အစ်မကေကေမွေးနေ့ ကမ်ပိန်းငွေရှင်းတမ်း၊ ၇၉ သိန်းစွန်းစွန်းရရှိခဲ့။ လက်ရှိ အာရှလမ်းမှာ တို-က်ပွဲဆင်နွှဲနေတဲ့ KNDO အထူးတပ်ရင်း ဂျိုကာစ-စ်ကြောင်းမှ ရှေ့တန်းရောက်ရဲဘော်တွေအတွက် တာရှည်ခံဟင်းအမယ် ၄ မျိုး (ကြက်ကြော် ကီလို ၂၀၀၊ ဝက်ကြော် ကီလို ၂၀၀၊ အမဲကြော် ကီလို ၂၀၀၊ ပုဇွန်ခြောက်ကြော် ကီလို ၆၀) ကို ကြော်လှော်ထုပ်ပိုး ပို့ဆောင်နိုင်စေဖို့ ရက်တိုကမ်ပိန်း ကျွန်တော်ပြုလုပ်ခဲ့ရမှာ မိတ်ဆွေ ၄၉ ဦး လာရောက်ပါဝင်ထောက်ပံ့၍ မြန်မာငွေ ၇,၉၃၃,၇၅၀ (ခုနှစ်ဆယ့်ကိုးသိန်း သုံးသောင်းသုံးထောင် ခုနှစ်ရာ့ ငါးဆယ်) ကျပ်တိတိ လက်ခံရရှိခဲ့ပါတယ်။ ပါဝင်ထောက်ပံ့ခဲ့ကြသည့် လုံခြုံရေးမထိခို-က်စေသော အမည်နှင့် ငွေအမောက်အတိအကျစာရင်းများအား ယခုပို့စ်ရဲ့ Comment ထဲမှာ နေ့စွဲအမှတ်စဥ်များနှင့်တကွ ပူးတွဲဖော်ပြပေးထားပါတယ်။ ပါဝင်ထောက်ပံ့သူများအနေနဲ့ မိမိအမည်စားရင်း မပါဝင်တာမျိုး ငွေအမောက်မှားယွင်းဖော်ပြမှုမျိုးတွေ ရှိခဲ့ပါက ယခုပို့စ်ထဲမှာပင် ဝင်ရောက်အသိပေးနိုင်ပါတယ်ခင်ဗျာ။ ဂုဏ်ပြုမှတ်တမ်းလွှာလေးတွေတော့ စောင့်ပေးကြပါဦးနော်။
▪️ကျွန်တော်ပြုလုပ်တဲ့ ကမ်ပိန်းက ပြီးဆုံးသွားပြီဆိုပေမယ့် လုံလောက်တဲ့ပမာဏတော့ မရရှိသေးပါဘူး။ ရဲဘော်တွေက အင်အား ရာချီရှိတာမို့ နောက်ထပ်အထောက်အပံ့တွေ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ထပ်မံ ပါဝင်ချင်သူများ ရှိလာခဲ့ပါက အစ်မ Kay Kay ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကိုသွားရောက်ပြီး တို-က်ရို-က်ပါဝင် ထောက်ပံ့လို့ရပါတယ်။▪️
ရရှိငွေစာရင်း
ဖေဖော်ဝါရီ ၂၀ ရက် (၁၂ ဦး) _ ၅၇၃,၇၅၀
ဖေဖော်ဝါရီ ၂၁ ရက် (၁၃ ဦး) _ ၅,၅၇၃,၀၀၀
ဖေဖော်ဝါရီ ၂၂ ရက် (၁၅ ဦး) _ ၁,၁၂၂,၀၀၀
ဖေဖော်ဝါရီ ၂၃ ရက် (၉ ဦး) _ ၆၆၅,၀၀၀
. ---------------------------------
စုစုပေါင်း (၄၉ ဦး) ၇,၉၃၃,၇၅၀ ကျပ်
ယခုကမ်ပိန်းနှင့်ပတ်သက်ပြီး ငွေကြေးဖြင့် ပါဝင်ထောက်ပံ့ခဲ့သူများအပြင်၊ ကမ်ပိန်းပို့စ်များအား ရိချ်တက်စေအောင် R.C.S လုပ်ဆောင်ပေးခဲ့သူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို မွေးနေ့ရှင်အစ်မကေကေနှင့် KNDO ဂျိုကာစစ်ကြောင်းက ရဲဘော်များကိုယ်စား ကျွန်တော် အေအန်န်အမ်မ်တီ (အာနိုးမျိုးတင့်) မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။
Facebook Post
https://www.facebook.com/share/p/1Z4HsyjJAp/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8498