𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

@knowledgeheavenbyeric


အကယ်၍ သင်ကဗဟုသုတတွေလိုလားရင်

စာဖတ်ရတာဝါသနာပါရင်

ဒီချန်နယ်လေးကသင့်ကိုကြိုဆိုပါတယ်ဗျ

Started Date 29.10.2023

No add post + No link allowed

+ No need Admin

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:26


အခြေအနေအကြောင်းကြောင်းကြောင့် ......ဘာကိုပဲ စွန့်လွှတ်ရပါစေ

ရိုးသားတဲ့ အကျင့်စာရိတ္တရယ်၊လှပတဲ့အပြုံးတွေရယ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုကိုတော့ ဘယ်တော့မှ မစွန့်လွှတ်ဘူး။


_နွေလရောင်မေ


#Moon
#life_quote

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:26


အမေ အမြဲပြောနေတဲ့စကားလေးပါ။

ဘဝမြင့်မားဖို့အရေးကြီးပေမယ့် စိတ်ဓာတ်မြင့်မားဖို့၊ အောက်တန်းမကျဖို့နဲ့ ကိုယ်ချင်းစာတရားရှိဖို့က ပိုအရေးကြီးပါတယ်......။


_နွေလရောင်မေ

#Moon
#Life_knowledge

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:25


❝ လူသားဆန်ဖို့ လိုအပ်ကြသည် ❞

https://www.sarphat.com/articles/22352

မြတို့ လူသားဆန်ဖို့ဆိုရင် ဘာတွေလိုအပ်သလဲဆိုတာ သိရဖို့

SarPhat Applicationထဲကို သွားရောက်ဖတ်ရှုကြည့်လိုက်ကြပါစို့။ 👀❤️

#Mya_MT

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:25


တစ်ဦးတစ်ယောက်တည်းအတွက်
သီးသန့်ဖြစ်တည်နေတဲ့
ဂရုစိုက်ခြင်းတွေပါ


ပေါ့ပေါ့တန်တန်ဆက်ဆံလာရင်တော့
ပြန်လည်ရုတ်သိမ်းရပါလိမ့်မယ်



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:25


စာဖတ်သူလေးတို့
ကျွန်တော်ကိုမေ့နေကြပြီလား
ကျွန်တော်Ericပါ
လိုင်းခဏရလို့
တက်လာတာပါဗျ

ဒါနဲ့ ကျွန်တော်စာအုပ်ဆိုင်မှာ
နောက်လကစပြီးအလုပ်လုပ်ရတော့မာမို့

အခု
အားချိန်လေး ပိုက်ဆံပေးပြီးအင်တာနက်
သုံးလို့ရတယ့်ဆိုင်မှာ ခဏလာသုံးတာပါ

ပြောချင်တာတွေများရှိရင်ကောမန့်မာရေးခဲ့နိုင်ပါတယ်ဗျာ

#Eric

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:23


ငိုခြင်းသည် အရှုံးပေးခြင်းမဟုတ်

ကျွန်တော်တို့ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ရဲ့လူအများစုကတော့ မျက်ရည်ကျတာ၊ ငိုတာကို အရှုံးပေးတယ်လို့ သတ်မှတ်ကြတယ်။ လက်မြှောက်သွားတယ်လို့ခံယူကြတယ်။

ပျော့ညံ့တယ်လို့ ယူဆကြပါ တယ်။ ငိုတဲ့သူ၊ မျက်ရည်ကျတဲ့သူက ခံနိုင်ရည်မရှိဘူးပေါ့။ တကယ်ပဲ မျက်ရည်ကျတဲ့သူ၊ ငိုတဲ့သူက ပျော့ညံတာလား။ အရှုံးပေးတာလား။

အဖြေက လုံးဝလုံးဝမဟုတ်ပါဘူး။

ကျွန်တော်စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ Tears are powers. တဲ့။ မျက်ရည်ဟာ အားသစ်မွေးဖို့ အားနည်းစိတ်ပျက်ခြင်းတွေကို မောင်းထုတ်ပစ်လိုက်တာပါ။ ကျရှုံးခြင်းကိုနှစ်သိမ့်ပေးတဲ့ အကောင်းဆုံးလက်နက်ပါ။

ဒဏ်ရာတွေကို ဆေးကြောပေးနိုင်ပါတယ်။ နာကျင်ခြင်းတွေကို မေ့ဖျောက်ပေး နိုင်ပါတယ်။

..........

