𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

@life_explored_channel


မိတ်ဆွေဘ၀တိုးတက်ချင်ရင်

ဗဟုသုတကြွယ်၀ချင်ရင်

ဘက်ပေါင်းစုံက ထူးချွန်ချင်ရင်

ဒီ Channel လေးကို Join လိုက်ပါခင်ဗျာ။

Since_date 31.5.2023

အားလုံးအတွက် ကျွန်တော်အမြဲရှိပါသည်။ 💕

Channel Owner ~ @Akayar_2007

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:25


တစ်ဦးတစ်ယောက်တည်းအတွက်
သီးသန့်ဖြစ်တည်နေတဲ့
ဂရုစိုက်ခြင်းတွေပါ


ပေါ့ပေါ့တန်တန်ဆက်ဆံလာရင်တော့
ပြန်လည်ရုတ်သိမ်းရပါလိမ့်မယ်



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:24


လူမှန်ရင် လူ့ကျင့်ဝတ် သိပြီး
ရှိဖို့ လိုတယ်။

ရှက်သင့်တာ ရှက် ၊
ထိန်းသိမ်းသင့်တာ ထိန်းသိမ်း ၊
လုပ်သင့်တာလုပ် ၊
ပြောသင့်တာ ပြောတက်ရတယ်။

တစ်ချို့က အဲ့ Level မဟုတ်တော့
ပြောပြလဲမသိဘူ။

#Copy_Message_From_𝐘𝐚𝐦

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:24


အိမ်မှာနေရတာပျင်းလို့

အတွေ့အကြုံသစ်များရမလားလို့

စက်ရုံကားလိုက်မောင်း 😆💗

စက်ရုံသမားတွေကို နှလုံးရောဂါလိုက်ပေးတာ.. 🥲

#Funny
#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:23


Join ထားသင့်တဲ့ Channel တွေထဲမှာ

ဒီ Ch လည်းပါတယ်နော်။

https://t.me/otherlanguagelearnenglish_ICT

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:23


အမည် - အဓိက,က စိတ်ပါပဲ

စာညွှန်း - Maru

PDF Link - https://t.me/black_white_Library/7127/20731

ကျွန်မရဲ့စာပေခရီးလမ်းကို စတင်စေခဲ့သူက ဘယ်သူလဲလို့မေးရင် စာရေးဆရာအက္ခရာပါပဲ။စာ‌ရေးဆရာအက္ခရာဟာဆိုရင် မကြာခင်ကမှ "အဓိကကစိတ်ပါပဲ"စာအုပ်ကို ထွက်ရှိထားသူဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မထင်မှတ်ထားလောက်အောင်တော်တဲ့သူပါပဲ။

"အဓိကကစိတ်ပါပဲ" ဒီစာအုပ်လေးထွက်ရှိတော့မယ်လို့ ကြားတဲ့ချိန်မှာ pre-order လေးမှာယူခဲ့ပါတယ်။ သိပ်မကြာခင်အချိန်တွင်းမှာပဲ စာအုပ်လေးရောက်ရှိလာပါတယ်။ စာအုပ်ကရောက်လာပေမယ့်လည်း မအားတာနဲ့မဖတ်ဖြစ်ဘဲတော်တော်ကြာလေးထားလိုက်မိတယ်။ မနေ့ကမှ အားတာနဲ့ထိုင်ဖတ်နေခဲ့ပါတယ်။

ဒီစာအုပ်လေးဟာ အဓိကအနေနဲ့ Motivation ပေးထားတဲ့စာအုပ်လေးပါ။ ဒါပေမယ့် ဥပမာပေးတွေ ပုံပြင်လေးတွေနဲ့ရေးသားထားတော့ လက်ကမချမိတဲ့အထိ ဖတ်နေမိခဲ့ပါတယ်။ ကျွန်မတို့တွေရဲ့ဘဝမှာဆို နေ့စဉ်အသေးစိတ်တွေကိုကအစ လိုက်ခံစားပြီးနေတတ်ကြပါတယ်။" သူက ငါ့ကို ဘယ်လိုဆက်ဆံတာ၊ ငါ့ရည်းစားကအရင်လိုမဟုတ်တော့ဘူး၊ ဒီကိစ္စကိုငါမဖြေရှင်းနိုင်လောက်ဘူး၊ ငါဒီလိုလုပ်ရင် သူတို့ဘယ်လိုထင်ကြမာလဲ" စသဖြင့် ခံစားချက်ပေါင်းများစွာနဲ့ လိုက်ခံစားပြီးရှင်သန်နေတတ်ကြပါတယ်။

