်ပြီဖြစ်သည့် တီယာနေးသည်တော့ ကစားနိုင်ဦးမည် မဟုတ်ပေ။

Ref : Standard Sport
Wind Of Change

Arsenal Myanmar

22 Nov, 11:05


🟥 APT စည်းမျဉ်း၏ ပြန်လည်ပြင်ဆင်ချက်ကို အတည်ပြု

Arsenal Myanmar

22 Nov, 03:28


🎤 ဘယ်သူ့ဆီက ဘယ်အရာကို လိုချင်ကြလဲ ....

#Arsenal #Gunners #QuestionAndAnswer #ArsenalMyanmar

Arsenal Myanmar

21 Nov, 13:15


📍 ဗီအဲရာကြီးကတော့ နည်းပြဘဝကို လက်မလျှော့သေးဘဲ စီးရီးအေကလပ် ဂျီနိုအာနဲ့ ခရီးဆက်ပါဦးမယ်။

လောလောဆယ်တော့ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းနဲ့ တန်းဆင်းဇုန်တိုက်ပွဲ ဝင်ရဖွယ် ရှိနေပါတယ်။

ဂန္ထဝင်တွေထဲမှာတော့ KING အွန်နရီနဲ့ တိုနီအဒမ်တို့ကတော့ နည်းပြဘဝကို စောစောစီးစီး လက်လျှော့ရင်း ဝေဖန်သုံးသပ်သူဘဝမှာပဲ ပျော်မွေ့နေပါတယ်။

ဂျီနိုအာမှာ အဆင်ပြေပါစေ ကွင်းလယ်ဗိုလ်ချုပ်ဟောင်းကြီးရေ ...

EG

Arsenal Myanmar

21 Nov, 12:35


🟥 TEAM NEWS

> အာဆင်နယ်သည် လီအန်ဒရို ထရောဆာဒ်ကို စာချုပ်သစ် ချုပ်ဆိုမည် ဖြစ်သည်။

Ref : Daily Mail
Wind Of Change

Arsenal Myanmar

21 Nov, 07:16


🟥 ဗြိတိန်စီးပွားရေး‌အပေါ် ပေါင် ၁ ဘီလီယံဝက်လောက် အကျိုးပြုခဲ့သည့် အာဆင်နယ်

> အာဆင်နယ်အသင်းသည် ၂၀၂၂-၂၃ ရာသီတွင် ဗြိတိန်စီးပွားရေးအပေါ် ပေါင် ၁ ဘီလီယံဝက်လောက် အကျိုးပြုခဲ့သည်ဟု သိရသည်။

> အာဆင်နယ်သည် ဗြိတိန်တွင် အလုပ်အကိုင်ပေါင်း ၄၅၀၀ နီးပါး ပေးထားနိုင်ပြီး အစိုးရကို အခွန်ငွေ ပေါင်သန်း ၂၃၀ နီးပါး ရှာဖွေပေးနိုင်ခဲ့သည်။

> အာဆင်နယ်၏ အိမ်ကွင်းဖြစ်သည့် အမ်းမရိတ်ကွင်းသည်လည်း ကမ္ဘာနဲ့တဝန်းက ပရိသတ်ပေါင်း ၁.၆ သန်းလောက်ကို ဆွဲဆောင်ထားနိုင်ပြီး ဒေသတွင်းစီးပွားရေးကို မြှင့်တင်ပေးနိုင်ခဲ့သည်။

> အာဆင်နယ်သည် ယခုအခါတွင် အိမ်းမရိတ်ကွင်းကို ပရိသတ် ၈ သောင်းဆန့်ကွင်းဖြစ်အောင် တိုးချဲ့နိုင်ရန် ဒေသတွင်း အစိုးရ တာဝန်ရှိသူတွေနှင့် ကနဦးဆွေးနွေးမှုတွေ ပြုလုပ်နေပြီလည်း ဖြစ်သည်။

Ref : The Standard
Wind Of Change

Arsenal Myanmar

21 Nov, 06:36


🟥 NEWS IN BRIEF

> ဒေးဗစ် ကုထ်၏ အရှုပ်တော်ပုံ ပေါ်လာခဲ့သော်လည်း ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ် PGMOL သည် ဒိုင်လူကြီးများကို ဆေးစစ်သွားရန် အစီအစဉ် မရှိဟု သိရသည်။

Ref : The Telegraph
Wind Of Change

Arsenal Myanmar

21 Nov, 04:42


ထရိန်နင်မှာ
🪄🚀🎯

#GabrielJesus #Arsenal #Training #SkillAndGoal #ArsenalMyanmar

Arsenal Myanmar

21 Nov, 04:04


🤔 Isak or Gyokeres ... ?