အဲ့ဒီလိုပါပဲ ကျွန်တော်တို့လူအများစုဟာ အရွယ်ရောက်လာတဲ့အခါ လောကဓံရဲ့ ရိုက်ပုတ်၊ ထိုးနှက်ချက်တွေကို အမျိုးမျိုးရင်ဆိုင်ရတဲ့အခါ မျက်ရည်မကျနဲ့၊ ငါအရှုံးမပေးဘူး။

မျက်ရည်မကျဘူး၊ ငါအားတင်းထားမယ် ဆိုပြီး ကြိတ်မှိတ်ပြီး နာကျင်မှုဆိုတဲ့အရာတွေကိုမျိုချတတ်ကြပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးရောက်ရင် စာဖတ်သူလေးကိုအကြံတစ်ခုပေးပါရပါစေ။

အဲ့တာကတော့ စိတ်ဒဏ်ရာတွေရတဲ့အခါ လွတ်လွတ်လပ်လပ် တစ်ခါလောက်တော့ ငိုကြွေးကြည့်လိုက်ပါ ဆိုတာပါပဲ။

ကိုယ်ခံစားနေရတဲ့ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်း သောကတွေဟာ မျက်ရည်နဲ့အတူပါသွားပြီး ပေါ့ပါးလွတ်လပ်သွားပါလိမ့်မယ်။

ငိုတဲ့အခါမှာလည်း ခံစားရတာတွေပေါ့သွားတဲ့အထိငိုချပစ်ပါ။ အဲဒီအချိန် ကျလာတဲ့မျက်ရည်တွေကို လက်နဲ့စမ်းကြည့်ပါ။ ပူနေတယ်မဟုတ် လားစာဖတ်သူလေး။ မျက်ရည်ပူတွေပါ။

ဒါကြောင့် ငိုတယ်ဆိုတာ မျက်ရည် ပူတွေနဲ့တူညီတဲ့ ကျွန်တော်တို့ရဲ့ အပူအပင်တွေ၊ စိုးရိမ်ကြောက်ကျမှုတွေကို သွန်ထုတ်လိုက်တာပါပဲ။

နာကျင်မှုတွေကို မခံစားနိုင်တော့တဲ့အခါ ငိုပစ်လိုက်ပါ။ ပေါ့ပါးမှုကို စာဖတ်သူလေးပြန်ခံစားရပါလိမ့်မယ်။ မျက်ရည်ဆိုတာဟာလည်း ငိုဖို့ပါ။

ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ အချိန်ရှိတိုင်း ဖြစ်ပေါ်နေမှာမှမဟုတ်တာပဲ။

ဖြစ်ပေါ်လာတဲ့အခါ ကြိတ်မှိတ်ဒဏ်ရာအဖြစ်မခံဘဲ ငိုချလိုက်ပါ။ အချိန်တန်တဲ့အခါ အားလုံးဟာ ပြီးဆုံးသွားမှာပါပဲ။ 🍀

-------------

- အဓိက,က စိတ်ပါပဲစာအုပ်မှ

တန်ဖိုး - ၇၀၀၀ ကျပ်

ပထမဆုံးဝယ်ယူတဲ့ အယောက် ၁၀၀ ဟာ စာရေးသူကိုယ်တိုင်လက်မှတ်ထိုးပေးထားသော စာအုပ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အယောက် ၁၀၀ သာ 💥

ခုတောင် အုပ်ရေ ၅၀ ကျော်ပဲရှိတော့တယ်လို့ သိရပါတယ်။ လက်မနှေးတော့နဲ့နော် 🥳

စာအုပ်မှာယူရန်

1 - +959977626244

2 - @Khin_Su_Mon_Thant

3 - @Akayar_2007

#Haruki

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:22


❝ ကျေးဇူးသိမှ ကျေးဇူးဆပ်တတ်မယ် ❞

https://www.sarphat.com/articles/19393

ဒီဆောင်းပါးလေးကတော့ မြ မနေ့က မြတို့အိမ်နီးချင်းဖြစ်တဲ့ အသိမိတ်ဆွေအိမ်မှာ ဝါဆိုသင်္ကန်းကပ်ဖိတ်လို့ တရားနာ သွားဖြစ်ခဲ့ပါတယ်။ ဆိုတော့ မနေ့က နာကြားခဲ့ရတဲ့ "ကျေးဇူးသိမှ ကျေးဇူးဆပ်တတ်မယ်"ဆိုတဲ့ တရားတော်ကို ဒီနေ့မှာ ဆောင်းပါးအဖြစ်နဲ့ ပြန်လည်ရေးသားမျှဝေလိုက်ရပါတယ်ရှင်။

