Últimas Postagens de အေအန်န်အမ်မ်တီ (@anmtarnoldmyotint) no Telegram

Postagens do Canal အေအန်န်အမ်မ်တီ

အေအန်န်အမ်မ်တီ
အကူအညီပေးသောလက်များဟာ
ဘုရားစာရွတ်ဆိုသောပါးစပ်များထက်
ပို၍မြင့်မြတ်တယ်။
16,981 Inscritos
5,701 Fotos
441 Vídeos
Última Atualização 01.03.2025 04:11

Canais Semelhantes

PVTV Myanmar
16,106 Inscritos
Than Lwin Times
15,720 Inscritos

O conteúdo mais recente compartilhado por အေအန်န်အမ်မ်တီ no Telegram


Voice of PDF က ကိုမောင် ဖြေရှင်းတယ်ဆိုတဲ့ရုပ်သံမှာရော တွဲလျက်စာဖိုင်မှာရော လိုအပ်ချက်တွေ အများကြီးရှိနေတာကို တွေ့ရတယ်၊ စာရင်းရှင်းတယ်ဆိုတာ အဲ့လိုရှင်းလိုက်ရုံနဲ့ ရာနှုန်းပြည့်မှန်ကန်မနေပါဘူး။ ပုဂ္ဂိုလ်စွဲအမြင်ရှိတဲ့သူတွေကတော့ ကိုမောင်ရဲ့ဖြေရှင်းချက်က ပြည့်စုံတယ်လို့မြင်ကြလိမ့်မယ်၊ ဒီလူတွေက စာရင်းမကိုင်ဘူးတဲ့သူ စာရင်းမစစ်တတ်သူတွေသာ ဖြစ်ပါလိမ့်မယ်။ လောလောဆယ်တော့ ဒါပဲပြောချင်ပါသေးတယ်၊ ထုတ်ဖော်ပြောကြားသူဘက်က နောက်ထပ် ဘယ်လိုတွေတင်ပြလာဦးမလဲဆိုတာကို တစ်ချက်စောင့်ကြည့်ပါဦးမယ်။ ကျွန်တော် မစွပ်စွဲဘူးနော်၊ ဖြေရှင်းချက်မှာ ဘာတွေလွဲနေတယ်ဆိုတာ video file အောက်က မှတ်ချက်တွေကိုသာဖတ်ကြည့်ပေါ့။

Naing Kaung Khant အကောင့်မှ စပြီး လူထုထံတင်ပြလာ ရုပ်သံဖိုင်...
https://www.facebook.com/share/v/1H1WGjm5yJ/

Voice Of PDF (ကိုမောင်) ဘက်မှ ဖြေရှင်းတယ်ဆိုတဲ့ ရုပ်သံဖိုင်...
https://www.facebook.com/share/v/153LH3J9ih/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8506

"ပြည်သူ့ကာကွယ်ရေးတပ်" လို့ အမည်တပ်ထားပြီး ငွေတွေလိ-မ်လည် အလှူခံနေတဲ့ ပေ့ချ်တစ်ခုမှာ Like 23,000 ကျော်နဲ့ Follow 61,000 ကျော် ရှိနေပါတယ်။ အဲ့ဒီအထဲမှာ ကျွန်တော့်မိတ်ဆွေများစွာရှိနေပြီး ပို့စ်တော်တော်များများကလည်း ရိချ်ရောက်နေပါတယ်။ ဘာဖြစ်လို့ လူလိ-မ်ပေ့ချ်ဖြစ်ကြောင်း အခိုင်အမာပြောရသလဲဆိုရင်...

၁။ "ပြည်သူ့ကာကွယ်ရေးတပ်" နာမည်ပေးထားပေမယ့် Nickname မှာကျတော့ ပြည်သူကာကွယ်ရေးတပ်ထောက်ပို့ ဟု ထည့်သွင်းထားခြင်း။

၂။ Page Review ပေးခွင့်ပိတ်ထားခြင်း၊ (စစ်မှန်တဲ့ ဘယ်အဖွဲ့အစည်း ပေ့ချ်မဆို မိမိရဲ့ပေ့ချ် လူအများဆီပျံ့နှံစေဖို့၊ Recommend ကောင်းကောင်းလေးတွေရရှိဖို့ Page Review တွေကို ခခယယတောင်းနေရတဲ့အချိန်၊ အခုလို Review ပိတ်ထားခြင်းက လူလိ-မ်ပေ့ချ်တွေမှာသာ အများဆုံးတွေ့ရတတ်ပါတယ်)