ဒီလိုပင်ပန်းတဲ့ရှင်သန်မှုတွေအားလုံးဟာ ကိုယ်ခံယူထားတဲ့ကိုယ်ရဲ့" စိတ်"ပေါ်မှာပဲမူတည်တယ်ဆိုတာကို ဒီစာအုပ်လေးကနေ အသိသတိရရှိစေခဲ့ပါတယ်။

ဒီစာအုပ်လေးထဲက ကျွန်မရဲ့ အကြိုက်ဆုံးစာသားကတော့

"ထမင်းစားဖို့ အသက်ရှင်တာလား
အသက်ရှင်ဖို့ ထမင်းစားတာလား"ပါပဲ

ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေတတ်ကြတယ်။ကိုယ်အားသားချက်ကဘာလဲဆိုတာ ရှာဖွေနေတာတွေထက် အားနည်းချက်တွေကိုသာ ရှာဖွေပြီးအပြစ်တင် စိတ်ဓာတ်ကျနေတတ်ကြတယ်။ သူတပါးအောင်မြင်တာကိုပဲ အားကျနေတတ်ပြီး သူဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ မစဉ်းစားမတွေးမိခဲ့ကြဘူး။ဒီစာအုပ်လေးကနေ ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာတွေ့နိုင်ပါလိမ့်မယ်။

စိတ်ဓာတ်အမြဲလိုလိုကျနေသူတွေ၊ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေသူတွေ၊ ကြုံလာသမျှလောကဓံတွေကို အံတုရင်ဆိုင်ဖြတ်ကျော်ဖို့ Motiလိုအပ်နေသူတွေ၊ နေ့စဉ်ကြုံလာသမျှအခက်ခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ဖို့အားအင်လိုအပ်နေသူတွက်တော့ ဒီ "အဓိကကစိတ်ပါပဲ"ဆိုတဲ့ စာအုပ်ကောင်းလေးဟာအသင့်တော်ဆုံးပါပဲ။

နောက်ဆုံးအနေနဲ့ စာရေးဆရာအက္ခရာရဲ့ စာသားလေးနဲ့ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ချင်ပါတယ်ရှင်

"Focus is the key
Try Try But Don't Cry
Don't follow the opinions of others
Your attitude makes you different"

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

စာချစ်သူလေးများအားအစဥ်‌ချစ်ခင်လေးစားကျေးဇူးတင်လျက်...

October.20.2024.Sun(15:23)
Maru(မာရု)

🤖 Book Review ပေးပို့ရန် - @Nway_Oo_Poem_bot

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:23


သစ်ပင်မတက်နိုင်တဲ့ ငါး🌲
----------------------------

SarPhat Link 👇

https://www.sarphat.com/articles/22258


ကျွန်တော် ဒီနေ့ပဲစာစုလေးတစ်ခုဖတ်လိုက်ရတယ်။ စာစုလေးက

"အာလုံးဟာ ဉာဏ်ကြီးရှင်တွေပါ။ ဒါပေမယ့် ငါးတစ်ကောင်ကို သစ်ပင်တက်တဲ့အရည်အချင်းနဲ့ နှိုင်းနေရင်တော့ အဲ့ငါးကအသုံးကျမှာမဟုတ်ဘူး" တဲ့။

ချက်ချင်းပဲ ကျွန်တော့်ခေါင်းထဲ အသိတရားတစ်ခုဝင်သွားတယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူတွေက "မင်းကအသုံးမကျပါဘူး၊ ဒါလေးတောင်မလုပ်နိုင်ဘူးလား၊ အဖြစ်မရှိလိုက်တာ၊ အသုံးဝင်မယ့်အကောင်လည်းမဟုတ်ပါဘူး" လို့ ပြောတာကြားဖူးနိုင်သလို ကိုယ်ကိုယ်တိုင်လည်း အပြောခံရဖူးနိုင်ပါတယ်။