EG

Arsenal Myanmar

21 Nov, 01:49


“ကျတော်ကြီးပြင်းလာချိန်မှာ အွန်နရီရဲ့ ကစားပုံဘယ်လောက် ကောင်းလဲဆိုတာ ပြောဖြစ် လေ့လာဖြစ်ပါတယ်။ ကျတော် သူ့ရဲ့ ခြေစွမ်းကို အွန်လိုင်းကနေ လေ့လာဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းပုံ၊ အဝေးကနေ ဂိုးသွင်းနိုင်စွမ်းတွေ့ ကြည့်ပြီး အားကျရတာပေါ့။ သူ့ကစားပုံက ကျတော် ဖြစ်ချင်တဲ့ ကစားဟန်ပါပဲ။ ဒါပေမယ့် ကျတော့အနေနဲ့ live ကြည့်ရတဲ့ ကစားသမားတွေက ဆန်းချက်နဲ့ အိုဇေးဖြစ်ပြီး သသတို့ဟာ ကျတော့ရဲ့ စံပြကစားသမားတွေဖြစ်ပါတယ်။”

“လက်ရှိမှာတော့ ဂျော်ဂျင်ညိုဟာ ကျတော်နဲ့ အနီးကပ်ဆုံး တွေ့ဆုံဆွေးနွေးဖူးတဲ့ စီနီယာဦးလေးကြီးဖြစ်ပြီး သူဟာ အသက်အရွယ်အားဖြင့် ကြီးသလို စိတ်အားလည်း အတော်လေး ထက်သန်ပါတယ်။ သူနဲ့ ဆုံတွေ့တိုင်း အမြဲကျတော့ကို အကြံကောင်း ဉာဏ်ကောင်း ပေးတာကြောင့် ကျတော် နောက်ပိုင်းကစားတဲ့အခါမှာ အများကြီး တိုးတက်အဆင်ပြေလာတာ ဖြစ်ပါတယ်ဗျာ။”

🗣️ အန်ဒရေ ဟာရီမန် အနောင့်စ်

ဒီကစားသမားလေးကတော့ ချီဒို အိုဘီ မာတင် မန်ယူပြောင်းသွားအပြီးမှာ U18 မှာ ဂိုးသွင်း ခြေစွမ်းပြနေတဲ့ လူငယ် တိုက်စစ်မှုးလေးဖြစ်ပါတယ်။ အနောင့်စ့်ဟာ လက်ရှိ U18 မှာ ၅ ပွဲကစား ၅ ဂိုးသွင်းထားပြီး အသက် ၁၆ နှစ်သာရှိသေးသလို အရပ်အမောင်း မြင့်မားတဲ့ တိုက်စစ်မှုးလေး ဖြစ်ပါတယ်။ မူလကတော့ ဒီကစားသမားဟာ တောင်ပံမှာ ကစားသူဖြစ်ပြီး နည်းပြ ဘီယာချယ်ဟာ ရှေ့တန်းမှာ ပြောင်းကစားစေချိန်မှာ အခုလို ဂိုးသွင်းထက်မြက်လာတာဖြစ်ပါတယ်။ အင်တာဗျူးတွေအရ ဂန်းနားသွေးလည်း ရှိသူဖြစ်တာကြောင့် ချီဒို အိုဘီလို ခြေစုံကန်မသွားဘဲ အသင်းမှာ အချိန်တခုရောက်ရင် အသင်းကြီးနဲ့ ပူးပေါင်းလာနိုင်ဖွယ် ရှိနေပါတယ်ဗျာ။

Ch@n-G

Arsenal Myanmar

20 Nov, 11:29


🗣️ LEGEND's TALK :

"ကျွန်တော်ကတော့ အာတေတာရဲ့ စိတ်ကူးစိတ်သမ်းတွေကို ကြိုက်ပါတယ်။ သူအသင်းကို စတင်ရောက်ရှိလာကတည်းက အခြေအနေဆိုးနေတဲ့အသင်းဟာ စတင်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။"

"ခက်ခဲတဲ့ ရာသီအချို့တော့ ဖြတ်သန်းခဲ့ရပေမဲ့ နောက်ဆုံး (၂) ရာသီမှာတော့ ထိပ်တန်းအသင်းတွေနဲ့ သူတင်ကိုယ်တင် ကစားနိုင်ပြီး ချန်ပီယံဆုနဲ့ အနီးကပ်ဆုံး အနေအထားအထိ ရောက်လာခဲ့ပါတယ်။"

"ဒီနှစ်ရာသီမှာလည်း ထိပ်တန်း (၂) သင်းနဲ့ အပြိုင်လုရမှာ ဖြစ်ပေမဲ့လည်း ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်တွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ထိုက်တန်နေပါပြီ။"