တစ်ခါတုန်းက ကု‌ဋေ(၄၀)ကြွယ်ဝတဲ့ ပုဏ္ဏားသူဌေးကြီးတစ်ဦးနဲ့ သူ့ရဲ့ သမီးတော်လေးတစ်ပါး ရှိလေတယ်။ သူဌေးကြီးက ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ အဲ့တော့ သူဌေးကြီးသွားတဲ့လမ်းမှာ မြတ်စွာဘုရားနဲ့တွေ့ရင် ဝေးဝေးက ရှောင်သွားပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူဌေးကြီး ကွယ်လွန်သွားခဲ့ရတာပေါ့ရှင်။ ကွယ်လွန်သွားချိန်မှာ သူဌေးကြီးဟာ အရင်ဘဝက ဘာမှ မလှူခဲ့၊ မတမ်းခဲ့တဲ့အတွက်ကြောင့် ပြိတ္တာဘဝကို ရောက်ရှိနေတာပေါ့ရှင်။

အဲဒီလိုနဲ့ပဲ သူဌေးကြီး ကွယ်လွန်ပြီး တစ်လပြည့်ဖို့ တစ်ရက်အလိုမှာ သူ့ရဲ့ သမီးလေးက သူ့ဖခင် သူဌေးကြီးကို သတိရအောက်မေ့ပြီး "ငါ အဖေပုဏ္ဏားကြီးအတွက် ကောင်းမှုကုသိုလ်လေး လုပ်ပေးဦးမှပဲ" လို့ တွေးပြီး ချက်ချင်းပဲ ဈေးထဲသွားပြီး အသီးအရွက်၊ အသား၊ ငါးတွေ ဝယ်လာခဲ့လေတယ်။

သူဌေးကြီးကလည်း "ငါပြိတ္တာဘဝက မစားရ၊ မသောက်ရနဲ့ ငါ့ကို ဒီဘဝကကနေ ကျွတ်လွတ်အောင် အမျှဝေ ပေးမယ့်သူများ ရှိလေမလား?" ဆိုပြီး ပြိတ္တာမျက်စိနဲ့ ကြည့်လိုက်တဲ့အခါမှာ သူ့သမီးလေးက ကုသိုလ်လုပ်ဖို့ ပြင်ဆင်နေတာကို မြင်တွေ့လေတယ်။

အဲဒီအခါ ပြိတ္တာဘဝကို ရောက်ရှိနေတဲ့ သူဌေးကြီးလည်း ဝမ်းသာသွားပြီး ညချမ်းအချိန်ခါမှာ ကောင်ကင်လမ်းကို ဖြတ်သန်းပြီး "သာဓု‌" ခေါ်ဖို့ သူ့အိမ်ကို ဆင်းသက်လာခဲ့ပါတော့တယ်။

အဲဒီလို သူဌေးကြီး ဆင်းသက်လာနေတာကို မင်းကြီးတစ်ပါးက ညလရောင်အောက်မှာ လရောင်ရဲ့ အေးချမ်းသာယာ ငြိမ့်ညောင်းမှုကို ရှုစားနေရင်း မြင်တွေ့လိုက်တဲ့အခါ