ဟုတ်ကဲ့။ လူတိုင်းက Perfect မဖြစ်လို့ သူလုပ်သမျှအရာတိုင်းက Perfect ဖြစ်နေမှာမဟုတ်ပါဘူး။ အရာရာတိုင်းမှာတော်တဲ့သူဆိုတာလည်းရှားပါတယ်။

လူတစ်ယောက် ငါးဖမ်းတာတော်ပေမယ့် ဖားကောက်တာတို့၊ ငှက်ပစ်တာတို့ သူတော်ချင်မှတော်မှာ။  ဒါကို ကျွန်တော်တို့သိထားရမယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ တစ်ခုလေးမလုပ်လိုက်နိုင်တာနဲ့ ဘာမှအသုံးမကျသူလို့ သတ်မှတ်လိုက်ရော...။

ဒါကဘာနဲ့တူသလဲဆိုတော့ ငါးတစ်ကောင်ကို သစ်ပင်မတက်နိုင်လို့ အသုံးမကျလိုက်တာလို့ ပြောနေတာနဲ့တူတယ်။

လူမှာလည် ကန့်သတ်ချက်ဆိုတာရှိတယ်။ သူဒီနေရာမှာမတော်ပေမယ့် အခြားနေရာမှာ သူတော်နေနိုင်တယ်။

လောကမှာ

ဘယ်အရာမှမတော်ဘူးဆိုတဲ့သူ မရှိသလို၊

အရာအားလုံးတော်တဲ့သူဆိုတာလည်း မရှိပါဘူး။


ဒါကြောင့် စာဖတ်သူလေးအနေနဲ့ ကိုယ့်ကို အသုံးမကျတဲ့သူလို့ ဝေဖန်အပြစ်ဆိုလာတဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ ဒါက စာဖတ်သူလေး တကယ်တော်တဲ့နေရာမဟုတ်သေးလို့ပါ။

တော်အောင်ကြိုးစားလို့ရသလို စာဖတ်သူလေးတော်တဲ့နေရာဟာ အခြားနေရာလည်းဖြစ်နေနိုင်ပါတယ်။ ကိုယ်ဘာတော်လဲ သိအောင်လုပ်ပါ။

ရှာဖွေပါ။

ရှင်သန်ပါ။

အစွမ်းကုန်ကြိုးစားပါ။

အက္ခရာ ( 20,10,2024 . 12:57 PM )

Follow in SarPhat

https://www.sarphat.com/articles/22258

#Moti
#Life_Knowledge
#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:23


ကျွန်တော့်အစ်ကိုက ပြောတယ်

ပြုံးထားစမ်းပါတဲ့။

ပြဿနာတွေဆိုတာ ...

ငါ့ညီတစ်ယောက်တည်း ကြုံရတာမဟုတ်ဘူးတဲ့

---------

နေ့ရက်ဆိုတာရှိနေသ၍

ပြဿနာဆိုတာ လူတိုင်းမှာရှိနေကြမှာပဲ...

အဲ့ဒီလိုပြဿနာတွေကို​ ရင်ဆိုင်ရတာကိုက

ဘဝရဲ့ အနှစ်သာရတဲ့

#Moti
#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:23


နောက်ထပ် ထပ်ထုတ်ဖို့ကြိုးစားနေတဲ့ စာအုပ်လေးလို့ပြောလို့ရပါတယ်။

အရင်စာမူက လိုအပ်ချက်များစွာနဲ့မလို့ လူငယ်တွေနဲ့ အကိုက်ညီဆုံးအရာလေးတွေနဲ့ တကယ်အသုံးကျတဲ့ နည်းလမ်းလေးတွေကို သေချာလေးပြန်လည်စိစစ်ပြီး စာမူအသစ်ပြန်ရေးနေပါတယ်။

ဟဲ" ဒုတိယမြောက်စာအုပ်လေးထုတ်ဖြစ်ရင် ဒီစာအုပ်လေးဖြစ်ပါလိမ့်မယ်...။

#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:23


သတင်းကောင်းရှိ👏

Self study လုပ်ရတာမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်🙌

🌷N5 self-study gpလေးနဲ့မိတ်ဆက်ပေးပါမယ်
🫧100% free
👉kanaအခြေခံရေးနည်းတွေကိုပိုင်ပိုင်နိုင်နိုင်တတ်ထားရင်ရပြီ