၃။ ပေ့ချ်ရဲ့ ပထမဦးဆုံးနာမည်က People Defense Force ၊ ဒုတိယနာမည်က ထောက်ပို့တပ်ဖွဲ့ ၊ ဒါတွေပြီးမှ ယခုနာမည်ကို ထပ်မံ့ပြောင်းလဲထားခြင်း။

၄။ အလှူသာခံပြီး ငွေရှင်းတမ်းနှင့် ပေးပို့ထောက်ပံ့လိုက်သည့် မှတ်တမ်းလွှာများ တင်ပြမှုမရှိခြင်း။

၅။ "လာလှူသူရှိမှ ထောက်ပံ့လို့ရမည်"ဟု ချေပေထားပေမယ့် ပေ့ချ်စတင်တည်ထောင်တဲ့ခုနှစ်က ၂၀၂၁ ခုနှစ်ဖြစ်နေခြင်း။ (ဖော်လိုဝါ ၆ သောင်းကျော်ရှိတဲ့ပေ့ချ်၊ သက်တမ်း ၄ နှစ်ကျော်ရှိတဲ့ပေ့ချ်ရဲ့ စော-က်တလွဲချေပချက်)

၆။ လုပ်ဆောင်ချက် ဘာတစ်ခုမှရှိမနေပဲ အွန်လိုင်းမှာ တွေ့သမျှပုံတွေ ပြန်ယူ၊ အရည်အသွေးနိမ့်ပါးသော တစ်ရာဖိုး သုံးပုဒ်ပို့စ်များတင်နေခြင်း။

၇။ အခြားတပ်ရင်း logo များပါရှိနေသည့် ဓါတ်ပုံများကို ပို့စ်တင်ထားပြီး သူတို့ထောက်ပို့ထားတဲ့အဖွဲ့ကလိုလို ရေးသားနေခြင်း။

၈။ သတင်းမီဒီယာဌာနတွေမှာ တင်ပြထားတဲ့ သတင်းအချက်အလက်တွေကို မူရင်းအတိုင်း ပြန်လည် copy ယူ ဖော်ပြနေခြင်း။

၉။ တပ်ရင်းအဖွဲ့အစည်းနာမည်တွေ ထုတ်မပြောပဲ ရက်ခြားတခါလောက် အလှူခံနေခြင်း၊ လာလှူကြဖို့ဖိတ်ခေါ်နေခြင်း။ (ဥပမာ တပ်ရင်းတစ်ခုအတွက် စောင်တွေလိုအပ်နေလို့ လာလှူပေးကြပါ ဆိုတာမျိုး၊ ဘယ်အဖွဲ့အတွက်ရယ်လို့ နာမည်မတပ်တာမျိုး)

၁၀။ မျက်ရည်ချူသည့်ပို့စ်များ မကြာမကြာတင်ပြီး Like နဲ့ ဖော်လိုဝါ တော-င်းစားနေခြင်း။

၁၁။ သူတို့အဖွဲ့ ပြန်လည်ပေးအပ်တဲ့ ဆာတီမှတ်တမ်းပို့စ်တောင် တစ်ပို့စ်ပဲရှိပြီး ထိုပို့စ်မှာမှ ၅ စောင်ပဲရှိနေခြင်း၊ အဖွဲ့အစည်းရဲ့ တာဝန်ရှိသူနာမည်နှင့် လက်မှတ်မပါခြင်း။

၁၂။ ပေ့ချ်ခေါင်းစဥ်နဲ့သက်ဆိုင်သည့် လိုဂိုအမှတ်တံဆိပ် အကြောင်းအရာ အချက်အလက် ဘာတစ်ခုမှ မယ်မယ်ရရ ရှိမနေခြင်း။

၁၃။ ပို့စ်တစ်ခုတွေ့လိုက်တယ်၊ ဧရာဝတီတိုင်းအတွက် ငွေကောက်ခံထားပြီး၊ ရရှိငွေများကို ဧရာဝတီတိုင်းက အဖွဲ့တစ်ခုကို သွားရောက်ချိတ်ဆက်ပို့ဆောင်တဲ့အခါမှာ တဖက်က "ဟုတ်"တစ်လုံးပဲ စာပြန်လို့ ထိုငွေတွေကို မပို့ဖြစ်တော့ကြောင်း၊ လှူထားသူတွေကို ငွေပြန်အမ်းမည်ဖြစ်ကြောင်း ရေးတင်ထားတယ်။ အဲဒါကလည်း သူတို့ပေ့ချ်ကို လူလိ-မ်တွေဆိုပြီး နာမည်ထွက်လာတော့မှာ ဧရာဝတီတပ်ရင်းတစ်ခုဆီ စာသွားပို့ပြီး SS တင်ပြတဲ့သဘော။ တကယ့်တကယ်က အလှူမခံခင်ကတည်းက မိမိပေးပို့မယ့်အဖွဲ့နဲ့ အချိတ်အဆက်လုပ်ထားရမယ်၊ ခွင့်ပြုချက်တောင်းရမယ်။ အခု ဟိုက လူလိ-မ်အဖွဲ့မှန်းသိလို့ စော-က်ဖတ်တောင်မလုပ်သွားဘူး။