- ဒင်းနစ် ဘာ့ဂ်ကမ့်

Ref : Arsenal
EG

Arsenal Myanmar

19 Nov, 10:23


📍 ဗယ်ဗာဒီ အာဆင်နယ် ရောက်လာခဲ့ချိန်

Arsenal Myanmar

19 Nov, 07:12


🟥 လိ-င် အ-ကြမ်း-ဖက်-မှုနှင့် စွဲချက်တင်ခံရသူ မည်သူကိုမဆို အလုပ်ဆက်လုပ်ခွင့် မပေးရန် အာဆင်နယ်ကို ပရိသတ်များ တောင်းဆို

> အာဆင်နယ်ပရိသတ်များသည် အားကစားနယ်ပယ်အတွင်း လိ-င် အ-ကြမ်း-ဖက်-မှုနှင့် ပတ်သက်၍ စိုးရိမ်စရာ အခြေအနေများအတွက် ကလပ်အသင်းကို အိတ်ဖွင့်ပေးစာ ပို့ခဲ့သည်။

> အဆိုပါ အိပ်ဖွင့်ပေးစာကို လိ-င် အ-ကြမ်း-ဖက်-မှုကို ဆန့်ကျင်သည့် အာဆင်နယ် ပရိသတ်များအဖွဲ့က ဦးဆောင်၍ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ပရိသတ်ပေါင်း ၇ ထောင်ကျော်က လက်မှတ်ရေးထိုးထားသည်။

> အဓိကအားဖြင့် လိ-င် အ-ကြမ်း-ဖက်-မှုနှင့် စွဲချက်တင်ခံထားရသူ၊ စုံစမ်းစစ်ဆေးခြင်းခံရသူ မည်သူကိုမဆို ဝန်ထမ်းဖြစ်ပါက အလုပ်ဆက်လုပ်ခွင့် မပေးရန်၊ ကစားသမားဖြစ်ပါက လူစာရင်းတွင် ထည့်သွင်းကစားခြင်း မပြုရန် အာဆင်နယ်အသင်းကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Ref : The Athletic
Wind Of Change

Arsenal Myanmar

18 Nov, 10:14


📍 အီဒူးနေရာ အစားဝင်မယ်လို့ နာမည်ကြီးလာတဲ့ PSG ဘောလုံးအကြံပေး လူးဝစ် ကမ်ပို့စ်ရဲ့ နာမည်ကျော် ခေါ်ယူမှုအချို့။

Ref: Sky Sports
EG

Arsenal Myanmar

18 Nov, 06:21


🟥 အာဆင်နယ်နှင့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုမည့် ဝမ်နရီ

> ဆယ်ကျော်သက် လူငယ်ကြယ်ပွင့်လေး အီသန် ဝမ်နရီသည် အာဆင်နယ်နှင့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုတော့မည် ဖြစ်သည်။

> အသက် ၁၇ နှစ်သားလေးသည် တစ်ပတ်လုပ်ခ ပေါင် ၆ သောင်း ရရှိသွားမည်ဖြစ်ပြီး မန်ယူက ယိုရိုနှင့် စပါးက အာချီ ဂရေးတို့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ တတိယမြောက် လစာအမြင့်မားဆုံး ဆယ်ကျော်သက် ကစားသမား ဖြစ်လာမည်ဟု သိရသည်။

> သို့သော် ဗြိတိန်၏ အလုပ်သမားဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ပရော်ဖက်ရှင်နယ် အလုပ်စာချုပ် ချုပ်ဆိုခွင့်ရှိသည့်အတွက် ဝမ်နရီအနေနှင့် ၂၀၂၅ ခုနှစ်၊ မတ်လရောက်မှသာ စာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးနိုင်မည် ဖြစ်သည်။

Ref : TEAMtalk
Wind Of Change

Arsenal Myanmar

18 Nov, 02:19


🟥 အာဆင်နယ်သည် အီဒူးနေရာ အစားထိုးရန်အတွက် PSG အသင်း၏ လူးဝစ် ကမ်ပို့စ်ကိုလည်း ထည့်သွင်းစဉ်းစားထားသည်။

Ref : Sky Sports
Wind Of Change

Arsenal Myanmar

16 Nov, 02:10


📍 ဂန်းနားဟောင်း လာကာဇက်နဲ့ မစ်လန်း-နိုင်းစ်တို့ ကစားနေတဲ့ လီယွန်အသင်းကတော့ ဘဏ္ဍာရေးပြဿနာတွေကြောင့် တန်းဆင်းခဲ့ရသလို အပြောင်းအရွှေ့လည်း ပိတ်ပင်ခံလိုက်ရပါတယ်။

Ref: The Athletic
EG