✊N5ကတတ်ပြီးသားဆိုပေမဲ့ စာတွေမေ့နေပြီ ပြန်လုပ်ချင်တယ်ဆိုတဲ့ သူတွေအတွက်လဲအသင့်တော်ဆုံးနော်👐

https://t.me/+xH3heNgPqxxkYWI1

ဒီgpလေးကို joinခဲ့ဖို့ဖိတ်ခေါ်ပါတယ်🙊

🖐စာလိုက်မလုပ်ဘဲစပ်စုဖို့ ဝင်လာဖို့တော့စိတ်မကူးနဲ့ တကယ်စာလုပ်နိုင်မှဝင်ခဲ့ပါ💗

#Copy_Message

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:22


ငိုခြင်းသည် အရှုံးပေးခြင်းမဟုတ်

ကျွန်တော်တို့ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ရဲ့လူအများစုကတော့ မျက်ရည်ကျတာ၊ ငိုတာကို အရှုံးပေးတယ်လို့ သတ်မှတ်ကြတယ်။ လက်မြှောက်သွားတယ်လို့ခံယူကြတယ်။

ပျော့ညံ့တယ်လို့ ယူဆကြပါ တယ်။ ငိုတဲ့သူ၊ မျက်ရည်ကျတဲ့သူက ခံနိုင်ရည်မရှိဘူးပေါ့။ တကယ်ပဲ မျက်ရည်ကျတဲ့သူ၊ ငိုတဲ့သူက ပျော့ညံတာလား။ အရှုံးပေးတာလား။

အဖြေက လုံးဝလုံးဝမဟုတ်ပါဘူး။

ကျွန်တော်စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ Tears are powers. တဲ့။ မျက်ရည်ဟာ အားသစ်မွေးဖို့ အားနည်းစိတ်ပျက်ခြင်းတွေကို မောင်းထုတ်ပစ်လိုက်တာပါ။ ကျရှုံးခြင်းကိုနှစ်သိမ့်ပေးတဲ့ အကောင်းဆုံးလက်နက်ပါ။

ဒဏ်ရာတွေကို ဆေးကြောပေးနိုင်ပါတယ်။ နာကျင်ခြင်းတွေကို မေ့ဖျောက်ပေး နိုင်ပါတယ်။

..........

အဲ့ဒီလိုပါပဲ ကျွန်တော်တို့လူအများစုဟာ အရွယ်ရောက်လာတဲ့အခါ လောကဓံရဲ့ ရိုက်ပုတ်၊ ထိုးနှက်ချက်တွေကို အမျိုးမျိုးရင်ဆိုင်ရတဲ့အခါ မျက်ရည်မကျနဲ့၊ ငါအရှုံးမပေးဘူး။

မျက်ရည်မကျဘူး၊ ငါအားတင်းထားမယ် ဆိုပြီး ကြိတ်မှိတ်ပြီး နာကျင်မှုဆိုတဲ့အရာတွေကိုမျိုချတတ်ကြပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးရောက်ရင် စာဖတ်သူလေးကိုအကြံတစ်ခုပေးပါရပါစေ။

အဲ့တာကတော့ စိတ်ဒဏ်ရာတွေရတဲ့အခါ လွတ်လွတ်လပ်လပ် တစ်ခါလောက်တော့ ငိုကြွေးကြည့်လိုက်ပါ ဆိုတာပါပဲ။

ကိုယ်ခံစားနေရတဲ့ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်း သောကတွေဟာ မျက်ရည်နဲ့အတူပါသွားပြီး ပေါ့ပါးလွတ်လပ်သွားပါလိမ့်မယ်။

ငိုတဲ့အခါမှာလည်း ခံစားရတာတွေပေါ့သွားတဲ့အထိငိုချပစ်ပါ။ အဲဒီအချိန် ကျလာတဲ့မျက်ရည်တွေကို လက်နဲ့စမ်းကြည့်ပါ။ ပူနေတယ်မဟုတ် လားစာဖတ်သူလေး။ မျက်ရည်ပူတွေပါ။

