စာတို

@gaming_eraa


Ads For @PhyoKhant190

စာတို

22 Oct, 15:24


ကိုယ်သဘောကျတဲ့သူကို
ရင်နာနာနဲ့ငြင်းခဲ့ရတဲ့နေ့က
ကိုယ့်ဘဝအတွက်အဆိုးဆုံးပဲ

#𝑱𝑬𝑳𝑳𝒀

စာတို

22 Oct, 15:10


အချစ်မရှိရင် ကမ္ဘာမှာ
ဘယ်အရာမှအဆင်မပြေဘူး။

-လရောင်မေ

စာတို

22 Oct, 15:02


ကျွန်တော့မေးတယ်ထင်လို့၀င်ဖြေခဲ့ပါသေးတယ် ခြေနှစ်လှမ်း
နောက်ဆုပ် ခေါင်းငုံပီး ရှက်ရှက်နဲ့ ပြန်လာခဲ့တယ်

-ဇေယံ(အရိပ်)

စာတို

22 Oct, 14:56


ကျွန်တော့ ကမ္ဘာကြီးဟာ
ရပ်တန့်နေကြောင်း
ဘယ်စာတွေဘယ်ကဗျာတွေနဲ့
ဖွဲ့နွဲ့ပြရအံ့။

-ဇေယံ(အရိပ်)

စာတို

22 Oct, 13:54


ကမ္ဘာကြီး လယ်နေသရွေ့
၀၌တွေဟာလည်း လည်နေလိမ့်မယ်။

-ဇေယံ(အရိပ်)

စာတို

22 Oct, 13:48


ဒီချိန်တောင်ကြီးမှာမီးပုံပွဲလုပ်နေရောပေါ့ မောင်ရောဒီချိန်ဆို‌ေဘဘီမပါဘဲဘယ်ကောင်မ‌ေလးနဲ့ရှောက်လည်နေမလဲအင်းလူ‌ေတွကိုသာမလွမ်းဘူးပြောတာ‌သတိမရတဲ့ရက်ဆိုတာကျွန်မတွက်မရှိခဲ့ဘူး မောင့်ရဲ့အသံချို"လေးတွေကကျွန်မကိုရစ်မူးစေတဲ့မူးရစ်ဆေးအလားပဲ ခွေးလေးတွေကိုချစ်စရာကောင်းတယ်ပြောတိုင်းမောင်"ကပိုတယ်မလားလို့မေးတက်တဲ့‌မောင်ကအခုဆိုဘယ်မိန်းကလေးကိုဒီလိုမေးနေမလဲဒီနေ့မောင့်ကိုပိုသတိရတယ် စော"နက ခွေးသေးသေးလေးတွေကိုချီခဲ့တုန်းကဆိုမျက်ရည်ပါကျမိတယ် အိမ်ပြန်လမ်းလဲရောက်ရော ကျွန်မရှေ့ ဘက်စကတ်ဘောလေးလိမ့်လာတယ်မောင်ကောင်လေးတစ်ယောက်လာကောက်တယ် သူကလေမောင်လိုလေးပဲ အရပ်ရှည် "ပိန်"ပါး"လေးသူ့နားမှာလဲမိန်းကလေးတစ်ယောက်နဲ့ အင်းအခုဆိုလဲမောင့်နားမှာမိန်းကလေးတစ်ယောက်ရှိနေရောပေါ့လွမ်းတယ်မောင် blkမဖြေတော့တဲ့accလေးကိုနေ့တိုင်းလို"ကြည့်နေရတာကျွန်မအတွက်အကျင့်ကိုးဖြစ်လို့ ပြန်လာလို့ရင်ပြန်လာပါမောင်ရယ် ကျွန်မဆယ်ခါပြန်လက်ခံဖို့အသင့်ပါလွမ်းတယ်မောင်"🤗
#ʰᵉˡᵉᶰ

စာတို

22 Oct, 13:10


သွေးသားဆန္ဒနဲ့ မူးယစ်ပျော်ပါးနေတယ့်ခေတ်မှာ ချစ်ခြင်းမေတ္တာစစ်စစ်ပေးစမ်းဗျာဆိုတော့။

ခွက်အလွှတ်တစ်လုံးလာချတယ်။

အိမ်အပြန် ညနေမှာ ဆည်းဆာလာတယ် သာယာပါတယ်မေရီ။

မင်းမရှိတော့တယ့်အကြောင်း ကမ္ဘာကြီးဟာ လှပစွာငါ့ကိုပြောပြနေတယ်။

ညညရောက်လာတတ်တယ့် ငါ့အိပ်ခန်းပြတင်းပေါက်က လရောင်လေးကို မိုးမသောက်ခင်ဖမ်းထားလို့ရမယ်လို့ ငါဟာညစဉ်ညတိုင်းတွေးခဲ့တယ်။