ဒီအချက်တွေကြောင့် ထိုပေ့ချ်ကို လူလိ-မ်ပေ့ချ်ဖြစ်ကြောင်း တပ်အပ်ပြောဆိုပါတယ်။ Like & Follow လုပ်ထားသူတွေအနေနဲ့ အခုပဲ ပြန်ဖြု-တ်ကြဖို့ တို-က်တွန်းချင်ပါတယ်။ ပြီးတော့ ထိုပေ့ချ်က ပို့စ်တွေမှာ Like ပေးခဲ့တာမျိုးတွေရှိနေရင်လည်း ပြန်စစ်ဆေးပြီး ဖြု-တ်ချပေးကြဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့နီးစပ်သူတွေက ကိုယ့်ရဲ့ Like & Follow ကို မြင်ပြီး အယုံလွယ်တတ်ကြတာမျိုးတွေ ရှိလို့ပါခင်ဗျာ။

#အေအန်န်အမ်မ်တီ

လူလိ-မ်ပေ့ချ် link ပါ....👇
https://www.facebook.com/share/15zVCKNVrx/

"ပြည်သူ့ကာကွယ်ရေးတပ်" လို့ အမည်တပ်ထားပြီး ငွေတွေလိ-မ်လည် အလှူခံနေတဲ့ ပေ့ချ်တစ်ခု...

Facebook Post
https://www.facebook.com/share/p/16EYVzc2MV/

လူလိ-မ်ပေ့ချ် link ပါ....👇
https://www.facebook.com/share/15zVCKNVrx/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8505

အညာဒေသမှာ တကယ်အလုပ်လုပ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေက မိတ်ဆွေတို့ရဲ့ကူညီမှုကို မျှော်လင့်နေကြပါတယ်။ ဒီကမ်ပိန်းလင့်ခ်တွေမှာ ငွေကြေးမတတ်နိုင်ရင်တောင် RCS ကူပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

၁။ "Save 57" ကမ်ပိန်းကတော့ အညာဘက်က Meeဘေးသင့်အိမ်ထောင်စုရာကျော်အတွက် တစ်အိမ်ကို ၅သိန်းနှုန်း ထောက်ပံ့မယ့် ကမ်ပိန်းလေး...
https://www.facebook.com/share/p/18Fh1tdrjW/

၂။ အညာဒေသအတွက် "မေတ္တာ ရိက္ခာ"...
https://www.facebook.com/share/p/15mRLJHXp6/

၃။ "နှစ်သစ်လက်ဆောင် ကျ-ည်ငါးထောင်"အတွက် ဒီမှာကူ...
https://www.facebook.com/share/p/1GmDvdNUhm/

၄။ "မြေလတ်တခွင် အောင်ပွဲဆင်" မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်း Wolf တပ်ရင်းမှာကူ...
https://www.facebook.com/share/p/1Lj1wbAkk9/

၅။ "အညာလေပြေ ကမ်ပိန်း"၊ မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း ပေ့ချ်မှာကူ...
https://www.facebook.com/share/p/1AURp3WDWQ/

၆။ အညာဒေသ စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ချင်ပါက We are People အဖွဲ့ပေ့ချ်မှာကူ...
https://www.facebook.com/share/p/1DkcBxiHRj/

၇။ "အောင်ပန်းဝေစေ ရှင်မတောင်မြေ"၊ ပခုက္ကူခရိုင် ရေစကြိုတပ်ပေါင်းစုအတွက် ဒီပေ့ချ်မှာကူ...
https://www.facebook.com/share/p/1DE1G3iAQf/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8503

သိန်းဒံမက မနေ့က လိုင်းပေါ်တက်ကြွယ်တယ်၊ သူ့ရဲ့အကောင့် ဘလူးမတ်လျှောက်တာ ရသွားပါပြီ၊ နောက်ထပ် အကောင့်ထပ်မကျတော့ပါဘူး ဘာပုတယ်ညာပုတယ်ပေါ့။ ဟော... အခုမနက်ပဲ ဘလူးမတ်အကောင့်ချည်း ထပ်ပလုံသွားပြီ။ ဘယ်သူလုပ်တာလဲ မေးဦးမလား...?