ဒါကြောင့် ငိုတယ်ဆိုတာ မျက်ရည် ပူတွေနဲ့တူညီတဲ့ ကျွန်တော်တို့ရဲ့ အပူအပင်တွေ၊ စိုးရိမ်ကြောက်ကျမှုတွေကို သွန်ထုတ်လိုက်တာပါပဲ။

နာကျင်မှုတွေကို မခံစားနိုင်တော့တဲ့အခါ ငိုပစ်လိုက်ပါ။ ပေါ့ပါးမှုကို စာဖတ်သူလေးပြန်ခံစားရပါလိမ့်မယ်။ မျက်ရည်ဆိုတာဟာလည်း ငိုဖို့ပါ။

ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ အချိန်ရှိတိုင်း ဖြစ်ပေါ်နေမှာမှမဟုတ်တာပဲ။

ဖြစ်ပေါ်လာတဲ့အခါ ကြိတ်မှိတ်ဒဏ်ရာအဖြစ်မခံဘဲ ငိုချလိုက်ပါ။ အချိန်တန်တဲ့အခါ အားလုံးဟာ ပြီးဆုံးသွားမှာပါပဲ။ 🍀

-------------

- အဓိက,က စိတ်ပါပဲစာအုပ်မှ

တန်ဖိုး - ၇၀၀၀ ကျပ်

ပထမဆုံးဝယ်ယူတဲ့ အယောက် ၁၀၀ ဟာ စာရေးသူကိုယ်တိုင်လက်မှတ်ထိုးပေးထားသော စာအုပ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အယောက် ၁၀၀ သာ 💥

ခုတောင် အုပ်ရေ ၅၀ ကျော်ပဲရှိတော့တယ်လို့ သိရပါတယ်။ လက်မနှေးတော့နဲ့နော် 🥳

စာအုပ်မှာယူရန်

1 - +959977626244

2 - @Khin_Su_Mon_Thant

3 - @Akayar_2007

#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:22


တစ်ခါဆုံးရှုံးခဲ့ဖူးတယ်ဆိုရင်
နောက်တစ်ခါ ဆုံးရှုံးဖို့လည်း
အလွယ်လေးပဲ.....

ပြန်ရမယ်ဆိုရင်တောင်
ပြန်မယူသင့်တော့တဲ့အရာရှိတယ်

အဲ့ဒါ လူတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတဲ့


-ရိပ်ငြိမ်



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:22


မင်း တစ်ခုခုကောင်းတာလုပ်ရင်
သူတို့မှာ ပြောဖို့ တစ်ခုခုရှိတယ်

မင်း တစ်ခုခုဆိုးတာလုပ်ရင်
သူတို့မှာ ပြောဖို့ တစ်ခုခုရှိတယ်


မင်းကို ပျော်ရွှင်စေတဲ့အရာတွေကိို လုပ်
မင်းလုပ်ချင်တဲ့အရာကိုလုပ်



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:22


လက်လေးနှစ်ဖက်ချိတ်ထားတာ
မြင်ပြီး အားကျမနေနဲ့ သူငယ်ချင်း.....


တချို့လက်တွေက
တွဲထားတာမဟုတ်ဘူး
ဆွဲထားရတာ.....



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:20


📖 စာအုပ် :

မင်းမနက်ဖြန်သေလိမ့်မယ်လို့တွေးပြီး ဒီနေ့ကိုရှင်သန်ပါ။

👥 သီတင်းကျွတ်မုန့်ဖိုးအချီကြီးရထားပြီး အဝအပြဲစားသောက်နေသော ကျွန်တော်နှင့်ညီ :

သေရင်ကိုယ့်နောက်မပါဘူးတဲ့အစ်ကို၊ စားသာစားး၊ မနက်ဖြန်သေမှာဆိုတော့ အကုန်သာကြုံး...။ 😋

😒 မျက်စောင်းထိုးကြီးနဲ့ အမေ :

အေး... သေရင်အကြောင်းမဟုတ်၊ မနက်ဖြန်နင်တို့ရှင်နေသေးရင် ခွေးဖြစ်ပြီ၊ အဲ့ကျမှ ညီကို ၂ ယောက်လုံး လိုက်တောင်းစားချေ 🥲

#Funny
#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:20


နီးတဲ့သူလေးတွေ သွားရောက်ဖတ်ရှူနိုင်ပါပြီနော်။

#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:20


ကြိုးစားရင် ဘုရားတောင်ဖြစ်တယ်
ဆိုပေမဲ့ ကြိုးစားတိုင်း ဘာလို့
မအောင်မြင်ရတာလဲ.....