မင်းကြီးက "သူဌေးကြီး ဘယ်သွားမလို့လဲ" ဟူ၍ ပြိတ္တာကြီးကို လှမ်းမေးလိုက်ပါတယ်။

ဒီတော့ ပြိတ္တာကြီးကလည်း "အရှင်မင်းကြီး တပည့်တော်က ကွယ်လွန်ပြီး ပြတ္တာဘဝ ရောက်နေပါတယ်။ အခု တပည့်တော်ရဲ့ သမီးလေးက တပည့်တော်ကို "သာဓု" ခေါ်နိုင်ဖို့ ကုသိုလ်လုပ်ပေးနေတာကြောင့် "သာဓု" သွားခေါ်မို့ပါ အရှင်မင်းကြီး" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အရှင်မင်းကြီးကလည်း "သူဌေးကြီး အကူအညီလိုရင် ငါကိုယ်တော်ကို ပြောနိုင်ပါတယ်" လို့ ပြန်ပြောပြီး သူတို့နှစ်ဦး နှုတ်ဆက်ခဲ့ကြပါတယ်။

အဲဒီလို နှုတ်ဆက်ပြီး သူဌေးကြီးအိမ်ကို ရောက်တဲ့အခါမှာ သူဌေးကြီး "သာဓု" ခေါ်ဆိုခွင့် မရခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် သူ့သမီး ထမင်းပင့်ဖိတ်ကျွေးတာက မြတ်စွာဘုရား အမှူးပြုတဲ့ သံဃာတော်တွေ မဟုတ်ဘဲ သူတို့ရဲ့ ပုဏ္ဏားမျိုးတွေကို ဖိတ်ကျွေးတာ ဖြစ်နေလို့ပါပဲ။

ဒီလိုနဲ့ သူဌေးကြီးလည်း စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ရတာပေါ့ရှင်။ အပြန်လမ်းမှာ သူဌေးကြီးက အရှင်မင်းကြီးရဲ့ စကားကို အမှတ်ရသွားပြီး ဖြစ်ကြောင်းကုန်စင်ကို မင်းကြီးဆီ လျှောက်တင်တာပေါ့ရှင်။

အဲ‌ဒီတော့ မင်းကြီးက "ဟုတ်ပြီ သူဌေးကြီး။ ဒီညကတော့ အချိန်လွန်သွားပြီ။ ပစ္စည်းတွေလည်း ဝယ်လို့မရနိုင်တော့ဘူး။ ဒါ့ကြောင့် သူဌေးကြီး မနက်ဖြန် ငါကိုယ်တော်ဆီ ကျိန်းသေပြန်လာခဲ့ပါ။ ငါ ကိုယ်တော် သင်္ကန်း ပရိက္ခရာစုံလင်စွာနဲ့ မြတ်စွာဘုရား အမှူးရှိသော သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကပ်ပြီး "အမျှ" ပေးဝေပေးမယ်" လို့ ကတိပေးလိုက်‌လေတယ်။

နောက်တစ်နေ့ သူဌေးကြီး ကွယ်လွန်တာ တစ်လတင်းတင်း ပြည့်မြောက်တဲ့နေ့မှာ အရှင်မင်းကြီးက သင်္ကန်း ပရိက္ခရာစုံလင်စွာနဲ့ မြတ်စွာဘုရား အမှူးရှိသော သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကပ်ပြီး "အမျှ" ပေးဝေပေးခဲ့သောကြောင့် သူဌေးကြီးလည်း "သာဓု" ခေါ်ဆိုခွင့်ရကာ ပြိတ္တာဘဝမှ ကျွတ်လွတ်သွားလေတယ်။

ယ‌ခု မြ ရေးသားသွားခဲ့တဲ့ မြတ်စွာဘုရားလက်ထပ်တော်မှာ ဖြစ်ပျက်ခဲ့သော အဖြစ်မှန်လေးကို တရားနားယူပြီး ဆောင်းပါးအဖြစ် ပြန်လည်ဆန်းသစ် ဖန်တီးမှုကို ဖတ်ရှုပြီးသွားတော့ ကျေးဇူးဆပ်တဲ့အခါမှာလည်း မှန်မှန်ကန်ကန် ဆပ်တတ်မှသာလျှင် ဘဝကူးပြောင်းသွားသူတွေအတွက် အကျိုးအမြတ် ရရှိနိုင်ကြပါလိမ့်မယ်လို့ ပြောကြားရင်း မြရဲ့ "ကျေးဇူးသိမှ ကျေးဇူးဆပ်တတ်မယ်" ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
26.8.2024(Monday)

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:22


တစ်ခါဆုံးရှုံးခဲ့ဖူးတယ်ဆိုရင်
နောက်တစ်ခါ ဆုံးရှုံးဖို့လည်း
အလွယ်လေးပဲ.....