ပထမတစ်ခါ သူ့အကောင့် ဘလူးမတ်လျှောက်တုန်းက နည်းပညာလည်းစိုက်ထုတ်ပေးရတဲ့အပြင် ဘလူးမတ်ကြေးပါ သုံးလေးလလောက် ဖလာချီချည်း စိုက်ပေးထားရတဲ့သူကို "TaKhoe ပါ.., လူလိ-မ်ပါ"ဆိုပြီး သိန်းဒံမယု-တ်မာတာခံခဲ့ရတဲ့ နည်းပညာသမားကိုက စိ-န်ခေါ်ပြီးတော့ကို ဖြု-တ်ချပစ်တာ။ ဘလူးမတ်အကြွေးတွေကို မသိချင်ယောင်ဆောင်တဲ့အပြင် ဒလန်ပါဆိုပြီး သိန်းဒံမက UG တွေဆီ သတင်းလိုက်ပေးသေးတာနော်။

အခုနောက်ပိုင်း သိန်းဒံမရဲ့အကောင့်မှန်သမျှကို ဖြုတ်ချပေးခြင်းက မြန်မာပြည်တင်မဟုတ် တကမ္ဘာလုံးကိုပါ ကယ်တင်ရာရောက်တာမို့ ကျေးဇူးတင်လိုက်တာ ကို Myo Myint Myat ရယ်....😌

လူတကာကို မဟုတ်တ-မ်းလျားတွေပြော၊ တရားswalမယ်တွေ၊ လျော်ကြေးတောင်းမယ်တွေ၊ သိန်းပေါင်း ဘယ်လောက်တောင်းမယ်ဆိုတဲ့ သိန်းဒံမရဲ့ လက်ရှိအနေအထားက၊ သူ့ကိုပြန်ပြီး တရားSwal လျော်ကြေးတောင်းမယ့် လူအုပ်ကြီးကို တန်းစီခိုင်းလိုက်ရင်တောင် နောင်ပွင့်မယ့် အရိမေတ္တေယျဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့အချိန်အထိ အဲ့ဒီလူတန်းကြီးက မကုန်လောက်သေးဘူး။

သူ့ကို တရားSwalဖို့ တန်းစီတဲ့အထဲမှာ ဂေါတမမြတ်စွာဘုရားနဲ့ အရိမေတ္တေယျဘုရားတောင် ပါချင်ပါနေမှာ။ ဒီကော-င်မက ဘုရားကိုတောင် မတရားဘူးတွေ၊ ဘက်လိုက်တယ်တွေ၊ အကျင့်ယု-တ်တယ်တွေဆိုပြီး Live လွှင့် ဖောင်းထုခဲ့သေးတာ..., ဒီဖေ....🙂

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8502

အညာဒေသမှာ တကယ်အလုပ်လုပ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေက မိတ်ဆွေတို့ရဲ့ကူညီမှုကို မျှော်လင့်နေကြပါတယ်။ လက်ရှိ ကျွန်တော့်ကို အကူအညီတောင်းထားတဲ့ ဒီကမ်ပိန်းလင့်ခ်တွေမှာ ငွေကြေးမတတ်နိုင်ရင်တောင် RCS ကူပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

၁။ "နှစ်သစ်လက်ဆောင် ကျ-ည်ငါးထောင်"အတွက် ဒီမှာကူ...
https://www.facebook.com/share/p/1GmDvdNUhm/

၂။ "မြေလတ်တခွင် အောင်ပွဲဆင်" မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်း Wolf တပ်ရင်းမှာကူ...
https://www.facebook.com/share/p/1Lj1wbAkk9/

၃။ "အညာလေပြေ ကမ်ပိန်း"၊ မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း ပေ့ချ်မှာကူ...
https://www.facebook.com/share/p/1AURp3WDWQ/

၄။ အညာဒေသ စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ချင်ပါက We are People အဖွဲ့ပေ့ချ်မှာကူ...
https://www.facebook.com/share/p/1DkcBxiHRj/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8501

အညာကို ဘာဖြစ်လို့ရှုပ်တယ်လို့ ပြောကြတာလဲ...? ရှုပ်နေတာပဲဆိုတဲ့နေရာမှာ ခင်ဗျားတို့ရှိနေပြီး ရှင်းနေအောင်လုပ်ပေးလို့ မရကြဘူးလား...? ပြည်သူကလည်း Smart ကျတဲ့ တပ်တွေကိုမှ ပိုပြီးထောက်ပံ့ပေးချင်ကြတာပါ။ အညာလို မပြည့်စုံတဲ့နေရာကို ပိုပြီး ထောက်ပံ့ဖို့လိုပါတယ်။