လူတချို့ကမေးတယ်
ငါ အကောင်းဆုံးကြိုးစားတာတောင်
ဘာလို့ မအောင်မြင်တာလဲဆိုပြီး


ဒါပေမဲ့ သူကြိုးစားတဲ့အကောင်းဆုံး
ဆိုတာ သူ့ဘာသာသတ်မှတ်ထားတဲ့
စံနှုန်းပဲလေ.....
ဒီလောက်နဲ့ မအောင်မြင်ရင်
ဒီ့ထက်ပိုပြီး ကြိုးစားရတယ်


ကြိုးစားမှုက ကိုယ့်ကို
သစ္စာမဖောက်ပါဘူး...
မင်းကြိုးစားမှုနဲ့ ထိုက်တန်မဲ့
ရလဒ်တစ်ခုကတော့ ရရှိလာမှာပါ
မင်းလိုချင်တဲ့ အကောင်းဆုံးရလဒ်တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #personal_growth
·‌ ‹ 。꒱ #Crd_to_original_writer

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:19


🕯️ဖယောင်းတိုင်မီးလေးရယ်၊

🌕 လပြည့်ဝန်းကြီးရယ်၊

❤️ သာမန်လူတွေမမြင်နိုင်တဲ့ ချစ်နတ်သမီးလေးရယ်...

#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:19


ပျော်ရွှင်ခြင်းဆိုတာ
တန်ဖိုးဖြတ်မရတဲ့ အရာပါ။
ဒါကြောင့် ငွေကြေးနဲ့ ဝယ်ယူဖို့
မကြိုးစားပါနဲ့။


နာကျင်ဝမ်းနည်းခြင်းဆိုတာ
အခမဲ့ ပစ္စည်းပါ။
ဒါပေမဲ့ တွေ့တိုင်း
အိမ်ကို သယ်ပြီးပြန်ဖို့ မကြိုးစားပါနဲ့။



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:19


သီတင်းကျွတ် ပိတ်ရက်

ကျွန်တော် Channel ခတ္တခဏ

မ Run နိုင်သေးပါကြောင်း

စာဖတ်သူလေးတို့ကို

အသိပေးအပ်ပါတယ်ခင်ဗျာ။ 💞

#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:18


စာရေးသူ ဖူးသစ္စာညို ရေးသားထားသော...


"အယုံလွယ်တတ်တဲ့သူလေးသို့"

​"မြန်မာမလေးသို့ပေးစာ"

"ခင်ဗျားတို့မသိပါဘူး"

"သိမ်ငယ်မှု"

"သိပ်ခက်တဲ့ လူတွေပဲ"

"ပျော်ချင်တယ်ဆိုရင်"

"မြန်မာနိုင်ငံက လူငယ်တွေ"

"ကိုယ့်ဘဝကိုယ် နေချင်သလို နေလို့ရတာပဲမလား"

"တကယ်ရော ဟုတ်ရဲ့လား"

"အားနာတတ်တဲ့သူလေးသို့ပေးစာ"

"ကျွန်မတို့လည်း မလိမ္မာတဲ့ အခိုက်အတန့်​လေးတွေ ရှိပါတယ်"

"ပျော်ရွှင်မှု"

"ဘာကြောင့်မပျော်ရွှင်ရတာလဲ"

"Social Media"

"တန်ဖိုးဆိုတာ"

"မိန်းမတွေ ငွေမက်တယ်"

"ဘယ်နေရာမှာ စမှားခဲ့ပါလိမ့်"

"သူ့နေရာကိုသာ ခဏလောက် ဝင်ကြည့်ခဲ့မယ်ဆိုရင်"

"တန်ဖိုးထားရပါသော မိန်းကလေးသို့ပေးစာ"