ပြန်ရမယ်ဆိုရင်တောင်
ပြန်မယူသင့်တော့တဲ့အရာရှိတယ်

အဲ့ဒါ လူတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတဲ့


-ရိပ်ငြိမ်



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:22


မင်း တစ်ခုခုကောင်းတာလုပ်ရင်
သူတို့မှာ ပြောဖို့ တစ်ခုခုရှိတယ်

မင်း တစ်ခုခုဆိုးတာလုပ်ရင်
သူတို့မှာ ပြောဖို့ တစ်ခုခုရှိတယ်


မင်းကို ပျော်ရွှင်စေတဲ့အရာတွေကိို လုပ်
မင်းလုပ်ချင်တဲ့အရာကိုလုပ်



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:21


လက်လေးနှစ်ဖက်ချိတ်ထားတာ
မြင်ပြီး အားကျမနေနဲ့ သူငယ်ချင်း.....


တချို့လက်တွေက
တွဲထားတာမဟုတ်ဘူး
ဆွဲထားရတာ.....



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:21


Hello ... Ladies and Gentlemen 😊😊

စံပယ်ပန်းငယ်လေးတို့အားလုံး သာယာသောနေ့သစ်လေးပါနော်❤️❤️☺️

Moonက ဒီနေ့မှာတော့ ❝ နေ့နာမ်အလိုက်အချစ်ရေးနှင့် ဆောင်ထားရမည့် ကျောက်‌ လေးများ❞ အကြောင်းကို ရေးသားမျှဝေသွားပါမယ်နော်။ ⭐️💐

Moon သိလာသမျှလေးတွေကို မွန်းငယ်ရဲ့ စံပယ်ပန်းလေးတို့ကိုမျှဝေပေးခြင်းသာဖြစ်ပါတယ်ရှင်🎀💗

꧁༺See Next Post ༻꧂


#Moon

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:20


❝လေထိုးလေအောင့်ဖြစ်ခြင်းအကြောင်း သိကောင်းစရာ ❞


ယနေ့ခေတ် လူတို့ရဲ့ နေထိုင်စားသောက်မှု ပုံစံအရ လူအများစုဟာ အစားစားချိန်မမှန်ခြင်း၊အလုပ်အကိုင်များတွင် စိတ်ဖိစီးမှုများခြင်း၊ အသင့်စား အစားအစာများအားစားသုံးလေ့ရှိတာကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတစ်ခုဖြစ်တဲ့ လေထိုးလေအောင့်ခြင်းကို ခံစားနေရကြောင်း တွေ့ရှိရပါတယ်။

လေထိုးလေအောင့်ခြင်းက အချို့သော အစားအစာများစားသုံးခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်‌ရာ ရောဂါလက္ခဏာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


🦠လေထိုးလေအောင့်ဖြစ်ခြင်းကို ပိုဆိုးရွားစေနိုင်သော အစားအစာများ
=========================
====

🥦 Broccoli
🥬 ဂေါ်ဖီထုတ်၊ဂေါ်ဖီပွင့်
🧅 ကြက်သွန်နီ
🧄ကြက်သွန်ဖြူ ၊ ပဲအမျိုးမျိုး
🥒 ဟင်းသီးဟင်းရွက်များ
🌾 ဂျုံ၊ 🥛 နို့နှင့် နို့ထွက်ပစ္စည်းများ
🍞 ပေါင်မုန့်၊ 🫘 သီဟိုဠ်စေ့........စတဲ့ အစားအစာတွေက လေထိုးလေအောင့်ဖြစ်ခြင်းကို အားပေးတဲ့အစားအစာတွေဖြစ်ပါတယ်။

ဒါ့အပြင် နို့နဲ့ ဓာတ်မတည့်တဲ့သူတွေ၊ Celiac Disease (ပရိုတိန်းနဲ့ ဓာတ်မတည့်ခြင်း) ရောဂါရှိသူတွေ၊ အမျှင်ဓာတ်ပါတဲ့အစားအစာကို အလွန်အကျွံစားသောက်တဲ့သူတွေ၊ အချိုရည်၊အအေးများကို မကြာခဏသောက်သုံးလေ့ရှိသူများသည်လည်း လေထိုးလေအောင့်ခြင်း ဖြစ်‌ပွားနိုင်ပါတယ်။