အညာဘက်ကရဲဘော်တွေဟာ တော်လှန်ချင်တဲ့စိတ်ကလွဲရင် ကျန်တဲ့အရာတွေမှာ အကုန်အားနည်းပါတယ်။ လက်ရှိကာလမှာ ပြည်သူတွေရဲ့ ကိစ္စမှန်သမျှကို ရဲဘော်တွေကပဲ ဖြေရှင်းစီစဥ် ဆုံးဖြတ်ချက် ချပေးနေကြတာကြောင့် အမှားတွေအများကြီးနဲ့ ပြဿနာမျိုးစုံတက်နေကြရတာပါ။

အညာမှာ လူသိများတဲ့ တော်လှန်ရေး cele တွေ အရမ်းရှားပါတယ်။ အဲ့တော့ တပ်တွေအနေနဲ့ တပ်ရဲ့ကုန်ကျငွေတွေအတွက် ပြင်ပစီးပွါးရေးတွေ လုပ်ကြပါတယ်။ အညာဆိုတဲ့ ပူပြင်းလွန်းတဲ့အရပ်မှာ ဘာစီးပွားရေးတွေများ လုပ်လို့ရမှာလဲ...? "အညာဒူဘိုင်း"ဆိုတာလည်း တော်လှန်ရေးမတိုင်ခင်ထဲက ရှိနေတဲ့နေရာကြီးတစ်ခုပါ။ (NUGရဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင်သွားကြည့်ပြီး လုပ်လို့ရတဲ့စီမံကိန်းတွေ အများကြီးကိုရှိနေတာပါ)။ ကျွန်တော်ကိုယ်တိုင် ရောက်ခဲ့တဲ့နေရာမို့ အသေးစိပ်ကို ရေးမပြချင်ပေမယ့် Social မှာ ပျံ့နှံ့နေတဲ့ကိစ္စတွေကြောင့် အခုထိခိုက်နေတာ ပြည်သူတွေပါ။

မျိုးစုံနေအောင် ကြပ်တည်းနေတဲ့ကာလကြီးမှာ အခုဆိုရင် လေယာ-ဥ်နဲ့ ဆက်တိုက်လာလုပ်နေတာမို့ ပြည်သူတွေ ဒုက္ခထပ်ရောက်နေကြပါပြီခင်ဗျာ။ အဲ့နေရာက ရေနံတွင်းတိုင်းကိုလည်း တော်လှန်ရေးသမားတွေ ပိုင်မနေကြပါဘူး။

အညာရဲ့ အခင်းအကျင်းက တကယ့်ကို ကိုင်တွယ်ရတာခက်ပါတယ်။ ဒါပေမယ့် ပြည်သူနဲ့ ရဲဘော်တွေရဲ့ တော်လှန်လိုစိတ်တွေက အရမ်းကို ထက်သန်ပါတယ်။ ဒီနေ့အထိကို အညာပြည်သူတွေဟာ နှစ်ဖက်လုံးရဲ့ကြားမှာ အလူးအလဲခံနေရတာတောင်မှ တော်လှန်ရေးကို စိတ်မပျက်ကြပါဘူး။

ကျွန်တော်တို့တတွေက ပြည်သူကိုမျက်နှာမူရမှာပါ။ လူတွေဘယ်လောက်ပဲ စိတ်ဓာတ်ပြောင်းနေပါစေ.., ကိုယ်က မပြောင်းလဲတဲ့စိတ်နဲ့ ပြည်သူနဲ့တသားထဲနေပြီး တော်လှန်မယ်ဆိုရင် အညာမှာ နေရတာ ပျော်ဖို့ကောင်းပါတယ်။ အဝေးကနေ မကောင်းဘူးပြောမယ့်အစား ပြင်ပေးလို့ရမယ့်နည်းလမ်းကို ကူရှာပေးကြပါ။

သူတို့နိုင်သလောက်အားနဲ့ ရွေ့နေကြတဲ့အချိန်မှာ တက်သိနားလည်တဲ့သူတွေက ထိန်းသိမ်းကူညီပေးကြရမယ့်အစား ဝေဖန်အပြ-စ်တင်တာတွေပဲ လုပ်မနေကြပါနဲ့ဗျာ။ အညာကိုလာပါလို့ခေါ်ရင် "Tayမှာ ကြော-က်တယ်"လို့ ပြောကြလို့၊ ခင်ဗျားတို့ ညံ့ရင်တော့ အသက်ဆုံးရှုံးမှာပါ။

Nay Shine

မူရင်းပို့စ်... https://www.facebook.com/share/p/1CA7rqU73r/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8500