"ချစ်ရပါသော မောင်ငယ်လေးဆီသို့"

"ချစ်သူများအတွက်"

"အတွေးတွေကို သတိထားပါ"

"ချစ်သူဆီသို့"

"စာလုပ်ဖို့အတွက် Moti"

"လူငယ်တွေ"


ဝါသနာ ပါသောကြောင့်
စာရေးသားခြင်းဖြစ်ပါတယ်။
ထိုကြောင့် အမှားအယွင်းတစ်စုံတရာ
ပါရှိခဲ့ပါက နားလည်ပေးဖို့
မေတ္တာရပ်ခံပါတယ်။
ညို့ရဲ့စိတ်ကူးအတွေးမြင်များကို
ရေးသားထားခြင်းဖြစ်သောကြောင့်
မရင့်ကျက်မှုတွေလည်း ပါနိုင်ပါတယ်။


꠶❥ #Nyo
꠶❥ #PhooThitsarNyo
꠶❥ #𝓟𝑇𝓝๑ꕤ
꠶❥ #No_Copy

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:18


တချို့လူတွေက ချစ်တယ်သာပြောနေကြတာ..သူတို့ချစ်တာ ဘာမှလုပ်လို့မရဘူး။

စိတ်လုံခြုံမှုပေးလားဆိုစိတ်လုံခြုံမှုလည်း မပေးဘူး
ဒါဆို နွေးထွေးမှုပေးလားဆိုရင် နွေးထွေးမှုလည်း
မပေးတတ်ဘူးတဲ့..။

ဒါဆို ကာကွယ်ပေးတတ်လားဆိုလည်း မကာကွယ်ပေးတတ်ဘူး။ကာကွယ်ပေးရကောင်းမှန်းလည်း မသိဘူး။

လိုအပ်တဲ့အချိန်တိုင်း အတူတူရှိနေပေးလားမေးရင်လည်း သူတို့ဘာသာအတွေးလွန်နေတာနဲ့ ကိုယ်ဒုက္ခရောက်နေလား၊ပင်ပန်းနေလား၊နေမကောင်းဘူးလားဆိုတာတောင် မသိနိုင်ဘူး။

စိတ်ချမ်းသာမှုပေးလားဆိုရင်လည်း ဝေလာဝေး

အဲ့တော့တချို့လူတွေ ချစ်တယ်ဆိုတာ သူတို့ပါးစပ်ဖျားမှာပဲ သေအောင်ချစ်ပြီး ရင်ထဲမှာပဲ အသေခံစားနေတာ..သူတို့ချစ်တာ ကိုယ့်အတွက်ဘာကောင်းကျိုးမှ မပေးဘူး..။

ချစ်ခြင်းနဲ့ကမ်းတဲ့လက်ဖြစ်ရက်နဲ့ ဘာကိုလက်မခံလဲမေးရင် အပေါ်ကအချက်တွေကြောင့်ပဲ..။

" I love you''လို့ပြောခံရရင်..

"Where is your love? I don't feel it, I don't see it'' ပါပေါ့။

ချစ်သာချစ်တယ်ပါးစပ်ကပြောနေတာ
ကိုယ့်ဘဝအတွက် စိတ်ပိုင်းဆိုင်ရာဖြစ်စေ
ရုပ်ပိုင်းဆိုင်ရာဖြစ်စေ အထောက်အပံ့မပေးရင်တော့
ချစ်နေတယ်ဆိုတာ အလကားပဲ။

တကယ်တော့အဲ့ဒါအချစ်လည်းမပြောဘူး..
သူတို့ဘာသာသူတို့အချစ်လို့ခေါင်းစဥ်တပ်ထားတဲ့
စွဲလမ်းမှု၊တပ်မက်မှု တစ်ခုပဲ။

အချစ်ဆိုတာ ကာကွယ်ပေးတတ်ရတယ်..
နွေးထွေးစေနိုင်တဲ့သဘာဝရှိတယ်..
အချစ်ဆိုတာ သူ့ကိုအရိပ်တကြည့်ကြည့်နဲ့ သူဘာလိုလဲ ငါဘာလုပ်ပေးနိုင်လဲဆိုတဲ့ စေတနာ..
ပြီးတော့ အတူတူဆိုတဲ့အိပ်မက်တွေရှိကြတယ်။