မင်းကိုဘယ်လောက်လွမ်းကြောင်းသက်သေတွေပေါ့မေရီ။

တစ်ခါက ငါ့ဂျင်းဘောင်းဘီအိပ်ကပ်လေးထဲက စုပ်ပျက်နွမ်းလျနေတယ့် အဖြူရောင်နှင်းဆီ‌ပွင့်ချပ်လေးနဲ့ ငါ့နှလုံးသားဇာတ် ။

အဲ့ဇာတ်မှာ ငါဟာထင်သလိုမင်းသားဖြစ်ခဲ့ ချစ်တယ်လို့လဲထင်ခဲ့။

တစ်ကယ်တန်းမှာက ငါဟာလူရွှင်တော်သာသာ ခနတာမျှသာပျော်ခဲ့ရသူမဟုတ်လားမေရီ။

မင်းနဲ့ငါ့ကြားမှာ ရန်သူဟာလဲငါဖြစ်ခဲ့ပြီး ချစ်သူဟာလဲငါပဲဖြစ်ခဲ့တယ်။

အဲ့သလိုငါတို့ စည်းခြားခဲ့တာပေါ့မေရီ။

ချစ်တယ် ဘယ်တော့မှာ ပြန်မလျှောက်လာမယ့် လမ်းကနေ ။

ငါဒီတစ်သက်လှမ်းအော်မိနေအုန်းမှာပါပဲ။

# လေနု
# crd

စာတို

22 Oct, 12:28


ရေဒီယို - ၂

ချစ်သောရေ
တစ်ခါတလေဆို ကို့စိတ်တွေက
မင်းနားမှာပဲရောက်ရောက်နေတယ်

တစ်ခါတလေ ပြေးတွေ့ခြင်ပေမဲ့
မိုင်တိုင် တွေက ကို့တို့ကို ကွာဝေးစေခဲ့တယ်

လွမ်းတယ် လွမ်းတယ် ထိုင်ညှီးညူနေလဲ
မင်းက ကို့အနားမှမဟုတ်တော့ ကို လွမ်းတဲ့အကြောင်းတွေပြောပြရင် မင်းယုံပါ့မလား

သတိရ ခြင်းတွေက ညဘက်ဆို ကို့
ကိုနှိပ်စက်နေခဲ့တယ် ချစ်သော
နှိပ်စက်နေခဲ့တယ်

မင်းအသံမကြားရတဲ့ တစ်ရက်တာဟာ
ကို အသက်ရှူကြပ်တတ်လာတယ် အချစ်ရေ
အသက်ရှူတွေ ကြပ်လာတယ်

-ဇေယံ(အရိပ်)

စာတို

22 Oct, 10:40


ရင်မှာပြောချင်နေသောစကား
အရင်လို ကိုယ့်ကိုချစ်သေးလား

#Daisy

စာတို

22 Oct, 09:47


ရေဒီယို - ၁

မင်းအသံမှမဟုတ်လျှင်
သံစဉ်တွေတောင် နား၀င်မချိုတော့ဘူး..

ဖုန်းကို ကိုင်ပီး စကား ပြောနေမယ့်အစား
မင်းလက်လေး ကိုင်ပီး စကပြောရမဲ့ အချိန်ကိုပဲ
ကိုတမ်းတမိတယ်

ရက်၊လ၊နှစ် တွေပြောင်းခဲ့တယ်
ကို မက်မောမိတယ် သံစဉ်လေးဟာ
စကားမပီတဲ့ ကလေးမလေးရဲ့ စကားချိုချို
လေးတွေ သာဖြစ်မယ်။

-ဇေယံ(အရိပ်)

စာတို

22 Oct, 08:16


ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာသည်
မင်းအပြုံးဖြစ်ပြီး
နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကိုတော့
မင်းလက်ဖဝါးနုနုလေးတွေနဲ့ ထိတွေ့ခွင့်ရတဲ့
ကြောင်လေးတွေကဟောပါလိမ့်မယ်။  ။


  -Tain Lwhar ( တိမ်လွှာ)
-from sub

#𝐉𝐚𝐦𝐞

စာတို

22 Oct, 05:51


ဝယ်ပေးကျ့ဘာ....

#LeoMax

စာတို

22 Oct, 03:51


အားလုံး နေသားကျသွားပြီထင်တယ်
ဒါဟာအဆုံးသတ်ပါပဲ ။

ဂန္ဓမာ

#𝐉𝐚𝐦𝐞

17,932

subscribers

1,219

photos

434

videos