တော်လှ-န်ရေးကာလတလျှောက် စကစဒေါ-က်တိုင်တွေကလွဲပြီး မိမိကြောင့် အခြားဘယ်သူမှမထိခို-က်စေဖို့က ကျွန်တော့်အတွက် ပထမဦးစားပေးဆုံးအရာပါ။ ဆိုလိုချင်တာက တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြောရရင် ယခုအချိန်အထိ လွတ်မြောက်နယ်မြေရယ်လို့ ရာနှုန်းပြည့် ဘယ်နေရာမှ မရှိသေးပါဘူး၊ လေယာ-ဥ်ဒ-ဏ်ကို မြို့ပြကြီးတွေမှလွဲလို့ အခြားနယ်မြေဒေသအစုံ လှိမ့်ခံနေရပြီး ခံရပုံခြင်း အနည်းနဲ့အများသာ ကွာခြားပါတယ်။

လွတ်မြောက်နယ်မြေရယ်လို့ ရာနှုန်းပြည့်မသေချာသေးတဲ့အချိန် ကိုယ်တွေ တော်လှ-န်ရေးဘက်အခြမ်းမှာ ဟောပြောပွဲ​တွေ ပျော်ပွဲရွှင်ပွဲတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ၊ အဓိကကတော့ မင်္ဂလာဆောင်တဲ့ပွဲတွေကို လူသိရှင်ကြား မပြုလုပ်တာက ပိုပြီးလုံခြုံစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရ-န်သူဆိုတာ အနီးအနားလေးမှာပဲ ရှိနေတတ်ကြသလို၊ မိမိနယ်မြေထဲ တဖြည်းဖြည်းနဲ့စိမ့်ဝင်လာကြတဲ့ သပ်လျှိုတွေလည်း ရှိနေတတ်ကြပါတယ်။ ဒီလိုဖြစ်စဥ်တွေကို အခြားနေရာဒေသတွေထက် အညာဒေသမှာ ခဏခဏကြုံရကြားရတတ်တယ်။ အခုနောက်ပိုင်း အညာဟာ နေ့စဥ် လေယာ-ဥ်အကြဲခံနေရပါတယ်။ နေ့စဥ်ပြည်သူတွေ အသ-က်ဆုံးရှုံးနေရပါတယ်။

ယနေ့ (၂၀၂၅၊ ဖေဖော်ဝါရီ ၂၅) မနက်ပိုင်းလောက်မှာပဲ အညာဘက်က ဘု-န်းကြီးကျော-င်းတစ်ခု စု-တ်ပြ-တ်သ-တ်နေအောင် လေယာ-ဥ်အကြဲခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာပွဲကျင်းပနေလို့တဲ့။ ချက်ပြုတ် စားသောက်နေကြတဲ့အချိန် ဖြစ်တာကြောင့် ပွဲကိုတက်ရောက်သူတွေ ချက်ပြုတ်နေသူတွေ တော-က်တော-က်လဲ Tayကြတယ်လို့ သတင်းဖတ်လိုက်ရတယ်။ အခုနောက်ပိုင်း အညာမှာ နေရာဒေသအများအပြားကို ခပ်စပ်စပ်ကြဲလာတယ်ဆိုပေမယ့် အခုဟာက လိုကေးရှင်းအတိအကျနဲ့ကို လာကြဲတာပါ။

ဆုံးရှူံးမှုဖြစ်နေတဲ့အချိန် မစာမနာ အပြ-စ်ဆိုတာမဟုတ်ပါဘူး၊ နောက်ထပ် နောက်ထပ်တွေ ထပ်ပြီးမဖြစ်စေချင်တော့လို့ပါ။ ဟိုဘက်မိဘ ဒီဘက်မိဘ အသိအမှတ်ပြုမယ်၊ အကျဥ်းချုပ်လေးလုပ်မယ်၊ ဒီလောက်ဆို လုံလောက်ပါပြီ။ ဒလ-န်ဆိုတာ ဂျိုနဲ့မဟုတ်ပါဘူး။ ဒီလိုဖြစ်စဥ်မျိုးက ဒါ ပထမဦးဆုံးမဟုတ်၊ ရှေ့မှာလည်း သာဓကပေါင်းများစွာ ရှိနေခဲ့ပြီးသားပါ။ လက်ရှိ ကိုယ်တွေရင်ဆိုင်နေရတဲ့ ရ-န်သူဆိုတဲ့အရာက လူတွေမဟု-တ်လို့ အခုလို ပြောပြတာပါ။ ကျွန်တော့်ကို cellလိုက cellနိုင်ပါတယ်။ ကျွန်တော့်အတွေးအမြင်လေးကို ပွင့်ပွင့်လင်းလင်းပြောပြချင်တာကလွဲပြီး အခြား မည်သူတစ်ဦးတစ်ယောက်ကိုမှ ပြ-စ်တင်ဝေဖန် ဖိနှိ-ပ်လိုခြင်း လုံးဝမရှိဘူးဆိုတာတော့ အားလုံးကိုသိမြင်စေချင်ပါတယ်။