- Nayvel ☘

#Love
#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:18


save ထားလို့တော်သေး

မုန့်ဘိုးပေးတာပါ 😆❤️

#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:18


သီတင်းကျွတ် ဆုမွန်ကောင်း ⭐️

၂၀၂၄ သီတင်းကျွတ်အသာခါသမယလေးမှာ ကျွန်တော့်ရဲ့ ချစ်ရပါသောစာဖတ်သူလေးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ တစ်လုံးတစ်ဝပြည့်စုံကြပါစေ။

ဘေး၊ ကပ်ဆိုးအန္တရာယ်များမှလည်း ကင်းဝေးပြီး ကြံတိုင်းအောင်၍ ဆောင်တိုင်းလည်း မြောက်ပါစေ။ ⭐️

ကိုယ့်ရဲ့ရည်မှန်းချက်ကိုလည်း ဇွဲမလျော့စွာ မရောက်မချင်းအားတင်း လျှောက်လှမ်းနိုင်ပါစေ။ ⭐️

ဘဝမှာလည်း နောင်တကင်းသော လူသားများဖြစ်ကြပါစေလို့ ကျွန်တော် Haruki (အက္ခရာ) မှ ချစ်ခင်မြတ်နိုးစွာဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ 🙏💘

🎄 - @Life_Explored_Channel

🎄 - @black_white_Library

🎁 - @Healthy_Life_by_Haruki

🎄 - @Relationship_coach_by_Haruki

🎊 - @Wonderful_Knowledge_by_Haruki

#Akayar
#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:18


အုပ်ရေ ၁၀၀၀ အတွက် စာမူခ ၁၀ သိန်း ၅ သောင်းရပါတယ် စာဖတ်သူလေးတို့ရေ

မွေးကျေးဇူးရှင် ၂ ပါးကို အကုန်ကန်တော့လိုက်ပါတယ်။

စာဖတ်သူလေးတို့ရော ကိုယ့်ရဲ့မိဘတွေကို ကန်တော့ပြီးကြပြီလား ❔

-------

နောက်ပြီး မင်မင်စာအုပ်ထုတ်ဝေထားတာ 22 ရက်ပဲရှိသေးပေမယ့် အုပ်ရေ ၂၀၀ ကျော်တောင် ရောင်းရပြီးပါပြီတဲ့နော်။

သီတင်းကျွတ်ပြီးရင် City Mart မှာ တင်ဖို့ရှိပါတယ်။ အဲ့ကျရင်တော့ ပိုပြီးရောင်းရဖို့ရှိပါတယ်တဲ့။

တက်သစ်စအနေနဲ့ အားတက်စရာပါပဲခင်ဗျာ။ 😍 ခုလိုအားပေးကျလို့ ကျေးဇူးတင်ပါတယ် စာဖတ်သူလေးတို့ရေ ....

နောက်ထပ် စာအုပ်လေးအတွက်လည်း စာမူရေးနေပါပြီ 👀💗

ဆက်လက် အားပေးကြပါဦးခင်ဗျာ 💕

#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:18


စာအုပ်တိုက်မှ လက်ဆောင်မွန် 😍

#Haruki

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

21 Jan, 00:17


ကောင်းကျော်စာအုပ်တိုက်/ ပုံနှိပ်စက်ရုံ

စာအုပ်ကိုလည်း အုပ်ရေ ၁၀၀ လက်မှတ်ထိုးပေးခဲ့ပါတယ်။

ခုကနေစပြီး ပထမဆုံးဝယ်ယူတဲ့ အယောက် ၁၀၀ ဟာ စာရေးဆရာလက်မှတ်ပါတဲ့စာအုပ်ရမှာမလို့ လက်မနှေးတော့နဲ့နော် 😜

အမည် / ဖုန်း / အုပ်ရေ/ လိပ်စာအပြည့်အစုံ ( မြို့၊ ရပ်ကွက်၊ လမ်း၊ တိုက်၊... )

Ph - 09977626244

Telegram - @Khin_Su_Mon_Thant

#Haruki

15,051

subscribers

8,530

photos

139

videos