🧬ဘယ်လိုရောဂါတွေ ခံစားရရင်လည်း လေထိုးလေအောင့်ခြင်းဖြစ်နိုင်လဲ။
========================

🩸Crohn's disease, Ulcerative Colitis, Diverticulitis စတဲ့‌ အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများ

🩸သည်းခြေတွင်ကျောက်တည်ခြင်း၊ သည်းခြေရောင်ရမ်းခြင်း။

🩸ဝမ်းချုပ်ခြင်း

🩸အစာအိမ် အူလမ်းကြောင်းတွင် ရောဂါပိုးဝင်၍ ရောင်ရမ်းခြင်း

🩸ဝမ်းနှုတ်ဆေးများ သောက်သုံးခြင်း ........စသည်တို့ကြောင့်လည်း လေထိုး လေအောင့်ခြင်း ဖြစ်ပွားနိုင်ပါတယ်။


🔬လေထိုးလေအောင့်ခြင်း သက်သာစေနိုင်မယ့်နည်းလမ်းများ
===========================

🍔 အစားစားတဲ့အခါ တစ်ကြိမ်တည်းနဲ့ ပမာဏအများကြီးမစားစေဘဲ ပမဏနည်းနည်းနဲ့ အကြိမ်အရေအတွက်များများစားပေးပါ။

🦷 အစားအစာများကို ပါးစပ်ကနေ ကြေညပ်စွာ စားပေးပါ။

🍷 Gas ပါသော အချိုရည်များ၊ ပီကေများ စားသုံးလို့မရပါ။

🚭 ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း ရှောင်ကြဉ်ပေးပါ။

🧃Lactose ဓာတ်များတဲ့ အစားအစာစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

🥒 ပဲ အမျိုးမျိုး၊ဟင်းသီးဟင်းရွက်များကို အလွန်အကျွံစားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

🌶️ အပူ၊ အစပ် များသော အစားအစာများကို မစားပါနဲ့။

🛁 ရေနွေးနှင့်ရေချိုးခြင်း၊ ဝမ်းဗိုက်‌ နေရာတွင် ရေနွေးအိတ်ကပ်ခြင်းများပြုလုပ်ပေးပါ။

💊အစာအိမ်လေဆေးများ သောက်သုံးပေးပါ။

🧗လေ့ကျင့်ခန်းများပြုလုပ်ပေးပါ။

🩻 Probiotic ကဲ့သို့ အစာအိမ်အူလမ်းကြောင်းအကျိုးပြု ပေါက်ဖွားလာသောဘတ်တီးရီးယား ဖြည့်စွက်စာများ သောက်သုံးပေးပါ။

အထက်က စာရေးသူပြောခဲ့သော ဆောင်ရန်၊ရှောင်ရန်များကို လိုက်နာခြင်းဖြင့် လေထိုးလေအောင့်ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ စာရေးသူသည်လည်း နားလည်တတ်ကျွမ်းသော ဆရာ၊ဆရာမကြီးများထံမှ မေးမြန်းထားသည်တို့ကို ပြန်လည် ရေးသားမျှဝေခြင်းဖြစ်ပါတယ်။


သတိပြုရန်အချက်❗️

လေထိုးလေအောင့်ဖြစ်ခြင်းမှာ သက်သာမှုမရှိဘဲ အလွန်အမင်းဗိုက်အောင့်ခြင်း၊အဖျားဝင်လာခြင်း၊ ဝမ်းသွားသောအခါ သွေးပါခြင်းများ ဖြစ်ပွားခဲ့လျှင် ဆရာဝန်နှင့် အမြန်ဆုံး ပြသပေးဖို့ လိုအပ်ပါတယ်ရှင်။


🎀 🧸
(ကျန်းမာသောလူနေမှုဘဝဆီသို့)



#Moon

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:20


ကြိုးစားရင် ဘုရားတောင်ဖြစ်တယ်
ဆိုပေမဲ့ ကြိုးစားတိုင်း ဘာလို့
မအောင်မြင်ရတာလဲ.....