Facebook Post...
https://www.facebook.com/share/p/18KVw5pHuN/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8499

အစ်မကေကေမွေးနေ့ ကမ်ပိန်းငွေရှင်းတမ်း၊ ၇၉ သိန်းစွန်းစွန်းရရှိခဲ့။ လက်ရှိ အာရှလမ်းမှာ တို-က်ပွဲဆင်နွှဲနေတဲ့ KNDO အထူးတပ်ရင်း ဂျိုကာစ-စ်ကြောင်းမှ ရှေ့တန်းရောက်ရဲဘော်တွေအတွက် တာရှည်ခံဟင်းအမယ် ၄ မျိုး (ကြက်ကြော် ကီလို ၂၀၀၊ ဝက်ကြော် ကီလို ၂၀၀၊ အမဲကြော် ကီလို ၂၀၀၊ ပုဇွန်ခြောက်ကြော် ကီလို ၆၀) ကို ကြော်လှော်ထုပ်ပိုး ပို့ဆောင်နိုင်စေဖို့ ရက်တိုကမ်ပိန်း ကျွန်တော်ပြုလုပ်ခဲ့ရမှာ မိတ်ဆွေ ၄၉ ဦး လာရောက်ပါဝင်ထောက်ပံ့၍ မြန်မာငွေ ၇,၉၃၃,၇၅၀ (ခုနှစ်ဆယ့်ကိုးသိန်း သုံးသောင်းသုံးထောင် ခုနှစ်ရာ့ ငါးဆယ်) ကျပ်တိတိ လက်ခံရရှိခဲ့ပါတယ်။ ပါဝင်ထောက်ပံ့ခဲ့ကြသည့် လုံခြုံရေးမထိခို-က်စေသော အမည်နှင့် ငွေအမောက်အတိအကျစာရင်းများအား ယခုပို့စ်ရဲ့ Comment ထဲမှာ နေ့စွဲအမှတ်စဥ်များနှင့်တကွ ပူးတွဲဖော်ပြပေးထားပါတယ်။ ပါဝင်ထောက်ပံ့သူများအနေနဲ့ မိမိအမည်စားရင်း မပါဝင်တာမျိုး ငွေအမောက်မှားယွင်းဖော်ပြမှုမျိုးတွေ ရှိခဲ့ပါက ယခုပို့စ်ထဲမှာပင် ဝင်ရောက်အသိပေးနိုင်ပါတယ်ခင်ဗျာ။ ဂုဏ်ပြုမှတ်တမ်းလွှာလေးတွေတော့ စောင့်ပေးကြပါဦးနော်။

▪️ကျွန်တော်ပြုလုပ်တဲ့ ကမ်ပိန်းက ပြီးဆုံးသွားပြီဆိုပေမယ့် လုံလောက်တဲ့ပမာဏတော့ မရရှိသေးပါဘူး။ ရဲဘော်တွေက အင်အား ရာချီရှိတာမို့ နောက်ထပ်အထောက်အပံ့တွေ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ထပ်မံ ပါဝင်ချင်သူများ ရှိလာခဲ့ပါက အစ်မ Kay Kay ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကိုသွားရောက်ပြီး တို-က်ရို-က်ပါဝင် ထောက်ပံ့လို့ရပါတယ်။▪️

ရရှိငွေစာရင်း

ဖေဖော်ဝါရီ ၂၀ ရက် (၁၂ ဦး) _ ၅၇၃,၇၅၀
ဖေဖော်ဝါရီ ၂၁ ရက် (၁၃ ဦး) _ ၅,၅၇၃,၀၀၀
ဖေဖော်ဝါရီ ၂၂ ရက် (၁၅ ဦး) _ ၁,၁၂၂,၀၀၀
ဖေဖော်ဝါရီ ၂၃ ရက် (၉ ဦး) _ ၆၆၅,၀၀၀
. ---------------------------------
စုစုပေါင်း (၄၉ ဦး) ၇,၉၃၃,၇၅၀ ကျပ်

ယခုကမ်ပိန်းနှင့်ပတ်သက်ပြီး ငွေကြေးဖြင့် ပါဝင်ထောက်ပံ့ခဲ့သူများအပြင်၊ ကမ်ပိန်းပို့စ်များအား ရိချ်တက်စေအောင် R.C.S လုပ်ဆောင်ပေးခဲ့သူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို မွေးနေ့ရှင်အစ်မကေကေနှင့် KNDO ဂျိုကာစစ်ကြောင်းက ရဲဘော်များကိုယ်စား ကျွန်တော် အေအန်န်အမ်မ်တီ (အာနိုးမျိုးတင့်) မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။

Facebook Post
https://www.facebook.com/share/p/1Z4HsyjJAp/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8498

ကျွန်တော် ရက်တို့ကမ်ပိန်းတစ်ခု ထပ်မံပြုလုပ်ချင်ပါတယ်။ ဒီတခါကတော့ ရှေ့တန်းမှာ တို-က်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို တာရှည်ခံ အစားအသောက်ကောင်းကောင်းလေးတွေ ကြော်လှော်ပြီး ရှေ့တန်းအရောက် ပို့ဆောင်ပေးမယ့် ကမ်ပိန်းလေးဖြစ်ပါတယ်။ လက်ရှိ အာရှလမ်းမှာ တို-က်ပွဲဆင်နွှဲနေတဲ့ KNDO အထူးတပ်ရင်း ဂျိုကာစစ်ကြောင်းမှ ရှေ့တန်းရောက်ရဲဘော်တွေအတွက်ဖြစ်ပြီး စုပေါင်းအင်အားက ၄၀၀ ကျော် ၅၀၀ နီးပါးရှိပါတယ်။ တားဂတ်က ထိုရဲဘော်အယောက်စိတိုင်းဆီ ယခုအကြော်အလှော်တွေ ပို့ဆောင်သွားမှာဖြစ်ပြီး ပိုလျှံမှုတွေရှိခဲ့ပါက အခြားစစ်ကြောင်းတွေကိုလည်း ပို့ဆောင်သွားမှာပါ။ ရည်ရွယ်ချက်ကတော့ ရှေ့တန်းရောက် ရဲဘော်တိုင်းက အနေဆင်းရဲ အစားဆင်းရဲ ဖြစ်ကြရပါတယ်၊ သူတို့တတွေ အနေဆင်းရဲနေရင်တောင် အစားအသောက်မဆင်းရဲစေဖို့ ခွန်အားဖြစ်စေဖို့ ကျွန်တော်တို့ပြည်သူတွေ အမြဲရှိနေကြောင်း ဖော်ပြချင်တာမျိုးပါ။

ဟင်းအမယ်ကတော့ ၄ မျိုး သတ်မှတ်ထားပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသားတွေကို ကီလို ၂၀၀ ဆီ ကြော်လှော်သွားမှာဖြစ်ပြီး ပုဇွန်ခြောက်ကြော်ကိုတော့ ကီလို ၆၀ လောက် ကြော်လှော်မှာပါ။ ဝယ်ခြမ်းရမယ့်စရိတ်စက ကုန်ကျစရိတ်ကတော့ ကြက်သား ၁ ကီလို ဘတ် ၉၀၊ ဝက်သား ၁ ကီလို ဘတ် ၁၆၀၊ အမဲသားက ၁ ကီလို ဘတ် ၂၆၀ ကျသင့်မှာဖြစ်ပါတယ်။

ကြော်လှော်ပြီး ရှေ့တန်းအရောက် စီစဥ်ပို့ဆောင်သွားမယ့်သူကတော့ ယခုလ ၂၂ ရက်နေ့မှာကျရောက်မယ့် မွေးနေ့ရှင် အစ်မကေကေ ဖြစ်ပါတယ်။ ယခုကမ်ပိန်းက သူ့မွေးနေ့အတွက် ရည်ရွယ်လုပ်ဆောင်တာမျိုးဖြစ်ပေမယ့် ကမ်ပိန်းရရှိငွေကို တွက်ချက်ပြီး ရက်ခွာပို့ဆောင်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။

ယခုကမ်ပိန်းမှာ ပါဝင်ပေးမယ့်တစ်ဦးတစ်ယောက်ဆီတိုင်းကို ကျွန်တော့်ရဲ့မှတ်တမ်းလွှာလေး ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ယခုပို့စ်ရဲ့ Comment ထဲမှာလည်း ပါဝင်သူတိုင်းရဲ့ လုံခြုံရေးမထိခိုက်​စေသော အမည်နှင့် ငွေအမောက်အတိအကျအား နေ့စွဲအမှတ်စဥ်များနဲ့တကွ ပူးတွဲဖော်ပြပေးသွားပါ့မယ်။

ပါဝင်ထောက်ပံ့ချင်ပါက ဆက်သွယ်ရန် Facebook Post...👇
https://www.facebook.com/share/p/1Z2GNCpg8U/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8497