လူတချို့ကမေးတယ်
ငါ အကောင်းဆုံးကြိုးစားတာတောင်
ဘာလို့ မအောင်မြင်တာလဲဆိုပြီး


ဒါပေမဲ့ သူကြိုးစားတဲ့အကောင်းဆုံး
ဆိုတာ သူ့ဘာသာသတ်မှတ်ထားတဲ့
စံနှုန်းပဲလေ.....
ဒီလောက်နဲ့ မအောင်မြင်ရင်
ဒီ့ထက်ပိုပြီး ကြိုးစားရတယ်


ကြိုးစားမှုက ကိုယ့်ကို
သစ္စာမဖောက်ပါဘူး...
မင်းကြိုးစားမှုနဲ့ ထိုက်တန်မဲ့
ရလဒ်တစ်ခုကတော့ ရရှိလာမှာပါ
မင်းလိုချင်တဲ့ အကောင်းဆုံးရလဒ်တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #personal_growth
·‌ ‹ 。꒱ #Crd_to_original_writer

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:20


❝ ဒီလိုစိတ်လေး မွေးကြည့်ပါ❞

သူချေရင် ကိုယ်ချေမယ်ဆိုတဲ့စိတ်မျိုး..ဘယ်တော့မှ မမွေးမိပါစေနဲ့။

သူမဲ့ရင် ကိုယ်ရွဲ့မယ်ဆိုတဲ့စိတ်မျိုး ..ဘယ်တော့မှ မထားမိပါစေနဲ့။

သူကောက်ရင် ကိုယ်ဖြောင့်အောင်ကြိုးစား။
သူတင်းရင် ကိုယ်လျှော့ဖို့ကြိုးစား။
သူမကောင်းရင် ကိုယ်ကောင်းအောင်ကြိုးစားပါ။

ဖြတ်သန်းမှုဘဝမှာ
အတူနေရတာဟာ ခဏလေးပါ။

အမုန်းမာနတရားတွေမထားဘဲ
ခွင့်လွှတ်ခြင်းတွေ၊ အနစ်နာခံမှုတွေ
ပေးဆပ်မှုတွေ ထားတတ်မှ

ဘဝအဆင့်အတန်းရော၊ လူနေမှုအဆင့်အတန်းရော မြင့်မားမှာပါ။



🍀 🍀

#Moon
#Life_quote
#credit

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:19


❝ သီတင်းကျွတ်လပြည့် ဆုမွန်ကောင်း ❞

https://www.sarphat.com/articles/22107

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ မြရဲ့ စာဖတ်သူလေးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး စိတ်သွားတိုင်း ‌ကိုယ်ပါ လိုရာဆန္ဒပြည့်ဝကြပါစေရှင်။ 🍀

မြရဲ့ စာဖတ်သူလေးတွေမှာ အခက်အခဲ၊ အတားအဆီး၊ ပြဿနာတွေ၊ တိုင်ပင်ဆွေးနွေးချင်တာလေးတွေ ရှိခဲ့ရင်လည်း မြနဲ့ အချိန်မရွေး ရင်းနှီးချစ်ခင်စွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။ 🥰

မြ စာစတင်ပြီး ရေးတဲ့အချိန်မှ ယခုအချိန်ထိ အားပေးနေကြပါသော မြရဲ့ စာဖတ်သူလေးတွေ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ❤️

မြ စာတွေကို လက်မလျှော့ဘဲ ဆက်လက်ရေးသားနိုင်တာက မြရဲ့ စာဖတ်သူလေးတွေရဲ့ ခွန်အားတွေကြောင့်ပါရှင်။ 😭

မြလည်း ဆက်လက်ပြီး ကြိုးစားသွားသလို မြရဲ့ စာဖတ်သူလေးတွေလည်း အောင်မြင်တိုးတက်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 🤍

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
17.10.2024(Thursday)
(သီတင်းကျွတ်လပြည့် ဆုမွန်ကောင်း)

𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕

21 Jan, 00:19


https://t.me/My_Collections_Channel/635

ဒီမှာလည်း မုန့်ဖိုးပေးနေတယ်နော် 👀

မြလည်း လိုက်ယူနေတာ 🤣🤣

#Mya_MT

30,049

subscribers

978

photos

148

videos